ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

By purple-j9

157K 4.9K 324

ဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Hello
Photo
Part-32
Part-33 (ဇာတ် သိမ်းပိုင်း)
Request
Photo
🥰🥰🥰

Part-22

3.6K 125 15
By purple-j9

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၂၂

ယုဘဝအတွက်ရုန်းကန်နေရတာနဲ့ရုန်းကိုမတွေ့ရတဲ့ဒီ
နှစ်တွေအတွင်းမှာရုန်းကထူးထူးခြားခြားမပြောင်းလဲပဲပိုပီးရင့်ကျက်လာကာပိုကြည့်ကောင်းလာတာ
မြင်တော့စွန့်ပစ်ခဲ့မိသောကိုယ်ကိုကိုယ်သာနောင်တရမိသည်။အခုရုန်းကလက်ရုန်းgroupကိုင်္ဦးဆောင်နေပီလို့ကြားရတော့ယုမှာပိုပီးနာကျင်ရသည်။ဒီနှစ်တွေထဲရုန်းနဲ့နွယ်လေးအဆင်ပြေခဲ့သလောက်ယုဘဝကခါးသီးလွန်းလှသည်။ရုန်းကိုမင်ဂလာဆောင်ခါနီးနောက်ဆံုးတခေါက်သွားကြည့်ပီးထဲကလက်လျော့ကာယုဘဝအတွက်ကိုညီတို့မောင်နှမနဲ့အတော်တိုက်ပွဲဝင်ခဲ့ရသည်။

ရုန်းကိုကြည့်ပီးအပြန်စိတ်ညစ်ညစ််နဲ့အမေအိမ်
ပြန်တော့အမေကမရှိပဲညီမလေးနဲ့သာဆုံသည်။ရင်ဖွင့်စရာကညီမလေးပဲရှိတော့ညီမလေးကိုပြောပြောငိုငို
လုပ်မိသည်။ညီမလေးကယုရဲ့ရင်ဖွင့်ဖော်ဖြစ်သလို ကိုညီနှိပ်စက်လို့ဆေးရုံရောက်တိုင်းအပြေးလာပေးသောတယောက်သောသူဖြစ်သည်။ခုလဲ

"မမ ငါညကကြည့်တဲ့ကိုရီးယားကားထဲကလိုသူ
လိုချင်တဲ့ကိုယ်ဝန်ဆောင်ပေးမယ်မမကိုမရိုက်ရဘူးဘာပေးရမယ်ဘာညာတောင်းကြည့်ပါလား"

"အငယ်မနင်ပေးတဲ့အကြံမဆိုးဘူးငါလုပ်ကြည့်မယ်"

ဟုဆိုကာအိမ်ပြန်လာခဲ့သည်။အိမ်ရောက်တော့ကိုညီနဲ့စကားပြောကြည့်တော့ခလေးရူးနေတဲ့ကိုညီတို့မောင်နှမကလက်ခံသဖြင့်ယုလဲမရိုက်တော့တဲ့ကတိအပြင်ယုနာမည်နဲ့companyတခုကိုတောင်းတော့ကိုညီကအကုန်စီစဉ်ပေးသည်။ယုလဲcompanyပိုင်ရှင်၃လလောက်သာလုပ်ရသည်
ကိုယ်ဝန်ရလို့အလုပ်မသွားရပေ။ဒီကြားထဲအသုံးပြပီးငွေတချို့ကိုအငယ်မနာမည်နဲ့ဘဏ်တခုမှာထည့်ထားလိုက်သည်။ကံမကောင်းချင်တော့ကိုညီ့ကြောင့်ပထမကိုယ်ဝန်ပျက်ကျသည်။မမရီကတော့စိတ်ဆိုးပေမဲ့ကိုညီကတော့သူ့ကြောင့်မို့အသံတိတ်နေသည်။တ
နှစ်ကျော်ကြာတော့ကိုယ်ဝန်ထပ်ရသည်။ဒီခလေးတော့အတော်ဂရုစိုက်ရသည်။ခလေးမွေးတော့သားလေးမို့ကိုညီကလိုချင်တာပေးလို့ကိုညီ့အမွေထဲက
ပိုင်ဆိုင်မှုတချို့ရသည်။ရုန်းကိုရောင်းလိုက်တဲ့ခြံအပါအဝင်ပေါ့ခလေးတနှစ်ကျော်တော့ကိုညီကဗီဇက
ပြန်ပေါ်လာသည်။ယုကိုအလုပ်သွားတာယောင်ကျားတွေနဲ့ရှုပ်ချင်လို့ဆိုပီးအကြောင်းပြကာရိုက်လွန်းလို့
ယုမှာအိမ်မှာခလေထိန်းဘဝရောက်သွားတော့ယုစဉ်းစားရသည်ယုဒီလိုဘဝတော့မနေနိုင်ဆိုပီးတရက်
တရက်လွတ်မြောက်ဖို့ကြံတုန်းယုအကြံရသွားသည်။ယုအကြံကိုအကောင်အထည်ဖော်ဖို့ကြိုးစားရင်းနေသွေးနဲ့ဆံုခဲ့သည်။နေသွေးကယုဖြစ်ချင်တာမှန်သမျဖြစ်အောင်လုပ်ပေးနိုင်လို့သူ့ကိုအားကိုးရင်းယုနဲနေသွေးဖောက်ပြန်တဲ့အဆင့်သို့ရောက်ရှိသွားတော့သည်။အဲ့အတွက်ပြန်ရတာကကိုညီကိုတဖြေးဖြေးနဲ့အိပ်ယာထဲလဲကာနောက်ဆုံးမှာရောဂါကြောင့်သေဆုံးတယ်ဆိုတဲ့ရလဒ်ရအောင်ကျွေးရတဲ့ဆေး
နေသွေးကရှာပေးခဲ့သည်။တနှစ်လောက်တော့ယုမှာ
ဒုက်ခခံရသည်။ကိုညီအိပ်ယာထဲလှဲတာနဲ့နေသွေးကိုယုမောင်ဝမ်းကွဲဟုဆိုကာအိမ်ပေါ်ခေါ်တင်ထား
လိုက်သည်။နေသွေးအကူညီနဲ့ကိုကြီးအသံတုပြု
လုပ်ကာပိုင်ဆိုင်မှုအားလံုးယုနာမည်ပြောင်းဖို့ရှေ့နေဆီဖုန်းဆက်ကာအသံတုကိုဖွင့်ပြလိုက်သည်။ယုကတော့ကိုညီနဲ့ဒုက်ခခံခဲ့ရသမျှနေသွေးရဲ့ဘုရင်မကဲ့သို့ချစ်ပေးပြုစုယုယပေးမှုကြားမှာပျော်မွေ့နေရင်းကိုညီသေဆံုးအောင်စောင့်နေခဲ့သည်။အခုဆိုကိုညီဆံုးတာတနှစ်ကျော်ပီမို့နေသွေးကတရားဝင်လက်ထပ်လိုသည်ဟုပူဆာနေချိန်ရုန်းကိုတွေ့ရတော့ယုအတွေးပြောင်းသွားသည်။နေသွေးလိုဘာဘက်ဂရောင်းမရှိဘယ်ကလာမှန်းမသိသောကောင်လေးကိုယူမယ့်အစားရုန်းကိုနွယ်နဲ့ကွဲအောင်လုပ်ပီးပြန်ယူမယ်လို့သာတွေးလိုက်သည်။ပထမခြေလှမ်းအနေနဲ့နေသွေးကိုအချိုသတ်ပီးယုကရုန်းနဲ့အတူလက်တွဲအလုပ်လုပ်
ရန်ရုန်းတို့ဆီမှာရှယ်ယာဝယ်ဖို့ကြိုးစားရသည်။ကြားကပြောပေးသည့်ယုသူငယ်ချင်းကိုလဲယုအကြောင်းသနားစဖွယ်ဖြစ်အောင်ပြောပြရသည်။ဒါမှရုန်းဆီဒီသတင်းအကုန်ရောက်မှာဖြစ်သည်။ယုကြိုးစားတာ၈လခန့်မှာရုန်းတို့ဘက်ကယုတို့companyကယုတို့ကိုလက်ခံကြောင်းမေးလ်ပို့လာသည်။ယုလေပျော်
လိုက်တာနက်ဖန်ဆိုယုရုန်းနဲ့တွေ့ရပီ။

လက်ရုန်းဒီနေ့ရှယ်ယာရှင်အသစ်တွေနဲ့တွေ့ရမှာမို့ရုံးစောစောသွားဖို့စောစောထတော့နွယ်ကအိပ်ယာထဲရှိမနေတော့ဘူးသေချာပီသမီးတွေနဲ့ကိုယ်စားဖို့breakfastသွားလုပ်နေပီမို့အောက်ထပ်ထမင်းစားခန်းထဲတွင်နွယ်အလုပ်ရှုပ်နေတာတွေ့ရသည်။နောက်ကနေခါးလေးအသာဖက်ပီးဆံပင်တွေညှပ်နဲ့တင်ထားလို့ပြောင်ရှင်းနေသောလည်တိုင်းလေးကိုမက်မောစွာနမ်းလိုက်တော့

"ကိုကြီး ဘယ်လ်ုဖြစ်နေတာလဲကောင်မလေးတွေနဲ့လေ အနေထိုင်ဆင်ခြင်ပါဆိုနေမှနော်"

"ဘယ်သူ့မှမရှိလို့ပါဗျာ ဒီနေ့တနေ့လုံးအလုပ်တွေ
ရှုပ်မှာမို့အားယူတာပါကွာကိုယ်အချစ်ကလဲကပ်စည်းနဲလိုက်တာ"

"ကြည့်လူကိုစိတ်မကောင်းဖြစ်အောင်ပြောပီ မွမွ ပြွတ်"

နွယ်ပြောပြောဆိုဆိုနဲ့စိတ်ဆိုးချင်တဲ့ခလေးဆိုးကြီးကိုပါး၂ဖက်ကောနှုတ်ခမ်းကောနမ်းပေးမှကျေနပ်သလိုပြုံးပြလာသည်။

"ကိုကြီးလာအရင်စားလိုက်မေမေကပြည်ထမင်းသုပ်စားချင်တယ်ဆိုလို့လုပ်ပေးနေတာကိုကြီးအတွက်
နွယ်သုပ်ပေးမယ်အာလူးသုတ်ကောစားမှာလာ"

"ထမင်းသုပ်တာကိုဘာလို့အာလူးပါသုပ်တာလဲကိုယ့်အချစ်အလုပ်ရှုပ်အောင်"

"ကိုကြီးရဲ့အသဲနဲ့အသက် အတွက်လေကိုကြီးသမီးတွေကသူများအသုပ်ဆိုသူတို့စားတတ်တာသုပ်ပေးမှမဟုတ်ရင်သူတို့အဖေလိုပဲကောက်တာ
အသဲနဲ့အသက်စိတ်ကောက်ရင်အဖိုးနဲ့အဖွားကစား
မဝင်တော့ဘူးအဲ့ဒါကြောင့်လေ"

"ကိုယ်ကကောက်တတ်လို့လားကောက်ပါဘူး"

"ကိုကြီးလားမကောက်တာဟွန့် ရည်းစားစဖြစ်ထဲကသူပဲခလေးလုပ်နေတာနွယ်စိတ်ကောက်လို့ဘယ်နှခါချော့ရလဲပြောပါအုံး"

"ဟား ဟား ဟား"

နွယ်ကမျက်စောင်းလေးထိုးပြောတော့လက်ရုန်း
ကျေနပ်စွာပြုံးမိသည်။မနက်စောစောစီးစီး
ကိုယ့်အကြည်ဓါတ်လေးရဲ့အပြုံးတွေမျက်စောင်းတွေအနမ်းတွေရမှကိုယ့်ရဲ့တနေ့တာဟာပြည့်စုံတာပါ။တွေးတာမဆံုးခင်သမီး၂ယောက်ပြေးပီးထမင်းစား
ခန်းထဲဝင်လာသည်။သမီးတွေနောက်ကအဖိုးနဲ့အဖွားပါလိုက်ဝင်လာသည်။

"Good morning မားမီ"
"Good morning မားမီ"

""Good morning ဒယ်ဒီ"
"Good morning  ဒယ်ဒီ"

ပြောလဲပြောအဖေပေါ်အတင်းပြေးတက်လာတဲ့သမီး၂ယောက်ကိုပေါင်ပေါ်ချီတင်ရင်းပြန်နှုတ်ဆက်ရသည်။

"Morning my အသဲ မွမွ။ Morning my အသက် မွမွ"

"Morning သမီးလေးတွေမားမီအာလူးသုပ်ပေးမယ်နော်ကိုယ့်ဘာသာထမင်းဖြူလေးနဲ့နယ်စားနော်"

"Yes မားမီ". "Yes မားမီ".

သမီး၂ယောက်ပြိုင်တူဖြေရင်းအကြီးမလေး
သဲလက်ရုန်းက

"ဒယ်ဒီမီးတို့အတန်းမှာnew studentရောက်တယ်သိလား"

"အွန်း ဟုတ်လား boy or girl"

"Boy ဒယ်ဒီ သူနာမည်ကဖိုးဖိုးနာမည်လိုပဲဘုန်းနဲ့စတာဘုန်းဘာဆိုလားနော်အသက်"

သမီးငယ်လေးသက်လက်ရုန်းက

"အသက်သိတယ်ခနလေးthinkလုပ်အုံးမယ်အော်
ဘုန်းသန့်ညီတဲ့"

"အသဲနဲ့အသက်နော်boyတွေနဲ့ပေါင်းတာဒယ်ဒီမကြိုက်ဘူးနော်"

"ကိုကြီးခလေးတွေကိုဘာတွေရှောက်ပြောနေတာလဲကဲစားစားသမီးတို့စကားမများနဲ့"

"သားဒီနေ့ရှယ်ယာဝင်အသစ်တွေနဲ့တွေ့ရမှာဆို"

"ဟုတ်တယ်ဖေဖေ"

"အေးသားသတိတော့ထားဘယ်သူကဘယ်လိုစိတ်နဲ့လာလဲသိရတာမဟုတ်တော့စာချုပ်ဘာညာကိုတနှစ်ပဲအရင်လုပ်နောက်ပိုင်းအဆင်ပြေမှဆက်တိုး"

"ဟုတ်ဖေဖေ"

စကားပြောပီးအခန်းပြန်ရေချိုးပီးထွက်လာတော့
နွယ်လေးကအဝတ်စားထုတ်ထားပေးတာကိုလဲဝတ်ပီးနွယ်နဲ့သမီးတို့ကိုနှုတ်ဆက်ပီးထွက်လာလိုက်သည်။ရှယ်ယာဝင်အသစ်တွေနဲ့တွေ့တော့မမျော်လင့်တဲ့သူတယောက်ပါလာသည်။ယုယမိုးကိုမြင်တော့ငြင်းလို့လဲမရတော့ဘုတ်အဖွဲ့နဲ့တနှစ်စာချုပ်ချုပ်ပီးသားဖြစ်နေတော့လက်ခံလိုက်ရသည်။ဘာလို့မှန်းမသိယုယမိုးကိုမြင်ထဲကစိတ်တွေလေးလာသည်။အားလံုးကိုနှုတ်ဆက်ပီးရုံးခန်းပြန်လာတော့ရှယ်ယာဝင်တယောက်ကရောက်လာပီး

"ကိုလက်ရုန်းကိုအပ်စရာလေးရှိလို့moe companyကဒေါ်ယုယမိုးကိုပါသူကသနားစရာပါ
ယောက်ကျားကမဆုံးခင်ကလဲရိုက်နှက်တာခံရဆုံးသွားတော့လဲအကြွေးတွေဆပ်ပေးရနဲ့ဒီလုပ်ငန်းလေးလည်ပတ်မှသူ့နဲ့သူ့သားလေးအဆင်ပြေမှာမို့ပါ"

"သူ့ဘက်ကသာကြိုးစားရင်ကျွန်တော့ဘက်က welcomeပါ"

ကြားကပြောပေးသောရှယ်ယာရှင်ပြန်မှလက်ရုန်းဇန်မင်းဆီဖုန်းဆက်ကာညနေတွေ့ဖို့ချိန်းလိုက်သည်။ညနေရောက်တော့ဇန်မင်းနဲ့တွေ့တော

"ဘရိုထူးထူးဆန်းဆန်းအပြင်မှာချိန်းလို့ပြောပါဦးဘာကိတ်စ"

"ဒီနေ့ရှယ်ယာရှင်အသစ်မှာယုယမိုးပါလာတယ်
ဘုတ်အဖွဲ့ကလက်ခံပီးသားဆိုတော့ငါလက်ခံလိုက်ရတယ်ငါဘက်ကသူနဲ့ပက်သက်ရင်ဘာခံစားချက်မှမရှိပါဘူးကွာဒါပေမဲ့နွယ်လေးသိရင်တမျိုးဖြစ်မှာစိုး
လို့မင်းကိုတိုင်ပင်တာ"

"အေးမိန်းမဆိုတာကငါ့အမနဲ့ညီမကစငါ့မိန်းမအဆုံး အရင်ရည်းစားဟောင်းဆိုရင်ကိုစိတ်မချတာကွအဲ့တော့မင်းပြောပြလိုက်ဟိုတခါခြံဝယ်တဲ့ကိတ်စပါပြော"

"အေးပါ ဟေ့ရောင်မင်းမခြူးကိုပြောပီးပီလားကိုရဲ ကိုကောင်မလေးတယောက်နဲ့တွေ့တွေ့နေတယ်ဆိုတာလေ"

"အေးသူတို့လင်မယားလဲအကြီးအကျယ်ပြသ
နာတက်တယ်ပြောတယ်မခြူးကအမေသိမှာစိုးလို့တဲ့မဟုတ်ရင်ကွာမယ်ပဲပြောနေတာ"

"အေးကွာငါတို့သိတဲ့ကိုရဲကအဲ့လိုမဟုတ်ဖူးလားလို့မခြူးကိုလဲချစ်တာမှတုန်နေတာပဲဘယ်လိုဖြစ်တာလဲမသိဘူးကွာမခြူးကကိုယ်ဝန်ကြီးနဲ့ကိုကွာ"

"အေးပါမင်းလဲအဲ့လိုထမဖောက်နဲ့မင်းဆိုငါကထိုးမှာနော်"

"ယောက်ဖရာစိတ်ချပါငါ့ရင်ဘတ်ထဲမင်းညီမနဲ့မင်းတူမ၂ယောက်နဲ့တင်ပြည့်နေလို့ဘယ်သူ့မှဝင်လာလို့မရပါဘူးကွာ"

ပြောဆိုပီးအိမ်ပြန်ရောက်တော့နွယ်ငိုလျက်လှေကားကဆင်းလာတာတွေ့တော့

"နွယ်လေးဘာဖြစ်တာလဲ"

"မခြူးနဲ့ကိုရဲရန်ဖြစ်တာကိုရဲတွန်းလိုက်တာမခြူးသွေးတွေဆင်းနေလို့ဆေးခန်းသွားမလို့"

"လာလာကိုကြီးလိုက်ပို့မယ်"

နွယ့်အမေရယ်နွယ်ရယ်မခြူးကိုဆေးရုံခေါ်ခဲ့သည်။ဆေးရုံရောက်တော့အရေးပေါ်ခန်းဝင်ရသည်။
အခန်းပြင်မှာမခြူးသမီးလေးကငိုနေလို့နွယ်ကချော့နေရသည်။ဇန်မင်းနှင့်သူ့အမျိုးသမီးရောက်လာတော့မခြူးသမီးလေးက

"ဦးဇန်နဲ့ဦးလက်ရူန်းဖေဖေ့ကိုဒီမလာစေနဲ့ဖေဖေတွန်းလိုက်လို့မေမေသွေးတွေအများကြီးဖြစ်တာအီးဟီးဟီး"

"ဘယ်လိုဖြစ်ကြတာလဲမေမေနဲ့ငယ်လေး"

"မေမေလဲမသိဘူးမြေးလေးကအရမ်းအော်မှသိတာမေမေအပေါ်တက်လာတော့ကိုရဲကထွက်သွားပီ"

"ခုကောအဲကောင်ဘယ်မှာလဲ"

"ဇန်စိတ်လျော့ရွှေလေးကကြည့်နေတယ်ကိုရဲကိုငါ့တပည့်တယောက်နဲ့ရှာခိုင်းထားတယ်"

မကြာခင်ကိုရဲရောက်လာကာဇန်မင်းကစိတ်တိုပီးဆွဲထိုးလို့ဆေးရုံမှာရုတ်ရုတ်သဲသဲဖြစ်ကုန်လို့မနဲတားထားရသည်။နောက်ဆုံးမခြူးကကိုယ်ဝန်ပျက်ကျပီးသားအိမ်ပါထုတ်လိုက်ရသည်။ကိုရဲမိဘများလဲရောက်လာကာမခြူးကသတိရတာနဲ့ကိုရဲကိုကွာရှင်းမယ်ဆိုတဲ့စကားတခွန်းတာပြောပီးဘာမှမပြောပဲနေတော့သည်။ရွှေလေးကလဲသူ့အဖေကိုစကားလဲမပြောတော့သလိုအကပ်ကိုမခံတော့ပေ။

💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰

Continue Reading

You'll Also Like

77.6K 1.6K 24
အသက်ဆယ်နှစ်ကျော်ကွာဟတဲ့ ကလေးမကို ကျုပ်ကလက်ထပ်ရမယ်ဆိုပဲ။ ________________________________________ "ကိုကိုကြီး လဝန်းကိုချစ်ရဲ့လားဟင်" "အင်း ကိုယ်မင်းကိ...
5.7K 249 20
A story of two princes who love each other beyond limitation and are committed and connected to each in such a strong bond of love and affection that...
1.6M 141K 47
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.8K 166 7
Drabbles for my soft jikook enthusiasts. Random updates! Also, tooth-rotting fluff ahead. You have been warned! :D ❝ slow-dancing with a wish t...