နတ်သမီးပုံပြင် 【Completed】

Par Epiphany_Jinah

8.8K 1.2K 314

" ဤ ဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများအားလုံးသည် လက်တွေ့ဘဝတွင် မဖြစ်နိုင်သော နတ်သမီးပုံပြင်များသာ ဖြစ်သည်... Plus

⟨ 00 ⟩
⟨ 01 ⟩
⟨ 02 ⟩
⟨ 03 ⟩
⟨ 04 ⟩
⟨ 06 ⟩
⟨ 07 ⟩
⟨ 08 ⟩
⟨အပိုင်း ၀၉ - ဇာတ်သိမ်းပိုင်း ⟩
⟨ S2 - မိတ်ဆက် ⟩

⟨ 05 ⟩

499 100 36
Par Epiphany_Jinah

⟨ Unicode Version ⟩
⟨ နတ်သမီးပုံပြင် ⟩
အပိုင်း ၅

စူးအောင့်နေတဲ့ရင်ဘတ်ကြောင့် သူအသိတရားတွေ နိူးထလာရင်း သောက်နေကျ ဆေးဘူးရှာမိသည်။ သို့ပေမယ့် သူ့လက်ရှိနေရာက သူ့အိမ်မဟုတ်တာမို့ ဆေးကမရှိ။  သူတကယ်လိုအပ်နေပြီမို့ အင်အားချိနဲ့နေတဲ့ကြားကနေ သူ ကုန်းရုန်းထမိသည်။ ကုတင်ခြေရင်း တစ်ဖက်ခြမ်းဆိုဖာမှာတော့ သူမြင်လိုက်ရတာ အိပ်စက်နေတဲ့ဂျွန်ဂျောင်ကု။

ခန္ဓာကိုယ်ရဲ့နာကျင်မှုကနေ ရုတ်ချည်း စိတ်ရဲ့နာကျင်မှုအသွင်ပြောင်းသွားမိသည်။

" ဘာဖြစ်လို့  မင်းကြောင့် ခဏခဏ နာကျင်နေရတာလဲ ဂျွန်ဂျောင်ကု "

သူ ခပ်တိုးတိုးလေးရေရွတ်မိရင်း အိမ်ပြန်ဖို့အတွက် အိပ်ယာပေါ်ကနေ ခြေလှမ်းဖွဖွနဲ့ ဆင်းမိသည်။ သူ့ကိုယ်ပေါ်မှာတော့ သူ လိုအပ်နေတုန်းကလို ဗလာဖြစ်နေတာ မဟုတ်ဘဲ အင်္ကျီတွေရှိနေတာမို့ ကြည့်ရတာ ဂျွန်ဂျောင်ကု ပြန်ဝတ်ပေးခဲ့ပုံပေါ်သည်။

ဆော့ဂျင် သူ့အပေါ်ကုတ်ကို ပြန်ဝတ်ကာ အိပ်စက်နေတဲ့ဂျောင်ကုကို ခဏတာ လည်ပြန်ကြည့်မိသည်။ ဒီလိုမျိုး တစ်ယောက်တည်း မချန်ထားခဲ့ချင်ပေမယ့် သူ့အခြေအနေကအရေးပေါ်မို့ သူအိမ်ပြန်ဖို့လိုအပ်သည်။

အဲ့ဒီ့နောက် ယိုင်တိယိုင်တိုင်နဲ့ သူ အခန်းထဲကနေ ထွက်ကာ ကားငှားဖို့ကြိုးစားသည်။ သို့ပေမယ့် ဒီလိုမနက်ဝေလီဝေလင်းအချိန် ကားရတာမျိုးက ရှားသည်။ အဲ့ဒါထက် သူ့အသိအာရုံတွေက ရှိနေသေးတာမို့ အနီးစပ်ဆုံးဆေးရုံရှာကာ ဆေးရုံဆီဦးတည်ဖို့ကြိုးစားမိသည်။

လူကသာ ဆေးရုံဆီဦးတည်နေပေမယ့် စိတ်ထဲမှာတော့ မေးခွန်းများစွာရှိသည်။

ဒါရိုက်တာဂျွန်ဂျောင်ကုက သူ့နဲ့အိပ်ဖို့ မိုက်မိုက်ရိုင်းရိုင်းတွေပြောခဲ့တဲ့အပြင် အန်ယောင်းမင်ကိုပါ အခုလိုတွေအထိ လုပ်ခိုင်းခဲ့သည်။ တကယ်တမ်း သူ့ကို အခွင့်အရေးအနေနဲ့ရလာတော့လည်း အခွင့်ကောင်းယူတာမျိုး မလုပ်ခဲ့။ ဂျွန်ဂျောင်ကုတစ်ယောက် ဘာကို လိုချင်နေတာလဲ သူ တကယ်သိချင်‌မိသည်။

ပြီးတော့ တဖျတ်တဖျတ်ပေါ်လာတဲ့မှတ်ဉာဏ်တွေ နဲ့ ဂျောင်ကုအတွက် နောင်တရတဲ့ခံစားချက်။ အဲ့ဒါအပြင် ဂျစ်ကန်ကန်ဂျောင်ကုအတွက် သီးသန့်ရှိနေပြန်တဲ့ခံစားချက်တစ်ခု။

သူ့ကိုယ်သူလည်း တကယ်နားမလည်နိုင်တော့။ အမှန်ဆို သူအေးအေးဆေးဆေးနဲ့ သာမန်ဘဝကို သူဖြတ်သန်းချင်ခဲ့တာဖြစ်သည်။ နောက်ဆုံးအချိန်ရောက်တဲ့အထိ ဘာကိုမှ ထူးထူးဆန်းဆန်း ခံစားတာမျိုး မရှိဘဲ အေးချမ်းစွာ ထွက်သွားချင်ခဲ့တာဖြစ်သည်။ အခုတော့ သူ့ဘဝက ရှင်းချင်ပါတယ်ဆို စတင်ရှုပ်လာတော့မယ့်ပုံပင်။

ဆော့ဂျင်တွေးရင်း လမ်းဖြတ်ကူးဖို့ ကြိုးစားလိုက်မိသည်။ ဦးနှောက်က အချိန်တွေရွေ့လျားနေသလို မေ့နေခဲ့တဲ့အစိတ်အပိုင်းတွေ ဟိုတစ်ခုဒီတစ်ခုထိုးထွက်လာနေပေမယ့် သူခံစားနေရတဲ့ခန္ဓာကိုယ်ရဲ့နာကျင်မှုကြောင့် သူ့ခြေလှမ်းတွေကို အမြန်နှုန်းတင်လိုက်မိသည်။ သို့ပေမယ့် တစ်ဖက်က စူးရှတဲ့မီးအလင်းရောင်ကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူ ဖျတ်ကနဲ့ အသိဝင်လာမိတာက လွန်ခဲ့တဲ့နှစ်နှစ်က သူမြင်ခဲ့မိတဲ့မီးအလင်းရောင်။

" ( ..ကျွီ  ... ) "

ကားဘရိတ်အုပ်သံကို ကြားလိုက်ရတဲ့နောက်မှာတော့ သူဆက်တိုက် မှတ်မိလာခဲ့တာက အဲ့ဒီ့နေ့က အဖြစ်အပျက်တွေ။

//  ~~ သိပ်ချစ်လွန်းလို့ အစစအရာရာသည်းခံခဲ့ပေးတာကို ခင်ဗျားဒီနည်းနဲ့အနိုင်ယူလိုက်တာလား? ကင်ဆော့ဂျင် ပြောစမ်း!  ခင်ဗျားမှာနှလုံးသား နည်းနည်းလေးတောင်မရှိဘူးလား //

// ကင်ဆော့ဂျင် လမ်းခွဲရအောင် //

// နောက်ထပ်ထပ်တွေ့ရင်တောင် ခင်ဗျားကို ထိန်းချုပ်နိုင်တဲ့သူအဖြစ်နဲ့ပဲ ပြန်ဆုံမှာ //

// ကိုယ်ကတော့ မင်းနဲ့ ဘယ်တော့မှ ထပ်မတွေ့ရပါစေနဲ့လို့ပဲ ဆုတောင်းတယ် ဂျွန် ဂျောင် ကု //

အဲ့ဒီ့စကားလုံးတွေနဲ့အတူ အဲ့ဒီ့ကောင်လေးအပေါ် လုပ်ခဲ့တဲ့အရှုပ်ကိစ္စတွေ တစ်ခုမကျန်မှတ်မိလာရင်း သူ စတင်နားလည်လာတာက နောင်တဆိုတဲ့ခံစားချက်။ တဆက်တည်းမှာပဲ ‌အဲ့ဒီ့နေ့ ဂျောင်ကုဆီကအပြန် လမ်းမှာ ဖြစ်ခဲ့တဲ့အက်စီးဒင့်။ နောက်ဆုံးအချိန်မှာ သူ နောင်တ တရားကို နားလည်ခဲ့တာ အချစ်ဆိုတဲ့ ခံစားချက်ကြောင့်ဖြစ်သည်။

လူဆိုတာ သေခါနီးမှ ကိုယ့်ရဲ့အစစ်အမှန်တွေကို သိလာရသလိုမျိုး အဲ့ဒီ့ယာဉ်တိုက်မှုကြောင့် သူ့အသိတရားတွေ မပျောက်ပျက်ခင် သူနားလည်ခဲ့တာ အချစ်!

သို့ပေမယ့် အခုတော့ သူ ပြန်ရှာတွေ့သွားတဲ့မှတ်ဉာဏ်အစိတ်အပိုင်းတွေက သူ့ကို ထိတ်လန့်ဖို့လုံလောက်စေလေလျှင် သူ ထိုကားရှေ့မှာပဲ ပျော့ခွေကျဆင်းသွားတော့သည်။



💠💠💠




" လူနာက စိတ်ကြွဆေးသုံးထားသလို စိတ်ငြိမ်ဆေးလည်း သုံးထားတာတွေ့ရတယ်! သူ့အခြေအနေနဲ့တောင် သူခက်ခဲနေတာကို ဘာလို့ ဒီလိုလုပ်ရတာလဲ အန္တရာယ်အရမ်းများလွန်းတယ်  ဖြစ်နိုင်ရင် တစ်ပတ်လောက် အနားယူပြီး ကုသမှုကို ခံယူစေချင်တယ် လူနာရှင်ဖြောင်းဖျပေးပါ "

ကုတင်ပေါ်အိပ်နေတဲ့အစ်ကို့ကိုကြည့်ပြီး ထယ်ဟျောင်းသက်ပြင်းချလိုက်သည်။ မနက်ပိုင်းဝေလီဝေလင်းအချိန် အစ်ကို့ဖုန်းကနေတစ်ဆင့် ဆက်သွယ်လာတဲ့ဆေးရုံကြောင့် သူအရူးတစ်ပိုင်းအပြေးသွားမိသည်။ တွယ်တာရာမဲ့နေတဲ့သူ့ဘဝမှာ ကျန်ရစ်နေခဲ့တာဆိုလို့ သွေးမတော်စပ်တဲ့အစ်ကိုဆော့ဂျင်ရယ်၊ ကိုမာခံစားနေရတဲ့သူ့ညီမကင်ထယ်အွန်းရယ်သာရှိသည်။

အစ်ကို့အတွက်တော့ သူဟာ ညီငယ်လေးဆိုပေမယ့် သူ့အတွက်တော့ အစ်ကိုဟာ ကျေးဇူးရှင်၊အချစ်ရဆုံးအစ်ကို၊ ဘာပဲဖြစ်ဖြစ် သူ အစ်ကို့ကို ကာကွယ်ဖို့ သူဆုံးဖြတ်ထားတာဖြစ်သည်။ သို့ပေမယ့် နူးနူးညံ့ညံ့အစ်ကိုဟာ သိပ်ကို ခေါင်းမာလွန်းသည်။ အလုပ်ထွက်ပြီး အနားယူပါလို့ သူ ခဏခဏနားချတာတောင် အေးအေးဆေးဆေးသာမန်ဘဝလိုနေချင်တာမို့ အလုပ်မထွက်ခဲ့။ အလုပ်ကြောင့်ဖြစ်လာတဲ့ဖိအားတွေကိုလည်းလိုလိုလားလားလက်ခံပြီး ဌာနအတွင်းမှာဆို သူ့ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တာဖြစ်သည်။

" စိတ်ကြွဆေးကို ဘာအတွက် သုံးရတာလဲ အစ်ကို အန္တရာယ်များလွန်းတယ်လေ"

သူသက်ပြင်းချရင်း အစ်ကိုနိုးလာဖို့သာ သူမျှော်လင့်နေမိတော့သည်။ အစ်ကို့ကို ကိုယ်ရေးကိုယ်တာမေးခွန်းတွေ မမေးချင်ပေမယ့် ဒီတစ်ခါလိုမဖြစ်အောင်တော့ နိူးလာတဲ့အခါ သူ ဆူပေးရပါတော့မည်။

💠💠💠


" အတွင်းရေးမှူး! တာဝန်ခံ ကင်ကို ရုံးခန်းထဲ ခေါ်လိုက်ပါ "

စာရင်းတွေစစ်ရင်း မနေ့က ထွက်ပြေးသွားတဲ့ကင်ဆော့ဂျင်ကို တွေ့ဖို့ ပြောမိတော့ အတွင်းရေးမှူးဆီက စကားကြောင့် သူစိတ်အလိုမကျဖြစ်သွားရသည်။

" .. ဒါရိုက်တာဂျွန် တာဝန်ခံကင်က ခွင့်သုံးရက်တင်ထားပါတယ် အကြောင်းပြချက်မသိရသေးပါဘူး "

" ခွင့်? "

" ဟုတ် "

" ဒါဆို ငါ့အချိန်ဇယားတွေကို အစားထိုးလုပ်ဆောင်လို့ရတဲ့သူတွေကို လွှဲပေးလိုက်ပါ ! "

" ဟုတ်ကဲ့ပါ ဒါရိုက်တာဂျွန် "

အဲ့ဒီ့နောက် ထွက်ပြေးသွားတဲ့ ဆော့ဂျင်ကို ဖမ်းဆီးဖို့အတွက် သူ ကုမ္ပဏီကနေ ဆော့ဂျင်အိမ်ကို အပြေးသွားမိတော့သည်။ ဖမ်းထားပါတယ်ဆိုမှ သူသတိလွတ်သွားတဲ့ခဏမှာ ထွက်ပြေးသွားတာတဲ့လား။

ကင်ဆော့ဂျင်! ကင်ဆော့ဂျင်! ကျွန်တော့်ကိုရှက်လို့ ကုမ္ပဏီဆီ မလာတာလား ဒါမှမဟုတ် တစ်ခုခုဖြစ်နေတာလား

တကယ်ကို စိတ်ပူတဲ့အတွေးနဲ့ သွားခဲ့ပေမယ့် ကင်ဆော့ဂျင်ရဲ့အိမ်ထဲရောက်တော့ သူ့ရဲ့စိတ်ပူနေတဲ့အတွေးတွေက သူ့တစ်ဖက်သတ်သာ ဖြစ်ကြောင်း သူသိလိုက်ရတော့သည်။

" အာ~~ နည်းနည်းစား ~~ နည်းနည်းလောက်တော့ စားပါဆိုနေ "

" မစားချင်ဘူးဆို ဘယ်လိုဖြစ်နေတာလဲ "

" အစ်ကိုနော် မစားချင်ရင် အတင်းအကျပ်ဖမ်းပြီး ကျွေးမှာနော် "

" လုပ်ရဲရင်လုပ်လေ "

" ကျွန်တော့်ပါးစပ်နဲ့ အစ်ကို့ကို မခွံ့ကျွေးရဲဘူးထင်နေတာလား စိတ်ပူရအောင်မလုပ်နဲ့ ဟ "

" ညစ်ပတ်တယ် ဂျွန်~~~ ကင်ထယ်ဟျောင်း ဖယ် "

ဧည့်ခန်းထဲမှာ ဆန်ပြုတ်ကို အတင်းခွံ့ကျွေးနေတဲ့သူနဲ့ ငြင်းဆန်နေတဲ့သူ။ တစ်ယောက်ယောက်ကို ပြုစုနေတာနဲ့ မတူဘဲ ချစ်ရည်လူးတဲ့မြင်ကွင်းမို့လို့ သူ့ဒေါသတွေ ငယ်ထိပ်ရောက်ကာ လက်ခုပ်တီးလိုက်မိသည်။

" ဖြောင်း ဖြောင်း ဖြောင်း "

သူ့လက်ခုပ်သံကြောင့် နှစ်ယောက်လုံးကြောင်အကာ သူ့ကို လှည့်ကြည့်လာသည်။

" ဂျောင်ကု!"

" ဒါရိုက်တာဂျွန် "

" ကင်ထယ်ဟျောင်း! ဒီနေ့ခွင့်တင်ထားတဲ့အထဲ မင်းမပါပါဘူး ... စည်းမဲ့ကမ်းမဲ့လုပ်နေတာမျိုးလည်း ငါမကြိုက်ဘူး ... အလုပ်ချိန်ကို မလေးစားတာမို့ နောက်‌နေ့ကစပြီး ကုမ္ပဏီကို မလာနဲ့တော့ ငါမင်းကို အလုပ်ထုတ်လိုက်ပြီ "

" ဂျောင်ကု! "

သူ ကင်ထယ်ဟျောင်းကို ဦးတည်ပြောမိတော့ အစ်ကို့ဆီက အသံထွက်လာသည်။ သူအစ်ကို့ကို မကြည့်ဘဲ တုန်လှုပ်သွားတဲ့ ကင်ထယ်ဟျောင်းကိုသာ ကြည့်ရင်း အရသာခံမိတော့ အစ်ကို့ဆီက တောင်းပန်သံလေးထွက်လာသည်။

"ကင်ထယ်ဟျောင်းအစား ငါတောင်းပန်ပါတယ် သူ့ကိုအလုပ်မထုတ်ပါနဲ့ ငါ့ကိုပဲ ထုတ်လိုက်ပါ "

ထယ်ဟျောင်းအစားတောင်းပန်နေတဲ့အစ်ကို့ကို သူလှည့်ကြည့်မိတော့ အစ်ကို့မျက်ဝန်းတွေက သူ့ဒေါသကို နားလည်နေပုံရသည်။ သာမန်နေ့တွေနဲ့မတူဘဲ အစ်ကို့မျက်ဝန်းဟာ တစ်ခုခုကို ဆိုလိုချင်နေပုံပင်။

" ဒါရိုက်တာဂျွန် တောင်းပန်ပါတယ် ကျွန်တော့်ရဲ့စည်းကမ်းမဲ့မှုကို ကျွန်တော်ပဲ ဝာာဝန်ယူပါ့မယ် တာဝန်ခံကင်ကို အပြစ်မတင်ပါနဲ့ "

" ထယ်ဟျောင်း! မဟုတ်တာတွေမပြောနဲ့ ... "

" အစ်ကိုက ပိုအရေးကြီးတယ်လေ အစ်ကို"

" ငါက ဘာကောင်မှမဟုတ်ဘူးလေ မင်းအတွက်ပဲ မင်းကြည့်ပါ ကင်ထယ်ဟျောင်း "

သူ့အရှေ့မှာ တစ်ယောက်အတွက် တစ်ယောက် သိပ်ကိုအနစ်နာခံပေးချင်နေတဲ့နှစ်ယောက်ကို ကြည့်ပြီး သူ ခပ်ထေ့ထေ့ရီမိသည်။

" စိတ်ကုန်စရာတွေ! "

" ... "

" .."

" ကင်ထယ်ဟျောင်း! နောက်ဆုံးအခွင့်အရေးပေးမယ်! အခု မင်းကုမ္ပဏီကိုချက်ချင်းပြန်ပြီး အချိန်ပိုဆင်းမယ်ဆိုရင် မင်းကိုအလုပ်ထုတ်မယ့်ကိစ္စ ငါပြန်စဉ်းစားပေးမယ် "

သူ့စကားကြောင့် ထယ်ဟျောင်းမျက်ဝန်းတွေ လင်းလက်လာပေမယ့် ဘေးနားက အစ်ကို့ဆီပြန်ရောက်တော့ ထယ်ဟျောင်း ခေါင်းခါလာသည်။

ဘယ်လိုတောင် မိုက်မဲရတာလဲ ကင်ဆော့ဂျင်အနားမှာနေရဖို့အရေး အလုပ်ကိုတောင် ဂရုမစိုက်ဘူးဆိုလိုတာလား!

" ကင်ထယ်ဟျောင်း မင်းညီမကိုထောက်ပံ့ပေးနေတာတွေအတွက် ကုမ္ပဏီကအချိန်မရွေးရပ်လိုက်လို့ရတာ မင်းသိလား "

" ထယ်ဟျောင်း ~~ ငါ့ကိုစိတ်မပူပါနဲ့ ဒါရိုက်တာဂျွန်အခွင့်အရေးပေးနေတာကို မြန်မြန်ကျေးဇူးတင်လိုက်! ပြီးတော့ ငါက ကလေးလည်း မဟုတ်တော့ဘူး ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေမယ့်ကိစ္စတွေ ဘာမှမလုပ်ဘူး သွားတော့ "

အချိုသပ်ပြီးပြောလာတဲ့အစ်ကို့စကားကိုတော့ ကင်ထယ်ဟျောင်း လက်မခံချင်စွာနားထောင်ရင်း နောက်ဆုံး အစ်ကို့အိမ်ကနေ ထွက်သွားတော့သည်။ အစ်ကို့အိမ်ထဲကနေ ကင်ထယ်ဟျောင်းထွက်သွားတော့မှ သူ အစ်ကို့ကို ဂရုမစိုက်ဘဲ အိပ်ခန်းထဲ ဝင်သွားမိသည်။ သူ့အပြုအမူကြောင့် အစ်ကိုကပါလိုက်ဝင်လာရင်း တစ်ခုခုကိုရှာနေတဲ့ သူ့ကိုကြည့်လာသည်။

" မင်း ဘာလိုချင်နေပြန်ပြီလဲ ဒါရိုက်တာ ဂျွန် "

အစ်ကိုမေးတာကို သူမဖြေဘဲ ကုတင်အောက်မှာ တွေ့တဲ့ luggage ကို သူဆွဲယူကာ ကုတင်ပေါ်ပစ်တင်သည်။ အဲ့ဒီ့နောက် အစ်ကို့အဝတ်အစားတွေကို သူ ထိုးထည့်မိတော့ အစ်ကိုက သူ့ကို တားမြစ်လာသည်။

" ဘာလုပ်နေတာလဲ !! "

" အဝတ်သိမ်းနေတာလေ "

" ဘာအတွက်လဲ "

" ကျွန်တော့်အတွက်! "

" ဒါရိုက်တာဂျွန်! မင်းဘာဖြစ်ချင်နေတာလဲ "

" အပိုင်သိမ်းချင်တာလေ ~~ ကင်ဆော့ဂျင်! ခင်ဗျားကို ကျွန်တော်အပိုင်သိမ်းချင်တယ်! အဲ့ဒီ့တော့ အပိုင်သိမ်းတယ် ဘာဖြစ်ချင်လဲ "

သူ့စကားကြောင့် သူ့ကို တားမြစ်နေတဲ့အစ်ကို့လက်တွေ သူ့ပခုံးပေါ်ကနေ ပြေလျော့သွားသည်။

" ရူးနေတာလား ~~ အကြောင်းပြချက်မရှိဘဲ ငါက ဘာလို့ မင်းနဲ့ ပူးပေါင်းပေးရမှာလဲ ပြီးတော့ မနေ့ကလည်း မင်းငါ့ကို တစ်စက်လေးတောင် မထိခဲ့ဘူးလေ ငါဘယ်လောက်လိုအပ်နေတယ်ဆိုတာ သိသိချည်းနဲ့ ... "

အစ်ကို့စကားကြောင့် သူ အစ်ကို့ကို အထင်သေးစွာစိုက်ကြည့်မိသည်။

အစ်ကို့ဘဝမှာ အဲ့ဒီ့ကိစ္စပဲရှိတာလားလို့ သူအော်ဟစ်မေးခွန်းထုတ်ချင်သည်။ သို့ပေမယ့် သူ ခပ်ရိုးရိုးအဖြေကိုသာ သူမထုံတက်သေး ပြန်ပြောမိသည်။

" ရွံလို့လေ~~ဖြစ်ချင်တိုင်းဖြစ်ထားတဲ့ဟာကိုထိရအောင် ကျွန်တော်က ရွံစရာမှ မဟုတ်တာ "

သူ့စကားကြောင့် အစ်ကို့မျက်ဝန်းတွေဖျော့တော့သွားတာ သူမြင်လိုက်ရသည်။ အဲ့ဒီလိုဆိုတော့လည်း အစ်ကို့ဆီမှာ သူ့ကိုယ်သူ အရည်ဖျော်ပစ်ချင်လာရပြန်သည်။

" ဒါရိုက်တာဂျွန်! ဒီလောက်နဲ့ပဲ ထွက်သွားပါတော့ ငါအေးအေးဆေးဆေး နေချင်တယ် "

" ထိုက်တန်လို့လား! ခင်ဗျားလိုလူက အေးအေးဆေးဆေးနေဖို့ ထိုက်တန်လို့လား"

" မထိုက်တန်ဘူးဆိုတာ မင်းသိလို့လား "

" ‌ကင်ဆော့ဂျင်! ကျွန်တော့်ကိုဖျက်ဆီးရင်ပဲရပါပြီ ဘာဖြစ်လို့နောက်ထပ်ပစ်မှတ်က ကင်ထယ်‌ဟျောင်းလဲ ? အဲ့ဒီလိုလျှောက်လုပ်နေတာ ခင်ဗျား နည်းနည်းလေးတောင် မကြင်နာတတ်ဘူးလားဟင်!"

" လောကကြီးက ငါ့ကိုတောင် မကြင်နာပေးတာ ဘာလို့ ငါက တခြားတစ်ယောက်ကို ကြင်နာရမလဲ "

" ဒီလိုဆို ကျွန်တော်အကျပ်ကိုင်ရတော့မယ်ကင်ဆော့ဂျင်! မနေ့က မှတ်တမ်းတွေအကုန်ကျွန်တော့်မှာ ရှိတယ်နော်! ခင်ဗျားအောင်မြင်မှုအတွက် ခင်ဗျားကိုယ်ခင်ဗျားရောင်းစားခဲ့တဲ့ဇာတ်လမ်းမျိုး ဖန်တီးပေးလိုက်လို့ရတယ် "

သူ့စကားကြောင့် အစ်ကိုက ရယ်ကာ အိပ်ယာပေါ်ထိုင်ချသည်။ အဲ့ဒီ့နောက် သူ့ကို မော်ကြည့်လာသည်။

" လုပ်လိုက်လေ ငါက ဂုဏ်သိက္ခာနဲ့အသက်ရှင်တဲ့လူနဲ့တူလား ငါက ဒီအတိုင်း အေးအေးဆေးဆေး နေချင်တာပဲ ငါ့ကို ဖျက်ဆီးတာဖြစ်ဖြစ်၊ စော်ကားတာဖြစ်ဖြစ်၊ ကြိုက်တာလုပ်၊ မင်းအလှည့်မင်းစိတ်ကြိုက်ပဲ ဂျောင်ကုရား ~~~ မကောင်းတဲ့သတင်းတွေထွက်လို့ လူတွေပိုရှောင်ဖယ်လေ ငါပိုကြိုက်လေပဲ "

အစ်ကို့စကားကြောင့် သူမျက်မှောင်ကြုတ်လိုက်မိသည်။ အစ်ကို့ကို ဒီနည်းနဲ့ ခြိမ်းခြောက်လို့ရမှာ မဟုတ်။ အစ်ကိုက ကိုယ့်ကိုယ်ကိုယ်တောင် စိတ်မဝင်စားတော့တဲ့အထိ လွတ်လပ်နေခဲ့တာဖြစ်သည်။

" ဒါဖြင့် ကင်ထယ်ဟျောင်းဆိုရင်ကော! သူကတော့ ဂုဏ်သိက္ခာနဲ့ရှင်သန်ချင်နေတာမဟုတ်လား ငွေက ဇာတ်ညွှန်းအမျိုးမျိုးရေးလို့ရတာ သိတယ်မလား ဆော့ဂျင်ရှီ "

သူပြောမိတော့ ပြုံးရယ်နေတဲ့အစ်ကို့မျက်နှာ တည်တံ့သွားသည်။

တွေ့လား ကင်ထယ်ဟျောင်းက အစ်ကို့အတွက် ကမ္ဘာကြီးလိုလူပင်။ ကင်ထယ်ဟျောင်းကိုသာသူ့လက်ထဲထားနိုင်ရင် အစ်ကို့ကို သူလုပ်ချင်သလို လုပ်လို့ရပြီဖြစ်သည်။

" ကင် ထယ်ဟျောင်းကို မထိနဲ့ဂျောင်ကု! ငါပြောဖူးပါတယ် မင်းလိုချင်တာအကုန်လုပ်ပေးမယ် ကင်ထယ်ဟျောင်းကိုတော့ ထိလို့မရဘူး  ကင်ထယ်ဟျောင်းက ငါ့ဘဝအတွက် အရေးကြီးတဲ့လူတစ်ယောက်ပဲ "

ထိုစကားကြောင့် သူရင်နာစွာ ရယ်လိုက်မိသည်။ အဲ့လောက်ထိချစ်ပြနေရင် အစ်ကို့ကို သတ်တောင် သတ်ပစ်မိနိုင်တော့မှာလေ။ သိပ်မချစ်ပြပါနဲ့လား ကင်ဆော့ဂျင်ရယ်။

" ကောင်းပြီ သေချာနားထောင်! အခုကစပြီး ကျွန်တော့်အိမ်မှာ ကျွန်တော်နဲ့လိုက်နေ! ကျွန်တော်လိုအပ်တာတွေအကုန်ဖြည့်ဆည်းပေး! အဲ့ဒီ့လိုအပ်ချက်တွေမှာ တစ်ခါတလေ ခင်ဗျားခန္ဓာကိုယ်သုံးပြီး ဖြည့်ပေးရတာမျိုးလည်း  ဖြစ်ချင်ဖြစ်နိုင်တယ် ! ပြီးတော့ ကင်ထယ်ဟျောင်းအပါအဝင် ဘယ်ယောင်္ကျားလေး ဘယ်မိန်းကလေးနဲ့မှ မပတ်သက်နဲ့ ... အဲ့ဒီလိုဖောက်ပြန်တဲ့အလုပ်တွေလုပ်လို့ကတော့ အရင်ဆုံးသတ်ပစ်မှာက ကင်ထယ်ဟျောင်းရဲ့ညီမလေး ကင်ထယ်အွန်းကိုပဲ! ခင်ဗျားရဲ့အပြုအမူတွေက လူနှစ်ယောက်အပေါ် ရိုက်ခတ်မှုရှိတယ်ဆိုတာ ခေါင်းထဲထည့်ထား "

သူ့စကားအဆုံးမှာတော့ အစ်ကိုက ဘာမှ မပြောတော့ဘဲ ကြောင်အစွာနဲ့ စိုက်ကြည့်သည်။ အရင်ကလို သူ့ကို ကလန်ကဆန်တွေမလုပ်တော့ဘဲ သက်ပြင်းချကာ သူ့ဆီကနေအကြည့်လွှဲသွားသည်။ အဲ့ဒီ့နောက် အစ်ကို့ဆီက ထွက်လာတဲ့စကားတစ်ခွန်း။

" ကောင်းပြီလေ မင်းသဘောပဲ ဂျွန်ဂျောင်ကု ငါ့ဘက်က တစ်ခုလောက်တော့ ပြန်တောင်းဆိုချင်တယ်"

" ဘာများလဲ "

" ကင်ထယ်အွန်းကို အမေရိကားပို့ပြီး ဆေးကုပေးပါ ... ကင်ထယ်အွန်းသာ အမြန်ဆုံးသတိရလာမယ်ဆိုရင် ငါ့ဘက်က စိတ်ရော ကိုယ်ရော မင်း အလိုကျ တစ်သက်လုံးနေပေးဖို့ ဆန္ဒရှိတယ်"

အစ်ကို့စကားကြောင့် သူ့မျက်ဝန်းတွေ အရောင်လဲ့သွားပေမယ့် တခဏအတွင်းမှာ ဖျော့တော့သွားမိသည်။

အဲ့ဒီ့လောက်အထိကို ဦးညွတ်နေတာ အဲ့ဒီ့ကောင်ကင်ထယ်ဟျောင်းအတွက် မဟုတ်ဘူးလား ... အစ်ကို့မှာ နောက်ဆုံးတော့ အရာရာရင်းပြီး ချစ်ရမယ့်သူရှိလာလို့ ဝမ်းသာပေမယ့် ကျွန်တော်ဖျက်ဆီးပစ်ချင်သေးတယ်အစ်ကို အကြောင်းရင်းက အစ်ကိုချစ်တဲ့သူက ကျွန်တော် မဟုတ်လို့လေ

ဆော့ဂျင်မကြားနိုင်တဲ့စကားလုံးတွေကို  ဂျောင်ကုရေရွတ်နေခဲ့သလို ဆော့ဂျင်ကလည်း မျက်ဝန်းနောက်ကွယ်ကနေ ဂျောင်ကုကို တိတ်တိတ်လေး ပြောပြနေခဲ့တဲ့စကားလုံးလေးတွေရှိခဲ့ပါသည်။

ဒါက ကင်ထယ်ဟျောင်းအတွက် မဟုတ်ဘဲ  ကိုယ် မင်းအနားမှာ နေချင်လို့ပဲ ... တောင်းပန်တယ် ကိုယ့်ရဲ့ဂျောင်ကုလေး ... ဒီတစ်ခါလည်း ကိုယ် ထားသွားရ‌ဦးမယ် ကလေး

💠💠💠

KookJin လို့ ပြောခဲ့ပေမယ့် မသေချာပါဘူးနော် ဂျင်နာ့မှာ ဒီ 'နတ်သမီးပုံပြင်' အတွက် တိတိကျကျသတ်မှတ်ပေးထားတာမျိုး ရှိမှာ မဟုတ်ပါဘူး ... စာဖတ်သူ‌ကွေကာအုပ်လေးတွေရဲ့ သဘောအတိုင်းပါပဲရှင် 🌳💚


▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬



⟨ Zawgyi Version ⟩
⟨ နတ္သမီးပုံျပင္ ⟩
အပိုင္း ၅

စူးေအာင့္ေနတဲ့ရင္ဘတ္ေၾကာင့္ သူအသိတရားေတြ ႏိူးထလာရင္း ေသာက္ေနက် ေဆးဘူးရွာမိသည္။ သို႔ေပမယ့္ သူ႔လက္ရွိေနရာက သူ႔အိမ္မဟုတ္တာမို႔ ေဆးကမရွိ။  သူတကယ္လိုအပ္ေနၿပီမို႔ အင္အားခ်ိနဲ႔ေနတဲ့ၾကားကေန သူ ကုန္း႐ုန္းထမိသည္။ ကုတင္ေျခရင္း တစ္ဖက္ျခမ္းဆိုဖာမွာေတာ့ သူျမင္လိုက္ရတာ အိပ္စက္ေနတဲ့ဂြၽန္ေဂ်ာင္ကု။

ခႏၶာကိုယ္ရဲ႕နာက်င္မႈကေန ႐ုတ္ခ်ည္း စိတ္ရဲ႕နာက်င္မႈအသြင္ေျပာင္းသြားမိသည္။

" ဘာျဖစ္လို႔  မင္းေၾကာင့္ ခဏခဏ နာက်င္ေနရတာလဲ ဂြၽန္ေဂ်ာင္ကု "

သူ ခပ္တိုးတိုးေလးေရ႐ြတ္မိရင္း အိမ္ျပန္ဖို႔အတြက္ အိပ္ယာေပၚကေန ေျခလွမ္းဖြဖြနဲ႔ ဆင္းမိသည္။ သူ႔ကိုယ္ေပၚမွာေတာ့ သူ လိုအပ္ေနတုန္းကလို ဗလာျဖစ္ေနတာ မဟုတ္ဘဲ အက်ႌေတြရွိေနတာမို႔ ၾကည့္ရတာ ဂြၽန္ေဂ်ာင္ကု ျပန္ဝတ္ေပးခဲ့ပုံေပၚသည္။

ေဆာ့ဂ်င္ သူ႔အေပၚကုတ္ကို ျပန္ဝတ္ကာ အိပ္စက္ေနတဲ့ေဂ်ာင္ကုကို ခဏတာ လည္ျပန္ၾကည့္မိသည္။ ဒီလိုမ်ိဳး တစ္ေယာက္တည္း မခ်န္ထားခဲ့ခ်င္ေပမယ့္ သူ႔အေျခအေနကအေရးေပၚမို႔ သူအိမ္ျပန္ဖို႔လိုအပ္သည္။

အဲ့ဒီ့ေနာက္ ယိုင္တိယိုင္တိုင္နဲ႔ သူ အခန္းထဲကေန ထြက္ကာ ကားငွားဖို႔ႀကိဳးစားသည္။ သို႔ေပမယ့္ ဒီလိုမနက္ေဝလီေဝလင္းအခ်ိန္ ကားရတာမ်ိဳးက ရွားသည္။ အဲ့ဒါထက္ သူ႔အသိအာ႐ုံေတြက ရွိေနေသးတာမို႔ အနီးစပ္ဆုံးေဆး႐ုံရွာကာ ေဆး႐ုံဆီဦးတည္ဖို႔ႀကိဳးစားမိသည္။

လူကသာ ေဆး႐ုံဆီဦးတည္ေနေပမယ့္ စိတ္ထဲမွာေတာ့ ေမးခြန္းမ်ားစြာရွိသည္။

ဒါ႐ိုက္တာဂြၽန္ေဂ်ာင္ကုက သူ႔နဲ႔အိပ္ဖို႔ မိုက္မိုက္႐ိုင္း႐ိုင္းေတြေျပာခဲ့တဲ့အျပင္ အန္ေယာင္းမင္ကိုပါ အခုလိုေတြအထိ လုပ္ခိုင္းခဲ့သည္။ တကယ္တမ္း သူ႔ကို အခြင့္အေရးအေနနဲ႔ရလာေတာ့လည္း အခြင့္ေကာင္းယူတာမ်ိဳး မလုပ္ခဲ့။ ဂြၽန္ေဂ်ာင္ကုတစ္ေယာက္ ဘာကို လိုခ်င္ေနတာလဲ သူ တကယ္သိခ်င္‌မိသည္။

ၿပီးေတာ့ တဖ်တ္တဖ်တ္ေပၚလာတဲ့မွတ္ဉာဏ္ေတြ နဲ႔ ေဂ်ာင္ကုအတြက္ ေနာင္တရတဲ့ခံစားခ်က္။ အဲ့ဒါအျပင္ ဂ်စ္ကန္ကန္ေဂ်ာင္ကုအတြက္ သီးသန႔္ရွိေနျပန္တဲ့ခံစားခ်က္တစ္ခု။

သူ႔ကိုယ္သူလည္း တကယ္နားမလည္ႏိုင္ေတာ့။ အမွန္ဆို သူေအးေအးေဆးေဆးနဲ႔ သာမန္ဘဝကို သူျဖတ္သန္းခ်င္ခဲ့တာျဖစ္သည္။ ေနာက္ဆုံးအခ်ိန္ေရာက္တဲ့အထိ ဘာကိုမွ ထူးထူးဆန္းဆန္း ခံစားတာမ်ိဳး မရွိဘဲ ေအးခ်မ္းစြာ ထြက္သြားခ်င္ခဲ့တာျဖစ္သည္။ အခုေတာ့ သူ႔ဘဝက ရွင္းခ်င္ပါတယ္ဆို စတင္ရႈပ္လာေတာ့မယ့္ပုံပင္။

ေဆာ့ဂ်င္ေတြးရင္း လမ္းျဖတ္ကူးဖို႔ ႀကိဳးစားလိုက္မိသည္။ ဦးေႏွာက္က အခ်ိန္ေတြေ႐ြ႕လ်ားေနသလို ေမ့ေနခဲ့တဲ့အစိတ္အပိုင္းေတြ ဟိုတစ္ခုဒီတစ္ခုထိုးထြက္လာေနေပမယ့္ သူခံစားေနရတဲ့ခႏၶာကိုယ္ရဲ႕နာက်င္မႈေၾကာင့္ သူ႔ေျခလွမ္းေတြကို အျမန္ႏႈန္းတင္လိုက္မိသည္။ သို႔ေပမယ့္ တစ္ဖက္က စူးရွတဲ့မီးအလင္းေရာင္ကို ျမင္လိုက္ရတဲ့အခ်ိန္မွာေတာ့ သူ ဖ်တ္ကနဲ႔ အသိဝင္လာမိတာက လြန္ခဲ့တဲ့ႏွစ္ႏွစ္က သူျမင္ခဲ့မိတဲ့မီးအလင္းေရာင္။

" ( ..ကြၽီ  ... ) "

ကားဘရိတ္အုပ္သံကို ၾကားလိုက္ရတဲ့ေနာက္မွာေတာ့ သူဆက္တိုက္ မွတ္မိလာခဲ့တာက အဲ့ဒီ့ေန႔က အျဖစ္အပ်က္ေတြ။

//  ~~ သိပ္ခ်စ္လြန္းလို႔ အစစအရာရာသည္းခံခဲ့ေပးတာကို ခင္ဗ်ားဒီနည္းနဲ႔အႏိုင္ယူလိုက္တာလား? ကင္ေဆာ့ဂ်င္ ေျပာစမ္း!  ခင္ဗ်ားမွာႏွလုံးသား နည္းနည္းေလးေတာင္မရွိဘူးလား //

// ကင္ေဆာ့ဂ်င္ လမ္းခြဲရေအာင္ //

// ေနာက္ထပ္ထပ္ေတြ႕ရင္ေတာင္ ခင္ဗ်ားကို ထိန္းခ်ဳပ္ႏိုင္တဲ့သူအျဖစ္နဲ႔ပဲ ျပန္ဆုံမွာ //

// ကိုယ္ကေတာ့ မင္းနဲ႔ ဘယ္ေတာ့မွ ထပ္မေတြ႕ရပါေစနဲ႔လို႔ပဲ ဆုေတာင္းတယ္ ဂြၽန္ ေဂ်ာင္ ကု //

အဲ့ဒီ့စကားလုံးေတြနဲ႔အတူ အဲ့ဒီ့ေကာင္ေလးအေပၚ လုပ္ခဲ့တဲ့အရႈပ္ကိစၥေတြ တစ္ခုမက်န္မွတ္မိလာရင္း သူ စတင္နားလည္လာတာက ေနာင္တဆိုတဲ့ခံစားခ်က္။ တဆက္တည္းမွာပဲ ‌အဲ့ဒီ့ေန႔ ေဂ်ာင္ကုဆီကအျပန္ လမ္းမွာ ျဖစ္ခဲ့တဲ့အက္စီးဒင့္။ ေနာက္ဆုံးအခ်ိန္မွာ သူ ေနာင္တ တရားကို နားလည္ခဲ့တာ အခ်စ္ဆိုတဲ့ ခံစားခ်က္ေၾကာင့္ျဖစ္သည္။

လူဆိုတာ ေသခါနီးမွ ကိုယ့္ရဲ႕အစစ္အမွန္ေတြကို သိလာရသလိုမ်ိဳး အဲ့ဒီ့ယာဥ္တိုက္မႈေၾကာင့္ သူ႔အသိတရားေတြ မေပ်ာက္ပ်က္ခင္ သူနားလည္ခဲ့တာ အခ်စ္!

သို႔ေပမယ့္ အခုေတာ့ သူ ျပန္ရွာေတြ႕သြားတဲ့မွတ္ဉာဏ္အစိတ္အပိုင္းေတြက သူ႔ကို ထိတ္လန႔္ဖို႔လုံေလာက္ေစေလလွ်င္ သူ ထိုကားေရွ႕မွာပဲ ေပ်ာ့ေခြက်ဆင္းသြားေတာ့သည္။



💠💠💠




" လူနာက စိတ္ႂကြေဆးသုံးထားသလို စိတ္ၿငိမ္ေဆးလည္း သုံးထားတာေတြ႕ရတယ္! သူ႔အေျခအေနနဲ႔ေတာင္ သူခက္ခဲေနတာကို ဘာလို႔ ဒီလိုလုပ္ရတာလဲ အႏၲရာယ္အရမ္းမ်ားလြန္းတယ္  ျဖစ္ႏိုင္ရင္ တစ္ပတ္ေလာက္ အနားယူၿပီး ကုသမႈကို ခံယူေစခ်င္တယ္ လူနာရွင္ေျဖာင္းဖ်ေပးပါ "

ကုတင္ေပၚအိပ္ေနတဲ့အစ္ကို႔ကိုၾကည့္ၿပီး ထယ္ေဟ်ာင္းသက္ျပင္းခ်လိုက္သည္။ မနက္ပိုင္းေဝလီေဝလင္းအခ်ိန္ အစ္ကို႔ဖုန္းကေနတစ္ဆင့္ ဆက္သြယ္လာတဲ့ေဆး႐ုံေၾကာင့္ သူအ႐ူးတစ္ပိုင္းအေျပးသြားမိသည္။ တြယ္တာရာမဲ့ေနတဲ့သူ႔ဘဝမွာ က်န္ရစ္ေနခဲ့တာဆိုလို႔ ေသြးမေတာ္စပ္တဲ့အစ္ကိုေဆာ့ဂ်င္ရယ္၊ ကိုမာခံစားေနရတဲ့သူ႔ညီမကင္ထယ္အြန္းရယ္သာရွိသည္။

အစ္ကို႔အတြက္ေတာ့ သူဟာ ညီငယ္ေလးဆိုေပမယ့္ သူ႔အတြက္ေတာ့ အစ္ကိုဟာ ေက်းဇူးရွင္၊အခ်စ္ရဆုံးအစ္ကို၊ ဘာပဲျဖစ္ျဖစ္ သူ အစ္ကို႔ကို ကာကြယ္ဖို႔ သူဆုံးျဖတ္ထားတာျဖစ္သည္။ သို႔ေပမယ့္ ႏူးႏူးညံ့ညံ့အစ္ကိုဟာ သိပ္ကို ေခါင္းမာလြန္းသည္။ အလုပ္ထြက္ၿပီး အနားယူပါလို႔ သူ ခဏခဏနားခ်တာေတာင္ ေအးေအးေဆးေဆးသာမန္ဘဝလိုေနခ်င္တာမို႔ အလုပ္မထြက္ခဲ့။ အလုပ္ေၾကာင့္ျဖစ္လာတဲ့ဖိအားေတြကိုလည္းလိုလိုလားလားလက္ခံၿပီး ဌာနအတြင္းမွာဆို သူ႔ဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးခဲ့တာျဖစ္သည္။

" စိတ္ႂကြေဆးကို ဘာအတြက္ သုံးရတာလဲ အစ္ကို အႏၲရာယ္မ်ားလြန္းတယ္ေလ"

သူသက္ျပင္းခ်ရင္း အစ္ကိုႏိုးလာဖို႔သာ သူေမွ်ာ္လင့္ေနမိေတာ့သည္။ အစ္ကို႔ကို ကိုယ္ေရးကိုယ္တာေမးခြန္းေတြ မေမးခ်င္ေပမယ့္ ဒီတစ္ခါလိုမျဖစ္ေအာင္ေတာ့ ႏိူးလာတဲ့အခါ သူ ဆူေပးရပါေတာ့မည္။

💠💠💠


" အတြင္းေရးမႉး! တာဝန္ခံ ကင္ကို ႐ုံးခန္းထဲ ေခၚလိုက္ပါ "

စာရင္းေတြစစ္ရင္း မေန႔က ထြက္ေျပးသြားတဲ့ကင္ေဆာ့ဂ်င္ကို ေတြ႕ဖို႔ ေျပာမိေတာ့ အတြင္းေရးမႉးဆီက စကားေၾကာင့္ သူစိတ္အလိုမက်ျဖစ္သြားရသည္။

" .. ဒါ႐ိုက္တာဂြၽန္ တာဝန္ခံကင္က ခြင့္သုံးရက္တင္ထားပါတယ္ အေၾကာင္းျပခ်က္မသိရေသးပါဘူး "

" ခြင့္? "

" ဟုတ္ "

" ဒါဆို ငါ့အခ်ိန္ဇယားေတြကို အစားထိုးလုပ္ေဆာင္လို႔ရတဲ့သူေတြကို လႊဲေပးလိုက္ပါ ! "

" ဟုတ္ကဲ့ပါ ဒါ႐ိုက္တာဂြၽန္ "

အဲ့ဒီ့ေနာက္ ထြက္ေျပးသြားတဲ့ ေဆာ့ဂ်င္ကို ဖမ္းဆီးဖို႔အတြက္ သူ ကုမၸဏီကေန ေဆာ့ဂ်င္အိမ္ကို အေျပးသြားမိေတာ့သည္။ ဖမ္းထားပါတယ္ဆိုမွ သူသတိလြတ္သြားတဲ့ခဏမွာ ထြက္ေျပးသြားတာတဲ့လား။

ကင္ေဆာ့ဂ်င္! ကင္ေဆာ့ဂ်င္! ကြၽန္ေတာ့္ကိုရွက္လို႔ ကုမၸဏီဆီ မလာတာလား ဒါမွမဟုတ္ တစ္ခုခုျဖစ္ေနတာလား

တကယ္ကို စိတ္ပူတဲ့အေတြးနဲ႔ သြားခဲ့ေပမယ့္ ကင္ေဆာ့ဂ်င္ရဲ႕အိမ္ထဲေရာက္ေတာ့ သူ႔ရဲ႕စိတ္ပူေနတဲ့အေတြးေတြက သူ႔တစ္ဖက္သတ္သာ ျဖစ္ေၾကာင္း သူသိလိုက္ရေတာ့သည္။

" အာ~~ နည္းနည္းစား ~~ နည္းနည္းေလာက္ေတာ့ စားပါဆိုေန "

" မစားခ်င္ဘူးဆို ဘယ္လိုျဖစ္ေနတာလဲ "

" အစ္ကိုေနာ္ မစားခ်င္ရင္ အတင္းအက်ပ္ဖမ္းၿပီး ေကြၽးမွာေနာ္ "

" လုပ္ရဲရင္လုပ္ေလ "

" ကြၽန္ေတာ့္ပါးစပ္နဲ႔ အစ္ကို႔ကို မခြံ႕ေကြၽးရဲဘူးထင္ေနတာလား စိတ္ပူရေအာင္မလုပ္နဲ႔ ဟ "

" ညစ္ပတ္တယ္ ဂြၽန္~~~ ကင္ထယ္ေဟ်ာင္း ဖယ္ "

ဧည့္ခန္းထဲမွာ ဆန္ျပဳတ္ကို အတင္းခြံ႕ေကြၽးေနတဲ့သူနဲ႔ ျငင္းဆန္ေနတဲ့သူ။ တစ္ေယာက္ေယာက္ကို ျပဳစုေနတာနဲ႔ မတူဘဲ ခ်စ္ရည္လူးတဲ့ျမင္ကြင္းမို႔လို႔ သူ႔ေဒါသေတြ ငယ္ထိပ္ေရာက္ကာ လက္ခုပ္တီးလိုက္မိသည္။

" ေျဖာင္း ေျဖာင္း ေျဖာင္း "

သူ႔လက္ခုပ္သံေၾကာင့္ ႏွစ္ေယာက္လုံးေၾကာင္အကာ သူ႔ကို လွည့္ၾကည့္လာသည္။

" ေဂ်ာင္ကု!"

" ဒါ႐ိုက္တာဂြၽန္ "

" ကင္ထယ္ေဟ်ာင္း! ဒီေန႔ခြင့္တင္ထားတဲ့အထဲ မင္းမပါပါဘူး ... စည္းမဲ့ကမ္းမဲ့လုပ္ေနတာမ်ိဳးလည္း ငါမႀကိဳက္ဘူး ... အလုပ္ခ်ိန္ကို မေလးစားတာမို႔ ေနာက္‌ေန႔ကစၿပီး ကုမၸဏီကို မလာနဲ႔ေတာ့ ငါမင္းကို အလုပ္ထုတ္လိုက္ၿပီ "

" ေဂ်ာင္ကု! "

သူ ကင္ထယ္ေဟ်ာင္းကို ဦးတည္ေျပာမိေတာ့ အစ္ကို႔ဆီက အသံထြက္လာသည္။ သူအစ္ကို႔ကို မၾကည့္ဘဲ တုန္လႈပ္သြားတဲ့ ကင္ထယ္ေဟ်ာင္းကိုသာ ၾကည့္ရင္း အရသာခံမိေတာ့ အစ္ကို႔ဆီက ေတာင္းပန္သံေလးထြက္လာသည္။

"ကင္ထယ္ေဟ်ာင္းအစား ငါေတာင္းပန္ပါတယ္ သူ႔ကိုအလုပ္မထုတ္ပါနဲ႔ ငါ့ကိုပဲ ထုတ္လိုက္ပါ "

ထယ္ေဟ်ာင္းအစားေတာင္းပန္ေနတဲ့အစ္ကို႔ကို သူလွည့္ၾကည့္မိေတာ့ အစ္ကို႔မ်က္ဝန္းေတြက သူ႔ေဒါသကို နားလည္ေနပုံရသည္။ သာမန္ေန႔ေတြနဲ႔မတူဘဲ အစ္ကို႔မ်က္ဝန္းဟာ တစ္ခုခုကို ဆိုလိုခ်င္ေနပုံပင္။

" ဒါ႐ိုက္တာဂြၽန္ ေတာင္းပန္ပါတယ္ ကြၽန္ေတာ့္ရဲ႕စည္းကမ္းမဲ့မႈကို ကြၽန္ေတာ္ပဲ ဝာာဝန္ယူပါ့မယ္ တာဝန္ခံကင္ကို အျပစ္မတင္ပါနဲ႔ "

" ထယ္ေဟ်ာင္း! မဟုတ္တာေတြမေျပာနဲ႔ ... "

" အစ္ကိုက ပိုအေရးႀကီးတယ္ေလ အစ္ကို"

" ငါက ဘာေကာင္မွမဟုတ္ဘူးေလ မင္းအတြက္ပဲ မင္းၾကည့္ပါ ကင္ထယ္ေဟ်ာင္း "

သူ႔အေရွ႕မွာ တစ္ေယာက္အတြက္ တစ္ေယာက္ သိပ္ကိုအနစ္နာခံေပးခ်င္ေနတဲ့ႏွစ္ေယာက္ကို ၾကည့္ၿပီး သူ ခပ္ေထ့ေထ့ရီမိသည္။

" စိတ္ကုန္စရာေတြ! "

" ... "

" .."

" ကင္ထယ္ေဟ်ာင္း! ေနာက္ဆုံးအခြင့္အေရးေပးမယ္! အခု မင္းကုမၸဏီကိုခ်က္ခ်င္းျပန္ၿပီး အခ်ိန္ပိုဆင္းမယ္ဆိုရင္ မင္းကိုအလုပ္ထုတ္မယ့္ကိစၥ ငါျပန္စဥ္းစားေပးမယ္ "

သူ႔စကားေၾကာင့္ ထယ္ေဟ်ာင္းမ်က္ဝန္းေတြ လင္းလက္လာေပမယ့္ ေဘးနားက အစ္ကို႔ဆီျပန္ေရာက္ေတာ့ ထယ္ေဟ်ာင္း ေခါင္းခါလာသည္။

ဘယ္လိုေတာင္ မိုက္မဲရတာလဲ ကင္ေဆာ့ဂ်င္အနားမွာေနရဖို႔အေရး အလုပ္ကိုေတာင္ ဂ႐ုမစိုက္ဘူးဆိုလိုတာလား!

" ကင္ထယ္ေဟ်ာင္း မင္းညီမကိုေထာက္ပံ့ေပးေနတာေတြအတြက္ ကုမၸဏီကအခ်ိန္မေ႐ြးရပ္လိုက္လို႔ရတာ မင္းသိလား "

" ထယ္ေဟ်ာင္း ~~ ငါ့ကိုစိတ္မပူပါနဲ႔ ဒါ႐ိုက္တာဂြၽန္အခြင့္အေရးေပးေနတာကို ျမန္ျမန္ေက်းဇူးတင္လိုက္! ၿပီးေတာ့ ငါက ကေလးလည္း မဟုတ္ေတာ့ဘူး ကိုယ့္ကိုယ္ကိုယ္ ထိခိုက္ေစမယ့္ကိစၥေတြ ဘာမွမလုပ္ဘူး သြားေတာ့ "

အခ်ိဳသပ္ၿပီးေျပာလာတဲ့အစ္ကို႔စကားကိုေတာ့ ကင္ထယ္ေဟ်ာင္း လက္မခံခ်င္စြာနားေထာင္ရင္း ေနာက္ဆုံး အစ္ကို႔အိမ္ကေန ထြက္သြားေတာ့သည္။ အစ္ကို႔အိမ္ထဲကေန ကင္ထယ္ေဟ်ာင္းထြက္သြားေတာ့မွ သူ အစ္ကို႔ကို ဂ႐ုမစိုက္ဘဲ အိပ္ခန္းထဲ ဝင္သြားမိသည္။ သူ႔အျပဳအမူေၾကာင့္ အစ္ကိုကပါလိုက္ဝင္လာရင္း တစ္ခုခုကိုရွာေနတဲ့ သူ႔ကိုၾကည့္လာသည္။

" မင္း ဘာလိုခ်င္ေနျပန္ၿပီလဲ ဒါ႐ိုက္တာ ဂြၽန္ "

အစ္ကိုေမးတာကို သူမေျဖဘဲ ကုတင္ေအာက္မွာ ေတြ႕တဲ့ luggage ကို သူဆြဲယူကာ ကုတင္ေပၚပစ္တင္သည္။ အဲ့ဒီ့ေနာက္ အစ္ကို႔အဝတ္အစားေတြကို သူ ထိုးထည့္မိေတာ့ အစ္ကိုက သူ႔ကို တားျမစ္လာသည္။

" ဘာလုပ္ေနတာလဲ !! "

" အဝတ္သိမ္းေနတာေလ "

" ဘာအတြက္လဲ "

" ကြၽန္ေတာ့္အတြက္! "

" ဒါ႐ိုက္တာဂြၽန္! မင္းဘာျဖစ္ခ်င္ေနတာလဲ "

" အပိုင္သိမ္းခ်င္တာေလ ~~ ကင္ေဆာ့ဂ်င္! ခင္ဗ်ားကို ကြၽန္ေတာ္အပိုင္သိမ္းခ်င္တယ္! အဲ့ဒီ့ေတာ့ အပိုင္သိမ္းတယ္ ဘာျဖစ္ခ်င္လဲ "

သူ႔စကားေၾကာင့္ သူ႔ကို တားျမစ္ေနတဲ့အစ္ကို႔လက္ေတြ သူ႔ပခုံးေပၚကေန ေျပေလ်ာ့သြားသည္။

" ႐ူးေနတာလား ~~ အေၾကာင္းျပခ်က္မရွိဘဲ ငါက ဘာလို႔ မင္းနဲ႔ ပူးေပါင္းေပးရမွာလဲ ၿပီးေတာ့ မေန႔ကလည္း မင္းငါ့ကို တစ္စက္ေလးေတာင္ မထိခဲ့ဘူးေလ ငါဘယ္ေလာက္လိုအပ္ေနတယ္ဆိုတာ သိသိခ်ည္းနဲ႔ ... "

အစ္ကို႔စကားေၾကာင့္ သူ အစ္ကို႔ကို အထင္ေသးစြာစိုက္ၾကည့္မိသည္။

အစ္ကို႔ဘဝမွာ အဲ့ဒီ့ကိစၥပဲရွိတာလားလို႔ သူေအာ္ဟစ္ေမးခြန္းထုတ္ခ်င္သည္။ သို႔ေပမယ့္ သူ ခပ္႐ိုး႐ိုးအေျဖကိုသာ သူမထုံတက္ေသး ျပန္ေျပာမိသည္။

" ႐ြံလို႔ေလ~~ျဖစ္ခ်င္တိုင္းျဖစ္ထားတဲ့ဟာကိုထိရေအာင္ ကြၽန္ေတာ္က ႐ြံစရာမွ မဟုတ္တာ "

သူ႔စကားေၾကာင့္ အစ္ကို႔မ်က္ဝန္းေတြေဖ်ာ့ေတာ့သြားတာ သူျမင္လိုက္ရသည္။ အဲ့ဒီလိုဆိုေတာ့လည္း အစ္ကို႔ဆီမွာ သူ႔ကိုယ္သူ အရည္ေဖ်ာ္ပစ္ခ်င္လာရျပန္သည္။

" ဒါ႐ိုက္တာဂြၽန္! ဒီေလာက္နဲ႔ပဲ ထြက္သြားပါေတာ့ ငါေအးေအးေဆးေဆး ေနခ်င္တယ္ "

" ထိုက္တန္လို႔လား! ခင္ဗ်ားလိုလူက ေအးေအးေဆးေဆးေနဖို႔ ထိုက္တန္လို႔လား"

" မထိုက္တန္ဘူးဆိုတာ မင္းသိလို႔လား "

" ‌ကင္ေဆာ့ဂ်င္! ကြၽန္ေတာ့္ကိုဖ်က္ဆီးရင္ပဲရပါၿပီ ဘာျဖစ္လို႔ေနာက္ထပ္ပစ္မွတ္က ကင္ထယ္‌ေဟ်ာင္းလဲ ? အဲ့ဒီလိုေလွ်ာက္လုပ္ေနတာ ခင္ဗ်ား နည္းနည္းေလးေတာင္ မၾကင္နာတတ္ဘူးလားဟင္!"

" ေလာကႀကီးက ငါ့ကိုေတာင္ မၾကင္နာေပးတာ ဘာလို႔ ငါက တျခားတစ္ေယာက္ကို ၾကင္နာရမလဲ "

" ဒီလိုဆို ကြၽန္ေတာ္အက်ပ္ကိုင္ရေတာ့မယ္ကင္ေဆာ့ဂ်င္! မေန႔က မွတ္တမ္းေတြအကုန္ကြၽန္ေတာ့္မွာ ရွိတယ္ေနာ္! ခင္ဗ်ားေအာင္ျမင္မႈအတြက္ ခင္ဗ်ားကိုယ္ခင္ဗ်ားေရာင္းစားခဲ့တဲ့ဇာတ္လမ္းမ်ိဳး ဖန္တီးေပးလိုက္လို႔ရတယ္ "

သူ႔စကားေၾကာင့္ အစ္ကိုက ရယ္ကာ အိပ္ယာေပၚထိုင္ခ်သည္။ အဲ့ဒီ့ေနာက္ သူ႔ကို ေမာ္ၾကည့္လာသည္။

" လုပ္လိုက္ေလ ငါက ဂုဏ္သိကၡာနဲ႔အသက္ရွင္တဲ့လူနဲ႔တူလား ငါက ဒီအတိုင္း ေအးေအးေဆးေဆး ေနခ်င္တာပဲ ငါ့ကို ဖ်က္ဆီးတာျဖစ္ျဖစ္၊ ေစာ္ကားတာျဖစ္ျဖစ္၊ ႀကိဳက္တာလုပ္၊ မင္းအလွည့္မင္းစိတ္ႀကိဳက္ပဲ ေဂ်ာင္ကုရား ~~~ မေကာင္းတဲ့သတင္းေတြထြက္လို႔ လူေတြပိုေရွာင္ဖယ္ေလ ငါပိုႀကိဳက္ေလပဲ "

အစ္ကို႔စကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ အစ္ကို႔ကို ဒီနည္းနဲ႔ ၿခိမ္းေျခာက္လို႔ရမွာ မဟုတ္။ အစ္ကိုက ကိုယ့္ကိုယ္ကိုယ္ေတာင္ စိတ္မဝင္စားေတာ့တဲ့အထိ လြတ္လပ္ေနခဲ့တာျဖစ္သည္။

" ဒါျဖင့္ ကင္ထယ္ေဟ်ာင္းဆိုရင္ေကာ! သူကေတာ့ ဂုဏ္သိကၡာနဲ႔ရွင္သန္ခ်င္ေနတာမဟုတ္လား ေငြက ဇာတ္ၫႊန္းအမ်ိဳးမ်ိဳးေရးလို႔ရတာ သိတယ္မလား ေဆာ့ဂ်င္ရွီ "

သူေျပာမိေတာ့ ၿပဳံးရယ္ေနတဲ့အစ္ကို႔မ်က္ႏွာ တည္တံ့သြားသည္။

ေတြ႕လား ကင္ထယ္ေဟ်ာင္းက အစ္ကို႔အတြက္ ကမာၻႀကီးလိုလူပင္။ ကင္ထယ္ေဟ်ာင္းကိုသာသူ႔လက္ထဲထားႏိုင္ရင္ အစ္ကို႔ကို သူလုပ္ခ်င္သလို လုပ္လို႔ရၿပီျဖစ္သည္။

" ကင္ ထယ္ေဟ်ာင္းကို မထိနဲ႔ေဂ်ာင္ကု! ငါေျပာဖူးပါတယ္ မင္းလိုခ်င္တာအကုန္လုပ္ေပးမယ္ ကင္ထယ္ေဟ်ာင္းကိုေတာ့ ထိလို႔မရဘူး  ကင္ထယ္ေဟ်ာင္းက ငါ့ဘဝအတြက္ အေရးႀကီးတဲ့လူတစ္ေယာက္ပဲ "

ထိုစကားေၾကာင့္ သူရင္နာစြာ ရယ္လိုက္မိသည္။ အဲ့ေလာက္ထိခ်စ္ျပေနရင္ အစ္ကို႔ကို သတ္ေတာင္ သတ္ပစ္မိႏိုင္ေတာ့မွာေလ။ သိပ္မခ်စ္ျပပါနဲ႔လား ကင္ေဆာ့ဂ်င္ရယ္။

" ေကာင္းၿပီ ေသခ်ာနားေထာင္! အခုကစၿပီး ကြၽန္ေတာ့္အိမ္မွာ ကြၽန္ေတာ္နဲ႔လိုက္ေန! ကြၽန္ေတာ္လိုအပ္တာေတြအကုန္ျဖည့္ဆည္းေပး! အဲ့ဒီ့လိုအပ္ခ်က္ေတြမွာ တစ္ခါတေလ ခင္ဗ်ားခႏၶာကိုယ္သုံးၿပီး ျဖည့္ေပးရတာမ်ိဳးလည္း  ျဖစ္ခ်င္ျဖစ္ႏိုင္တယ္ ! ၿပီးေတာ့ ကင္ထယ္ေဟ်ာင္းအပါအဝင္ ဘယ္ေယာက်ၤားေလး ဘယ္မိန္းကေလးနဲ႔မွ မပတ္သက္နဲ႔ ... အဲ့ဒီလိုေဖာက္ျပန္တဲ့အလုပ္ေတြလုပ္လို႔ကေတာ့ အရင္ဆုံးသတ္ပစ္မွာက ကင္ထယ္ေဟ်ာင္းရဲ႕ညီမေလး ကင္ထယ္အြန္းကိုပဲ! ခင္ဗ်ားရဲ႕အျပဳအမူေတြက လူႏွစ္ေယာက္အေပၚ ႐ိုက္ခတ္မႈရွိတယ္ဆိုတာ ေခါင္းထဲထည့္ထား "

သူ႔စကားအဆုံးမွာေတာ့ အစ္ကိုက ဘာမွ မေျပာေတာ့ဘဲ ေၾကာင္အစြာနဲ႔ စိုက္ၾကည့္သည္။ အရင္ကလို သူ႔ကို ကလန္ကဆန္ေတြမလုပ္ေတာ့ဘဲ သက္ျပင္းခ်ကာ သူ႔ဆီကေနအၾကည့္လႊဲသြားသည္။ အဲ့ဒီ့ေနာက္ အစ္ကို႔ဆီက ထြက္လာတဲ့စကားတစ္ခြန္း။

" ေကာင္းၿပီေလ မင္းသေဘာပဲ ဂြၽန္ေဂ်ာင္ကု ငါ့ဘက္က တစ္ခုေလာက္ေတာ့ ျပန္ေတာင္းဆိုခ်င္တယ္"

" ဘာမ်ားလဲ "

" ကင္ထယ္အြန္းကို အေမရိကားပို႔ၿပီး ေဆးကုေပးပါ ... ကင္ထယ္အြန္းသာ အျမန္ဆုံးသတိရလာမယ္ဆိုရင္ ငါ့ဘက္က စိတ္ေရာ ကိုယ္ေရာ မင္း အလိုက် တစ္သက္လုံးေနေပးဖို႔ ဆႏၵရွိတယ္"

အစ္ကို႔စကားေၾကာင့္ သူ႔မ်က္ဝန္းေတြ အေရာင္လဲ့သြားေပမယ့္ တခဏအတြင္းမွာ ေဖ်ာ့ေတာ့သြားမိသည္။

အဲ့ဒီ့ေလာက္အထိကို ဦးၫြတ္ေနတာ အဲ့ဒီ့ေကာင္ကင္ထယ္ေဟ်ာင္းအတြက္ မဟုတ္ဘူးလား ... အစ္ကို႔မွာ ေနာက္ဆုံးေတာ့ အရာရာရင္းၿပီး ခ်စ္ရမယ့္သူရွိလာလို႔ ဝမ္းသာေပမယ့္ ကြၽန္ေတာ္ဖ်က္ဆီးပစ္ခ်င္ေသးတယ္အစ္ကို အေၾကာင္းရင္းက အစ္ကိုခ်စ္တဲ့သူက ကြၽန္ေတာ္ မဟုတ္လို႔ေလ

ေဆာ့ဂ်င္မၾကားႏိုင္တဲ့စကားလုံးေတြကို  ေဂ်ာင္ကုေရ႐ြတ္ေနခဲ့သလို ေဆာ့ဂ်င္ကလည္း မ်က္ဝန္းေနာက္ကြယ္ကေန ေဂ်ာင္ကုကို တိတ္တိတ္ေလး ေျပာျပေနခဲ့တဲ့စကားလုံးေလးေတြရွိခဲ့ပါသည္။

ဒါက ကင္ထယ္ေဟ်ာင္းအတြက္ မဟုတ္ဘဲ  ကိုယ္ မင္းအနားမွာ ေနခ်င္လို႔ပဲ ... ေတာင္းပန္တယ္ ကိုယ့္ရဲ႕ေဂ်ာင္ကုေလး ... ဒီတစ္ခါလည္း ကိုယ္ ထားသြားရ‌ဦးမယ္ ကေလး

💠💠💠

Continuer la Lecture