ချစ်လိပ်ပြာလေး တဝဲလည်လည်

By htwethannar

160K 6.3K 285

"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ... More

U/Z အခန်း၁ အခန္း၁
U/Z အခန်း၂ အခန္း၂
U/Z အခန်း၃ အခန္း၃
U/Z အခန်း၄ အခန္း၄
U/Z အခန်း၅ အခန္း၅
U/ Z အခန်း၆ အခန္း၆
U/Z အခန်း ၇ အခန္း၇
U/Z အခန်း၈ အခန္း၈
U/ Z အခန်း ၉ အခန္း၉
U/ Z အခန်း၁၀ အခန္း၁၀
U/ Z အခန်း၁၁ အခန္း၁၁
U/Zအခန်း၁၂ အခန္း၁၂
Unicode အခန်း၁၃
Zawgyi အခန္း၁၃
Unicode အခန်း၁၄
Zawgyi အခန္း၁၄
U/ Z အခန်း၁၅ အခန္း၁၅
U/ Z အခန်း၁၆ အခန္း၁၆
U/ Z အခန်း၁၇ အခန္း၁၇
U/ Z အခန်း၁၈
U/ Z အခန်း၁၉
🦋Unicode အခန်း၂၀
🦋Zawgyi အခန္း၂၀
U/Z အခန်း၂၁
U/Z အခန်း၂၂ အခန္း၂၂
U/Z အခန်း၂၃
U/Z အခန်း၂၄
Unicode အခန်း၂၅
Zawgyi အခန်း ၂၅
Zawgyi အခန်း၂၆
Unicode အခနျး ၂၇
Zawgyi အခန်း ၂၇
U/Z အခန်း၂၈
U/ Z အခန်း၂၉ အခန္း ၂၉
U/Z အခန်း၃၀
U/ Z အခန်း၃၁
အခန်း၃၂
U/Z အခန်း၃၃
U/Z အခန်း၃၄
U/Z အခန်း၃၅
U/Z အခန်း၃၆
U/Zအခန်း၃၇
U/Z အခန်း၃၈
U/Zအခန်း၃၉
U/Z အခန်း၄၀ ဇာတ်သိမ်း
⚠️⚠️⚠️🚨 Attention

Unicode အခန်း၂၆

2.1K 94 1
By htwethannar

     ချစ်လိပ်ပြာလေး တဝဲလည်လည်
                     အခန်း၂၆

"ဟာ..အမေ..အမေ့သမီးကမရောက်သေးဘူးလား..."

"မင်းမင်း ဖုန်းဆက်ထားတယ်လေဟယ်..ခဏနေကျရင် ရောက်လာမှာပေါ့ နင်တို့ဘာသာ ထမင်းအရင်းစားနှင့်ပြီး စောင့်ကြပါလားဟယ်..."

ဒီသားနှစ်ယောက်နဲ့တော့ ဒေါ်မြဖြူစိတ်တွေကို ညစ်နေတာပါပဲ။အိမ်ကိုပြန်ရောက်ထဲက သူတို့ညီမကိုပဲ တမေးတည်း‌ မေးနေလိုက်တာများ
ဒီအမေကိုတောင် အဲ့လောက်မတကြဘူး။

"အငယ်မကလည်း ကြာလိုက်တာအစ်ကိုကြီးရာ
ဘယ်တွေကို လျှောက်သဝေထိုးနေသလဲမသိဘူး
အဲ့ဒါအမေတို့ကြောင့်လည်းပါတယ် သမီးမိန်းကလေးမွေးထားပြီး ဟိုကပါးစပ်ကနေပြောသမျှ အကုန်လုပ်ခိုင်း‌နေတယ် အမေလည်းသတိထားနေ..."

ဒေါ် မြဖြူတစ်ယောက်မှာတော့ ကိုယ်လည်းဘာမှမလုပ်ပါပဲနဲ့ အလကားနေလာ‌‌ဟောက်နေတဲ့ သားအလတ်ရဲ့စကားကြောင့်ဒေါသက‌ထောင်းကနဲထွက်သွားသည်။ဒီသားတွေနဲ့တော့ ခက်ပါတယ်။
သူတို့ကအမေလား ငါကအမေလားဆိုတာ ပြန်ဆန်းစစ်ရမယ့်ပုံပေါက်နေပြီ။

"နေပါဦး နင်တို့ညီမက ဘွဲ့ရပြီးလို့အသက်ပဲ
နှစ်ဆယ်ကျော်နေပြီ..သူ့ဘာသာသူခြေထောက်ပါလို့သွားချင်တဲ့နေရာကိုသွားမှာပေါ့ ဒီအိုကြီးအိုမ
အမေက အနောက်ကနေတုတ်တစ်ချောင်းနဲ့ လိုက်‌ကြောင်းနေရဦးမှာလား..ပြောကြစမ်းပါဦး..
နင်တို့ညီမ လင်ယူသွားတဲ့အခါကျရင် နင့်တို့ခွဲရမှာပဲမဟုတ်ဘူးလား..."

"အမေ့..ပေါက်ကရတွေလျှောက်မပြောနဲ့နော်.."

ရန်အောင်မင်းနှင့် ကောင်းကျော်မင်းတို့ ညီအစ်ကိုနှစ်ယောက်မှာ သူတို့ညီမ လင်ယူမယ်ဆိုတဲ့အသံလည်းကြားရော အမေကိုတောင်မခံ ရန်ထတွေ့ကုန်ကြတော့သည်။

"အောင်မယ်..ပေါက်ကရပြောတာမဟုတ်ဘူး နင်တို့နဲ့အတူပြန်လာတဲ့ မိုးစက်ရဲ့အမေကိုယ်တိုင်..ငါ့ကိုဟိုတစ်လောက...သူသားမိုးစက်ပြန်လာရင် လိပ်ပြာ‌လေးနဲ့စေ့စပ်ပေးချင်တယ်ဆိုပြီး..နားလာဖောက်တယ်သိရဲ့လား..
ကဲ..ဘယ့်နှယ့်လည်း...နင်တို့ညီအကိုသုံးယောက်
ဖင်ကြိမ်းဖို့သာ ပြင်ထားကြတော့..."

"ဟာ..အမေနော်..လုပ်ရဲရင်လုပ်ကြည့်လိုက်စမ်းပါ...အမေ့ခေါင်းပြုတ်သွားမယ်နော်..."

"အောင်မာ..နင်တို့ကများ ငါ့ကိုလာကျိန်း‌မောင်းရတယ်လို့..ကံကြီးထိုက်မဲ့ဟာတွေ..အင့်ဟယ်..
အင့်ဟယ်.

"ဟား..ဟား..ဟား.."

အမေကတော့ ခရီးရောက်မဆိုက် အကိုတွေကို
တစ်‌ယောက်တစ်ချက်ဆီတီးနေတာကိုကြည့်ပြီး
မင်းမင်းကတော့ ဒိုင်ခံကာပြုံးဖြီးနေရပါတော့တယ်။
ထိုအခါအကိုလတ်က ဒေါသထွက်သွားသောမျက်နှာကြီးနဲ့ အမေ့ကိုပြန်ကြည့်လာသည်။

"အမေကရော ဘာလို့မဟုတ်တာတွေပြောနေသေးလဲ ညီမလေးက အခုမှအသက်၂၂နှစ်ပဲရှိသေးတာလေ အဲ့ဒါကိုယောကျာ်းယူဖို့ အမေကဘာလို့ဒီလောက်တိုက်တွန်းနေရတာလဲ
အဲ့လောက်တောင်ဖြစ်နေရင်လည်း အမေ့ယောက်ျားကြီးနဲ့ အပေါက်အလမ်းတည့်ရင်သာ အမေ့ဘာသာနောက်ယောက်ျားယူလိုက် ...
ကျွန်တော်တို့ကတော့ သဘောတူတယ်
ဟုတ်ပြီလား.."

"ကောင်းကျော်မင်း နင်ဟာလေ ပြောလေကဲလေ မန်းလေပြဲလေပါလား ..."

"အမေ့လည်းဘာထူးလို့လဲအမေရာ..အမေ့ဘာသာ ငယ်ငယ်လေးနဲ့ယောက်ျားယူခဲ့တိုင်း ကျွန်တော့်ညီမကိုလာလာမပေးစားနဲ့ဗျာ..."

"အောင်မယ်..ငါဘယ်မှာ ငယ်ငယ်လေးနဲ့ ယောက်ျားယူခဲ့လို့လဲ..ငါနင့်အဖေနဲ့ယူခဲ့တုန်းက
အသက်၂၆နှစ်ဟဲ့..."

"အဲဒါဆိုလဲဗျာ..လိပ်ပြာကိုလဲ..၂၆နှစ်ရောက်မှ
အိမ်ထောင်ချပေးလိုက်ပေါ့ အခုတော့မရသေးဘူး.."

"ဟဲ့..ဘယ်ဖြစ်မှာလဲ...ငါတို့ကအသက်ကြီးနေပြီလေ..မြေးလေးဘာလေးစောစောချီချင်တာပေါ့..

"အမေရယ်..အရှေ့မှာသားသမီးလေးယောက်ကြီးတောင် ထိန်းလာခဲ့ရတာမဝသေးဘူးလား
..မသိရင် ကျွန်တော့်ညီမလေးက ကလေးမွေးပေးတဲ့စက်ကြီးကျနေတာပဲ..အဲ့လောက်တောင်ကလေးချီချင်နေရင်လဲ....အမေ့ယောက်ျားနဲ့သာ
အတိုင်အ‌ဖောက်ညီအောင်လုပ်ဗျာ..အမေ့ယောက်ျားကိုသာပူဆာလိုက်...ထွက်လာလိမ့်မယ်
နောက်တစ်ယောက်...ဟောဘယ်လောက်မိုက်သလဲ အမေလည်းနောက်ထပ်လုပ်ကြွေးမယ့်လူတစ်ယောက်ရ...သားတို့လည်းမောင်နှမတစ်ယောက်တိုး..ဒီလောက်မိုက်တာတောင်အဲ့‌လောက်မမိုက်တော့ဘူး..ဟား..ဟား.."

"ဂွမ်..."

ဒေါမြဖြူ ဘယ်လိုမှသည်းမခံနိုင်တော့ပဲ ရေနွေးဓာတ်ဗူးတင်တဲ့ လင်ဗန်းနဲ့အလတ်ကောင်ရဲ့ ခေါင်းကိုထုချပစ်လိုက်တယ်။

"မှတ်ပလား...နင်တို့ကလုပ်ကြွေးနေရတယ်ဆိုပြီး ငါ့ကိုမခန့်လေးစား လုပ်နေတယ်ပေါ့လေ...ဒီမှာ နင်တို့အဖေလို အိုကြီးအိုမ လူ့ဂွစာကြီးကို
မကောင်းတတ်လို့ ပေါင်းနေရတာဟဲ့..."

"ဟေ့..ဟေ့..မမြဖြူ ပြောချင်ရင်မင်းဘာသာအခြားစကားပြောနော် ငါ့ကိုတော့လာဆွဲမထည့်နဲ့  ငယ်ငယ်တုန်းကတော့ ဒီကျောင်းဆရာကိုမှကြိုက်လှပါချည်ရဲ့ဆို အခုလည်းငါကမသန်ပေမဲ့ စွမ်းပါသေးတယ်ကွ..."

"ဟား..ဟား...မသန်ပေမဲ့စွမ်းတယ်တဲ့..."

အဖေ့စကားကြောင့် မင်းမင်းမှာမနေနိုင်တော့ပဲ ရယ်ရတာအူတွေကိုလှိမ့်နေရော။
အဲ့လိုပဲ အိမ်မှာလူစုံပြီဆို တစ်ယောက်တစ်‌ပေါက်နဲ့ဆူကိုညံနေတာပဲ။အကုန်လုံးကလည်း တစ်ယောက်မှ တပည့်မရှိဘူးလေ။ဆရာကြီးတွေချည်းပဲ ဆိုတော့ကာ။

"အမေရေ..လိပ်ပြာပြန်လာပြီ..."

"ဟော နောက်ထပ်ဆရာကြီးတစ်ယောက်ပြန်လာပါပြီလို့ စိတ်ထဲကနေပြောပစ်လိုက်တယ်။

"ဟော..အစ်မတော်..ကြွပါခင်ဗျာ..."

အိမ်ထဲကိုစ၀င်လိုက်တာနဲ့ မင်းမင်းကပါလာသမျှ အ၀တ်ထုပ်တွေကို လာသယ်ပေးပြီးခနဲ့လေသည်။ခေါင်းမီးလောင်တော့မှာကို သိနေပေမဲ့ မျက်နှာကို အစွမ်းကုန်ပြုံးလိုက်ပြီး  ဧည့်ခန်းထဲသို့ အခွန်မာကိုထမ်းထားရတဲ့ လိပ်မကြီးလို
တရွေ့ရွေ့နဲ့သွားလိုက်ပါတယ်။
ဧည့်ခန်းထဲကို ရောက်ရောက်ချင်းပဲ အစ်ကိုနှစ်ယောက်က ရုပ်တည်ကြီးတွေနဲ့ ခြေချိတ်ထိုင်နေကြသည်။
အမေ့ကို တပ်ကူခေါ်မယ်လို့ကြည့်လိုက်တော့
အမေ့မျက်နှာကြီးကလည်း ဆူပုပ်နေပြီး၊အဖေ့မျက်နှာကြီးကလည်း သိုးဆော်တောင်နံနေလောက်တဲ့အထိ ရှုံ့တွနေပြန်သည်။
တစ်ခုပဲ ရှိပါတော့တယ်။အဲ့ဒါကတော့ အကယ်ဒမီရအောင် သရုပ်ဆောင်ပစ်လိုက်ဖို့ပေါ့။

"အမယ်လေး...လွမ်းနေတာ အစ်ကိုကြီးနဲ့ အစ်ကိုလေးရေ!!!!!"

"အဲ့ဒီ့ခုံမှာ ၀င်ထိုင်လိုက်..."

သရုပ်ဆောင်ပြီး ပြေးဖက်မလို့ပြင်နေတဲ့ လိပ်ပြာကို အစ်ကိုလေးကအမိန့်ပေးလိုက်တာကြောင့် ခပ်ကြောက်ကြောက်နဲ့ပဲ ခုံမှ၀င်ထိုင်လိုက်ရတယ်။

"နင်..ဘာဖြစ်လို့အဲဒီ့မြို့ထဲမှာ သွားနေနေတာလဲ..
နင့်မှာ မိသားစု,အဖေ၊အမေ မရှိတော့လို့လား..
နင့်အိမ်နင့်ယာမရှိတော့လို့လား..ဟမ်.."

ဇာတ်လမ်းကစပြီမို့ အမေ့ကိုငိုမဲ့မဲ့ကြီးနဲ့လှမ်းကြည့်လိုက်တော့လည်း အစ်ကိုလေးကိုမျက်စောင်းပဲကူထိုးပေးလေသည်။

"ငါပြောနေတယ်..ငါ့ကိုကြည့်စမ်း!!!!!"

"ဟုတ်..ဟုတ်ကဲ့ပါ..."

"လိပ်ပြာဖြူ..နင့်အသက်ဘယ်နှနှစ်ရှိပြီလဲ..."

"နှစ်ဆယ့်နှစ်ပါ...လာမဲ့လထဲမှာ နှစ်ဆယ့်သုံးပြည့်ပါတော့မယ်..."

"အေး..အသက်ကအခုမှ လက်တောက်လောက်ပဲရှိသေးတယ်..အိမ်ခွဲနေတာတို့ဘာတို့နဲ့...နင့်ကိုနင်ဘာမှတ်နေလည်း...တော်တော်လူတတ်ကြီးလုပ်နေတယ်ပေါ့...ဟုတ်လား..."

အစ်ကိုလေးက ထိုင်ပြောလို့အားမရဘူးနဲ့တူပါတယ်။မတ်တက်ရပ်ပြီး ခါးထောက်ကာပြောလာသည်။အမှန်တကယ်တော့ လိပ်ပြာအတွက်စိတ်ပူလို့ ပြောနေတယ်ဆိုတာ သိပါတယ်။

"ဟို အလုပ်နဲ့နီးလို့ သွားနေတာပါ ယာယီပါအစ်ကိုလေးရယ်...အခုလည်းအလုပ်ကနေထွက်လာပါပြီ.."

"အေး...အဲ့ဒါဆိုလည်းပြီးရော...ဒီတစ်ခေါက်ငါတို့စင်္ကာပူကို သွားရင်နင်ပါလိုက်ဖို့ပြင်ဆင်တော့ passport လုပ်ထားတယ်မှတ်လား...ဟိုကငါ့ရဲ့မိန်းကလေးသူ‌ငယ်ချင်းဆီမှာ နေပြီးအလုပ်ရှာပေါ့...အစ်ကိုကြီးတို့အလုပ်ထဲမှာ စာရင်းကိုင်လူလိုရင်လည်း ထည့်ပေးလို့ရတယ်..."

"ဟုတ်ကဲ့..."

စင်္ကာပူကို မသွားချင်ပေမဲ့လည်းလောလောဆယ်တော့ အဆူခံလွတ်အောင် "ဟုတ်ကဲ့"ထားမှပါလေ။
အစ်ကိုလေးရဲ့စိတ်ကို လိပ်ပြာအသိဆုံးပင်။
ငယ်ငယ်ကဆို စကားနားမထောင်လို့ဆိုပြီး လက်တစ်ဖက်တည်းကနေ ကိုင်ဆွဲပြီး လွှင့်ပစ်ခံရတာများ ဈာန်နဲ့ကြွသွားရသလို  မြောက်တက်သွားခဲ့ရတာ သက်သေပါပဲ။
ဆူတာလည်းသူ့အပြင်မရှိသလို့ သူညီမကို
ထိရင်မခံတာလည်း သူ့အပြင်မရှိပါဘူး။
ငယ်ငယ်က သူများနဲ့ရန်ဖြစ်ပြီး လိပ်ပြာအိမ်ကိုငိုလည်းပြန်လာရော "ငါ့ညီမကို ဘယ်သူလုပ်လိုက်တာလည်း.."ဆိုပြီး ဝါးရင်းတုတ်ကြီးဆွဲကာ လမ်းမှာထွက်အော်ပစ်လိုက်တဲ့ အစ်ကိုလတ်ပါ။

လိပ်ပြာတို့မောင်နှမတွေထဲမှာ အလုပ်လုပ်ခဲ့ရဆုံးကတော့အစ်ကိုကြီးပဲ။ဟိုအရင်စီးပွားရေးကျစဉ်အခါက ခန္ဓာကိုယ်ခပ်သွယ်သွယ်နဲ့ အစ်ကိုကြီးက ဆယ်ကျော်သက်ကလေးပေမဲ့ မိန်းမတွေနဲ့လည်းလိုက်ပြီး ငရုပ်သီးခြွေတဲ့ စက်ရုံမှာငရုပ်သီး
ခြွေခဲ့ဖူးသလို့ ရွာဘက်မှာနေစဉ်ကလည်း ကောက်စိုက်၊ပျိုးနှုတ်ကအစလုပ်ဖူးပါသတဲ့။
ပိုက်ဆံမတတ်နိုင်လို့ ကျူရှင်မနေခဲ့ရပေမဲ့
ဆယ်တန်းကိုနှစ်ချင်းပေါက်နဲ့ အောင်ခဲ့တဲ့အပြင် အဝေးသင်တက်ရင်းနဲ့ မုန့်စက်ရုံမှာ အလုပ်လုပ်ခဲ့ရတဲ့ အစ်ကိုကြီးပါ။
ဉာဏ်ကောင်းချက်ကတော့ ဆယ်တန်းစာမေးပွဲဖြေမဲ့ညမှာတောင် ဘောလုံးပွဲသွားကြည့်ခဲ့ပါသတဲ့။အဲ့ဒါလည်းအောင်တာပါပဲ။
ကံကောင်းတာကတော့ လိပ်ပြာတို့အငယ်နှစ်ကောင်ပေါ့။
လိပ်ပြာကတော့ ဂုဏ်ထူးပါပေမဲ့။ဆရာကောင်းတွေ အိမ်မှာတောင်ခေါ်သင်ခဲ့တဲ့ မင်းမင်းက ဒီတစ်လုံးမှကိုမပါတာပါ။

"ကဲ...မှာတမ်းခြွေလို့ ၀ရင်လည်း ထမင်းစားကြမယ်ဟေ့..."

အမေ့ရဲ့အသံလေးကလိပ်ပြာကိုကယ်တင်လိုက်တာပါပဲ။

"ဘာဟင်းချက်လဲ အမေ..."

"ပုစွန်ခြောက်ကိုထောင်းပြီး တောငန်ပြာရည်ချက်ရယ်၊အမဲသားနဲ့ခရမ်းချဉ်သီးချက်ရယ်, ငါးရံ့နဲ့ချဉ်ပေါင်ရယ်ချက်ထားတယ်,ပဲရေပွကြော်ထားတယ် ငါးပိရည်၊ချဉ်ဖက်စုံအတို့နဲ့..."

"ဟာ...နားထောင်ရင်းနဲ့တောင် ဗိုက်ကဆာလာပြီ..."

ထမင်းစားခန်းက အရမ်းမကျယ်ပေမဲ့ လိပ်ပြာတို့မိသားစုအတွက်ကတော့ အနေတော်ပါပဲ။
လိပ်ပြာတို့ မိသားစုကထမင်းကိုလက်နဲ့သာ အားရပါးရစားတတ်ကြတဲ့လူ‌တွေဖြစ်တာကြောင့် လက်ဆေးဇလုံထဲမှာ လက်ကိုအသီးသီးဆေးလိုက်ကြတယ်။
လိပ်ပြာကအလိပ်သိစွာပဲ အမဲသားဟင်းကို လိုက်ဦးချလိုက်သည်။

"ကဲ..အဖေကြီတစ်တုံး..အမေကြီးတစ်တုံး...
အစ်ကိုကြီးနဲ့..အစ်ကိုလေးတစ်တုံးစီ..အားမနာနဲ့စားကြနော် စင်္ကာပူကချိုစိစိတရုတ်ဟင်းတွေထက် အမေ့လက်ရာက ပိုမြိန်တာနော်..."

"ဟုတ်တယ်...အမေရေ...ဟိုကအစားအစာတွေက အမေ့လက်ရာလောက်...စားမကောင်းဘူး...

အစ်ကိုကြီးကထပြောတော့ အမေ့မျက်နှာကြီးက ပြုံးလို့ဖြီးလို့ ပီတိဖြစ်နေလေသည်။

"ဟာ...မမ ထည့်ပေးဖို့ကျွန်တော်တစ်ယောက်ပဲ ကျန်တော့်တာလေဗျာ...ကျွန်တော့်ကိုလည်းထည့်ပေးမှပေါ့...."

"ဆုတောင်းလေ...နောက်ဘ၀ကျရင် ငါ့ထက်အကြီးဖြစ်ဖို့ ဆုတောင်း‌လိုက်ပေါ့...အခုနင်က
ငါ့ကိုပြန်ထည့်ပေး..."

"အမေရေ..အမေ့သမီးကို ဗိုက်ထဲသာပြန်ထည့်လိုက်ပါတော့..."

"ဒီကောင်လေးကတော့လေ..."

အမေက မင်းမင်းကို ဟင်းခပ်‌ထည့်ပေးလိုက်လေသည်။အခုလိုမိသားစုလေး စုံစုံညီညီနဲ့နေလိုက်တော့လည်း အသဲကွဲဒဏ်ရာတောင် နာလို့နာမှန်းမသိအောင် ‌ဖြစ်နေလေတော့သည်။
နာအောင်လုပ်တဲ့လူက ရှိနေပေမဲ့ ပျောက်အောင်ကုသပေးတဲ့ မိသားစုသမားတော်တွေရှိနေလို့ နာရကောင်းမှန်းမသိတော့ပါဘူး။

🦋🦋🦋🦋🦋🦋🦋🦋

"လိပ်ပြာ...လိပ်ပြာ...ကိုယ်ခေါ်နေတာကြားလား..."

ဘုန်းမြတ်မှာ ကွန်ဒိုကိုရောက်ရောက်ချင်း ရှာနေမိတာက လိပ်ပြာဖြူကိုပါပဲ။သူမအခန်းအရှေ့မှခေါ်နေပေမဲ့ ထူးသံမကြားတာကြောင့် တံခါးကိုဖွင့်လိုက်တော့ တံခါးကလော့မချထားပေ။

"ဟင်...လိပ်ပြာ...လိပ်ပြာထွက်သွားတာလား..."

အခန်းထဲမှာ လိပ်ပြာရဲ့အထုပ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုတစ်လေကိုတောင် မတွေ့ရတော့တာကြောင့် ဘုန်းမြတ်ခေါင်းမီးတောက်သွားရသည်။

"လိပ်ပြာဖြူ...မင်းဘယ်ရောက်နေတာလည်းကွာ"

ဖုန်းကိုထုတ်ပြီး လိပ်ပြာဖြူရဲ့နံပါတ်ကိုရိုက်နှိပ်လိုက်သည်။

📞"လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာစက်ပိတ်ထားပါသဖြင့် ခေါ်ဆိုမှုလုပ်ဆောင်ရန်..."

ငါးခါလောက်ခေါ်ကြည့်တော့လည်း ဒီအတိုင်းပဲဖြစ်နေသည်။

"ထွန်းဝေ...ဟုတ်တယ်...ထွန်းဝေကိုခေါ်ကြည့်ရမယ်.. "

📞လူကြီးမင်း ခေါ်ဆိုသောတယ်လီဖုန်းမှာ လိုင်းမအားသေးပါသဖြင့်...

"ဟာကွာ!!!!တောက်!!!"

ထွန်းဝေကိုလည်း ချက်ချင်းခေါ်လို့မကိုင်တာကြောင့် သူ့ကားသော့ကိုယူကာ လိပ်ပြာရဲ့သူငယ်ချင်းတွေနေကြတဲ့ ‌တိုက်ခန်းဆီသို့မောင်းထွက်လာလိုက်သည်။

"အရေးထဲမှကွာ ကားလမ်းကလည်းလာပိတ်နေတယ်...တောက်!!!"

ယာဉ်ကြောပိတ်ဆို့မှုနဲ့သွားတိုက်ဆိုင်နေတာကြောင့် သူ့စိတ်တွေက တကယ့်ကိုကသောင်းကနင်းပါပဲ။
စိတ်ကျဉ်းကျပ်မှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေပေါင်းစုံနေတဲ့ သူ့ရင်ဘတ်ကြီးဟာ ပေါက်ကွဲတော့မဲ့မီးတောင်ကြီးတစ်ခုလိုပါပဲ။

ကားချောင်သွားတာနဲ့ အမြန်မောင်းထွက်လာလိုက်ပြီး လိပ်ပြာတို့ရဲ့တိုက်ခန်းအပေါ်သို့တက်လာလိုက်သည်။

"တင်း..တောင်..."

လူခေါ်ဘဲလ်ကို သုံးချက်လောက်နှိပ်အပြီးမှာတော့ မိန်းကလေးတစ်ယောက်က အတွင်းတံခါးကို ဖွင့်လာပေးလေသည်။

"လိပ်ပြာရဲ့ ချစ်သူ ကိုဘုန်းမြတ်မှတ်လား..."

"လိပ်ပြာရှိလားမသိဘူး..."

အေးအေးလည်း ကိုယ့်ကိုစကားတောင်ပြန်မိတ်
မဆက်ပဲ မေးချင်တာမေးလာတဲ့ ထိုလူကြောင့်နည်းနည်းတော့ တင်းသွားသည်။

"မရှိဘူး...သူ့အစ်ကိုတွေ စင်္ကာပူကပြန်လာလို့ သူ့အိမ်ကိုပြန်သွားတယ်..နေ့ခင်းကဖုန်းဆက်မှ ကျွန်မလည်းသိတာ.. ရှင်လိုက်သွားလို့တော့မရဘူးနော်...သူ့အစ်ကိုတွေက သူ့ညီမကိုသိပ်တိုတာ"

"အဲ့ဒါဆို လိပ်ပြာဖုန်းဆက်ရင် ကျွန်တော်လာသွားတယ်လို့ပြောပေးပါနော်..."

"ဟုတ်ကဲ့ ပြောပေးပါ့မယ်..."

အေးအေးလည်း ဘုန်းမြတ်ကျောခိုင်းသွားတာနဲ့ တစ်ပြိုင်နက် တံခါးကိုပြန်ပိတ်လိုက်သည်။

ဘုန်းမြတ်ခမျာမှာတော့ တက်လာခဲ့တုန်းကလို ခွန်အားအပြည့်နဲ့ ခြေလှမ်းတွေမဟုတ်တော့ပဲ နှေးကွေး၊ထိုင်းမှိုင်းတဲ့ ခြေလှမ်း‌တွေနဲ့သာ လှမ်းနေမိပါတော့တည်။

ကားပေါ်ကိုပြန်ရောက်တဲ့ အခါမှာတော့ကား
စတီယာရင်ပေါ်ကို ခေါင်းမှောက်ချလိုက်မိပါတော့တယ်။လိပ်ပြာကိုစိတ်ဆိုးပြီး ပြောခဲ့ပေမဲ့ ကွန်ဒိုကနေ ထွက်သွားဖို့အထိတော့ မလိုလားခဲ့ပါဘူး။လိပ်ပြာသာ မရှိရင်သူ့ဘ၀ကြီးက ဗလာနတ္ထိဖြစ်နေမှာ အသေအချာပဲ။

"လိပ်ပြာ...ကိုယ့်ကို တကယ်ပဲ ထားသွားရက်တယ်ပေါ့...ကိုယ့်ဆီကိုပြန်လာခဲ့ပါကွာ..."

🦋🦋🦋🦋🦋🦋🦋

Continue Reading

You'll Also Like

256K 6.3K 31
ဒီဘဝမှာ ကိုယ်အလိုချင်ရဆုံး၊ အမက်မောရဆုံးအရာက တစ်ခုပဲရှိတယ် အဲ့ဒါကမင်းပဲ ဒါကြောင့်မို့ ကိုယ် မင်းအပေါ်ထားတဲ့အချစ်တွေ၊ မြတ်နိုးမှုတွေက ဘယ်တော့မှလည်းမပျ...
76.1K 10.6K 114
COMPLETED ✔️ Chinese Title - 如果月亮不抱你 English Title - If The Moon Won't Hold You Original Author - 六盲星 Status in COO - 71+3 Extras Start Date - 01.04...
83.8K 3.3K 83
အားလုံးမျှော်နေတာလေး ပြန်ရေးပါပြီရှင့်😁
283K 6.5K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...