ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၂၄
🎶"ကြင်နာသလို မကြင်နာသူ နေနိုင်ရက်တဲ့ချစ်သူလေး...🎶
🎶အနိုင်ယူတတ်တဲ့သူ့စိတ်တွေကိုကွယ်...
ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်...🎶
🎶ညာနေတာတွေ ရင်ထဲက.…..
ဖုန်းလာနေတဲ့အသံကြောင့် လိပ်ပြာလန့်နိုးသွားသည်။ပတ်၀န်းကျင်ကိုကြည့်လိုက်တော့ လိပ်ပြာကအိပ်ခန်းထဲမှ ကုတင်အပေါ်မှာရောက်နေသည်။
မနေ့ကညခြောက်နာရီအထိ လိပ်ပြာစာထိုင်ရေးနေရင်းနဲ့ လသာဆောင်ရဲ့ဒရင်းဘတ်အပေါ်မှာအိပ်ပျော်သွားတာပါ။
ဒါဆို လိပ်ပြာကိုကုတင်အပေါ်ပြန်ရွေ့ပေးတဲ့ လူကကိုကိုများလား။
လိပ်ပြာစိတ်ထဲမှာနဲနဲပျော်သွားမိတယ်။ကိုကိုကလိပ်ပြာကိုဂရုစိုက်သေးတာပဲ။
ကိုကို့အကြောင်းတွေးနေမိတာနဲ့ ဖုန်းလာနေတာကိုတောင် မေ့နေသည်။ဖုန်းကိုကြည့်လိုက်တော့ သူဇာ့ဆီမှဖြစ်နေသည်။
အချိန်ကလည်း မနက်၇နှစ်နာရီကြီးကို ဘာဖြစ်လို့ဆက်တာပါလိမ့်။
"ဟယ်လို...သူဇာ..."
"လိပ်ပြာရေ နင့်အတွက်၀မ်းသာစရာသတင်းရှိတယ်ဟေ့..."
"ဟမ်...ဘာသတင်းများလည်း...နင်ယောက်ျားယူတော့မလို့လား..."
"ဟာ...ဘယ်ကလာ...ယောက်ျားယူဖို့မပြောနဲ့ မူးလို့
ရှူစရာတောင်မရှိပါဘူး...အခုပြောမှာက
ကြည်ပြာ့ကိစ္စ အခုကြည်ပြာငါ့အဆောင်ကို ရောက်နေတယ် မနေ့ညကငါ့ဆီကိုလာပြီး ငါ့ကိုတောင်းပန်လိုက်တာလည်းအကြီးအကျယ်ပဲ
ကိုမြင့်သူကိစ္စကိုလည်း ငါတို့ကျောင်းတုန်းကဟယ် ဘုတ်ဆုံမအိမြတ်...နင်သိတယ်မှတ်လား..."
"ဟာ...သိတာပေါ့ဟာ...လှည်းလုပ်ရင်ကြာပါ့မယ်
အိမြတ်ရဲ့တင်ပုဆုံကြီး လှည်းလုပ်လို့စီးဆိုပြီး
အစခံရတဲ့တစ်ယောက်မှတ်လား..."
"အေးဟေ့...အဲဒီ့အိမြတ်နဲ့ ကြည်ပြာမ မနေ့က Time City မှာတွေ့ကြပြီး ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်းနဲ့ ကိုမြင့်သူကိစ္စပြောဖြစ်ကြရော အဲ့မှာ အိမြတ်ကအကုန်ပြောပြလိုက်တော့မှ ကိုမြင့်သူရဲ့အပုပ်တွေကို သူအကုန်သိပြီး ငါ့ဆီကိုရောက်လာတယ်...ငါလည်းကိုဘုန်းမြတ်ကို နင်အရင်ထဲကကြိတ်ကြွေခဲ့တဲ့အကြောင်းတွေ ပြောပြလိုက်တာပေါ့...အဲ့ဒီမှာ ကြည်ပြာမက..."
"လေကြောရှည်လိုက်တာ သူဇာရယ် ငါ့ကိုပေးစမ်းပါ..."
သူဇာ့အသံတင်မဟုတ်ပဲ ဟိုဘက်အခြမ်းမှ
ကြည်ပြာ့အသံကိုပါ လိပ်ပြာရှင်းရှင်းလင်းလင်းကြားလိုက်ရပါတယ်။
"လိပ်ပြာ ငါတောင်းပန်ပါတယ် ငါစိတ်လိုက်မာန်ပါ လုပ်လိုက်၊ပြောလိုက်မိတယ် နင်ငါ့တိုက်ခန်းကိုသာပြန်လာခဲ့ပါဟာ ငါအုန်းပွဲ၊ငှက်ပျောပွဲနဲ့ကို နင်ကျေနပ်တဲ့အထိ ထိုင်တောင်းပန်ပါ့မယ်နော်...အခုလေငါ့အတွက် CEOဘုန်းမြတ်ဆိုတာလည်းမလိုဘူး...နင်တို့ကိုသာငါ့ဘေးနားမှာ ရှိစေချင်တာပါ"
ကြည်ပြာ့အပြောကြောင့် လိပ်ပြာရယ်ချင်သလို ငိုချင်သလိုဖြစ်နေရသည်။
"ကြည်ပြာရယ်...ငါလေ နင့်အပေါ်မှာဘယ်လိုမှ အပြစ်မယူပါဘူးဟာ...ငါနားလည်ပါတယ်.."
"နင်တကယ်ပြောတာနော် လိပ်ပြာ..."
"တကယ်မဟုတ်ဘူး နှစ်ကယ်ဟာ...ဒါပေမဲ့ငါနင့်တိုက်ခန်းကိုပြန်လာလို့မရသေးဘူး ငါဒီမှာရှင်းရမဲ့ကိစ္စလေးရှိနေတယ်လို့ ထင်တယ်...အဲ့ဒါပြီးတာနဲ့ ငါပြန်လာခဲ့ပါ့မယ်နော်..."
"အေးပါဟာ နင်ပြန်လာမယ်ဆိုရင် ပြီးတာပဲ..."
"အေး...အဲ့ဒါဆိုဒါပဲနော် ..."
"တူ...တူ..တူ.."
ဖုန်းကျသွားတာနဲ့ လိပ်ပြာရဲ့စိတ်တွေလွတ်လပ်သွားသလို ခံစားနေရသည်။မှန်ချပ်တွေမှာ ချထားတဲ့လိုက်ကာတွေကို ဘေးသို့တွန်းပစ်ပြီး ပြူတင်းပေါက်ကို ဖွင့်ကာ သန့်ရှင်းလတ်ဆတ်တဲ့လေထုကို တစ်၀ကြီးရှူရှိုက်ပစ်လိုက်မိသည်။
"ဟင်.. ကိုကိုနဲ့ မမဆု..."
ကွန်ဒိုရဲ့ အောက်ခြေ လူသွားစင်္ကြန်လမ်းမပေါ်မှာ ကိုကိုနဲ့မမဆုက အားကစား၀တ်စုံတွေကို ၀တ်ကာ လေ့ကျင့်ခန်းလုပ်ပြီးလို့ ပြန်လာကြဟန်တူသည်။
ရယ်လို့၊မောလို့ပေါ့။
ကိုကိုက ဘာအချိုးချိုးတာလဲ။လိပ်ပြာနေရာမှာ
မမဆုကဘာလို့ရှိနေရတာလဲ။ကြည်လင်နေတဲ့ စိတ်တွေဟာ ထုံး၀င်မွှေလိုက်သလို နောက်ကျိသွားတော့သည်။
"...စိတ်ရှုပ်တယ်ဟာ...မျက်နှာသစ်တာပဲကောင်းတယ်..."
လိပ်ပြာမျက်နှာသစ် သွားတိုက်ပြီး မနက်စာပြင်ဆင်ဖို့ ထမင်းစားခန်းထဲကို၀င်လာတော့ ကိုကိုနဲ့ မမဆုက မနက်စာတောင်စားနှင့်နေကြပါလား။
"လိပ်ပြာနိုးပြီလား...ကိုယ်တို့နဲ့မနက်စာအတူလာစားလေ..."
ကိုကိုကထိုင်ရာမှ ထလာပြီး လိပ်ပြာရဲ့ပုခုံးကိုလာဖက်လေသည်။အဲ့ဒါကိုဟိုမိန်းမကြီးက မျက်နှာရှုံ့မဲ့သွားတာကိုလည်းလိပ်ပြာတွေ့လိုက်ပါတယ်။
ဒီမိန်းမက ကိုကိုနဲ့ဆိုရင်ရုပ်ကတစ်မျိုး လိပ်ပြာနဲ့ဆိုရင် တစ်မျိုးပြောင်းသွားရော။
"လာလေ...မမဆုက တကူးတကပါစတာလုပ်လာပေးတယ်..."
"ပါစတာ..."
"မင်းမသိဘူးလား...ဘုန်းမြတ်ကမနက်စာကို
ပါစတာနဲ့စားရမှ စား၀င်တာလေ ဒါကြောင့်ဘုန်းမြတ်ကိုစားစေချင်လို့ လုပ်လာပေးတာ အများကြီးကျန်သေးပါတယ် မင်းလည်းကြိုက်ရင်ယူစားပေါ့..."
ဒီယုန်မြင်လို့ ဒီချုံထွင်နေတာများ မသိရင်ခက်မယ်။နွားအိုမြက်နုကြိုက်တဲ့ နွားမကြီး မဟုတ်ပါဘူး မိန်းမကြီးမှန်း စတွေ့ကတည်းကသိပြီးသားပါ။
"ဘုန်းမြတ်ကိုစားစေချင်လို့"ဆိုပြီး ကြော်ငြာ၀င်လိုက်တည်းက လိပ်ပြာကိုတော့ တစ်စက်မှ မသဒ္ဒါဘူးလို့ပြောချင်တာပေါ့လေ။
အကျင့်ကိုက နောက်ချေးထဲကပိုးကောင်လောက်တောင် အဆင့်မရှိဘူး။ပုပ်အဲ့နံဆော်နေတာပဲ။
"မမဆုလက်ရာဆိုတော့ သိပ်ကောင်းမှာပဲနော်
ကိုကို့လို ဘိုရူး...အဲမဟုတ်ပါဘူး...ကိုကို့လိုဘိုစာမှဘိုစာဖြစ်နေတဲ့ လူတွေကပဲ ဘိုစာကြိုက်ချင်ကြိုက်မှာပေါ့ လိပ်ပြာကတော့ မြန်မာစာonlyမို့ ကိုယ်ဘာသာထမင်းပဲကြော်စားလိုက်တော့မယ်..."
မမဆုဆိုတဲ့ မိန်းမကြီးကို ပြုံးသလိုမဲ့သလိုနဲ့ပြောပစ်လိုက်ပြီး ကိုကို့ဘက်ကိုလှည့်ကာ ကိုကို့လက်မောင်းကို ညင်ညင်သာသာလေး ဖက်ပြလိုက်သည်။ပြီးတော့ ကိုကို့မျက်လုံးကိုတည့်တည့်ကြည့်ပြီး ခံစားချက်တွေကို တစ်လုံးချင်းဖော်ပြပစ်လိုက်သည်။
"ကိုကိုကလေ...ပါစတာကိုသိပ်ကြိုက်တာပဲလား...
ဟုတ်လား...အဟင်း ဒါဆို ၀အောင်စားနော် မ၀သေးရင်လေ...မမဆုကိုထပ်ချက်ခိုင်းလိုက်ပေါ့ လိပ်ပြာကတော့ ဒီနေ့ကစပြီး ကိုယ်စားဖို့ပဲကိုယ်ချက်တော့မယ်..."
"ဟာ...လိပ်ပြာ...လိပ်ပြာ.."
သူ့ကိုရွဲ့စောင်းကာပြောပစ်ခဲ့ပြီး ကွန်ဒိုအပြင်ကိုထွက်သွားတဲ့သူမကြောင့် သူခေါင်းနပန်းကြီးသွားသည်။
"မမ...တောင်းပန်ပါတယ်နော်...လိပ်ပြာက ကလေးသိပ်ဆန်တာ ကျွန်တော် သွားချော့လိုက်အုံးမယ်..."
"အဟင်း...ကိစ္စမရှိပါဘူး...သွားချော့သွား..."
ထွက်သွားတဲ့ဘုန်းမြတ်ရဲ့ ကျောပြင်ကိုကြည့်ပြီး
ဆိုဖီ ခုံကိုတစ်ချက်ပိတ်ထုပစ်လိုက်သည်။
ကောင်မလေးက ကြည့်တော့သာကလေးရုပ်နဲ့
အကျောကမသေးဘူးပဲ။မူယာမာယာတွေ လုပ်ပြနေလိုက်တာများ ဘုန်းမြတ်နဲ့ သူ့လိုအဆင့်နဲ့ကတန်လို့လား။ရုပ်ကလေး ဗန်းပြပြီးခြူစီလုပ်နေတာပဲ နေမယ်။
🦋🦋🦋🦋🦋🦋🦋
တိုက်ခန်းထဲမှ ထွက်လိုက်ပြီး အဖြူရောင်လိပ်ပြာလေးကို လိုက်ရှာမိတော့ လိပ်ပြာကဓာတ်လှေကားစောင့်နေဟန်တူသည်။ဒီကောင်မလေးဘယ်ကိုထွက်ပြေးမလို့ပါလိမ့်။
"အမေ့..."
ဓာတ်လှေကားတံခါးပွင့်လာတာနဲ့ လိပ်ပြာ၀င်မယ်လုပ်တော့ လူကလေထဲကိုမြောက်တက်သွားသည်။
"ကိုကို ဘာလုပ်တာလဲ လိပ်ပြာကိုအောက်ချပေးနော်..."
"ချပေးလိုက်ရင် ဒီငရစ်လေးကထွက်ပြေးသွားမှာပေါ့..."
ကိုကိုက လိပ်ပြာရဲ့ကျောပြင်နဲ့ ဒူးအကွေးနေရာမှနေပြီး လေ့ကျင့်ခန်းလုပ်ရင်မတဲ့အလေးတုံးလိုပဲ အသာလေးပွေ့ချီထားလေသည်။
"အဟင်း...မရစ်စေချင်ရင် ဆင်ခြင်လေ...လိပ်ပြာမှာတော့ သူ့ကိုချစ်လွန်းလို့ ဟင်းမျိုးစုံချက်ကြွေးလိုက်ရတာ သူကတော့ သူများလုပ်တဲ့ ပါစတာကိုမှကြိုက်ပါတယ်တဲ့ အဲ့လောက်တောင်ကြိုက်နေရင်လည်း အိမ်မှာသာအပြီးခေါ်ထားလိုက်တော့ လေ...
လိပ်ပြာဒီနေ့ပဲဆင်းပေးမယ်..."
မျက်နှာလေးကမသာမယာနဲ့ သ၀န်တိုမှုတွေကို ပေါက်ကွဲထွက်ပြနေတဲ့ သူမကိုကြည့်ပြီး သူစိတ်မကောင်းတော့ဖြစ်မိသည်။
"ကိုယ်တောင်းပန်ပါတယ်လိပ်ပြာရယ် မမဆုကကိုယ့်ကျေးဇူးရှင်ရဲ့သမီးမို့ ကိုယ်လိုက်လျောပေးမိတာပါ ...ကိုယ်တကယ်စိတ်မကောင်းပါဘူး..."
ညှိုးကျသွားတဲ့ ကိုကို့မျက်နှာကိုကြည့်ပြီး လိပ်ပြာသနားသွားမိတယ်။လိပ်ပြာရွဲ့တာများသွားပြီထင်ပါရဲ့။လိပ်ပြာကိုယ်တိုင်ကလည်း ကိုကို့အပေါ်ကို အကြာကြီးစိတ်မဆိုးနိုင်ပါဘူးလေ။
ကိုကို့လည်ပင်းကိုလက်နှစ်ဖက်နဲ့ဖက်ထားရင်းမှ
ကိုကို့ရဲ့ပါးပြင်လေးကို နမ်းရင်းနှစ်သိမ့်ပေးလိုက်သည်။
"စိတ်မကောင်းဖြစ်ရင် ဒီနေ့လိပ်ပြာကို ဈေး၀ယ်ဖို့
စူပါမားကပ်ကိုလိုက်ပို့ရမယ် ပြီးရင်နေ့လည်စာအတူစားကြမယ်...မမဆုကိုမခေါ်ရဘူးနော်..."
"လိပ်ပြာရဲ့ သဘောဗျာ..."
ဒီလိုနဲ့ ဓာတ်လှေကားထဲကိုလည်းမ၀င်ဖြစ်တော့ပါပဲ ငယ်ရွယ်တဲ့ချစ်သူနှစ်ဦးဟာ အချစ်အသိုက်အမြုံကြီးရှိရာ တိုက်ခန်းလေးဆီသို့သာ ခြေဦးပြန်လှည့်မိကြပါတော့တယ်။
အဖော်မဲ့နေတဲ့ ဓာတ်လှေကားကြီးရဲ့ တံခါးချက်ဟာလည်း အလိုလိုပြန်ပိတ်သွားလေသည်။
🦋🦋🦋🦋⭐⭐⭐⭐
"ကိုကို...ဒီဟာလေး..."
"ဘုန်းမြတ်...မမဆုကို ဒီကော်ဖီဘူးလေး ယူပေးပါလား..မမှီဘူးဖြစ်နေတယ်.."
ကိုကိုနဲ့နှစ်ယောက်ထဲ အတူရှိချင်လို့ စင်တာမှာဈေးလာ၀ယ်ပါတယ်ဆိုနေမှ ဟိုမိန်းမကြီးက အလိုက်ကန်းဆိုးမသိပဲ သူများချစ်သူစုံတွဲကြားမှာ ကန့်လန့်၊ကန့်လန့်နဲ့ပါလာလေရဲ့။
ဘယ်ဥကပေါက်လာလို့ ဒီလောက်လက်ပေါက်ကပ်တာလည်း မသိတော့ပါဘူး။ဘယ်ဂျိုပေါ်ကနေ ရောက်လာလို့ ဒီလောက်အထိလူမှုရေးနားမလည်ရတာလဲ။
သူ့ကြည့်တော့ သုံးလက်မဒေါက်ဖိနပ်ကြီးစီးထားပြီး ဟိုဟာမမှီဘူး ဒီဟာယူလို့မရဘူးနဲ့ ကောင်းတော့လည်း ကောင်းပါတယ် အမြင်ကပ်ဖို့။
ကိုယ့်ပစ္စည်းကိုယ် အပိုင်ကိုင်ထားရမယ်ဆိုတဲ့ စိတ်နဲ့ ကိုကိုတို့ရပ်နေတဲ့ နေရာဆီကို လိပ်ပြာ လျှောက်သွားလိုက်တယ်။
"ဘေးကို..ဘေးကို ဖယ်ကြပါ...တိုက်မိမယ်
ဖယ်ပေးကြပါ..."
အသံကြားရာကို ကြည့်လိုက်တော့ မုန့်ပုံးတွေသယ်လာတဲ့ လှည်းကအရှိန်နဲ့ လိပ်ပြာရပ်နေတဲ့ နေရာဆီကိုတည့်တည့်ကြီး လာတိုးနေသည်။
လိပ်ပြာကြောက်ပြီး မျက်လုံးတွေကိုမှိတ်ချပစ်လိုက်တော့ ရုတ်တရက် လက်မောင်းကနေလှမ်းအဆွဲခံလိုက်ရတာကြောင့် အနောက်ကိုနည်းနည်းယိုင်သွားလေသည်။
"ဟာ..ညီမလေးကို တိုက်မိသွားသေးလား...
အစ်ကိုက မုန့်ပုံးတွေနဲ့ ကွယ်နေလို့ ရှေ့ကိုသိပ်မမြင်ရဘူး...ဒါကြောင့်ကြိုဖယ်ခိုင်းတာပါ...
တောင်းပန်ပါတယ်နော်..."
"ရတယ်အစ်ကို..."
တွန်းလှည်းတွန်းတဲ့ ၀န်ထမ်းကို စကားပြောပြီးနောက်မှာ ကိုကို့ဆီအကြည့်ရောက်သွားတော့ ဟိုမိန်းမကြီးက တွန်းလှည်းအတိုက်ခံရမှာဆိုးလို့ ကိုကို့ဘေးနားမှာ ကပ်ပြီးမတ်တက်ရပ်နေ လေသည်။
"လိပ်ပြာ..လန့်သွားသေးလား..."
"ဟင်...ကိုထွန်းဝေ..."
လိပ်ပြာရဲ့လက်ကို အနောက်ကနေဆွဲလိုက်တဲ့ သူအား အခုမှပဲသေချာကြည့်မိတယ်။
ကိုထွန်းဝေက လိပ်ပြာကိုစိုးရိမ်ဟန်နဲ့ မေးနေလေသည်။
"ထွန်းဝေ..တိုက်ဆိုင်လိုက်တာ..မင်းရောဈေးလာ၀ယ်တာလား..."
အခုမှ ကိုကိုက လိပ်ပြာဘေးနားကိုရောက်ချလာပြီး ကိုထွန်းဝေ ကိုင်ထားတဲ့လိပ်ပြာရဲ့လက်ကိုပြန်ဆွဲယူပြီး မေးလေသည်။
"အေး..တစ်ပတ်စာဈေးလာ၀ယ်တာ.."
"ဟိုင်း..ထွန်းဝေ.."
"ဟာ...မမဆိုဖီ..."
ဒီမိန်းမကြီးက ပါလေရာငါးပိချက်ပါလား။အခုလည်းကိုထွန်းဝေကို "ဟိုင်း"ပဲပြောရသေးတယ် လူကအရင်ဖက်ပြီး နှုတ်ဆက်နေပြီ။
တော်တော် လက်ရဲဇက်ရဲနိုင်တယ်။
"မမဆိုဖီ..ဒီကိုရောက်နေတာ ကြာပြီလား..."
"မကြာသေးပါဘူး..မနေ့ကမှရောက်တာ..."
"အခုရော...ဘယ်မှာတည်းနေတာလည်း..."
"ဘုန်းမြတ်ပိုင်တဲ့ Royal ဟိုတယ်မှာပဲလေ..ဘုန်းမြတ်က တို့ကိုအလကားတည်းခွင့်ပေးတော့ အကုန်အကျသက်သာတာပေါ့..."
အခုဆိုရင် လိပ်ပြာရဲ့ဘေးမှာ တစ်ယောက်မှမရှိတော့ပါဘူး။အကုန်လုံးက ဟိုမိန်းမကြီးဆီကိုပဲ အာရုံရောက်နေကြတယ်။ကိုကိုနဲ့ လိပ်ပြာရဲ့သီးသန့် ဒိတ်လုပ်တာကလည်း ပျက်ပြီလို့ပဲသတ်မှတ်လိုက်ပါတော့တယ်။
၀မ်းနည်းမှုနဲ့အတူ စိတ်ဓာတ်တွေက အောက်ဆုံးအထိထိုးကျသွားပြီး အခြားကိုအကြည့်လွှဲလိုက်မိတော့ လိပ်ပြာရဲ့မြင်ကွင်းထဲမှာ ကံကောင်းခြင်းနတ်သားလေး တစ်ပါးက အလိုလိုရောက်ရှိလာ သည်။
မုန့်တွေ စီတန်းထားတဲ့ စင်တွေကြားမှာ ရှိနေတာက တော့ လူငယ်ဆန်ဆန် ကျောပိုးအိတ်ကို တစ်ကြိုးပဲလွယ်ကာ ဂျင်းဘောင်းဘီနဲ့ တီရှပ်ကိုယ်ကြပ်အနက်ရောင်လေးကို ၀တ်ထားတဲ့ကယ်တင်ရှင်နတ်သားလေး ဖိုးချွန်ပါပဲ။
"ဖိုးချွန်!!!!!..."
လိပ်ပြာက အသံကျယ်ကျယ်နဲ့အော်ခေါ်လိုက်တာကြောင့် ဖိုးချွန်ကလည်း မျက်လုံးပြူးလေးနဲ့ ပြန်ကြည့်လာသလို ဘေးနားကသုံးယောက်ကလည်း လိပ်ပြာဆီသို့ အကြည့်ရောက်လာကြ လေသည်။
ကိုကိုဆုပ်ကိုင်ထားတဲ့ လက်ကိုရုန်းလိုက်ပြီး
ဖိုးချွန်ရှိရာဆီသို့သာ ခပ်မြန်မြန်လျှောက်သွားလိုက်တယ်။
"ဖိုးချွန်...နင်ဒီကိုဘာလာလုပ်တာလဲ..."
"ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆီကို အလည်လာတာ သူကအပြင်သွားနေတာနဲ့
ပျင်းလို့ စင်တာထဲမှာ လျှောက်ပတ်ကြည့်နေတာ.."
"ဒါဆိုရင် အခု နင်တစ်ယောက်တည်းဆိုတာ သေချာတယ်ပေါ့..."
"သေချာတယ်လေ...ဘာဖြစ်လို့လည်း..."
ဖိုးချွန်ကနားမလည်စွာ မေးလာတော့ လိပ်ပြာရဲ့ခေါင်းထဲကို အကြံတစ်ခုကရောက်လာသည်။
ချက်ချင်းပဲ ဖိုးချွန်ရဲ့ လက်ကိုဆွဲပြီး ကိုကိုတို့ရပ်နေတဲ့ နေရာဆီသို့ ခေါ်လာလိုက်တယ်။
ဖိုးချွန်ကတော့ သူ့လက်ကိုလာဆွဲတဲ့ မမကြောင့် ကြက်သီးတွေပါ တဖြန်းဖြန်းထကုန်ကာ ဖျားပါဖျားချင်လာတဲ့ အထိပါပဲ။
"လိပ်ပြာ...သူက..."
သူ့ကောင်မလေးက အခြားကောင်လေးတစ်ယောက်ရဲ့လက်ကို တွဲထားတာမို့ ဘုန်းမြတ်သဘောမကျစွာ မေးလိုက်မိသည်။မျက်မှောင်ကြီးကိုလည်း သိသာစွာ အစွမ်းကုန်တွန့်ကုတ်ပစ်လိုက်မိသည်။
"ဒါက..လိပ်ပြာရဲ့ငယ်ပေါင်း၊ကြီးဖော် အိမ်နီးချင်းလေး..ဖိုးချွန်တဲ့...ကိုကိုက လိပ်ပြာထက်နှနှစ်ကြီးသလို ဖိုးချွန်ကလည်းလိပ်ပြာထက် နှနှစ်ငယ်တယ်...နော်...မောင်လေး..."
အမြဲတမ်း တစ်ဖိုးတည်းချွန်နေပြီး အခုမှမောင်လေး လုပ်နေတဲ့ မမလိပ်ပြာကို ဖိုးချွန်ခမျာ နားမလည်နိုင်စွာ ကြည့်လိုက်သလို ဘုန်းမြတ်မှာလည်း လက်သီးတွေကိုဆုပ်လိုက်မိသည်မှာ အကျောစိမ်းစိမ်းတွေပါ ထင်းခနဲပေါ်လာလေသည်။
မကောင်းတတ်လို့သာ ကြည့်နေရတာ။
"ကိုထွန်းဝေလည်း...ဖိုးချွန်နဲ့ခင်တာပဲလေ..ဟုတ်တယ်မှတ်လား..."
"ဒီကောင်နဲ့တော့ မခင်ချင်ပါဘူး..."
"ခင်ဗျားနဲ့လည်း ကျွန်တော်က မခင်ချင်ပါဘူး..."
တစ်ယောက်နဲ့ တစ်ယောက်စောင်းမဲမဲလုပ်နေတဲ့ ဖိုးချွန်နဲ့ ထွန်းဝေကိုကြည့်ပြီး ဘုန်းမြတ်ဇာတ်ရည်မလည်ဖြစ်သွားလေသည်။
လိပ်ပြာရဲ့ အိမ်နီးချင်းနဲ့ ထွန်းဝေနဲ့ကဘယ်လိုလုပ်ပြီးသိသွားတာလဲ။
"ထွန်းဝေ...လိပ်ပြာရဲ့အိမ်နီးချင်းနဲ့ မင်းကဘယ်လိုလုပ်ပြီး သိသွားတာလဲ..."
"အဲ..အဲ့ဒါက..ဒီလိုရှိတယ်..."
"ဟိုတစ်ခါလိပ်ပြာ အိမ်ပြန်တဲ့လမ်းမှာ ဆုံကြပြီး အိမ်ကိုလိုက်လည်တာလေ..ဖိုးချွန်နဲ့တင်မဟုတ်ဘူး လိပ်ပြာတို့ တစ်မိသားစုလုံးကပါ ကိုထွန်းဝေကို ခင်သွားကြလို့ နောက်တစ်ခါလာလည်ပါအုံးတဲ့ ဖိတ်လိုက်တယ်နော်..ကိုထွန်း..."
"ဟင်..."
ကိုထွန်းဝေကနေ ကိုထွန်းဖြစ်သွားတဲ့ လိပ်ပြာကို အမျိုးသားသုံးယောက်လုံးက ဝိုင်းပြုံကြည့်လာကြသည်။ထိုအထဲမှာ ဒေါသမီးတဟုန်းဟုန်းတောက်လောင်နေတာကတော့ ဘုန်းမြတ်ပေါ့။
လိပ်ပြာကလည်း ကိုကို့ပုံစံကို ကျေနပ်သွားပြီး
ဂရုမစိုက်ဟန်ဆောင်ကာ ဖိုးချွန်ကိုပဲ ကြည့်လိုက်တယ်။
"မောင်လေး...မမတို့နေ့လည်စာ သွားစားကြမလို့ လိုက်ခဲ့ရမယ်နော်...ကိုထွန်းဝေလည်း လိုက်ခဲ့ပေါ့...လူစုံတပ်စုံဆိုတော့ ပျော်စရာသိပ်ကောင်းမှာပဲ..ဟုတ်တယ်မှတ်လား မမဆု..."
"အဟင်း..သိပ်ဟုတ်တာပေါ့...."
ကိုကို့ကိုမကြည့်ပဲ မမဆုကိုသာဒဲ့ကြည့်ပြီး မေးပစ်လိုက်တယ်။လိပ်ပြာတို့ရဲ့ နှစ်ယောက်သီးသန့်ဒိတ်လေးကို လူစုံအောင်လုပ်ပစ်လိုက်တာ သူလေ။
အဲ့တော့ သူကအဓိကတရားခံပဲ။
"ဘုန်းမြတ်..ငါက ကားပါလာတယ်...မင်းတို့သွားချင်တဲ့ဆိုင်ကို ရှေ့ကနေလမ်းပြ ငါနောက်ကနေ မောင်းလာခဲ့မယ်..."
"ကောင်းပြီလေ..."
"လိပ်ပြာနဲ့ ဖိုးချွန်လည်း ကိုထွန်းရဲ့ကားနဲ့ပဲ လိုက်ခဲ့မယ်..."
"လိပ်ပြာဖြူ!!!!"
ကိုကိုကလိပ်ပြာကို အော်လိုက်ပေမဲ့ လိပ်ပြာကတော့ မျက်နှာတည်၊မျက်နှာထားနဲ့ပဲ ဂရုမစိုက်သလို နေပြလိုက်ပြီး ကိုထွန်းဝေကိုသာ ကြည့်လိုက်သည်။
"လိပ်ပြာနဲ့ ဖိုးချွန်ကို ကိုထွန်းရဲ့ကားနဲ့ တင်ခေါ်သွားမယ်မှတ်လား..."
"လိပ်ပြာက ဘုန်းမြတ်တို့နဲ့ မလိုက်ဘူးလား..."
ဘုန်းမြတ်ကို တစ်ချက်လှမ်းကြည့်ပြီး မေးသာမေးရတယ် ဘုန်းမြတ်ရဲ့အကြည့်စူးစူးကိုကြည့်ပြီး ထွန်းဝေလည်း နဖူးမှာချွေးပါစို့ချင်ချင်ဖြစ်လာရတယ်။
"ဘာလဲ...လိပ်ပြာတို့ကို တင်မခေါ်ချင်ဘူးလား..."
"ဟာ...မဟုတ်ပါဘူး...လိပ်ပြာလိုက်ချင်တယ်ဆိုရင် ခေါ်မှာပေါ့...."
"ဘုန်းမြတ် မမတို့သွားကြရအောင်လေ...လိပ်ပြာကသူတို့နဲ့စီးမယ်ဆိုတော့...."
အခွင့်အရေးလေး ပေးလိုက်တာနဲ့ ကိုကို့လက်ကိုချိတ်ပြီး အတင်းဆွဲခေါ်သွားတဲ့ မိန်းမကြီးကို လိပ်ပြာမဲ့ပစ်လိုက်သည်။စိတ်ကမခံနိုင်လို့သာ အရွဲ့တိုက်လိုက်ရတာ။ကိုယ့်ဟာလေး ပါသွားတော့လည်း နှမျောသလိုလို၊တွန့်တိုသလိုလို ဖြစ်နေရတယ်။
"ကဲ...လိပ်ပြာ ကိုယ်တို့လည်း ကားပါကင်ကိုသွားကြမယ်..."
"အင်း..."
"အင်း"တစ်လုံးသာ ပြောပြီးခေါင်းငိုက်ဆိုက်ချကာ အရှေ့မှထွက်သွားနှင့်တဲ့ သူမကို နားမလည်နိုင်စွာ ဖိုးချွန်နဲ့ထွန်းဝေခမျာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။
"မမလိပ်ပြာ...ဘာဖြစ်နေတာလည်း..ခင်းဗျားသိလား...ဟိုလူကရောဘယ်သူလည်း..."
"လိပ်ပြာ ဘာဖြစ်နေသလဲတော့ ငါမသိဘူး မင်းပြောတဲ့ ဟိုလူက ဘုန်းမြတ်သူရတဲ့ လိပ်ပြာရဲ့ရည်းစား
မသိရင်မှတ်ထား..."
"အော်..မမလိပ်ပြာရဲ့ရည်းစားကို...ဘာ!!!!
မ..မ..မမလိပ်ပြာမှာ ရည်းစားရှိနေပြီ.."
အံ့ဩပြီး မျက်လုံး၊မျက်ဆံပြူးသွားတဲ့ ဖိုးချွန်ကိုဘ၀တူချင်းမို့ စာနာစွာ ပုခုံးကိုတစ်ချက်ပုတ်ပြီး အားပေးလိုက်တယ်။
"မင်းနဲ့ငါ့အတွက် မျှော်လင့်ချက်မဲ့သွားပြီမို့
ငါတို့ရန်ဖြစ်လည်း မထူးတော့ပါဘူးငါ့ကောင်ရေ...
ဟိုက ဘဲရသွားပြီ...စိတ်သာလျှော့လိုက်ပါတော့..
ဘုန်းမြတ်ဆိုတာ ငါတို့ယှဉ်နိုင်တဲ့ကောင် မဟုတ်လို့ ငါလည်းကျန်စစ်သားနဲ့အမျိုးတော်ပစ်လိုက်ပြီ..အခုကစပြီး ငါ့နာမည်လည်း...ကျန်ထွန်းဖြစ်သွားပြီလို့ပဲ မှတ်လိုက်ပါတော့ကွာ..."
"ဟာ..စိတ်အချဉ်ပေါက်နေရတဲ့ ကြားထဲ အခြောက်အသံနဲ့ လာငိုပြနေတယ်...သွားဗျာ"
ထွန်းဝေက ငိုသံပါကြီးနဲ့စလိုက်တော့ ဖိုးချွန်မှာ
ဘုန်းမြတ်အပေါ်မကျေနပ်နေတာတွေကို ထွန်းဝေအပေါ်သို့ ပုံချပစ်လိုက်မိလေသည်။
ဒါမှန်းသိရင် မမလိပ်ပြာကို ဟိုးအရင်တည်းက ချစ်ရေးဆိုခဲ့တာပေါ့။ငယ်ငယ်တည်းက အတူသွား၊အတူစားဖြစ်ခဲ့တာကြောင့် မမဟာ မေမေပြီးရင်
ဖိုးချွန်အတွက်အရေးအပါဆုံး အမျိုးသမီးပဲ။မမကို ဖိုးချွန်သိပ်တန်ဖိုးထား၊မြတ်နိုးလွန်းလို့ ချစ်တဲ့အကြောင်းတွေကို ဖွင့်ပြောဖို့သတ္တိမရှိခဲ့ဘူး။
မမတစ်ခါကပြောဖူးတယ် "ငါတို့ကအလုပ်မရှိ အကိုင်မရှိဆန်ကုန်မြေလေးတွေကို စိတ်မ၀င်စားဘူးတဲ့လေ"။ထိုစကားကို ဖိုးချွန်အသဲထဲကနေ စွဲနေအောင်ကို မှတ်ထားခဲ့တယ်။
ဒါကြောင့် အလုပ်တစ်ခုအတည်တကျဖြစ်တော့မှ ဖွင့်ပြောမလို့ စဉ်းစားထားတဲ့ ဖိုးချွန်ရဲ့ အိပ်မက်ကလေးဟာလည်း တစ်နေ့တည်းနဲ့ ကျေပြတ်သွားပါတော့တယ်။
💔💔💔💔💔💔💔😢💔💔
လိပ်ပြာကားပေါ်မှဆင်းဆင်းခြင်း ရှမ်းရိုးရာရဲ့ ဆိုင်ခွဲဖြစ်တဲ့ မနော်ဟရီရှမ်းစားသောက်ဆိုင်လေးကို ဝေ့ဝဲကြည့်မိလေသည်။အရမ်းလှတာပဲ။တကယ့် ရှမ်းစော်ဘွားတွေနေတဲ့ အဆောက်အဦးလို ခံစားသက်၀င်ပြီး ဆောက်ထားတာကြောင့် နိုင်ငံခြားခရီးသွားတွေ လာစားသင့်တဲ့ နေရာလေးပါပဲ။
၀န်းထမ်းတွေကလည်း ရှမ်းရိုးရာ၀တ်စုံလေးတွေကို ၀တ်ထားကြပြီး တကယ်ဖော်ရွေကျပါတယ်။
လိပ်ပြာတို့အဖွဲ့က အဆောက်အဦးထဲကိုမ၀င်တော့ပဲ အပြင်ဘက်မှ ခုံတန်းတွေမှာနေရာ၀င်ယူလိုက်သည်။
ဘုန်းမြတ်မှာ စိတ်ဆိုးနေတဲ့ ချစ်သူလေးကို
ဒီလူအုပ်ထဲကနေ ဆွဲခေါ်ပြီးဘယ်လိုချော့ရမလည်း စဉ်းစားနေရတာ ခေါင်းကိုခြောက်ရောပဲ။
"ဘုန်းမြတ် မမ ဒီမှာထိုင်မယ်နော်..."
"ဗျာ..."
"ဘာလဲ မရဘူးလား..."
"ရ..ရပါတယ်..."
"ဘာလုပ်နေတာလဲ...ဘုန်းမြတ်လည်း ထိုင်လေ..."
တကယ်တော့ လိပ်ပြာနဲ့အတူထိုင်ဖို့ ခုံလေးတစ်လုံးကို အဆင်သင့်လုပ်ပေးထားတဲ့ဟာကို မမဆုက၀င်ထိုင်လိုက်လေသည်။သူလည်းပြောရင်မကောင်းတတ်လို့ မပြောပဲနေလိုက်ရတယ်။
နောက်ဆုံးတော့ သူ့ကိုပါအတင်းထိုင်ဖို့ ပြောနေတာကြောင့် စိတ်အိုက်စွာပဲ ထိုင်ချလိုက်ရတယ်။
ကိုကိုက ဟိုမိန်းမဘေးကခုံမှာ ၀င်ထိုင်လိုက်တော့ ဒေါသကထောင်းကနဲထွက်သွားမိသည်။
နဂိုကမှ အပူချိန်က အနှုတ်အောက်ရောက်နေပါတယ်ဆိုနေမှ ထပြီးပေါက်ကွဲအောင်လာလုပ်နေတယ်။
ဒါမျိုးတော့ ဘယ်ရမလဲ။ဖိုးချွန်နဲ့ ကိုထွန်းဝေတို့နှစ်ယောက်ကြားမှာ လွတ်နေတဲ့ခုံမှာ ၀င်ထိုင်ပစ်လိုက်တယ်။
"ဘာများသုံးဆောင်ကြမလဲရှင်..."
ရှမ်း၀တ်စုံနဲ့ ၀န်ထမ်းမလေးရဲ့ အမေးကြောင့် ကိုကိုရော ကိုထွန်းဝေရောက မီနူးကိုကြည့်ပြီးမှာကြလေသည်။
"ရှမ်းမြောက်ဟော့ပေါ့ပရီမီယမ်ရယ်,
ဖက်စောလောလေးတစ်ပွဲ,လားရှိုးကြီး၀က်စတူးတစ်ပွဲ,ငါးရနံ့မွှေးချက်တစ်ပွဲ,ဖက်တီးတော့တစ်ပွဲ
ငှက်ပျောဖူးထောင်း,ပဲတောင့်ရှည်ထောင်းတစ်ပွဲ
,ပြည်ကြီးငါးပဲပုတ်ကြော်,ကြက်ကချင်ချက်ရယ်,အင်းလေးဟင်းထုပ် နှစ်ပွဲ,ရှမ်းတို့ဖူးသုပ်,ကင်ပေါင်းကြော်,ခေါပုတ်ကြော်ရယ်..
လိပ်ပြာ ပုစွန်စားချင်ရင် ကိုယ်ပုစွန်ပွကြော်ထပ်မှာပေးမယ်လေ အဲ့ဒါက အစပ်လည်းမပါဘူး..."
"...မလိုပါဘူး..ရှင်အခုမှာနေတာတွေနဲ့တင် စားပွဲ တောင်ဆန့်ပါ့မလားမသိဘူး...ကျွန်မကစပ်လည်းစားတယ်,ချိုလည်းစားတယ်..ဟင်းဂျီးမများတတ်ဘူး.."
တမင်အမြင်ကပ်လို့ ခပ်ပြတ်ပြတ်ပဲ ပြောပစ်လိုက်သည်။
"အာ့ဆို ညီမလေး ခုဏကမှာထားတာတွေရယ် ထမင်းဖြူ ငါးပွဲ လိုက်ပွဲပါချပေးနော်..."
"ဟုတ်ကဲ့ရှင့်..."
၀န်ထမ်းကောင်မလေး ထွက်သွားပြီးနောက်မှာတော့ စားပွဲဝိုင်းကြီးက မိနစ်နှစ်ဆယ်လောက်ကြာအောင် တိတ်ဆိတ်သွားလေသည်။
ထိုတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သူကတော့
ဖိုးချွန်ပါပဲ။
"မမလိပ်ပြာ ဒီလူကမမရဲ့ ရည်းစားဆို..."
"နင့်ကိုဘယ်သူပြောလဲ..."
"ကိုထွန်းဝေမောင်ပြောတာ...."
ဖိုးချွန်ကကိုထွန်းဝေကို မေးငေါ့ပြပြီးမေးနေတာကြောင့် လိပ်ပြာလည်းလက်ကိုပိုက်ပစ်ကာ တစ်လုံးချင်းစီဖြေပေးလိုက်တယ်။
"ဒီမှာ မောင်လေး..ငါ့ရည်စားဖြစ်မဲ့လူက ငါ့ကိုနားလည်၊အလိုလိုက်တဲ့လူမျိုးပဲ ဖြစ်ရမယ် သူ့လိုအသက်နှစ်ဆယ့်လေးနှစ်တည်းနဲ့ သက်ကျားအိုလိုပုံပေါက်ပြီး အလိုက်မသိ၊ကတိမတည်တတ်တဲ့လူမျိုးကို ငါကရည်းစားတော်ရမတဲ့လား...
ဝေးသေး..ဖိုးချွန် နင့်ဆီမှာရုပ်ရည်လည်းချော၊စိတ်သဘောကောင်း၊မနောကောင်းနဲ့ ကပ်လာတဲ့အင်းဆက်ပိုးမွှားတိုင်းကိုလေ အားမနာတမ်းဖယ်ချနိုင်တဲ့ သူငယ်ချင်းရှိရင်ရာ မိတ်ဆက်ပေးဖို့
မမေ့နဲ့..."
"လိပ်ပြာဖြူ!!!!!!..."
ဘုန်းမြတ်ရဲ့ဟောက်သံကြောင့် ထွန်းဝေမျက်ခုံးတစ်ဖက်တွန့်တက်သွားသည်။စိတ်ထဲမှာလည်း ကျေနပ်လိုက်တာ နှိုင်းပြစရာတောင်မရှိတော့ပါဘူး။
"မှတ်ပေတော့ သားကြီးရေ မင်းအရင်က
ငါအပါအ၀င် ရှိသမျှမိန်းကလေး၊ယောက်ျားလေး လူစုံတက်စုံအောင်ကို ချေမိုးပြလာခဲ့သမျှ တစ်ထိုင်တည်းနဲကို အတွယ်ခံနေရတာ ကျေနပ်လိုက်လေခြင်း.."လို့စိတ်ထဲမှ ပြောမိသလို အပြင်ကလည်း ပြုံးမိသွားလေသည်။
"မှာထားတာတွေ ရပါပြီ..ကျန်နေသေးတာတွေကိုတော့ ခဏနေရင်လာချပေးပါ့မယ်ရှင်..."
ဆိုင်၀န်ထမ်းက ဟော့ပေါ့ပွဲကြီးနဲ့ ရှမ်းရိုးရာဟင်းအချို့ရယ်,ထမင်းဖြူတွေရယ်ကို လာချပေးတာကြောင့် အစားစားခြင်းကို စတင်လိုက်ကြရသည်။
"ဘုန်းမြတ်..ပဲတောင့်ရှည်ထောင်းလေးစားကြည့် မြေပဲလေးတွေနဲ့ စိမ့်နေတာပဲ..."
မမကဟင်းတွေကို တစ်မျိုးပြီး တစ်မျိုးလာထည့်ပေးနေတာကြောင့် ကျေးဇူးတင်ကြောင့် ခေါင်းပြန်ငြိမ့်ပြပြီး အပေါ်ကိုမော့အကြည့် မျက်စောင်းတစ်ခုနဲ့စုံလိုက်တာကြောင့် နေရာမှာတင်ပြာကျချင်သွားရသည်အထိ ထိတ်လန့်ရပြန်ပါပြီ။
သူ့အနေနဲ့ လိပ်ပြာကိုဟင်းလှမ်းခပ်ထည့်ပေးရအောင်လည်း ဘေးချင်းကပ်လျှက်မဟုတ်နေပဲ ကြားထဲမှာ ဟော့ပေါ့အိုးကခံနေလေသည်။
ဘုန်းမြတ်အဖို့ သက်ပြင်းတွေကို အခါခါချနေဖို့သာ ပဲတတ်နိုင်ပါတော့တယ်။
ကိုကို့ပန်းကန်ထဲကို ဟင်းမျိုးပေါင်းစုံအောင် ခပ်ထည့်ပေးရင်းနဲ့ ပြုံးပြလိုက်၊ကြာပစ်ပြလိုက်လုပ်နေတဲ့ ဟိုမိန်းမကိုရော ကျေနပ်နေသလိုမျက်နှာပေးမျိုးဖြစ်နေတဲ့ ဟိုလူကြီးကိုရော အမြင်ကပ်လာသည်။
"ရော့..မောင်လေးက ၀က်သားသုံးထပ်သားစား..."
ဟော့ပေါ့အိုးထဲမှ ၀က်သားသုံးထပ်သားကို ထမင်းအဖြူအပေါ်လာတင်ပေးတဲ့ မမကြောင့် ဖိုးချွန်ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။
ထမင်းစားနေတဲ့ ဥစ္စာ ၀က်သားကိုအချဉ်ရေနဲ့ လာတို့စားခိုင်းနေတော့ ဟုတ်တော့မဟုတ်သေးပါဘူး။
"မမ..ကျွန်တော်က ထမင်းစားနေတာလေ ၀က်သားကြီးမစားချင်သေးဘူး..."
"လျှာမရှည်နဲ့ ငါစားဆိုစားလိုက်..."
"ညီမလေးရယ်..သူများကမစားချင်ရင် အတင်းမကျွေးနဲ့လေ..စားတဲ့သူကိုကျွေးရင်တော့ တစ်မျိုးပေါ့..."
သူနဲ့လည်းဘာမှမဆိုင်ပဲ လာ၀င်ပြောပြန်ပြီ။
ဟုတ်တာပေါ့ ကိုကိုကသူထည့်ပေးသမျှတစ်ခုမှ ငြင်းတာမှမဟုတ်တာ ပြောအားရှိမှာပေါ့။
လိပ်ပြာရဲ့စိတ်ထဲမှာ ငိုချင်လာတာပဲသိတယ်။
"ကိုကို အဲ့ဟင်းပွဲလေး..."
"ဘုန်းမြတ် မမကို ငှက်ပျောဖူးထောင်းပွဲလေး ကမ်းပေးပါလားကွယ်..."
ဆိုဖီ ဟင်းပွဲကို တမင်လှမ်းယူခိုင်းလိုက်တာပါ။
လိပ်ပြာဖြူရေ မင်းရဲ့ချစ်သူကိုရယူပြဖို့ တို့အတွက်ကြမ်းတမ်းပြစရာကို မလိုတာ။တစ်ဖြည်းဖြည်းနဲ့ လှိုက်စားပြီး မင်းရဲ့နေရာကို တို့ယူတော့မှာမို့ စိတ်တော့မကောင်းပါဘူး။
ဒါပေမဲ့ တို့ကဆုံးဖြတ်ပြီးရင် ဖြစ်အောင်လုပ်တတ်တဲ့လူပဲ လိပ်ပြာဖြူ။
"အော်...ကိုထွန်းကိုလည်း ထည့်ပေးရအုံးမယ်...
ရော့..ကန်စွန်းဥလေးစားကြည့် အိနေတာပဲ..စားကြည့်နော်.."
ဟော့ပေါ့အိုးထဲကနေ ဖိုးချွန်ကို၀က်သားသုံးထပ်သား ယူကျွေးတာကတော့ ထားပါတော့။
ကိုယ့်အလှည့်ကျမှ ကန်စွန်းဥကို တစ်ကုတကလုပ်ပြီး လာထည့်ပေးနေတဲ့ ကောင်မလေးကိုကြည့်မိတော့ သူ့ကိုမျက်လုံးတစ်ဖက်မှိတ်ပြလာသည်။
ထွန်းဝေသိလိုက်ပါပြီ။ဒီပွဲမှာ ဖိုးချွန်နဲ့သူက ဓားစာခံတွေဖြစ်ပြီး လိပ်ပြာကခြိမ်းခြောက်သူဖြစ်ကာ
ဘုန်းမြတ်ကတော့ မျက်ရည်ယိုရမဲ့လူပေါ့။လိပ်ပြာချိန်ရွယ်နေတဲ့ လူဟာမမဆိုဖီဆိုတာလည်း သေချာနေပါပြီ။
ထွန်းဝေကြည့်နေတာ မမဆိုဖီကဘာလို့များ ဘုန်းမြတ်အနားမှာပဲ ကပ်နေရတာလဲ။
ဘုန်းမြတ်က အလိုက်သိတာကြောင့်ထားပါတော့ ဘုန်းမြတ်ရဲ့ကောင်မလေးတစ်ယောက်လုံးရှိနေတာကို ဒီလိုနေရာ၀င်ယူချင်တဲ့ ပုံစံမလုပ်သင့်ပါဘူးလေ။။ဆရာကြီးသာသိရင် သူ့သမီးဖြစ်သူရဲ့ လုပ်ရပ်တွေကို တော်တော်စိတ်ဆိုးမှာပဲ။
"လိပ်ပြာ သန့်စင်ခန်းကို ခဏသွားလိုက်အုံးမယ်..."
လိပ်ပြာသန့်စင်ခန်းကို သွားတာတွေ့တော့ ဘုန်းမြတ်လည်း အခွင့်ကောင်းကိုစောင့်ဆိုင်းနေသည့်အလျှောက် တုန့်ဆိုင်းမနေပဲ သူပါထထွက်လာခဲ့လိုက်သည်။
"လိပ်ပြာ..."
သန့်စင်ခန်းထဲကနေထွက်လာတော့ ကိုကိုကအပြင်မှာ ရပ်စောင့်နေလေသည်။
"ဘာလဲ...ရှင်နဲ့ကျွန်မကြားမှာ ဘာမှပြောစရာမရှိဘူး..."
"ကိုယ်ရှင်းပြတာကို နားထောင်ပါအုံးကွာ..."
လိပ်ပြာရဲ့လက်မောင်းကိုလှမ်းဆွဲထားတာကြောင့် ခြေလှမ်းတွေကိုရပ်ပစ်လိုက်ရသည်။
မဟုတ်ရင် ဆိုင်၀န်ထမ်းတွေက တစ်မျိုးထင်ကုန်ကြလိမ့်မယ်။
"မြန်မြန်ပြော "
"တကယ်တော့ မမဆုတို့သားအဖက ကိုယ့်အပေါ်မှာ ကျေးဇူးကျွေးတွေအရမ်းများခဲ့ပါတယ် .."
"အော် အဲ့ဒါနဲ့ပဲ ကျွန်မကိုပစ်ပြီး မမဆုဆိုတာနဲ့
ပတ်သတ်တော့မယ်ပေါ့ ကောင်းပါတယ်.."
"လိပ်ပြာ ကိုယ်အဲ့လို တစ်ခါမှမတွေးထားဖူးဘူး..
ကိုယ့်စိတ်ကအမြဲ လိပ်ပြာဆီမှာပါပဲ အခုက.."
"ဘာလဲ...ကျေးဇူးတရားပဲလာအုံးမှာမှတ်လား..
အဲ့လောက်တောင် ဖြစ်နေရင်လည်း အဲဒီ့ကျေးဇူးတရားတွေကို အတောင့်လိုက်မျိုချပြီး ရှင့်မမဆုကိုပဲအံကျွေးလိုက်တော့ ကျွန်မကတော့ ရှမ်းစာပဲကြိုက်တယ်..."
လိပ်ပြာက အထင်အမြင် တွေလွဲပြီး ပြောချင်တာတွေ ပြောခဲ့ကာထွက်သွားလေသည် ။
ဘယ်လိုပြောပြော မရတဲ့ချစ်သူကြောင့်
သူ့ကိုယ်သူလည်း မကျေမနပ်ဖြစ်မိသည်။ဒီအတိုင်းဆိုရင် ဆရာကြီးကလွဲရင် ဘယ်သူ့ကိုမှ ပြောမပြခဲ့တဲ့အမှန်တရားတွေ အားလုံးကို လိပ်ပြာကို ပြောပြမှဖြစ်တော့မယ်။
ဟုတ်တယ်။သူပြောပြမှ ဖြစ်မယ်။
လိပ်ပြာအပေါ်မှာ လျှို့ဝှက်ထားတာတွေများလာရင် တစ်ချိန်ချိန်မှာ သူမပေါက်ကွဲပြီး သူ့ကိုစွန့်ခွာသွားမှာ သူသိပ်ကြောက်တယ်။
စိတ်ဓာတ်တွေကျစွာပဲ သူ့အဖွဲ့တွေစားသောက်နေကြတဲ့ စားပွဲဆီသို့သာ ပြန်လာခဲ့လိုက်ပြီး ထိုင်ခုံမှာ ၀င်ထိုင်လိုက်သည်။
📳"တောင်..."
မက်ဆေ့အသံကြောင့် ဖုန်းကိုထုတ်ကြည့်မိတော့
ကိုကို့ဖုန်းနံပါတ်ဖြစ်နေသည်။တစ်စားပွဲတည်း ထိုင်နေတာကို ဘာလို့မက်ဆေ့လာပို့နေရတာလဲ။
စာကိုသေချာ ဖတ်ကြည့်လိုက်တော့...
✉️"လိပ်ပြာ ညကျရင် လိပ်ပြာကို ကိုယ်နဲ့ပတ်သတ်တဲ့ကိစ္စတိုင်းကို ပြောပြချင်တယ် ..
နားထောင်ပေးနိုင်မလား..ပြန်ဖြေပေးပါကွာ..."
ဖုန်းကိုကြည့်ပြီး ကိုကို့မျက်နှာကိုပြန်ကြည့်မိတော့ စိုးရိမ်မှုများနဲ့ တောင်းပန်းတိုးလျှိုးနေတဲ့ ကိုကို့ပုံစံလေးက လိပ်ပြာမသနားပဲမနေနိုင်အောင်ပါပဲ။
စိတ်ကောက်ပြနေပေမဲ့ပေါ့။
📳"တောင်..."
✉️"အင်း...နားထောင်ကြည့်တာပေါ့..."
လိပ်ပြာဆီမှ ပြန်စာကြောင့် ရင်ထဲမှာတော့
ပျော်ရွှင်မှု လှိုင်းလုံးလေးတွေ ပုတ်ခတ်လာသလိုခံစားလိုက်ရသည်။
အခုလို အထင်လွဲမှုတွေဖြစ်လာမှ သူမနဲ့ဝေးရမှာကိုပိုကြောက်သလိုလို၊သူမသူ့ကို စွန့်ခွာသွားမှာကို မခံစားနိုင်သလို စိတ်ခံစားချက်ကြီးက တော်တော်လေးကိုဆိုးမှန်းသိလိုက်ရတာ အမှန်ပါပဲ။
လိပ်ပြာ စိတ်ရှင်းအောင် မမဆုနဲ့သူ့ရဲ့ကြားထဲက အကန့်ကိုလည်း ထူထဲစွာ အုတ်မြှစ်ချမှရပါတော့မယ်။
မဟုတ်ရင် သူ့ကောင်မလေးက အရမ်းသ၀န်တိုတတ်တဲ့ မိန်းကလေးမို့ပါပဲ။ထွန်းဝေနဲ့ ဖိုးချွန်ကို အရွဲ့တိုက်ပြီးလုပ်ပြ၊ပြောပြနေတဲ့ သူမရဲ့အပြုအမူတွေကြောင့် ငယ်ငယ်နဲ့သွေးတိုးရောဂါ ရနေမှာလည်းသေချာတယ်။
Zawgyi
ခ်စ္လိပ္ျပာေလး တဝဲလည္လည္
အခန္း၂၄
🎶"ၾကင္နာသလို မၾကင္နာသူ ေနႏိုင္ရက္တဲ့ခ်စ္သူေလး...🎶
🎶အႏိုင္ယူတတ္တဲ့သူ႔စိတ္ေတြကိုကြယ္...
ကိုယ္မၿငိဳျငင္ခဲ့ဘူး တကယ္...🎶
🎶ညာေနတာေတြ ရင္ထဲက.…..
ဖုန္းလာေနတဲ့အသံေၾကာင့္ လိပ္ျပာလန႔္ႏိုးသြားသည္။ပတ္၀န္းက်င္ကိုၾကည့္လိုက္ေတာ့ လိပ္ျပာကအိပ္ခန္းထဲမွ ကုတင္အေပၚမွာေရာက္ေနသည္။
မေန႔ကညေျခာက္နာရီအထိ လိပ္ျပာစာထိုင္ေရးေနရင္းနဲ႔ လသာေဆာင္ရဲ႕ဒရင္းဘတ္အေပၚမွာအိပ္ေပ်ာ္သြားတာပါ။
ဒါဆို လိပ္ျပာကိုကုတင္အေပၚျပန္ေ႐ြ႕ေပးတဲ့ လူကကိုကိုမ်ားလား။
လိပ္ျပာစိတ္ထဲမွာနဲနဲေပ်ာ္သြားမိတယ္။ကိုကိုကလိပ္ျပာကိုဂ႐ုစိုက္ေသးတာပဲ။
ကိုကို႔အေၾကာင္းေတြးေနမိတာနဲ႔ ဖုန္းလာေနတာကိုေတာင္ ေမ့ေနသည္။ဖုန္းကိုၾကည့္လိုက္ေတာ့ သူဇာ့ဆီမွျဖစ္ေနသည္။
အခ်ိန္ကလည္း မနက္၇ႏွစ္နာရီႀကီးကို ဘာျဖစ္လို႔ဆက္တာပါလိမ့္။
"ဟယ္လို...သူဇာ..."
"လိပ္ျပာေရ နင့္အတြက္၀မ္းသာစရာသတင္းရွိတယ္ေဟ့..."
"ဟမ္...ဘာသတင္းမ်ားလည္း...နင္ေယာက္်ားယူေတာ့မလို႔လား..."
"ဟာ...ဘယ္ကလာ...ေယာက္်ားယူဖို႔မေျပာနဲ႔ မူးလို႔
ရႉစရာေတာင္မရွိပါဘူး...အခုေျပာမွာက
ၾကည္ျပာ့ကိစၥ အခုၾကည္ျပာငါ့အေဆာင္ကို ေရာက္ေနတယ္ မေန႔ညကငါ့ဆီကိုလာၿပီး ငါ့ကိုေတာင္းပန္လိုက္တာလည္းအႀကီးအက်ယ္ပဲ
ကိုျမင့္သူကိစၥကိုလည္း ငါတို႔ေက်ာင္းတုန္းကဟယ္ ဘုတ္ဆုံမအိျမတ္...နင္သိတယ္မွတ္လား..."
"ဟာ...သိတာေပါ့ဟာ...လွည္းလုပ္ရင္ၾကာပါ့မယ္
အိျမတ္ရဲ႕တင္ပုဆုံႀကီး လွည္းလုပ္လို႔စီးဆိုၿပီး
အစခံရတဲ့တစ္ေယာက္မွတ္လား..."
"ေအးေဟ့...အဲဒီ့အိျမတ္နဲ႔ ၾကည္ျပာမ မေန႔က Time City မွာေတြ႕ၾကၿပီး ေရွးေဟာင္းေႏွာင္းျဖစ္ေတြေျပာၾကရင္းနဲ႔ ကိုျမင့္သူကိစၥေျပာျဖစ္ၾကေရာ အဲ့မွာ အိျမတ္ကအကုန္ေျပာျပလိုက္ေတာ့မွ ကိုျမင့္သူရဲ႕အပုပ္ေတြကို သူအကုန္သိၿပီး ငါ့ဆီကိုေရာက္လာတယ္...ငါလည္းကိုဘုန္းျမတ္ကို နင္အရင္ထဲကႀကိတ္ေႂကြခဲ့တဲ့အေၾကာင္းေတြ ေျပာျပလိုက္တာေပါ့...အဲ့ဒီမွာ ၾကည္ျပာမက..."
"ေလေၾကာရွည္လိုက္တာ သူဇာရယ္ ငါ့ကိုေပးစမ္းပါ..."
သူဇာ့အသံတင္မဟုတ္ပဲ ဟိုဘက္အျခမ္းမွ
ၾကည္ျပာ့အသံကိုပါ လိပ္ျပာရွင္းရွင္းလင္းလင္းၾကားလိုက္ရပါတယ္။
"လိပ္ျပာ ငါေတာင္းပန္ပါတယ္ ငါစိတ္လိုက္မာန္ပါ လုပ္လိုက္၊ေျပာလိုက္မိတယ္ နင္ငါ့တိုက္ခန္းကိုသာျပန္လာခဲ့ပါဟာ ငါအုန္းပြဲ၊ငွက္ေပ်ာပြဲနဲ႔ကို နင္ေက်နပ္တဲ့အထိ ထိုင္ေတာင္းပန္ပါ့မယ္ေနာ္...အခုေလငါ့အတြက္ CEOဘုန္းျမတ္ဆိုတာလည္းမလိုဘူး...နင္တို႔ကိုသာငါ့ေဘးနားမွာ ရွိေစခ်င္တာပါ"
ၾကည္ျပာ့အေျပာေၾကာင့္ လိပ္ျပာရယ္ခ်င္သလို ငိုခ်င္သလိုျဖစ္ေနရသည္။
"ၾကည္ျပာရယ္...ငါေလ နင့္အေပၚမွာဘယ္လိုမွ အျပစ္မယူပါဘူးဟာ...ငါနားလည္ပါတယ္.."
"နင္တကယ္ေျပာတာေနာ္ လိပ္ျပာ..."
"တကယ္မဟုတ္ဘူး ႏွစ္ကယ္ဟာ...ဒါေပမဲ့ငါနင့္တိုက္ခန္းကိုျပန္လာလို႔မရေသးဘူး ငါဒီမွာရွင္းရမဲ့ကိစၥေလးရွိေနတယ္လို႔ ထင္တယ္...အဲ့ဒါၿပီးတာနဲ႔ ငါျပန္လာခဲ့ပါ့မယ္ေနာ္..."
"ေအးပါဟာ နင္ျပန္လာမယ္ဆိုရင္ ၿပီးတာပဲ..."
"ေအး...အဲ့ဒါဆိုဒါပဲေနာ္ ..."
"တူ...တူ..တူ.."
ဖုန္းက်သြားတာနဲ႔ လိပ္ျပာရဲ႕စိတ္ေတြလြတ္လပ္သြားသလို ခံစားေနရသည္။မွန္ခ်ပ္ေတြမွာ ခ်ထားတဲ့လိုက္ကာေတြကို ေဘးသို႔တြန္းပစ္ၿပီး ျပဴတင္းေပါက္ကို ဖြင့္ကာ သန႔္ရွင္းလတ္ဆတ္တဲ့ေလထုကို တစ္၀ႀကီးရႉရႈိက္ပစ္လိုက္မိသည္။
"ဟင္.. ကိုကိုနဲ႔ မမဆု..."
ကြန္ဒိုရဲ႕ ေအာက္ေျခ လူသြားစၾကၤန္လမ္းမေပၚမွာ ကိုကိုနဲ႔မမဆုက အားကစား၀တ္စုံေတြကို ၀တ္ကာ ေလ့က်င့္ခန္းလုပ္ၿပီးလို႔ ျပန္လာၾကဟန္တူသည္။
ရယ္လို႔၊ေမာလို႔ေပါ့။
ကိုကိုက ဘာအခ်ိဳးခ်ိဳးတာလဲ။လိပ္ျပာေနရာမွာ
မမဆုကဘာလို႔ရွိေနရတာလဲ။ၾကည္လင္ေနတဲ့ စိတ္ေတြဟာ ထုံး၀င္ေမႊလိုက္သလို ေနာက္က်ိသြားေတာ့သည္။
"...စိတ္ရႈပ္တယ္ဟာ...မ်က္ႏွာသစ္တာပဲေကာင္းတယ္..."
လိပ္ျပာမ်က္ႏွာသစ္ သြားတိုက္ၿပီး မနက္စာျပင္ဆင္ဖို႔ ထမင္းစားခန္းထဲကို၀င္လာေတာ့ ကိုကိုနဲ႔ မမဆုက မနက္စာေတာင္စားႏွင့္ေနၾကပါလား။
"လိပ္ျပာႏိုးၿပီလား...ကိုယ္တို႔နဲ႔မနက္စာအတူလာစားေလ..."
ကိုကိုကထိုင္ရာမွ ထလာၿပီး လိပ္ျပာရဲ႕ပုခုံးကိုလာဖက္ေလသည္။အဲ့ဒါကိုဟိုမိန္းမႀကီးက မ်က္ႏွာရႈံ႕မဲ့သြားတာကိုလည္းလိပ္ျပာေတြ႕လိုက္ပါတယ္။
ဒီမိန္းမက ကိုကိုနဲ႔ဆိုရင္႐ုပ္ကတစ္မ်ိဳး လိပ္ျပာနဲ႔ဆိုရင္ တစ္မ်ိဳးေျပာင္းသြားေရာ။
"လာေလ...မမဆုက တကူးတကပါစတာလုပ္လာေပးတယ္..."
"ပါစတာ..."
"မင္းမသိဘူးလား...ဘုန္းျမတ္ကမနက္စာကို
ပါစတာနဲ႔စားရမွ စား၀င္တာေလ ဒါေၾကာင့္ဘုန္းျမတ္ကိုစားေစခ်င္လို႔ လုပ္လာေပးတာ အမ်ားႀကီးက်န္ေသးပါတယ္ မင္းလည္းႀကိဳက္ရင္ယူစားေပါ့..."
ဒီယုန္ျမင္လို႔ ဒီခ်ဳံထြင္ေနတာမ်ား မသိရင္ခက္မယ္။ႏြားအိုျမက္ႏုႀကိဳက္တဲ့ ႏြားမႀကီး မဟုတ္ပါဘူး မိန္းမႀကီးမွန္း စေတြ႕ကတည္းကသိၿပီးသားပါ။
"ဘုန္းျမတ္ကိုစားေစခ်င္လို႔"ဆိုၿပီး ေၾကာ္ျငာ၀င္လိုက္တည္းက လိပ္ျပာကိုေတာ့ တစ္စက္မွ မသဒၵါဘူးလို႔ေျပာခ်င္တာေပါ့ေလ။
အက်င့္ကိုက ေနာက္ေခ်းထဲကပိုးေကာင္ေလာက္ေတာင္ အဆင့္မရွိဘူး။ပုပ္အဲ့နံေဆာ္ေနတာပဲ။
"မမဆုလက္ရာဆိုေတာ့ သိပ္ေကာင္းမွာပဲေနာ္
ကိုကို႔လို ဘို႐ူး...အဲမဟုတ္ပါဘူး...ကိုကို႔လိုဘိုစာမွဘိုစာျဖစ္ေနတဲ့ လူေတြကပဲ ဘိုစာႀကိဳက္ခ်င္ႀကိဳက္မွာေပါ့ လိပ္ျပာကေတာ့ ျမန္မာစာonlyမို႔ ကိုယ္ဘာသာထမင္းပဲေၾကာ္စားလိုက္ေတာ့မယ္..."
မမဆုဆိုတဲ့ မိန္းမႀကီးကို ၿပဳံးသလိုမဲ့သလိုနဲ႔ေျပာပစ္လိုက္ၿပီး ကိုကို႔ဘက္ကိုလွည့္ကာ ကိုကို႔လက္ေမာင္းကို ညင္ညင္သာသာေလး ဖက္ျပလိုက္သည္။ၿပီးေတာ့ ကိုကို႔မ်က္လုံးကိုတည့္တည့္ၾကည့္ၿပီး ခံစားခ်က္ေတြကို တစ္လုံးခ်င္းေဖာ္ျပပစ္လိုက္သည္။
"ကိုကိုကေလ...ပါစတာကိုသိပ္ႀကိဳက္တာပဲလား...
ဟုတ္လား...အဟင္း ဒါဆို ၀ေအာင္စားေနာ္ မ၀ေသးရင္ေလ...မမဆုကိုထပ္ခ်က္ခိုင္းလိုက္ေပါ့ လိပ္ျပာကေတာ့ ဒီေန႔ကစၿပီး ကိုယ္စားဖို႔ပဲကိုယ္ခ်က္ေတာ့မယ္..."
"ဟာ...လိပ္ျပာ...လိပ္ျပာ.."
သူ႔ကို႐ြဲ႕ေစာင္းကာေျပာပစ္ခဲ့ၿပီး ကြန္ဒိုအျပင္ကိုထြက္သြားတဲ့သူမေၾကာင့္ သူေခါင္းနပန္းႀကီးသြားသည္။
"မမ...ေတာင္းပန္ပါတယ္ေနာ္...လိပ္ျပာက ကေလးသိပ္ဆန္တာ ကြၽန္ေတာ္ သြားေခ်ာ့လိုက္အုံးမယ္..."
"အဟင္း...ကိစၥမရွိပါဘူး...သြားေခ်ာ့သြား..."
ထြက္သြားတဲ့ဘုန္းျမတ္ရဲ႕ ေက်ာျပင္ကိုၾကည့္ၿပီး
ဆိုဖီ ခုံကိုတစ္ခ်က္ပိတ္ထုပစ္လိုက္သည္။
ေကာင္မေလးက ၾကည့္ေတာ့သာကေလး႐ုပ္နဲ႔
အေက်ာကမေသးဘူးပဲ။မူယာမာယာေတြ လုပ္ျပေနလိုက္တာမ်ား ဘုန္းျမတ္နဲ႔ သူ႔လိုအဆင့္နဲ႔ကတန္လို႔လား။႐ုပ္ကေလး ဗန္းျပၿပီးျခဴစီလုပ္ေနတာပဲ ေနမယ္။
🦋🦋🦋🦋🦋🦋🦋
တိုက္ခန္းထဲမွ ထြက္လိုက္ၿပီး အျဖဴေရာင္လိပ္ျပာေလးကို လိုက္ရွာမိေတာ့ လိပ္ျပာကဓာတ္ေလွကားေစာင့္ေနဟန္တူသည္။ဒီေကာင္မေလးဘယ္ကိုထြက္ေျပးမလို႔ပါလိမ့္။
"အေမ့..."
ဓာတ္ေလွကားတံခါးပြင့္လာတာနဲ႔ လိပ္ျပာ၀င္မယ္လုပ္ေတာ့ လူကေလထဲကိုေျမာက္တက္သြားသည္။
"ကိုကို ဘာလုပ္တာလဲ လိပ္ျပာကိုေအာက္ခ်ေပးေနာ္..."
"ခ်ေပးလိုက္ရင္ ဒီငရစ္ေလးကထြက္ေျပးသြားမွာေပါ့..."
ကိုကိုက လိပ္ျပာရဲ႕ေက်ာျပင္နဲ႔ ဒူးအေကြးေနရာမွေနၿပီး ေလ့က်င့္ခန္းလုပ္ရင္မတဲ့အေလးတုံးလိုပဲ အသာေလးေပြ႕ခ်ီထားေလသည္။
"အဟင္း...မရစ္ေစခ်င္ရင္ ဆင္ျခင္ေလ...လိပ္ျပာမွာေတာ့ သူ႔ကိုခ်စ္လြန္းလို႔ ဟင္းမ်ိဳးစုံခ်က္ေႂကြးလိုက္ရတာ သူကေတာ့ သူမ်ားလုပ္တဲ့ ပါစတာကိုမွႀကိဳက္ပါတယ္တဲ့ အဲ့ေလာက္ေတာင္ႀကိဳက္ေနရင္လည္း အိမ္မွာသာအၿပီးေခၚထားလိုက္ေတာ့ ေလ...
လိပ္ျပာဒီေန႔ပဲဆင္းေပးမယ္..."
မ်က္ႏွာေလးကမသာမယာနဲ႔ သ၀န္တိုမႈေတြကို ေပါက္ကြဲထြက္ျပေနတဲ့ သူမကိုၾကည့္ၿပီး သူစိတ္မေကာင္းေတာ့ျဖစ္မိသည္။
"ကိုယ္ေတာင္းပန္ပါတယ္လိပ္ျပာရယ္ မမဆုကကိုယ့္ေက်းဇူးရွင္ရဲ႕သမီးမို႔ ကိုယ္လိုက္ေလ်ာေပးမိတာပါ ...ကိုယ္တကယ္စိတ္မေကာင္းပါဘူး..."
ညႇိဳးက်သြားတဲ့ ကိုကို႔မ်က္ႏွာကိုၾကည့္ၿပီး လိပ္ျပာသနားသြားမိတယ္။လိပ္ျပာ႐ြဲ႕တာမ်ားသြားၿပီထင္ပါရဲ႕။လိပ္ျပာကိုယ္တိုင္ကလည္း ကိုကို႔အေပၚကို အၾကာႀကီးစိတ္မဆိုးႏိုင္ပါဘူးေလ။
ကိုကို႔လည္ပင္းကိုလက္ႏွစ္ဖက္နဲ႔ဖက္ထားရင္းမွ
ကိုကို႔ရဲ႕ပါးျပင္ေလးကို နမ္းရင္းႏွစ္သိမ့္ေပးလိုက္သည္။
"စိတ္မေကာင္းျဖစ္ရင္ ဒီေန႔လိပ္ျပာကို ေဈး၀ယ္ဖို႔
စူပါမားကပ္ကိုလိုက္ပို႔ရမယ္ ၿပီးရင္ေန႔လည္စာအတူစားၾကမယ္...မမဆုကိုမေခၚရဘူးေနာ္..."
"လိပ္ျပာရဲ႕ သေဘာဗ်ာ..."
ဒီလိုနဲ႔ ဓာတ္ေလွကားထဲကိုလည္းမ၀င္ျဖစ္ေတာ့ပါပဲ ငယ္႐ြယ္တဲ့ခ်စ္သူႏွစ္ဦးဟာ အခ်စ္အသိုက္အၿမဳံႀကီးရွိရာ တိုက္ခန္းေလးဆီသို႔သာ ေျခဦးျပန္လွည့္မိၾကပါေတာ့တယ္။
အေဖာ္မဲ့ေနတဲ့ ဓာတ္ေလွကားႀကီးရဲ႕ တံခါးခ်က္ဟာလည္း အလိုလိုျပန္ပိတ္သြားေလသည္။
🦋🦋🦋🦋⭐⭐⭐⭐
"ကိုကို...ဒီဟာေလး..."
"ဘုန္းျမတ္...မမဆုကို ဒီေကာ္ဖီဘူးေလး ယူေပးပါလား..မမွီဘူးျဖစ္ေနတယ္.."
ကိုကိုနဲ႔ႏွစ္ေယာက္ထဲ အတူရွိခ်င္လို႔ စင္တာမွာေဈးလာ၀ယ္ပါတယ္ဆိုေနမွ ဟိုမိန္းမႀကီးက အလိုက္ကန္းဆိုးမသိပဲ သူမ်ားခ်စ္သူစုံတြဲၾကားမွာ ကန႔္လန႔္၊ကန႔္လန႔္နဲ႔ပါလာေလရဲ႕။
ဘယ္ဥကေပါက္လာလို႔ ဒီေလာက္လက္ေပါက္ကပ္တာလည္း မသိေတာ့ပါဘူး။ဘယ္ဂ်ိဳေပၚကေန ေရာက္လာလို႔ ဒီေလာက္အထိလူမႈေရးနားမလည္ရတာလဲ။
သူ႔ၾကည့္ေတာ့ သုံးလက္မေဒါက္ဖိနပ္ႀကီးစီးထားၿပီး ဟိုဟာမမွီဘူး ဒီဟာယူလို႔မရဘူးနဲ႔ ေကာင္းေတာ့လည္း ေကာင္းပါတယ္ အျမင္ကပ္ဖို႔။
ကိုယ့္ပစၥည္းကိုယ္ အပိုင္ကိုင္ထားရမယ္ဆိုတဲ့ စိတ္နဲ႔ ကိုကိုတို႔ရပ္ေနတဲ့ ေနရာဆီကို လိပ္ျပာ ေလွ်ာက္သြားလိုက္တယ္။
"ေဘးကို..ေဘးကို ဖယ္ၾကပါ...တိုက္မိမယ္
ဖယ္ေပးၾကပါ..."
အသံၾကားရာကို ၾကည့္လိုက္ေတာ့ မုန႔္ပုံးေတြသယ္လာတဲ့ လွည္းကအရွိန္နဲ႔ လိပ္ျပာရပ္ေနတဲ့ ေနရာဆီကိုတည့္တည့္ႀကီး လာတိုးေနသည္။
လိပ္ျပာေၾကာက္ၿပီး မ်က္လုံးေတြကိုမွိတ္ခ်ပစ္လိုက္ေတာ့ ႐ုတ္တရက္ လက္ေမာင္းကေနလွမ္းအဆြဲခံလိုက္ရတာေၾကာင့္ အေနာက္ကိုနည္းနည္းယိုင္သြားေလသည္။
"ဟာ..ညီမေလးကို တိုက္မိသြားေသးလား...
အစ္ကိုက မုန႔္ပုံးေတြနဲ႔ ကြယ္ေနလို႔ ေရွ႕ကိုသိပ္မျမင္ရဘူး...ဒါေၾကာင့္ႀကိဳဖယ္ခိုင္းတာပါ...
ေတာင္းပန္ပါတယ္ေနာ္..."
"ရတယ္အစ္ကို..."
တြန္းလွည္းတြန္းတဲ့ ၀န္ထမ္းကို စကားေျပာၿပီးေနာက္မွာ ကိုကို႔ဆီအၾကည့္ေရာက္သြားေတာ့ ဟိုမိန္းမႀကီးက တြန္းလွည္းအတိုက္ခံရမွာဆိုးလို႔ ကိုကို႔ေဘးနားမွာ ကပ္ၿပီးမတ္တက္ရပ္ေန ေလသည္။
"လိပ္ျပာ..လန႔္သြားေသးလား..."
"ဟင္...ကိုထြန္းေဝ..."
လိပ္ျပာရဲ႕လက္ကို အေနာက္ကေနဆြဲလိုက္တဲ့ သူအား အခုမွပဲေသခ်ာၾကည့္မိတယ္။
ကိုထြန္းေဝက လိပ္ျပာကိုစိုးရိမ္ဟန္နဲ႔ ေမးေနေလသည္။
"ထြန္းေဝ..တိုက္ဆိုင္လိုက္တာ..မင္းေရာေဈးလာ၀ယ္တာလား..."
အခုမွ ကိုကိုက လိပ္ျပာေဘးနားကိုေရာက္ခ်လာၿပီး ကိုထြန္းေဝ ကိုင္ထားတဲ့လိပ္ျပာရဲ႕လက္ကိုျပန္ဆြဲယူၿပီး ေမးေလသည္။
"ေအး..တစ္ပတ္စာေဈးလာ၀ယ္တာ.."
"ဟိုင္း..ထြန္းေဝ.."
"ဟာ...မမဆိုဖီ..."
ဒီမိန္းမႀကီးက ပါေလရာငါးပိခ်က္ပါလား။အခုလည္းကိုထြန္းေဝကို "ဟိုင္း"ပဲေျပာရေသးတယ္ လူကအရင္ဖက္ၿပီး ႏႈတ္ဆက္ေနၿပီ။
ေတာ္ေတာ္ လက္ရဲဇက္ရဲႏိုင္တယ္။
"မမဆိုဖီ..ဒီကိုေရာက္ေနတာ ၾကာၿပီလား..."
"မၾကာေသးပါဘူး..မေန႔ကမွေရာက္တာ..."
"အခုေရာ...ဘယ္မွာတည္းေနတာလည္း..."
"ဘုန္းျမတ္ပိုင္တဲ့ Royal ဟိုတယ္မွာပဲေလ..ဘုန္းျမတ္က တို႔ကိုအလကားတည္းခြင့္ေပးေတာ့ အကုန္အက်သက္သာတာေပါ့..."
အခုဆိုရင္ လိပ္ျပာရဲ႕ေဘးမွာ တစ္ေယာက္မွမရွိေတာ့ပါဘူး။အကုန္လုံးက ဟိုမိန္းမႀကီးဆီကိုပဲ အာ႐ုံေရာက္ေနၾကတယ္။ကိုကိုနဲ႔ လိပ္ျပာရဲ႕သီးသန႔္ ဒိတ္လုပ္တာကလည္း ပ်က္ၿပီလို႔ပဲသတ္မွတ္လိုက္ပါေတာ့တယ္။
၀မ္းနည္းမႈနဲ႔အတူ စိတ္ဓာတ္ေတြက ေအာက္ဆုံးအထိထိုးက်သြားၿပီး အျခားကိုအၾကည့္လႊဲလိုက္မိေတာ့ လိပ္ျပာရဲ႕ျမင္ကြင္းထဲမွာ ကံေကာင္းျခင္းနတ္သားေလး တစ္ပါးက အလိုလိုေရာက္ရွိလာ သည္။
မုန႔္ေတြ စီတန္းထားတဲ့ စင္ေတြၾကားမွာ ရွိေနတာက ေတာ့ လူငယ္ဆန္ဆန္ ေက်ာပိုးအိတ္ကို တစ္ႀကိဳးပဲလြယ္ကာ ဂ်င္းေဘာင္းဘီနဲ႔ တီရွပ္ကိုယ္ၾကပ္အနက္ေရာင္ေလးကို ၀တ္ထားတဲ့ကယ္တင္ရွင္နတ္သားေလး ဖိုးခြၽန္ပါပဲ။
"ဖိုးခြၽန္!!!!!..."
လိပ္ျပာက အသံက်ယ္က်ယ္နဲ႔ေအာ္ေခၚလိုက္တာေၾကာင့္ ဖိုးခြၽန္ကလည္း မ်က္လုံးျပဴးေလးနဲ႔ ျပန္ၾကည့္လာသလို ေဘးနားကသုံးေယာက္ကလည္း လိပ္ျပာဆီသို႔ အၾကည့္ေရာက္လာၾက ေလသည္။
ကိုကိုဆုပ္ကိုင္ထားတဲ့ လက္ကို႐ုန္းလိုက္ၿပီး
ဖိုးခြၽန္ရွိရာဆီသို႔သာ ခပ္ျမန္ျမန္ေလွ်ာက္သြားလိုက္တယ္။
"ဖိုးခြၽန္...နင္ဒီကိုဘာလာလုပ္တာလဲ..."
"ကြၽန္ေတာ့္ သူငယ္ခ်င္းတစ္ေယာက္ဆီကို အလည္လာတာ သူကအျပင္သြားေနတာနဲ႔
ပ်င္းလို႔ စင္တာထဲမွာ ေလွ်ာက္ပတ္ၾကည့္ေနတာ.."
"ဒါဆိုရင္ အခု နင္တစ္ေယာက္တည္းဆိုတာ ေသခ်ာတယ္ေပါ့..."
"ေသခ်ာတယ္ေလ...ဘာျဖစ္လို႔လည္း..."
ဖိုးခြၽန္ကနားမလည္စြာ ေမးလာေတာ့ လိပ္ျပာရဲ႕ေခါင္းထဲကို အႀကံတစ္ခုကေရာက္လာသည္။
ခ်က္ခ်င္းပဲ ဖိုးခြၽန္ရဲ႕ လက္ကိုဆြဲၿပီး ကိုကိုတို႔ရပ္ေနတဲ့ ေနရာဆီသို႔ ေခၚလာလိုက္တယ္။
ဖိုးခြၽန္ကေတာ့ သူ႔လက္ကိုလာဆြဲတဲ့ မမေၾကာင့္ ၾကက္သီးေတြပါ တျဖန္းျဖန္းထကုန္ကာ ဖ်ားပါဖ်ားခ်င္လာတဲ့ အထိပါပဲ။
"လိပ္ျပာ...သူက..."
သူ႔ေကာင္မေလးက အျခားေကာင္ေလးတစ္ေယာက္ရဲ႕လက္ကို တြဲထားတာမို႔ ဘုန္းျမတ္သေဘာမက်စြာ ေမးလိုက္မိသည္။မ်က္ေမွာင္ႀကီးကိုလည္း သိသာစြာ အစြမ္းကုန္တြန႔္ကုတ္ပစ္လိုက္မိသည္။
"ဒါက..လိပ္ျပာရဲ႕ငယ္ေပါင္း၊ႀကီးေဖာ္ အိမ္နီးခ်င္းေလး..ဖိုးခြၽန္တဲ့...ကိုကိုက လိပ္ျပာထက္ႏွႏွစ္ႀကီးသလို ဖိုးခြၽန္ကလည္းလိပ္ျပာထက္ ႏွႏွစ္ငယ္တယ္...ေနာ္...ေမာင္ေလး..."
အၿမဲတမ္း တစ္ဖိုးတည္းခြၽန္ေနၿပီး အခုမွေမာင္ေလး လုပ္ေနတဲ့ မမလိပ္ျပာကို ဖိုးခြၽန္ခမ်ာ နားမလည္ႏိုင္စြာ ၾကည့္လိုက္သလို ဘုန္းျမတ္မွာလည္း လက္သီးေတြကိုဆုပ္လိုက္မိသည္မွာ အေက်ာစိမ္းစိမ္းေတြပါ ထင္းခနဲေပၚလာေလသည္။
မေကာင္းတတ္လို႔သာ ၾကည့္ေနရတာ။
"ကိုထြန္းေဝလည္း...ဖိုးခြၽန္နဲ႔ခင္တာပဲေလ..ဟုတ္တယ္မွတ္လား..."
"ဒီေကာင္နဲ႔ေတာ့ မခင္ခ်င္ပါဘူး..."
"ခင္ဗ်ားနဲ႔လည္း ကြၽန္ေတာ္က မခင္ခ်င္ပါဘူး..."
တစ္ေယာက္နဲ႔ တစ္ေယာက္ေစာင္းမဲမဲလုပ္ေနတဲ့ ဖိုးခြၽန္နဲ႔ ထြန္းေဝကိုၾကည့္ၿပီး ဘုန္းျမတ္ဇာတ္ရည္မလည္ျဖစ္သြားေလသည္။
လိပ္ျပာရဲ႕ အိမ္နီးခ်င္းနဲ႔ ထြန္းေဝနဲ႔ကဘယ္လိုလုပ္ၿပီးသိသြားတာလဲ။
"ထြန္းေဝ...လိပ္ျပာရဲ႕အိမ္နီးခ်င္းနဲ႔ မင္းကဘယ္လိုလုပ္ၿပီး သိသြားတာလဲ..."
"အဲ..အဲ့ဒါက..ဒီလိုရွိတယ္..."
"ဟိုတစ္ခါလိပ္ျပာ အိမ္ျပန္တဲ့လမ္းမွာ ဆုံၾကၿပီး အိမ္ကိုလိုက္လည္တာေလ..ဖိုးခြၽန္နဲ႔တင္မဟုတ္ဘူး လိပ္ျပာတို႔ တစ္မိသားစုလုံးကပါ ကိုထြန္းေဝကို ခင္သြားၾကလို႔ ေနာက္တစ္ခါလာလည္ပါအုံးတဲ့ ဖိတ္လိုက္တယ္ေနာ္..ကိုထြန္း..."
"ဟင္..."
ကိုထြန္းေဝကေန ကိုထြန္းျဖစ္သြားတဲ့ လိပ္ျပာကို အမ်ိဳးသားသုံးေယာက္လုံးက ဝိုင္းၿပဳံၾကည့္လာၾကသည္။ထိုအထဲမွာ ေဒါသမီးတဟုန္းဟုန္းေတာက္ေလာင္ေနတာကေတာ့ ဘုန္းျမတ္ေပါ့။
လိပ္ျပာကလည္း ကိုကို႔ပုံစံကို ေက်နပ္သြားၿပီး
ဂ႐ုမစိုက္ဟန္ေဆာင္ကာ ဖိုးခြၽန္ကိုပဲ ၾကည့္လိုက္တယ္။
"ေမာင္ေလး...မမတို႔ေန႔လည္စာ သြားစားၾကမလို႔ လိုက္ခဲ့ရမယ္ေနာ္...ကိုထြန္းေဝလည္း လိုက္ခဲ့ေပါ့...လူစုံတပ္စုံဆိုေတာ့ ေပ်ာ္စရာသိပ္ေကာင္းမွာပဲ..ဟုတ္တယ္မွတ္လား မမဆု..."
"အဟင္း..သိပ္ဟုတ္တာေပါ့...."
ကိုကို႔ကိုမၾကည့္ပဲ မမဆုကိုသာဒဲ့ၾကည့္ၿပီး ေမးပစ္လိုက္တယ္။လိပ္ျပာတို႔ရဲ႕ ႏွစ္ေယာက္သီးသန္႔ဒိတ္ေလးကို လူစုံေအာင္လုပ္ပစ္လိုက္တာ သူေလ။
အဲ့ေတာ့ သူကအဓိကတရားခံပဲ။
"ဘုန္းျမတ္..ငါက ကားပါလာတယ္...မင္းတို႔သြားခ်င္တဲ့ဆိုင္ကို ေရွ႕ကေနလမ္းျပ ငါေနာက္ကေန ေမာင္းလာခဲ့မယ္..."
"ေကာင္းၿပီေလ..."
"လိပ္ျပာနဲ႔ ဖိုးခြၽန္လည္း ကိုထြန္းရဲ႕ကားနဲ႔ပဲ လိုက္ခဲ့မယ္..."
"လိပ္ျပာျဖဴ!!!!"
ကိုကိုကလိပ္ျပာကို ေအာ္လိုက္ေပမဲ့ လိပ္ျပာကေတာ့ မ်က္ႏွာတည္၊မ်က္ႏွာထားနဲ႔ပဲ ဂ႐ုမစိုက္သလို ေနျပလိုက္ၿပီး ကိုထြန္းေဝကိုသာ ၾကည့္လိုက္သည္။
"လိပ္ျပာနဲ႔ ဖိုးခြၽန္ကို ကိုထြန္းရဲ႕ကားနဲ႔ တင္ေခၚသြားမယ္မွတ္လား..."
"လိပ္ျပာက ဘုန္းျမတ္တို႔နဲ႔ မလိုက္ဘူးလား..."
ဘုန္းျမတ္ကို တစ္ခ်က္လွမ္းၾကည့္ၿပီး ေမးသာေမးရတယ္ ဘုန္းျမတ္ရဲ႕အၾကည့္စူးစူးကိုၾကည့္ၿပီး ထြန္းေဝလည္း နဖူးမွာေခြၽးပါစို႔ခ်င္ခ်င္ျဖစ္လာရတယ္။
"ဘာလဲ...လိပ္ျပာတို႔ကို တင္မေခၚခ်င္ဘူးလား..."
"ဟာ...မဟုတ္ပါဘူး...လိပ္ျပာလိုက္ခ်င္တယ္ဆိုရင္ ေခၚမွာေပါ့...."
"ဘုန္းျမတ္ မမတို႔သြားၾကရေအာင္ေလ...လိပ္ျပာကသူတို႔နဲ႔စီးမယ္ဆိုေတာ့...."
အခြင့္အေရးေလး ေပးလိုက္တာနဲ႔ ကိုကို႔လက္ကိုခ်ိတ္ၿပီး အတင္းဆြဲေခၚသြားတဲ့ မိန္းမႀကီးကို လိပ္ျပာမဲ့ပစ္လိုက္သည္။စိတ္ကမခံႏိုင္လို႔သာ အ႐ြဲ႕တိုက္လိုက္ရတာ။ကိုယ့္ဟာေလး ပါသြားေတာ့လည္း ႏွေမ်ာသလိုလို၊တြန႔္တိုသလိုလို ျဖစ္ေနရတယ္။
"ကဲ...လိပ္ျပာ ကိုယ္တို႔လည္း ကားပါကင္ကိုသြားၾကမယ္..."
"အင္း..."
"အင္း"တစ္လုံးသာ ေျပာၿပီးေခါင္းငိုက္ဆိုက္ခ်ကာ အေရွ႕မွထြက္သြားႏွင့္တဲ့ သူမကို နားမလည္ႏိုင္စြာ ဖိုးခြၽန္နဲ႔ထြန္းေဝခမ်ာ တစ္ေယာက္မ်က္ႏွာတစ္ေယာက္ ၾကည့္လိုက္မိၾကသည္။
"မမလိပ္ျပာ...ဘာျဖစ္ေနတာလည္း..ခင္းဗ်ားသိလား...ဟိုလူကေရာဘယ္သူလည္း..."
"လိပ္ျပာ ဘာျဖစ္ေနသလဲေတာ့ ငါမသိဘူး မင္းေျပာတဲ့ ဟိုလူက ဘုန္းျမတ္သူရတဲ့ လိပ္ျပာရဲ႕ရည္းစား
မသိရင္မွတ္ထား..."
"ေအာ္..မမလိပ္ျပာရဲ႕ရည္းစားကို...ဘာ!!!!
မ..မ..မမလိပ္ျပာမွာ ရည္းစားရွိေနၿပီ.."
အံ့ဩၿပီး မ်က္လုံး၊မ်က္ဆံျပဴးသြားတဲ့ ဖိုးခြၽန္ကိုဘ၀တူခ်င္းမို႔ စာနာစြာ ပုခုံးကိုတစ္ခ်က္ပုတ္ၿပီး အားေပးလိုက္တယ္။
"မင္းနဲ႔ငါ့အတြက္ ေမွ်ာ္လင့္ခ်က္မဲ့သြားၿပီမို႔
ငါတို႔ရန္ျဖစ္လည္း မထူးေတာ့ပါဘူးငါ့ေကာင္ေရ...
ဟိုက ဘဲရသြားၿပီ...စိတ္သာေလွ်ာ့လိုက္ပါေတာ့..
ဘုန္းျမတ္ဆိုတာ ငါတို႔ယွဥ္ႏိုင္တဲ့ေကာင္ မဟုတ္လို႔ ငါလည္းက်န္စစ္သားနဲ႔အမ်ိဳးေတာ္ပစ္လိုက္ၿပီ..အခုကစၿပီး ငါ့နာမည္လည္း...က်န္ထြန္းျဖစ္သြားၿပီလို႔ပဲ မွတ္လိုက္ပါေတာ့ကြာ..."
"ဟာ..စိတ္အခ်ဥ္ေပါက္ေနရတဲ့ ၾကားထဲ အေျခာက္အသံနဲ႔ လာငိုျပေနတယ္...သြားဗ်ာ"
ထြန္းေဝက ငိုသံပါႀကီးနဲ႔စလိုက္ေတာ့ ဖိုးခြၽန္မွာ
ဘုန္းျမတ္အေပၚမေက်နပ္ေနတာေတြကို ထြန္းေဝအေပၚသို႔ ပုံခ်ပစ္လိုက္မိေလသည္။
ဒါမွန္းသိရင္ မမလိပ္ျပာကို ဟိုးအရင္တည္းက ခ်စ္ေရးဆိုခဲ့တာေပါ့။ငယ္ငယ္တည္းက အတူသြား၊အတူစားျဖစ္ခဲ့တာေၾကာင့္ မမဟာ ေမေမၿပီးရင္
ဖိုးခြၽန္အတြက္အေရးအပါဆုံး အမ်ိဳးသမီးပဲ။မမကို ဖိုးခြၽန္သိပ္တန္ဖိုးထား၊ျမတ္ႏိုးလြန္းလို႔ ခ်စ္တဲ့အေၾကာင္းေတြကို ဖြင့္ေျပာဖို႔သတၱိမရွိခဲ့ဘူး။
မမတစ္ခါကေျပာဖူးတယ္ "ငါတို႔ကအလုပ္မရွိ အကိုင္မရွိဆန္ကုန္ေျမေလးေတြကို စိတ္မ၀င္စားဘူးတဲ့ေလ"။ထိုစကားကို ဖိုးခြၽန္အသဲထဲကေန စြဲေနေအာင္ကို မွတ္ထားခဲ့တယ္။
ဒါေၾကာင့္ အလုပ္တစ္ခုအတည္တက်ျဖစ္ေတာ့မွ ဖြင့္ေျပာမလို႔ စဥ္းစားထားတဲ့ ဖိုးခြၽန္ရဲ႕ အိပ္မက္ကေလးဟာလည္း တစ္ေန႔တည္းနဲ႔ ေက်ျပတ္သြားပါေတာ့တယ္။
💔💔💔💔💔💔💔😢💔💔
လိပ္ျပာကားေပၚမွဆင္းဆင္းျခင္း ရွမ္း႐ိုးရာရဲ႕ ဆိုင္ခြဲျဖစ္တဲ့ မေနာ္ဟရီရွမ္းစားေသာက္ဆိုင္ေလးကို ေဝ့ဝဲၾကည့္မိေလသည္။အရမ္းလွတာပဲ။တကယ့္ ရွမ္းေစာ္ဘြားေတြေနတဲ့ အေဆာက္အဦးလို ခံစားသက္၀င္ၿပီး ေဆာက္ထားတာေၾကာင့္ ႏိုင္ငံျခားခရီးသြားေတြ လာစားသင့္တဲ့ ေနရာေလးပါပဲ။
၀န္းထမ္းေတြကလည္း ရွမ္း႐ိုးရာ၀တ္စုံေလးေတြကို ၀တ္ထားၾကၿပီး တကယ္ေဖာ္ေ႐ြက်ပါတယ္။
လိပ္ျပာတို႔အဖြဲ႕က အေဆာက္အဦးထဲကိုမ၀င္ေတာ့ပဲ အျပင္ဘက္မွ ခုံတန္းေတြမွာေနရာ၀င္ယူလိုက္သည္။
ဘုန္းျမတ္မွာ စိတ္ဆိုးေနတဲ့ ခ်စ္သူေလးကို
ဒီလူအုပ္ထဲကေန ဆြဲေခၚၿပီးဘယ္လိုေခ်ာ့ရမလည္း စဥ္းစားေနရတာ ေခါင္းကိုေျခာက္ေရာပဲ။
"ဘုန္းျမတ္ မမ ဒီမွာထိုင္မယ္ေနာ္..."
"ဗ်ာ..."
"ဘာလဲ မရဘူးလား..."
"ရ..ရပါတယ္..."
"ဘာလုပ္ေနတာလဲ...ဘုန္းျမတ္လည္း ထိုင္ေလ..."
တကယ္ေတာ့ လိပ္ျပာနဲ႔အတူထိုင္ဖို႔ ခုံေလးတစ္လုံးကို အဆင္သင့္လုပ္ေပးထားတဲ့ဟာကို မမဆုက၀င္ထိုင္လိုက္ေလသည္။သူလည္းေျပာရင္မေကာင္းတတ္လို႔ မေျပာပဲေနလိုက္ရတယ္။
ေနာက္ဆုံးေတာ့ သူ႔ကိုပါအတင္းထိုင္ဖို႔ ေျပာေနတာေၾကာင့္ စိတ္အိုက္စြာပဲ ထိုင္ခ်လိုက္ရတယ္။
ကိုကိုက ဟိုမိန္းမေဘးကခုံမွာ ၀င္ထိုင္လိုက္ေတာ့ ေဒါသကေထာင္းကနဲထြက္သြားမိသည္။
နဂိုကမွ အပူခ်ိန္က အႏႈတ္ေအာက္ေရာက္ေနပါတယ္ဆိုေနမွ ထၿပီးေပါက္ကြဲေအာင္လာလုပ္ေနတယ္။
ဒါမ်ိဳးေတာ့ ဘယ္ရမလဲ။ဖိုးခြၽန္နဲ႔ ကိုထြန္းေဝတို႔ႏွစ္ေယာက္ၾကားမွာ လြတ္ေနတဲ့ခုံမွာ ၀င္ထိုင္ပစ္လိုက္တယ္။
"ဘာမ်ားသုံးေဆာင္ၾကမလဲရွင္..."
ရွမ္း၀တ္စုံနဲ႔ ၀န္ထမ္းမေလးရဲ႕ အေမးေၾကာင့္ ကိုကိုေရာ ကိုထြန္းေဝေရာက မီႏူးကိုၾကည့္ၿပီးမွာၾကေလသည္။
"ရွမ္းေျမာက္ေဟာ့ေပါ့ပရီမီယမ္ရယ္,
ဖက္ေစာေလာေလးတစ္ပြဲ,လားရႈိးႀကီး၀က္စတူးတစ္ပြဲ,ငါးရနံ႔ေမႊးခ်က္တစ္ပြဲ,ဖက္တီးေတာ့တစ္ပြဲ
ငွက္ေပ်ာဖူးေထာင္း,ပဲေတာင့္ရွည္ေထာင္းတစ္ပြဲ
,ျပည္ႀကီးငါးပဲပုတ္ေၾကာ္,ၾကက္ကခ်င္ခ်က္ရယ္,အင္းေလးဟင္းထုပ္ ႏွစ္ပြဲ,ရွမ္းတို႔ဖူးသုပ္,ကင္ေပါင္းေၾကာ္,ေခါပုတ္ေၾကာ္ရယ္..
လိပ္ျပာ ပုစြန္စားခ်င္ရင္ ကိုယ္ပုစြန္ပြေၾကာ္ထပ္မွာေပးမယ္ေလ အဲ့ဒါက အစပ္လည္းမပါဘူး..."
"...မလိုပါဘူး..ရွင္အခုမွာေနတာေတြနဲ႔တင္ စားပြဲ ေတာင္ဆန႔္ပါ့မလားမသိဘူး...ကြၽန္မကစပ္လည္းစားတယ္,ခ်ိဳလည္းစားတယ္..ဟင္းဂ်ီးမမ်ားတတ္ဘူး.."
တမင္အျမင္ကပ္လို႔ ခပ္ျပတ္ျပတ္ပဲ ေျပာပစ္လိုက္သည္။
"အာ့ဆို ညီမေလး ခုဏကမွာထားတာေတြရယ္ ထမင္းျဖဴ ငါးပြဲ လိုက္ပြဲပါခ်ေပးေနာ္..."
"ဟုတ္ကဲ့ရွင့္..."
၀န္ထမ္းေကာင္မေလး ထြက္သြားၿပီးေနာက္မွာေတာ့ စားပြဲဝိုင္းႀကီးက မိနစ္ႏွစ္ဆယ္ေလာက္ၾကာေအာင္ တိတ္ဆိတ္သြားေလသည္။
ထိုတိတ္ဆိတ္မႈကို ၿဖိဳခြင္းလိုက္သူကေတာ့
ဖိုးခြၽန္ပါပဲ။
"မမလိပ္ျပာ ဒီလူကမမရဲ႕ ရည္းစားဆို..."
"နင့္ကိုဘယ္သူေျပာလဲ..."
"ကိုထြန္းေဝေမာင္ေျပာတာ...."
ဖိုးခြၽန္ကကိုထြန္းေဝကို ေမးေငါ့ျပၿပီးေမးေနတာေၾကာင့္ လိပ္ျပာလည္းလက္ကိုပိုက္ပစ္ကာ တစ္လုံးခ်င္းစီေျဖေပးလိုက္တယ္။
"ဒီမွာ ေမာင္ေလး..ငါ့ရည္စားျဖစ္မဲ့လူက ငါ့ကိုနားလည္၊အလိုလိုက္တဲ့လူမ်ိဳးပဲ ျဖစ္ရမယ္ သူ႔လိုအသက္ႏွစ္ဆယ့္ေလးႏွစ္တည္းနဲ႔ သက္က်ားအိုလိုပုံေပါက္ၿပီး အလိုက္မသိ၊ကတိမတည္တတ္တဲ့လူမ်ိဳးကို ငါကရည္းစားေတာ္ရမတဲ့လား...
ေဝးေသး..ဖိုးခြၽန္ နင့္ဆီမွာ႐ုပ္ရည္လည္းေခ်ာ၊စိတ္သေဘာေကာင္း၊မေနာေကာင္းနဲ႔ ကပ္လာတဲ့အင္းဆက္ပိုးမႊားတိုင္းကိုေလ အားမနာတမ္းဖယ္ခ်ႏိုင္တဲ့ သူငယ္ခ်င္းရွိရင္ရာ မိတ္ဆက္ေပးဖို႔
မေမ့နဲ႔..."
"လိပ္ျပာျဖဴ!!!!!!..."
ဘုန္းျမတ္ရဲ႕ေဟာက္သံေၾကာင့္ ထြန္းေဝမ်က္ခုံးတစ္ဖက္တြန႔္တက္သြားသည္။စိတ္ထဲမွာလည္း ေက်နပ္လိုက္တာ ႏႈိင္းျပစရာေတာင္မရွိေတာ့ပါဘူး။
"မွတ္ေပေတာ့ သားႀကီးေရ မင္းအရင္က
ငါအပါအ၀င္ ရွိသမွ်မိန္းကေလး၊ေယာက္်ားေလး လူစုံတက္စုံေအာင္ကို ေခ်မိုးျပလာခဲ့သမွ် တစ္ထိုင္တည္းနဲကို အတြယ္ခံေနရတာ ေက်နပ္လိုက္ေလျခင္း.."လို႔စိတ္ထဲမွ ေျပာမိသလို အျပင္ကလည္း ၿပဳံးမိသြားေလသည္။
"မွာထားတာေတြ ရပါၿပီ..က်န္ေနေသးတာေတြကိုေတာ့ ခဏေနရင္လာခ်ေပးပါ့မယ္ရွင္..."
ဆိုင္၀န္ထမ္းက ေဟာ့ေပါ့ပြဲႀကီးနဲ႔ ရွမ္း႐ိုးရာဟင္းအခ်ိဳ႕ရယ္,ထမင္းျဖဴေတြရယ္ကို လာခ်ေပးတာေၾကာင့္ အစားစားျခင္းကို စတင္လိုက္ၾကရသည္။
"ဘုန္းျမတ္..ပဲေတာင့္ရွည္ေထာင္းေလးစားၾကည့္ ေျမပဲေလးေတြနဲ႔ စိမ့္ေနတာပဲ..."
မမကဟင္းေတြကို တစ္မ်ိဳးၿပီး တစ္မ်ိဳးလာထည့္ေပးေနတာေၾကာင့္ ေက်းဇူးတင္ေၾကာင့္ ေခါင္းျပန္ၿငိမ့္ျပၿပီး အေပၚကိုေမာ့အၾကည့္ မ်က္ေစာင္းတစ္ခုနဲ႔စုံလိုက္တာေၾကာင့္ ေနရာမွာတင္ျပာက်ခ်င္သြားရသည္အထိ ထိတ္လန႔္ရျပန္ပါၿပီ။
သူ႔အေနနဲ႔ လိပ္ျပာကိုဟင္းလွမ္းခပ္ထည့္ေပးရေအာင္လည္း ေဘးခ်င္းကပ္လွ်က္မဟုတ္ေနပဲ ၾကားထဲမွာ ေဟာ့ေပါ့အိုးကခံေနေလသည္။
ဘုန္းျမတ္အဖို႔ သက္ျပင္းေတြကို အခါခါခ်ေနဖို႔သာ ပဲတတ္ႏိုင္ပါေတာ့တယ္။
ကိုကို႔ပန္းကန္ထဲကို ဟင္းမ်ိဳးေပါင္းစုံေအာင္ ခပ္ထည့္ေပးရင္းနဲ႔ ၿပဳံးျပလိုက္၊ၾကာပစ္ျပလိုက္လုပ္ေနတဲ့ ဟိုမိန္းမကိုေရာ ေက်နပ္ေနသလိုမ်က္ႏွာေပးမ်ိဳးျဖစ္ေနတဲ့ ဟိုလူႀကီးကိုေရာ အျမင္ကပ္လာသည္။
"ေရာ့..ေမာင္ေလးက ၀က္သားသုံးထပ္သားစား..."
ေဟာ့ေပါ့အိုးထဲမွ ၀က္သားသုံးထပ္သားကို ထမင္းအျဖဴအေပၚလာတင္ေပးတဲ့ မမေၾကာင့္ ဖိုးခြၽန္ဘာလုပ္ရမွန္းမသိျဖစ္သြားသည္။
ထမင္းစားေနတဲ့ ဥစၥာ ၀က္သားကိုအခ်ဥ္ေရနဲ႔ လာတို႔စားခိုင္းေနေတာ့ ဟုတ္ေတာ့မဟုတ္ေသးပါဘူး။
"မမ..ကြၽန္ေတာ္က ထမင္းစားေနတာေလ ၀က္သားႀကီးမစားခ်င္ေသးဘူး..."
"လွ်ာမရွည္နဲ႔ ငါစားဆိုစားလိုက္..."
"ညီမေလးရယ္..သူမ်ားကမစားခ်င္ရင္ အတင္းမေကြၽးနဲ႔ေလ..စားတဲ့သူကိုေကြၽးရင္ေတာ့ တစ္မ်ိဳးေပါ့..."
သူနဲ႔လည္းဘာမွမဆိုင္ပဲ လာ၀င္ေျပာျပန္ၿပီ။
ဟုတ္တာေပါ့ ကိုကိုကသူထည့္ေပးသမွ်တစ္ခုမွ ျငင္းတာမွမဟုတ္တာ ေျပာအားရွိမွာေပါ့။
လိပ္ျပာရဲ႕စိတ္ထဲမွာ ငိုခ်င္လာတာပဲသိတယ္။
"ကိုကို အဲ့ဟင္းပြဲေလး..."
"ဘုန္းျမတ္ မမကို ငွက္ေပ်ာဖူးေထာင္းပြဲေလး ကမ္းေပးပါလားကြယ္..."
ဆိုဖီ ဟင္းပြဲကို တမင္လွမ္းယူခိုင္းလိုက္တာပါ။
လိပ္ျပာျဖဴေရ မင္းရဲ႕ခ်စ္သူကိုရယူျပဖို႔ တို႔အတြက္ၾကမ္းတမ္းျပစရာကို မလိုတာ။တစ္ျဖည္းျဖည္းနဲ႔ လႈိက္စားၿပီး မင္းရဲ႕ေနရာကို တို႔ယူေတာ့မွာမို႔ စိတ္ေတာ့မေကာင္းပါဘူး။
ဒါေပမဲ့ တို႔ကဆုံးျဖတ္ၿပီးရင္ ျဖစ္ေအာင္လုပ္တတ္တဲ့လူပဲ လိပ္ျပာျဖဴ။
"ေအာ္...ကိုထြန္းကိုလည္း ထည့္ေပးရအုံးမယ္...
ေရာ့..ကန္စြန္းဥေလးစားၾကည့္ အိေနတာပဲ..စားၾကည့္ေနာ္.."
ေဟာ့ေပါ့အိုးထဲကေန ဖိုးခြၽန္ကို၀က္သားသုံးထပ္သား ယူေကြၽးတာကေတာ့ ထားပါေတာ့။
ကိုယ့္အလွည့္က်မွ ကန္စြန္းဥကို တစ္ကုတကလုပ္ၿပီး လာထည့္ေပးေနတဲ့ ေကာင္မေလးကိုၾကည့္မိေတာ့ သူ႔ကိုမ်က္လုံးတစ္ဖက္မွိတ္ျပလာသည္။
ထြန္းေဝသိလိုက္ပါၿပီ။ဒီပြဲမွာ ဖိုးခြၽန္နဲ႔သူက ဓားစာခံေတြျဖစ္ၿပီး လိပ္ျပာကၿခိမ္းေျခာက္သူျဖစ္ကာ
ဘုန္းျမတ္ကေတာ့ မ်က္ရည္ယိုရမဲ့လူေပါ့။လိပ္ျပာခ်ိန္႐ြယ္ေနတဲ့ လူဟာမမဆိုဖီဆိုတာလည္း ေသခ်ာေနပါၿပီ။
ထြန္းေဝၾကည့္ေနတာ မမဆိုဖီကဘာလို႔မ်ား ဘုန္းျမတ္အနားမွာပဲ ကပ္ေနရတာလဲ။
ဘုန္းျမတ္က အလိုက္သိတာေၾကာင့္ထားပါေတာ့ ဘုန္းျမတ္ရဲ႕ေကာင္မေလးတစ္ေယာက္လုံးရွိေနတာကို ဒီလိုေနရာ၀င္ယူခ်င္တဲ့ ပုံစံမလုပ္သင့္ပါဘူးေလ။။ဆရာႀကီးသာသိရင္ သူ႔သမီးျဖစ္သူရဲ႕ လုပ္ရပ္ေတြကို ေတာ္ေတာ္စိတ္ဆိုးမွာပဲ။
"လိပ္ျပာ သန႔္စင္ခန္းကို ခဏသြားလိုက္အုံးမယ္..."
လိပ္ျပာသန႔္စင္ခန္းကို သြားတာေတြ႕ေတာ့ ဘုန္းျမတ္လည္း အခြင့္ေကာင္းကိုေစာင့္ဆိုင္းေနသည့္အေလွ်ာက္ တုန႔္ဆိုင္းမေနပဲ သူပါထထြက္လာခဲ့လိုက္သည္။
"လိပ္ျပာ..."
သန႔္စင္ခန္းထဲကေနထြက္လာေတာ့ ကိုကိုကအျပင္မွာ ရပ္ေစာင့္ေနေလသည္။
"ဘာလဲ...ရွင္နဲ႔ကြၽန္မၾကားမွာ ဘာမွေျပာစရာမရွိဘူး..."
"ကိုယ္ရွင္းျပတာကို နားေထာင္ပါအုံးကြာ..."
လိပ္ျပာရဲ႕လက္ေမာင္းကိုလွမ္းဆြဲထားတာေၾကာင့္ ေျခလွမ္းေတြကိုရပ္ပစ္လိုက္ရသည္။
မဟုတ္ရင္ ဆိုင္၀န္ထမ္းေတြက တစ္မ်ိဳးထင္ကုန္ၾကလိမ့္မယ္။
"ျမန္ျမန္ေျပာ "
"တကယ္ေတာ့ မမဆုတို႔သားအဖက ကိုယ့္အေပၚမွာ ေက်းဇူးေကြၽးေတြအရမ္းမ်ားခဲ့ပါတယ္ .."
"ေအာ္ အဲ့ဒါနဲ႔ပဲ ကြၽန္မကိုပစ္ၿပီး မမဆုဆိုတာနဲ႔
ပတ္သတ္ေတာ့မယ္ေပါ့ ေကာင္းပါတယ္.."
"လိပ္ျပာ ကိုယ္အဲ့လို တစ္ခါမွမေတြးထားဖူးဘူး..
ကိုယ့္စိတ္ကအၿမဲ လိပ္ျပာဆီမွာပါပဲ အခုက.."
"ဘာလဲ...ေက်းဇူးတရားပဲလာအုံးမွာမွတ္လား..
အဲ့ေလာက္ေတာင္ ျဖစ္ေနရင္လည္း အဲဒီ့ေက်းဇူးတရားေတြကို အေတာင့္လိုက္မ်ိဳခ်ၿပီး ရွင့္မမဆုကိုပဲအံေကြၽးလိုက္ေတာ့ ကြၽန္မကေတာ့ ရွမ္းစာပဲႀကိဳက္တယ္..."
လိပ္ျပာက အထင္အျမင္ ေတြလြဲၿပီး ေျပာခ်င္တာေတြ ေျပာခဲ့ကာထြက္သြားေလသည္ ။
ဘယ္လိုေျပာေျပာ မရတဲ့ခ်စ္သူေၾကာင့္
သူ႔ကိုယ္သူလည္း မေက်မနပ္ျဖစ္မိသည္။ဒီအတိုင္းဆိုရင္ ဆရာႀကီးကလြဲရင္ ဘယ္သူ႔ကိုမွ ေျပာမျပခဲ့တဲ့အမွန္တရားေတြ အားလုံးကို လိပ္ျပာကို ေျပာျပမွျဖစ္ေတာ့မယ္။
ဟုတ္တယ္။သူေျပာျပမွ ျဖစ္မယ္။
လိပ္ျပာအေပၚမွာ လွ်ိဳ႕ဝွက္ထားတာေတြမ်ားလာရင္ တစ္ခ်ိန္ခ်ိန္မွာ သူမေပါက္ကြဲၿပီး သူ႔ကိုစြန႔္ခြာသြားမွာ သူသိပ္ေၾကာက္တယ္။
စိတ္ဓာတ္ေတြက်စြာပဲ သူ႔အဖြဲ႕ေတြစားေသာက္ေနၾကတဲ့ စားပြဲဆီသို႔သာ ျပန္လာခဲ့လိုက္ၿပီး ထိုင္ခုံမွာ ၀င္ထိုင္လိုက္သည္။
📳"ေတာင္..."
မက္ေဆ့အသံေၾကာင့္ ဖုန္းကိုထုတ္ၾကည့္မိေတာ့
ကိုကို႔ဖုန္းနံပါတ္ျဖစ္ေနသည္။တစ္စားပြဲတည္း ထိုင္ေနတာကို ဘာလို႔မက္ေဆ့လာပို႔ေနရတာလဲ။
စာကိုေသခ်ာ ဖတ္ၾကည့္လိုက္ေတာ့...
✉️"လိပ္ျပာ ညက်ရင္ လိပ္ျပာကို ကိုယ္နဲ႔ပတ္သတ္တဲ့ကိစၥတိုင္းကို ေျပာျပခ်င္တယ္ ..
နားေထာင္ေပးႏိုင္မလား..ျပန္ေျဖေပးပါကြာ..."
ဖုန္းကိုၾကည့္ၿပီး ကိုကို႔မ်က္ႏွာကိုျပန္ၾကည့္မိေတာ့ စိုးရိမ္မႈမ်ားနဲ႔ ေတာင္းပန္းတိုးလွ်ိဳးေနတဲ့ ကိုကို႔ပုံစံေလးက လိပ္ျပာမသနားပဲမေနႏိုင္ေအာင္ပါပဲ။
စိတ္ေကာက္ျပေနေပမဲ့ေပါ့။
📳"ေတာင္..."
✉️"အင္း...နားေထာင္ၾကည့္တာေပါ့..."
လိပ္ျပာဆီမွ ျပန္စာေၾကာင့္ ရင္ထဲမွာေတာ့
ေပ်ာ္႐ႊင္မႈ လႈိင္းလုံးေလးေတြ ပုတ္ခတ္လာသလိုခံစားလိုက္ရသည္။
အခုလို အထင္လြဲမႈေတြျဖစ္လာမွ သူမနဲ႔ေဝးရမွာကိုပိုေၾကာက္သလိုလို၊သူမသူ႔ကို စြန႔္ခြာသြားမွာကို မခံစားႏိုင္သလို စိတ္ခံစားခ်က္ႀကီးက ေတာ္ေတာ္ေလးကိုဆိုးမွန္းသိလိုက္ရတာ အမွန္ပါပဲ။
လိပ္ျပာ စိတ္ရွင္းေအာင္ မမဆုနဲ႔သူ႔ရဲ႕ၾကားထဲက အကန႔္ကိုလည္း ထူထဲစြာ အုတ္ျမႇစ္ခ်မွရပါေတာ့မယ္။
မဟုတ္ရင္ သူ႔ေကာင္မေလးက အရမ္းသ၀န္တိုတတ္တဲ့ မိန္းကေလးမို႔ပါပဲ။ထြန္းေဝနဲ႔ ဖိုးခြၽန္ကို အ႐ြဲ႕တိုက္ၿပီးလုပ္ျပ၊ေျပာျပေနတဲ့ သူမရဲ႕အျပဳအမူေတြေၾကာင့္ ငယ္ငယ္နဲ႔ေသြးတိုးေရာဂါ ရေနမွာလည္းေသခ်ာတယ္။