ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
အပိုင်း-၁၉
နွယ်ထမင်းစားခန်းထဲရောက်တော့ဖေဖေနဲ့မေမေကအရင်ရောက်နေတာမို့
"ဖေဖေနဲ့မေမေစိတ်မဆိုးနဲ့နော်သမီးအိပ်ပျော်သွားလို့နောက်နေ့စောစောထပီးမေမေ့ကိုကူမယ်နော်"
"နွယ်လေးမေမေနဲ့ဖေဖေကိုဘာတွေချွဲနေတာလဲ"
ကိုကြီးမေမေက
"သမီးနွယ်အခုသမီးကဖေနဲ့မေရဲ့သမီးဖြစ်သွားပီနော်ယောက်ခမအိမ်လို့သဘောမထာရဘူးသမီးမိဘအိမ်ပဲအဲ့ဒါကြောင့်သမီးထနိုင်တဲ့အချိန်ထလုပ်နိုင်တာပဲလုပ်အိမ်အလုပ်ကသမီးလုပ်မှမဟုတ်ဘူးအိမ်မှာလူတွေရှိတယ်တခုပဲသမီးကထိန်းသိမ်းပေးရုံပဲထိန်းသိမ်းရမယ်ဆိုလို့လန့်မသွားနဲ့နော်နွယ်လေးမေမေကအကုန်လုံးကိုဖြေးဖြေးချင်းသင်ပေးမှာသမီးလုပ်ရမှာကဖေနဲ့မေကိုသမီးမိဘအရင်းလိုချစ်ပေးဖို့ပဲဟုတ်ပီလား"
"ဟုတ်မေမေ"
ဟုဆိုကာနွယ်လေးမေမေမြကိုခါတိုင်းလိုပဲနမ်းကာထမင်းခူးပေးဖို့ပြင်ရသည်။
"ဖေဖေကတော့မြေးမြန်မြန်တော့လိုချင်တယ်နော်"
နွယ်လေးရှက်သွားမှန်းသိတော့မေမေက
"သားကျောင်းတက်ပီးပြန်လာမှယူပါစေအဖေကြီး
ရယ်တော်ကြာဟိုမှာဆိုနွယ်တယောက်တည်းပင်ပန်းနေရှာမှာရှင့်သားကမခွဲနိုင်လို့ဆိုပီးကျမသမီးကိုပြန်လွတ်မှာမဟုတ်ဘူးလက်မောင်းထဲကအပ်က၃နှစ်ခံလားသမီး"
"ဟုတ်မေမေ"
မင်ဂလာပွဲမတိုင်မီထဲကမေမေမြရယ်မမခြူးရယ်
တိုင်ပင်ကာကလေးမရအောင်ဘေးထွက်ဆိုးကျိုးအနဲဆံုးလက်မောင်းထဲအပ်ထည့်တာကိုလုပ်ပေးခဲ့သ ည်။
"ကဲမနက်ဖန်မနက်စောစောထရမှာမဟုတ်လားခရီး
ထွက်တာဆိုတော့လိုတာသေချာထည့်သွား"
"ဟုတ်မေမေ"
အခန်းထဲရောက်တော့ကိုကြီးကနွယ်ပလေးကို
အထုပ်တထုပ်ပေးလို့နွယ်ဖွင့်ကြည့်တော့ချည်
ဂါဝန်ရောင်စုံရယ်
ရေကူးဝတ်စုံကာလာစုံမို့ကိုကြီးကိုကြည့်တော့
"ဟန်းနီးမွန်းက မော်လ်ဒိုက်ဆိုတော့ပူ လို့လေ
ချည်သားတွေဝယ်ထားတာမကြိုက်ဘူးလား"
"ကြိုက်ပါတယ် ဒါပေမဲ့ two pieces ကတော့ဝတ်လို့မရလောက်ဘူး"
"ရပါတယ်"
ကိုကြီးကိုမျက်စောင်းထိုးကာအဝတ်များကိုထည့်
ပီးလိုသည်များစစ်ကာခနနားပီးမေမေတို့အိမ်ဘက််ခနသွားကာညနေစောင်းမှပြန်လာလိုက်သည်။ညစာစားပီးတော့မတက်ခရီးထွက်ရမှာမို့စောစောအိပ်ယာဝင်ခဲ့သည်။
မနက်စောစောထပီးလေယဉ်စီးကာမော်လ်ဒိုက်သို့ထွက်လာသည်။မော်လ်ဒိုက်ရောက်တော့မှကိုကြီးစကားကိုသဘောပေါက်သွားသည်။သီးသန့်ဘန်ဂလိုအခန်းများမလို့နွယ်ဘာဝတ်ဝတ်ဘယ်သူမှမမြင်
နိုင်တာမို့ကိုကြီးကဝတ်ခိုင်းတာသဘောပေါက်သွားသည်။ကိုကြီးနဲ့နွယ်ရဲ့ဟန်နီးမွန်းကတော့ပျော်စရာရင်ခုန်စရာများနှင့်နှစ်ပါတ်ခန့်နေပီးပြန်လာခဲ့ကြသည်။
နွယ်တို့ပြန်ရောက်ပီးမကြာခင်မှာပင်နွယ်နောက်ဆုံး
နှစ်စာမေးပွဲဖြေပီးတပါတ်ခန့်အကြာကိုကြီးစာသင်မည့်အင်ဂလန်သို့ထွက်လာခဲ့သည်။နွယ်တို့မလာခင်မမခြူးကကိုယ်ဝန်ရှိနေသည်ဆိုသောကြောင့်နွယ့်မှာပျော်ရသည်။အင်ဂလန်ရောက်တော့ကိုကြီးကျောင်းနှင့်နီးသောတိုက်ခန်းငှါးနေသည်။နွယ်လေးကကိုကြီးကျောင်းသွားချိန်တွင် businessသင်တန်းနှင့်နွယ်ဝါသနာပါရာဟင်းချက်နည်းသင်တန်းနှင့်မေမေမြအမွေပေးတာပန်းဆိုင်လဲပါသဖြင့်floralသင်တန်းများကိုသာတက်ရပီးကိုကြီးကအချိန်ပိုင်းအလုပ်လုပ်တာကိုလုံးဝခွင့်မပြုပါ။ကိုကြီးကတပါတ်၅ရက်ကျောင်း
တက်ပီးညနေပိုင်းနှင့်ပိတ်ရက်များတွင်companyအလုပ်ကိုလုပ်သည်။ထိုအချိန်တွင်နွယ်ကကိုကြီးစားချင်
သည်များကိုဖွယ်ဖယ်ရာရာချက်ပြုတ်ကျွေးမွေးခြင်းဖြင့်အချိန်များကုန်ဆုံးခဲ့သည်။ကိုဇန်ကတော့အလုပ်စလုပ်နေပီးနောက်နှစ်မှလက်ထပ်မည်ဆိုသည်။မခြူးကသမီးလေးမွေးလို့နွယ့်မှာlineပေါ်ကသာမြင်ပြီး
ချစ်မဝမို့ကိုကြီးကျောင်းပိတ်ရက်နွယ်တို့၂လခန့်ပြန်ခဲ့သည်။ခုဆိုနွယ်တို့ရောက်တာတနှစ်ကျော်လာပီမို့
ပြန်ရန်ရက်လဲနီးလာသည်။နွယ်ကတော့ဘယ်နေရာ
ဖြစ်ဖြစ်ကိုကြီးအနားရှိလျင်ကျေနပ်သူမို့ရောက်စကသာအိမ်လွမ်းပီးခုတော့အဆင်ပြေနေပါသည်။ကိုကြီးသည်လက်ထပ်ပီးမှမတရားချွဲကာအရာရာနွယ်
လုပ်ပေးမှသဘောကျသဖြင့်နွယ့်မှာသားတ
ယောက်ကောက်ရသကဲ့ဖြစ်နေသည်။
"နွယ်လေးရေ အချစ်ရေ"
ကိုကြီးအိပ်ယာထလျှင်မိန်းမမျက်နှာမမြင်ရ
လျင်အော်သည်။
"နိုးနေတာထလာလေကိုကြီးရဲ့ပိတ်ရက်ကိုကြီးမြန်မာမုန့်ဟင်းခါးနဲ့ဒံပေါက်စားချင်တယ်ဆိုလို့ချက်နေတာကြက်သားချက်နေရင်းကိုတန်းလန်းကြီးကိုကြီးရဲ့"
"မိန်းမကအိမ်ထောင်သက်ကြာလာတော့ယောက်ကျားကိုပလစ်ချင်နေပီဘာလဲလူကိုကြာလာလို့ရိုးသွားတာလား"
"အမလေးဦးဘုန်းလက်ရုန်းကျမယူထားတာကျမထက်ငယ်တဲ့ကောင်လေးလားရှင်တရက်တရက်ကျမကိုရစ်တာဆိုတာလေတကတည်းတော်ကိုယ့်ထက်ကြီးတဲ့သူယူထားလို့ချွဲရမလားမှတ်တယ်သူကြီးပဲခလေး
လုပ်နေတာပြောကျမယောက်ကျားယူထားတာလားသားတယောက်မွေးစားထားတာလား"
"သားတယောက်လေ"
ကိုကြီးကပြောရင်းဆိုရင်းလူကိုအတင်းအိပ်ယာထဲဆွဲလှဲတော့နွယ့်မှာ
"ကိုကြီးဘာလုပ်တာလဲဖယ်အုံးလူတကိုယ်လုံးဟင်းစော်တွေနံနေတာဖယ်အိပ်ယာတွေနံကုန်မယ်"
"သားဆိုဒါကြောင့်ချိုစို့မယ်လေ"
"ကိုကြီးနော်မရဘူးဖယ်"
"ရလိုက်နော်တပါတ်လုံးစာနဲ့အလုပ်နဲ့ပင်ပန်းနေတာအားဖြည့်ဆေးလေးကိုစားလိုက်မှအားပြည့်မှာလေနော်အချစ် နွယ်လေးဆီကဘာအနံ့ဖြစ်ဖြစ်ကိုယ်အဆင်ပြေတယ်နော်အချစ် ပီးရင်အိပ်ယာခင်းတွေလဲကိုယ်ပဲလျော်လိုက်မယ် မွမွ"
လက်ရုန်းရေချိုးပီးထွက်လာတော့နွယ်ကမုန့်ဟင်းခါးပူပူလေးနဲ့ကော်ဖီပြင်နေသဖြင့်နောက်ကနေခါးကို
ဖက်ကာဆံပင်များကိုကလစ်ဖြင့်ညှပ်ထားလို့ပြောင်
ရှင်းနေသောလည်တိုင်လေးပေါ်နှာခေါင်းနစ်ဝင်
အောင်နမ်းလိုက်သည်။
"ကိုကြီးထိုင်တော့လေခုနကလဲသောင်းကျန်းပီးပီခုbreakfastစားတော့လေခံမယ်"
"အင်းပါလေကမခံပါဘူးခုနကနွယ့်ကိုအဝစားပီးပီလေ"
"ကိုကြီးဘယ်လိုဖြစ်နေတာလဲ"
"ဘယ်လိုမှမဖြစ်ဘူးခုကရေချိုးထားတော့နွယ့်နားကမွေးနေတော့နောက်တခေါက်"
"ကိုကြီးခုမုန့်ဟင်းခါးစားမလားညစာတပါတ်လောက်ဖြတ်ရမလား"
"မုန့်ဟင်းခါးစားတော့မယ်နော်နွယ်လေးစကားနားထောင်တယ်နော်ဘာမှမဖြတ်နဲ့ မွ"
မုန့်စားရင်းကိုကြီးက
"နွယ်လေး ကိုကြီးတို့၃လလောက်နေရင်ပြန်ရတော့မှာခလေးတားထားတဲ့အပ်ပြန်ထုပ်ရအောင်လေ ကိုကြီးကတော့ခလေးယူချင်နေတာကြာပီဒီမှာနွယ်လေးတယောက်တည်းပင်ပန်းမှာစိုးလို့နွယ်ကောအဆင်ပြေရဲ့လားနွယ်အဆင်မပြေရင်ကိုယ်စောင့်နိုင်တယ်နော်နွယ်"
"ပြေပါတယ်နွယ်လဲကိုကြီးအတွက်ခလေးလေးမွေးပေးချင်ပါတယ်တစ်ခုပဲ"
"ဘာလဲနွယ်"
လက်ရုန်းရင်ထိတ်ကာမေးတော့နွယ်က
"ခလေးအဖေကပါခလေးနဲ့အပြိုင်ခလေးလုပ်နေတော့နွယ်ထိန်းရမယ့်ခလေးများနေမှာစိုးလို့ ခစ်ခစ်ခစ်"
"အချစ်ရယ်ကိုယ့်မှာရင်ထိတ်သွားတာပဲခလေးအဖေကခလေးအမေထိန်းတာချော့တာနို့တိုက်တာခံချင်ယုံလေးပါ"
"ကိုကြီးနော်ပေါက်ကရ"
ဒီလိုနဲ့နွယ်တို့ပြန်လာခဲ့သည်။နွယ်တို့ပြန်ရောက်တော့နှစ်ဘက်မိဘများလဲပျော်ကြသည်။နွယ်ကတော့နှစ်
ဖက်မိဘအိမ်ကူးလိုက်မမခြူးသမီးလေးကိုထိန်း
လိုက်မေမေမြပေးထားတဲ့ဆိုင်၂ဆိုင်ထိုင်လိုက်နှင့်
တရက်တရက်အချိန်ကုန်ရသည်။ဒီရက်ထဲနွယ်နေလို့သိပ်မကောင်းပေစိတ်ထဲထင်တာကကိုကြီးသောင်းကျန်းတာရက်ဆက်ဖြစ်နေလို့ထင်ကာဘယ်သူ့ကိုမှမပြောဖြစ်ပေ။ခုလဲမနက်ထဲကမူးနေလို့အခန်းထဲမှာပဲလှဲနေရာကနေမေမေမြကမုန့်စားဖို့အောက်ဆင်းဖို့ခေါ်လို့ဆင်းလာလိုက်သည်။မုန့်လဲသိပ်မစားလို့မေမေမြကတောင်
"သမီးနေမကောင်းချင်ဘူးလားမသိဘူးညနေသားနဲ့ဆေးခန်းသွားပြချည်အစားကောင်းကောင်းမစားတာသုံးလေးရက်ဖြစ်နေပီအန်လဲမအန်ဘူးအန်ရင်တော့
ကိုယ်ဝန်များလားပေါ့သွားနားတော့မေမေပြောတာခေါင်းထဲမထည့်နဲ့"
နွယ်အပေါ်ပြန်တက်ကာအိပ်နေလိုက်သည်။ညနေစောင်းမှနိုးလာပီးကိုကြီးကိုကြိုဖို့အောက်ဆင်းလာတော့ကိုကြီးကရောက်နေပီးမေမေနဲ့စကားပြောရာကနေ
"နွယ်တအားနေမကောင်းဖြစ်တာလားကိုကြီးကိုမနက်
ဟားနွယ်လေး"
လက်ရုန်းစကားပင်မဆုံးသေးကိုယ့်မျက်စိရှေ့မူးလဲကျသွားတဲ့နွယ့်ကိုပြေးပွေ့ကာခေါ်ပေမဲ့နွယ်ကလုံးဝကိုသတိမေ့သွားလို့ဆေးရုံပြေးရသည်။ဆေးရုံရောက်မှကိုယ်ဝန်ရှိနေတာအားနည်းလို့မူးလဲတာဆိုမှဟင်းချ
နိုင်သည်။ဆေးပုလင်းတဝက်ကျော်မှနွယ်လေးသတိရလာသည်။
"ကိုကြီးနွယ်မူးလဲသွားတာလား"
"ဟုတ်တယ်ဘာမှမဖြစ်ဘူးနော် နွယ်လေးမှာခလေးလေးရှိနေပီတဲ့"
"တကယ်လားကိုကြီးဝမ်းသာလိုက်တာ"
"မေမေတို့ကောသိလား"
"သိတယ်မေမေ၂ယောက်လုံးဆေးရုံရောက်နေတာဟိုတခန်းကျော်ကသူတို့သူငယ်ချင်းဆိုလားခနသွား
ကြည့်တာဖေဖေတိုလဲခနနေလာမယ်"
"မလာခိုင်းပါနဲဆေးရုံကခုဆင်းလို့ရတာပဲ"
"မရပါဘူးဗျာနွယ်လေးအားဆေးတွေသွင်းးမယ်
ပီးရင်အက်ထရာဆောင်းရိုက်ရမယ်ခလေးအခြေနေသိဖို့အဲ့တာဒီညတော့ဆေးရုံမှာပဲနားပီးမနက်ဆေးအကုန်စစ်ပီးမှအိမ်ပြန်မယ်နော်"
"ကိုကြီးအိပ်စောင့်မှာမလားအာ့ဆိုရတယ်"
"စောင့်ရမှာပေါ့ကိုယ်ကစိတ်မကောင်းဖြစ်နေတာ
ကိုယ်ကခလေးရှိတာမသိပဲဒီရက်ထဲနေ့တိုင်းသောင်းကျန်နေတာတော်သေးတယ်ခလေးဘာမှမဖြစ်လို့"
"ကိုကြီး ဘယ်သူစစ်နေလို့ဆေးရုံလာပီးအရှက်မရှိပြောနေရတာလဲ"
"ခလေးမေမေဖြစ်တော့မယ်ခုထိရှက်နေတုန်းလား"
"ကိုကြီးနော်"
"ဟောသမီးတောင်သတိရနေပီ"
မေမေနဲ့မေမေမြဝင်လာကာဘာစားချင်လဲမေးကာကျွေးဖို့စီစဉ်နေတုန်းဖေဖေ၂ယောက်ပါရောက်လာပီးစကားပြောကြသည်။ခနနေတော့ရုံးဆင်းလာတဲ့ကို
ဇန်ရယ်မခြူးတို့မိသားစုတွေပါရောက်လာပီးဆေးရုံ
ခန်းတခုလုံးအပျော်တွေနဲ့ဖြစ်ကာည၉နာရီခန့်မှအားလုံးပြန်သွားကြသဖြင့်ကိုကြီးလဲခြေလက်ဆေးနေ
တုန်းအားနေတာနဲ့ဖုန်းဖွင့်ကြည့်တော့ကိုဇန်တင်ထားတဲ့postအောက်မှာကိုကြီးသူငယ်ချင်းတွေစည်
စည်ကားကားရောက်ရှိကာကိုကြီးကိုဝိုင်းစနေကြသည်။
"နွယ်လေးဘာတွေသဘောကျနေတာလဲ"
"ဒီမှာကိုဇန့်postအောက်မှာကိုကြီးသူငယ်ချင်းတွေရေးတာကြည့်ပီးရီနေတာ"
"မကြည့်နဲ့လာကိုကြီးရင်ခွင်ထဲအိပ်တော့"
💜💜💜
ယူတိုရဲ့
Purple🥰🥰🥰