Second life ( အချို့သောချစ်ခြ...

Bởi moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ Xem Thêm

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 22

1.9K 215 48
Bởi moetharchel

Unicode


"ဖေဖေ……"

"ဗျ……"

သားကိုထမင်းခူးကျွေးဖို့ပြင်နေတုန်းအနားရောက်လာတဲ့သားကြောင့် ပြုံးကာအလိုက်သင့်ပြန်ထူးမိပေမယ့်သားဆီကိုတော့အကြည့်မရောက်မိသေး။ မှိုင်းညှို့အနားကိုတိုးကပ်လာတဲ့သားက မဝံ့မရဲလေးမို့သားကိုတစ်ချက်ကြည့်ကာမေးအသာဆတ်ပြမိတော့ သားကခေါင်းငုံ့ထားဆဲ။

"ဘာဖြစ်လို့လဲသား……"

"ဟို…ဟိုလေ……"

ထစ်ငေါ့ထစ်ကေါ့လေးနှင့်မျက်နှာငယ်လေးလုပ်ကာငေးကြည့်နေတဲ့သားကိုစိတ်ပူမိပေမယ့်လို့ ဘာဆိုတာတကယ်ပဲခန့်မှန်းလို့မရတာတော့အမှန်။
ဟူး……ဒီအချိန်မှာမြတ်သဝဏ်သာရှိနေရင်သေချာပေါက်သိမှာပဲ……။

မြတ်သဝဏ်ကငယ်ငယ်ကတည်းကသားကိုအရိပ်တကြည့်ကြည့်နေလာခဲ့တဲ့သူမဟုတ်လား။ သားမျက်နှာမကောင်းရင်သူကပဲအရင်သိပြီးမှိုင်းညှို့ကိုလာလာပြောနေကျ။ ပြီးတော့ဖအေအရင်းဖြစ်တဲ့မှိုင်းညှို့ထက်တောင်သူကသားရဲ့စိတ်ကိုပိုခန့်မှန်းတတ်သေးတာမျိုး။

"သား…သားသားဒယ်ဒီ့အကြောင်းမေးချင်လို့……"

စကားဆုံးသည်နှင့်ခေါင်းလေးငုံ့သွားပြန်တဲ့သားကသူ့ကိုဆူမှာကြောက်နေသည့်ပုံပင်။ ဟုတ်တော့လည်းဟုတ်ပါရဲ့……ဒီပတောအတွင်းမြတ်သဝဏ်အကြောင်းပြောမိတိုင်းသားကိုဆူခဲ့မိသည်ပဲ……။

"မေးလေသားသားရဲ့……"

သားရဲ့ဆံပင်လေးတွေကိုခပ်ဖွဖွဖိသပ်ပေးရင်းပြောလိုက်မိတော့သားကအံ့သြသလိုငေးကြည့်လာတယ်။

"သားသားလေ ဒီနေ့ဒယ်ဒီနဲ့တူတဲ့ကိုကို့ကိုတွေ့ခဲ့တယ်……"

"ဟော……ဒါဆိုဦးဦးကိုတွေ့ခဲ့တာလား…ဘယ်မှာတွေ့ခဲ့တာလဲသားရဲ့……"

"ဟုတ်ဘူး……သားသားပြောတာက ဟိုလိုမျိုးတူတာမဟုတ်ဘူး…ဒယ်ဒီဂရုစိုက်ပေးတာမျိုးနဲ့တူတယ်ပြောတာ……"

မှိုင်းညှို့မှာတော့သားရဲ့စကားသံကိုကြားတစ်ချက်မကြားတစ်ချက်။ လက်ထဲကဖုန်းကိုသာတွေတွေလေးငေးရင်း စိတ်အာရုံတွေကလည်းပျံ့နှံ့နေမိတယ်။
ဖုန်းscreenမှာပေါ်နေတဲ့messageတစ်ကြောင်းကဒီလောက်အထိစိတ်ဒုက္ခရောက်စေမှန်းမသိခဲ့တာအမှန်ပါ။

မွမ်းကျပ်နေတဲ့စိတ်ကိုခဏထိန်းချုပ်ကာလက်ချောင်းတွေကိုအလုပ်ပေး၍ယစ်ဆီmessageတစ်စောင်ပြန်ပို့မိသည်။

' မင်းအိမ်ပြန်မအိပ်တာဘယ်နှရက်ရှိလဲ ယစ်…… '

ပို့လိုက်မိတဲ့စာကရောက်သွားပေမယ့်လို့တုံ့ပြန်မှုကတော့ရှိမလာတာကြောင့်ဝမ်းနည်းစိတ်ကလှိုက်ခနဲ။
ငါ့ကိုဂရုမစိုက်တော့ဘူးလားယစ်ရယ်……။
ငါလေ မင်းနဲ့ကျမှပဲစကားတစ်ခွန်းကနာကျင်စေတတ်မှန်းလည်းသိခဲ့ပြီ။ အပြုအမူတစ်ခုကဘယ်လောက်အထိသက်ရောက်စေသလဲဆိုတာလည်းသိခဲ့ပြီ။

ပါးပြင်ပေါ်လှိမ့်ဆင်းလာတဲ့မျက်ရည်စတွေကိုစားမမြင်အောင်လို့ ထမင်းစားခန်းထဲကနေအမြန်ထွက်ကာအိပ်ခန်းဆီသို့ဦးတည်လိုက်ရသည်။ အခန်းထဲရောက်သည်နှင့်မခိုင်ချင်တော့တဲ့ခြေထောက်တွေကြောင့်လူကကုတင်ပေါ်လှဲချမိလျှက်သား။ ခေါင်းအုံးကိုခပ်တင်းတင်းပွေ့ဖက်ကာငိုချပစ်မိရင်းတမ်းတမိတာကတစ်ချိန်ကဂရုတစိုက်နှင့်အမြဲတမ်းအနားမှာရှိပေးခဲ့ဖူးသူကိုပင်။ ထိုသူကမှိုင်းညှို့ဘယ်လောက်ပဲဆိုးခဲ့ဆိုးခဲ့အပြုံးတစ်ပွင့်နဲ့ပဲတုံ့ပြန်ပေးခဲ့ဖူးတယ်။ ဘယ်လောက်ပဲဒေါသထွက်ပြီးရိုက်နှက်ခဲ့မိပါစေ သူကတော့ဒေါသပြေတဲ့အထိငြိမ်ငြိမ်လေးအရိုက်ခံပေးခဲ့ဖူးတယ်။ အချိန်တိုင်းစိတ်တိုင်းမငြိုမငြင်လုပ်ပေးတတ်တဲ့သူကိုမှတကယ်ပဲလျစ်လျူရှုခဲ့မိတာပဲ။

တောင်းပန်ပါတယ်မြတ်သဝဏ်……တစ်ဖက်တည်းကိုပဲကြည့်ခဲ့မိတဲ့အတွက်တကယ်ပဲတောင်းပန်ပါတယ်။  ပြန်မရနိုင်တော့တဲ့မင်းကိုအခုမှတမ်းတမိတဲ့အတွက်လည်းတောင်းပန်ပါတယ်။ ပြီးတော့…ပြီးတော့ မင်းငါ့ဆီပြန်မလာနိုင်အောင်ဖန်တီးခဲ့မိတဲ့သူကလည်းငါပဲဖြစ်နေလို့တောင်းပန်ပါတယ်။
အကယ်၍……အကယ်၍မင်းသာအခုအချိန်ပြန်လာနိုင်သေးမယ်ဆိုရင် ငါ့မှာမင်းကိုတောင်းပန်စရာတွေအများကြီးပဲ…တကယ့်ကိုအများကြီးရှိနေတာ။


_____________________________________________


ဆက်တိုက်မြည်နေတဲ့ဖုန်းသံကျယ်ကျယ်ကအိပ်ပျော်နေတဲ့မှိုင်းညှို့ကိုအတင်းနှိုးနေသယောင်။ ညကအချိန်အတော်ကြာသည်အထိငိုပြီးမှအိပ်လိုက်မိတာကြောင့်ထင် ၊ လူကခေါင်းတွေလည်းထိုးကိုက်ကာ နေလို့ကလည်းသိပ်မကောင်း။ သို့သော်ရပ်မသွားတဲ့ဖုန်းသံကြောင့်လှဲနေရာကနေအမြန်ထထိုင်ပြီးမှန်တင်ခုံပေါ်ကဖုန်းကိုလှမ်းယူကာနံပါတ်တောင်မကြည့်ဘဲကောက်ကိုင်လိုက်ရသည်။

"Hello……"

"Hello…အစ်ကိုမှိုင်းညှို့ companyမှာအရေးပေါ်အစည်းအဝေးလုပ်နေလို့အမြန်လာခဲ့ပါအုံး……"

ရုတ်တရက်ကြားလိုက်ရတဲ့စကားသံကြောင့်လူကခေါင်းကိုက်နေတာတောင်ဘယ်ရောက်လို့ရောက်သွားမှန်းမသိတော့။ ဖုန်းမှာရေးမှတ်ထားမိတဲ့နံပါတ်ကိုပြန်ကြည့်မိတော့မှ ထူးထက်စေဆီကပင်။

"နေစမ်းပါအုံး……အစည်းအဝေးကဘယ်သူခေါ်တာလဲ…ယစ်companyရောက်နေလို့လား……"

clubမှာအိပ်တဲ့ညတွေဆိုရင်ယစ်ကဒီအချိန်လောက်နဲ့ပြန်ရောက်တတ်တဲ့သူမျိုးမဟုတ်မှန်းသိနေပေမယ့် မျှော်လင့်တကြီးနဲ့သာမေးလိုက်မိသည်။
အစည်းအဝေးဆိုတာကမှိုင်းညှို့နဲ့ယစ်မှမဟုတ်ရင်ဘယ်သူကမှစခေါ်စရာအကြောင်းကိုမရှိတာ……။

"မဟုတ်ဘူး အစ်ကိုမှိုင်းညှို့……အစ်ကိုမှိုင်းညှို့သာမြန်မြန်လာခဲ့ပါ……"

စကားဆုံးသည်နှင့်ဖုန်းချသွားတဲ့ထူးထက်စေကြောင့် မှိုင်းညှို့လည်းကုတင်ပေါ်ကနေအမြန်ဆင်းကာအဝတ်အစားလဲပြီးcompanyဆီသို့ဦးတည်ရတော့သည်။
ဘာတွေကဘယ်လိုဖြစ်ကုန်ရတာလဲ……။


_____________________________________________


companyသို့ရောက်သည်နှင့်အစည်းအဝေးခန်းဆီကိုသာခပ်မြန်မြန်လျှောက်သွားလိုက်သည်။ အစည်းအဝေးခန်းထဲဝင်လိုက်သည်နှင့်တွေ့လိုက်ရတာက ရှယ်ယာရှင်တွေအကုန်လုံးစုံညီနေတဲ့အပြင် CEOနေရာမှာအေးအေးဆေးဆေးခြေထောက်ချိတ်ကာထိုင်နေတဲ့ရဏသဝဏ်။

"ဒါကဘယ်သူစလိုက်တဲ့အစည်းအဝေးလဲ……ဒီcompanyရဲ့ရှယ်ယာအများဆုံးနဲ့ဥက္ကဌဖြစ်တဲ့ဦးခင်ထန်ယစ်ကိုတောင်အသိမပေးရအောင်…ဘယ်သူကများဒီလိုအတင့်ရဲရတာလဲ……"

ဒေါသသံစွတ်နေတဲ့သူ့အသံကြောင့်တခြားရှယ်ယာရှင်တွေအကုန်လုံးကလှည့်ကြည့်လာပြီးမျက်နှာပျက်သွားကြပေမယ့်လို့ ရဏသဝဏ်ကတော့နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကွေးညွတ်၍ပြုံးပြကာဂရုမစိုက်သလိုမျက်နှာပေးဖြင့်သာပြန်တုံ့ပြန်လာသည်။
နဂိုကတည်းကထွက်နေတဲကဒေါသကြောင့် ရဏသဝဏ်အနားကိုတိုးကပ်သွားလိုက်ပြီးခပ်စူးစူးစိုက်ကြည့်ပေးလိုက်တော့မျက်ခုံးပင့်ပြလာတဲ့ပုံစံကိုကတကယ်ပဲရိုက်ချင်စရာ။

"မင်းကဘာကိစ္စဒီမှာထိုင်နေရတာလဲ……"

ထိုကောင့်ပုံစံကြောင့်မှိုင်းညှို့လည်းယဉ်ကျေးမနေနိုင်တော့ဘဲခပ်ရိုင်းရိုင်းသာပြောမိတော့သည်။ သို့ပေမယ့်ထိုကောင်ကဖြုံသည့်ပုံမပေါ်ပခုံးအသာတွန့်ပြရင်းပြုံးတောင်ပြုံးပြနေသေး။

"ကျုပ်ဘာဖြစ်လို့ဒီမှာထိုင်နေသလဲဆိုတာသိချင်တယ်ပေါ့……"

ထိုင်နေရာကနေထကာမှိုင်းညှို့ကိုစူးစိုက်ကြည့်လာတဲ့မျက်ဝန်းတွေ။ အရပ်ကွာခြားချက်ကြောင့်မှိုင်းညှို့ကအနည်းငယ်နိမ့်နေပေမယ့်လို့ တန်ပြန်ပို့လွှတ်မိတဲ့အကြည့်စူးစူးတွေကြောင့် နှစ်ဦးသားရဲ့မျက်ဝန်းတွေကဆက်နွယ်လျက်ရှိသည်။

"ကောင်းပြီလေ……ကဲ သိချင်တယ်ဆိုမှတော့လည်း……"

အသံကိုဆွဲပြောရင်းမျက်ရိပ်ပြလိုက်တော့ ထူးထက်စေကခေါင်းအသာညိတ်ပြလာပြီးချက်ချင်းဆိုသလိုသူ့ရဲ့Laptopကနေတစ်ဆင့်projectorမှာfileတစ်ခုကိုပြောင်းလဲလိုက်သည်။ ဒါပေမယ့်……ဘာဖြစ်လို့ထူးထက်စေက ရဏသဝဏ်ပြောသလိုလိုက်လုပ်နေရတာလဲဆိုတာကိုတော့မှိုင်းညှို့တစ်ယောက်နားမလည်မိလိုက်တာအမှန်……။

"ဒါကတော့……ကျွန်တော့်companyကGM ( general manager ) နဲ့ဖောက်ပြန်ပြီး…ဦးခက်ထန်ယစ်ကcompanyရဲ့အချက်အလက်တွေကိုခိုးယူထားတဲ့သက်သေပါ……နောက်ထပ်တစ်ခုကတော့ projectအတွက်ကျွန်တော့်ဘက်ကလွှဲပေးထားတဲ့ငွေတွေကိုအလွဲသုံးစားလုပ်ထားကြောင်းသက်သေပါ……နောက်ထပ်တစ်ခုက……"

"မဖြစ်နိုင်ဘူး!……"

သက်သေတွေကိုတစ်ခုပြီးတစ်ခုရှင်းပြနေတဲ့ရဏသဝဏ်ရဲ့စကားမဆုံးခင်ပင်ဖြတ်ပြောလိုက်မိသည်။ တကယ်လည်းဘယ်လောက်ပဲသက်သေခိုင်လုံနေပါစေ……မှိုင်းညှို့မယုံဘူး…မဟုတ်ဘူး မယုံချင်ဘူး……။

"ယစ်က…ယစ်ကဘယ်တော့မှအဲ့ဒီ့လိုလုပ်မှာမဟုတ်ဘူး……"

"အဟက်!……"

သူ့စကားကိုလှောင်ပြုံးတစ်ချက်ပြုံးကာအနားတိုးကပ်လာတဲ့ရဏသဝဏ်ကိုသတိမထားသလို ၊ ဂရုလည်းမစိုက်မိ။ အခုအချိန်သူ့ခေါင်းထဲမှာရှိနေတာကယစ်ကဒီလိုမလုပ်လောက်ပါဘူးဆိုတဲ့ငြင်းဆန်မှုတွေပဲရှိတာပင်။

"နောက်ဆုံးတစ်ခုကတော့……ဦးခက်ထန်ယစ်က သူပိုင်ဆိုင်တဲ့ရှယ်ယာတွေကို…ကျွန်တော့်ဆီမှာရောင်းသွားခဲ့တဲ့ဆိုတာပါပဲ……"

မှိုင်းညှို့မျက်နှာကိုစေ့စေ့ကြည့်ကာပြောသွားပြီးမှတစ်ဖက်ကိုအကြည့်ပြန်လွှဲသွားတဲ့သူရဲ့မျက်နှာမှာအောင်နိုင်သူအပြုံးတစ်ပွင့်ကိုပင်ချိတ်ဆွဲထားဟန်။

"ဒီတော့……ကျွန်တော့်companyရဲ့သတင်းအချက်အလက်တွေကိုခိုးယူခဲ့တဲ့ ဦးခက်ထန်ယစ်ကိုcompanyဘက်ကတရားစွဲဆိုမှာပါ……နောက်ပြီးတော့ ဒီcompanyရဲ့ရှယ်ယာအများဆုံးဖြစ်တဲ့ကျွန်တော်က…ဒီခုံမှာထိုင်သင့်တယ်မဟုတ်ဘူးလား……"

စကားဆုံးသည်နှင့်မှိုင်းညှို့ကိုခပ်ပြုံးပြုံးစိုက်ကြည့်လာတာမြင်မိပေမယ့်ဘာဆိုဘာမှမတုံ့ပြန်နိုင်။ မဟုတ်သေးဘူး……တုံ့ပြန်ဖို့အတွက်အင်အားမရှိတာဆိုပိုမှန်မယ်။
တဖြည်းဖြည်းအသက်ရှူရခက်လာသလို မျက်လုံးတွေလည်းပြာဝေလာသည်။ အစကတည်းကထိုးကိုက်နေတဲ့ခေါင်းကအခုမှပိုပြီးဆိုးရွားလာတာမို့ထိန်းကိုင်ဖို့ကြိုးစားပေမယ့်အင်အားမရှိတော့။ အားမရှိတဲ့ခြေထောက်တွေကိုထိန်းမထားနိုင်တဲ့အဆုံး………။

"အစ်ကိုမှိုင်းညှို့……"

ထူးထက်စေကလဲကျသွားတဲ့ဦးမှိုသ်းညှို့ရွှေဘုံအနားကိုပြေးလာခဲ့ပေမယ့် ခြေလှမ်းအနည်းငယ်မျှအကွာအဝေးမှာရှိနေတဲ့သဝဏ်ကတော့မလှုပ်မယှက်သာရပ်ကြည့်နေလေသည်။ ခံစားချက်မဲ့သလို ၊ တည်ငြိမ်အေးစက်တဲ့မျက်ဝန်းတွေနှင့်သာကြမ်းပြင်ပေါ်လဲကျနေတဲ့သူကိုကြည့်ရင်းသူဟာဘာဆိုဘာမှတုံ့ပြန်မှုမရှိ။

"အစ်ကိုမှိုင်းညှို့ကဖျားနေတဲ့ပုံပဲboss……"

"ဟုတ်လား……"

သဝဏ်ဂရုမစိုက်မိပါ။ စိတ်လည်းမပူသလို ၊ ဘာဆိုဘာမှလည်းမခံစားရတော့ဘူး။
အိမ်း……တစ်ချိန်ကဆိုရင်တော့ ရူးမတတ်ပျာပျာသလဲဖြစ်နေမှာမှန်ပေမယ့်အခုအချိန်မှာတော့ခင်ဗျားနဲ့ပက်သက်ရင်ကျုပ်မှာဘာခံစားချက်မှကိုမရှိတော့တာပဲ……။

"ကောင်လေး ကိုယ်……"

အနားရောက်လာတဲ့ဒေါက်တာ့ကိုခပ်စူးစူးစိုက်ကြည့်ပေးလိုက်မှသာခေါင်းလေးငုံ့ကာငြိမ်သွားသည်။

"ဆေးရုံပို့ပေးလိုက်ပေါ့……ရော့ ငါ့ကားယူသွားလိုက်……"

ကားသော့ကိုလှမ်းပစ်ပေးလိုက်ပြီးမဆိုင်သလိုသာနေနေလိုက်သည်။ ဦးမှိုင်းညှို့ရွှေဘုံကိုပွေ့ချီပြီးခေါ်သွားကြတာတော့မြင်လိုက်ပေမယ့်ကျန်တာဘာဆိုဘာမှစိတ်မဝင်စားတော့တာကြောင့်လိုက်လည်းမကြည့်ဖြစ်။ အစည်းအဝေးပြန်စဖို့နေရာကိုပြန်ဦးတည်လိုက်စဉ်အနားမှာအူတူတူလေးစိုက်ကြည့်နေတဲ့ဒေါက်တာနဲ့အကြည့်ချင်းဆုံမိလာတာမို့

"သူ့ကိုတခြားသူတွေကုပေးလိမ့်မယ်လေ…ဒီနိုင်ငံမှာဆရာဝန်တွေအများကြီးရှိနေတာပဲ……ဒေါက်တာက ကျွန်တော့်တစ်ယောက်တည်းကိုပဲကုသပေးရမယ့်သူ……"






#################################


Zawgyi



"ေဖေဖ……"

"ဗ်……"

သားကိုထမင္းခူးေကြ်းဖို႕ျပင္ေနတုန္းအနားေရာက္လာတဲ႕သားေၾကာင့္ ျပံဳးကာအလိုက္သင့္ျပန္ထူးမိေပမယ့္သားဆီကိုေတာ့အၾကည့္မေရာက္မိေသး။ မွိဳင္းညိွဳ႕အနားကိုတိုးကပ္လာတဲ႕သားက မဝံ႕မရဲေလးမို႕သားကိုတစ္ခ်က္ၾကည့္ကာေမးအသာဆတ္ျပမိေတာ့ သားကေခါင္းငံု႕ထားဆဲ။

"ဘာျဖစ္လို႕လဲသား……"

"ဟို…ဟိုေလ……"

ထစ္ေငါ့ထစ္ေကါ့ေလးႏွင့္မ်က္ႏွာငယ္ေလးလုပ္ကာေငးၾကည့္ေနတဲ႕သားကိုစိတ္ပူမိေပမယ့္လို႕ ဘာဆိုတာတကယ္ပဲခန္႕မွန္းလို႕မရတာေတာ့အမွန္။
ဟူး……ဒီအခ်ိန္မွာျမတ္သဝဏ္သာရွိေနရင္ေသခ်ာေပါက္သိမွာပဲ……။

ျမတ္သဝဏ္ကငယ္ငယ္ကတည္းကသားကိုအရိပ္တၾကည့္ၾကည့္ေနလာခဲ႕တဲ႕သူမဟုတ္လား။ သားမ်က္ႏွာမေကာင္းရင္သူကပဲအရင္သိျပီးမွိဳင္းညိွဳ႕ကိုလာလာေျပာေနက်။ ျပီးေတာ့ဖေအအရင္းျဖစ္တဲ႕မွိဳင္းညိွဳ႕ထက္ေတာင္သူကသားရဲ႕စိတ္ကိုပိုခန္႕မွန္းတတ္ေသးတာမ်ိဳး။

"သား…သားသားဒယ္ဒီ႕အေၾကာင္းေမးခ်င္လို႕……"

စကားဆံုးသည္ႏွင့္ေခါင္းေလးငံု႕သြားျပန္တဲ႕သားကသူ႕ကိုဆူမွာေၾကာက္ေနသည့္ပံုပင္။ ဟုတ္ေတာ့လည္းဟုတ္ပါရဲ႕……ဒီပေတာအတြင္းျမတ္သဝဏ္အေၾကာင္းေျပာမိတိုင္းသားကိုဆူခဲ႕မိသည္ပဲ……။

"ေမးေလသားသားရဲ႕……"

သားရဲ႕ဆံပင္ေလးေတြကိုခပ္ဖြဖြဖိသပ္ေပးရင္းေျပာလိုက္မိေတာ့သားကအံ႕ၾသသလိုေငးၾကည့္လာတယ္။

"သားသားေလ ဒီေန႕ဒယ္ဒီနဲ႕တူတဲ႕ကိုကို႕ကိုေတြ႕ခဲ႕တယ္……"

"ေဟာ……ဒါဆိုဦးဦးကိုေတြ႕ခဲ႕တာလား…ဘယ္မွာေတြ႕ခဲ႕တာလဲသားရဲ႕……"

"ဟုတ္ဘူး……သားသားေျပာတာက ဟိုလိုမ်ိဳးတူတာမဟုတ္ဘူး…ဒယ္ဒီဂရုစိုက္ေပးတာမ်ိဳးနဲ႕တူတယ္ေျပာတာ……"

မွိဳင္းညိွဳ႕မွာေတာ့သားရဲ႕စကားသံကိုၾကားတစ္ခ်က္မၾကားတစ္ခ်က္။ လက္ထဲကဖုန္းကိုသာေတြေတြေလးေငးရင္း စိတ္အာရံုေတြကလည္းပ်ံ႕ႏွံ႕ေနမိတယ္။
ဖုန္းscreenမွာေပၚေနတဲ႕messageတစ္ေၾကာင္းကဒီေလာက္အထိစိတ္ဒုကၡေရာက္ေစမွန္းမသိခဲ႕တာအမွန္ပါ။

မြမ္းက်ပ္ေနတဲ႕စိတ္ကိုခဏထိန္းခ်ဳပ္ကာလက္ေခ်ာင္းေတြကိုအလုပ္ေပး၍ယစ္ဆီmessageတစ္ေစာင္ျပန္ပို႕မိသည္။

' မင္းအိမ္ျပန္မအိပ္တာဘယ္ႏွရက္ရွိလဲ ယစ္…… '

ပို႕လိုက္မိတဲ႕စာကေရာက္သြားေပမယ့္လို႕တံု႕ျပန္မွဳကေတာ့ရွိမလာတာေၾကာင့္ဝမ္းနည္းစိတ္ကလွိဳက္ခနဲ။
ငါ့ကိုဂရုမစိုက္ေတာ့ဘူးလားယစ္ရယ္……။
ငါေလ မင္းနဲ႕က်မွပဲစကားတစ္ခြန္းကနာက်င္ေစတတ္မွန္းလည္းသိခဲ႕ျပီ။ အျပဳအမူတစ္ခုကဘယ္ေလာက္အထိသက္ေရာက္ေစသလဲဆိုတာလည္းသိခဲ႕ျပီ။

ပါးျပင္ေပၚလွိမ့္ဆင္းလာတဲ႕မ်က္ရည္စေတြကိုစားမျမင္ေအာင္လို႕ ထမင္းစားခန္းထဲကေနအျမန္ထြက္ကာအိပ္ခန္းဆီသို႕ဦးတည္လိုက္ရသည္။ အခန္းထဲေရာက္သည္ႏွင့္မခိုင္ခ်င္ေတာ့တဲ႕ေျခေထာက္ေတြေၾကာင့္လူကကုတင္ေပၚလွဲခ်မိလွ်က္သား။ ေခါင္းအံုးကိုခပ္တင္းတင္းေပြ႕ဖက္ကာငိုခ်ပစ္မိရင္းတမ္းတမိတာကတစ္ခ်ိန္ကဂရုတစိုက္ႏွင့္အျမဲတမ္းအနားမွာရွိေပးခဲ႕ဖူးသူကိုပင္။ ထိုသူကမွိဳင္းညိွဳ႕ဘယ္ေလာက္ပဲဆိုးခဲ႕ဆိုးခဲ႕အျပံဳးတစ္ပြင့္နဲ႕ပဲတံု႕ျပန္ေပးခဲ႕ဖူးတယ္။ ဘယ္ေလာက္ပဲေဒါသထြက္ျပီးရိုက္ႏွက္ခဲ႕မိပါေစ သူကေတာ့ေဒါသေျပတဲ႕အထိျငိမ္ျငိမ္ေလးအရိုက္ခံေပးခဲ႕ဖူးတယ္။ အခ်ိန္တိုင္းစိတ္တိုင္းမျငိဳမျငင္လုပ္ေပးတတ္တဲ႕သူကိုမွတကယ္ပဲလ်စ္လ်ဴရွဳခဲ႕မိတာပဲ။

ေတာင္းပန္ပါတယ္ျမတ္သဝဏ္……တစ္ဖက္တည္းကိုပဲၾကည့္ခဲ႕မိတဲ႕အတြက္တကယ္ပဲေတာင္းပန္ပါတယ္။  ျပန္မရနိုင္ေတာ့တဲ႕မင္းကိုအခုမွတမ္းတမိတဲ႕အတြက္လည္းေတာင္းပန္ပါတယ္။ ျပီးေတာ့…ျပီးေတာ့ မင္းငါ့ဆီျပန္မလာနိုင္ေအာင္ဖန္တီးခဲ႕မိတဲ႕သူကလည္းငါပဲျဖစ္ေနလို႕ေတာင္းပန္ပါတယ္။
အကယ္၍……အကယ္၍မင္းသာအခုအခ်ိန္ျပန္လာနိုင္ေသးမယ္ဆိုရင္ ငါ့မွာမင္းကိုေတာင္းပန္စရာေတြအမ်ားၾကီးပဲ…တကယ့္ကိုအမ်ားၾကီးရွိေနတာ။


_____________________________________________


ဆက္တိုက္ျမည္ေနတဲ႕ဖုန္းသံက်ယ္က်ယ္ကအိပ္ေပ်ာ္ေနတဲ႕မွိဳင္းညိွဳ႕ကိုအတင္းနွိဳးေနသေယာင္။ ညကအခ်ိန္အေတာ္ၾကာသည္အထိငိုျပီးမွအိပ္လိုက္မိတာေၾကာင့္ထင္ ၊ လူကေခါင္းေတြလည္းထိုးကိုက္ကာ ေနလို႕ကလည္းသိပ္မေကာင္း။ သို႕ေသာ္ရပ္မသြားတဲ႕ဖုန္းသံေၾကာင့္လွဲေနရာကေနအျမန္ထထိုင္ျပီးမွန္တင္ခံုေပၚကဖုန္းကိုလွမ္းယူကာနံပါတ္ေတာင္မၾကည့္ဘဲေကာက္ကိုင္လိုက္ရသည္။

"Hello……"

"Hello…အစ္ကိုမွိဳင္းညိွဳ႕ companyမွာအေရးေပၚအစည္းအေဝးလုပ္ေနလို႕အျမန္လာခဲ႕ပါအံုး……"

ရုတ္တရက္ၾကားလိုက္ရတဲ႕စကားသံေၾကာင့္လူကေခါင္းကိုက္ေနတာေတာင္ဘယ္ေရာက္လို႕ေရာက္သြားမွန္းမသိေတာ့။ ဖုန္းမွာေရးမွတ္ထားမိတဲ႕နံပါတ္ကိုျပန္ၾကည့္မိေတာ့မွ ထူးထက္ေစဆီကပင္။

"ေနစမ္းပါအံုး……အစည္းအေဝးကဘယ္သူေခၚတာလဲ…ယစ္companyေရာက္ေနလို႕လား……"

clubမွာအိပ္တဲ႕ညေတြဆိုရင္ယစ္ကဒီအခ်ိန္ေလာက္နဲ႕ျပန္ေရာက္တတ္တဲ႕သူမ်ိဳးမဟုတ္မွန္းသိေနေပမယ့္ ေမွ်ာ္လင့္တၾကီးနဲ႕သာေမးလိုက္မိသည္။
အစည္းအေဝးဆိုတာကမွိဳင္းညိွဳ႕နဲ႕ယစ္မွမဟုတ္ရင္ဘယ္သူကမွစေခၚစရာအေၾကာင္းကိုမရွိတာ……။

"မဟုတ္ဘူး အစ္ကိုမွိဳင္းညိွဳ႕……အစ္ကိုမွိဳင္းညိွဳ႕သာျမန္ျမန္လာခဲ႕ပါ……"

စကားဆံုးသည္ႏွင့္ဖုန္းခ်သြားတဲ႕ထူးထက္ေစေၾကာင့္ မွိဳင္းညိွဳ႕လည္းကုတင္ေပၚကေနအျမန္ဆင္းကာအဝတ္အစားလဲျပီးcompanyဆီသို႕ဦးတည္ရေတာ့သည္။
ဘာေတြကဘယ္လိုျဖစ္ကုန္ရတာလဲ……။


_____________________________________________


companyသို႕ေရာက္သည္ႏွင့္အစည္းအေဝးခန္းဆီကိုသာခပ္ျမန္ျမန္ေလွ်ာက္သြားလိုက္သည္။ အစည္းအေဝးခန္းထဲဝင္လိုက္သည္ႏွင့္ေတြ႕လိုက္ရတာက ရွယ္ယာရွင္ေတြအကုန္လံုးစံုညီေနတဲ႕အျပင္ CEOေနရာမွာေအးေအးေဆးေဆးေျခေထာက္ခ်ိတ္ကာထိုင္ေနတဲ႕ရဏသဝဏ္။

"ဒါကဘယ္သူစလိုက္တဲ႕အစည္းအေဝးလဲ……ဒီcompanyရဲ႕ရွယ္ယာအမ်ားဆံုးနဲ႕ဥကၠဌျဖစ္တဲ႕ဦးခင္ထန္ယစ္ကိုေတာင္အသိမေပးရေအာင္…ဘယ္သူကမ်ားဒီလိုအတင့္ရဲရတာလဲ……"

ေဒါသသံစြတ္ေနတဲ႕သူ႕အသံေၾကာင့္တျခားရွယ္ယာရွင္ေတြအကုန္လံုးကလွည့္ၾကည့္လာျပီးမ်က္ႏွာပ်က္သြားၾကေပမယ့္လို႕ ရဏသဝဏ္ကေတာ့ႏွဳတ္ခမ္းေထာင့္စြန္းတစ္ဖက္ေကြးညြတ္၍ျပံဳးျပကာဂရုမစိုက္သလိုမ်က္ႏွာေပးျဖင့္သာျပန္တံု႕ျပန္လာသည္။
နဂိုကတည္းကထြက္ေနတဲကေဒါသေၾကာင့္ ရဏသဝဏ္အနားကိုတိုးကပ္သြားလိုက္ျပီးခပ္စူးစူးစိုက္ၾကည့္ေပးလိုက္ေတာ့မ်က္ခံုးပင့္ျပလာတဲ႕ပံုစံကိုကတကယ္ပဲရိုက္ခ်င္စရာ။

"မင္းကဘာကိစၥဒီမွာထိုင္ေနရတာလဲ……"

ထိုေကာင့္ပံုစံေၾကာင့္မွိဳင္းညိွဳ႕လည္းယဥ္ေက်းမေနနိုင္ေတာ့ဘဲခပ္ရိုင္းရိုင္းသာေျပာမိေတာ့သည္။ သို႕ေပမယ့္ထိုေကာင္ကျဖံဳသည့္ပံုမေပၚပခံံုးအသာတြန္႕ျပရင္းျပံဳးေတာင္ျပံဳးျပေနေသး။

"က်ဳပ္ဘာျဖစ္လို႕ဒီမွာထိုင္ေနသလဲဆိုတာသိခ်င္တယ္ေပါ့……"

ထိုင္ေနရာကေနထကာမွိဳင္းညိွဳ႕ကိုစူးစိုက္ၾကည့္လာတဲ႕မ်က္ဝန္းေတြ။ အရပ္ကြာျခားခ်က္ေၾကာင့္မွိဳင္းညိွဳ႕ကအနည္းငယ္နိမ့္ေနေပမယ့္လို႕ တန္ျပန္ပို႕လႊတ္မိတဲ႕အၾကည့္စူးစူးေတြေၾကာင့္ ႏွစ္ဦးသားရဲ႕မ်က္ဝန္းေတြကဆက္ႏြယ္လ်က္ရွိသည္။

"ေကာင္းျပီေလ……ကဲ သိခ်င္တယ္ဆိုမွေတာ့လည္း……"

အသံကိုဆြဲေျပာရင္းမ်က္ရိပ္ျပလိုက္ေတာ့ ထူးထက္ေစကေခါင္းအသာညိတ္ျပလာျပီးခ်က္ခ်င္းဆိုသလိုသူ႕ရဲ႕Laptopကေနတစ္ဆင့္projectorမွာfileတစ္ခုကိုေျပာင္းလဲလိုက္သည္။ ဒါေပမယ့္……ဘာျဖစ္လို႕ထူးထက္ေစက ရဏသဝဏ္ေျပာသလိုလိုက္လုပ္ေနရတာလဲဆိုတာကိုေတာ့မွိဳင္းညိွဳ႕တစ္ေယာက္နားမလည္မိလိုက္တာအမွန္……။

"ဒါကေတာ့……ကြ်န္ေတာ့္companyကGM ( general manager ) နဲ႕ေဖာက္ျပန္ျပီး…ဦးခက္ထန္ယစ္ကcompanyရဲ႕အခ်က္အလက္ေတြကိုခိုးယူထားတဲ႕သက္ေသပါ……ေနာက္ထပ္တစ္ခုကေတာ့ projectအတြက္ကြ်န္ေတာ့္ဘက္ကလႊဲေပးထားတဲ႕ေငြေတြကိုအလြဲသံုးစားလုပ္ထားေၾကာင္းသက္ေသပါ……ေနာက္ထပ္တစ္ခုက……"

"မျဖစ္နိုင္ဘူး!……"

သက္ေသေတြကိုတစ္ခုျပီးတစ္ခုရွင္းျပေနတဲ႕ရဏသဝဏ္ရဲ႕စကားမဆံုးခင္ပင္ျဖတ္ေျပာလိုက္မိသည္။ တကယ္လည္းဘယ္ေလာက္ပဲသက္ေသခိုင္လံုေနပါေစ……မွိဳင္းညိွဳ႕မယံုဘူး…မဟုတ္ဘူး မယံုခ်င္ဘူး……။

"ယစ္က…ယစ္ကဘယ္ေတာ့မွအဲ႕ဒီ႕လိုလုပ္မွာမဟုတ္ဘူး……"

"အဟက္!……"

သူ႕စကားကိုေလွာင္ျပံဳးတစ္ခ်က္ျပံဳးကာအနားတိုးကပ္လာတဲ႕ရဏသဝဏ္ကိုသတိမထားသလို ၊ ဂရုလည္းမစိုက္မိ။ အခုအခ်ိန္သူ႕ေခါင္းထဲမွာရွိေနတာကယစ္ကဒီလိုမလုပ္ေလာက္ပါဘူးဆိုတဲ႕ျငင္းဆန္မွဳေတြပဲရွိတာပင္။

"ေနာက္ဆံုးတစ္ခုကေတာ့……ဦးခက္ထန္ယစ္က သူပိုင္ဆိုင္တဲ႕ရွယ္ယာေတြကို…ကြ်န္ေတာ့္ဆီမွာေရာင္းသြားခဲ႕တဲ႕ဆိုတာပါပဲ……"

မွိဳင္းညိွဳ႕မ်က္ႏွာကိုေစ့ေစ့ၾကည့္ကာေျပာသြားျပီးမွတစ္ဖက္ကိုအၾကည့္ျပန္လႊဲသြားတဲ႕သူရဲ႕မ်က္ႏွာမွာေအာင္နိုင္သူအျပံဳးတစ္ပြင့္ကိုပင္ခ်ိတ္ဆြဲထားဟန္။

"ဒီေတာ့……ကြ်န္ေတာ့္companyရဲ႕သတင္းအခ်က္အလက္ေတြကိုခိုးယူခဲ႕တဲ႕ ဦးခက္ထန္ယစ္ကိုcompanyဘက္ကတရားစြဲဆိုမွာပါ……ေနာက္ျပီးေတာ့ ဒီcompanyရဲ႕ရွယ္ယာအမ်ားဆံုးျဖစ္တဲ႕ကြ်န္ေတာ္က…ဒီခံုမွာထိုင္သင့္တယ္မဟုတ္ဘူးလား……"

စကားဆံုးသည္ႏွင့္မွိဳင္းညိွဳ႕ကိုခပ္ျပံဳးျပံဳးစိုက္ၾကည့္လာတာျမင္မိေပမယ့္ဘာဆိုဘာမွမတံု႕ျပန္နိုင္။ မဟုတ္ေသးဘူး……တံု႕ျပန္ဖို႕အတြက္အင္အားမရွိတာဆိုပိုမွန္မယ္။
တျဖည္းျဖည္းအသက္ရွဴရခက္လာသလို မ်က္လံုးေတြလည္းျပာေဝလာသည္။ အစကတည္းကထိုးကိုက္ေနတဲ႕ေခါင္းကအခုမွပိုျပီးဆိုးရြားလာတာမို႕ထိန္းကိုင္ဖို႕ၾကိဳးစားေပမယ့္အင္အားမရွိေတာ့။ အားမရွိတဲ႕ေျခေထာက္ေတြကိုထိန္းမထားနိုင္တဲ႕အဆံုး………။

"အစ္ကိုမွိဳင္းညိွဳ႕……"

ထူးထက္ေစကလဲက်သြားတဲ႕ဦးမွိဳသ္းညိွဳ႕ေရႊဘံုအနားကိုေျပးလာခဲ႕ေပမယ့္ ေျခလွမ္းအနည္းငယ္မွ်အကြာအေဝးမွာရွိေနတဲ႕သဝဏ္ကေတာ့မလွဳပ္မယွက္သာရပ္ၾကည့္ေနေလသည္။ ခံစားခ်က္မဲ႕သလို ၊ တည္ျငိမ္ေအးစက္တဲ႕မ်က္ဝန္းေတြႏွင့္သာၾကမ္းျပင္ေပၚလဲက်ေနတဲ႕သူကိုၾကည့္ရင္းသူဟာဘာဆိုဘာမွတံု႕ျပန္မွဳမရွိ။

"အစ္ကိုမွိဳင္းညိွဳ႕ကဖ်ားေနတဲ႕ပံုပဲboss……"

"ဟုတ္လား……"

သဝဏ္ဂရုမစိုက္မိပါ။ စိတ္လည္းမပူသလို ၊ ဘာဆိုဘာမွလည္းမခံစားရေတာ့ဘူး။
အိမ္း……တစ္ခ်ိန္ကဆိုရင္ေတာ့ ရူးမတတ္ပ်ာပ်ာသလဲျဖစ္ေနမွာမွန္ေပမယ့္အခုအခ်ိန္မွာေတာ့ခင္ဗ်ားနဲ႕ပက္သက္ရင္က်ဳပ္မွာဘာခံစားခ်က္မွကိုမရွိေတာ့တာပဲ……။

"ေကာင္ေလး ကိုယ္……"

အနားေရာက္လာတဲ႕ေဒါက္တာ့ကိုခပ္စူးစူးစိုက္ၾကည့္ေပးလိုက္မွသာေခါင္းေလးငံု႕ကာျငိမ္သြားသည္။

"ေဆးရံုပို႕ေပးလိုက္ေပါ့……ေရာ့ ငါ့ကားယူသြားလိုက္……"

ကားေသာ့ကိုလွမ္းပစ္ေပးလိုက္ျပီးမဆိုင္သလိုသာေနေနလိုက္သည္။ ဦးမွိဳင္းညိွဳ႕ေရႊဘံုကိုေပြ႕ခ်ီျပီးေခၚသြားၾကတာေတာ့ျမင္လိုက္ေပမယ့္က်န္တာဘာဆိုဘာမွစိတ္မဝင္စားေတာ့တာေၾကာင့္လိုက္လည္းမၾကည့္ျဖစ္။ အစည္းအေဝးျပန္စဖို႕ေနရာကိုျပန္ဦးတည္လိုက္စဥ္အနားမွာအူတူတူေလးစိုက္ၾကည့္ေနတဲ႕ေဒါက္တာနဲ႕အၾကည့္ခ်င္းဆံုမိလာတာမို႕

"သူ႕ကိုတျခားသူေတြကုေပးလိမ့္မယ္ေလ…ဒီနိုင္ငံမွာဆရာဝန္ေတြအမ်ားၾကီးရွိေနတာပဲ……ေဒါက္တာက ကြ်န္ေတာ့္တစ္ေယာက္တည္းကိုပဲကုသေပးရမယ့္သူ……"






#################################

Đọc tiếp

Bạn Cũng Sẽ Thích

107K 6.9K 38
မင်းကိုချစ်နေရတယ်ဆိုတဲ့ အသိလေးတစ်ချက်နဲ့တင် ကိုယ်နှလုံးသားလေး တသိမ့်သိမ့်လှုပ်ရှားနေတယ်။ . . . မင္းကိုခ်စ္ေနရတယ္ဆိုတဲ့ အသိေလးတစ္ခ်က္နဲ႕တင္ ကိုယ္ႏွလုံ...
259K 13.3K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...
34.6K 1.3K 31
ပထမဆုံးအကောင်အထည်ဖော်ဖြစ်တဲ့ 5နှစ်ကွာတဲ့ blအတွဲလေးပါ။ ပေါ့ပေါ့ပါးပါးနဲ့ relax ဖြစ်စေဖို့ကိုပဲ ဦးတည်ရေးဖြစ်မှာမို့ drama အရမ်းမပါပါဘူးနော်။ cover ပုံက...
234K 5.2K 74
imagines as taylor swift as your mom and travis kelce as your dad