ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~
အပိုင်း-16
ခွန်း ခြံပြင်သစ်ပင်အောက်က ကွတ်ပစ်လေးပေါ်မှာထိုင်ပြီး တစ်စုံတစ်ယောက်ကို ထိုင်စောင့်နေခဲ့ပါသည်။ ရောက်ပြီလို့ ပို့ထားတဲ့စာက အတော်ပင်ကြာပြီဖြစ်သည်။ ဒီကောင် ဘာတေများ ဖြစ်နေလို့မရောက်သေးတာလည်း။ ကောင်းကင်ကို ကြည့်ပြီး ဆေးလိပ်လေးကို ဖွာနေလိုက်ပါသည်။
*ကျွန်တော် သွားလိုက်ပါအုန်းမယ်ဗျ*
*အေးအေး သားလေး နောက်လည်း ခနခန လာခဲ့နော့ သမီးလေး က မကြည်ဖြူပေမယ့်
အဒေါ်တို့က ကြည်ဖြူပါတယ်ကွယ်*
*မေမေ*
မိချော ရှက်ရှက်ဖြင့် မေမေ့ကိုသာ အော်ပစ်လိုက်တော့သည်။ ဟိုလူကဆော့ ကြည့်ရယ်နေလေရဲ့ တကယ့်အရူးဘဲ။
*ဟဲ့ သမီး ကိုယ့်ချစ်သူကို အဲ့လိုဘဲ ဆက်ဆံရလား *
*ကယ်ကယ် သွားတော့ သားလေး ဒီဟာမက ရတာမဟုတ်ဘူး *
*ဟုတ်ကဲ့ အန်ကယ် နဲ့ အန်တီ ကျွန်တော် သွားပြီ*
ရောင် လူကာသာ ကားပေါ်ရောက်နေပြီနှလုံးသားလေးကတော့ ဟိုကောင်မလေး ဘေးမှာကျန်ခဲ့လေသည်။ အဟင်း မင်းကို ကောင်းကောင်းကြီး ကျေးဇူးတင်အုန်းမယ် ငခွန်းရေ မင်းကြောင့်
ငါ့ရင်ခုန်သံတွေ အသစ်ပြန်ပေါက်ဖွားလာခဲ့ပြီ။
ခွန်း ဆေးလိပ်သောက်နေတုန်း အိမ်ရှေ့သို့ ကားတစ်စီး ရောက်လာခဲ့သည်။
ဘယ်သူလည်း လှမ်းကြည့်စရာမလိုအောင်လို ခွန်း သိနေပြီ ဖြစ်သည်။
ငယ်ပေါင်းကြီးဖော် သူငယ်ချင်းကြီး သက်တန့်ရောင် မဟုတ်လား။
ပြေးကြည့်မှ ဒီသူငယ်ချင်းလေးရှိတာဆိုတော့ ဘယ်ချိန် ဘယ်နေရာဘဲဖြစ်နေပါစေ
ခေါ်ရင် ရောက်အောင် လာရစမြဲပင်။ မေမေကလည်း သူ့ကို သားတစ်ယောက်လိုချစ်သည်။
ငယ်ငယ်ကဆို အိမ်မာဘဲအိပ် အိမ်မာဘဲစားလေ့ရှိသည်။ ကြီးလာမှသာ တစ်နယ်တစ်ကျေးကို ပြောင်းပြီး နိုင်ငံခြားသို့ ထွက်သွားခြင်းဖြစ်သည်။ သူငယ်ချင်းနှစ်ယောက်ကတော့ အဆက်သွယ် မပျက်ခဲ့ပေ။
*ဟိတ်ကောင်ငခွန်း ငါလာတာကို လာမကြိုဘူး ကြည့်စမ်း မိန်းမရပြီဆိုပြီး ချေနေတာလား မင်း*
*ဟားဟား မင်းက မကြိုလည်း အတင်းဝင်မယ့်ကောင်ကိုကွာ*
*မင်းကို မေမေကြီးနဲ့တိုင်မယ် *
*တိုင်ပေါ့ကွာ အဟက်
လာ သူငယ်ချင်းကြီး အိမ်ထဲဝင် မင်းကော သူများနိုင်ငံမှာနေရတာ အဆင်ပြေလားကွ*
*ပြေပါတယ်ကွာ မင်းကော ဘယ်လိုလုပ်ချက်ချင်းကြီး မိန်းမယူရတာတုန်း
အရင်တုန်းကကျဆော့ မိုးပြောဂျိုးပြောနဲ့ ဘုန်းကြီးဘဲဝတ်မှာပါဆို ပြောစမ်းပါအုန်း*
*အဟက် အချစ်လေကွာ အချစ် သူ့အလိုလိုပေါက်ဖွာလာတော့ ငါလည်း မတားနိုင်တော့ဘူး*
*ဟားဟား ကဗျာတွေဘာတ္ဆေန်လို့ပါလားဟေ
မင်းကို ခြွေနိုင်တဲ့ ကောင်မလေးကို ငါမြင်ဖူးချင်သွားပြီ*
အိမ်ထဲကို ရောက်တော့ ကလေူမက မေမေ့ ဘေးမှာ မုန့်တေ စားသောက်နေတာပင်။
မေမေကလည်း အရိပ်တကြည့်ကြည့် ကြည့်ကာ ပြုံးလို့ပင်။ဒီကောင်မလေးကို
မေမေ သိပ်ချစ်တယ် ထင်ပါရဲ့ သူ့လားလာနေတာကိုပင် လှည့်ကြည့်မအားပေ။
ထိုင်ခုံပေါ်ထိုင်ကာမှ လှည့်လာလေတော့သည်။ ဒါတောင် ဟိုဟာလေးနဲ့
စကားပြောနေတာ မပျက်သေး။
*ဟော ဧည့်သည်ရောက်နေတာလားသား *
*ဟုတ်တယ် မေမေ မသိဘူးလား သူ့ကို*
*ဟေ မေမေ သိလို့လားသားရဲ့*
ခွန်းရဲ့မေမေ ဆံပင် နီညိုရောင်နဲ့ ရောင့်ကို ခေါင်းကြီး စောင်းပြီး သေချာကြည့်နေသည်။ အတန်ကြာကြည့်ပြီးတော့မှ မျက်လုံးများအရောင်တောက်လာကာ မှတ်မိဟန်တူသည်။
*သားရောင်လား ဟုတ်လား *
*ဟုတ်တယ်လေ မေမေ သားကို မေ့ထားတယ်ပေါ့ ရပါတယ်ဗျာ *
ရောင်ဆက်ပြောတာကို နားမထောင်နိုင်တော့ဘဲ သားရောင်ဟုခေါ်ကာ ပွေ့ဖက်လိုက်လေသည်။ သူနဲ့မတွေ့ရတာ 5 နှစ်လောက်လောက်ရှိပြီမဟုတ်လား။အဲ့တုန်းက ရောင်က အသားလည်းမည်းသလို ရုပ်ကလည်း ခုလို မချောပေ။ အခုကျတော့
မင်းသားက အရှုံးပေးရအောင်ကို ချောမော သန့်ပြန့်နေပေသည်။
*သားရောင်ရယ် အခုမှ ဘဲ ပြန်လာတော့တယ် မေမကေ သတိရနေတာကွဲ့ *
*သားအခုက မြန်မာပြည်ကို အပြီး ပြန်လာတာပါ မေမေရဲ့
ပြီးတော့ ဟိုကောင်ခွန်းရဲ့ မင်္ဂလာပွဲရော လာလိုက်တာ ဒါနဲ့
သတို့သမီးက ဘယ်မာလည်းမေမေ*
*ဒီမာလေ သားရဲ့ *
*ဗျာ *
ယောကျာ်းလေး ကေလေးနဲ့ မြန်မာဝမ်းဆက် ဝတ်ထားသော
ကလေးပေါက်စနလေး။ မုန့်တွေ နင်းကန် စားသောက်နေသော ဒီဟာလေးက
ခွန်းရဲ့ သတို့သမီးတဲ့။ မယုံကြည်နိုင်လောက်အောင်ပင်။
*ဟုတ်ကောဟုတ်ရဲ့ လား မေမေရာ ဒီဟာလေးက နို့နံ့တောင်မစင်သေးတဲ့ပုံ *
*ဟျောင့် အဲ့တာ ငါ့မိန်းမကွ*
*လာစမ်း မင်း အိမ်ပေါ်လိုက်ခဲ့ *
ခွန်း ပုခုံးဖက်ကာ အိမ်ပေါ်သို့ ပါသွားလေပြီ ဖြစ်သည်။
ခေတ်ကတော့ အဲ့လူကို ကြည့်မရပါဘူးဆို နောက်ထပ် ကြည့်မရသူပါ တိုးလာခဲ့သည်။ နောက်တစ်ခါတွေ့မှ ပညာကောင်းကောင်းပြအုန်းမယ် ။
သူတို့ တတ်သွားသည်နှင့် ခေတ် ခွန်းရဲ့မေမေနားကို ကပ်လိုက်လေသည်။
စားနေတာကို ခနရပ်လိုက်ပြီး ပါးစပ်ထဲရှိရာကို ရေနဲ့အတင်းမျောချလိုက်လေသည်။
*မေမေ အဲ့လူက ဘယ်သူလည်းဟင် မေမေ့မှာ သားနောက်တစ်ယောက်ရှိသေးတာလား*
*သူ့မိဘတွေနဲ့ မေမေနဲ့ က သူငယ်ချင်းတွေလေ သူ့မိဘတွေ က အရင်တုန်းက အရန်းဆင်းရဲတာ အဲ့တော့ မေမေက ခေါ်ထားပြီး သားတစ်ယောက်လို ပြုစုစောင့်ရှောက်ထားတာ *
*ဩ အာ့ကြောင့် ရင်းရင်းနှိးနှိး ဖြစ်နေကြတာကိုး *
ခေတ် ခေါင်းလေးတစ်ငြိမ့်ငြိမ့်ဖြင့် အစားကိုသာ ဆက်စားနေလိုက်သည်။
သူများအကြောင်းလည်း စိတ်မဝင်စားပါဘူးလေ ။ဟိုလူနဲ့ပတ်သတ်နေလို့သာ မေးချင်းပေ။
*ဟိတ်ကောင်ခွန်း လာစမ်း မင်း ကလေးပေါက်စနလေးကို မုန့်ကျွေးကြိုက်ထားတာလား ပြောစမ်း မရှိ ရှိတာ ချိုင်လိုက်တာများလား ဟားဟား*
*ဟျောင့် ရောင် မဟုတ်ဘူးကွ သူက အသည်းသန် ကိုငြင်းနေတာကွ
ငါ့မှာ မနေနိုင်မထိုင်နိုင်ဖြစ်ပြီး သူ့သဘောမပါဘဲ မင်္ဂလာပွဲစီစဉ်လိုက်ရတာ *
*ဟေ ငါ့ကောင်ကြီးကို ငြင်းတဲ့သူရှိသေးတာလား ဟားဟား
အထူးဆန်းဘဲဟေ့ *
*ရီလို့ ဝပြီလား ဝရင် အောက်ဆင်းမယ်*
နှစ်ယောက်သား လည်ပင်းဖက်ကာ အောက်သို့ ဆင်းလာကြလေသည်။
ခေတ်ကတော့ စားတုန်းသောက်တုန်းပင် ။ သူတို့လာတော့ နူတ်ခမ်းကြီးဆူထားလိုက်လေသည်။
ရောင် ကလေးမကို တစ်ချက်ကြည့်လိုက်ပြီး ခွန်းအနားသို့ ကပ်ကာ တိုးတိုးလေးပြောလိုက်လေသည်။
*ဟျောင့် မင်းဟာလေးက အမြဲထော်နေတာလား အဲ့လိုဘဲ *
*မင်း ငါထုလိုက်ရ ... ငါ့ကလေးကို အပြစ်မပြောနဲ့*
*ဟားဟား မေမေရေ မေမေ့သားတော့ မွှန်နေပြီ *
*ဟုတ်ပါ့သားရေ ဒါနဲ့ သားက ဘယ်မာနေမှာလည်း*
*ဒီမှာဘဲနေမယ်လေ မေမေ
အိမ်ကညဘိုးတော်ကြီးနဲ့ နေချင်ဘူး သူက စကားအရမ်းများတာဗျ*
*ရောင် မင်းကတော့ ငရဲကြီးတော့မယ်*
ဟားဟားဟား
အိမ်ထဲလည်း ရယ်သံလေးတွေ ပျံ့လွင့်လို့ပင်။ ခေတ်ကတော့ စားပြီး ဗိုက်လေးနေတော့ အိပ်ချင်လာပြီဖြစ်သည်။ မေမေ့ကို ပြောကာ အိပ်ခန်းဆီသို့....။
*ခွန်း ဒီညတော့ ဒီမာ အိပ်မယ် မနက်ခင်းကျရင် တစ်ခါက်ပြန်ရအုန်းမယ်
ဒီမာနေမယ့်အကြောင့်ပေါ့ကွာ အလုပ်ကိုလည်း ဒီကနေဘဲသွားမယ်*
*အေးလေ မင်းအဆင်ပြေရင်ပြီးတာဘဲ
ငါ့ အခန်းထဲ မင်းအိပ်လိုက်ပေါ့ ငါကတော့ အဟင်းဟင်း*
ဖျန်း.....
ခွန်း လက်မောင်းသို့ ရောင် အားပါပါ ရိုက်ချပစ်လိုက်သည်။
*မသာ တဏှာပြုံးကြီးနဲ့ ငါနဲ့ ဝေးဝေးနေ ဟျောင့်
ကြက်သိမ်းထလွန်းလို့ ငါသွားအိပ်တော့မယ် ငလူးကောင် ညစ်ပတ်ချက်*
ပါးစပ်က ပွစိပွစိ ပြောကာ အိမ်ပေါ်တတ်သွားသယ သူငယ်ချငကိုကြည့်ပြီး ခွန်း အော်ရယ်မိသွားတော့သည်။ ဒီကောင် ရဲ့ အထိမခံရွှေပန်းကန် ဖြစ်နေပုံကကို စချင်စရာ သိပ်ကောင်းသည်။ မိန်းမလိုမိနမရ အဆဲကလည်းပုပ်သေးသည်။။
ခွန်းအတွက်တော့ ညီကို ဟူလည်းမမှား သူငယ်ချင်းဟူလည်းမမှားပေ။
ဆက်ရန်.....