Smile Sparkle Shine

By Vi_Vian25

349K 27.4K 2.8K

punishment type ပါ။ အဆင်ပြေမှဖတ်ပါ။ More

Intro
အခန်း ၁
အခန်း ၂
အခန်း ၃
အခန်း ၄
အပိုင်း ၆
အပိုင်း ၇
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အခန်း ၁၄
အပိုင်း ၁၅
အခန်း ၁၆
အခန်း ၁၇
အခန်း ၁၈
အခန်း ၁၉
အခန်း ၂၀
အခန်း ၂၁
အခန်း ၂၂
အခန်း ၂၃
အခန်း ၂၄
အခန်း ၂၅
အခန်း ၂၆
အခန်း၂၇
အခန်း ၂၈
အခန်း ၂၉
အခန်း ၃၀
အခန်း ၃၁
အခန်း ၃၂
အခန်း ၃၃

အပိုင်း ၅

9.4K 761 57
By Vi_Vian25

Unicode

"ကိုရဲခေါင်!!"

ဆိုင်ကယ်သံ တဘွန်းဘွန်း နှင့် လီဗာခပ်ကြမ်းကြမ်းဆွဲကာရောက်ချလာသည့် သျှား က ဆိုင်ကယ်ပေါ်မှ အော်ခေါ်ရင်း ရဲခေါင်ကိုလက်ဝှေ့ယမ်းပြ၏ စခန်းတွင်းမှ လက်ပြန်ဝှေ့ယမ်းပြမိတော့ တောင်ဆင်းလမ်းတစ်လျှောက်ဆင်းချလာရင်းစခန်းတွင်းအရှိန်မလျှော့ဘဲမောင်းချလာ၏ ရဲခေါင်နားရောက်မှ ဘရိတ်စောင့်အုပ်သည့် သျှား က အမြဲ ထိုသို့ ပင်။

"တစ်ကောင်မိထားတယ်ဆို"

"လိုက်ခဲ့....မင်းသဘောကျမှာ"

ဆိုင်ကယ်ဒေါက်ထောက်ကာ ရဲခေါင်နောက် တက်တက်ကြွကြွလိုက်လာသည့် သျှား က ဆင်တွေကိုသိပ်သဘောကျသည်။ စခန်းခေါင်းဆောင်အရှိန်နှင့် သျှား ကိုမည်သူမျှ ပခုံးဖက်မပေါင်းရဲသည်ကြောင့် သူငယ်ချင်းလို ညီအစ်ကိုလိုပေါင်းပေးတတ်သည့် ရဲခေါင်ကိုလည်း သျှား ကသိပ်ခင်တွယ်၏

"တေဆင်"

"ဝေါင်း..........မိုက်တယ်"

ရဲခေါင်ဘက်လှည့်၍ လက်မနှစ်ဖက် ထောင်ပြသည့် သျှား ကမျက်လုံးတို့တစ်လက်လက်နှင့်။

"ဒီကောင်ကြီးကခက်မှာပဲ"

"ကြိုးစားကြည့်ရမှာပေါ့"

တေဆင်ဟူသည် မွေးကတည်းကအစွယ်တစ်ချောင်းတည်းပါသည့်ကောင်မျိုး။ ထိုတစ်ချောင်းသည်သန်မာသည်။ တေဆင်တို့သည် ဖမ်းမိဖို့မလွယ်။ ရှားပါးဆင်မျိုးလည်းဖြစ်သည်။ ဘယ်တော့မှ ဆင်အုပ်နှင့်အတူမနေတတ်။ ယဥ်အောင်လုပ်ရသိပ်ခက်ခဲသည်။ ထို့ကြောင့် ရဲခေါင်ပိုစိတ်လှုပ်ရှားနေ၏

"ကိုရဲခေါင်"

"ပြော သျှား"

"ကိုရဲခေါင် အဖေကဆင်နင်းခံခဲ့ရတာ။ ဒါပေမယ့် အစ်ကိုကဆင်တွေကိုသဘောကျတုန်းပဲ"

"အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပြန်ယူခဲ့တယ်သျှား။ ဒါပေမယ့် ငါနောင်တရနေတယ်"

"ဘာဖြစ်လို့လဲ"

"ငါ့အဖေကို နင်းသတ်လိုက်တဲ့ ဆင်က မုန်ယိုနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့ဆင်ကို ရူးရူးမိုက်မိုက်ပြန်သတ်ပစ်လိုက်တဲ့ငါက အဲ့ဒီ့အချိန် အရက်တစ်ခွက်တောင်မသောက်ထားခဲ့ဘူး"

"ကျွန်တော် တကယ်စိတ်မကောင်းပါဘူး"

"ငါမှန်လားမှားလားခုချိန်ထိဇဝေဇဝါပါပဲ"

"ကိုရဲခေါင်က တကယ်တော်တဲ့ဆင်ဦးစီးတစ်ယောက်ပါ"

သျှား စကားကြောင့် ရဲခေါင် ပြုံးလိုက်မိသည်။ နာကျင်စရာအတိတ်တို့က ရဲခေါင်ကို အိမ်မက်ဆိုးအဖြစ်အချိန်တော်တော်ကြာချောက်လှန့်နေခဲ့သည်ကိုတော့မည်သူ့ကိုမှ မပြောဖြစ်တော့။

"ဒါနဲ အစ်ကိုရွာထဲခဏခဏ ၀င်နေတယ်ဆို"

သျှားအမေးကြောင့် ရဲခေါင် ဆတ်ခနဲခေါင်းငိုက်စိုက်ကျ၏ သျှားကဘာဖြစ်တာလဲဆိုသည့်အကြည့်နှင့်။

"ငါ.....စာသင်နေရတယ်

"ဟမ်"

" ရွာကိုအသစ်ရောက်လာတဲ့ ဆရာလေး ၀န်းရံခဆီမှာ......ငါစာသင်နေရတယ်"

မျက်လုံးပေကလပ်ပေကလပ်နှင့် ကြည့်လာသည့် သျှားကနားမလည်သလို။ စာသင်သည်ဆိုတာနဲ့ ရဲခေါင်တို့နဲ့ကလားလားမှ မသက်ဆိုင်ဘဲ။

"အစ်ကိုက ...... ကျောင်းပြန်တက်ချင်လို့လား"

စိတ်ပျက်လက်ပျက်ခေါင်းခါပြသည့် ကိုရဲခေါင်က အင်အားတို့ယုတ်လျော့နေသလို။

"ငါ့ကို စာလာသင်ရမယ်ဆိုပြီးတစ်ချက်လွှတ်အမိန့်နဲ့"

"အစ်ကို မသင်ချင်ရင်မသင်ချင်ဘူးပြောလိုက်လေ"

"မင်းမသိလို့နော် သျှား။ အဲ့ဆရာလေး သေးသေးလေးက သူကြီးထက်တောင် အာဏာပြင်းသေးတယ်။ ပြီးတော့ စိတ်ကလည်းလက်တစ်ဆစ်"

"ဟို....အဲ့ဒီ့ဆရာလေးကတွေ့တဲ့သူတိုင်းကိုအဲ့လိုစာလိုက်သင်ခိုင်းတာပဲလား"

"အေး....ထင်တာပဲ"

ခိုကိုးရာမဲ့ လိုဖြစ်နေသည့် ကိုရဲခေါင်ကိုတော့သနားပေမယ့် မတတ်နိုင်ပါ။ ရွာထဲ၀င်လျှင်မတွေ့အောင်ရှောင်ရမည့် လူစာရင်းထဲ ထိုဆရာလေးကိုပါ သျှား ထည့်မှတ်ထားလိုက်တော့၏

"ကျွန်တော်ပြန်အုံးမယ်ကိုရဲခေါင်"

"ဟေ....ချက်ချင်းကြီးလားကွ"

"ဦးမာန်ရွာထဲ လက်ဖက်ဆင်းယူခိုင်းလို့ စခန်းဘက်လှည့်၀င်လာတာ။ ကြာနေရင် သိတဲ့အတိုင်း....."

"အေး...အေး သွား....သွား။ ဆိုင်ကယ်တော့ဖြည်းဖြည်းမောင်း"

"ဟုတ်"

ဟုတ် ဟုပြောခဲ့သည်က ၀တ်ကျေတန်း​ကျေသာ။ လီဗာဆွဲသံ နှင့် ဆိုင်ကယ်သံ တဘွန်းဘွန်းက အတော်အလှမ်းဝေးသည်အထိကြားနေရဆဲ။
.
.
.

သျှားတစ်ယောက် ဒီရက်ပိုင်း မြှောက်ကြွ မြှောက်ကြွနှင့်။ အကြောင်းက ပေးသည့်တာ၀န်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ခြင်း နှင့် ဦးမာန်၏ ချီးကျူးမှူတို့ပါ ရ ထားခြင်းကြောင့် အပြင် တေဆင်ကို စခန်းသွင်းလေ့ကျင့်မှုအတွက် ၂ ရက်တစ်ခါသွားကြည့်ဖို့ ဦးမာန်ဆီက ခွင့်ပြုချက်ပါရထားသည်ကြောင့်ဖြစ်၏ သို့သော်မထွက်ခင်တော့ သွားမယ့်အချိန်ပြန်မယ့်အချိန်ကိုပြောရမည်။

"ကို​ကျော်စွာ...... ဦးမာန်ရော"

"စိုက်ခင်းသွားတယ်သျှား"

ကိုကျော်စွာ့အဖြေကြောင့်သျှားစိတ်ညစ်သွားသည်။ ဒီပုံအတိုင်းဆိုဦးမာန် ညနေမှ ပြန်ရောက်တော့မည်။

တောင် တစ်ဖက်ခြမ်းရှိ ဦးမာန်၏ opium စိုက်ခင်းသည် ဒီနယ်မြေရှိ opium စိုက်ခင်းများထဲ ဧကအများဆုံးဖြစ်၏။ သို့သော် ဦးမာန်၏ ထိုစိုက်ခင်းသို့သျှားတစ်ခါမှမရောက်ဖူး။

ဦးမာန်ချမှတ်ထားသောစည်းကမ်းသည် အသက် ၁၈ မပြည့်သူများ စိုက်ခင်း နှင့် heroin ချက်ရာနေရာသို့၀င်ခွင့်မရှိ။ ထို့ကြောင့်သျှားမရောက်ဖူးခြင်း။

"ပြောစရာရှိလို့လား သျှား"

"အာ......ဟုတ်။ ကျွန်တော် ရွာထဲသွားမလို့"

"ခေါင်းဆောင်လာမှ ပြောလေ"

"ဦးမာန်ကကြာအုံးမှာ... ကိုကျော်စွာ"

"မင်းမနက်ကသွားပြီပြီလေ"

"ခဏပဲလေဗျာ....ကိုကျော်စွာခွင့်ပြုရင်ရတာကို"

 "အသတ်ခံချင်လို့လား"

ကျော်စွာ တစ်စစီ ဖြုတ်တိုက် နေသည့် ပစ္စတိုတွင်းမှ ကျည်ဆံ တို့ကို ဟိုကိုင်ဒီကိုင်လုပ်နေရင်း ရှေ့လာရပ် ပြောလာသည့် သျှား သည် မကျေမနပ်နှင့်။

ကျော်စွာ့ကိုသာထို မကျေမနပ်လေသံနှင့် ဂျစ်တိုက်တတ်ပေမယ့် ခေါင်းဆောင်ရှေ့ဆို ဟုတ်ကဲ့ဦးမာန် ဆိုတာနဲ့တင် ပြီးနေတတ်သည့် ထိုကောင်လေးသည် ခြေထောက် တွင်ဗွေပါသည်လားမသိ။ တစ်နေရာရာသွားနေရမှ နေသာထိုင်သာရှိသည်။

သို့သော် ခေါင်းဆောင် ခွင့်မပြုဘဲစခန်းအပြင်ထွက်မရဟူသည့် သျှားအပေါ်သတ်မှတ်ထားသည့်စည်းကမ်းကိုတော့ လိုက်နာနေရပေသည်။ ငယ်စဥ်က စခန်းတွင်းမှခိုးထွက်ခြေရှည်တတ်သည်ကြောင့် ခဏခဏ ဒဏ်ပေးခံရလည်းသျှား သည်အမှတ်မရှိ။

အသက်အနည်းငယ်ရလာသည့်အခါ တွင်တော့ အနည်းငယ်ဆင်ခြင်လာ သည်က ကိုယ့်အသိစိတ်နှင့်ကိုယ်လား ပိုကြမ်းလာသည့်ခေါင်းဆောင်၏ ပြစ်ဒဏ်များကြောင့်လားတော့မသိ။ ယခုလည်း အပြင်မထွက်ရ၍ ကျော်စွာ့ကိုပြဿနာရှာချင်နေပုံပင်။

"နယ်စပ်မှာ ၀ယ်လက်နဲ့ချိန်းထားတယ်လိုက်မလား"

"ကျွန်တော်လိုက်လို့ရလား"

"ခေါင်းဆောင်ကမင်းလိုက်ချင်ရင်ခေါ်သွားတဲ့"

"ဘာသွားလုပ်မှာလဲ"

"မင်းထင် က၀ယ်လက်နဲ့ချိတ်ပေးထားတယ်။ အဲ့ဒါငါသွားပေးရမယ်။ လိုက်မယ်မလိုက်ဘူးသာပြောစမ်း သျှားရာ"

"လိုက်မှာပေါ့ဗျ"

ဒါမျိုးဆိုသျှားတို့သိပ်တက်ကြွ၏ နှစ်ခါခေါ်စရာမလို။ အ၀တ်အစားလဲရန် အိမ်ပေါ်ပြေးတက်လာလိုက်ပြီဖြစ်သည်။

နယ်စပ်သို့သွားရခြင်းက အနည်းငယ် ပြန်ကြားနေရသည့်တိုက်ပွဲ အရိပ်အယောင်ကြောင့် ကိုကျော်စွာသည် စိန်ပွင့်တချို့ကို ၂ ဖွဲ့ ခွဲရောင်းနေရခြင်းကြောင့်ဖြစ်၏လက်တွဲလုပ်ကိုင်နေကြသူများဖြစ်၍ အန္တရာယ်တော့မရှိ။ ဦးမာန် ၏ ပစ္စည်းဖြစ်၍ မည်သူမျှလည်းဖြတ်မခုတ်ရဲ။

ထို့ကြောင့် ထိုအရောင်းအ၀ယ် ကိစ္စကိုသျှားအာရုံသိပ်မစိုက်။ ဦးမာန် ၏ လက်ရုံးများထဲ ကိုကျော်စွာသည် အစေ့စပ်ဆုံးနှင့်အယုံကြည်ရဆုံးဖြစ်သည်ကြောင့် သျှားစိတ်မပူတာဆိုပိုမှန်၏

သို့သော် နယ်စပ်ရှိ စျေးတန်း ကိုသျှားမရောက်ဖြစ်သည်က ၄ လခန့်ပင်ကြာပြီ ဖြစ်သည်။ ထို့ကြောင့် ကိုကျော်စွာနှင့်လိုက်သွားမှ ရမည်။ ၀ယ်စရာလည်း ရှိသည်လေ။

၁ နာရီအကြာစထွက်သည့်ကိုကျော်စွာသည် လက်ရုံး ၄ ယောက်လောက်ကိုသာခေါ်လာ၏ ဘီးလုံးခပ်ကြီးကြီးများနှင့် Range Rover မီးခိုးရောင်သည် တောင် အတက်အဆင်းအတွက်အလွန်အဆင်ပြေ၏

ရိုင်ဖယ် တချို့သယ်လာပေမယ့် ဤကဲ့သို့ဒေသတွင် သေနတ်ကိုင်ခြင်းကအဆန်းမဟုတ်သလို မည်သူမျှလည်း တကူးတကမစစ်ဆေး။ သျှားတို့လို့အဖွဲ့အစည်းများအတွက်လည်း လက်နက်မပါဘဲ သွားလို့မဖြစ်။ တိုက်ပွဲသည်အချိန်မရွေး နေရာမရွေး။

သွားနေကျလမ်းကြောင်းဖြစ်သလို ကားမောင်းကျွမ်းကျင်သည့် ကိုကျော်စွာ့ တပည့်ကြောင့် စျေးတန်းရှေ့ရောက်ဖို့ ၁ နာရီသာမောင်းရ၏

"ကိုကျော်စွာ....ကျွန်တော်စျေးထဲကျန်ခဲ့မယ်"

"နောက် ၁ နာရီနေရင် နယ်စပ်ဂိတ်နားဆုံမယ်သျှား"

ကိုကျော်စွာကိုခေါင်းညိတ်ပြပြီး သျှား စျေးတန်းဘက်လှည့်လိုက်၏ လိုက်ခဲ့ရသည့်ရည်ရွယ်ချက်သည် နောက် ၂ လနေရင် ကျရောက်မည့် ဦးမာန်၏ အသက် ၃၁ ပြည့်မွေးနေ့အတွက်ကုတ်အင်္ကျီအရှည် တစ်ထည်၀ယ်ရန်။

နယ်စပ်ဂိတ်ဘက် နောက်တစ်ခေါက်ရောက်ရန်မလွယ်ကူသည်ကြောင့် ၂ လလောက်လိုသေးသည့် ၃၁ ပြည့်မွေးနေ့ကို သျှားကြို၀ယ်ရခြင်းဖြစ်သည်။

ကုတ်အရှည် နှင့် ဦးမာန်သည်သိပ်ကြည့်ကောင်းသည်။ လွန်ခဲ့သည့် ၇ နှစ်က တစ်ခါသာမြင်ဖူးသည့်ပုံရိပ်သည် ယနေ့ထိမမေ့။

ဤနယ်မြေရောက်တည်းက ဂျာကင်သာ၀တ်တော့သည့် ဦးမာန် သည်မည်သည့်အတွက် ကုတ်အရှည် မ၀တ်တော့လည်း မသိပေမယ့် သျှား ဦးမာန်ကို နှစ်တိုင်း တစ်ထည်စီ လက်ဆောင်ပေးလာခဲ့ခြင်းက ၅ နှစ်ပင်ရှိပြီ။

ထို ၅ ထည်လုံး ကို ဦးမာန် ကိုယ်ပေါ်ပင်မတင်ခဲ့သေးပေ။ သို့သော် ဒီနှစ်အတွက်လည်း သျှားပေးမည့် ဦးမာန်အတွက် လက်ဆောင်သည် ကုတ်အင်္ကျီအရှည် သာဖြစ်သည်။

သျှား၏ငယ်စဥ်ကရည်မှန်းချက်သည် အင်ဂျင်နီယာဖြစ်ရန်။ သို့သော်မတော်တဆကြားမိခဲ့သည့် ဦးမာန်၏စကားတစ်ခွန်းသည် သျှား ရည်မှန်းချက်ကိုပြောင်းသွားစေသည်။

ထို့ကြောင့် ယခုရည်ရွယ်ချက်က သျှားပေးသည့် ကုတ်အင်္ကျီ ကိုဦးမာန်၀တ်ရန်သာဖြစ်၏

ဒီတစ်နှစ်မ၀တ် နောက်တစ်နှစ်ပေးမည်။ နောက်တစ်နှစ်မ၀တ် နောက်တစ်နှစ်ထပ်ပေးမည်။ တစ်ခုခုဆိုဇွဲကြီးလှသည့် သျှားသည် အစွဲအလန်းလဲကြီး၏
.
.
.
နယ်စပ်စျေးတန်းဖြစ်ပေမယ့် သာမာန်ကာလျှံကာတော့မဟုတ်။ ထိုင်း မြန်မာ လာအို နိုင်ငံ ၃ နိုင်ငံလုံးမှ ပစ္စည်းကစုံစုံလင်လင်ပင်။ ပေါချောင်ကောင်းဟုပြောရသည့် စျေးပေါပေါပစ္စည်းမှစ သိန်းချီတန် Branded ထိအစုံရှိသည်ကြောင့် လူတန်းစားကတော့စုံ၏

ယိုးဒယားပစ္စည်းအစစ်အမှန်တို့လည်းရှိသလို တရုတ်ပစ္စည်းတို့လည်းပေါသည်။ နားမလည်လျှင် မလည်သလို တစ်ပတ်ရိုက်သည်။ စျေးသည်တွေက လူကဲခတ်လည်းသိပ်တော်သည်ကိုး။

ဟိုဟိုဒီဒီလိုက်ကြည့်ရင်းတွေ့မိသည်က
အညိုရောင်ဖျော့ဖျော့........ ထိုအရောင်သည် ဦးမာန်နှင့်အလိုက်ဆုံးပင်။ အရမ်းညိုသည်မဟုတ်ပေမယ့် ခပ်လတ်လတ် အသားအရည်က ကြည်၏ တောင့်တင်းသည့်ကိုယ်နှင့်ရင်အုပ်ကျယ်ကျယ်ပေါ် အညိုရောင်ဖျော့ဖျော့ long coat ထပ်၀တ်လျှင်ဖြစ်လာမည့်ခံ့ညားမှုသည်တွေးရုံနှင့်သျှားပြုံးမိသည်။

"ကျွန်တော့်ကို ဒါတစ်ထည်ပေး။ ၂ ထပ်ထုပ်ပေးလိုက်"

"စျေးလျှော့ပေးလိုက်တယ် နော် မောင်လေး"

"ကျေးဇူး"

ရှက်ကိုးရှက်ကန်းပြောနေသည့် အရောင်းဆိုင်မှမိန်းကလေးကို ခပ်ပြတ်ပြတ်သာပြော၍ ပိုက်ဆံထုတ်ပေးလိုက်သည်။

ပြန်အမ်းငွေမယူဘဲ လှည့်ထွက်လာသည့်သျှားသည် Long coat ထည့်သည့် ငွေရောင်ခပ်တောင့်တောင့်စက္ကူ အိတ်လေးကိုသာ ကြည့်မ၀။ ထို long coat သည် ဦးမာန်ပေးသည့်မုန့်ဖိုးနှင့်၀ယ်ခြင်းမဟုတ်။ သျှားလုပ်အားခကြောင့်ရသည့် bonus နှင့်၀ယ်ခြင်း။

မူးယစ်စိုက်ခင်းတို့လုပ်ကိုင်သည့်သျှားတို့အတွက် တောထဲတောင်ထဲ နေထိုင်ရသည်ဖြစ်၍ ဒီဒေသအလျှောက်နေထိုင်ကာ တိုက်ပွဲများကြောင့် ပြင်းပြင်းထန်ထန်လေ့ကျင့် နေကြရပေမယ့် ပိုက်ဆံဟူသည်ရှားပါးသည့်အရာတော့မဟုတ်။

အဖွဲ့သားများ စိုက်ခင်းစစ်ရန် ဂိုဒေါင်စစ်ရန် ဟိုသွားဒီသွား သွားရန် ၀ယ်ထားသည့် ဦးမာန်၏ Range rover ပင် ၉ စီးရှိ၏။ ဂိုထောင်ထဲ တန်းစီနေသည့် အရောင် စုံ ဆိုင်ကယ်တို့သည် အစီး ၂၀ ကျော်၏ ထိုပစ္စည်းအကုန်လုံးက ထိုင်းနယ်စပ်မှ တစ်ဆင့် တိုက်ရိုက်သွင်းထားခြင်းဖြစ်သည်။ ​

လိုအပ်လျှင် သိန်း ဆယ်ချီ  ရာချီ သုံးပစ်ဖို့ ၀န်မလေးသည့်ဦးမာန်သည် သျှား ကိုတော့စည်းကမ်းတင်းကြပ်သည်။ ငယ်စဥ်က မုန့်ဖိုးဟူ၍ပေးခြင်းမရှိ ပေမယ့် အသက် ၁၅ နှစ်မှ စရသည့်မုန့်ဖိုးသည် အကန့်အသတ်နှင့်သာ။

သျှားအတွက် ဦးမာန်ပေးသည့် မုန့်ဖိုးက လောက်ရုံမကပိုနေသေးသည်ကြောင့် တလောကမှ ဆိုင်ကယ် တစ်စီး ၀ယ်ထားသေးသည်။ သို့သော်ယခုထိတော့မစီးရက်သေး။
မုန့်ဖိုးဟူ၍ ဦးမာန်စပေးသည်တော့မဟုတ်။ အသုံးစရိတ် ၁ လစာ လောက်အောင်သုံးရမည်ဟု တစ်ခါတည်းပြောပြီးသားပင်။

ထိုအသုံးစရိတ် ဟူသည် သျှား အတွက် လိုအပ်သည့်အသုံးအဆောင် အ၀တ်အစား တခြားတခြားသောကုန်စရာတို့အတွက် ပါပြီးသားပင်။

ပေးသည့်တာ၀န်တို့ကို အောင်မြင်စွာဆောင်ရွက်လျှင်တော့ သျှားသည် ပါ၀င်ခဲ့သည့်အဖွဲ့သားများနှင့်တန်းတူ ကိုကျော်စွာမှ စီမံပေးသည့် ဆုကြေးဟူသည်ကိုထပ်ရတတ်သည်။ ထို့ကြောင့် ထို Long coat သည် ရသည့် ဆုကြေးထဲမှ ၀ယ်ထားခြင်းဖြစ်၏

ကိစ္စမြန်မြန်ဖြတ်တတ်သည့်ကိုကျော်စွာ့ကြောင့် သျှား သိပ်မစောင့်လိုက်ရ။ ကားရှေ့ခန်း လက်တစ်ဖက်တင်ကာဆေးလိပ်တစ်လိပ်သောက်လာသည့်ကိုကျော်စွာသည် လည်ပြန်ငေးနေသည့်မိန်းကလေးများကြောင့်ပိုဟန်ရေးပြနေသည်လားမသိ။

"ဂိုဒေါင်ဘက် ခဏ၀င်မယ် သျှား"

" ကျွန်တော်လည်း ပစ္စည်းထားစရာရှိတယ်"

ဦးမာန်ပြန်ရောက်နေလောက်မည့် အချိန်ဖြစ်၍ သျှား ဤ အိတ်ကို မယူသွားလို။ ဂိုဒေါင် ထဲ ခဏထားခဲ့ရမည်။

"ဘာ၀ယ်လာလဲ"

"long coat"

"နှစ်တိုင်း long coat ပဲလား သျှား"

"ဟုတ်တယ်"

သျှားကိုဘာမှ ဆက်မပြောဘဲ ကိုကျော်စွာက ခေါင်းတညိတ်ညိတ်။

"ကိုကျော်စွာ"

"အေး"

"ကိုမင်းထင် ပြန်လာတော့မယ်နော်"

"အဟမ်း....အင်း"

ကိုမင်းထင်ဆိုသည်နှင့် ချောင်းတွေကောက်ဆိုးကာ ဆေးလိပ်ငွေ့ထသီးသည့် ကိုကျော်စွာကသိပ်တော့ပုံမှန်မဟုတ်။ မျက်လုံးများမှေးကာ ရှေ့တည့်တည့်မှ စိုက်ကြည့်လိုက်သည်။ နဖူးကို လက်ညှိုးနှင့် ဖိတွန်းပစ်၏

"ရွှတ်နောက်နောက်နဲ့"

သျှား၏ ဆဋ္ဌမအာရုံအရ ဒါကကျိန်းသေပုံမှန်အခြေအနေမဟုတ်။ ကိုမင်းထင်က ဦးမာန်၏ ခိုင်းစေမှူကြောင့် လာအိုဘက်ရောက်နေတာ ၂ လလောက်ရှိပြီ။ ထိုဘက်မှ၀ယ်လက်နှင့်တန်းချိတ်ပေးရင်း သတင်းပို့သည်က ကိစ္စပြီးပြတ်သည်ကြောင့်မကြာခင်ပြန်လာတော့မည်ဟူ၍ဖြစ်၏

စခန်းထဲ ကိုကျော်စွာက သြဇာညောင်းသည်။ သို့သော်ကိုမင်းထင်က ပိုလက်ရဲ၏

° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° °

"ကလေးတွေလက်ထဲ ဒါတွေမရောက်စေနဲ့လို့ ငါပြောဖူးတယ်မလား"

ဖက်ကြမ်းတစ်လိပ်ကိုဖွါရင်း ဝေ့ကြည့်လိုက်သည့်အေးစက်စက်မျက်၀န်းတစ်စုံ......

ထိုမျက်၀န်းတစ်စုံသည်လူသေနိုင်သည်။

စခန်းတွင်း ပြန်ရောက်သည်နှင့် ပထမဆုံးမြင်လိုက်ရသည့်မြင်ကွင်းက သျှား ခပ်လှမ်းလှမ်းတွင်ခဏသွားရပ်ကာအခြေအနေကြည့်နေလိုက်သည်။

ဦးမာန်ရှေ့ လက်ပြန်ကြိုးတုပ်ကာခံထားရကာ ခေါင်းငုံ့ဒူးထောက်နေသူ ၃ ယောက်သည် heroin ချက်ရာတွင်တာ၀န်ထမ်းဆောင်သည့်သူများဖြစ်၍မျက်မှန်းတန်းမိသည်။ ထိုသူ ၃ ယောက်အနောက်တွင် ရိုင်ဖယ် ကိုင်ရပ်နေကြသည့် သူ ၂ ယောက်က ဦးမာန်လက်ရုံးများဖြစ်သည်။

ဦးမာန်ကတော့ အေးစက်နေသည့်မျက်၀န်းတစ်စုံမှလွဲ မျက်နှာပေါ်အရိပ်အကဲဖမ်းမရ။ ဦးမာန်ခပ်လှမ်းလှမ်း တိုင်ကိုမှီကာရပ်နေသူက ကိုမင်းထင်။ မနက်ကပြန်ရောက်သည်ထင်၏

နီကျင့်ကျင့်ဆံပင်တို့ကို ဖြစ်သလိုလှန်တင်ထားသည့် ကိုမင်းထင်က ဆေးလိပ်တစ်လိပ် နှုတ်ခမ်းထက်အမြဲတေ့ထားတတ်၏

"ခွင့်....ခွင့်လွှတ်ပေးပါ....ခေါင်းဆောင်။ ကျွန်တော်တို့ မတတ်သာလို့လုပ်ရတာပါ။ နောက်....နောက်တစ်ခေါက်မဖြစ်စေရပါဘူး"

ဦးမာန်၏ မျက်၀န်းများတွင် အတုန်တုန်အရီရီတောင်းပန်နေသည့် ထိုသူ ၃ ယောက်အတွက် အသက်ရှင်လမ်းမရှိဟူသည့်အဖြေကပါပြီးသား။

 အတင်းကြပ်ဆုံးချမှတ်ထားသည့်စည်းကမ်းက များများစားစားမရှိ။ ၃ ခုသာ။

- အသက်မပြည့်သူများအား heroin ရောင်း၀ယ်ခြင်းမပြုရ။ စိုက်ခင်းနှင့် ချက်ရာနေရာ၀င်ရောက်ခွင့်မရှိ။

- သစ္စာမဖောက်ရ။

- ပစ္စည်း အရေအတွက် ပမာဏအမှားအယွင်းမရှိစေရ။ (ဖြတ်မခုတ်ရ)

ဖောက်ဖျက်ခဲ့သည်ရှိသော် သေလမ်းသာ။

"ဘယ်နယောက်လဲ"

"ဗျာ.....ငါး...ငါးယောက်ပါ"

"ဘယ်လောက်ကြာပြီလဲ"

"......"

*ဂျောက်*

သေနတ်မောင်းသည် ဖြတ်ရန်အသင့်အနေအထား။ နဖူးပေါ်သေနတ်ပြောင်းဝ တေ့တော့ ဒူးထောက်နေသည့်ကောင်တွေကအတုန်တုန်အရီရီ။

"ခေါင်းဆောင်!!! ခေါင်းဆောင်!!! မှားသွားပါတယ်။ ကျွန်တော်တို့.....မှားသွားပါတယ် ဒီတစ်ခါပဲခွင့်လွှတ်ပေးပါ"

"ဘယ်....လောက်....ကြာ...ပြီလဲ"

တစ်လုံးချင်းဆီမေးသွားသည့် စကားသည် အေးစက်ခြောက်သွေ့နေ၏ မေးကြောများအနည်းငာ်ထောင်နေသည့် ဦးမာန်မျက်အိမ်တို့က ပို၍ မှေးကျဥ်းစူးရှလာသည်။

"နှ...နှစ်လ ပဲရှိ..."

*ဒိုင်း!!*

ကျည်က နဖူးမှနောက်စေ့သို့ဖောက်၀င်၏ အရုပ်ကြိုးပြတ်လဲကျသည့်ခန္ဓာကိုယ်သည် အသက်၀ိညာဥ်ကင်းမဲ့ပြီဖြစ်သည်။

သေနတ်ကို ခါးထဲပြန်ထည့်သည့် ဦးမာန်အကြည့်တွေက ကိုကျော်စွာဆီသို့ ဦးတည်၏

"ကျော်စွာ"

"ဟုတ်ကဲ့ ခေါင်းဆောင်"

"နောက်တစ်ခါ ဒီလိုအဖြစ်မျိုးထပ်ကြားရရင် မင်းအရင်ဆုံး မြေကြီးထဲ၀င်ဖို့ပြင်ထား.....နားလည်လား!!"

"ကျွန်တော်နားလည်ပါပြီခေါင်းဆောင်"

"ရှင်းလိုက်တော့ မင်းထင်"

ခေါင်းတစ်ချက်ညိတ်ပြသည့် ကိုမင်းထင်က ခါးမှ ပစ္စတိုကိုထုတ်ကာ မောင်းဆွဲတင်၏ ကျောပေးလှည့်ထွက်သွားသည့် ဦးမာန်နောက် သျှားခပ်သွက်သွက်လိုက်သည့်အခါ အနောက်ဘက်မှ အော်ဟစ်တောင်းပန်သံများသည် သေနတ်သံ နှစ်ချက်အောက် တိတ်ဆိတ်ရ၏

ဇီ၀ိန်ချုပ်သွားသည့်ခန္ဓာကိုယ် ၃ ခုကိုသျှား လှည့်မကြည့်ဖြစ်တော့။ ထိုသို့ကိစ္စတွေဆို စခန်းတွင်းပင်အညှာအတာမရှိစီမံတတ်သည့် ဦးမာန်က တခြားသူတွေ ထပ်မလုပ်ရဲအောင်ဟူသည့် အကြောင်းပြချက်နှင့်ဖြစ်သည်။

စခန်းတွင်းကိစ္စတော်တော်များများနှင့် စိုက်ခင်းတွေက ကိုကျော်စွာကိုင်တွယ်တာများသည်ကြောင့် လက်အောက်ငယ်သားတွေစည်းကမ်းဖောက်ဖျက်မှုတွင် ဦးမာန်ကကိုကျော်စွာကိုဒေါသထွက်ခြင်းဖြစ်သည်။ ပုံမှန်ဆို ဒီလိုကိစ္စတွေက ကိုကျော်စွာဆီအရင်ရောက်လာမှာဖြစ်ပေမယ့် စခန်းထဲကိုကျော်စွာမရှိသည်ကြောင့် ဦးမာန်ဆီတည့်တည့်မတ်မတ်သတင်းရောက်သွားပုံပင်။ ကိုကျော်စွာကတော့ နောက်ရက်တွေ လှည့်ပတ်စစ်ဆေးဖို့ကိစ္စတွေနှင့် အလုပ်ရှုပ်တောမည်ထင်ပါ၏

"စခန်းတွင်းကိစ္စတွေ ကျော်စွာကိုကူဖိူ့လုပ်။ မင်းခြေထောက်တွေရိုက်ချိုးမခံချင်ရင် ရွာထဲခဏခဏဆင်းတာတွေထပ်မကြားရစေနဲ့"

လှည့်မကြည့်ပေမယ့် သျှား မှန်း သိသည့်အတွက်ပြောလာသည့်စကားကြောင့် စိတ်ညစ်သွားပေမယ့် ပြန်မဖြေ၍မရ။ တင်းမာသည့်အခြေအနေက ခုထိအေးစက်နေဆဲ။

"ဟုတ်ကဲ့ ဦးမာန်"

3034 words
13.6.2023 (9:25 pm)
Vi vian
90°bow

Zawgyi

"ကိုရဲေခါင္!!"

ဆိုင္ကယ္သံ တဘြန္းဘြန္း ႏွင့္ လီဗာခပ္ၾကမ္းၾကမ္းဆြဲကာေရာက္ခ်လာသည့္ သ်ွား က ဆိုင္ကယ္ေပၚမွ ေအာ္ေခၚရင္း ရဲေခါင္ကိုလက္ေဝ႔ွယမ္းျပ၏ စခန္းတြင္းမွ လက္ျပန္ေဝ႔ွယမ္းျပမိေတာ့ ေတာင္ဆင္းလမ္းတစ္ေလ်ွာက္ဆင္းခ်လာရင္းစခန္းတြင္းအရိွန္မေလ်ွာ့ဘဲေမာင္းခ်လာ၏ ရဲေခါင္နားေရာက္မွ ဘရိတ္ေစာင့္အုပ္သည့္ သ်ွား က အၿမဲ ထိုသို႔ ပင္။

"တစ္ေကာင္မိထားတယ္ဆို"

"လိုက္ခဲ့....မင္းသေဘာက်မွာ"

ဆိုင္ကယ္ေဒါက္ေထာက္ကာ ရဲေခါင္ေနာက္ တက္တက္ႂကြၾကြလိုက္လာသည့္ သ်ွား က ဆင္ေတြကိုသိပ္သေဘာက်သည္။ စခန္းေခါင္းေဆာင္အရိွန္ႏွင့္ သ်ွား ကိုမည္သူမ်ွ ပခံုးဖက္မေပါင္းရဲသည္ေၾကာင့္ သူငယ္ခ်င္းလို ညီအစ္ကိုလိုေပါင္းေပးတတ္သည့္ ရဲေခါင္ကိုလည္း သ်ွား ကသိပ္ခင္တြယ္၏

"ေတဆင္"

"ေဝါင္း..........မိုက္တယ္"

ရဲေခါင္ဘက္လွည့္၍ လက္မႏွစ္ဖက္ ေထာင္ျပသည့္ သ်ွား ကမ်က္လံုးတို႔တစ္လက္လက္ႏွင့္။

"ဒီေကာင္ႀကီးကခက္မွာပဲ"

"ႀကိဳးစားၾကည့္ရမွာေပါ့"

ေတဆင္ဟူသည္ ေမြးကတည္းကအစြယ္တစ္ေခ်ာင္းတည္းပါသည့္ေကာင္မ်ိဳး။ ထိုတစ္ေခ်ာင္းသည္သန္မာသည္။ ေတဆင္တို႔သည္ ဖမ္းမိဖို႔မလြယ္။ ရွားပါးဆင္မ်ိဳးလည္းျဖစ္သည္။ ဘယ္ေတာ့မွ ဆင္အုပ္ႏွင့္အတူမေနတတ္။ ယဥ္ေအာင္လုပ္ရသိပ္ခက္ခဲသည္။ ထို႔ေၾကာင့္ ရဲေခါင္ပိုစိတ္လႈပ္ရွားေန၏

"ကိုရဲေခါင္"

"ေျပာ သ်ွား"

"ကိုရဲေခါင္ အေဖကဆင္နင္းခံခဲ့ရတာ။ ဒါေပမယ့္ အစ္ကိုကဆင္ေတြကိုသေဘာက်တုန္းပဲ"

"အသက္တစ္ေခ်ာင္းအတြက္ အသက္တစ္ေခ်ာင္းျပန္ယူခဲ့တယ္သ်ွား။ ဒါေပမယ့္ ငါေနာင္တရေနတယ္"

"ဘာျဖစ္လို႔လဲ"

"ငါ့အေဖကို နင္းသတ္လိုက္တဲ့ ဆင္က မုန္ယိုေနခဲ့တယ္။ ဒါေပမယ့္ အဲ့ဒီ့ဆင္ကို ရူးရူးမိုက္မိုက္ျပန္သတ္ပစ္လိုက္တဲ့ငါက အဲ့ဒီ့အခ်ိန္ အရက္တစ္ခြက္ေတာင္မေသာက္ထားခဲ့ဘူး"

"ကြၽန္ေတာ္ တကယ္စိတ္မေကာင္းပါဘူး"

"ငါမွန္လားမွားလားခုခ်ိန္ထိဇေဝဇဝါပါပဲ"

"ကိုရဲေခါင္က တကယ္ေတာ္တဲ့ဆင္ၪီးစီးတစ္ေယာက္ပါ"

သ်ွား စကားေၾကာင့္ ရဲေခါင္ ၿပံဳးလိုက္မိသည္။ နာက်င္စရာအတိတ္တို႔က ရဲေခါင္ကို အိမ္မက္ဆိုးအျဖစ္အခ်ိန္ေတာ္ေတာ္ၾကာေခ်ာက္လွန္႔ေနခဲ့သည္ကိုေတာ့မည္သူ႔ကိုမွ မေျပာျဖစ္ေတာ့။

"ဒါနဲ အစ္ကိုရြာထဲခဏခဏ ၀င္ေနတယ္ဆို"

သ်ွားအေမးေၾကာင့္ ရဲေခါင္ ဆတ္ခနဲေခါင္းငိုက္စိုက္က်၏ သ်ွားကဘာျဖစ္တာလဲဆိုသည့္အၾကည့္ႏွင့္။

"ငါ.....စာသင္ေနရတယ္

"ဟမ္"

" ရြာကိုအသစ္ေရာက္လာတဲ့ ဆရာေလး ၀န္းရံခဆီမွာ......ငါစာသင္ေနရတယ္"

မ်က္လံုးေပကလပ္ေပကလပ္ႏွင့္ ၾကည့္လာသည့္ သ်ွားကနားမလည္သလို။ စာသင္သည္ဆိုတာနဲ႔ ရဲေခါင္တို႔နဲ႔ကလားလားမွ မသက္ဆိုင္ဘဲ။

"အစ္ကိုက ...... ေက်ာင္းျပန္တက္ခ်င္လို႔လား"

စိတ္ပ်က္လက္ပ်က္ေခါင္းခါျပသည့္ ကိုရဲေခါင္က အင္အားတို႔ယုတ္ေလ်ာ့ေနသလို။

"ငါ့ကို စာလာသင္ရမယ္ဆိုၿပီးတစ္ခ်က္လႊတ္အမိန္႔နဲ႔"

"အစ္ကို မသင္ခ်င္ရင္မသင္ခ်င္ဘူးေျပာလိုက္ေလ"

"မင္းမသိလို႔ေနာ္ သ်ွား။ အဲ့ဆရာေလး ေသးေသးေလးက သူႀကီးထက္ေတာင္ အာဏာျပင္းေသးတယ္။ ၿပီးေတာ့ စိတ္ကလည္းလက္တစ္ဆစ္"

"ဟို....အဲ့ဒီ့ဆရာေလးကေတြ့တဲ့သူတိုင္းကိုအဲ့လိုစာလိုက္သင္ခိုင္းတာပဲလား"

"ေအး....ထင္တာပဲ"

ခိုကိုးရာမဲ့ လိုျဖစ္ေနသည့္ ကိုရဲေခါင္ကိုေတာ့သနားေပမယ့္ မတတ္ႏိုင္ပါ။ ရြာထဲ၀င္လ်ွင္မေတြ့ေအာင္ေရွာင္ရမည့္ လူစာရင္းထဲ ထိုဆရာေလးကိုပါ သ်ွား ထည့္မွတ္ထားလိုက္ေတာ့၏

"ကြၽန္ေတာ္ျပန္အံုးမယ္ကိုရဲေခါင္"

"ေဟ....ခ်က္ခ်င္းႀကီးလားကြ"

"ၪီးမာန္ရြာထဲ လက္ဖက္ဆင္းယူခိုင္းလို႔ စခန္းဘက္လွည့္၀င္လာတာ။ ၾကာေနရင္ သိတဲ့အတိုင္း....."

"ေအး...ေအး သြား....သြား။ ဆိုင္ကယ္ေတာ့ျဖည္းျဖည္းေမာင္း"

"ဟုတ္"

ဟုတ္ ဟုေျပာခဲ့သည္က ၀တ္ေက်တန္း​ေက်သာ။ လီဗာဆြဲသံ ႏွင့္ ဆိုင္ကယ္သံ တဘြန္းဘြန္းက အေတာ္အလွမ္းေဝးသည္အထိၾကားေနရဆဲ။
.
.
.

သ်ွားတစ္ေယာက္ ဒီရက္ပိုင္း ေျမႇာက္ႂကြ ေျမႇာက္ႂကြႏွင့္။ အေၾကာင္းက ေပးသည့္တာ၀န္ကိုေအာင္ျမင္စြာထမ္းေဆာင္ႏိုင္ခဲ့ျခင္း ႏွင့္ ၪီးမာန္၏ ခ်ီးက်ူးမွဴတို႔ပါ ရ ထားျခင္းေၾကာင့္ အျပင္ ေတဆင္ကို စခန္းသြင္းေလ့က်င့္မႈအတြက္ ၂ ရက္တစ္ခါသြားၾကည့္ဖို႔ ၪီးမာန္ဆီက ခြင့္ျပဳခ်က္ပါရထားသည္ေၾကာင့္ျဖစ္၏ သို႔ေသာ္မထြက္ခင္ေတာ့ သြားမယ့္အခ်ိန္ျပန္မယ့္အခ်ိန္ကိုေျပာရမည္။

"ကို​ေက်ာ္စြာ...... ၪီးမာန္ေရာ"

"စိုက္ခင္းသြားတယ္သ်ွား"

ကိုေက်ာ္စြာ့အေျဖၾကောင့္သ်ွားစိတ္ညစ္သြားသည္။ ဒီပံုအတိုင္းဆိုၪီးမာန္ ညေနမွ ျပန္ေရာက္ေတာ့မည္။

ေတာင္ တစ္ဖက္ျခမ္းရိွ ၪီးမာန္၏ opium စိုက္ခင္းသည္ ဒီနယ္ေျမရိွ opium စိုက္ခင္းမ်ားထဲ ဧကအမ်ားဆံုးျဖစ္၏။ သို႔ေသာ္ ၪီးမာန္၏ ထိုစိုက္ခင္းသို႔သ်ွားတစ္ခါမွမေရာက္ဖူး။

ၪီးမာန္ခ်မွတ္ထားေသာစည္းကမ္းသည္ အသက္ ၁၈ မျပည့္သူမ်ား စိုက္ခင္း ႏွင့္ heroin ခ်က္ရာေနရာသို႔၀င္ခြင့္မရိွ။ ထို႔ေၾကာင့္သ်ွားမေရာက္ဖူးျခင္း။

"ေျပာစရာရိွလို႔လား သ်ွား"

"အာ......ဟုတ္။ ကြၽန္ေတာ္ ရြာထဲသြားမလို႔"

"ေခါင္းေဆာင္လာမွ ေျပာေလ"

"ၪီးမာန္ကၾကာအံုးမွာ... ကိုေက်ာ္စြာ"

"မင္းမနက္ကသြားၿပီျပီေလ"

"ခဏပဲေလဗ်ာ....ကိုေက်ာ္စြာခြင့္ျပဳရင္ရတာကို"

 "အသတ္ခံခ်င္လို႔လား"

ေက်ာ္စြာ တစ္စစီ ျဖဳတ္တိုက္ ေနသည့္ ပစၥတိုတြင္းမွ က်ည္ဆံ တို႔ကို ဟိုကိုင္ဒီကိုင္လုပ္ေနရင္း ေရ႔ွလာရပ္ ေျပာလာသည့္ သ်ွား သည္ မေက်မနပ္ႏွင့္။

ေက်ာ္စြာ့ကိုသာထို မေက်မနပ္ေလသံႏွင့္ ဂ်စ္တိုက္တတ္ေပမယ့္ ေခါင္းေဆာင္ေရ႔ွဆို ဟုတ္ကဲ့ၪီးမာန္ ဆိုတာနဲ႔တင္ ၿပီးေနတတ္သည့္ ထိုေကာင္ေလးသည္ ေျခေထာက္ တြင္ေဗြပါသည္လားမသိ။ တစ္ေနရာရာသြားေနရမွ ေနသာထိုင္သာရိွသည္။

သို႔ေသာ္ ေခါင္းေဆာင္ ခြင့္မျပဳဘဲစခန္းအျပင္ထြက္မရဟူသည့္ သ်ွားအေပၚသတ္မွတ္ထားသည့္စည္းကမ္းကိုေတာ့ လိုက္နာေနရေပသည္။ ငယ္စဥ္က စခန္းတြင္းမွခိုးထြက္ေျခရွည္တတ္သည္ေၾကာင့္ ခဏခဏ ဒဏ္ေပးခံရလည္းသ်ွား သည္အမွတ္မရိွ။

အသက္အနည္းငယ္ရလာသည့္အခါ တြင္ေတာ့ အနည္းငယ္ဆင္ျခင္လာ သည္က ကိုယ့္အသိစိတ္ႏွင့္ကိုယ္လား ပိုၾကမ္းလာသည့္ေခါင္းေဆာင္၏ ျပစ္ဒဏ္မ်ားေၾကာင့္လားေတာ့မသိ။ ယခုလည္း အျပင္မထြက္ရ၍ ေက်ာ္စြာ့ကိုျပႆနာရွာခ်င္ေနပံုပင္။

"နယ္စပ္မွာ ၀ယ္လက္နဲ႔ခ်ိန္းထားတယ္လိုက္မလား"

"ကြၽန္ေတာ္လိုက္လို႔ရလား"

"ေခါင္းေဆာင္ကမင္းလိုက္ခ်င္ရင္ေခၚသြားတဲ့"

"ဘာသြားလုပ္မွာလဲ"

"မင္းထင္ က၀ယ္လက္နဲ႔ခ်ိတ္ေပးထားတယ္။ အဲ့ဒါငါသြားေပးရမယ္။ လိုက္မယ္မလိုက္ဘူးသာေျပာစမ္း သ်ွားရာ"

"လိုက္မွာေပါ့ဗ်"

ဒါမ်ိဳးဆိုသ်ွားတို႔သိပ္တက္ႂကြ၏ ႏွစ္ခါေခၚစရာမလို။ အ၀တ္အစားလဲရန္ အိမ္ေပၚေျပးတက္လာလိုက္ၿပီျဖစ္သည္။

နယ္စပ္သို႔သြားရျခင္းက အနည္းငယ္ ျပန္ၾကားေနရသည့္တိုက္ပြဲ အရိပ္အေယာင္ေၾကာင့္ ကိုေက်ာ္စြာသည္ စိန္ပြင့္တခ်ိဳ႕ကို ၂ ဖြဲ႔ ခြဲေရာင္းေနရျခင္းေၾကာင့္ျဖစ္၏လက္တြဲလုပ္ကိုင္ေနၾကသူမ်ားျဖစ္၍ အႏၲရာယ္ေတာ့မရိွ။ ၪီးမာန္ ၏ ပစၥည္းျဖစ္၍ မည္သူမ်ွလည္းျဖတ္မခုတ္ရဲ။

ထို႔ေၾကာင့္ ထိုအေရာင္းအ၀ယ္ ကိစၥကိုသ်ွားအာရံုသိပ္မစိုက္။ ၪီးမာန္ ၏ လက္ရံုးမ်ားထဲ ကိုေက်ာ္စြာသည္ အေစ့စပ္ဆံုးႏွင့္အယံုၾကည္ရဆံုးျဖစ္သည္ေၾကာင့္ သ်ွားစိတ္မပူတာဆိုပိုမွန္၏

သို႔ေသာ္ နယ္စပ္ရိွ ေစ်းတန္း ကိုသ်ွားမေရာက္ျဖစ္သည္က ၄ လခန္႔ပင္ၾကာၿပီ ျဖစ္သည္။ ထို႔ေၾကာင့္ ကိုေက်ာ္စြာႏွင့္လိုက္သြားမွ ရမည္။ ၀ယ္စရာလည္း ရိွသည္ေလ။

၁ နာရီအၾကာစထြက္သည့္ကိုေက်ာ္စြာသည္ လက္ရံုး ၄ ေယာက္ေလာက္ကိုသာေခၚလာ၏ ဘီးလံုးခပ္ႀကီးႀကီးမ်ားႏွင့္ Range Rover မီးခိုးေရာင္သည္ ေတာင္ အတက္အဆင္းအတြက္အလြန္အဆင္ေျပ၏

ရိုင္ဖယ္ တခ်ိဳ႕သယ္လာေပမယ့္ ဤကဲ့သို႔ေဒသတြင္ ေသနတ္ကိုင္ျခင္းကအဆန္းမဟုတ္သလို မည္သူမ်ွလည္း တကူးတကမစစ္ေဆး။ သ်ွားတို႔လို႔အဖြဲ႔အစည္းမ်ားအတြက္လည္း လက္နက္မပါဘဲ သြားလို႔မျဖစ္။ တိုက္ပြဲသည္အခ်ိန္မေရြး ေနရာမေရြး။

သြားေနက်လမ္းေၾကာင္းျဖစ္သလို ကားေမာင္းကြၽမ္းက်င္သည့္ ကိုေက်ာ္စြာ့ တပည့္ေၾကာင့္ ေစ်းတန္းေရ႔ွေရာက္ဖို႔ ၁ နာရီသာေမာင္းရ၏

"ကိုေက်ာ္စြာ....ကြၽန္ေတာ္ေစ်းထဲက်န္ခဲ့မယ္"

"ေနာက္ ၁ နာရီေနရင္ နယ္စပ္ဂိတ္နားဆံုမယ္သ်ွား"

ကိုေက်ာ္စြာကိုေခါင္းညိတ္ျပၿပီး သ်ွား ေစ်းတန္းဘက္လွည့္လိုက္၏ လိုက္ခဲ့ရသည့္ရည္ရြယ္ခ်က္သည္ ေနာက္ ၂ လေနရင္ က်ေရာက္မည့္ ၪီးမာန္၏ အသက္ ၃၁ ျပည့္ေမြးေန့အတြက္ကုတ္အက်ႌအရွည္ တစ္ထည္၀ယ္ရန္။

နယ္စပ္ဂိတ္ဘက္ ေနာက္တစ္ေခါက္ေရာက္ရန္မလြယ္ကူသည္ေၾကာင့္ ၂ လေလာက္လိုေသးသည့္ ၃၁ ျပည့္ေမြးေန့ကို သ်ွားႀကိဳ၀ယ္ရျခင္းျဖစ္သည္။

ကုတ္အရွည္ ႏွင့္ ၪီးမာန္သည္သိပ္ၾကည့္ေကာင္းသည္။ လြန္ခဲ့သည့္ ၇ ႏွစ္က တစ္ခါသာျမင္ဖူးသည့္ပံုရိပ္သည္ ယေန့ထိမေမ့။

ဤနယ္ေျမေရာက္တည္းက ဂ်ာကင္သာ၀တ္ေတာ့သည့္ ၪီးမာန္ သည္မည္သည့္အတြက္ ကုတ္အရွည္ မ၀တ္ေတာ့လည္း မသိေပမယ့္ သ်ွား ၪီးမာန္ကို ႏွစ္တိုင္း တစ္ထည္စီ လက္ေဆာင္ေပးလာခဲ့ျခင္းက ၅ ႏွစ္ပင္ရိွၿပီ။

ထို ၅ ထည္လံုး ကို ၪီးမာန္ ကိုယ္ေပၚပင္မတင္ခဲ့ေသးေပ။ သို႔ေသာ္ ဒီႏွစ္အတြက္လည္း သ်ွားေပးမည့္ ၪီးမာန္အတြက္ လက္ေဆာင္သည္ ကုတ္အက်ႌအရွည္ သာျဖစ္သည္။

သ်ွား၏ငယ္စဥ္ကရည္မွန္းခ်က္သည္ အင္ဂ်င္နီယာျဖစ္ရန္။ သို႔ေသာ္မေတာ္တဆၾကားမိခဲ့သည့္ ၪီးမာန္၏စကားတစ္ခြန္းသည္ သ်ွား ရည္မွန္းခ်က္ကိုေျပာင္းသြားေစသည္။

ထို႔ေၾကာင့္ ယခုရည္ရြယ္ခ်က္က သ်ွားေပးသည့္ ကုတ္အက်ႌ ကိုၪီးမာန္၀တ္ရန္သာျဖစ္၏

ဒီတစ္ႏွစ္မ၀တ္ ေနာက္တစ္ႏွစ္ေပးမည္။ ေနာက္တစ္ႏွစ္မ၀တ္ ေနာက္တစ္ႏွစ္ထပ္ေပးမည္။ တစ္ခုခုဆိုဇြဲႀကီးလွသည့္ သ်ွားသည္ အစြဲအလန္းလဲႀကီး၏
.
.
.
နယ္စပ္ေစ်းတန္းျဖစ္ေပမယ့္ သာမာန္ကာလ်ွံကာေတာ့မဟုတ္။ ထိုင္း ျမန္မာ လာအို ႏိုင္ငံ ၃ ႏိုင္ငံလံုးမွ ပစၥည္းကစံုစံုလင္လင္ပင္။ ေပါေခ်ာင္ေကာင္းဟုေျပာရသည့္ ေစ်းေပါေပါပစၥည္းမွစ သိန္းခ်ီတန္ Branded ထိအစံုရိွသည္ေၾကာင့္ လူတန္းစားကေတာ့စံု၏

ယိုးဒယားပစၥည္းအစစ္အမွန္တို႔လည္းရိွသလို တရုတ္ပစၥည္းတို႔လည္းေပါသည္။ နားမလည္လ်ွင္ မလည္သလို တစ္ပတ္ရိုက္သည္။ ေစ်းသည္ေတြက လူကဲခတ္လည္းသိပ္ေတာ္သည္ကိုး။

ဟိုဟိုဒီဒီလိုက္ၾကည့္ရင္းေတြ့မိသည္က
အညိုေရာင္ေဖ်ာ့ေဖ်ာ့........ ထိုအေရာင္သည္ ၪီးမာန္ႏွင့္အလိုက္ဆံုးပင္။ အရမ္းညိုသည္မဟုတ္ေပမယ့္ ခပ္လတ္လတ္ အသားအရည္က ၾကည္၏ ေတာင့္တင္းသည့္ကိုယ္ႏွင့္ရင္အုပ္က်ယ္က်ယ္ေပၚ အညိုေရာင္ေဖ်ာ့ေဖ်ာ့ long coat ထပ္၀တ္လ်ွင္ျဖစ္လာမည့္ခံ့ညားမႈသည္ေတြးရံုႏွင့္သ်ွားၿပံဳးမိသည္။

"ကြၽန္ေတာ့္ကို ဒါတစ္ထည္ေပး။ ၂ ထပ္ထုပ္ေပးလိုက္"

"ေစ်းေလ်ွာ့ေပးလိုက္တယ္ ေနာ္ ေမာင္ေလး"

"ေက်းဇူး"

ရွက္ကိုးရွက္ကန္းေျပာေနသည့္ အေရာင္းဆိုင္မွမိန္းကေလးကို ခပ္ျပတ္ျပတ္သာေျပာ၍ ပိုက္ဆံထုတ္ေပးလိုက္သည္။

ျပန္အမ္းေငြမယူဘဲ လွည့္ထြက္လာသည့္သ်ွားသည္ Long coat ထည့္သည့္ ေငြေရာင္ခပ္ေတာင့္ေတာင့္စကၠူ အိတ္ေလးကိုသာ ၾကည့္မ၀။ ထို long coat သည္ ၪီးမာန္ေပးသည့္မုန္႔ဖိုးႏွင့္၀ယ္ျခင္းမဟုတ္။ သ်ွားလုပ္အားခေၾကာင့္ရသည့္ bonus ႏွင့္၀ယ္ျခင္း။

မူးယစ္စိုက္ခင္းတို႔လုပ္ကိုင္သည့္သ်ွားတို႔အတြက္ ေတာထဲေတာင္ထဲ ေနထိုင္ရသည္ျဖစ္၍ ဒီေဒသအေလ်ွာက္ေနထိုင္ကာ တိုက္ပြဲမ်ားေၾကာင့္ ျပင္းျပင္းထန္ထန္ေလ့က်င့္ ေနၾကရေပမယ့္ ပိုက္ဆံဟူသည္ရွားပါးသည့္အရာေတာ့မဟုတ္။

အဖြဲ႔သားမ်ား စိုက္ခင္းစစ္ရန္ ဂိုေဒါင္စစ္ရန္ ဟိုသြားဒီသြား သြားရန္ ၀ယ္ထားသည့္ ၪီးမာန္၏ Range rover ပင္ ၉ စီးရိွ၏။ ဂိုေထာင္ထဲ တန္းစီေနသည့္ အေရာင္ စံု ဆိုင္ကယ္တို႔သည္ အစီး ၂၀ ေက်ာ္၏ ထိုပစၥည္းအကုန္လံုးက ထိုင္းနယ္စပ္မွ တစ္ဆင့္ တိုက္ရိုက္သြင္းထားျခင္းျဖစ္သည္။ ​

လိုအပ္လ်ွင္ သိန္း ဆယ္ခ်ီ  ရာခ်ီ သံုးပစ္ဖို႔ ၀န္မေလးသည့္ၪီးမာန္သည္ သ်ွား ကိုေတာ့စည္းကမ္းတင္းၾကပ္သည္။ ငယ္စဥ္က မုန္႔ဖိုးဟူ၍ေပးျခင္းမရိွ ေပမယ့္ အသက္ ၁၅ ႏွစ္မွ စရသည့္မုန္႔ဖိုးသည္ အကန္႔အသတ္ႏွင့္သာ။

သ်ွားအတြက္ ၪီးမာန္ေပးသည့္ မုန္႔ဖိုးက ေလာက္ရံုမကပိုေနေသးသည္ေၾကာင့္ တေလာကမွ ဆိုင္ကယ္ တစ္စီး ၀ယ္ထားေသးသည္။ သို႔ေသာ္ယခုထိေတာ့မစီးရက္ေသး။
မုန္႔ဖိုးဟူ၍ ၪီးမာန္စေပးသည္ေတာ့မဟုတ္။ အသံုးစရိတ္ ၁ လစာ ေလာက္ေအာင္သံုးရမည္ဟု တစ္ခါတည္းေျပာၿပီးသားပင္။

ထိုအသံုးစရိတ္ ဟူသည္ သ်ွား အတြက္ လိုအပ္သည့္အသံုးအေဆာင္ အ၀တ္အစား တျခားတျခားေသာကုန္စရာတို႔အတြက္ ပါၿပီးသားပင္။

ေပးသည့္တာ၀န္တို႔ကို ေအာင္ျမင္စြာေဆာင္ရြက္လ်ွင္ေတာ့ သ်ွားသည္ ပါ၀င္ခဲ့သည့္အဖြဲ႔သားမ်ားႏွင့္တန္းတူ ကိုေက်ာ္စြာမွ စီမံေပးသည့္ ဆုေၾကးဟူသည္ကိုထပ္ရတတ္သည္။ ထို႔ေၾကာင့္ ထို Long coat သည္ ရသည့္ ဆုေၾကးထဲမွ ၀ယ္ထားျခင္းျဖစ္၏

ကိစၥျမန္ျမန္ျဖတ္တတ္သည့္ကိုေက်ာ္စြာ့ေၾကာင့္ သ်ွား သိပ္မေစာင့္လိုက္ရ။ ကားေရ႔ွခန္း လက္တစ္ဖက္တင္ကာေဆးလိပ္တစ္လိပ္ေသာက္လာသည့္ကိုေက်ာ္စြာသည္ လည္ျပန္ေငးေနသည့္မိန္းကေလးမ်ားေၾကာင့္ပိုဟန္ေရးျပေနသည္လားမသိ။

"ဂိုေဒါင္ဘက္ ခဏ၀င္မယ္ သ်ွား"

" ကြၽန္ေတာ္လည္း ပစၥည္းထားစရာရိွတယ္"

ၪီးမာန္ျပန္ေရာက္ေနေလာက္မည့္ အခ်ိန္ျဖစ္၍ သ်ွား ဤ အိတ္ကို မယူသြားလို။ ဂိုေဒါင္ ထဲ ခဏထားခဲ့ရမည္။

"ဘာ၀ယ္လာလဲ"

"long coat"

"ႏွစ္တိုင္း long coat ပဲလား သ်ွား"

"ဟုတ္တယ္"

သ်ွားကိုဘာမွ ဆက္မေျပာဘဲ ကိုေက်ာ္စြာက ေခါင္းတညိတ္ညိတ္။

"ကိုေက်ာ္စြာ"

"ေအး"

"ကိုမင္းထင္ ျပန္လာေတာ့မယ္ေနာ္"

"အဟမ္း....အင္း"

ကိုမင္းထင္ဆိုသည္ႏွင့္ ေခ်ာင္းေတြေကာက္ဆိုးကာ ေဆးလိပ္ေငြ့ထသီးသည့္ ကိုေက်ာ္စြာကသိပ္ေတာ့ပံုမွန္မဟုတ္။ မ်က္လံုးမ်ားေမွးကာ ေရ႔ွတည့္တည့္မွ စိုက္ၾကည့္လိုက္သည္။ နဖူးကို လက္ၫွိုးႏွင့္ ဖိတြန္းပစ္၏

"ရႊတ္ေနာက္ေနာက္နဲ႔"

သ်ွား၏ ဆ႒မအာရံုအရ ဒါကက်ိန္းေသပံုမွန္အေျခအေနမဟုတ္။ ကိုမင္းထင္က ၪီးမာန္၏ ခိုင္းေစမွဴေၾကာင့္ လာအိုဘက္ေရာက္ေနတာ ၂ လေလာက္ရိွၿပီ။ ထိုဘက္မွ၀ယ္လက္ႏွင့္တန္းခ်ိတ္ေပးရင္း သတင္းပို႔သည္က ကိစၥၿပီးျပတ္သည္ေၾကာင့္မၾကာခင္ျပန္လာေတာ့မည္ဟူ၍ျဖစ္၏

စခန္းထဲ ကိုေက်ာ္စြာက ၾသဇာေညာင္းသည္။ သို႔ေသာ္ကိုမင္းထင္က ပိုလက္ရဲ၏

° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° °

"ကေလးေတြလက္ထဲ ဒါေတြမေရာက္ေစနဲ႔လို႔ ငါေျပာဖူးတယ္မလား"

ဖက္ၾကမ္းတစ္လိပ္ကိုဖြါရင္း ေဝ့ၾကည့္လိုက္သည့္ေအးစက္စက္မ်က္၀န္းတစ္စံု......

ထိုမ်က္၀န္းတစ္စံုသည္လူေသႏိုင္သည္။

စခန္းတြင္း ျပန္ေရာက္သည္ႏွင့္ ပထမဆံုးျမင္လိုက္ရသည့္ျမင္ကြင္းက သ်ွား ခပ္လွမ္းလွမ္းတြင္ခဏသြားရပ္ကာအေျခအေနၾကည့္ေနလိုက္သည္။

ၪီးမာန္ေရ႔ွ လက္ျပန္ႀကိဳးတုပ္ကာခံထားရကာ ေခါင္းငံု႔ဒူးေထာက္ေနသူ ၃ ေယာက္သည္ heroin ခ်က္ရာတြင္တာ၀န္ထမ္းေဆာင္သည့္သူမ်ားျဖစ္၍မ်က္မွန္းတန္းမိသည္။ ထိုသူ ၃ ေယာက္အေနာက္တြင္ ရိုင္ဖယ္ ကိုင္ရပ္ေနၾကသည့္ သူ ၂ ေယာက္က ၪီးမာန္လက္ရံုးမ်ားျဖစ္သည္။

ၪီးမာန္ကေတာ့ ေအးစက္ေနသည့္မ်က္၀န္းတစ္စံုမွလြဲ မ်က္ႏွာေပၚအရိပ္အကဲဖမ္းမရ။ ၪီးမာန္ခပ္လွမ္းလွမ္း တိုင္ကိုမွီကာရပ္ေနသူက ကိုမင္းထင္။ မနက္ကျပန္ေရာက္သည္ထင္၏

နီက်င့္က်င့္ဆံပင္တို႔ကို ျဖစ္သလိုလွန္တင္ထားသည့္ ကိုမင္းထင္က ေဆးလိပ္တစ္လိပ္ ႏႈတ္ခမ္းထက္အၿမဲေတ့ထားတတ္၏

"ခြင့္....ခြင့္လႊတ္ေပးပါ....ေခါင္းေဆာင္။ ကြၽန္ေတာ္တို႔ မတတ္သာလို႔လုပ္ရတာပါ။ ေနာက္....ေနာက္တစ္ေခါက္မျဖစ္ေစရပါဘူး"

ၪီးမာန္၏ မ်က္၀န္းမ်ားတြင္ အတုန္တုန္အရီရီေတာင္းပန္ေနသည့္ ထိုသူ ၃ ေယာက္အတြက္ အသက္ရွင္လမ္းမရိွဟူသည့္အေျဖကပါၿပီးသား။

 အတင္းၾကပ္ဆံုးခ်မွတ္ထားသည့္စည္းကမ္းက မ်ားမ်ားစားစားမရိွ။ ၃ ခုသာ။

- အသက္မျပည့္သူမ်ားအား heroin ေရာင္း၀ယ္ျခင္းမျပဳရ။ စိုက္ခင္းႏွင့္ ခ်က္ရာေနရာ၀င္ေရာက္ခြင့္မရိွ။

- သစၥာမေဖာက္ရ။

- ပစၥည္း အေရအတြက္ ပမာဏအမွားအယြင္းမရိွေစရ။ (ျဖတ္မခုတ္ရ)

ေဖာက္ဖ်က္ခဲ့သည္ရိွေသာ္ ေသလမ္းသာ။

"ဘယ္နေယာက္လဲ"

"ဗ်ာ.....ငါး...ငါးေယာက္ပါ"

"ဘယ္ေလာက္ၾကာၿပီလဲ"

"......"

*ေဂ်ာက္*

ေသနတ္ေမာင္းသည္ ျဖတ္ရန္အသင့္အေနအထား။ နဖူးေပၚေသနတ္ေျပာင္းဝ ေတ့ေတာ့ ဒူးေထာက္ေနသည့္ေကာင္ေတြကအတုန္တုန္အရီရီ။

"ေခါင္းေဆာင္!!! ေခါင္းေဆာင္!!! မွားသြားပါတယ္။ ကြၽန္ေတာ္တို႔.....မွားသြားပါတယ္ ဒီတစ္ခါပဲခြင့္လႊတ္ေပးပါ"

"ဘယ္....ေလာက္....ၾကာ...ၿပီလဲ"

တစ္လံုးခ်င္းဆီေမးသြားသည့္ စကားသည္ ေအးစက္ေျခာက္ေသြ့ေန၏ ေမးေၾကာမ်ားအနည္းငာ္ေထာင္ေနသည့္ ၪီးမာန္မ်က္အိမ္တို႔က ပို၍ ေမွးက်ဥ္းစူးရွလာသည္။

"ႏွ...ႏွစ္လ ပဲရိွ..."

*ဒိုင္း!!*

က်ည္က နဖူးမွေနာက္ေစ့သို႔ေဖာက္၀င္၏ အရုပ္ႀကိဳးျပတ္လဲက်သည့္ခႏၶာကိုယ္သည္ အသက္ဝိညာဥ္ကင္းမဲ့ၿပီျဖစ္သည္။

ေသနတ္ကို ခါးထဲျပန္ထည့္သည့္ ၪီးမာန္အၾကည့္ေတြက ကိုေက်ာ္စြာဆီသို႔ ၪီးတည္၏

"ေက်ာ္စြာ"

"ဟုတ္ကဲ့ ေခါင္းေဆာင္"

"ေနာက္တစ္ခါ ဒီလိုအျဖစ္မ်ိဳးထပ္ၾကားရရင္ မင္းအရင္ဆံုး ေျမၾကီးထဲ၀င္ဖို႔ျပင္ထား.....နားလည္လား!!"

"ကြၽန္ေတာ္နားလည္ပါၿပီေခါင္းေဆာင္"

"ရွင္းလိုက္ေတာ့ မင္းထင္"

ေခါင္းတစ္ခ်က္ညိတ္ျပသည့္ ကိုမင္းထင္က ခါးမွ ပစၥတိုကိုထုတ္ကာ ေမာင္းဆြဲတင္၏ ေက်ာေပးလွည့္ထြက္သြားသည့္ ၪီးမာန္ေနာက္ သ်ွားခပ္သြက္သြက္လိုက္သည့္အခါ အေနာက္ဘက္မွ ေအာ္ဟစ္ေတာင္းပန္သံမ်ားသည္ ေသနတ္သံ ႏွစ္ခ်က္ေအာက္ တိတ္ဆိတ္ရ၏

ဇီဝိန္ခ်ဳပ္သြားသည့္ခႏၶာကိုယ္ ၃ ခုကိုသ်ွား လွည့္မၾကည့္ျဖစ္ေတာ့။ ထိုသို႔ကိစၥေတြဆို စခန္းတြင္းပင္အၫွာအတာမရိွစီမံတတ္သည့္ ၪီးမာန္က တျခားသူေတြ ထပ္မလုပ္ရဲေအာင္ဟူသည့္ အေၾကာင္းျပခ်က္ႏွင့္ျဖစ္သည္။

စခန္းတြင္းကိစၥေတာ္ေတာ္မ်ားမ်ားႏွင့္ စိုက္ခင္းေတြက ကိုေက်ာ္စြာကိုင္တြယ္တာမ်ားသည္ေၾကာင့္ လက္ေအာက္ငယ္သားေတြစည္းကမ္းေဖာက္ဖ်က္မႈတြင္ ၪီးမာန္ကကိုေက်ာ္စြာကိုေဒါသထြက္ျခင္းျဖစ္သည္။ ပံုမွန္ဆို ဒီလိုကိစၥေတြက ကိုေက်ာ္စြာဆီအရင္ေရာက္လာမွာျဖစ္ေပမယ့္ စခန္းထဲကိုေက်ာ္စြာမရိွသည္ေၾကာင့္ ၪီးမာန္ဆီတည့္တည့္မတ္မတ္သတင္းေရာက္သြားပံုပင္။ ကိုေက်ာ္စြာကေတာ့ ေနာက္ရက္ေတြ လွည့္ပတ္စစ္ေဆးဖို႔ကိစၥေတြႏွင့္ အလုပ္ရႈပ္ေတာမည္ထင္ပါ၏

"စခန္းတြင္းကိစၥေတြ ေက်ာ္စြာကိုကူဖိူ႔လုပ္။ မင္းေျခေထာက္ေတြရိုက္ခ်ိဳးမခံခ်င္ရင္ ရြာထဲခဏခဏဆင္းတာေတြထပ္မၾကားရေစနဲ႔"

လွည့္မၾကည့္ေပမယ့္ သ်ွား မွန္း သိသည့္အတြက္ေျပာလာသည့္စကားေၾကာင့္ စိတ္ညစ္သြားေပမယ့္ ျပန္မေျဖ၍မရ။ တင္းမာသည့္အေျခအေနက ခုထိေအးစက္ေနဆဲ။

"ဟုတ္ကဲ့ ၪီးမာန္"

3034 words
13.6.2023 (9:25 pm)
Vi vian
90°bow

Continue Reading

You'll Also Like

457K 27.3K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
111K 12.4K 97
transition novel
594K 46.5K 61
ကျုပ်က လူတစ်ယောက်ကို သတ်ပစ်ချင်လောက်အောင် ချစ်တယ်...။ သိပ်ပြီး အရာရာပြည့်စုံတဲ့ ကျောင်းသားခေါင်းဆောင် ခင်ဗျားကိုပေါ့။ School / unilife/Age gap/countr...
166K 6.6K 77
Unicode သာမာန်မိသားစုတစ်ခုမှပေါက်ဖွားလာပြီး မိမိကြိုးစားမှု့ကြောင့် အမြင့်တစ်နေရာ သမာအာဇီဝကျကျ တက်လှမ်းနေဆဲ ဖြစ်ကာကုမ္ပဏီတစ်ခုမှာ ရာထူးတစ်နေရာရရှိနေတ...