แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แˆแ€

1.6K 275 2
By PannKhattWaiio

အပိုင်း ၈၀

ခိုင်ရှင်းကိုယ်တိုင်ကလည်း အခြေအနေက သည်လိုပြောင်းလဲသွားမည်ဟု မထင်ထားမိချေ။
သူမက ကိုယ်တိုင်ကိုယ်ကျ သတင်းထောက်ပေါင်းများစွာကို အကြောင်းကြားထားပြီး အလွန်အမင်း ပြင်းထန်သည့်ဖိအားကြောင့် ယွမ့်ထန်းက သူမအား ခွင့်လွှတ်လိုက်ရသည်ဆိုသော အခြေအနေကို ရယူလိုသည့်အတွက် ရင်ဘတ်တွင်ပင် ကင်မရာအသေးစားကို တပ်ဆင်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင်မူ သူမ၏သရုပ်ဆောင်မှုက အလကားဖြစ်သွားခဲ့ရလေသည်။ ထိုသတင်းထောက်နှင့် အသေးစားကင်မရာကလည်း သူမ၏ဆိုးရွားသည့် အခြေအနေကိုသာ ဖမ်းယူမှတ်တမ်း တင်သွားခဲ့သည်။

ထိုလူများက သူတို့၏ကင်မရာများကို သူမထံ ချိန်ထားကြောင်းမြင်သောအခါ သူမ၏သွေးများက ခေါင်းသို့ ထိုးတက်သွားသည်။ သူ ထိုလူများထံပြေးဝင်သွားပြီး သူမတွင်ရှိသမျှ တတ်စွမ်းသမျှအားကိုသုံးပြီး ထိုလူများကို တိုက်ခိုက်တော့သည်။

သွားပြီ ငါကတော့သွားပြီ

ထိုသတင်းထောက်များကလည်း အရူးများ မဟုတ်ကြချေ။ ခိုင်ရှင်းက ထိုသို့မြင်ရန် မသင့်တော်သည့် တိုက်ပွဲကိုဖန်တီးခဲ့သည်။ သူတို့က ခိုင်ရှင်းထံမှ ကန်ချက်အချို့ကို ရရှိသည့်တိုင်အောင် အင်ပါယာ၏လေးစားရသော စည်းမျဉ်းများကြောင့် အမျိုးသမီးတစ်ယောက်ကို ပိုက်ဆံကြောင့်ပင်ဖြစ်စေ၊ အာဏာကြောင့်ပင်ဖြစ်စေ ခက်ခဲအောင်လုပ်လိမ့်မည် မဟုတ်ချေ။ ထို့အပြင် မည်သည့်သတင်းကို ထုတ်ပြန်ကြေညာရမည်။ မည်သည့်သတင်းကို မထုတ်ပြန်ကြေညာရဟု မည်သူမှလည်း မပြောပြထားကြပေ။ သူတို့အတွက် ခေါင်းစီးပိုင်းတွင် ပွက်လောရိုက်သွားလောက်အောင် ကျော်ကြားမည်ဟု ယူဆလျှင် သူတို့က မည်သည့်သတင်းကိုမဆို အတူတူဟုသာ သတ်မှတ်လေသည်။
လက်ရှိအချိန်တွင် ခိုင်ရှင်းက ရူးသွပ်သွားပြီ ဖြစ်သည်။ သူတို့က သူမနှင့်အတူ ဆက်နေရန် အကြောင်းမရှိတော့ချေ။ မည်သို့ပင်ဆိုစေ သူတို့အားလုံးကလည်း မှတ်တမ်းတင်သင့်သမျှအားလုံးကို မှတ်တမ်းတင်ပြီးသားဖြစ်သည်။ ထို့ကြောင့် ရိုးရှင်းစွာဖြင့်ပင် ကားပေါ်သို့တက်ပြီး ထွက်ခွာသွားကြကာ ခိုင်ရှင်းကို သူတို့၏ကားအနောက်မှ ဖုန်လုံးများကြားတွင် ချန်ထားရစ်ခဲ့လိုက်သည်။

သူတို့၏ကားများထဲသို့ရောက်ပြီးသည်နှင့် သတင်းထောက်များအားလုံးက ဆောင်းပါးပြင်ဆင်ရန်အတွက် လက်တယားယားဖြစ်နေကြကာ သတင်းကို ပထမဦးဆုံး ထုတ်ပြန်နိုင်မည့်အခွင့်အရေးကို ရယူလိုနေကြသည်။ ထို့ကြောင့် နာရီဝက်ပင် မကြာသေးသောအချိန်တွင် ခိုင်ရှင်းက ဆေးရုံသို့လာပြီး ပြဿနာရှာသောသတင်းက စတားနက်ဝေါ့ပေါ်တွင် ပျံ့နှံ့သွားတော့သည်။

“အက် အင်ပါယာရဲ့သတင်းဘုရင် V .. မြွေလိုမိခင် မအံ့ဩတော့ပါဘူး အက် ယွမ့်ထန်းv က အမေနဲ့ကလေးဆက်ဆံရေးကိုဖြတ်တောက်ချင်နေတာ အံ့ဩစရာမှ မရှိတော့တာ ဒီမိန်းမ ဘယ်လောက် အရှက်မရှိသလဲ ကြည့်ကြပါ၊ [ဗွီဒီယို][ပုံ][ပုံ]

[အယ်လ်ဘီ .. ဒီလောကမှာ ဘယ်လိုတောင်အရှက်မရှိတဲ့ ကြောက်စရာကောင်းတဲ့ မိန်းမက တည်ရှိနေတာလဲ၊ အစကတော့ ဒီမိန်းမက သွားတောင်းပန်တော့မယ်လို့ ထင်ထားတာ၊ သရုပ်သွားဆောင်နေတာပဲ]

[ရန်ရန်ရန် .. ဟုတ်သားပဲ၊ ဒီမိန်းမက အသေးစားကင်မရာကိုတောင် တပ်သွားသေးတယ်၊ အို ဘယ်လောက်တောင် အကြံကြီးလိုက်သလဲ၊ ငါတို့ရဲ့မာရှယ်ကို လှည့်စားလို့ရမယ် ထင်နေတာလား]

[ကျင်းချန်ချန်ရဲ့အသားလုံး .. ဒီမိန်းမက ကလေးကိုတောင်ရိုက်ရဲတယ်၊ ကြည့်စမ်းပါအုံး၊ မောင်ငယ်လေးက ဘယ်လောက်တောင်ကြောက်နေလိုက်သလဲ၊ မျက်နှာလေးကို ဖြူစုတ်နေတာပဲ၊ ဒီကောင်လေးအတွက် စိတ်မကောင်းလိုက်တာ]

နှစ်ရက်ကြာပြီးနောက် ယွမ့်ထန်း၏ခိုင်ရှင်းကို တရားရင်ဆိုင်သည့်ကိစ္စက တရားဝင် စတင်လေပြီ။

ခိုင်ရှင်းက ဝေ့ကျိုးနည်းတူ ထွက်ပြေးလွတ်မြောက်ရန် စဉ်းစားမိသေးသည်။ မည်သို့ပင်ဆိုစေ အတုအယောင်ဖျားနာမှုဟူ၍ ထိုသို့ လုပ်နိုင်လောက်သည်။ သို့သော် ဟော်ယွန်ချန်းက သူမကို အမြဲတစေ စောင့်ကြည့်နေခဲ့သည်။ ခိုင်ရှင်းထံတွင်ပင် စောင့်ကြည့်ကင်မရာကို တရားရုံးအား တပ်ဆင်ခိုင်းထားသေးလေသည်။ သူတို့၏ ကိုယ်ပိုင်စောင့်ကြည့်ကင်မရာများက သူမ၏လုပ်ဆောင်မှုများကို ကန့်သတ်ထားခြင်း မရှိသော်လည်း အချို့အခြေအနေက သူမ၏လုံခြုံမှုအတွက် အာမခံနိုင်သေးလေသည်။ ထို့ကြောင့် သူတို့ဘက်က အရာအားလုံးကို ပြင်းဆင်ထားနိုင်ခဲ့သည်။

ယခင် ဝေ့ကျိုးက နာကျင်ဖွယ်ကောင်းသော ဆုံးဖြတ်အချို့ကို ချနိုင်ခဲ့ခြင်း ဖြစ်သည့်တိုင်အောင် အမှန်တကယ် မေ့မြောသွားခဲ့ခြင်း ဖြစ်သည်။ သူက ထိုအခွင့်အရေးကိုယူပြီး သူက နေမကောင်းသောကြောင့်ဟု အကြောင်းပြကာ တရားရင်ဆိုင်ရန် ရွှေ့ပြောင်းခဲ့ခြင်းဖြစ်သည်။ ခိုင်ရှင်းကမူ သူမကိုယ်ကို နာကျင်အောင် မလုပ်ရဲခဲ့ချေ။ သူမက သည်အတိုင်း အချိန်ဆွဲရုံမျှသာ ဖြစ်ပြီး ယွမ့်ထန်းက ပြန်လာကာ သူမအား ခွင့်လွှတ်ပေးရေး ကိစ္စများအားလုံးကို ပြန်ရုတ်သိမ်းလိုခဲ့သည်။

သူမက သူမကိုယ်သူမ ထိခိုက်အောင် မလုပ်လိုခဲ့သလို သာယာသောဘဝကိုလည်း မပျက်စီးလိုခဲ့ချေ။ ရလဒ်အနေဖြင့်သူမက မဖြစ်နိုင်သော အိပ်မက်များကိုမက်ခဲ့ကာ သိုးပျောက်သွားသည့် အချိန်မှ ကိစ္စများကို ပြန်လည်ဖာထေးရန် ကြိုးစားခဲ့သည်။ လက်ရှိအချိန်တွင် သူမက ဖျားနာခြင်း၊ ဒဏ်ရာရအောင်လုပ်ခြင်းနှင့် ကိုယ့်ကိုယ်ကို ဒုက္ခပေးရန် ကြိုးစားမည်ဆိုလျှင်ပင် နတ်ဆိုးများကဲ့သို့ စောင့်ရှောက်နေသောလူများက ထိုကဲ့သို့ လုပ်ခွင့်ပြုတော့မည် မဟုတ်ချေ။
နတ်ဆိုး သူတို့အားလုံးက နတ်ဆိုးတွေပဲ။
သူမက ရေခဲဂူထဲကျသွားသလိုမျိုး ဟိုတယ်အိပ်ယာပေါ်တွင် လှဲလျောင်းနေရသည်။ ခေါင်းကလည်း မူးဝေနေပြီး ဘာကိုမျှ မတွေးတောနိုင်တော့ချေ။ ထို့နောက် သူမက တရားရုံးသို့ ဆွဲခေါ်ခံရသည်။

သူမကို စွပ်စွဲချက်သုံးခု တင်ထားသည်။ ပထမတစ်ခုက ယွမ့်ထန်း၏ဂုဏ်သိက္ခာကို စော်ကားဖျက်ဆီးခြင်းနှင့် မဟုတ်မှန်သော သတင်းများကို လွှင့်ကာ ကောလဟာလ အတုအယောင်များကို ဖန်တီးသည့်ကိစ္စဖြစ်သည်။ ဒုတိယတစ်ခုကမူ သူမ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော ကလေးကို အနိုင်ကျင့်ခြင်းနှင့် ကောင်းမွန်စွာ မစောင့်ရှောက်ပေးခြင်း ဖြစ်သည်။ တတိယအချက်ကမူ သူမနှင့်သားအမိ ဆက်ဆံရေးကို ဖြတ်တောက်ရန် ဖြစ်သည်။

ကျိုးကျင်းက အကောင်းဆုံးရွှေတံဆိပ်ဆုရ ရှေ့နေပီသသည်။ သူက သက်သေတိုင်းကို ရှင်းရှင်းလင်းလင်း စာရင်းပြုစု ပေးထားသည်။ အစပိုင်းကတည်းက ခိုင်ရှင်း၏ရှေ့နေက ပြန်လည်မတုန့်ပြန်နိုင်ခဲ့ချေ။ ကျိုးကျင်း၏ တစ်ဆင့်ချင်းစီ ပေးလာသည့် ဖိအားအောက်တွင် ခိုင်ရှင်း၏ရှေ့နေက ပြန်လည်မတိုက်ခိုက်နိုင်တော့ချေ။

ကြယ်ပြာအင်ပါယာ၏ ရာဇဝတ်မှုစည်းမျဉ်းနံပါတ် ၂၄၆၊ စာမျက်နှာ ၂ ပါ အကြောင်းအရာအရ အသရေဖျက်ခြင်း၊ စော်ကားခြင်းနှင့် မဟုတ်မမှန် အကြောင်းအရာများကို ပြောဆိုသည့်ပြစ်မှုဟာ လေးနက်လျှင် ၃ နှစ်ခန့် အများဆုံးအထိ ထောင်ချခံရနိုင်သည်။ နိုင်ငံရေးအခွင့်အာဏာအရ ပြန်လည်ချေပခွင့်ဆုံးရှုံးမည်ဖြစ်သည်။

တရားသူကြီး၏အမိန့်ချသံကို နားထောင်နေရင်းမှ ခိုင်ရှင်း၏မျက်နှာက ပြာနှမ်းလာသည်။ သူမက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပြီးနောက်တွင် ယွမ့်ထန်းကို မြင်သွားသည်။ သူမ၏မျက်ဝန်းထဲတွင် မုန်းတီးမှုက ပြည့်နှက်လာသည်။ သို့တိုင်အောင် ယွမ့်ထန်းက သူမကိုတစ်ချက်ပင် မကြည့်ချေ။ အသက်ပြင်းပြင်းရှူပြီးနောက် ခိုင်ရှင်းက ဖြည်းညင်းစွာဖြင့် လက်ကိုမြှောက်သည်။

“ကျွန်မ အယူခံဝင်ချင်တယ်”
သူမ၏နှုတ်ခမ်းများ အနည်းငယ်ကော့တက်သွားသည်။

“ကျွန်မ ဒီလိုလုပ်ဖို့အချို့လူတွေက ညွှန်ကြားခဲ့တာပဲ၊ အဲဒီလူတွေက ဝေ့ကျိုးနဲ့ ယဲ့သခင်လေးတို့ပဲ”

“ယဲ့သခင်လေး ဟုတ်လား”

“သူ့ရဲ့နာမည်ကိုတော့ ငါ မသိဘူး၊ သူ့ရဲ့ပတ်ဝန်းကျင်က လူတွေကတော့ အဲဒီလိုခေါ်ကြတယ်၊ ဝေ့ကျိုးက သူ့ရဲ့လက်အောက်ငယ်သားပဲ”
ခိုင်ရှင်းကပြောသည်။

“နင်တို့ ဘာလို့ သူ့ကို သွားမဖမ်းကြတာလဲ”

ယွမ့်ထန်းကလည်း ထိုကိစ္စက ထိုသို့ဖြစ်လာမည်ဟု မမျှော်လင့်ထားမိပေ။ ခိုင်ရှင်းတွင် ဝေ့ကျိုးအပါအဝင် နောက်ကွယ်မှ လူတစ်ယောက်ပင် ရှိနေသေးသည်။

ယဲ့သခင်လေး ဟုတ်လား။ သူက မှတ်ဉာဏ်ထဲတွင် လိုက်ရှာပါသော်လည်း ထိုကဲ့သို့သောလူမျိုးကို ရန်စခဲ့ခြင်းရှိမရှိ မသေချာခဲ့ချေ။ ထိုသို့ အပိုခုခံမှုများကြောင့် တရားစီရင်မှုက ရပ်နားထားရပြီး တစ်ဖက် သံသယရှိသူနှစ်ယောက်ကို ဖမ်းဆီးကာ တရားရုံးသို့ ပို့ဆောင်ရမည်ဖြစ်သည်။ ထိုသို့ဆိုသည့်တိုင်အောင် ခိုင်ရှင်းကလည်း လွတ်မြောက်လိမ့်မည် မဟုတ်ချေ။

ဟော်ယွန်ရီက ပြန်လာသောအခါ ယွမ့်ထန်း၏ ဂြိုလ်နံပါတ် ၁၉ မှ အိမ်နီးချင်းနှစ်ယောက်ကို မျက်မြင်သက်သေအဖြစ် ခေါ်လာပေးသည်။ ထို့အပြင် ဆေးရုံက ပေးလိုက်သည့် ဆေးမှတ်တမ်းနှင့် ဆေးဝန်ထမ်းမှ မှတ်တမ်းတင်ထားသော ဗွီဒီယိုမှတ်တမ်းလည်းပါကာ ယွမ့်ယွီ လွန်ခဲ့သောဆယ်နှစ်ခန့်က ဆေးရုံသို့ပို့ခဲ့ချိန်က အဖြစ်အပျက်များကိုလည်း ပြောပြလိုက်သေးသည်။ ထိုအချိန်က ကလေးက အရေပြားပေါ်တွင် သေးငယ်သည့်ဒဏ်ရာများ၊ ကြီးမားသည့်ဒဏ်ရာများ ဒဏ်ရာအမျိုးမျိုး ပါဝင်နေသည့်အပြင် တစ်ရှူးများ ထိခိုက်သွားသည်အထိ အတွင်းကြေဒဏ်ရာလည်း ရခဲ့သေးသည်။
သူ၏ယခင်ဘဝတွင် ကလေးသူငယ်များကို ညှင်းပန်းနှိပ်စက်သည့်အတွက် တိကျသောစည်းမျဉ်းဟူ၍ မရှိသော်လည်း ခေတ်သစ်လောကတွင်မူ ထိုပြစ်မှုကို ရာဇဝတ်သားအဖြစ် သတ်မှတ်ထားပြီး လူ့အခွင့်အရေး၊ ကလေးသူငယ်များကို ကာကွယ်သည့် အခွင့်အရေးစသည်ဖြင့်တို့ကြောင့် အခြေခံကျသော စည်းမျဉ်းများထဲမှ တစ်ခုပင်ဖြစ်နေသေးသည်။

ထိုကဲ့သို့ ကလေးသူငယ်များကို နှိပ်စက်ညှင်းပန်းသူများက ငါးနှစ်ထက်မနည်း ထောင်ကျနိုင်ခြေရှိသည်။

နောက်ဆုံးအတွက်မူကား သူတို့၏ဆက်ဆံရေးကို ဖြတ်တောက်သည့်ကိစ္စ ဖြစ်သည့်အတွက် ယခင်က ကလေးငယ်ကို နှိပ်စက်ညှင်းပန်းခြင်းနှင့် ခိုင်ရှင်းက ထောင်သွင်းအကျဉ်းချခံရမည် ဖြစ်သောကြောင့် တရားသူကြီးက အောင်မြင်အောင် ဆုံးဖြတ်ပေးနိုင်စွမ်း ရှိသည်။ ယွမ့်ထန်းနှင့်ခိုင်ရှင်းတို့၏ ထိန်းသိမ်းစောင့်ရှောက်မှု အတွက်ကမူ ယွမ့်ထန်းကိုယ်တိုင်က ဖယ်ရှားချင်နေပြီး ယွမ့်ယွီကိုယ်တိုင်ကလည်း ကလေးသူငယ် ဖြစ်နေသေးသည့်အတွက် ယွမ့်ထန်း၏လက်အောက်သို့ လွှဲပြောင်းပေးကာ ယွမ့်ထန်းက ထိန်းကျောင်းခွင့်ရရှိသွားမည် ဖြစ်သည်။
အမှုစစ်သည့်ကိစ္စက နေ့တစ်ဝက်တိုင်တိုင် ကြာညောင်းသွားခဲ့သည်။ မျက်မြင်သက်သေများက ခိုင်မာပြီး နှစ်ဖက်လုံးမှ ရှေ့နေများကလည်း အဆင့်အတန်း ကွာခြားလွန်းနေခဲ့သည့်အပြင် ပါဝင်ပတ်သက်သူများ အားလုံးကလည်း ရာထူးအာဏာကြီးမားသူများ ဖြစ်နေကြသည်။
အင်ပါယာ၏အဆင့်မြင့်ဗိုလ်ချုပ်၊ အင်ပါယာ၏မာရှယ်၊ အကယ်ဒမီသိပ္ပံမှဥက္ကဌ၊ စားဖိုမှူးအစည်းအရုံးမှ ဥက္ကဌ၊ ပင်လယ်ဝေလငါးဖျော်ဖြေရေးကုမ္ပဏီမှ ခေါင်းဆောင်ရန်ကျင်းနှင့် အမျိုးမျိုးသော အင်အားကြီးသူများနှင့် ဘုရင်မကိုယ်တိုင်ပင် တက်ရောက်ခဲ့သည်။ ထိုလူများအားလုံးက ယွမ့်ထန်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေး ရှိသည့်အတွက် အားလုံးက တက်ရောက်ကာ အားပေးကြခြင်းဖြစ်သည်။
ထို့ကြောင့် တရားသူကြီးကိုယ်တိုင်ကပင် အမိန့်ချမှတ်ပြီးကြောင်း ကြေညာပြီးနောက် စိုးရိမ်တကြီး အနောက်သို့ ပြန်လျှောက်သွားလိုက်ရသည်။ အတွင်းဘက်သို့ ပြန်ရောက်မှသာလျှင် နဖူးနှင့်လည်ပင်းမှ ချွေးများကို သုတ်နိုင်သည်။

ဒီယွမ့်ထန်းရဲ့မိတ်ဆွေတွေနဲ့ ပရိတ်သတ်တွေက

သူက တရားခွင်တွင် ကျင်လည်နေခဲ့သည်မှာ ကြာလှပြီဖြစ်ပြီး ပထမဦးဆုံးအကြိမ် ထိုမျှအင်အားကြီးမားသော လူများကို တစ်ပြိုင်တည်းတွေ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် သူပင် တောင့်မခံနိုင်လောက်အောင် ဖိအားကို ခံစားခဲ့ရသည်။ ယွမ့်ထန်းအပြင် မည်သူကမျှ ထိုမျှမြင့်မားသော အသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားမည်မထင်ချေ။
ယွမ့်ထန်းကိုယ်တိုင်ကလည်း မမျှော်လင့်ထားသော်လည်း သူ၏ပရိတ်သတ်များက အဆင့်မြင့်မား လွန်းနေခဲ့သည်။

နှစ်ရက်တည်းနှင့်ပင် ဝေ့ကျိုး၏ကိစ္စက တိုးတက်မှုရှိလာသည်။ ဝေ့ကျိုးက ရုတ်တရက် တရားရုံးသို့ အကြောင်းကြားလာကာ သူ၏ဖျားနာမှုက‌ ပျောက်ကင်းသွားပြီ ဖြစ်ပြီး ချက်ချင်းဆိုသလို တရားခွင်သို့ ဝင်နိုင်ကြောင်း ပြောသည်။ ထိုကိစ္စက အချိန်ဆွဲခံထားရလေရာ ယခုကဲ့သို့ ခိုင်ရှင်း၏ကိစ္စနှင့် ပတ်သက်နေကြောင်း သိရသည့်အတွက် တစ်နေ့တည်းလိုလိုပင် တရားခွင်သွင်းတော့သည်။

အစပိုင်းတွင် လူတိုင်းက အချိန်အတန်ကြာစောင့်ဆိုင်းပြီး ခါးသီးစွာ ရုန်းကန်ရမည်ဟု ထင်ထားခဲ့သော်လည်း မမျှော်လင့်ထားစွာပင် ဝေ့ကျိုးကိုယ်တိုင်က အရာအားလုံးကို ဝန်ခံခဲ့သည်။ သို့သော် သူကလည်း ထိုကိစ္စကိုလုပ်ရန်အတွက် တစ်စုံတစ်ယောက်က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သက်သေပင်ရှိကြောင်း ပြောလာခဲ့သည်။ ထိုလူက ခိုင်ရှင်းပြောသည့် ယဲ့သခင်လေးဖြစ်သည်။

ခိုင်ရှင်းကဲ့သို့ အရူးနှင့်မတူသည်မှာ ဝေ့ကျိုးက ဂရုတစိုက်ရှိပြီး သက်သေအပြည့်အဝ စုဆောင်းထားခဲ့သည်။ ပို၍ဆိုးသည်မှာ သူက နဂိုကတည်းက ယဲ့သခင်လေးနှင့် ရန်ငြှိုးရှိခဲ့သည်။ သူက သူတို့၏ဆက်သွယ်မှုများအားလုံးကို မှတ်တမ်းပြုထားခဲ့သည်သာမက လေဘဲ ငွေလွှဲပြောင်းပေးသည့် မှတ်တမ်းများနှင့် သူကိုယ်တိုင်ရှာဖွေထားသည့် အကြောင်းအရာများကိုပါ ထည့်သွင်းတင်ပြလာခဲ့သည်။

ဝေ့ကျိုးနှင့်ယဲ့သခင်လေးတို့၏ ကြာရှည်စွာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပေါင်းစပ်လိုက်သော် သက်သေက ခိုင်လုံသွားသည်။ တစ်ယောက်က ပါပါရာဇီဖြစ်ပြီး အခြားတစ်ယောက်က စတားတစ်ယောက်ဖြစ်သည်။ သူတို့က နယ်ပယ်မတူသော်လည်း လူအနည်းစုကမူ ဝေ့ကျိုးဟာ ယဲ့မိသားစုထံမှ ရန်ပုံငွေဖြင့် ကောလိပ်တက်ခဲ့ကြောင်း သိထားကြလေသည်။ ထိုအတွက်ကြောင့် သူတို့နှစ်ယောက်က အတူပူးပေါင်းခဲ့သည် ဆိုသည်အား သက်သေပြပြီးသားဖြစ်သည်။

ယဲ့သခင်လေးက ဝေ့ကျိုးကို သူနှင့်တစ်ဖွဲ့တည်းရှိသည့် စတားများ၏ သတင်းအချက်အလက်များနှင့် တည်ရှိရာနေရာများကို ပြောပြလေ့ရှိပြီး ဝေ့ကျိုးကသာ မျက်မြင်သက်သေများကိုရှာဖွေကာ ထုတ်ဖော်ရခြင်းဖြစ်သည်။ တစ်ယောက်က လမ်းခင်းပေးသူဖြစ်ပြီး အခြားတစ်ယောက်က ဆက်လုပ်ရသူဖြစ်သည်။ ယွမ့်ထန်းနှင့်မတွေ့ဆုံခင်က သူတို့က အချိန်တိုင်းလိုလို ထိုသို့ကိုင်တွယ်နေကြဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှုက စည်းချက်ညီခဲ့သည်။ သို့သော် အများဆုံး အရှက်ခွဲခြင်းနှင့် မကောင်းသတင်းလွှင့်သည့်အတွက်သာ စွဲချက်တင်နိုင်လေသည်။ ထို့ကြောင့် ယဲ့သခင်လေးကသာ လုပ်နိုင်စွမ်းရှိလျှင် သူက ခံဝန်ထိုးရုံဖြင့် လွတ်နိုင်သည်။

သို့သော် ဝေ့ကျိုးက ဆက်ပြောသည်။

“အဲ့ဒါအပြင် ယဲ့ရင်အန်းက ရည်ရွယ်ချက်ရှိရှိနဲ့ ဒဏ်ရာရအောင်လုပ်ခဲ့တယ်လို့ ကျွန်တော် တင်ပြချင်တယ်”

သူက ယွမ့်ထန်းကို လှည့်ကြည့်ပြီးပြောသည်။
“ယွမ့်ထန်း လွန်ခဲ့တဲ့ငါးနှစ်ခန့်က မာရှ်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားခဲ့တယ်၊ သူက ငါးနှစ်တောင် ကိုမာဝင်သွားခဲ့တယ်၊ ဒါက အရင်ကတော့ မတော်တဆမှုလို့ သတ်မှတ်ခဲ့လောက်ပေမယ့် ဒါပေမဲ့ တကယ်တော့ အဲဒီဇာတ်ဝင်ခန်း အသုံးအဆောင်ပစ္စည်း ပေါက်ကွဲသွားခဲ့တာက မတော်တဆမဟုတ်ဘဲ ကြိုတင်ကြံစည် ထားခဲ့တာပဲ”

ယဲ့ရင်အန်းက ယဲ့သခင်လေးဖြစ်သည်။ သူဟာ အစစ်အမှန်စံအိမ်လုပ်ငန်းများကို လုပ်ဆောင်သော အာဏာရှင်ရဲ့ကျန်းအန်း၏ တရားမဝင်သား ဖြစ်သည်။ မည်သို့ပင်ဆိုစေ တရားမဝင်သားဟာလည်း စားပွဲအောက်တွင် ဖုံးကွယ်ထားရလေ့ရှိပြီး ယဲ့ကျန်းအန်း၏ မိန်းမဘက်မှ မိသားစုက အလွန်အာဏာရှိသည်။ ထို့ကြောင့် ယဲ့ကျန်းအန်းအနေဖြင့် သူမကို ကွာရှင်းရန် မဖြစ်နိုင်ခဲ့ချေ။ ထပ်ပေါင်းဆိုရသော် သည်ခေတ်သစ်လောက၏ စည်းမျဉ်းအရ တရားမဝင်သားများက အမွေဆက်ခံပိုင်ခွင့် မရှိချေ။ ထို့ကြောင့် ယဲ့ရင်အန်းအနေဖြင့် ယဲ့မိသားစုထဲသို့ တရားဝင်ဝင်ရောက်ကာ ကစားပွဲအပေါ် တက်၍မဖြစ်နိုင်ခဲ့ချေ။

ယဲ့ကျန်းအန်းဟာ ထိုတရားမဝင်သားကို အလွန်ချစ်သည်။ ထို့ကြောင့် တတ်စွမ်းရှိသမျှ ဖြည့်ဆည်းပေးလေ့ရှိသည်။ ဖျော်ဖြေရေးလောက၏ ဖွံ့ဖြိုးတိုးတက်မှုက တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာသည်။ ယဲ့ရင်အန်းဟာလည်း ဖျော်ဖြေရေးလောကသို့ ဝင်ရောက်ချင်ခဲ့သည့်အတွက် ယဲ့ကျန်းအန်းက သူ၏သားကို ရင်းနှီးမြှုပ်နှံခဲ့ကာ တိုက်ရိုက်ပင် အဓိကဇာတ်လိုက် ဇာတ်ညွှန်းများကိုသာ ပေးခဲ့ပြီး အစကောင်းစေခဲ့သည်။

ယဲ့ရင်အန်း၏မျက်နှာဟာ အလွန်အမင်းလှပသည်။ သရုပ်ဆောင်ဟာလည်း လက်ခံနိုင်ဖွယ်ရှိ၏။ ထို့ကြောင့် သူက ပွဲဦးထွက်ပြီးနောက် စတင်ကျော်ကြားလာ တော့သည်။

သူ၏သရုပ်ဆောင်စွမ်းရည်တည်းနှင့် သူ့ကိုကြီးမားသည့် ပရိတ်သတ် အင်အားစုကြီးကိုရအောင် လုံလောက်ခဲ့သည်။ သို့တိုင်အောင် ပြည်တွင်းမှ အတွင်းလူများ၏ အသိအမှတ်ပြုခံရရန်က မဖြစ်နိုင်ခဲ့ချေ။ မည်သူနှင့်မျှ မနှိုင်းယှဉ်လျှင် အဆင်ပြေသည်။ သို့သော် တူညီသည့်ကာလတွင်ပင် အလွန်အမင်း ကြည့်ကောင်းသည့်အပြင် ပါရမီအလွန်ကောင်းသော ယွမ့်ထန်းက ပေါ်လာသည်။ ပရိတ်သတ်နှင့် မီဒီယာများက ထိုနှစ်ယောက်ကိုအမြဲတစေ နှိုင်းယှဉ်ကာ မည်မျှပြောကြကြောင်းကို နတ်ဘုရားမှသာ သိနိုင်ပေလိမ့်မည်။ ထိုသို့နှိုင်းယှဉ်လေ့ရှိတိုင်း ထိုယဲ့သခင်လေးကသာ အရှုံးဘက်မှ အဆုံးသတ်ရသည်။ ထို့ကြောင့် ထိုယဲ့သခင်လေးက ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရလေရာ အလွန်ဝမ်းနည်းခဲ့ရလေသည်။

နှစ်ယောက်က တစ်ချိန်တည်းလိုလို ပွဲဦးထွက်ခဲ့ကြပြီး မည်သူကမျှ ဆုတစ်ခုမျှ မရခဲ့ကြချေ။ ထို့ကြောင့် သူက သူ၏အားအင်အားလုံးကို ဆက်တိုက်အသုံးချကာ ဆုရရန်အတွက် အကောင်းဆုံးကြိုးစားခဲ့သည်။ ထိုအချိန်တွင်ပင် ဒါရိုက်တာ ကျန်းဝမ်ရွှမ်း၏ ရုပ်ရှင်က သူ၏မျက်လုံးထဲ ဝင်လာခဲ့သည်။

ကျန်းဝမ်ရွှမ်းက ပင်လယ်ပြာအင်ပါယာတွင် အလားအလာအရှိဆုံးနှင့် အကျော်ကြားဆုံး ဒါရိုက်တာတစ်ယောက် ဖြစ်သည်။ သူရိုက်ခဲ့သော ရုပ်ရှင်တိုင်းက တစ်ရှိန်ထိုး ကျော်ကြားသွားလေ့ရှိသည်။ သူက ဆုပေါင်းများစွာကိုလည်း ရရှိထားခဲ့ပြီး ထိုဆုများရသည့်အတွက် သူ့လက်ကပင် ထုံထိုင်းလာရသည်အထိ ဖြစ်လာစေခဲ့သည်။ သို့ရာတွင် သူက အမြင်ကောင်းရှိသော်လည်း ရင်းနှီးမြှုပ်နှံသူလိုခဲ့သည်။
ထို့ကြောင့် ယဲ့ကျန်းအန်းက ဆယ်သန်းရင်းနှီးမြှုပ်နှံခဲ့ပြီး ယဲ့ရင်အန်းကို ဖန်သားပြင်မှတစ်ဆင့် စစ်ဆေးစေခဲ့သည်။ သို့သော် သူက အခြားသောအ လားအလာရှိသည့် သရုပ်ဆောင်များကိုလည်း ဝင်ခွင့်ဖြေရန် ဖိတ်ခေါ်ခဲ့သေးသည်။ ထိုထဲတွင် သူနှင့်အတူ ယခင်က လုပ်ခဲ့ဖူးသော ယွမ့်ထန်းကလည်းပါဝင်ခဲ့ပြီး တစ်ဖက်သူ၏ရိုးသားကြိုးစားမှုနှင့် သရုပ်ဆောင်နိုင်စွမ်းအားကြောင့် သဘောကျခဲ့သည်။

ယဲ့ကျန်းအန်းဟာ အဓိကဇာတ်လိုက်အတွက် ချိန်ရွယ်ထားသော်လည်း ကျန်းဝမ်ရွှမ်းက ထိုသို့စစ်ဆေးပြီးနောက်တွင် ယွမ့်ထန်းကိုသာ ရွေးချယ်လိုက်သည်။ ယဲ့ကျန်းအန်းက ဇာတ်လိုက်နံပါတ် ၃ နေရာ၊ ဆိုးရွားစွာ သေဆုံးသွားခဲ့ရသော အမျိုးသားသရုပ်ဆောင်နေရာမှသာ သရုပ်ဆောင်ခွင့်ရခဲ့သည်။

ထိုရုပ်ရှင်က ယွမ့်ထန်းရုပ်ရှင်ဧကရာဇ်ဆု ရသွားစေခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။
ထိုအချိန်မှစ၍ မည်သူကမျှ နှစ်ယောက်ကို မနှိုင်းယှဉ်တော့ချေ။ အကြောင်းမူကား သူတို့၏အမြင်တွင် ယဲ့ရင်အန်းနှင့် ယွမ့်ထန်းတို့က အဆင့်မတူကြတော့ချေ။

ယဲ့ရင်အန်းက ဒီလိုအငြှိုးအတေးကို ဘယ်လိုတောင့်ခံနိုင်မှာလဲ၊ ယွမ့်ထန်းက သူ့ရဲ့အခွင့်အရေးကို ခိုးသွားတာကြောင့် မဟုတ်ရင် အဲဒီနေရာကို သူခဲ့ရမှာ ဒီလိုဆိုရင် ရုပ်ရှင်ဧကရာဇ်ဖြစ်ပြီး ရွှေတံဆိပ်ဆုကို ရခဲ့မှာကလည်း သူပဲ

ထိုအချိန်က သူက ရေတပ်ပေါင်းများစွာကိုဝယ်ကာ ယွမ့်ထန်းကို နက်ဝေါ့ပေါ်တွင် အသရေဖျက်ရန်ကြိုးစားခဲ့သည်။ သို့သော် ယွမ့်ထန်းဟာ ထိုအချိန်က ရုပ်ရှင်ဧကရာဇ်အသစ်ဖြစ်နေပြီး သူ၏အဆင့်အတန်းနှင့်ကျော်ကြားမှုက တစ်ဖက်သူ ယှဉ်၍မရနိုင်ခဲ့ချေ။ ထို့ကြောင့် မည်သို့ပင် တိုက်ခိုက်စေကာမူ ယဲ့ရင်အန်းက ဘာမှ မလုပ်နိုင်ခဲ့ချေ။ ယွမ့်ထန်း၏အလုပ်အပေါ်လည်း သက်ရောက်မှုရှိအောင် မလုပ်နိုင်ခဲ့ချေ။ ယဲ့ရင်အန်းက အံကိုသာကြိတ်ပြီး ဒေါသများကို မြိုချထားခဲ့ရသည်။ ယွမ့်ထန်း၏ သတင်းထောက်ကို နေရာတိုင်းလိုလိုမြင်နေရချိန်တွင် သူ၏မနာလိုမှုနှင့်မုန်းတီးမှုက ပြည့်နှက်သထက်ပြည့်နှက်လာကာ ဖျက်ဆီးလိုစိတ်က များပြားလာခဲ့သည်။

ရန်သူများက လမ်းကျဉ်းတွင် တွေ့ဆုံတတ်သည်။ နောက်ပိုင်းတွင် နှစ်ယောက်က ဒရမ်မာတစ်ခုတည်းတွင် ပြန်တွေ့သည်။ ဒါရိုက်တာက ယွမ့်ထန်းကိုတောင်းပန်ကာ အဓိကဇာတ်လိုက်နေရာတွင် သရုပ်ဆောင်ရန် အသနားခံခဲ့ချိန်တွင် သူ့ကို အမျိုးသား ဇာတ်လိုက် နံပါတ် ၂ နေရာကို ပေးခဲ့သည်။

ဘာလို့လဲ

သူက ဇာတ်ဝင်ခန်း အသုံးအဆောင်ပစ္စည်းဌာနမှ လူတစ်ယောက်ကို လာဘ်ထိုးပြီးနောက် ယွမ့်ထန်း အသုံးပြုမည့်မာရှ့်ကို ဖျက်ဆီးခိုင်းခဲ့သည်။ သူက သင်ခန်းစာပေးချင်ရုံမျှသာ ဖြစ်သည်။ မမျှော်လင့်ထားစွာပင် ယွမ့်ထန်းက ကိုမာပင် ဝင်သွားခဲ့သည်။ သူက ပျော်လည်းပျော်ရသလို ကြောက်လည်းကြောက်မိသည်။ ထိုလူကို ပိုက်ဆံပမာဏများစွာ ပေးပြီးနောက်တွင် အခြားသော လူခေါင်သည့်ဂြိုလ်သို့ ပြောင်းရွှေ့သွားစေခဲ့သည်။ ထို့နောက်ပိုင်းတွင် သူ၏ထိုသို့လုပ်ခဲ့သည့်ကိစ္စကို မည်သူကမျှ ရှာမတွေ့တော့သည့်အတွက် သူက စိတ်အေးသွားခဲ့ရသေးသည်။

ထိုမာရှ့်ကလည်း စွန့်ပစ်ခံသုံးပြီးသား ဖြစ်သည်။ ထို့ကြောင့် အစပိုင်းကတည်းက အမျိုးမျိုးသော ပြဿနာများရှိတတ်လေရာ ထိုမတော်တဆမှုက လူလုပ်သည်လား မတော်တဆလား သိရှိရန်ခက်ခဲလေသည်။ ထို့အတွက်ကြောင့် အခြေအနေ ပြောင်းလဲလာပြီးနောက်တွင်ပင် မခွဲခြားနိုင်ခဲ့ချေ။ ထို့ကြောင့် ထိုကိစ္စက သည်အတိုင်း ရပ်ဆိုင်းခဲ့ရသည်။ သူ၏မုန်းတီးမှုက ကျေသွားခဲ့သည့်တိုင်အောင် ဖြစ်ပျက်ခဲ့သည့်ကိစ္စအတွက် သူက အပြစ်မကင်းသလို ခံစားခဲ့ရသည်။ ထို့နောက် ယဲ့ရင်အန်းက အချိန်တစ်ခုကြာ အနားယူခဲ့ပြီး နောက်ပိုင်းကိစ္စများကို ဂရုမစိုက်တော့ချေ။ မမျှော်လင့်ထားစွာပင် ငါးနှစ်ခန့်ကြာ ပြီးနောက်တွင် ယွမ့်ထန်းက အစားအသောက်တင်ဆက်သူ တစ်ယောက်အနေဖြင့် ပြန်ပေါ်လာသည်။ ထို့အပြင် ကြယ်လေးပွင့်စားဖိုမှူး လက်မှတ်ကိုလည်း ရရှိလိုက်သေးကာ အလွန်ပင် ထောင်လွှားလာတော့သည်။ ယဲ့ရင်အန်းက ထိုအစားအသောက်တင်ဆက်သူက အလွန်တော်ပြီး သူ၏ကိုယ်ပိုင်စားဖိုမှူးအဖြစ် ငှားရမ်းချင်ခဲ့သည်။ သို့သော် အသေးစိတ်စစ်ဆေးပြီးမှသာလျှင် ထိုတစ်ယောက်က ထိုသူခိုးယွမ့်ထန်း ဖြစ်နေခဲ့သည်။

သည်နေ့ခေတ်တွင် ပရိတ်သတ်အရေအတွက်အရပင်ဖြစ်စေ၊ ကျော်ကြားမှုအရပင် ဖြစ်စေ ယွမ့်ထန်းက သာသည်။ ယခင်က ယွမ့်ထန်းထက်ပင် အများကြီး အောင်မြင်နေခဲ့သေးသည်။ ယဲ့ရင်အန်းက ယွမ့်ထန်းမှတ်ဉာဏ်ပျောက်သွားမှန်း မသိခဲ့ချေ။ သည်အတိုင်းသူကပြန်လာပြီး ကလဲ့စားချေချင်သည်ဟုသာ တွေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်အမင်းစိုးရိမ်ပြီး ဆောက်တည်ရာမရ ထိတ်လန့်ခဲ့ရသည်။ ထို့ကြောင့် ယွမ့်ထန်းက မလှုပ်ရှားခင် ယဲ့ရင်အန်းက ဝေ့ကျိုးကို ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ သူက ယွမ့်ထန်းကို ဖိနှိပ်လိုသည်။ သို့သော် အကြိမ်တိုင်းလိုလို ကျရှုံးခဲ့ရသည်။

ယွမ့်ထန်း၏အနောက်တွင် နောက်ခံကြီးများ ရှိနေမည်ဟု မထင်ထားမိပေ။ အနှစ်ချုပ်လိုက်သော် ယဲ့ရင်အန်းကသာ ဆက်တိုက်နာကျင်ရပြီး အပြစ်မကင်းသလို စိတ်က ပိုပြင်းလာခဲ့ကာ ရှာတွေ့သွားမည်ကို စိုးရိမ်လာခဲ့ရသည်။ ယွမ့်ထန်းကို ဖိနှိပ်လိုသည့်အကြံက ပို၍ပြင်းထန်လာတော့သည်။ မဟုတ်လျှင် သူက အဆုံးသတ်သွားပေလိမ့်မည်။

သူက ထိုသို့တွေးပြီးနောက်တွင် ဆက်သွယ်ရေးစက်ကို ဖွင့်လိုက်ကာ သူ တစ်ကြိမ်မျှ အသုံးမပြုခဲ့သော နံပါတ်တစ်ခုကို ခေါ်လိုက်သည်။

“ဟေး ဦးလေး …”

သို့သော် သူက ဘာမှ မပြောနိုင်ခင်မှာပင် ယဲ့စံအိမ်ထဲသို့ ရဲတပ်ဖွဲ့က ဝင်ရောက်လာပြီဖြစ်သည်။ သူတို့က လျင်မြန်စွာဖြင့် ယဲ့ရင်အန်းကို မြေပြင်ပေါ်သို့ ဖိချထားလိုက်သည်။

“မင်းကို ဝရမ်းနဲ့ဖမ်းဆီးလိုက်တယ်”

အပိုင္း ၈၀

ခိုင္ရွင္းကိုယ္တိုင္ကလည္း အေျခအေနက သည္လိုေျပာင္းလဲသြားမည္ဟု မထင္ထားမိေခ်။
သူမက ကိုယ္တိုင္ကိုယ္က် သတင္းေထာက္ေပါင္းမ်ားစြာကို အေၾကာင္းၾကားထားၿပီး အလြန္အမင္း ျပင္းထန္သည့္ဖိအားေၾကာင့္ ယြမ့္ထန္းက သူမအား ခြင့္လႊတ္လိုက္ရသည္ဆိုေသာ အေျခအေနကို ရယူလိုသည့္အတြက္ ရင္ဘတ္တြင္ပင္ ကင္မရာအေသးစားကို တပ္ဆင္ခဲ့ျခင္း ျဖစ္သည္။ လက္ရွိအခ်ိန္တြင္မူ သူမ၏သ႐ုပ္ေဆာင္မႈက အလကားျဖစ္သြားခဲ့ရေလသည္။ ထိုသတင္းေထာက္ႏွင့္ အေသးစားကင္မရာကလည္း သူမ၏ဆိုး႐ြားသည့္ အေျခအေနကိုသာ ဖမ္းယူမွတ္တမ္း တင္သြားခဲ့သည္။

ထိုလူမ်ားက သူတို႔၏ကင္မရာမ်ားကို သူမထံ ခ်ိန္ထားေၾကာင္းျမင္ေသာအခါ သူမ၏ေသြးမ်ားက ေခါင္းသို႔ ထိုးတက္သြားသည္။ သူ ထိုလူမ်ားထံေျပးဝင္သြားၿပီး သူမတြင္ရွိသမွ် တတ္စြမ္းသမွ်အားကိုသုံးၿပီး ထိုလူမ်ားကို တိုက္ခိုက္ေတာ့သည္။

သြားၿပီ ငါကေတာ့သြားၿပီ

ထိုသတင္းေထာက္မ်ားကလည္း အ႐ူးမ်ား မဟုတ္ၾကေခ်။ ခိုင္ရွင္းက ထိုသို႔ျမင္ရန္ မသင့္ေတာ္သည့္ တိုက္ပြဲကိုဖန္တီးခဲ့သည္။ သူတို႔က ခိုင္ရွင္းထံမွ ကန္ခ်က္အခ်ိဳ႕ကို ရရွိသည့္တိုင္ေအာင္ အင္ပါယာ၏ေလးစားရေသာ စည္းမ်ဥ္းမ်ားေၾကာင့္ အမ်ိဳးသမီးတစ္ေယာက္ကို ပိုက္ဆံေၾကာင့္ပင္ျဖစ္ေစ၊ အာဏာေၾကာင့္ပင္ျဖစ္ေစ ခက္ခဲေအာင္လုပ္လိမ့္မည္ မဟုတ္ေခ်။ ထို႔အျပင္ မည္သည့္သတင္းကို ထုတ္ျပန္ေၾကညာရမည္။ မည္သည့္သတင္းကို မထုတ္ျပန္ေၾကညာရဟု မည္သူမွလည္း မေျပာျပထားၾကေပ။ သူတို႔အတြက္ ေခါင္းစီးပိုင္းတြင္ ပြက္ေလာရိုက္သြားေလာက္ေအာင္ ေက်ာ္ၾကားမည္ဟု ယူဆလွ်င္ သူတို႔က မည္သည့္သတင္းကိုမဆို အတူတူဟုသာ သတ္မွတ္ေလသည္။
လက္ရွိအခ်ိန္တြင္ ခိုင္ရွင္းက ႐ူးသြပ္သြားၿပီ ျဖစ္သည္။ သူတို႔က သူမႏွင့္အတူ ဆက္ေနရန္ အေၾကာင္းမရွိေတာ့ေခ်။ မည္သို႔ပင္ဆိုေစ သူတို႔အားလုံးကလည္း မွတ္တမ္းတင္သင့္သမွ်အားလုံးကို မွတ္တမ္းတင္ၿပီးသားျဖစ္သည္။ ထို႔ေၾကာင့္ ရိုးရွင္းစြာျဖင့္ပင္ ကားေပၚသို႔တက္ၿပီး ထြက္ခြာသြားၾကကာ ခိုင္ရွင္းကို သူတို႔၏ကားအေနာက္မွ ဖုန္လုံးမ်ားၾကားတြင္ ခ်န္ထားရစ္ခဲ့လိုက္သည္။

သူတို႔၏ကားမ်ားထဲသို႔ေရာက္ၿပီးသည္ႏွင့္ သတင္းေထာက္မ်ားအားလုံးက ေဆာင္းပါးျပင္ဆင္ရန္အတြက္ လက္တယားယားျဖစ္ေနၾကကာ သတင္းကို ပထမဦးဆုံး ထုတ္ျပန္နိုင္မည့္အခြင့္အေရးကို ရယူလိုေနၾကသည္။ ထို႔ေၾကာင့္ နာရီဝက္ပင္ မၾကာေသးေသာအခ်ိန္တြင္ ခိုင္ရွင္းက ေဆး႐ုံသို႔လာၿပီး ျပႆနာရွာေသာသတင္းက စတားနက္ေဝါ့ေပၚတြင္ ပ်ံ့ႏွံ႕သြားေတာ့သည္။

“အက္ အင္ပါယာရဲ႕သတင္းဘုရင္ V .. ေႁမြလိုမိခင္ မအံ့ဩေတာ့ပါဘူး အက္ ယြမ့္ထန္းv က အေမနဲ႕ကေလးဆက္ဆံေရးကိုျဖတ္ေတာက္ခ်င္ေနတာ အံ့ဩစရာမွ မရွိေတာ့တာ ဒီမိန္းမ ဘယ္ေလာက္ အရွက္မရွိသလဲ ၾကည့္ၾကပါ၊ [ဗြီဒီယို][ပုံ][ပုံ]

[အယ္လ္ဘီ .. ဒီေလာကမွာ ဘယ္လိုေတာင္အရွက္မရွိတဲ့ ေၾကာက္စရာေကာင္းတဲ့ မိန္းမက တည္ရွိေနတာလဲ၊ အစကေတာ့ ဒီမိန္းမက သြားေတာင္းပန္ေတာ့မယ္လို႔ ထင္ထားတာ၊ သ႐ုပ္သြားေဆာင္ေနတာပဲ]

[ရန္ရန္ရန္ .. ဟုတ္သားပဲ၊ ဒီမိန္းမက အေသးစားကင္မရာကိုေတာင္ တပ္သြားေသးတယ္၊ အို ဘယ္ေလာက္ေတာင္ အႀကံႀကီးလိုက္သလဲ၊ ငါတို႔ရဲ႕မာရွယ္ကို လွည့္စားလို႔ရမယ္ ထင္ေနတာလား]

[က်င္းခ်န္ခ်န္ရဲ႕အသားလုံး .. ဒီမိန္းမက ကေလးကိုေတာင္ရိုက္ရဲတယ္၊ ၾကည့္စမ္းပါအုံး၊ ေမာင္ငယ္ေလးက ဘယ္ေလာက္ေတာင္ေၾကာက္ေနလိုက္သလဲ၊ မ်က္ႏွာေလးကို ျဖဴစုတ္ေနတာပဲ၊ ဒီေကာင္ေလးအတြက္ စိတ္မေကာင္းလိုက္တာ]

ႏွစ္ရက္ၾကာၿပီးေနာက္ ယြမ့္ထန္း၏ခိုင္ရွင္းကို တရားရင္ဆိုင္သည့္ကိစၥက တရားဝင္ စတင္ေလၿပီ။

ခိုင္ရွင္းက ေဝ့က်ိဳးနည္းတူ ထြက္ေျပးလြတ္ေျမာက္ရန္ စဥ္းစားမိေသးသည္။ မည္သို႔ပင္ဆိုေစ အတုအေယာင္ဖ်ားနာမႈဟူ၍ ထိုသို႔ လုပ္နိုင္ေလာက္သည္။ သို႔ေသာ္ ေဟာ္ယြန္ခ်န္းက သူမကို အၿမဲတေစ ေစာင့္ၾကည့္ေနခဲ့သည္။ ခိုင္ရွင္းထံတြင္ပင္ ေစာင့္ၾကည့္ကင္မရာကို တရား႐ုံးအား တပ္ဆင္ခိုင္းထားေသးေလသည္။ သူတို႔၏ ကိုယ္ပိုင္ေစာင့္ၾကည့္ကင္မရာမ်ားက သူမ၏လုပ္ေဆာင္မႈမ်ားကို ကန႔္သတ္ထားျခင္း မရွိေသာ္လည္း အခ်ိဳ႕အေျခအေနက သူမ၏လုံၿခဳံမႈအတြက္ အာမခံနိုင္ေသးေလသည္။ ထို႔ေၾကာင့္ သူတို႔ဘက္က အရာအားလုံးကို ျပင္းဆင္ထားနိုင္ခဲ့သည္။

ယခင္ ေဝ့က်ိဳးက နာက်င္ဖြယ္ေကာင္းေသာ ဆုံးျဖတ္အခ်ိဳ႕ကို ခ်နိဳင္ခဲ့ျခင္း ျဖစ္သည့္တိုင္ေအာင္ အမွန္တကယ္ ေမ့ေျမာသြားခဲ့ျခင္း ျဖစ္သည္။ သူက ထိုအခြင့္အေရးကိုယူၿပီး သူက ေနမေကာင္းေသာေၾကာင့္ဟု အေၾကာင္းျပကာ တရားရင္ဆိုင္ရန္ ေ႐ႊ႕ေျပာင္းခဲ့ျခင္းျဖစ္သည္။ ခိုင္ရွင္းကမူ သူမကိုယ္ကို နာက်င္ေအာင္ မလုပ္ရဲခဲ့ေခ်။ သူမက သည္အတိုင္း အခ်ိန္ဆြဲ႐ုံမွ်သာ ျဖစ္ၿပီး ယြမ့္ထန္းက ျပန္လာကာ သူမအား ခြင့္လႊတ္ေပးေရး ကိစၥမ်ားအားလုံးကို ျပန္႐ုတ္သိမ္းလိုခဲ့သည္။

သူမက သူမကိုယ္သူမ ထိခိုက္ေအာင္ မလုပ္လိုခဲ့သလို သာယာေသာဘဝကိုလည္း မပ်က္စီးလိုခဲ့ေခ်။ ရလဒ္အေနျဖင့္သူမက မျဖစ္နိုင္ေသာ အိပ္မက္မ်ားကိုမက္ခဲ့ကာ သိုးေပ်ာက္သြားသည့္ အခ်ိန္မွ ကိစၥမ်ားကို ျပန္လည္ဖာေထးရန္ ႀကိဳးစားခဲ့သည္။ လက္ရွိအခ်ိန္တြင္ သူမက ဖ်ားနာျခင္း၊ ဒဏ္ရာရေအာင္လုပ္ျခင္းႏွင့္ ကိုယ့္ကိုယ္ကို ဒုကၡေပးရန္ ႀကိဳးစားမည္ဆိုလွ်င္ပင္ နတ္ဆိုးမ်ားကဲ့သို႔ ေစာင့္ေရွာက္ေနေသာလူမ်ားက ထိုကဲ့သို႔ လုပ္ခြင့္ျပဳေတာ့မည္ မဟုတ္ေခ်။
နတ္ဆိုး သူတို႔အားလုံးက နတ္ဆိုးေတြပဲ။
သူမက ေရခဲဂူထဲက်သြားသလိုမ်ိဳး ဟိုတယ္အိပ္ယာေပၚတြင္ လွဲေလ်ာင္းေနရသည္။ ေခါင္းကလည္း မူးေဝေနၿပီး ဘာကိုမွ် မေတြးေတာနိုင္ေတာ့ေခ်။ ထို႔ေနာက္ သူမက တရား႐ုံးသို႔ ဆြဲေခၚခံရသည္။

သူမကို စြပ္စြဲခ်က္သုံးခု တင္ထားသည္။ ပထမတစ္ခုက ယြမ့္ထန္း၏ဂုဏ္သိကၡာကို ေစာ္ကားဖ်က္ဆီးျခင္းႏွင့္ မဟုတ္မွန္ေသာ သတင္းမ်ားကို လႊင့္ကာ ေကာလဟာလ အတုအေယာင္မ်ားကို ဖန္တီးသည့္ကိစၥျဖစ္သည္။ ဒုတိယတစ္ခုကမူ သူမ၏ ထိန္းခ်ဳပ္မႈေအာက္တြင္ရွိေနေသာ ကေလးကို အနိုင္က်င့္ျခင္းႏွင့္ ေကာင္းမြန္စြာ မေစာင့္ေရွာက္ေပးျခင္း ျဖစ္သည္။ တတိယအခ်က္ကမူ သူမႏွင့္သားအမိ ဆက္ဆံေရးကို ျဖတ္ေတာက္ရန္ ျဖစ္သည္။

က်ိဳးက်င္းက အေကာင္းဆုံးေ႐ႊတံဆိပ္ဆုရ ေရွ႕ေနပီသသည္။ သူက သက္ေသတိုင္းကို ရွင္းရွင္းလင္းလင္း စာရင္းျပဳစု ေပးထားသည္။ အစပိုင္းကတည္းက ခိုင္ရွင္း၏ေရွ႕ေနက ျပန္လည္မတုန႔္ျပန္နိုင္ခဲ့ေခ်။ က်ိဳးက်င္း၏ တစ္ဆင့္ခ်င္းစီ ေပးလာသည့္ ဖိအားေအာက္တြင္ ခိုင္ရွင္း၏ေရွ႕ေနက ျပန္လည္မတိုက္ခိုက္နိုင္ေတာ့ေခ်။

ၾကယ္ျပာအင္ပါယာ၏ ရာဇဝတ္မႈစည္းမ်ဥ္းနံပါတ္ ၂၄၆၊ စာမ်က္ႏွာ ၂ ပါ အေၾကာင္းအရာအရ အသေရဖ်က္ျခင္း၊ ေစာ္ကားျခင္းႏွင့္ မဟုတ္မမွန္ အေၾကာင္းအရာမ်ားကို ေျပာဆိုသည့္ျပစ္မႈဟာ ေလးနက္လွ်င္ ၃ ႏွစ္ခန႔္ အမ်ားဆုံးအထိ ေထာင္ခ်ခံရနိုင္သည္။ နိုင္ငံေရးအခြင့္အာဏာအရ ျပန္လည္ေခ်ပခြင့္ဆုံးရႈံးမည္ျဖစ္သည္။

တရားသူႀကီး၏အမိန႔္ခ်သံကို နားေထာင္ေနရင္းမွ ခိုင္ရွင္း၏မ်က္ႏွာက ျပာႏွမ္းလာသည္။ သူမက ပတ္ဝန္းက်င္ကို လွည့္ၾကည့္လိုက္ၿပီးေနာက္တြင္ ယြမ့္ထန္းကို ျမင္သြားသည္။ သူမ၏မ်က္ဝန္းထဲတြင္ မုန္းတီးမႈက ျပည့္ႏွက္လာသည္။ သို႔တိုင္ေအာင္ ယြမ့္ထန္းက သူမကိုတစ္ခ်က္ပင္ မၾကည့္ေခ်။ အသက္ျပင္းျပင္းရႉၿပီးေနာက္ ခိုင္ရွင္းက ျဖည္းညင္းစြာျဖင့္ လက္ကိုျမႇောက္သည္။

“ကြၽန္မ အယူခံဝင္ခ်င္တယ္”
သူမ၏ႏႈတ္ခမ္းမ်ား အနည္းငယ္ေကာ့တက္သြားသည္။

“ကြၽန္မ ဒီလိုလုပ္ဖို႔အခ်ိဳ႕လူေတြက ၫႊန္ၾကားခဲ့တာပဲ၊ အဲဒီလူေတြက ေဝ့က်ိဳးနဲ႕ ယဲ့သခင္ေလးတို႔ပဲ”

“ယဲ့သခင္ေလး ဟုတ္လား”

“သူ႕ရဲ႕နာမည္ကိုေတာ့ ငါ မသိဘူး၊ သူ႕ရဲ႕ပတ္ဝန္းက်င္က လူေတြကေတာ့ အဲဒီလိုေခၚၾကတယ္၊ ေဝ့က်ိဳးက သူ႕ရဲ႕လက္ေအာက္ငယ္သားပဲ”
ခိုင္ရွင္းကေျပာသည္။

“နင္တို႔ ဘာလို႔ သူ႕ကို သြားမဖမ္းၾကတာလဲ”

ယြမ့္ထန္းကလည္း ထိုကိစၥက ထိုသို႔ျဖစ္လာမည္ဟု မေမွ်ာ္လင့္ထားမိေပ။ ခိုင္ရွင္းတြင္ ေဝ့က်ိဳးအပါအဝင္ ေနာက္ကြယ္မွ လူတစ္ေယာက္ပင္ ရွိေနေသးသည္။

ယဲ့သခင္ေလး ဟုတ္လား။ သူက မွတ္ဉာဏ္ထဲတြင္ လိုက္ရွာပါေသာ္လည္း ထိုကဲ့သို႔ေသာလူမ်ိဳးကို ရန္စခဲ့ျခင္းရွိမရွိ မေသခ်ာခဲ့ေခ်။ ထိုသို႔ အပိုခုခံမႈမ်ားေၾကာင့္ တရားစီရင္မႈက ရပ္နားထားရၿပီး တစ္ဖက္ သံသယရွိသူႏွစ္ေယာက္ကို ဖမ္းဆီးကာ တရား႐ုံးသို႔ ပို႔ေဆာင္ရမည္ျဖစ္သည္။ ထိုသို႔ဆိုသည့္တိုင္ေအာင္ ခိုင္ရွင္းကလည္း လြတ္ေျမာက္လိမ့္မည္ မဟုတ္ေခ်။

ေဟာ္ယြန္ရီက ျပန္လာေသာအခါ ယြမ့္ထန္း၏ ၿဂိဳလ္နံပါတ္ ၁၉ မွ အိမ္နီးခ်င္းႏွစ္ေယာက္ကို မ်က္ျမင္သက္ေသအျဖစ္ ေခၚလာေပးသည္။ ထို႔အျပင္ ေဆး႐ုံက ေပးလိုက္သည့္ ေဆးမွတ္တမ္းႏွင့္ ေဆးဝန္ထမ္းမွ မွတ္တမ္းတင္ထားေသာ ဗြီဒီယိုမွတ္တမ္းလည္းပါကာ ယြမ့္ယြီ လြန္ခဲ့ေသာဆယ္ႏွစ္ခန႔္က ေဆး႐ုံသို႔ပို႔ခဲ့ခ်ိန္က အျဖစ္အပ်က္မ်ားကိုလည္း ေျပာျပလိုက္ေသးသည္။ ထိုအခ်ိန္က ကေလးက အေရျပားေပၚတြင္ ေသးငယ္သည့္ဒဏ္ရာမ်ား၊ ႀကီးမားသည့္ဒဏ္ရာမ်ား ဒဏ္ရာအမ်ိဳးမ်ိဳး ပါဝင္ေနသည့္အျပင္ တစ္ရႉးမ်ား ထိခိုက္သြားသည္အထိ အတြင္းေၾကဒဏ္ရာလည္း ရခဲ့ေသးသည္။
သူ၏ယခင္ဘဝတြင္ ကေလးသူငယ္မ်ားကို ညွင္းပန္းႏွိပ္စက္သည့္အတြက္ တိက်ေသာစည္းမ်ဥ္းဟူ၍ မရွိေသာ္လည္း ေခတ္သစ္ေလာကတြင္မူ ထိုျပစ္မႈကို ရာဇဝတ္သားအျဖစ္ သတ္မွတ္ထားၿပီး လူ႕အခြင့္အေရး၊ ကေလးသူငယ္မ်ားကို ကာကြယ္သည့္ အခြင့္အေရးစသည္ျဖင့္တို႔ေၾကာင့္ အေျခခံက်ေသာ စည္းမ်ဥ္းမ်ားထဲမွ တစ္ခုပင္ျဖစ္ေနေသးသည္။

ထိုကဲ့သို႔ ကေလးသူငယ္မ်ားကို ႏွိပ္စက္ညွင္းပန္းသူမ်ားက ငါးႏွစ္ထက္မနည္း ေထာင္က်နိဳင္ေျခရွိသည္။

ေနာက္ဆုံးအတြက္မူကား သူတို႔၏ဆက္ဆံေရးကို ျဖတ္ေတာက္သည့္ကိစၥ ျဖစ္သည့္အတြက္ ယခင္က ကေလးငယ္ကို ႏွိပ္စက္ညွင္းပန္းျခင္းႏွင့္ ခိုင္ရွင္းက ေထာင္သြင္းအက်ဥ္းခ်ခံရမည္ ျဖစ္ေသာေၾကာင့္ တရားသူႀကီးက ေအာင္ျမင္ေအာင္ ဆုံးျဖတ္ေပးနိုင္စြမ္း ရွိသည္။ ယြမ့္ထန္းႏွင့္ခိုင္ရွင္းတို႔၏ ထိန္းသိမ္းေစာင့္ေရွာက္မႈ အတြက္ကမူ ယြမ့္ထန္းကိုယ္တိုင္က ဖယ္ရွားခ်င္ေနၿပီး ယြမ့္ယြီကိုယ္တိုင္ကလည္း ကေလးသူငယ္ ျဖစ္ေနေသးသည့္အတြက္ ယြမ့္ထန္း၏လက္ေအာက္သို႔ လႊဲေျပာင္းေပးကာ ယြမ့္ထန္းက ထိန္းေက်ာင္းခြင့္ရရွိသြားမည္ ျဖစ္သည္။
အမႈစစ္သည့္ကိစၥက ေန႕တစ္ဝက္တိုင္တိုင္ ၾကာေညာင္းသြားခဲ့သည္။ မ်က္ျမင္သက္ေသမ်ားက ခိုင္မာၿပီး ႏွစ္ဖက္လုံးမွ ေရွ႕ေနမ်ားကလည္း အဆင့္အတန္း ကြာျခားလြန္းေနခဲ့သည့္အျပင္ ပါဝင္ပတ္သက္သူမ်ား အားလုံးကလည္း ရာထူးအာဏာႀကီးမားသူမ်ား ျဖစ္ေနၾကသည္။
အင္ပါယာ၏အဆင့္ျမင့္ဗိုလ္ခ်ဳပ္၊ အင္ပါယာ၏မာရွယ္၊ အကယ္ဒမီသိပၸံမွဥကၠဌ၊ စားဖိုမႉးအစည္းအ႐ုံးမွ ဥကၠဌ၊ ပင္လယ္ေဝလငါးေဖ်ာ္ေျဖေရးကုမၸဏီမွ ေခါင္းေဆာင္ရန္က်င္းႏွင့္ အမ်ိဳးမ်ိဳးေသာ အင္အားႀကီးသူမ်ားႏွင့္ ဘုရင္မကိုယ္တိုင္ပင္ တက္ေရာက္ခဲ့သည္။ ထိုလူမ်ားအားလုံးက ယြမ့္ထန္းႏွင့္ ေကာင္းမြန္သည့္ဆက္ဆံေရး ရွိသည့္အတြက္ အားလုံးက တက္ေရာက္ကာ အားေပးၾကျခင္းျဖစ္သည္။
ထို႔ေၾကာင့္ တရားသူႀကီးကိုယ္တိုင္ကပင္ အမိန႔္ခ်မွတ္ၿပီးေၾကာင္း ေၾကညာၿပီးေနာက္ စိုးရိမ္တႀကီး အေနာက္သို႔ ျပန္ေလွ်ာက္သြားလိုက္ရသည္။ အတြင္းဘက္သို႔ ျပန္ေရာက္မွသာလွ်င္ နဖူးႏွင့္လည္ပင္းမွ ေခြၽးမ်ားကို သုတ္နိုင္သည္။

ဒီယြမ့္ထန္းရဲ႕မိတ္ေဆြေတြနဲ႕ ပရိတ္သတ္ေတြက

သူက တရားခြင္တြင္ က်င္လည္ေနခဲ့သည္မွာ ၾကာလွၿပီျဖစ္ၿပီး ပထမဦးဆုံးအႀကိမ္ ထိုမွ်အင္အားႀကီးမားေသာ လူမ်ားကို တစ္ၿပိဳင္တည္းေတြ႕ရျခင္း ျဖစ္သည္။ ထို႔ေၾကာင့္ သူပင္ ေတာင့္မခံနိုင္ေလာက္ေအာင္ ဖိအားကို ခံစားခဲ့ရသည္။ ယြမ့္ထန္းအျပင္ မည္သူကမွ် ထိုမွ်ျမင့္မားေသာ အသိုင္းအဝိုင္းကို ပိုင္ဆိုင္ထားမည္မထင္ေခ်။
ယြမ့္ထန္းကိုယ္တိုင္ကလည္း မေမွ်ာ္လင့္ထားေသာ္လည္း သူ၏ပရိတ္သတ္မ်ားက အဆင့္ျမင့္မား လြန္းေနခဲ့သည္။

ႏွစ္ရက္တည္းႏွင့္ပင္ ေဝ့က်ိဳး၏ကိစၥက တိုးတက္မႈရွိလာသည္။ ေဝ့က်ိဳးက ႐ုတ္တရက္ တရား႐ုံးသို႔ အေၾကာင္းၾကားလာကာ သူ၏ဖ်ားနာမႈက‌ ေပ်ာက္ကင္းသြားၿပီ ျဖစ္ၿပီး ခ်က္ခ်င္းဆိုသလို တရားခြင္သို႔ ဝင္နိုင္ေၾကာင္း ေျပာသည္။ ထိုကိစၥက အခ်ိန္ဆြဲခံထားရေလရာ ယခုကဲ့သို႔ ခိုင္ရွင္း၏ကိစၥႏွင့္ ပတ္သက္ေနေၾကာင္း သိရသည့္အတြက္ တစ္ေန႕တည္းလိုလိုပင္ တရားခြင္သြင္းေတာ့သည္။

အစပိုင္းတြင္ လူတိုင္းက အခ်ိန္အတန္ၾကာေစာင့္ဆိုင္းၿပီး ခါးသီးစြာ ႐ုန္းကန္ရမည္ဟု ထင္ထားခဲ့ေသာ္လည္း မေမွ်ာ္လင့္ထားစြာပင္ ေဝ့က်ိဳးကိုယ္တိုင္က အရာအားလုံးကို ဝန္ခံခဲ့သည္။ သို႔ေသာ္ သူကလည္း ထိုကိစၥကိုလုပ္ရန္အတြက္ တစ္စုံတစ္ေယာက္က ၫႊန္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သက္ေသပင္ရွိေၾကာင္း ေျပာလာခဲ့သည္။ ထိုလူက ခိုင္ရွင္းေျပာသည့္ ယဲ့သခင္ေလးျဖစ္သည္။

ခိုင္ရွင္းကဲ့သို႔ အ႐ူးႏွင့္မတူသည္မွာ ေဝ့က်ိဳးက ဂ႐ုတစိုက္ရွိၿပီး သက္ေသအျပည့္အဝ စုေဆာင္းထားခဲ့သည္။ ပို၍ဆိုးသည္မွာ သူက နဂိုကတည္းက ယဲ့သခင္ေလးႏွင့္ ရန္ျငႇိုးရွိခဲ့သည္။ သူက သူတို႔၏ဆက္သြယ္မႈမ်ားအားလုံးကို မွတ္တမ္းျပဳထားခဲ့သည္သာမက ေလဘဲ ေငြလႊဲေျပာင္းေပးသည့္ မွတ္တမ္းမ်ားႏွင့္ သူကိုယ္တိုင္ရွာေဖြထားသည့္ အေၾကာင္းအရာမ်ားကိုပါ ထည့္သြင္းတင္ျပလာခဲ့သည္။

ေဝ့က်ိဳးႏွင့္ယဲ့သခင္ေလးတို႔၏ ၾကာရွည္စြာ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ေပါင္းစပ္လိုက္ေသာ္ သက္ေသက ခိုင္လုံသြားသည္။ တစ္ေယာက္က ပါပါရာဇီျဖစ္ၿပီး အျခားတစ္ေယာက္က စတားတစ္ေယာက္ျဖစ္သည္။ သူတို႔က နယ္ပယ္မတူေသာ္လည္း လူအနည္းစုကမူ ေဝ့က်ိဳးဟာ ယဲ့မိသားစုထံမွ ရန္ပုံေငြျဖင့္ ေကာလိပ္တက္ခဲ့ေၾကာင္း သိထားၾကေလသည္။ ထိုအတြက္ေၾကာင့္ သူတို႔ႏွစ္ေယာက္က အတူပူးေပါင္းခဲ့သည္ ဆိုသည္အား သက္ေသျပၿပီးသားျဖစ္သည္။

ယဲ့သခင္ေလးက ေဝ့က်ိဳးကို သူႏွင့္တစ္ဖြဲ႕တည္းရွိသည့္ စတားမ်ား၏ သတင္းအခ်က္အလက္မ်ားႏွင့္ တည္ရွိရာေနရာမ်ားကို ေျပာျပေလ့ရွိၿပီး ေဝ့က်ိဳးကသာ မ်က္ျမင္သက္ေသမ်ားကိုရွာေဖြကာ ထုတ္ေဖာ္ရျခင္းျဖစ္သည္။ တစ္ေယာက္က လမ္းခင္းေပးသူျဖစ္ၿပီး အျခားတစ္ေယာက္က ဆက္လုပ္ရသူျဖစ္သည္။ ယြမ့္ထန္းႏွင့္မေတြ႕ဆုံခင္က သူတို႔က အခ်ိန္တိုင္းလိုလို ထိုသို႔ကိုင္တြယ္ေနၾကျဖစ္ၿပီး ပူးေပါင္းေဆာင္႐ြက္မႈက စည္းခ်က္ညီခဲ့သည္။ သို႔ေသာ္ အမ်ားဆုံး အရွက္ခြဲျခင္းႏွင့္ မေကာင္းသတင္းလႊင့္သည့္အတြက္သာ စြဲခ်က္တင္နိုင္ေလသည္။ ထို႔ေၾကာင့္ ယဲ့သခင္ေလးကသာ လုပ္နိုင္စြမ္းရွိလွ်င္ သူက ခံဝန္ထိုး႐ုံျဖင့္ လြတ္နိုင္သည္။

သို႔ေသာ္ ေဝ့က်ိဳးက ဆက္ေျပာသည္။

“အဲ့ဒါအျပင္ ယဲ့ရင္အန္းက ရည္႐ြယ္ခ်က္ရွိရွိနဲ႕ ဒဏ္ရာရေအာင္လုပ္ခဲ့တယ္လို႔ ကြၽန္ေတာ္ တင္ျပခ်င္တယ္”

သူက ယြမ့္ထန္းကို လွည့္ၾကည့္ၿပီးေျပာသည္။
“ယြမ့္ထန္း လြန္ခဲ့တဲ့ငါးႏွစ္ခန႔္က မာရွ္ေပါက္ကြဲမႈေၾကာင့္ ဒဏ္ရာရသြားခဲ့တယ္၊ သူက ငါးႏွစ္ေတာင္ ကိုမာဝင္သြားခဲ့တယ္၊ ဒါက အရင္ကေတာ့ မေတာ္တဆမႈလို႔ သတ္မွတ္ခဲ့ေလာက္ေပမယ့္ ဒါေပမဲ့ တကယ္ေတာ့ အဲဒီဇာတ္ဝင္ခန္း အသုံးအေဆာင္ပစၥည္း ေပါက္ကြဲသြားခဲ့တာက မေတာ္တဆမဟုတ္ဘဲ ႀကိဳတင္ႀကံစည္ ထားခဲ့တာပဲ”

ယဲ့ရင္အန္းက ယဲ့သခင္ေလးျဖစ္သည္။ သူဟာ အစစ္အမွန္စံအိမ္လုပ္ငန္းမ်ားကို လုပ္ေဆာင္ေသာ အာဏာရွင္ရဲ႕က်န္းအန္း၏ တရားမဝင္သား ျဖစ္သည္။ မည္သို႔ပင္ဆိုေစ တရားမဝင္သားဟာလည္း စားပြဲေအာက္တြင္ ဖုံးကြယ္ထားရေလ့ရွိၿပီး ယဲ့က်န္းအန္း၏ မိန္းမဘက္မွ မိသားစုက အလြန္အာဏာရွိသည္။ ထို႔ေၾကာင့္ ယဲ့က်န္းအန္းအေနျဖင့္ သူမကို ကြာရွင္းရန္ မျဖစ္နိုင္ခဲ့ေခ်။ ထပ္ေပါင္းဆိုရေသာ္ သည္ေခတ္သစ္ေလာက၏ စည္းမ်ဥ္းအရ တရားမဝင္သားမ်ားက အေမြဆက္ခံပိုင္ခြင့္ မရွိေခ်။ ထို႔ေၾကာင့္ ယဲ့ရင္အန္းအေနျဖင့္ ယဲ့မိသားစုထဲသို႔ တရားဝင္ဝင္ေရာက္ကာ ကစားပြဲအေပၚ တက္၍မျဖစ္နိုင္ခဲ့ေခ်။

ယဲ့က်န္းအန္းဟာ ထိုတရားမဝင္သားကို အလြန္ခ်စ္သည္။ ထို႔ေၾကာင့္ တတ္စြမ္းရွိသမွ် ျဖည့္ဆည္းေပးေလ့ရွိသည္။ ေဖ်ာ္ေျဖေရးေလာက၏ ဖြံ႕ၿဖိဳးတိုးတက္မႈက တစ္ေန႕ထက္တစ္ေန႕ ပိုမိုေကာင္းမြန္လာသည္။ ယဲ့ရင္အန္းဟာလည္း ေဖ်ာ္ေျဖေရးေလာကသို႔ ဝင္ေရာက္ခ်င္ခဲ့သည့္အတြက္ ယဲ့က်န္းအန္းက သူ၏သားကို ရင္းႏွီးျမႇုပ္ႏွံခဲ့ကာ တိုက္ရိုက္ပင္ အဓိကဇာတ္လိုက္ ဇာတ္ၫႊန္းမ်ားကိုသာ ေပးခဲ့ၿပီး အစေကာင္းေစခဲ့သည္။

ယဲ့ရင္အန္း၏မ်က္ႏွာဟာ အလြန္အမင္းလွပသည္။ သ႐ုပ္ေဆာင္ဟာလည္း လက္ခံနိုင္ဖြယ္ရွိ၏။ ထို႔ေၾကာင့္ သူက ပြဲဦးထြက္ၿပီးေနာက္ စတင္ေက်ာ္ၾကားလာ ေတာ့သည္။

သူ၏သ႐ုပ္ေဆာင္စြမ္းရည္တည္းႏွင့္ သူ႕ကိုႀကီးမားသည့္ ပရိတ္သတ္ အင္အားစုႀကီးကိုရေအာင္ လုံေလာက္ခဲ့သည္။ သို႔တိုင္ေအာင္ ျပည္တြင္းမွ အတြင္းလူမ်ား၏ အသိအမွတ္ျပဳခံရရန္က မျဖစ္နိုင္ခဲ့ေခ်။ မည္သူႏွင့္မွ် မႏွိုင္းယွဥ္လွ်င္ အဆင္ေျပသည္။ သို႔ေသာ္ တူညီသည့္ကာလတြင္ပင္ အလြန္အမင္း ၾကည့္ေကာင္းသည့္အျပင္ ပါရမီအလြန္ေကာင္းေသာ ယြမ့္ထန္းက ေပၚလာသည္။ ပရိတ္သတ္ႏွင့္ မီဒီယာမ်ားက ထိုႏွစ္ေယာက္ကိုအၿမဲတေစ ႏွိုင္းယွဥ္ကာ မည္မွ်ေျပာၾကေၾကာင္းကို နတ္ဘုရားမွသာ သိနိုင္ေပလိမ့္မည္။ ထိုသို႔ႏွိုင္းယွဥ္ေလ့ရွိတိုင္း ထိုယဲ့သခင္ေလးကသာ အရႈံးဘက္မွ အဆုံးသတ္ရသည္။ ထို႔ေၾကာင့္ ထိုယဲ့သခင္ေလးက ငယ္စဥ္ကတည္းက အလိုလိုက္ခံထားရေလရာ အလြန္ဝမ္းနည္းခဲ့ရေလသည္။

ႏွစ္ေယာက္က တစ္ခ်ိန္တည္းလိုလို ပြဲဦးထြက္ခဲ့ၾကၿပီး မည္သူကမွ် ဆုတစ္ခုမွ် မရခဲ့ၾကေခ်။ ထို႔ေၾကာင့္ သူက သူ၏အားအင္အားလုံးကို ဆက္တိုက္အသုံးခ်ကာ ဆုရရန္အတြက္ အေကာင္းဆုံးႀကိဳးစားခဲ့သည္။ ထိုအခ်ိန္တြင္ပင္ ဒါရိုက္တာ က်န္းဝမ္႐ႊမ္း၏ ႐ုပ္ရွင္က သူ၏မ်က္လုံးထဲ ဝင္လာခဲ့သည္။

က်န္းဝမ္႐ႊမ္းက ပင္လယ္ျပာအင္ပါယာတြင္ အလားအလာအရွိဆုံးႏွင့္ အေက်ာ္ၾကားဆုံး ဒါရိုက္တာတစ္ေယာက္ ျဖစ္သည္။ သူရိုက္ခဲ့ေသာ ႐ုပ္ရွင္တိုင္းက တစ္ရွိန္ထိုး ေက်ာ္ၾကားသြားေလ့ရွိသည္။ သူက ဆုေပါင္းမ်ားစြာကိုလည္း ရရွိထားခဲ့ၿပီး ထိုဆုမ်ားရသည့္အတြက္ သူ႕လက္ကပင္ ထုံထိုင္းလာရသည္အထိ ျဖစ္လာေစခဲ့သည္။ သို႔ရာတြင္ သူက အျမင္ေကာင္းရွိေသာ္လည္း ရင္းႏွီးျမႇုပ္ႏွံသူလိုခဲ့သည္။
ထို႔ေၾကာင့္ ယဲ့က်န္းအန္းက ဆယ္သန္းရင္းႏွီးျမႇုပ္ႏွံခဲ့ၿပီး ယဲ့ရင္အန္းကို ဖန္သားျပင္မွတစ္ဆင့္ စစ္ေဆးေစခဲ့သည္။ သို႔ေသာ္ သူက အျခားေသာအ လားအလာရွိသည့္ သ႐ုပ္ေဆာင္မ်ားကိုလည္း ဝင္ခြင့္ေျဖရန္ ဖိတ္ေခၚခဲ့ေသးသည္။ ထိုထဲတြင္ သူႏွင့္အတူ ယခင္က လုပ္ခဲ့ဖူးေသာ ယြမ့္ထန္းကလည္းပါဝင္ခဲ့ၿပီး တစ္ဖက္သူ၏ရိုးသားႀကိဳးစားမႈႏွင့္ သ႐ုပ္ေဆာင္နိုင္စြမ္းအားေၾကာင့္ သေဘာက်ခဲ့သည္။

ယဲ့က်န္းအန္းဟာ အဓိကဇာတ္လိုက္အတြက္ ခ်ိန္႐ြယ္ထားေသာ္လည္း က်န္းဝမ္႐ႊမ္းက ထိုသို႔စစ္ေဆးၿပီးေနာက္တြင္ ယြမ့္ထန္းကိုသာ ေ႐ြးခ်ယ္လိုက္သည္။ ယဲ့က်န္းအန္းက ဇာတ္လိုက္နံပါတ္ ၃ ေနရာ၊ ဆိုး႐ြားစြာ ေသဆုံးသြားခဲ့ရေသာ အမ်ိဳးသားသ႐ုပ္ေဆာင္ေနရာမွသာ သ႐ုပ္ေဆာင္ခြင့္ရခဲ့သည္။

ထို႐ုပ္ရွင္က ယြမ့္ထန္း႐ုပ္ရွင္ဧကရာဇ္ဆု ရသြားေစခဲ့သည့္ ႐ုပ္ရွင္လည္းျဖစ္သည္။
ထိုအခ်ိန္မွစ၍ မည္သူကမွ် ႏွစ္ေယာက္ကို မႏွိုင္းယွဥ္ေတာ့ေခ်။ အေၾကာင္းမူကား သူတို႔၏အျမင္တြင္ ယဲ့ရင္အန္းႏွင့္ ယြမ့္ထန္းတို႔က အဆင့္မတူၾကေတာ့ေခ်။

ယဲ့ရင္အန္းက ဒီလိုအျငႇိုးအေတးကို ဘယ္လိုေတာင့္ခံနိုင္မွာလဲ၊ ယြမ့္ထန္းက သူ႕ရဲ႕အခြင့္အေရးကို ခိုးသြားတာေၾကာင့္ မဟုတ္ရင္ အဲဒီေနရာကို သူခဲ့ရမွာ ဒီလိုဆိုရင္ ႐ုပ္ရွင္ဧကရာဇ္ျဖစ္ၿပီး ေ႐ႊတံဆိပ္ဆုကို ရခဲ့မွာကလည္း သူပဲ

ထိုအခ်ိန္က သူက ေရတပ္ေပါင္းမ်ားစြာကိုဝယ္ကာ ယြမ့္ထန္းကို နက္ေဝါ့ေပၚတြင္ အသေရဖ်က္ရန္ႀကိဳးစားခဲ့သည္။ သို႔ေသာ္ ယြမ့္ထန္းဟာ ထိုအခ်ိန္က ႐ုပ္ရွင္ဧကရာဇ္အသစ္ျဖစ္ေနၿပီး သူ၏အဆင့္အတန္းႏွင့္ေက်ာ္ၾကားမႈက တစ္ဖက္သူ ယွဥ္၍မရနိုင္ခဲ့ေခ်။ ထို႔ေၾကာင့္ မည္သို႔ပင္ တိုက္ခိုက္ေစကာမူ ယဲ့ရင္အန္းက ဘာမွ မလုပ္နိုင္ခဲ့ေခ်။ ယြမ့္ထန္း၏အလုပ္အေပၚလည္း သက္ေရာက္မႈရွိေအာင္ မလုပ္နိုင္ခဲ့ေခ်။ ယဲ့ရင္အန္းက အံကိုသာႀကိတ္ၿပီး ေဒါသမ်ားကို ၿမိဳခ်ထားခဲ့ရသည္။ ယြမ့္ထန္း၏ သတင္းေထာက္ကို ေနရာတိုင္းလိုလိုျမင္ေနရခ်ိန္တြင္ သူ၏မနာလိုမႈႏွင့္မုန္းတီးမႈက ျပည့္ႏွက္သထက္ျပည့္ႏွက္လာကာ ဖ်က္ဆီးလိုစိတ္က မ်ားျပားလာခဲ့သည္။

ရန္သူမ်ားက လမ္းက်ဥ္းတြင္ ေတြ႕ဆုံတတ္သည္။ ေနာက္ပိုင္းတြင္ ႏွစ္ေယာက္က ဒရမ္မာတစ္ခုတည္းတြင္ ျပန္ေတြ႕သည္။ ဒါရိုက္တာက ယြမ့္ထန္းကိုေတာင္းပန္ကာ အဓိကဇာတ္လိုက္ေနရာတြင္ သ႐ုပ္ေဆာင္ရန္ အသနားခံခဲ့ခ်ိန္တြင္ သူ႕ကို အမ်ိဳးသား ဇာတ္လိုက္ နံပါတ္ ၂ ေနရာကို ေပးခဲ့သည္။

ဘာလို႔လဲ

သူက ဇာတ္ဝင္ခန္း အသုံးအေဆာင္ပစၥည္းဌာနမွ လူတစ္ေယာက္ကို လာဘ္ထိုးၿပီးေနာက္ ယြမ့္ထန္း အသုံးျပဳမည့္မာရွ႔္ကို ဖ်က္ဆီးခိုင္းခဲ့သည္။ သူက သင္ခန္းစာေပးခ်င္႐ုံမွ်သာ ျဖစ္သည္။ မေမွ်ာ္လင့္ထားစြာပင္ ယြမ့္ထန္းက ကိုမာပင္ ဝင္သြားခဲ့သည္။ သူက ေပ်ာ္လည္းေပ်ာ္ရသလို ေၾကာက္လည္းေၾကာက္မိသည္။ ထိုလူကို ပိုက္ဆံပမာဏမ်ားစြာ ေပးၿပီးေနာက္တြင္ အျခားေသာ လူေခါင္သည့္ၿဂိဳလ္သို႔ ေျပာင္းေ႐ႊ႕သြားေစခဲ့သည္။ ထို႔ေနာက္ပိုင္းတြင္ သူ၏ထိုသို႔လုပ္ခဲ့သည့္ကိစၥကို မည္သူကမွ် ရွာမေတြ႕ေတာ့သည့္အတြက္ သူက စိတ္ေအးသြားခဲ့ရေသးသည္။

ထိုမာရွ႔္ကလည္း စြန႔္ပစ္ခံသုံးၿပီးသား ျဖစ္သည္။ ထို႔ေၾကာင့္ အစပိုင္းကတည္းက အမ်ိဳးမ်ိဳးေသာ ျပႆနာမ်ားရွိတတ္ေလရာ ထိုမေတာ္တဆမႈက လူလုပ္သည္လား မေတာ္တဆလား သိရွိရန္ခက္ခဲေလသည္။ ထို႔အတြက္ေၾကာင့္ အေျခအေန ေျပာင္းလဲလာၿပီးေနာက္တြင္ပင္ မခြဲျခားနိုင္ခဲ့ေခ်။ ထို႔ေၾကာင့္ ထိုကိစၥက သည္အတိုင္း ရပ္ဆိုင္းခဲ့ရသည္။ သူ၏မုန္းတီးမႈက ေက်သြားခဲ့သည့္တိုင္ေအာင္ ျဖစ္ပ်က္ခဲ့သည့္ကိစၥအတြက္ သူက အျပစ္မကင္းသလို ခံစားခဲ့ရသည္။ ထို႔ေနာက္ ယဲ့ရင္အန္းက အခ်ိန္တစ္ခုၾကာ အနားယူခဲ့ၿပီး ေနာက္ပိုင္းကိစၥမ်ားကို ဂ႐ုမစိုက္ေတာ့ေခ်။ မေမွ်ာ္လင့္ထားစြာပင္ ငါးႏွစ္ခန႔္ၾကာ ၿပီးေနာက္တြင္ ယြမ့္ထန္းက အစားအေသာက္တင္ဆက္သူ တစ္ေယာက္အေနျဖင့္ ျပန္ေပၚလာသည္။ ထို႔အျပင္ ၾကယ္ေလးပြင့္စားဖိုမႉး လက္မွတ္ကိုလည္း ရရွိလိုက္ေသးကာ အလြန္ပင္ ေထာင္လႊားလာေတာ့သည္။ ယဲ့ရင္အန္းက ထိုအစားအေသာက္တင္ဆက္သူက အလြန္ေတာ္ၿပီး သူ၏ကိုယ္ပိုင္စားဖိုမႉးအျဖစ္ ငွားရမ္းခ်င္ခဲ့သည္။ သို႔ေသာ္ အေသးစိတ္စစ္ေဆးၿပီးမွသာလွ်င္ ထိုတစ္ေယာက္က ထိုသူခိုးယြမ့္ထန္း ျဖစ္ေနခဲ့သည္။

သည္ေန႕ေခတ္တြင္ ပရိတ္သတ္အေရအတြက္အရပင္ျဖစ္ေစ၊ ေက်ာ္ၾကားမႈအရပင္ ျဖစ္ေစ ယြမ့္ထန္းက သာသည္။ ယခင္က ယြမ့္ထန္းထက္ပင္ အမ်ားႀကီး ေအာင္ျမင္ေနခဲ့ေသးသည္။ ယဲ့ရင္အန္းက ယြမ့္ထန္းမွတ္ဉာဏ္ေပ်ာက္သြားမွန္း မသိခဲ့ေခ်။ သည္အတိုင္းသူကျပန္လာၿပီး ကလဲ့စားေခ်ခ်င္သည္ဟုသာ ေတြးခဲ့ျခင္းျဖစ္သည္။ ထို႔ေၾကာင့္ အလြန္အမင္းစိုးရိမ္ၿပီး ေဆာက္တည္ရာမရ ထိတ္လန႔္ခဲ့ရသည္။ ထို႔ေၾကာင့္ ယြမ့္ထန္းက မလႈပ္ရွားခင္ ယဲ့ရင္အန္းက ေဝ့က်ိဳးကို ဆက္သြယ္ခဲ့ျခင္းျဖစ္သည္။ သူက ယြမ့္ထန္းကို ဖိႏွိပ္လိုသည္။ သို႔ေသာ္ အႀကိမ္တိုင္းလိုလို က်ရႈံးခဲ့ရသည္။

ယြမ့္ထန္း၏အေနာက္တြင္ ေနာက္ခံႀကီးမ်ား ရွိေနမည္ဟု မထင္ထားမိေပ။ အႏွစ္ခ်ဳပ္လိုက္ေသာ္ ယဲ့ရင္အန္းကသာ ဆက္တိုက္နာက်င္ရၿပီး အျပစ္မကင္းသလို စိတ္က ပိုျပင္းလာခဲ့ကာ ရွာေတြ႕သြားမည္ကို စိုးရိမ္လာခဲ့ရသည္။ ယြမ့္ထန္းကို ဖိႏွိပ္လိုသည့္အႀကံက ပို၍ျပင္းထန္လာေတာ့သည္။ မဟုတ္လွ်င္ သူက အဆုံးသတ္သြားေပလိမ့္မည္။

သူက ထိုသို႔ေတြးၿပီးေနာက္တြင္ ဆက္သြယ္ေရးစက္ကို ဖြင့္လိုက္ကာ သူ တစ္ႀကိမ္မွ် အသုံးမျပဳခဲ့ေသာ နံပါတ္တစ္ခုကို ေခၚလိုက္သည္။

“ေဟး ဦးေလး …”

သို႔ေသာ္ သူက ဘာမွ မေျပာနိုင္ခင္မွာပင္ ယဲ့စံအိမ္ထဲသို႔ ရဲတပ္ဖြဲ႕က ဝင္ေရာက္လာၿပီျဖစ္သည္။ သူတို႔က လ်င္ျမန္စြာျဖင့္ ယဲ့ရင္အန္းကို ေျမျပင္ေပၚသို႔ ဖိခ်ထားလိုက္သည္။

“မင္းကို ဝရမ္းနဲ႕ဖမ္းဆီးလိုက္တယ္”

Continue Reading

You'll Also Like

3.4M 217K 52
แ€แ€แ€นแ€แ€ฌ แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€แ€ฑแ€ฌแ€›แ€ญแ€ฏแ€„แ€บแ€ธแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€›แ€ฒแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€แ€แ€นแ€แ€ฌแ€€ แ€™แ€ญแ€”แ€บแ€ธแ€™แ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ทแ€กแ€œแ€พ แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€šแ€บ แ€แ€แ€นแ€แ€ฌแ€€ แ€…แ€ฌแ€™แ€แ€แ€บแ€•แ€ซแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€€แ€ญแ€ฏแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€ทแ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€แ€šแ€บ
156K 8K 33
Start date : 22.3.2023 แ€†แ€”แ€บแ€ธแ€€แ€ผแ€šแ€บแ€แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€™แ€ฑแ€แ€นแ€แ€ฌแ€แ€›แ€ฌแ€ธแ€แ€ฝแ€ฑแ€€แ€œแ€Šแ€บแ€ธ แ€œแ€ฑแ€ฌแ€€แ€€แ€ผแ€ฎแ€ธแ€›แ€ฒแ€ทแ€แ€…แ€บแ€…แ€ญแ€แ€บแ€แ€…แ€บแ€•แ€ญแ€ฏแ€„แ€บแ€ธแ€•แ€ฒแ€œแ€ญแ€ฏแ€ท แ€•แ€ผแ€ฑแ€ฌแ€›แ€„แ€บ แ€šแ€ฏแ€ถแ€€แ€ผแ€™แ€œแ€ฌแ€ธ...แ€กแ€žแ€ฝแ€„แ€บแ€™แ€แ€ฐแ€แ€ฒแ€ทแ€žแ€ฐแ€”แ€พแ€…แ€บแ€šแ€ฑแ€ฌแ€€แ€บแ€›แ€ฒแ€ทแ€แ€ปแ€…แ€บแ€แ€ผแ€„แ€บ...
1.4M 59.3K 70
แ€„แ€ซแ€œแ€ฌแ€ธ.... แ€…แ€ญแ€แ€บแ€แ€ป...... แ€”แ€ญแ€—แ€นแ€—แ€ฌแ€”แ€บแ€›แ€ฑแ€ฌแ€€แ€บแ€›แ€„แ€บแ€œแ€Šแ€บแ€ธ แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏแ€•แ€ฒ แ€แ€ปแ€…แ€บแ€”แ€ฑแ€กแ€ฏแ€ถแ€ธแ€™แ€พแ€ฌ.......... แ€žแ€ฏแ€”แ€ฑแ€แ€„แ€บแ€‘แ€ฝแ€‹แ€บ แ€€แ€™แ€นแ€˜แ€ฌแ€•แ€ปแ€€แ€บแ€žแ€œแ€ญแ€ฏ แ€œแ€ฑแ€•แ€ผแ€„แ€บแ€ธแ€™แ€ญแ€ฏแ€ธแ€žแ€ถแ€แ€ฝแ€ฑแ€‘...