Fallin'Harder

By blue_berryke

14.2K 1.4K 388

• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke More

01
02
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19

03

806 91 19
By blue_berryke

(The golden duckling is angry with me)

!UNICODE!

"မင်း!!မင်း!!ရူးသွားပြီလား!!"

နီရဲစိုလဲ့နေသော နှုတ်ခမ်းလေးအား Rickyက ချက်ချင်းပင် လက်ခုံဖြင့် ဖိကာပစ် လိုက်သည်။

Ji Woong သူလဲ ဘာလို့နမ်းချင်လာမှန်း စဉ်းစားလို့မရတော့ဘူး။သူသိတာ အဲ့နှုတ်ခမ်းတွေ သူ့ရှေ့မှာ မြင်နေရတာကိုက ထောက်ချောက်ကြီးတစ်ခုလိုမျိုးဘဲ.....။ဒါပင်မဲ့ သူကိုယ်တိုင်ကိုက အဲ့ထောက်ချောက်ထဲကို ခုန်ချချင်နေမိတာ!

"အဲ့တာ ဟို....မင်း...မင်းက မုန်းဖို့ကောင်းအောင် လုပ်နေတာကိုး!"

Ji Woong နှုတ်ကထွက်သွားသည့်ထိုစကားကြောင့် Ricky မျက်ရည်များချက်ချင်းဝဲတက်လာခဲ့သည်။

သူလျှာကိုက်၍သာ သေလိုက်ချင်တယ်။သူကိုယ်တိုင်တောင်ဘာတွေပြောလိုက်မိမှန်းမသိတော့ဘူး......

"မင်းမုန်းတာထက် ငါမင်းကို ၁၀ဆ ပိုမုန်းတယ်!! မင်းမှတ်ထား!!!"

ထို့နောက် သူပြေးထွက်လာခဲ့သည်။
ဘာလို့များ သူကရှောင်ပြေးတဲ့လူဖြစ်နေခဲ့ရတာလဲ....။Kim Ji Woong က အကြောင်းပြချက်မဲ့စွာ သူ့ကိုမုန်းသည်။ပြဿနာတွေတစ်ခုမဟုတ် ဖန်တီးသည်။

သူအရာအားလုံးကို ခွင့်လွှတ်သည်းခံခဲ့၏။
ဒီတစ်ခေါက် လွန်သည်။Kim Ji Woong က လက်သင့်ခံနိုင်စရာတောင်မရှိတဲ့ စည်းတစ်ခုကို ကျော်ခဲ့သည်။

"ဘယ်သွားမလို့လဲ!!!! မင်းကိုလိုက်ပို့ဖို့ ငါ့အဖေမှာထားတယ်!!!!"

အခန်းအပြင်သို့ရောက်သွားသော ပုံရိပ်လေးကို Ji Woong လှမ်းကြည့်ကာ အော်ပြောလိုက်သည်။

"မင်းအဖေကိုပဲသွားလိုက်‌ပို့!! ငါနဲ့လာမပတ်သက်နဲ့!!"

ပုံရိပ်ငယ်ဟာ ပျောက်ကွယ်သွားသော်လည်း ‌ပြေးထွက်သွားသော ခြေသံတွေဟာ အခုထိ
ကြားနေရဆဲ......

အမှန်တော့ သူဒီလိုပြောချင်ခဲ့တာမဟုတ်မှန်း ရှင်းပြချင်ပါသည်။သို့သော် ရွှေဘဲပေါက်လေးက နှုတ်သီးတစ်ချွန်ချွန်ဖြင့် သူ့ကို အတည်ကြီးစိတ်ဆိုးသွားခဲ့ပြီ။ ။

&

တနင်္လာနေ့ကျောင်းတက်ရက်မှာ လူတိုင်းက တက်ကြွလန်းဆန်းခြင်းမရှိကြ။Kim Ji Woong ကျောင်းကိုပြန်တက်တော့ ဆိုးဖော်မိုက်ဖက် ငရဲလားမဲ့သူငယ်ချင်းလေးတွေက မသေသေးဘူးလားစကား'စ'ကာ သူ့အား သတင်းမေးရှာပါသည်။

ကျောင်းသားအနည်းငယ်သာရောက်သေးသော အခန်းထဲ၌ Kim Ji Woong တို့အုပ်စုအသံများဖြင့်သာ ကျွပ်ကျွပ်ညံနေခဲ့သည်။အလယ်၌ Kim Ji Woong ကိုဝိုင်းကာ ဘဲမကြီးနား ဘဲသားပေါက်လေးတွေကပ်သလိုမျိုး စုနေကြပါ၏။

သူ့ခုံက ‌ပြတင်းပေါက်ဘက် နောက်ဆုံးခုံဖြစ်ပြီး Ricky Shen နေရာကတော့ အလယ်တန်းတတိယမြောက်ခုံဖြစ်သည်။ထိုနေရာ၌ ထူးထူးဆန်းဆန်း နွားနို့ဗူးလေးတစ်ဗူးရောက်နေခဲ့သည်။မည်သူ့လက်ချက်မှန်းဆိုတာ မှန်းနေစရာတော့မလိုတော့ပါဘူး.....ဘာလို့ဆို အဲ့ဒီ့လူက ထိုဗူးလေးပျောက်သွားမှာစိုးနေသလိုမျိုး အဲ့ဒီ့နေရာကိုပဲ တရေးတယူစိုက်ကြည့်နေလို့လေ။

"ဟဲ့ဟျောင် Ji Woong မင်းဘာဖြစ်လို့လဲ? တစ်ယောက်ထဲ Ricky Shen ကို ဒုက္ခပေးဖို့ကြိတ်စီစဉ်နေတာလား!! ငါတို့ကိုလဲ ပြောပြပါအုန်းကွာ"

"စဉ်းစားနေတုန်း"

"အဲ့တာဆို သူ့ ခုံပေါ်က အအေးငါယူသောက်လိုက်မယ်နော် သူငယ်ချင်း ဟီး"

ဘေးနားကနေ Ye Chan ကလှစ်ခနဲ နွားနို့ဗူးနား ရောက်သွားတာမို့ Ji Woong တားရန် အသံကိုတောင် မထိန်းချုပ်မိပဲ အော်ပစ်လိုက်တော့သည်။

"...Beak Ye Chan!! မင်းအဲ့ဗူးကိုထိတာနဲ့ မင်းလက်တွေနောက်၇ရက်လောက်ထိ ဘာမှကိုင်လို့မရတော့အောင် ငါလုပ်ပစ်မယ်!!!"

ထိုစကားကိုကြားသောအခါ သူလန့်၍ ထတောင်ခုန်မိမတတ်ဖြစ်သွားသည်။‌အခုနက သောက်ချင်မိသော စိတ်ကလေးမှာလဲချက်ချင်းပင် ပျောက်ကွယ်သွားရပါသည်။

တခြားသူတွေတော့မသိပင်မဲ့ Ye Chanကငယ်ငယ်ကတည်းကပေါင်းလာတာမို့ ဒီကောင့်အကြောင်းသိပ်သိတာပေါ့!

Kim Ji Woonဆိုတာကလေ သူပြောရင်ပြောတဲ့အ‌တိုင်းဖြစ်အောင်လုပ်တတ်တဲ့ကောင်။

သူငယ်ငယ်တုန်းကလဲ ရေကူးမသင်ချင်လို့ဆိုတဲ့အကြောင်းပြချက်တစ်ခုလေးနဲ့ ကိုယ့်လက်ကိုယ်ကျိူးအောင်ပြန်လုပ်ခဲ့တဲ့ကောင်။

ကြီးလာတော့လဲ biker မလုပ်ခိုင်းလို့ဆိုပြီး အိမ်မှာရှိသမျှကားတွေ ကို ရိုက်ခွဲဖျက်စီးခဲ့တဲ့ကောင်။

အဲ့ဒီ့လိုကောင်က လေ.. တစ်ကယ့်ဆိုက်ကိုကောင်ပါဆိုနေ!!!!သူ မကြောက်ပဲနေမလား!!

Ye Chanမျက်နှာ မအီမသာနဲ့ ကိုယ့်နေရာကိုယ်ပြန်လာရင်းတိုက်တိုက်ဆိုင်ဆိုင် ထို နွားနို့‌ဗူးပိုင်ရှင်က အခန်းထဲဝင်လာတော့သည်။

သူ့စားပွဲခုံပေါ်က နွားနို့ဗူးကိုယူကြည့်လိုက်ပြီး အနီးကပ်စစ်ဆေးကြည့်တော့ ဘာစာမှာတော့ မပါပေ....အရင်တစ်ခါကဆို fanတစ်‌ယောက်ပေးထားတယ်ဆိုကာ အဲ့လိုမျိုး စားပွဲ‌ခုံပေါ်တင်ထားခဲ့သည်။သူယူသောက်မိတော့ ဒါကJi Woong တို့အကြံစည်မို့ အရှက်ကွဲခြင်းအား သေချာပေါက် ကြုံ‌တွေ့ခံစားခဲ့ရသည်ပေါ့..

ခပ်နွေးနွေးသာရှိသေးသည့် နွားနို့‌ဗူးအား မပစ်ရက်သော်လည်း Kim Ji Woong ပေးထားတာသေချာနေပြီမို့ အမှိုက်ပုံးထဲကိုသာ ပို့လိုက်တော့သည်။

သူအရူးမဟုတ်ဘူး!ထပ်ပြီး အရူးလုပ်တာမခံတော့ဘူး!

"ဘာလဲ? မင်းတို့နှစ်ယောက် က စိတ်ဆိုးမပြေသေးဘူးလား?? ထပ်ရန်ဖြစ်ထားကြတာလား??"

Ye Chanပြောတော့ အားလုံးက ဝိုင်းထောက်ခံကြသည်။အရင်ကဆို သူတို့ဘယ်လိုပဲပြဿနာရှာရှာ နောက်တစ်မနက်ရောက်ရင် Ricky က စိတ်ထဲမထားတော့ပေ။အခုကြတော့ လင်မယားတွေ စကားများပြီး ကွဲနေသလိုကြီး!

"အေး။ဘဲပေါက်လေးက စိတ်ဆိုးနေတယ်"

ထိုအချိန် Ye Chan က အတွေးတစ်ခုကိုထပ်တွေးနေခဲ့သည်။

ဒါမှန်းသိရင် နွားနို့ဗူးလေးကို ယူသောက်လိုက်ပါတယ်.....ခု‌တော့ အမှိုက်ပုံးပါးစပ်ထဲ ရောက်သွားပြီ........

_____ ______ ______

ထိုသို့ဖြင့်ပင် နေ့တစ်နေ့ရဲ့အတန်းချိန်တွေအား ပျင်းရိခြင်းခြောက်ပါးဖြင့် ဖြတ်ကျောက်ခဲ့ပြီးနောက် နောက်ဆုံးတော့ အိမ်ပြန်ချိန်တောင် ရောက်တော့မည်။

အခန်းထဲကနေ Ricky Shen ထွက်သွားတာမြင်တော့ Kim Ji Woong လွယ်အိတ်အားဆွဲကာ နောက်ကနေထွက်လာခဲ့တော့သည်။

"Shen Quan Rui!! ခဏ ခဏလေး နေပါအုန်း။မင်းအဆောင်တန်းပြန်မှာလား?"

"မင်း နဲ့ မဆိုင်ဘူး"

"ကောင်းကောင်းမွန်မွန်ပြောလို့မရဘူးလား!"

"မင်း နဲ့ စကားမပြောချင်ဘူး!!"

"ငါ တော့ မင်းနဲ့ စကားပြောချင်တယ်!!!"

လက်တစ်ဖက်အား စောင့်ဆွဲလိုက်သည်မို့ Ricky နာသွားပုံပေါ်ပြီး ခြေလှမ်းများအား ရပ်တန့်လိုက်သည်။

နှစ်ယောက်စလုံးက ကျောင်းလျှောက်လမ်းမှာမို့ ကတောက်ကဆဖြစ်နေပြီမှန်း သိကာ ဘေးက ကျောင်းသားကျောင်းသူတစ်ချို့ကတောင် လှည့်ကြည့်ကြသည်။

Ji Woong လဲဒီအထိ ဖြစ်လာအောင် မရည်ရွယ်ခဲ့ပေ.....။စိတ်တို့အား လျှော့ချလိုက်ကာ သူ့အရှေ့မှ မျက်ရည်များရစ်သိုင်းနေသော မျက်ဝန်းများနှင့် နားရွက်ထိပ်များပင် နီရဲဥနေသော အကောင်ပေါက်အား ကြည့်လိုက်သည်။

ဘာလို့များ ‌သူ ရှင်းပြတာ နားမထောင်တာလဲ?

အရင်ကဆို ဒီကောင်လေး အဲ့လောက်ထိ ပြောရမခက် ပါဘူး။သူဘယ်လောက်ပြဿနာရှာရှာ လေလိုပဲရှိတယ်လို့တောင် သဘောမထားခဲ့တာ.....

သူ နမ်းခဲ့တဲ့ အခြေအနေထိ ဖြစ်သွားခဲ့တယ်။
နေုက်ပြီး မတောင်းပန်တဲ့အပြင် သူ့စကားတွေလွန်ခဲ့တယ်.....သူရှင်းပြချင်ပင်မဲ့ အခု
ဘဲပေါက်ကတော့ နားထောင်ချင်မနေဘူး။

သွေးကြောနုနုကလေးများ ယှက်ဖြာနေသည့် ဖြူဖြူဖွေးဖွေးလက်တစ်စုံကနေ လက်သီးစုပ်ကလေးအား ကျစ်နေအောင် စုပ်ထားခဲ့သည်။

ထိုလက်အား ယခုနကလို မဟုတ်ပဲ
Ji Woong ခပ်ဖွဖွဆွဲခေါ်လာရင်း လူရှင်းသော ရေကန်နားမှာ ရပ်လိုက်၏။

"ငါ မင်းကို တောင်းပန်ချင်လို့....."

Rickyမျက်နှာအား တည့်တည့်မကြည့်ရဲတာမို့ သူ ဟိုကြည့်ဒီကြည့်လုပ်ကာ အကြည့်လွှဲနေရသည်။

"အဲ့ဒီ့နေ့က ကိစ္စဆိုရင် .... မဖြစ်ခဲ့ဘူးလို့ သဘောထားလိုက်ပြီမို့ မင်းငါ့ကိုတောင်းပန်စရာမလိုဘူး!"

"ငါရှင်းပြတာ ‌နား‌မထောင်တော့ဘူးလား?"

"မတော်တဆ အခြေနေမို့ မေ့လိုက်တော့"

ထိုလူက သူ့အား တဖြေးဖြေးစိုက်ကြည့်လာကာ အသနားခံနေတဲ့မျက်ဝန်းလေးတွေအဖြစ် ခဏခြင်း ပြောင်းလဲသွားတော့သည်။

"အဲ့ဒါဆို ဘာလို့ ငါ့ကိုအရေး မလုပ်တာလဲ"

ထိုမျက်ဝန်းတွေကို Rickyခံနိုင်ရည်မရှိပါချေ။ဘယ်တော့မှလည်း ခံနိုင်ရည်ရှိလာမည်မဟုတ်။

အသက်အား ခပ်ပြင်းပြင်းရှူထုတ်လိုက်ရင်း Rickyမျက်ဝန်းများ မှိတ်ချလိုက်သည်။

ကွယ်ဝှက်ထားသော Ji Woongရဲ့ ဒီလိုပုံစံမျိုးကို Rickyတစ်ယောက်ထဲကိုသာ သိခွင့်ပေးမှန်း အစောတလျင် သူသိနှင့်ခဲ့သည်။ထိုပုံရိပ်....လွန်ခဲ့သော ၁၀နှစ်ကျော်မျှက ၁၂နှစ်ခွဲအရွယ် Kim Ji Woongရဲ့ မျက်ဝန်းများအား မြင်ယောင်လာခဲ့သည်။

နွေးထွေးသော မျက်ဝန်းများနှင့် နေရောင်ခြည်လို ချိုသာရွှင်ပြ သော အပြုံးလေးများ......အဲ့ဒီ့အရွယ်က Kim Ji Woong က ထိုကဲ့သို့ ကြောက်ဖို့ကောင်းသော သူ မဟုတ်ခဲ့ပေ။

"တည့်ပြောစမ်းပါ Kim Ji Woong!! မင်းငါ့ဆီက ဘာလိုချင်လို့လဲ!!"

"မင်း ငါ့ကို မမုန်းဖို့.....ထပ်ပြီး ငါပြဿနာမရှာတော့ပါဘူး...ကတိ....ကတိပေးတယ်။နော်...Shen Quan Rui ငါ့ကို ပြန်ပြောအုန်းလေကွာ"

Ji Woong ရှက်နေမှန်းသိသာတယ်.....။ပါးကုပ်လိုက် ခေါင်းကုပ်လိုက်နဲ့ သူ့မှာ အရှေ့က Ricky ရဲ့မျက်နှာကိုလဲ ကြည့်ရသေးတယ်။

Ricky Shen ဆိုတဲ့ သူကလေ....ဘယ်တော့များမှ Ji Woong ရဲ့ လက်ထဲကနေ လွတ်မြောက်နိုင်မလဲ မသိဘူး။

"အင်း။ငါမင်းကို မမုန်းဘူး"

အခုနက ငိုချတော့မဲ့အနေထားကနေ ချက်ချင်းလက်ငင်းမျောက်အုန်းသီး ရတဲ့လူလိုမျိုး ရုပ်က ပြောင်းလဲသွားသည်။

တစ်ကယ် တတ်လဲ တတ်နိုင်တဲ့လူ!

ဂရုမစိုက်သလို၊မကြိုက်သလို၊စိတ်မဝင်စားသလို သူ့ခံစားချက်တွေကို ဖုံးကွယ်ထားပင်မဲ့ Rickyရင်တွေ အခုန်မြန်နေခဲ့သည်ကို သူကိုယ်တိုင်ကလွဲ၍ မည်သူကများ သိလိမ့်မည်နည်း။ ။

"ဘဲပေါက်....မင်းငါ့ကို ယုံလား"

"ဟင့်...အင်း"

Kim Ji Woong မျက်နှာတစ်ချက် ရှုံ့မဲ့သွားသော်လည်း တစ်ခုခုကို တွက်ချက်နေပုံရသည်။

လက်မှ နာရီအား တစ်ချက်ငုံ့ကြည့်ပြီးနောက်...

"ည11ခွဲအဆောင်ကနေ ထွက်လာခဲ့။ငါမင်းကို ထိပ်မှာစောင့်နေမယ်"

ထိုသို့ပြောကာ ထိုသူကတော့ ခုန်ပေါက်ကာ ပြေးထွက်သွားတော့သည်။Ricky မှာတော့‌ ကြောင်ကြည့်နေရုံအပြင် ဘာစကားမှပြောခွင့်မရလိုက်။

သူလာမယ်၊မလာဘူးတောင် မပြောရသေးဘူးလေ။ကျောင်းအဆောင်က ည၁၀နာရီဆိုပိတ်တဲ့ဟာကို သူက ဘယ်လိုခိုးထွက်လာရမှာလဲ!

ခြံစည်းရိုးကကျော်ပြီး သစ်ပင်‌ပေါ်ကနေ တွဲလောင်းဆင်းရသည့် ခိုးကြောင်ခိုးဝှက်နည်းကို ကျွမ်းကျင်သူမှာ Kim Ji Woong တစ်ယောက်ထဲသာ ရှိပါသည်......

++++++++++++++++++++

ရင်ဘတ်အကွဲ အင်္ကျီလက်ရှည်ခေါင်းစွပ်အဖြူအားဝတ်ကာ Ricky Shen တစ်ကယ်ပင်စောင့်နေခဲ့ပါသည်။

၁၁နာရီ‌ခွဲလောက်မှာ သူ့ရှေ့သို့ အပြာရောင် စလစ်ပါအမာအုပ်ထားသော MTT 420RR တစ်စီး ရပ်လာခဲ့၏။ထိုဆိုင်ကယ်ပေါ်မှလူဟာ ခန့်မှန်းစရာကိုပင်မလိုသော Kim Ji Woong သာ.....

သူမတ်တပ်ရပ်ကာ ထိုလူ့နားသွားလိုက်တော့ Biker Helmetရှေ့မှ မျက်နှာကာမှန်လေးအား အပေါ်ပင့်တင်လိုက်ရင်း Rickyအားပြုံးပြပါသည်။

ဆိုင်ကယ်ဦးထုပ်နောက်တစ်လုံးအား အံချိတ်လေးထဲမှ ထုတ်ကာ Rickyကိုဘာမှမပြောပဲ ဝတ်စေ၏။ညှင်သာမှုရှိသော ထိုလူက အနွေးထည် ဇစ်ကိုပါ တိတ်ဆိတ်စွာ တပ်ပေးပြီးနေပြီဖြစ်သည်။

"တက်"

"ဘယ် ဘယ် ဘယ်သွားမလို့လဲ မင်း! ဒီချိန်ကြီး"

"ငါ့နောက်ကို လိုက်ခဲ့စမ်းပါ"

"သွားမဲ့နေရာ...မပြောရင်....မလိုက် ဘူး"

ဒီလိုနေရာမှာ သူ့သူငယ်ချင်းတွေသာဆိုရင် အသိတရားရအောင် ဖြောင်းခနဲစတုဒိသာ ကျွေးပြီးနေပြီ။

သူ ‌မျက်မှောင်ကျုံ့ကာ စိတ်အလိုမကျလျှက်..

"အင်ချွန်းလမ်းမကြီး"

"ဘာ!! အင်ချွန်းလမ်းမကြီး ဟုတ်လား!!!"

အင်ချွန်းလမ်းမကြီးက အင်ချွန်းလေဆိပ်သွားရာလမ်းဖြစ်ပြီး ၁၀လမ်းသွား လမ်းမကြီးလဲဖြစ်သည်။အင်ချွန်းလေဆိပ်နှင့် ချီယန်းဘူတာကိုဆက်ထားတာမို့ ဆိုးလ်မြို့ကြီးအား အစအဆုံးဖောက်ထားသော လမ်းလဲဖြစ်ပေသည်။

ဒီအချိန် အဲ့ဒီ့လိုနေရာကို ဘာသွားလုပ်မည်တုန်း။သူကရော အဘယ်ကြောင့်လိုက်ခဲ့ရမည်တုန်း။

သို့သော်ငြား ငြင်းဆန်၍လဲ မတတ်နိုင်ပါချေ။

ထိုသို့ဖြင့် Rickyမှာ ကြောက်ကြောက်လန့်လန့်ဖြင့် လိုက်ပါခဲ့ရ‌သည်။

"ဝါးးဟား!!!! အေးနေတာပဲကွာ ဒီ‌အရသာက ရှယ်ပဲ! ဟားဟား ဟုတ်တယ်မှတ်လား ဘဲပေါက်"

"ဖြည်းဖြည်းမောင်းစမ်းပါ!!!"

သေမလို အရှိန်ဖြင့် မောင်းနေသော ဆိုင်ကယ်ကြောင့် Ricky နှုတ်ခမ်းများတင်းတင်းစေ့ကာ လက်ဖျားများပင် အေးစက်နေ သည်။

"မပြုတ်ကျချင်ရင် ကိုယ့်ကိုဖက်ထားနော်! ကိုယ့်ခါးကိုဖက်ထားစမ်းပါ "

သူ့ရဲ့လက်တွေက အဘယ်သို့များ ရှေ့ဆက်တိုးရဲမှာတုန်း။

မောင်းနေရင်းမှ Kim Ji Woong ရဲ့လက်တစ်ဖက်က Rickyလက်ကို ရှေ့သို့ဆွဲယူလိုက်ရင်း သူ့ခါးပေါ်တင်ပေးလိုက်တော့တယ်။

"အေးစက်နေပြီ မင်းလက်တွေ....ခဏလေး ငါတို့ရောက်တော့မှာ"

လီဗာအား ခပ်ပြင်းပြင်းဆွဲကာ အရှိန်ပိုတင်လိုက်တာမို့ သူ့ခါးပေါ်က Ricky လက်တွေကနေ ခပ်တင်းတင်းဖက်တွယ်လာတာကို ခံစားမိလိုက်တယ်။။

Rickyကတော့ လမ်းတစ်လျှောက် မျက်လုံးမှိတ်ကာ Ji Woong နောက်ကျောအား မှီထားရင်း လိုက်ပါလာခဲ့ရ၏။ ။

မကြာပါ။အချိန်းအချက် ပြုလုပ်ထားဟန်တူသော အုပ်စုတစ်စုက ရှေ့တည့်တည့်မှာ ကြိုရောက်နေကြသည်။ ဆိုင်ကယ်မီးအား ထိုးထားရင်း သူတို့ကို ကြည့်နေကြသည်မို့ Ricky ဒီနေရာကို ဘာလို့ရောက်နေရမှန်း ချက်ချင်းသိလိုက်ပါတော့သည်။

"မင်း ဆိုင်ကယ်စီးပြိုင်မလို့လား?"

"အင်း။
ငါ...ဘာမှမဖြစ်ပါဘူး သေချာဂရုစိုက်မှာပါ"

"အဲ့ဒီ့ကရလာမဲ့ ငွေနဲ့ မင်းအသက်ကို လောင်းကြေးထပ်မလို့လား ဟမ်!! မင်းရူးနေတာလား!!ဒါဘယ်လောက် အန္တရာယ်များလဲ မင်းသိရဲ့လား"

"သိပါတယ်ကွာ။ဒီတစ်ခါလေးပါပဲ...."

သူတို့နှစ်ယောက် စကားအခြေအတင်‌ဖြစ်နေကြသည်ကို ထိုအုပ်စုထဲမှ Ji Woong နဲ့ပြိုင်ရန်စိန်ခေါ်ထားသည့်လူက ရှေ့ထွက်လာပြီး...

"လာစမ်းပါ။အခုမှ ကြောက်နေတာ‌တော့မဟုတ်ဘူးမှတ်လား? ဝမ်၃သိန်းတောင်နော် အဟင်း"

ထိုလူ့ပုံစံက ကြည့်လိုက်ထဲက ကောင်းမွန်သည့်လူမျိုးမဟုတ်။Ricky မျက်မှာကြုံ့သွားသည်။သို့သော်လည်း ချက်ချင်းပင် Kim Ji Woong ကပြောလာခဲ့သည်။

"မင်းအပေါက်ကိုပိတ်ထားပြီး ပြိုင်မဲ့နေရာမှာ သွားရပ်နေလိုက်!"

မကျေမချမ်းဖြင့်ထိုလူမှာ သူတို့နှစ်ယောက်ကို တစ်ချက်စိုက်ကြည့်ပြီး Biking Helmet ကိုဆောင်းလိုက်ပြီး ထွက်ခွာသွားတော့သည်။

ထို့နောက်မှာ Kim Ji Woong ကလဲ သူ့အား နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြပြီးနောက် ပြန်လာခဲ့မယ်ဟုဆိုကာ လက်ပြနှုတ်ဆက်ပြီး အဝေးကိုထွက်သွားခဲ့သည်။

"ပြိုင်ပွဲစည်းကမ်းက ရှင်းရှင်းလေး။တာဝင်နဲ့တာထွက်ကိုသုံးပတ်ပတ်မယ်....ပထမဦးဆုံး မူလစမှတ်ကို ပြန်ရောက်တဲ့သူ ဝမ်သုံးသိန်းရမယ်"

ဆိုင်ကယ်နှစ်စီးအားယှဉ်ရပ်ထားပြီးနောက် racing sign flag ရဲ့ waveကိုစောင့်နေကြသည်။

"Goo!!!!!"

ထိုအသံအဆုံးနောက်မှာတော့ စက်နှိုးကာ လီဗာခလုတ်အား ဆွဲ၍ ဆိုင်ကယ်နှစ်စီးဟာ ရှေ့ဆင့်နောက်ဆင့် ထွက်ခွာသွားတော့၏။

Ricky မည်သို့စိတ်အေးနိုင်ပါမည်နည်း။စိတ်တွေလှုပ်ရှားလွန်းလို့ ချွေးစေးတွေနဲ့ လက်နှစ်ဖက်က စေးကပ်နေခဲ့သည်။သူ့နှလုံးသားက ခုန်ပေါက်ပြေးလွှားရင်း Kim Ji Woong ကိုသာ အချိန်ပြည့် လှမ်းကြည့်နေခဲ့ပါသည်။

ပထမအပတ်ပတ်ပြီးနောက် Kim Ji Woong ကအရှေ့ကနေ ဦးဆောင်နေသည်။ဒုတိယအပတ်ပတ်ပြီးနောက်မှာလဲ Kim Ji Woong ကအရှေ့ကနေဦးဆောင်နေပြန်သည်။သူ့ဘေးမှ လူအုပ်စုကြီးရဲ့မျက်နှာဟာ မသာယာတော့ချေ.....

တဖြေးဖြေး တာထဲသို့ဝင်‌လာသည့် မော်တော်ဆိုင်ကယ်ရဲ့အလျင်ကို အဝေးကနေပင်သူတို့ခံစားမိလိုက်ပြီး အသံဟာလည်း တိတ်ဆိတ်နေသော ပတ်ဝန်းကျင်မှာ ပဲ့တင်လျှက်....

"Kim Ji Woong Kim Ji Woong Kim Ji Woong"

တဖြေးဖြေးနဲ့ ရုပ်လုံးပေါ်လာမှ Ricky စိတ်လိုလက်ရ ပြုံးမိတော့တယ်....နှုတ်ကလဲ တတွတ်တွတ်ရေရွတ်နေသံမှာ အဲ့ဒီ့လူရဲ့ အမည်နာမသာ။

ရုတ်တရပ် ပန်းတိုင်သို့ဦးတည်နေသော ဆိုင်ကယ်လေးက အနောက်မှ ပွတ်တိုက်လိုက်သော ဆိုင်ကယ်တစ်စီး၏အရှိန်ကို မထိန်းနိုင်လိုက်ခဲ့.....

ဘန်းခနဲ မြည်သံကြီး နှင့်အတူ Kim Ji Woong ရဲ့ဆိုင်ကယ်ဟာ တစ်စစီ ပစ်လဲသွားပြီးနောက် အရှိန်အတိုင်း လိမ့်ဆင်းသွားသော ခန္ဓာကိုယ်ဟာ အထိန်းအကွပ်မဲ့စွာ။ ။

"ဟာသွားပြီ!! နှစ်စီးလုံး မှောက်သွားတာ ဟေ့ ဟေ့!!! လုပ်ကြအုန်း!!!မြန်မြန်"

"Kim Ji Woong!!!!!!!!! မဟုတ် ဘူး ဟင့်အင်း!!!"

သူ့ရဲ့ခေါင်းတစ်ခုလုံးထုံကျင်သွားပြီးနောက်မှာ Ricky ဟာ ထိုပုံရိပ်လေးဆီသို့သာ ပြေးသွားခဲ့သည်။

မလှုပ်မရပ်ခန္ဓာကိုယ်ကနေ တစ်စတစ်စစိမ့်ထွက်လာသော နီပျစ်ပျစ်သွေးတွေနဲ့အတူ ရှိုက်သံတစ်ချို့......

Ricky ငိုနေတယ်....ဘာလို့ သူ့ဘဲပေါက်လေးက ငိုနေရတာလဲ....

ငြိမ်သက်စွာ လဲကျနေသော ခန္ဓာကိုယ်ဟာ...ရှိုက်သံတချို့အား မတားဆီးပေးနိုင်ခဲ့ချေ။ ။

TBC



(The golden duckling is angry with me)

!ZAWGYI!

"မင္း!!မင္း!!႐ူးသြားၿပီလား!!"

နီရဲစိုလဲ့ေနေသာ ႏႈတ္ခမ္းေလးအား Rickyက ခ်က္ခ်င္းပင္ လက္ခုံျဖင့္ ဖိကာပစ္ လိုက္သည္။

Ji Woong သူလဲ ဘာလို႔နမ္းခ်င္လာမွန္း စဥ္းစားလို႔မရေတာ့ဘူး။သူသိတာ အဲ့ႏႈတ္ခမ္းေတြ သူ႕ေရွ႕မွာ ျမင္ေနရတာကိုက ေထာက္ေခ်ာက္ႀကီးတစ္ခုလိုမ်ိဳးဘဲ.....။ဒါပင္မဲ့ သူကိုယ္တိုင္ကိုက အဲ့ေထာက္ေခ်ာက္ထဲကို ခုန္ခ်ခ်င္ေနမိတာ!

"အဲ့တာ ဟို....မင္း...မင္းက မုန္းဖို႔ေကာင္းေအာင္ လုပ္ေနတာကိုး!"

Ji Woong ႏႈတ္ကထြက္သြားသည့္ထိုစကားေၾကာင့္ Ricky မ်က္ရည္မ်ားခ်က္ခ်င္းဝဲတက္လာခဲ့သည္။

သူလွ်ာကိုက္၍သာ ေသလိုက္ခ်င္တယ္။သူကိုယ္တိုင္ေတာင္ဘာေတြေျပာလိုက္မိမွန္းမသိေတာ့ဘူး......

"မင္းမုန္းတာထက္ ငါမင္းကို ၁၀ဆ ပိုမုန္းတယ္!! မင္းမွတ္ထား!!!"

ထို႔ေနာက္ သူေျပးထြက္လာခဲ့သည္။
ဘာလို႔မ်ား သူကေရွာင္ေျပးတဲ့လူျဖစ္ေနခဲ့ရတာလဲ....။Kim Ji Woong က အေၾကာင္းျပခ်က္မဲ့စြာ သူ႕ကိုမုန္းသည္။ျပႆနာေတြတစ္ခုမဟုတ္ ဖန္တီးသည္။

သူအရာအားလုံးကို ခြင့္လႊတ္သည္းခံခဲ့၏။
ဒီတစ္ေခါက္ လြန္သည္။Kim Ji Woong က လက္သင့္ခံနိုင္စရာေတာင္မရွိတဲ့ စည္းတစ္ခုကို ေက်ာ္ခဲ့သည္။

"ဘယ္သြားမလို႔လဲ!!!! မင္းကိုလိုက္ပို႔ဖို႔ ငါ့အေဖမွာထားတယ္!!!!"

အခန္းအျပင္သို႔ေရာက္သြားေသာ ပုံရိပ္ေလးကို Ji Woong လွမ္းၾကည့္ကာ ေအာ္ေျပာလိုက္သည္။

"မင္းအေဖကိုပဲသြားလိုက္ပို႔!! ငါနဲ႕လာမပတ္သက္နဲ႕!!"

ပုံရိပ္ငယ္ဟာ ေပ်ာက္ကြယ္သြားေသာ္လည္း ေျပးထြက္သြားေသာ ေျခသံေတြဟာ အခုထိ
ၾကားေနရဆဲ......

အမွန္ေတာ့ သူဒီလိုေျပာခ်င္ခဲ့တာမဟုတ္မွန္း ရွင္းျပခ်င္ပါသည္။သို႔ေသာ္ ေ႐ႊဘဲေပါက္ေလးက ႏႈတ္သီးတစ္ခြၽန္ခြၽန္ျဖင့္ သူ႕ကို အတည္ႀကီးစိတ္ဆိုးသြားခဲ့ၿပီ။ ။

&

တနလၤာေန႕ေက်ာင္းတက္ရက္မွာ လူတိုင္းက တက္ႂကြလန္းဆန္းျခင္းမရွိၾက။Kim Ji Woong ေက်ာင္းကိုျပန္တက္ေတာ့ ဆိုးေဖာ္မိုက္ဖက္ ငရဲလားမဲ့သူငယ္ခ်င္းေလးေတြက မေသေသးဘူးလားစကား'စ'ကာ သူ႕အား သတင္းေမးရွာပါသည္။

ေက်ာင္းသားအနည္းငယ္သာေရာက္ေသးေသာ အခန္းထဲ၌ Kim Ji Woong တို႔အုပ္စုအသံမ်ားျဖင့္သာ ကြၽပ္ကြၽပ္ညံေနခဲ့သည္။အလယ္၌ Kim Ji Woong ကိုဝိုင္းကာ ဘဲမႀကီးနား ဘဲသားေပါက္ေလးေတြကပ္သလိုမ်ိဳး စုေနၾကပါ၏။

သူ႕ခုံက ျပတင္းေပါက္ဘက္ ေနာက္ဆုံးခုံျဖစ္ၿပီး Ricky Shen ေနရာကေတာ့ အလယ္တန္းတတိယေျမာက္ခုံျဖစ္သည္။ထိုေနရာ၌ ထူးထူးဆန္းဆန္း ႏြားနို႔ဗူးေလးတစ္ဗူးေရာက္ေနခဲ့သည္။မည္သူ႕လက္ခ်က္မွန္းဆိုတာ မွန္းေနစရာေတာ့မလိုေတာ့ပါဘူး.....ဘာလို႔ဆို အဲ့ဒီ့လူက ထိုဗူးေလးေပ်ာက္သြားမွာစိုးေနသလိုမ်ိဳး အဲ့ဒီ့ေနရာကိုပဲ တေရးတယူစိုက္ၾကည့္ေနလို႔ေလ။

"ဟဲ့ေဟ်ာင္ Ji Woong မင္းဘာျဖစ္လို႔လဲ? တစ္ေယာက္ထဲ Ricky Shen ကို ဒုကၡေပးဖို႔ႀကိတ္စီစဥ္ေနတာလား!! ငါတို႔ကိုလဲ ေျပာျပပါအုန္းကြာ"

"စဥ္းစားေနတုန္း"

"အဲ့တာဆို သူ႕ ခုံေပၚက အေအးငါယူေသာက္လိုက္မယ္ေနာ္ သူငယ္ခ်င္း ဟီး"

ေဘးနားကေန Ye Chan ကလွစ္ခနဲ ႏြားနို႔ဗူးနား ေရာက္သြားတာမို႔ Ji Woong တားရန္ အသံကိုေတာင္ မထိန္းခ်ဳပ္မိပဲ ေအာ္ပစ္လိုက္ေတာ့သည္။

"...Beak Ye Chan!! မင္းအဲ့ဗူးကိုထိတာနဲ႕ မင္းလက္ေတြေနာက္၇ရက္ေလာက္ထိ ဘာမွကိုင္လို႔မရေတာ့ေအာင္ ငါလုပ္ပစ္မယ္!!!"

ထိုစကားကိုၾကားေသာအခါ သူလန႔္၍ ထေတာင္ခုန္မိမတတ္ျဖစ္သြားသည္။အခုနက ေသာက္ခ်င္မိေသာ စိတ္ကေလးမွာလဲခ်က္ခ်င္းပင္ ေပ်ာက္ကြယ္သြားရပါသည္။

တျခားသူေတြေတာ့မသိပင္မဲ့ Ye Chanကငယ္ငယ္ကတည္းကေပါင္းလာတာမို႔ ဒီေကာင့္အေၾကာင္းသိပ္သိတာေပါ့!

Kim Ji Woonဆိုတာကေလ သူေျပာရင္ေျပာတဲ့အတိုင္းျဖစ္ေအာင္လုပ္တတ္တဲ့ေကာင္။

သူငယ္ငယ္တုန္းကလဲ ေရကူးမသင္ခ်င္လို႔ဆိုတဲ့အေၾကာင္းျပခ်က္တစ္ခုေလးနဲ႕ ကိုယ့္လက္ကိုယ္က်ိဴးေအာင္ျပန္လုပ္ခဲ့တဲ့ေကာင္။

ႀကီးလာေတာ့လဲ biker မလုပ္ခိုင္းလို႔ဆိုၿပီး အိမ္မွာရွိသမွ်ကားေတြ ကို ရိုက္ခြဲဖ်က္စီးခဲ့တဲ့ေကာင္။

အဲ့ဒီ့လိုေကာင္က ေလ.. တစ္ကယ့္ဆိုက္ကိုေကာင္ပါဆိုေန!!!!သူ မေၾကာက္ပဲေနမလား!!

Ye Chanမ်က္ႏွာ မအီမသာနဲ႕ ကိုယ့္ေနရာကိုယ္ျပန္လာရင္းတိုက္တိုက္ဆိုင္ဆိုင္ ထို ႏြားနို႔ဗူးပိုင္ရွင္က အခန္းထဲဝင္လာေတာ့သည္။

သူ႕စားပြဲခုံေပၚက ႏြားနို႔ဗူးကိုယူၾကည့္လိုက္ၿပီး အနီးကပ္စစ္ေဆးၾကည့္ေတာ့ ဘာစာမွာေတာ့ မပါေပ....အရင္တစ္ခါကဆို fanတစ္ေယာက္ေပးထားတယ္ဆိုကာ အဲ့လိုမ်ိဳး စားပြဲခုံေပၚတင္ထားခဲ့သည္။သူယူေသာက္မိေတာ့ ဒါကJi Woong တို႔အႀကံစည္မို႔ အရွက္ကြဲျခင္းအား ေသခ်ာေပါက္ ႀကဳံေတြ႕ခံစားခဲ့ရသည္ေပါ့..

ခပ္ႏြေးႏြေးသာရွိေသးသည့္ ႏြားနို႔ဗူးအား မပစ္ရက္ေသာ္လည္း Kim Ji Woong ေပးထားတာေသခ်ာေနၿပီမို႔ အမွိုက္ပုံးထဲကိုသာ ပို႔လိုက္ေတာ့သည္။

သူအ႐ူးမဟုတ္ဘူး!ထပ္ၿပီး အ႐ူးလုပ္တာမခံေတာ့ဘူး!

"ဘာလဲ? မင္းတို႔ႏွစ္ေယာက္ က စိတ္ဆိုးမေျပေသးဘူးလား?? ထပ္ရန္ျဖစ္ထားၾကတာလား??"

Ye Chanေျပာေတာ့ အားလုံးက ဝိုင္းေထာက္ခံၾကသည္။အရင္ကဆို သူတို႔ဘယ္လိုပဲျပႆနာရွာရွာ ေနာက္တစ္မနက္ေရာက္ရင္ Ricky က စိတ္ထဲမထားေတာ့ေပ။အခုၾကေတာ့ လင္မယားေတြ စကားမ်ားၿပီး ကြဲေနသလိုႀကီး!

"ေအး။ဘဲေပါက္ေလးက စိတ္ဆိုးေနတယ္"

ထိုအခ်ိန္ Ye Chan က အေတြးတစ္ခုကိုထပ္ေတြးေနခဲ့သည္။

ဒါမွန္းသိရင္ ႏြားနို႔ဗူးေလးကို ယူေသာက္လိုက္ပါတယ္.....ခုေတာ့ အမွိုက္ပုံးပါးစပ္ထဲ ေရာက္သြားၿပီ........

_____ ______ ______

ထိုသို႔ျဖင့္ပင္ ေန႕တစ္ေန႕ရဲ႕အတန္းခ်ိန္ေတြအား ပ်င္းရိျခင္းေျခာက္ပါးျဖင့္ ျဖတ္ေက်ာက္ခဲ့ၿပီးေနာက္ ေနာက္ဆုံးေတာ့ အိမ္ျပန္ခ်ိန္ေတာင္ ေရာက္ေတာ့မည္။

အခန္းထဲကေန Ricky Shen ထြက္သြားတာျမင္ေတာ့ Kim Ji Woong လြယ္အိတ္အားဆြဲကာ ေနာက္ကေနထြက္လာခဲ့ေတာ့သည္။

"Shen Quan Rui!! ခဏ ခဏေလး ေနပါအုန္း။မင္းအေဆာင္တန္းျပန္မွာလား?"

"မင္း နဲ႕ မဆိုင္ဘူး"

"ေကာင္းေကာင္းမြန္မြန္ေျပာလို႔မရဘူးလား!"

"မင္း နဲ႕ စကားမေျပာခ်င္ဘူး!!"

"ငါ ေတာ့ မင္းနဲ႕ စကားေျပာခ်င္တယ္!!!"

လက္တစ္ဖက္အား ေစာင့္ဆြဲလိုက္သည္မို႔ Ricky နာသြားပုံေပၚၿပီး ေျခလွမ္းမ်ားအား ရပ္တန႔္လိုက္သည္။

ႏွစ္ေယာက္စလုံးက ေက်ာင္းေလွ်ာက္လမ္းမွာမို႔ ကေတာက္ကဆျဖစ္ေနၿပီမွန္း သိကာ ေဘးက ေက်ာင္းသားေက်ာင္းသူတစ္ခ်ိဳ႕ကေတာင္ လွည့္ၾကည့္ၾကသည္။

Ji Woong လဲဒီအထိ ျဖစ္လာေအာင္ မရည္႐ြယ္ခဲ့ေပ.....။စိတ္တို႔အား ေလွ်ာ့ခ်လိဳက္ကာ သူ႕အေရွ႕မွ မ်က္ရည္မ်ားရစ္သိုင္းေနေသာ မ်က္ဝန္းမ်ားႏွင့္ နား႐ြက္ထိပ္မ်ားပင္ နီရဲဥေနေသာ အေကာင္ေပါက္အား ၾကည့္လိုက္သည္။

ဘာလို႔မ်ား သူ ရွင္းျပတာ နားမေထာင္တာလဲ?

အရင္ကဆို ဒီေကာင္ေလး အဲ့ေလာက္ထိ ေျပာရမခက္ ပါဘူး။သူဘယ္ေလာက္ျပႆနာရွာရွာ ေလလိုပဲရွိတယ္လို႔ေတာင္ သေဘာမထားခဲ့တာ.....

သူ နမ္းခဲ့တဲ့ အေျခအေနထိ ျဖစ္သြားခဲ့တယ္။
ေနုက္ၿပီး မေတာင္းပန္တဲ့အျပင္ သူ႕စကားေတြလြန္ခဲ့တယ္.....သူရွင္းျပခ်င္ပင္မဲ့ အခု
ဘဲေပါက္ကေတာ့ နားေထာင္ခ်င္မေနဘူး။

ေသြးေၾကာႏုႏုကေလးမ်ား ယွက္ျဖာေနသည့္ ျဖဴျဖဴေဖြးေဖြးလက္တစ္စုံကေန လက္သီးစုပ္ကေလးအား က်စ္ေနေအာင္ စုပ္ထားခဲ့သည္။

ထိုလက္အား ယခုနကလို မဟုတ္ပဲ
Ji Woong ခပ္ဖြဖြဆြဲေခၚလာရင္း လူရွင္းေသာ ေရကန္နားမွာ ရပ္လိုက္၏။

"ငါ မင္းကို ေတာင္းပန္ခ်င္လို႔....."

Rickyမ်က္ႏွာအား တည့္တည့္မၾကည့္ရဲတာမို႔ သူ ဟိုၾကည့္ဒီၾကည့္လုပ္ကာ အၾကည့္လႊဲေနရသည္။

"အဲ့ဒီ့ေန႕က ကိစၥဆိုရင္ .... မျဖစ္ခဲ့ဘူးလို႔ သေဘာထားလိုက္ၿပီမို႔ မင္းငါ့ကိုေတာင္းပန္စရာမလိုဘူး!"

"ငါရွင္းျပတာ နားမေထာင္ေတာ့ဘူးလား?"

"မေတာ္တဆ အေျခေနမို႔ ေမ့လိုက္ေတာ့"

ထိုလူက သူ႕အား တေျဖးေျဖးစိုက္ၾကည့္လာကာ အသနားခံေနတဲ့မ်က္ဝန္းေလးေတြအျဖစ္ ခဏျခင္း ေျပာင္းလဲသြားေတာ့သည္။

"အဲ့ဒါဆို ဘာလို႔ ငါ့ကိုအေရး မလုပ္တာလဲ"

ထိုမ်က္ဝန္းေတြကို Rickyခံနိုင္ရည္မရွိပါေခ်။ဘယ္ေတာ့မွလည္း ခံနိုင္ရည္ရွိလာမည္မဟုတ္။

အသက္အား ခပ္ျပင္းျပင္းရႉထုတ္လိုက္ရင္း Rickyမ်က္ဝန္းမ်ား မွိတ္ခ်လိဳက္သည္။

ကြယ္ဝွက္ထားေသာ Ji Woongရဲ႕ ဒီလိုပုံစံမ်ိဳးကို Rickyတစ္ေယာက္ထဲကိုသာ သိခြင့္ေပးမွန္း အေစာတလ်င္ သူသိႏွင့္ခဲ့သည္။ထိုပုံရိပ္....လြန္ခဲ့ေသာ ၁၀ႏွစ္ေက်ာ္မွ်က ၁၂ႏွစ္ခြဲအ႐ြယ္ Kim Ji Woongရဲ႕ မ်က္ဝန္းမ်ားအား ျမင္ေယာင္လာခဲ့သည္။

ႏြေးေထြးေသာ မ်က္ဝန္းမ်ားႏွင့္ ေနေရာင္ျခည္လို ခ်ိဳသာ႐ႊင္ျပ ေသာ အၿပဳံးေလးမ်ား......အဲ့ဒီ့အ႐ြယ္က Kim Ji Woong က ထိုကဲ့သို႔ ေၾကာက္ဖို႔ေကာင္းေသာ သူ မဟုတ္ခဲ့ေပ။

"တည့္ေျပာစမ္းပါ Kim Ji Woong!! မင္းငါ့ဆီက ဘာလိုခ်င္လို႔လဲ!!"

"မင္း ငါ့ကို မမုန္းဖို႔.....ထပ္ၿပီး ငါျပႆနာမရွာေတာ့ပါဘူး...ကတိ....ကတိေပးတယ္။ေနာ္...Shen Quan Rui ငါ့ကို ျပန္ေျပာအုန္းေလကြာ"

Ji Woong ရွက္ေနမွန္းသိသာတယ္.....။ပါးကုပ္လိုက္ ေခါင္းကုပ္လိုက္နဲ႕ သူ႕မွာ အေရွ႕က Ricky ရဲ႕မ်က္ႏွာကိုလဲ ၾကည့္ရေသးတယ္။

Ricky Shen ဆိုတဲ့ သူကေလ....ဘယ္ေတာ့မ်ားမွ Ji Woong ရဲ႕ လက္ထဲကေန လြတ္ေျမာက္နိုင္မလဲ မသိဘူး။

"အင္း။ငါမင္းကို မမုန္းဘူး"

အခုနက ငိုခ်ေတာ့မဲ့အေနထားကေန ခ်က္ခ်င္းလက္ငင္းေမ်ာက္အုန္းသီး ရတဲ့လူလိုမ်ိဳး ႐ုပ္က ေျပာင္းလဲသြားသည္။

တစ္ကယ္ တတ္လဲ တတ္နိုင္တဲ့လူ!

ဂ႐ုမစိုက္သလို၊မႀကိဳက္သလို၊စိတ္မဝင္စားသလို သူ႕ခံစားခ်က္ေတြကို ဖုံးကြယ္ထားပင္မဲ့ Rickyရင္ေတြ အခုန္ျမန္ေနခဲ့သည္ကို သူကိုယ္တိုင္ကလြဲ၍ မည္သူကမ်ား သိလိမ့္မည္နည္း။ ။

"ဘဲေပါက္....မင္းငါ့ကို ယုံလား"

"ဟင့္...အင္း"

Kim Ji Woong မ်က္ႏွာတစ္ခ်က္ ရႈံ႕မဲ့သြားေသာ္လည္း တစ္ခုခုကို တြက္ခ်က္ေနပုံရသည္။

လက္မွ နာရီအား တစ္ခ်က္ငုံ႕ၾကည့္ၿပီးေနာက္...

"ည11ခြဲအေဆာင္ကေန ထြက္လာခဲ့။ငါမင္းကို ထိပ္မွာေစာင့္ေနမယ္"

ထိုသို႔ေျပာကာ ထိုသူကေတာ့ ခုန္ေပါက္ကာ ေျပးထြက္သြားေတာ့သည္။Ricky မွာေတာ့ ေၾကာင္ၾကည့္ေန႐ုံအျပင္ ဘာစကားမွေျပာခြင့္မရလိုက္။

သူလာမယ္၊မလာဘူးေတာင္ မေျပာရေသးဘူးေလ။ေက်ာင္းအေဆာင္က ည၁၀နာရီဆိုပိတ္တဲ့ဟာကို သူက ဘယ္လိုခိုးထြက္လာရမွာလဲ!

ၿခံစည္းရိုးကေက်ာ္ၿပီး သစ္ပင္ေပၚကေန တြဲေလာင္းဆင္းရသည့္ ခိုးေၾကာင္ခိုးဝွက္နည္းကို ကြၽမ္းက်င္သူမွာ Kim Ji Woong တစ္ေယာက္ထဲသာ ရွိပါသည္......

++++++++++++++++++++

ရင္ဘတ္အကြဲ အကၤ်ီလက္ရွည္ေခါင္းစြပ္အျဖဴအားဝတ္ကာ Ricky Shen တစ္ကယ္ပင္ေစာင့္ေနခဲ့ပါသည္။

၁၁နာရီခြဲေလာက္မွာ သူ႕ေရွ႕သို႔ အျပာေရာင္ စလစ္ပါအမာအုပ္ထားေသာ MTT 420RR တစ္စီး ရပ္လာခဲ့၏။ထိုဆိုင္ကယ္ေပၚမွလူဟာ ခန႔္မွန္းစရာကိုပင္မလိုေသာ Kim Ji Woong သာ.....

သူမတ္တပ္ရပ္ကာ ထိုလူ႕နားသြားလိုက္ေတာ့ Biker Helmetေရွ႕မွ မ်က္ႏွာကာမွန္ေလးအား အေပၚပင့္တင္လိုက္ရင္း Rickyအားၿပဳံးျပပါသည္။

ဆိုင္ကယ္ဦးထုပ္ေနာက္တစ္လုံးအား အံခ်ိတ္ေလးထဲမွ ထုတ္ကာ Rickyကိုဘာမွမေျပာပဲ ဝတ္ေစ၏။ညွင္သာမႈရွိေသာ ထိုလူက အႏြေးထည္ ဇစ္ကိုပါ တိတ္ဆိတ္စြာ တပ္ေပးၿပီးေနၿပီျဖစ္သည္။

"တက္"

"ဘယ္ ဘယ္ ဘယ္သြားမလို႔လဲ မင္း! ဒီခ်ိန္ႀကီး"

"ငါ့ေနာက္ကို လိုက္ခဲ့စမ္းပါ"

"သြားမဲ့ေနရာ...မေျပာရင္....မလိုက္ ဘူး"

ဒီလိုေနရာမွာ သူ႕သူငယ္ခ်င္းေတြသာဆိုရင္ အသိတရားရေအာင္ ေျဖာင္းခနဲစတုဒိသာ ေကြၽးၿပီးေနၿပီ။

သူ မ်က္ေမွာင္က်ဳံ႕ကာ စိတ္အလိုမက်လွ်က္..

"အင္ခြၽန္းလမ္းမႀကီး"

"ဘာ!! အင္ခြၽန္းလမ္းမႀကီး ဟုတ္လား!!!"

အင္ခြၽန္းလမ္းမႀကီးက အင္ခြၽန္းေလဆိပ္သြားရာလမ္းျဖစ္ၿပီး ၁၀လမ္းသြား လမ္းမႀကီးလဲျဖစ္သည္။အင္ခြၽန္းေလဆိပ္ႏွင့္ ခ်ီယန္းဘူတာကိုဆက္ထားတာမို႔ ဆိုးလ္ၿမိဳ႕ႀကီးအား အစအဆုံးေဖာက္ထားေသာ လမ္းလဲျဖစ္ေပသည္။

ဒီအခ်ိန္ အဲ့ဒီ့လိုေနရာကို ဘာသြားလုပ္မည္တုန္း။သူကေရာ အဘယ္ေၾကာင့္လိုက္ခဲ့ရမည္တုန္း။

သို႔ေသာ္ျငား ျငင္းဆန္၍လဲ မတတ္နိုင္ပါေခ်။

ထိုသို႔ျဖင့္ Rickyမွာ ေၾကာက္ေၾကာက္လန႔္လန႔္ျဖင့္ လိုက္ပါခဲ့ရသည္။

"ဝါးးဟား!!!! ေအးေနတာပဲကြာ ဒီအရသာက ရွယ္ပဲ! ဟားဟား ဟုတ္တယ္မွတ္လား ဘဲေပါက္"

"ျဖည္းျဖည္းေမာင္းစမ္းပါ!!!"

ေသမလို အရွိန္ျဖင့္ ေမာင္းေနေသာ ဆိုင္ကယ္ေၾကာင့္ Ricky ႏႈတ္ခမ္းမ်ားတင္းတင္းေစ့ကာ လက္ဖ်ားမ်ားပင္ ေအးစက္ေန သည္။

"မျပဳတ္က်ခ်င္ရင္ ကိုယ့္ကိုဖက္ထားေနာ္! ကိုယ့္ခါးကိုဖက္ထားစမ္းပါ "

သူ႕ရဲ႕လက္ေတြက အဘယ္သို႔မ်ား ေရွ႕ဆက္တိုးရဲမွာတုန္း။

ေမာင္းေနရင္းမွ Kim Ji Woong ရဲ႕လက္တစ္ဖက္က Rickyလက္ကို ေရွ႕သို႔ဆြဲယူလိုက္ရင္း သူ႕ခါးေပၚတင္ေပးလိုက္ေတာ့တယ္။

"ေအးစက္ေနၿပီ မင္းလက္ေတြ....ခဏေလး ငါတို႔ေရာက္ေတာ့မွာ"

လီဗာအား ခပ္ျပင္းျပင္းဆြဲကာ အရွိန္ပိုတင္လိုက္တာမို႔ သူ႕ခါးေပၚက Ricky လက္ေတြကေန ခပ္တင္းတင္းဖက္တြယ္လာတာကို ခံစားမိလိုက္တယ္။။

Rickyကေတာ့ လမ္းတစ္ေလွ်ာက္ မ်က္လုံးမွိတ္ကာ Ji Woong ေနာက္ေက်ာအား မွီထားရင္း လိုက္ပါလာခဲ့ရ၏။ ။

မၾကာပါ။အခ်ိန္းအခ်က္ ျပဳလုပ္ထားဟန္တူေသာ အုပ္စုတစ္စုက ေရွ႕တည့္တည့္မွာ ႀကိဳေရာက္ေနၾကသည္။ ဆိုင္ကယ္မီးအား ထိုးထားရင္း သူတို႔ကို ၾကည့္ေနၾကသည္မို႔ Ricky ဒီေနရာကို ဘာလို႔ေရာက္ေနရမွန္း ခ်က္ခ်င္းသိလိုက္ပါေတာ့သည္။

"မင္း ဆိုင္ကယ္စီးၿပိဳင္မလို႔လား?"

"အင္း။
ငါ...ဘာမွမျဖစ္ပါဘူး ေသခ်ာဂ႐ုစိုက္မွာပါ"

"အဲ့ဒီ့ကရလာမဲ့ ေငြနဲ႕ မင္းအသက္ကို ေလာင္းေၾကးထပ္မလို႔လား ဟမ္!! မင္း႐ူးေနတာလား!!ဒါဘယ္ေလာက္ အႏၱရာယ္မ်ားလဲ မင္းသိရဲ႕လား"

"သိပါတယ္ကြာ။ဒီတစ္ခါေလးပါပဲ...."

သူတို႔ႏွစ္ေယာက္ စကားအေျခအတင္ျဖစ္ေနၾကသည္ကို ထိုအုပ္စုထဲမွ Ji Woong နဲ႕ၿပိဳင္ရန္စိန္ေခၚထားသည့္လူက ေရွ႕ထြက္လာၿပီး...

"လာစမ္းပါ။အခုမွ ေၾကာက္ေနတာေတာ့မဟုတ္ဘူးမွတ္လား? ဝမ္၃သိန္းေတာင္ေနာ္ အဟင္း"

ထိုလူ႕ပုံစံက ၾကည့္လိုက္ထဲက ေကာင္းမြန္သည့္လူမ်ိဳးမဟုတ္။Ricky မ်က္မွာႀကဳံ႕သြားသည္။သို႔ေသာ္လည္း ခ်က္ခ်င္းပင္ Kim Ji Woong ကေျပာလာခဲ့သည္။

"မင္းအေပါက္ကိုပိတ္ထားၿပီး ၿပိဳင္မဲ့ေနရာမွာ သြားရပ္ေနလိုက္!"

မေက်မခ်မ္းျဖင့္ထိုလူမွာ သူတို႔ႏွစ္ေယာက္ကို တစ္ခ်က္စိုက္ၾကည့္ၿပီး Biking Helmet ကိုေဆာင္းလိုက္ၿပီး ထြက္ခြာသြားေတာ့သည္။

ထို႔ေနာက္မွာ Kim Ji Woong ကလဲ သူ႕အား ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ၿပဳံးျပၿပီးေနာက္ ျပန္လာခဲ့မယ္ဟုဆိုကာ လက္ျပႏႈတ္ဆက္ၿပီး အေဝးကိုထြက္သြားခဲ့သည္။

"ၿပိဳင္ပြဲစည္းကမ္းက ရွင္းရွင္းေလး။တာဝင္နဲ႕တာထြက္ကိုသုံးပတ္ပတ္မယ္....ပထမဦးဆုံး မူလစမွတ္ကို ျပန္ေရာက္တဲ့သူ ဝမ္သုံးသိန္းရမယ္"

ဆိုင္ကယ္ႏွစ္စီးအားယွဥ္ရပ္ထားၿပီးေနာက္ racing sign flag ရဲ႕ waveကိုေစာင့္ေနၾကသည္။

"Goo!!!!!"

ထိုအသံအဆုံးေနာက္မွာေတာ့ စက္ႏွိုးကာ လီဗာခလုတ္အား ဆြဲ၍ ဆိုင္ကယ္ႏွစ္စီးဟာ ေရွ႕ဆင့္ေနာက္ဆင့္ ထြက္ခြာသြားေတာ့၏။

Ricky မည္သို႔စိတ္ေအးနိုင္ပါမည္နည္း။စိတ္ေတြလႈပ္ရွားလြန္းလို႔ ေခြၽးေစးေတြနဲ႕ လက္ႏွစ္ဖက္က ေစးကပ္ေနခဲ့သည္။သူ႕ႏွလုံးသားက ခုန္ေပါက္ေျပးလႊားရင္း Kim Ji Woong ကိုသာ အခ်ိန္ျပည့္ လွမ္းၾကည့္ေနခဲ့ပါသည္။

ပထမအပတ္ပတ္ၿပီးေနာက္ Kim Ji Woong ကအေရွ႕ကေန ဦးေဆာင္ေနသည္။ဒုတိယအပတ္ပတ္ၿပီးေနာက္မွာလဲ Kim Ji Woong ကအေရွ႕ကေနဦးေဆာင္ေနျပန္သည္။သူ႕ေဘးမွ လူအုပ္စုႀကီးရဲ႕မ်က္ႏွာဟာ မသာယာေတာ့ေခ်.....

တေျဖးေျဖး တာထဲသို႔ဝင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္ရဲ႕အလ်င္ကို အေဝးကေနပင္သူတို႔ခံစားမိလိုက္ၿပီး အသံဟာလည္း တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္မွာ ပဲ့တင္လွ်က္....

"Kim Ji Woong Kim Ji Woong Kim Ji Woong"

တေျဖးေျဖးနဲ႕ ႐ုပ္လုံးေပၚလာမွ Ricky စိတ္လိုလက္ရ ၿပဳံးမိေတာ့တယ္....ႏႈတ္ကလဲ တတြတ္တြတ္ေရ႐ြတ္ေနသံမွာ အဲ့ဒီ့လူရဲ႕ အမည္နာမသာ။

႐ုတ္တရပ္ ပန္းတိုင္သို႔ဦးတည္ေနေသာ ဆိုင္ကယ္ေလးက အေနာက္မွ ပြတ္တိုက္လိုက္ေသာ ဆိုင္ကယ္တစ္စီး၏အရွိန္ကို မထိန္းနိုင္လိုက္ခဲ့.....

ဘန္းခနဲ ျမည္သံႀကီး ႏွင့္အတူ Kim Ji Woong ရဲ႕ဆိုင္ကယ္ဟာ တစ္စစီ ပစ္လဲသြားၿပီးေနာက္ အရွိန္အတိုင္း လိမ့္ဆင္းသြားေသာ ခႏၶာကိုယ္ဟာ အထိန္းအကြပ္မဲ့စြာ။ ။

"ဟာသြားၿပီ!! ႏွစ္စီးလုံး ေမွာက္သြားတာ ေဟ့ ေဟ့!!! လုပ္ၾကအုန္း!!!ျမန္ျမန္"

"Kim Ji Woong!!!!!!!!! မဟုတ္ ဘူး ဟင့္အင္း!!!"

သူ႕ရဲ႕ေခါင္းတစ္ခုလုံးထုံက်င္သြားၿပီးေနာက္မွာ Ricky ဟာ ထိုပုံရိပ္ေလးဆီသို႔သာ ေျပးသြားခဲ့သည္။

မလႈပ္မရပ္ခႏၶာကိုယ္ကေန တစ္စတစ္စစိမ့္ထြက္လာေသာ နီပ်စ္ပ်စ္ေသြးေတြနဲ႕အတူ ရွိုက္သံတစ္ခ်ိဳ႕......

Ricky ငိုေနတယ္....ဘာလို႔ သူ႕ဘဲေပါက္ေလးက ငိုေနရတာလဲ....

ၿငိမ္သက္စြာ လဲက်ေနေသာ ခႏၶာကိုယ္ဟာ...ရွိုက္သံတခ်ိဳ႕အား မတားဆီးေပးနိုင္ခဲ့ေခ်။ ။

TBC



Continue Reading

You'll Also Like

87.6K 2.5K 46
The Styles and Tomlinson packs have been at war for hundreds of years. But when recruits run low and resources run out, they have no other option the...
2.3K 154 4
𝗶𝗻 𝗺𝘆 𝗱𝗲𝗲𝗽 𝗳𝗮𝗸𝗲 𝗰𝗶𝘁𝘆, 𝘆𝗼𝘂 𝘀𝗺𝗶𝗹𝗲 𝗮𝘁 𝗺𝗲 𝗯𝗿𝗶𝗴𝗵𝘁𝗹𝘆. 𝗽𝗹𝗮𝘆 𝘄𝗶𝘁𝗵 𝗺𝘆 𝗵𝗮𝗶𝗿 𝘀𝗼𝗳𝘁𝗹𝘆. 𝗹𝗶𝗸𝗲 𝗰𝗵𝗶𝗹𝗱...
19.4K 2.3K 19
Sung Han Bin & Zhang Hao Side Couple - Minamz [ Love between in 2 era ]
683K 33.7K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...