แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

Galing kay PannKhattWaiio

365K 57.9K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ Higit pa

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แ‚
แ‡แƒ
แ‡แ„
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ‡แ…

1.6K 321 26
Galing kay PannKhattWaiio

အပိုင်း ၇၅

ဟော်ယွန်ရီက ဂြိုလ်နံပါတ် ၁၉ သို့ အပြေးရောက်လာသောအခါ နှစ်ရက်ကြာသွားခဲ့ပြီ ဖြစ်သည်။ သူကိုယ်တိုင်အပြင် လက်ထောက်နှစ်ယောက်ကိုခေါ်လာသည်။ ဟော်ယွန်ချန်းကလည်း ကိုယ်တိုင်ကိုယ်ကျ ယွမ့်ထန်းနှင့်အတူ ကားဖြင့် သွားကြိုသည်။

“မင်း ပြောတဲ့စားလို့ရတဲ့ စားသောက်ကုန်အသစ်ဆိုတာက ရေမကောင်းဆိုးဝါး တွေကို ပြောတာလား”

ဟော်ယွန်ရီက ကားထဲသို့ ရောက်ကာစ ရှိသေးသည်။ မနေနိုင်ဘဲ မေးလိုက်မိတော့သည်။
သူ၏စိတ်ထဲတွင်မူ ထိုမကောင်းဆိုးဝါးများက ဂြိုလ်နံပါတ် ၁၉ မှလူများကို ခံစားချက် ရှုပ်ထွေးစေသော အရာများဖြစ်ပြီး အရသာရှိသော စားသောက်ကုန်များအဖြစ် ပြောင်းလဲနေမည် ဖြစ်သည်။ သူတို့က စက်များဖြင့် လုံခြုံမှုရှိမရှိ စမ်းသပ်စစ်ဆေးပြီးနောက်တွင် အရသာရှိသော စားစရာများအဖြစ် ပြောင်းလဲနိုင်ပေလိမ့်မည်။
တစ်ရက်လုံး တစ်ညလုံးတိုင်အောင် မုန်တိုင်းဆက်ကျနေခြင်းက ဖြစ်ပျက်ခဲ့ဖူးခြင်း မရှိခဲ့ချေ။ မုန်တိုင်းက ရပ်တန့်သွားသော်လည်း ရေများက ကျန်ရစ်နေသေးသည်။ ပြည်တွင်းစစ်တပ်က ရေစုပ်ပိုက်များကို သုံးကာ ရေမကောင်းဆိုးဝါးများကို မောင်းထုတ်နေရသည်။

“ဒါက ရေမကောင်းဆိုးဝါးပဲ”

ယွမ့်ထန်းက ရေအောက်ထဲမှ ခုန်ပျံနေသည့်မကောင်းဆိုးဝါးဂဏာန်းကို ညွှန်ပြသည်။

“အို ကြီးလိုက်တာ”

ဟော်ယွန်ရီ၏မျက်လုံးက တောက်ပသွားသည်။ ထိုအရွယ်အစားဖြင့် ဆိုလျှင် အသားပိုများ လောက်သည်။

“ဒီမကောင်းဆိုးဝါးတွေက ပင်လယ်ထဲမှာနေတယ်၊ မိုးအရမ်းကြီးလာလို့ ရေနဲ့အတူမြို့ထဲကို ပါလာတာဖြစ်လောက်တယ်၊ သူတို့က အရမ်းရုန့်ရင်းကြမ်းတမ်းပြီး မျိုးပွားနှုန်းမြန်တယ်၊ ဂြိုလ်နံပါတ်၁၉က ရေရှိတဲ့နေရာတိုင်းမှာ သူတို့တွေ ရှိနေတာပဲ၊ သူတို့ကိုသာ ကောင်းကောင်းမထိန်းချုပ်နိုင်ဘူးဆိုရင် ဒီဂြိုလ်ပေါ်က နေထိုင်သူတွေအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်တယ်၊ ဒါပေမယ့် သူတို့ကိုသာ စားလို့ရပြီး လုံခြုံတဲ့စားသောက်ကုန်အဖြစ် အသိအမှတ်ပြုပြီးပြီဆိုတာနဲ့ ဒီအခက်အခဲက ဖြေရှင်းနိုင်ပါပြီ”

ယွမ့်ထန်းက ဆက်တိုက်မျိုးပွားမှုနှုန်း များလာသောကြောင့် နေထိုင်သူတွေကို ဒုက္ခရောက်စေသည့် ကျောက်ပုစွန်များအကြောင်း ကြားခဲ့ဖူးသေးသည်။ အဆုံးတွင် အစိုးရက နည်းလမ်းပေါင်းစုံသုံးကာ မနည်း ဖြေရှင်းခဲ့ရသည်။ ထိုမကောင်းဆိုးဝါးများကို စားသောက်နိုင်လျှင်မူ သည်ပြဿနာက ဖြေရှင်းရန် လွယ်ကူသွားပြီ ဖြစ်ပြီး ဂြိုလ်နံပါတ် ၁၉ အတွက်ပင် စီးပွားရေးလမ်းကြောင်းတစ်ခု ပွင့်သွားသလို ဖြစ်သွားပေလိမ့်မည်။

“ကောင်းပြီ စစ်ကြည့်ရအောင်”

ဟော်ယွန်ရီက မစောင့်နိုင်တော့ချေ။
ယွမ့်ထန်းက ဟော်ယွန်ချန်းကို ကြည့်လိုက်သည်။ ဟော်ယွန်ချန်းကလည်း သူ့အစ်ကိုဖြစ်သူ၏ အလွန်အမင်း စိတ်လှုပ်ရှားတတ်သည့်သဘာဝကို နားလည်သည့် အတွက် ခေါင်းညိတ်ပြီးမှသာလျှင် ကမ်းစပ်သို့ ကားမောင်းထွက်လိုက်သည်။ ကားကို တောင်ကုန်းနားတွင် ရှိသည့် ဓါတ်လှေကားနားတွင် ရပ်တန့်လိုက်ပြီးနောက် လူတိုင်းက ကားထဲမှ ထွက်ကြသည်။ လက်ထောက်နှစ်ယောက်၏ အကူအညီဖြင့် ဟော်ယွန်ရီက သူ ယူလာသည့် စမ်းသပ်ပစ္စည်းကို စတင်ကာ တပ်ဆင်လိုက်သည်။ ဟော်ယွန်ချန်းကလည်း အကာအကွယ်လွှာဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည့်အတွက် ရေထဲတွင် လျင်မြန်စွာ ရွေ့လျားနိုင်စွမ်းရှိပြီး ထိုမကောင်းဆိုးဝါးများ၏တိုက်ခိုက်မှုကို ဂရုစိုက်ရန် မလိုအပ်ချေ။ သူ၏လက်နက်က ပေါ့ပါးသော ဓါးမြှောင် ဖြစ်နေသေးသည်။ သူက စွမ်းအင်အပြည့်အဝ ထုတ်သုံးလိုက်သည့်အခါ အလွန်အမင်း ထက်ရှသွားသည်။

“ကိုယ်သွားမယ်”

ဟော်ယွန်ချန်းက ကမ်းစပ်သို့ ရောက်သွားသည်နှင့် အနက်ရောင်အရိပ်များက ဝရုန်းသုန်းကား ဖြစ်လာတော့သည်။ သူ၏ခြေထောက်ပေါ်သို့ ရေထဲမှတစ်ဆင့် ခုန်တက်လာကြပြီး အလွန်အမင်း ရုပ်ဆိုးကာ ကြီးမားလှသည့် ဂဏာန်းကြီးတစ်ကောင်က ဆိုလျှင် ထက်ရှသော လက်မကြီးများဖြင့် ဟော်ယွန်ချန်းရှိရာဘက်သို့ တိုက်ခိုက်လာသည်။
ဟော်ယွန်ချန်းက တိုက်ကွက်အား ခြေထောက်ကို အနည်းငယ် ယမ်းလျက် ရှောင်သည်။ သူ၏ပေါ့ပါးသော ဓါးမြှောင်ကို ရမ်းလိုက်ရုံမျှဖြင့်ပင် ကြီးမားသည့်လက်မကြီးနှင့် ခြေထောက်ရှစ်ဖက်ကို ခုတ်ဖြတ်ထားပြီးသား ဖြစ်သွားလေသည်။

ဟော်ယွန်ရီက အဆင်သင့် စောင့်နေသည်။ သူက ရေမကောင်းဆိုးဝါးများ၏ တိုက်ခိုက်ပုံကို အသေးစိတ် လေ့လာနေပြီးနောက်တွင် အသေးစိတ်စစ်ဆေးနေသည်။ ထို့နောက် ကိုယ်တွင်းအင်္ဂါ တစ်ခုချင်းစီတိုင်းကို စမ်းသပ်စစ်ဆေးပြီး အလွန်မာကြောသောအခွံကိုပင် ဖွင့်ကြည့်သေးသည်။ ထိုသို့ အသေးစိတ် စစ်ဆေးသည့်အခါ အနည်းငယ်သော အမှားအယွင်းမှ ကျန်ရစ်တော့မည် မဟုတ်ချေ။ ထိုမကောင်းဆိုးဝါးဂဏာန်းက အားနည်းသထက် အားနည်းလာပြီး ဖျော့တော့သည့် ညည်းသံသာကို ထုတ်နိုင်တော့သည်။ သူက အလွန်အမင်း အားနည်းသွားချိန်တွင် သနားစဖွယ်ကောင်းကာ ကူကယ်ရာမဲ့နေတော့သည်။ ဟော်ယွန်ရီက ဟော်ယွန်ချန်းကို ပြောကာ ရေအနည်းငယ်ကို ထုတ်ကာ စမ်းသပ်စစ်ဆေးသေးသည်။ ဘာပြဿနာမှ ရှာမတွေ့ပေ။ ထိုအရာသာမကလေဘဲ ရေ၏အရည်အသွေးကပင် အလွန်ကောင်းမွန်နေသေးကာ ထူးခြားသော သက်ရောက်မှုများ ရှိနေသေးသည်။

“ဘာအဆိပ်မှမရှိသလို အန္တရာယ်ရှိနိုင်တဲ့ ဓါတ်တွေလည်း မတွေ့ရဘူး၊ ဒီရေမကောင်းဆိုးဝါးက စားလို့ရတယ်၊ ဒါပေမယ့် ဘယ်လိုစားရမလဲဆိုတာ ကိုယ်မသိဘူး။”

ဟော်ယွန်ရီက ရေမကောင်းဆိုးဝါးက စားလို့ရကြောင်း သိလိုက်သော်လည်း အခွံက အလွန်မာလွန်းသည်။ နွှာထုတ်လိုက်သည့်တိုင်အောင် အတွင်းရှိ တည်ဆောက်ပုံက ရှုပ်ထွေးလွန်းနေသေးသည်။ ထို့အပြင် အတွင်းရှိအသားကိုစားရန် အလွန်ခက်ခဲလောက်သည်။

“ဒါက ကျွန်တော်ပဲ ဂရုစိုက်လိုက်ပါ့မယ်၊ အစ်ကိုကြီးဟော်ကတော့ စားဖို့ပဲ စောင့်နေလိုက်ပါ”

သူ၏စိတ်ထဲတွင် ယွမ့်ထန်းက ထိုမကောင်းဆိုးဝါးဂဏာန်းများကို ချက်ရန် နည်းလမ်းများကိုပင် စတွေးနေပြီဖြစ်သည်။
ဂဏာန်းကြော်၊ ဂဏာန်းပြုတ်၊ ဂဏာန်းဟင်း၊ ဂဏာန်းချဉ်စပ် … တွေးလိုက်ရုံနှင့်ပင် သူ့အား သွားရည်ကျစေသည်။

“ကောင်းပြီ၊ ကိုယ်က အရသာရှိတဲ့ဟင်းလျာကိုပဲ စောင့်တော့မယ်”

မည်သည့်ပါဝင်ပစ္စည်းမဆို ယွမ့်ထန်း၏လက်ထဲသို့ ရောက်သွားသည်နှင့် အလွန်အမင်း အရသာရှိသည့် ဟင်းလျာများအဖြစ် ပြောင်းလဲ သွားတတ်သည်။ ထိုအချိန်တွင် ဟော်ယွန်ရီက ထိုရေမကောင်းဆိုးဝါးများအပေါ် အလွန်အမင်း မျှော်လင့်ချက်ကြီးကြီး ထားနေပြီဖြစ်သည်။
ဟော်ယွန်ချန်းက ရေထဲသို့ထပ်ဆင်းသွားသည်။ သည်တစ်ကြိမ်တွင် သူ၏တစ်ကိုယ်လုံးက ရေများစိုရွှဲနေတော့သည်။ သူ ပြန်လာသည့်အခါ နီရဲနေသော ပုံသဏ္ဍာန်ရှိသည့် မကောင်းဆိုးဝါးကြီးပါလာသည်။ တစ်ကိုယ်လုံးကို အကြေးခွံက ဖုံးလွှမ်းထားကာ ခြေထောက်ငါးစုံရှိပြီး လက်မကြီးများကလည်း အလွန်ကြီးသည်။ ယွမ့်ထန်းက ထိုအကောင်ကိုမြင်သောအခါ မျက်လုံးပြူးသွားသည်။

ဒါက ကျောက်ပုစွန်ကြီးမဟုတ်လား၊ သူ အရင်ဘဝက စားဖူးတဲ့ ဩစတြေးလီးယား ကျောက်ပုစွန်ထက်တောင်ကြီးသေးတယ်။ သူ၏စိတ်ထဲတွင်မူ အမျိုးမျိုးသော မီနျူးများက ပေါ်လာသည်။ ဆေးဖက်ဝင်ကျောက်ပုစွန်ကင်၊ ချိစ် ချိစ်ကျောက်ပုစွန်ကင်၊ ကြက်သွန်ဖြူကျောက်ပုစွန်ပျော့၊ ကျောက်ပုစွန်ခရင် …။

ဟော်ယွန်ချန်းကလည်း ဟော်ယွန်ရီကို ကျောက်ပုစွန်ပေးပြီး စမ်းသပ်စစ်ဆေးခိုင်း ပြီးနောက် ပြန်ဆင်းသွားပြန်သည်။ သည်တစ်ကြိမ်တွင် သူက ခပ်နက်နက်သို့ဆင်းသည်။

ငါးမိနစ်ခန့်ကြာသည်အထိ ဟော်ယွန်ချန်းက ပြန်တက်မလာသောအခါ ယွမ့်ထန်းက စိုးရိမ်လာသည်။

“အစ်ကိုကြီးဟော် ချန်းကောက ဘာလို့တက်မလာသေးတာလဲ၊ တစ်ခုခုဖြစ်နေတာလား”

“သူ တစ်ခုခုဖြစ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ၊ မစိုးရိမ်ပါနဲ့၊ သူက အကာအကွယ်လွှာဝတ်စုံကို ဝတ်ထားပြီးသား သူ ရေအောက်မှာ နှစ်နာရီလောက် နေမယ်ဆိုရင်တောင်မှ အဆင်ပြေတယ်”

ဟော်ယွန်ရီက ခေါင်းပင် မော့မကြည့်ပေ။ သူ၏အာရုံကိုသာ စစ်ဆေးသည့်အလုပ်တွင် စိုက်ထားသည်။ ယွမ့်ထန်းက အနည်းငယ် စိတ်အေးသွားသည့် တိုင်အောင် သူ၏မျက်လုံးက ပင်လယ်မှ မခွာချေ။  နောက်ထပ်ဆယ်မိနစ်ခန့် ကြာပြီးနောက်တွင် ရေမျက်နှာပြင်မှာ လှုပ်ရှားမှုအချို့က ရှိလာသည်။ အားလှိုင်းကြီးများက လိမ့်တက်လာပြီး ဆူနာမီလှိုင်းကဲ့သို့ ဖြစ်လာကာ ယွမ့်ထန်းတို့ အားလုံးကပင် အံ့ဩသွားရသည်။ ရေငြိမ်အောင်စောင့်ပြီးနောက်တွင် ဟော်ယွန်ချန်းက ရေထဲမှ ထွက်လာသည်။ သူက အလွန်နူးညံ့ပြီး ပုံသဏ္ဍာန်မပေါ်သည့် တစ်စုံတစ်ရာကို ဒရွတ်တိုက်ဆွဲလာသည်။ သူက ဖြေးညှင်းစွာဖြင့် ကမ်းစပ်သို့ ရောက်လာသည့်အခါ ယွမ့်ထန်းက ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုအရာက လက်ရှစ်ဖက်ပါသော ကြီးမားသည့်ရေဘဝဲကြီး ဖြစ်နေသည်။

“ဘုရားရေ ဒီမကောင်းဆိုးဝါးက ရုပ်ဆိုးလိုက်တာ ဒါကို ဘယ်လိုစားရမှာလဲ”

ဟော်ယွန်ရီကမူ မကောင်းဆိုးဝါးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့် ရွံရှာသလို ဖြစ်သွားသည်။

ထိုရေမကောင်းဆိုးဝါးက ခရမ်းရင့်ရောင် ရေမကောင်းဆိုးဝါးကြီး ဖြစ်သည်။ အရောင်ကလည်း ထူးဆန်းလွန်းသည်။ ခေါင်းကလည်း ကြီးပြီး ခြေလက်များကလည်း အလွန်ရှည်ကာ အဖုအဖိန့်များကလည်း ရှိနေသေးလေရာ အတွင်းများတွင်လည်း စုပ်ခွက်က ရှိနေသေးသည်။ မည်သို့ပင်ကြည့်ကြည့် အလွန်ရုပ်ဆိုးသည်။ ထိုကဲ့သို့သော အရာမျိုးကို စားစရာနှင့် တွဲစပ်၍မရချေ။

“ဒါကလည်း စားလို့ရလောက်တယ်”

အလွန်အမင်း ကြီးမားသည့်ရေဘဝဲကြောင့် အံ့ဩသွားသည့် ယွမ့်ထန်းက ချက်ချင်းဆိုသလို ဒါက ရုပ်ဆိုးသော်လည်း စား၍ရကြောင်း အတည်ပြုပေးလိုက်သည်။

“ဒါကလည်း စားလို့ရတာပဲလား”

ဟော်ယွန်ရီက ယွမ့်ထန်းကို ထူးဆန်းသလို ကြည့်သည်။ သူကပင် အလွန်ထိတ်လန့်လာတော့သည်။ ထိုမျှကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးကြီးမှရလာမည့် အရသာရှိသည့်စားစရာကို သူ စိတ်ကူးမယဉ်ရဲချေ။ ကြည့်ရုံနှင့်ပင် လူအများ၏ စားချင်စိတ်ကို ဆိုးရွားစွာ နှိပ်စက်နေတော့သည်။

“ရတာပေါ့”

စားလို့ရရုံတင် မဟုတ်ဘူး အရမ်းလည်း အရသာရှိတယ်။

ယွမ့်ထန်း၏စိတ်ထဲတွင်မူ အမျိုးမျိုးသော ရေဘဝဲချက်နည်းများကို တွေးနေပြီဖြစ်သည်။
ရေဘဝဲကင်၊ ရေဘဝဲအနှစ်၊ ရေဘဝဲလုံး၊ ရေဘဝဲကြော်၊ ကိုရီးယားရေဘဝဲအစပ် … သူ့ကိုတော့ အပြစ်မတင်နဲ့ မြေကမ္ဘာခေတ်က စားစရာတွေ အားလုံးက သူ့ရဲ့နှလုံးသားထဲမှာ နက်နက်ရှိုင်းရှိုင်း ရှိနေတာ။

ထို့နောက် သူတို့က အလွန်အမင်း ကြီးမားသည့် ပင်လယ်ကမာကောင်များ၊ ယောက်သွားများကို ရှာတွေ့ခဲ့သည်။ တစ်ကောင်ချင်းစီတိုင်းက အရွယ်အစား အလွန်ကြီးသော်လည်း ရုန့်ရင်းကြမ်းတမ်းမှု မရှိဘဲ လုံခြုံစွာ စား၍ရသည့်အရာများ ဖြစ်နေသည်။

ယွမ့်ထန်းက အလွန်ပျော်ရွှင်နေသည်။ ဂြိုလ်နံပါတ်၁၉က သမုဒ္ဒရာပြင်ကြီးက အကန့်အသတ်မဲ့သည့် ရတနာတွင်းကြီး ဖြစ်နေသည်။ ထိုမျှမြောက်မြားလှသော ပင်လယ်သတ္တဝါများရှိလျှင် အကယ်ဒမီသိပ္ပံအတွက် ပြန်လည်ပြင်ဆင်ရန်အတွက် ပြဿနာ မရှိတော့ချေ။

သူတို့က ပါဝင်ပစ္စည်းပေါင်းများစွာကို ရရှိခဲ့ပြီး ကားတစ်ကားအပြည့် ဖြစ်သွားသည်။ ကျောက်ပုစွန်ကြီးကိုမူ အမိုးပေါ်တွင် တင်ထားသည်။
စံအိမ်သို့ သူတို့ ပြန်လာလိုက်သည်။ ကားပေါ်တွင်ပါသည့် ရေမကောင်းဆိုးဝါးကြောင့် စစ်တပ်မှ တပ်ဖွဲ့များကမူ သူတို့၏ကားကို ရေမကောင်းဆိုးဝါးက ဝင်စီးနေသည်ဟု တွေးလာသေးသည်။ သည်နေရာတွင်ရှိသော ရေများကသာ ခြောက်ကပ်သွားသဖြင့် ရေမကောင်းဆိုးဝါးများက ထွက်သွားကြမည်ဖြစ်ပြီး နေထိုင်သူများကလည်း ပြန်လာနိုင်ကြပြီ ဖြစ်သည်။ သို့သော် သူတို့၏ကားအမိုးပေါ်တွင်ရှိနေသည့် ကြီးမားလှသည့်ရေဘဝဲကြီးကို မြင်လိုက်ရသည့် အခါ အိမ်နီးချင်းများက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြတော့သည်။ ထိန်းကျောင်းမှု မရှိသည်ကို မြင်ရမှသာ စိတ်အေးကာ သက်ပြင်းချနိုင်ကြသည်။

“ဘုရားရေ ဘယ်လောက်တောင်ကြီးလိုက်တဲ့ မကောင်းဆိုးဝါးကြီးလဲ၊ သူတို့က မကောင်းဆိုးဝါးတွေကိုတောင် ပြန်သယ်လာတယ်”

“သေနေတာ မဖြစ်နိုင်ဘူးလား”

“မဟုတ်ဘူး၊ လူကြီးမင်းယွမ့်ရဲ့အိမ်ရှေ့မှာ အဲ့ဒီကားကရပ်သွားတယ်”

“လူကြီးမင်းယွမ့် ဒီရေမကောင်းဆိုးဝါးတွေကို ဘာလုပ်မလို့လဲ”

“ငါ မသိပါဘူး သွားကြည့်ကြမလား”

ယွမ့်ထန်းက သည်နေရာတွင် နေသည်မှာ ရက်အနည်းငယ် ကြာသည့်အပြင် သူက နေ့တိုင်းလိုလို အရသာရှိသောဟင်းလျာများကို ချက်ပြုတ်လေ့ရှိရာ မွှေးရနံ့က အမြဲလိုလို ထွက်နေကြဖြစ်သည်။ အိမ်နီးချင်းများကလည်း သတိပြုမိသည်မှာကြာလှချေပြီ။ ထို့ကြောင့် သူတို့က ယွမ့်ထန်းက အံ့အားသင့်စရာကောင်းသော ချက်ပြုတ်စွမ်းရည်ကို ပိုင်ဆိုင်ထားသည့် အစားအသောက်တင်ဆက်သူ တစ်ယောက်ဖြစ်ကြောင်း အနည်းငယ် သိထားသည်။

အိမ်နီးချင်းတစ်ယောက်က ဝင်လာကာခပ်ဝေးဝေးမှ လှမ်းမေးသည်။

“လူကြီးမင်းယွမ့် မင်း …”

“ဒါကအကယ်ဒမီသိပ္ပံက ဥက္ကဌဟော်ယွန်ရီပါ၊ သူက ဂြိုလ်နံပါတ်၁၉ကိုလာပြီး လုံခြုံဖို့အတွက် စမ်းသပ်စစ်ဆေး ပေးတာပါ၊ ဒီမကောင်းဆိုးဝါးတွေလို့ သတ်မှတ်ထားတဲ့ အရာတွေက တကယ်တော့ စားလို့ရပြီး လုံခြုံမှုရှိတဲ့ ပါဝင်ပစ္စည်းတွေပါပဲ”

ရေမကောင်းဆိုးဝါးက စား၍ရကြောင်း အတည်ပြုပြီးသည်နှင့် သူက တိုက်ရိုက်ပြောပြလိုက်သည်။

“ဘာ ဒါကြီးတွေကို စားလို့ရတယ်ဟုတ်လား”

“အကယ်ဒမီသိပ္ပံ”

“တကယ်လား”

လူတိုင်းက ထိုစကားကိုကြားသောအခါ သူတို့နားကြားမှားသည်ဟုပင် ထင်ကာ စတင်ကာ သံသယဝင်လာကြတော့သည်။ သူတို့က အချင်းချင်း ကြည့်လာကြပြီး မှင်တက်သွားကြသည်။

အနောက်တွင်ပါလာသော စစ်သားများကပင် ကြောင်တောင်တောင် ဖြစ်သွားကြတော့သည်။ ရေမကောင်းဆိုးဝါးများက မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းခဲ့သော ကပ်ဘေးကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သူတို့ မည်မျှ ဒုက္ခရောက်ပြီးကြောင်းကိုပင် သူတို့ ပြန်မပြောနိုင်သည်အထိ ပြင်းထန်လွန်းခဲ့သည်။ ထိုအကောင်များက အလွန်အမင်း ကြောက်မက်ဖွယ် ကောင်းသည့်အတွက် ဂြိုလ်နံပါတ် ၁၉ မှလူတိုင်းက ကြောက်လန့်ကြသည်။

အခု ယွမ့်ထန်းက ပြောနေတယ်၊ ဒါကိုစားလို့ရတယ်တဲ့။

ဒီလောက်ကြောက်ဖို့ကောင်းပြီး ရွံစရာကောင်းတဲ့အရာတွေကို ဘယ်သူက စားနိုင်မှာလဲ၊ အဆိပ်တောင် မိနိုင်သေးတယ်၊ သူတို့စားရင် သူတို့ရဲ့အစာအိမ်တစ်ခုခု ဖြစ်သွားရင် ဘယ်လိုလုပ်ရမလဲ၊ နောက်ပြီး လူသားတွေရဲ့ကိုယ်ထဲမှာ ဒီအကောင်တွ ပေါက်ဖွားလာရင်ရော။

အချိန်တစ်ခုကြာသည်အထိ လူတိုင်းက ခြေတစ်လှမ်း နှစ်လှမ်းအထိ ဆုတ်ကာ သတိအနေအထား ဖြစ်နေကြသည်။ ထိုမကောင်းဆိုးဝါးများက သူတို့အတွက် ကြောက်မက်ဖွယ်ကောင်းသည့် အိပ်မက်ဆိုးကြီး ဖြစ်နေသည်။

လူတိုင်း၏ မယုံကြည်မှုကို မြင်သောအခါ ယွမ့်ထန်းက ရယ်တော့သည်။ သူသာ ချက်ပြီးသွားလျှင် လူတိုင်းက သဘောကျသွားမည်မှာ သေချာသည်။

“ကျွန်တော် ခဏနေရင် ဒီခြံထဲမှာ ဒီမကောင်းဆိုးဝါးတွေကို ချက်ပြုတ်ပြမှာပါ၊ အားလုံးပဲ စိတ်ဝင်စားရင် လာကြည့်နိုင်ပါတယ်”

ထိုမကောင်းဆိုးဝါးများက မီးဖိုချောင်ထဲတွင် ကိုင်တွယ်ခြင်း မပြုနိုင်လောက်အောင် ကြီးမားသည့်အတွက် စံအိမ်၏ခြံဝန်းထဲတွင်သာ ရိုးရှင်းသောမီးဖိုကို ပြင်ဆင်လျက် ချက်ပြုတ်ရန် ပြင်ဆင်ထားသည်။ သည်နည်းအားဖြင့် သူက သည်မကောင်းဆိုးဝါးများက စား၍ရကြောင်း လူတိုင်းသိသွားအောင် တိုက်ရိုက် ထုတ်လွှင့်နိုင်ပေလိမ့်မည်။ သည်နည်းအားဖြင့် ရေမကောင်းဆိုးဝါးများအပေါ် အမြင်ကလည်း ပြောင်းလဲသွားနိုင်သည်။

ဟော်ယွန်ရီ မလာခင်ကတည်းက ယွမ့်ထန်းက သူ့အား ထူးခြားသော မီးဖိုချောင်သုံးပစ္စည်းများကို ပြင်ဆင်ကာ ယူလာခိုင်းခဲ့ပြီးသား ဖြစ်သည်။ သည်နည်းအားဖြင့် အလွန်အမင်း မာကြောသော အခွံများကို ဖွင့်နိုင်ပေလိမ့်မည်။ သူကလည်း စတားနက်ဝေါ့ပေါ်မှ လိုအပ်သည့်ပစ္စည်းများကို ဝယ်ယူထားပြီးသား ဖြစ်သည်။

ပစ္စည်းပို့ဆောင်သည့်စနစ်က ယခင်အတိုင်း မြန်ဆန်ပြီးသား ဖြစ်သည်။ ထိုပစ္စည်းများကို လက်ခံရရှိပြီးသည်နှင့် ဟော်ညီအစ်ကိုက ယွမ့်ထန်းကို ကူညီကာ ရိုးရှင်းသည့်မီးဖိုကို ပြင်ဆင်ပေးသည်။ ဂြိုလ်နံပါတ် ၁၉ မှ နေထိုင်သူများကမူ အဝေးတွင်သာ ရှိနေကြသေးသည်။ သူတို့က အနီးမကပ်ရဲကြချေ။ အဝေးမှ လှုပ်ရှားမှုများကို စောင့်ကြည့်နေကြသည်။ သူတို့က စတင်ကာ လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည်။

သူတို့လုပ်နေတဲ့ပုံစံအရ တကယ်ကြီးစားကြတော့မှာလား။

ထိုမကောင်းဆိုးဝါးများကြောင့် သူတို့၏ကိုယ်က ဒဏ်ရာပေါင်း မြောက်မြားစွာ ဖြစ်ခဲ့သည့် အခြေအနေကို ပြန်တွေးရုံနှင့်ပင် ဂြိုလ်နံပါတ် ၁၉ မှပြည်သူများအားလုံးက ခြေချင်းဝတ်က နာလာသလို ခံစားလိုက်ရသည်။

ကြောက်ဖို့ ကောင်းလွန်းတယ်၊ ဒီအကောင်တွေက စားလို့မရလောက်ဘူး၊ စားလိုက်မယ်ဆိုရင်တောင်မှ ပေါက်ကွဲသွားလောက်အောင် အရသာက ဆိုးရွားနေမှာ သေချာတယ်။
သေချာပေါက် အဲ့ဒီလိုဖြစ်လိမ့်မယ်။

အဆင်သင့်ဖြစ်သည့်အခါ ယွမ့်ထန်းက တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်သည်။

“ဟယ်လို အားလုံးပဲ ကိုယ်ကတော့ မင်းတို့ရဲ့ တင်ဆက်သူယွမ့်ထန်းပါ၊ ဒီနေ့ ကိုယ်က မင်းတို့ကို ဂဏာန်းအစပ်၊ ချိစ်ကျောက်ပုစွန်၊ ဂျင်းပင်လယ်ကမာ၊ ယောက်သွားကင်နဲ့ ရေဘဝဲအနှစ်တို့ကို ချက်ပြမှာဖြစ်ပါတယ်”

[မြောင်မြောင်က တင်ဆက်သူချက်သမျှဟင်းလျာတိုင်းကိုကြိုက်တယ် .. အား အား အား တင်ဆက်သူ တင်ဆက်သူ နောက်ဆုံးတော့ တိုက်ရိုက်ထုတ်လွှင့်ပြီလား၊ တင်ဆက်သူကိုပေးဖို့ သလင်းပန်းတွေ စုထားတာ ကြာလှနေပြီ၊ ဂြိုလ်နံပါတ် ၁၉ မှာ မိုးပြင်းကျနေတယ်လို့ ကြားတယ်၊ တင်ဆက်သူ အဆင်ပြေရဲ့လား]

[အေးစက်တဲ့ပျားရည် .. ဟုတ်တယ် ဟုတ်တယ် အဲ့ဒီမှာ ရေမကောင်းဆိုးဝါးတွေလည်း ရှိတယ်လို့ကြားတယ်၊ ဂရုစိုက်ပါတင်ဆက်သူ]

[သစ်ပင်မဖက်ဘဲ မနေနိုင်ဘူး .. ဟေး နေအုံး၊ ငါ ပါဝင်ပစ္စည်းအသစ်တစ်မျိုးကို ကြားလိုက်သလိုပဲ]

[အိုင်ဒေါကိုကိုးကွယ်တဲ့ရောဂါ .. ဘုရားရေ ဟင်းတွေများလိုက်တာ]

“ဟုတ်တယ်၊ ဒီနေ့ပါဝင်ပစ္စည်းတွေ အများကြီး ရှိနေပါတယ်”

သူက လျှို့ဝှက်ဆန်းကြယ်သလို ပြုံးနေသည်။

“ဆိုတော့ အရင်ဆုံး ဂဏာန်းအစပ်ကို လုပ်ရအောင်”

.....

ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်

ကြွေ့ဆီ ယွမ့်ထန်း စာဖိုင်မရှိတော့လို့ တောင်းထားတာ
ဟိုဘက်ကလည်း အလုပ်ရောက်နေတဲ့အချိန် ပို့မရတာရော အိမ်ပြန်ရောက်ရင် မီးပျက်တာရောကြောင့် ရက်ကြာသွားတာ

ဒါကြောင့် တင်မရတာရယ်

အခုက တစ်ပိုင်းကို အခုလိုအကြောင်းကြားချင်လို့ အရင်တင်တာပါ

ဖိုင်ထဲကယူရင် စာချဲရတာရော zawgyiဘာညာရောကြောင့် အချိန်လိုလို့ ညမှ အေးအေးဆေးဆေး တင်မယ်နော်..

ညကျ အပိုင်း ၈၅ထိ တင်ပေးမှာမို့ အားပါးတရ ဖတ်ရမှာပါ

အပိုင္း ၇၅

ေဟာ္ယြန္ရီက ၿဂိဳလ္နံပါတ္ ၁၉ သို႔ အေျပးေရာက္လာေသာအခါ ႏွစ္ရက္ၾကာသြားခဲ့ၿပီ ျဖစ္သည္။ သူကိုယ္တိုင္အျပင္ လက္ေထာက္ႏွစ္ေယာက္ကိုေခၚလာသည္။ ေဟာ္ယြန္ခ်န္းကလည္း ကိုယ္တိုင္ကိုယ္က် ယြမ့္ထန္းႏွင့္အတူ ကားျဖင့္ သြားႀကိဳသည္။

“မင္း ေျပာတဲ့စားလို႔ရတဲ့ စားေသာက္ကုန္အသစ္ဆိုတာက ေရမေကာင္းဆိုးဝါး ေတြကို ေျပာတာလား”

ေဟာ္ယြန္ရီက ကားထဲသို႔ ေရာက္ကာစ ရွိေသးသည္။ မေနနိုင္ဘဲ ေမးလိုက္မိေတာ့သည္။
သူ၏စိတ္ထဲတြင္မူ ထိုမေကာင္းဆိုးဝါးမ်ားက ၿဂိဳလ္နံပါတ္ ၁၉ မွလူမ်ားကို ခံစားခ်က္ ရႈပ္ေထြးေစေသာ အရာမ်ားျဖစ္ၿပီး အရသာရွိေသာ စားေသာက္ကုန္မ်ားအျဖစ္ ေျပာင္းလဲေနမည္ ျဖစ္သည္။ သူတို႔က စက္မ်ားျဖင့္ လုံၿခဳံမႈရွိမရွိ စမ္းသပ္စစ္ေဆးၿပီးေနာက္တြင္ အရသာရွိေသာ စားစရာမ်ားအျဖစ္ ေျပာင္းလဲနိုင္ေပလိမ့္မည္။
တစ္ရက္လုံး တစ္ညလုံးတိုင္ေအာင္ မုန္တိုင္းဆက္က်ေနျခင္းက ျဖစ္ပ်က္ခဲ့ဖူးျခင္း မရွိခဲ့ေခ်။ မုန္တိုင္းက ရပ္တန႔္သြားေသာ္လည္း ေရမ်ားက က်န္ရစ္ေနေသးသည္။ ျပည္တြင္းစစ္တပ္က ေရစုပ္ပိုက္မ်ားကို သုံးကာ ေရမေကာင္းဆိုးဝါးမ်ားကို ေမာင္းထုတ္ေနရသည္။

“ဒါက ေရမေကာင္းဆိုးဝါးပဲ”

ယြမ့္ထန္းက ေရေအာက္ထဲမွ ခုန္ပ်ံေနသည့္မေကာင္းဆိုးဝါးဂဏာန္းကို ၫႊန္ျပသည္။

“အို ႀကီးလိုက္တာ”

ေဟာ္ယြန္ရီ၏မ်က္လုံးက ေတာက္ပသြားသည္။ ထိုအ႐ြယ္အစားျဖင့္ ဆိုလွ်င္ အသားပိုမ်ား ေလာက္သည္။

“ဒီမေကာင္းဆိုးဝါးေတြက ပင္လယ္ထဲမွာေနတယ္၊ မိုးအရမ္းႀကီးလာလို႔ ေရနဲ႕အတူၿမိဳ႕ထဲကို ပါလာတာျဖစ္ေလာက္တယ္၊ သူတို႔က အရမ္း႐ုန႔္ရင္းၾကမ္းတမ္းၿပီး မ်ိဳးပြားႏႈန္းျမန္တယ္၊ ၿဂိဳလ္နံပါတ္၁၉က ေရရွိတဲ့ေနရာတိုင္းမွာ သူတို႔ေတြ ရွိေနတာပဲ၊ သူတို႔ကိုသာ ေကာင္းေကာင္းမထိန္းခ်ဳပ္နိုင္ဘူးဆိုရင္ ဒီၿဂိဳလ္ေပၚက ေနထိုင္သူေတြအတြက္ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာနိုင္တယ္၊ ဒါေပမယ့္ သူတို႔ကိုသာ စားလို႔ရၿပီး လုံၿခဳံတဲ့စားေသာက္ကုန္အျဖစ္ အသိအမွတ္ျပဳၿပီးၿပီဆိုတာနဲ႕ ဒီအခက္အခဲက ေျဖရွင္းနိုင္ပါၿပီ”

ယြမ့္ထန္းက ဆက္တိုက္မ်ိဳးပြားမႈႏႈန္း မ်ားလာေသာေၾကာင့္ ေနထိုင္သူေတြကို ဒုကၡေရာက္ေစသည့္ ေက်ာက္ပုစြန္မ်ားအေၾကာင္း ၾကားခဲ့ဖူးေသးသည္။ အဆုံးတြင္ အစိုးရက နည္းလမ္းေပါင္းစုံသုံးကာ မနည္း ေျဖရွင္းခဲ့ရသည္။ ထိုမေကာင္းဆိုးဝါးမ်ားကို စားေသာက္နိုင္လွ်င္မူ သည္ျပႆနာက ေျဖရွင္းရန္ လြယ္ကူသြားၿပီ ျဖစ္ၿပီး ၿဂိဳလ္နံပါတ္ ၁၉ အတြက္ပင္ စီးပြားေရးလမ္းေၾကာင္းတစ္ခု ပြင့္သြားသလို ျဖစ္သြားေပလိမ့္မည္။

“ေကာင္းၿပီ စစ္ၾကည့္ရေအာင္”

ေဟာ္ယြန္ရီက မေစာင့္နိုင္ေတာ့ေခ်။
ယြမ့္ထန္းက ေဟာ္ယြန္ခ်န္းကို ၾကည့္လိုက္သည္။ ေဟာ္ယြန္ခ်န္းကလည္း သူ႕အစ္ကိုျဖစ္သူ၏ အလြန္အမင္း စိတ္လႈပ္ရွားတတ္သည့္သဘာဝကို နားလည္သည့္ အတြက္ ေခါင္းညိတ္ၿပီးမွသာလွ်င္ ကမ္းစပ္သို႔ ကားေမာင္းထြက္လိုက္သည္။ ကားကို ေတာင္ကုန္းနားတြင္ ရွိသည့္ ဓါတ္ေလွကားနားတြင္ ရပ္တန႔္လိုက္ၿပီးေနာက္ လူတိုင္းက ကားထဲမွ ထြက္ၾကသည္။ လက္ေထာက္ႏွစ္ေယာက္၏ အကူအညီျဖင့္ ေဟာ္ယြန္ရီက သူ ယူလာသည့္ စမ္းသပ္ပစၥည္းကို စတင္ကာ တပ္ဆင္လိုက္သည္။ ေဟာ္ယြန္ခ်န္းကလည္း အကာအကြယ္လႊာဝတ္စုံျပည့္ကို ဝတ္ဆင္ထားသည့္အတြက္ ေရထဲတြင္ လ်င္ျမန္စြာ ေ႐ြ႕လ်ားနိုင္စြမ္းရွိၿပီး ထိုမေကာင္းဆိုးဝါးမ်ား၏တိုက္ခိုက္မႈကို ဂ႐ုစိုက္ရန္ မလိုအပ္ေခ်။ သူ၏လက္နက္က ေပါ့ပါးေသာ ဓါးျမႇောင္ ျဖစ္ေနေသးသည္။ သူက စြမ္းအင္အျပည့္အဝ ထုတ္သုံးလိုက္သည့္အခါ အလြန္အမင္း ထက္ရွသြားသည္။

“ကိုယ္သြားမယ္”

ေဟာ္ယြန္ခ်န္းက ကမ္းစပ္သို႔ ေရာက္သြားသည္ႏွင့္ အနက္ေရာင္အရိပ္မ်ားက ဝ႐ုန္းသုန္းကား ျဖစ္လာေတာ့သည္။ သူ၏ေျခေထာက္ေပၚသို႔ ေရထဲမွတစ္ဆင့္ ခုန္တက္လာၾကၿပီး အလြန္အမင္း ႐ုပ္ဆိုးကာ ႀကီးမားလွသည့္ ဂဏာန္းႀကီးတစ္ေကာင္က ဆိုလွ်င္ ထက္ရွေသာ လက္မႀကီးမ်ားျဖင့္ ေဟာ္ယြန္ခ်န္းရွိရာဘက္သို႔ တိုက္ခိုက္လာသည္။
ေဟာ္ယြန္ခ်န္းက တိုက္ကြက္အား ေျခေထာက္ကို အနည္းငယ္ ယမ္းလ်က္ ေရွာင္သည္။ သူ၏ေပါ့ပါးေသာ ဓါးျမႇောင္ကို ရမ္းလိုက္႐ုံမွ်ျဖင့္ပင္ ႀကီးမားသည့္လက္မႀကီးႏွင့္ ေျခေထာက္ရွစ္ဖက္ကို ခုတ္ျဖတ္ထားၿပီးသား ျဖစ္သြားေလသည္။

ေဟာ္ယြန္ရီက အဆင္သင့္ ေစာင့္ေနသည္။ သူက ေရမေကာင္းဆိုးဝါးမ်ား၏ တိုက္ခိုက္ပုံကို အေသးစိတ္ ေလ့လာေနၿပီးေနာက္တြင္ အေသးစိတ္စစ္ေဆးေနသည္။ ထို႔ေနာက္ ကိုယ္တြင္းအဂၤါ တစ္ခုခ်င္းစီတိုင္းကို စမ္းသပ္စစ္ေဆးၿပီး အလြန္မာေၾကာေသာအခြံကိုပင္ ဖြင့္ၾကည့္ေသးသည္။ ထိုသို႔ အေသးစိတ္ စစ္ေဆးသည့္အခါ အနည္းငယ္ေသာ အမွားအယြင္းမွ က်န္ရစ္ေတာ့မည္ မဟုတ္ေခ်။ ထိုမေကာင္းဆိုးဝါးဂဏာန္းက အားနည္းသထက္ အားနည္းလာၿပီး ေဖ်ာ့ေတာ့သည့္ ညည္းသံသာကို ထုတ္နိုင္ေတာ့သည္။ သူက အလြန္အမင္း အားနည္းသြားခ်ိန္တြင္ သနားစဖြယ္ေကာင္းကာ ကူကယ္ရာမဲ့ေနေတာ့သည္။ ေဟာ္ယြန္ရီက ေဟာ္ယြန္ခ်န္းကို ေျပာကာ ေရအနည္းငယ္ကို ထုတ္ကာ စမ္းသပ္စစ္ေဆးေသးသည္။ ဘာျပႆနာမွ ရွာမေတြ႕ေပ။ ထိုအရာသာမကေလဘဲ ေရ၏အရည္အေသြးကပင္ အလြန္ေကာင္းမြန္ေနေသးကာ ထူးျခားေသာ သက္ေရာက္မႈမ်ား ရွိေနေသးသည္။

“ဘာအဆိပ္မွမရွိသလို အႏၲရာယ္ရွိနိုင္တဲ့ ဓါတ္ေတြလည္း မေတြ႕ရဘူး၊ ဒီေရမေကာင္းဆိုးဝါးက စားလို႔ရတယ္၊ ဒါေပမယ့္ ဘယ္လိုစားရမလဲဆိုတာ ကိုယ္မသိဘူး။”

ေဟာ္ယြန္ရီက ေရမေကာင္းဆိုးဝါးက စားလို႔ရေၾကာင္း သိလိုက္ေသာ္လည္း အခြံက အလြန္မာလြန္းသည္။ ႏႊာထုတ္လိုက္သည့္တိုင္ေအာင္ အတြင္းရွိ တည္ေဆာက္ပုံက ရႈပ္ေထြးလြန္းေနေသးသည္။ ထို႔အျပင္ အတြင္းရွိအသားကိုစားရန္ အလြန္ခက္ခဲေလာက္သည္။

“ဒါက ကြၽန္ေတာ္ပဲ ဂ႐ုစိုက္လိုက္ပါ့မယ္၊ အစ္ကိုႀကီးေဟာ္ကေတာ့ စားဖို႔ပဲ ေစာင့္ေနလိုက္ပါ”

သူ၏စိတ္ထဲတြင္ ယြမ့္ထန္းက ထိုမေကာင္းဆိုးဝါးဂဏာန္းမ်ားကို ခ်က္ရန္ နည္းလမ္းမ်ားကိုပင္ စေတြးေနၿပီျဖစ္သည္။
ဂဏာန္းေၾကာ္၊ ဂဏာန္းျပဳတ္၊ ဂဏာန္းဟင္း၊ ဂဏာန္းခ်ဥ္စပ္ … ေတြးလိုက္႐ုံႏွင့္ပင္ သူ႕အား သြားရည္က်ေစသည္။

“ေကာင္းၿပီ၊ ကိုယ္က အရသာရွိတဲ့ဟင္းလ်ာကိုပဲ ေစာင့္ေတာ့မယ္”

မည္သည့္ပါဝင္ပစၥည္းမဆို ယြမ့္ထန္း၏လက္ထဲသို႔ ေရာက္သြားသည္ႏွင့္ အလြန္အမင္း အရသာရွိသည့္ ဟင္းလ်ာမ်ားအျဖစ္ ေျပာင္းလဲ သြားတတ္သည္။ ထိုအခ်ိန္တြင္ ေဟာ္ယြန္ရီက ထိုေရမေကာင္းဆိုးဝါးမ်ားအေပၚ အလြန္အမင္း ေမွ်ာ္လင့္ခ်က္ႀကီးႀကီး ထားေနၿပီျဖစ္သည္။
ေဟာ္ယြန္ခ်န္းက ေရထဲသို႔ထပ္ဆင္းသြားသည္။ သည္တစ္ႀကိမ္တြင္ သူ၏တစ္ကိုယ္လုံးက ေရမ်ားစို႐ႊဲေနေတာ့သည္။ သူ ျပန္လာသည့္အခါ နီရဲေနေသာ ပုံသ႑ာန္ရွိသည့္ မေကာင္းဆိုးဝါးႀကီးပါလာသည္။ တစ္ကိုယ္လုံးကို အေၾကးခြံက ဖုံးလႊမ္းထားကာ ေျခေထာက္ငါးစုံရွိၿပီး လက္မႀကီးမ်ားကလည္း အလြန္ႀကီးသည္။ ယြမ့္ထန္းက ထိုအေကာင္ကိုျမင္ေသာအခါ မ်က္လုံးျပဴးသြားသည္။

ဒါက ေက်ာက္ပုစြန္ႀကီးမဟုတ္လား၊ သူ အရင္ဘဝက စားဖူးတဲ့ ဩစေၾတးလီးယား ေက်ာက္ပုစြန္ထက္ေတာင္ႀကီးေသးတယ္။ သူ၏စိတ္ထဲတြင္မူ အမ်ိဳးမ်ိဳးေသာ မီန်ဴးမ်ားက ေပၚလာသည္။ ေဆးဖက္ဝင္ေက်ာက္ပုစြန္ကင္၊ ခ်ိစ္ ခ်ိစ္ေက်ာက္ပုစြန္ကင္၊ ၾကက္သြန္ျဖဴေက်ာက္ပုစြန္ေပ်ာ့၊ ေက်ာက္ပုစြန္ခရင္ …။

ေဟာ္ယြန္ခ်န္းကလည္း ေဟာ္ယြန္ရီကို ေက်ာက္ပုစြန္ေပးၿပီး စမ္းသပ္စစ္ေဆးခိုင္း ၿပီးေနာက္ ျပန္ဆင္းသြားျပန္သည္။ သည္တစ္ႀကိမ္တြင္ သူက ခပ္နက္နက္သို႔ဆင္းသည္။

ငါးမိနစ္ခန႔္ၾကာသည္အထိ ေဟာ္ယြန္ခ်န္းက ျပန္တက္မလာေသာအခါ ယြမ့္ထန္းက စိုးရိမ္လာသည္။

“အစ္ကိုႀကီးေဟာ္ ခ်န္းေကာက ဘာလို႔တက္မလာေသးတာလဲ၊ တစ္ခုခုျဖစ္ေနတာလား”

“သူ တစ္ခုခုျဖစ္တယ္ဆိုတာ ဘယ္လိုျဖစ္နိုင္မွာလဲ၊ မစိုးရိမ္ပါနဲ႕၊ သူက အကာအကြယ္လႊာဝတ္စုံကို ဝတ္ထားၿပီးသား သူ ေရေအာက္မွာ ႏွစ္နာရီေလာက္ ေနမယ္ဆိုရင္ေတာင္မွ အဆင္ေျပတယ္”

ေဟာ္ယြန္ရီက ေခါင္းပင္ ေမာ့မၾကည့္ေပ။ သူ၏အာ႐ုံကိုသာ စစ္ေဆးသည့္အလုပ္တြင္ စိုက္ထားသည္။ ယြမ့္ထန္းက အနည္းငယ္ စိတ္ေအးသြားသည့္ တိုင္ေအာင္ သူ၏မ်က္လုံးက ပင္လယ္မွ မခြာေခ်။  ေနာက္ထပ္ဆယ္မိနစ္ခန႔္ ၾကာၿပီးေနာက္တြင္ ေရမ်က္ႏွာျပင္မွာ လႈပ္ရွားမႈအခ်ိဳ႕က ရွိလာသည္။ အားလွိုင္းႀကီးမ်ားက လိမ့္တက္လာၿပီး ဆူနာမီလွိုင္းကဲ့သို႔ ျဖစ္လာကာ ယြမ့္ထန္းတို႔ အားလုံးကပင္ အံ့ဩသြားရသည္။ ေရၿငိမ္ေအာင္ေစာင့္ၿပီးေနာက္တြင္ ေဟာ္ယြန္ခ်န္းက ေရထဲမွ ထြက္လာသည္။ သူက အလြန္ႏူးညံ့ၿပီး ပုံသ႑ာန္မေပၚသည့္ တစ္စုံတစ္ရာကို ဒ႐ြတ္တိုက္ဆြဲလာသည္။ သူက ေျဖးညွင္းစြာျဖင့္ ကမ္းစပ္သို႔ ေရာက္လာသည့္အခါ ယြမ့္ထန္းက ရွင္းလင္းစြာ ျမင္လိုက္ရသည္။ ထိုအရာက လက္ရွစ္ဖက္ပါေသာ ႀကီးမားသည့္ေရဘဝဲႀကီး ျဖစ္ေနသည္။

“ဘုရားေရ ဒီမေကာင္းဆိုးဝါးက ႐ုပ္ဆိုးလိုက္တာ ဒါကို ဘယ္လိုစားရမွာလဲ”

ေဟာ္ယြန္ရီကမူ မေကာင္းဆိုးဝါးကို ရွင္းရွင္းလင္းလင္း ျမင္လိုက္ရသည္ႏွင့္ ႐ြံရွာသလို ျဖစ္သြားသည္။

ထိုေရမေကာင္းဆိုးဝါးက ခရမ္းရင့္ေရာင္ ေရမေကာင္းဆိုးဝါးႀကီး ျဖစ္သည္။ အေရာင္ကလည္း ထူးဆန္းလြန္းသည္။ ေခါင္းကလည္း ႀကီးၿပီး ေျခလက္မ်ားကလည္း အလြန္ရွည္ကာ အဖုအဖိန႔္မ်ားကလည္း ရွိေနေသးေလရာ အတြင္းမ်ားတြင္လည္း စုပ္ခြက္က ရွိေနေသးသည္။ မည္သို႔ပင္ၾကည့္ၾကည့္ အလြန္႐ုပ္ဆိုးသည္။ ထိုကဲ့သို႔ေသာ အရာမ်ိဳးကို စားစရာႏွင့္ တြဲစပ္၍မရေခ်။

“ဒါကလည္း စားလို႔ရေလာက္တယ္”

အလြန္အမင္း ႀကီးမားသည့္ေရဘဝဲေၾကာင့္ အံ့ဩသြားသည့္ ယြမ့္ထန္းက ခ်က္ခ်င္းဆိုသလို ဒါက ႐ုပ္ဆိုးေသာ္လည္း စား၍ရေၾကာင္း အတည္ျပဳေပးလိုက္သည္။

“ဒါကလည္း စားလို႔ရတာပဲလား”

ေဟာ္ယြန္ရီက ယြမ့္ထန္းကို ထူးဆန္းသလို ၾကည့္သည္။ သူကပင္ အလြန္ထိတ္လန႔္လာေတာ့သည္။ ထိုမွ်ေၾကာက္မက္ဖြယ္ေကာင္းေသာ မေကာင္းဆိုးဝါးႀကီးမွရလာမည့္ အရသာရွိသည့္စားစရာကို သူ စိတ္ကူးမယဥ္ရဲေခ်။ ၾကည့္႐ုံႏွင့္ပင္ လူအမ်ား၏ စားခ်င္စိတ္ကို ဆိုး႐ြားစြာ ႏွိပ္စက္ေနေတာ့သည္။

“ရတာေပါ့”

စားလို႔ရ႐ုံတင္ မဟုတ္ဘူး အရမ္းလည္း အရသာရွိတယ္။

ယြမ့္ထန္း၏စိတ္ထဲတြင္မူ အမ်ိဳးမ်ိဳးေသာ ေရဘဝဲခ်က္နည္းမ်ားကို ေတြးေနၿပီျဖစ္သည္။
ေရဘဝဲကင္၊ ေရဘဝဲအႏွစ္၊ ေရဘဝဲလုံး၊ ေရဘဝဲေၾကာ္၊ ကိုရီးယားေရဘဝဲအစပ္ … သူ႕ကိုေတာ့ အျပစ္မတင္နဲ႕ ေျမကမာၻေခတ္က စားစရာေတြ အားလုံးက သူ႕ရဲ႕ႏွလုံးသားထဲမွာ နက္နက္ရွိုင္းရွိုင္း ရွိေနတာ။

ထို႔ေနာက္ သူတို႔က အလြန္အမင္း ႀကီးမားသည့္ ပင္လယ္ကမာေကာင္မ်ား၊ ေယာက္သြားမ်ားကို ရွာေတြ႕ခဲ့သည္။ တစ္ေကာင္ခ်င္းစီတိုင္းက အ႐ြယ္အစား အလြန္ႀကီးေသာ္လည္း ႐ုန႔္ရင္းၾကမ္းတမ္းမႈ မရွိဘဲ လုံၿခဳံစြာ စား၍ရသည့္အရာမ်ား ျဖစ္ေနသည္။

ယြမ့္ထန္းက အလြန္ေပ်ာ္႐ႊင္ေနသည္။ ၿဂိဳလ္နံပါတ္၁၉က သမုဒၵရာျပင္ႀကီးက အကန႔္အသတ္မဲ့သည့္ ရတနာတြင္းႀကီး ျဖစ္ေနသည္။ ထိုမွ်ေျမာက္ျမားလွေသာ ပင္လယ္သတၱဝါမ်ားရွိလွ်င္ အကယ္ဒမီသိပၸံအတြက္ ျပန္လည္ျပင္ဆင္ရန္အတြက္ ျပႆနာ မရွိေတာ့ေခ်။

သူတို႔က ပါဝင္ပစၥည္းေပါင္းမ်ားစြာကို ရရွိခဲ့ၿပီး ကားတစ္ကားအျပည့္ ျဖစ္သြားသည္။ ေက်ာက္ပုစြန္ႀကီးကိုမူ အမိုးေပၚတြင္ တင္ထားသည္။
စံအိမ္သို႔ သူတို႔ ျပန္လာလိုက္သည္။ ကားေပၚတြင္ပါသည့္ ေရမေကာင္းဆိုးဝါးေၾကာင့္ စစ္တပ္မွ တပ္ဖြဲ႕မ်ားကမူ သူတို႔၏ကားကို ေရမေကာင္းဆိုးဝါးက ဝင္စီးေနသည္ဟု ေတြးလာေသးသည္။ သည္ေနရာတြင္ရွိေသာ ေရမ်ားကသာ ေျခာက္ကပ္သြားသျဖင့္ ေရမေကာင္းဆိုးဝါးမ်ားက ထြက္သြားၾကမည္ျဖစ္ၿပီး ေနထိုင္သူမ်ားကလည္း ျပန္လာနိုင္ၾကၿပီ ျဖစ္သည္။ သို႔ေသာ္ သူတို႔၏ကားအမိုးေပၚတြင္ရွိေနသည့္ ႀကီးမားလွသည့္ေရဘဝဲႀကီးကို ျမင္လိုက္ရသည့္ အခါ အိမ္နီးခ်င္းမ်ားက လႈပ္လႈပ္ရွားရွား ျဖစ္သြားၾကေတာ့သည္။ ထိန္းေက်ာင္းမႈ မရွိသည္ကို ျမင္ရမွသာ စိတ္ေအးကာ သက္ျပင္းခ်နိဳင္ၾကသည္။

“ဘုရားေရ ဘယ္ေလာက္ေတာင္ႀကီးလိုက္တဲ့ မေကာင္းဆိုးဝါးႀကီးလဲ၊ သူတို႔က မေကာင္းဆိုးဝါးေတြကိုေတာင္ ျပန္သယ္လာတယ္”

“ေသေနတာ မျဖစ္နိုင္ဘူးလား”

“မဟုတ္ဘူး၊ လူႀကီးမင္းယြမ့္ရဲ႕အိမ္ေရွ႕မွာ အဲ့ဒီကားကရပ္သြားတယ္”

“လူႀကီးမင္းယြမ့္ ဒီေရမေကာင္းဆိုးဝါးေတြကို ဘာလုပ္မလို႔လဲ”

“ငါ မသိပါဘူး သြားၾကည့္ၾကမလား”

ယြမ့္ထန္းက သည္ေနရာတြင္ ေနသည္မွာ ရက္အနည္းငယ္ ၾကာသည့္အျပင္ သူက ေန႕တိုင္းလိုလို အရသာရွိေသာဟင္းလ်ာမ်ားကို ခ်က္ျပဳတ္ေလ့ရွိရာ ေမႊးရနံ႕က အၿမဲလိုလို ထြက္ေနၾကျဖစ္သည္။ အိမ္နီးခ်င္းမ်ားကလည္း သတိျပဳမိသည္မွာၾကာလွေခ်ၿပီ။ ထို႔ေၾကာင့္ သူတို႔က ယြမ့္ထန္းက အံ့အားသင့္စရာေကာင္းေသာ ခ်က္ျပဳတ္စြမ္းရည္ကို ပိုင္ဆိုင္ထားသည့္ အစားအေသာက္တင္ဆက္သူ တစ္ေယာက္ျဖစ္ေၾကာင္း အနည္းငယ္ သိထားသည္။

အိမ္နီးခ်င္းတစ္ေယာက္က ဝင္လာကာခပ္ေဝးေဝးမွ လွမ္းေမးသည္။

“လူႀကီးမင္းယြမ့္ မင္း …”

“ဒါကအကယ္ဒမီသိပၸံက ဥကၠဌေဟာ္ယြန္ရီပါ၊ သူက ၿဂိဳလ္နံပါတ္၁၉ကိုလာၿပီး လုံၿခဳံဖို႔အတြက္ စမ္းသပ္စစ္ေဆး ေပးတာပါ၊ ဒီမေကာင္းဆိုးဝါးေတြလို႔ သတ္မွတ္ထားတဲ့ အရာေတြက တကယ္ေတာ့ စားလို႔ရၿပီး လုံၿခဳံမႈရွိတဲ့ ပါဝင္ပစၥည္းေတြပါပဲ”

ေရမေကာင္းဆိုးဝါးက စား၍ရေၾကာင္း အတည္ျပဳၿပီးသည္ႏွင့္ သူက တိုက္ရိုက္ေျပာျပလိုက္သည္။

“ဘာ ဒါႀကီးေတြကို စားလို႔ရတယ္ဟုတ္လား”

“အကယ္ဒမီသိပၸံ”

“တကယ္လား”

လူတိုင္းက ထိုစကားကိုၾကားေသာအခါ သူတို႔နားၾကားမွားသည္ဟုပင္ ထင္ကာ စတင္ကာ သံသယဝင္လာၾကေတာ့သည္။ သူတို႔က အခ်င္းခ်င္း ၾကည့္လာၾကၿပီး မွင္တက္သြားၾကသည္။

အေနာက္တြင္ပါလာေသာ စစ္သားမ်ားကပင္ ေၾကာင္ေတာင္ေတာင္ ျဖစ္သြားၾကေတာ့သည္။ ေရမေကာင္းဆိုးဝါးမ်ားက မ်ိဳးဆက္အဆက္ဆက္ လက္ဆင့္ကမ္းခဲ့ေသာ ကပ္ေဘးႀကီးတစ္ခုကဲ့သို႔ ျဖစ္ေနခဲ့သည္။ သူတို႔ မည္မွ် ဒုကၡေရာက္ၿပီးေၾကာင္းကိုပင္ သူတို႔ ျပန္မေျပာနိုင္သည္အထိ ျပင္းထန္လြန္းခဲ့သည္။ ထိုအေကာင္မ်ားက အလြန္အမင္း ေၾကာက္မက္ဖြယ္ ေကာင္းသည့္အတြက္ ၿဂိဳလ္နံပါတ္ ၁၉ မွလူတိုင္းက ေၾကာက္လန႔္ၾကသည္။

အခု ယြမ့္ထန္းက ေျပာေနတယ္၊ ဒါကိုစားလို႔ရတယ္တဲ့။

ဒီေလာက္ေၾကာက္ဖို႔ေကာင္းၿပီး ႐ြံစရာေကာင္းတဲ့အရာေတြကို ဘယ္သူက စားနိုင္မွာလဲ၊ အဆိပ္ေတာင္ မိနိုင္ေသးတယ္၊ သူတို႔စားရင္ သူတို႔ရဲ႕အစာအိမ္တစ္ခုခု ျဖစ္သြားရင္ ဘယ္လိုလုပ္ရမလဲ၊ ေနာက္ၿပီး လူသားေတြရဲ႕ကိုယ္ထဲမွာ ဒီအေကာင္တြ ေပါက္ဖြားလာရင္ေရာ။

အခ်ိန္တစ္ခုၾကာသည္အထိ လူတိုင္းက ေျခတစ္လွမ္း ႏွစ္လွမ္းအထိ ဆုတ္ကာ သတိအေနအထား ျဖစ္ေနၾကသည္။ ထိုမေကာင္းဆိုးဝါးမ်ားက သူတို႔အတြက္ ေၾကာက္မက္ဖြယ္ေကာင္းသည့္ အိပ္မက္ဆိုးႀကီး ျဖစ္ေနသည္။

လူတိုင္း၏ မယုံၾကည္မႈကို ျမင္ေသာအခါ ယြမ့္ထန္းက ရယ္ေတာ့သည္။ သူသာ ခ်က္ၿပီးသြားလွ်င္ လူတိုင္းက သေဘာက်သြားမည္မွာ ေသခ်ာသည္။

“ကြၽန္ေတာ္ ခဏေနရင္ ဒီၿခံထဲမွာ ဒီမေကာင္းဆိုးဝါးေတြကို ခ်က္ျပဳတ္ျပမွာပါ၊ အားလုံးပဲ စိတ္ဝင္စားရင္ လာၾကည့္နိုင္ပါတယ္”

ထိုမေကာင္းဆိုးဝါးမ်ားက မီးဖိုေခ်ာင္ထဲတြင္ ကိုင္တြယ္ျခင္း မျပဳနိုင္ေလာက္ေအာင္ ႀကီးမားသည့္အတြက္ စံအိမ္၏ၿခံဝန္းထဲတြင္သာ ရိုးရွင္းေသာမီးဖိုကို ျပင္ဆင္လ်က္ ခ်က္ျပဳတ္ရန္ ျပင္ဆင္ထားသည္။ သည္နည္းအားျဖင့္ သူက သည္မေကာင္းဆိုးဝါးမ်ားက စား၍ရေၾကာင္း လူတိုင္းသိသြားေအာင္ တိုက္ရိုက္ ထုတ္လႊင့္နိုင္ေပလိမ့္မည္။ သည္နည္းအားျဖင့္ ေရမေကာင္းဆိုးဝါးမ်ားအေပၚ အျမင္ကလည္း ေျပာင္းလဲသြားနိုင္သည္။

ေဟာ္ယြန္ရီ မလာခင္ကတည္းက ယြမ့္ထန္းက သူ႕အား ထူးျခားေသာ မီးဖိုေခ်ာင္သုံးပစၥည္းမ်ားကို ျပင္ဆင္ကာ ယူလာခိုင္းခဲ့ၿပီးသား ျဖစ္သည္။ သည္နည္းအားျဖင့္ အလြန္အမင္း မာေၾကာေသာ အခြံမ်ားကို ဖြင့္နိုင္ေပလိမ့္မည္။ သူကလည္း စတားနက္ေဝါ့ေပၚမွ လိုအပ္သည့္ပစၥည္းမ်ားကို ဝယ္ယူထားၿပီးသား ျဖစ္သည္။

ပစၥည္းပို႔ေဆာင္သည့္စနစ္က ယခင္အတိုင္း ျမန္ဆန္ၿပီးသား ျဖစ္သည္။ ထိုပစၥည္းမ်ားကို လက္ခံရရွိၿပီးသည္ႏွင့္ ေဟာ္ညီအစ္ကိုက ယြမ့္ထန္းကို ကူညီကာ ရိုးရွင္းသည့္မီးဖိုကို ျပင္ဆင္ေပးသည္။ ၿဂိဳလ္နံပါတ္ ၁၉ မွ ေနထိုင္သူမ်ားကမူ အေဝးတြင္သာ ရွိေနၾကေသးသည္။ သူတို႔က အနီးမကပ္ရဲၾကေခ်။ အေဝးမွ လႈပ္ရွားမႈမ်ားကို ေစာင့္ၾကည့္ေနၾကသည္။ သူတို႔က စတင္ကာ လႈပ္လႈပ္ရွားရွား ျဖစ္လာၾကသည္။

သူတို႔လုပ္ေနတဲ့ပုံစံအရ တကယ္ႀကီးစားၾကေတာ့မွာလား။

ထိုမေကာင္းဆိုးဝါးမ်ားေၾကာင့္ သူတို႔၏ကိုယ္က ဒဏ္ရာေပါင္း ေျမာက္ျမားစြာ ျဖစ္ခဲ့သည့္ အေျခအေနကို ျပန္ေတြး႐ုံႏွင့္ပင္ ၿဂိဳလ္နံပါတ္ ၁၉ မွျပည္သူမ်ားအားလုံးက ေျခခ်င္းဝတ္က နာလာသလို ခံစားလိုက္ရသည္။

ေၾကာက္ဖို႔ ေကာင္းလြန္းတယ္၊ ဒီအေကာင္ေတြက စားလို႔မရေလာက္ဘူး၊ စားလိုက္မယ္ဆိုရင္ေတာင္မွ ေပါက္ကြဲသြားေလာက္ေအာင္ အရသာက ဆိုး႐ြားေနမွာ ေသခ်ာတယ္။
ေသခ်ာေပါက္ အဲ့ဒီလိုျဖစ္လိမ့္မယ္။

အဆင္သင့္ျဖစ္သည့္အခါ ယြမ့္ထန္းက တိုက္ရိုက္ထုတ္လႊင့္မႈကို စတင္သည္။

“ဟယ္လို အားလုံးပဲ ကိုယ္ကေတာ့ မင္းတို႔ရဲ႕ တင္ဆက္သူယြမ့္ထန္းပါ၊ ဒီေန႕ ကိုယ္က မင္းတို႔ကို ဂဏာန္းအစပ္၊ ခ်ိစ္ေက်ာက္ပုစြန္၊ ဂ်င္းပင္လယ္ကမာ၊ ေယာက္သြားကင္နဲ႕ ေရဘဝဲအႏွစ္တို႔ကို ခ်က္ျပမွာျဖစ္ပါတယ္”

[ေျမာင္ေျမာင္က တင္ဆက္သူခ်က္သမွ်ဟင္းလ်ာတိုင္းကိုႀကိဳက္တယ္ .. အား အား အား တင္ဆက္သူ တင္ဆက္သူ ေနာက္ဆုံးေတာ့ တိုက္ရိုက္ထုတ္လႊင့္ၿပီလား၊ တင္ဆက္သူကိုေပးဖို႔ သလင္းပန္းေတြ စုထားတာ ၾကာလွေနၿပီ၊ ၿဂိဳလ္နံပါတ္ ၁၉ မွာ မိုးျပင္းက်ေနတယ္လို႔ ၾကားတယ္၊ တင္ဆက္သူ အဆင္ေျပရဲ႕လား]

[ေအးစက္တဲ့ပ်ားရည္ .. ဟုတ္တယ္ ဟုတ္တယ္ အဲ့ဒီမွာ ေရမေကာင္းဆိုးဝါးေတြလည္း ရွိတယ္လို႔ၾကားတယ္၊ ဂ႐ုစိုက္ပါတင္ဆက္သူ]

[သစ္ပင္မဖက္ဘဲ မေနနိုင္ဘူး .. ေဟး ေနအုံး၊ ငါ ပါဝင္ပစၥည္းအသစ္တစ္မ်ိဳးကို ၾကားလိုက္သလိုပဲ]

[အိုင္ေဒါကိုကိုးကြယ္တဲ့ေရာဂါ .. ဘုရားေရ ဟင္းေတြမ်ားလိုက္တာ]

“ဟုတ္တယ္၊ ဒီေန႕ပါဝင္ပစၥည္းေတြ အမ်ားႀကီး ရွိေနပါတယ္”

သူက လွ်ို႔ဝွက္ဆန္းၾကယ္သလို ၿပဳံးေနသည္။

“ဆိုေတာ့ အရင္ဆုံး ဂဏာန္းအစပ္ကို လုပ္ရေအာင္”

.....

ဘာသာျပန္သူမွာ ေျပာစရာရွိပါတယ္

ေႂကြ႕ဆီ ယြမ့္ထန္း စာဖိုင္မရွိေတာ့လို႔ ေတာင္းထားတာ
ဟိုဘက္ကလည္း အလုပ္ေရာက္ေနတဲ့အခ်ိန္ ပို႔မရတာေရာ အိမ္ျပန္ေရာက္ရင္ မီးပ်က္တာေရာေၾကာင့္ ရက္ၾကာသြားတာ

ဒါေၾကာင့္ တင္မရတာရယ္

အခုက တစ္ပိုင္းကို အခုလိုအေၾကာင္းၾကားခ်င္လို႔ အရင္တင္တာပါ

ဖိုင္ထဲကယူရင္ စာခ်ဲရတာေရာ zawgyiဘာညာေရာေၾကာင့္ အခ်ိန္လိုလို႔ ညမွ ေအးေအးေဆးေဆး တင္မယ္ေနာ္..

ညက် အပိုင္း ၈၅ထိ တင္ေပးမွာမို႔ အားပါးတရ ဖတ္ရမွာပါ



















Ipagpatuloy ang Pagbabasa

Magugustuhan mo rin

519K 34.4K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
1M 54.1K 46
แ€กแ€™แ€ญแ€”แ€นแ‚”แ€…แ€Šแ€นแ€ธ+แ€žแ€แ€ผแ€•แ€นแ‚แ€ญแ€ฏแ€ธ ( แ‚แ€ฝแ€„แ€นแ€™แ‚ˆแ€”แ€นแ€ธแ€”แ€ถแ‚”แ€žแ€ฌ) แ€กแ€™แ€ญแ€”แ€ทแ€บแ€…แ€Šแ€บแ€ธ+แ€žแ€แ€ฝแ€•แ€บแ€›แ€ญแ€ฏแ€ธ ( แ€›แ€พแ€„แ€บแ€™แ€พแ€ฏแ€”แ€บแ€ธแ€”แ€ถแ€ทแ€žแ€ฌ) แ€แ€ผแ€„แ€นแ€ทแ€ปแ€•แ€ณแ€แ€บแ€€แ€นแ€™แ€›แ€•แ€ฒ แ€„แ€ซแ€ทแ€กแ€”แ€ฌแ€ธแ€€แ€‘แ€ผแ€€แ€นแ€แ€ผแ€ฌแ€แ€ผแ€„แ€นแ€ทแ€™แ€ปแ€•แ€ณแ€”แ€ญแ€„แ€นแ€˜แ€ฐแ€ธ แ€กแ€žแ€€แ€นแ€”แ€ฒแ‚”แ€แ‚แถแ€ฌแ€แ€Šแ€นแ€ปแ€™แ€ฒแ€ฑแ€”แ€ž...
187K 19.2K 115
แ€˜แ€ฌแ€žแ€ฌแ€•แ€ผแ€”แ€บแ€žแ€ฐ - แ€…แ€ฝแ€ฒแ€Šแ€ญแ€ฏแ€ทแ€กแ€žแ€„แ€บแ€ธ
922K 10.2K 100
แ€‘แ€ญแ€ฏแ€”แ€ฑแ€ทแ€Š แ€€ แ€™แ€พแ€ฌแ€ธแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ท แ€กแ€™แ€พแ€ฌแ€ธแ€แ€…แ€บแ€แ€ฏแ€€ แ€€แ€ปแ€ฝแ€”แ€บแ€™แ€˜แ€ แ€แ€…แ€บแ€แ€ฏแ€œแ€ฏแ€ถแ€ธแ€”แ€ฒแ€ท แ€•แ€แ€บแ€žแ€€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€œแ€ญแ€™แ€บแ€ทแ€™แ€šแ€บแ€œแ€ญแ€ฏแ€ท แ€™แ€‘แ€„แ€บแ€แ€ฒแ€ทแ€™แ€ญแ€˜แ€ฐแ€ธ....... แ€•แ€ผแ€ฎแ€ธแ€แ€ฑแ€ฌแ€ท แ€•แ€แ€บแ€žแ€แ€บแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€แ€šแ€บแ€ทแ€žแ€ฐแ€€ แ€˜แ€ฌแ€œแ€ญแ€ฏแ€ท แ€žแ€ฐแ€–แ€ผแ€…แ€บแ€”...