Second life ( အချို့သောချစ်ခြ...

By moetharchel

126K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 20
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 21

1.9K 233 19
By moetharchel

Unicode

မိုးပြာရောင်ဆွယ်တာလက်ရှည်နှင့်အညိုရင့်ရောင်ဘောင်းဘီရှည်ကိုဝတ်ဆင်ထားတဲ့အမျိုးသားတစ်ယောက်။ ဆေးရုံရဲ့လျှောက်လမ်းအတိုင်းလျှောက်လှမ်းလာတဲ့ထိုသူက လက်ထဲမှာတော့Aster( ကြယ်ပန်း ) ပန်းစည်းလေးကိုပွေ့ပိုက်ထားသည်။ တောက်ပလွန်းတဲ့အပြုံးတစ်ပွင့်နဲ့လေးထောင့်မကျတကျမျက်မှန်အောက်ကမျက်ဝန်းတွေကအေးချမ်းကာငေးကြည့်ချင်စရာကောင်းသလိုတည်ကြည်ရင့်ကျက်မှုတို့လည်းရောယှက်နေသေး၏။

"Hello Htal……How about today……"
( Helloထည်……ဒီနေ့ဘယ်လိုလဲ အဆင်ပြေရဲ့လား……)

"It's a very good day……Weather is so pleasant…and I'm going to see my butterfly……"
( ဒီနေ့ကနေလို့အရမ်းကောင်းတဲ့နေ့တစ်နေ့လေ……ရာသီဥတုကလည်းသာယာတယ်…ပြီးတော့ ငါ့ရဲ့လိပ်ပြာလေးကိုလည်းမြင်တွေ့ရတော့မယ်……)

[Author Note - ဒီနေရာမှာထည်ဝါကသဝဏ့်ကိုလိပ်ပြာလေးလို့သုံးနှုန်းသွားတာပါ။ ပြောချင်တာကတော့သူ့ရဲ့အချစ်ကလေးကိုပုံစံအသစ်နဲ့မြင်တွေ့ရတော့မယ်ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ]

လှမ်းနှုတ်ဆက်တဲ့counterဝန်ထမ်းမလေးကိုအပြုံးလေးတစ်ပွင့်နှင့်ခပ်သွက်သွက်နှုတ်ဆက်ကာတစ်နေရာဆီသို့ဦးတည်ကာထွက်သွာူတဲ့ထိုအမျိုးသားလေးကိုလူတစ်ချို့ကခပ်ငေးငေး။ သို့သော်ထိုအမျိုးသားလေးရဲ့နှလုံးသားထဲမှာမြတ်နိုးရာလူသားတစ်ယောက်ရှိနေသည်ဆိုတာကိုတော့နှလုံးသားပိုင်ရှင်ကိုယ်တိုင်မှလွဲ ဘယ်သူကသိနိုင်ပါ့မလဲလေ။

_____________________________________________

ဖုန်းscreenမှာပေါ်နေတဲ့ဓါတ်ပုံကိုသာစိုက်ကြည့်ရင်းမျက်နှာပေါ်ကိုခပ်ဖွဖွထိတွေ့မိတော့နူးညံ့နေတဲ့အသားအရည်အစားပတ်တီးဖြူဖြူတွေကိုသာစမ်းမိသည်။ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ပင့်သက်ကာပြုံးလိုက်ပြီးပြုံးပျော်နေပုံရတဲ့လူသုံးယောက်ရဲ့ဓါတ်ပုံဆီတစ်ဖန်အကြည့်ရောက်မိပြန်တယ်။

ဒီအတောအတွင်းဦးမှိုင်းညှို့ရွှေဘုံနဲ့ပက်သက်သမျှကိုတစ်ခုမကျန်စုံစမ်းနေခဲ့မိတာ။ စီးပွားရေးမှာအောင်မြင်နေတဲ့လက်တွဲဖော်နှစ်ဦး ၊  လူတကာအားကျရတဲ့LGBTစုံတွဲ ၊ ပျော်စရာကောင်းလွန်းတဲ့မိသားစု။
အဟား!……ခင်ဗျားတို့ကိုအမွှန်းတင်ထားတာတွေကသိပ်များလွန်းလို့ကျုပ်တောင်မမှတ်မိချင်တော့ဘူးပဲ။

ဦးမှိုင်းညှို့ရွှေဘုံရေ…ခင်ဗျားသိရဲ့လား……။
ခင်ဗျားပြောတဲ့အ,အကောင်ကအခုစကားပြောနိုင်နေပြီဆိုတာ။ ခက်ထန်ယစ်နဲ့တစ်ပုံစံတည်းတူနေတဲ့ဒီမျက်နှာကို ကျုပ်ကပြောင်းလဲပစ်လိုက်ပြီဆိုတာ။
သိပ်ချစ်ခဲ့မိလို့ထင်ပါရဲ့ ၊ အခုကျွန်တော်သိတာခင်ဗျားကိုသိပ်မုန်းတယ်။ အမှန်အတိုင်းပြောရရင် လွန်ခဲ့တဲ့လတွေတုန်းက ခင်ဗျားရဲ့ကြီးကျယ်ခမ်းနားလွန်းတဲ့မင်္ဂလာပွဲကြီးကိုမမြင်ရသေးခင်အထိတော့ ကျုပ်ခင်ဗျားအတွက်နဲ့မျက်ရည်ကျခဲ့မိသေးတာ။ ခင်ဗျားကြောင့်နဲ့နာကျင်မိခဲ့သေးတာ။ အခုတော့ကျုပ်နှလုံးသားကပဲထုံသွားတာလား ၊ ခင်ဗျားအတွက်မျက်ရည်မကျန်တော့တာပဲလားတော့မပြောတတ်ဘူး။ ဒါပေမယ့် ကျုပ်ကိုတစ်စက်လေးတောင်မချစ်ခဲ့ဘဲအသုံးချခဲ့တဲ့ခင်ဗျားအတွက် ထိုက်တန်တဲ့တုန့်ပြန်မှုတော့ပြန်ပေးရမှပေါ့……ဟုတ်တယ်မဟုတ်လား။

"ခဏနေရင်ပဲပတ်တီးဖြေရတော့မှာကို…ဖုန်းပဲကြည့်နေရသလားကောင်လေးရဲ့……"

ထည်ဝါတစ်ယောက်အဖြူရောင်တံခါးကိုဆွဲဖွင့်လိုက်မိသည်နှင့်မြင်တွေ့လိုက်ရတာကကုတင်ပေါ်မှာထိုင်ရင်းဖုန်းကိုပဲအာရုံတစိုက်ကြည့်နေတဲ့ကောင်လေး။ ဒီအတောအတွင်းမှာပဲလည်ချောင်းခွဲစိတ်မှုရောမျက်နှာခွဲစိတ်မှုပါတစ်ခါတည်းလုပ်ထားတာကြောင့်နည်းနည်းတော့စိုးရိမ်မိပေမယ့်ကောင်လေးကတော့အဆင်ပြေနေတယ်ထင်ပါရဲ့။ သူရောက်နေတာကိုတောင်မသိဘဲဖုန်းscreenပေါ်ပဲအကြည့်ရောက်နေတဲ့ကောင်လေးကမျက်နှာတစ်ခုလုံးမှာပတ်တီးဖြူဖြူတွေနဲ့လွှမ်းအုပ်ထားပေမယ့်လို့ ကျွန်တော့်အတွက်တော့တစ်မျိုးချစ်ဖို့ကောင်းနေပြန်တာပါပဲ။

ပန်းစည်းကိုစားပွဲပေါ်တင်ရင်းပြောမိတော့ကောင်လေးကတစ်ချက်သာမော့ကြည့်လာသည်။ ခဏအကြာမှ

"ကျွန်တော်သိထားသင့်တာလေးတွေရှိလို့ပါ……"

ခပ်တိုးတိုးစကားသံကြောင့်ထည်ဝါပြုံးလိုက်မိတယ်။ ကောင်လေးရဲ့အသံကတကယ်နားထောင်လို့ကောင်းတာပင်။  နှစ်တွေအကြာကြီးနေမှစကားပြန်ပြောလို့ရတာမို့ကောင်လေးကစကားပြောဖို့တုံ့နှေးနေတာကိုထည်ဝါနားလည်တာပေါ့။ တကယ်တော့ဒီကိစ္စမှမဟုတ်ဘူး……တခြားဘယ်အရာတွေပဲဖြစ်ဖြစ် သူကကောင်လေးကိုနားလည်ပြီးသား……။

"Hello……"

"Hey……"

အခန်းထဲဝင်လာတဲ့လူတစ်ချို့နဲ့အပြန်အလှန်နှုတ်ဆက်ပြီးစကားပြောဆိုနေကြတဲ့ဒေါက်တာ။ ဘာတွေပြောနေလဲတော့နားမလည်ပေမယ့် ဒေါက်တာ့ကိုသာငေးကြည့်နေလိုက်တော့သည်။ ဒေါက်တာကenglishလိုကောင်းကောင်းပြောတတ်တာပဲ……။

ခဏနေတော့ဒေါက်တာကသူ့ကိုတစ်ချက်ပြန်ငေးကြည့်ကာပြုံးပြလာသည်။ ပြီးမှအနားကိုတိုးကပ်လာပြီးခပ်တိုးတိုးပြောသွားသေးတာက

' ကောင်လေးကချောပြီးသားမို့အရမ်းစိတ်မလှုပ်ရှားနဲ့နော်…… '  တဲ့။

သိပ်မကြာခင်မှာခပ်အေးအေးဖြစ်သွားတဲ့ခံစားချက်ကြောင့်ပတ်တီးအကုန်ဖြေပြီးပြီမှန်းသိလိုက်ပေမယ့်ရှေ့ရောက်လာတဲ့မှန်တစ်ချပ်အစားမျက်လုံးအဝိုင်းသားလေးနှင့်ငေးကြည့်နေတဲ့ဒေါက်တာ့ကိုသာအရင်အကြည့်ရောက်မိသည်။ ပြီးမှလက်ထဲကမှန်ဆီအကြည့်လွှဲမိတော့မှန်ထဲမှာမြင်လိုက်ရတဲ့ပုံရိပ်ကကျွန်တော့်ရဲ့မျက်နှာပါတဲ့လေ။ ဒီမှန်ထဲမှာရှိနေတဲ့လူက တစ်ချိန်ကမျက်နှာနဲ့ဆန့်ကျင်စွာတည်ရှိလွန်းတာကြောင့်ကိုယ်တိုင်မြင်နေရတာသာမဟုတ်ရင်ဘယ်လိုမှယုံနိုင်မှာမဟုတ်ဘူး။ သေချာပေါက်တခြားတစ်ယောက်လို့တောင်ထင်မိမှာအမှန်ပဲ။

"အဟက်!……"

ဟက်ခနဲရယ်မိတော့မှန်ထဲကပုံရိပ်မှာထင်ဟပ်လာတဲ့ ပါးချိုင့်နှစ်ဖက်ကV shapeပုံမျက်နှာကျမှာအထင်းသား။ ဒီလောက်ဆိုရပြီ……ဒီလိုပုံစံနဲ့ဆိုရင် ခင်ဗျားနဲ့ခင်ဗျားချစ်လှပါချည်ရဲ့ဆိုတဲ့လင်ကိုအမျိုးဖြုတ်ဖို့လုံလောက်ပြီ။

"ကျွန်တော်ဆံပင်ညှပ်ချင်တယ်ဒေါက်တာ……"

ဘေးမှာရပ်ပြီးကိုယ့်ကိုအငေးကြီးငေးနေတဲ့ဒေါက်တာကစိုက်ကြည့်ကာပြောလိုက်တော့ တင်းအင်းအင်း တအမ်းအမ်းနဲ့ဖြစ်နေတာကိုကအခုမှသတိပြန်ဝင်လာပုံ။ ခေါင်းအသာညိတ်ပြပြီးတခြားသူတွေနဲ့ဒေါက်တာတစ်ယောက်ဘာတွေဆက်ပြောနေမှန်းနားမလည်ပေမယ့်ကျွန်တော်ကတော့ပြင်ဆင်စရာရှိသမျှပြင်ဆင်ရအုံးမည်။

အစကဖြည့်တွေးပေးခဲ့သေးတယ် အစ်ကို……။
သိပ်ချစ်ခဲ့လွန်းလို့ အပြစ်မမြင်မိခဲ့သေးဘူး။
အဟက်!……ဒါပေမယ့် ကျွန်တော့်ကိုသတ်ပြီးခင်ဗျားနဲ့ခက်ထန်ယစ်ကနောင်တမရတဲ့အပြင် အေးအေးဆေးဆေးမိသားစုဘဝလေးတည်ထောင်နေသေးတယ်ပေါ့လေ။ စောင့်ကြည့်လိုက်ပါ……ခင်ဗျားရဲ့ပျော်စရာကောင်းတဲ့မိသားစုဘဝလေးကဘယ်နှနှစ်ခံမလဲဆိုတာကိုပေါ့။

_____________________________________________

ကောင်လေးအလိုကျအတိုင်းဆံပင်ညှပ်ဆိုင်တစ်ခုဆီခေါ်သွားပေးလိုက်တော့ ကျောပြင်အထိရှည်နေတဲ့ဆံပင်ကိုဂုတ်ထောက်ခပ်ရှည်ရှည်ဆံပင်ဒီဇိုင်းရွေးညှပ်သည်။ အရင်လိုခပ်အုပ်အုပ်ဆံပင်တိုလေးမဟုတ်တော့တာကိုနှမျောမိပေမယ့်လို့ ကောင်လေးဆန္ဒအရမို့ဘာမှမပြောရဲ။
တကယ်ဆိုအရင်ပုံစံလေးကမှပိုပြီးချစ်စရာကောင်းတာကို……။

တကယ်တော့…ကောင်လေးကတစ်မျိုးကံကောင်းတာပါပဲ။ ဦးမင်းရဝဏ်ကသူ့သမီးနဲ့သမက်ကိုသဘောမတူလို့ပစ်ထားတယ်ဆိုပေမယ့် မြေးကိုတော့အတော်လေးချစ်ရှာတာ။ ကောင်လေးဒီကိုစရောက်ရောက်ချင်းကဆိုဦးမင်းရဝဏ်တစ်ယောက်ရောဂါတွေလည်းမေ့ ၊ သူ့မြေးနဲ့ပြုံးပျော်နေလိုက်ကြတာများ ဘေးမှာရှိနေပေးတဲ့ဒေါက်တာကိုတောင်ကျန်းမာရေးကောင်းနေလို့ကုပေးစရာမလိုတော့ဘူးလို့ပြောလိုက်သေးတယ်။

အိမ်း……နောက်ဆိုရင်ကိုယ့်ကလေးကလည်းလူငယ်high bossတစ်ယောက်ဖြစ်လာတော့မှာပဲ။ သူ့မြေးကိုသဲသဲလှုပ်အောင်ချစ်နေတဲ့ဦးမင်းရဝဏ်ကပိုင်ဆိုင်သမျှတွေအကုန်လုံးကိုကောင်လေးဆီလွှဲပေးထားပြီးပြီမဟုတ်လား။ အဲ့ဒီ့အခါကျရင်ကိုယ့်ကလေးလေးကိုကောင်မလေးတွေဝိုင်းနေကြတော့မှာသေချာတယ်။

"ဒေါက်တာ……"

ရုတ်တရက်ကြားလိုက်ရတဲ့အသံကြောင့်အသံလာရာကြည့်မိတော့တွေ့လိုက်ရတာကမီးခိုးရင့်ရောင်ဆံပင်တွေနဲ့ခန့်ညားလွန်းနေတဲ့ကောင်လေး။

"အရောင်ပါဆိုးလိုက်တာလား……"

"အင်း……ဒီအရောင်သဘောကျလို့……"

ထည်ဝါ့အမေးကိုဖြေရင်းပုံကျနေတဲ့ဆံပင်တွေကိုတစ်ချက်သပ်တင်လိုက်ပုံကတကယ့်ကိုsmartကျနေပြန်တာပင်။ အရင်နဲ့မတူတဲ့အကြည့်တွေကတည်ကြည်ပြီးညှို့အားပြင်းလွန်းတာမို့ချက်ချင်းပင်ချစ်သူတော်ပစ်ချင်စရာကောင်းသည်။

"ကျွန်တော့်ကိုenglishစာသင်ပေးဒေါက်တာ……"

အခုမှဆံပင်ညှပ်ပြီးပြန်လာတာကိုချက်ချင်းenglishစာသင်ခိုင်းနေပြန်တဲ့ကောင်လေးကြောင့်ထည်ဝါအံ့သြမိတာတော့အမှန်။
ဒီကလေးအနားယူသင့်သေးတာကိုကွာ……။

"ပြီးတော့…ကျွန်တော်………"

"အင်း…ပြီးတော့ကိုယ့်ကောင်လေးကဘာဖြစ်ချင်သေးလဲ……"

မတ်တပ်ထရပ်ကာအနားပိုတိုးကပ်ပြီးကောင်လေးစကားမဆုံးခင်ဖြတ်ပြောလိုက်တော့ခပ်ပြုံးပြုံးဖြစ်သွားတဲ့နှုတ်ခမ်းပါးလေး။ မျက်ခုံးအသာပင့်ပြမိတော့ ပါးချိုင့်ပါတဲ့အပြုံးတစ်ပွင့်ကထင်ရှားလို့လာတယ်။

ဘာတွေပဲဖြစ်ဖြစ်ပါကောင်လေး……မင်းဆန္ဒမှန်သမျှကိုယ်ကဖြည့်ဆည်းပေးမှာမို့……။

_____________________________________________

လက်ရှိအချိန်ကာလ……

**************************************************

"ကိုကို ရော့……"

ပြောပြောဆိုဆိုနှင့်စက္ကူလေယာဉ်ပျံလေးကိုလက်ထဲထည့်ပေးလာတဲ့သား။ မျက်လုံးဝိုင်းလေးတွေနဲ့ကြည့်နေပုံကတကယ့်ချစ်စရာလေးပင်။ သားရဲ့ဆံပင်လေးတွေကိုဖိသပ်ပေးရင်းပြုံးပြမိတော့ သွားတန်းလေးတွေပေါ်သည်အထိရယ်ပြလာသည်။

"ကိုကိုသဘောကျလား……"

"ဒါပေါ့ဗျာ…သဘောကျတာပေါ့……"

"ကိုကိုကလေ…သားသားဒယ်ဒီနဲ့တူတယ်……"

ရုတ်တရက်ကြားလိုက်ရတဲ့စကားကြောင့်လှုပ်ရှားမှုတွေအကုန်ရပ်တန့်သွားမိသည်။
သားကဘာကိုပြောချင်တာပါလိမ့်……။
' သားများသိသွားပြီလား…… '  ဆိုတဲ့စိတ်ကြောင့်စိုးရိမ်လာမိတဲ့စိတ်ကိုလျှော့ချပြီးမပီမသအပြုံးတစ်ပွင့်သာပြုံးကာ

"သားသားဒယ်ဒီဦးခက်ထန်ယစ်နဲ့ကိုကိုကဘယ်နေရာများတူလို့လဲ……ရုပ်ချင်းရော ပုံစံချင်းရောတခြားစီပဲလေသားသားရဲ့……"

သူပြောတော့ သားကမျက်နှာလေးစူပုတ်ကာချက်ချင်းဆိုသလိုခေါင်းတွင်တွင်ခါပြသည်။

"အဲ့ဒါသားသားဒယ်ဒီမဟုတ်ဘူး……"

"ဟင်……"

အံ့သြသွားမိတဲ့မျက်နှာထားကိုသားကတွေ့လိုက်တယ်ထင်ပါရဲ့ ၊ ခေါင်းလေးညိတ်ပြပြီးယုန်ရုပ်ပုံပါတဲ့လွယ်အိတ်လေးထဲကနေစာအုပ်တစ်အုပ်ကိုထုတ်ပြလာသည်။ သဝဏ့်ဆီစာအုပ်လေးကိုကမ်းပေးလာတာကြောင့်ယူလိုက်မိပေမယ့်ဘာမှန်းတော့နားမလည်မိသေး။ Tom and Jerryပုံနဲ့စာအုပ်ခပ်ညစ်ညစ်ခပ်နွမ်းနွမ်းလေးကနှစ်တွေကြာနေခဲ့ပြီဖြစ်ကြောင်းသက်သေပြနေသလိုပင်။

"ဒီမှာကြည့်……"

စာအုပ်ကိုငေးသာငေးကြည့်နေမိတာကြောင့်သားကစာရွက်လေးတွေကိုနေရာတစ်ခုအထိလှန်ပေးလာသည်။ လက်ညှိုးသေးသေးလေးနဲ့ညွှန်ပြနေတဲ့စာမျက်နှာကိုကြည့်လိုက်တော့ ဒီနှစ်တွေအတွင်းမကျဆင်းခဲ့တာကြာပြီဖြစ်တဲ့မျက်ရည်စတွေကဝေ့ဝဲတက်လာမိတော့တယ်။

"ဒါကသားသားဒယ်ဒီနာမည်လေ…မြတ်သဝဏ်တဲ့……ဒယ်ဒီကကိုကို့လိုပဲအရမ်းချောတာ…အရမ်းလည်းသဘောကောင်းတယ်……ဒါပေမယ့် အဟင့်…အခုတော့ဒယ်ဒီကမရှိတော့ဘူး……သားသားဆီလည်းပြန်မလာဘူး  ဒီတစ်ခါဒယ်ဒီအလုပ်သွားတာအရမ်းကြာတာပဲကိုကိုရာ……"

မျက်ရည်စတွေနှင့်တစ်ချက်တစ်ချက်ရှိုက်ရင်းပြောလာတဲ့သားကိုခပ်တင်းတင်းပွေ့ဖက်ထားပေးမိတော့ သားကိုရှိုက်ကြီးတငင်ကိုငိုချလာသည်။
သားကအခုအချိန်အထိသဝဏ့်ကိုသူ့ဒယ်ဒီလိုသတ်မှတ်နေသေးတယ်တဲ့လေ……။





#################################

ကျွန်တော့်ရဲ့second life ficsလေးကိုဖတ်ရှုပေးတာရော ၊ သဘောကျပေးတာရောအတွက်တကယ်ပဲကျေးဇူးတင်ပါတယ်ဗျ။ ဒါပေမယ့်updateတောင်းတဲ့အခါမှာတော့စကားလုံးရိုင်းရိုင်းတွေနဲ့လာမတောင်းဖို့မေတ္တာရပ်ခံပါတယ်။ ဆဲတာတွေ ၊ ခပ်ရိုင်းရိုင်းပြောတာတွေတော့ကျွန်တော့်ဘက်ကလုံးဝသည်းမခံနိုင်ပါဘူး။ အဲ့ဒီ့လိုအချိန်ဆိုရင်သေချာပေါက်blockမှာပါ။ ကျွန်တော့်ဘက်ကလည်းpersonalကိစ္စလေးတွေရိသေးတဲ့အတွက် စာရေးရင်ညနက်ပါတယ်ဗျ။ ကျွန်တော်လည်းလူပဲမို့တစ်ခါတစ်လေဆိုပင်ပန်းပြီးနေမကောင်းတာလေးတွေလည်းရှိပါတယ်။ ဒါပေမယ့်ဘာပဲဖြစ်ဖြစ်နေမကောင်းမသက်သာရင်တောင်ရအောင်တော့ရေးပေးပါသေးတယ်။ ကျွန်တော့်ဘက်ကreaderတွေအပေါ်မချေမငံဆက်ဆံတာမျိုးမရှိဘူးဆိုတာတော်တော်များများလည်းသိကြမှာပါ။ ဒီတော့ ကျွန်တော့်ကိုလည်းupdateတောင်းတဲ့အခါဆဲတာတို့ ၊ ရိုင်းရိုင်းစိုင်းစိုင်းပြောဆိုတာတို့မလုပ်ကြပါနဲ့။ ကျွန်တော်အဲ့ဒီ့လောက်အထိတော့သည်းမခံနိုင်တော့ပါဘူး။
မနေ့ကလာဆဲတဲ့တစ်ယောက်နဲ့ စကားလုံးရိုင်းရိုင်းတွေသုံးသွားတဲ့တစ်ယောက်ကိုအခုblockပစ်လိုက်ပါပြီ။ တခြားမျှော်နေပေးကြတဲ့readerလေးတွေအတွက်တော့ကျွန်တော့်ရဲ့စိတ်အဆင်မပြေမှုကြောင့်updateနောက်ကျသွားတဲ့အတွက်စိတ်မကောင်းပါဘူး။ ကဲ……ကျွန်တော်ပြောချင်တာဒီလောက်ပါပဲ။
Have a nice day to all my reader……

Zawgyi

မိုးျပာေရာင္ဆြယ္တာလက္ရွည္ႏွင့္အညိဳရင့္ေရာင္ေဘာင္းဘီရွည္ကိုဝတ္ဆင္ထားတဲ႕အမ်ိဳးသားတစ္ေယာက္။ ေဆးရံုရဲ႕ေလွ်ာက္လမ္းအတိုင္းေလွ်ာက္လွမ္းလာတဲ႕ထိုသူက လက္ထဲမွာေတာ့Aster( ၾကယ္ပန္း ) ပန္းစည္းေလးကိုေပြ႕ပိုက္ထားသည္။ ေတာက္ပလြန္းတဲ႕အျပံဳးတစ္ပြင့္နဲ႕ေလးေထာင့္မက်တက်မ်က္မွန္ေအာက္ကမ်က္ဝန္းေတြကေအးခ်မ္းကာေငးၾကည့္ခ်င္စရာေကာင္းသလိုတည္ၾကည္ရင့္က်က္မွဳတို႕လည္းေရာယွက္ေနေသး၏။

"Hello Htal……How about today……"
( Helloထည္……ဒီေန႕ဘယ္လိုလဲ အဆင္ေျပရဲ႕လား……)

"It's a very good day……Weather is so pleasant…and I'm going to see my butterfly……"
( ဒီေန႕ကေနလို႕အရမ္းေကာင္းတဲ႕ေန႕တစ္ေန႕ေလ……ရာသီဥတုကလည္းသာယာတယ္…ျပီးေတာ့ ငါ့ရဲ႕လိပ္ျပာေလးကိုလည္းျမင္ေတြ႕ရေတာ့မယ္……)

[Author Note - ဒီေနရာမွာထည္ဝါကသဝဏ့္ကိုလိပ္ျပာေလးလို႕သံုးနွဳန္းသြားတာပါ။ ေျပာခ်င္တာကေတာ့သူ႕ရဲ႕အခ်စ္ကေလးကိုပံုစံအသစ္နဲ႕ျမင္ေတြ႕ရေတာ့မယ္ဆိုတဲ႕အဓိပၸါယ္ေပါ့။ ]

လွမ္းႏွဳတ္ဆက္တဲ႕counterဝန္ထမ္းမေလးကိုအျပံဳးေလးတစ္ပြင့္ႏွင့္ခပ္သြက္သြက္နွဳတ္ဆက္ကာတစ္ေနရာဆီသို႕ဦးတည္ကာထြက္သြာူတဲ႕ထိုအမ်ိဳးသားေလးကိုလူတစ္ခ်ိဳ႕ကခပ္ေငးေငး။ သို႕ေသာ္ထိုအမ်ိဳးသားေလးရဲ႕ႏွလံုးသားထဲမွာျမတ္နိုးရာလူသားတစ္ေယာက္ရွိေနသည္ဆိုတာကိုေတာ့နွလံုးသားပိုင္ရွင္ကိုယ္တိုင္မွလြဲ ဘယ္သူကသိနိုင္ပါ့မလဲေလ။

_____________________________________________

ဖုန္းscreenမွာေပၚေနတဲ႕ဓါတ္ပံုကိုသာစိုက္ၾကည့္ရင္းမ်က္နွာေပၚကိုခပ္ဖြဖြထိေတြ႕မိေတာ့ႏူးညံ႕ေနတဲ႕အသားအရည္အစားပတ္တီးျဖဴျဖဴေတြကိုသာစမ္းမိသည္။ ႏွဳတ္ခမ္းေထာင့္စြန္းတစ္ဖက္ပင့္သက္ကာျပံဳးလိုက္ျပီးျပံဳးေပ်ာ္ေနပံုရတဲ႕လူသံုးေယာက္ရဲ႕ဓါတ္ပံုဆီတစ္ဖန္အၾကည့္ေရာက္မိျပန္တယ္။

ဒီအေတာအတြင္းဦးမွိဳင္းညိွဳ႕ေရႊဘံုနဲ႕ပက္သက္သမွ်ကိုတစ္ခုမက်န္စံုစမ္းေနခဲ႕မိတာ။ စီးပြားေရးမွာေအာင္ျမင္ေနတဲ႕လက္တြဲေဖာ္ႏွစ္ဦး ၊  လူတကာအားက်ရတဲ႕LGBTစံုတြဲ ၊ ေပ်ာ္စရာေကာင္းလြန္းတဲ႔မိသားစု။
အဟား!……ခင္ဗ်ားတို႕ကိုအမႊန္းတင္ထားတာေတြကသိပ္မ်ားလြန္းလို႕က်ဳပ္ေတာင္မမွတ္မိခ်င္ေတာ့ဘူးပဲ။

ဦးမွိဳင္းညိွဳ႕ေရႊဘံုေရ…ခင္ဗ်ားသိရဲ႕လား……။
ခင္ဗ်ားေျပာတဲ႕အ,အေကာင္ကအခုစကားေျပာနိုင္ေနျပီဆိုတာ။ ခက္ထန္ယစ္နဲ႕တစ္ပံုစံတည္းတူေနတဲ႕ဒီမ်က္ႏွာကို က်ဳပ္ကေျပာင္းလဲပစ္လိုက္ျပီဆိုတာ။
သိပ္ခ်စ္ခဲ႕မိလို႕ထင္ပါရဲ႕ ၊ အခုကြ်န္ေတာ္သိတာခင္ဗ်ားကိုသိပ္မုန္းတယ္။ အမွန္အတိုင္းေျပာရရင္ လြန္ခဲ႕တဲ႕လေတြတုန္းက ခင္ဗ်ားရဲ႕ၾကီးက်ယ္ခမ္းနားလြန္းတဲ႕မဂၤလာပြဲၾကီးကိုမျမင္ရေသးခင္အထိေတာ့ က်ဳပ္ခင္ဗ်ားအတြက္နဲ႕မ်က္ရည္က်ခဲ႕မိေသးတာ။ ခင္ဗ်ားေၾကာင့္နဲ႕နာက်င္မိခဲ႕ေသးတာ။ အခုေတာ့က်ဳပ္ႏွလံုးသားကပဲထံုသြားတာလား ၊ ခင္ဗ်ားအတြက္မ်က္ရည္မက်န္ေတာ့တာပဲလားေတာ့မေျပာတတ္ဘူး။ ဒါေပမယ့္ က်ဳပ္ကိုတစ္စက္ေလးေတာင္မခ်စ္ခဲ႕ဘဲအသံုးခ်ခဲ႕တဲ႕ခင္ဗ်ားအတြက္ ထိုက္တန္တဲ႕တုန္႕ျပန္မွဳေတာ့ျပန္ေပးရမွေပါ့……ဟုတ္တယ္မဟုတ္လား။

"ခဏေနရင္ပဲပတ္တီးေျဖရေတာ့မွာကို…ဖုန္းပဲၾကည့္ေနရသလားေကာင္ေလးရဲ႕……"

ထည္ဝါတစ္ေယာက္အျဖဴေရာင္တံခါးကိုဆြဲဖြင့္လိုက္မိသည္ႏွင့္ျမင္ေတြ႕လိုက္ရတာကကုတင္ေပၚမွာထိုင္ရင္းဖုန္းကိုပဲအာရံုတစိုက္ၾကည့္ေနတဲ႕ေကာင္ေလး။ ဒီအေတာအတြင္းမွာပဲလည္ေခ်ာင္းခြဲစိတ္မွဳေရာမ်က္ႏွာခြဲစိတ္မွဳပါတစ္ခါတည္းလုပ္ထားတာေၾကာင့္နည္းနည္းေတာ့စိုးရိမ္မိေပမယ့္ေကာင္ေလးကေတာ့အဆင္ေျပေနတယ္ထင္ပါရဲ႕။ သူေရာက္ေနတာကိုေတာင္မသိဘဲဖုန္းscreenေပၚပဲအၾကည့္ေရာက္ေနတဲ႕ေကာင္ေလးကမ်က္နွာတစ္ခုလံုးမွာပတ္တီးျဖဴျဖဴေတြနဲ႕လႊမ္းအုပ္ထားေပမယ့္လို႕ ကြ်န္ေတာ့္အတြက္ေတာ့တစ္မ်ိဳးခ်စ္ဖို႕ေကာင္းေနျပန္တာပါပဲ။

ပန္းစည္းကိုစားပြဲေပၚတင္ရင္းေျပာမိေတာ့ေကာင္ေလးကတစ္ခ်က္သာေမာ့ၾကည့္လာသည္။ ခဏအၾကာမွ

"ကြ်န္ေတာ္သိထားသင့္တာေလးေတြရွိလို႕ပါ……"

ခပ္တိုးတိုးစကားသံေၾကာင့္ထည္ဝါျပံဳးလိုက္မိတယ္။ ေကာင္ေလးရဲ႕အသံကတကယ္နားေထာင္လို႕ေကာင္းတာပင္။  ႏွစ္ေတြအၾကာၾကီးေနမွစကားျပန္ေျပာလို႕ရတာမို႕ေကာင္ေလးကစကားေျပာဖို႕တံု႕ေႏွးေနတာကိုထည္ဝါနားလည္တာေပါ့။ တကယ္ေတာ့ဒီကိစၥမွမဟုတ္ဘူး……တျခားဘယ္အရာေတြပဲျဖစ္ျဖစ္ သူကေကာင္ေလးကိုနားလည္ျပီးသား……။

"Hello……"

"Hey……"

အခန္းထဲဝင္လာတဲ႕လူတစ္ခ်ိဳ႕နဲ႔အျပန္အလွန္နွဳတ္ဆက္ျပီးစကားေျပာဆိုေနၾကတဲ႕ေဒါက္တာ။ ဘာေတြေျပာေနလဲေတာ့နားမလည္ေပမယ့္ ေဒါက္တာ့ကိုသာေငးၾကည့္ေနလိုက္ေတာ့သည္။ ေဒါက္တာကenglishလိုေကာင္းေကာင္းေျပာတတ္တာပဲ……။

ခဏေနေတာ့ေဒါက္တာကသူ႕ကိုတစ္ခ်က္ျပန္ေငးၾကည့္ကာျပံဳးျပလာသည္။ ျပီးမွအနားကိုတိုးကပ္လာျပီးခပ္တိုးတိုးေျပာသြားေသးတာက

' ေကာင္ေလးကေခ်ာျပီးသားမို႕အရမ္းစိတ္မလွဳပ္ရွားနဲ႕ေနာ္…… '  တဲ႕။

သိပ္မၾကာခင္မွာခပ္ေအးေအးျဖစ္သြားတဲ႕ခံစားခ်က္ေၾကာင့္ပတ္တီးအကုန္ေျဖျပီးျပီမွန္းသိလိုက္ေပမယ့္ေရွ႕ေရာက္လာတဲ႕မွန္တစ္ခ်ပ္အစားမ်က္လံုးအဝိုင္းသားေလးႏွင့္ေငးၾကည့္ေနတဲ႕ေဒါက္တာ့ကိုသာအရင္အၾကည့္ေရာက္မိသည္။ ျပီးမွလက္ထဲကမွန္ဆီအၾကည့္လႊဲမိေတာ့မွန္ထဲမွာျမင္လိုက္ရတဲ႕ပံုရိပ္ကကြ်န္ေတာ့္ရဲ႕မ်က္ႏွာပါတဲ႕ေလ။ ဒီမွန္ထဲမွာရွိေနတဲ႕လူက တစ္ခ်ိန္ကမ်က္ႏွာနဲ႕ဆန္႕က်င္စြာတည္ရွိလြန္းတာေၾကာင့္ကိုယ္တိုင္ျမင္ေနရတာသာမဟုတ္ရင္ဘယ္လိုမွယံုနိုင္မွာမဟုတ္ဘူး။ ေသခ်ာေပါက္တျခားတစ္ေယာက္လို႕ေတာင္ထင္မိမွာအမွန္ပဲ။

"အဟက္!……"

ဟက္ခနဲရယ္မိေတာ့မွန္ထဲကပံုရိပ္မွာထင္ဟပ္လာတဲ႕ ပါးခ်ိဳင့္ႏွစ္ဖက္ကV shapeပံုမ်က္ႏွာက်မွာအထင္းသား။ ဒီေလာက္ဆိုရျပီ……ဒီလိုပံုစံနဲ႕ဆိုရင္ ခင္ဗ်ားနဲ႕ခင္ဗ်ားခ်စ္လွပါခ်ည္ရဲ႕ဆိုတဲ႕လင္ကိုအမ်ိဳးျဖဳတ္ဖို႕လံုေလာက္ျပီ။

"ကြ်န္ေတာ္ဆံပင္ညွပ္ခ်င္တယ္ေဒါက္တာ……"

ေဘးမွာရပ္ျပီးကိုယ့္ကိုအေငးၾကီးေငးေနတဲ႕ေဒါက္တာကစိုက္ၾကည့္ကာေျပာလိုက္ေတာ့ တင္းအင္းအင္း တအမ္းအမ္းနဲ႕ျဖစ္ေနတာကိုကအခုမွသတိျပန္ဝင္လာပံု။ ေခါင္းအသာညိတ္ျပျပီးတျခားသူေတြနဲ႕ေဒါက္တာတစ္ေယာက္ဘာေတြဆက္ေျပာေနမွန္းနားမလည္ေပမယ့္ကြ်န္ေတာ္ကေတာ့ျပင္ဆင္စရာရွိသမွ်ျပင္ဆင္ရအံုးမည္။

အစကျဖည့္ေတြးေပးခဲ႕ေသးတယ္ အစ္ကို……။
သိပ္ခ်စ္ခဲ႕လြန္းလို႕ အျပစ္မျမင္မိခဲ႕ေသးဘူး။
အဟက္!……ဒါေပမယ့္ ကြ်န္ေတာ့္ကိုသတ္ျပီးခင္ဗ်ားနဲ႔ခက္ထန္ယစ္ကေနာင္တမရတဲ႕အျပင္ ေအးေအးေဆးေဆးမိသားစုဘဝေလးတည္ေထာင္ေနေသးတယ္ေပါ့ေလ။ ေစာင့္ၾကည့္လိုက္ပါ……ခင္ဗ်ားရဲ႕ေပ်ာ္စရာေကာင္းတဲ႕မိသားစုဘဝေလးကဘယ္ႏွႏွစ္ခံမလဲဆိုတာကိုေပါ့။

_____________________________________________

ေကာင္ေလးအလိုက်အတိုင္းဆံပင္ညွပ္ဆိုင္တစ္ခုဆီေခၚသြားေပးလိုက္ေတာ့ ေက်ာျပင္အထိရွည္ေနတဲ႕ဆံပင္ကိုဂုတ္ေထာက္ခပ္ရွည္ရွည္ဆံပင္ဒီဇိုင္းေရြးညွပ္သည္။ အရင္လိုခပ္အုပ္အုပ္ဆံပင္တိုေလးမဟုတ္ေတာ့တာကိုနွေမ်ာမိေပမယ့္လို႕ ေကာင္ေလးဆႏၵအရမို႕ဘာမွမေျပာရဲ။
တကယ္ဆိုအရင္ပံုစံေလးကမွပိုျပီးခ်စ္စရာေကာင္းတာကို……။

တကယ္ေတာ့…ေကာင္ေလးကတစ္မ်ိဳးကံေကာင္းတာပါပဲ။ ဦးမင္းရဝဏ္ကသူ႕သမီးနဲ႕သမက္ကိုသေဘာမတူလို႕ပစ္ထားတယ္ဆိုေပမယ့္ ေျမးကိုေတာ့အေတာ္ေလးခ်စ္ရွာတာ။ ေကာင္ေလးဒီကိုစေရာက္ေရာက္ခ်င္းကဆိုဦးမင္းရဝဏ္တစ္ေယာက္ေရာဂါေတြလည္းေမ့ ၊ သူ႕ေျမးနဲ႕ျပံဳးေပ်ာ္ေနလိုက္ၾကတာမ်ား ေဘးမွာရွိေနေပးတဲ႕ေဒါက္တာကိုေတာင္က်န္းမာေရးေကာင္းေနလို႕ကုေပးစရာမလိုေတာ့ဘူးလို႕ေျပာလိုက္ေသးတယ္။

အိမ္း……ေနာက္ဆိုရင္ကိုယ့္ကေလးကလည္းလူငယ္high bossတစ္ေယာက္ျဖစ္လာေတာ့မွာပဲ။ သူ႕ေျမးကိုသဲသဲလွဳပ္ေအာင္ခ်စ္ေနတဲ႕ဦးမင္းရဝဏ္ကပိုင္ဆိုင္သမွ်ေတြအကုန္လံုးကိုေကာင္ေလးဆီလႊဲေပးထားျပီးျပီမဟုတ္လား။ အဲ႕ဒီ႕အခါက်ရင္ကိုယ့္ကေလးေလးကိုေကာင္မေလးေတြဝိုင္းေနၾကေတာ့မွာေသခ်ာတယ္။

"ေဒါက္တာ……"

ရုတ္တရက္ၾကားလိုက္ရတဲ႕အသံေၾကာင့္အသံလာရာၾကည့္မိေတာ့ေတြ႕လိုက္ရတာကမီးခိုးရင့္ေရာင္ဆံပင္ေတြနဲ႕ခန္႕ညားလြန္းေနတဲ႕ေကာင္ေလး။

"အေရာင္ပါဆိုးလိုက္တာလား……"

"အင္း……ဒီအေရာင္သေဘာက်လို႕……"

ထည္ဝါ့အေမးကိုေျဖရင္းပံုက်ေနတဲ႕ဆံပင္ေတြကိုတစ္ခ်က္သပ္တင္လိုက္ပံုကတကယ့္ကိုsmartက်ေနျပန္တာပင္။ အရင္နဲ႕မတူတဲ႕အၾကည့္ေတြကတည္ၾကည္ျပီးညိွဳ႕အားျပင္းလြန္းတာမို႕ခ်က္ခ်င္းပင္ခ်စ္သူေတာ္ပစ္ခ်င္စရာေကာင္းသည္။

"ကြ်န္ေတာ့္ကိုenglishစာသင္ေပးေဒါက္တာ……"

အခုမွဆံပင္ညွပ္ျပီးျပန္လာတာကိုခ်က္ခ်င္းenglishစာသင္ခိုင္းေနျပန္တဲ႕ေကာင္ေလးေၾကာင့္ထည္ဝါအံ႕ၾသမိတာေတာ့အမွန္။
ဒီကေလးအနားယူသင့္ေသးတာကိုကြာ……။

"ျပီးေတာ့…ကြ်န္ေတာ္………"

"အင္း…ျပီးေတာ့ကိုယ့္ေကာင္ေလးကဘာျဖစ္ခ်င္ေသးလဲ……"

မတ္တပ္ထရပ္ကာအနားပိုတိုးကပ္ျပီးေကာင္ေလးစကားမဆံုးခင္ျဖတ္ေျပာလိုက္ေတာ့ခပ္ျပံဳးျပံဳးျဖစ္သြားတဲ႔ႏွဳတ္ခမ္းပါးေလး။ မ်က္ခံုးအသာပင့္ျပမိေတာ့ ပါးခ်ိဳင့္ပါတဲ႔အျပံဳးတစ္ပြင့္ကထင္ရွားလို႕လာတယ္။

ဘာေတြပဲျဖစ္ျဖစ္ပါေကာင္ေလး……မင္းဆႏၵမွန္သမွ်ကိုယ္ကျဖည့္ဆည္းေပးမွာမို႕……။

_____________________________________________

လက္ရွိအခ်ိန္ကာလ……

**************************************************

"ကိုကို ေရာ့……"

ေျပာေျပာဆိုဆိုႏွင့္စကၠဴေလယာဥ္ပ်ံေလးကိုလက္ထဲထည့္ေပးလာတဲ႕သား။ မ်က္လံုးဝိုင္းေလးေတြနဲ႕ၾကည့္ေနပံုကတကယ့္ခ်စ္စရာေလးပင္။ သားရဲ႕ဆံပင္ေလးေတြကိုဖိသပ္ေပးရင္းျပံဳးျပမိေတာ့ သြားတန္းေလးေတြေပၚသည္အထိရယ္ျပလာသည္။

"ကိုကိုသေဘာက်လား……"

"ဒါေပါ့ဗ်ာ…သေဘာက်တာေပါ့……"

"ကိုကိုကေလ…သားသားဒယ္ဒီနဲ႕တူတယ္……"

ရုတ္တရက္ၾကားလိုက္ရတဲ႕စကားေၾကာင့္လွဳပ္ရွားမွဳေတြအကုန္ရပ္တန္႕သြားမိသည္။
သားကဘာကိုေျပာခ်င္တာပါလိမ့္……။
' သားမ်ားသိသြားျပီလား…… '  ဆိုတဲ႕စိတ္ေၾကာင့္စိုးရိမ္လာမိတဲ႕စိတ္ကိုေလွ်ာ့ခ်ျပီးမပီမသအျပံဳးတစ္ပြင့္သာျပံဳးကာ

"သားသားဒယ္ဒီဦးခက္ထန္ယစ္နဲ႕ကိုကိုကဘယ္ေနရာမ်ားတူလို႕လဲ……ရုပ္ခ်င္းေရာ ပံုစံခ်င္းေရာတျခားစီပဲေလသားသားရဲ႕……"

သူေျပာေတာ႕ သားကမ်က္ႏွာေလးစူပုတ္ကာခ်က္ခ်င္းဆိုသလိုေခါင္းတြင္တြင္ခါျပသည္။

"အဲ႕ဒါသားသားဒယ္ဒီမဟုတ္ဘူး……"

"ဟင္……"

အံ႕ၾသသြားမိတဲ႕မ်က္ႏွာထားကိုသားကေတြ႕လိုက္တယ္ထင္ပါရဲ႕ ၊ ေခါင္းေလးညိတ္ျပျပီးယုန္ရုပ္ပံုပါတဲ႕လြယ္အိတ္ေလးထဲကေနစာအုပ္တစ္အုပ္ကိုထုတ္ျပလာသည္။ သဝဏ့္ဆီစာအုပ္ေလးကိုကမ္းေပးလာတာေၾကာင့္ယူလိုက္မိေပမယ့္ဘာမွန္းေတာ့နားမလည္မိေသး။ Tom and Jerryပံုနဲ႕စာအုပ္ခပ္ညစ္ညစ္ခပ္ႏြမ္းႏြမ္းေလးကႏွစ္ေတြၾကာေနခဲ႕ျပီျဖစ္ေၾကာင္းသက္ေသျပေနသလိုပင္။

"ဒီမွာၾကည့္……"

စာအုပ္ကိုေငးသာေငးၾကည့္ေနမိတာေၾကာင့္သားကစာရြက္ေလးေတြကိုေနရာတစ္ခုအထိလွန္ေပးလာသည္။ လက္ညိွဳးေသးေသးေလးနဲ႕ညႊန္ျပေနတဲ႕စာမ်က္ႏွာကိုၾကည့္လိုက္ေတာ့ ဒီႏွစ္ေတြအတြင္းမက်ဆင္းခဲ႕တာၾကာျပီျဖစ္တဲ႕မ်က္ရည္စေတြကေဝ႕ဝဲတက္လာမိေတာ့တယ္။

"ဒါကသားသားဒယ္ဒီနာမည္ေလ…ျမတ္သဝဏ္တဲ႕……ဒယ္ဒီကကိုကို႕လိုပဲအရမ္းေခ်ာတာ…အရမ္းလည္းသေဘာေကာင္းတယ္……ဒါေပမယ့္ အဟင့္…အခုေတာ့ဒယ္ဒီကမရွိေတာ့ဘူး……သားသားဆီလည္းျပန္မလာဘူး  ဒီတစ္ခါဒယ္ဒီအလုပ္သြားတာအရမ္းၾကာတာပဲကိုကိုရာ……"

မ်က္ရည္စေတြႏွင့္တစ္ခ်က္တစ္ခ်က္ရွိဳက္ရင္းေျပာလာတဲ႕သားကိုခပ္တင္းတင္းေပြ႕ဖက္ထားေပးမိေတာ့ သားကိုရွိဳက္ၾကီးတငင္ကိုငိုခ်လာသည္။
သားကအခုအခ်ိန္အထိသဝဏ့္ကိုသူ႕ဒယ္ဒီလိုသတ္မွတ္ေနေသးတယ္တဲ႕ေလ……။





#################################

ကြ်န္ေတာ့္ရဲ႕second life ficsေလးကိုဖတ္ရွဳေပးတာေရာ ၊ သေဘာက်ေပးတာေရာအတြက္တကယ္ပဲေက်းဇူးတင္ပါတယ္ဗ်။ ဒါေပမယ့္updateေတာင္းတဲ႕အခါမွာေတာ့စကားလံုးရိုင္းရိုင္းေတြနဲ႕လာမေတာင္းဖို႕ေမတၱာရပ္ခံပါတယ္။ ဆဲတာေတြ ၊ ခပ္ရိုင္းရိုင္းေျပာတာေတြေတာ့ကြ်န္ေတာ့္ဘက္ကလံုးဝသည္းမခံနိုင္ပါဘူး။ အဲ႕ဒီ႕လိုအခ်ိန္ဆိုရင္ေသခ်ာေပါက္blockမွာပါ။ ကြ်န္ေတာ့္ဘက္ကလည္းpersonalကိစၥေလးေတြရိေသးတဲ႕အတြက္ စာေရးရင္ညနက္ပါတယ္ဗ်။ ကြ်န္ေတာ္လည္းလူပဲမို႕တစ္ခါတစ္ေလဆိုပင္ပန္းျပီးေနမေကာင္းတာေလးေတြလည္းရွိပါတယ္။ ဒါေပမယ့္ဘာပဲျဖစ္ျဖစ္ေနမေကာင္းမသက္သာရင္ေတာင္ရေအာက္ေတာ့ေရးေပးပါေသးတယ္။ ကြ်န္ေတာ့္ဘက္ကreaderေတြအေပၚမေခ်မငံဆက္ဆံတာမ်ိဳးမရွိဘူးဆိုတာေတာ္ေတာ္မ်ားမ်ားလည္းသိၾကမွာပါ။ ဒီေတာ့ ကြ်န္ေတာ့္ကိုလည္းupdateေတာင္းတဲ႕အခါဆဲတာတို႕ ၊ ရိုင္းရိုင္းစိုင္းစိုင္းေျပာဆိုတာတို႕မလုပ္ၾကပါနဲ႕။ ကြ်န္ေတာ္အဲ႕ဒီ႕ေလာက္အထိေတာ့သည္းမခံနိုင္ေတာ့ပါဘူး။
မေန႕ကလာဆဲတဲ႕တစ္ေယာက္နဲ႕ စကားလံုးရိုင္းရိုင္းေတြသံုးသြားတဲ႕တစ္ေယာက္ကိုအခုblockပစ္လိုက္ပါျပီ။ တျခားေမွ်ာ္ေနေပးၾကတဲ႕readerေလးေတြအတြက္ေတာ့ကြ်န္ေတာ့္ရဲ႕စိတ္အဆင္မေျပမွဳေၾကာင့္updateေနာက္က်သြားတဲ႕အတြက္စိတ္မေကာင္းပါဘူး။ ကဲ……ကြ်န္ေတာ္ေျပာခ်င္တာဒီေလာက္ပါပဲ။
Have a nice day to all my reader……

Continue Reading

You'll Also Like

83.4K 6.4K 16
𝗦𝗵𝗲 𝗜𝘀 𝗧𝗼𝗼 𝗗𝗲𝗹𝗶𝗰𝗮𝘁𝗲 𝗙𝗼𝗿 His 𝗗𝗲𝘀𝗶𝗿𝗲 "Fuck, whenever you're in my arms, I feel like I might crush you. You're so delicate," he...
29.8K 982 58
What happens when 7 crack heads are added to a groupchat by the only 'sane' one? if you are homo please LEAVE! ⚠️T/W⚠️ Language Smut Slurs
32.5K 3.1K 41
ត្រឹមជាក្មេងប្រុសថ្លង់ស្ដាប់មិនឮម្នាក់ អាចធ្វើឲ្យបុរសមានអំណាចធ្លាក់ចូលក្នុងអន្លង់ស្នេហ៍បានយ៉ាងងាយ... 5.30.24❤️
261K 5.5K 72
This is the story of bts 8th member the girl who will be the 8th member even don't know who is bts what will happen if boys knew it's a girl