International Play Boy Mg
By Tulip_V
86.2K 5.4K 530
Play Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး More
International Play Boy Mg into
International Play Boy Mg_1
International Play Boy Mg_2
International Play Boy Mg_3
International Play Boy Mg_4
International Play Boy Mg-5
International Play Boy Mg_6
International Play Boy Mg_7
International Play Boy Mg_8
International Play Boy Mg_9
International Play Boy Mg_10
International Play Boy Mg_11
International Play Boy Mg_12
International Play Boy Mg _13
International Play Boy Mg_14
International Play Boy Mg_15
International Play Boy Mg_16
International Play Boy Mg_17 ( Past _1)
International Play Boy Mg _17( Past _2 )
International Play Boy Mg_18
International Play Boy Mg_19
International Play Boy Mg_20
International Play Boy Mg_21
International Play Boy Mg-22 ( past 1)
International Play Boy Mg_22( past 2)
international Play Boy Mg_ 23
International Play Boy Mg 25( past 1)
international Play Boy Mg 25 past 2
International Play Boy Mg 26
International Play Boy Mg_27 ( Past _1)
International Play Boy Mg-27 ( past 2)
International Play Boy Mg _28
International Play Boy Mg _29 ( past 1)
International Play Boy Mg _29 ( past 2)
International Play Boy Mg_30
International Play Boy Mg _31
International Play Boy Mg_32
international Play Boy Mg _33 ( past 1)
International Play Boy Mg 33 ( Past _2)
International Play Boy Mg Past 34
international Play Boy Mg 24
2K 138 23
By Tulip_V
Jungkook Taehyungသတင်းကြားတဲ့ ညတွင်းချင်း နယ်သာလန်ကို ထွက်ဖို့ပြင်တော့သည်။
နယ်သာလန်မှာ သူရဲ့ လုပ်ငန်း အသိ ဘယ်ဆိုဘာမှမရှိပါ။
ဒါပေမဲ့ Kim Taehyungတို့က Tulipခင်းတွေပိုင်သည် မဟုတ်လား။
မောင့်အချစ်ရှိရာဆီ မောင်လာနေပြီမို့
မောင့်အချစ်က မောင်ကိုတွေ့ရင် အံဩသွားမလား ဒါမှမဟုတ် ငိုယိုပြီး မောင့်ကို ရိုက်နှက်မလား ဒါမှမဟုတ် စိတ်နာနေမလား။
ဘယ်လိုတုန့်ပြန်မှုမဆို မောင်ကလက်ခံမယ်
ပြီးရင် မောင့်အချစ် ပြန်လက်ခံတဲ့အထိ ငါကတောင်းပန်မယ် မောင့်အချစ် စိတ်ပြေတဲ့ထိ။
Jungkookလေယာဉ်စီးနေသည့် တစ်လျှောက်လုံး စိတ်လှုပ်ရှားနေမိသည်။
Kim Taehyungက ကိုယ်၀န်ဆောင်နိုင်တယ်ဆိုတော့ သူကလေးလေးများရှိနေမလား။
အဲကလေးလေးက သူနဲ့တူမလား ဒါမှမဟုတ် အချစ်နဲ့တူမလား၊
သူလို့ ခေါင်းမာတဲ့ကလေး‌လေးလား
အချစ်လို့ ချစ်ဖို့ကောင်းတဲ့ ကလေးလေးလား၊
ယောင်္ကျားလေးလား၊ မိန်းကလေးလား၊
ယောင်္ကျားလေးဖြစ်ရင်ပိုကောင်းမယ်
မိန်းကလေးဆိုရင် သူစိတ်မချလွန်းလို့ သေမှာဘဲ
မိန်းကလေးဆိုလည်း သူချစ်မှာပါ၊
သေချာပေါက် သမီးလေးကို Tom Boyဖြစ်အောင် လုပ်ပစ်မယ်။
ပြီးရင် မိန်းမပေးစားမယ်၊
ကလေးလေးသာရှိရင်ဆိုတဲ့ အတွေးနဲ့အတူ
Jungkookကလေးလေးရဲ့ မင်္ဂလာပွဲထိ အဆုံးတွေးနေမိသည်။
အတွေးနဲ့အတူ သူကိုယ်သူတောင်မသိတဲ့ ပြုံးနေမိသည်ထိ
အမှန်ဆို သူဒီနှစ်တွေအတွင်း မပြုံးခဲ့ မရယ်ခဲ့မိပါ။
မောင်ကလေ အချစ်နဲ့ကလေးလေးနဲ့အတူ ပျော်ရွင်တဲ့ မိသားစုလေး ဖန်တီးပေးမယ်
မောင်မှားခဲ့တာတွေအတွက် ပေးဆပ်မယ်။
ဒီနှစ်တွေ မောင်သိခဲ့တာ မောင်ကလေ အချစ်မရှိရင်မဖြစ်ဘူး အချစ်ကလွဲပြီး မောင်ဘယ်သူကိုမှ မလိုချင်ဘူး ခင်ဗျားကသာ မောင်အတွက် တစ်ခုတည်းသော လိုအပ်မှု‌လေးပါ။
အတွေးနဲ့အတူ ရောက်ရှိလာပါတဲ့ နယ်သာလန်မြေ
Kim Taehyungရဲ့ နေထိုင်ရာတည်နေရာကို သူစုံစမ်းခဲ့ရခဲ့သည်။
တိတ်ဆိတ်တဲ့နေရာလို့တော့ သူကြားသိရသည်။
အနားတောင်မယူနိုင်ဘဲ Jungkookရောက်ရောက်ချင်း Kim Taehyungရှိရာကို သွားမိသည်။
လေယာဉ်စီးသည်ဖြစ်တဲ့အပြင် တစ်စက်လေးတောင် မအိပ်ရသေးတာကြောင့် သူမထိန်းနိုင်စွာ ကားပေါ်မှအိပ်ပျော်မိခဲ့သည်။
အိမ်မက်ထဲမှာ Jungkookရယ် Taehyung ရယ်ကလေးလေးနဲ့
" အကိုလေး အကိုလေး "
" အွင်း "
" ရောက်ပြီခင်ဗျာ "
" အင်း ကောင်းပြီ မင်းခဏစောင့်ပေး ငါပြန်လာခဲ့မယ် "
သူလည်း ကားပေါ်ကဆင်းပြီး ဘေးဘီကြည့်မိတော့ စိုက်ခင်းတွေသာရှိတဲ့ မြို့ပြင်တစ်နေရာ Tulipခင်းတွေမဟုတ် စတော်ဘယ်ရီခင်းတွေ‌ပင်။
‌စတော်ဘယ်ရီဆိုတာ သူ့အချစ်အကြိုက်ဆုံးအသီးမဟုတ်လား။
ခပ်လှမ်းလှမ်းတွင် အိမ်ငယ်လေးတစ်လုံးကို Jungkookတွေ့လေသည်။
အနားကပါကြည့်တော့ အိမ်လေးဟာမသေးပါ။
အဝေးကကြည့်တာကြောင့် သေးသည်ထင်ရပေမဲ့ တကယ်နေချင်သဖွယ်လေ။
အိမ်ရှေ့တွင် အမျိုးသားတစ်ဦး အ၀တ်လှမ်းနေလေသည်။
Jungkookနှလုံးခုန်သံတွေ တဒိန်းဒိန်းခုန်နေလေသည်။
‌အနောက်ကကြည့်ရင်တောင် သူ့မမေ့နိုင်တဲ့ ပုံရိပ်ငယ်
သူသုံးနှစ်တာလုံးလုံး မထိတွေ့နိုင်တဲ့ သူ့အချစ်
" အ အ "
စကားတွေတောင် ထစ်အသည်ထိ Jungkookစိတ်လှုပ်ရှားနေလေသည်။
ထိုအမျိုးသားက လှည့်ကြည့်တော့
Jungkook မှာ နှလုံးရပ်သွားသလို့
" Kim Taehyung မောင့်အချစ် "
ခပ်တိုးတိုးရေရွတ်မိသည်။
ပြန်ဖြေလိုက်တဲ့ Kim Taehyungစကားကြောင့် Jungkookမှာ ‌မျက်လုံတောင်ပြူးသွားသည်။
" ဧည့်သည် စတော်ဘယ်ရီလာ၀ယ်တာလား "
စိမ်းသက်လွန်းတဲ့ စကား
စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းမရှိဘဲ
ပကတိကင်းရှင်းကြည်လင်နေတဲ့ Kim Taehyungမျက်၀န်းညိုတွေက လိမ်နေပုံမရ။
တစ်နည်းအားဖြင့် Kim Taehyungဟာ သူကိုတောင် မမှတ်မိတဲ့ပုံ။
" အချစ် မောင် မောင်လေ "
" အာ ကျွန်တော်အထင် ဒီကဧည့်သည်လူမှားနေတယ် ထင်တယ် ကျွန်တော်မှာခင်ပွန်းနဲ့ သားရှိပါတယ် "
" Kim Taehyung မောင်ကိုမမှတ်မိဘူးလား "
" ကျွန်တော်နာမည် Kim Taehyungဆိုတာ မှန်ပေမဲ့ ဒီကလူငယ်လေးကို ကျွန်တော်မသိပါဘူး "
လိမ်ညာခြင်းဆိုတာ Kim Taehyungမျက်၀န်းညိုတွေကြားမှာ ရှာမရပါ။
ဘာတွေလဲ
Jungkook အဆိုးဆုံးထိတွေးခဲ့ပေမဲ့ ဒီအခြေအနေတော့ မပါ၀င်ခဲ့ပါ။
" Park Bogum Park Bogumခင်ဗျားကို ဘာလုပ်ထားတာလဲ မောင့်ကို မမှတ်မိအောင်‌ကို "
" ဟို ဟိုလေ ကျွန်တော် "
" မောင်ကလေ ခင်ဗျားကို သိပ်လွမ်းနေတာ မောင့်အချစ်ရာ "
Taehyungကို ဖက်လာတဲ့ လူငယ်လေးကြောင့် Taehyungခင်ဗျ ကြောင်အမ်းစွာ
သူဒီလူငယ်လေးကို မသိပေမဲ့ ဒီလူငယ်လေးကိုမြင်တော့ သူရင်ထဲတစ်မျိုးခံစားရသည်
လူငယ်လေးက သူကိုယ်သူ မောင် လို့သုံးတိုင်း Taehyungရင်ခုန်မိသည်။
လူငယ်လေးက အချစ်လို့ခေါ်လိုက်တိုင်း သူ့ရင်ထဲ ကြည်နူးသလို့ ၀မ်းနည်းသလို့၊
သတိထားစမ်း Kim Taehyung မင်းမှာ ယောင်္ကျားနဲ့ သားတောင်ရှိတယ်
အခြားယောကျာ်းလေးတစ်ယေယက်ကို စိတ်ပါနေတာ စက်ဆုတ်ဖွယ်ရာ လုပ်ရပ်ဘဲ
Taehyungသတိပြန်ကပ်ကာ လူငယ်လေးကိုပြန်ဆွဲကွာရသည်။
" လွှတ်ပါ ကျွန်တော်က_ "
" Tae "
" ပါးပါး "
သားနဲ့ကို ပြန်ရောက်လာပုံပင်။
" ကို "
Bogumစိုက်ခင်းထဲက အပြန်လာမှာတွေ့ရသည်မှာ Taeကို ယောင်္ကျားတစ်ယောက် ဖက်နေသည်တဲ့။
သူအံဩသွားမိသည်။
သူနဲ့အတူ သားငယ်သာအံဩသွားပုံ။
သားငယ်ကတော့ သူကိုယ်ပေါ်ဆင်းပြီး Taeဆီကိုပြေးသွားသည်။
" လွှတ် Yejunပါးပါးကိုလွှတ် လူဆိုးကြီး "
ကလေးငယ်ငယ်လေးက သူကိုဆွဲနေတာကြောင့် Jungkookကလေးလေးကိုကြည့်လိုက်မိသည်။
ကလေးလေးဟာ မျက်လုံးဝိုင်းဝိုင်း ရှေ့သွားကြိီးကြီး မျက်နှာဝိုင်းဝိုင်းလေး သူနဲ့တူလိုက်လေခြင်း
ဟုတ်ပါသည် ထိုကလေးငယ်လေးဟာ Jungkookငယ်ငယ်‌တုန်းကလို့ တချွတ်ဆွတ်ပင်။
" လွှတ်လို့ Yejunပါးပါးကိုလွှတ် "
ကလေးလေးက သူကိုဆွဲကိုက်တော့သည်။
Jungkook မှာ မနာနိုင်။
" သား အဲလိုမလုပ်ရဘူး "
Kim Taehyungက သားလေးကို ဆွဲရှာသည်။
" Kim Taehyung အဲဒါ အဲဒါ မောင့်သားလေးမလား ဟုတ်တယ်လား "
" ဟုတ်ဘူး Yejunက Park Bogum နဲ့Kim Taehyung  Park Yejun "
" မောင့်သားမဟုတ်လား သားလေးက ဟုတ်တယ်မလား "
" မဟုတ်ဘူး Yejunက ငါသား Taeက ငါအမျိုးသား "
" Park Bogum ခင်ဗျား ခင်ဗျား Kim Taehyungကို ဘာလုပ်ထားတာလဲ "
Jungkook Park Bogumကို ပြေးထိုးမိတော့သည်။
" ခွပ် "
" ကို "
" ဖေဖေ "
သားလေးနဲ့ Kim Taehyungက Park Bogumဆီ ပြေးသွားကြသည်။
" အဟက် မင်းငါကိုထိုးနိုင်တယ် ဒါပေမဲ့အခု သားနဲ့ Taeက ငါအပိုင်လေ "
" ခင်ဗျား "
Jungkookထပ်ပြီး Park Bogumကို ထိုးရန်ပြေးသွားပေမဲ့ ဆီးကြိုပြီး ခံစားလိုက်ရတဲ့ လက်သီးပြင်းပြင်းတစ်ချက်
တရားခံက Kim Taehyungဆိုတဲ့ သူ့အချစ်
" မောင်ကို_ "
" ဒီမယ် လူငယ်လေး ငါကမင်းကို ဘာမှမပြောဘူးဆိုတာ အားနာလို့ ဒါပေမဲ့ ငါ့အမျိုးသားကို ထိရင် ငါမင်းကို သည်းခံနိုင်မှာ မဟုတ်ဘူး အခုချက်ချင်းမင်းထွက်သွားရင် ကောင်းမယ် "
" မောင်က_ "
" ကျေးဇူးပြုပြီးထွက်သွားပေးပါ "
Jungkookနှလုံးသားတစ်ခုလုံး ဆွဲထုတ်ယူသွားသလို့
Kim Taehyungဆိုတဲ့ သူ့ချစ်မြတ်နိုးရတဲ့ သူ့အချစ်က သူကို ယောင်္ကျားလေးတစ်ယောက်ကြောင့် ထိုးသည်တဲ့။
ပြီးတော့ ပြီးတော့ သား သားလေးက သူကို ကြည့်နေပုံက မုန်းတဲ့အကြည့်တွေနဲ့
မဟုတ်ဘူး သားက မောင့်သား၊ ခင်ဗျားကလည်း မောင့်ပိုင်ဆိုင်မှု Kim Taehyung
ခင်ဗျားတို့ကို မောင်ပြန်ယူမှာ ‌
မောင်ကိုဘာကြောင့် မမှတ်မိရသလဲဆိုတာ မောင်စုံစမ်းမှာ
မောင်က ခင်ဗျားနဲ့သားလေးကို လက်မလျှော့ဘူး။
" မဟုတ်ဘူး ‌ခင်ဗျားက မောင့်အပိုင် သားကမောင့်သား မောင်ကခင်ဗျားတို့ကို ပြန်ယူမှာ "
Jungkookငိုမိတော့မှာကြောင့် ထိုနေရာမှ ပြေးထွက်လာခဲ့တော့သည်။
မောင် ခင်ဗျားတို့ရှေ့မှာ အားမနည်းချင်ဘူး
လူငယ်လေးထွက်သွားတော့ Taehyungစိတ်ထဲ တစ်စုံတစ်ခုပျောက်ဆုံးသွားသလို့
လူငယ်လေးကို ထိုးလိုက်မိသော သူလက်တွေကို အခုချိန်မှာ ပြတ်ခုတ်ပြစ်ချင်လောက်အောင်ပင်။
မင်းကဘာလဲ လူငယ်လေး
" Tae ဒေါသထွက်နေသလား "
" ဟင့်အင်း ကို ကျွန်တော်ဒေါသမထွက်တော့ပါဘူး ကို နာသွားသလား "
" ဟုတ်တယ် ဖေဖေနာသွားသလား "
စိတ်ပူစွာမေးနေတဲ့ သားငယ်နဲ့ချစ်ရတဲ့ကောင်လေးကြောင့် Bogumမှာ အထိုးခံလိုက်ရတဲ့ ဒဏ်ရာတောင် ပျောက်ကင်းသွားသလို့။
သားငယ်ရဲ့ ပါးဖောင်းဖောင်းလေးကို တစ်ချက်မွှေးပြီး
" Yejunဖေဖေက လူသန်ကြီးပါကွာ "
" ခစ် ခစ် ဖေဖေ ပါးပါးကိုလည်းနမ်း "
" အာ သားနော် "
ရှက်နေတဲ့ ကောင်‌ငယ်လေးရဲ့ပါးလေးကို Bogumတစ်ချက်အနမ်းပေးလိုက်သည်။
" ကိုနော် "
ရှက်ပြီး‌အိမ်ထဲ၀င်ပြေးသွားတဲ့ ကောင်လေး
" ခစ် ခစ် ဖေဖေ ပါးပါးရှက်သွားပြီး "
" လာပါဦး ဖေဖေဆီ "
Bogum သားငယ်ကို ကောက်ချီလိုက်သည်။
" သားငယ်လေးကို ဖေဖေအရမ်းချစ်တာသိတယ်မလား "
" ဟုတ် Yejunကလေ ဖေဖေကို ချစ်တယ် "
3နှစ်သာရှိသော သားငယ်လေးက သိပ်လိမ်မာသည်။
Bogumကိုလည်း သိပ်ချစ်သလို့ Taeအပေါ်လည်း သိတက်လှသည်။
သားငယ်လေးဟာ သူသားအရင်းမဟုတ်ပေမဲ့ Bogum သားငယ်လေးကို သူ့အသက်ထက်ပိုချစ်သည်။
Bogum သားငယ်လေးနဲ့ ကောင်လေးကို လုယူခဲ့တာမဟုတ်ပါ၊
‌သူနဲ့ထိုက်တန်ခဲ့တာ၊
....
Jungkookကားပေါ်တက်ကာ
" ဟိုတယ်ကိုမောင်း "
" ဟုတ် အကိုလေး "
Jungkook ဖုန်းနံပါတ်‌တစ်ခုကို ခေါ်မိလေသည်
" ဟယ်လို "
" အွန်း ငါ "
" Kim Taehyungဆိုတဲ့ လူအကြောင်း ငါသိချင်တယ် "
" နယ်သာလန်က "
" လွန့်ခဲ့တဲ့သုံးနှစ်ကအကြောင်း "
" ဖေဖေကို ပြောလိုက် ငါက Kim Taehyungကို ရှာတွေ့ပြီလို့ ပြီးရင် သူခွင့်ပြုလိမ့်မယ် "
" ဒါ‌ဘဲ "
Jungkook အခုချိန်မှာ ရူးချင်မိသည်
သူအဆိုးဆုံးထိတွေးခဲ့ပေမဲ့ ဒီအခြေအနေက သူတွေးခဲ့သမျှထဲက မစဉ်းစားဘူးသော အခြေအနေတစ်ခုနဲ့ အဆိုးဝါးဆုံးအခြေအနေတစ်ခုပေ။
ဟိုတယ်ပြန်ရောက်တာနဲ့ အခန်းထဲ၀င်ပြီး အရက်မှာမိသည်။
သူပြတ်ထားတာ 3နှစ်ရှိပြီဆိုပေမဲ့ သူအခုအရမ်းကို စိတ်သောကရောက်လွန်းလို့ သောက်မှဖြစ်မည်။
အရက်ရောက်လာတော့ ပုလင်းလိုက်ကို မော့မိသည်။
မသောက်တာကြာတယ်နှင့်တူပါသည်။
ခါးသက်လိုက်တာ။
ဒါပေမဲ့ သူစိတ်ခံစားချက်က အခုချိန်မှာ အရက်ထက်ပိုခါးသက်နေလေသည်။
ခင်ဗျားကလေ မောင်ကိုရူးအောင်လုပ်နေတာဘဲ
Kim Taehyung
မောင်ကအမှားတွေကို ‌ပြန်ပေးဆပ်မယ်လို့ ဆုံးဖြတ်ထားခဲ့ပေမယ့် ခင်ဗျားက မောင့်ကိုတောင် မမှတ်မိဘူးလား
မောင်လေ နာကျင်လိုက်တာ ခင်ဗျားရယ်
ခင်ဗျား မောင်ကို ရိုက်ရင်နှက်ရင်တောင် မောင်ကခံသာပါသေးတယ်။
အခု ခင်ဗျားက မောင်ကိုမမှတ်မိတော့ဘူးတဲ့။
မောင် ၀ဠ်တွေလည်နေတယ်ထင် ခင်‌ဗျားရယ်။
မောင်နာကျင်ရတာထက် ခင်ဗျားက ပိုခံစားခဲ့ရသလား မောင့်အချစ်ရယ်
မောင်တစ်စက်လေးတောင် မကောင်းခဲ့တာပါ။
‌‌
ဒါပေမဲ့ မောင်က ခင်ဗျားကိုရော သားလေးကိုရော ပြန်ယူမှာ
သားလေးကလည်း မောင့်ကလေး ခင်ဗျားကလည်း မောင့်လူ
မောင်ကအဆုံးထိ ကြိုးစားမယ်
....
" သားငယ် အိပ်တော့နော် ပါးပါးချော့သိပ်မယ် "
" ဟင့်အင်း ဖေဖေချော့သိပ် "
" ဒီကလေးလေး ဖေဖေကပင်ပန်းထားတာကို "
" ဟွန်း "
လက်လေးပိုက်ကာ တစ်ဖက်ကိုလှည့်သွားကာ နှုတ်လေးဆူပြနေတဲ့ သားလေး
ပြောချင်တာက သူစိတ်ဆိုးနေပါသည်ပေါ့။
" သားငယ် အဲတာဘာဖြစ်တာလဲ "
" ဟွန့် "
" ဟောဗျာ ဘာဖြစ်တာလဲလို့ "
" စိတ်ဆိုးနေတာ စိတ်ဆိုးနေတာ "
နှုတ်ခမ်းလေး ဆူဆူတထော်ထော်ပြောနေတဲ့ သားလေးက နေ့လည်က လူငယ်လေးနဲ့တူလိုက်လေခြင်း
" ဖေဖေသားကဘာတွေစိတ်ဆိုးနေတာလဲ "
" ကိုရယ် ကို့သားက ကို့ကိုချော့သိပ်ခိုင်းနေတာ "
" ဟုတ်လား ရပါတယ် ကိုယ်ချော့သိပ်လိုက်မယ်လေ "
" မဟုတ်တာ ကိုပင်ပန်းနေတယ်မလား "
" ကိုယ်ကရပါတယ် Taeအ်ိပ်ယာ၀င်နှင့်လေ "
" ဟုတ်ပါတယ် ပါးပါးရယ် "
" အမလေး ကိုတို့သားအဖတော့ ကျွန်တော်မနိုင်ဘူးသိလား အတိုင်အဖောက်ညီသလား မမေးနဲ့ "
" ဟီး' ပါးပါးကလည်း "
" ကဲပါ အဲဆို ကို သားငယ်ကိုချော့သိပ်လိုက်တော့နော် ကျွန်တော်အိပ်ယာ၀င်နှင့်မယ် "
" ဟုတ်ကဲ့ >2 "
Taehyungလည်း သားငယ်အခန်းကထွက်လာခဲ့လေသည်။
ကိုနဲ့ဆို သားက သိပ်ဆိုးလေသည်။
ဆိုးဆို ကိုက အလိုလိုက်တာကို။
ဒါပေမဲ့လည်း ဆုံးမစရာဆို မျက်နှာတည်တည်နဲ့ ဆုံးမတက်တဲ့ ကို့ကို 3နှစ်အရွယ်သားလေးက ချစ်ကြောက်ရိုသေလှသည်။
သားငယ်ကို ကိုချစ်တက်ပုံကလည်း Taehyungပင် လိုက်မမှီအောင်၊
မှတ်မိပါသေးသည်။
သားလေး2နှစ်တုန်းက နေမကောင်းဖြစ်တာ ကိုမှ မစားနိုင်မသောက်နိုင် ပြုစုပေရှာသည်။
သားလေး နေမကောင်းလို့ ညီးရှာတိုင်း ကိုခဗျလိုက်ငိုလေသည်။
သားနေမကောင်းရင် သားငယ်ကို ပြုစုရသလို့ ငိုငိုနေတက်တဲ့ ကို့ကို သူမှာနှစ်သိမ့်ရသေးသည်။
ကိုကသူကိုလည်း တုန်နေအောင်ချစ်ရှာသည်။
" ဟေ့ "
အနောက်ကနေ ပွေ့ဖက်လာတဲ့ ကို
" ကို သားအိပ်သွားပြီးလား "
" ဟုတ်တယ် Taeမအိပ်သေးဘူးလား "
" ကျွန်တော် ကိုနဲ့သားအကြောင်းတွေးနေတာ "
" မတွေးနဲ့ Tae ကိုယ်နဲ့သားလေးက Taeရှေ့မှာလေ တွေးစရာမလို့ပါ "
ပြောပြောဆိုဆိုနဲ့ လည်ပင်းကိုလာနမ်းတဲ့ ကို
" ကို ယားတယ်လို့ "
" Tae "
" ဗျာ "
" ‌အတူနေရအောင် "
" ... "
" ကိုယ်က_ "
" ကိုသဘော "
ကောက်ပွေ့တဲ့ ကို
Taehyungမှာ အလန့်တကြားနဲ့ ကိုလည်ပင်းတွေကို ပြန်ဖက်မိသည်။
" ကို ဖြည်းဖြည်း "
အိပ်ခန်းဆီသို့
2298words
9:09Pm
11.6.2023
Tulip V