ေမာင့္ အလိုက် 💙(completed)

By yoe_nge614

2.5M 162K 8.1K

ရင္ထဲမွာ႐ွိမ႐ွိကို... ရင္ထဲကအလိုလိုသိၿပီးသားမို ့... ခ်စ္သလားလို ့မေမးေတာ့ဘူး ေမာင္... အရာအရာတိုင္းက.... ေမာင... More

စာေရးသူ၏အမွာစာ💙
ဇာတ္ေကာင္ေလးေတြ💙
ေမာင့္အလိုက် 💙1💙
ေမာင့္အလိုက် 💙2💙
ေမာင့္အလိုက် 💙3💙🔞
ေမာင့္အလိုက် 💙4💙
ေမာင့္အလိုက် 💙5💙
ေမာင့္အလိုက် 💙6💙
ေမာင့္အလိုက် 💙7💙🔞
ေမာင့္အလိုက် 💙8💙
ေမာင့္အလိုက် 💙9💙
ေမာင့္အလိုက် 💙10💙
ေမာင့္အလိုက် 💙11💙
ေမာင့္အလိုက် 💙12💙
ေမာင့္အလိုက် 💙13💙
ေမာင့္အလိုက် 💙14💙
ေမာင့္အလိုက် 💙15💙
ေမာင့္အလိုက် 💙16💙🔞
ေမာင့္အလိုက် 💙17💙
ေမာင့္အလိုက် 💙18💙
ေမာင့္အလိုက် 💙19💙
ေမာင့္အလိုက် 💙20💙
ေမာင့္အလိုက် 💙21💙
ေမာင့္အလိုက် 💙22💙
ေမာင့္အလိုက် 💙23💙
ေမာင့္အလိုက် 💙24💙
ေမာင့္အလိုက် 💙25💙
ေမာင့္အလိုက် 💙26💙
ေမာင့္အလိုက် 💙27💙🔞
ေမာင့္အလိုက် 💙28💙
ေမာင့္အလိုက် 💙29💙
ေမာင့္အလိုက် 💙30💙
ေမာင့္အလိုက် 💙31💙
ေမာင့္အလိုက် 💙32💙🔞
ေမာင့္အလိုက် 💙33💙
ေမာင့္အလိုက် 💙34💙
ေမာင့္အလိုက် 💙35💙
အလင္းမ႐ွိ🌚🌚🌚
ေမာင့္အလိုက် 💙36💙
ေမာင့္အလိုက် 💙37💙
Bonous for lovely readers❤🔞
ေမာင့္အလိုက် 💙38💙
ေမာင့္အလိုက် 💙39💙
ေမာင့္အလိုက် 💙40💙
ေမာင့္အလိုက် 💙41💙
ေမာင့္အလိုက် 💙42💙
ေမာင့္အလိုက် 💙43💙
ေမာင့္အလိုက် 💙44💙
ေတာင္းပန္ျခင္း😞
ေမာင့္အလိုက် 💙45💙
🌚🌚🌚
ေမာင့္အလိုက် 💙46💙
ေမာင့္အလိုက် 💙47💙
ေမာင့္အလိုက် 💙48💙
ေမာင့္အလိုက် 💙49💙
ေမာင့္အလိုက် 💙50💙
💙End💙
ဖတ္ေပးပါဦး 💙
Zay bann😁
Extra 💙1💙
Extra 💙2💙
Extra💙3💙
Extra 💙4💙(end)
Book Case!!!
!!physical book!!
!!Official Book Announcement!!
!!Preorder gifts for book!!
!!Book cover!!
Book details!!
!!!Preorder time!!!
Book ေလးေတြရၾကၿပီလား?😍

💙Special Extra💙

6.8K 354 20
By yoe_nge614

Zawgyi
========
စားပြဲေပၚတင္ထားတဲ့ မဂၤလာဖိတ္စာတစ္ခုကုိ သြန္းေရာ ခန္႔ထည္ေရာမျမင္ဖူးတဲ့အရာကုိအခုမွေတြ႔လိုက္ရသကဲ့သိုအထူးအဆန္းေခါင္းခ်င္းဆိုင္ၾကည့္ေနၾကေလသည္။

မဂၤလာဖိတ္စာမွာေရးထားတဲ့သတုိ႔သားနဲ႔သတုိ႔သမီးနာမည္ကေတာ့..

'ေမာင္စည္သူထက္လြင္ ♡︎ မသီရီ႐ွင္းသန္႔'

ဆုိေသာအမည္နာမည္ႏွစ္ခုေၾကာင့္ပင္ျဖစ္သည္။

"ခန္႔ထည္ တကယ္ႀကီးသီရိကမဂၤလာေဆာင္ၿပီလား။ငါ..ငါအိပ္မက္မက္ေနတာမဟုတ္ဘူးမလား"

"ေအာ္..သြန္းရယ္မင္းနဲ႔ဒီမွာဖိတ္စာႀကီးတစ္ေစာင္လံုးေ႐ွ႕ေရာက္ေနတာကို ဘယ္ကအိပ္မက္တုန္းကြ"

"ငါမယံုႏိုင္ေသးလို႔ပါကြာ။တစ္သက္လံုးေယာက်ာ္းမယူဘူးနင္တုိ႔ကုိပဲေပးစားမွာဆုိတဲ့အပ်ဳိႀကီးက ျပန္ေပၚလာေတာ့ မဂၤလာဖိတ္စာႀကီးနဲ႔ဆုိေတာ့ ၿပီးေတာ့ယူတဲ့သူကလည္းတျခားမဟုတ္ဘူး ကိုစည္"

သြန္းတကယ္ကုိလိုက္မမွီေတာ့ဘူး။ေမာင္က မဂၤလာပြဲတက္ဖုိ႔႐ွိတယ္ ကုိစည့္ပြဲဆုိၿပီးဖိတ္စာလာေပးေတာ့ နာမည္ႏွစ္ခုကိုျမင္လိုက္တာ သြန္းမွာေသြးမတက္ယံုတမယ္ပင္။ကိုစည္ယူမွာ သီရိမနဲ႔တဲ့။သူတုိ႔ႏွစ္ေယာက္ဘယ္အခ်ိန္တုန္းက ဘယ္လိုေတြ႔ၿပီးဘယ္လိုေတြ ယူျဖစ္ၾကလဲမသိ။တြဲေနဆုိတဲ့ကိစၥက သတင္းသဲ့သဲ့ေလးေတာင္ မၾကားရ။

"ဘာမွမယံုႏိုင္ေသးတာေတြ ဘာေတြျဖစ္မေနနဲ႔ ငါ့ေကာင္။ဒီမွာ ဖိတ္စာႀကီးတစ္ေစာင္လံုးေရာက္လာၿပီ။အခုစဥ္းစားရမွာက မဂၤလာပြဲမွာဘာဝတ္သြားမလဲဆုိတာပဲ..ေျပာမယ့္သာေျပာတာ မင္းကဘာဝတ္ဝတ္ၾကည့္ေကာင္းၿပီးသားငါသာေရြးရမွာ.."

"ေအာ္...အင္းပါ။ဒီမွာဗိုက္ႀကီးတစ္လံုးလံုးအေ႐ွွ့ကုိမုိးပ်ံပူေဖာင္းႀကီးလို႔ေဖာင္းထြက္ေနတာကုိ ၾကည့္ေကာင္းတယ္ျဖစ္ရေသး"

"အဲ့ဒါ မင္းေယာက်ာ္းကိုအျပစ္တင္။မင္းေယာက်ာ္းလုပ္လို႔ျဖစ္တာ"

"က်စ္...ေပါက္ကရေတြေျပာတာရပ္စမ္း"

ခန္႔ထည္ရဲ႕စကားေၾကာင့္သြန္းက ႐ွက္ဝဲဝဲေလးျဖစ္သြားကာ တစ္ဖက္ခံုက ခန္႔ထည္ကိုလည္းလွမ္း႐ိုက္လိုက္ပါေသးသည္။ခန္႔ထည္ကေတာ့ သြန္းပံုစံကုိၾကည့္ၿပီးတစ္ခြိခိြနဲ႔ရယ္ေနျပန္သည္။

"ဒါ မင္းတုိ႔မိသားစု Bali သြားတုန္းကလား"

"ေအာ္..အင္း ဟုတ္တယ္။4 years anni တုန္းကေလ.."

ခန္႔ထည့္က စင္ေလးေပၚမွာေထာင္ထားတဲ့ သူ
တုိ႔anniversery တုန္းက..Baliမွာ႐ိုက္ထားတဲ့
သူတုိ႔မိသားစုသံုးေယာက္ပံုေလးကိုေတြ႔၍ေမး
ေနျခင္း။

"ဟြန္႔..မင္းေယာက်ာ္းအက်င့္အရမ္းပုတ္တာေနာ္အဲ့တုန္းက။ငါတုိ႔မိသားစုပါ အတူတူလိုက္
မယ္ေျပာတာကို လံုးဝလက္မခံဘူး"

"ဟားဟား...မဟုတ္ပါဘူးကြာ။သူဟိုေရာက္ေတာ့ေျပာပါတယ္။မင္းတုိ႔လည္း အတူတူတစ္
ေခါက္ေလာက္လာလည္ဦးမယ္တဲ့"

ခန္႔ညားကေတာ့ ဗိုက္ပူကို မ်က္ေစာင္းသာထုိး
ျပလိုက္သည္။အဲ့ဗိုက္ပူက အခုခ်ိန္ထိသူ႔ေယာက်ာ္းကို သူမ်ားေျပာမွာနည္းနည္းမွမလိုလားပါ။
အျမဲတမ္းကာေျပာေပးေနတုန္း။

"ပါပါးေရ!!..ပါပါးရဲ႕သြန္းငယ္ေလးျပန္လာပါၿပီေနာ္!!"

လူကအိမ္ထဲမေရာက္ေသးဘူး အသံကအရင္
ၾကားေနရတာေၾကာင့္ သြန္းေရာခန္႔ထည္ပါျပဳံး
မိၾကသည္။သြန္းငယ္ဟာ ဒီအိမ္ရဲ႕ဆည္းလည္း
ေလးျဖစ္တာေၾကာင့္ သူေလးမ႐ွိတဲ့ခ်ိန္အိမ္ႀကီး
ကေျခာက္ေသြ႔ေနသေလာက္ သူေလးျပန္လာၿပီဆုိတာနဲ႔ စိုေျပေနေတာ့တာ။

"ပါပါး!!...ပါပါး!!"

"ျဖည္းျဖည္း လာပါသားရယ္။ေခ်ာ္ခ်က္လဲပါဦး
မယ္"

"ဟာ...ေလးေလးခန္႔ေရာက္ေနတာေပါ့"

သြန္းေျပာတာကိုအာ႐ုံမရ။ခန္႔ထည္ကိုျမင္ေတာ့ သူ႔မွတစ္အံ့တစ္ၾသျဖစ္ေန႐ွာတာ။ဟုတ္လည္းဟုတ္တယ္ ခန္႔ထည္ကသူတုိ႔အိမ္ကို
လာလည္တာ႐ွားတယ္။သူ႔တုိ႔ကသာ ခန္႔ထည္တုိ႔အိမ္ကုိအသြားမ်ားၾကတာ။

"ဟုတ္ပါ့ဗ်ာ..ေလးခန္႔ေရာက္ေနတာၾကာၿပီ။
သြန္းငယ္ေလးကို ေတြ႔ခ်င္လို႔မျပန္ေသးပဲ ေစာင့္ေနတာ"

"ဟုတ္လား..ဘာဘီေလးေရာ ဘာဘီေလးမပါဘူးလား ေလးခန္႔"

"ဘာဘီေလးက အိမ္မွာ သား ေလးေလးနဲ႔က်န္ခဲ့တယ္။အိပ္ေနလို႔ေလ"

ေလေပါေနၾကတဲ့ တူဝရီးႏွစ္ေယာက္ကို သြန္း
ထားခဲ့ၿပီး သားရဲ႕လြယ္အိတ္တစ္ဖက္ ထမင္း
ျခင္းတစ္ဖက္ သူ႔ရဲ႕႐ုံးအိတ္တစ္ဖက္ျဖင့္လာ
ေနေသာ ေမာင့္ထံသို႔သာသူသြားလိုက္သည္။
ေမာင့္လက္ထဲက သားရဲ႕လြယ္အိတ္ေလးကို
လွမ္းယူလိုက္ရင္း...

"ပင္ပန္းေနၿပီလား...​ေမာင္"

"မပင္ပန္းပါဘူး honeyရယ္..ပင္ပန္းေနရင္
ေတာင္မွ အိမ္ျပန္ေရာက္လာလို႔...အခုလိုhoneyမ်က္ႏွာေလးကိုျမင္လိုက္ရရင္ ပင္ပန္းသမ်ွအကုန္ ယူပစ္သလိုေပ်ာက္သြားတာဗ်ာ"

"ဟြန္႔..အေျပာကေတာ့ေနာ္"

ခ်စ္မ်က္ေစာင္းေလထုိးမိေတာ့ ေမာင္ကသူ႔ပါးျပင္ထပ္သို႔အနမ္းေတြစြန္႔ၾကဲလို႔လာသည္။ဒီလိုပါ
ပဲႏွစ္ေတြသာၾကာသြားရင္ၾကားသြားမယ္ ေမာင့္ရဲ႕အနမ္းေတြကေတာ့ အရင္လိုေႏြးေထြးေနဆဲ။

"သြန္းေရ..ငါျပန္ေတာ့..အယ္"

"ေလးခန္႔...မ်က္လံုးမွိတ္ မ်က္လံုးမွိတ္"

ခန္႔ထည္သူျပန္ရန္အတြက္ သြန္းကိုႏႈတ္ဆက္
ဖုိ႔ထြက္လာတုန္း အိမ္ေ႐ွ႕တံခါးဝမွာ ကလူၿပီး
နမ္းေနၾကတဲ့အတြဲကုိေတြ႔လိုက္ရတာေၾကာင့္
ေျပာမယ့္စကားေတာင္အစေပ်ာက္သြားရသည္။ဒီအတြဲ ကေလးငယ္႐ွိတာကုိဘယ္လိုေတာင္မဆင္ျခင္ၾကတာပါလိမ့္။ဒီျမင္ကြင္းမ်ဳိးနဲ႔ ၾကဳံ
တာခန္႔ထည္အတြက္ေတာ့ ပထမဆံုးအႀကိမ္
မဟုတ္ေပမယ့္ သြန္းငယ္ေလး႐ွိေနတယ္ေလလို႔ေတြးမိေပမယ့္လည္း ခုနကၾကားလိုက္ရတဲ့
အသံေလးေၾကာင့္ သြန္းငယ္ေ႐ွ႕မွာလည္းသူတုိ႔ေ႐ွာင္ပံုမရဘူးဆုိတာသိလိုက္ရပါေတာ့
သည္။

တကယ့္ကို ကဲကဲသဲသဲ အတြဲပါ။

"အဟမ္း! ခန္႔ ခန္႔ထည္"

"ဟုိ..ငါျပန္ေတာ့မယ္လို႔လာေျပာတာ။ကိုကို
ဖုန္းဆက္တယ္ သမီးေလးႏုိးေနၿပီဆုိလို႔"

"ေအာ္..ေအးေအး။ငါ အိမ္ကကားနဲ႔လိုက္ပို႔ခိုင္းမယ္ေနာ္။"

"ေအး ေအး"

မင္းျမတ္ျခံရံ က ခုနကကိစၥေၾကာင့္ ႐ွက္သြားတာလားမသိ ခန္႔ထည္ဘက္ကုိလွည့္ကိုၾကည့္
မလာေတာ့။သြန္းကေတာ့ သူ႔အတြင္ဒ႐ုိင္ဘာတစ္ေယာက္ကုိေခၚကာ ေသခ်ာလိုက္ပို႔ေပးဖုိ႔မွာၾကားေနေလသည္။

"အဲ့ဒါဆုိ ငါသြားၿပီေနာ္။ပြဲေန႔မွပဲ ေတြ႔ၾကတာေပါ့။ဗိုက္ကိုလည္း ဂ႐ုစိုက္ဦး"

"ေအးပါ..ေအးပါ"

ခန္႔ထည္ကမွာစရာ႐ွိတာမွာၿပီးတာနဲ႔ သြန္းစီစဥ္ေပးတဲ့ကားနဲ႔ပဲျပန္သြားေလသည္။သူလည္း
အခုမွပဲအေ႐ွ႕ကအ႐ွက္မ႐ွိသရက္ေစ့ႀကီးကို
ဆူဖုိ႔ ေမာင္းတင္ရေတာ့သည္။

"အဲ့ဒီ..ေမာင္ဟာေလ..မဆင္မျခင္ေတြေနာ္"

"ဟ...ေမာင္မွသူေရာက္ေနမွန္းမသိတာ..အမွန္
ဆုိ..ေမာင္ဝင္လာကတည္းကhoneyကေျပာသင့္တာ"

ေအာ္..အဲ့ဒါဆုိ သြန္းအျပစ္ေပါ့။

"ေတာ္ပါ...အခုသားကုိေခၚၿပီးေရသြားခ်ဳိးေတာ့..ဒါနဲ႔ေလ ေမာင္ ခဏေန honey ကုိအျပင္ခဏလိုက္ပုိ႔ေပးလို႔ရလား"

"ဘယ္ကုိ?"

"Dream ကိုပါ ကုိစည္တုိ႔ပြဲအတြက္ အက်ႌအပ္ခ်င္လို႔ ဟီး"

Dream ဆုိတာက သြန္းတုိ႔ေတြ ပြဲေတြဘာေတြ
တက္မယ္ဆုိ အက်ႌအပ္ျဖစ္တဲ့နာမည္ႀကီး
Fashion shop တစ္ခုပင္ျဖစ္သည္။

"အဲ့ဒါအတြက္ဆုိ ပူမေနနဲ႔ေတာ့..ေမာင္အားလံုးျပင္ဆင္ၿပီးသြားၿပီ..honeyက ပြဲေန႔က်ရင္
ေအးေအးေဆးေဆးျပင္ဆင္ၿပီးသြားယံုပဲ"

"အလိုက္သိတဲ့ ေမာင့္ကို honeyကအရမ္းခ်စ္တယ္ေနာ္"

"ေမာင့္အလိုကိုအျမဲလိုက္တဲ့ honeyကုိလည္း
ေမာင္ကအရမ္းခ်စ္ပါတယ္ေနာ္"

အျပန္အလွန္ခ်စ္စကားေတြေျပာၾကရင္း ျပဳိင္
တူျပဳံးလိုက္မိၾကသည္။ႏွစ္ေတြသာၾကာရင္
ၾကာသြားမယ္ honey နဲ႔ေမာင္ရဲ႕အခ်စ္ေတြက
ဘယ္ေတာ့မွ ေအးစက္မသြားႏိုင္ဘူးဆုိတာက
မေျပာင္းလဲတဲ့အမွန္တရားတစ္ခု...

***

Wedding day

"ေမာင္...honey အဆင္ေျပပါတယ္ေနာ္"

ကုိယ္လံုးေပၚမွန္ေ႐ွ႕မွာ ကုိယ့္ကိုယ္ကုိၾကည့္
ရင္း အေနာက္မွာနာရီပတ္ေနတဲ့ေမာင့္ထံသို႔
သြန္းလွန္းေမးလိုက္သည္။ေမာင္ သူ႔အတြက္
အပ္ေပးတဲ့ဝတ္စံုေလးက သူ႔အၾကဳိက္ေတြ႔ၿပီး
ေက်နပ္ေပမယ့္ ေမာင့္အျမင္ကိုသူသိခ်င္ေသး
သည္။

အက်ႌေလးရဲ႕ပံုကတကယ္ကိုမ႐ုိးမဆန္းေလးနဲ႔
လွသည္။ေအာက္က ႐ုိး႐ိုး႐ွပ္အျဖဴလက္႐ွည္ေလးကိုမွ အေပၚကေနမွန္ဇာအလက္အလက္ေလးနဲ႔ဝတ္႐ုံပံုစံေလးထပ္ခ်ဳပ္ထားတာပင္။ဗိုက္လံုးလံုးေလးကိုလည္းထင္းေနေစၿပီး သြန္းတစ္ကိုယ္လံုးကနတ္သားေလးတစ္ပါးလိုကိုယ္
ေရာင္ကိုယ္ဝါေတာက္ပေနသေယာင္ပင္။

"ေမာင့္ရဲ႕ honey ကအလွဆံုးပဲ"

ေမာင္ သြန္းရဲ႕ခါးကေနဖက္ရင္း ေျပာလာတာ
ေၾကာင့္ သြန္းမွာေက်နပ္သြားရသည္။သြန္းက
အမ်ားအျမင္မွာၾကည့္ေကာင္းေနဖုိ႔ထက္ ေမာင့္
ရဲ႕အျမင္မွာ ၾကည့္ေကာင္းေနဖုိ႔ကိုပိုလိုခ်င္ေနသူျဖစ္သည္။

မွန္ထဲကေနတစ္ဆင့္ suite အျဖဴနဲ႔႐ွင္းသန္႔ၾကည့္ေကာင္းေနတဲ့ေမာင့္ကိုျပဳံးၾကည့္ရင္း..

"ေမာင္လည္း..အရမ္းၾကည့္ေကာင္းတယ္"

"အင္း...honeyအျပဳအစုေကာင္းလုိ႔"

"ဘာမွမဆုိင္"

"ဆိုင္ဆုိင္မဆိုင္ဆုိင္ကြာ.."

ေမာင့္ရဲ႕အေျဖေၾကာင့္ သြန္းမွာအျပဳံးေတြရပ္တန္႔လို႔မရေတာ့ပါ။

"ဒယ္ဒီ!! ပါပါး!!"

ႏွစ္ေယာက္သားၾကည္ႏူးေနတုန္း ၾကားလုိက္
ရတဲ့အသံစူးစူးေလးေၾကာင့္ သက္ျပင္းၿပိဳင္တူ
ခ်မိသည္။ထုိ႔အတူ ပူးကပ္ေနတဲ့ ကုိယ္ႏွစ္ခုကိုခြာရင္း ေမာင္က တံခါးသြားဖြင့္ေလသည္။ထုိေနာက္ ျဖဴလႊလႊအရိပ္ေသးေသးေလးက သြန္းအနားကိုတစ္ဟုန္ထုိးေျပးလာတာေၾကာင့္
သြန္းထုိအရိပ္ေလးကုိ အျမန္ပဲဖမ္းလိုက္ရသည္။

"ပါပါး ပါပါး...သား ကုိယ့္ဘာသာျပင္ဆင္ထား
တာအဆင္ေျပရဲ႕လား"

"ေျပပါ့ဗ်ာ..ေျပပါ့ ၾကည့္ပါဦး ပါပါးသားေလးက
ကုိယ့္အားကိုယ္ကုိးတတ္ေနၿပီ...ေတာ္လိုက္တာ"

Wedding သြားဖုိ႔ကို သြန္းကျပင္ဆင္ေပးပါ့မယ္ဆုိတာကိုလက္မခံ။အငယ္ေလးေရာက္လာ
ေတာ့မွာမို႔ သူကအကုိႀကီးပီပီလူႀကီးဆန္ေန
ဖုိ႔လိုမယ္ဆုိကာ သူ႔အတြက္ျပင္ထားတဲ့ သူ႔daddyနဲ႔ဆင္တူsuite အျဖဴေလးကိုယူကာ
သူ႔အခန္းထဲမွာကိုယ္တိုင္ကိုယ္က်ျပင္ဆင္သြား
ဝတ္ေလသည္။

ပထမက သူ႔စိတ္အလိုက် ခဏလႊတ္ေပးလိုက္
ၿပီးေနာက္မွသူ႔အခန္းထဲသြားကာ ေခ်ာ့ၿပီးလုပ္
ေပးမယ္စဥ္းစားထားေပမယ့္ အခုသူေလးက
အမွန္တကယ္ပင္သြန္းအကူအညီမပါပဲ အဆင္
ေျပေျပျပင္ဆင္လာႏိုင္ေပသည္။

"daddy သားေလးက အရမ္းကိုၾကည့္ေကာင္း
ေနပါလားကြ"

ေမာင္က သူ႔သားအနားေလ်ွာက္လားၿပီး အနားေရာက္တာနဲ႔ေကာက္ခ်ီရင္းေျပာေလသည္။

"daddy နဲ႔တူလို႔"

သားရဲ႕အေျဖေၾကာင့္သြန္းေရာ ေမာင္ပါသေဘာက်သြားရၿပီး ေအာ္ရယ္မိၾကေတာ့သည္။သားကလည္း အေဖေတြရယ္တာျမင္ေတာ့
ေရာေယာင္ကာလိုက္ရယ္ေလသည္။

"ဟုတ္ၿပီ..honey နည္းနည္းေလး ျပဳံးေနာ္
႐ုိက္မယ္ 1..2..3"

ခ်ပ္!

Wedding မသြားခင္ ျခံက juliet rose ေတြနဲ႔
ဓာတ္ပံု႐ုိက္ခ်င္ပါေသးတယ္ဆုိေသာ honey
ေၾကာင့္ ျခံရံ ့မွာ သူေလးစိတ္တိုင္းက photographer လုပ္ေပးေနရေသးသည္။

႐ုိက္ေပးေနရင္း အ႐ိုက္ခံရတဲ့သူနဲ႔အတူ စခြင္ေသးေသးေလးမွာျမင္ေနရတဲ့ပံုရိပ္ေလးကိုၾကည့္
ရင္းျခံရံပါထပ္တူလိုက္ျပဳံးမိေတာ့သည္။သူ႔honeyေလးက ပန္းေတြနဲ႔အျပဳိင္ကိုလွရက္ေနေတာ့တာပါပဲ..

"ေမာင္..ျပၾကည့္ လွလားလို႔"

"ေမာင္႐ိုက္ေပးရင္ ဘယ္တုန္းကမလွပဲေနလို႔လဲ"

သူ႔အေျပာကို ဘာမွျပန္မတုန္႔ျပန္ပဲ honey က
သူ႔လက္ထဲက Camera ကုိသာဆြဲယူရင္း ခုနကပံုေလးေတြကိုၾကည့္ေနေလသည္။

"ေမာင့္..ဒီပံုေလးၾကဳိက္တယ္ ဒါေလးပံုထုတ္ေပးေနာ္"

honeyျပလာတဲ့ပံုေလးကိုသူၾကည့္မိေတာ့
honey က ပန္းေတြကိုကိုင္ထားရင္း မ်က္လံုးေတြပိတ္က်သည္အထိျပဳံးေနတဲ့ပံုေလးပင္ျဖစ္သည္။သူလည္း ဒီပံုေလးကိုသေဘာက်သည္။
တစ္ခါတည္းအိတ္ေဆာင္ဆုိဒ္ေလးပါထုတ္ၿပီး
သူ႔ပိုက္ဆံအိတ္ထဲထည့္ထားဖုိ႔ ေတြးလိုက္မိသည္။

"ဟုတ္ၿပီ..honeyစိတ္တိုင္းက် ျဖစ္ေစရမယ္..
အခုေတာ့သြားရေအာင္ေတာ့ ေနာက္က်ေနဦးမယ္ "

"ဟုတ္.."

သူ႔တုိ႔လည္းအသင့္ရပ္ထားတဲ့ ကားေလးအနားကိုသြားရင္း ျခံရံက honeyကုိအရင္တက္ေစကာ သူကေတာ့ေနာက္မွတစ္ဖက္ကေနတက္လုိက္သည္။ဓာတ္ပံု႐ိုက္တာဘယ္ေလာက္ၾကာသြားလဲေတာ့မသိ သြန္းငယ္ရဲ႕အရမ္းၾကာတာပဲဆုိေသာပူညံပူညံဆူသံကုိ သူတုိ႔wedding မေရာက္ခင္အထိနာၾကားလိုက္ရေပသည္။

                         💙💙💙

"ဟြန္႔...ေနာက္ဆံုးေတာ့စြံသြားၿပီေပါ့ အပ်ဳိႀကီး"

"ဟုတ္ပါ့..လွ်ိလိုက္တာေနာ္..ငါတုိ႔က်ေတာ့သူ႔ကို ဘာလုပ္လုပ္ေျပာျပရတယ္"

သူငယ္ခ်င္းႏွစ္ေယာက္ရဲ႕ဆူပူသံကိုု သီရိမွာသြားေလးၿဖီးၿပီးသာ နားေထာင္ေနရတယ္။သူ
မကလည္းသူမပဲ ယူခါနီးမွ အသိေပးျဖစ္တာ။အဲ့ဒါကလည္းတျခားေၾကာင့္ မဟုတ္..သူမ တကယ္ေတာ့႐ွက္လုိ႔ပင္။သူငယ္ခ်င္း ႏွစ္ေယာက္ေ႐ွ႕မွာေတာ့အျမဲတမ္းအပ်ဳိႀကီးလုပ္မယ္ ဆုိ
ၿပီးေႂကြးေၾကာ္လာခဲ့တာ..အခုလိုဖူးစာဖက္နဲ႔ေတြ႔ေတာ့ မေနႏိုင္ပဲေပါင္းဖက္လိုက္ၾကေတာ့ ကုိယ့္စကားနဲ႔ကုိယ္ အုိးမလံုျဖစ္ေနတာပင္။

"နင္တုိ႔က ကုိယ္စီကုိယ္စီ မိသားစုေလးေတြနဲ႔
ဆုိေတာ့ ငါလည္းအားက်လို႔ေပါ့ဟ.."

"အမေလး..ဟုတ္ပါၿပီ ဘာပဲျဖစ္ျဖစ္ ငါတုိ႔ကလည္းနင့္ကို တစ္ေယာက္တည္းမေနသြားေစခ်င္
ပါဘူးဟာ...အခုလို အိမ္ေထာင္က်သြားေတာ့
ငါတုိ႔လည္းဝမ္းသာပါတယ္"

သြန္းက ထုိသို႔ေျပာေတာ့ သူငယ္ခ်င္းသံုးေယာက္လံုး ျပဳိင္တူျပဳံးလိုက္ၾကသည္။ငယ္စဥ္ကတည္းကေန အခုခ်ိန္ထိမခြဲမခြာ အျမဲတပူးပူးတတြဲတြဲနဲ႔ တစ္ေယာက္ကုိတစ္ေယာက္ေဖးမကာ ခင္မင္လာၾကတာပင္..။အခုလည္းကိုယ္စီကိုယ္စီအိမ္ေထာင္ေတြက် ကုန္ၾကေတာ့ အခ်ိန္ေတြဟာကုန္တာျမန္သလို ဒါေပမယ့္လည္း သူတုိ႔ကငယ္စဥ္ကတည္းကအတုိင္း ေမာင္ႏွမအရင္းအခ်ာမ်ားပမာ ခ်စ္ခင္ေနၾကတုန္းပင္..

"သီရိ...အဆင္သင့္ျဖစ္ၿပီဆုိထြက္လာေတာ့ေလ ပြဲကစေတာ့မယ္"

လာ သတိေပးတဲ့သီရိရဲ႕အမ်ဳိးမကင္းထဲကတစ္ေယာက္ေၾကာင့္ သူတုိ႔လည္း ထုိအခန္းထဲကေနထြက္လာလိုက္ၾကသည္။

သတုိ႔သားသတုိးသမီးေ႐ွ႕ကေန သူနဲ႔ရြယ္တူ
ေကာင္မေလးတစ္ေယာက္နဲ႔အတူ ပန္းက်ဲလာတဲ့ သြန္းငယ္ေလးကုိၾကည့္ရင္း သြန္းမွာ
အသဲတယားယား...

သားdaddyက ေတာ့ သူ႔သားရဲ႕ ထုိပံုရိပ္ေလးကိုကင္မရာကိုင္ကာ မွတ္တမ္းတင္ေနေလသည္။သြန္းတုိ႔နားလည္းေရာက္ေရာ သားကခဏရပ္ကာ သြန္းကိုတာ့တာျပတာေၾကာင့္ အကုန္
လံုးရဲ႕ဝိုင္းရယ္ျခင္းကိုလည္း ခံရေသးသည္။သူရပ္လိုက္ေတာ့ အေနာက္က သတုိးသားသတို႔သမီး အေဖအေမစတဲ့သူေတြကအကုန္လိုက္ရပ္လိုက္ရတာကိုး...

ေနာက္ဆံုးအေနနဲ႔ ပန္းစည္းပစ္ရမယ့္ အခ်ိန္ကုိ
ေရာက္႐ွိလာေလၿပီျဖစ္သည္။ပန္းစည္းပစ္ေတာ့မယ္ဆုိေတာ့ အကုန္လံုးက စု႐ုံးၿပီးစင္ေ႐ွ႕သြားရပ္ေပမယ့္ သြန္းမွာေတာ့ အထုိင္ၾကာသြားလို႔လားမသိ ခါးကနာခ်င္သလုိလိုျဖစ္
ေနတာေၾကာင့္မသြားႏုိင္ပဲထုိေနရာ၌သာထုိင္ေနရသည္...။

ဒါေပမယ့္ နာတာကတစ္ေျဖးေျဖးစိတ္လာေတာ့ သြန္းကိုယ့္ကိုယ္သတိထားမိသြားကာ..
ေဘးနားမွာ႐ွိေနတဲ့ ေမာင့္လက္ေမာင္းကိုအားကိုတႀကီးဆုုပ္ကိုင္လိုက္ေတာ့..

"honey...ဘာျဖစ္လုိ႔လဲ

"နာ..နာတယ္ ေမာင္...ေမြးခ်င္ၿပီ"

"ဟင္!!..."

"ေမြးခ်င္ၿပီလို႔!!....အား!! နာလိုက္တာ!!"

ေအာ္ခ်လိုက္တဲ့ သြန္းအသံေၾကာင့္ စင္ေ႐ွ႕မွာစု႐ုံးေနတဲ့လူအုပ္ႀကီးက သြန္း႐ွိရာဘက္ကို
လွည့္ၾကည့္လာၾကၿပီး သြန္းဘာျဖစ္ေနတယ္ဆုိတာကိုရိပ္မိသြားတာနဲ႔ သြန္းအနားကိုအေျပးလာၾကေပသည္။စင္ေပၚက သီရိကလည္း ဂါဝန္ျဖဴႀကီးကိုမကာသြန္းအနား ေျပးလို႔လာေပသည္။

"သြန္း...ဘာျဖစ္တာလဲ"

"ေမြးခ်င္ၿပီတဲ့..."

"ဟင္..."

ျခံရံတကယ္ကိုဘာလုပ္ရမွန္းမသိေသးပါ။သား
ေမြးတုန္းက သူကအေဝးေရာက္ေနေတာ့ဒီအေျခအေနကိုမေက်ာ္ျဖတ္လိုက္ရ။ထုိ႔ေၾကာင့္
ဒီတစ္ႀကိမ္တြင္ သူဘာလုပ္ရမွန္းမသိ..ေနာက္ဆံုးစိတ္ေအးေအးထားၿပီးစဥ္းစားလိုက္မွ
ေဆး႐ုံသြားရန္ honeyကုိေပြ႔ခ်ီမည္အလုပ္..

"အား!!!"

ထပ္ထြက္လာတဲ့ေအာ္သံေၾကာင့္ သူတုိ႔ေတြအကုန္တုန္လႈပ္သြားရျပန္သည္။ဘာလို႔ဆုိ ထုိေအာ္သံက ျခံရံေပြ႔ခ်ီထားတဲ့ honeyဆီကမဟုတ္ပဲ သူတုိ႔ေဘးနားရပ္ေနတဲ့လြန္းအိမ္ငယ္ဆီကမုိ႔ပင္။

"အိမ္ေလး..အိမ္ေလး ဘာျဖစ္တာလဲ"

"ဟင့္..နာတယ္...အ့ ေမြးခ်င္ၿပီထင္တယ္"

"ဟယ္..."

ဗိုက္ႏွစ္ဗုိက္ရဲ႕ ျပဳိင္နာေနမႈေၾကာင့္ သူတုိ႔မွာတကယ္ကိုဂယက္ေတြထကုန္ရသည္။အဲ့ေတာ့
ခန္႔ညားေရာ ျခံရံပါသူတုိ႔ရဲ႕ဆုိင္ရာဆုိင္ရာေတြကုိ ေပြ႔ခ်ီရင္း ကာေပၚတင္ကာ ေဆး႐ုံသုိ႔အျမန္ေျပးၾကရသည္။

ကားထဲေရာက္မွ ခန္းမထဲ သားက်န္ေနခဲ့တာကုိသတိရ၍ျခံရံမွာ အျမန္ေျပးကာ သားကုိသြားခ်ီေခၚရေသးသည္။သီရိကသူနဲ႔ထားခဲ့ဖုိ႔ေျပာေပမယ့္ ျခံရံကလက္မခံပဲ ေခၚသာလာလုိက္သည္။ဘာလို႔ဆုိ သားလည္းသူရဲ႕အငယ္ေလးကဘာလဲဆုိတာ သိခ်င္မည္ဆုိတာ သိလို႔ပင္။

ဒီလိုနဲ႔ပဲေဆး႐ုံသြားတဲ့ တစ္ေလ်ွာက္ျခံရံကလူႀကီးေတြကုိဖုန္းဆက္ၿပီးအေၾကာင္းၾကားရသည္။ဒီေန႔က သူ႔အတြက္ေမ့မရႏုိင္တဲ့ေန႔တစ္ေန႔ျဖစ္ေနေတာ့မွာမလြဲဧကန္..

ထုိေန႔က Royal ေဆး႐ုံႀကီးတြင္ ေမြးလူနာႏွစ္ေယာက္က တစ္ခ်ိန္တည္းခြဲခန္းဝင္ ေမြးလူနာ တစ္က အမႊာေလးကုိေအာင္ျမင္စြာေမြးဖြားႏုိင္ခဲ့ၿပီး..ေမြးလူနာ ႏွစ္က သမီးေလးကုိေအာင္ျမင္စြာေမြးဖြားႏိုင္ခဲ့ေပသည္...။

                          ~~~

ေမာင္နဲ႔honeyကုိ လြမ္းေနၾကမယ္ ထင္လုိ႔ပါ

ဒါေလးက စာအုပ္ထဲမွာပါတဲ့ Extra ေလးပါေနာ္။

ေမာင္နဲ႔honeyတုိ႔ေရာ Extra ေလးကဒီမွာတင္
ၿပီးပါၿပီေနာ္။ေနာက္ထပ္ Fiction အသစ္ေလး
ေတြကုိလည္း အျမန္ဆံုး ျပန္ေရးႏိုင္ေအာင္
ၾကဳိးစားေနပါတယ္ 💙 

Unicode
========

စားပွဲပေါ်တင်ထားတဲ့ မင်္ဂလာဖိတ်စာတစ်ခုကို သွန်းရော ခန့်ထည်ရောမမြင်ဖူးတဲ့အရာကိုအခုမှတွေ့လိုက်ရသကဲ့သိုအထူးအဆန်းခေါင်းချင်းဆိုင်ကြည့်နေကြလေသည်။

မင်္ဂလာဖိတ်စာမှာရေးထားတဲ့သတို့သားနဲ့သတို့သမီးနာမည်ကတော့..

'မောင်စည်သူထက်လွင် ♡︎ မသီရီရှင်းသန့်'

ဆိုသောအမည်နာမည်နှစ်ခုကြောင့်ပင်ဖြစ်သည်။

"ခန့်ထည် တကယ်ကြီးသီရိကမင်္ဂလာဆောင်ပြီလား။ငါ..ငါအိပ်မက်မက်နေတာမဟုတ်ဘူးမလား"

"အော်..သွန်းရယ်မင်းနဲ့ဒီမှာဖိတ်စာကြီးတစ်စောင်လုံးရှေ့ရောက်နေတာကို ဘယ်ကအိပ်မက်တုန်းကွ"

"ငါမယုံနိုင်သေးလို့ပါကွာ။တစ်သက်လုံးယောကျာ်းမယူဘူးနင်တို့ကိုပဲပေးစားမှာဆိုတဲ့အပျိုကြီးက ပြန်ပေါ်လာတော့ မင်္ဂလာဖိတ်စာကြီးနဲ့ဆိုတော့ ပြီးတော့ယူတဲ့သူကလည်းတခြားမဟုတ်ဘူး ကိုစည်"

သွန်းတကယ်ကိုလိုက်မမှီတော့ဘူး။မောင်က မင်္ဂလာပွဲတက်ဖို့ရှိတယ် ကိုစည့်ပွဲဆိုပြီးဖိတ်စာလာပေးတော့ နာမည်နှစ်ခုကိုမြင်လိုက်တာ သွန်းမှာသွေးမတက်ယုံတမယ်ပင်။ကိုစည်ယူမှာ သီရိမနဲ့တဲ့။သူတို့နှစ်ယောက်ဘယ်အချိန်တုန်းက ဘယ်လိုတွေ့ပြီးဘယ်လိုတွေ ယူဖြစ်ကြလဲမသိ။တွဲနေဆိုတဲ့ကိစ္စက သတင်းသဲ့သဲ့လေးတောင် မကြားရ။

"ဘာမှမယုံနိုင်သေးတာတွေ ဘာတွေဖြစ်မနေနဲ့ ငါ့ကောင်။ဒီမှာ ဖိတ်စာကြီးတစ်စောင်လုံးရောက်လာပြီ။အခုစဉ်းစားရမှာက မင်္ဂလာပွဲမှာဘာဝတ်သွားမလဲဆိုတာပဲ..ပြောမယ့်သာပြောတာ မင်းကဘာဝတ်ဝတ်ကြည့်ကောင်းပြီးသားငါသာရွေးရမှာ.."

"အော်...အင်းပါ။ဒီမှာဗိုက်ကြီးတစ်လုံးလုံးအရှှေ့ကိုမိုးပျံပူဖောင်းကြီးလို့ဖောင်းထွက်နေတာကို ကြည့်ကောင်းတယ်ဖြစ်ရသေး"

"အဲ့ဒါ မင်းယောကျာ်းကိုအပြစ်တင်။မင်းယောကျာ်းလုပ်လို့ဖြစ်တာ"

"ကျစ်...ပေါက်ကရတွေပြောတာရပ်စမ်း"

ခန့်ထည်ရဲ့စကားကြောင့်သွန်းက ရှက်ဝဲဝဲလေးဖြစ်သွားကာ တစ်ဖက်ခုံက ခန့်ထည်ကိုလည်းလှမ်းရိုက်လိုက်ပါသေးသည်။ခန့်ထည်ကတော့ သွန်းပုံစံကိုကြည့်ပြီးတစ်ခွိခွိနဲ့ရယ်နေပြန်သည်။

"ဒါ မင်းတို့မိသားစု Bali သွားတုန်းကလား"

"အော်..အင်း ဟုတ်တယ်။4 years anni တုန်းကလေ.."

ခန့်ထည့်က စင်လေးပေါ်မှာထောင်ထားတဲ့ သူ
တို့anniversery တုန်းက..Baliမှာရိုက်ထားတဲ့
သူတို့မိသားစုသုံးယောက်ပုံလေးကိုတွေ့၍မေး
နေခြင်း။

"ဟွန့်..မင်းယောကျာ်းအကျင့်အရမ်းပုတ်တာနော်အဲ့တုန်းက။ငါတို့မိသားစုပါ အတူတူလိုက်
မယ်ပြောတာကို လုံးဝလက်မခံဘူး"

"ဟားဟား...မဟုတ်ပါဘူးကွာ။သူဟိုရောက်တော့ပြောပါတယ်။မင်းတို့လည်း အတူတူတစ်
ခေါက်လောက်လာလည်ဦးမယ်တဲ့"

ခန့်ညားကတော့ ဗိုက်ပူကို မျက်စောင်းသာထိုး
ပြလိုက်သည်။အဲ့ဗိုက်ပူက အခုချိန်ထိသူ့ယောကျာ်းကို သူများပြောမှာနည်းနည်းမှမလိုလားပါ။
အမြဲတမ်းကာပြောပေးနေတုန်း။

"ပါပါးရေ!!..ပါပါးရဲ့သွန်းငယ်လေးပြန်လာပါပြီနော်!!"

လူကအိမ်ထဲမရောက်သေးဘူး အသံကအရင်
ကြားနေရတာကြောင့် သွန်းရောခန့်ထည်ပါပြုံး
မိကြသည်။သွန်းငယ်ဟာ ဒီအိမ်ရဲ့ဆည်းလည်း
လေးဖြစ်တာကြောင့် သူလေးမရှိတဲ့ချိန်အိမ်ကြီး
ကခြောက်သွေ့နေသလောက် သူလေးပြန်လာပြီဆိုတာနဲ့ စိုပြေနေတော့တာ။

"ပါပါး!!...ပါပါး!!"

"ဖြည်းဖြည်း လာပါသားရယ်။ချော်ချက်လဲပါဦး
မယ်"

"ဟာ...လေးလေးခန့်ရောက်နေတာပေါ့"

သွန်းပြောတာကိုအာရုံမရ။ခန့်ထည်ကိုမြင်တော့ သူ့မှတစ်အံ့တစ်သြဖြစ်နေရှာတာ။ဟုတ်လည်းဟုတ်တယ် ခန့်ထည်ကသူတို့အိမ်ကို
လာလည်တာရှားတယ်။သူ့တို့ကသာ ခန့်ထည်တို့အိမ်ကိုအသွားများကြတာ။

"ဟုတ်ပါ့ဗျာ..လေးခန့်ရောက်နေတာကြာပြီ။
သွန်းငယ်လေးကို တွေ့ချင်လို့မပြန်သေးပဲ စောင့်နေတာ"

"ဟုတ်လား..ဘာဘီလေးရော ဘာဘီလေးမပါဘူးလား လေးခန့်"

"ဘာဘီလေးက အိမ်မှာ သား လေးလေးနဲ့ကျန်ခဲ့တယ်။အိပ်နေလို့လေ"

လေပေါနေကြတဲ့ တူဝရီးနှစ်ယောက်ကို သွန်း
ထားခဲ့ပြီး သားရဲ့လွယ်အိတ်တစ်ဖက် ထမင်း
ခြင်းတစ်ဖက် သူ့ရဲ့ရုံးအိတ်တစ်ဖက်ဖြင့်လာ
နေသော မောင့်ထံသို့သာသူသွားလိုက်သည်။
မောင့်လက်ထဲက သားရဲ့လွယ်အိတ်လေးကို
လှမ်းယူလိုက်ရင်း...

"ပင်ပန်းနေပြီလား...​မောင်"

"မပင်ပန်းပါဘူး honeyရယ်..ပင်ပန်းနေရင်
တောင်မှ အိမ်ပြန်ရောက်လာလို့...အခုလိုhoneyမျက်နှာလေးကိုမြင်လိုက်ရရင် ပင်ပန်းသမျှအကုန် ယူပစ်သလိုပျောက်သွားတာဗျာ"

"ဟွန့်..အပြောကတော့နော်"

ချစ်မျက်စောင်းလေထိုးမိတော့ မောင်ကသူ့ပါးပြင်ထပ်သို့အနမ်းတွေစွန့်ကြဲလို့လာသည်။ဒီလိုပါ
ပဲနှစ်တွေသာကြာသွားရင်ကြားသွားမယ် မောင့်ရဲ့အနမ်းတွေကတော့ အရင်လိုနွေးထွေးနေဆဲ။

"သွန်းရေ..ငါပြန်တော့..အယ်"

"လေးခန့်...မျက်လုံးမှိတ် မျက်လုံးမှိတ်"

ခန့်ထည်သူပြန်ရန်အတွက် သွန်းကိုနှုတ်ဆက်
ဖို့ထွက်လာတုန်း အိမ်ရှေ့တံခါးဝမှာ ကလူပြီး
နမ်းနေကြတဲ့အတွဲကိုတွေ့လိုက်ရတာကြောင့်
ပြောမယ့်စကားတောင်အစပျောက်သွားရသည်။ဒီအတွဲ ကလေးငယ်ရှိတာကိုဘယ်လိုတောင်မဆင်ခြင်ကြတာပါလိမ့်။ဒီမြင်ကွင်းမျိုးနဲ့ ကြုံ
တာခန့်ထည်အတွက်တော့ ပထမဆုံးအကြိမ်
မဟုတ်ပေမယ့် သွန်းငယ်လေးရှိနေတယ်လေလို့တွေးမိပေမယ့်လည်း ခုနကကြားလိုက်ရတဲ့
အသံလေးကြောင့် သွန်းငယ်ရှေ့မှာလည်းသူတို့ရှောင်ပုံမရဘူးဆိုတာသိလိုက်ရပါတော့
သည်။

တကယ့်ကို ကဲကဲသဲသဲ အတွဲပါ။

"အဟမ်း! ခန့် ခန့်ထည်"

"ဟို..ငါပြန်တော့မယ်လို့လာပြောတာ။ကိုကို
ဖုန်းဆက်တယ် သမီးလေးနိုးနေပြီဆိုလို့"

"အော်..အေးအေး။ငါ အိမ်ကကားနဲ့လိုက်ပို့ခိုင်းမယ်နော်။"

"အေး အေး"

မင်းမြတ်ခြံရံ က ခုနကကိစ္စကြောင့် ရှက်သွားတာလားမသိ ခန့်ထည်ဘက်ကိုလှည့်ကိုကြည့်
မလာတော့။သွန်းကတော့ သူ့အတွင်ဒရိုင်ဘာတစ်ယောက်ကိုခေါ်ကာ သေချာလိုက်ပို့ပေးဖို့မှာကြားနေလေသည်။

"အဲ့ဒါဆို ငါသွားပြီနော်။ပွဲနေ့မှပဲ တွေ့ကြတာပေါ့။ဗိုက်ကိုလည်း ဂရုစိုက်ဦး"

"အေးပါ..အေးပါ"

ခန့်ထည်ကမှာစရာရှိတာမှာပြီးတာနဲ့ သွန်းစီစဉ်ပေးတဲ့ကားနဲ့ပဲပြန်သွားလေသည်။သူလည်း
အခုမှပဲအရှေ့ကအရှက်မရှိသရက်စေ့ကြီးကို
ဆူဖို့ မောင်းတင်ရတော့သည်။

"အဲ့ဒီ..မောင်ဟာလေ..မဆင်မခြင်တွေနော်"

"ဟ...မောင်မှသူရောက်နေမှန်းမသိတာ..အမှန်
ဆို..မောင်ဝင်လာကတည်းကhoneyကပြောသင့်တာ"

အော်..အဲ့ဒါဆို သွန်းအပြစ်ပေါ့။

"တော်ပါ...အခုသားကိုခေါ်ပြီးရေသွားချိုးတော့..ဒါနဲ့လေ မောင် ခဏနေ honey ကိုအပြင်ခဏလိုက်ပို့ပေးလို့ရလား"

"ဘယ်ကို?"

"Dream ကိုပါ ကိုစည်တို့ပွဲအတွက် အကျႌအပ်ချင်လို့ ဟီး"

Dream ဆိုတာက သွန်းတို့တွေ ပွဲတွေဘာတွေ
တက်မယ်ဆို အကျႌအပ်ဖြစ်တဲ့နာမည်ကြီး
Fashion shop တစ်ခုပင်ဖြစ်သည်။

"အဲ့ဒါအတွက်ဆို ပူမနေနဲ့တော့..မောင်အားလုံးပြင်ဆင်ပြီးသွားပြီ..honeyက ပွဲနေ့ကျရင်
အေးအေးဆေးဆေးပြင်ဆင်ပြီးသွားယုံပဲ"

"အလိုက်သိတဲ့ မောင့်ကို honeyကအရမ်းချစ်တယ်နော်"

"မောင့်အလိုကိုအမြဲလိုက်တဲ့ honeyကိုလည်း
မောင်ကအရမ်းချစ်ပါတယ်နော်"

အပြန်အလှန်ချစ်စကားတွေပြောကြရင်း ပြိုင်
တူပြုံးလိုက်မိကြသည်။နှစ်တွေသာကြာရင်
ကြာသွားမယ် honey နဲ့မောင်ရဲ့အချစ်တွေက
ဘယ်တော့မှ အေးစက်မသွားနိုင်ဘူးဆိုတာက
မပြောင်းလဲတဲ့အမှန်တရားတစ်ခု...

***

Wedding day

"မောင်...honey အဆင်ပြေပါတယ်နော်"

ကိုယ်လုံးပေါ်မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုကြည့်
ရင်း အနောက်မှာနာရီပတ်နေတဲ့မောင့်ထံသို့
သွန်းလှန်းမေးလိုက်သည်။မောင် သူ့အတွက်
အပ်ပေးတဲ့ဝတ်စုံလေးက သူ့အကြိုက်တွေ့ပြီး
ကျေနပ်ပေမယ့် မောင့်အမြင်ကိုသူသိချင်သေး
သည်။

အကျႌလေးရဲ့ပုံကတကယ်ကိုမရိုးမဆန်းလေးနဲ့
လှသည်။အောက်က ရိုးရိုးရှပ်အဖြူလက်ရှည်လေးကိုမှ အပေါ်ကနေမှန်ဇာအလက်အလက်လေးနဲ့ဝတ်ရုံပုံစံလေးထပ်ချုပ်ထားတာပင်။ဗိုက်လုံးလုံးလေးကိုလည်းထင်းနေစေပြီး သွန်းတစ်ကိုယ်လုံးကနတ်သားလေးတစ်ပါးလိုကိုယ်
ရောင်ကိုယ်ဝါတောက်ပနေသယောင်ပင်။

"မောင့်ရဲ့ honey ကအလှဆုံးပဲ"

မောင် သွန်းရဲ့ခါးကနေဖက်ရင်း ပြောလာတာ
ကြောင့် သွန်းမှာကျေနပ်သွားရသည်။သွန်းက
အများအမြင်မှာကြည့်ကောင်းနေဖို့ထက် မောင့်
ရဲ့အမြင်မှာ ကြည့်ကောင်းနေဖို့ကိုပိုလိုချင်နေသူဖြစ်သည်။

မှန်ထဲကနေတစ်ဆင့် suite အဖြူနဲ့ရှင်းသန့်ကြည့်ကောင်းနေတဲ့မောင့်ကိုပြုံးကြည့်ရင်း..

"မောင်လည်း..အရမ်းကြည့်ကောင်းတယ်"

"အင်း...honeyအပြုအစုကောင်းလို့"

"ဘာမှမဆိုင်"

"ဆိုင်ဆိုင်မဆိုင်ဆိုင်ကွာ.."

မောင့်ရဲ့အဖြေကြောင့် သွန်းမှာအပြုံးတွေရပ်တန့်လို့မရတော့ပါ။

"ဒယ်ဒီ!! ပါပါး!!"

နှစ်ယောက်သားကြည်နူးနေတုန်း ကြားလိုက်
ရတဲ့အသံစူးစူးလေးကြောင့် သက်ပြင်းပြိုင်တူ
ချမိသည်။ထို့အတူ ပူးကပ်နေတဲ့ ကိုယ်နှစ်ခုကိုခွာရင်း မောင်က တံခါးသွားဖွင့်လေသည်။ထိုနောက် ဖြူလွှလွှအရိပ်သေးသေးလေးက သွန်းအနားကိုတစ်ဟုန်ထိုးပြေးလာတာကြောင့်
သွန်းထိုအရိပ်လေးကို အမြန်ပဲဖမ်းလိုက်ရသည်။

"ပါပါး ပါပါး...သား ကိုယ့်ဘာသာပြင်ဆင်ထား
တာအဆင်ပြေရဲ့လား"

"ပြေပါ့ဗျာ..ပြေပါ့ ကြည့်ပါဦး ပါပါးသားလေးက
ကိုယ့်အားကိုယ်ကိုးတတ်နေပြီ...တော်လိုက်တာ"

Wedding သွားဖို့ကို သွန်းကပြင်ဆင်ပေးပါ့မယ်ဆိုတာကိုလက်မခံ။အငယ်လေးရောက်လာ
တော့မှာမို့ သူကအကိုကြီးပီပီလူကြီးဆန်နေ
ဖို့လိုမယ်ဆိုကာ သူ့အတွက်ပြင်ထားတဲ့ သူ့daddyနဲ့ဆင်တူsuite အဖြူလေးကိုယူကာ
သူ့အခန်းထဲမှာကိုယ်တိုင်ကိုယ်ကျပြင်ဆင်သွား
ဝတ်လေသည်။

ပထမက သူ့စိတ်အလိုကျ ခဏလွှတ်ပေးလိုက်
ပြီးနောက်မှသူ့အခန်းထဲသွားကာ ချော့ပြီးလုပ်
ပေးမယ်စဉ်းစားထားပေမယ့် အခုသူလေးက
အမှန်တကယ်ပင်သွန်းအကူအညီမပါပဲ အဆင်
ပြေပြေပြင်ဆင်လာနိုင်ပေသည်။

"daddy သားလေးက အရမ်းကိုကြည့်ကောင်း
နေပါလားကွ"

မောင်က သူ့သားအနားလျှောက်လားပြီး အနားရောက်တာနဲ့ကောက်ချီရင်းပြောလေသည်။

"daddy နဲ့တူလို့"

သားရဲ့အဖြေကြောင့်သွန်းရော မောင်ပါသဘောကျသွားရပြီး အော်ရယ်မိကြတော့သည်။သားကလည်း အဖေတွေရယ်တာမြင်တော့
ရောယောင်ကာလိုက်ရယ်လေသည်။

"ဟုတ်ပြီ..honey နည်းနည်းလေး ပြုံးနော်
ရိုက်မယ် 1..2..3"

ချပ်!

Wedding မသွားခင် ခြံက juliet rose တွေနဲ့
ဓာတ်ပုံရိုက်ချင်ပါသေးတယ်ဆိုသော honey
ကြောင့် ခြံရံ ့မှာ သူလေးစိတ်တိုင်းက photographer လုပ်ပေးနေရသေးသည်။

ရိုက်ပေးနေရင်း အရိုက်ခံရတဲ့သူနဲ့အတူ စခွင်သေးသေးလေးမှာမြင်နေရတဲ့ပုံရိပ်လေးကိုကြည့်
ရင်းခြံရံပါထပ်တူလိုက်ပြုံးမိတော့သည်။သူ့honeyလေးက ပန်းတွေနဲ့အပြိုင်ကိုလှရက်နေတော့တာပါပဲ..

"မောင်..ပြကြည့် လှလားလို့"

"မောင်ရိုက်ပေးရင် ဘယ်တုန်းကမလှပဲနေလို့လဲ"

သူ့အပြောကို ဘာမှပြန်မတုန့်ပြန်ပဲ honey က
သူ့လက်ထဲက Camera ကိုသာဆွဲယူရင်း ခုနကပုံလေးတွေကိုကြည့်နေလေသည်။

"မောင့်..ဒီပုံလေးကြိုက်တယ် ဒါလေးပုံထုတ်ပေးနော်"

honeyပြလာတဲ့ပုံလေးကိုသူကြည့်မိတော့
honey က ပန်းတွေကိုကိုင်ထားရင်း မျက်လုံးတွေပိတ်ကျသည်အထိပြုံးနေတဲ့ပုံလေးပင်ဖြစ်သည်။သူလည်း ဒီပုံလေးကိုသဘောကျသည်။
တစ်ခါတည်းအိတ်ဆောင်ဆိုဒ်လေးပါထုတ်ပြီး
သူ့ပိုက်ဆံအိတ်ထဲထည့်ထားဖို့ တွေးလိုက်မိသည်။

"ဟုတ်ပြီ..honeyစိတ်တိုင်းကျ ဖြစ်စေရမယ်..
အခုတော့သွားရအောင်တော့ နောက်ကျနေဦးမယ် "

"ဟုတ်.."

သူ့တို့လည်းအသင့်ရပ်ထားတဲ့ ကားလေးအနားကိုသွားရင်း ခြံရံက honeyကိုအရင်တက်စေကာ သူကတော့နောက်မှတစ်ဖက်ကနေတက်လိုက်သည်။ဓာတ်ပုံရိုက်တာဘယ်လောက်ကြာသွားလဲတော့မသိ သွန်းငယ်ရဲ့အရမ်းကြာတာပဲဆိုသောပူညံပူညံဆူသံကို သူတို့wedding မရောက်ခင်အထိနာကြားလိုက်ရပေသည်။

                         💙💙💙

"ဟွန့်...နောက်ဆုံးတော့စွံသွားပြီပေါ့ အပျိုကြီး"

"ဟုတ်ပါ့..လျှိလိုက်တာနော်..ငါတို့ကျတော့သူ့ကို ဘာလုပ်လုပ်ပြောပြရတယ်"

သူငယ်ချင်းနှစ်ယောက်ရဲ့ဆူပူသံကို သီရိမှာသွားလေးဖြီးပြီးသာ နားထောင်နေရတယ်။သူ
မကလည်းသူမပဲ ယူခါနီးမှ အသိပေးဖြစ်တာ။အဲ့ဒါကလည်းတခြားကြောင့် မဟုတ်..သူမ တကယ်တော့ရှက်လို့ပင်။သူငယ်ချင်း နှစ်ယောက်ရှေ့မှာတော့အမြဲတမ်းအပျိုကြီးလုပ်မယ် ဆို
ပြီးကြွေးကြော်လာခဲ့တာ..အခုလိုဖူးစာဖက်နဲ့တွေ့တော့ မနေနိုင်ပဲပေါင်းဖက်လိုက်ကြတော့ ကိုယ့်စကားနဲ့ကိုယ် အိုးမလုံဖြစ်နေတာပင်။

"နင်တို့က ကိုယ်စီကိုယ်စီ မိသားစုလေးတွေနဲ့
ဆိုတော့ ငါလည်းအားကျလို့ပေါ့ဟ.."

"အမလေး..ဟုတ်ပါပြီ ဘာပဲဖြစ်ဖြစ် ငါတို့ကလည်းနင့်ကို တစ်ယောက်တည်းမနေသွားစေချင်
ပါဘူးဟာ...အခုလို အိမ်ထောင်ကျသွားတော့
ငါတို့လည်းဝမ်းသာပါတယ်"

သွန်းက ထိုသို့ပြောတော့ သူငယ်ချင်းသုံးယောက်လုံး ပြိုင်တူပြုံးလိုက်ကြသည်။ငယ်စဉ်ကတည်းကနေ အခုချိန်ထိမခွဲမခွာ အမြဲတပူးပူးတတွဲတွဲနဲ့ တစ်ယောက်ကိုတစ်ယောက်ဖေးမကာ ခင်မင်လာကြတာပင်..။အခုလည်းကိုယ်စီကိုယ်စီအိမ်ထောင်တွေကျ ကုန်ကြတော့ အချိန်တွေဟာကုန်တာမြန်သလို ဒါပေမယ့်လည်း သူတို့ကငယ်စဉ်ကတည်းကအတိုင်း မောင်နှမအရင်းအချာများပမာ ချစ်ခင်နေကြတုန်းပင်..

"သီရိ...အဆင်သင့်ဖြစ်ပြီဆိုထွက်လာတော့လေ ပွဲကစတော့မယ်"

လာ သတိပေးတဲ့သီရိရဲ့အမျိုးမကင်းထဲကတစ်ယောက်ကြောင့် သူတို့လည်း ထိုအခန်းထဲကနေထွက်လာလိုက်ကြသည်။

သတို့သားသတိုးသမီးရှေ့ကနေ သူနဲ့ရွယ်တူ
ကောင်မလေးတစ်ယောက်နဲ့အတူ ပန်းကျဲလာတဲ့ သွန်းငယ်လေးကိုကြည့်ရင်း သွန်းမှာ
အသဲတယားယား...

သားdaddyက တော့ သူ့သားရဲ့ ထိုပုံရိပ်လေးကိုကင်မရာကိုင်ကာ မှတ်တမ်းတင်နေလေသည်။သွန်းတို့နားလည်းရောက်ရော သားကခဏရပ်ကာ သွန်းကိုတာ့တာပြတာကြောင့် အကုန်
လုံးရဲ့ဝိုင်းရယ်ခြင်းကိုလည်း ခံရသေးသည်။သူရပ်လိုက်တော့ အနောက်က သတိုးသားသတို့သမီး အဖေအမေစတဲ့သူတွေကအကုန်လိုက်ရပ်လိုက်ရတာကိုး...

နောက်ဆုံးအနေနဲ့ ပန်းစည်းပစ်ရမယ့် အချိန်ကို
ရောက်ရှိလာလေပြီဖြစ်သည်။ပန်းစည်းပစ်တော့မယ်ဆိုတော့ အကုန်လုံးက စုရုံးပြီးစင်ရှေ့သွားရပ်ပေမယ့် သွန်းမှာတော့ အထိုင်ကြာသွားလို့လားမသိ ခါးကနာချင်သလိုလိုဖြစ်
နေတာကြောင့်မသွားနိုင်ပဲထိုနေရာ၌သာထိုင်နေရသည်...။

ဒါပေမယ့် နာတာကတစ်ဖြေးဖြေးစိတ်လာတော့ သွန်းကိုယ့်ကိုယ်သတိထားမိသွားကာ..
ဘေးနားမှာရှိနေတဲ့ မောင့်လက်မောင်းကိုအားကိုတကြီးဆုပ်ကိုင်လိုက်တော့..

"honey...ဘာဖြစ်လို့လဲ

"နာ..နာတယ် မောင်...မွေးချင်ပြီ"

"ဟင်!!..."

"မွေးချင်ပြီလို့!!....အား!! နာလိုက်တာ!!"

အော်ချလိုက်တဲ့ သွန်းအသံကြောင့် စင်ရှေ့မှာစုရုံးနေတဲ့လူအုပ်ကြီးက သွန်းရှိရာဘက်ကို
လှည့်ကြည့်လာကြပြီး သွန်းဘာဖြစ်နေတယ်ဆိုတာကိုရိပ်မိသွားတာနဲ့ သွန်းအနားကိုအပြေးလာကြပေသည်။စင်ပေါ်က သီရိကလည်း ဂါဝန်ဖြူကြီးကိုမကာသွန်းအနား ပြေးလို့လာပေသည်။

"သွန်း...ဘာဖြစ်တာလဲ"

"မွေးချင်ပြီတဲ့..."

"ဟင်..."

ခြံရံတကယ်ကိုဘာလုပ်ရမှန်းမသိသေးပါ။သား
မွေးတုန်းက သူကအဝေးရောက်နေတော့ဒီအခြေအနေကိုမကျော်ဖြတ်လိုက်ရ။ထို့ကြောင့်
ဒီတစ်ကြိမ်တွင် သူဘာလုပ်ရမှန်းမသိ..နောက်ဆုံးစိတ်အေးအေးထားပြီးစဉ်းစားလိုက်မှ
ဆေးရုံသွားရန် honeyကိုပွေ့ချီမည်အလုပ်..

"အား!!!"

ထပ်ထွက်လာတဲ့အော်သံကြောင့် သူတို့တွေအကုန်တုန်လှုပ်သွားရပြန်သည်။ဘာလို့ဆို ထိုအော်သံက ခြံရံပွေ့ချီထားတဲ့ honeyဆီကမဟုတ်ပဲ သူတို့ဘေးနားရပ်နေတဲ့လွန်းအိမ်ငယ်ဆီကမို့ပင်။

"အိမ်လေး..အိမ်လေး ဘာဖြစ်တာလဲ"

"ဟင့်..နာတယ်...အ့ မွေးချင်ပြီထင်တယ်"

"ဟယ်..."

ဗိုက်နှစ်ဗိုက်ရဲ့ ပြိုင်နာနေမှုကြောင့် သူတို့မှာတကယ်ကိုဂယက်တွေထကုန်ရသည်။အဲ့တော့
ခန့်ညားရော ခြံရံပါသူတို့ရဲ့ဆိုင်ရာဆိုင်ရာတွေကို ပွေ့ချီရင်း ကာပေါ်တင်ကာ ဆေးရုံသို့အမြန်ပြေးကြရသည်။

ကားထဲရောက်မှ ခန်းမထဲ သားကျန်နေခဲ့တာကိုသတိရ၍ခြံရံမှာ အမြန်ပြေးကာ သားကိုသွားချီခေါ်ရသေးသည်။သီရိကသူနဲ့ထားခဲ့ဖို့ပြောပေမယ့် ခြံရံကလက်မခံပဲ ခေါ်သာလာလိုက်သည်။ဘာလို့ဆို သားလည်းသူရဲ့အငယ်လေးကဘာလဲဆိုတာ သိချင်မည်ဆိုတာ သိလို့ပင်။

ဒီလိုနဲ့ပဲဆေးရုံသွားတဲ့ တစ်လျှောက်ခြံရံကလူကြီးတွေကိုဖုန်းဆက်ပြီးအကြောင်းကြားရသည်။ဒီနေ့က သူ့အတွက်မေ့မရနိုင်တဲ့နေ့တစ်နေ့ဖြစ်နေတော့မှာမလွဲဧကန်..

ထိုနေ့က Royal ဆေးရုံကြီးတွင် မွေးလူနာနှစ်ယောက်က တစ်ချိန်တည်းခွဲခန်းဝင် မွေးလူနာ တစ်က အမွှာလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီး..မွေးလူနာ နှစ်က သမီးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပေသည်...။

                          ~~~

မောင်နဲ့honeyကို လွမ်းနေကြမယ် ထင်လို့ပါ

ဒါလေးက စာအုပ်ထဲမှာပါတဲ့ Extra လေးပါနော်။

မောင်နဲ့honeyတို့ရော Extra လေးကဒီမှာတင်
ပြီးပါပြီနော်။နောက်ထပ် Fiction အသစ်လေး
တွေကိုလည်း အမြန်ဆုံး ပြန်ရေးနိုင်အောင်
ကြိုးစားနေပါတယ် 💙 

Continue Reading

You'll Also Like

30.5K 3.4K 31
~အလုပ်တွေကို ခဏခေါက်ထားပြီး ကျွန်တော့်အနားမှာပဲ ရှိနေပေးပါလား ကိုကို~ ~အလုပ္ေတြကို ခဏေခါက္ထားၿပီး ကြၽန္ေတာ့္အနားမွာပဲ ရိွေနေပးပါလား ကိုကို~
1.2M 63.3K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
439K 31.2K 36
ချစ်မိလာသောမနက်ဖြန်သည် ချစ်၍မုန်းခဲ့သည်၏ အပိုင်းဆက် S2 ဖြစ်ပါသည်။
10K 187 1
(18++ Warning ) လောကမှာ ချစ်တာနဲ့ ပေါင်းဖက်ရခြင်းတွေ ထပ်တူကျဖို့... ဘာတွေပေးဆပ်ရမလဲ ‌ေလာကမွာ ခ်စ္တာနဲ႔ ေပါင္းဖက္ရျခင္းေတြ ထပ္တူက်ဖို႔... ဘာေတြေပးဆပ္ရ...