My Husband Hates Me ( Complet...

Av Eros_90

1.8M 80.9K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... Mer

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Unicode )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Unicode )
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Unicode)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Unicode )
Part - 19 ( Zawgyi )
Part - 20 ( Unicode )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Unicode)
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Unicode)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 26 ( Zawgyi )

8.3K 205 4
Av Eros_90

အပိုင်း - ၂၆


" မငိုပါနဲ့နော် ဒီကိုလာခဲ့ မင်းကိုပါဘယ်သူမှရှာမတေ့ေ
အောင် ဒီမှာဖွက်ထားပေးမယ်လေ "

ပြောရင်းနဲ့ သူခြုံထားတဲ့စောင်လေးကိုဟပြီး ကိုယ့်ကိုပါ
ဖွက်ထားပေးဖို့ခေါ်နေသည့်ကောင်လေးရဲ့ ရင်ခွင်ထဲကို
တကယ်ပင်တိုးဝင်လိုက်မိတော့၏ ။

ဘာလုပ်ရမလဲသက်ထက်ရယ်။အရင်ကလို ပျော်ပျော်
ရွှင်ရွှင်နဲ့အေးအေးချမ်းချမ်းလေးနေတတ်တဲ့ ကိုယ့်အမျိုး
သားလေးကိုပြန်ရဖို့ ကိုယ်ဘာလုပ်ပေးရမလဲကွာ ။

*
*
*
*
*
*
*
*

❗ဤအပိုင်းတွင် သွေးထွက်သံယိုဖြစ်ခြင်းအရေးအသား
များနှင့် လူသတ်ခြင်းစသော အခန်းများပါဝင်ကြောင်း
ကြိုတင်အသိပေးသည်။❗

မှောင်မဲနေသောအခန်းထဲ တစ်ချို့သောနေရာများတွင်
အလင်းရောင်မှိန်ဖျဖျလေးကိုမြင်နေရသည် ။ အပြင်ကို
လှမ်းမမြင်ရသောနေရာဖြစ်နေတာကြောင့် ဂိုထောင်
အဟောင်းတစ်လုံးအတွင်းရောက်နေတယ်လို့သာ
ခန့်မှန်းလို့ရလောက်သည်။ အတွင်းပိုင်းနေရာမှာတော့
မျက်နှာချင်းဆိုင်အနေအထားဖြင့် ထိုင်ခုံမှာကြိုးနဲ့ကပ်တုတ်
ခံထားရသည့် လူနှစ်ယောက် ။ တစ်ယောက်နဲ့တစ်ယောက်
စားတော့ဝါးတော့မတက် စိုက်ကြည့်နေရင်း ထက်မြတ်ဦး
ဆီမှတောက်ခေါက်သံကို အရင်ကြားလိုက်ရကာ

" ငါ့ဆီမှာ သက်ထက်ပန်ရှိနေတာကို မင်းပြောလိုက်တာ
မဟုတ်လား သစ္စာဖောက်ကောင်"

" ငါဘယ်နေရာမှာရှိနေလဲဆိုတာ မကိုဋ်ဆီ လမ်းညွှန်
လိုက်တာရောမင်းမဟုတ်လား အဲဒါတောင်ငါ့ကို
သစ္စာဖောက်လို့မင်းက စွပ်စွဲရဲသေးတယ်ပေါ့လေ "

" ငါက ဘာလို့မင်းရှိတဲ့နေရာကိုလမ်းညွှန်းရမှာလဲ
စောက်အဓိပ္ပါယ်မရှိတာတွေကိုလာပြောနေတာပဲ
မင်းကသာ မကိုဋ်ထွဋ်ခေါင်ကို ငါ့ဆီခေါ်လာတာလေ "

" ခေါ်မလာပေးရင် အဲနေရာမှာတင်ငါသေနေလောက်ပြီ
လေ မင်းဆိုရင်တော့ ဘာဆက်လုပ်မယ်တွေးလဲ
ဘာလဲခမကိုဋ်ကို ကန်တော့ပြီးတောင်းပန်မယ်ဆိုတဲ့
စောက်အဓိပ္ပါယ်မရှိတာမျိုးတွေးနေတာလား ၊ ဒီအချိန်မှာ
စောက်အဓိပ္ပါယ်မရှိတာကို ပြောမနေတာ အကောင်းဆုံး
ပဲနော် ခွေးမသားထက်မြတ်ဦး "

တစ်ဖက်ကဆဲရေးလိုက်သည့်စကားကြောင့် ထက်မြတ်ဦး
ဒေါသတို့အထွဋ်အထိပ်ကိုရောက်ခဲ့ရလေသည်။
ဘာမဟုတ်တဲ့ခွေးလိုကောင်က ကိုယ့်ကိုအရင်ဆဲနေတာ
ကိုခံရခက်လှသည်။

" ငါကို့ခွေးသားလို့ဆဲရဲတယ်ပေါ့လေ ဟုတ်လား
စောက်ဒုက္ခိတ ငါကယ်ထားလို့လူဖြစ်ခွင့်ရနေတဲ့
ကောင်ကများ "

" ဆဲတော့ဘာဖြစ်လဲ မင်းကဘာကောင်မိုလို့လဲ
အခုချိန်မှာမင်းရောငါရောက မကိုဋ်ထွဋ်ခေါင်က
ဘယ်အချိန်လာသတ်မလဲဆိုတာကို ထိုင်စောင့်နေရတဲ့
အခြေအနေလေ ၊ မင်းက ဘာတွေများထူးထွေပြီး
မြင့်မြတ်ချင်နေတာလဲ "

" အဲဒါမင်းကြောင့်ပဲလေ ခွေးမသားလူဇော်ရဲ့ ၊
အစထဲကအလုပ်ကို လူလိုသူလိုလုပ်ရမှာပေါ့ ၊
မင်းလိုကောင်ကို ယုံမိတာကိုကငါမှားတာ ၊ ဒီလိုမှန်း
သိရင် မင်းအသက်ကိုငါမကယ်ခဲ့ပါဘူး ၊ မင်းနဲ့ငါ
အဆက်အသွယ်ရှိမှန်းသိသွားလို့ မကိုဋ်ထွဋ်ခေါင်က
အခုကိစ္စမှာ ငါ့ကိုပါသံသယဝင်သွားရတာ ၊ မင်းကြောင့်
သာမဟုတ်ရင် ငါ့ကိုဘယ်လိုမှသံသယဝင်စရာအကြောင်း
မရှိဘူး  "

" မင်းစောက်ပါးစပ်ကိုပိတ်ပြီး ဒီကနေလွတ်လမ်းကို
ကြံနေလို့မရဘူးလားထက်မြတ်ဦး ၊ စောက်ပြစ်လုပ်ထား
တာချင်းအတူတူမို့ မကိုဋ်ထွဋ်ခေါင်က မင်းကိုရော ငါ့ကိုပါ
အလွတ်ပေးမယ်ထင်နေလား "

" အေး မင်းရောငါပါအပြစ်လုပ်ထားတယ်ဆိုရင်တောင်
ငါက သက်ထက်ပန်ကို ပတ်သက်မိတဲ့အပြစ်ပဲရှိတယ် ၊
မင်းကတော့သူ့ရည်းစားဟောင်းရှိန်းခေါင်းယံကို
Club ထဲမှာဆေးခတ်လိုက်လို့ သူ့ရည်းစားကအဲဒီ
ဆေးအရှိန်နဲ့သတိလွတ်ပြီးဖြစ်ပြီး ကားမောင်းသွားတာ၊
ယဉ်တိုက်မှုနဲ့ဆုံးခဲ့ရတာတွေအပြင်ကိုမှ အခုသက်ထက်ပန်
ကို ငါ့ဆီရောက်အောင်အစအဆုံးက မင်းလုပ်ပေးခဲ့တာပါဆို
အပြစ်တွေပိုများနေမယ်ထင်တယ် ၊ နောက်ပြီး ငါ့နောက်မှာ
ငါ့အဖေရှိတယ်၊ မင်းနောက်မှာတော့ဘယ်ခွေးတစ်ကောင်
မှမရှိဘူးဆိုတာ နားလည်ထားစမ်းလူ့အမှိုက်ကောင်ရဲ့"

နှစ်ယောက်သား မကျေမချမ်းနဲ့အပြန်အလှန်ပြောနေတုန်း
မှာပင် သူတို့ဆီကိုလျှောက်လာသည့်ခြေသံတွေကို
ကြားလိုက်ရလေတော့သည်။နီးကပ်လာသည့် ခြေသံတွေ
ကြောင့် ထက်မြတ်ဦးရောလူဇော်ပါ ကြောက်စိတ်ဝင်လာ
ရတော့၏ ။ ခြေသံကပို၍ပို၍နီးလာပြီးတာနဲ့
သူတို့ဆီကိုလျှောက်လာသည့် လူကိုတွေ့လိုက်ရတော့သည်။
မျှော်လင့်ထားသည့်အတိုင်း မကိုဋ်ထွဋ်ခေါင် ။

ခပ်ဖြေးဖြေးနဲ့လျှောက်လှမ်းလာပုံကပင် သွေးပျက်ချင်
စရာကောင်းလှသည်။ အနားကိုရောက်လာတဲ့အခါ
နှုတ်ခမ်းတွေကို ကော့ညွှတ်တက်သွားအောင်ပြုံးပြ
လာရင်း

" သိချင်တာတွေကိုသိရဖို့အတွက် နည်းနည်းတော့
အားစိုက်ရမယ်ထင်ထားတာ ၊ အခုတော့ဘာမှတောင်
မလုပ်ရသေးခင် အချင်းချင်းတွေပြန်ပြီးဖော်ပေးနေကျ
တာပဲ ၊ကျေးဇူးပါပဲကွာ ၊ အိမ်ကြက်ချင်းအိုးမဲသုတ်ပေး
ပြီးခွပ်ခိုင်းရတာအဆင်တော့ပြေသား ၊ နောက်ပြီး
အချင်းချင်း ခွေးနဲ့နှိုင်းပြီးဆဲနေကျတာကိုကြားလိုက်ရ
တယ် ၊ မင်းတို့တော့မသိဘူး ငါကတော့ ကြားထဲကနေ
ခွေးတွေကိုအားနာမိတယ် ခွေးတွေကသစ္စာရှိတယ်ကွ၊
မင်းတို့လိုအောက်တန်းမကျဘူး"

ပြောရင်နဲ့ ခုံးမှာကြိုးနဲ့တုတ်ခံထား လူဇော်ရဲ့ အနားကို
လျှောက်သွားလိုက်သည့်အခါ

" မင်း မင်းငါ့ကို ကတိ ကတိပေးထားတယ်နော်
ထက်မြတ်ဦးရှိနေတဲ့ နေ နေရာကိုလိုက် လိုက်ပြရင်
ငါ့ ငါ့ကိုခွင့်လွှတ်ပေးမယ်လို့"

ကြားလိုက်ရသည့်စကားကြောင့် မကိုဋ်က ပြုံးပြလိုက်ရင်း
ကောင်းမြတ်ကယူလာပေးသည့် ထိုင်ခုံကိုဆွဲယူလိုက်ကာ
လူဇော့်ရဲ့ဘေးခပ်စောင်းစောင်းနေရာမှာဝင်ပြီးထိုင်လိုက်
သည်။ ကိုယ်နဲ့လူဇော်ရဲ့အနေအထားကို ထက်မြတ်ဦး
နေရာကနေလည်း ရှင်းရှင်းလင်းလင်းမြင်နေရလေသည်။

လူဇော်ရဲ့အနားမှာထိုင်ပြီးတာနဲ့ တစ်ဖက်လူရဲ့မေးစေ့ကနေ
ဆွဲမကာ မျက်နှာကိုဆွဲမော့စေပြီးမှ

" မင်းလိုကောင်ကို ငါကဘာအကြောင်းနဲ့ စောက်ကတိ
တည်ပေးစရာအကြောင်းရှိ "

" မင်း! မင်း! "

ချက်ချင်းကြီးဆိုသလို လူဇော့်ရဲ့နဖူးဆီကနေချွေးတွေ
ထွက်လာကာမျက်နှာကဖြူသွားရလေသည်။ မကိုဋ်ကတော့
ဒင်းကိုသာ မျက်လုံးချင်းစိုက်ကြည့်ထားရင်း

" မင်းနဲ့ငါ ဘာကိစ္စနဲ့စပြီးထိတ်တိုက်တိုးရတာလဲမှတ်မိ
လားလူဇော် ၊ ငါ့ပစ္စည်းတွေကို မင်းတို့အဖွဲ့ကလူတွေ
ဖြတ်ခုတ်တဲ့ကိစ္စနဲ့လေ မှတ်မိလား ၊ ငါ့ကိုလုပ်သက်
နုတဲ့ငချွတ်လေးဆိုပြီး မင်း တစ်ပတ်ရိုက်ဖို့ကြံတဲ့ကိစ္စ
ကနေစတာပဲ ၊ ငါ့ဘက်ကပြန်ပြီးလက်တုန့်ပြန်တော့
မင်းအဖွဲ့လဲပျက် မင်းကိုယ်တိုင်တောင် ထိုင်းဖက်ကို
ခွေးပြေးဝက်ပြေးပြေးခဲ့ရတာလေ ၊ အဲအချိန်ထဲက
ငါလိုကောင်က ဘယ်လောက်တောင် အဆိပ်ပြင်း
လဲဆိုတာမင်းသိရမှာ၊ ငါပြည်ပကနေပြန်လာခါနီး
ငါ့သတင်းကိုစုံစမ်းရင်း ငါ့အဖေနဲ့သူ့အမျိုးသမီးကိုပါ
မင်းသတ်သွားခဲ့တယ် ၊ ဒိီကြားထဲရှိန်းကိုလုပ်ကြံတာက
မင်းလက်ချက်ပဲဖြစ်မယ်လို့ငါတွေးထားပြီးသား ၊
ငါ့လက်ကနေ နှစ်ခါတောင်လွတ်ခဲ့ရတာကို ကျေးဇူးတင်
ရင်းနဲ့ ငါမသိတဲ့နေရာမှနေရမှာကို အခုတွေထပ်လုပ်တာ
တဲ့လား ၊ ဘယ်လိုလုပ်မလဲ အခုမင်းအတွက်နောက်တစ်
ကြိမ်ဆိုတာမရှိတော့ဘူး"

" မင်း မင်း ငါ အခုကိစ္စကို ဘာ ဘာမှ မ မသိ "

" အခုချိန်မှသွေးရူးသွေးတန်းနဲ့ ဘာတွေပြောပြော
ပြောသမျှက ဘာမှအသုံးမဝင်တော့ဘူးလေ ၊
ငါ့အကြောင်းကို မင်းကြားဖူးတယ်မဟုတ်လား ၊
မကိုဋ်ထွဋ်ခေါင်က ဘယ်လောက်တောင်သွေးအေးအေးနဲ့
ရက်စက်ရဲတယ်ဆိုတာကိုလေ ၊ ရှေ့ရက်က ငါရှောင်
ထွက်သွားတယ်ဆိုတာက ငါ့အမျိုးသားကြောင့်ပဲ ၊
ငါ့ရဲ့အမှောင်ဘက်ကမျက်နှာကို ငါ့ကလေးမသိစေချင်လို့
ခဏလေးရှောင်ပေးလိုက်တာ ၊ ဒီနေ့ကတော့
ဟိုအရင်အချိန်က မကိုဋ်ထွဋ်ခေါင်ဘဝကို ငါခဏပြန်သွား
တော့မယ်၊ ဒီတစ်နေ့ပါဘဲ ဒီတစ်ရက်ပြီးတာနဲ့
မင်းကဘယ်သူမှမသိလိုက်ဘဲ ဒီလောကကြီးထဲကနေ
ထွက်ခွာသွားရမယ်၊ ငါကတော့နာမည်ဂုဏ်သတင်းနဲ့
ပြည့်စုံနေတဲ့စီးပွားရေးလုပ်ငန်းရှင် ဂုဏ်သရေရှိလူကြီး
လူကောင်းဘဝနဲ့ ဒီဘဝကိုအချိန်အကြာကြီးဖြတ်သန်း
သွားရမယ်၊ အဆုံးသတ်ကဒါပါပဲ"

" မင်း! မင်း!! "

ကြောက်စိတ်ကြောင့်ကြိုးနဲ့ကပ်ပြီးအတုတ်ခံထားရသည့်
ခုံပေါ်ကနေရုန်းထဖို့ပြင်နေသည့် လူဇော်ကို
ကိုယ့်တပည့်နှစ်ယောက်က လှူပ်မရအောင်ဖိချုပ်ထား
သည့်အချိန် ကိုယ်ကတော့သားရေလက်အိတ်ရှည်ကို
စွပ်နေရင်း

" လေကငရဲဆိုတာဘာလဲ မင်းသိလားလူဇော် ၊
မင်းမသေခင်နာရီပိုင်းလောက်မှာ အဲဒီလောကငရဲ
တွေကို မင်းသိအောင်ငါသင်ပေးလိုက်မယ် ၊
အဲဒါက ငါပိုင်တဲ့အရာတွေကိုမင်းလာထိတဲ့အတွက်
ပြန်ပေးရမယ့် တန်ရာတန်ကြေးပဲ ၊ ရှိန်းငယ်အတွက်၊
ငါ့အဖေအတွက် ၊ ငါ့အဖေရဲ့အမျိုးသမီးအတွက်၊
ငါ့အမျိုးသားအတွက်၊ နောက်ပြီးငါ့ကလေးအတွက်
အဲလူတွေကိုထိခိုက်အောင်လုပ်မိတဲ့အတွက် မင်းပြန်
ပေးဆက်ရမယ့်တန်ရာတန်ကြေးပဲ "

ပြောပြီးတာနဲ့ ဖုန်းထဲကနေ အကြိုက်ဆုံးသီချင်းတစ်ပုဒ်
ကို ခပ်ကျယ်ကျယ်လေးဖွင့်ထားလိုက်သည်။ နောက်တော့
လင်းမြတ်ယူလာပေးသည့် ရှေမျောမျောBoxလေးကို
ဘေးကခုံပေါ်မှာတင်ရင်း ခပ်သေးသေးပစ္စည်းလေးကို
ယူလိုက်ကာ လူဇော်ပါးစပ်ထဲထည့်လိုက်သည်။
ပြီးတာနဲ့ ဘေးစောင်းအနေအထားမှာရှိနေသည့်
ထက်မြတ်ဦးကိုလှမ်းကြည့်လိုက်ပြီး

" ငါအခု ဘာလုပ်လုပ် မျက်လုံးအကြည့်လုံးဝမလွှဲဘဲ
သေချာကြည့်ထား ၊ ငါ့ရဲ့အမှောင်ခြမ်းကိုသေချာကြည့်
ထားပြီးမှငါနဲ့ပခုံးချင်းယှဉ်ဖို့ကြိုးစားပေါ့ ၊ ငါဘာလုပ်လုပ်
မင်းအကြည့်လွှဲလိုက်ပြီဆိုတာနဲ့ မင်းတို့အိမ်ကစက္ကန့်
ပိုင်းအတွင်းပြာကျသွားပြီဆိုတာသိထားလိုက် ၊
အဲဒီအိမ်ထဲမှာ မင်းအဖေရှိတယ်ဆိုတာကိုလည်း
မေ့ထားလို့မရဘူးနော် ၊ မင်းအဖေရဲ့အသက်ကိုရော
မင်းရဲ့အသက်ကိုပါကယ်ချင်တယ်ဆိုရင် ငါဘာလုပ်လုပ်
လုံးဝအကြည့်မလွှဲဘဲ သေသချာချာလိုက်ကြည့်ထားချေ"

ကိုယ့်စကားဆုံးတာနဲ့ လင်းမြတ်က ထက်မြတ်ဦးရဲ့ပါးစပ်ကို တိတ်နဲ့ပိတ်ပြီးကပ်လိုက်လေသည်။ ထက်မြတ်ဦးဆိီကနေ
ဝူးဝူးဝါးဝါးအော်ဟစ်သံနဲ့အတူ ကိုယ်တပည့်တစ်ယောက်က
သူ့ခေါင်းကိုတင်းနေအောင်ဖိကိုင်ထားလေ၏ ။
ကိုယ့်ဖက်မှာရှိနေသည့် လူဇော်ကလည်း သူ့ကိုချုပ်ထား
သည့်လူနှစ်ယောက်ရဲ့လက်ထဲကနေ အော်ဟစ်သံနဲ့
အတူရုန်းကန်နေဆဲ ။မကိုဋ်က Box ထဲကနေ
ပလာယာအသေးလေးကိုထုတ်ယူရင်း ထက်မြတ်ဦး
ဘက်ကို နောက်တစ်ကြိမ်လှည့်ကြည့်လိုက်သည်။

ပြီးတာနဲ့ ကိုယ်လက်ညှိုးနဲ့လက်ခလယ်ကို V ပုံသဏ္ဍာန်
လုပ်ပြီးကိုယ့်မျက်လုံးတွေဆီညွှန်ပြလိုက်သည်။ပြီးမှ
လက်တွေရဲ့ဦးတည်ရာကို သူ့ဘက်ကိုညွှန်ပြလိုက်၏။
အကြည့်မလွှဲနဲ့ဆိုသည့်သဘော ။ထို့နောက်မှာတော့

" ငါ ချစ်ရတဲ့သူတွေကိုသွေးထွက်သံယိုဖြစ်အောင်
မင်းလုပ်ခဲ့တဲ့အတွက် ဒါကပထမဆုံးအဆင့်လက်တုန့်
ပြန်မှုပဲ "

ပြောပြီးတာနဲ့ ပါးစပ်ထဲမှာ အကောင်းတိုင်းရှိနေသည့်
သွားတစ်ချောင်းကို ပလာယာနဲ့ဆွဲညှပ်ကာကျွတ်ထွက်
လာသည့်အထိ စိတ်အေးလက်အေးဆွဲနှုတ်နေလိုက်သည်။

" ဝူး ဝူး အာ့ ဝူး ဝူး အာာ အား "

ပါးစပ်ကဆွဲဟခံထားရသောကြောင့် မပီမသထွက်လာသည့်
အော်သံနှင့်အတူတူ ဖုန်းနဲ့ဖွင့်ထားသည့်သီချင်းသံကလည်း
ခပ်ကျယ်ကျယ်လေးထွက်ပေးနေသည်။ ခိုင်လွန်းသည့်
သွားတွေကို ပလာယာနဲ့လှည့်ပြီးနှုတ်နေတာကြောင့်
ပါးစပ်ထဲကနေ သွေးတွေက ချက်ချင်းစီးကျလာခဲ့တော့
သည်။ ပထမဆုံးသွားတစ်ချောင်းကျွတ်ထွက်လာရသည့်
အချိန် လူဇော့်မေးစေ့နဲ့လည်ပင်းတစ်လျှောက်
သွေးချင်းချင်းနီရဲနေလေပြီ ။လူကတော့ ဝူးဝူးဝါးဝါးနဲ့
အော်ဟစ်ရုန်းကန်နေဆဲပင် ။ထက်မြတ်ဦးကတော့
တစ်ကိုယ်လုံးနတ်ပူးခံရသလို တဆက်ဆက်ပင်တုန်နေ
လေသည်။

သွားတွေကတော့ တစ်ချောင်းနှစ်ချောင်းသုံးချောင်း ။
နောက်တော့သွားအကုန်နီးပါး ။လူဇော်ကတော့
ရုန်းကန်နိုင်ချင်းပင်သိပ်မရှိတော့ပဲ မျော့ပင်နေလေပြီ။

" ဘယ်လိုလဲလူဇော်ရဲ့ ပထမအဆင့်မှာတင်မျော့နေ
ပြီလား ၊ ခဏတော့တောင့်ခံထားပါဦး ၊ လောကငရဲက
အခုမှအစပျိုးယုံရှိသေးတာကို ၊ ဒါပေမဲ့သိပ်တော့မစိုးရိမ်
ပါနဲ့ ငါကအဆင့်တွေအများကြီးနဲ့အချိန်တွေမဆွဲပါဘူး၊
၂ဆင့်၃ဆင့်လောက်ပဲမို့အားတင်းထားနော် ၊ ငါလည်း
အိမ်မှာကျန်နေခဲ့ရတဲ့ ငါ့ကလေးစိတ်မချလို့ ခပ်မြန်မြန်
ပြန်ရမယ်လေ "

ပြောရင်းနဲ့ Box ထဲကနေ ပုလင်းတစ်လုံးကိုထုတ်ယူ
လိုက်ခါ ထိုပုလင်းအဖုံးကိုဖွင့်လိုက်ပြီးတာနဲ့
စုပ်တံတစ်ချောင်းနဲ့ဆေးရည်ကိုတို့ယူပြီး သွေးထွက်
နေတဲ့သွားဖုံးတွေဆီတို့ပေးလိုက်၏ ။မေ့မျောလုနီးပါးဖြစ်
နေတဲ့လူဇော်မှာ လူနှစ်ယောက်ဖိထားခံရတဲ့ကြားထဲကနေ
အတင်းရုန်းကန်ထလာရင်း မျက်ရည်တွေပင်စီးကျလာတော့
သည်။လူကလည်းမခံမရပ်နိုင်ပုံစံဖြင့်

" အာ့ အား ဝူး ဝူး အားးးးး ဟားးးး "

" အဲက အပြင်းစားအက်စစ်တွေတဲ့ လူဇော်ရဲ့ ဘယ်လို
လည်းခံရတာအဆင်ပြေရဲ့လား ၊ ဘာမှမဆိုင်တဲ့ငါ့လူ
တွေကို ဘယ်လိုစိတ်နဲ့မင်းကလာထိရဲတာလဲလို့
ခွေးသူတောင်းစားရဲ့ "

" ဒုန်း!!"

ပြောရင်းနဲ့ခုံကိုကန်လိုက်တဲ့အချိန် ကိုယ့်တပည့်တွေက
လည်းလွှတ်ပေးလိုက်တာကြောင့် လူရောခုံတွေပါ
တွဲရက်သားလဲကျသွားရသည်။လဲကျနေသည့်တိုင်
လူကထွန့်ထွန့်လူးနေဆဲ။ မကိုဋ်လဲမတ်တတ်ထရပ်လိုက်
ရင်း

" ကြိုးဖြေပေးလိုက်စမ်း "

ကိုယ့်စကားဆုံးတာနဲ့ခုံနဲ့ကပ်ချည်ထားတဲ့ ကြိုးတွေကို
ဖြေပေးလိုက်သည်။ လူဇော်ကတော့ ကြိုးတွေကနေ
လွတ်သွားတာနဲ့ အားတင်းပြီးထရပ်ကာ ပြေးဖို့ပြင်
ပေမယ့် မကိုဋ်က အသင့်တွေ့ရသည့်သံတုတ်ကို
ကောက်ယူလိုက်ပြီး ထိုသူရဲ့ဒူးဆစ်နေရာကိုဖြတ်ရိုက်
ချလိုက်သည်။

" ဒုတ် ! !"

" အား! !"

ပြင်းထန်သည့်ရိုက်ချက်နဲ့ ငေါထွက်သွားသည့်ခြေထောက်
အရိုး။ လဲကျသွားသူကိုအပေါ်ကနေအုပ်မိုးပြီး ထိုသံတုတ်
နဲ့အဆက်မပြတ်ရိုက်နေလိုက်သည် ။

" ဒုတ် ! !"

" အား ! !"

" ဒါက ရှိန်းငယ်ကို သတ်တဲ့အတွက် "

" ဒုတ် ! !"

" အား ! !"

" ဒါက ငါ့အဖေအတွက် "

" ဒုတ် ! !"

" အာ့ ! !"

" ငါက ငါ့အဖေရဲ့အမျိုးသမီးအတွက် "

" ဒုတ် ! !"

" အာ့ ! !"

" ဒါက သက်ထက်ပန်အတွက် "

" ဒုတ် ! !"

"....."

" ဒါကလည်း သက်ထက်ပန်အတွက်ပဲ "

" ဒုတ် ! !"

"....."

" ဒါကလည်း သက်ထက်ပန်အတွက် "


သံတုတ်နဲ့အချက်ပေါင်းများစွာအရိုက်ခံထားရသည့်
လူဇော်တစ်ကိုယ်လုံးသွေးချင်းနီရဲနေပြီး လူက
အသက်ပင်ငင်နေလေပြီ ။နောက်တော့သူ့ကိုဆွဲမကာ
ထိုင်ခုံပေါ်ပြန်တင်လိုက်ကျသည် ။ ထုံးစံအတိုင်း
လူနှစ်ယောက်ကချုပ်ပေးထားချိန် Box ထဲကနေ
ဓားပါးတစ်ချောင်းကိုဆွဲထုတ်လိုက်ကာ ထိုသူရဲ့မျက်နှာ
ကိုဆွဲခြစ်ပေးလိုက်သည်။သွေးချင်းနီရဲနေပြီးသားမျက်နှာပေါ်
နောက်ထပ်သွေးစီးချောင်းတို့ကဖြာခနဲ။ ဓားချက်က
မျက်နှာပေါ်မှာတင်ရပ်တန့်မနေဘဲ ခန္ဓာကိုယ်တစ်ခုလုံး
အနှံ့ ။ လူ့ဇော့်ခန္ဓာကိုယ်ပေါ်ဓားနဲ့တစ်ချက်မွှန်းတိုင်း
ပြောမိနေတဲ့စကားတို့ကမပြောင်းလဲချေ။

" ဒါက ရှိန်းငယ်ကို သတ်တဲ့အတွက် "

" ဒါက ငါ့အဖေအတွက် "

" ငါက ငါ့အဖေရဲ့အမျိုးသမီးအတွက် "

" ဒါက သက်ထက်ပန်အတွက် "

" ဒါကလည်း သက်ထက်ပန်အတွက်ပဲ "

မသေမရှင်ဖြစ်နေပြီဖြစ်တဲ့ လူဇော်ကတော့ အသံပင်
မထွက်နိုင်တော့ပဲ အသက်ငင်နေလေပြီ ။နောက်ဆုံး
အနေနဲ့လူဇော်ရဲ့ခုံအနောက်မှာသွားရပ်လိုက်ရင်း
သတိလစ်မတက်ဖြစ်နေပုံရတဲ့ ထက်မြတ်ဦးကို
သေသေချာချာစိုက်ကြည့်ကာ

" ဒီမှာသေသေချာချာကြည့်ထားနော် အကြည့်လွှဲတာနဲ့
မင်းလဲသူ့လိုဖြစ်ပြီသာမှတ် "

" မ မ လုပ် ပါ "

" ကြည့်ထားစမ်းခွေးသားလေး ၊ ငါ့လောက်မှသွေးမရဲ
ရင် ငါ့လူတွေကိုစိတ်နဲ့တောင်မပြစ်မှားနဲ့ ဒီမှာသေချာ
ကြည်ထား "

ပြောရင်းနဲ့ လူဇော့်ရဲ့သွေးတွေရဲနေသည့်ဆံပင်တွေကို
စုကိုင်လိုက်ကာ ခေါင်းကိုဆွဲမော့ထားလိုက်သည်။
တစ်ဆက်ထဲ လက်ထဲမှာကိုင်ထားတဲ့ဓားကို
လည်ပင်းရဲ့ ဘယ်ဘက်ကိုထိုးစိုက်လိုက်သည်။
တစ်ချိန်ထဲဆိုသလိုခြေထောက်တွေဆီကနေ အကြော
တွေရုန်းလာသည့်လူဇော် ။ ဘယ်ဘက်လည်ပင်းမှာ
ထိုးစိုက်ထားသည့်ဓားကို ညာဘက်လည်ပင်းနေရာ
အထိရောက်သည့်အထိ ဖြေးဖြေးချင်းစိတ်အေး
လက်အေးဆွဲယူနေရင်းမှ

" မင်းကို ငါကိုယ်တိုင်လည်လှီးပေးမယ်လို့ ကတိပေး
ထားတယ်လေ ၊ ကျန်တဲ့ကတိကိုငါမတည်နိုင်ပေမယ့်
ဒီကတိကိုတော့ငါတည်ချင်လို့ပါ "

စကားဆုံးတဲ့အချိန် ဘယ်ဘက်လည်တိုင်ကိုထိုးစိုက်ထား
သည့်ဓားက ညာဘက်လည်တိုင်ဆီရောက်သွားပြီး
လူဇော်လဲအသက်မဲ့သွားလေတော့သည်။

" ကောင်းရားသုဂတိကို -ီးမှမလားပါစေနဲ့လူဇော်ရာ"

ပြောရင်းနဲ့ ထိုအသက်မဲ့ သွားသူရှိနေတဲ့ထိုင်ခုံကို
စောင့်ကန်လိုက်သောအခါသွေးအိုင်ထဲကအလောင်း
ကောင်ကြီးသည် ထက်မြတ်ဦးရဲ့ခုံအရှေ့ကိုကျသွား
ရလေတော့သည်။

" အား!! မလာနဲ့ မလာနဲ့လို့ "



Eros_90

10.6.23 ( ၈ နာရီ ၃၀ မိနစ် )

13.6.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။

A/N - အပိုင်း ၁၀က A/N မှာ(မကိုဋ်ထွဋ်ခေါင်ရဲ့
ဖုံးကွယ်ထားတဲ့အမှောင်ဘက်အခြမ်းက နည်းနည်း
တော့ကြောက်စရာကောင်းနေလိမ့်မယ် ။ ) လို့်
သတိပေးထားခဲ့ပေမယ့် အဲအပိုင်းတွေမှာ သူ့ရဲ့
မမှောင်ဘက်အခြမ်းကိုဖုံးကွယ်ထားဆဲပဲ။အခုအပိုင်း
တွေကတော့ သူရဲ့အခြားတစ်ဖက်ကမျက်နှာကို
ထုတ်ပြတဲ့အခြေအနေပေါ့။စာဖတ်သူတွေကနေနဲ့
သူ့ကိုနားလည်ပေးဖို့မျှော်လင့်နေပါတယ်။

Fortsett å les

You'll Also Like

274K 6.4K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
156K 23K 17
"နွေအရောင်တွေဟာ ဝိုင်လိုပဲ..."
61.9K 16.1K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
17.8K 2.9K 22
"ហង្សមែនទេ?​ត្រឹមតែមួយប៉ប្រិចភ្នែកយើងនឹងធ្វើអោយហង្សមួយនោះបាក់ស្លាប ហើយហង្សដ៍ស្រស់ស្អាតនោះត្រូវស្ថិតក្នុងកម្មសិទ្ធយើងម្នាក់គត់"ជុងហ្គុក "យើងដឹងពីអ្វីទ...