Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 16
EP - 17
EP - 18
EP - 19
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 20

2K 195 8
By moetharchel

Unicode


မိုးရာသီကုန်ခါနီးဖြစ်တဲ့စက်တင်ဘာလ။
အမှန်အတိုင်းပြောရရင်ကျွန်တော်ဒီအတောအတွင်းဘာတွေဖြစ်လို့ဖြစ်ခဲ့မှန်းဘာတစ်ခုမှမမှတ်မိတော့ဘူး။ အိပ်မက်လိုလိုဘာလိုလိုအခြေအနေကနေသတိဝင်မိတဲ့အချိန်မှာတော့ပထမဆုံးတွေ့လိုက်ရတာကဒေါက်တာ။ ဒေါက်တာပထမဆုံးကျွန်တော့်ကိုမေးတဲ့စကားကလည်းအထူးအဆန်းပါပဲ။

' ကောင်လေးကိုယ့်ကိုပြန်မှတ်မိပြီလား……'  တဲ့။

အစကတော့ကြောင်အမ်းအမ်းဆိုပေမယ့်လို့အခုတော့ဒေါက်တာ့ရှင်းပြမှုကြောင့် တစ်ချို့အရာတွေတော်တော်များများကိုသိထားပြီးနေပါပြီ။ ဒါပေမယ့်ဒီအတိုင်းသိထားရုံလောက်ပဲဆိုပါတော့။ ကျွန်တော့်မှတ်ဉာဏ်ထဲကနောက်ဆုံးပုံရိပ်ကရေထဲမှာနစ်မြုပ်နေခဲ့ပြီးအသက်ရှူမရအောင်မွမ်းကျပ်နေခဲ့တဲ့ဖြစ်ရပ်ပဲ။
ဟူး……နည်းနည်းလောက်တော့နောင်တရနေလောက်မယ်မဟုတ်လား အစ်ကို……။ ကျွန်တော်မရှိတော့တဲ့အခါနည်းနည်းလောက်တော့သတိရပေးလောက်မယ်မဟုတ်လား……။

စားပွဲပေါ်ကဒေါက်တာလာပေးသွားတဲ့ရေနဲ့ဆေးကိုယူသောက်ပြီးပြတင်းပေါက်ကိုငေးကြည့်မိတော့မိုးကအငြှိုးကြီးစွာနှင့်သည်းသည်းထန်ထန်ရွာနေတုန်းပင်။ ခြေထောက်တွေကလမ်းပြန်လျှောက်လို့ရနေပြီဆိုပေမယ့် ဒေါက်တာကခပ်ဖြေးဖြေးသာလျှောက်ဖို့ပြောထားသည်မို့စကားနားထောင်ကာကုတင်ပေါ်ကနေခပ်ဖြေးဖြေးထပြီးပြတင်းပေါက်အနားတိုးသွားလိုက်တယ်။ လက်တစ်ဖက်ကိုပြတင်းပေါက်အပြင်ဘက်ဆန့်ထုတ်လိုက်တော့ အေးမြတဲ့မိုးရေစက်တွေရဲ့အထိအတွေ့ကတကယ့်ကိုစိတ်ထဲအထိအေးမြသွားစေသည်။

လွမ်းတယ်အစ်ကို……။
အရမ်းလွမ်းတယ်။ ဒါပေမယ့်အစ်ကို့ဆီကိုတော့ပြန်မလာရဲတော့ဘူး။
ကျွန်တော်ပြန်လာလည်း…အစ်ကိုကအလိုရှိတော့မှာမှမဟုတ်ဘဲ။ အစ်ကိုသိပ်ချစ်ရတဲ့သူကအစ်ကို့ဘေးမှာရှိနေပြီမဟုတ်လား။ ဒီတော့ကျွန်တော့်ကိုအစားထိုးဖို့မလိုအပ်တော့ဘူးပဲလေ။
အခုဆိုရင်…မြတ်သဝဏ်ဆိုတဲ့ကျွန်တော်ကအစ်ကိုပြောသလိုအ,အတစ်ယောက်ဖြစ်ရုံတင်မကဘူး……မျက်နှာပေါ်ကအမာရွတ်ကြီးကြောင့်ရုပ်ပျက်ဆင်းပျက်ပါဖြစ်နေပြီအစ်ကိုရဲ့……။

မိုးရေစက်တွေရွှဲနစ်နေသည်လက်ကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိတော့ကျိုးကြေခဲ့ဖူးသည့်လက်ချောင်းတွေထံမှနာကျင်မှုကဆစ်ခနဲ။ 

"ကောင်လေး……"

ကြားလိုက်ရတဲ့ခေါ်သံကြောင့်အသံလာရာလှည့်ကြည့်မိတော့ အခန်းဝမှာရပ်နေတဲ့ဒေါက်တာ။ အကြည့်ချင်းဆုံမိသည်နှင့်ချက်ချင်းဆိုသလိုမျက်ခုံးတွေစုကျုံ့သွားတဲ့အပြင်မျက်မှန်အောက်ကမျက်ဝန်းတွေကလည်းစိုးရိမ်ရိပ်သန်းနေသည့်မျက်ဝန်းတွေအဖြစ်ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလိုခြေလှမ်းကျဲတွေနဲ့လျှောက်လာတာမို့အနားကိုရောက်လာတာမှလှစ်ခနဲ။

"ဘာဖြစ်နေတာလဲကောင်လေး……ဘယ်နားကနာနေလို့လဲ…ဘာဖြစ်လို့ငိုနေရတာလဲကွာ……"

မေးခွန်းတွေဆက်တိုက်မေးနေတဲ့ဒေါက်တာကပါးပြင်ပေါ်ကိုပါထိတွေ့လာမှသာကိုယ့်ကိုကိုယ်ငိုနေမှန်းသတိထားမိသည်။  နှလုံးသားကနာကျင်မှုကြောင့် တခြားသောအထိအတွေ့တွေကိုခဏလျစ်လျူရှုလိုက်မိပြန်တယ်ထင်ပါရဲ့……။

"ဘာဖြစ်လို့တစ်ယောက်တည်းကြိတ်ငိုနေရတာလဲ ဟင်……မင်းဘေးမှာကိုယ်အမြဲရှိနေတယ်လေ…တစ်ခုခုဆိုကိုယ့်ကိုပြော ဘာဖြစ်လို့လဲ……"

မျက်နှာလေးကိုထိကိုင်ကာပြောလိုက်တော့မျက်ရည်တွေဝဲလာပြန်တဲ့ကောင်လေး။ ခပ်ဖွဖွဆွဲဖက်ကာကျောပြင်လေးကိုပွတ်ပေးမိတော့ကောင်လေးကလည်းတစ်ချက်တစ်ချက်ခန္ဓာကိုယ်လေးတုန်သွားတဲ့အထိကိုရှိုက်ငိုလာသည်။ ဘယ်လောက်တောင်ပင်ပန်းခဲ့လဲကလေးရယ်……။

တစ်ချိန်ကပုံစံနဲ့ကွဲလွဲစွာတည်ရှိနေတဲ့ဆံနွယ်ရှည်တွေကိုဖိသပ်ပေးရင်းထည်ဝါတစ်ယောက်သက်မောချမိပြန်ပါ၏။ ကောင်လေးကိုပုံမှန်စ်တ်အခြေအနေရအောင်ပြန်ကုသပေးခဲ့မိတာမှားများမှားသွားလေပြီလား။ ပင်ပန်းခဲ့သမျှကိုမသိတဲ့အတိုင်းသာနေမယ်ဆိုရင်ကျွန်တော့်ချစ်ရသူလေးဒီလောက်အထိခံစားရမှာမှမဟုတ်ဘဲ။ အခုတော့အတိတ်တွေကြောင့်ကိုယ့်ကလေးလေးပင်ပန်းနေရပြီ။

"ကောင်လေး……"

ငြိမ်ကျသွားတဲ့ကောင်လေးကြောင့်စိုးရိမ်ကာခေါ်လိုက်မိပေမယ့် ကိုယ်ကိုပြန်မတ်ပြီးမျက်ရည်စတွေကိုသုတ်ဖယ်ကာပြန်စိုက်ကြည့်လာတဲ့ကောင်လေးရဲ့အကြည့်တွေနှင့်သာဆုံလိုက်ရသည်။ မျက်ဆံနက်လေးတွေကိုငေးကြည့်ရင်းထည်ဝါ့ဘယ်ဘက်ရင်အုံကလည်းဒုတ်ခနဲ။
မင်းနဲ့တွေ့ရင်နှလုံးသားကဂနာကိုမငြိမ်ဘူးကွာ……။

("ဘာပြောမလို့လဲဒေါက်တာ……")

"အမ်…ဟို……မိုးတိတ်သွားပြီပဲ ကိုယ်တို့ဒီနားလေးကပန်းခြံမှာလမ်းလျှောက်ထွက်ကြမလား……"

တိတ်သွားတဲ့မိုးကိုအခွင့်ကောင်းယူကာပြောမိပြောရာပြောလိုက်တော့ ကောင်လေးကလည်းခပ်မြန်မြန်ခေါင်းညိတ်ပြလာသည်။
ဟုတ်သား……ကောင်လေးလည်းဒီဆေးရုံခန်းထဲမှာပဲနေနေရတာအတော်ကြာနေပြီပဲ။

"ကိုယ်wheelchairသွားယူလိုက်မယ်……"

ပြောပြောဆိုဆိုနဲ့အပြင်ဘက်ကိုဦးတည်မိတော့ကောင်လေးကလက်မောင်းကိုဖမ်းဆွဲထားလာတယ်။

("ကျွန်တော်လမ်းလျှောက်နိုင်ပါတယ်ဒေါက်တာ……")

ကောင်လေးပြောမှထည်ဝါနည်းနည်းတောင်ရှက်မိသွားသည်။
ရင်တွေခုန်ပြီးဘာတွေလျှောက်လုပ်နေသလဲစဝ်ထည်ဝါရေ……။


_____________________________________________


"ကောင်လေး……ကိုယ်ဖုန်းသွားပြောလိုက်အုံးမယ်……"

ဖုန်းမြည်နေတာကိုတောင်ချက်ချင်းမကိုင်သေးဘဲအသိပေးနေသေးတဲ့ဒေါက်တာကြောင့်သဝဏ်နည်းနည်းတော့ရယ်မိသည်။ အရာရာအကုန်အသိပေးပြီးပြောပြနေရအောင်ကျွန်တော်ကဒေါက်တာ့ရဲ့အုပ်ထိန်းသူလည်းမဟုတ်သလို ၊ ဒေါက်တာကလည်းသူငယ်နှပ်စားကလေးလေးမှမဟုတ်လေဘဲ။

ခပ်လှမ်းလှမ်းကဒေါက်တာ့ဆီကနေအကြည့်ပြန်လွှဲလိုက်တော့ စိမ်းစိမ်းစိုစိုမြက်ခင်းကြီးကအမြင်အာရုံထဲဝင်ရောက်လို့လာတယ်။ညီညာနေတဲ့မြက်ခင်းစိမ်းစိမ်းပေါ်မှာပြေးလွှားဆော့ကစားနေတဲ့ကလေးတွေလည်းရှိသလို ၊ လက်တွဲကာလမ်းလျှောက်နေကြတဲ့ချစ်သူစုံတွဲတွေကလည်းမနည်းပင်။  အရောင်စုံနေတဲ့ပန်းပင်တစ်ချို့နဲ့လှပလွန်းတဲ့ပန်းပင်တွေကလည်းမိုးရေစက်တွေကြောင့်တစ်မျိုးလေးတော့လှပြန်သား။

"ဦးဦး……သားဘောလုံးလေးဒီဘက်ကိုပြန်ပစ်ပေးပါလား……"

မျက်စိရှေ့ရောက်လာတဲ့ဖြူဖြူလုံးလုံးကလေးလေးတစ်ယောက်။ အရွယ်လေးကတော့သားလောက်ပဲရှိအုံးမယ်ထင်။ ဘေးပတ်ပတ်လည်ကိုကြည့်မိတော့ သဝဏ်ထိုင်နေတဲ့ထိုင်ခုံအနားရောက်နေတဲ့ကာတွန်းအရုပ်လေးတွေနဲ့ဘောလုံးလေးတစ်လုံး။ အပန်းမကြီးတာမို့ထိုဘောလုံးလေးကိုကောက်ယူကာကလေးလေးဆီသွားပေးလိုက်သည်။ အပြုံးလေးနဲ့တုံ့ပြန်လာပုံကိုကတကယ့်ကိုဖြူစင်တဲ့ကလေးငယ်ရယ်ပါ။

"သားကဒီမှာဘာလာလုပ်နေတာလဲ……"

ရုတ်တရက်အနားကိုရောက်လာတဲ့အမျိုးသမီးတစ်ယောက်။ ရှေ့ကလေးလေးရဲ့လက်ကိုဖမ်းဆွဲကာစိုးရိမ်တကြီးပြောလာပုံထောက်ရင်တော့ ထိုအမျိုးသမီးကဒီကလေးလေးရဲ့အမေထင်ပါရဲ့။

"သားဘောလုံးလေးကဒီနားလိမ့်လာလို့……အဲ့ဒါကြောင့်လာကောက်တာ……"

"ကောက်ပြီးရင်လည်းချက်ချင်းပြန်လာပေါ့သားရဲ့……မေမေမှာထားတယ်မလား သူစိမ်းတွေနဲ့နီးနီးကပ်ကပ်မနေရဘူးလို့……အခုဟာကလူဆိုးမှန်းမသိလူကောင်းမှန်းမသိ……"

နောက်ဆုံးစကားလုံးကျမှသူ့ကိုခေါင်းအစခြေအဆုံးတစ်ချက်ကြည့်ပြီးပြောလိုက်တာကြောင့်ရုတ်တရက်ရင်ထဲနင့်ခနဲ။
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ရင်းအပြုံးတစ်ပွင့်ပြုံးမိသည်။ ထိုအပြုံးကဘဝမှာတစ်ခါမှမပြုံးဖူးခဲ့သည့်မဲ့ပြုံး။

အဟက်!…စောက်ရေးမပါတဲ့လူတွေ။
နဂိုအတိုင်းရှိနေတဲ့ကျုပ်မျက်နှာကိုဖျက်ဆီးခဲ့တာကလည်း ခင်ဗျားတို့လိုလူတွေပဲလေ။

"ကောင်လေး……"

မလှုပ်မယှက်ရပ်နေတဲ့ကောင်လေးကြောင့်လက်မောင်းလေးကိုအသာထိကိုင်ကာခေါ်မိတော့ပြန်လှည့်ကြည့်လာတဲ့မျက်ဝန်းတွေ။ တစ်ခါမမြင်ဖူးခဲ့တဲ့မျက်ဝန်းတွေကြောင့်ထည်ဝါကိုယ်တိုင်ပင်အနည်းငယ်လန့်သွားရသည်။
အမြဲမြင်နေကျဖြူစင်တဲ့မျက်ဝန်းတွေအစား…ဘာဖြစ်လို့အန္တရာယ်ရှိတဲ့မျက်ဝန်းတွေဖြစ်နေရတာလဲ……။

"ကိုယ်ကောင်လေးကိုပြောစရာရှိလို့……ဟို…ကောင်လေးရဲ့အဖိုးကိုတွေ့ချင်လား……"

("ဒေါက်တာဘာကိုပြောချင်တာလဲ……")

"တကယ်တော့ကိုယ်ဒီကိုပြန်လာတာကကောင်လေးကိုလာခေါ်တာပါ……ကောင်လေးရဲ့အဖိုးကကောင်လေးကိုတွေ့ချင်နေရှာတာဗျ…ဟို……"

ထစ်ငေါ့နေတဲ့သူ့ပုံစံကြောင့်ထင်ကောင်လေးကခပ်ဖွဖွလေးပြုံးလာသည်။ သူကလည်းသူပါပဲ……အစကတော့စကားလုံးတွေဆီထားပြီးကောင်လေးရှေ့ကျမှလာထစ်နေရတယ်လို့။

("ဘယ်ကိုသွားရမှာလဲ……")


_____________________________________________


လေယာဉ်ပေါ်ကဆင်းတာနဲ့ကောင်လေးလက်ကိုတွဲကာဦးမင်းရဝဏ်ရဲ့လူတွေစောင့်နေလောက်မည့်နေရာဘက်ကိုထွက်လာခဲ့လိုက်သည်။ ဦးမင်းရဝဏ်ကကောင်လေးပါလာမည့်အကြောင်းပြောထားမိလို့ထင် ၊ လာကြိုတဲ့လူတွေကလည်းဂရုတစိုက်ရှိလိုက်တာမှကားတံခါးပါဖွင့်ပေးတဲ့အထိ။

ဘေးကကောင်လေးကိုကြည့်မိတော့မရောက်ဖူးတဲ့ဒေသမို့ထင်ပါရဲ့ ၊ ဟိုကြည့်ဒီကြည့်လေးလုပ်နေလိုက်တာများတကာ့်ကလေးပိစိလေးအတိုင်းပဲ။ ရုတ်တရက်ပြတင်းပေါက်မှန်ကိုဖွင့်ချလိုက်ပြန်တဲ့ကောင်လေးကြောင့်လေအေးတွေကတစ်စတစ်စတိုးဝင်လို့လာသည်။ ဝတ်ထားတဲ့ကုတ်အင်္ကျီကိုချွတ်ကာ ကောင်လေးကိုယ်ပေါ်ခြုံထားပေးလိုက်တော့ တစ်ချက်ပြန်ငေးကြည့်လာပြန်တဲ့မျက်ဝန်းတွေ။
ဒီရက်ပိုင်း…ကောင်လေးရဲ့အကြည့်တွေကတည်ငြိမ်လာသလိုပဲ……။

"အင်္ဂလန်ရဲ့ရာသီဥတုကအခုမှရောက်ဖူးတဲ့သူနဲ့ဆိုအသားကျသေးမှာမဟုတ်ဘူးကောင်လေးရဲ့……"

("ဒီမှာကနည်းနည်းအေးတယ်နော်……")

"အင်း……ဆောင်းဦးရာသီလေ……"

စကားပြောနေရင်းကပင်ထည်ဝါ့ကိုကျော်ကာကားလမ်းတစ်ဖက်ကိုအကြည့်ရောက်သွားတဲ့ကောင်လေးကြောင့်မဖြစ်စဖူးဒေါသသေးသေးလေးတော့ဖြစ်မိတာအမှန်။ ကောင်လေးကြည့်နေတဲ့နေရာကိုလှည့်ကြည့်လိုက်မိတော့မြင်လိုက်ရတာကကော်ဖီဆိုင်လေးတွေရှိတဲ့နေရာပေ။  ရိုးရှင်းပြီးလှပတဲ့အပြင်အဆင်နဲ့ကော်ဖီဆိုင်လေးရဲ့ဘေးမှာမေပယ်လ်ပင်တစ်ပင်ကလည်းတည်ရှိလို့။

ထည်ဝါကောင်လေးကိုပြန်ကြည့်မိတော့ထိုနေရာလေးကိုကျော်လာတာတောင်ကောင်လေးကတမင်လည်ပြန်လှည့်ငေးနေသေးတယ်။  ကလေးဆန်တဲ့အပြုအမူလေးကြောင့်တစ်ချက်ပြုံးရင်းအတွေးထဲတွင်အရေးတကြီးလုပ်စရာတစ်ခုကိုမမေ့အောင်မှတ်ထားလိုက်သည်။
ထိုအရာကတော့ နောက်အချိန်ရရင်ကောင်လေးကိုထိုကော်ဖီဆိုင်လေးဆီလိုက်ပို့ပေးရမယ်ဆိုတာကိုပင်။






#################################

Zawgyi


မိုးရာသီကုန္ခါနီးျဖစ္တဲ႕စက္တင္ဘာလ။
အမွန္အတိုင္းေျပာရရင္ကြ်န္ေတာ္ဒီအေတာအတြင္းဘာေတြျဖစ္လို႕ျဖစ္ခဲ႕မွန္းဘာတစ္ခုမွမမွတ္မိေတာ့ဘူး။ အိပ္မက္လိုလိုဘာလိုလိုအေျခအေနကေနသတိဝင္မိတဲ႕အခ်ိန္မွာေတာ့ပထမဆံုးေတြ႕လိုက္ရတာကေဒါက္တာ။ ေဒါက္တာပထမဆံုးကြ်န္ေတာ့္ကိုေမးတဲ႕စကားကလည္းအထူးအဆန္းပါပဲ။

' ေကာင္ေလးကိုယ့္ကိုျပန္မွတ္မိျပီလား……'  တဲ႕။

အစကေတာ့ေၾကာင္အမ္းအမ္းဆိုေပမယ့္လို႕အခုေတာ့ေဒါက္တာ့ရွင္းျပမွဳေၾကာင့္ တစ္ခ်ိဳ႕အရာေတြေတာ္ေတာ္မ်ားမ်ားကိုသိထားျပီးေနပါျပီ။ ဒါေပမယ့္ဒီအတိုင္းသိထားရံုေလာက္ပဲဆိုပါေတာ့။ ကြ်န္ေတာ့္မွတ္ဥာဏ္ထဲကေနာက္ဆံုးပံုရိပ္ကေရထဲမွာနစ္ျမဳပ္ေနခဲ႕ျပီးအသက္ရွဴမရေအာင္မြမ္းက်ပ္ေနခဲ႕တဲ႕ျဖစ္ရပ္ပဲ။
ဟူး……နည္းနည္းေလာက္ေတာ့ေနာင္တရေနေလာက္မယ္မဟုတ္လား အစ္ကို……။ ကြ်န္ေတာ္မရွိေတာ့တဲ႕အခါနည္းနည္းေလာက္ေတာ့သတိရေပးေလာက္မယ္မဟုတ္လား……။

စားပြဲေပၚကေဒါက္တာလာေပးသြားတဲ႕ေရနဲ႕ေဆးကိုယူေသာက္ျပီးျပတင္းေပါက္ကိုေငးၾကည့္မိေတာ့မိုးကအျငိွဳးၾကီးစြာႏွင့္သည္းသည္းထန္ထန္ရြာေနတုန္းပင္။ ေျခေထာက္ေတြကလမ္းျပန္ေလွ်ာက္လို႕ရေနျပီဆိုေပမယ့္ ေဒါက္တာကခပ္ေျဖးေျဖးသာေလွ်ာက္ဖို႕ေျပာထားသည္မို႕စကားနားေထာင္ကာကုတင္ေပၚကေနခပ္ေျဖးေျဖးထျပီးျပတင္းေပါက္အနားတိုးသြားလိုက္တယ္။ လက္တစ္ဖက္ကိုျပတင္းေပါက္အျပင္ဘက္ဆန္႕ထုတ္လိုက္ေတာ့ ေအးျမတဲ႕မိုးေရစက္ေတြရဲ႕အထိအေတြ႕ကတကယ့္ကိုစိတ္ထဲအထိေအးျမသြားေစသည္။

လြမ္းတယ္အစ္ကို……။
အရမ္းလြမ္းတယ္။ ဒါေပမယ့္အစ္ကို႕ဆီကိုေတာ့ျပန္မလာရဲေတာ့ဘူး။
ကြ်န္ေတာ္ျပန္လာလည္း…အစ္ကိုကအလိုရွိေတာ့မွာမွမဟုတ္ဘဲ။ အစ္ကိုသိပ္ခ်စ္ရတဲ႕သူကအစ္ကို႕ေဘးမွာရွိေနျပီမဟုတ္လား။ ဒီေတာ့ကြ်န္ေတာ့္ကိုအစားထိုးဖို႕မလိုအပ္ေတာ့ဘူးပဲေလ။
အခုဆိုရင္…ျမတ္သဝဏ္ဆိုတဲ႕ကြ်န္ေတာ္ကအစ္ကိုေျပာသလိုအ,အတစ္ေယာက္ျဖစ္ရံုတင္မကဘူး……မ်က္ႏွာေပၚကအမာရြတ္ၾကီးေၾကာင့္ရုပ္ပ်က္ဆင္းပ်က္ပါျဖစ္ေနျပီအစ္ကိုရဲ႕……။

မိုးေရစက္ေတြရႊဲနစ္ေနသည္လက္ကိုက်စ္က်စ္ပါေအာင္ဆုပ္လိုက္မိေတာ့က်ိဳးေၾကခဲ႕ဖူးသည့္လက္ေခ်ာင္းေတြထံမွနာက်င္မွဳကဆစ္ခနဲ။ 

"ေကာင္ေလး……"

ၾကားလိုက္ရတဲ႕ေခၚသံေၾကာင့္အသံလာရာလွည့္ၾကည့္မိေတာ့ အခန္းဝမွာရပ္ေနတဲ႕ေဒါက္တာ။ အၾကည့္ခ်င္းဆံုမိသည္ႏွင့္ခ်က္ခ်င္းဆိုသလိုမ်က္ခံုးေတြစုက်ံဳ႕သြားတဲ႕အျပင္မ်က္မွန္ေအာက္ကမ်က္ဝန္းေတြကလည္းစိုးရိမ္ရိပ္သန္းေနသည့္မ်က္ဝန္းေတြအျဖစ္ေျပာင္းလဲသြားသည္။ ခ်က္ခ်င္းဆိုသလိုေျခလွမ္းက်ဲေတြနဲ႕ေလွ်ာက္လာတာမို႕အနားကိုေရာက္လာတာမွလွစ္ခနဲ။

"ဘာျဖစ္ေနတာလဲေကာင္ေလး……ဘယ္နားကနာေနလို႕လဲ…ဘာျဖစ္လို႕ငိုေနရတာလဲကြာ……"

ေမးခြန္းေတြဆက္တိုက္ေမးေနတဲ႕ေဒါက္တာကပါးျပင္ေပၚကိုပါထိေတြ႕လာမွသာကိုယ့္ကိုကိုယ္ငိုေနမွန္းသတိထားမိသည္။  ႏွလံုးသားကနာက်င္မွဳေၾကာင့္ တျခားေသာအထိအေတြ႕ေတြကိုခဏလ်စ္လ်ဴရွဳလိုက္မိျပန္တယ္ထင္ပါရဲ႕……။

"ဘာျဖစ္လို႕တစ္ေယာက္တည္းၾကိတ္ငိုေနရတာလဲ ဟင္……မင္းေဘးမွာကိုယ္အျမဲရွိေနတယ္ေလ…တစ္ခုခုဆိုကိုယ့္ကိုေျပာ ဘာျဖစ္လို႕လဲ……"

မ်က္ႏွာေလးကိုထိကိုင္ကာေျပာလိုက္ေတာ့မ်က္ရည္ေတြဝဲလာျပန္တဲ႕ေကာင္ေလး။ ခပ္ဖြဖြဆြဲဖက္ကာေက်ာျပင္ေလးကိုပြတ္ေပးမိေတာ့ေကာင္ေလးကလည္းတစ္ခ်က္တစ္ခ်က္ခႏၶာကိုယ္ေလးတုန္သြားတဲ႕အထိကိုရွိဳက္ငိုလာသည္။ ဘယ္ေလာက္ေတာင္ပင္ပန္းခဲ႕လဲကေလးရယ္……။

တစ္ခ်ိန္ကပံုစံနဲ႕ကြဲလြဲစြာတည္ရွိေနတဲ႕ဆံႏြယ္ရွည္ေတြကိုဖိသပ္ေပးရင္းထည္ဝါတစ္ေယာက္သက္ေမာခ်မိျပန္ပါ၏။ ေကာင္ေလးကိုပံုမွန္စ္တ္အေျခအေနရေအာင္ျပန္ကုသေပးခဲ႕မိတာမွားမ်ားမွားသြားေလျပီလား။ ပင္ပန္းခဲ႕သမွ်ကိုမသိတဲ႕အတိုင္းသာေနမယ္ဆိုရင္ကြ်န္ေတာ့္ခ်စ္ရသူေလးဒီေလာက္အထိခံစားရမွာမွမဟုတ္ဘဲ။ အခုေတာ့အတိတ္ေတြေၾကာင့္ကိုယ့္ကေလးေလးပင္ပန္းေနရျပီ။

"ေကာင္ေလး……"

ျငိမ္က်သြားတဲ႕ေကာင္ေလးေၾကာင့္စိုးရိမ္ကာေခၚလိုက္မိေပမယ့္ ကိုယ္ကိုျပန္မတ္ျပီးမ်က္ရည္စေတြကိုသုတ္ဖယ္ကာျပန္စိုက္ၾကည့္လာတဲ႕ေကာင္ေလးရဲ႕အၾကည့္ေတြႏွင့္သာဆံုလိုက္ရသည္။ မ်က္ဆံနက္ေလးေတြကိုေငးၾကည့္ရင္းထည္ဝါ့ဘယ္ဘက္ရင္အံုကလည္းဒုတ္ခနဲ။
မင္းနဲ႕ေတြ႕ရင္ႏွလံုးသားကဂနာကိုမျငိမ္ဘူးကြာ……။

("ဘာေျပာမလို႕လဲေဒါက္တာ……")

"အမ္…ဟို……မိုးတိတ္သြားျပီပဲ ကိုယ္တို႕ဒီနားေလးကပန္းျခံမွာလမ္းေလွ်ာက္ထြက္ၾကမလား……"

တိတ္သြားတဲ႕မိုးကိုအခြင့္ေကာင္းယူကာေျပာမိေျပာရာေျပာလိုက္ေတာ့ ေကာင္ေလးကလည္းခပ္ျမန္ျမန္ေခါင္းညိတ္ျပလာသည္။
ဟုတ္သား……ေကာင္ေလးလည္းဒီေဆးရံုခန္းထဲမွာပဲေနေနရတာအေတာ္ၾကာေနျပီပဲ။

"ကိုယ္wheelchairသြားယူလိုက္မယ္……"

ေျပာေျပာဆိုဆိုနဲ႕အျပင္ဘက္ကိုဦးတည္မိေတာ့ေကာင္ေလးကလက္ေမာင္းကိုဖမ္းဆြဲထားလာတယ္။

("ကြ်န္ေတာ္လမ္းေလွ်ာက္နိုင္ပါတယ္ေဒါက္တာ……")

ေကာင္ေလးေျပာမွထည္ဝါနည္းနည္းေတာင္ရွက္မိသြားသည္။
ရင္ေတြခုန္ျပီးဘာေတြေလွ်ာက္လုပ္ေနသလဲစဝ္ထည္ဝါေရ……။


_____________________________________________


"ေကာင္ေလး……ကိုယ္ဖုန္းသြားေျပာလိုက္အံုးမယ္……"

ဖုန္းျမည္ေနတာကိုေတာင္ခ်က္ခ်င္းမကိုင္ေသးဘဲအသိေပးေနေသးတဲ႕ေဒါက္တာေၾကာင့္သဝဏ္နည္းနည္းေတာ့ရယ္မိသည္။ အရာရာအကုန္အသိေပးျပီးေျပာျပေနရေအာင္ကြ်န္ေတာ္ကေဒါက္တာ့ရဲ႕အုပ္ထိန္းသူလည္းမဟုတ္သလို ၊ ေဒါက္တာကလည္းသူငယ္ႏွပ္စားကေလးေလးမွမဟုတ္ေလဘဲ။

ခပ္လွမ္းလွမ္းကေဒါက္တာ့ဆီကေနအၾကည့္ျပန္လႊဲလိုက္ေတာ့ စိမ္းစိမ္းစိုစိုျမက္ခင္းၾကီးကအျမင္အာရံုထဲဝင္ေရာက္လို႕လာတယ္။ညီညာေနတဲ႕ျမက္ခင္းစိမ္းစိမ္းေပၚမွာေျပးလႊားေဆာ့ကစားေနတဲ႕ကေလးေတြလည္းရွိသလို ၊ လက္တြဲကာလမ္းေလွ်ာက္ေနၾကတဲ႕ခ်စ္သူစံုတြဲေတြကလည္းမနည္းပင္။  အေရာင္စံုေနတဲ႕ပန္းပင္တစ္ခ်ိဳ႕နဲ႕လွပလြန္းတဲ႕ပန္းပင္ေတြကလည္းမိုးေရစက္ေတြေၾကာင့္တစ္မ်ိဳးေလးေတာ့လွျပန္သား။

"ဦးဦး……သားေဘာလံုးေလးဒီဘက္ကိုျပန္ပစ္ေပးပါလား……"

မ်က္စိေရွ႕ေရာက္လာတဲ႕ျဖဴျဖဴလံုးလံုးကေလးေလးတစ္ေယာက္။ အရြယ္ေလးကေတာ့သားေလာက္ပဲရွိအံုးမယ္ထင္။ ေဘးပတ္ပတ္လည္ကိုၾကည့္မိေတာ့ သဝဏ္ထိုင္ေနတဲ႕ထိုင္ခံုအနားေရာက္ေနတဲ႕ကာတြန္းအရုပ္ေလးေတြနဲ႕ေဘာလံုးေလးတစ္လံုး။ အပန္းမၾကီးတာမို႕ထိုေဘာလံုးေလးကိုေကာက္ယူကာကေလးေလးဆီသြားေပးလိုက္သည္။ အျပံဳးေလးနဲ႕တံု႕ျပန္လာပံုကိုကတကယ့္ကိုျဖဴစင္တဲ႕ကေလးငယ္ရယ္ပါ။

"သားကဒီမွာဘာလာလုပ္ေနတာလဲ……"

ရုတ္တရက္အနားကိုေရာက္လာတဲ႕အမ်ိဳးသမီးတစ္ေယာက္။ ေရွ႕ကေလးေလးရဲ႕လက္ကိုဖမ္းဆြဲကာစိုးရိမ္တၾကီးေျပာလာပံုေထာက္ရင္ေတာ့ ထိုအမ်ိဳးသမီးကဒီကေလးေလးရဲ႕အေမထင္ပါရဲ႕။

"သားေဘာလံုးေလးကဒီနားလိမ့္လာလို႕……အဲ႕ဒါေၾကာင့္လာေကာက္တာ……"

"ေကာက္ျပီးရင္လည္းခ်က္ခ်င္းျပန္လာေပါ့သားရဲ႕……ေမေမမွာထားတယ္မလား သူစိမ္းေတြနဲ႕နီးနီးကပ္ကပ္မေနရဘူးလို႕……အခုဟာကလူဆိုးမွန္းမသိလူေကာင္းမွန္းမသိ……"

ေနာက္ဆံုးစကားလံုးက်မွသူ႕ကိုေခါင္းအစေျခအဆံုးတစ္ခ်က္ၾကည့္ျပီးေျပာလိုက္တာေၾကာင့္ရုတ္တရက္ရင္ထဲနင့္ခနဲ။
လက္သီးကိုက်စ္က်စ္ပါေအာင္ဆုပ္ရင္းအျပံဳးတစ္ပြင့္ျပံဳးမိသည္။ ထိုအျပံဳးကဘဝမွာတစ္ခါမွမျပံဳးဖူးခဲ႕သည့္မဲ႕ျပံဳး။

အဟက္!…ေစာက္ေရးမပါတဲ႕လူေတြ။
နဂိုအတိုင္းရွိေနတဲ႕က်ဳပ္မ်က္ႏွာကိုဖ်က္ဆီးခဲ႕တာကလည္း ခင္ဗ်ားတို႕လိုလူေတြပဲေလ။

"ေကာင္ေလး……"

မလွဳပ္မယွက္ရပ္ေနတဲ႕ေကာင္ေလးေၾကာင့္လက္ေမာင္းေလးကိုအသာထိကိုင္ကာေခၚမိေတာ့ျပန္လွည့္ၾကည့္လာတဲ႕မ်က္ဝန္းေတြ။ တစ္ခါမျမင္ဖူးခဲ႕တဲ႕မ်က္ဝန္းေတြေၾကာင့္ထည္ဝါကိုယ္တိုင္ပင္အနည္းငယ္လန္႕သြားရသည္။
အျမဲျမင္ေနက်ျဖဴစင္တဲ႕မ်က္ဝန္းေတြအစား…ဘာျဖစ္လို႕အႏၲရာယ္ရွိတဲ႕မ်က္ဝန္းေတြျဖစ္ေနရတာလဲ……။

"ကိုယ္ေကာင္ေလးကိုေျပာစရာရွိလို႕……ဟို…ေကာင္ေလးရဲ႕အဖိုးကိုေတြ႕ခ်င္လား……"

("ေဒါက္တာဘာကိုေျပာခ်င္တာလဲ……")

"တကယ္ေတာ့ကိုယ္ဒီကိုျပန္လာတာကေကာင္ေလးကိုလာေခၚတာပါ……ေကာင္ေလးရဲ႕အဖိုးကေကာင္ေလးကိုေတြ႕ခ်င္ေနရွာတာဗ်…ဟို……"

ထစ္ေငါ့ေနတဲ႕သူ႕ပံုစံေၾကာင့္ထင္ေကာင္ေလးကခပ္ဖြဖြေလးျပံဳးလာသည္။ သူကလည္းသူပါပဲ……အစကေတာ့စကားလံုးေတြဆီထားျပီးေကာင္ေလးေရွ႕က်မွလာထစ္ေနရတယ္လို႕။

("ဘယ္ကိုသြားရမွာလဲ……")


_____________________________________________


ေလယာဥ္ေပၚကဆင္းတာနဲ႕ေကာင္ေလးလက္ကိုတြဲကာဦးမင္းရဝဏ္ရဲ႕လူေတြေစာင့္ေနေလာက္မည့္ေနရာဘက္ကိုထြက္လာခဲ႕လိုက္သည္။ ဦးမင္းရဝဏ္ကေကာင္ေလးပါလာမည့္အေၾကာင္းေျပာထားမိလို႕ထင္ ၊ လာၾကိဳတဲ႕လူေတြကလည္းဂရုတစိုက္ရွိလိုက္တာမွကားတံခါးပါဖြင့္ေပးတဲ႕အထိ။

ေဘးကေကာင္ေလးကိုၾကည့္မိေတာ့မေရာက္ဖူးတဲ႕ေဒသမို႕ထင္ပါရဲ႕ ၊ ဟိုၾကည့္ဒီၾကည့္ေလးလုပ္ေနလိုက္တာမ်ားတကာ့္ကေလးပိစိေလးအတိုင္းပဲ။ ရုတ္တရက္ျပတင္းေပါက္မွန္ကိုဖြင့္ခ်လိုက္ျပန္တဲ႕ေကာင္ေလးေၾကာင့္ေလေအးေတြကတစ္စတစ္စတိုးဝင္လို႕လာသည္။ ဝတ္ထားတဲ႕ကုတ္အက်ီ ၤကိုခြ်တ္ကာ ေကာင္ေလးကိုယ္ေပၚျခံဳထားေပးလိုက္ေတာ့ တစ္ခ်က္ျပန္ေငးၾကည့္လာျပန္တဲ႕မ်က္ဝန္းေတြ။
ဒီရက္ပိုင္း…ေကာင္ေလးရဲ႕အၾကည့္ေတြကတည္ျငိမ္လာသလိုပဲ……။

"အဂၤလန္ရဲ႕ရာသီဥတုကအခုမွေရာက္ဖူးတဲ႕သူနဲ႕ဆိုအသားက်ေသးမွာမဟုတ္ဘူးေကာင္ေလးရဲ႕……"

("ဒီမွာကနည္းနည္းေအးတယ္ေနာ္……")

"အင္း……ေဆာင္းဦးရာသီေလ……"

စကားေျပာေနရင္းကပင္ထည္ဝါ့ကိုေက်ာ္ကာကားလမ္းတစ္ဖက္ကိုအၾကည့္ေရာက္သြားတဲ႕ေကာင္ေလးေၾကာင့္မျဖစ္စဖူးေဒါသေသးေသးေလးေတာ့ျဖစ္မိတာအမွန္။ ေကာင္ေလးၾကည့္ေနတဲ႕ေနရာကိုလွည့္ၾကည့္လိုက္မိေတာ့ျမင္လိုက္ရတာကေကာ္ဖီဆိုင္ေလးေတြရွိတဲ႕ေနရာေပ။  ရိုးရွင္းျပီးလွပတဲ႕အျပင္အဆင္နဲ႕ေကာ္ဖီဆိုင္ေလးရဲ႕ေဘးမွာေမပယ္လ္ပင္တစ္ပင္ကလည္းတည္ရွိလို႕။

ထည္ဝါေကာင္ေလးကိုျပန္ၾကည့္မိေတာ့ထိုေနရာေလးကိုေက်ာ္လာတာေတာင္ေကာင္ေလးကတမင္လည္ျပန္လွည့္ေငးေနေသးတယ္။  ကေလးဆန္တဲ႕အျပဳအမူေလးေၾကာင့္တစ္ခ်က္ျပံဳးရင္းအေတြးထဲတြင္အေရးတၾကီးလုပ္စရာတစ္ခုကိုမေမ့ေအာင္မွတ္ထားလိုက္သည္။
ထိုအရာကေတာ့ ေနာက္အခ်ိန္ရရင္ေကာင္ေလးကိုထိုေကာ္ဖီဆိုင္ေလးဆီလိုက္ပို႕ေပးရမယ္ဆိုတာကိုပင္။






#################################

Continue Reading

You'll Also Like

107K 6.9K 38
မင်းကိုချစ်နေရတယ်ဆိုတဲ့ အသိလေးတစ်ချက်နဲ့တင် ကိုယ်နှလုံးသားလေး တသိမ့်သိမ့်လှုပ်ရှားနေတယ်။ . . . မင္းကိုခ်စ္ေနရတယ္ဆိုတဲ့ အသိေလးတစ္ခ်က္နဲ႕တင္ ကိုယ္ႏွလုံ...
13.4K 790 40
နှစ်ရှည်ကြာစွာ ဆက်၍ရေးချင်မိတဲ့ ပန်းချီကားငယ်... အဆုံးမသတ်ချင်မိတဲ့ ဒိုင်ယာရီတစ်ပုဒ်... ဖြတ်မျဉ်းနှစ်ကြောင်းရဲ့ အညိုရောင်မျှော်လင့်ချက်လေး... နောက်ပြ...
177K 15.7K 30
"သူက သူစိမ်းမှ မဟုတ်တာ..." "..............." "အဟင်း..ငယ်သူငယ်ချင်းလို့ပြောရမလား..အတန်းတူတက်ခဲ့ဖူးတဲ့ အတန်းဖော်လို့ ပြောရမလား...ဒါမှမဟုတ်..ရန်သူတွေလို...