ကဗျာစုစည်းမှူ

By user67939314

1.3K 92 0

ပိုင်ရှင်ဖျတ်ခိုင်းရင်ပြန်ဖျတ်ပါမယ် အားနေလို့ကဗျာလေးတွေ့လာစုတာဟီ More

🥹
💓
👍မပေးရင်မယူနဲ့👍
""one""
သဝန်တိုနေခြင်း
မေတ္တာ
ဘဝ
"ရိုးရိုးလေးပါ"
"အေးစက်စက်"
"လူတွေ့"
"လူတကာ"
"ဇာတ်သိမ်းလေး"
"ဒီကမ္ဘာကြီးမှာ"
"ဘဝမှာ စိတ်ပင်ပန်း"
"အမှန်အတိုင်း"
ခွဲခြားတက်
တကယ်အဆင်မပြေတော့
လူတွေ့
နားလည်မူ
မင်းဒုက္ခရောက်
လူတွေ့
စိတ်ဓာတ်ကျခြင်းကိုရှောင်ပါ
တန်ဖိုး
ချစ်တိုင်း
လူငယ်တိုင်း
အဆင်မပြေမှု
"ကိုယ့်ဘဝနဲ့ ကိုယ်ပါပဲ"
မင်းမှာက
ပခြုပ်
ဒီတယောက်
တဖက်
ဘဝမှာ
လူ့တန်ဖိုး
ဘဝဆိုတာ
တခါတလေ
ချစ်ဖို့ကောင်း
မပိုင်ဆိုင်
ဦးနှောက်_ခါးတောင်းကျိုက်ပါ
ဘဝ
မတွေးခေါနဲ့
အကောင်းဆုံး
သိပ်လှပတဲ့
မင်းလိုချင်တဲ့
စိတ်ချမ်းသာအောင်နေနည်း
အလုပ်တွေလုပ်ပြီး
" သင်ခန်းစာ ယူပါ

နယ်မြို့

14 1 0
By user67939314

၂၀၀၀ ခု နှစ် ၀န်းကျင်

နယ်မြို့လေးတစ်မြို့ရဲ့ အစွန်ဘက်
မြို့နှင့် လွန်စွာ အလှမ်းဝေးသော လယ်ကွင်းပြင် ကျယ်ကြီး တစ်နေရာ ညနေမိုးချုပ်နေ၀င်ပြီး အခြားအတူ လုပ်ကိုင်သော လုပ်ဖော်ကိုင်ဖက်များ လုပ်ငန်းခွင်သိမ်းကာ အိမ်ပြန်ကြပေမဲ့

ထိုအချိန်အထိ
မပြန်နိုင်သေးသော ပုဂ္ဂိုလ်တစ်ဦးကို သင်သေသေချာချာ အာရုံစိုက်ကြည့်မယ်ဆိုရင် တွေ့ နိုင်ပါတယ်။

ထိုသူကား အခြားတော့မဟုတ်
… ကျေးရွာတွင် နေထိုင်သည့် လယ်သမားကြီး ဦးမင်း နိုင်

အများအမြင်မှာရော
သားသမီးတွေအမြင်မှာရော
စီးပွားရေးအတန်အသင့် တောင့်တင်းသည်ဟု ထင်ရသောသူ တစ်ယောက်။

ထိုသို့သောသူတစ်ယောက် ယခုအချိန်အထိ သူဘာကြောင့် မပြန်နိုင်သေးတာလဲ
သူ့ လောဘကြောင့်လား …
အဖြေတစ်ခုတော့ ရှိလိမ့်မည်ထင်သည်။

ည (၇) နာရီအချိန်လောက်ရောက်ပြီဆိုရင်ပဲ သူရင်းငှားလေးက

"ဘကြီး
မပြန်သေးဘူးလား
စပါးပုံတွေ စိတ်ချပါ
ကျွန်တော် တစ်ယောက်လုံး ရှိပါတယ်"

" မင်း စိတ်မချလို့ မဟုတ်ပါဘူးကွာ
မင်း တစ်ယောက်တည်း အဆင်မပြေမှာစိုးတာရယ်
စပါးတွေကလည်း တော်တော်ကြွေနေပြီဆိုတော့ အမြန်ရိတ်နိုင်မှကွ

ခုကလည်း
လယ်တိုင်းက ရိတ်နေတာဆိုတော့ ကောက်ရိတ်သမား အခက်အခဲတွေနဲ့မို့ ဘယ်လိုလုပ်ရမလဲ စဉ်းစားနေတာ ပါကွာ

လိုအပ်ရင်တော့
ဒို့ရွာဘက်က လူတွေပဲ ဆင်းခေါ်ရမှာပဲ"

"ဘကြီးကလည်းဗျာ
ဘကြီးတို့ အနေအထားနဲ့ ဒီလောက် ဘာဖြစ်မှာလဲ"

"အေး အေး
ပြောကြတော့ကွာ
ဒါ မင်းတို့ အမြင်ကို
ဟိုမှာ တက္ကသိုလ် ကျောင်းသားက တစ်ယောက်
စာပေးစာယူ တက်နေတဲ့ သမီးက (၂) ယောက်
အရင်နှစ်က စပါးမကောင်းလို့ တင်နေတဲ့ အကြွေးတွေ နဲ့ မင်းတောင်တတ်နိုင်လို့ ငှားတာမဟုတ်ပါဘူးကွာ"

"တော် တော်
ဘကြီးဆက်ပြောရင် ကျွန်တော့ သူရင်းငှားခပါ ပြန်ပေးနေရမယ်"

"အေး အေး
ဒါဆိုလည်း ငါလည်းပြန်မယ်ကွာ
မင်းဒေါ် ကြီး စိတ်ပူနေတော့မယ်"

"ဟုတ်ကဲ့"

ဦးမင်းနိုင် တစ်ယောက် ပြောရင်းဆိုရင်းပင် ၄င်း၏ လယ်တောတဲလေး မှတဆင့် ရေနံမီးအိမ်နှင့် ငှက်ကြီးတောင်ဓါးကို ကျောမှာလွယ်လို့ မိ နစ် (၃၀) လောက် သွားရသည့် မြို့အစွန် ရပ်ကွက်က ၄င်းရဲ့ အိမ်ဆီသို့ …

📳📳📳📳📳

အိမ် ဆင်၀င်အောက် ရောက်တယ်ဆိုရင်ပဲ မိန်းမဖြစ်သူက

"တော်ကလည်း နောက်ကျလိုက်တာ
ဘာတွေလုပ်နေရလို့လဲ

သူရင်းငှားလည်း ရှိတာပဲ
သူရင်းငှားနဲ့ ထားလို့ရတဲ့ နေရာလည်း ထားပေါ့
နေရာတိုင်း ရှင်၀င်ပါနေလို့ ဖြစ်မလား"

"မင်းကလည်း
ပြန်လာတာနဲ့ နားကိုပူနေတာပဲ
အလုပ်မှာ ပင်ပန်းလာတာက တစ်မျိုး
အိမ်ရောက်တော့ မင်းကတစ်မျိုး
နေရာတကာ သေချာလုပ်နိုင်မှ မလေလွင့်သင့်တာ မလေလွင့်မှာပေါ့

ဘယ်မှာလဲ
အပတ်စဉ် မင်းသားတက္ကသိုလ် ကျောင်းသားကြီးကို ပို့ဖို့ ပိုက်ဆံ

ဘယ်မှာလဲ
မင်းသား ကျောင်းပိတ်ပြန် တော့ မင်း သမီး (၂) ယောက် စာပေးစာယူ တက်ဖို့ ပိုက်ဆံ

ဘယ်မှာလဲ ကျူရှင်လခ

အဲ့တာလောက်နဲ့ ပြီးရောလား
မနှစ်က စပါးမအောင်လို့ ပေးရမယ့် အကြွေးတွေ

မသန်းစိန်
မင်းသိနေရက်သားနဲ့ အသိခေါက်ခက် အ၀င်နက်တဲ့ စကားတွေ မပြောနဲ့ကွာ”

“သိတယ်
သိတယ်ရှင်ရေ
အဲ့လို သိလို့လည်း ရှင်အဲ့လိုတွေ လုပ်နေရတာ မကြည့် ရက်လို့
ရှင့်သား၊ သမီးတွေက ရှင်ပင်ပန်းနေတာ သိလည်း အသုံးက လျော့သွားတယ် မရှိဘူး"

"ဪ မင်းကလည်း
သူ့ကုသိုလ်ကံနဲ့ သူလာတာ
သုံးပါစေ"

"ကဲ ကဲ
ကိုယ်ရေ လက်ရေလေး သပ်လိုက်အုံး
ထမင်းခူးပြီးသား
တော့ စောင့်နေတာ"

"ဟဲ့
ငါ့သမီး နှစ်ယောက်ရော မမြင်ပါလား"

"တော့ သမီးတွေက အိမ်ရှေ့အိမ်မှာ ဇာတ်လမ်းသွားကြည့်တယ် တော်ရေ"

"အိမ်မှာလည်း တီဗီရှိနေတာပဲကွာ
သူများအိမ် ဘာလို့သွားကြည့်နေရတာလဲ"

"တော်က အောက်စက်၀ယ်ပေးလို့လား
သူတို့က အခွေသွားကြည့်တာ တော်ရေ"

"အေးပါကွာ
ငါလည်း ဒီတစ်ခါ အဆင်ပြေရင်တော့ အောက်စက်လေး တစ်လုံးတော့ ၀ယ်ပေးပါ့မယ်"

"အောက်စက်လေး တစ်လုံးတည်း လုပ်မနေနဲ့တော့
သားကလည်း ကျုပ်ကို ပူဆာနေတာကြာပြီ

အမေ
အဖေ့ကို မပြောရဲလို့တဲ့
ဒီနှစ် အဆင်ပြေရင် ကျောင်းမှာစီးဖို့ တရုပ်ဆိုင်ကယ်လေး တစ်စီးလောက် ၀ယ်ပေးပါတဲ့

တစ်နယ် တစ်ကျေးမှာ ကျောင်းတက်နေရတော့လည်း ကျုပ်သား မျက်နှာမငယ်ရအောင်တော့ ၀ယ်ပေးချင်တယ် တော်ရယ်

ရှင့် သားကြီးတွေတုန်းက (၁၀) တန်းတောင် မအောင်တာ"

"အေးပါကွာ အေးပါ" ဆိုပြီး ဦးမင်းနိုင် တစ်ယောက် ပုဆိုးစုတ်လေး ပုခုံးပေါ်တင်လို့ ရေဖြည့် ကျောက်စီ ပိုင်းဆီသို့…

📳📳📳📳📳

ဦးမင်းနိုင် တစ်ယောက်
ကောက်ရိုးခြင်းကို ထမ်းလို့ အိမ်ရှေ့ထွက်တယ်ဆိုရင်ပဲ တက္ကသိုလ် ပိတ်ရက် အိမ်ပြန်ရောက်နေသော သားငယ်က

"အဖေကြီး
ကောက်ရိုးသွားထမ်းမလို့လား
သား လိုက်ထမ်းမယ်လေ"

"မလိုက်ပါနဲ့ကွာ
ငါ့သားလေးကို မခိုင်းရက်ပါဘူး
ဒီအလုပ်တွေက အဖေကြီး လုပ်နေကြအလုပ်တွေပါ
ငါ့သားလေး ပိတ်ရက်လေး အေးဆေးနေ"

ထိုအချိန် ဇနီးဖြစ်သူမှ

"တော်ကလည်းလေ
သားလိုက်သွား "

ကောက်ရိုးခြင်းလေး ထမ်းပြီး ရွာထဲမှသားနဲ့အတူ ပြန်တယ် ဆိုရင်ပဲ

"ဦးလေး သားက အားကိုးနေရပြီပေါ့" စသည်ဖြင့်

အသိတွေက " စ " ရင် ဖြင့်
"ငါ့သားလေးတွေ မခိုင်းရက်ပါဘူးကွာ
လိုက်လုပ်ပေးချင်တယ်ဆိုလို့သာ"

ဘယ်လိုပဲ ဖြစ်ဖြစ် ထိုအချိန်မှာတော့ တစ်သက်လုံး ပင်ပန်းခဲ့သမျှကိုတော့ ဦးမင်းနိုင် မေ့နေပြီး လမ်းတလျှောက် ကျေနပ်ပီတိ အပြုံးများနှင့်သာ…

ထိုခံစားချက်များကို
မိဘတစ်ယောက် ဖြစ်မှသာ သင်ခံစားတတ်မှာပါ

အိမ်ပြန်ရောက်တယ် ဆိုရင်ပဲ သားဖြစ်သူက

"အဖေကြီး
သားပဲ မြက်စင်ထဲ ကောက်ရိုး ထည့်လိုက်တော့မယ်"

"သား
မင်း လုပ်တတ်လို့လား
ဆိုင်းကြိုးတွေလည်း ချည်လိုက်အုံး"

"စိတ်ချ
သား အကုန်လုပ်လိုက်မယ်
နွားတင်းကုတ်လည်း သိမ်းပြီး နွားချေးတွေပါ ကျုံးလိုက်မယ်

ညနေ နွားမီးဖိုဖို့ သားနောက်ဖေး ကောက်ရိုးပုံက ကောက်ရိုးအစိုတွေလည်း စုထားလိုက်မယ်"

"အေး အေး"

အိမ်ပေါ် ရောက်တယ်ဆိုရင်ပဲ ဇနီးဖြစ်သူက

"တော်ကလည်းလေ
သားသမီးတွေကို မခိုင်းဘဲ နေမနေနဲ့
သူ့ အသိစိတ်နဲ့ သူလုပ်တာပဲ
လုပ်ပါစေ"

"သြော်
ကိုယ့်သား နုနုယွယွလေးတွေ မခိုင်းရက်ပါဘူးကွာ

ကိုယ်တွေတုန်းက ဒီလို နေခဲ့ရတာ မဟုတ်ဘူး
သူတို့ နေခွင့် ရတုန်းလေး နေပါစေ"

"ဒါနဲ့
တော်ကျုပ်ကို ပေးထားတဲ့ ပိုက်ဆံတွေ ဘာလုပ်ဖို့လဲ

ဆပ်စရာရှိလည်း သွားဆပ်လေ
အတိုးတွေ တက်နေမယ်"

"အေးပါကွာ
ငါစဉ်းစားနေတာကွ

အကြွေးတွေ ဆပ်ရမှာတော့ မှန်တယ်
ဒါပေမဲ့
အတိုးလေးတွေ သပ်ပြီး
မင်း သားလိုချင်တဲ့ ဆိုင်ကယ် အသစ် လေး မဟုတ်ရင်တောင် နည်းနဘ်းလတ်တဲ့ အဟောင်းလေး ၀ယ်ပေးမလားလို့

မင်း သားအကြီးကောင်တွေနဲ့ တိုင်ပင်ပြီး

ပြီးတော့
မင်း သား၀ယ်ပေးပြန်တော့
မင်း သမီးတွေကလည်း ပြောအုံးမယ်

ဒါကြောင့် သူတို့ (၂)ယောက်လည်း ဆွဲကြိုးလေး ငါးမူးသားစီလောက် လုပ်ပေးမလားလို့"

"လုပ်ပေးချင်လည်း လုပ်ပေးလေ
သူတို့လည်း ၀တ်ချင်မှာပေါ့"

"အေး
အဲ့ဒါဆိုလည်း မင်းသား အကြီးကောင်ကို သွားခေါ်

မရှိရင်လည်း သူ့မိန်းမ မှာခဲ့" ဆိုတာနဲ့ ဒေါ်သန်းစိန် တစ်ယောက် သားအငယ်ကောင်အား

"ကလေးရေ
မင်း အဖေက မင်းအတွက် ဆိုင်ကယ်၀ယ်ပေးမလို့တဲ့

အဲ့ဒါ
အမေ မင်းအစ်ကိုကြီး သွားခေါ်လိုက်အုံးမယ်"

ထိုအသံပင် မဆုံးလိုက်
သမီး (၂) ယောက်မှလည်း

"အမေတို့ကလည်း
သူ့သားလေးပဲ
သမီးတို့ အတွက်ကြရော"

"ညည်းတို့ အတွက်လည်း
ညည်းတို့ အဖေက ဆွဲကြိုးလုပ် ပေးမယ်တဲ့အေ …

နင့် အစ်ကိုကို သွားခေါ်လိုက်အုံးမယ်"

"သမီးတို့ သွားခေါ်ရမလား"

"ငါ သွားခေါ်ပါ့မယ်အေ
ညည်း အဖေအတွက် ရေနွေးကြမ်း ကုန်နေရင် ထည့်ပေးလိုက်အုံး" ဆိုပြီး ပုဆိုး အပြဲ လေးကို ခေါင်းကိုပေါင်းလို့ ခပ်သုပ်သုပ် ထွက်ခွာသွားလေရဲ့

ထိုသည်မှာလည်း
မိခင်မေတ္တာသည်လား…

ထိုနေ့ည ညည့်နက်အိပ်ရာ၀င်သည်နှင့် ဒေါ်သန်းစိန် ဘေးကို ကြည့်လိုက်တော့ ခင်ပွန်းဖြစ်သူမှာ သား၊ သမီးတွေရဲ့ လိုအင်များကို ဖြည့်ဆည်းပေးနိုင်သောကြောင့် ယခင်ညတွေဆို တော်တော်နဲ့ အိပ်မပျော် သော ခင်ပွန်း နှစ်နှစ် ခြိုက်ခြိုက်ပင် အိပ်ပျော်နေတာကို ကြည့်ရင်း ….

ဘေးတစ်ဖက်မှာလည်း
ယခု အသက် (၁၇)နှစ်ကျော်သည် အထိ
ကျောင်းပိတ်လို့ အိမ်ပြန်လာတိုင်း မိဘနှင့် အတူ အိပ်သော သားဘက်ကို လှည့်ကြည့်ရင်း မအိပ်သေးသော သားငယ်အား

"သား
လောကမှာ သား၊ သမီးဆီက မမျှော်လင့်ဘူးဆိုတဲ့ မိဘဆိုတာ အလကား

အနည်းနဲ့ အများတော့
သား၊ သမီးဆီက မိဘတိုင်း မျှော်လင့်ကြတာပဲ

အမေလည်း မျှော်လင့်တာပဲ
မင်းအဖေလည်း ဒီလိုပဲ

ဒါပေမဲ့
ဘယ် သားသမီးကိုမှတော့ ဘယ်မိဘက
ငါတို့ကို ဘယ်လိုပြန် ထောက်ပံ့ပါ
စောင့်ရှောက်ပါလို့တော့ ပြောမှာ မဟုတ်ဘူး

သား
သူတို့ အသိစိတ်နဲ့ လုပ်ပေးတဲ့ အပေါ်မှာပဲ မိဘတွေက ကျေနပ် နှစ်သက်မှုကို ခံစားကြတာ
ငါ့ သားလည်း တစ်နေ့ ဒီနေရာရောက်လာတဲ့ တစ်နေ့

မိဘကို ပြန်လည် လုပ်ကျွေးနိုင်တဲ့ တစ်နေ့
အမေ ဒီလောကမှာ ရှိနေသည် ဖြစ်စေ
မရှိတော့သည် ဖြစ်စေ

အမေ ပြောတဲ့ စကားကို သားအမြဲသတိရနေ ပါ … "

"သား
အမေတို့ သားတို့ကို လိုအပ်တာတွေ ဖြည့်ဆည်းပေးနေတာ ရှိလို့ မဟုတ်ဘူး

ငါ့သား
ငါ့သမီးလေးတွေ လူတန်းစေ့ နေနိုင်အောင်လို့သာ လုပ်ပေးနေကြတာ

သား မင်းစဉ်းစားကြည့်
ဒီနေ့ မင်းအတွက် ၀ယ်ပေးတဲ့ ဆိုင်ကယ်
သား သုံးဖို့

ဒီနေ့
မင်း အစ်မတွေအတွက် လုပ်ပေးတဲ့ ဆွဲကြိုး
သူတို့အတွက်ပဲ

အမေတို့ ရှာဖွေသမျှဟာ ကိုယ့်အတွက် ဖူလုံဖို့ ဆိုတာထက် ကိုယ့်သား၊ သမီးတွေ ပြည့်စုံနိုင်ဖို့ကိုပဲ အမေတို့ တွေးတယ်

သား…
မင်းတစ်နေ့  မိဘကို ပြန်လည် လုပ်ကျွေးတဲ့ အချိန်မှာလည်း ဘ၀မှာ တစ်ကြိမ်လောက်တော့

ကိုယ့်အတွက် ဖူလုံရုံဆိုတာထက်
ကိုယ့်မိဘ ပြည့်စုံဖို့ ဆိုတာမျိုး
တစ်ကြိမ်လောက် ကြိုးစားကြည့်ပါ ငါ့ သား " လို့ ဒေါ်သန်းစိန် သားဖြစ်သူကို ဆုံးမပြောဆိုရင်း

ထိုညသည်ကား
မိသားစု တစ်ခုအတွက်

နောင်အနာဂတ် အချိန်တစ်ခုအတွက်

များစွာတန်ဖိုးရှိခဲ့တယ်ဆိုတာ သူမ သိခွင့်ကြုံပါ့မလား …

📳📳📳📳📳

ထိုနေ့ ဆုံးမ စကားများမှသည်
ယနေ့ များစွာ ပြောင်းလဲခဲ့ပေသည်။

ထိုခေတ် အခါက လူမှု အသုံးအဆောင် နည်းသော ကာလမှာ တည်ရှိခဲ့သော မိဘ

ထိုနည်းတူစွာ
ယနေ့အချိန် များစွာသော အသုံးအဆောင်များကြား ကြိုးစား ဖြည့်တင်းနေရသော မိဘ

သင် တွေး ကြည့် ပါ

သင့်ကို ဖုန်းတစ်လုံး ၀ယ်ပေးသော သင့်မိဘ
သင့်ထက် ပိုကောင်းသော ဖုန်းကိုင်သလား

သင့်ကို အဆင်တန်စာတွေ ဆင်သော သင့်မိဘ
သင့်ထက် ပိုကောင်းတဲ့ အဆင်တန်ဆာတွေ ၀တ်ဆင်သလား

သင့်ကို လိုလေသေး မရှိ ဖြည့်ဆည်းနေသော သင့်မိဘသူတို့မှာ သင့်ထောက်ပံ့ဖို့ အလျံအပယ်ရှိနေလို့လား

သင့်မိဘ သင့်အတွက် ဆောင်ရွက်ခဲ့သမျှ အရာတိုင်း သင်တစ်ကြိမ်လောက် တွေးကြည့်ပါ

သင်တို့ မိဘတိုင်းသည်
မိမိဖို့ဆိုတာထက်
သင်တို့အတွက် ဘယ်လောက်တောင် ပေးဆပ်ခဲ့သလဲ

သင် ဒါတွေဖတ်ပါ
ပြီးရင် တွေးခေါ်ပါ …

ဒီ(၂) ဆင့်လုံး ပြီးရင်
သင် အောက်က အဖြေ ဖြေပေးပါ …

"သင်တို့ မိဘကို တစ်ဖန် ပြန်လည်လုပ်ကျွေးနိုင်တဲ့ အချိန်ရောက်နေပြီဆိုရင်

သင့်ဖို့ဆိုတာထက်
သင့်မိဘဖို့အတွက်ဆိုပြီး
ဦးစားပေးလို့ သင့်ဘ၀မှာ ဘယ်နှကြိမ် လုပ်ခဲ့ဖူးသလဲ

ဥပမာတစ်ခုအနေနဲ့
သင် ယခုဖုန်း တစ်လုံး ကိုင်တယ် ဆိုပါစို့
သင်သုံးနေတဲ့ ဖုန်းထက် အမျိုးအစား၊ စျေးနှုန်း ကောင်းတာ သင့်မိဘဖို့ ဆိုပြီး သင်၀ယ်ပေးဖူးသလားပေါ့"

သင့်မိဘ သက်ရှိထင်ရှား ရှိနေအုံးမယ်ဆိုရင်
တစ်ကြိမ် တစ်ခါ မှ မလုပ်ဖူးသေးရင်လည်း
သင်နောက်မကျ သေးပါဘူး

သင့်မိဘအတွက်
ဘ၀မှာ တစ်ကြိမ်လောက်တော့ ကိုယ့်ဖို့ဆိုတာ ထက် သင့် မိဘဖို့ လုပ်ပေးကြည့်ပါ …

ဆြာချစ်

Continue Reading

You'll Also Like

84.2K 7.4K 141
New Normal တစ်ပတ် သုံးပိုင်း update ပါမယ်ရှင် .. Normal novel page မွာ ဒီနေ့ပဲစဖတ်လို့ရပါပြီ Title - Ancient Foodeie Survival Guide Description က...
26.1K 4K 38
අණ වින මායා බන්ධන දවයි ආදරේ ගිනිගෙන
709K 56.7K 107
Original author~薛火火 Sauce _ 白月光回来后替身离开了 I own nothing of this novel #Full credit to original author Mm trans by jjkalix
129K 16.5K 117
ආදරේ කියන දෙය වචනෙන්ම කියන්න ඕන නෑ නේ ? -ආරධ්‍ය ශෙහාන්- ඒත් ආදරේ දැනෙන්න දෙන්න පුල...