ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

By purple-j9

157K 4.9K 324

ဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆ... More

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Hello
Photo
Part-32
Part-33 (ဇာတ် သိမ်းပိုင်း)
Request
Photo
🥰🥰🥰

Part-15

4K 127 6
By purple-j9

ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

အပိုင်း-၁၅

ယုကိုရိုက်တာကို ကိုညီ့အမ မမရီကသိပေမဲ့မသိချင်ယောင်ဆောင်နေသဖြင့်ယုမှာကိုညီတို့အိမ်မှာကူ
ကယ်ရာမဲ့နေခဲ့သည်။ကိုညီ့ရဲ့စိတ်ကကြောက်ဖို့
ကောင်းသည်။ယုကိုပွဲတက်ရုပ်ပြရအောင်လူအများကြားခေါ်တတ်ပေမဲ့ယောက်ကျားတယောက်ယောက်နဲ့များစကားပြောတာတွေ့တာနဲ့အိမ်ရောက်တာနဲ့လူမ
ဆန်အောင်အရိုက်ခံရသည်။ကြာတော့ယုမှာလူအများကြားထဲသွားဖို့လန့်ရသည်။ငွေကိုတော့စိတ်ကြိုက်သံုးခွင့်ရပေမဲ့ဒီလိုစိတ်ရောဂါသည်နဲ့နေရသည်မှာစိတ်မချမ်းသာပေ။မေမေ့အားဒီအကြောင်း
ကိုအရိပ်အမွက်ပြောပေမဲ့မေမေကတော့သူပိုက်ဆံရဖို့တာစိတ်ဝင်စားနေခဲ့ပီးယုကိုစိတ်မဝင်စားပါ။အိမ်ထောင်သက်တနှစ်မပြည့်တပြည့်မှာယုကိုညီ
ရိုက်တာလက်လွန်လို့လိင်စိတ်ပျင်းပီးလူစိတ်ပျောက်လို့စတဲ့အကြောင်းအရာပေါင်းစုံနဲ့ဆေးရုံဆိုတာမကြာခနလာရတဲ့နေရာဖြစ်ခဲ့သည်။ခုလဲသူငယ်ချင်းပို့ပေးသည့်ရုန်းအကြောင်းဖတ်နေတာသိလို့စကားများရင်းကိုညီရိုက်တာလှေကားပေါ်ကပြုတ်ကျပီး
လက်ကျိုးပီးခါးကပါလှုပ်မရလို့ဆေးရုံတက်ရတာဖြစ်သည်။ဒီမနက်သက်သာတုန်းဝင်လာတဲ့ပုံတွေကြောင့်လူကပူလောင်ကာဒေါသထွက်ရသည်။အထူးသဖြင့်ယုသိပ်မုန်းတဲ့နွယ်ဆိုသောခလေးမလေးကလဲပျော်
ရွှင်နေပီးရုန်းကလဲ ထိုခလေးမလေးကိုငုံထားမတတ်
ချစ်တဲ့မျက်လုံးတွေနဲ့ကြည့်နေပုံဂရုစိုက်နေပုံတွေဟာယုအသည်းကိုဓါးနဲ့တမြည့်မြည့်ထိုးနေသလိုကိုခံစားရတာပါ။ယုဖြစ်ချင်တာကခုနွယ်လေးလိုရုန်းအချစ်ခံရတဲ့ဘဝပါဒါပေမဲ့အခုအခြေနေမှာထိုခလေးမလေးကိုပဲယုအသည်းခိုက်အောင်မုန်းမိသည်။ရုန်းဒီခလေးမလေးအပေါ်သံယောဇဉ်ကြီးတာကိုသိပေမဲ့ဒီလောက်
ချစ်သွားလိမ့်မယ်လို့တော့မထင်ထားခဲ့ယုနဲ့တုန်းကsocial mediaပေါ်ပုံတင်တာကယုပဲလုပ်ရသည်profile ဆိုလဲယုချိန်းမှစုံတွဲပုံရုန်းကဘယ်တော့မှမလုပ်တာတွေကိုဒီခလေးမကိုမှလုပ်ပေးသည်။မုန်းစရာကောင်းတဲ့ခလေးမကရုန်းပေးတဲ့လက်ဆောင်ဆိုပီးနှုတ်ခမ်းနီတွေတင်ထားကာမန့်မှာသူ့သူငယ်ချင်းတွေကိုပြောတာကကိုကြီးရွေးဝယ်လာတာသူ့အကြိုက်နဲ့ကွက်တိတဲ့ယုတုန်းကရုန်းကယုဝယ်ရင်ပိုက်ဆံလိုက်
ရှင်းရုံပဲအရောင်ရွေးကူပါဆိုမရွေးတတ်ဘူးလို့ပြောတဲ့သူကခုခလေးမလေးအပေါ်ပျော်ဝင်နေမှုကြီးကမနာလိုစရာဖြစ်သည်။ခုလဲရုန်းနဲ့နွယ်လေးရဲ့first date photoရယ်ဆိုင်တခုရဲ့pageကတင်တဲ့ပံုရယ်ရုန်းနဲ့သူငယ်ချင်းတွေရဲ့အပြန်လှန်ပြောစကားတွေဖတ်ပီးလူကအတော်ကိုပူလောင်ကာဒေါသအားလံုးကိုနွယ်လေးအပေါ်ပဲပုံချကာအနားမှာရှိသည့်ပစ်စ ည်းများကိုပစ်ခွဲပစ်လိုက်သည်။

Ring ring
ဖုန်းသံကြောင့်နွယ်လေးကြည့်လိုက်တော့ကိုကြီးဆီကမို့အမြန်ကိုင်လိုက်သည်။

"ဟလိုချစ်ကိုကြီး"

"ကိုယ့်ချစ်နွယ်လေးရေ နက်ဖန်ညနေအားလားကိုယ်သူငယ်ချင်းတွေကတဝိုင်းကျွေးခိုင်းနေလို့နွယ်လေအားရင်ချိန်းမလို့"

"ဟုတ်အားပါတယ်ကိုကြီးရဲ့"

"ဒါဆိုကိုကြီးချိနိးလိုက်မယ်နော်မနက်ဖန်ညနေကိုယ်လာခေါ်မယ်အလှတွေအများကြီးပြင်မလာနဲ့"

"ဟင်း ကိုကြီးမနက်မလာတော့ဖူးလား"

"လာမှာလေ ကိုယ့်အချစ်ရဲ့မျက်နှာကိုမမြင်ရပဲmorning kissမရပဲကိုယ်ကဘယ်လိုအလုပ်လုပ်နိုင်မလဲ"
"ဟီး နွယ်ရောပဲ ဟွန်းနေပါအံုးကိုကြီးရည်းစားလို့
မိတ်ဆက်ပေးမှာကိုဘာလို့အလှမပြင်ခိုင်းတာလဲ
ယောက်ကျားလေးတွေပဲလားအာ့ဆိုနွယ်ပျင်းနေမှာပေါ့လို့"

"မဟုတ်ပါဘူးသူ့တို့ကောင်မလေးတွေပါမှာပါတခုပဲကိုယ့်သယ်ရင်းတွေဝိုင်းစလို့နွယ်စိတ် ညစ်မှာကိုပဲစိတိပူတာအလှမပြင်ခိုင်းတာကအရမ်းလှနေရင်
ကောင်လေးတွေဝိုင်းကြည့်မှာစိုးလို့"

"အိုက် ကိုကြီးကလေကြံဖန်တွေးပီးအူတိုနေတာနွယ့်ထက်လှတဲ့ကောင်မလေးတွေမှအများကြီးသူများကြားရင်ရီစရာဖြစ်အုံးမယ်"

"ကိုယ်မျက်စိထဲတော့ကိုယ့်အချစ်ကအလှဆုံးပဲ"

"ကိုကြီးကို   ကိုပိုကြီးလို့ပြောင်းခေါ်ရမယ်
အော်မေ့တော့မလို့ မခြူးအကြောင်းပြောမလို့"

"မခြူးဘာဖြစ်လို့လဲ"

"မခြူးကိုသူ့ချစ်ချစ်ကလာတောင်းတော့မယ်တဲ့ဖေဖေတို့နဲ့ရက်ရွေးနေပီ"

"ဟာမခြူးကကိုရဲ နောက်လိုက်မှာလားအမေရိကားကိုလေ"

"ဟုတ်ဖူးကိုရဲကဒီမှာလာနေမှာမမကမေမေ့ကိုစိတ်မချလို့တဲ့ကိုရဲပြန်မလာရင်မယူဘူးဆိုလို့ကိုရဲက
အားချင်းပြန်လာပီးစီစဉ်တာ"

"ဟား မခြူးတို့ပိုင်တယ်နော်"

"မခြူးကပြောတယ်နွယ်ကကိုကြီးနဲ့ယူရင်ကိုကြီးကတစ်ဦးတည်းသောသားမို့အန်တီမြအတွက်ကိုကြီးနဲ့နေရမှာတဲ့ ကိုဇန့်မိန်းမကျတော့လဲချွေးမဆိုတော့မေမေ့ကိုမကြည်ဖြူမှာစိုးလို့တဲ့သူပဲမေမေ့အနားနေမှာတဲ့"

"အာ့လဲဟုတ်တာပဲ"

"ဟင်း  နွယ်မေမေနဲ့မခွဲပါဘူး"

"မခွဲခိုင်းပါဘူးဗျာကိုယ့်အိမ်နေလိုက်နွယ်အိမ်နေလိုက်နေမှာပေါ့"

"တကယ်နော်"

"မယံုဘူးလား ဒါဆိုကိုယ်ကိုခနယူကြည့်လေ"

"ဟယ်။ ကိုကြီးနစ်နာနေမယ်"
"ကိုယ်အချစ်တွက်အနစ်နာခံလိုက်ပါ့မယ်"
"ဟားဟားဟား"
ကိုကြီးနဲ့နွယ်ညတိုင်းဖုန်းပြောနေ့တိုင်းတွေ့ရပေမဲ့ရိုးသွားတယ်မရှိပါဘူးတွေ့တိုင်းလဲပြောစရာစကားမကုန်နိုင်ပါဘူး

လက်ရုန်းနွယ်နဲပြောပီးတော့သူငယ်ချင်းတွေgroupမှာချိန်းလိုက်သည်။

"ဟေ့ရောင်တွေနော်မနက်ဖန်နွယ့်ကိုအရမိးမစနဲ့နော့အထူးသဖြင့်ယုနဲ့ကိတ်စပဲ"

"အေးငါတို့ကိတ်စမရှိဘူးဟိုကောင်ထွန်းဇော်မင်းမိန်းမကိုပြောထားနော်မင်းမိန်းမကယုနဲ့ခုထိတွဲတုန်းမလား"

"အေးပါ ငါပြေထားတယ်စိတ်ချ"

"Good night bro"

"Good night"

နွယ်လေးကိုကြီးဆီကဖုန်းရလို့အဝတ်စားလဲလိုက်သည်။မနေ့ထဲကမမရွေးပေးထားတဲ့ crop topနီညိုလေးကိုဂျင်းbell pantsအရှည်လေးနဲ့ဝတ်ကာမျက်နှာကိုမိတ်ကပ်ခပ်ပါးပါးလေးလူးပီးနှုတ်ခမ်းနီဖျော့ဖျော့သာစိုးလိုက်သည်။လက်ဝတ်လက်စားသိပ်ဝတ်လေ့မရှိပေမဲ့မမကကိုကြီးနဲ့သွားလာရသောပွဲများတွင်သေချာရွေးပေးလို့ဝတ်ရသည်။နွယ်ဘဝမှာမမခြူးလိုအမရှိခြင်းကလဲဘုရားပေးတဲ့ဆုတစ်ခုပဲဖြစ်သည်။မမ
သည်မေမေ့ဆီကနေမိန်းခလေးတယောက်တန်ဖိုးရှိရှိနေထိုင်နည်းကိုအပြည့်အဝလက်ထပ်သင်ကြားမှုကိုရခဲ့သလိုဖေဖေ့ရဲ့ထက်မြက်မှုလုပ်ငန်းတခုကို
ဦးဆောင်နိုင်မှုစတာတွေပါရရှိထားတဲ့မမခြူးဟာ
ကိုဇန်နဲ့နွယ့်အပေါ်မှာလဲမိခင်တယောက်ကဲ့သို့
စိတ်ထားဖြင့်သွန်သင်ပေးခဲ့သည်။နွယ့်ကိုဆိုကိုကြီးနဲ့
ပက်သက်ပီးလွန်လွန်ကြူးကြူးမဖြစ်ဖို့တသက်လံုးယောက်ခမနဲ့ကိုကြီးတို့စိတ်ကွက်တာမျိုးမဖြစ်ဖို့ဆုံးမကာမေမေနှင့်အတူပူပန်ပေးသူဖြစ်သည်။ခုလဲ
လက်ဝ်လက်စားမဝတ်ချင်လို့ပြောတာကို

"ငယ်လေးနင့်သူငယ်ချင်းတွေနဲ့တွေ့ရတာမဟုတ်ဖူး
ဝတ်သွားလက်ရုန်းသူငယ်ချင်းတွေသူတို့မိန်းမတို့
ရည်းစားတို့ပါမှာငါ့ညီမကိုမြင်တာနဲ့လက်ရုန်းဆီကမခြူပဲကိုယ့်ဘာသာတန်ဖိုးကြီးတာတွေဝတ်စားနေ
နိုင်တယ်ဆိုတာပေါ်လွင်အောင်ရယ်ကိုယ့်အဆင့်အတန်းကိုသိအောင်ရယ်ဝတ်စားသွားမိန်းမတွေဆိုတာကနင်ဘာလဲငါဘာလဲကကြည့်တတ်တယ်ပီးတော့နင့်သတင်းကိုအရင်ကောင်မလေးဆီမပို့ဘူးပြောနိုင်ဘူးပြီးတော့စကားနဲ့တောင်အတင်စီးမခံနဲ့"

ဆိုပီးတညလံုးတရားဟောထားလို့မခြူးရွေးပေးတဲ့အတိုင်းဝတ်ပီးစောင့်နေလိုက်သည်။ကိုကြီးကား
ရောက်လာလို့နွယ်အပြေးလေးကားပေါ်တက်လိုက်သည်။

"အမလေး ဖြေးဖြေးလာပါကိုယ့်အချစ်ရယ်ချော်လဲပီးအနာတရဖြစ်ရင်ဒီကိုကြီးရင်ကျိုးရမယ်"

"အဲကိုကြီးလေ ဘယ်လိုတွေစကားတတ်မှန်းမသိဘူးအရမ်းသိလားကဲမောင်းတော့နောက်ကျနေပီ"

"Kissလေး"

"အိမ်ရှေ့ကြီးမှာကိုဘာလိုအဲ့လောက်ယွနေတာလဲကိုကြီး ကဲမောင်းတော့"

"ဟုတ်ပါပီဗျ

ကိုကြီးချိန်းထားတဲ့5starဟိုတယ်ရောက်တော့
ပါကင်ထိုးပီးအတင်းkissတောင်းသောကိုကြီးသူ
လိုချင်တာရမှကားပေါ်ကဆင်းကာဟိုတယ်ထဲဝင်ခဲ့
သည်။ကိုကြီးသူငယ်ချင်းလက်လှမ်းပြသောဝိုင်းကိုကြည့်လိုက်တော့အားလုံးစုံတွဲကိုယ်စီနဲထိုင်နေကြသ ည်။

"Sorry သယ်ရင်းတို့ငါနောက်ကျသွားတယ်အလုပ်ကမပြတ်လို့"

"အေးပါကွာကဲမင်းရဲ့သမီးလေးနဲ့မိတ်ဆက်ပေးအုံး"

တစ်ဝိုင်းလံုးပြံုးစိစိဖြစ်ကာ
"ခွေးကောင် ငါနဲ့နွယ်လေးအဲ့လောက်အသက်မကွာဘူးကွ"
"အေးပါမင်းပြောတော့မင်းစကားပေါ့ ညီမဒီကောင်ကိုလွတ်မထားနဲ့နော် skb(စော်ကြည်ဘဲကြီး)နော်"

"ဟေ့ရောင် တော်ပီ။ နွယ်လေးဒီကောင်ကသူရ ဟိုနေ့ကကိုယ်တို့သွားတာသူ့ဆိုင်လေဘေးကသူ့လေဒီနန်းသက်လျာ"

"ဒါကထွန်းဇော်ဘေးကသူ့မိန်းမချယ်ရီ သူ့ဘေးက စည်သူဘေးကသူ့ကောင်မလေးရတီဟိုဘေးကတကောင်ထဲကထူးခြားတဲ့ ကဲသူငယ်ချင်းတို့ဒါကိုယ့်ရဲ့ဘုရင်မကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်နွယ်ကသစ်"

မိတ်ဆက်ပီးထိုင်ကြတော့နွယ့်ဘေးကကိုစည်သူ့
ကောင်မလေးမရတီကစကားစပြောသည်။

"ညီမလေးက သစ်ဂျူဝယ်လ် ဖောက်ဒေးရှင်းရဲ့သမီးလား"
"အာ ဟုတ်အမ။ အမဘယ်လိုသိလဲ"
"အမကမိဘမဲ့ဂေဟာထွက်လေခုဆရာဝန်ဘွဲ့ရတဲ့အထိညီမလေးတို့ဖောင်ဒေးရှင်းကကျောင်းထားပေတာလေအမတို့ဂေဟာမှာညီမလေးတို့မိသားစုနာမည်ရှိတယ်နာမည်လေးတွေလှလို့မှတ်မိနေတာညီမလေးဖေဖေနဲ့မေမေကိုပဲမြင်ဖူးတာတခေါက်သမီးနဲ့သားပါလာဘူးတယ်အမထက်ကြီးသလားလို့"

"ဟုတ်အမအဲ့တာနွယ့်မမနေမှာကိုကိုနဲ့မမကဖေနဲ့မေရဲ့အလုပ်တွေလက်လွဲရမှာမို့လိုက်ရပေမဲ့နွယ်ကတော့
ငယ်သေးလို့မလိုက်ရတော့မသိတာနေမှာအမ"

"အခုလဲလေ့လာဖို့မလိုပါဘူးဟိုကောင်လက်ရုန်းဒီလောက်ကုန်းရုန်းရှာနေတာညီမအကုန်သိမ်းလိုက်"

"ဟုတ်တယ်ဒီကောင်ဒီလောက်လောဘကြီးတာ
နွယ်လေးသိမ်းပလိုက်"

"Stop နွယ်လေးကငါတယောက်ပိုင်တာနမ်စားမင်းခေါ်ချင်နွယ်ဖြစ်ဖြစါကသစ်ဖြစ်ဖြစ်ခေါ်"

"မအေဘေး သေခါနီးမှနုရွနေတာ"
"ဟေ့ရောင်မင်းလိုမိန်းမရတဲ့လူအိုကြီးမဟုတ်ဘူး"

ကိုကြီးနဲ့သူငယ်ချင်းများအပြန်လှန်စနေတာကိုနွယ်ရီနေတုန်းမနန်းသက်လျာက
"ညီမရေသူငယ်ချင်းတွေခေါ်ပီးမမတို့resortကိုလာ
လည်ပီးဓါတ်ပံုလှလှတွေလာရိုက်အုံးရော့အမကဒ်လာရင်လက်ရုန်းမပြောလဲညီမလေးသာဟလို
လိုက်အမစျေးလျော့ပေးမယ်"
"ဟုတ်မနန်းသက်လျာ"
"မနန်းပဲခေါ်ပါနွယ်ကသစ်လေး"
"ကသစ်လို့ခေါ်ရင်ရပါတယ်မနန်းသူငယ်ချင်းတွေလဲအဲ့လိုပဲခေါ်တာ"
"ဘရိုမင်းတကယ်နအိုမျက်နုကြိုက်ပီးခလေးကိုနိုင်စားနေတာပဲဇန်မင်းနဲ့တိုင်းမယ် ညီမအကိုဇန်မင်းဘယ်တော့ပြန်လာမလဲတိုင်ပြောရအောင်"
"ကိုဇန်ဒီလထဲပြန်လာမယ်ပြောတယ်အကို"
"ဒါဆိုအဲရစ်မင်ဂလာဆောင်ကျရင်တို့တွေလူစုံပီပေါ့လက်ရုန်းမင်းလာမှာမလား"
"လာခဲ့ဘရိုမင်းရဲ့နွယ်ပါခေါ်ပီးလာခဲ့အော်ဒါနဲ့စကားမစပ်ညီမမှာsingle သူငယ်ချင်းများရှိရင်ကိုယ့်
ကိုမိတ်ဆက်ပေးပါအံုးလက်ရုန်းလိုခလေးမုန့်ပေးကြိုက်ရအောင်"
"ထူးခြားမင်းကအမ်းမယ်ပေါ့ sugar daddy ကြီး"

ဟား ဟား ဟား

ပါးစပ်မပိတ်ရအောင်ကိုကြီးသူငယ်ချင်းတွေကခင်စရာကောင်းသည်။တစ်ခုပဲကိုထွန်းဇော်ဇနီးမချယ်ရီတယောက်လွဲရင်ကျန်အမ၂ယောက်ကဖော်ရွေလှသည်။

"Ring ring"
"ဟလို ယုလား ငါ ချယ်ရီပါ"

💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰

Continue Reading

You'll Also Like

2M 113K 96
Daksh singh chauhan - the crowned prince and future king of Jodhpur is a multi billionaire and the CEO of Ratore group. He is highly honored and resp...
179K 1.7K 21
(Male Bullied, Betrayed, Cheated and Neglected Red Hood Reader x Crossover Harem) Y/n L/n was a student at Hero Academy, but was bullied harshly by t...
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...