အရှင်မင်းကြီးနေမကောင်းဘူး [ C...

By dream_n99

697K 72.7K 1.6K

Description လျောင်ချင်းချင်းနိုးလာတဲ့အခါနှစ်သက်ခြင်းမခံရတဲ့ဇနီးငယ်လေးအဖြစ်ကူးပြောင်းသွားတယ်။ အင်ပါယာနန်းတော်ထ... More

Description
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Announcement
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
paid group
Chapter 40
Chapter 41
Giveaway 🎉
Chapter 42
Chapter 43
Chapter 44
Giveaway 🎉
Chapter 45
Chapter 46
Chapter 47
Chapter 48
Chapter 49
Chapter 50
Chapter 51
Chapter 52
Chapter 53
Chapter 54
Chapter 55
Chapter 56
Chapter 57
Chapter 58
Chapter 59
Chapter 60
Chapter 61
Chapter 62
Chapter 63
Chapter 64
Chapter 65
Chapter 66
Chapter 67
Chapter 68
Chapter 69
Chapter 70
Chapter 71
Chapter 72
Chapter 73
Chapter 74
Chapter 75
Chapter 76
Chapter 77
Chapter 79
Chapter 80
Chapter 81
Chapter 82
Chapter 83
Chapter 84
Chapter 85
Chapter 86
Chapter 87
Chapter 88
Chapter 89
Chapter 90
Chapter 91
Chapter 92 Extra 1
Chapter 93 Extra 2
Notification

Chapter 78

5.2K 600 2
By dream_n99


နောက်တစ်ရက်ကနှစ်သစ်ကူးပထမဆုံးရက်ဖြစ်ပြီး ဧကရာဇ်ကျင်းလိဟာဘိုးဘေးတွေပူဇော်ခြင်း တော်ဝင်ရုံးတော်တတ်ရောက်ခြင်း၊ ဝန်ကြီးဌာနခြောက်ခုရဲ့အဖြစ်အပျက်တွေကိုစစ်ဆေးခြင်း အစရှိသဖြင့်တို့နဲ့တဖန်စတင်ကာအလုပ်ပြန်ရှုပ်တော့သည်။ နှစ်ကုန်ပိုင်းနဲ့စာရင်ဒီနှစ်ကအလုပ်ရှုပ်ပြီးစတင်ပါတယ်။ ထိုစဉ် လျောင်ချင်းချင်းသည်လည်း အလုပ်ရှုပ်နေခဲ့ပါတယ်။

တော်ဝင်မောင်းမဆောင်အရေးကိစ္စတွေကို သူမလက်လွှဲယူလိုက်ကတည်းက အရင်လိုမအားတော့ဘူး။ အဓိကကတော့ သူမရဲ့တာဝန်တွေမှာသူမသိပ်မကျွမ်းကျင်တာသေးတာကြောင့်ပဲ။ ထို့ကြောင့် သူမအပတ်တကုပ်လေ့လာခဲ့ပြီး အားအင်ကုန်ခမ်းမှုဒဏ်ကိုဦးနှောက်မှာမခံစားရပေမဲ့ ခန္ဓာကိုယ်မှာခံစားရသည်။ အမြဲတမ်းလည်းအိပ်ငိုက်နေတယ်။

အဲ့‌ဒီနောက်မှသာ အရင်လကသူမရာသီမလာခဲ့မှန်း ရုတ်တရက်သတိရသွားတယ်။ တော်ဝင်ဆေးကုသဌာနကိုသွားပြီး တော်ဝင်သမားတော်ကိုလာကြည့်ပေးရန်ခေါ်ဖို့ သူမဟယ်ရှန်းကိုအမြန်ခိုင်းလိုက်တယ်။ လျောင်ချင်းချင်းက မကြာမီဧကရီဖြစ်လာနိုင်တဲ့ ဧကရာဇ်ကျင်းလိအနှစ်သက်ဆုံးသောသူ ရှီးကျောက်ရုန်ဖြစ်တယ်။ ထို့ကြောင့် တော်ဝင်ဆေးကုသဌာနကဒီကိစ္စကိုအထူးအလေးအနက်ထားပြီး ရှီးကျောက်ရုန်ရဲ့သွေးခုန်နှုန်းကိုစမ်းသပ်ပေးဖို့ ဝါအရင့်ဆုံးတော်ဝင်သမားတော်ကိုစေလွှတ်လိုက်သည်။

ဝါရင့်တော်ဝင်သမားတော်ကြီးက လျောင်ချင်းချင်းကိုသူမရဲ့နေ့စဉ်စားသောက်မှုပုံစံ၊ လုပ်ကိုင်တာ၊ အနားယူတာစသည်ဖြင့် အရင်မေးမြန်းသည်။ လျောင်ချင်းချင်းနဲ့ဟယ်ရှန်းတို့နှစ်ယောက်စလုံး မေးခွန်းတွေကိုဖြေပေးလိုက်တယ်။ သူမသခင်မကဘယ်နားနေမကောင်းဖြစ်နေတာလဲဆိုတာ ဟယ်ရှန်းမသိခဲ့တာကြောင့် ဘေးနားမှာရပ်ပြီးဝါရင့်တော်ဝင်သမားတော်ကြီးက သခင်မရဲ့သွေးကြောစမ်းသပ်တာကို စောင့်ကြည့်နေခဲ့သည်။ သူမသခင်မပြင်းပြင်းထန်ထန်နေမကောင်းဖြစ်နေမှာကို အလွန်သောကရောက်ပြီး စိုးရိမ်ပူပန်နေခဲ့တယ်။

‌ဝါရင့်တော်ဝင်သမားတော်ကြီးက သူမသွေးကြောကိုအလေးအနက်မျက်နှာထားနဲ့စမ်းသပ်နေပြီး ခါတိုင်းထက်ပိုကြာနေခဲ့တယ်။ ဟယ်ရှန်းမှာအသက်အောင့်ထားပြီး စကားတစ်လုံးမှမထွက်ရဲဘူး။ ဝါရင့်တော်ဝင်သမားတော်ကြီးရဲ့အလေးအနက်ဖြစ်မှုကြောင့် လျောင်ချင်းချင်းလည်းအနည်းငယ်စိုးရိမ်နေသည်။

သူမရောဂါတစ်မျိုးမျိုးခံစားနေရတာတော့မဖြစ်နိုင်ပါဘူးနော် ဟုတ်တယ်မလား?

အကြာကြီးကြာပြီးနောက်မှ ဝါရင့်တော်ဝင်သမားတော်ကြီးကလက်ပြန်ရုတ်လိုက်သည်။ ထို့နောက် လျောင်ချင်းချင်းကိုလေးလေးနက်နက်ဦးညွတ်လိုက်သည်။

" ရှီးကျောက်ရုန်ကိုဂုဏ်ပြုပါတယ် ဂုဏ်ယူဝမ်းမြောက်ကြောင်းပါ ရှီးကျောက်ရုန် မင်္ဂလာရှိတဲ့သွေးကြောပါ"

လျောင်ချင်းချင်း အူတူတူလေးငေးစိုက်ကြည့်လိုက်တယ်။ ဟယ်ရှန်းမှာအံ့ဩသွားရလွန်းလို့ ပါးစပ်အုပ်လိုက်မိသည်။

" တော်ဝင်သမားတော်ကြီးက ကျွန်မကိုယ်ဝန်ရှိနေတယ်လို့ပြောနေတာလား? ကျွန်မကိုယ်ဝန်ရှိနေပြီလား?"

လျောင်ချင်းချင်း တအံ့တဩမေးလိုက်မိတယ်။

" မှန်ပါတယ် နှစ်လကျော်ပါပြီခင်ဗျာ"

ဝါရင့်တော်ဝင်သမားတော်ကြီးကဆက်ကာ
" ပြီးတော့ မယ်မယ့်ရဲ့သွေးခုန်နှုန်းကတည်ငြိမ်ပါတယ် အရာအားလုံးကပုံမှန်ပါပဲ"

" ဒါဆို ဘာကြောင့်ကျွန်မဘေးထွက်ဆိုးကျိုးတစ်ခုမှမခံစားရတာလဲ? အော့အန်တာတို့မသက်မသာခံစားရတာတို့ဘာတို့ကိုပြောတာပါ တစ်ခုမှမဖြစ်ဘူး "

နှစ်သစ်ကူးမတိုင်မီက လျောင်ချင်းချင်းမှာမရေမရာခံစားချက်တစ်ခုရှိခဲ့ပေမဲ့ သူမအလုပ်များလွန်းလို့ အဲ့အကြောင်းမေ့သွားခဲ့တယ်။ သူမတကယ်ကြီးကိုယ်ဝန်ရှိနေပြီလို့ မထင်ထားခဲ့ဘူး။

‌တော်ဝင်သမားတော်ကြီးကရှင်းပြလိုက်တယ်။
" ရှီးကျောက်ရုန်မယ်မယ်ကိုဖြေကြားပါတယ် လူတွေရဲ့ခန္ဓာကိုယ်ကတစ်ခုနဲ့တစ်ခုမတူညီပဲ ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်းထို့နည်းတူပါပဲ ရှီးကျောက်ရုန်မယ်မယ်ရဲ့အိပ်ငိုက်ရီဝေမှုဟာလဲ လက္ခဏာတစ်ခုပါပဲ"

လျောင်ချင်းချင်း ခေါင်းညိတ်လိုက်တယ်။ ဟယ်ရှန်းအသံကစိတ်လှုပ်ရှားမှုနဲ့တုန်ယင်နေပြီး တော်ဝင်သမားတော်ကြီးကိုဖမ်းဆွဲကာ မေးလိုက်သည်။

" တော်ဝင်သမားတော်ကြီး ဒါ....ဒါ...ဒါဆိုရင်လေ ကျွန်မသခင်မကဘာကိုဂရုစိုက်ရမလဲဟင်? စားတာတို့အိပ်တာတို့လိုလေ သခင်မဘာကိုသတိထားရမလဲဟင်?"

" ဟယ်ရှန်း အရမ်းကြီးစိတ်လှုပ်ရှားမနေပါနဲ့"
လျောင်ချင်းချင်း ရယ်ပြီးပြောလိုက်တယ်။

ဟယ်ရှန်း သူမကိုယ်သူမတော်ဝင်သမားတော်ကြီးကိုယ်ပေါ်သွားမတွယ်ကပ်မိအောင် စိတ်တည်ငြိမ်အောင်အတတ်နိုင်ဆုံးကြိုးစားလိုက်သည်။

တော်ဝင်သမားတော်ကြီးက....
" ဒီနိမ့်ကျတဲ့အမှုထမ်းမှာ အသေးစိတ်ညွှန်ကြားချက်ပါတဲ့စာအုပ်ရှိပါတယ် ဒီနိမ့်ကျတဲ့အမှုထမ်း ရှီးကျောက်ရုန်မယ်မယ်ကိုဖြေးဖြေးချင်းရှင်းပြပါ့မယ် "

နန်းတော်ထဲမှာအသက်တစ်ချောင်း မမွေးဖွားခဲ့တာကြာပြီဖြစ်ပြီး ရှီးကျောက်ရုန်ရဲ့ကိုယ်ဝန်ဆောင်မှုက ဝါရင့်တော်ဝင်သမားတော်ကြီးရဲ့စိတ်ကိုပါလှုပ်ရှား‌သွားစေတယ်။ သူကစာအုပ်တစ်အုပ်ထုတ်ယူလိုက်ပြီး လျောင်ချင်းချင်းနဲ့ဟယ်ရှန်းကိုမဆိုင်းမတွရှင်းပြလိုက်သည်။ ဟယ်ရှန်း အလွန်အကျွံအာရုံစူးစိုက်စွာနားစိုက်ထောင်ခဲ့တယ်။

တော်ဝင်သမားတော်ကြီးရှင်းပြလို့ပြီးသွားနောက် ပြောလိုက်တယ်။
" မယ်မယ်တစ်ခုခုနားမလည်တာရှိရင် ဒီနိမ့်ကျတဲ့အမှုထမ်းနဲ့ထပ်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်"

လျောင်ချင်းချင်း ခေါင်းညိတ်လိုက်တယ်။ ဟယ်ရှန်း စာအုပ်ကိုယူလိုက်သည်။

လျောင်ချင်းချင်းက..." တော်ဝင်သမားတော်ကြီး ကိုယ်ဝန်ကိစ္စတလုံးတပါဒမှမပြောပါနဲ့ ကျွန်မကိုယ်တိုင်အရှင်မင်းကြီးပြောပါရစေ"

" ဒီနိမ့်ကျတဲ့အမှုထမ်း အမိန့်နာခံပါ့မယ်"

" ဟယ်ရှန်း တော်ဝင်သမားတော်ကြီးကိုပို့ဆောင်လိုက်ပါ"

" ဟုတ်ကဲ့"

ဟယ်ရှန်း တော်ဝင်သမားတော်ကြီးကိုအနီရောင်စာအိတ်ကြီးကြီးတစ်ခုကမ်းပေးလိုက်ပြီး အထဲပြန်ဝင်လာခဲ့တယ်။ လျောင်ချင်းချင်းကိုမထိုင်ခိုင်းခင် ‌ထိုင်ခုံပေါ်နောက်ထပ်နူးညံ့တဲ့ကူရှင်အလွှာတွေကမန်းကတန်းခင်းလိုက်သည်။ ထို့နောက် သူမမေးလိုက်တယ်။

" သခင်မ အရှင်မင်းကြီးနဲ့ဧကရီမယ်တော်ကြီးကို ဘာလို့ဒီလိုကြီးမားတဲ့ပျော်စရာဖြစ်ရပ်ကို မပြောပြတာလဲဟင်?"

" ငါမပြောဘူးလို့ ဘယ်သူပြောလဲ?"

လျောင်ချင်းချင်းပြောလိုက်တယ်။

" ငါကအရှင်မင်းကြီးနဲ့ဧကရီမယ်တော်ကြီးကို ငါကိုယ်တိုင်ပြောပြချင်တာ အခုသုံးလတောင်မရှိသေးလို့ နေရာအနှံ့သတင်းဖြန့်လို့မကောင်းဘူး"

" ဟုတ်တယ် ဟုတ်တယ် ဒီအစေခံရဲ့မိသားစုလည်းအဲ့လိုပဲလုပ်တယ် သုံးလကျော်တော့မှထုတ်ပြောကြတယ်"

လျောင်ချင်းချင်းခေါင်းညိတ်ပြီးမေးလိုက်တယ်။
" နေ့လည်ရောက်တော့မယ်မဟုတ်လား?"

ဟယ်ရှန်းခေါင်းညိတ်လိုက်ပြီး " အွန်း နေ့လည်ရောက်တော့မယ် အခုတင်တော်ဝင်သမားတော်ကြီးကနေ့လည်စာအကြောင်းပြောသွားခဲ့တယ် သခင်မ ဘာစားချင်လဲဟင်? ဒီအစေခံတော်ဝင်စားဖိုဆောင်ကိုနောက်တစ်ခေါက်သွားလိုက်မယ်လေ"

" မလိုဘူး ခဏနေရင်အရှင်မင်းကြီးရောက်တော့မှာ"

" အွန်း အရှင်မင်းကြီးစိတ်လှုပ်ရှားသွားမှာကျိန်းသေပဲ"

လျောင်ချင်းချင်းပြုံးလိုက်ပြီး လတ်တလောမှာပြားချပ်နေသေးတဲ့ဗိုက်လေးကို မသိစိတ်နဲ့ပွတ်လိုက်မိပေမဲ့ မှော်ဆန်တဲ့ခံစားချက်လေးတစ်ခုရှိနေခဲ့တယ်။

ကိုယ်ဝန်တဲ့။
သူမတကယ်ကိုယ်ဝန်ရှိနေတာ!
သူမတကယ့်ကို တကယ်ကြီးကိုယ်ဝန်ရှိနေတာ!

ဒီခံစားချက်က သဘာဝစည်းချက်များနဲ့ကမ္ဘာကြီးဟာရုတ်တရက်လှပတဲ့သံစဉ်တွေကိုထုတ်လွှတ်နေသကဲ့သို့ ပြောမပြတတ်အောင်ပဲ။ သူမစိတ်ခံစားချက် ချက်ချင်းအရမ်းကောင်းမွန်လာပြီး သူမနှုတ်ခမ်းတွေမသိလိုက်မသိဘာသာနဲ့ ကော့တတ်သွားတယ်။ ဧကရာဇ်ကျင်းလိက ကလေးအကြောင်းအထပ်ထပ်ခါခါပြောနေခဲ့တာ။ အခု ကလေးလေးရှိနေပြီဆိုတော့ သူလည်းပျော်မှာသေချာတယ်မဟုတ်လား?

အဲ့ဒါကအသေအချာပဲ။ ဧကရာဇ်ကျင်းလိဒီသတင်းကြားရင်ဖြစ်သွားမဲ့အမူအရာကို လျောင်ချင်းချင်းတွေးကြည့်လိုက်တယ်။ ထို့နောက် သူမဧကရာဇ်ကျင်းလိနေ့လည်ခင်းရောက်လာမဲ့အချိန်ကို စိတ်ရှည်လက်ရှည်နဲ့စောင့်နေခဲ့သည်။ ဒါပေမဲ့ စောင့်မျှော်နေတဲ့ဧကရာဇ်ကျင်းလိအစား ဖူရှန်းရောက်လာခဲ့တယ်။

" ရှီးကျောက်ရုန်ခင်ဗျာ အရှင်မင်းကြီးကတော်ဝင်စာကြည့်ဆောင်မှာအမတ်တချို့နဲ့ရှိနေတာကြောင့် နေ့လည်မှာမယ်မယ်နဲ့အတူနေ့လည်စာလာမစားတော့ဘူးလို့ ဒီအစေခံကိုပြောခိုင်းလိုက်ပါတယ်"

လျောင်ချင်းချင်း ရင်ထဲအနည်းငယ်စိတ်ပျက်လက်ပျက်ဖြစ်သွားပေမဲ့ ဧကရာဇ်ကျင်းလိကဧကရာဇ်တစ်ပါးဖြစ်ပြီး အလုပ်တွေပိနေပြီးသားဆိုတာကို တွေးလိုက်ပြီး အနည်းငယ်စပ်စုလိုက်တယ်။

" ဖူရှန်း ဘာဖြစ်နေတာလဲဆိုတာ ရှင်သိလား? အရှင်မင်းကြီးကိုနေ့လည်ကြီးမှာဆွေးနွေးရလောက်အောင်လုပ်တယ်ပေါ့?"

ရှီးကျောက်ရုန်ကမောင်းမဆောင်ထဲကသာမာန်အမျိုးသမီးတွေနဲ့မတူတာကိုသိပြီး သူပြန်ဖြေလိုက်သည်။

" နှင်းမုန်တိုင်းလို့တော့ကြားခဲ့ပါတယ်"

" နှင်းမုန်တိုင်း?"

လျောင်ချင်းချင်း အထိတ်တလန့်ဖြစ်သွားသည်။

" ဟုတ်ပါတယ် ဒီနှစ်တုံးလျောင်ခရိုင်မှာနှင်းအရမ်းကျခဲ့ပါတယ် နွေဦးမတိုင်မီကရောနွေဦးပြီးတော့ရောကျခဲ့ပြီး ခါတိုင်းထက်ပိုများတယ် အချို့ကောက်ပဲသီးနှံတွေနွမ်းကုန်ပြီး အချို့သက်ကြီးရွယ်အိုသာမာန်ပြည်သူတွေ အေးခဲပြီးသေသွားကြပါတယ် အရှင်မင်းကြီးကအရမ်းစိတ်ပူပန်နေပြီး သူတို့ကိုကယ်ဆယ်မလို့နည်းလမ်းတွေစဉ်းစားနေပါတယ်"

လျောင်ချင်းချင်း ဒါကိုကြားလိုက်ရတော့ သူမချက်ချင်းအလေးအနက်ဖြစ်သွားပြီး မေးလိုက်တယ်။

" ဖြေရှင်းနည်းကိုစဉ်းစားလို့ရပြီလား?"






စာရေးသူမှာပြောစရာလေးရှိပါတယ်:--

ချောမောလှပတဲ့မိန်းကလေးများ: ဒါနဲ့ ဧကရာဇ်ကျင်းလိနာမည်ကဘယ်လိုခေါ်လဲဟင်?

လျောင်ချင်းချင်း: Zhao! Ri! Tian!

ဧကရာဇ်ကျင်းလိ: ??? ကျန်းစိတ်ဆိုးတယ်!

လျောင်ချင်းချင်း: =口=!

( 赵日天(zhào rì tiān)- Zhao Ri Tian ကအင်တာနက်ပေါ်ကစိတ်ကူးယဉ်ဇာတ်ကောင်တစ်ခုပါ သူ့ရဲ့အဓိပ္ပါယ်က " ကောင်းကင်ကိုf*ckတဲ့Zhao" ပါတဲ့ ဒီဇာတ်ကောင်ကဗွီဒီယိုရှယ်တဲ့ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ AcFun မှာ user no. 1738904 ဆိုတဲ့အမည်မသိအသုံးပြုသူတစ်ယောက်တင်လိုက်တဲ့ " ငါကကမ္ဘာပေါ်မှာအံ့ဩဖွယ်အကောင်းဆုံး"ဆိုတဲ့ဝတ္ထုရဲ့အကျဉ်းချုပ်မှာ ပထမဆုံးပေါ်လာခဲ့တာပါ)




Zawgyi

ေနာက္တစ္ရက္ကႏွစ္သစ္ကူးပထမဆုံးရက္ျဖစ္ၿပီး ဧကရာဇ္က်င္းလိဟာဘိုးေဘးေတြပူေဇာ္ျခင္း ေတာ္ဝင္႐ုံးေတာ္တတ္ေရာက္ျခင္း၊ ဝန္ႀကီးဌာနေျခာက္ခုရဲ႕အျဖစ္အပ်က္ေတြကိုစစ္ေဆးျခင္း အစရွိသျဖင့္တို႔နဲ႕တဖန္စတင္ကာအလုပ္ျပန္ရႈပ္ေတာ့သည္။ ႏွစ္ကုန္ပိုင္းနဲ႕စာရင္ဒီႏွစ္ကအလုပ္ရႈပ္ၿပီးစတင္ပါတယ္။ ထိုစဥ္ ေလ်ာင္ခ်င္းခ်င္းသည္လည္း အလုပ္ရႈပ္ေနခဲ့ပါတယ္။

ေတာ္ဝင္ေမာင္းမေဆာင္အေရးကိစၥေတြကို သူမလက္လႊဲယူလိုက္ကတည္းက အရင္လိုမအားေတာ့ဘူး။ အဓိကကေတာ့ သူမရဲ႕တာဝန္ေတြမွာသူမသိပ္မကြၽမ္းက်င္တာေသးတာေၾကာင့္ပဲ။ ထို႔ေၾကာင့္ သူမအပတ္တကုပ္ေလ့လာခဲ့ၿပီး အားအင္ကုန္ခမ္းမႈဒဏ္ကိုဦးႏွောက္မွာမခံစားရေပမဲ့ ခႏၶာကိုယ္မွာခံစားရသည္။ အၿမဲတမ္းလည္းအိပ္ငိုက္ေနတယ္။

အဲ့ဒီေနာက္မွသာ အရင္လကသူမရာသီမလာခဲ့မွန္း ႐ုတ္တရက္သတိရသြားတယ္။ ေတာ္ဝင္ေဆးကုသဌာနကိုသြားၿပီး ေတာ္ဝင္သမားေတာ္ကိုလာၾကည့္ေပးရန္ေခၚဖို႔ သူမဟယ္ရွန္းကိုအျမန္ခိုင္းလိုက္တယ္။ ေလ်ာင္ခ်င္းခ်င္းက မၾကာမီဧကရီျဖစ္လာနိုင္တဲ့ ဧကရာဇ္က်င္းလိအႏွစ္သက္ဆုံးေသာသူ ရွီးေက်ာက္႐ုန္ျဖစ္တယ္။ ထို႔ေၾကာင့္ ေတာ္ဝင္ေဆးကုသဌာနကဒီကိစၥကိုအထူးအေလးအနက္ထားၿပီး ရွီးေက်ာက္႐ုန္ရဲ႕ေသြးခုန္ႏႈန္းကိုစမ္းသပ္ေပးဖို႔ ဝါအရင့္ဆုံးေတာ္ဝင္သမားေတာ္ကိုေစလႊတ္လိုက္သည္။

ဝါရင့္ေတာ္ဝင္သမားေတာ္ႀကီးက ေလ်ာင္ခ်င္းခ်င္းကိုသူမရဲ႕ေန႕စဥ္စားေသာက္မႈပုံစံ၊ လုပ္ကိုင္တာ၊ အနားယူတာစသည္ျဖင့္ အရင္ေမးျမန္းသည္။ ေလ်ာင္ခ်င္းခ်င္းနဲ႕ဟယ္ရွန္းတို႔ႏွစ္ေယာက္စလုံး ေမးခြန္းေတြကိုေျဖေပးလိုက္တယ္။ သူမသခင္မကဘယ္နားေနမေကာင္းျဖစ္ေနတာလဲဆိုတာ ဟယ္ရွန္းမသိခဲ့တာေၾကာင့္ ေဘးနားမွာရပ္ၿပီးဝါရင့္ေတာ္ဝင္သမားေတာ္ႀကီးက သခင္မရဲ႕ေသြးေၾကာစမ္းသပ္တာကို ေစာင့္ၾကည့္ေနခဲ့သည္။ သူမသခင္မျပင္းျပင္းထန္ထန္ေနမေကာင္းျဖစ္ေနမွာကို အလြန္ေသာကေရာက္ၿပီး စိုးရိမ္ပူပန္ေနခဲ့တယ္။

ဝါရင့္ေတာ္ဝင္သမားေတာ္ႀကီးက သူမေသြးေၾကာကိုအေလးအနက္မ်က္ႏွာထားနဲ႕စမ္းသပ္ေနၿပီး ခါတိုင္းထက္ပိုၾကာေနခဲ့တယ္။ ဟယ္ရွန္းမွာအသက္ေအာင့္ထားၿပီး စကားတစ္လုံးမွမထြက္ရဲဘူး။ ဝါရင့္ေတာ္ဝင္သမားေတာ္ႀကီးရဲ႕အေလးအနက္ျဖစ္မႈေၾကာင့္ ေလ်ာင္ခ်င္းခ်င္းလည္းအနည္းငယ္စိုးရိမ္ေနသည္။

သူမေရာဂါတစ္မ်ိဳးမ်ိဳးခံစားေနရတာေတာ့မျဖစ္နိုင္ပါဘူးေနာ္ ဟုတ္တယ္မလား?

အၾကာႀကီးၾကာၿပီးေနာက္မွ ဝါရင့္ေတာ္ဝင္သမားေတာ္ႀကီးကလက္ျပန္႐ုတ္လိုက္သည္။ ထို႔ေနာက္ ေလ်ာင္ခ်င္းခ်င္းကိုေလးေလးနက္နက္ဦးၫြတ္လိုက္သည္။

" ရွီးေက်ာက္႐ုန္ကိုဂုဏ္ျပဳပါတယ္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းပါ ရွီးေက်ာက္႐ုန္ မဂၤလာရွိတဲ့ေသြးေၾကာပါ"

ေလ်ာင္ခ်င္းခ်င္း အူတူတူေလးေငးစိုက္ၾကည့္လိုက္တယ္။ ဟယ္ရွန္းမွာအံ့ဩသြားရလြန္းလို႔ ပါးစပ္အုပ္လိုက္မိသည္။

" ေတာ္ဝင္သမားေတာ္ႀကီးက ကြၽန္မကိုယ္ဝန္ရွိေနတယ္လို႔ေျပာေနတာလား? ကြၽန္မကိုယ္ဝန္ရွိေနၿပီလား?"

ေလ်ာင္ခ်င္းခ်င္း တအံ့တဩေမးလိုက္မိတယ္။

" မွန္ပါတယ္ ႏွစ္လေက်ာ္ပါၿပီခင္ဗ်ာ"

ဝါရင့္ေတာ္ဝင္သမားေတာ္ႀကီးကဆက္ကာ
" ၿပီးေတာ့ မယ္မယ့္ရဲ႕ေသြးခုန္ႏႈန္းကတည္ၿငိမ္ပါတယ္ အရာအားလုံးကပုံမွန္ပါပဲ"

" ဒါဆို ဘာေၾကာင့္ကြၽန္မေဘးထြက္ဆိုးက်ိဳးတစ္ခုမွမခံစားရတာလဲ? ေအာ့အန္တာတို႔မသက္မသာခံစားရတာတို႔ဘာတို႔ကိုေျပာတာပါ တစ္ခုမွမျဖစ္ဘူး "

ႏွစ္သစ္ကူးမတိုင္မီက ေလ်ာင္ခ်င္းခ်င္းမွာမေရမရာခံစားခ်က္တစ္ခုရွိခဲ့ေပမဲ့ သူမအလုပ္မ်ားလြန္းလို႔ အဲ့အေၾကာင္းေမ့သြားခဲ့တယ္။ သူမတကယ္ႀကီးကိုယ္ဝန္ရွိေနၿပီလို႔ မထင္ထားခဲ့ဘူး။

ေတာ္ဝင္သမားေတာ္ႀကီးကရွင္းျပလိုက္တယ္။
" ရွီးေက်ာက္႐ုန္မယ္မယ္ကိုေျဖၾကားပါတယ္ လူေတြရဲ႕ခႏၶာကိုယ္ကတစ္ခုနဲ႕တစ္ခုမတူညီပဲ ကိုယ္ဝန္ေဆာင္စဥ္ကာလမွာလည္းထို႔နည္းတူပါပဲ ရွီးေက်ာက္႐ုန္မယ္မယ္ရဲ႕အိပ္ငိုက္ရီေဝမႈဟာလဲ လကၡဏာတစ္ခုပါပဲ"

ေလ်ာင္ခ်င္းခ်င္း ေခါင္းညိတ္လိုက္တယ္။ ဟယ္ရွန္းအသံကစိတ္လႈပ္ရွားမႈနဲ႕တုန္ယင္ေနၿပီး ေတာ္ဝင္သမားေတာ္ႀကီးကိုဖမ္းဆြဲကာ ေမးလိုက္သည္။

" ေတာ္ဝင္သမားေတာ္ႀကီး ဒါ....ဒါ...ဒါဆိုရင္ေလ ကြၽန္မသခင္မကဘာကိုဂ႐ုစိုက္ရမလဲဟင္? စားတာတို႔အိပ္တာတို႔လိုေလ သခင္မဘာကိုသတိထားရမလဲဟင္?"

" ဟယ္ရွန္း အရမ္းႀကီးစိတ္လႈပ္ရွားမေနပါနဲ႕"
ေလ်ာင္ခ်င္းခ်င္း ရယ္ၿပီးေျပာလိုက္တယ္။

ဟယ္ရွန္း သူမကိုယ္သူမေတာ္ဝင္သမားေတာ္ႀကီးကိုယ္ေပၚသြားမတြယ္ကပ္မိေအာင္ စိတ္တည္ၿငိမ္ေအာင္အတတ္နိုင္ဆုံးႀကိဳးစားလိုက္သည္။

ေတာ္ဝင္သမားေတာ္ႀကီးက....
" ဒီနိမ့္က်တဲ့အမႈထမ္းမွာ အေသးစိတ္ၫႊန္ၾကားခ်က္ပါတဲ့စာအုပ္ရွိပါတယ္ ဒီနိမ့္က်တဲ့အမႈထမ္း ရွီးေက်ာက္႐ုန္မယ္မယ္ကိုေျဖးေျဖးခ်င္းရွင္းျပပါ့မယ္ "

နန္းေတာ္ထဲမွာအသက္တစ္ေခ်ာင္း မေမြးဖြားခဲ့တာၾကာၿပီျဖစ္ၿပီး ရွီးေက်ာက္႐ုန္ရဲ႕ကိုယ္ဝန္ေဆာင္မႈက ဝါရင့္ေတာ္ဝင္သမားေတာ္ႀကီးရဲ႕စိတ္ကိုပါလႈပ္ရွားသြားေစတယ္။ သူကစာအုပ္တစ္အုပ္ထုတ္ယူလိုက္ၿပီး ေလ်ာင္ခ်င္းခ်င္းနဲ႕ဟယ္ရွန္းကိုမဆိုင္းမတြရွင္းျပလိုက္သည္။ ဟယ္ရွန္း အလြန္အကြၽံအာ႐ုံစူးစိုက္စြာနားစိုက္ေထာင္ခဲ့တယ္။

ေတာ္ဝင္သမားေတာ္ႀကီးရွင္းျပလို႔ၿပီးသြားေနာက္ ေျပာလိုက္တယ္။
" မယ္မယ္တစ္ခုခုနားမလည္တာရွိရင္ ဒီနိမ့္က်တဲ့အမႈထမ္းနဲ႕ထပ္ေဆြးႏြေးတိုင္ပင္နိုင္ပါတယ္"

ေလ်ာင္ခ်င္းခ်င္း ေခါင္းညိတ္လိုက္တယ္။ ဟယ္ရွန္း စာအုပ္ကိုယူလိုက္သည္။

ေလ်ာင္ခ်င္းခ်င္းက..." ေတာ္ဝင္သမားေတာ္ႀကီး ကိုယ္ဝန္ကိစၥတလုံးတပါဒမွမေျပာပါနဲ႕ ကြၽန္မကိုယ္တိုင္အရွင္မင္းႀကီးေျပာပါရေစ"

" ဒီနိမ့္က်တဲ့အမႈထမ္း အမိန႔္နာခံပါ့မယ္"

" ဟယ္ရွန္း ေတာ္ဝင္သမားေတာ္ႀကီးကိုပို႔ေဆာင္လိုက္ပါ"

" ဟုတ္ကဲ့"

ဟယ္ရွန္း ေတာ္ဝင္သမားေတာ္ႀကီးကိုအနီေရာင္စာအိတ္ႀကီးႀကီးတစ္ခုကမ္းေပးလိုက္ၿပီး အထဲျပန္ဝင္လာခဲ့တယ္။ ေလ်ာင္ခ်င္းခ်င္းကိုမထိုင္ခိုင္းခင္ ထိုင္ခုံေပၚေနာက္ထပ္ႏူးညံ့တဲ့ကူရွင္အလႊာေတြကမန္းကတန္းခင္းလိုက္သည္။ ထို႔ေနာက္ သူမေမးလိုက္တယ္။

" သခင္မ အရွင္မင္းႀကီးနဲ႕ဧကရီမယ္ေတာ္ႀကီးကို ဘာလို႔ဒီလိုႀကီးမားတဲ့ေပ်ာ္စရာျဖစ္ရပ္ကို မေျပာျပတာလဲဟင္?"

" ငါမေျပာဘူးလို႔ ဘယ္သူေျပာလဲ?"

ေလ်ာင္ခ်င္းခ်င္းေျပာလိုက္တယ္။

" ငါကအရွင္မင္းႀကီးနဲ႕ဧကရီမယ္ေတာ္ႀကီးကို ငါကိုယ္တိုင္ေျပာျပခ်င္တာ အခုသုံးလေတာင္မရွိေသးလို႔ ေနရာအႏွံ႕သတင္းျဖန႔္လို႔မေကာင္းဘူး"

" ဟုတ္တယ္ ဟုတ္တယ္ ဒီအေစခံရဲ႕မိသားစုလည္းအဲ့လိုပဲလုပ္တယ္ သုံးလေက်ာ္ေတာ့မွထုတ္ေျပာၾကတယ္"

ေလ်ာင္ခ်င္းခ်င္းေခါင္းညိတ္ၿပီးေမးလိုက္တယ္။
" ေန႕လည္ေရာက္ေတာ့မယ္မဟုတ္လား?"

ဟယ္ရွန္းေခါင္းညိတ္လိုက္ၿပီး " အြန္း ေန႕လည္ေရာက္ေတာ့မယ္ အခုတင္ေတာ္ဝင္သမားေတာ္ႀကီးကေန႕လည္စာအေၾကာင္းေျပာသြားခဲ့တယ္ သခင္မ ဘာစားခ်င္လဲဟင္? ဒီအေစခံေတာ္ဝင္စားဖိုေဆာင္ကိုေနာက္တစ္ေခါက္သြားလိုက္မယ္ေလ"

" မလိုဘူး ခဏေနရင္အရွင္မင္းႀကီးေရာက္ေတာ့မွာ"

" အြန္း အရွင္မင္းႀကီးစိတ္လႈပ္ရွားသြားမွာက်ိန္းေသပဲ"

ေလ်ာင္ခ်င္းခ်င္းၿပဳံးလိုက္ၿပီး လတ္တေလာမွာျပားခ်ပ္ေနေသးတဲ့ဗိုက္ေလးကို မသိစိတ္နဲ႕ပြတ္လိုက္မိေပမဲ့ ေမွာ္ဆန္တဲ့ခံစားခ်က္ေလးတစ္ခုရွိေနခဲ့တယ္။

ကိုယ္ဝန္တဲ့။
သူမတကယ္ကိုယ္ဝန္ရွိေနတာ!
သူမတကယ့္ကို တကယ္ႀကီးကိုယ္ဝန္ရွိေနတာ!

ဒီခံစားခ်က္က သဘာဝစည္းခ်က္မ်ားနဲ႕ကမၻာႀကီးဟာ႐ုတ္တရက္လွပတဲ့သံစဥ္ေတြကိုထုတ္လႊတ္ေနသကဲ့သို႔ ေျပာမျပတတ္ေအာင္ပဲ။ သူမစိတ္ခံစားခ်က္ ခ်က္ခ်င္းအရမ္းေကာင္းမြန္လာၿပီး သူမႏႈတ္ခမ္းေတြမသိလိုက္မသိဘာသာနဲ႕ ေကာ့တတ္သြားတယ္။ ဧကရာဇ္က်င္းလိက ကေလးအေၾကာင္းအထပ္ထပ္ခါခါေျပာေနခဲ့တာ။ အခု ကေလးေလးရွိေနၿပီဆိုေတာ့ သူလည္းေပ်ာ္မွာေသခ်ာတယ္မဟုတ္လား?

အဲ့ဒါကအေသအခ်ာပဲ။ ဧကရာဇ္က်င္းလိဒီသတင္းၾကားရင္ျဖစ္သြားမဲ့အမူအရာကို ေလ်ာင္ခ်င္းခ်င္းေတြးၾကည့္လိုက္တယ္။ ထို႔ေနာက္ သူမဧကရာဇ္က်င္းလိေန႕လည္ခင္းေရာက္လာမဲ့အခ်ိန္ကို စိတ္ရွည္လက္ရွည္နဲ႕ေစာင့္ေနခဲ့သည္။ ဒါေပမဲ့ ေစာင့္ေမွ်ာ္ေနတဲ့ဧကရာဇ္က်င္းလိအစား ဖူရွန္းေရာက္လာခဲ့တယ္။

" ရွီးေက်ာက္႐ုန္ခင္ဗ်ာ အရွင္မင္းႀကီးကေတာ္ဝင္စာၾကည့္ေဆာင္မွာအမတ္တခ်ိဳ႕နဲ႕ရွိေနတာေၾကာင့္ ေန႕လည္မွာမယ္မယ္နဲ႕အတူေန႕လည္စာလာမစားေတာ့ဘူးလို႔ ဒီအေစခံကိုေျပာခိုင္းလိုက္ပါတယ္"

ေလ်ာင္ခ်င္းခ်င္း ရင္ထဲအနည္းငယ္စိတ္ပ်က္လက္ပ်က္ျဖစ္သြားေပမဲ့ ဧကရာဇ္က်င္းလိကဧကရာဇ္တစ္ပါးျဖစ္ၿပီး အလုပ္ေတြပိေနၿပီးသားဆိုတာကို ေတြးလိုက္ၿပီး အနည္းငယ္စပ္စုလိုက္တယ္။

" ဖူရွန္း ဘာျဖစ္ေနတာလဲဆိုတာ ရွင္သိလား? အရွင္မင္းႀကီးကိုေန႕လည္ႀကီးမွာေဆြးႏြေးရေလာက္ေအာင္လုပ္တယ္ေပါ့?"

ရွီးေက်ာက္႐ုန္ကေမာင္းမေဆာင္ထဲကသာမာန္အမ်ိဳးသမီးေတြနဲ႕မတူတာကိုသိၿပီး သူျပန္ေျဖလိုက္သည္။

" ႏွင္းမုန္တိုင္းလို႔ေတာ့ၾကားခဲ့ပါတယ္"

" ႏွင္းမုန္တိုင္း?"

ေလ်ာင္ခ်င္းခ်င္း အထိတ္တလန႔္ျဖစ္သြားသည္။

" ဟုတ္ပါတယ္ ဒီႏွစ္တုံးေလ်ာင္ခရိုင္မွာႏွင္းအရမ္းက်ခဲ့ပါတယ္ ႏြေဦးမတိုင္မီကေရာႏြေဦးၿပီးေတာ့ေရာက်ခဲ့ၿပီး ခါတိုင္းထက္ပိုမ်ားတယ္ အခ်ိဳ႕ေကာက္ပဲသီးႏွံေတြႏြမ္းကုန္ၿပီး အခ်ိဳ႕သက္ႀကီး႐ြယ္အိုသာမာန္ျပည္သူေတြ ေအးခဲၿပီးေသသြားၾကပါတယ္ အရွင္မင္းႀကီးကအရမ္းစိတ္ပူပန္ေနၿပီး သူတို႔ကိုကယ္ဆယ္မလို႔နည္းလမ္းေတြစဥ္းစားေနပါတယ္"

ေလ်ာင္ခ်င္းခ်င္း ဒါကိုၾကားလိုက္ရေတာ့ သူမခ်က္ခ်င္းအေလးအနက္ျဖစ္သြားၿပီး ေမးလိုက္တယ္။

" ေျဖရွင္းနည္းကိုစဥ္းစားလို႔ရၿပီလား?"






စာေရးသူမွာေျပာစရာေလးရွိပါတယ္:

ေခ်ာေမာလွပတဲ့မိန္းကေလးမ်ား: ဒါနဲ႕ ဧကရာဇ္က်င္းလိနာမည္ကဘယ္လိုေခၚလဲဟင္?

ေလ်ာင္ခ်င္းခ်င္း: Zhao! Ri! Tian!

ဧကရာဇ္က်င္းလိ: ??? က်န္းစိတ္ဆိုးတယ္!

ေလ်ာင္ခ်င္းခ်င္း: ==!

( (zho r tin)- Zhao Ri Tian ကအင္တာနက္ေပၚကစိတ္ကူးယဥ္ဇာတ္ေကာင္တစ္ခုပါ သူ့ရဲ့အဓိပ္ပါယ်က " ေကာင္းကင္ကိုf*ckတဲ့Zhao" ပါတဲ့ ဒီဇာတ္ေကာင္ကဗြီဒီယိုရွယ္တဲ့ဝဘ္ဆိုဒ္တစ္ခုျဖစ္တဲ့ AcFun မွာ user no. 1738904 ဆိုတဲ့အမည္မသိအသုံးျပဳသူတစ္ေယာက္တင္လိုက္တဲ့ " ငါကကမၻာေပၚမွာအံ့ဩဖြယ္အေကာင္းဆုံး"ဆိုတဲ့ဝတၳဳရဲ႕အက်ဥ္းခ်ဳပ္မွာ ပထမဆုံးေပၚလာခဲ့တာပါ)





Continue Reading

You'll Also Like

125K 17.2K 43
က်န္းခ်င္းေပ - arc.4.
570K 66.4K 186
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
1.4M 240K 110
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanma...
1.5M 248K 163
ဤမျှ ဆိုးရွားစွာခံစားရသောဗီလိန်သည် သူတစ်ယောက်သာရှိမည်ဟု ချင်းယွင်ထင်သည်။ နှစ်ရာချီအောင်ပင် ဇာတ်လိုက်တစ်ယောက်က သူ့ကိုဟောင်နေပြီး အန္တရာယ်ပေးဖို့ရန်ကြိ...