Fallin'Harder

Bởi blue_berryke

14.2K 1.4K 388

• Ricky fell first but Ji fell harder • Kim Ji Woong+Ricky Shen //WoongRi// written by blue_berryke Xem Thêm

02
03
04
05
06
07
08
09
10
11
12
13
14
15
16
17
18
19

01

2.9K 135 17
Bởi blue_berryke

(He always harasses me.)

!UNICODE!

လက်မှနာရီအား တတိယ‌အကြိမ်မြောက် ကြည့်လိုက်ပြီးနောက် သူ့အရှေ့မှ ဧည့်ခံထားသော ကော်ဖီခွက်သည်လည်း ခပ်နွေးနွေးအခြေနေမျှသာရှိတော့သည်။

ဖိုင်တစ်ချို့စီထားပြီး စာရွက်စာတမ်းများဖြင့် ရှုပ်ယှက်ခတ်နေပါသော သူ့အရှေ့မှ အလုပ်စားပွဲဟာ သူလာခဲ့‌တဲ့အတိုင်း တိတ်ဆိတ်ငြိမ်သက်လျှက်.....မှန်နံရံဖြင့်ကာရံထားသော ဘေးကနံရံမှ အောက်၌ သွားလာနေကြသော ကုမ္ပဏီဝန်ထမ်းများကို မြင်ရသည်။

သူဒီ့ထက် စိတ်မရှည်နိုင်တော့ပါ.....။ ။

"အိုး ဆောရီးပါကွာ အန်ကယ် meetingက‌ နည်းနည်းကြာသွားတယ်။တော်တော်‌ စောင့်လိုက်ရမှာပဲနော်"

ထဟန်ပြင်နေသော ခြေလှမ်းတို့သည် ရပ်တန့်သွား၏။

တစ်ဖက်လူက အထက်လူကြီးတစ်ယောက်ယောက်ဖြစ်ပုံရသည်။သူကအမြင့်ဆုံးညွှန်ကြားရေးမှူးလောက်နဲ့ပဲ တွေ့ရမယ်ထင်ထားတာ....အခု ဒီလူကတော့ လူကြီးလူကောင်းဆန်သည်။အသက်ခန့်မှန်းခြေ၅၀ကျော်လောက်ရှိပြီဖြစ်သော်လည်း နုပျိုသွက်လက်နေသော လူကြီးတစ်ယောက်ဖြစ်နေတုန်းပင်....

ထိုလူကလဲ Rickyကိုယ်ပေါ် စုန်ဆန်ပြေးလွှားကာ စူးစမ်းသည့်အကြည့်တို့ဖြင့် စီးကြိုသည်။

ဒီလူငယ်လေးက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ‌modelလောကကိုဝင်လာတယ်ဆိုရုံတင်ပဲရှိသေးတယ်...အခု Sအဆင့်မော်ဒယ်တစ်ယောက်တောင်ဖြစ်နေပြီ...

အေးချမ်းသည်ထင်ရသော ထိုကောင်လေးမျက်ဝန်းမှိုင်းမှိုင်းတွေဟာ သေချာကြည့်လေ‌ ညှို့ယူလာလေ အဓိပ္ပာယ်ဖော်ရခက်သော လှပသည့်မျက်ဝန်း‌တစ်စုံဖြစ်သည်။ထို့အပြင် သူ့၌ သွယ်လျသော ခြေတံရှည်နှင့် ကျားသစ်နက်လို ခိုင်မာသေးသွယ်သော ကိုယ်လုံးလဲရှိသည်။

ခြုံငုံ ရရင် ဒီကောင်လေးကို သူတို့လုပ်ငန်းအတွက် ခေါ်ယူနိုင်လိုက်တာ တစ်ကယ့်အမြတ်ကြီးမြတ်တာပဲ။။

"ဒါနဲ့ ကိုယ့်ကိုယ်ကိုယ်တောင်မိတ်မဆက်ရသေးဘူးကွာ....တွေ့ရ‌တာဝမ်းသာပါတယ် ကိုယ်ကK-groupက CEOတစ်ယောက်ပါ"

"တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ်။ကျနော့် နာမည်က Ricky Shen"

ရိုးရိုးရှင်းရှင်းပင် လက်ဆွဲနှုတ်ဆက်မှုပြုပြီးနောက် လုပ်ငန်းအကြောင်းကိုပဲ ခပ်မြန်မြန်ဦးတည်လိုက်သည်။

"ကျနော် ‌ကြော်ငြာပေးရမဲ့ ကုန်ပစ္စည်းရယ်၊Feesဘယ်လောက်ပေးနိုင်မလဲဆိုတာရယ်ပဲ ပြောပြပေးပါလား ခင်မျာ..."

Rickyထိုသို့ပွင့်ပွင့်လင်းလင်း ပြောလာမှုကြောင့်  ထိုလူကြီးက တအံ့တ‌ဩဖြစ်သွားသော်လည်း လျှင်မြန်စွာအမူအရာကိုထိန်းလိုက်နိုင်၏။

"အိုး ဟားဟား ... အေးပါကွာ ခုခေတ် လူ‌ငယ်တွေကတော့ သိပ်ကိုဖြတ်လတ်တက်ကြွနေတာပဲ"

"ဟုတ်ကဲ့ အန်ကယ်။ကျနော် ကျောင်းမှာ လုပ်ရမဲ့ project တချို့ရှိနေသေးလို့ပါ...အပြုအမူ ရိုင်းသလိုဖြစ်သွားရင်.."

"ကိစ္စမရှိပါဘူးကွာ...အန်ကယ့်ဘက်ကတော့ အခုနောက်ထုတ်မဲ့ Accessories company ကနေ perfume 5မျိုးကို မင်းနဲ့ကြော်ငြာချင်တယ်။feesကတော့ အခု‌အနုပညာကြေးအတိုင်း ဝမ်၅သိန်း"

Perfume တစ်ခု‌ထဲကြော်ငြာခ က ဝမ်၅သိန်းဆိုတော့ များတယ်ဟုဆိုရမည်။သူဘာလို့ လက်မခံရမှာလဲ။ ဒါကြီးက မိုးနတ်မင်းကြီးပေးတဲ့ကံကောင်းမှုလက်ဆောင်ကြီးမဟုတ်ဘူးလား??

"အိုခေ။အန်ကယ် အချိန်ကတော့ အန်ကယ်တို့ဘက်ကစီစဉ်ပြီး ကျနော့် manager ကနေပဲဆက်သွယ်လိုက်ပါ....ဒါဆို သွားခွင့်ပြုပါအုန်း"

နောက်ဆုံးအကြိမ် နှုတ်ဆက်ပြီးနောက် Ricky ၏ခြေလှမ်းများ အလာတုန်းကထက် ‌ပိုပေါ့ပါးနေခဲ့ပါသည်။

သွယ်လျကြည့်ကောင်းသော ခြေတံ‌ရှည်များ ကုမ္ပဏီထဲက ထွက်လာပြီးနောက် ကားစက်နှိုးကာ ပြန်မည်ရှိသေး မမျှော်လင့်သော ဖုန်းcallက သူ့ဆီဝင်လာခဲ့သည်။

"ဂြိုလ်သားကောင်"

ပျော်ရွှင်နေသော စိတ်ကလေးမှာ အဝေးသို့ပင် လွင့်စင်သွား၏။

နာမည်ကြားရုံနဲ့တင် တော်တော်အနှောင့်ယှက်ဖြစ်တယ်။

"ဟယ်လို?"

"Shen Quan Rui !! မင်းအခု ဘယ်မှာလဲ?"

"ငါ ဘယ်မှာဖြစ်ဖြစ် မင်းကိစ္စလား?"

"ဟေးShen Quan Rui ကပြားတရုတ်လေးရဲ့...ဖေဖေကြီးတို့က မင်းအတန်းမတက်လို့ စိတ်ပူနေတာလေ ကွာ..ကောင်းကောင်းဖြေမှပေါ့"

Rickyဒေါသထွက်လွန်း၍ နှလုံးခုန်ပါမြန်လာတော့တယ်။နောက်ပြီး ဘေးဘီဝဲယာမှာ သွားလာနေကြသော လူတွေလဲရှိသေးတာမို့ အရင်ဆုံး ကားပေါ်တက်ထိုင်လိုက်ပြီး တံခါးအားလော့ချပြီးတော့မှ...

"ငါ့ကို အဲ့နာမည်မခေါ်နဲ့!!! မင်းကိုဘယ်လိုပြောပြရမှာလဲ?? ဘာလို့ငါ့ကိုသက်သက်မဲ့ လိုက်ကပ်နေရတာလဲ? မင်းလိုလူနဲ့မပတ်သက်ချင်တာမို့ ဝေးဝေးနေပေးစမ်းပါ။ကျေးဇူးပြုပြီး..."

"မ နေ ပေး နိုင် ဘူး!"

တစ်ဖက်လူ၏ တုံ့ပြန်စကားကြောင့် မူးမေ့လဲမလိုတောင် သူခံစားလိုက်ရသည်။‌

"မင်း!!"

"ဘာမင်းလဲ?? Project ကိုရှောင်ပြေးချင်လို့ ဆင်ခြင်တွေ ပေး မနေနဲ့ "

"အဲ့တာ အားလုံးမင်းကြောင့်လေ!! ငါ့ကိုကျောင်းစတက်ကတည်းက နှောင့်ယှက်တယ်။ငါနဲ့အဆောင်တစ်ခန်းထဲမှာ မျက်နှာပြောင်တိုက်ပြီးနေတယ်...နောက်ပြီးမင်း..."

'တီ....'

သူပြောနေတုန်း Kimမျိုးရိုးကောင် ဖုန်းချသွားသည်။

"ဂြိုလ်သားကောင်!! အရူးကောင်!!ဆိုက်ကိုကောင်!! ‌"

ဒေါသထွက်လွန်းလို့ သူပါရူးတော့မယ်!!!

______________________

Hua University ကြီးက သူတို့နိုင်ငံရဲ့နံပါတ်တစ် ‌ကျောင်းကြီးတစ်ကျောင်းဖြစ်သည်။ထို့ကြောင့် ကျောင်းသားကျောင်းသူတိုင်းကလည်း နောက်ခံbackgroundတောင့်မှသာ တက်ခွင့်ရှိသည်။

သူတို့၏ မိဘများက အနည်းဆုံး Company တစ်ခုရဲ့ အမြင့်ဆုံးရာထူး သို့မဟုတ် လုပ်ငန်းတစ်ခုခုကိုပိုင်ဆိုင်ထားကြောင်း show money ထုတ်ပြရ၏။သို့မှသာ ဝင်ခွင့်ရှိသော ကျောင်းဖြစ်သည်။

ထိုကျောင်းတွင် Ricky ဝင်ခွင့်ရခဲ့သည်ကလည်း သူကSအဆင့်ဝင် မော်ဒယ်တစ်ယောက်ဖြစ်နေသည်က တစ်ကြောင်း၊သူ၏ မွေးကျေးဇူးသာရှိသော ဖခင်၏ ‌ထောက်ခံချက် လက်မှတ်ကြောင့်တစ်ကြောင်း ဖြစ်သည်။သူ့အသက်20တွင်  သူ့အဖေကိုတွေ့ရသည်မှာ ဆယ်ကြိမ်တောင်မပြည့်ခဲ့....

သူ့အဖေက ကိုရီးယားနိုင်ငံမှာ လုပ်ငန်းကြီးတစ်ခုရဲ့ဦးစီးဦးဆောင်သူတစ်ယောက်မှန်းRickyသိသည်။ Chineseမှာ သူ့အမေနဲ့ ချစ်ကြိုက်ခဲ့ပြီး အဲ့မှာပဲ Rickyကိုမွေး၏။

လသားအရွယ်တောင်မပြည့်သေးသည့် ကလေးတစ်ယောက်နှင့် မကျန်းမာသေးသည့် မိခင်တစ်ယောက်ကို အဖေက ထားပြစ်ခဲ့ပြီး ကိုရီးယားကိုပြန်သွားသည်။

အမေက သူ့အား မငြီးမငြူပြုစုရင်း အဖေ အလာကို‌စောင့်မျှော်ခဲ့သော်လည်း ထိုလူဟာပေါ်မလာခဲ့။အမေ က ၅နှစ်သားRickyရဲ့လက်ကိုဆွဲရင်း သူတစ်ယောက်ထဲ နိုင်ငံရပ်ခြား အဖေရှိရာကို ကြိုးစားလာခဲ့တယ်.....

ဒီရောက်တော့ အမေတွေ့လိုက်ရသည်က လက်ထပ်ပြီးသားသူ၏ခင်ပွန်းဖြစ်သူနှင့်အတူတူ ထိုလူ၏ အသစ်စက်စက် ဇနီးလောင်း။ ။

ဘေးကျပ်နံကျပ်အနေထားမှာ အဖေက သူတို့သားအမိနှစ်ယောက်ကိုမရွေးခဲ့ပါဘူး။အဲ့အစား အမေနဲ့ သူ့ကို ကလေးစရိတ်နဲ့ ကွန်ဒိုတစ်လုံးပေးတယ်။

သူကျေးဇူးမတင်ပါဘူး။သူလိုချင်တဲ့အဖေ က ဒီလိုလူစားမျိုးမဟုတ်ဘူး။

"Hey Shen Quan Rui !"

သက်သက်ရန်လာစသော Kimမျိုးရိုးကောင်နှင့်သူ့သူငယ်ချင်းတချို့ကို သူအဖက်မလုပ်ချင်။

"Shen Quan Rui မင်း ဒီတစ်ခေါက်ထပ်မသိချင်ယောင်ဆောင်ရင် ဘာဖြစ်သွားမယ် ထင်လဲ!?"

"ငါ့ကို အဲ့နာမည် မခေါ်ဖို့ မင်းကိုဘယ်နှစ်ခါ ပြောရမလဲ?"

"ဒါဆို ဘဲပေါက်လေး လို့ ခေါ်ရမှာလား? ဟုတ်လား?? မင်းကြိုက်တယ်ပေါ့ အဲ့လိုခေါ်တာ?"

"သွား သေ လိုက်! ဂြိုလ်သားကောင်!"

Rickyထက်ပင် အရပ်ပိုရှည်သည့် Kim Ji Woongက လျှာသပ်ကာ ပြုံးလျှက် သူ့ဆီလျှောက်လာခဲ့သည်။

ဒီလိုကောင်နဲ့ မျက်လုံးချင်းတောင် မဆုံချင်ပေ။သို့သော် တမင်မျက်နှာပြောင်တိုက်၍ Kim မျိုးရိုးကောင်ကတော့ ရွှေရောင်ဖျော့ဖျော့ဆိုးထားသော Rickyဆံနွယ်များအား ဆွဲဖွလိုက်တော့၏။

"ကျန်းမာရေးလည်း ဂရုစိုက်အုန်း။မင်းက modelတစ်ယောက်ဆိုတော့ Alcohol တွေအလွန်အကျွံသောက်လို့မဖြစ်ဘူးလေ...ကြာရင် ခန္ဓာကိုယ်ထိခိုက်မှာပေါ့"

အနားနားကပ်ကာ သူနားမလည်နိုင်သည့်စကားတွေပြောနေတာမို့ ဘန်းခနဲ ခုံကိုရိုက်ရင်း Rickyမတ်တပ်ထရပ်လိုက်တော့သည်။

အခန်းထဲမှ လူအားလုံးရဲ့အကြည့်တွေက သူ့ဆီမှာ.....

လွယ်အိတ်ကိုကောက်ဆွဲ ကာ စာသင်ခန်းထဲကထွက်ရန် ပြင်လိုက်တဲ့အခါမှ ဆရာမက ကွက်တိရောက်လာတော့သည်။

"Ricky Shen!! ဘယ်သွားမလို့လဲ?
ပြန်ထိုင်စမ်း!မင်းက super modelတစ်ယောက်ဆိုတာနဲ့ပဲ စာသင်ခန်းထဲကို ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတယ်ထင်နေလား? မင်းဘာတွေလုပ်နေတာလဲ!!"

ဆရာမက သာမာန်ထက် ဒေါသကြီးကာ သူ့ကိုဆူငေါက်နေသည်။ ဆရာမနောက်မှာလဲ Kim Ji Woongရဲ့သူငယ်ချင်း Ye Chanက ဝေ့လည်ကြောင်ပတ် သူ့ကိုကြည့်နေခဲ့တယ်....

စိတ်ထဲမှာတော့ ဒက်ခနဲ နားလည်လိုက်ကာ Kim Ji Woong ကိုကြည့်တော့ သူရောသူ့အပေါင်းအသင်းတွေပါ ရယ်ချင်တာကိုအတင်းအောင့်ထားတဲ့ရုပ်တွေနဲ့!

"ကျနော် တောင်းပန်ပါတယ် Tchel နောက်မဖြစ်စေရပါဘူး"

Ricky အံကိုကြိတ်ကာ သူ့ခုံဆီသို့ပြန်သွားဟန်ပြင်သော်လည်း ဆရာမက ခွင့်မပြု။

"တီချယ် ခဏမင်းအိတ်ကိုစစ်လို့ရမလား?‌"

"ခင်မျာ?"

သူကြောင်ကာရပ်နေမိတုန်း အနောက်မှာရှိတဲ့ Ye Chanက ဖြတ်ခနဲယူပြီး ဆရာမကိုပေးလိုက်တယ်။ဘာတွေဖြစ်နေမှန်း သူတစ်ကယ်မသိတော့ဘူး.....

ထိုစဉ်မှာပင် သူ့လွယ်အိတ်ထဲကထွက်လာသည့် ဆိုဂျူတစ်ပုလင်းနှင့် ဘီယာနှစ်ဘူးကြောင့် Ricky မျက်လုံးများပြူးကာ ခေါင်းများပင် ကြိမ်းတက်သွားပါသည်။

ရှက်ရွံ့ဒေါသနဲ့အတူ Kim Ji Woongကိုလည်း စိတ်ထဲကနေ တစ်စစီ ဆွဲဖြဲချင်မိတယ်။

"မင်း? Ricky Shen ဒါတွေက ဘာလို့ သယ်လာရတာလဲ!! College ကျောင်းသားဆိုပြီး မင်းကိုယ်မင်း ဟုတ်လှပြီထင်နေတာလား? ကျောင်းကိုမူးယစ်ဆေးဝါးတွေထိယူလာတယ်!! လုံးဝကို မဖြစ်သင့်ဘူး...ရုပ်လေးချောပြီး စာတော်ရုံနဲ့ အဲ့လောက် အကျင့်စာရိတ္တပျက်ပြားလို့ရလို့လား! ဟမ်!လုံးဝကို လက်သင့်ခံနိုင်စရာ အကြောင်းမရှိဘူး!!"

တီချယ့်စကားသံကြောင့် တစ်ခန်းလုံးအပ်ကျသံပင်မကြားရတဲ့အနေအထားဆီသို့ ရောက်ရှိသွားကြသည်။

တဖြေးဖြေး ခေါင်းကို ပိုတိုးသထက် တိုးအောင် ငုံ့မိပြီး အသက်ရှူရပါခက်လာခဲ့တယ်။

သူမဟုတ်ပါဘူး။သူမလုပ်ပါဘူးဆိုတဲ့ အပြစ်တစ်ခုကို လူပုံအလယ်မှာ လက်ညှိုးထိုးခံရတဲ့ သိမ်ငယ်မှုဟာ Ricky Shen ကိုမျက်ရည်ဝဲစေခဲ့တယ်။

ရှက်ကြောက်ဒေါသကြောင့် ကျလုဆဲဆဲမျက်ရည်တွေကို ဖုံးကွယ်ရင်း...သူလုပ်နိုင်သည့်အရာ ဘာဆိုဘာမျှမရှိ။ ။

"ကျနော် တောင်းပန်ပါ တယ် တီချယ်"

"မလိုချင်ဘူး....မင်းရဲ့ အဖေကိုခေါ်လာခဲ့ မနက်ဖြန် ကျောင်းကောင်စီမှာ လာတွေ့"

Ricky လက်သီးများကိုပင် ကျစ်နေအောင်ဆုပ်ထားသည်။သူ့မှာ အဖေမှမရှိဘဲ.....သူ့ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးမဲ့ အဖေဆိုတာ သူ့ဆီမှာ မရှိဘူးလေ....

"တီချယ် စိတ်အေးအေးထားပါဗျာ....တစ်ကယ်တော့လေ...ဟို...ဟို...ဟို"

သူတို့စလိုက်တဲ့လုပ်ရက်က ဒီလောက်ထိ ကိစ္စကြီးသွားမယ်လို့ Ye Chan တို့မထင်ခဲ့ဘူးလေ....။

"ဘာတွေ ဖြစ်နေကြတာလဲ? ငါ့ကိုပြောစမ်း!!"

တီချယ်က စိတ်မရှည်တော့သလို ခုံကို ဘန်းခနဲမြည်အောင် ထုလိုက်သည်။

"ကျနော် လုပ်တာ!!  သူ့လွယ်အိတ်ထဲကို ကျနော် ကိုယ်တိုင်ထည့်လိုက်တာ အဲ့အရက်တွေ။သူ့မှာအပြစ်မရှိဘူး...ကျနော် မနက်ဖြန် အဖေ့ကိုခေါ်လာပေးမယ် အဆင်ပြေလား"

Rickyအနောက်ကနေ ထွက်လာတဲ့ ထိုအသံက တဖြေးဖြေးနီးကပ်လာပြီးနောက် ဆရာမရှေ့မှာ ရပ်တန့်သွားတယ်။ဘေးတစောင်းမြင်ရသော Kim Ji Woong ရဲ့မျက်လုံးတွေက နက်မှောင်လွန်းတယ်....အနီးကပ်မို့ ရှင်းလင်းနေသော လည်တိုင်နှင့် ယောကျာ်းဆန်ဆန် Jaw line...

"Kim Ji Woong!! မင်းတို့ဘာတွေမွှေထားလဲကြည့်စမ်း!!! ငါ့ကိုအကုန်ရှင်းပြ!"

"ကျနော် အကုန်ပြောပြီးသွားပြီ။ "

ဆရာမက လက်တပြင်ပြင်ဖြင့် ရှိနေသည်။ Kim Ji Woong သာ နောက်ခံကောင်းမရှိခဲ့ရင် သို့မဟုတ် တခြားကျောင်းမှာဆိုရင် လက်ခေါက်နှင့်ခေါင်းကိုမိတ်ဆက်ပေးပြီးနေလောက်ပြီ။

"မင်းတို့တွေ မင်းတို့တွေ...ကောင်းလား ခုလိုလုပ်တာ ဟမ်!! စတာ ကြည့်ကျပ်စကြလေ! ထားလိုက်တော့ ထားလိုက်ကြတော့...ဒီနေ့ဖြစ်ရပ်ကို ဒီစာသင်ခန်းထဲမှာထားလိုက်ကြ မင်းတို့တွေ အပြင်ကိုပေါက်ကြားသွားခဲ့ရင် ကျောင်းစည်းကမ်းအတိုင်း အရေးယူခံရမယ်"

ဒီဖြစ်ရပ်ထဲမှာပါဝင်သူတွေကလွဲပြီး အခန်းထဲမှ ကျန်သူအားလုံး ခေါင်းငြိမ့်ကြသည်။

"သွား နှစ်ယောက်စလုံး အခန်းပြင်မှာ မတ်တပ်ရပ်ပြီး စာသင်ကြ "

Rickyက လွယ်အိတ်ကို ယူလိုက်ရင်း တိတ်တဆိတ် အခန်းထဲမှ ထွက်သွားသည်။
ထို့နောက် ခပ်ကျဲကျဲ ခြေလှမ်းများဖြင့် လိုက်လာသော ခြေလှမ်းတစ်စုံ....

"ငါ မင်း ကို မုန်းတယ်!"

"ငါက တော့ မ မုန်း ဘူး!"

အိတ်ကပ်ထဲလက်ထည့်ကာ ဂရုမစိုက်ဟန်နေပြနေသော Kim Ji Woongက သူမုန်းလွန်း၍ပင် သေသွားလည်း ဂရုစိုက်မည်မဟုတ်။ ။

Ricky Shenမုန်း၍ဖြစ်စေ၊မမုန်း၍ဖြစ်စေ ထိုလူကတော့ သူ့ကို အလွတ်ပေးမည်မဟုတ်ပေ။

_TBC_

ဝေဖန်လေကန်ပေးကြပါအုန်းရှင်။vote and cmလေးတွေလဲမြင်ချင်ပါတယ် ကျေးဇူးတင်ပါတယ်ရှင် 。⁠◕⁠‿⁠◕⁠。


(He always harasses me.)

!ZAWGYI!

လက္မွနာရီအား တတိယအႀကိမ္ေျမာက္ ၾကည့္လိုက္ၿပီးေနာက္ သူ႕အေရွ႕မွ ဧည့္ခံထားေသာ ေကာ္ဖီခြက္သည္လည္း ခပ္ႏြေးႏြေးအေျခေနမွ်သာရွိေတာ့သည္။

ဖိုင္တစ္ခ်ိဳ႕စီထားၿပီး စာ႐ြက္စာတမ္းမ်ားျဖင့္ ရႈပ္ယွက္ခတ္ေနပါေသာ သူ႕အေရွ႕မွ အလုပ္စားပြဲဟာ သူလာခဲ့တဲ့အတိုင္း တိတ္ဆိတ္ၿငိမ္သက္လွ်က္.....မွန္နံရံျဖင့္ကာရံထားေသာ ေဘးကနံရံမွ ေအာက္၌ သြားလာေနၾကေသာ ကုမၸဏီဝန္ထမ္းမ်ားကို ျမင္ရသည္။

သူဒီ့ထက္ စိတ္မရွည္နိုင္ေတာ့ပါ.....။ ။

"အိုး ေဆာရီးပါကြာ အန္ကယ္ meetingက နည္းနည္းၾကာသြားတယ္။ေတာ္ေတာ္ ေစာင့္လိုက္ရမွာပဲေနာ္"

ထဟန္ျပင္ေနေသာ ေျခလွမ္းတို႔သည္ ရပ္တန႔္သြား၏။

တစ္ဖက္လူက အထက္လူႀကီးတစ္ေယာက္ေယာက္ျဖစ္ပုံရသည္။သူကအျမင့္ဆုံးၫႊန္ၾကားေရးမႉးေလာက္နဲ႕ပဲ ေတြ႕ရမယ္ထင္ထားတာ....အခု ဒီလူကေတာ့ လူႀကီးလူေကာင္းဆန္သည္။အသက္ခန႔္မွန္းေျခ၅၀ေက်ာ္ေလာက္ရွိၿပီျဖစ္ေသာ္လည္း ႏုပ်ိဳသြက္လက္ေနေသာ လူႀကီးတစ္ေယာက္ျဖစ္ေနတုန္းပင္....

ထိုလူကလဲ Rickyကိုယ္ေပၚ စုန္ဆန္ေျပးလႊားကာ စူးစမ္းသည့္အၾကည့္တို႔ျဖင့္ စီးႀကိဳသည္။

ဒီလူငယ္ေလးက အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႕ modelေလာကကိုဝင္လာတယ္ဆို႐ုံတင္ပဲရွိေသးတယ္...အခု Sအဆင့္ေမာ္ဒယ္တစ္ေယာက္ေတာင္ျဖစ္ေနၿပီ...

ေအးခ်မ္းသည္ထင္ရေသာ ထိုေကာင္ေလးမ်က္ဝန္းမွိုင္းမွိုင္းေတြဟာ ေသခ်ာၾကည့္ေလ ညွို႔ယူလာေလ အဓိပၸာယ္ေဖာ္ရခက္ေသာ လွပသည့္မ်က္ဝန္းတစ္စုံျဖစ္သည္။ထို႔အျပင္ သူ႕၌ သြယ္လ်ေသာ ေျခတံရွည္ႏွင့္ က်ားသစ္နက္လို ခိုင္မာေသးသြယ္ေသာ ကိုယ္လုံးလဲရွိသည္။

ၿခဳံငုံ ရရင္ ဒီေကာင္ေလးကို သူတို႔လုပ္ငန္းအတြက္ ေခၚယူနိုင္လိုက္တာ တစ္ကယ့္အျမတ္ႀကီးျမတ္တာပဲ။။

"ဒါနဲ႕ ကိုယ့္ကိုယ္ကိုယ္ေတာင္မိတ္မဆက္ရေသးဘူးကြာ....ေတြ႕ရတာဝမ္းသာပါတယ္ ကိုယ္ကK-groupက CEOတစ္ေယာက္ပါ"

"ေတြ႕ရတာ ဝမ္းသာပါတယ္ အန္ကယ္။က်ေနာ့္ နာမည္က Ricky Shen"

ရိုးရိုးရွင္းရွင္းပင္ လက္ဆြဲႏႈတ္ဆက္မႈျပဳၿပီးေနာက္ လုပ္ငန္းအေၾကာင္းကိုပဲ ခပ္ျမန္ျမန္ဦးတည္လိုက္သည္။

"က်ေနာ္ ေၾကာ္ျငာေပးရမဲ့ ကုန္ပစၥည္းရယ္၊Feesဘယ္ေလာက္ေပးနိုင္မလဲဆိုတာရယ္ပဲ ေျပာျပေပးပါလား ခင္မ်ာ..."

Rickyထိုသို႔ပြင့္ပြင့္လင္းလင္း ေျပာလာမႈေၾကာင့္  ထိုလူႀကီးက တအံ့တဩျဖစ္သြားေသာ္လည္း လွ်င္ျမန္စြာအမူအရာကိုထိန္းလိုက္နိုင္၏။

"အိုး ဟားဟား ... ေအးပါကြာ ခုေခတ္ လူငယ္ေတြကေတာ့ သိပ္ကိုျဖတ္လတ္တက္ႂကြေနတာပဲ"

"ဟုတ္ကဲ့ အန္ကယ္။က်ေနာ္ ေက်ာင္းမွာ လုပ္ရမဲ့ project တခ်ိဳ႕ရွိေနေသးလို႔ပါ...အျပဳအမူ ရိုင္းသလိုျဖစ္သြားရင္.."

"ကိစၥမရွိပါဘူးကြာ...အန္ကယ့္ဘက္ကေတာ့ အခုေနာက္ထုတ္မဲ့ Accessories company ကေန perfume 5မ်ိဳးကို မင္းနဲ႕ေၾကာ္ျငာခ်င္တယ္။feesကေတာ့ အခုအႏုပညာေၾကးအတိုင္း ဝမ္၅သိန္း"

Perfume တစ္ခုထဲေၾကာ္ျငာခ က ဝမ္၅သိန္းဆိုေတာ့ မ်ားတယ္ဟုဆိုရမည္။သူဘာလို႔ လက္မခံရမွာလဲ။ ဒါႀကီးက မိုးနတ္မင္းႀကီးေပးတဲ့ကံေကာင္းမႈလက္ေဆာင္ႀကီးမဟုတ္ဘူးလား??

"အိုေခ။အန္ကယ္ အခ်ိန္ကေတာ့ အန္ကယ္တို႔ဘက္ကစီစဥ္ၿပီး က်ေနာ့္ manager ကေနပဲဆက္သြယ္လိုက္ပါ....ဒါဆို သြားခြင့္ျပဳပါအုန္း"

ေနာက္ဆုံးအႀကိမ္ ႏႈတ္ဆက္ၿပီးေနာက္ Ricky ၏ေျခလွမ္းမ်ား အလာတုန္းကထက္ ပိုေပါ့ပါးေနခဲ့ပါသည္။

သြယ္လ်ၾကည့္ေကာင္းေသာ ေျခတံရွည္မ်ား ကုမၸဏီထဲက ထြက္လာၿပီးေနာက္ ကားစက္ႏွိုးကာ ျပန္မည္ရွိေသး မေမွ်ာ္လင့္ေသာ ဖုန္းcallက သူ႕ဆီဝင္လာခဲ့သည္။

"ၿဂိဳလ္သားေကာင္"

ေပ်ာ္႐ႊင္ေနေသာ စိတ္ကေလးမွာ အေဝးသို႔ပင္ လြင့္စင္သြား၏။

နာမည္ၾကား႐ုံနဲ႕တင္ ေတာ္ေတာ္အႏွောင့္ယွက္ျဖစ္တယ္။

"ဟယ္လို?"

"Shen Quan Rui !! မင္းအခု ဘယ္မွာလဲ?"

"ငါ ဘယ္မွာျဖစ္ျဖစ္ မင္းကိစၥလား?"

"ေဟးShen Quan Rui ကျပားတ႐ုတ္ေလးရဲ႕...ေဖေဖႀကီးတို႔က မင္းအတန္းမတက္လို႔ စိတ္ပူေနတာေလ ကြာ..ေကာင္းေကာင္းေျဖမွေပါ့"

Rickyေဒါသထြက္လြန္း၍ ႏွလုံးခုန္ပါျမန္လာေတာ့တယ္။ေနာက္ၿပီး ေဘးဘီဝဲယာမွာ သြားလာေနၾကေသာ လူေတြလဲရွိေသးတာမို႔ အရင္ဆုံး ကားေပၚတက္ထိုင္လိုက္ၿပီး တံခါးအားေလာ့ခ်ၿပီးေတာ့မွ...

"ငါ့ကို အဲ့နာမည္မေခၚနဲ႕!!! မင္းကိုဘယ္လိုေျပာျပရမွာလဲ?? ဘာလို႔ငါ့ကိုသက္သက္မဲ့ လိုက္ကပ္ေနရတာလဲ? မင္းလိုလူနဲ႕မပတ္သက္ခ်င္တာမို႔ ေဝးေဝးေနေပးစမ္းပါ။ေက်းဇူးျပဳၿပီး..."

"မ ေန ေပး နိုင္ ဘူး!"

တစ္ဖက္လူ၏ တုံ႕ျပန္စကားေၾကာင့္ မူးေမ့လဲမလိုေတာင္ သူခံစားလိုက္ရသည္။

"မင္း!!"

"ဘာမင္းလဲ?? Project ကိုေရွာင္ေျပးခ်င္လို႔ ဆင္ျခင္ေတြ ေပး မေနနဲ႕ "

"အဲ့တာ အားလုံးမင္းေၾကာင့္ေလ!! ငါ့ကိုေက်ာင္းစတက္ကတည္းက ႏွောင့္ယွက္တယ္။ငါနဲ႕အေဆာင္တစ္ခန္းထဲမွာ မ်က္ႏွာေျပာင္တိုက္ၿပီးေနတယ္...ေနာက္ၿပီးမင္း..."

'တီ....'

သူေျပာေနတုန္း Kimမ်ိဳးရိုးေကာင္ ဖုန္းခ်သြားသည္။

"ၿဂိဳလ္သားေကာင္!! အ႐ူးေကာင္!!ဆိုက္ကိုေကာင္!! "

ေဒါသထြက္လြန္းလို႔ သူပါ႐ူးေတာ့မယ္!!!

______________________

Hua University ႀကီးက သူတို႔နိုင္ငံရဲ႕နံပါတ္တစ္ ေက်ာင္းႀကီးတစ္ေက်ာင္းျဖစ္သည္။ထို႔ေၾကာင့္ ေက်ာင္းသားေက်ာင္းသူတိုင္းကလည္း ေနာက္ခံbackgroundေတာင့္မွသာ တက္ခြင့္ရွိသည္။

သူတို႔၏ မိဘမ်ားက အနည္းဆုံး Company တစ္ခုရဲ႕ အျမင့္ဆုံးရာထူး သို႔မဟုတ္ လုပ္ငန္းတစ္ခုခုကိုပိုင္ဆိုင္ထားေၾကာင္း show money ထုတ္ျပရ၏။သို႔မွသာ ဝင္ခြင့္ရွိေသာ ေက်ာင္းျဖစ္သည္။

ထိုေက်ာင္းတြင္ Ricky ဝင္ခြင့္ရခဲ့သည္ကလည္း သူကSအဆင့္ဝင္ ေမာ္ဒယ္တစ္ေယာက္ျဖစ္ေနသည္က တစ္ေၾကာင္း၊သူ၏ ေမြးေက်းဇူးသာရွိေသာ ဖခင္၏ ေထာက္ခံခ်က္ လက္မွတ္ေၾကာင့္တစ္ေၾကာင္း ျဖစ္သည္။သူ႕အသက္20တြင္  သူ႕အေဖကိုေတြ႕ရသည္မွာ ဆယ္ႀကိမ္ေတာင္မျပည့္ခဲ့....

သူ႕အေဖက ကိုရီးယားနိုင္ငံမွာ လုပ္ငန္းႀကီးတစ္ခုရဲ႕ဦးစီးဦးေဆာင္သူတစ္ေယာက္မွန္းRickyသိသည္။ Chineseမွာ သူ႕အေမနဲ႕ ခ်စ္ႀကိဳက္ခဲ့ၿပီး အဲ့မွာပဲ Rickyကိုေမြး၏။

လသားအ႐ြယ္ေတာင္မျပည့္ေသးသည့္ ကေလးတစ္ေယာက္ႏွင့္ မက်န္းမာေသးသည့္ မိခင္တစ္ေယာက္ကို အေဖက ထားျပစ္ခဲ့ၿပီး ကိုရီးယားကိုျပန္သြားသည္။

အေမက သူ႕အား မၿငီးမျငဴျပဳစုရင္း အေဖ အလာကိုေစာင့္ေမွ်ာ္ခဲ့ေသာ္လည္း ထိုလူဟာေပၚမလာခဲ့။အေမ က ၅ႏွစ္သားRickyရဲ႕လက္ကိုဆြဲရင္း သူတစ္ေယာက္ထဲ နိုင္ငံရပ္ျခား အေဖရွိရာကို ႀကိဳးစားလာခဲ့တယ္.....

ဒီေရာက္ေတာ့ အေမေတြ႕လိုက္ရသည္က လက္ထပ္ၿပီးသားသူ၏ခင္ပြန္းျဖစ္သူႏွင့္အတူတူ ထိုလူ၏ အသစ္စက္စက္ ဇနီးေလာင္း။ ။

ေဘးက်ပ္နံက်ပ္အေနထားမွာ အေဖက သူတို႔သားအမိႏွစ္ေယာက္ကိုမေ႐ြးခဲ့ပါဘူး။အဲ့အစား အေမနဲ႕ သူ႕ကို ကေလးစရိတ္နဲ႕ ကြန္ဒိုတစ္လုံးေပးတယ္။

သူေက်းဇူးမတင္ပါဘူး။သူလိုခ်င္တဲ့အေဖ က ဒီလိုလူစားမ်ိဳးမဟုတ္ဘူး။

"Hey Shen Quan Rui !"

သက္သက္ရန္လာစေသာ Kimမ်ိဳးရိုးေကာင္ႏွင့္သူ႕သူငယ္ခ်င္းတခ်ိဳ႕ကို သူအဖက္မလုပ္ခ်င္။

"Shen Quan Rui မင္း ဒီတစ္ေခါက္ထပ္မသိခ်င္ေယာင္ေဆာင္ရင္ ဘာျဖစ္သြားမယ္ ထင္လဲ!?"

"ငါ့ကို အဲ့နာမည္ မေခၚဖို႔ မင္းကိုဘယ္ႏွစ္ခါ ေျပာရမလဲ?"

"ဒါဆို ဘဲေပါက္ေလး လို႔ ေခၚရမွာလား? ဟုတ္လား?? မင္းႀကိဳက္တယ္ေပါ့ အဲ့လိုေခၚတာ?"

"သြား ေသ လိုက္! ၿဂိဳလ္သားေကာင္!"

Rickyထက္ပင္ အရပ္ပိုရွည္သည့္ Kim Ji Woongက လွ်ာသပ္ကာ ၿပဳံးလွ်က္ သူ႕ဆီေလွ်ာက္လာခဲ့သည္။

ဒီလိုေကာင္နဲ႕ မ်က္လုံးခ်င္းေတာင္ မဆုံခ်င္ေပ။သို႔ေသာ္ တမင္မ်က္ႏွာေျပာင္တိုက္၍ Kim မ်ိဳးရိုးေကာင္ကေတာ့ ေ႐ႊေရာင္ေဖ်ာ့ေဖ်ာ့ဆိုးထားေသာ Rickyဆံႏြယ္မ်ားအား ဆြဲဖြလိုက္ေတာ့၏။

"က်န္းမာေရးလည္း ဂ႐ုစိုက္အုန္း။မင္းက modelတစ္ေယာက္ဆိုေတာ့ Alcohol ေတြအလြန္အကြၽံေသာက္လို႔မျဖစ္ဘူးေလ...ၾကာရင္ ခႏၶာကိုယ္ထိခိုက္မွာေပါ့"

အနားနားကပ္ကာ သူနားမလည္နိုင္သည့္စကားေတြေျပာေနတာမို႔ ဘန္းခနဲ ခုံကိုရိုက္ရင္း Rickyမတ္တပ္ထရပ္လိုက္ေတာ့သည္။

အခန္းထဲမွ လူအားလုံးရဲ႕အၾကည့္ေတြက သူ႕ဆီမွာ.....

လြယ္အိတ္ကိုေကာက္ဆြဲ ကာ စာသင္ခန္းထဲကထြက္ရန္ ျပင္လိုက္တဲ့အခါမွ ဆရာမက ကြက္တိေရာက္လာေတာ့သည္။

"Ricky Shen!! ဘယ္သြားမလို႔လဲ?
ျပန္ထိုင္စမ္း!မင္းက super modelတစ္ေယာက္ဆိုတာနဲ႕ပဲ စာသင္ခန္းထဲကို ဝင္ခ်င္တိုင္းဝင္ ထြက္ခ်င္တိုင္းထြက္လို႔ရတယ္ထင္ေနလား? မင္းဘာေတြလုပ္ေနတာလဲ!!"

ဆရာမက သာမာန္ထက္ ေဒါသႀကီးကာ သူ႕ကိုဆူေငါက္ေနသည္။ ဆရာမေနာက္မွာလဲ Kim Ji Woongရဲ႕သူငယ္ခ်င္း Ye Chanက ေဝ့လည္ေၾကာင္ပတ္ သူ႕ကိုၾကည့္ေနခဲ့တယ္....

စိတ္ထဲမွာေတာ့ ဒက္ခနဲ နားလည္လိုက္ကာ Kim Ji Woong ကိုၾကည့္ေတာ့ သူေရာသူ႕အေပါင္းအသင္းေတြပါ ရယ္ခ်င္တာကိုအတင္းေအာင့္ထားတဲ့႐ုပ္ေတြနဲ႕!

"က်ေနာ္ ေတာင္းပန္ပါတယ္ Tchel ေနာက္မျဖစ္ေစရပါဘူး"

Ricky အံကိုႀကိတ္ကာ သူ႕ခုံဆီသို႔ျပန္သြားဟန္ျပင္ေသာ္လည္း ဆရာမက ခြင့္မျပဳ။

"တီခ်ယ္ ခဏမင္းအိတ္ကိုစစ္လို႔ရမလား?"

"ခင္မ်ာ?"

သူေၾကာင္ကာရပ္ေနမိတုန္း အေနာက္မွာရွိတဲ့ Ye Chanက ျဖတ္ခနဲယူၿပီး ဆရာမကိုေပးလိုက္တယ္။ဘာေတြျဖစ္ေနမွန္း သူတစ္ကယ္မသိေတာ့ဘူး.....

ထိုစဥ္မွာပင္ သူ႕လြယ္အိတ္ထဲကထြက္လာသည့္ ဆိုဂ်ဴတစ္ပုလင္းႏွင့္ ဘီယာႏွစ္ဘူးေၾကာင့္ Ricky မ်က္လုံးမ်ားျပဴးကာ ေခါင္းမ်ားပင္ ႀကိမ္းတက္သြားပါသည္။

ရွက္႐ြံ႕ေဒါသနဲ႕အတူ Kim Ji Woongကိုလည္း စိတ္ထဲကေန တစ္စစီ ဆြဲၿဖဲခ်င္မိတယ္။

"မင္း? Ricky Shen ဒါေတြက ဘာလို႔ သယ္လာရတာလဲ!! College ေက်ာင္းသားဆိုၿပီး မင္းကိုယ္မင္း ဟုတ္လွၿပီထင္ေနတာလား? ေက်ာင္းကိုမူးယစ္ေဆးဝါးေတြထိယူလာတယ္!! လုံးဝကို မျဖစ္သင့္ဘူး...႐ုပ္ေလးေခ်ာၿပီး စာေတာ္႐ုံနဲ႕ အဲ့ေလာက္ အက်င့္စာရိတၱပ်က္ျပားလို႔ရလို႔လား! ဟမ္!လုံးဝကို လက္သင့္ခံနိုင္စရာ အေၾကာင္းမရွိဘူး!!"

တီခ်ယ့္စကားသံေၾကာင့္ တစ္ခန္းလုံးအပ္က်သံပင္မၾကားရတဲ့အေနအထားဆီသို႔ ေရာက္ရွိသြားၾကသည္။

တေျဖးေျဖး ေခါင္းကို ပိုတိုးသထက္ တိုးေအာင္ ငုံ႕မိၿပီး အသက္ရႉရပါခက္လာခဲ့တယ္။

သူမဟုတ္ပါဘူး။သူမလုပ္ပါဘူးဆိုတဲ့ အျပစ္တစ္ခုကို လူပုံအလယ္မွာ လက္ညွိုးထိုးခံရတဲ့ သိမ္ငယ္မႈဟာ Ricky Shen ကိုမ်က္ရည္ဝဲေစခဲ့တယ္။

ရွက္ေၾကာက္ေဒါသေၾကာင့္ က်လဳဆဲဆဲမ်က္ရည္ေတြကို ဖုံးကြယ္ရင္း...သူလုပ္နိုင္သည့္အရာ ဘာဆိုဘာမွ်မရွိ။ ။

"က်ေနာ္ ေတာင္းပန္ပါ တယ္ တီခ်ယ္"

"မလိုခ်င္ဘူး....မင္းရဲ႕ အေဖကိုေခၚလာခဲ့ မနက္ျဖန္ ေက်ာင္းေကာင္စီမွာ လာေတြ႕"

Ricky လက္သီးမ်ားကိုပင္ က်စ္ေနေအာင္ဆုပ္ထားသည္။သူ႕မွာ အေဖမွမရွိဘဲ.....သူ႕ဘက္ကေန မားမားမတ္မတ္ရပ္တည္ေပးမဲ့ အေဖဆိုတာ သူ႕ဆီမွာ မရွိဘူးေလ....

"တီခ်ယ္ စိတ္ေအးေအးထားပါဗ်ာ....တစ္ကယ္ေတာ့ေလ...ဟို...ဟို...ဟို"

သူတို႔စလိုက္တဲ့လုပ္ရက္က ဒီေလာက္ထိ ကိစၥႀကီးသြားမယ္လို႔ Ye Chan တို႔မထင္ခဲ့ဘူးေလ....။

"ဘာေတြ ျဖစ္ေနၾကတာလဲ? ငါ့ကိုေျပာစမ္း!!"

တီခ်ယ္က စိတ္မရွည္ေတာ့သလို ခုံကို ဘန္းခနဲျမည္ေအာင္ ထုလိုက္သည္။

"က်ေနာ္ လုပ္တာ!!  သူ႕လြယ္အိတ္ထဲကို က်ေနာ္ ကိုယ္တိုင္ထည့္လိုက္တာ အဲ့အရက္ေတြ။သူ႕မွာအျပစ္မရွိဘူး...က်ေနာ္ မနက္ျဖန္ အေဖ့ကိုေခၚလာေပးမယ္ အဆင္ေျပလား"

Rickyအေနာက္ကေန ထြက္လာတဲ့ ထိုအသံက တေျဖးေျဖးနီးကပ္လာၿပီးေနာက္ ဆရာမေရွ႕မွာ ရပ္တန့္သြားတယ္။ေဘးတေစာင္းျမင္ရေသာ Kim Ji Woong ရဲ႕မ်က္လုံးေတြက နက္ေမွာင္လြန္းတယ္....အနီးကပ္မို႔ ရွင္းလင္းေနေသာ လည္တိုင္ႏွင့္ ေယာက်ာ္းဆန္ဆန္ Jaw line...

"Kim Ji Woong!! မင္းတို႔ဘာေတြေမႊထားလဲၾကည့္စမ္း!!! ငါ့ကိုအကုန္ရွင္းျပ!"

"က်ေနာ္ အကုန္ေျပာၿပီးသြားၿပီ။ "

ဆရာမက လက္တျပင္ျပင္ျဖင့္ ရွိေနသည္။ Kim Ji Woong သာ ေနာက္ခံေကာင္းမရွိခဲ့ရင္ သို႔မဟုတ္ တျခားေက်ာင္းမွာဆိုရင္ လက္ေခါက္ႏွင့္ေခါင္းကိုမိတ္ဆက္ေပးၿပီးေနေလာက္ၿပီ။

"မင္းတို႔ေတြ မင္းတို႔ေတြ...ေကာင္းလား ခုလိုလုပ္တာ ဟမ္!! စတာ ၾကည့္က်ပ္စၾကေလ! ထားလိုက္ေတာ့ ထားလိုက္ၾကေတာ့...ဒီေန႕ျဖစ္ရပ္ကို ဒီစာသင္ခန္းထဲမွာထားလိုက္ၾက မင္းတို႔ေတြ အျပင္ကိုေပါက္ၾကားသြားခဲ့ရင္ ေက်ာင္းစည္းကမ္းအတိုင္း အေရးယူခံရမယ္"

ဒီျဖစ္ရပ္ထဲမွာပါဝင္သူေတြကလြဲၿပီး အခန္းထဲမွ က်န္သူအားလုံး ေခါင္းၿငိမ့္ၾကသည္။

"သြား ႏွစ္ေယာက္စလုံး အခန္းျပင္မွာ မတ္တပ္ရပ္ၿပီး စာသင္ၾက "

Rickyက လြယ္အိတ္ကို ယူလိုက္ရင္း တိတ္တဆိတ္ အခန္းထဲမွ ထြက္သြားသည္။
ထို႔ေနာက္ ခပ္က်ဲက်ဲ ေျခလွမ္းမ်ားျဖင့္ လိုက္လာေသာ ေျခလွမ္းတစ္စုံ....

"ငါ မင္း ကို မုန္းတယ္!"

"ငါက ေတာ့ မ မုန္း ဘူး!"

အိတ္ကပ္ထဲလက္ထည့္ကာ ဂ႐ုမစိုက္ဟန္ေနျပေနေသာ Kim Ji Woongက သူမုန္းလြန္း၍ပင္ ေသသြားလည္း ဂ႐ုစိုက္မည္မဟုတ္။ ။

Ricky Shenမုန္း၍ျဖစ္ေစ၊မမုန္း၍ျဖစ္ေစ ထိုလူကေတာ့ သူ႕ကို အလြတ္ေပးမည္မဟုတ္ေပ။

_TBC_

ေဝဖန္ေလကန္ေပးၾကပါအုန္းရွင္။vote and cmေလးေတြလဲျမင္ခ်င္ပါတယ္ ေက်းဇူးတင္ပါတယ္ရွင္ 。⁠◕⁠‿⁠◕⁠。



Đọc tiếp

Bạn Cũng Sẽ Thích

3.3K 302 4
Kim Ji Woong × Ricky Shen A story about calm and handsome doctor & chaotic and stubborn boy✨ Written in Burmese ✨
19.3K 2.3K 19
Sung Han Bin & Zhang Hao Side Couple - Minamz [ Love between in 2 era ]
660K 40.3K 104
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.1K 171 18
" Omegaverse " I'm a dominant alpha and I thought my future mate would be an ordinary beautiful omega... But...he is not ordinary!