သူခိုးတစ်ယောက်ရဲ့ဒဏ္ဍာရီ

By AyePhyoe0

12.9K 1.2K 1

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ (Stealing The Heaven) ဘာသာပြန်စာရေးဆရာ - အေးငြိမ်းကျော် တခြားသူမှာ ပိုနေတာကို ယူပြီ... More

ရှင်းလင်းချက်
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
74
75
76
77
78
79
80
81
82
83
84
85
87
88
89
90
91
92
93
94
95
96
97
98
99
100
101
102
103
104
105
106
107
108
109
110
111
112
113
114
115
116
117
118
119
120
121
122
123
124
125
126
127
128
129
130
131
132/133/134
135
136/137/138
139/140
141/142/143
144
145
146
147
148
149
150
151
152
153
154
155
156
157
158
159
160
161
162
163
164
165
166
167
168

86

43 7 0
By AyePhyoe0

သူခိုးတစ်ယောက်ရဲ့ ဒဏ္ဍာရီ
ဘာသာပြန် - အေးငြိမ်းကျော်
အခန်း- ၈၆
(ဂိုဏ်း)

ဓားအလင်းတန်း လေးခုသည် အထပ်မှ နီးကပ်လာကြ၏။ ခေါင်းကိုမော့၍ သူတို့ကို ဝူကျိ တအံ့တဩကြည့်နေမိသည်။ ဒီလူငယ် လေးယောက်၏ ဝံ့ဝံ့ကြွားကြွားအမူအရာကြောင့် သူတို့တွင် အတော်လေးသန်မာသည့် ကျင့်ကြံခြင်းရှိလိမ့်မည်ဟု သူထင်ခဲ့သည်။ သို့သော်လည်း ထိုဓားအလင်းတန်းများကို ကြည့်သည့်အခါ သိပ်စွမ်းအားရှိကြပုံမပေါ်ချေ။ ဓားအလင်းတန်းတစ်ခုစီသည် ပေအနည်းငယ်သာရှည်ကြသည်။ ထို့အပြင် အလင်းတန်းများ ကောင်းကင်တွင် လျှပ်တပြက်သွားသော အလျင်မှာလည်း သူ့၏ ပဲ့ကိုင်ခြင်းနည်းလမ်းထပ်ပင် ပို၍နှေးနေသေးသည်။

‘ဟင်း… တိုက်ချင်တယ်ဆိုလည်း တိုက်တာပေါ့’

ကျိမြို့တော်တွင် ရက်ပေါင်းများစွာ ဖြတ်သန်းပြီးသည့်အခါ အင်မော်တယ်ဂိုဏ်း ဆယ့်သုံးဂိုဏ်းအကြောင်း ဝူကျိ သိနိုင်သလောက် တော်တော်များများ သိလာခဲ့သည်။ ပညာသင်များနှင့် တပည့်များ တိုက်ခိုက်ကြပါလျှင် ဂိုဏ်းစည်းကမ်းအရ အပြစ်ပေးခြင်းမခံရရုံသာမက စီနီယာများကပါ မြှောက်ပေးကြလေသည်။ အဆိပ်ခတ်နေခြင်း ခြုံခိုတိုက်ခိုက်ခြင်းမျိုးမှ မဟုတ်ပါလျှင် တိုက်ပွဲအတွင်း တခြားပညာသင်များကို သတ်မိလျှင်တောင် ဂိုဏ်းက အပြစ်ပေးမည်မဟုတ်ချေ။

ဝူကျိ  လှောင်ရယ်မိတော့၏။ ဒီလူတွေ ဘယ်လိုနောက်ခံရှိကြမလဲဟု ချင့်ချိန်စဉ်းစားရန် သူပျင်းလှသည်။ ကိုယ်လေးကိုယိမ်းကာ ဓားအလင်း လေးခုကို ရှောင်တိမ်းလိုက်ပြီး လူငယ်လေးယောက်ဆီသို့ သူပြေးဝင်သွားလိုက်သည်။ အဆက်မပြတ်ခြိမ်းသည့် မိုးခြိမ်းသံများလို လူငယ်လေးယောက်၏ ဂွကြားနေရာများအား တဂျိမ်းဂျိမ်း သူကန်ချလိုက်၏။ ထိုလူငယ်လေးယောက်ထဲမှ တစ်ယောက်သည် အသက်ရှူခြင်းအလွှာ ကျင့်ကြံခြင်းအဆင့်ရှိ၍ ကျန်သုံးယောက်ကတော့ စုစုပေါင်းပါမှ ဟိုထျန်းထိပ်ဆုံးအဆင့်သာရှိလေသည်။ သို့သော် သူတို့ မည်သို့သောကျင့်ကြံခြင်းလမ်းစဉ်ကို ကျင့်ကြံကြသည်ဖြစ်ပါစေ ယခုဝူကျိ ကန်လိုက်သည့်နေရာမှာ ယောကျာ်းတိုင်း၏ အားအနည်းဆုံး ပဓာနနေရာပင် ဖြစ်သည်။

အားပြင်းသည့်ကန်ချက်ကြောင့် လူလေးဦးလုံး  ပေသုံးဆယ်လွင့်ထွက်သွားသည်။ မြေပေါ်သို့ မြဲမြံစွာသက်ဆင်းနိုင်ပေရာ ကောင်းမွန်သည့် ခန္ဓာကိုယ်ပဲ့ကိုင်နည်းစဉ် တစ်ခုတော့ သူတို့လေ့လာထားကြပုံပေါ်၏။ သို့သော်လည်း သူတို့သည် ထူးထူးဆန်းဆန်းအမူအရာဖြင့် ဂွကြားကို ဖိကိုင်ထားကြလေသည်။ သူတို့၏ ဒူးများကွေးလျက်၊ သူတို့ကျောမှာ တောင့်တင်းလျက်၊ ပါးစပ်များမှ တရှူးရှူးအသံများထွက်ကာ အသက်ကိုခပ်ပြတ်ပြတ်ရှူနေကြသည်။ ဝူကျိအား ထူးဆန်းသော အကြည့်တစ်ခုဖြင့် သူတို့ကြည့်နေကြလေသည်။ ဖြည်းဖြည်းချင်း သူတို့မျက်လုံးများက ပြူးကျယ်ထွက်တော့မယောင် ထင်ရပ၏။

ပစ်မှတ်ကိုလွဲသွားသည့် ဓားအလင်းတန်းများသည် ယခုဝူကျိ၏ခေါင်းပေါ်တွင် ဦးတည်ရာမဲ့ကာ ရပ်တန့်လွင့်မျောနေသည်။ လက်ကိုဆန့်လျက် အဆင့်နိမ့်ဓားပျံလေးခုလုံးကို ဝူကျိ ဆွဲယူကာ ခပ်တည်တည်ပင် သိုလှောင်လက်စွပ်ထဲ ပစ်ထည့်လိုက်၏။ မျက်နှာများ တဖြည်းဖြည်းဖြူဖျော့လာကြသည့် လူငယ်လေးဦးကို စာနာမှုမရှိဘဲ သူလှည့်ကြည့်သည်။ ထို့နောက် သူက နူးညံ့ညင်သာစွာဖြင့်

“အရမ်းကြီးနာနေရင်လည်း အော်လိုက်ပါလား… အရေးကြီးအစိတ်အပိုင်လေးကို ကျွန်တော်ကန်လိုက်လို့ နာနေမှန်းသိပါတယ်… ကျွန်တော်တို့က တစ်ဂိုဏ်းထဲသားတွေပဲကို… ကျွန်တော်မရယ်ဘူး… အော်ချင်ရင် အော်လိုက်ဗျ…”

တိမ်ထူထူကောင်းကင်ပေါ်တွင် သနားစရာ အသံနက်ကြီးများက ပဲ့တင်ထွက်သွားတော့သည်။ လူငယ်လေးယောက် ဂွကြားကိုကိုင်လျက် မြေပေါ်၌ လူးလှိမ့်ရုန်းကန်နေကြသည်။ သူတို့၏ မျက်နှာများက အနီရောင်ပြောင်းလိုက် ခရမ်းရောင်ပြောင်းလိုက်နှင့် တစ်ကိုယ်လုံးမှာလည်း ချွေးစေးများကျနေသည်။ သူတို့ဘေးမှ ဖြတ်လျှောက်လျက် ကျောက်ချပ်ခင်းလမ်းတစ်လျှောက် ဝူကျိ တက်သွားတော့သည်။ စောနက ကန်ချက်တွင် သူအားသိပ်မထည့်ခဲ့ချေ။ အများဆုံး လူငယ်လေးယောက်မှာ ရက်အနည်းငယ်ခန့်သာ ညီလေး ရောင်ကိုင်းနေလိမ့်မည်ဖြစ်သည်။ သတ်သတ်လုံး ထိုအတိုင်း ဖြစ်နေလိမ့်မည်မဟုတ်ချေ၊ ယခုတော့ တော်တော်လေးကို နာလိမ့်မည်။

သူ့ကိုခေါ်လာပေးခဲ့သည့် လမ်းပြကို စကားအနည်းငယ်ပြောကာ ဂိတ်အပြင်ဘက်တွင်စောင့်နေရန် သူမှာကြားခဲ့သည်။ ထို့နောက် တောင်တက်လမ်းတစ်လျှောက် ပေတစ်ထောင်ကျော် ဝူကျိ လျှောက်လာခဲ့လေသည်။ ရုတ်တရက်ပင် သူသည် လျှောက်လမ်းဘေးရှိ ကျောက်တုံးကြီး တစ်လုံးကိုကြည့်ကာ ရယ်မောလိုက်၏။

“လူကြီးမင်း… ကျွန်တော့်ကိုကြည့်နေတာ တော်တော်ကြာပြီနော်…”

ထိုလူငယ်များကို သူကန်ကျောက်ခဲ့စဉ်က ကျောက်တုံးကြီးနားက တစ်စုံတစ်ယောက် သက်ပြင်းရှိုက်လိုက်သည်ကို သူကြားခဲ့သည်။ ထို့ကြောင့် တစ်ယောက်ယောက် ဒီမှာပုန်းနေကြောင်း သူသိခဲ့ခြင်းဖြစ်၏။

အစိမ်းရောင်အလင်းတစ်ခုလက်သွားပြီး တူညီသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးထွက်လာ၏။ ဝူကျိကို သူကတအံ့တဩငေးကာ ခေါင်းကိုငုံ့လျက် သူ့လက်ဝါးထဲရှိ သစ်ရွက်ပုံ ‘တိတ်တဆိတ်အဆောင်’ ကိုကြည့်လိုက်လေသည်။ အေးစက်စွာ နှာမှုတ်ထုတ်လျက် ကျောက်တုံးပေါ်မှ သူခုန်ဆင်းလာသည်။ ဝတ်ရုံလက်စထဲမှ ရွှေမျှင်အဖုံးနှင့် စာအုပ်သေးသေးကို ထုတ်ယူကာ ကျစ်လျစ်သည့် မှင်တံတစ်ခုနှင့် စာလုံးတန်းအချို့ကို မြန်မြန်ရေးသားလိုက်သည်။

“မင်းတို့ကောင်တွေ… မင်းတို့တွေ ဂိုဏ်းထဲတောင် တရားဝင် မဝင်ရောက်ရသေးတဲ့ လူသစ်ကို မနိုင်ကြဘူး… ကောင်းကင်ဖြတ်ဂိုဏ်းမှာ မင်းတို့ ကျင့်စဉ်တွေ နည်းစဉ်တွေ အများကြီး သင်ခဲ့ပြီးပြီ… အခုမင်းတို့ကို အပြစ်ပေးတဲ့အနေနဲ့ အဆင့်နှစ်ပညာသင်ကနေပြီး အဆင့်သုံးပညာသင်အဖြစ် အဆင့်ချလိုက်ပြီ… ဒီနေ့တာဝန်ပြီးရင် ပြစ်ဒဏ်ခုံရုံးအကြီးအကဲတွေဆီ သွားအစီအရင်ခံပေတော့…”

မြေပေါ်တွင်လူးလှိမ့်နေသော လူငယ်များကို ခပ်တင်းတင်းဆူပူပြီးနောက် စာအုပ်ကိုင်ထားသည့် လူငယ်သည် ဝူကျိအား မျက်လုံးထောင့်မှကြည့်လာသည်။

“ဒီတော့မင်းက ဂိုဏ်းခေါင်းဆောင် လက်ခံထားတဲ့ ပညာသင်အသစ် ဝူကျိပေါ့… မင်းက တိုက်ရေခိုက်ရေ အတော်ကောင်းတာပဲ ဟမ်… လူသစ်တိုင်းကို အဆင့်သုံးပညာသင် အဆင့်ပဲပေးတာ… ဒါပေမယ့် မင်းက အဆင့်နှစ်ပညာသင်တွေကို နိုင်ခဲ့တယ်ဆိုတော့… ဒီနေ့ကစပြီး အဆင့်နှစ်ပညာသင်အဖြစ် တိုးပေးလိုက်မယ်…”

သူ့လက်စထဲမှ တခြားစာအုပ်သေးတစ်ခုကို ထုတ်ကာ ဝူကျိကို ပစ်ပေးလိုက်သည်။ ထို့နောက် အသံအေးစက်စက်ဖြင့်ပင်

“ငါ့နာမည်က ဟောင်ယင်ဖန်းယင်… ဟောင်ယင်ဖန်းလုံရဲ့ အစ်ကိုပဲ… ဒီသုံးလအတွင်းမှာ ကောင်းကင်ဖြတ်ဓားဂိုဏ်း ပညာသင်တွေရဲ့ စကားအခွန်းအတိုင်း အမူအရာတစ်ခုတိုင်းကို ငါ မှတ်တမ်းတင်ရမှာ… ဒီစာအုပ်ထဲမှာ ငါတို့ဂိုဏ်းရဲ့ စည်းကမ်းတွေ အာရုံစိုက်ရမယ့်ကိစ္စတွေပါတယ်… အလွတ်ကျက်ပြီး ဂိုဏ်းစည်းကမ်းတစ်ခုမှ မချိုးဖောက်နဲ့… ချိုးဖောက်ရင်တော့ မင်းကို ဘယ်သူမှ ကယ်မှာမဟုတ်ဘူး….”

သူ့နှာခေါင်းနှစ်ဖက်မှ လေအေးတစ်ချက်က ထွက်လာလေသည်။ ဝူကျိအား စက်ဆုပ်ရွံရှာစွာ စိန်းစိန်းဝါးဝါးကြည့်လျက် ဟောင်ယင်ဖန်းယင်က လှည့်ပြန်တော့မည်ကြံသေးသည်။ ဝူကျိ သူ့နောက်သို့ ခပ်သွက်သွက်ပြေးလိုက်လာကာ သူ၏အင်္ကျီစကို ဆွဲလိုက်လေသည်။ ဟောင်ယင်ဖန်းယင်၏ မျက်နှာက ချက်ချင်းမည်းမှောင်သွား၏။ သူသည် အသံတင်းတင်းဖြင့်

“ဝူကျိ… မင်းဘာလုပ်နေတာလဲ…”

ဓားသံချွင်ခနဲကို ကြားလိုက်ကြရပြီး ဟောင်ယင်ဖန်းယင်၏ ခါးတွင်ချိတ်ထားသော ဓားရှည်သည် ရုတ်တရက် ဓားအိမ်မှ တစ်ပေနီးပါးထွက်လာတော့သည်။ ဓားပြားက အစိမ်းရောင်တောက်တောက်လင်းလျက် လေအေးတစ်ချက်ကို ပို့လွှတ်နေသည်။ ဤသည်မှာ အလယ်အလတ်အဆင့် ဓားပျံတစ်ချောင်းဖြစ်လေသည်။ ဟောင်ယင်ဖန်းယင်တွင် ခိုင်မာသည့် ကျင့်ကြံခြင်းအခြေခံရှိပြီး ရုပ်ခန္ဓာတိုးတက်ခြင်းအလွှာလည်း ရှိလောက်သည်။ ဓားပျံထဲသို့ အားကောင်းသော စွမ်းအင်တစ်ခု သူထည့်သွင်းလိုက်သည်နှင့် လက်မအနည်းငယ်ထူသည့် ဓားစွမ်းအင်က ချက်ချင်းပေါ်ထွက်လာသည်။

ကျောချမ်းဖွယ် ဓားပျံကို ဝူကျိ ကြည့်လိုက်ရင်း ပြုံးပြလိုက်၏။

“ဟောင်ယင်ဖန်းလုံရဲ့ အစ်ကိုလား…”

ဟောင်ယင်ဖန်းယင်က အေးတိအေးစက်ပြန်ဖြေသည်။

“ဟုတ်တယ်… မင်းဘာလိုချင်သလဲ…”

ဝူကျိကရယ်ပြန်သည်။ ရေပေါ်စားသောက်ဆိုင်တွင် ဟောင်ယင်ဖန်းလုံကို လုချန်ဖန်း ပါးရိုက်ပြီးကတည်းက ယန်ပုကွေ့ဆီမှ ဟောင်ယင်မျိုးနွယ်၏ လက်ရှိအခြေအနေအသေးစိတ်ကို သူစုံစမ်းခဲ့၏။ ဟောင်ယင်ဖန်းယင်မှာ ဟောင်ယင်ဖန်းလုံ၏ အစ်ကိုကြီးဖြစ်သည်က မှန်ပါ၏။ သို့သော်သူသည် ကိုယ်လုပ်တော်သားဖြစ်ပြီး ဟောင်ယင်မျိုးနွယ်၏အာဏာကို သူဆက်ခံနိုင်ရန် ကံပါမလာချေ။ သူ့အတွက် အကောင်းဆုံး အဆုံးသတ်မှာ ဟောင်ယင်မျိုးနွယ် ပိုင်နက်ထဲတွင် ကံကျွေးခံမြေလေးတစ်ခုရပြီး အစားအသောက်အဝတ်အစားအတွက် စိတ်ပူစရာမလိုဘဲ တစ်ဘဝစာ နေထိုင်နိုင်ခြင်းသာဖြစ်၏။

ဝူကျိ၏မျက်နှာက အပြုံးဖြင့် ဝင်းလက်လို့နေသည်။ ဟောင်ယင်ဖန်းယင်၏ လက်ကောက်ဝတ်ကို သူကဆုပ်ကိုင်လိုက်လေသည်။ ဟောင်ယင်ဖန်းယင်ခမျာ လန့်ဖြန့်သွား၏။ ထို့ကြောင့် သူ၏ဓားပျံမှာ ဓားအိမ်ထဲက ခုန်ထွက်လာပြီး တစ်ပေရှည်သည့် အစိမ်းရောင်အလင်းတန်းအဖြစ် အသွင်ပြောင်းကာ ဝူကျိကို ထိုးသွင်းတော့မယောင်ရှိလေသည်။ ဝူကျိ အဆောတလျင်ပင် သူ့ကို အသံတိုးတိုးပြောလိုက်၏။

“နေပါဦး… ကျွန်တော့်စကားကို ခဏနားထောင်ပါဦး… ကောင်းကင်ဖြတ်ဓားဂိုဏ်းမှာ ကျွန်တော့်ကို ခြေကုပ်ရအောင် ကူညီပေးရင်… ဟောင်ယင်ဖန်းလုံကို နိုင်အောင် ကျွန်တော်က ကူညီပေးမယ်… မျိုးရိုးစစ်တဲ့ အကြီးဆုံးသားကပဲ မျိုးနွယ်အမွေကိုဆက်ခံရတာဆိုပေမယ့် အမြဲချွင်းချက်ရှိတယ်လို့ မထင်ဘူးလား အဲ့လို….”

ဓားအလင်းတန်းက ဓားအိမ်ထဲပြန်ဝင်သွားသည်။ ဟောင်ယင်ဖန်းယင်က ဝူကျိအား ခဏမျှ တင်းမာစွာကြည့်လိုက်သေး၏။ ထို့နောက် အေးတိအေးစက်ရယ်မောကာ

“မင်းက ဘယ်လိုအကူအညီတွေ ပေးနိုင်မှာမို့လဲ…”

ဝူကျိက ပွင့်ပွင့်လင်းလင်းပင် တဲ့တိုးပြောချလိုက်သည်။

“ခင်ဗျားကျွန်တော့်ကို ကူညီနိုင်သလောက် ကျွန်တော့်သခင်လေးကလည်း ခင်ဗျားကို ပြန်ကူညီပေးလိမ့်မယ်… ကောင်းကင်ဖြတ်ဓားဂိုဏ်းနဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှမသိဘူး… ဒီမှာခြေကုပ်ယူနိုင်ဖို့ အဲ့တာက ကျွန်တော့်အတွက် အတားအဆီးကြီးပဲ… ခင်ဗျားအတွက်ကတော့… ခင်ဗျားအမေရဲ့ နောက်ခံပေါ့… ဟီးဟီး… တစ်သက်လုံး လူချမ်းသာဖြစ်ရင်ပဲ ကျေနပ်ပြီဆိုလည်း တစ်မျိုးပေါ့လေ…”

အချိန်ခဏမျှ တိတ်ဆိတ်စွာ ချင့်ချိန်ပြီးသည့်အခါ ဟောင်ယင်ဖန်းယင်က ရုတ်တရက် ရယ်မောလိုက်၏။ သူသည် ဝူကျိ၏လက်ကို ပြန်ဆုပ်ကိုင်လိုက်လေသည်။ ထို့နောက် အသံကိုနှိမ့်ကာ

“ပုံစံကြည့်ရတာ စီနီယာပညာသင်တစ်ယောက်နဲ့ တာဝန်လဲပြီး မင်းကိုစောင့်နေတာ မှန်သွားပုံပဲ… ပထမက ဒီနေ့မင်းမလာဘူးတောင်ထင်နေတာ… မင်းလာလို့ တကယ်အံ့ဩသွားတယ်…”

ဟောင်ယင်ဖန်းယင်ကို အားပြင်းပြင်း လက်ဆွဲနှုတ်ဆက်ကာ ဝူကျိ ပြုံးလိုက်မိသည်။

“ဒီမှာ တမင်တကာစောင့်နေတာ ဟုတ်လား… ကျွန်တော်တို့နှစ်ယောက်လုံးက ဉာဏ်ကောင်းတဲ့ ယောကျာ်းတွေပဲ အရှည်ကြီးမပြောတော့ဘူး… ကျွန်တော့်ကိုကူညီရင် ခင်ဗျားကိုကူညီမယ်… အနာဂတ်မှာ ကျွန်တော်တင်မကဘူး ကျွန်တော့်သခင်လေးတောင် ကျိမြို့တော်က မိတ်ဆွေတွေအများကြီးရဲ့ အကူအညီလိုလာမှာ….”

တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် သူတို့ရယ်လိုက်ကြ၏။ သူတို့စိတ်ထဲတွင် အစီအစဉ်များ ဆုံးဖြတ်ချက်များ ကိုယ်စီရှိကြသည်ဖြစ်ရကား အများကြီးပြောဖို့မလိုချေ။ လက်များဆွဲလျက်ပင် နေဖြူတောင်ပေါ်သို့ သူတို့ တရင်းတနှီးတက်ခဲ့ကြသည်။ လမ်းတစ်လျှောက် ကောင်းကင်ဖြတ်ဓားဂိုဏ်းအတွင်း အခြေအနေအချို့၏ အသေးစိတ်အချက်အလက်များကို ဟောင်ယင်ဖန်းယင်က ဝူကျိအား ရှင်းပြသည်။ ထိုသတင်းများက လက်ရှိ ဝူကျိ အလိုအပ်ဆုံးဖြစ်၏။ ကင်းထောက်ရုံးတော်၏ လျှို့ဝှက်သတင်းအချက်အလက်အခန်းထဲတွင်တောင်မှ မဟာယန်မင်းဆက် ဂိုဏ်းဆယ့်သုံးဂိုဏ်း၏ အသေးစိတ်အချက်အလက်များကို ရှာမရခဲ့ပေ။ အကယ်၍ ရှိခဲ့သည်ဆိုလျှင်တောင် ထိုအရာများက မဟာယန်မင်းဆက်၏ မဟာဗျူဟာကျ သတင်းအချက်အလက်များဖြစ်သဖြင့် ယန်ပုကွေ့လွယ်လွယ်ကူကူ သိနိုင်မည့်အရာမျိုးမဟုတ်ချေ။

ဟောင်ယင်ဖန်းယင်ပြောပြသည့် နိဒါန်းအရ ယခုလက်ရှိ ကောင်းကင်ဖြတ်ဓားဂိုဏ်းတွင် စွမ်းအားအကြီးဆုံးမှာ မဟာအကြီးအကဲများဖြစ်ကြသော နီယောင်နူနှင့် ယန်လီတို့ဖြစ်သည်။ နီယောင်နူမှာ ကောင်းကင်ဖြတ်ဓားဂိုဏ်း၏ တည်ထောင်သူအကြီးအကဲဖြစ်ပြီး ယခုလက်ရှိဂိုဏ်းခေါင်းဆောင် နီပိုင်ဟုန်၏ မွေးမိခင်လည်းဖြစ်၏။ လွန်ခဲ့နှစ်ပေါင်းတစ်ရာခန့်က သူမသည် ဂိုဏ်းခေါင်းဆောင်ရာထူးကို နီပိုင်ဟုန်အားလွှဲပေးခဲ့ကာ တောင်နောက်တွင် တံခါးပိတ်ကျင့်ကြံနေလေသည်။ ထိုအချိန်တုန်းက သူမသည် ရွှေအမြုတေအထွတ်အထိပ်အဆင့်သို့ တိုးဖောက်ခဲ့ပြီးပြီဖြစ်သည်။

ယန်လီကမူ ယန်တန့်ဧကရာဇ်၏ ပင်မမြေးတော်ဖြစ်ကာ အိမ်ရှေ့စံယန်ချွီကျွင်း၏ သုံးယောက်မြောက်သားတော်ဖြစ်သည်။ အင်မော်တယ်တစ်ဦး ချန်ထားခဲ့သည့်ဂူကို နီယောင်နူ မတော်တဆရှာတွေ့ပြီး နှစ်လမြောက်တွင် သူတို့လက်ထပ်ခဲ့ကြခြင်းဖြစ်၏။ သူတို့စုံတွဲ၏ ဆက်ဆံရေးမှာ မကောင်းမွန်ကြဟု ဆိုကြသည်။ တရားဝင်ဇနီးမယား နီယောင်နူအပြင် ယန်လီတွင် မယားငယ်ပေါင်း နှစ်ရာထပ်မနည်းရှိလေသည်။

နီယောင်နူက တည်ထောင်သူအကြီးအကဲဖြစ်ပြီး ကောင်းကင်ဖြတ်ဓားဂိုဏ်း၏ နာမည်ခံ ခေါင်းဆောင်ဖြစ်သည်။ သို့သော်လည်း ယန်လီနှင့် သူနှင့်ရင်းနှီးသော အကြီးအကဲကောင်စီ၏ ဂိုဏ်းအကြီးအကဲများကသာ ဂိုဏ်းအတွင်း အာဏာရှိသူများဖြစ်ကြလေသည်။ ကောင်းကင်ဖြတ်ဂိုဏ်း အကြီးအကဲကောင်စီတွင် အကြီးအကဲ သုံးဆယ့်ခြောက်ယောက်ပါဝင်သည်။ သူတို့တစ်ဦးချင်းစီက ရွှေအမြုတေဖော်ဆောင်ပြီးသော လူသားအင်မော်တယ်များဖြစ်ကြသည်။ သူတို့ထဲတွင် အကြီးအကဲ နှစ်ဆယ့်ခုနှစ်ယောက်က ယန်လီနှင့် ရင်းနှီးသောဆက်ဆံရေးရှိကြ၏။ ထို့အပြင် သူတို့အားလုံးကလည်း မဟာယန်မင်းဆက် တော်ဝင်မျိုးနွယ်မှ မဟုတ်လျှင် ကျင်းမျိုးနွယ်၊ချင်မျိုးနွယ်၊ ကောင်းမျိုးနွယ် စသည့် ဩဇာတိက္ကမကြီးသော ဆွေကြီးမျိုးကြီးများမှ ဖြစ်ကြလေသည်။

ယခုဂိုဏ်းခေါင်းဆောင်ဖြစ်သော နီပိုင်ဟုန်တစ်ယောက် အဘယ်ကြောင့် နီမျိုးရိုးနာမည်ရှိနေရသလဲ ဆိုသည်ကတော့ တားမြစ်အကြောင်းအရာတစ်ခုဖြစ်ပုံရသည်။ သူ့မေးခွန်းကိုကြားသည့်အခါ ဟောင်ယင်ဖန်းယင်က ပါးစပ်ကိုဟသော်လည်း ဘာမျှရှင်းမပြချေ။ စကားလမ်းကြောင်းလွှဲကာ ကောင်းကင်ဖြတ်ဓားဂိုဏ်းနှင့် ပက်သက်သည့် တခြားသောအကြောင်းအရာများကိုသာ ရှင်းပြနေ၏။

ဥပမာအားဖြင့် ကောင်းကင်ဖြတ်ဓားဂိုဏ်း၏ ပညာသင်များအကြောင်းကို သူပြောသည်။ ဝူကျိ ကဲ့သို့သော လူသစ်များဆိုလျှင် အဆင့်သုံးပညာသင် အဆင့်သာရှိမည်ဖြစ်သည်။ ဂိုဏ်းအတွက် အကျိုးဆောင်ခြင်း၊ အဆင့်ပိုမြင့်သည့် ပညာသင်များကို အနိုင်ယူနိုင်ခြင်း စသည်တို့ကို ပြုလုပ်မှသာ အဆင့်တက်မည့် အခွင့်အရေးရမည်ဖြစ်၏။ ထို့အပြင် သူတို့သည် ကောင်းကင်ဖြတ်ဓားဂိုဏ်း၏ အခြေခံအကျဆုံးကျင့်စဉ်ဖြစ်သော ဓာတ်ငါးဖြာချီလှည့်လည်ခြင်းကျင့်စဉ်ကိုသာ ကျင့်ကြံခွင့်ရှိလေသည်။

ပညာသင်တစ်ဦးက အဆင့်သုံး အဆင့်နှစ် အဆင့်တစ်အထိ တစ်ဆင့်ချင်းတိုးပြီးပါမှ ကောင်းကင်ဖြတ်ဓားဂိုဏ်း၏ အတွင်းတပည့်ဖြစ်လာမည်ဖြစ်ပြီး ထိုမှသာ ဂိုဏ်း၏ ကျင့်စဉ်အစစ်ကို လက်ဖြင့် ထိခွင့်ရမည်ဖြစ်သည်။ ထို့အပြင် ဗဟိုတပည့်များကသာ ကောင်းကင်ဖြတ်ဓားဂိုဏ်း၏ သမရိုးကျ ဓားကျင့်စဉ် အမွေကို ရရှိနိုင်မည်ဖြစ်သည်။

နီပိုင်ဟုန်တစ်ယောက်ထဲ၏ လက်အောက်တွင် ပညာသင်သုံးထောင်ရှိလေသည်။ သို့သော်လည်း ထိုသုံးထောင်တွင် အဆင့်နှစ်ပညာသင်များက သုံးရာပင်မပြည့်ဘဲ အဆင့်တစ်ကမူ ခုနှစ်ဆယ်မျှသာရှိ၏။ စုစုပေါင်း ဆယ့်သုံးယောက်မှာ အတွင်းတပည့်များဖြစ်ကြပြီး သူ့လက်အောက်တွင် အဓိကတပည့်တစ်ယောက်မှ မရှိချေ။ ထို့အပြင် ပညာသင်သုံးထောင်သည် မဟာယန်မင်းဆက် ဆွေကြီးမျိုးကြီးများမှ အရေးပါသည့် မျိုးဆက်သစ်များဖြစ်ကြပြီး ဝူကျိကဲ့သို့ ဆွေကြီးမျိုးကြီးမှမဟုတ်ဘဲ အဆက်အသွယ်နှင့် ဝင်ခဲ့ကြသည့်လူများက လက်တစ်ဆုပ်ပင်မပြည့်ပေ။

အခြေခံအားဖြင့် မဟာယန်မင်းဆက် အင်မော်တယ်ဂိုဏ်း ဆယ့်သုံးဂိုဏ်းလုံးတွင် တစ်ခုတည်းသော အခြေအနေမျိုး ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုနိုင်၏။ မျိုးရိုးနာမည်ယန်ပါသည့် တော်ဝင်မျိုးနွယ်၊ အထက်တန်းလွှာမျိုးနွယ်များမှ လူများကသာ သက်ဆိုင်ရာဂိုဏ်းအသီးသီးတွင် အာဏာကိုယ်စီရှိကြပြီး ပညာသင်များမှာလည်း မဟာယန်မင်းဆက် ဆွေကြီးမျိုးကြီးများမှ ဖြစ်ကြလေသည်။ သာမန်အရပ်သားများအတွက်မူ ကောင်းကင်ဘုံအားဆန့်ကျင်နေသည့် ပါရမီမျိုး မပါလျှင် ဂိုဏ်းတစ်ခုအတွင်းသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်သည့် အရာပင်ဖြစ်သည်။ အရပ်သားများအတွင်းတွင် ထိုကဲ့သို့သော ပါရမီရှင်မျိုး ရှိခဲ့ပါသည်ဆိုလျှင် ကျင့်ကြံခြင်းပြီးဆုံးသွားသည်အထိ ဂိုဏ်းထဲတွင် အသက်ရှင်နိုင်မရှင်နိုင်မှာ ကောင်းကင်ဘုံကသာ သိမည့်အရာသာ ဖြစ်သည်။

အနည်းဆုံးတော့ ဂိုဏ်းထဲသို့ ဝင်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်အတွင်း အရပ်သားနောက်ခံမှလာသည့် ပါရမီရှင်တစ်ရာကျော် ‘မတော်တဆ’ သေဆုံးကြသည်ကို ဟောင်ယင်ဖန်းယင် ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူး၏။

ဂိုဏ်းအတွင်း အခြေအနေကို နားထောင်ပြီးသည့်အခါ စိတ်နှလုံးများကျဆင်းသွားသလို ဝူကျိ ခံစားရတော့သည်။ ပုံစံကြည့်ရသည်မှာ ကောင်းကင်ဖြတ်ဓားဂိုဏ်းတွင် သူအန္တရာယ်ကြီးကြီးမားမားနှင့် ရင်ဆိုင်ရမည့်ပုံပေါ်ပြီး သူအလွန်ဂရုစိုက်ရပေမည်။

စကားတပြောပြောဖြင့်ပင် တစ်နာရီမျှကြာသည့်ခရီးကို သူတို့လာခဲ့ကြပြီးဖြစ်သည်။ နောက်ဆုံးတော့ နေဖြူတောင်၏ နှလုံးသည်းချာတွင်ရှိနေသော ကောင်းကင်ဖြတ်ဓားဂိုဏ်းဆီသို့ သူတို့ရောက်ခဲ့ကြပြီဖြစ်၏။ ဤသည်မှာ အဝန်းမိုင်နှစ်ဆယ်ရှိ၍ မညီညာသော တောင်စွန်းများဖြင့် ဝိုင်းရံထားသည့် မြေပြန့်တစ်ခုဖြစ်သည်။ ထိုမြေပေါ်တွင် အရွယ်အစားစုံလင်သည့် အိမ်တော်ပေါင်း နှစ်ဒါဇင်ကျော်ကို ဆောက်လုပ်ထားပြီး ဤသည်က ကောင်းကင်ဖြတ်ဓားဂိုဏ်း၏ ဌာနချုပ်အစစ်အမှန် ဖြစ်၏။

ဝူကျိ၏လက်ကိုဆွဲလျက် သူတို့နှင့်အနီးဆုံးတွင်ရှိနေသော အိမ်တော်တစ်ခုကို ဟောင်ယင်ဖန်းယင်က ခေါ်သွားသည်။

ဂိုဏ်းအကြီးအကဲများက မွန်းတည့်ချိန်တွင်သာ စာပို့ချရန် လာကြသည်ဖြစ်သောကြောင့် သင်ခန်းစာမတိုင်မီ အချိန်ရှိပေသည်။ အရေးအကြီးဆုံးအချက်မှာ ဝူကျိအား ပညာသင်အသစ်တိုင်း ဖြတ်ကျော်ရသည့် လုပ်ရိုးလုပ်စဉ်များကို အမြန်ဆုံးပြီးမြောက်အောင် လုပ်ဆောင်ခိုင်းရန်ပင်။ ထို့အပြင် ဝူကျိ ပထဆုံးလုပ်ရမည့်အရာက ကျင့်ကြံခြင်းအတွက် သူ၏ပါရမီနှင့် ဖြစ်တန်စွမ်းကို ဆုံးဖြတ်ရန် ဖြစ်လေသည်။

Continue Reading

You'll Also Like

28.2K 668 21
Naruto Uzumaki is the eldest of four siblings, born into the Uzumaki family, renowned for their strong chakra and their special connection to the Nin...
61K 2.2K 100
Coming Into Your World I Fell In Love With You| "I'm...In love with someone who's in a TV show?! And he's not even in the show he's supposed to be a...
769K 35.7K 87
Champion City, one of the greatest hotspots for superheroes and supervillains ever since thirty years ago, when super-powered individuals started to...
192K 4.4K 31
Orphaned at a very early age, a young man goes through self-discovery as he uncovers his demonic past and faces a heavenly challenge. After discoveri...