In Love With An Old Mafia(Com...

By seinyadanawin

155K 9.6K 1.3K

****** Start Date-Mar.31.2023 End Date-Nov.17.2023 ***** More

Intro
Part-1
Part-2
Part-3
part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10+11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31+32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
The End
Characters' Art
New Fiction Promote

Part-20

3.5K 266 38
By seinyadanawin

"အန်ကယ် ဘာဇာတ်ကားကြည့်နေတာလဲ"

သင်းရတနာက စူးစမ်းသည့်ဟန်နှင့် စိုင်းကြည့်နေသော Laptop စီသို့ခေါင်းငုံ့ကာ
ကြည့်လာသည်။

သင်းရတနာ၏ အမေးကိုတော့ စိုင်းပြန်မဖြေဖြစ် မဖြေလည်း သင်းရတနာက သိနေပြီးသားကိုး။ ယင်းဇာတ်ကားကတော့
သင်းရတနာသဘောအကျဆုံး စာရေးဆရာဖြစ်သူ Paiရဲ့ ဝတ္ထု၏Live Actionဖြစ်သောကြောင့်ပင်။

သက်ပိုင် ရေးထားသောဝတ္ထု၏ Live actionကား လွန်ခဲ့သော တပတ်ကမှ စထွက်ခဲ့ခြင်းဖြစ်၍ အခုဆိုအပိုင်း(4)ပင်ရောက်နေပြီဖြစ်သည်။

မျိုးဆက်အား တစ်ခါတစ်လေသွားတွေ့သည့်အခါများဆိုလျှင် သက်ပိုင်အား မကြာခဏတွေ့ရတတ်လေသည်။
တွေ့သည့်အခါတိုင်းလည်း ဇာတ်ညွှန်းတိုက်နေသည့် အခါများဖြစ်သောကြောင့် သက်ပိုင်နှင့်အတူသရုပ်ဆောင်များကိုလည်းတွေ့ရသေး၏။

"အော် Paiရဲ့ ဇာတ်လမ်းလား"

သင်းရတနာက ခေါင်းတညိမ့်ညိမ့်နှင့် အခြားတဖက်သို့လှည့်သွားသည်။
ထို့နောက် ဆိုဖာပေါ်၌ ခြေပစ်လက်ပစ်လဲချလိုက်ရင်း အလိုမကျဟန်နှင့်
နှာအား
တချက်မှုတ်သည်။

"အန်ကယ်သိလား
အခု Paiက သတင်းတွေထွက်နေတာလေ"

ဒီတစ်ခေါက်တွင် စိုင်းမျက်ခုံးအနည်းငယ်ပင့်သွားသည်။

"ဘာသတင်းလဲ"

"သူ့ရဲ့ အခု Horror live action
မှာပါတဲ့ သရုပ်ဆောင် ရှိုင်းမင်းဆက်ကိုသိတယ်မလား"

သင်းရတနာက ပြောလက်စကိုရပ်ပြီး စိုင်းအား ကြည့်လာသည်။
စိုင်းလည်း သိတယ်ဆိုသောဟန်နှင့်ခေါင်းတချက်ညိမ့်ပြလိုက်၏။
ထိုအခါမှ
သင်းရတနာက သူ့စကားကိုဆက်လက်ပြော၏။

"အင်း အဲ့ရှိုင်းမင်းဆက်နဲ့ Paiရဲ့သတင်းတွေထွက်တာလေ။
Behind the scenes မှာ ရှိုင်းမင်းဆက်နဲ့Paiရဲ့ ဇာတ်ညွှန်းဖတ်နေတဲ့ပုံတွေနဲ့ momentဘာညာတွေထွက်လာတော့ Fujoshiမတွေအကြိုက်ပေါ့။
အဲ့မှာ အခုတောင် Fan clubတွေဘာတွေနဲ့"

သင်းရတနာ၏ စကားများကြောင့် စိုင်း၏ခါးက မတ်ကနဲဖြစ်သွားကာ
သတိနေအထားကဲ့သို့ဖြစ်သွားသည်။

"ပြီးတော့ကော"

"သမီးလည်း သိပ်မသိဘူး။အခုတလော အဲ့ပွဲတွေဘာတွေညာတွေဘက်မလှည့်နိုင်ဘူးလေ၊ သင်တန်းချိန်တွေပြည့်နေတာ၊အလုပ်ကလည်းတဖက်နဲ့"

"အင်း"

စိုင်း သူအရှေ့မှ Laptopထဲရှိ ဇာတ်ကားအား အကြည့်ပို့လိုက်ရင်း
ဇာတ်ကားထဲရှိ ဇာတ်လိုက်ဖြစ်သူအားအသေအချာစိုက်ကြည့်နေမိသည်။

"ရှိုင်းမင်းဆက်တဲ့လား...."

ဂုတ်ထောက်နေသည့် ဆံပင်နှင့် စူးရှ
သည့် မျက်ဝန်း၊သွတ်လက်တက်ကြွတဲ့ ပုံစံအနေအထားက ခေတ်
လူငယ်တစ်ယောက်၏vibeအပြည့်။

ကြည့်လက်စ ဇာတ်လမ်းဆီမှ ထွက်၍
Facebookထဲသို့ဝင်လိုက်၏။
ထို့နောက် ဇာတ်ကားနာမည်ကိုရိုက်ရှာလိုက်တော့
ဇာတ်ကား၏အပိုင်းများနှင့် Promoteလုပ်ထားသော ဇာတ်လမ်းအပိုင်းအစများကိုအရင်ဆုံးတွေ့ရလေသည်။

​အောက်သို့ဆွဲရင်းဆွဲရင်း တွေ့လိုက်ရသော Postတစ်ခုတွင်တော့ စိုင်း၏ Mouseကိုင်ထားသောလက်ချောင်းများကရပ်တန့်သွားသည်။

Postက အခြားမဟုတ် သက်ပိုင်နှင့်
ရှိုင်းမင်းဆက်ဆိုသောကောင်​လေးတို့၏ဓာတ်ပုံများပင်။
ရှိုင်းမင်းဆက်၏လက်များက သက်ပိုင်၏လက်မောင်းများအား ခိုတွဲထားသည့် ပုံများအပြင်
သက်ပိုင်အားအနောက်မှသိုင်းဖက်နေသည့်ပုံများလည်းပါဝင်နေသေးသည်။

ရှိုင်းမင်းဆက်က အသက်21နှစ်အရွယ်သရုပ်ဆောင်တစ်ယောက်ဖြစ်၍
သက်ပိုင် ထက်ပင်ငယ်ပါ၏။
အရပ်က 5ပေ9လက်မသာ
သာရှိသည်မို့ အရပ်6ပေ3လက်မရှိသော
သက်ပိုင်ထက်အတော့်ပင်နိမ့်နေလေသည်။

သင်းရတနာပြောသည့် Momentဆိုသည့်အရာများအားကြည့်မိတော့ မသိလျှင်တကယ့်အတွဲတွေလို။
ထမင်းအတူတူစားရင်း ရယ်မောနေ
ကြသည့် ဗီဒီယိုများအပြင် အချို့သော အထင်လွဲစရာဓာတ်ပုံများ ကိုလည်းတွေ့ရသေး၏။

သက်ပိုင်နှင့် သူနှင့်ဘာမှမပတ်သတ်သောကြောင့် သူ့မှာပြောပိုင်ခွင့်မရှိသော်လည်း သက်ပိုင်အား အလွန်ပင်သဝန်တိုမိပါသည်။

သို့သော် သူ့မှာ ထိုကဲ့သို့လုပ်ပိုင်ခွင့်မျိုးကောရှိပါရဲ့လား။
ပိုင်လည်းမပိုင်တဲ့အပြင် ဆိုင်လည်းမဆိုင်သူမို့ အတ္တဆန်ပိုင်ခွင့်မရှိသလို ချုပ်ချယ်ပိုင်ခွင့်လည်း မရှိပါချေ။

စိုင်း သူ၏ထိုင်ခုံကျောမှီပေါ်သို့မှီချလိုက်ရင်း မျက်လုံးအား ခဏအသာမှိတ်ထားလိုက်သည်။

ထိုအခါ ပထမဆုံးပေါ်လာသည်က ပေါက်စ၏ပယင်းရောင်မျက်ဝန်းတစ်စုံ...ထို့နောက် တောက်ပပြီးနွေးထွေးတဲ့အပြုံး....။
ဒီကောင်လေးဟာ တကယ့်ကိုရူးသွပ်ချင်စရာ။

ဘယ်တုန်းကများ သူသက်ပိုင်ကိုချစ်မိသွားခဲ့သလဲ။
အိပ်လိုက်တဲ့အခါ
အိမ်မက်ရှည်တစ်ခုကိုရုတ်တရက်မက်လိုက်ရသလိုမျိုး....အိမ်မက်ရဲ့အစကို
မသိခဲ့သလို ဘယ်အချိန်မှာအိပ်ပျော်သွားခဲ့မှန်း သတိမထားမိလိုက်သလို....
ထိုကဲ့သို့ အလားတူ သက်ပိုင်ကိုဘယ်အချိန်မှာ စတင်ချစ်မိသွားမှန်းမသိလိုက်ချေ။

အစကိုမသိခဲ့ပေမဲ့ လက်ရှိတွင်တော့
သူရဲ့နှလုံးသားတစ်ခုလုံးကို သက်ပိုင်အားအပ်နှံထားခဲ့မိပြီးပြီဖြစ်သလို
လေးနက်သော မြတ်နိုးခြင်းတွေဖြင့် နက်နက်နဲနဲချစ်မိသွားခဲ့ပြီးပြီဖြစ်၏။

ဘယ်လောက်ပဲ ပြေးထွက်ပြေးထွက်၊ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊
ငါပြန်လမ်းရှာမရတဲ့ ကမ္ဘာဟာမင်းရဲ့အချစ်ဝင်္ကပါဆိုတဲ့ရပ်ဝန်းငယ်လေးပဲ
အသက်။

*****

"ဒါတွေက လုပ်ငန်းစုတွေရဲ့စာရင်းတွေပါ Boss....
လက်ရှိအချိန်မှာတော့ လုပ်ငန်းအားလုံးကောင်းကောင်းလည်ပတ်နေပါတယ်"

စက် ပေးသော စာရွက်စာတမ်းများအား စိုင်းအသေးစိတ်လိုက်ကြည့်လိုက်သည်။ စိုင်းတွင် မြေအောက်လောကနှင့်လုံးလုံးမျှမသက်ဆိုင်သည့် လုပ်ငန်းအသေးစားလေး သုံးလေးခုလောက်ရှိလေသည်။
ဒုစရိုက်လောကမှထွက်ပြီးကတည်းက ယင်းလုပ်ငန်းအနည်းငယ်ကိုသာ ဆက်လက်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

"အင်း အဆင်ပြေသားပဲ။
ဒါနဲ့ စက်လင်းလျှံ"

"ဟုတ်ကဲ့ Boss"

စိုင်း စာရွက်စာတမ်းများအား စက်အားကမ်းပေးလိုက်ခိုက် စက်၏လက်သူကြွယ်တွင်ဝတ်ဆင်ထားသော လက်စွပ်ကြောင့် မျက်ခုံးပင့်မိသွားသည်။

"လင်းသန့်က လက်သွတ်သားပဲ"

စက်က စိုင်း လက်စွပ်ကိုစိုက်ကြည့်ရင်း
ခပ်နောက်နောက်ပြောသည်ကို ရယ်လျက် ခေါင်းညိမ့်ပြလိုက်သည်။

"အဲ့ခွေးကောင်လေးက ငါ့ကိုတောင်သတိမပေးဘူး"

"မနေ့ကမှပါ"

"ဟမ်"

"မနေ့ကမှ သူခွင့်တောင်းတာ"

"အဲ့တော့ မင်းကလည်းချက်ချင်းလက်ခံပစ်လိုက်တာပဲလား"

Bossက သူ့အား ရွှတ်နောက်နောက်ဖြင့်ရယ်ရင်း လိုက် စ'နေ၏။
စက်လင်းလျှံ ရှက်ရှက်နှင့်ခေါင်းသာ
ညိမ့်ပြလိုက်ရတော့သည်။ချက်ချင့းလက်ခံလိုက်သည်ဆိုတာဟာ
တကယ်လည်း ဟုတ်သည်ကိုး။

လင်းသန့်က ဒူးထောက်ကာလက်စွပ်ဗူးဖွင့်ရုံရှိသေး သူက "လက်ခံတယ်၊လက်ထပ်ရအောင်"ဆိုပြီး ခွင့်မတောင်းခင်ကတည်းက လက်ခံခဲ့သူပင်။

"တော်တော့ တော်သေးတာပေါ့။ငါကမင်းကိုဒီတသက်ရကော ရပါ့မလားလို့လေ....
အစက မင်းနဲ့လင်းသန့်ပြတ်တော့ တကယ်ကြီးပြတ်ပြီထင်လိုက်တာ
အခုကျလက်ထပ်တော့မယ်တဲ့"

"အမှန်အတိုင်း ပြောရရင် လင်းသန့်က ကျွန်တော့် Typeမဟုတ်​ပါဘူး...
ပွေလည်းပွေတယ်...ဂျစ်ကန်ကန်လည်းနိုင်သေးတယ်..ကလေးလည်းအရမ်းဆန်တယ်၊တကယ့်ကို ကျွန်တော်သဘောကျတဲ့ပုံစံနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့တာ။"

"မင်းပြောချင်တာက.."

"ဒါပေမဲ့လည်း အဆုံးမှာကျ ကျွန်တော်သူ့ကိုချစ်မိသွားတယ်လေ....
ကျွန်တော်ထားထားတဲ့စံနှုန်းတွေကိုကျော်လွန်ပြီး လင်းသန့်ကိုချစ်မိသွားတာ...
အခြားသူတစ်ယောက်ကိုမပေးနိုင်သလို တစ်ဘဝလုံးစာအတွက်သူ့ဘေးအနားရှိနေပေးနိုင်တဲ့သူက ကျွန်တော်ပဲဖြစ်ချင်တယ်။
သူက ကျွန်တော်အလိုအပ်ဆုံးသောလူတစ်ယောက်ပါပဲ။
ကျွန်တော်လို့ ပိုင်ဆိုင်စရာရယ်လို့မယ်မယ်ရရမရှိ၊ဒုစရိုက်အလုပ်တွေအများကြီးလုပ်ခဲ့တဲ့ကောင်ကို လင်းသန့်ကအများကြီးချစ်ပေးခဲ့တာ...."

"......."

"ငယ်ကတည်းက လိုချင်တာမရှိခဲ့သလိုတပ်မက်စရာမရှိခဲ့ပေမဲ့ လင်းသန့်ကိုတွေ့လိုက်ရတဲ့အခါမှာတော့ ကျွန်တော်လောဘထားတတ်လာခဲ့တယ်...
ကုန်ကုန်ပြောရရင် လင်းသန့်ကကျွန်တော့်အတွက်မရှိမဖြစ်ပါပဲ။
ကျွန်တော့်တို့ကို လက်ခံပေးပါ ယောက်ဖ!!"

ရုတ်တရက်ကြီး ခါးကိုင်းကာဦးညွှတ်၍အော်ပြောလာသော စက်လင်းလျှံကြောင့် စိုင်းကြောင်သွားမိသည်။
ထို့နောက် အနေရခတ်စွာဖြင့်

"အေးပါကွာ..ငါကမင်းတို့ကိုလက်ခံပြီးသားပါ...ဘာပဲဖြစ်ဖြစ် ဂုဏ်ယူပါတယ်။"

စိုင်း စက်၏အနားသို့လျှောက်သွားလိုက်တော့ စက်ကသူ့ကိုမော့ကြည့်သည်။
စက်၏ပုခုံးအားလက်နှင့်ပုတ်လိုက်ရင်း

"လင်းသန့်ကိုသေချာဂရုစိုက်နော်...သူကငါတို့မိသားစုရဲ့ ဆည်းလည်းလေးမို့"

"ပြောစရာလိုသေးလို့လား ယောက်ဖ"

ယောက်ဖ ဟူသောနာမ်စားတွင်တော့စိုင်းနည်းနည်းမျက်မှောင်ကျူံ့လိုက်မိသည်။
အဘယ်ကြောင့်ဆိုသော ယင်းနာမ်စားကြီးသည်လုံးလုံးမျှနားထောင်လို့မကောင်းပေ။

အဲ့ဒါထက်
တစ်စုံတစ်သန့်ကတော့
တစ်စုံတစက်ရဲ့ ယောက်ျားဖြစ်ရပြီဟုဆိုကာ အပျော်ကြီးပျော်နေလေတော့၏။

*****

အစက စိုင်းဒီကိုလာရန်အကြောင်းပြချက်မရှိသော်လည်း
စိတ်၏လှုံ့ဆော်မှုအရ နောက်ဆုံးတွင်တော့ အစမ်းလေ့ကျင်သရုပ်ဆောင်ရသည့်
စတူဒီယိုသို့ရောက်လာခဲ့လေသည်။

စိုင်း စတူဒီယိုဝင်လိုက်ချင်းမှာ ဇာတ်ညွှန်းဖတ်နေသော သရုပ်ဆောင်အချို့ကိုတွေ့ရပြီး မျက်လုံးအား အနည်းငယ်ကစားလိုက်သည့်အခါတွင်တော့ အခန်းထောင့်နားတွင် ဇာတ်ညွှန်းစာရွက်တရွက်အားကိုင်လျက်အလုပ်ရှုပ်နေသော သူ၏အသက်ကလေးအားတွေ့လို​က်ရသည်။

စိုင်း စတူဒီယိုထဲသို့ ဝင်လိုက်ရင်း သရုပ်ဆောင်များအားခေါင်းတချက်ငြိမ့်ကာနှုတ်ဆက်၍ သက်ပိုင်ဆီသို့သာ ဦးတည်သွားလိုက်သည်။

"အလုပ်အရမ်းရှုပ်နေတာလား"

သက်ပိုင် ရင်းနှီးလှသည့်အသံကြောင့်မော့ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်းလေးလေးငယ်ပင်။
ရုတ်တရက်ဖြစ်သည်မို့ သက်ပိုင်၏နှလုံးသားက မြင်းတစ်ကောင်ကဲ့သို့ ကဆုန်ပေါက်ခုန်နေလေသည်။

အနီးကပ်မြင်နေရသည့်
ယင်းမျက်ဝန်းနက်နက်တို့ဟာ ဘယ်လောက်တောင်ညှို့အားပြင်းလိုက်ပါသလဲလေ။

"လေးလေးငယ်"

"အင်း ဘာတုန်း"

"ဘယ်လိုရောက်လာတာလဲ"

"ကားနဲ့လေ"

"မဟုတ်ဘူးလေ ဘာကိစ္စရှိလို့လဲလို့မေးတာ"

သက်ပိုင်၏အပြောကိုကြားတော့ လေးလေးငယ်ကမျက်မှောင်ကြုပ်သည်။
အကြည့်တို့ဟာ အလိုမကျစွာဖြင့်။

"ကိစ္စရှိမှငါကလာသင့်တာလား"

"မဟုတ်ပါဘူး လေးလေးငယ်လာချင်တဲ့အချိန်လာလို့ရပါတယ်"

"အင်း အခုကအလုပ်များနေတာလား"

"မများပါဘူး"

ထိုအချိန်မှာပဲ စတူဒီယိုအခန်းထဲသို့ ဝင်လာသော လူတစ်ယောက်ကြောင့် စိုင်းကောသက်ပိုင်ပါတံခါးပေါက်ဘက်ကိုလှည့်ကြည့်လိုက်မိကြသည်။

တံခါးပေါက်ဝတွင်တော့ မျိုးဆက်ကရပ်နေ၍ စိုင်းအားတောက်ပစွာပြုံးပြနေလေသည်။

"မင်းရောက်နေပြီလား၊ ငါ့ကိုပြောလိုက်တာမဟုတ်ဘူး"

အကိုမျိုးဆက်က တက်ကြွစွာဖြင့်လေးလေးငယ်စီသို့လျှောက်လာလေသည်။

"ခဏကတင်ရောက်တာ
သက်ပိုင်ကိုခဏလောက်ဝင်တွေ့တာ"

"အော် ပြီးပြီလား"

"အင်း"

"ဒါဆိုသွားရအောင်လေ"

အကိုမျိုးဆက်၏အပြောကို လေးလေးငယ်ကခေါင်းငြိမ့်လိုက်ရင်း သက်ပိုင် ဘက်သို့လှည့်ကာ..

"ငါသူနဲ့ချိန်းထားတာလေးရှိလို့..နောက်မှတွေ့မယ်နော်သက်ပိုင်"

သက်ပိုင် ပြုံးကာခေါင်းငြိမ့်လိုက်ရင်း လေးလေးငယ်...အကိုမျိုးဆက်နှင့်ထွက်သွားသည်ကိုအနောက်မှကြည့်နေခဲ့ရလေသည်။

အစက လေးလေးငယ်က သူ့စီကိုလာတယ်လို့သူထင်မိသွားတာကို သူမလိမ်ပါချေ။ဒါကြောင့်လည်းသူသိပ်ပျော်သွားခဲ့တာပင်။သို့သော် ဝမ်းနည်းစရာက လေးလေးငယ်လာတွေ့သည့်သူဟာ
သက်ပိုင်မဟုတ်ပဲ သက်ပိုင်ဟာ ကျော်ခိုင်းခဲ့ရသူပင်ဖြစ်ခဲ့သည်။

လက်ထဲမှ ဇာတ်ညွှန်းစာရွက်အားဖိချေလိုက်ရင်း သူ၏နှလုံးသားဟာလည်းစာရွက်တစ်ရွက်ကဲ့သို့ဆုတ်ဖြဲခြင်းခံလို​က်ရသလိုပင်။

သူဘာတွေများ မျှော်လင့်နေမိတာလဲ....။

******

စိုင်း သက်ပိုင်အား တွေ့လည်းတွေ့ချင်သည် တွေ့ရန်အကြောင်းပြချက်ကိုလည်းမစဥ်းစားမိ။
ထို့ကြောင့်နောက်ဆုံးတွင် မျိုးဆက်ကိုအသုံးချကာ ပေါက်စနှင့်စကားပြောနိုင်ရန်ကြံရွယ်ခဲ့ခြင်းပင်။

သို့သော် သက်ပိုင်၏မျက်ဝန်းတွေကိုမြင်လိုက်ရခိုက်မှာတော့ သူ၏ဆုံး​ဖြတ်ချက်များမှားသွားကြောင်းသိရှိလိုက်ရလေသည်။

မတွေ့ရမနေနိုင်ဘူး၊
မမြင်ရမနေနိုင်ဘူး၊
မလွမ်းရမနေနိုင်ဘူး၊
သိပ်ခက်တယ်...
မင်းကို
မချစ်မိအောင်နေဖို့သိပ်ကိုခက်လွန်းတယ် အသက်ရယ်။

******

Alexander AN(Ah Nyo)
Jun.5.2023

အပျင်းတစ်နေလို့ပါငိငိ><

*******

"အန္ကယ္ ဘာဇာတ္ကားၾကည့္ေနတာလဲ"

သင္းရတနာက စူးစမ္းသည့္ဟန္ႏွင့္ စိုင္းၾကည့္ေနေသာ Laptop စီသို႔ေခါင္းငုံ႔ကာ
ၾကည့္လာသည္။

သင္းရတနာ၏ အေမးကိုေတာ့ စိုင္းျပန္မေျဖျဖစ္ မေျဖလည္း သင္းရတနာက သိေနၿပီးသားကိုး။ ယင္းဇာတ္ကားကေတာ့
သင္းရတနာသေဘာအက်ဆုံး စာေရးဆရာျဖစ္သူ Paiရဲ႕ ဝတၳဳ၏Live Actionျဖစ္ေသာေၾကာင့္ပင္။

သက္ပိုင္ ေရးထားေသာဝတၳဳ၏ Live actionကား လြန္ခဲ့ေသာ တပတ္ကမွ စထြက္ခဲ့ျခင္းျဖစ္၍ အခုဆိုအပိုင္း(4)ပင္ေရာက္ေနၿပီျဖစ္သည္။

မ်ိဳးဆက္အား တစ္ခါတစ္ေလသြားေတြ႕သည့္အခါမ်ားဆိုလွ်င္ သက္ပိုင္အား မၾကာခဏေတြ႕ရတတ္ေလသည္။
ေတြ႕သည့္အခါတိုင္းလည္း ဇာတ္ၫႊန္းတိုက္ေနသည့္ အခါမ်ားျဖစ္ေသာေၾကာင့္ သက္ပိုင္ႏွင့္အတူသ႐ုပ္ေဆာင္မ်ားကိုလည္းေတြ႕ရေသး၏။

"ေအာ္ Paiရဲ႕ ဇာတ္လမ္းလား"

သင္းရတနာက ေခါင္းတညိမ့္ညိမ့္ႏွင့္ အျခားတဖက္သို႔လွည့္သြားသည္။
ထို႔ေနာက္ ဆိုဖာေပၚ၌ ေျခပစ္လက္ပစ္လဲခ်လိုက္ရင္း အလိုမက်ဟန္ႏွင့္
ႏွာအား
တခ်က္မႈတ္သည္။

"အန္ကယ္သိလား
အခု Paiက သတင္းေတြထြက္ေနတာေလ"

ဒီတစ္ေခါက္တြင္ စိုင္းမ်က္ခုံးအနည္းငယ္ပင့္သြားသည္။

"ဘာသတင္းလဲ"

"သူ႕ရဲ႕ အခု Horror live action
မွာပါတဲ့ သ႐ုပ္ေဆာင္ ႐ိႈင္းမင္းဆက္ကိုသိတယ္မလား"

သင္းရတနာက ေျပာလက္စကိုရပ္ၿပီး စိုင္းအား ၾကည့္လာသည္။
စိုင္းလည္း သိတယ္ဆိုေသာဟန္ႏွင့္ေခါင္းတခ်က္ညိမ့္ျပလိုက္၏။
ထိုအခါမွ
သင္းရတနာက သူ႕စကားကိုဆက္လက္ေျပာ၏။

"အင္း အဲ့႐ိႈင္းမင္းဆက္နဲ႔ Paiရဲ႕သတင္းေတြထြက္တာေလ။
Behind the scenes မွာ ႐ိႈင္းမင္းဆက္နဲ႔Paiရဲ႕ ဇာတ္ၫႊန္းဖတ္ေနတဲ့ပုံေတြနဲ႔ momentဘာညာေတြထြက္လာေတာ့ Fujoshiမေတြအႀကိဳက္ေပါ့။
အဲ့မွာ အခုေတာင္ Fan clubေတြဘာေတြနဲ႔"

သင္းရတနာ၏ စကားမ်ားေၾကာင့္ စိုင္း၏ခါးက မတ္ကနဲျဖစ္သြားကာ
သတိေနအထားကဲ့သို႔ျဖစ္သြားသည္။

"ၿပီးေတာ့ေကာ"

"သမီးလည္း သိပ္မသိဘူး။အခုတေလာ အဲ့ပြဲေတြဘာေတြညာေတြဘက္မလွည့္ႏိုင္ဘူးေလ၊ သင္တန္းခ်ိန္ေတြျပည့္ေနတာ၊အလုပ္ကလည္းတဖက္နဲ႔"

"အင္း"

စိုင္း သူအေ႐ွ႕မွ Laptopထဲ႐ွိ ဇာတ္ကားအား အၾကည့္ပို႔လိုက္ရင္း
ဇာတ္ကားထဲ႐ွိ ဇာတ္လိုက္ျဖစ္သူအားအေသအခ်ာစိုက္ၾကည့္ေနမိသည္။

"႐ိႈင္းမင္းဆက္တဲ့လား...."

ဂုတ္ေထာက္ေနသည့္ ဆံပင္ႏွင့္ စူး႐ွ
သည့္ မ်က္ဝန္း၊သြတ္လက္တက္ႂကြတဲ့ ပုံစံအေနအထားက ေခတ္
လူငယ္တစ္ေယာက္၏vibeအျပည့္။

ၾကည့္လက္စ ဇာတ္လမ္းဆီမွ ထြက္၍
Facebookထဲသို႔ဝင္လိုက္၏။
ထို႔ေနာက္ ဇာတ္ကားနာမည္ကို႐ိုက္႐ွာလိုက္ေတာ့
ဇာတ္ကား၏အပိုင္းမ်ားႏွင့္ Promoteလုပ္ထားေသာ ဇာတ္လမ္းအပိုင္းအစမ်ားကိုအရင္ဆုံးေတြ႕ရေလသည္။

​ေအာက္သို႔ဆြဲရင္းဆြဲရင္း ေတြ႕လိုက္ရေသာ Postတစ္ခုတြင္ေတာ့ စိုင္း၏ Mouseကိုင္ထားေသာလက္ေခ်ာင္းမ်ားကရပ္တန္႔သြားသည္။

Postက အျခားမဟုတ္ သက္ပိုင္ႏွင့္
႐ိႈင္းမင္းဆက္ဆိုေသာေကာင္​ေလးတို႔၏ဓာတ္ပုံမ်ားပင္။
႐ိႈင္းမင္းဆက္၏လက္မ်ားက သက္ပိုင္၏လက္ေမာင္းမ်ားအား ခိုတြဲထားသည့္ ပုံမ်ားအျပင္
သက္ပိုင္အားအေနာက္မွသိုင္းဖက္ေနသည့္ပုံမ်ားလည္းပါဝင္ေနေသးသည္။

႐ိႈင္းမင္းဆက္က အသက္21ႏွစ္အ႐ြယ္သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္၍
သက္ပိုင္ ထက္ပင္ငယ္ပါ၏။
အရပ္က 5ေပ9လက္မသာ
သာ႐ွိသည္မို႔ အရပ္6ေပ3လက္မ႐ွိေသာ
သက္ပိုင္ထက္အေတာ္႕ပင္နိမ့္ေနေလသည္။

သင္းရတနာေျပာသည့္ Momentဆိုသည့္အရာမ်ားအားၾကည့္မိေတာ့ မသိလွ်င္တကယ့္အတြဲေတြလို။
ထမင္းအတူတူစားရင္း ရယ္ေမာေန
ၾကသည့္ ဗီဒီယိုမ်ားအျပင္ အခ်ိဳ႕ေသာ အထင္လြဲစရာဓာတ္ပုံမ်ား ကိုလည္းေတြ႕ရေသး၏။

သက္ပိုင္ႏွင့္ သူႏွင့္ဘာမွမပတ္သတ္ေသာေၾကာင့္ သူ႕မွာေျပာပိုင္ခြင့္မ႐ွိေသာ္လည္း သက္ပိုင္အား အလြန္ပင္သဝန္တိုမိပါသည္။

သို႔ေသာ္ သူ႕မွာ ထိုကဲ့သို႔လုပ္ပိုင္ခြင့္မ်ိဳးေကာ႐ွိပါရဲ႕လား။
ပိုင္လည္းမပိုင္တဲ့အျပင္ ဆိုင္လည္းမဆိုင္သူမို႔ အတၱဆန္ပိုင္ခြင့္မ႐ွိသလို ခ်ဳပ္ခ်ယ္ပိုင္ခြင့္လည္း မ႐ွိပါေခ်။

စိုင္း သူ၏ထိုင္ခုံေက်ာမွီေပၚသို႔မွီခ်လိုက္ရင္း မ်က္လုံးအား ခဏအသာမွိတ္ထားလိုက္သည္။

ထိုအခါ ပထမဆုံးေပၚလာသည္က ေပါက္စ၏ပယင္းေရာင္မ်က္ဝန္းတစ္စုံ...ထို႔ေနာက္ ေတာက္ပၿပီးေႏြးေထြးတဲ့အျပဳံး....။
ဒီေကာင္ေလးဟာ တကယ့္ကို႐ူးသြပ္ခ်င္စရာ။

ဘယ္တုန္းကမ်ား သူသက္ပိုင္ကိုခ်စ္မိသြားခဲ့သလဲ။
အိပ္လိုက္တဲ့အခါ
အိမ္မက္႐ွည္တစ္ခုကို႐ုတ္တရက္မက္လိုက္ရသလိုမ်ိဳး....အိမ္မက္ရဲ႕အစကို
မသိခဲ့သလို ဘယ္အခ်ိန္မွာအိပ္ေပ်ာ္သြားခဲ့မွန္း သတိမထားမိလိုက္သလို....
ထိုကဲ့သို႔ အလားတူ သက္ပိုင္ကိုဘယ္အခ်ိန္မွာ စတင္ခ်စ္မိသြားမွန္းမသိလိုက္ေခ်။

အစကိုမသိခဲ့ေပမဲ့ လက္႐ွိတြင္ေတာ့
သူရဲ႕ႏွလုံးသားတစ္ခုလုံးကို သက္ပိုင္အားအပ္ႏွံထားခဲ့မိၿပီးၿပီျဖစ္သလို
ေလးနက္ေသာ ျမတ္ႏိုးျခင္းေတြျဖင့္ နက္နက္နဲနဲခ်စ္မိသြားခဲ့ၿပီးၿပီျဖစ္၏။

ဘယ္ေလာက္ပဲ ေျပးထြက္ေျပးထြက္၊ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား၊
ငါျပန္လမ္း႐ွာမရတဲ့ ကမ႓ာဟာမင္းရဲ႕အခ်စ္ဝကၤပါဆိုတဲ့ရပ္ဝန္းငယ္ေလးပဲ
အသက္။

*****

"ဒါေတြက လုပ္ငန္းစုေတြရဲ႕စာရင္းေတြပါ Boss....
လက္႐ွိအခ်ိန္မွာေတာ့ လုပ္ငန္းအားလုံးေကာင္းေကာင္းလည္ပတ္ေနပါတယ္"

စက္ ေပးေသာ စာ႐ြက္စာတမ္းမ်ားအား စိုင္းအေသးစိတ္လိုက္ၾကည့္လိုက္သည္။ စိုင္းတြင္ ေျမေအာက္ေလာကႏွင့္လုံးလုံးမွ်မသက္ဆိုင္သည့္ လုပ္ငန္းအေသးစားေလး သုံးေလးခုေလာက္႐ွိေလသည္။
ဒုစ႐ိုက္ေလာကမွထြက္ၿပီးကတည္းက ယင္းလုပ္ငန္းအနည္းငယ္ကိုသာ ဆက္လက္လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။

"အင္း အဆင္ေျပသားပဲ။
ဒါနဲ႔ စက္လင္းလွ်ံ"

"ဟုတ္ကဲ့ Boss"

စိုင္း စာ႐ြက္စာတမ္းမ်ားအား စက္အားကမ္းေပးလိုက္ခိုက္ စက္၏လက္သူႂကြယ္တြင္ဝတ္ဆင္ထားေသာ လက္စြပ္ေၾကာင့္ မ်က္ခုံးပင့္မိသြားသည္။

"လင္းသန္႔က လက္သြတ္သားပဲ"

စက္က စိုင္း လက္စြပ္ကိုစိုက္ၾကည့္ရင္း
ခပ္ေနာက္ေနာက္ေျပာသည္ကို ရယ္လ်က္ ေခါင္းညိမ့္ျပလိုက္သည္။

"အဲ့ေခြးေကာင္ေလးက ငါ့ကိုေတာင္သတိမေပးဘူး"

"မေန႔ကမွပါ"

"ဟမ္"

"မေန႔ကမွ သူခြင့္ေတာင္းတာ"

"အဲ့ေတာ့ မင္းကလည္းခ်က္ခ်င္းလက္ခံပစ္လိုက္တာပဲလား"

Bossက သူ႕အား ႐ႊတ္ေနာက္ေနာက္ျဖင့္ရယ္ရင္း လိုက္ စ'ေန၏။
စက္လင္းလွ်ံ ႐ွက္႐ွက္ႏွင့္ေခါင္းသာ
ညိမ့္ျပလိုက္ရေတာ့သည္။ခ်က္ခ်င့းလက္ခံလိုက္သည္ဆိုတာဟာ
တကယ္လည္း ဟုတ္သည္ကိုး။

လင္းသန္႔က ဒူးေထာက္ကာလက္စြပ္ဗူးဖြင့္႐ုံ႐ွိေသး သူက "လက္ခံတယ္၊လက္ထပ္ရေအာင္"ဆိုၿပီး ခြင့္မေတာင္းခင္ကတည္းက လက္ခံခဲ့သူပင္။

"ေတာ္ေတာ့ ေတာ္ေသးတာေပါ့။ငါကမင္းကိုဒီတသက္ရေကာ ရပါ့မလားလို႔ေလ....
အစက မင္းနဲ႔လင္းသန္႔ျပတ္ေတာ့ တကယ္ႀကီးျပတ္ၿပီထင္လိုက္တာ
အခုက်လက္ထပ္ေတာ့မယ္တဲ့"

"အမွန္အတိုင္း ေျပာရရင္ လင္းသန္႔က ကြၽန္ေတာ္႕ Typeမဟုတ္​ပါဘူး...
ေပြလည္းေပြတယ္...ဂ်စ္ကန္ကန္လည္းႏိုင္ေသးတယ္..ကေလးလည္းအရမ္းဆန္တယ္၊တကယ့္ကို ကြၽန္ေတာ္သေဘာက်တဲ့ပုံစံနဲ႔ဆန္႔က်င္ဘက္ျဖစ္ေနခဲ့တာ။"

"မင္းေျပာခ်င္တာက.."

"ဒါေပမဲ့လည္း အဆုံးမွာက် ကြၽန္ေတာ္သူ႕ကိုခ်စ္မိသြားတယ္ေလ....
ကြၽန္ေတာ္ထားထားတဲ့စံႏႈန္းေတြကိုေက်ာ္လြန္ၿပီး လင္းသန္႔ကိုခ်စ္မိသြားတာ...
အျခားသူတစ္ေယာက္ကိုမေပးႏိုင္သလို တစ္ဘဝလုံးစာအတြက္သူ႕ေဘးအနား႐ွိေနေပးႏိုင္တဲ့သူက ကြၽန္ေတာ္ပဲျဖစ္ခ်င္တယ္။
သူက ကြၽန္ေတာ္အလိုအပ္ဆုံးေသာလူတစ္ေယာက္ပါပဲ။
ကြၽန္ေတာ္လို႔ ပိုင္ဆိုင္စရာရယ္လို႔မယ္မယ္ရရမ႐ွိ၊ဒုစ႐ိုက္အလုပ္ေတြအမ်ားႀကီးလုပ္ခဲ့တဲ့ေကာင္ကို လင္းသန္႔ကအမ်ားႀကီးခ်စ္ေပးခဲ့တာ...."

"......."

"ငယ္ကတည္းက လိုခ်င္တာမ႐ွိခဲ့သလိုတပ္မက္စရာမ႐ွိခဲ့ေပမဲ့ လင္းသန္႔ကိုေတြ႕လိုက္ရတဲ့အခါမွာေတာ့ ကြၽန္ေတာ္ေလာဘထားတတ္လာခဲ့တယ္...
ကုန္ကုန္ေျပာရရင္ လင္းသန္႔ကကြၽန္ေတာ္႕အတြက္မ႐ွိမျဖစ္ပါပဲ။
ကြၽန္ေတာ္႕တို႔ကို လက္ခံေပးပါ ေယာက္ဖ!!"

႐ုတ္တရက္ႀကီး ခါးကိုင္းကာဦးၫႊတ္၍ေအာ္ေျပာလာေသာ စက္လင္းလွ်ံေၾကာင့္ စိုင္းေၾကာင္သြားမိသည္။
ထို႔ေနာက္ အေနရခတ္စြာျဖင့္

"ေအးပါကြာ..ငါကမင္းတို႔ကိုလက္ခံၿပီးသားပါ...ဘာပဲျဖစ္ျဖစ္ ဂုဏ္ယူပါတယ္။"

စိုင္း စက္၏အနားသို႔ေလွ်ာက္သြားလိုက္ေတာ့ စက္ကသူ႕ကိုေမာ့ၾကည့္သည္။
စက္၏ပုခုံးအားလက္ႏွင့္ပုတ္လိုက္ရင္း

"လင္းသန္႔ကိုေသခ်ာဂ႐ုစိုက္ေနာ္...သူကငါတို႔မိသားစုရဲ႕ ဆည္းလည္းေလးမို႔"

"ေျပာစရာလိုေသးလို႔လား ေယာက္ဖ"

ေယာက္ဖ ဟူေသာနာမ္စားတြင္ေတာ့စိုင္းနည္းနည္းမ်က္ေမွာင္က်ံဴ႕လိုက္မိသည္။
အဘယ္ေၾကာင့္ဆိုေသာ ယင္းနာမ္စားႀကီးသည္လုံးလုံးမွ်နားေထာင္လို႔မေကာင္းေပ။

အဲ့ဒါထက္
တစ္စုံတစ္သန္႔ကေတာ့
တစ္စုံတစက္ရဲ႕ ေယာက်္ားျဖစ္ရၿပီဟုဆိုကာ အေပ်ာ္ႀကီးေပ်ာ္ေနေလေတာ့၏။

*****

အစက စိုင္းဒီကိုလာရန္အေၾကာင္းျပခ်က္မ႐ွိေသာ္လည္း
စိတ္၏လႈံ႕ေဆာ္မႈအရ ေနာက္ဆုံးတြင္ေတာ့ အစမ္းေလ့က်င္သ႐ုပ္ေဆာင္ရသည့္
စတူဒီယိုသို႔ေရာက္လာခဲ့ေလသည္။

စိုင္း စတူဒီယိုဝင္လိုက္ခ်င္းမွာ ဇာတ္ၫႊန္းဖတ္ေနေသာ သ႐ုပ္ေဆာင္အခ်ိဳ႕ကိုေတြ႕ရၿပီး မ်က္လုံးအား အနည္းငယ္ကစားလိုက္သည့္အခါတြင္ေတာ့ အခန္းေထာင့္နားတြင္ ဇာတ္ၫႊန္းစာ႐ြက္တ႐ြက္အားကိုင္လ်က္အလုပ္႐ႈပ္ေနေသာ သူ၏အသက္ကေလးအားေတြ႕လို​က္ရသည္။

စိုင္း စတူဒီယိုထဲသို႔ ဝင္လိုက္ရင္း သ႐ုပ္ေဆာင္မ်ားအားေခါင္းတခ်က္ၿငိမ့္ကာႏႈတ္ဆက္၍ သက္ပိုင္ဆီသို႔သာ ဦးတည္သြားလိုက္သည္။

"အလုပ္အရမ္း႐ႈပ္ေနတာလား"

သက္ပိုင္ ရင္းႏွီးလွသည့္အသံေၾကာင့္ေမာ့ၾကည့္လိုက္ေတာ့ ထင္ထားသည့္အတိုင္းေလးေလးငယ္ပင္။
႐ုတ္တရက္ျဖစ္သည္မို႔ သက္ပိုင္၏ႏွလုံးသားက ျမင္းတစ္ေကာင္ကဲ့သို႔ ကဆုန္ေပါက္ခုန္ေနေလသည္။

အနီးကပ္ျမင္ေနရသည့္
ယင္းမ်က္ဝန္းနက္နက္တို႔ဟာ ဘယ္ေလာက္ေတာင္ညိႇဳ႕အားျပင္းလိုက္ပါသလဲေလ။

"ေလးေလးငယ္"

"အင္း ဘာတုန္း"

"ဘယ္လိုေရာက္လာတာလဲ"

"ကားနဲ႔ေလ"

"မဟုတ္ဘူးေလ ဘာကိစၥ႐ွိလို႔လဲလို႔ေမးတာ"

သက္ပိုင္၏အေျပာကိုၾကားေတာ့ ေလးေလးငယ္ကမ်က္ေမွာင္ၾကဳပ္သည္။
အၾကည့္တို႔ဟာ အလိုမက်စြာျဖင့္။

"ကိစၥ႐ွိမွငါကလာသင့္တာလား"

"မဟုတ္ပါဘူး ေလးေလးငယ္လာခ်င္တဲ့အခ်ိန္လာလို႔ရပါတယ္"

"အင္း အခုကအလုပ္မ်ားေနတာလား"

"မမ်ားပါဘူး"

ထိုအခ်ိန္မွာပဲ စတူဒီယိုအခန္းထဲသို႔ ဝင္လာေသာ လူတစ္ေယာက္ေၾကာင့္ စိုင္းေကာသက္ပိုင္ပါတံခါးေပါက္ဘက္ကိုလွည့္ၾကည့္လိုက္မိၾကသည္။

တံခါးေပါက္ဝတြင္ေတာ့ မ်ိဳးဆက္ကရပ္ေန၍ စိုင္းအားေတာက္ပစြာျပဳံးျပေနေလသည္။

"မင္းေရာက္ေနၿပီလား၊ ငါ့ကိုေျပာလိုက္တာမဟုတ္ဘူး"

အကိုမ်ိဳးဆက္က တက္ႂကြစြာျဖင့္ေလးေလးငယ္စီသို႔ေလွ်ာက္လာေလသည္။

"ခဏကတင္ေရာက္တာ
သက္ပိုင္ကိုခဏေလာက္ဝင္ေတြ႕တာ"

"ေအာ္ ၿပီးၿပီလား"

"အင္း"

"ဒါဆိုသြားရေအာင္ေလ"

အကိုမ်ိဳးဆက္၏အေျပာကို ေလးေလးငယ္ကေခါင္းၿငိမ့္လိုက္ရင္း သက္ပိုင္ ဘက္သို႔လွည့္ကာ..

"ငါသူနဲ႔ခ်ိန္းထားတာေလး႐ွိလို႔..ေနာက္မွေတြ႕မယ္ေနာ္သက္ပိုင္"

သက္ပိုင္ ျပဳံးကာေခါင္းၿငိမ့္လိုက္ရင္း ေလးေလးငယ္...အကိုမ်ိဳးဆက္ႏွင့္ထြက္သြားသည္ကိုအေနာက္မွၾကည့္ေနခဲ့ရေလသည္။

အစက ေလးေလးငယ္က သူ႕စီကိုလာတယ္လို႔သူထင္မိသြားတာကို သူမလိမ္ပါေခ်။ဒါေၾကာင့္လည္းသူသိပ္ေပ်ာ္သြားခဲ့တာပင္။သို႔ေသာ္ ဝမ္းနည္းစရာက ေလးေလးငယ္လာေတြ႕သည့္သူဟာ
သက္ပိုင္မဟုတ္ပဲ သက္ပိုင္ဟာ ေက်ာ္ခိုင္းခဲ့ရသူပင္ျဖစ္ခဲ့သည္။

လက္ထဲမွ ဇာတ္ၫႊန္းစာ႐ြက္အားဖိေခ်လိုက္ရင္း သူ၏ႏွလုံးသားဟာလည္းစာ႐ြက္တစ္႐ြက္ကဲ့သို႔ဆုတ္ၿဖဲျခင္းခံလို​က္ရသလိုပင္။

သူဘာေတြမ်ား ေမွ်ာ္လင့္ေနမိတာလဲ....။

******

စိုင္း သက္ပိုင္အား ေတြ႕လည္းေတြ႕ခ်င္သည္ ေတြ႕ရန္အေၾကာင္းျပခ်က္ကိုလည္းမစဥ္းစားမိ။
ထို႔ေၾကာင့္ေနာက္ဆုံးတြင္ မ်ိဳးဆက္ကိုအသုံးခ်ကာ ေပါက္စႏွင့္စကားေျပာႏိုင္ရန္ၾကံ႐ြယ္ခဲ့ျခင္းပင္။

သို႔ေသာ္ သက္ပိုင္၏မ်က္ဝန္းေတြကိုျမင္လိုက္ရခိုက္မွာေတာ့ သူ၏ဆုံး​ျဖတ္ခ်က္မ်ားမွားသြားေၾကာင္းသိ႐ွိလိုက္ရေလသည္။

မေတြ႕ရမေနႏိုင္ဘူး၊
မျမင္ရမေနႏိုင္ဘူး၊
မလြမ္းရမေနႏိုင္ဘူး၊
သိပ္ခက္တယ္...
မင္းကို
မခ်စ္မိေအာင္ေနဖို႔သိပ္ကိုခက္လြန္းတယ္ အသက္ရယ္။

******

Alexander AN(Ah Nyo)
Jun.5.2023

အပ်င္းတစ္ေနလို႔ပါငိငိ><

*******

Continue Reading

You'll Also Like

3.9M 115K 116
Dr. River Johnson didn't know the consequences of sleeping with the Capo of the Sicilian Mafia. She didn't even remember his name or face. But then t...
1.6M 98.3K 39
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...
618K 64.3K 25
في وسط دهليز معتم يولد شخصًا قاتم قوي جبارً بارد يوجد بداخل قلبهُ شرارةًُ مُنيرة هل ستصبح الشرارة نارًا تحرق الجميع أم ستبرد وتنطفئ ماذا لو تلون الأ...
3.5M 147K 61
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...