Unicode
အပိုင်း (၁၀၄)
ယဲ့ကျန်းသည် လူတိုင်းကြောင့် စိတ်ရှုပ်မခံရန်စဉ်းစားလိုက်၏။ သူမ၏ ပထမဆုံးခုခံအားအနေဖြင့် ကျေနပ်နှစ်သက်ဖွယ်ကောင်းသော သခင်မလေးအနေဖြင့်သာ နေကာ ထိုလူများကို အလွယ်တကူ ရင်ဆိုင်ရန် ဆုံးဖြတ်ထားသည်။
သူမ၏နောက်ခံက ပေါ်နိုင်ခြေ မရှိကြောင်း သိထားပြီးသားဖြစ်သည်။ သူမက ယခင်က ယဲ့မိသားစုမှ သမီးတစ်ယောက်ဖြစ်ပြီး လုမိသားနှင့် သွေးကြွေးရှိနေခဲ့၏။ လက်ရှိအချိန်တွင် သူမက လုယောင်ယောင်ဖြစ်သည်။ လုရှီမင်နှင့်ဇနီးဖြစ်သူ၏ သမီးဖြစ်၏။
ညနေခင်းတွင် တစ်မိသားစုလုံးက သခင်မကြီး၏ခြံဝင်းအတွင်း စုစည်းကြသည်။
ယဲ့ကျန်းက ဖေးရှီ၏အနောက်တွင် ရပ်သည်။ သည်နေ့ သူမက အာရုံစိုက်မှုများစွာကို လက်ခံနေရ၏။ သူမကိုမြင်လိုက်သည်နှင့် အစေခံများကပင် ယစ်မူးသလို ကြည့်ကြသည်။ သူမ၏ပြောင်းလဲမှုများကို သူတို့ မယုံကြည်နိုင်တော့ဟန် ရ၏။
သခင်မကြီးလုက လုရှီမင်ကို လှည့်ကြည့်ပြီးနောက် ထိုစကားများကို ဆိုသည်။
“မင်းရဲ့အစ်ကိုနှစ်ကလည်း လမ်းမှာ ရောက်နေပြီ၊ သူက ဒီနေ့ ငါ့ရဲ့မွေးနေ့ပွဲကို ပါဝင်ဆင်နွှဲဖို့ ပြန်လာမယ်လို့ ပြောထားတယ်၊ ရောက်လာရင် ငါတို့တွေ နောက်ဆုံးပြန်ဆုံနိုင်ပြီ။"
“ကျွန်တော်လည်း အစ်ကိုနှစ်ကို မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီပဲ”
လုရှီမင်က ပြုံးသည်။
ဒုတိယသခင်လုက မိသားစုမှ စီးပွားရေးလုပ်ငန်းများအားလုံးကို ကိုင်တွယ်ထား၏။ မိသားစုက ကုန်သည်အဆင့်မှ တိုးတက်လာခဲ့သော်လည်း ပင်လယ်ကိုဖြတ်ကာ ကုန်သွယ်ရသည့်အလုပ်က တစ်မျိုးဖြစ်သည်။ ထို့ကြောင့် ဒုတိယသခင်လုက ဒါကိုလက်မလွှတ်နိုင်ပေ။ သူက ဇနီးနှင့်သမီးကိုပင်ခေါ်ပြီး ကျင်းခုံမြို့တွင်သွား၍ စီးပွားရေးလုပ်ကိုင်သည်။
“ငါ့ယောက်ျားသာ ဒီနေ့ ဒီနေရာမှာ ရှိနေခဲ့ရင် မိသားစုက ပိုပြီးစည်ကားနေမှာပဲ”
ပြောင်ရှင်းကာ အရောင်ဖျော့တော့သော ဝတ်စုံများကို ဝတ်ဆင်ထားသည့် အကြီးဆုံးသခင်မကြီးလုက ဖျော့တော့စွာ ပြောသည်။ သူမ၏နာမည်ကား လျှိုရှီဖြစ်၏။
လျှိုရှီ၏စကားကြောင့် ပျော်ရွှင်ဖွယ်လေထုအခြေအနေက ပြောင်းလဲသွားသည်။ ယဲ့ကျန်းက အကြီးဆုံးသခင်မကြီးလုဆိုသူကို ကြည့်သည်။ သည်နေ့ကမှ သူမ ပထမဆုံးအကြိမ် ထိုမိန်းမကို မြင်ခဲ့ဖူးခြင်းဖြစ်၏။ သူမတို့မြို့တော်သို့ စရောက်လာသောအခါ ထိုအမျိုးသမီးက ဖျားနေသည်။ ထို့ကြောင့် လာမတွေ့ခိုင်းခဲ့ပေ။
သည်တစ်ကြိမ်ကမူ သားဖြစ်သူ လုလင်ကျစ် ပြန်လာခြင်းအား ကြိုဆိုသည့်အနေနှင့် သည်လိုရောက်လာခဲ့ခြင်းလည်းဖြစ်၏။ ပြောရလျှင် အကြီးဆုံးသခင်လု သေဆုံးသွားပြီးကတည်းက လျှိုရှီက မပျော်မရွှင်ဖြစ်နေခဲ့သည်။
သခင်မကြီးလုက မိသားစု၏ကိစ္စကြီးငယ်တိုင်းကို ကိုင်တွယ်ထား၏။ လျှိုရှီကို ဂရုစိုက်သေးသော တစ်ဦးတည်းသောသူက လုလင်ကျစ်ဖြစ်သည်။
“အမေ အဖေက ကျွန်တော်တို့ကို ထားခဲ့တာမှ မဟုတ်တာ၊ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ ရှိနေတာပဲ”
လုလင်ကျစ်က သူ၏မိခင်ကို ကြင်နာစွာ ပြောသည်။
လျှိုရှီက သူ့အားကြည့်ပြီး လုရှီမင်ကို မည်းမှောင်စွာကြည့်သည်။
“အချို့သူတွေက သူ သေဖို့တွေးနေမှာကိုပဲ ငါ စိုးရိမ်တယ်”
“နင် နေလို့မကောင်းသေးရင် ကိုယ့်အခန်းကိုယ် ပြန်နားနေသင့်တယ်၊ လူတွေ နားမလည်တဲ့စကားမျိုးတွေ ပေါက်ကရတွေ လာပြောပြီး ငါတို့ရဲ့ပျော်ရွှင်နေတဲ့ အချိန်တွေကို လာမဖျက်ဆီးစမ်းနဲ့”
သခင်မကြီးလုက ပြောသည်။
တုံ့ပြန်သည့်အနေဖြင့် ထိုမိန်းမက ပြုံးသည်။ လျှိုရှီက သခင်မကြီးလု၏ခမ်းနားမှုကို ကြောက်ရသည်မှာ ကျင့်သားရနေချေပြီ။ သို့သော်ယခုအခါ သူမ ဘာကိုမျှ မကြောက်တော့ပေ။ သူမ၏သားက အဆင့်မြင့်အရာရှိဖြစ်သည်။ တစ်မိသားစုလုံးက ကုန်သည်ဘဝမှ အထက်တန်းလွှာအဆင့်အတန်း ရောက်လာခဲ့သည်ကလည်း သည်သားကြောင့်ဖြစ်၏။ သူမ၏သားသာ မရှိလျှင်....
သူမ ပြောလိုက်ချင်သည်။
မဟုတ်ရင် လုမိသားစုက သည်လိုအခြေအနေကို ဘယ်ရောက်နိုင်မှာတဲ့လဲ။
“အမေ”
အကြီးဆုံးသခင်မလုက သခင်မကြီးလုကို ရည်ညွှန်းသည်။
“ကျွန်မက အမှန်အတိုင်းပြောတာလေ၊ ဒီမိသားစုက လူဘယ်လောက်ကများ အစပိုင်းကတည်းက အကြီးဆုံးသခင်က မိသားစုအတွက် ဘယ်လောက်တောင် ပေးဆပ်ခဲ့ရသလဲဆိုတာကို မှတ်မိနေသေးလို့လဲ၊ အကျိုးကျေးဇူးတွေကိုကျတော့ ပျော်ရွှင်ခံယူနေပြီး စိတ်ထဲမှာတော့ အတွန့်တက်နေကြမှာပဲ”
လုရှီမင်က လက်ရှိအချိန်တွင် တော်ဝင်လက်ထောက်အရာရှိဖြစ်သွားသည်။ သို့သော် သူ၏ယခင်အကြီးဆုံးအစ်ကိုကြောင့်သာ မဟုတ်လျှင် သူ ငယ်ရွယ်ချိန်က ကြိုးစားခဲ့သမျှ အားလုံးနှင့် ထိုက်တန်စွာ ရရှိခဲ့သည့် သူ၏စာရင်းထိပ်ဆုံးမှ နာမည်ကို အရာရှိသားကို ပေးလိုက်ရမည်မဟုတ်ပေ။
လုရှီမင်က ပို၍ပင်အတွန့်တက်သင့်သေး၏။
ထိုကိစ္စကြောင့်သာမဟုတ်လျှင် လုရှီမင်က သည်ထက်ပို၍ အဆင့်မြင့်နေလောက်ချေပြီ။
လျှိုရှီ၏အမြင်တွင်မူ သည်လူကြောင့် သူမ၏ယောက်ျားက သေသွားသည်အထိ ငြင်းဆန်နေခဲ့ခြင်းဖြစ်၏။
သူမ၏ယောက်ျား သေသွားခဲ့ရသော အကြောင်းပြချက်ပင်ဖြစ်နိုင်သေး၏။ လူများအားလုံးက သူမ၏ယောက်ျား၊ သမီး လုဝူရှန်းနှင့် သား လုလင်ကျစ်တို့ကြောင့် ရလာသော အောင်မြင်မှုများကို ရရန်မထိုက်တန်ပေ။
သို့သော် သခင်မကြီး၏နှလုံးသားထဲတွင်မူ သည်လိုခွဲခြားထားခြင်း မရှိပေ။ သူမက အငယ်ဆုံးသား လုရှီမင်ကို အချစ်ဆုံးဖြစ်သည်။ အကြောင်းမူကား သည်အမှုများကို မတရားခံခဲ့ရ၍ပို၍ချစ်သေး၏။ အိမ်မှ ထွက်သွားခဲ့ရသောအခါ သူမ ပိုချစ်သွားပြန်သည်။
လုလင်ကျစ်က သူ၏အမေကို မျက်မှောင်ကြုတ်ကြည့်သည်။
“အမေ ကျေးဇူးပြုပြီး ဒီလိုမပြောပါနဲ့၊ မိသားစုက လူတိုင်းက အဖေ့ကို သတိရနေကြတာပါ”
“အကြီးဆုံးယောက်မ အဲဒီနှစ်က ကိစ္စတွေက … ပြီးသွားခဲ့ပြီပဲ ကျေးဇူးပြုပြီး မေ့လိုက်ကြရအောင်”
ဖေးရှီက ညင်သာစွာ ဝင်ပြောလာသည်။
“ဒါပေါ့ လုမိသားစုက အခုတော့ ကွာခြားသွားပြီပေါ့၊ တတိယအိမ်တော်စုက ပြန်ရောက်လာပြီး နင်က အကျိုးအမြတ်တွေကို မြင်သွားပြီလေ၊ ဒီလိုအောင်မြင်မှု အခြေအနေသာ မဖြစ်ခဲ့ဘူးဆိုရင် နင်က ဒီလိုပြောပြီး ငါတို့နဲ့အတူ ထိုင်နိုင်နေပါ့မလား”
သူမက အေးစက်စွာနှာခေါင်းရှုံ့သည်။
“အကြီးဆုံးယောက်မ အကြီးဆုံးယောက်မက နားလည်မှုလွဲနေပြီထင်တယ်၊ ကျွန်မပြန်လာခဲ့တာက လုမိသားစု ကွာခြားသွားခဲ့လို့မဟုတ်ဘဲ မိခင်တာဝန် ကျေပွန်ချင်လို့ပဲ၊ အကြီးဆုံးယောက်မက ဒီလိုတွေးနေမယ်ဆိုရင် ကျွန်မတို့ အခုချက်ချင်း ရွှေ့ပြောင်းသွားလို့ရပါတယ်”
“ရွှေ့မယ် ကြားရတာတော့ ကောင်းသားပဲ၊ ဒါပေမဲ့ လူတိုင်းက နင့်ကို သနားနေပြီး ငါကပဲ အတင်းအနိုင်ကျင့်သလို ဖြစ်နေပါအုံးမယ်”
လျှိုရှီက နှာခေါင်းရှုံ့သည်။
“တိတ်စမ်း”
သခင်မကြီးလုက ဒေါသတကြီး စားပွဲကိုလက်သီးဖြင့်ထိုးသည်။ သည်အကြီးဆုံး ချွေးမကို စိတ်ပျက်စွာ အေးစက်စွာ စိုက်ကြည့်လိုက်၏။
...
Zawgyi
အပိုင္း (၁၀၄)
ယဲ့က်န္းသည္ လူတိုင္းေၾကာင့္ စိတ္ရႈပ္မခံရန္စဥ္းစားလိုက္၏။ သူမ၏ ပထမဆုံးခုခံအားအေနျဖင့္ ေက်နပ္ႏွစ္သက္ဖြယ္ေကာင္းေသာ သခင္မေလးအေနျဖင့္သာ ေနကာ ထိုလူမ်ားကို အလြယ္တကူ ရင္ဆိုင္ရန္ ဆုံးျဖတ္ထားသည္။
သူမ၏ေနာက္ခံက ေပၚနိုင္ေျခ မရွိေၾကာင္း သိထားၿပီးသားျဖစ္သည္။ သူမက ယခင္က ယဲ့မိသားစုမွ သမီးတစ္ေယာက္ျဖစ္ၿပီး လုမိသားႏွင့္ ေသြးေႂကြးရွိေနခဲ့၏။ လက္ရွိအခ်ိန္တြင္ သူမက လုေယာင္ေယာင္ျဖစ္သည္။ လုရွီမင္ႏွင့္ဇနီးျဖစ္သူ၏ သမီးျဖစ္၏။
ညေနခင္းတြင္ တစ္မိသားစုလုံးက သခင္မႀကီး၏ၿခံဝင္းအတြင္း စုစည္းၾကသည္။
ယဲ့က်န္းက ေဖးရွီ၏အေနာက္တြင္ ရပ္သည္။ သည္ေန႕ သူမက အာ႐ုံစိုက္မႈမ်ားစြာကို လက္ခံေနရ၏။ သူမကိုျမင္လိုက္သည္ႏွင့္ အေစခံမ်ားကပင္ ယစ္မူးသလို ၾကည့္ၾကသည္။ သူမ၏ေျပာင္းလဲမႈမ်ားကို သူတို႔ မယုံၾကည္နိုင္ေတာ့ဟန္ ရ၏။
သခင္မႀကီးလုက လုရွီမင္ကို လွည့္ၾကည့္ၿပီးေနာက္ ထိုစကားမ်ားကို ဆိုသည္။
“မင္းရဲ႕အစ္ကိုႏွစ္ကလည္း လမ္းမွာ ေရာက္ေနၿပီ၊ သူက ဒီေန႕ ငါ့ရဲ႕ေမြးေန႕ပြဲကို ပါဝင္ဆင္ႏႊဲဖို႔ ျပန္လာမယ္လို႔ ေျပာထားတယ္၊ ေရာက္လာရင္ ငါတို႔ေတြ ေနာက္ဆုံးျပန္ဆုံနိုင္ၿပီ။"
“ကြၽန္ေတာ္လည္း အစ္ကိုႏွစ္ကို မေတြ႕ရတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီပဲ”
လုရွီမင္က ၿပဳံးသည္။
ဒုတိယသခင္လုက မိသားစုမွ စီးပြားေရးလုပ္ငန္းမ်ားအားလုံးကို ကိုင္တြယ္ထား၏။ မိသားစုက ကုန္သည္အဆင့္မွ တိုးတက္လာခဲ့ေသာ္လည္း ပင္လယ္ကိုျဖတ္ကာ ကုန္သြယ္ရသည့္အလုပ္က တစ္မ်ိဳးျဖစ္သည္။ ထို႔ေၾကာင့္ ဒုတိယသခင္လုက ဒါကိုလက္မလႊတ္နိုင္ေပ။ သူက ဇနီးႏွင့္သမီးကိုပင္ေခၚၿပီး က်င္းခုံၿမိဳ႕တြင္သြား၍ စီးပြားေရးလုပ္ကိုင္သည္။
“ငါ့ေယာက္်ားသာ ဒီေန႕ ဒီေနရာမွာ ရွိေနခဲ့ရင္ မိသားစုက ပိုၿပီးစည္ကားေနမွာပဲ”
ေျပာင္ရွင္းကာ အေရာင္ေဖ်ာ့ေတာ့ေသာ ဝတ္စုံမ်ားကို ဝတ္ဆင္ထားသည့္ အႀကီးဆုံးသခင္မႀကီးလုက ေဖ်ာ့ေတာ့စြာ ေျပာသည္။ သူမ၏နာမည္ကား လွ်ိုရွီျဖစ္၏။
လွ်ိုရွီ၏စကားေၾကာင့္ ေပ်ာ္႐ႊင္ဖြယ္ေလထုအေျခအေနက ေျပာင္းလဲသြားသည္။ ယဲ့က်န္းက အႀကီးဆုံးသခင္မႀကီးလုဆိုသူကို ၾကည့္သည္။ သည္ေန႕ကမွ သူမ ပထမဆုံးအႀကိမ္ ထိုမိန္းမကို ျမင္ခဲ့ဖူးျခင္းျဖစ္၏။ သူမတို႔ၿမိဳ႕ေတာ္သို႔ စေရာက္လာေသာအခါ ထိုအမ်ိဳးသမီးက ဖ်ားေနသည္။ ထို႔ေၾကာင့္ လာမေတြ႕ခိုင္းခဲ့ေပ။
သည္တစ္ႀကိမ္ကမူ သားျဖစ္သူ လုလင္က်စ္ ျပန္လာျခင္းအား ႀကိဳဆိုသည့္အေနႏွင့္ သည္လိုေရာက္လာခဲ့ျခင္းလည္းျဖစ္၏။ ေျပာရလွ်င္ အႀကီးဆုံးသခင္လု ေသဆုံးသြားၿပီးကတည္းက လွ်ိုရွီက မေပ်ာ္မ႐ႊင္ျဖစ္ေနခဲ့သည္။
သခင္မႀကီးလုက မိသားစု၏ကိစၥႀကီးငယ္တိုင္းကို ကိုင္တြယ္ထား၏။ လွ်ိုရွီကို ဂ႐ုစိုက္ေသးေသာ တစ္ဦးတည္းေသာသူက လုလင္က်စ္ျဖစ္သည္။
“အေမ အေဖက ကြၽန္ေတာ္တို႔ကို ထားခဲ့တာမွ မဟုတ္တာ၊ ကြၽန္ေတာ္တို႔ရဲ႕ ႏွလုံးသားထဲမွာ ရွိေနတာပဲ”
လုလင္က်စ္က သူ၏မိခင္ကို ၾကင္နာစြာ ေျပာသည္။
လွ်ိုရွီက သူ႕အားၾကည့္ၿပီး လုရွီမင္ကို မည္းေမွာင္စြာၾကည့္သည္။
“အခ်ိဳ႕သူေတြက သူ ေသဖို႔ေတြးေနမွာကိုပဲ ငါ စိုးရိမ္တယ္”
“နင္ ေနလို႔မေကာင္းေသးရင္ ကိုယ့္အခန္းကိုယ္ ျပန္နားေနသင့္တယ္၊ လူေတြ နားမလည္တဲ့စကားမ်ိဳးေတြ ေပါက္ကရေတြ လာေျပာၿပီး ငါတို႔ရဲ႕ေပ်ာ္႐ႊင္ေနတဲ့ အခ်ိန္ေတြကို လာမဖ်က္ဆီးစမ္းနဲ႕”
သခင္မႀကီးလုက ေျပာသည္။
တုံ႕ျပန္သည့္အေနျဖင့္ ထိုမိန္းမက ၿပဳံးသည္။ လွ်ိုရွီက သခင္မႀကီးလု၏ခမ္းနားမႈကို ေၾကာက္ရသည္မွာ က်င့္သားရေနေခ်ၿပီ။ သို႔ေသာ္ယခုအခါ သူမ ဘာကိုမွ် မေၾကာက္ေတာ့ေပ။ သူမ၏သားက အဆင့္ျမင့္အရာရွိျဖစ္သည္။ တစ္မိသားစုလုံးက ကုန္သည္ဘဝမွ အထက္တန္းလႊာအဆင့္အတန္း ေရာက္လာခဲ့သည္ကလည္း သည္သားေၾကာင့္ျဖစ္၏။ သူမ၏သားသာ မရွိလွ်င္....
သူမ ေျပာလိုက္ခ်င္သည္။
မဟုတ္ရင္ လုမိသားစုက သည္လိုအေျခအေနကို ဘယ္ေရာက္နိုင္မွာတဲ့လဲ။
“အေမ”
အႀကီးဆုံးသခင္မလုက သခင္မႀကီးလုကို ရည္ၫႊန္းသည္။
“ကြၽန္မက အမွန္အတိုင္းေျပာတာေလ၊ ဒီမိသားစုက လူဘယ္ေလာက္ကမ်ား အစပိုင္းကတည္းက အႀကီးဆုံးသခင္က မိသားစုအတြက္ ဘယ္ေလာက္ေတာင္ ေပးဆပ္ခဲ့ရသလဲဆိုတာကို မွတ္မိေနေသးလို႔လဲ၊ အက်ိဳးေက်းဇူးေတြကိုက်ေတာ့ ေပ်ာ္႐ႊင္ခံယူေနၿပီး စိတ္ထဲမွာေတာ့ အတြန႔္တက္ေနၾကမွာပဲ”
လုရွီမင္က လက္ရွိအခ်ိန္တြင္ ေတာ္ဝင္လက္ေထာက္အရာရွိျဖစ္သြားသည္။ သို႔ေသာ္ သူ၏ယခင္အႀကီးဆုံးအစ္ကိုေၾကာင့္သာ မဟုတ္လွ်င္ သူ ငယ္႐ြယ္ခ်ိန္က ႀကိဳးစားခဲ့သမွ် အားလုံးႏွင့္ ထိုက္တန္စြာ ရရွိခဲ့သည့္ သူ၏စာရင္းထိပ္ဆုံးမွ နာမည္ကို အရာရွိသားကို ေပးလိုက္ရမည္မဟုတ္ေပ။
လုရွီမင္က ပို၍ပင္အတြန႔္တက္သင့္ေသး၏။
ထိုကိစၥေၾကာင့္သာမဟုတ္လွ်င္ လုရွီမင္က သည္ထက္ပို၍ အဆင့္ျမင့္ေနေလာက္ေခ်ၿပီ။
လွ်ိုရွီ၏အျမင္တြင္မူ သည္လူေၾကာင့္ သူမ၏ေယာက္်ားက ေသသြားသည္အထိ ျငင္းဆန္ေနခဲ့ျခင္းျဖစ္၏။
သူမ၏ေယာက္်ား ေသသြားခဲ့ရေသာ အေၾကာင္းျပခ်က္ပင္ျဖစ္နိုင္ေသး၏။ လူမ်ားအားလုံးက သူမ၏ေယာက္်ား၊ သမီး လုဝူရွန္းႏွင့္ သား လုလင္က်စ္တို႔ေၾကာင့္ ရလာေသာ ေအာင္ျမင္မႈမ်ားကို ရရန္မထိုက္တန္ေပ။
သို႔ေသာ္ သခင္မႀကီး၏ႏွလုံးသားထဲတြင္မူ သည္လိုခြဲျခားထားျခင္း မရွိေပ။ သူမက အငယ္ဆုံးသား လုရွီမင္ကို အခ်စ္ဆုံးျဖစ္သည္။ အေၾကာင္းမူကား သည္အမႈမ်ားကို မတရားခံခဲ့ရ၍ပို၍ခ်စ္ေသး၏။ အိမ္မွ ထြက္သြားခဲ့ရေသာအခါ သူမ ပိုခ်စ္သြားျပန္သည္။
လုလင္က်စ္က သူ၏အေမကို မ်က္ေမွာင္ၾကဳတ္ၾကည့္သည္။
“အေမ ေက်းဇူးျပဳၿပီး ဒီလိုမေျပာပါနဲ႕၊ မိသားစုက လူတိုင္းက အေဖ့ကို သတိရေနၾကတာပါ”
“အႀကီးဆုံးေယာက္မ အဲဒီႏွစ္က ကိစၥေတြက … ၿပီးသြားခဲ့ၿပီပဲ ေက်းဇူးျပဳၿပီး ေမ့လိုက္ၾကရေအာင္”
ေဖးရွီက ညင္သာစြာ ဝင္ေျပာလာသည္။
“ဒါေပါ့ လုမိသားစုက အခုေတာ့ ကြာျခားသြားၿပီေပါ့၊ တတိယအိမ္ေတာ္စုက ျပန္ေရာက္လာၿပီး နင္က အက်ိဳးအျမတ္ေတြကို ျမင္သြားၿပီေလ၊ ဒီလိုေအာင္ျမင္မႈ အေျခအေနသာ မျဖစ္ခဲ့ဘူးဆိုရင္ နင္က ဒီလိုေျပာၿပီး ငါတို႔နဲ႕အတူ ထိုင္နိုင္ေနပါ့မလား”
သူမက ေအးစက္စြာႏွာေခါင္းရႈံ႕သည္။
“အႀကီးဆုံးေယာက္မ အႀကီးဆုံးေယာက္မက နားလည္မႈလြဲေနၿပီထင္တယ္၊ ကြၽန္မျပန္လာခဲ့တာက လုမိသားစု ကြာျခားသြားခဲ့လို႔မဟုတ္ဘဲ မိခင္တာဝန္ ေက်ပြန္ခ်င္လို႔ပဲ၊ အႀကီးဆုံးေယာက္မက ဒီလိုေတြးေနမယ္ဆိုရင္ ကြၽန္မတို႔ အခုခ်က္ခ်င္း ေ႐ႊ႕ေျပာင္းသြားလို႔ရပါတယ္”
“ေ႐ႊ႕မယ္ ၾကားရတာေတာ့ ေကာင္းသားပဲ၊ ဒါေပမဲ့ လူတိုင္းက နင့္ကို သနားေနၿပီး ငါကပဲ အတင္းအနိုင္က်င့္သလို ျဖစ္ေနပါအုံးမယ္”
လွ်ိုရွီက ႏွာေခါင္းရႈံ႕သည္။
“တိတ္စမ္း”
သခင္မႀကီးလုက ေဒါသတႀကီး စားပြဲကိုလက္သီးျဖင့္ထိုးသည္။ သည္အႀကီးဆုံး ေခြၽးမကို စိတ္ပ်က္စြာ ေအးစက္စြာ စိုက္ၾကည့္လိုက္၏။
...