နတ်သမီးပုံပြင် 【Completed】

By Epiphany_Jinah

8.8K 1.2K 314

" ဤ ဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများအားလုံးသည် လက်တွေ့ဘဝတွင် မဖြစ်နိုင်သော နတ်သမီးပုံပြင်များသာ ဖြစ်သည်... More

⟨ 00 ⟩
⟨ 01 ⟩
⟨ 02 ⟩
⟨ 03 ⟩
⟨ 05 ⟩
⟨ 06 ⟩
⟨ 07 ⟩
⟨ 08 ⟩
⟨အပိုင်း ၀၉ - ဇာတ်သိမ်းပိုင်း ⟩
⟨ S2 - မိတ်ဆက် ⟩

⟨ 04 ⟩

611 119 41
By Epiphany_Jinah

⟨ Unicode Version ⟩
⟨ နတ်သမီးပုံပြင် ⟩

" မင်း သိပြီးပြီလား ... ***ဌာနခွဲက တာဝန်ခံမှူး ကင်ဆော့ဂျင်က ဖောက်သည်တွေဆီကနေ မရိုးသားတဲ့ပတ်သက်မှုရှိတယ်‌တဲ့ "

" သိလား တာဝန်ခံကင်ရဲ့အိမ်က ငါတို့တစ်သက်လုံးစုဝယ်တာတောင် ဝယ်နိုင်မယ့် အိမ်မဟုတ်ဘူး ... လူချမ်းသာရပ်ကွက်မှာရှိတာတဲ့ "

" ပြီးတော့ ကျောင်းတုန်းကလဲ အရမ်းပွေတာတဲ့ ငွေသာပေးရင် ဘယ်သူနဲ့မဆို အိပ်ပေးတာတဲ့ "

" အခုတလောလည်း ပရောဂျက်တွေအောင်မြင်တာ အဲ့ဒီလိုပတ်သက်မှုတွေရှိတယ်ဆို "

" အေးလေ ဂန်းဟာအုပ်စုပဲကြည့် တာဝန်ခံကင်မပါမချင်းစာချုပ်မှာ လက်မှတ်မထိုးဘူးလေ "

ဌာနထဲ မဝင်ခင်မှာပဲ ကြားလိုက်ရတဲ့အတင်းအဖျင်းတွေ။ မျက်နှာတည်တည်နဲ့ ဆော့ဂျင် ရပ်နားထောင်နိုင်ပေမယ့် မနားထောင်နိုင်ပုံရတဲ့ ကင်ထယ်ဟျောင်းကတော့ ကိုင်ထားတဲ့ကော်ဖီခွက်ကို ဖြတ်ကနဲ့ ရွေ့လျားလိုက်သည်။

" အိုမို! ဘယ်သူက! "

" ‌ထယ်ဟျောင်း! "

အပက်ခံလိုက်ရတဲ့အုပ်စုက ထူထူထောင်ထောင်ရန်စဖို့လုပ်ပေမယ့် ဆော့ဂျင်ကို မြင်တော့ မခံချိမခံသာဖြစ်ကာ တုံ့ဆိုင်းသွားသည်။

" အိုမို! လက်ချော်သွားတာပဲ ... ဆောရီး! ဒီနေ့ ကြားရတဲ့သတင်းတွေက အရမ်းစပရိုက်ဖြစ်စရာတွေမို့လို့ လက်က ဒီလို ခဏခဏချော်မိမယ်ထင်တယ် "

ထယ်ဟျောင်းကတော့ ဆတ်ဆတ်ထိမခံပြန်ပြောရင်း ဆော့ဂျင်ကို ခေါ်ကာ မော်ကြောစွာနဲ့ ဌာနထဲ ခြေချမိသည်။

" ထယ်ဟျောင်း ဘာလို့လုပ်ရတာလဲ ငါ အေးအေးဆေးဆေးပဲ နေချင်တာကို "

" အစ်ကို့ကို မကောင်းပြောနေတာလေ ဘာလို့ သည်းခံရမလဲ ပြီးတော့ အစ်ကို ဘယ်လိုလူလဲ ကျွန်တော် သိတယ်လေ "

" မင်း မသိပါဘူး ... ငါ ကျောင်းတုန်းက ကိစ္စတွေကို မင်း သေချာမသိပါဘူး "

ဆော့ဂျင်စကားကြောင့် ထယ်ဟျောင်း မျက်မှောင်ကုတ်ရင်း ခါးထောက်ကာ လှည့်ကြည့်သည်။

" ဒါဆို သူတို့ပြောတာက အမှန်လား "

" မှန်တော့ မှန်ပေမယ့် အချက်အလက်တွေက အရှေ့နဲ့အနောက်ကွဲနေတယ် "

" ဘယ်လို! "

" ကျောင်းတုန်းက ငါ့ကို ငွေပေးရင် ဘယ်သူနဲ့မဆို အိပ်တာမဟုတ်ဘူး ... အဲ့ဒီ့ဘယ်သူမဆိုက  ငါငွေပေးလိုက်ရင် ငါနဲ့လာအိပ်တာ! "

ဆော့ဂျင်ဆီက ထွက်လာတဲ့စကားကြောင့် ထယ်ဟျောင်းမျက်ဝန်းပြူးသွားသည်။ ဒီနူးညံ့ညံ့အစ်ကိုလေးက ဒီလိုဇယားတွေ ရှိခဲ့တယ်တဲ့လား။

" ဘာလဲ မယုံဘူးလား "

" မဟုတ်သေးဘူး အစ်ကိုက ဘယ်လိုလုပ်! "

" အတိတ်က အတိတ်ပဲလေ ... ငါက အဲ့ဒီ့ထက်တောင် ဆိုးခဲ့တာ ~~ "

" ကျွန်တော့်ကို လျှို့ဝှက်ထားတာလား အစ်ကိုဆော့ဂျင်!  အခုရော အဲ့ဒီလိုလုပ်နေတုန်းလား "

အနားကပ်ကာ တိုးတိုးတိတ်တိတ်လာမေးပြန်တော့ ဆော့ဂျင် သက်ပြင်းချရင်း ထယ်ဟျောင်းပခုံးကို ဖက်လိုက်သည်။

" အွန်း အခုတလော ကောင်လေးတစ်ယောက်တွေ့ထားတယ် ... မင်းပြောကြည့် သူ့ကို ဘယ်ဈေးနဲ့ခေါ်ရမလဲ .. အစ်ကိုနေတဲ့ အိမ်ကို ပေးပြီး သူ့ကို ဆွဲဆောင်လိုက်ရမလား "

ဆော့ဂျင်စကားကြောင့် ထယ်ဟျောင်းမျက်နှာမဲ့သွားပေမယ့် အလိုက်သင့်လေးပြန်ဖြေပေးလာသည်။

" ဘယ်သူမို့လို့ ဒီလောက်တောင်အဖိုးတန်တဲ့ဟာနဲ့ ဆွဲဆောင်နေတာလဲ "

" အင်း အများကြီးအဖိုးတန်တာပေါ့ သူ့နာမည်က ကင်ထယ်ဟျောင်းလေ ... အမြဲတမ်း ပွစိပွစိလုပ်တတ်တဲ့တစ်ယောက် "

ဆော့ဂျင်စကားအဆုံး ထယ်ဟျောင်းမျက်နှာ ရွှင်လာရင်း ဆော့ဂျင်လည်ပင်းကို ပြန်ဖက်တွယ်သည်။

" အဟား! ဒါဆိုရင်တော့ အိမ်နဲ့တောင် မြူဆွယ်စရာမလိုဘူး အဲ့ကောင်လေးက အစ်ကို့အတွက်ဆို ဖရီးတဲ့ ဟား ဟား "

ဆော့ဂျင်စကားကို ဟာသပြန်လုပ်ကာ အခြေအနေပြန်ကောင်းသွားပုံရတဲ့ထယ်ဟျောင်းဟာ ဆော့ဂျင်လည်ပင်းကို လက်မောင်းကြားသွင်းရင်း ရုံးခန်းထဲကို ဆွဲခေါ်သွားတော့သည်။ ထိုမြင်ကွင်းကိုတော့ အပေါ်ထပ်ကနေ စောင့်ကြည့်နေတဲ့ ဒါရိုက်တာ ဂျွန်ဂျောင်ကု။

ပျော်ကြဦးပေါ့! ဘယ်လောက်တောင် ပျော်နိုင်ဦးမှာ မို့လို့လဲ ကင်ဆော့ဂျင်!

" ဒါရိုက်တာဂျွန် အန်စီ ဘက်က တာဝန်ခံဒါရိုက်တာ အန်‌ယောင်းမင် ‌ဒါရိုက်တာကို တွေ့ခွင့်တောင်းနေပါတယ် ... "

" အင်း! နောက်တစ်နာရီလောက် စောင့်ခိုင်းလိုက်! ပြီးရင် ဒီည ၆နာရီနောက်ပိုင်း အချိန်ဇယားတွေရှင်းထားပေးပါ "

အဲ့ဒီ့နောက် သူ့အလုပ်ချိန်အတွက် သူရုံးခန်းထဲဝင်ရင်း စောင့်ကြိုနေမယ့်ကစားပွဲကို သူစီစဉ်နေခဲ့တော့သည်။

💠💠💠


" အန်စီ အုပ်စု တာဝန်ခံ ဒါရိုက်တာအန်က ဘာကြောင့် စာချုပ်ချုပ်ဆိုဖို့ ရွှေ့ဆိုင်းရတာလဲ အဲ့ဒီလို ကုမ္ပဏီသေးသေးက ဂျောင်ယွန်းအုပ်စုကို ငြင်းရဲတဲ့အထိ အချက်အလက်တွေကို ဘယ်လိုပြင်ထားလဲ ! ပြောစမ်းပါဦး ဌာနမှူးတွေ! "

အစည်းအဝေးခန်းထဲ သူ သောင်းကျန်းရင်း ကင်ဆော့ဂျင်ရဲ့မျက်နှာကိုသာ စူးစိုက်ကြည့်မိသည်။ အဖွဲ့နှစ်ခေါင်းဆောင်တာဝန်ခံကင်ဆော့ဂျင်ကတော့ ပုံမှန်ဖြစ်စွာ ငြိမ်သက်နေသည်။

တကယ်တော့ တရားခံက ဘယ်သူမှမဟုတ်။ဂျွန်ဂျောင်ကုဆိုတဲ့သူကိုယ်တိုင်ပင်။ တကယ်ဆို အန်စီ အုပ်စုက သူ့ရဲ့ဂျောင်ယွန်းအုပ်စုနဲ့ စာချုပ်ချုပ်ဆိုချင်နေတာ အသေအလဲပင်။ သူကသာ ကင်ဆော့ဂျင်နဲ့အန်းမင်ယောင်းတို့ဇာတ်လမ်းဟောင်းကို အကြောင်းပြုပြီး တမင်သက်သက်ရစ်ချင်နေတာဖြစ်သည်။

" ကျွန်တော်နဲ့နောက်ဆုံးဆွေးနွေးခဲ့တဲ့အထိတော့ အကုန်အဆင်ပြေပါတယ် ဒါရိုက်တာဂျွန်! ရုတ်တရက်ကြီး စာချုပ်ရပ်ဆိုင်းရတဲ့ အကြောင်းပြချက်ကို ချက်ချင်းပြန်တင်ပြပါမယ် ... စိတ်မပျက်စေရပါဘူး ဒါရိုက်တာဂျွန် "

မူရင်းတာဝန်ခံဖြစ်တဲ့အရောင်းဌာနအဖွဲ့တစ်အဖွဲ့မှူးတာဝန်ခံက ပြောလာလေတော့ သူ စိတ်ကုန်သလို ကြည့်လိုက်မိသည်။

" တော်ပြီ! ဒီကိစ္စ အဖွဲ့နှစ်ကို လက်လွှဲပေးလိုက်! အဖွဲ့နှစ် တာဝန်ခံက ဒီလိုကိစ္စတွေဆို ကိုယ်ရော စိတ်ရော အားစိုက်ပြီး အောင်မြင်မှုတွေ ယူလာပေးတယ်မဟုတ်လား "

ပျံ့နှံ့နေတဲ့ကောလဟာလအရ ဘာကိုဆိုလိုလဲ အစည်းအဝေးခန်းထဲက လူတိုင်းနားလည်နေသည်မို့ သူ အဓိပ္ပါယ်ပါပါမေးလိုက်မိသည်။ အမေးခံရတဲ့အဖွဲ့နှစ်တာဝန်ခံ ကင်ဆော့ဂျင်လေးကတော့ မထုံတက်သေးမျက်နှာနဲ့ တစ်ခုခုစဉ်းစားနေပုံပင်။ သူ့စကားကြောင့် လှုပ်လှုပ်ရွရွသည်းမခံနိုင်သူတစ်ယောက်ကတော့ ကင်ဆော့ဂျင်နောက်က ကင်ထယ်ဟျောင်း။

အမြင်ကပ်စရာကောင်းလိုက်တာ!

" တာဝန်ခံကင် ဒီနေ့အတွင်း စာချုပ်ရအောင် ယူထားပါ .. မနက်ဖြန် အစည်းအဝေးမတိုင်ခင် ကိစ္စတွေ အကုန်အပြီးသတ်ပါ ဘယ်ကိုယ်ရေးကိုယ်တာကိစ္စမှ ကြားဝင်မရှုပ်ပါစေနဲ့ "

" ဟုတ်ကဲ့ပါ ဒါရိုက်တာဂျွန် "

" ဒါဆို ဒီနေ့ ဒီလောက်ပဲ "

အဲ့ဒီ့နောက် အစည်းအဝေးကို သိမ်းပစ်ရင်း ညနေကျရင် ထွက်လာမယ့် ရလဒ်အတွက် သူ အတည်ပြုစစ်ဆေးဖို့ စောင့်နေမိတော့သည်။

💠💠💠

" မင်္ဂလာပါ ဒါရိုက်တာအန်! ကျွန်တော်က ကင်ဆော့ဂျင်ပါ ဂျောင်ယွန်းလျှပ်စစ်ရဲ့အရောင်းဌာနကအဖွဲ့မှူးပါ ... "

စာချုပ်ကိစ္စဆွေးနွေးဖို့ရန်အတွက် အခန်းထဲရောက်ရောက်ချင်း ကြိုရောက်နှင့်နေတဲ့ ဒါရိုက်တာအန်ကို သူ ရိုကျို့စွာ နှုတ်ဆက်လိုက်မိသည်။ ချိန်းထားတဲ့အချိန်ထက် သူပိုစောပြီး လာခဲ့ပေမယ့် သူ့ထက်အရင်ကြိုရောက်နှင့်နေတဲ့ ဒါရိုက်တာ အန်ကတော့ စားသောက်ခန်းထဲ သူ့ကိုကျောပေးကာ ရှုခင်းတွေကြည့်နေပုံရသည်။

" အာ ~~ ကင် ဆော့ ဂျင်! ရောက်လာပြီလား "

သူ့နာမည်ကို ခေါ်ကာ သူ့ဘက်လှည့်လာတော့ သူ အမြဲတမ်းမှတ်မိနေတဲ့မျက်နှာမို့ သူ့တစ်ကိုယ်လုံး ဖျော့တော့သွားရတော့သည်။

အန်ယောင်းမင်!
နောက်တစ်နည်းထပ်ပြောရရင် ခွေးကောင် အန်ယောင်းမင်

" ဘယ်လိုလဲ အံ့ဩသွားတာလား ~~ ငါ့ကို မမှတ်မိဘူးလား ~~ ဂျွန်ဂျောင်ကုကိုတောင် မမှတ်မိချင်ယောင်ဆောင်ထားတယ်ဆို! ငါ့ကို‌ရော သူ့လို မမှတ်မိချင်ယောင်ဆောင်မှာလား "

" ... "

အလိုလိုနေရင်း အန်ယောင်းမင်ရှေ့မှာ သူ နှုတ်ဆွံ့သွားမိသည်။ ဘယ်လိုပဲ အသက်ကြီးလာတယ်ပြောပြော အဲ့ဒီ့တုန်းက ခံစားခဲ့ရတဲ့ ခံစားချက်အငွေ့အသက်က အခုထိ သူ့ကိုယ်ထဲ စွဲမြဲနေတုန်းမို့လို့ အရာရာအားလုံးကို သူမေ့သွားတာတောင် အန်ယောင်းမင်ကို သူမမေ့နိုင်တာဖြစ်သည်။

ဒါနဲ့ ဘာလို့ ဂျွန်ဂျောင်ကုက ပါလာရတာပြန်လဲ ... ဒါရိုက်တာဂျွန်က သူ ရင်းနှီးခဲ့တဲ့တစ်ယောက်လား။ ဒါပေမဲ့ သူ့ဆီမှာ ဂျွန်ဂျောင်ကုနဲ့ ပတ်သက်တဲ့မှတ်ဉာဏ်မျိုးမရှိသလို အရင်က သူ့ပစ္စည်းတွေမှာလည်း ဂျောင်ကုနာမည်ဆိုတာမျိုးကမရှိ။

"  မင်းကို ကြည့်ရတာ ငါ့ကို မှတ်မိတဲ့ပုံပဲ ကင်ဆော့ဂျင်! မတွေ့ရတာကြာပြီ~~ ငါကတော့ မင်းကို အများကြီး လွမ်းနေတာ "

ပြောရင်းဆိုရင်း သူ့မျက်နှာကို လာထိကိုင်တော့ သူနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်မိသည်။ သူ့သဘောအတိုင်းသာဆို ဒီစာချုပ်ကို ချုပ်ဖို့ ကြိုးစားတော့မှာ မဟုတ်။ ဖြစ်သမျှပြသနာတာဝန်ခံကာ အပြစ်ခံယူဦးမှာဖြစ်သည်။ အခုကဖြင့် ဒီစာချုပ်အောင်မြင်ရင် သူ့အဖွဲ့က ဝန်ထမ်းတွေအကုန် ဘောနပ်ရမှာမို့ သူ သည်းခံမှဖြစ်ပေမည်။ အထူးသဖြင့် ကင်ထယ်ဟျောင်းအတွက် ငွေကအရေးကြီးသည်မို့ သူ သည်းခံမှ ရပေမည်။

"ထားပါတော့ ကင်ဆော့ဂျင်! ငါတို့ စာချုပ်ကိစ္စကို ဆွေးနွေးဖို့ နေရာပြောင်းရအောင်! "

ဘယ်ကို ခေါ်သွားမလဲ သိတာမို့လို့ ငြင်းဖို့စကား မပြောတော့။ အန်ယောင်းမင်က လူယုတ်ကောင်ဆိုပေမယ့် ပြောတဲ့စကားကိုတော့ တည်အောင်လုပ်တာ ဆော့ဂျင်သိသည်။ ထို့ကြောင့် မေးခွန်းတစ်ခုသာ  သူမေးလိုက်မိသည်။

" အန်ယောင်းမင်! ငါဘာလုပ်ရင်ဒီစာချုပ်ပေါ်မင်းလက်မှတ်ရမလဲ "

" သိချင်လား! သိချင်ရင် ငါနဲ့လိုက်ခဲ့! မင်းသာ မငြင်းဘူးဆိုရင် စာချုပ်ပေါ်မှာ ငါ့လက်မှတ်ရှိစေရမယ် "

အဲ့ဒီ့နောက် ပုံမှန်ဆွေးနွေးနေကျ စားသောက်ခန်းကနေ ထွက်ကာ အန်ယောင်းမင် ခေါ်ဆောင်သွားတဲ့ VIP ROOM ဆီ သူရောက်သွားတော့သည်။

မှောင်မိုက်ကာ ရှုပ်ယှက်ခတ်နေတဲ့အခန်းထဲ ကောင်လေးတွေနဲ့ ပလူးပလဲနေကြတဲ့ မြင်ကွင်းအလယ်မှာ သူ ခပ်မတ်မတ်ထိုင်လိုက်မိသည်။ ဒါမျိုးက သူ့အတွက်မဆန်း။ ဘဝကို ဖြစ်သလို နေချင်သွားအောင် အန်ယောင်းမင်က သင်ခဲ့ပေးတဲ့အတွက် ရွံစရာဆက်ဆံရေးတွေကိုလည်း သူ မမှုတော့။ သူ့မိဘအရင်းတွေတောင် သူ့ကို ရွံစရာသတ္တဝါလို ဆက်ဆံခဲ့ကြတာလေ။ သူစိမ်းတွေကိုဆို သူအပြစ်တင်ဖို့ ပိုဝေးသေးတာပေါ့။

" ဘာသောက်မလဲ ဆိုဂျူ? မက်ဂျူ? ဆိုမက်? "

" ငါ အရက်နဲ့ ဓာတ်မတည့်ဘူး ယောင်းမင် "

ကမ်းပေးလာသမျှငြင်းတော့ အန်ယောင်းမင်က ရယ်သည်။

" ဒီအခန်းထဲမှာပဲ မင်း သောက်ပြခဲ့တဲ့အချိန်တွေကို မေ့သွားတာလား "

" လွန်ခဲ့တဲ့နှစ်က အက်စီးဒင့်ဖြစ်ပြီး သွေးသွင်းထားရတယ် အဲ့ဒီ့သွေးပိုင်ရှင်က အရက်နဲ့ဓာတ်မတည့်ဘူး "

သူ့စကားကိုတော့ ယောင်းမင်က ခေါင်းလေးညိတ်သည်။

" ဒါဆိုလိမ္မော်ရည်မှာပေးမယ် ဒီရောက်ပြီးနောက်တော့ သောက်သွားဦးပေါ့ တစ်ခုခု "

" တော်ပြီ လိုချင်တာကိုပြော! "

သူ့စကားအဆုံးမှာတော့ အန်ယောင်းမင်က သူ့လည်တိုင်ကို ပွေ့ဖက်လာသည်။ သူ မရုန်းမိဘဲ ယောင်းမင်ကို ကြည့်လိုက်မိသည်။

" အန်ယောင်းမင် အတင်းအကျပ်လုပ်တာမျိုးကို ငါမုန်းတယ်နော် "

" စိတ်ချ! ဟိုအရင်ကလို ငါ မင်းကို ဒီလူတွေကြားထဲ အတင်းအကျပ် မလုပ်ဘူး ဆော့ဂျင် "

ခက်ထန်ခဲ့တဲ့အတိတ်ကိုပါ နှိုးဆွတော့ ဆော့ဂျင်အံကြိတ်လိုက်မိသည်။

" သွားရအောင် ဆော့ဂျင်! ငါ မင်းအတွက် သီးသန့်ပြင်ထားပေးတယ် "

အဲ့ဒီ့နောက် ဆော့ဂျင် ဘာကိုမှ မငြင်းဆန်ဘဲ အန်ယောင်းမင် ခေါ်ဆောင်ရာနောက်ကို လိုက်သွားမိတော့သည်။ တခြားနေရာတော့မဟုတ်၊ VIP ROOM တွေထဲ ရှိနေပြီးသား အခန်းတွေထဲက တစ်ခန်းထဲကိုပင်။

" အန်ယောင်းမင်! ဒီလိုမျိုး ညစ်ပတ်တာတွေ လုပ်နေသေးတာပဲ "

အခန်းထဲရောက်ရောက်ချင်း အန်ယောင်းမင်ကို သူပြောမိတော့ ဝိုင်ငှဲ့နေတဲ့အန်ယောင်းမင်ရဲ့လက်တွေ ရပ်သွားသည်။ အခန်းထဲမှာ သူ့အတွက် လိမ္မော်ရည်တစ်ခွက်က အသင့်ရှိသည်။ ကြည့်ရတာ အန်ယောင်းမင်က ကြိုတင်ပြင်ဆင်ထားခဲ့ပုံပင်။

" ဆော့ဂျင်! ညစ်ပတ်တာတော့ ဘယ်ဟုတ်မလဲ ပျော်စရာလေးတွေလေ ~~ မင်းလည်း ပျော်ခဲ့တာပဲ မဟုတ်လား ~~~ ငတုံးကောင်ကို ကာကွယ်ဖို့လို့ နာမည်တပ်ပြီး ငါတို့နဲ့ သာယာခဲ့တာပဲ "

အန်ယောင်းမင်စကားကြောင့် သူမျက်မှောင်ကြုတ်ရင်း 'ငတုံးကောင်' ဆိုတဲ့နာမ်စားကို စဉ်းစားကြည့်မိသည်။ အန်ယောင်းမင်ကို သူမှတ်မိနေသေးတယ် ဆိုပေမယ့် သူ ဘာကြောင့် သူမုန်းတီးရတဲ့ အန်ယောင်းမင်နဲ့ ညစ်ပတ်တာတွေလုပ်ဖို့ သဘောတူခဲ့လဲ သူမမှတ်မိ။

" ထားပါတော့ ...စာချုပ် ဘယ်မှာလဲ အချက်အလက်တွေ စစ်ဆေးကြည့်မယ် ပြီးတော့ သောက်လေ ငါမင်းကို အဆိပ်မခတ်ထားပါဘူး  "

အန်ယောင်းမင်စကားကြောင့် သူစာချုပ်ကို ကမ်းပေးရင်း လိမ္မော်ရည်ကို တစ်ငုံသောက်မိသည်။  အဲ့ဒီ့နောက် သူမထင်ထားရလောက်အောင် အန်ယောင်းမင်က လုပ်ငန်းစာချုပ်အကြောင်းကိုသာ ဦးတည်ပြောရင်း နာရီဝက်လောက်ကုန်ဆုံးစေလိုက်သည်။

" ပဏာမအဆင့်ကုန်ကြမ်းတွေအတွက် ငါလက်မှတ်ထိုးပေးမယ် ဆော့ဂျင်! ကျန်တာကိုတော့ ငါတို့ နောက်တစ်ကြိမ်ထပ်တွေ့ရအောင် မင်းကိုယ်တိုင်ပဲ လာခဲ့ "

" ကောင်းပြီလေ မင်းကတိတည်ဖို့မျှော်လင့်တယ်"

" ငါကတိဖျက်တာမျိုး ရှိဖူးလို့လား .."

အန်ယောင်းမင်ရဲ့စကားကြောင့် သူအန်ယောင်းမင်ကို စိုက်ကြည့်မိသည်။ ထိုခဏမှာပဲ ပူလောင်တောင့်တင်းလာတဲ့ ခန္ဓာကိုယ်ရဲ့လိုအပ်ချက်ကြောင့် သူ အန်ယောင်းမင်ကို အဓိပ္ပါယ်ပြောင်းသွားတဲ့မျက်ဝန်းတွေနဲ့ စောင်းငဲ့ကြည့်မိသည်။

" အင်း ကတိဖျက်ဖူးရင်လည်း အဲ့ဒါက ဒီတစ်ခါပဲ ဆော့ဂျင် "

အန်ယောင်းမင်ရဲ့စကားအဆုံးသတ်မှာတော့ သူဆိုဖာပေါ်လှဲချခံလိုက်ရသည်။ ဒီလိုအခြေအနေတွေထိ ကြိုတွေးထားခဲ့ပေမယ့် အန်ယောင်းမင် သူ့ကို လွှတ်ပေးဖို့ပဲ သူမျှော်လင့်နေခဲ့သည်။ အရင်တုန်းက အကြောက်တရားရှိခဲ့ပေမယ့် အခု သူ့အတွက် အကြောက်တရားဆိုတဲ့အရာကို မေ့နေခဲ့တဲ့အတွက် ဒီလို ဆက်ဆံရေးမျိုး သူထပ်မလုပ်ချင်တော့။ လွန်ခဲ့တဲ့နှစ်နှစ်ကတည်းက သူ ဒီလိုထပ်မရှုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီးသားပဲလေ။

တရိပ်ရိပ်တက်လာတဲ့ ခံစားချက်တွေကြား သူ ငြင်းဆန်ဖို့ မစွမ်းသာပေမယ့် အန်ယောင်းမင် သူ့ကို ဘာလုပ်နေလဲ သူသေချာသိသည်။ အန်ယောင်းမင်ဟာ သူ့ဘောင်းဘီခါးပတ်ကို ဆွဲဖြုတ်ကာ ဘောင်းဘီချွတ်ပစ်နေသည်ပင်။ သူ့အင်္ကျီကိုမထိဘဲ သူ့ဘောင်းဘီကို ချွတ်ပစ်နေပေမယ့် သူ့ခန္ဓာကိုယ်ကို ထိကိုင်နေတာမျိုးတော့ မလုပ်။

" ဆော့ဂျင်! တက်တူးလေးတွေ တိုးလာပြီပဲ "

အသစ်ထပ်ဖြည့်ထားတဲ့ သူ့ပေါင်ပေါ်က တက်တူးတွေကို ပွတ်သပ်ကာ မချေမငံရေရွတ်တော့ သူ စကားပြောဖို့ အားတင်းမိသည်။

" မ ~~ မလုပ်နဲ့ ~~ ငါ့ကို ... ငါ့ကို ဒီလို မလုပ်နဲ့ "

သူတားမြစ်နေပေမယ့် အန်ယောင်းမင်ရဲ့လက်တွေက သူ့ပေါင်တံတစ်လျှောက် ပွတ်သပ်ကာ တစ်နေရာအရောက်မှာ လက်တွေကိုရပ်တန့်လိုက်သည်။ အဲ့ဒီ့နောက် သူ့မျက်နှာနဲ့ နီးကပ်လာရင်း သူ့ကိုကျီစယ်ကာ သူ့နားအနား တိုးကပ်လာသည်။

" ဆော့ဂျင်~~ မင်းက ဒီအတိုင်း မင်းပဲဟာကို သူက ဘာဖြစ်လို့ သိချင်နေရတာလဲ ငါသိပ်သိချင်တယ် ... မသိချင်ယောင်ဆောင်တာက ကာကွယ်ပေးတဲ့ နည်းသစ်လား "

" ... "

" မင်း သိလား ~~ ငါ မင်းနဲ့ ဒီလို မကစားချင်တော့ပေမယ့် မင်း သိပ်ကာကွယ်ပေးချင်ခဲ့တဲ့ဂျွန်ဂျောင်ကုဆိုတဲ့ကောင်က မင်းကို ဒီလိုလုပ်ဖို့ ငါ့ကို ခိုင်းလိုက်တယ် .. နောက်ကျောဓားနဲ့ထိုးခံရတယ်လို့ မထင်ဘူး မဟုတ်လား"

အန်ယောင်းမင်ရဲ့စကားကြောင့် သူ့ရင်ဘတ်က စူးကနဲ့ နင့်ဝင်အောင့်သက်သွားရသည်။

ထပ်ပြီးတော့ ဂျွန်ဂျောင်ကု?

" ... မင်း ဒီအခန်းထဲကို ဝင်တဲ့အချိန်ကစပြီး ငါတို့နှစ်ယောက်စလုံးကို သူကြည့်နေခဲ့တာ ... ဘယ်လိုလဲ ... သူ့ရှေ့မှာပဲ မင်းကို ဖျက်ဆီးပစ်လိုက်ရမလား "

အန်ယောင်းမင်စကားတွေကို သူတုံ့ပြန်ဖို့ သူ့ခန္ဓာကိုယ်က သူ့ကိုအခွင့်အရေးမပေး။ အဲ့ဒါထက် သူသိပ်သိချင်တာက ဂျွန်ဂျောင်ကုဟာ သူကာကွယ်ချင်ခဲ့တဲ့ကောင်လေး? ဒါက ဘာကိုဆိုလိုတာလဲ ? သူမေ့နေတဲ့ အစိတ်အပိုင်းတွေထဲမှာ ဂျွန်ဂျောင်ကုက ပျောက်ကွယ်သွားခဲ့တာလား။

" အန်~~ယောင်း~~ မင်~~ မင်း သဘောအတိုင်းပဲ ငါ့ကို စိတ်ကြိုက်သာလုပ်! ...  မဆိုင်တဲ့သူတွေကို  မဆွဲထည့်နဲ့ "

အားတင်းပြီး ပြောတဲ့စကားမှာ အန်ယောင်းမင်က သူ့နှုတ်ခမ်းတွေကို လက်နဲ့ပွတ်သပ်လာသည်။

" ငါမင်းကို ခပ်ထားတဲ့ဆေးက နာရီဝက်လောက် မင်း ငြင်းဆန်လို့ရပေမယ့် နောက်မိနစ်နည်းနည်းလောက်ဆိုရင် မင်းရူးသွားရလိမ့်မယ် ... ဒါက မင်းမထိရက်ခဲ့တဲ့  ဂျွန်ဂျောင်ကုအတွက် ငါပေးနိုင်တဲ့လက်ဆောင်ပဲ ... "

ခပ်တိုးတိုးပြောပြီးတာနဲ့ အန်ယောင်းမင်က သူ့ကိုယ်ပေါ်က ထကာ အဝတ်အစားတွေကို ပြန်ပြင်ဆင်သည်။ အလူးအလဲ ခံနေရတဲ့သူ့ကို နည်းနည်းလေးတောင် ထပ်မထိတော့ဘဲ အခန်းထဲ ဝင်လာတဲ့တတိယမြောက်လူကို လှမ်းနှုတ်ဆက်သည်။

" မင်းမျှော်လင့်ထားတဲ့အတိုင်း သူပဲ ... မင်းလည်း ကတိတည်မယ်မျှော်လင့်တယ် "

အဲ့ဒီ့အချိန်မှာ သူ့အသိစိတ်တွေဟာ ရိုင်းစိုင်းခက်ထန်နေခဲ့တာနဲ့တူသည်။ ဘယ်လိုမှ ငြင်းဆန်ဖို့ တောင့်မခံနိုင်တော့တဲ့အဆုံး သူခပ်တိုးတိုးလေး ညည်းညူမိသည်။

" ... ကူညီပေးပါ ~~ "

သူ့အသံကြောင့် အန်ယောင်းမင်ဆီက ခနဲ့တဲ့တဲ့လေသံ‌ထွက်လာသည်။

" အိုးဟိုး! ဒါရိုက်တာဂျွန်! အချိန်ကောင်းလေးတွေ ပိုင်ဆိုင်နိုင်ဖို့မျှော်လင့်ပါတယ် "

အဲ့ဒီ့နောက် တံခါးဖွင့်ပိတ်သံကို သူကြားလိုက်ရပြီး သူ့အနားကို တိုးကပ်လာတဲ့လူတစ်ယောက်ကို  ခံစားမိလိုက်သည်။ မျက်ဝန်းတွေကို ခပ်ဖွဖွဖွင့်ကြည့်မိတော့ သူ့ကိုရယ်ပြနေတဲ့ ယုန်သွားလေးတွေနဲ့ ကောင်လေးကို မြင်လာတော့ သူခေါင်းခါလိုက်မိသည်။

ဒီပုံရိပ်တွေက ဘာတွေလဲ ... သူ့မှတ်ဉာဏ်ထဲက ပျောက်ဆုံးနေတဲ့အစိတ်အပိုင်းတွေလား ...

သူ့မှတ်ဉာဏ်တွေကို ရှင်းလင်းချင်တာမို့ မျက်ဝန်းတွေကိုပိတ်ကာ ပြန်ဖွင့်ကြည့်မိတော့ သူမြင်ရတာက ဒါရိုက်တာဂျွန်။ ခုနကကောင်လေးလို ယုန်သွားလေးတွေနဲ့ ပြုံးပြနေတာမျိုးမဟုတ်ပေမယ့် သူသိသည်။ ခုနက သူ့အမြင်အာရုံထဲပေါ်လာတဲ့ ကောင်လေးနဲ့ ဒါရိုက်တာဂျွန်ဟာ တစ်ယောက်တည်းဆိုတာ။

" လိုချင်နေတာမဟုတ်လား ကင်ဆော့ဂျင် "

သူ့ပါးပြင်ကို ပွတ်သပ်ကာ မေးခွန်းထုတ်လာတဲ့ဒါရိုက်တာဂျွန်။

" ... လိုချင်ရင် ဘာလို့ မတောင်းရတာလဲ ... အခုချိန်ထိတောင် ကျွန်တော်က ထိဖို့ မထိုက်တန်သေးတာလား "

ဘာကြောင့်ရယ်မသိ၊ ဒီမေးခွန်းကို သူခေါင်းခါရင်း ဒါရိုက်တာဂျွန်ရဲ့မျက်နှာဆီ လက်လှမ်းမိသည်။

သူနဲ့ဒါရိုက်တာဂျွန်ရဲ့အတိတ်က ပတ်သက်မှုက ဘာလဲ မသေချာပေမယ့် သူခံစားမိတဲ့တစ်ခုတည်းသော အရာက နောင်တတွေ။

သေချာတာက သူ နောင်တရနေတာ၊ ဘာရယ်မဟုတ် တဖျတ်တဖျတ်ပေါ်လာတဲ့မှတ်ဉာဏ်အပိုင်းအစတွေမှာ နောင်တ တရားတွေရှိသည်။

" ကင်ဆော့ဂျင်! ဒီနေ့ကစပြီး ခင်ဗျားကို ကျွန်တော် ချည်နှောင်ထားမယ် ... တဖြည်းဖြည်း တင်းကျပ်ပြီး ခင်ဗျားအသက်ရှူရခက်လောက်တဲ့အထိ ခင်ဗျားကို ချည်နှောင်မယ် "

ဒါရိုက်တာဂျွန်ရဲ့စကားအဆုံးသတ်မှာတော့ သူ ဝမ်းနည်းစွာ ဒါရိုက်တာဂျွန်ကို ဆွဲချပွေ့ဖက်ထားမိသည်။ သူ့အပြုအမူကြောင့် ဒါရိုက်တာဂျွန်ဆီက အသံမထွက်လာတော့ပေမယ့် သူ့ကို မငြင်းဆန်။

ဘာမှန်းသေချာမသိပေမယ့် ဒါရိုက်တာဂျွန်နဲ့ သူ့ကြားမှာတော့ တစ်ခုခုရှိခဲ့တာ သေချာပါသည်။ သူခံစားနေရတဲ့နောင်တတရားက ဘာလဲဆိုတာ သေချာသိဖို့အတွက် ဒါရိုက်တာဂျွန်ဆီမှာ အချည်နှောင်ခံဖို့လိုအပ်သည်။

အဲ့ဒီ့နောက် သူပွေ့ဖက်ထားမိတဲ့ဒါရိုက်တာဂျွန်ရဲ့နားရွက်ဖျားလေးကို ခပ်ဖွဖွထိကပ်မိရင်း သူငြင်းဆန်လို့မရတော့တဲ့ခံစားချက်နောက်ကို လိုက်ဖို့ သူ ဆုံးဖြတ်လိုက်မိတော့သည်။

သို့ပေမယ့်လည်း ဒါရိုက်တာဂျွန်ကတော့ သူ့ကို အခွင့်အရေးမယူခဲ့ပါ။ အသည်းအသန် လိုအပ်နေတဲ့သူ့ကို ဆေးထိုးပေးကာ သူ့အပူမီးတွေကို ငြိမ်သက်စေခဲ့တော့သည်။

💠💠💠


Happy Jinkook Day ♥️




▬▬▬▬▬▬▬▬▬▬▬▬▬▬▬
◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇◆◇
▬▬▬▬▬▬▬▬▬▬▬▬▬▬▬



⟨ Zawgyi Version ⟩
⟨ နတ္သမီးပုံျပင္ ⟩

" မင္း သိၿပီးၿပီလား ... ***ဌာနခြဲက တာဝန္ခံမႉး ကင္ေဆာ့ဂ်င္က ေဖာက္သည္ေတြဆီကေန မ႐ိုးသားတဲ့ပတ္သက္မႈရွိတယ္‌တဲ့ "

" သိလား တာဝန္ခံကင္ရဲ႕အိမ္က ငါတို႔တစ္သက္လုံးစုဝယ္တာေတာင္ ဝယ္ႏိုင္မယ့္ အိမ္မဟုတ္ဘူး ... လူခ်မ္းသာရပ္ကြက္မွာရွိတာတဲ့ "

" ၿပီးေတာ့ ေက်ာင္းတုန္းကလဲ အရမ္းေပြတာတဲ့ ေငြသာေပးရင္ ဘယ္သူနဲ႔မဆို အိပ္ေပးတာတဲ့ "

" အခုတေလာလည္း ပေရာဂ်က္ေတြေအာင္ျမင္တာ အဲ့ဒီလိုပတ္သက္မႈေတြရွိတယ္ဆို "

" ေအးေလ ဂန္းဟာအုပ္စုပဲၾကည့္ တာဝန္ခံကင္မပါမခ်င္းစာခ်ဳပ္မွာ လက္မွတ္မထိုးဘူးေလ "

ဌာနထဲ မဝင္ခင္မွာပဲ ၾကားလိုက္ရတဲ့အတင္းအဖ်င္းေတြ။ မ်က္ႏွာတည္တည္နဲ႔ ေဆာ့ဂ်င္ ရပ္နားေထာင္ႏိုင္ေပမယ့္ မနားေထာင္ႏိုင္ပုံရတဲ့ ကင္ထယ္ေဟ်ာင္းကေတာ့ ကိုင္ထားတဲ့ေကာ္ဖီခြက္ကို ျဖတ္ကနဲ႔ ေ႐ြ႕လ်ားလိုက္သည္။

" အိုမို! ဘယ္သူက! "

" ‌ထယ္ေဟ်ာင္း! "

အပက္ခံလိုက္ရတဲ့အုပ္စုက ထူထူေထာင္ေထာင္ရန္စဖို႔လုပ္ေပမယ့္ ေဆာ့ဂ်င္ကို ျမင္ေတာ့ မခံခ်ိမခံသာျဖစ္ကာ တုံ႔ဆိုင္းသြားသည္။

" အိုမို! လက္ေခ်ာ္သြားတာပဲ ... ေဆာရီး! ဒီေန႔ ၾကားရတဲ့သတင္းေတြက အရမ္းစပ႐ိုက္ျဖစ္စရာေတြမို႔လို႔ လက္က ဒီလို ခဏခဏေခ်ာ္မိမယ္ထင္တယ္ "

ထယ္ေဟ်ာင္းကေတာ့ ဆတ္ဆတ္ထိမခံျပန္ေျပာရင္း ေဆာ့ဂ်င္ကို ေခၚကာ ေမာ္ေၾကာစြာနဲ႔ ဌာနထဲ ေျခခ်မိသည္။

" ထယ္ေဟ်ာင္း ဘာလို႔လုပ္ရတာလဲ ငါ ေအးေအးေဆးေဆးပဲ ေနခ်င္တာကို "

" အစ္ကို႔ကို မေကာင္းေျပာေနတာေလ ဘာလို႔ သည္းခံရမလဲ ၿပီးေတာ့ အစ္ကို ဘယ္လိုလူလဲ ကြၽန္ေတာ္ သိတယ္ေလ "

" မင္း မသိပါဘူး ... ငါ ေက်ာင္းတုန္းက ကိစၥေတြကို မင္း ေသခ်ာမသိပါဘူး "

ေဆာ့ဂ်င္စကားေၾကာင့္ ထယ္ေဟ်ာင္း မ်က္ေမွာင္ကုတ္ရင္း ခါးေထာက္ကာ လွည့္ၾကည့္သည္။

" ဒါဆို သူတို႔ေျပာတာက အမွန္လား "

" မွန္ေတာ့ မွန္ေပမယ့္ အခ်က္အလက္ေတြက အေရွ႕နဲ႔အေနာက္ကြဲေနတယ္ "

" ဘယ္လို! "

" ေက်ာင္းတုန္းက ငါ့ကို ေငြေပးရင္ ဘယ္သူနဲ႔မဆို အိပ္တာမဟုတ္ဘူး ... အဲ့ဒီ့ဘယ္သူမဆိုက  ငါေငြေပးလိုက္ရင္ ငါနဲ႔လာအိပ္တာ! "

ေဆာ့ဂ်င္ဆီက ထြက္လာတဲ့စကားေၾကာင့္ ထယ္ေဟ်ာင္းမ်က္ဝန္းျပဴးသြားသည္။ ဒီႏူးညံ့ညံ့အစ္ကိုေလးက ဒီလိုဇယားေတြ ရွိခဲ့တယ္တဲ့လား။

" ဘာလဲ မယုံဘူးလား "

" မဟုတ္ေသးဘူး အစ္ကိုက ဘယ္လိုလုပ္! "

" အတိတ္က အတိတ္ပဲေလ ... ငါက အဲ့ဒီ့ထက္ေတာင္ ဆိုးခဲ့တာ ~~ "

" ကြၽန္ေတာ့္ကို လွ်ိဳ႕ဝွက္ထားတာလား အစ္ကိုေဆာ့ဂ်င္!  အခုေရာ အဲ့ဒီလိုလုပ္ေနတုန္းလား "

အနားကပ္ကာ တိုးတိုးတိတ္တိတ္လာေမးျပန္ေတာ့ ေဆာ့ဂ်င္ သက္ျပင္းခ်ရင္း ထယ္ေဟ်ာင္းပခုံးကို ဖက္လိုက္သည္။

" အြန္း အခုတေလာ ေကာင္ေလးတစ္ေယာက္ေတြ႕ထားတယ္ ... မင္းေျပာၾကည့္ သူ႔ကို ဘယ္ေဈးနဲ႔ေခၚရမလဲ .. အစ္ကိုေနတဲ့ အိမ္ကို ေပးၿပီး သူ႔ကို ဆြဲေဆာင္လိုက္ရမလား "

ေဆာ့ဂ်င္စကားေၾကာင့္ ထယ္ေဟ်ာင္းမ်က္ႏွာမဲ့သြားေပမယ့္ အလိုက္သင့္ေလးျပန္ေျဖေပးလာသည္။

" ဘယ္သူမို႔လို႔ ဒီေလာက္ေတာင္အဖိုးတန္တဲ့ဟာနဲ႔ ဆြဲေဆာင္ေနတာလဲ "

" အင္း အမ်ားႀကီးအဖိုးတန္တာေပါ့ သူ႔နာမည္က ကင္ထယ္ေဟ်ာင္းေလ ... အၿမဲတမ္း ပြစိပြစိလုပ္တတ္တဲ့တစ္ေယာက္ "

ေဆာ့ဂ်င္စကားအဆုံး ထယ္ေဟ်ာင္းမ်က္ႏွာ ႐ႊင္လာရင္း ေဆာ့ဂ်င္လည္ပင္းကို ျပန္ဖက္တြယ္သည္။

" အဟား! ဒါဆိုရင္ေတာ့ အိမ္နဲ႔ေတာင္ ျမဴဆြယ္စရာမလိုဘူး အဲ့ေကာင္ေလးက အစ္ကို႔အတြက္ဆို ဖရီးတဲ့ ဟား ဟား "

ေဆာ့ဂ်င္စကားကို ဟာသျပန္လုပ္ကာ အေျခအေနျပန္ေကာင္းသြားပုံရတဲ့ထယ္ေဟ်ာင္းဟာ ေဆာ့ဂ်င္လည္ပင္းကို လက္ေမာင္းၾကားသြင္းရင္း ႐ုံးခန္းထဲကို ဆြဲေခၚသြားေတာ့သည္။ ထိုျမင္ကြင္းကိုေတာ့ အေပၚထပ္ကေန ေစာင့္ၾကည့္ေနတဲ့ ဒါ႐ိုက္တာ ဂြၽန္ေဂ်ာင္ကု။

ေပ်ာ္ၾကဦးေပါ့! ဘယ္ေလာက္ေတာင္ ေပ်ာ္ႏိုင္ဦးမွာ မို႔လို႔လဲ ကင္ေဆာ့ဂ်င္!

" ဒါ႐ိုက္တာဂြၽန္ အန္စီ ဘက္က တာဝန္ခံဒါ႐ိုက္တာ အန္‌ေယာင္းမင္ ‌ဒါ႐ိုက္တာကို ေတြ႕ခြင့္ေတာင္းေနပါတယ္ ... "

" အင္း! ေနာက္တစ္နာရီေလာက္ ေစာင့္ခိုင္းလိုက္! ၿပီးရင္ ဒီည ၆နာရီေနာက္ပိုင္း အခ်ိန္ဇယားေတြရွင္းထားေပးပါ "

အဲ့ဒီ့ေနာက္ သူ႔အလုပ္ခ်ိန္အတြက္ သူ႐ုံးခန္းထဲဝင္ရင္း ေစာင့္ႀကိဳေနမယ့္ကစားပြဲကို သူစီစဥ္ေနခဲ့ေတာ့သည္။

💠💠💠


" အန္စီ အုပ္စု တာဝန္ခံ ဒါ႐ိုက္တာအန္က ဘာေၾကာင့္ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေ႐ႊ႕ဆိုင္းရတာလဲ အဲ့ဒီလို ကုမၸဏီေသးေသးက ေဂ်ာင္ယြန္းအုပ္စုကို ျငင္းရဲတဲ့အထိ အခ်က္အလက္ေတြကို ဘယ္လိုျပင္ထားလဲ ! ေျပာစမ္းပါဦး ဌာနမႉးေတြ! "

အစည္းအေဝးခန္းထဲ သူ ေသာင္းက်န္းရင္း ကင္ေဆာ့ဂ်င္ရဲ႕မ်က္ႏွာကိုသာ စူးစိုက္ၾကည့္မိသည္။ အဖြဲ႕ႏွစ္ေခါင္းေဆာင္တာဝန္ခံကင္ေဆာ့ဂ်င္ကေတာ့ ပုံမွန္ျဖစ္စြာ ၿငိမ္သက္ေနသည္။

တကယ္ေတာ့ တရားခံက ဘယ္သူမွမဟုတ္။ဂြၽန္ေဂ်ာင္ကုဆိုတဲ့သူကိုယ္တိုင္ပင္။ တကယ္ဆို အန္စီ အုပ္စုက သူ႔ရဲ႕ေဂ်ာင္ယြန္းအုပ္စုနဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခ်င္ေနတာ အေသအလဲပင္။ သူကသာ ကင္ေဆာ့ဂ်င္နဲ႔အန္းမင္ေယာင္းတို႔ဇာတ္လမ္းေဟာင္းကို အေၾကာင္းျပဳၿပီး တမင္သက္သက္ရစ္ခ်င္ေနတာျဖစ္သည္။

" ကြၽန္ေတာ္နဲ႔ေနာက္ဆုံးေဆြးေႏြးခဲ့တဲ့အထိေတာ့ အကုန္အဆင္ေျပပါတယ္ ဒါ႐ိုက္တာဂြၽန္! ႐ုတ္တရက္ႀကီး စာခ်ဳပ္ရပ္ဆိုင္းရတဲ့ အေၾကာင္းျပခ်က္ကို ခ်က္ခ်င္းျပန္တင္ျပပါမယ္ ... စိတ္မပ်က္ေစရပါဘူး ဒါ႐ိုက္တာဂြၽန္ "

မူရင္းတာဝန္ခံျဖစ္တဲ့အေရာင္းဌာနအဖြဲ႕တစ္အဖြဲ႕မႉးတာဝန္ခံက ေျပာလာေလေတာ့ သူ စိတ္ကုန္သလို ၾကည့္လိုက္မိသည္။

" ေတာ္ၿပီ! ဒီကိစၥ အဖြဲ႕ႏွစ္ကို လက္လႊဲေပးလိုက္! အဖြဲ႕ႏွစ္ တာဝန္ခံက ဒီလိုကိစၥေတြဆို ကိုယ္ေရာ စိတ္ေရာ အားစိုက္ၿပီး ေအာင္ျမင္မႈေတြ ယူလာေပးတယ္မဟုတ္လား "

ပ်ံ႕ႏွံ႔ေနတဲ့ေကာလဟာလအရ ဘာကိုဆိုလိုလဲ အစည္းအေဝးခန္းထဲက လူတိုင္းနားလည္ေနသည္မို႔ သူ အဓိပၸါယ္ပါပါေမးလိုက္မိသည္။ အေမးခံရတဲ့အဖြဲ႕ႏွစ္တာဝန္ခံ ကင္ေဆာ့ဂ်င္ေလးကေတာ့ မထုံတက္ေသးမ်က္ႏွာနဲ႔ တစ္ခုခုစဥ္းစားေနပုံပင္။ သူ႔စကားေၾကာင့္ လႈပ္လႈပ္႐ြ႐ြသည္းမခံႏိုင္သူတစ္ေယာက္ကေတာ့ ကင္ေဆာ့ဂ်င္ေနာက္က ကင္ထယ္ေဟ်ာင္း။

အျမင္ကပ္စရာေကာင္းလိုက္တာ!

" တာဝန္ခံကင္ ဒီေန႔အတြင္း စာခ်ဳပ္ရေအာင္ ယူထားပါ .. မနက္ျဖန္ အစည္းအေဝးမတိုင္ခင္ ကိစၥေတြ အကုန္အၿပီးသတ္ပါ ဘယ္ကိုယ္ေရးကိုယ္တာကိစၥမွ ၾကားဝင္မရႈပ္ပါေစနဲ႔ "

" ဟုတ္ကဲ့ပါ ဒါ႐ိုက္တာဂြၽန္ "

" ဒါဆို ဒီေန႔ ဒီေလာက္ပဲ "

အဲ့ဒီ့ေနာက္ အစည္းအေဝးကို သိမ္းပစ္ရင္း ညေနက်ရင္ ထြက္လာမယ့္ ရလဒ္အတြက္ သူ အတည္ျပဳစစ္ေဆးဖို႔ ေစာင့္ေနမိေတာ့သည္။

💠💠💠

" မဂၤလာပါ ဒါ႐ိုက္တာအန္! ကြၽန္ေတာ္က ကင္ေဆာ့ဂ်င္ပါ ေဂ်ာင္ယြန္းလွ်ပ္စစ္ရဲ႕အေရာင္းဌာနကအဖြဲ႕မႉးပါ ... "

စာခ်ဳပ္ကိစၥေဆြးေႏြးဖို႔ရန္အတြက္ အခန္းထဲေရာက္ေရာက္ခ်င္း ႀကိဳေရာက္ႏွင့္ေနတဲ့ ဒါ႐ိုက္တာအန္ကို သူ ႐ိုက်ိဳ႕စြာ ႏႈတ္ဆက္လိုက္မိသည္။ ခ်ိန္းထားတဲ့အခ်ိန္ထက္ သူပိုေစာၿပီး လာခဲ့ေပမယ့္ သူ႔ထက္အရင္ႀကိဳေရာက္ႏွင့္ေနတဲ့ ဒါ႐ိုက္တာ အန္ကေတာ့ စားေသာက္ခန္းထဲ သူ႔ကိုေက်ာေပးကာ ရႈခင္းေတြၾကည့္ေနပုံရသည္။

" အာ ~~ ကင္ ေဆာ့ ဂ်င္! ေရာက္လာၿပီလား "

သူ႔နာမည္ကို ေခၚကာ သူ႔ဘက္လွည့္လာေတာ့ သူ အၿမဲတမ္းမွတ္မိေနတဲ့မ်က္ႏွာမို႔ သူ႔တစ္ကိုယ္လုံး ေဖ်ာ့ေတာ့သြားရေတာ့သည္။

အန္ေယာင္းမင္!
ေနာက္တစ္နည္းထပ္ေျပာရရင္ ေခြးေကာင္ အန္ေယာင္းမင္

" ဘယ္လိုလဲ အံ့ဩသြားတာလား ~~ ငါ့ကို မမွတ္မိဘူးလား ~~ ဂြၽန္ေဂ်ာင္ကုကိုေတာင္ မမွတ္မိခ်င္ေယာင္ေဆာင္ထားတယ္ဆို! ငါ့ကို‌ေရာ သူ႔လို မမွတ္မိခ်င္ေယာင္ေဆာင္မွာလား "

" ... "

အလိုလိုေနရင္း အန္ေယာင္းမင္ေရွ႕မွာ သူ ႏႈတ္ဆြံ႕သြားမိသည္။ ဘယ္လိုပဲ အသက္ႀကီးလာတယ္ေျပာေျပာ အဲ့ဒီ့တုန္းက ခံစားခဲ့ရတဲ့ ခံစားခ်က္အေငြ႕အသက္က အခုထိ သူ႔ကိုယ္ထဲ စြဲၿမဲေနတုန္းမို႔လို႔ အရာရာအားလုံးကို သူေမ့သြားတာေတာင္ အန္ေယာင္းမင္ကို သူမေမ့ႏိုင္တာျဖစ္သည္။

ဒါနဲ႔ ဘာလို႔ ဂြၽန္ေဂ်ာင္ကုက ပါလာရတာျပန္လဲ ... ဒါ႐ိုက္တာဂြၽန္က သူ ရင္းႏွီးခဲ့တဲ့တစ္ေယာက္လား။ ဒါေပမဲ့ သူ႔ဆီမွာ ဂြၽန္ေဂ်ာင္ကုနဲ႔ ပတ္သက္တဲ့မွတ္ဉာဏ္မ်ိဳးမရွိသလို အရင္က သူ႔ပစၥည္းေတြမွာလည္း ေဂ်ာင္ကုနာမည္ဆိုတာမ်ိဳးကမရွိ။

"  မင္းကို ၾကည့္ရတာ ငါ့ကို မွတ္မိတဲ့ပုံပဲ ကင္ေဆာ့ဂ်င္! မေတြ႕ရတာၾကာၿပီ~~ ငါကေတာ့ မင္းကို အမ်ားႀကီး လြမ္းေနတာ "

ေျပာရင္းဆိုရင္း သူ႔မ်က္ႏွာကို လာထိကိုင္ေတာ့ သူေနာက္ကို ေျခတစ္လွမ္းဆုတ္လိုက္မိသည္။ သူ႔သေဘာအတိုင္းသာဆို ဒီစာခ်ဳပ္ကို ခ်ဳပ္ဖို႔ ႀကိဳးစားေတာ့မွာ မဟုတ္။ ျဖစ္သမွ်ျပသနာတာဝန္ခံကာ အျပစ္ခံယူဦးမွာျဖစ္သည္။ အခုကျဖင့္ ဒီစာခ်ဳပ္ေအာင္ျမင္ရင္ သူ႔အဖြဲ႕က ဝန္ထမ္းေတြအကုန္ ေဘာနပ္ရမွာမို႔ သူ သည္းခံမွျဖစ္ေပမည္။ အထူးသျဖင့္ ကင္ထယ္ေဟ်ာင္းအတြက္ ေငြကအေရးႀကီးသည္မို႔ သူ သည္းခံမွ ရေပမည္။

"ထားပါေတာ့ ကင္ေဆာ့ဂ်င္! ငါတို႔ စာခ်ဳပ္ကိစၥကို ေဆြးေႏြးဖို႔ ေနရာေျပာင္းရေအာင္! "

ဘယ္ကို ေခၚသြားမလဲ သိတာမို႔လို႔ ျငင္းဖို႔စကား မေျပာေတာ့။ အန္ေယာင္းမင္က လူယုတ္ေကာင္ဆိုေပမယ့္ ေျပာတဲ့စကားကိုေတာ့ တည္ေအာင္လုပ္တာ ေဆာ့ဂ်င္သိသည္။ ထို႔ေၾကာင့္ ေမးခြန္းတစ္ခုသာ  သူေမးလိုက္မိသည္။

" အန္ေယာင္းမင္! ငါဘာလုပ္ရင္ဒီစာခ်ဳပ္ေပၚမင္းလက္မွတ္ရမလဲ "

" သိခ်င္လား! သိခ်င္ရင္ ငါနဲ႔လိုက္ခဲ့! မင္းသာ မျငင္းဘူးဆိုရင္ စာခ်ဳပ္ေပၚမွာ ငါ့လက္မွတ္ရွိေစရမယ္ "

အဲ့ဒီ့ေနာက္ ပုံမွန္ေဆြးေႏြးေနက် စားေသာက္ခန္းကေန ထြက္ကာ အန္ေယာင္းမင္ ေခၚေဆာင္သြားတဲ့ VIP ROOM ဆီ သူေရာက္သြားေတာ့သည္။

ေမွာင္မိုက္ကာ ရႈပ္ယွက္ခတ္ေနတဲ့အခန္းထဲ ေကာင္ေလးေတြနဲ႔ ပလူးပလဲေနၾကတဲ့ ျမင္ကြင္းအလယ္မွာ သူ ခပ္မတ္မတ္ထိုင္လိုက္မိသည္။ ဒါမ်ိဳးက သူ႔အတြက္မဆန္း။ ဘဝကို ျဖစ္သလို ေနခ်င္သြားေအာင္ အန္ေယာင္းမင္က သင္ခဲ့ေပးတဲ့အတြက္ ႐ြံစရာဆက္ဆံေရးေတြကိုလည္း သူ မမႈေတာ့။ သူ႔မိဘအရင္းေတြေတာင္ သူ႔ကို ႐ြံစရာသတၱဝါလို ဆက္ဆံခဲ့ၾကတာေလ။ သူစိမ္းေတြကိုဆို သူအျပစ္တင္ဖို႔ ပိုေဝးေသးတာေပါ့။

" ဘာေသာက္မလဲ ဆိုဂ်ဴ? မက္ဂ်ဴ? ဆိုမက္? "

" ငါ အရက္နဲ႔ ဓာတ္မတည့္ဘူး ေယာင္းမင္ "

ကမ္းေပးလာသမွ်ျငင္းေတာ့ အန္ေယာင္းမင္က ရယ္သည္။

" ဒီအခန္းထဲမွာပဲ မင္း ေသာက္ျပခဲ့တဲ့အခ်ိန္ေတြကို ေမ့သြားတာလား "

" လြန္ခဲ့တဲ့ႏွစ္က အက္စီးဒင့္ျဖစ္ၿပီး ေသြးသြင္းထားရတယ္ အဲ့ဒီ့ေသြးပိုင္ရွင္က အရက္နဲ႔ဓာတ္မတည့္ဘူး "

သူ႔စကားကိုေတာ့ ေယာင္းမင္က ေခါင္းေလးညိတ္သည္။

" ဒါဆိုလိေမၼာ္ရည္မွာေပးမယ္ ဒီေရာက္ၿပီးေနာက္ေတာ့ ေသာက္သြားဦးေပါ့ တစ္ခုခု "

" ေတာ္ၿပီ လိုခ်င္တာကိုေျပာ! "

သူ႔စကားအဆုံးမွာေတာ့ အန္ေယာင္းမင္က သူ႔လည္တိုင္ကို ေပြ႕ဖက္လာသည္။ သူ မ႐ုန္းမိဘဲ ေယာင္းမင္ကို ၾကည့္လိုက္မိသည္။

" အန္ေယာင္းမင္ အတင္းအက်ပ္လုပ္တာမ်ိဳးကို ငါမုန္းတယ္ေနာ္ "

" စိတ္ခ်! ဟိုအရင္ကလို ငါ မင္းကို ဒီလူေတြၾကားထဲ အတင္းအက်ပ္ မလုပ္ဘူး ေဆာ့ဂ်င္ "

ခက္ထန္ခဲ့တဲ့အတိတ္ကိုပါ ႏႈိးဆြေတာ့ ေဆာ့ဂ်င္အံႀကိတ္လိုက္မိသည္။

" သြားရေအာင္ ေဆာ့ဂ်င္! ငါ မင္းအတြက္ သီးသန႔္ျပင္ထားေပးတယ္ "

အဲ့ဒီ့ေနာက္ ေဆာ့ဂ်င္ ဘာကိုမွ မျငင္းဆန္ဘဲ အန္ေယာင္းမင္ ေခၚေဆာင္ရာေနာက္ကို လိုက္သြားမိေတာ့သည္။ တျခားေနရာေတာ့မဟုတ္၊ VIP ROOM ေတြထဲ ရွိေနၿပီးသား အခန္းေတြထဲက တစ္ခန္းထဲကိုပင္။

" အန္ေယာင္းမင္! ဒီလိုမ်ိဳး ညစ္ပတ္တာေတြ လုပ္ေနေသးတာပဲ "

အခန္းထဲေရာက္ေရာက္ခ်င္း အန္ေယာင္းမင္ကို သူေျပာမိေတာ့ ဝိုင္ငွဲ႔ေနတဲ့အန္ေယာင္းမင္ရဲ႕လက္ေတြ ရပ္သြားသည္။ အခန္းထဲမွာ သူ႔အတြက္ လိေမၼာ္ရည္တစ္ခြက္က အသင့္ရွိသည္။ ၾကည့္ရတာ အန္ေယာင္းမင္က ႀကိဳတင္ျပင္ဆင္ထားခဲ့ပုံပင္။

" ေဆာ့ဂ်င္! ညစ္ပတ္တာေတာ့ ဘယ္ဟုတ္မလဲ ေပ်ာ္စရာေလးေတြေလ ~~ မင္းလည္း ေပ်ာ္ခဲ့တာပဲ မဟုတ္လား ~~~ ငတုံးေကာင္ကို ကာကြယ္ဖို႔လို႔ နာမည္တပ္ၿပီး ငါတို႔နဲ႔ သာယာခဲ့တာပဲ "

အန္ေယာင္းမင္စကားေၾကာင့္ သူမ်က္ေမွာင္ၾကဳတ္ရင္း 'ငတုံးေကာင္' ဆိုတဲ့နာမ္စားကို စဥ္းစားၾကည့္မိသည္။ အန္ေယာင္းမင္ကို သူမွတ္မိေနေသးတယ္ ဆိုေပမယ့္ သူ ဘာေၾကာင့္ သူမုန္းတီးရတဲ့ အန္ေယာင္းမင္နဲ႔ ညစ္ပတ္တာေတြလုပ္ဖို႔ သေဘာတူခဲ့လဲ သူမမွတ္မိ။

" ထားပါေတာ့ ...စာခ်ဳပ္ ဘယ္မွာလဲ အခ်က္အလက္ေတြ စစ္ေဆးၾကည့္မယ္ ၿပီးေတာ့ ေသာက္ေလ ငါမင္းကို အဆိပ္မခတ္ထားပါဘူး  "

အန္ေယာင္းမင္စကားေၾကာင့္ သူစာခ်ဳပ္ကို ကမ္းေပးရင္း လိေမၼာ္ရည္ကို တစ္ငုံေသာက္မိသည္။  အဲ့ဒီ့ေနာက္ သူမထင္ထားရေလာက္ေအာင္ အန္ေယာင္းမင္က လုပ္ငန္းစာခ်ဳပ္အေၾကာင္းကိုသာ ဦးတည္ေျပာရင္း နာရီဝက္ေလာက္ကုန္ဆုံးေစလိုက္သည္။

" ပဏာမအဆင့္ကုန္ၾကမ္းေတြအတြက္ ငါလက္မွတ္ထိုးေပးမယ္ ေဆာ့ဂ်င္! က်န္တာကိုေတာ့ ငါတို႔ ေနာက္တစ္ႀကိမ္ထပ္ေတြ႕ရေအာင္ မင္းကိုယ္တိုင္ပဲ လာခဲ့ "

" ေကာင္းၿပီေလ မင္းကတိတည္ဖို႔ေမွ်ာ္လင့္တယ္"

" ငါကတိဖ်က္တာမ်ိဳး ရွိဖူးလို႔လား .."

အန္ေယာင္းမင္ရဲ႕စကားေၾကာင့္ သူအန္ေယာင္းမင္ကို စိုက္ၾကည့္မိသည္။ ထိုခဏမွာပဲ ပူေလာင္ေတာင့္တင္းလာတဲ့ ခႏၶာကိုယ္ရဲ႕လိုအပ္ခ်က္ေၾကာင့္ သူ အန္ေယာင္းမင္ကို အဓိပၸါယ္ေျပာင္းသြားတဲ့မ်က္ဝန္းေတြနဲ႔ ေစာင္းငဲ့ၾကည့္မိသည္။

" အင္း ကတိဖ်က္ဖူးရင္လည္း အဲ့ဒါက ဒီတစ္ခါပဲ ေဆာ့ဂ်င္ "

အန္ေယာင္းမင္ရဲ႕စကားအဆုံးသတ္မွာေတာ့ သူဆိုဖာေပၚလွဲခ်ခံလိုက္ရသည္။ ဒီလိုအေျခအေနေတြထိ ႀကိဳေတြးထားခဲ့ေပမယ့္ အန္ေယာင္းမင္ သူ႔ကို လႊတ္ေပးဖို႔ပဲ သူေမွ်ာ္လင့္ေနခဲ့သည္။ အရင္တုန္းက အေၾကာက္တရားရွိခဲ့ေပမယ့္ အခု သူ႔အတြက္ အေၾကာက္တရားဆိုတဲ့အရာကို ေမ့ေနခဲ့တဲ့အတြက္ ဒီလို ဆက္ဆံေရးမ်ိဳး သူထပ္မလုပ္ခ်င္ေတာ့။ လြန္ခဲ့တဲ့ႏွစ္ႏွစ္ကတည္းက သူ ဒီလိုထပ္မရႈပ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီးသားပဲေလ။

တရိပ္ရိပ္တက္လာတဲ့ ခံစားခ်က္ေတြၾကား သူ ျငင္းဆန္ဖို႔ မစြမ္းသာေပမယ့္ အန္ေယာင္းမင္ သူ႔ကို ဘာလုပ္ေနလဲ သူေသခ်ာသိသည္။ အန္ေယာင္းမင္ဟာ သူ႔ေဘာင္းဘီခါးပတ္ကို ဆြဲျဖဳတ္ကာ ေဘာင္းဘီခြၽတ္ပစ္ေနသည္ပင္။ သူ႔အက်ႌကိုမထိဘဲ သူ႔ေဘာင္းဘီကို ခြၽတ္ပစ္ေနေပမယ့္ သူ႔ခႏၶာကိုယ္ကို ထိကိုင္ေနတာမ်ိဳးေတာ့ မလုပ္။

" ေဆာ့ဂ်င္! တက္တူးေလးေတြ တိုးလာၿပီပဲ "

အသစ္ထပ္ျဖည့္ထားတဲ့ သူ႔ေပါင္ေပၚက တက္တူးေတြကို ပြတ္သပ္ကာ မေခ်မငံေရ႐ြတ္ေတာ့ သူ စကားေျပာဖို႔ အားတင္းမိသည္။

" မ ~~ မလုပ္နဲ႔ ~~ ငါ့ကို ... ငါ့ကို ဒီလို မလုပ္နဲ႔ "

သူတားျမစ္ေနေပမယ့္ အန္ေယာင္းမင္ရဲ႕လက္ေတြက သူ႔ေပါင္တံတစ္ေလွ်ာက္ ပြတ္သပ္ကာ တစ္ေနရာအေရာက္မွာ လက္ေတြကိုရပ္တန႔္လိုက္သည္။ အဲ့ဒီ့ေနာက္ သူ႔မ်က္ႏွာနဲ႔ နီးကပ္လာရင္း သူ႔ကိုက်ီစယ္ကာ သူ႔နားအနား တိုးကပ္လာသည္။

" ေဆာ့ဂ်င္~~ မင္းက ဒီအတိုင္း မင္းပဲဟာကို သူက ဘာျဖစ္လို႔ သိခ်င္ေနရတာလဲ ငါသိပ္သိခ်င္တယ္ ... မသိခ်င္ေယာင္ေဆာင္တာက ကာကြယ္ေပးတဲ့ နည္းသစ္လား "

" ... "

" မင္း သိလား ~~ ငါ မင္းနဲ႔ ဒီလို မကစားခ်င္ေတာ့ေပမယ့္ မင္း သိပ္ကာကြယ္ေပးခ်င္ခဲ့တဲ့ဂြၽန္ေဂ်ာင္ကုဆိုတဲ့ေကာင္က မင္းကို ဒီလိုလုပ္ဖို႔ ငါ့ကို ခိုင္းလိုက္တယ္ .. ေနာက္ေက်ာဓားနဲ႔ထိုးခံရတယ္လို႔ မထင္ဘူး မဟုတ္လား"

အန္ေယာင္းမင္ရဲ႕စကားေၾကာင့္ သူ႔ရင္ဘတ္က စူးကနဲ႔ နင့္ဝင္ေအာင့္သက္သြားရသည္။

ထပ္ၿပီးေတာ့ ဂြၽန္ေဂ်ာင္ကု?

" ... မင္း ဒီအခန္းထဲကို ဝင္တဲ့အခ်ိန္ကစၿပီး ငါတို႔ႏွစ္ေယာက္စလုံးကို သူၾကည့္ေနခဲ့တာ ... ဘယ္လိုလဲ ... သူ႔ေရွ႕မွာပဲ မင္းကို ဖ်က္ဆီးပစ္လိုက္ရမလား "

အန္ေယာင္းမင္စကားေတြကို သူတုံ႔ျပန္ဖို႔ သူ႔ခႏၶာကိုယ္က သူ႔ကိုအခြင့္အေရးမေပး။ အဲ့ဒါထက္ သူသိပ္သိခ်င္တာက ဂြၽန္ေဂ်ာင္ကုဟာ သူကာကြယ္ခ်င္ခဲ့တဲ့ေကာင္ေလး? ဒါက ဘာကိုဆိုလိုတာလဲ ? သူေမ့ေနတဲ့ အစိတ္အပိုင္းေတြထဲမွာ ဂြၽန္ေဂ်ာင္ကုက ေပ်ာက္ကြယ္သြားခဲ့တာလား။

" အန္~~ေယာင္း~~ မင္~~ မင္း သေဘာအတိုင္းပဲ ငါ့ကို စိတ္ႀကိဳက္သာလုပ္! ...  မဆိုင္တဲ့သူေတြကို  မဆြဲထည့္နဲ႔ "

အားတင္းၿပီး ေျပာတဲ့စကားမွာ အန္ေယာင္းမင္က သူ႔ႏႈတ္ခမ္းေတြကို လက္နဲ႔ပြတ္သပ္လာသည္။

" ငါမင္းကို ခပ္ထားတဲ့ေဆးက နာရီဝက္ေလာက္ မင္း ျငင္းဆန္လို႔ရေပမယ့္ ေနာက္မိနစ္နည္းနည္းေလာက္ဆိုရင္ မင္း႐ူးသြားရလိမ့္မယ္ ... ဒါက မင္းမထိရက္ခဲ့တဲ့  ဂြၽန္ေဂ်ာင္ကုအတြက္ ငါေပးႏိုင္တဲ့လက္ေဆာင္ပဲ ... "

ခပ္တိုးတိုးေျပာၿပီးတာနဲ႔ အန္ေယာင္းမင္က သူ႔ကိုယ္ေပၚက ထကာ အဝတ္အစားေတြကို ျပန္ျပင္ဆင္သည္။ အလူးအလဲ ခံေနရတဲ့သူ႔ကို နည္းနည္းေလးေတာင္ ထပ္မထိေတာ့ဘဲ အခန္းထဲ ဝင္လာတဲ့တတိယေျမာက္လူကို လွမ္းႏႈတ္ဆက္သည္။

" မင္းေမွ်ာ္လင့္ထားတဲ့အတိုင္း သူပဲ ... မင္းလည္း ကတိတည္မယ္ေမွ်ာ္လင့္တယ္ "

အဲ့ဒီ့အခ်ိန္မွာ သူ႔အသိစိတ္ေတြဟာ ႐ိုင္းစိုင္းခက္ထန္ေနခဲ့တာနဲ႔တူသည္။ ဘယ္လိုမွ ျငင္းဆန္ဖို႔ ေတာင့္မခံႏိုင္ေတာ့တဲ့အဆုံး သူခပ္တိုးတိုးေလး ညည္းညဴမိသည္။

" ... ကူညီေပးပါ ~~ "

သူ႔အသံေၾကာင့္ အန္ေယာင္းမင္ဆီက ခနဲ႔တဲ့တဲ့ေလသံ‌ထြက္လာသည္။

" အိုးဟိုး! ဒါ႐ိုက္တာဂြၽန္! အခ်ိန္ေကာင္းေလးေတြ ပိုင္ဆိုင္ႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္ "

အဲ့ဒီ့ေနာက္ တံခါးဖြင့္ပိတ္သံကို သူၾကားလိုက္ရၿပီး သူ႔အနားကို တိုးကပ္လာတဲ့လူတစ္ေယာက္ကို  ခံစားမိလိုက္သည္။ မ်က္ဝန္းေတြကို ခပ္ဖြဖြဖြင့္ၾကည့္မိေတာ့ သူ႔ကိုရယ္ျပေနတဲ့ ယုန္သြားေလးေတြနဲ႔ ေကာင္ေလးကို ျမင္လာေတာ့ သူေခါင္းခါလိုက္မိသည္။

ဒီပုံရိပ္ေတြက ဘာေတြလဲ ... သူ႔မွတ္ဉာဏ္ထဲက ေပ်ာက္ဆုံးေနတဲ့အစိတ္အပိုင္းေတြလား ...

သူ႔မွတ္ဉာဏ္ေတြကို ရွင္းလင္းခ်င္တာမို႔ မ်က္ဝန္းေတြကိုပိတ္ကာ ျပန္ဖြင့္ၾကည့္မိေတာ့ သူျမင္ရတာက ဒါ႐ိုက္တာဂြၽန္။ ခုနကေကာင္ေလးလို ယုန္သြားေလးေတြနဲ႔ ၿပဳံးျပေနတာမ်ိဳးမဟုတ္ေပမယ့္ သူသိသည္။ ခုနက သူ႔အျမင္အာ႐ုံထဲေပၚလာတဲ့ ေကာင္ေလးနဲ႔ ဒါ႐ိုက္တာဂြၽန္ဟာ တစ္ေယာက္တည္းဆိုတာ။

" လိုခ်င္ေနတာမဟုတ္လား ကင္ေဆာ့ဂ်င္ "

သူ႔ပါးျပင္ကို ပြတ္သပ္ကာ ေမးခြန္းထုတ္လာတဲ့ဒါ႐ိုက္တာဂြၽန္။

" ... လိုခ်င္ရင္ ဘာလို႔ မေတာင္းရတာလဲ ... အခုခ်ိန္ထိေတာင္ ကြၽန္ေတာ္က ထိဖို႔ မထိုက္တန္ေသးတာလား "

ဘာေၾကာင့္ရယ္မသိ၊ ဒီေမးခြန္းကို သူေခါင္းခါရင္း ဒါ႐ိုက္တာဂြၽန္ရဲ႕မ်က္ႏွာဆီ လက္လွမ္းမိသည္။

သူနဲ႔ဒါ႐ိုက္တာဂြၽန္ရဲ႕အတိတ္က ပတ္သက္မႈက ဘာလဲ မေသခ်ာေပမယ့္ သူခံစားမိတဲ့တစ္ခုတည္းေသာ အရာက ေနာင္တေတြ။

ေသခ်ာတာက သူ ေနာင္တရေနတာ၊ ဘာရယ္မဟုတ္ တဖ်တ္တဖ်တ္ေပၚလာတဲ့မွတ္ဉာဏ္အပိုင္းအစေတြမွာ ေနာင္တ တရားေတြရွိသည္။

" ကင္ေဆာ့ဂ်င္! ဒီေန႔ကစၿပီး ခင္ဗ်ားကို ကြၽန္ေတာ္ ခ်ည္ေႏွာင္ထားမယ္ ... တျဖည္းျဖည္း တင္းက်ပ္ၿပီး ခင္ဗ်ားအသက္ရႉရခက္ေလာက္တဲ့အထိ ခင္ဗ်ားကို ခ်ည္ေႏွာင္မယ္ "

ဒါ႐ိုက္တာဂြၽန္ရဲ႕စကားအဆုံးသတ္မွာေတာ့ သူ ဝမ္းနည္းစြာ ဒါ႐ိုက္တာဂြၽန္ကို ဆြဲခ်ေပြ႕ဖက္ထားမိသည္။ သူ႔အျပဳအမူေၾကာင့္ ဒါ႐ိုက္တာဂြၽန္ဆီက အသံမထြက္လာေတာ့ေပမယ့္ သူ႔ကို မျငင္းဆန္။

ဘာမွန္းေသခ်ာမသိေပမယ့္ ဒါ႐ိုက္တာဂြၽန္နဲ႔ သူ႔ၾကားမွာေတာ့ တစ္ခုခုရွိခဲ့တာ ေသခ်ာပါသည္။ သူခံစားေနရတဲ့ေနာင္တတရားက ဘာလဲဆိုတာ ေသခ်ာသိဖို႔အတြက္ ဒါ႐ိုက္တာဂြၽန္ဆီမွာ အခ်ည္ေႏွာင္ခံဖို႔လိုအပ္သည္။

အဲ့ဒီ့ေနာက္ သူေပြ႕ဖက္ထားမိတဲ့ဒါ႐ိုက္တာဂြၽန္ရဲ႕နား႐ြက္ဖ်ားေလးကို ခပ္ဖြဖြထိကပ္မိရင္း သူျငင္းဆန္လို႔မရေတာ့တဲ့ခံစားခ်က္ေနာက္ကို လိုက္ဖို႔ သူ ဆုံးျဖတ္လိုက္မိေတာ့သည္။

သို႔ေပမယ့္လည္း ဒါ႐ိုက္တာဂြၽန္ကေတာ့ သူ႔ကို အခြင့္အေရးမယူခဲ့ပါ။ အသည္းအသန္ လိုအပ္ေနတဲ့သူ႔ကို ေဆးထိုးေပးကာ သူ႔အပူမီးေတြကို ၿငိမ္သက္ေစခဲ့ေတာ့သည္။

💠💠💠


Happy Jinkook Day ♥️

Continue Reading