International Play Boy Mg
By Tulip_V
92K 5.6K 531
Play Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး More
International Play Boy Mg into
International Play Boy Mg_1
International Play Boy Mg_2
International Play Boy Mg_3
International Play Boy Mg_4
International Play Boy Mg-5
International Play Boy Mg_6
International Play Boy Mg_7
International Play Boy Mg_8
International Play Boy Mg_9
International Play Boy Mg_10
International Play Boy Mg_11
International Play Boy Mg_12
International Play Boy Mg _13
International Play Boy Mg_14
International Play Boy Mg_15
International Play Boy Mg_16
International Play Boy Mg_17 ( Past _1)
International Play Boy Mg _17( Past _2 )
International Play Boy Mg_18
International Play Boy Mg_20
International Play Boy Mg_21
International Play Boy Mg-22 ( past 1)
International Play Boy Mg_22( past 2)
international Play Boy Mg_ 23
international Play Boy Mg 24
International Play Boy Mg 25( past 1)
international Play Boy Mg 25 past 2
International Play Boy Mg 26
International Play Boy Mg_27 ( Past _1)
International Play Boy Mg-27 ( past 2)
International Play Boy Mg _28
International Play Boy Mg _29 ( past 1)
International Play Boy Mg _29 ( past 2)
International Play Boy Mg_30
International Play Boy Mg _31
International Play Boy Mg_32
international Play Boy Mg _33 ( past 1)
International Play Boy Mg 33 ( Past _2)
International Play Boy Mg Past 34
International Play Boy Mg_19
1.8K 132 20
By Tulip_V
ကျောင်းမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲရှိတာကြောင့် အလုပ်ကခပ်များများပင်။
တစ်‌ကျောင်းလုံးအလုပ်ရှုပ်နေတာ ဖြစ်သဖြင့် Taehyungကပါအလုပ်ရှုပ်နေသည်။
သူတို့က‌‌ရိုးရိုးနေဘက်ပွဲတင်လုပ်တာမဟုတ် ညဘက်လည်း ပွဲလုပ်သေးသည်။
နေ့ဘက်ကတော့ ဆရာလူကြီးမိဘတွေနဲ့
ညဘက်က ကလေးတွေချည်းသာ။
" Taetae မင်းညကျ လာမှာလား "
မောင်သူကို ချုပ်ချယ်တဲ့ အကြောင်းကို သူငယ်ချင်းအားလုံးတောင် သိနေသည်။
" ငါမသိဘူးလေ "
အရင်ကဆို ဟိုစပ်စပ်ဒီဒီစပ်စပ်နဲ့ သူဟာလည်း မောင်နဲ့တွဲမှ တကယ်ဗိုင်းကောင်းကျောက်ဖိ ဖြစ်နေရှာသည်။
" မင်းဟာက မမိုက်ပါဘူး Taetaeရာ "
Jiminဆူပုတ်ပုတ်လေးနဲ့ ပြောမိသည်။
ဟုတ်သည်လေ။ ရည်းစားရသွားမှ Taetaeခဗျ အဖေတစ်ယောက်ရသွားသလို့ ဟိုဟာမလုပ် ဒီနေရာမသွားရ ဟိုလူနဲ့မပတ်သက်ရ ဒီလူနဲ့မပတ်သက်ရနဲ့
Jeon Jungkookက သိပ်ချုပ်ချယ်သည်။
သူကတော့ ဆွေ့ဆွေ့ခုန်မတက်ဒေါသထွက်ပေမဲ့ ကာယကံရှင် ကိုယ်တိုင်က လိုက်နာနေတော့လည်း သူဘက်က ပြောခွင့်ဆိုတာ မရှိ။
" Mochiငါပြန်တော့မယ်နော် "
" ဟမ် အခုမှ 4နာရီဘဲရှိသေးတယ်လေ "
" ငါပြန်ရမှာ မို့ပါ "
" လာလို့ ရရင်လာခဲ့နော် Taetae "
" Omm Bye "
" Bye "
Mochiကို နှုတ်ဆက်ပြီး Taehyungအိမ်ကိုပြန်လာခဲ့သည်။
" ပြန်ရောက်ပြီလား Kim Taehyung "
" Jungkook ပြန်လာတာစောတယ်နော် ငါကမင်းမရောက်သေးဘူးလို့တောင် ထင်နေတာ "
မောင်က ဒီရက်တွေမှာ ကျောင်းတောင်မတက်အားအောင်ကို အလုပ်များနေခဲ့သည်။
ဘာလုပ်နေလဲမသိပေမဲ့ မောင်ဟာ အလုပ်များနေတယ်ဆိုတာတော့ Taehyungသိပါသည်။
" အွန်း "
" Jungkook ဒီနေ့ ကျောင်းမှာ ပွဲရှိတယ် သိတယ်မလား "
" အဲတော့ "
" ငါသွားလို့ရမလား "
သူပြောတော့ မောင်ကခဏငြိမ်သွားပြီး
" အင်း ကျုပ်နဲ့တူတူသွားမယ် "
" ဟုတ်ပြီ အဲဆို အ၀တ်အစားအင်္ကျီသွားပြင်ဆင်လိုက်ဦးမယ်နော် "
ပြုံးပြုံးရွှင်ရွှင်နဲ့ အခန်းထဲ၀င်သွားတဲ့ Kim Taehyung
Jungkookလည်း တစ်ဖက်ကအခန်းကိုသွားပြီး ရေချိုးလိုက်သည်။
Taehyungမှာ မောင်က သွားရမည်ပြောသဖြင့် အပျော်လွန်နေသည်။
Mochiတို့ကိုတောင် လာမည်ဖြစ်ကြောင့် ဖုန်းလှမ်းဆက်ထားသည်။
အင်္ကျီကိုလည်း သေချာရွေးကာ မောင်အတွက်ရော သူအတွက်ပါ ပြင်ဆင်ထားလိုက်သည်။
ရေချိုးပြီး အင်္ကျီလေး၀တ်နေချိန် အနောက်ကနေ ဖက်ထားခြင်းကိုခံလိုက်ရသည်။
သေချာပေါက် မောင်ပေါ့။
သူလည်း မောင်ဘက်လှည့်ကြည့်တော့ မောင်ကခါးမှာ ကိုယ်သုတ်ပုဝါတစ်ထည်ကိုပတ်ထားပြီး အပေါ်ပိုင်းက ဗလာပင်။
‌မြင်နေကျမြင်ကွင်းဆိုပေမဲ့ သူအတွက်တော့ အမြဲအသစ်အဆန်းပေ။
ရေစိုနေတဲ့ မောင် ဆံနွယ်လေးတွေကို ပုဝါနဲ့သုတ်ပေးနေမိတော့ မောင်က ကုတင်အစွန်းမှာ ထိုင်ကာ သူဗိုက်ကို မျက်နှာအပ်ပြီး သူ့ခါးကို ဖက်တွယ်ထားသည်။
" Kim Taehyung "
" အွန်း "
" ကျွန်တော်ကိုချစ်လား "
" အင်း ချစ်တာပေါ့ "
" တစ်သက်လုံးလား "
" မသိဘူးလေ ငါဘယ်အချိန်ထိမင်းကို ချစ်နိုင်မလဲ မသိပေမဲ့ လက်ရှိအချိန်မှာတော့ မင်းကို အချစ်ဆုံးပါဘဲ "
" ကျွန်တော်ကို အမြဲချစ်ပေး Kim Taehyung ကျွန်တော်ခင်ဗျားကို နာကျင်စေတောင်မှာ "
မောင်ဟာ အတ္တကြီးလှပါသည်။
ကိုယ့်ကိုနာကျင်စေတောင် သူကိုချစ်ရမယ်တဲ့လား။
မင်းဟာ အတ္တမကြီးလွန်းဘူးလား မောင်
" ခင်ဗျား ဘာလို့တိတ်နေတာလဲ "
" မတိတ်ပါဘူး မင်းပြောတာက်ိုစဉ်းစားနေတာ "
" ခင်ဗျားမှာ စဉ်းစားတွေးခေါ်တက်တဲ့ ဦးနှောက်မရှိရင်ကောင်းမယ် အဲဆို ခင်ဗျားက ကျွန်တော်ဆီက ထွက်သွားနိုင်မှာ မဟုတ်ဘူး "
မောင်ရယ် ငါမင်းကိုစချစ်ကတည်းက ငါမှာ အသိတရားရယ်လို့ စဉ်းစားဆုံးဖြတ်နိုင်တဲ့ ဦးနှောက်က သေဆုံးသွားခဲ့တာပါ။
" အင်း မင်းရော ငါကိုချစ်လား Jungkook "
" သွားဖို့ ပြင်ဆင်တော့ "
စကားလမ်းကြောင်းလွှဲကာ ရှောင်ဖယ်သွားတဲ့ မောင်
ဖြေဖို့တောင်ခက်ခဲနေတာလား။
လိမ်ညာပေးလို့တောင်မရဘူးလား မောင်ရယ်။
သူလည်းထပ်မမေးချင်တော့တာကြောင့် အပြင်သွားဖို့သာ ပြင်ဆင်လိုက်တော့သည်။
အကယ်၍ သူထပ်မေးခဲ့ရင် ရန်ဖြစ်ဖို့သာ ရှိတော့မယ့် သူတို့အခြေအနေကြောင့်ပင်။
‌ကျောင်းရောက်တော့ အားလုံးရဲ့ အာရုံဟာ သူတို့နှစ်ယောက်ဆီမှာသာ
International Play Boyဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ သိပ်ခန့်ညာလွန်းပါဆိုတဲ့ Jeon Jungkookနဲ့ ကြွေရုပ်လေးလို ချောလှပါသည်ဆိုတဲ့ Kim Taehyung
အားကျသူများဟာလည်း ဒုနဲ့ဒေး
အလကားပါ အဲလောက်လဲမဟုတ်ပါဘူး ပြောနေတဲ့သူတွေဟာလည်း စိတ်ထဲက အားကျနေကြတာပင်။
ဆံနွယ်အညိုလေး အဖြူရောင် ၀တ်စုံလေးနဲ့ Taehyungဟာ နတ်သားလေးတစ်ပါးသဖွယ်။
မိန်းမယောကျာ်းအကြည့်မလွှဲနိုင်အောင် ချောလှသည်။
ဒါပေမဲ့ ဘယ်သူမှ Taehyungကို ပေါ်ပေါ်တင်တင်မကြည့်ရဲ အကြောင်းမှာ နတ်သားလေးအနောက်က All blackနဲ့ နတ်ဆိုး Jungkookကြောင့်ပင်။
ပွဲထဲမှာလည်း အနားနားကပ်နေတဲ့ မောင်ကြောင့် Taehyungမှာ အနေကြပ်လှပေသည်။
Mochiတို့ Min Yaungတို့က မလာသေးပေ။
" ဟေ့ Jungkook လာဦးဟ "
သူမသိတဲ့ မောင့်အပေါင်းအသင်းတစ်သိုက်က မောင်ကိုလှမ်းခေါ်နေသည်။
" ကျုပ်ပြန်လာခဲ့မယ် စောင့်နေ "
" အွန်း "
မောင်က စိတ်မချဟန်နဲ့ ထွက်သွားတော့သည်။
သူလည်း ဆရာ/ဆရာမတစ်ချို့နဲ့ စကားပြောနေမိသည်။
ဆရာမတို့ထွက်သွားချိန်မှာ
မောင်နဲ့တွဲခဲ့ဘူးတဲ့ Noriဆိုတဲ့ မိန်းကလေးနဲ့ သူမအပေါင်းအပါတွေ Taehyungအနားကို ကပ်လာကြသည်။
ပြီးတော့
" အို ဘယ်သူလဲ ကြည့်ပါဦး Kim Taehyung ကိုး "
" Nori သူနဲ့သိလို့လား "
" သိဆို ငါ့Darlingရဲ့ sex Dollလေး မဟုတ်လား "
" ဟယ် ဟုတ်လား ရုပ်ကတော့ ယောင်္ကျားဆန်တဲ့ပုံနဲ့ Daddy typeလိုလိုဘာလိုလိုနဲ့  "
" ဟုတ်ပါဟယ် "
သူကို မောင့်ရဲ့ လိင်အဖြည့်ခံအရုပ်လို့ ပြောနေတဲ့ မိန်းကလေးဟာ သူကိုတော်တော်မုန်းနေဟန်။
သူလည်း မိန်းကလေးတစ်ယောက်နဲ့ပြိုင်မပြောချင်တာကြောင့် ထွက်သွားဖို့လုပ်ပေမဲ့
" ကြောက်သွားတာလား Kim Taehyung "
" အဟက် ကြောက်စရာလား ကိုယ်ကမင်းနဲ့ရန်မဖြစ်ချင်လို့ မိန်းကလေးတစ်ယောက်နဲ့ အွန်း ကိုယ့်ကောင်လေးရဲ့ ခဏတာဖြစ်သွားတဲ့ မိန်းကလေးတစ်ယောက်နဲ့ ပြိုင်ပြီးတော့ ရန်မဖြစ်ချင်လို့ "
" Kim Taehyung!!!! "
" ဘာလဲ အနာထိလို့ စပ်သွားတာလား "
" အဟမ်း နင်လို့ ယောင်္ကျားတစ်ယောက်က Jeon Jungkookဘေးမှာ အကြာကြီးရှိနိုင်မယ်ထင်နေတာလား "
" မထင်ပါဘူး ဒါပေမဲ့ ကိုယ်ကမင်းထက် သက်တမ်းပိုရှည်နေတယ်လေ ပြီးတော့ Jungkookက ကိုယ်ကိုမင်းတို့ထက်သာလို့ အခုထိ သူဘေးမှာထားထားတာလေ အနည်းဆုံးတော့ ကိုယ်ကမင်းတို့တွေထက် ပိုပြီးတန်ဖိုးရှိလို့လေ "
" ရှင် ရှင် "
စကားနာလေး‌နည်းနည်းထိုးပေးလိုက်တာနဲ့ ရှူးရှူးရှားရှားဖြစ်သွားတဲဘ ထိုမိန်းကလေး
" အမှန်တရားခါးတယ်မလား "
သူထပ်လောင်းပြောလိုက်တော့ ကောင်မလေးမှာ မျက်ရည်တွေဝိုင်းနေရော့သည်။
" ကိုယ်ကိုလာပြီး မဆွရင်ကောင်းမယ် ကိုယ်က Jeon Jungkook ကလွဲရင် ဘယ်သူကိုမှ သည်းမခံတက်လို့ "
သူလည်းပြောပြီး ထွက်လာလိုက်သည်။
သူကအဲလိုလူမျိုးပါ။
မောင်နဲ့ဆိုအမြဲသည်းခံတက်ပေမဲ့ အခြားသူနဲ့ဆို သွားစလို့မကောင်းတဲ့ အရာပင်။
သူလည်းစိတ်ပေါက်ပေါက်နဲ့ ဝိုင်တစ်ခွက်ကို ကောက်မော့လိုက်သည်။
ပူဆင်းသွားတဲ့ အရသာက
သူရင်ထဲကအပူထက်တော့ မပူနိုင်။
" တစ်ယောက်ထဲသောက်နေတာလား "
" Bogum Hyung "
ပြုံးပြနေတဲ့ Hyung
တကယ်ပါ။ Hyungကို မြင်တိုင်းသူစိတ်အေးချမ်းမိသည်။
" တစ်ယောက်ထဲသောက်နေတာလားလို့ "
" မဟုတ်ပါဘူး မြည်းကြည့်တာပါ Taeက မသောက်နိုင်ဘူး "
" ဪ ဟုတ်လား မသောက်နိုင်တဲ့သူ သောက်တယ်ဆိုတော့ စိတ်ညစ်စရာရှိလို့လား ပြီးတော့ Taeမျက်နှာလည်းမကောင်းဘူးနော် "
" အဲဒါက_ "
Massageအသံကြောင့် ပြောလက်စ စကားတို့ပြတ်သွားလေသည်။
ကြည့်မိတော့ မောင့်ဆီက
မောင်ပြန်သွားပြီးဖြစ်ကြောင်း၊ သူပြန်လာရင် Eunwooတို့ကို လိုက်ပို့ခိုင်းလိုက်လို့ ပြောခြင်းပင်။
သူကိုတစ်ယောက်ထဲ ထားခဲ့လောက်အောင် မောင့်အလုပ်က အရေးကြီးနေပုံ။
မဲ့ပြုံးတစ်ချက်ပေါ်လာတဲ့ Taehyungမျက်နှာလေး
ဝိုင်နောက်တစ်ခွက်ကို ‌မော့လိုက်သည်။
အခုတစ်ခွက်က ပိုပူသည်။
ကြည့်ရတာ သူရင်ထဲကအရာတွေက ပူလောင်နေလို့နေမယ်။
" အဆင်မပြေဘူးလား Tae"
" အဆင်မပြေတာ အခုမှမဟုတ်ပါဘူး အရင်ကတည်းကပါ "
" ကိုယ်ကို ပြောပြချင်လား "
အခု Taehyungတစ်ကယ်အဆင်မပြေပါ။
သူရင်ထဲအရမ်းကို တင်းကျပ်နေလေသည်။
Bogum Hyungက သူကို အဲလိုမေးလိုက်တော့ သူတကယ်ကိုငိုချင်သွားသည်။
ဒီနှစ်ပိုင်း သူကိုအဆင်ပြေလား၊ ရင်ဖွင့်ချင်လား မေးတဲ့သူမရှိခဲ့။
သူအရမ်းကို ပင်ပန်းနေပါသည်။
Bogumမျက်ရည်တွေ ဝိုင်းကာ သူကိုကြည့်နေတဲ့ ကောင်လေးကြောင့် ထိတ်ထိတ်ပြာပြာဖြစ်သွားသည်။
Bogumခင်ဗျ သူနဲ့မဆိုင်တဲ့ ဒီပွဲကို Namjoonအကူအညီက ရအောင်လာခဲ့ရသည်။
အကြောင်းပြချက်ကတော့ ပိုင်ရှင်ရှိတဲ့ သူနှလုံးသားလေးကို တွေ့ချင်၍သာ။
ကောင်လေး ကားပေါ်ကဆင်းလာတော့ နတ်သားသဖွယ် မဆိုင်သူဖြစ်တဲ့ Bogum တောင် အူတိုမိတဲ့ထိ ကောင်လေးဟာ ‌သိပ်ချောလှပါသည်။
အနောက်ကဆင်းလာတဲ့ ကောင်လေးရဲ့ ပိုင်ရှင်ကြောင့် အကြည့်လွှဲလိုက်သည်။
မဟုတ်ရင် သူကြောင့် သူနှလုံးသားလေးတို့ ပြသာနာဖြစ်နိုင်တယ်မလား။
ကိုယ်မပိုင်တောင်မှ မင်းလေးရဲ့မျက်နှာ အညိုးမခံချင်လောက်အောင် ကိုယ်ကချစ်ပါတယ် Tae
မလွှဲနိုင်တဲ့ မျက်၀န်းတို့ကြောင့် ကောင်လေးကို သူထပ်ကြည့်မိသည်။
ကောင်လေးရဲ့သက်ဆိုင်သူရှိတာကြောင့် အကြည့်လွှဲမိပြန်ပါသည်။
ဆက်နေရင် ကြည့်နေမိမှကြောင့် သန့်စင်ခန်းဘက် ထွက်သွားလိုက်သည်။
သူပြန်လာတော့ ကောင်လေးဟာ တစ်ယောက်ထဲ အဆင်ပြေပုံမရတဲ့ ကောင်လေးကြောင့် သူခြေလှမ်းတို့ဟာ ကောင်လေးဆီ
အခုလည်း ' ကိုယ်ကို ပြောပြချင်လား 'လို့ မေးလိုက်တာနဲ့ မျက်ရည်တွေ ဝိုင်းလာတဲ့ ကောင်လေးကြောင့် သူမှာထိတ်လန့်သွားသည်။
" Bogum Hyung "
ရင်ခွင်ထဲပြေး၀င်လာတဲ့ ပေါက်စဟာ Bogumကို သူဆီမှာ ပျော်‌၀င်စေချင်ဟန်။
မင်းလေးနဲ့ ပတ်သက်ရင် အထိအတွေ့လေးက အစရင်ခုန်တက်သူမို့ ကိုယ်ကို ရင်ခုန်အောင် မလုပ်နဲ့ Tae မဟုတ်ရင် မင်းသက်ဆိုင်သူဆီက ကိုယ်လုယူမိလိမ့်မယ်။
" အင်း ကိုယ်ရှိတယ် "
ရင်ခုန်သံတွေကို ထိန်းကာ ထိုကောင်လေးရဲ့ ကျောပြင်လေးကို ပွတ်သပ်ပေးလိုက်သည်။
တအိအိငိုနေတဲ့ ကောင်လေးကြောင့် ပွဲထဲက ခပ်မြန်မြန်ခေါ်ထုတ်ကာ ကားဆီကိုခေါ်လာရသည်။
ကားဆီရောက်တဲ့ထိ မျက်နှာလေးကိုအဖော်မခံဘဲ သူ့ရင်ခွင်ထဲ မျက်နှာလေးအပ်ကာ ငိုနေတဲ့ ကောင်လေးဟာ သိပ်၀မ်းနည်းနေပုံ။
မငိုပါနဲ့ လို့ မပြောနိုင်တဲ့အခြေအနေပေမဲ့
မင်းလေးငိုရင် ကိုယ်ရင်ထဲကပါ နာတယ် Tae
ကားပေါ်ကိုတက်ကာ အေးဆေးတဲ့တစ်နေရာဆီ ကောင်လေးကို ခေါ်သွားလိုက်သည်။
မြို့ပြင်နားလေးရောက်တော့ ည9နာရီလောက်ရှိပြီးဖြစ်တာကြောင့် လမ်းမှာလူပြတ်နေသည်။
Bogum ကို ကျောပေးထားတဲ့ ကောင်လေးဟာ သူငိုနေတာကို မမြင်စေချင်ပုံ။
" ငိုလိုက် Tae "
တရှုံ့ရှုံငိုနေ‌ပြန်ရော့သည်။
ငိုလို့၀သွားပြီးထင်။
မျက်နှာလေးကို သုတ်ကာသူဘက်ကိုလှည့်လာသည်။
ငိုထားတာကြောင့် ရဲရဲလေးဖြစ်နေတဲ့ မျပ်နှာအစိတ်အပိုင်းလေးများ
" Tae ကိုယ်ကိုပြောလိုက်ရပြီလား "
" အင်း "
ကောင်လေးလက်ကို ဆုတ်ကိုင်လိုက်ကာ
" ကိုယ်ကိုယုံတယ်မလား "
" ဟုတ် "
" ကိုယ်ကိုရင်ဖွင့်လိုက် "
ပြုံးပြီးသူပြောမိသည်။
ကောင်လေးရဲ့ ချစ်သူမဖြစ်ရင်တောင် သူ ကောင်လေးရဲ့ မိတ်ဆွေကောင်းဖြစ်ချင်ပါသည်။
Taehyung တစ်ယောက် Bogumကို သူရင်ထဲက အစိုင်အခဲမှန်းသမျှ ပြောပြရင်ဖွင့်နေမိသည်။
တစ်ချက်တစ်ချက်ငိုရင်းပေါ့
မောင့်အကြောင်း၊ သူတို့နှစ်ယောက်ရဲ့ အခြေအနေ သူမောင့်ကို ဘယ်လောက်ချစ်လဲ၊ မလွှတ်ချနိုင်တဲ့အကြောင်း အကုန်လုံးပါဘဲ။
သူပြောပြပြီးတော့ Bogum Hyungရဲ့ မျက်နှာဟာ တော်တော်မူပျက်နေလေသည်။
ကောင်လေးရဲ့ ရင်ဖွင့်တဲ့စကားတွေနားထောင်ပြီး Bogumမှာ တော်တော်ကို ဒေါသထွက်သွားသည်။
သူမြတ်နိုးရတဲ့ကောင်လေးကို ဟိုကောင်က အရုပ်တစ်ရုပ်လို့ သဘောထားနေသည်ကိုး။
ဒါပေမဲ့ သူအမြန်ထိန်းကာ ကောင်လေးကို ပြုံးပြပြီး
" ကဲ အခုပေါ့သွားပြီးလား "
" အင်း ကျေးဇူးပါ Hyung "
" မလိုပါဘူး အိမ်ပြန်မှာမလား "
" ဟုတ် "
" ကိုယ်လိုက်ပို့ပေးမယ် "
" ဟုတ် "
ကောင်လေးကို အိမ်အမြန်ပို့ပေးရန် ပြင်တော့သည်။
မဟုတ်ရင် သူရဲ့ဒေါသထွက်နေတဲ့ စိတ်ကို Tae ရှေ့မှာ လွတ်ချမိတော့ပေမည်။
Taeကို လိုက်‌ပို့တဲ့တစ်လျှောက်လုံး Bogum တစ်ယောက် စကားမပြောခဲ့။
ကောင်လေးကလည်း တိတ်ဆိတ်နေ။
ကောင်လေးအိမ်ရောက်တော့
" Bye Tae Good nightပါ "
" Hyung Good night ပါ "
Bogum Hyung ရဲ့ကားထွက်သွားတော့ Taehyungလည်း အိမ်ထဲ၀င်ခဲ့တော့သည်။
မှောင်မဲနေတဲ့ အိမ်က မောင်ပြန်မလာသေးဘူးဆိုတာကို ပြောပြနေသယောင်။
ဒီနေ့လည်း မင်းပြန်မလာတော့ဘူးလား မောင်ရယ်။
Taehyungထင်တဲ့ အတိုင်းပင်။
ထို‌ညကမောင်ပြန်မလာပါ။
ဆက်ရန်>>>>
2253words
4.6.2023
Tulip V
ညဘက်က ကလေးတွေချည်းသာ။
" ငါမသိဘူးလေ "
" ငါပြန်ရမှာ မို့ပါ "
" Omm Bye "
" Bye "
" အွန်း "
" အဲတော့ "
" ငါသွားလို့ရမလား "
သေချာပေါက် မောင်ပေါ့။
" Kim Taehyung "
" အွန်း "
" ကျွန်တော်ကိုချစ်လား "
" အင်း ချစ်တာပေါ့ "
" တစ်သက်လုံးလား "
" မတိတ္ပါဘူး မင်းပြောတာက်ိုစဉ်းစားနေတာ "
" သွားဖို့ ပြင်ဆင်တော့ "
ဆံနွယ်အညိုလေး အဖြူရောင် ၀တျစုံလေးနဲ့ Taehyungဟာ နတ်သားလေးတစ်ပါးသဖွယ်။
" ဟေ့ Jungkook လာဦးဟ "
" အွန်း "
ပြီးတော့
" Nori သူနဲ့သိလို့လား "
" ဟုတ်ပါဟယ် "
" Kim Taehyung!!!! "
" ရှင် ရှင် "
" အမှန်တရားခါးတယ်မလား "
သူကအဲလိုလူမျိုးပါ။
ပူဆင်းသွားတဲ့ အရသာက
" Bogum Hyung "
ပြုံးပြနေတဲ့ Hyung
" အဲဒါက_ "
အခုတစ်ခွက်က ပိုပူသည်။
" အဆင်မပြေဘူးလား Tae"
" Bogum Hyung "
ရင်ခွင်ထဲပြေးဝင်လာတဲ့ ပေါက်စဟာ Bogumကို သူဆီမှာ ပျော်ဝငျစခေငျြဟနျ။
" အင်း ကိုယ်ရှိတယ် "
" ငိုလိုက် Tae "
ငိုလို့ဝသွားပြီးထင်။
" အင်း "
" ကိုယ်ကိုယုံတယ်မလား "
" ဟုတ် "
" အင်း ကျေးဇူးပါ Hyung "
" ဟုတ် "
" ဟုတ် "
" Bye Tae Good nightပါ "
" Hyung Good night ပါ "
ထိုညကမောင်ပြန်မလာပါ။
ဆက်ရန်>>>>
2253words
4.6.2023
Tulip V
Continue Reading
You'll Also Like
21.6K 2.9K 51
කුණාටුවක් ලෙස ආ වස්සානය......... වැහි නොමැති කතරකට බට කුණාටු වර්සාව .......❤❤❤
40.5K 5.7K 49
" අහලා තියනවද අශස්....තෝඩු තෑගි දෙන්නෙ උරුමක්කාරයො උනාට මල් තෑගි දෙන්නෙ හිමිකාරයෝ කියලා.... " ආරුල් අයියාගෙ වචන වලට මගෙ බඩේ සමනල්ලු පියාඹනවා වගේ දැනෙ...
65.1K 4.4K 47
مزيج من المغامرات المختلفة سواء مغامرة حقًا أو مجرد كلمة. " هــاريـكـا " بهدف الاستفادة وليس الاستمتاع فقط، بإذن الله تستفيد حتى لو ٥٠٪ معلومات ديني...
28.7K 1.1K 16
❣️Bản edit với mục đích phi thương mại, chưa hề có sự cho phép của bất kỳ ai, vui lòng không mang đi nơi khác❣️ Tên truyện chỉ liên quan 1 xíu xìu xi...