နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး (bl fiction) not normal
အပိုင်း၁
Uke _ စောရေအေး
Seme _ စက်ခွန်မှိုင်း
+++++++++++++++++++++++++++
မှန်တင်ခုံရှေ့တွင်လှပတင့်တယ်စွာသနပ်ခါးသွေးနေသောအမျိုးသားလေးတစ်ဦး
သူနာမည်ကစောရေအေး
နာမည်လေးနဲ့လိုက်အောင်မြင်သူတိုင်းရင်အေးစေတဲ့အလှလေးပေါ့
"စောရေ...စော"
"ဝင်ခဲ့လေ နွယ်ရေ ကျုပ်အခန်းထဲမှာရှိတယ်"
သူငယ်ချင်းရဲ့ခွင့်ပြုချက်ကြောင့်နွယ်ကအခန်းထဲဝင်လာသည်
သူငယ်ချင်းဖြစ်သူသနပ်ခါးလိမ်းနေတာမြင်တော့နွယ်ကပြုံးသည်
သူမသူငယ်ချင်းကထူးခြားလွန်းတဲ့အလှလေး
အသားအရေဆိုတာကလည်းသူမတို့လိုမဟုတ်
ဝါဝါဝင်းတာမှရွှေအဆင်းအလားပင်
ရွာကကွမ်းတောင်ကိုင်ပန်းတောင်ကိုင်ဘွဲ့ရထားတဲ့အမျိုးသမီးတွေတောင်စောခြေဖျားမမှီဘူး
သို့သော်အတိတ်ဘဝကဘာကံကြွေးရှိခဲ့သည်လဲမသိပါ
သူမသူငယ်ချင်းကရွာကိုကပ်စိုက်စေတဲ့သူအဖြစ်သတ်မှတ်ခံခဲ့ရသည်
ထိုကပ်စ်ိုက်စေတဲ့ဘေးလွတ်ကင်းစေဖို့ယတြာချေတဲ့အနေနဲ့လည်း
သူ့သက်တမ်းနှစ်ဆယ့်ငါးနှစ်လုံးအမျိုးသမီးတစ်ဦးလိုနေခဲ့ရသည်
"နွယ်ဘာလို့ကျုပ်ကိုဒီလောက်ထိငေးနေတာလဲ မမြင်ဖူးတာမဟုတ်ဘဲနဲ့"
စောပြောမှလာရင်းကိစ္စကိုနွယ်သတိရသည်
"ငါတို့သူကြီးဆီကိုလူသစ်ရောက်နေလို့တော့်"
"ဒါဘာများဆန်းလို့လဲနွယ် အဖေ့ဆီခနခနဧည့်သည်ရောက်နေကြလေ"
"ဒီတစ်ခါရောက်တဲ့ဧည့်သည်ကနင့်ညီမနဲ့ကမ်းလှမ်းမလို့တဲ့လေရောက်နေတာနှစ်ရက်ရှိပြီ"
နွယ်ရဲ့စကားကြားတော့စောမျက်နှာလေးညိုးသွားသည်
စောသည်သူကြီးသားတစ်ယောက်ဖြစ်ပါလျက်ကံဆိုးကောင်ဟုသတ်မှတ်ခံရကာဘာအခွင့်အရေးမှမရရှိခဲ့ဘူး
အဖေတို့ကရွာစွန်မှာသူ့ကိုတစ်ယောက်ထဲနေခိုင်းပြီးလျစ်လျူရှုထားခဲ့သည်
အခုလည်းညီမဖြစ်သူအတွက် မင်္ဂလာသတင်းတောင်သူများပြောမှသိရတဲ့အဖြစ်
စောမျက်နှာလေးညိုးသွားတော့နွယ်ကပြာပြသလဲချော့ဖို့ကြိုးစားသည်
"သူတို့နင့်ကိုလျစ်လျူရှုလည်းငါတစ်ယောက်လုံးရှိတယ်လေနော်စောဝမ်းမနည်းပါနဲ့ ငါနင့်ကိုအရမ်းဂရုစိုက်တာနင်သိပါတယ်"
နွယ်ဟာစောအပေါ်အရမ်းဂရုစိုက်ပါသည်
အမြဲတစ်စေသူသဘောကျတဲ့အရာမှန်သမျှလည်းစောနဲ့မျှဝေတတ်သေးသည်
ငယ်ငယ်ကတည်းကသူငယ်ချင်းဆိုလို့စောမှာနွယ်တစ်ယောက်သာရှိသည်
"ကျုပ်သိပါတယ်နွယ်ရယ် ဘယ်သူတွေဘာပြောပြောနွယ်ကကျုပ်ဘက်မှာအမြဲရှိပေးခဲ့တာလေ"
"ဒါဆိုငါနဲ့ရွာထဲသွားစို့လေနော်.."
"ကျုပ်ရွာထဲသွားဝင်လို့မဖြစ်ဘူးလေနွယ်ရယ်"
ထိုအခါနွယ်ကဝမ်းနည်းဟန်ပြသည်
သူ့သူငယ်ချင်းကိုအကျင့်မကောင်းတဲ့ဟာတွေကရွာထဲဝင်ခွင့်မပေးကြဘူးလေ
သူကစောနဲ့အတူရွာထဲလျှောက်သွားချင်တာအခုသွားလို့မရတော့ဘူး
"ဒါဆိုလည်းရွာပြင်ကစေတီဘဲသွားကြတာပေါ့"
"ကောင်းပါပြီမမလေးနွယ်ခဗျာ"
ထို့နောက်စောတို့နှစ်ဦးရွာပြင်ကထုံးဖြူစေတီလေးဆီထွက်ခဲ့ကြသည်
စေတီအားဖူးမျှော်ပြီးနောက်ကုသိုလ်ရရန် ရင်ပြင်တော်ပေါ်မှာတံမြတ်စည်းလှဲကြောသန့်စင်နေစဥ်
"အမ...."
အနောက်ဘက်ကခေါ်သံကြောင့်စောလှည့်ကြည့်လိုက်တော့
သူမရင်းနှီးတဲ့လူတစ်ယောက်ဖြစ်နေသည်
"ဘယ်သူလဲ"
ပါးပြင်ထက်ရွှေဝါရောင်သနပ်ခါးလေးနှင့်လှချင်တိုင်းလှနေသောအမျိုးသမီလေးကိုစက်ငေးကြည့်နေမိတာစောင်းသံအလားသာယာသည့်အသံလေးကြားမှသတိဝင်မိသည်အထိပင်
"ဟို..ကျွန်တော့်နာမည်စက်ခွန်းမှိုင်းပါ"
ထိုစဥ်နွယ်ကအနားရောက်လာပြီး
"ဒါဆိုရှင်ကစောရဲ့ညီမနဲ့လက်ထပ်မဲ့သူပေါ့"
"ဘာကိုပြောချင်တာလဲမသိဘူး"
"ရှင်ကဆုဆုထွေးနဲ့လက်ထပ်ဖို့လာကမ်းလှမ်းတဲ့လူလားလို့မေးတာ "
"အာမဟုတ်ပါဘူး ကျွန်တော်ကဒီတိုင်းအဖေ့သူငယ်ချင်းရွာကိုလာလေ့လာတဲ့သဘောပါ"
"မသိဘူးလေရွာထဲမှာအဲ့ဆုထွေးမကရှင်နဲ့လက်ထပ်တော့မဲ့ဒီဇိုင်းနဲ့လိုက်ပြောနေတာကို"
"နွယ်..."
နွယ်စကားထပ်မပြောစေရန်စောကဟန့်လိုက်သည်
ထိုအခါနွယ်ကမကျေမနပ်ဖြင့်ဟမ့်ကနဲနေအောင်နှာမှုတ်သည်
"အမနာမည်ကျွန်တော်ကိုမပြောရသေးဘူးနော်"
"ဘယ်သူ့ကိုအမလို့ခေါ်နေတာလဲငါ့သူငယ်ချင်းကယောက်ျားလေး"
"ဟမ်..."
"ကျုပ်နာမည်ကစောရေးအေးပါ အခုပြောစရာမရှိတော့ရင်ပြန်ပါတော့မယ် လာနွယ်ပြန်မယ်"
စော နွယ်နှင့်အတူထိုကောင်လေးရှေ့မှခပ်မြန်မြန်ထွက်လာတော့သည်
ထိုကောင်လေးမျက်ဝန်းတွေမှာချစ်ရည်ရွှန်းနေသည်ဟုစောထင်သည်
အဲ့တာသာမှန်ပါက သူဟာညီမခင်ပွန်လောင်းကိုလုတယ်ဆိုပြီးစွပ်စွဲခံရနိုင်သည်
ဒါကြောင့်ခပ်ဝေးဝေးနေမှရမယ်
စက်ထွက်ခွာသွားတဲ့ကျောပြင်လေးကိုမျက်စိတစ်ဆုံးလိုက်ကြည့်နေမိတယ်
လှရက်လိုက်တာခင်ဗျားရယ်
အမျိုးသားတစ်ဦးဖြစ်ပါလျက်ဘာကြောင့်ဒီလောက်လှရတာလဲ
#ukeကခနတာအမျိုးသမီးလိုဝတ်စားဆင်ယင်ထားတာမျိုးပါficတစ်ပုဒ်လုံးအဲ့လိုဝတ်စားမှာတော့မဟုတ်ပါ
Pic crd