ချစ်လိပ်ပြာလေး တဝဲလည်လည်

By htwethannar

157K 6.2K 275

"လူတစ်ယောက်ကို ချစ်မိဖို့သူ့ရဲ့အနောက်ကဒီဂရီတွေကို လိုက်တွက်ချက်နေရလောက်အောင်အထိ ကိုယ်မအားဘူး... ကိုယ့်ချစ်ရမဲ... More

U/Z အခန်း၁ အခန္း၁
U/Z အခန်း၂ အခန္း၂
U/Z အခန်း၃ အခန္း၃
U/Z အခန်း၄ အခန္း၄
U/Z အခန်း၅ အခန္း၅
U/ Z အခန်း၆ အခန္း၆
U/Z အခန်း ၇ အခန္း၇
U/Z အခန်း၈ အခန္း၈
U/ Z အခန်း ၉ အခန္း၉
U/ Z အခန်း၁၀ အခန္း၁၀
U/ Z အခန်း၁၁ အခန္း၁၁
U/Zအခန်း၁၂ အခန္း၁၂
Unicode အခန်း၁၃
Zawgyi အခန္း၁၃
Unicode အခန်း၁၄
Zawgyi အခန္း၁၄
U/ Z အခန်း၁၅ အခန္း၁၅
U/ Z အခန်း၁၆ အခန္း၁၆
U/ Z အခန်း၁၇ အခန္း၁၇
U/ Z အခန်း၁၈
U/ Z အခန်း၁၉
🦋Unicode အခန်း၂၀
🦋Zawgyi အခန္း၂၀
U/Z အခန်း၂၂ အခန္း၂၂
U/Z အခန်း၂၃
U/Z အခန်း၂၄
Unicode အခန်း၂၅
Zawgyi အခန္း ၂၅
Unicode အခန်း၂၆
Zawgyi အခန္း၂၆
Unicode အခန်း ၂၇
Zawgyi အခန္း ၂၇
U/Z အခန်း၂၈
U/ Z အခန်း၂၉ အခန္း ၂၉
U/Z အခန်း၃၀
U/ Z အခန်း၃၁
အခန်း၃၂
U/Z အခန်း၃၃
U/Z အခန်း၃၄
U/Z အခန်း၃၅
U/Z အခန်း၃၆
U/Zအခန်း၃၇
U/Z အခန်း၃၈
U/Zအခန်း၃၉
U/Z အခန်း၄၀ ဇာတ်သိမ်း
⚠️⚠️⚠️🚨 Attention

U/Z အခန်း၂၁

2.9K 170 12
By htwethannar

        ချစ်လိပ်ပြာလေး တဝဲလည်လည်
                             အခန်း၂၁

နံနက်ခင်းရဲ့နေမင်းကြီးဟာ အရှိန်အဝါကြီးစွာနှင့်
ထွန်းတောက်နေလေသည်။
အခန်းဖွဲ့စည်းပုံဟာ နေထွက်ရာဘက်တွင် မှန်ချက်များကာရံကာ လိုက်ကာများချထားပါသော်လည်း နေ‌အလင်းရောင်ရဲ့ထိုးဖောက်လာမှုကို ဘယ်သူကများတားဆီးနိုင်မှာလဲ။

လိပ်ပြာရဲ့မျက်နှာဟာ ပူလောင်လာပြီး ကျိန်းစပ်နေသည်။
နူးညံ့အိထွေးနေသည့် မွေးယာရဲ့အထိအတွေ့ကြောင့် ထပ်ပြီးအိပ်စက်ချင်နေပေမဲ့ ပူလောင်စပ်ဖျင်းလာတဲ့ ခံစားချက်ဟာ လိပ်ပြာကိုလှုပ်နိုးလိုက်သလိုဖြစ်နေသည်။
လိပ်ပြာမခံနိုင်‌တော့တဲ့အဆုံး မျက်၀န်းတွေကိုဖွင့်ချလိုက်တဲ့အချိန်မှာတော့.....

"ဟင်...ဒါ...ဒါကိုကို့ကွန်ဒိုပဲ......"

လိပ်ပြာဟာ ခေါင်းချလိုက်တာနဲ့ အိပ်မောကျလွယ်သလို အိပ်ပြီဆိုရင်လည်း နိုးစက်ပေးမထားရင် မနက်နေထွက်မှနိုးတက်သူပါ။
လိပ်ပြာခန္ဓာကိုယ်ကို တစ်ချက်စစ်ဆေးကြည့်လိုက်တော့ ဘာမှမဖြစ်လို့တော်သေးတာပေါ့။
ကိုကိုက စည်းစောင့်တဲ့လူလိမ္မာလေးပဲလို့ မှတ်ချက်ချလိုက်သည်။

"ဟာ...သွားပြီ...ငါပြန်မလာတာနဲ့ ဟိုမိန်းမတွေ ငါ့ကို ခိုးရာလိုက်သွားပြီလို့ ထင်ကုန်ကြတော့မှာပဲ...ဘယ်လိုလုပ်ရမလဲ....တွေးစမ်း...တွေးစမ်း...."

ဉာဏ်နီ၊ဉာဏ်နက်၊ဉာဏ်ပြာတွေနဲ့ စုံနေအောင်တွေးပြီးနောက်မှာတော့ လိပ်ပြာအကြံတစ်ခုရသွားသည်။

"ဟုတ်ပြီ...ညက နှစ်ပတ်လည်ပွဲတတ်တာ နဲနဲညဉ့်နက်နေလို့ ကမ်းနားလမ်းကအသိတစ်ယောက်အိမ်မှာ တည်းလိုက်တယ်လို့ပြောရမယ်..."

လိပ်ပြာဖုန်းကိုယူလိုက်ပြီး contact listမှာသဲနုရဲ့ဖုန်းနံပါတ်ကိုရွေးပြီးနှိပ်လိုက်သည်။
သဲနုဆိုရင်တော့ ဒီလိုကိစ္စတွေကို ပိုနားလည်ပေးနိုင်မယ်လေ။
ဖုန်းခေါ်တိုင်းမရတဲ့သဲနုမက အခုတော့ခေါ်တာနဲ့တန်းကိုင်တော့တာပဲ။

"ဟယ်လို သဲနုလား..."

"အေး..ဟုတ်တယ်..."

‌သဲနုဘာဖြစ်နေတာလဲ။လေသံကမာလှချည်လား။

"ဟို..ငါပြောစရာရှိလို့..."

"ဘာမှ လာပြောမနေနဲ့...လိပ်ပြာမနင်အခုချက်ချင်း ပြန်လာခဲ့တော့ ရည်းစားရနေတာကို လျှိုထားတယ်ပေါ့ ဟုတ်လား...အေးတွေ့မယ်...နင်ငါတို့ကို ဟော့ပေါ့အကြီးစားကြီးနဲ့ ထိုင်ကန်တော့မှ ကျေနပ်မှာနော်...ဒါပဲ..."

"တူ...တူ..."

ဖုန်းကျသွားတာနဲ့ လိပ်ပြာမှာ ဘာပြောလို့ပြောရမှန်းမသိအောင်စွံ့အသွားသည်။သဲနုဘာတွေပြောသွားတာလဲ။လိပ်ပြာမှာ ရည်းစားရှိတာဘယ်လိုသိသွားတာလဲ။ဟိုတစ်နေ့ညက လိပ်ပြာသူတို့ကိုသေချာမပြောလိုက်မိပါဘူး။
စိတ်ရှုပ်လိုက်တာနော်။အိပ်ယာထခါစမို့ အစောတည်းကပွနေတဲ့ ကောက်ရိုးပုံဆံပင်တွေကို ထပ်ဖွပြစ်လိုက်သည်။
ပြီးနောက် ‌အိပ်ယာပေါ်မှဆင်းလိုက်ပြီး စောင်ခေါက်က အိပ်ယာအခင်းကိုပြေပြစ်အောင်ဖြန့်လိုက်သည်။ကိုကို့အိမ်ဆိုတော့ လိပ်ပြာကိုညစ်ပက်ပြီး ဖြစ်သလိုနေတယ်လို့တော့ အထင်မခံနိုင်ပါဘူး။

အိပ်ခန်းရဲ့အပြင်ကိုထွက်လာတော့ ဧည့်ခန်းထဲမှာလည်းကိုကို့အား မတွေ့ရပေ။ကိုကိုဘယ်တွေများသွားနေတာပါလိမ့်။ချစ်သူတစ်ယောက်လုံးကိုမင်္ဂလာနံနက်ခင်းပါလို့‌တောင်မပြောပဲထားခဲ့ရက်တယ်ပေါ့လေ။

"ဟင်း...သူ့ကွန်ဒိုကြီးကလည်း တောက်ပပြီးသန့်ရှင်းသပ်ရက်လွန်းတာတော့ မှန်ပါတယ်...
ဒါပေမဲ့ လူနေတဲ့ပုံမပေါ်ပဲ...ဘာလောဘလိုအင်ဆန္ဒမှမရှိတဲ့ စက်ရုပ်ကြီးနေတဲ့အတိုင်းပဲ..
ဧည့်ခန်းကလည်း တိဗွီမ‌‌ပြောနဲ့ပန်းအိုးတစ်လုံးတောင်မရှိဘူး...ပြောင်ရှင်းနေတာပဲ...မဖြစ်ဘူး
ကိုကို့အတွက် ပုံစံပြောင်းပေးမဲ့လူတစ်ယောက်တော့လိုနေပါပြီ..."

ဧည့်ခန်းမှာ အကျအနခါးထောက်ပြီး၊ခေါင်းတစ်ခါခါလုပ်ပြီးမှ ရေဆာလာ၍ မီးဖိုချောင်ကိုသွားလိုက်သည်။ရေခဲသေတ္တာထဲမှ ရေတစ်ဘူးယူပြီး ပြန်အလှည့်....

"အမယ်လေး!!!!မြတ်စွာဘုရား...."

"ကိုယ်က အဲ့လောက်ပဲကြောက်စရာကောင်းနေသလား..."

ကိုကို့အသံကြောင့် စုံမှိတ်ထားတဲ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်မိသည်။
လိပ်ပြာရဲ့မျက်နှာဟာ ကိုကို့ရင်အုံအနားမှာ ဖြစ်နေပြီး ကိုကို့ဆီမှယောက်ျားဆန်တဲ့ရေမွှေးနံ့တစ်မျိုးကို ရှူရှိုက်မိလိုက်ပါတယ်။
လိပ်ပြာမော့ကြည့်လိုက်တော့ ကိုကို့မျက်နှာကိုအောက်မေးရိုးမှတစ်ဆင့် ရှင်းလင်းပြတ်သားစွာ အနီးကပ်မြင်နေရတာကြောင့် ရင်ခုန်သံလေးခမျာ  ရေစိုအင်္ကျီကို မီးပူတိုက်ပစ်လိုက်သလို တစ်ရှဲရှဲမြည်နေပါလေရဲ့။ပူလောင်တာလား၊အေးမြကြည်နူးတာလား ဘယ်လိုခံစားချက်ကြီးပါလိမ့်။

ကိုကိုကပြုံးရွှင်ပြီး လိပ်ပြာကိုကြည့်နေလိုက်တာများ မျက်လုံးလေးတွေက စူးရှပြီးရွှေရောင်လက်နေသလိုပဲ။
ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းထောင့်လေးကအပေါ်ကို ကွေးညွှတ်သွားပြီးသိပ်မကြာပါဘူး ပုလဲလုံးလေးတွေလို သွားတက်ဖွေးဖွေးလေးတွေ ပေါ်လာတဲ့အထိ ပြုံး‌ပြလာသည်။
ကိုကို့အပြုံးက ကြက်မောက်ကျွန်းမှာရှိတဲ့ အသဲပုံရေကန်ကြီးထက်တောင် ပိုလှပြီး၊ပိုနှစ်သက်ဖို့ကောင်းနေသလိုပဲ။နှာတံလေးကလည်း ဖြောင့်စင်းပြီး အဖျားလေးမှာကော့သွားတာများ ရေ လွှာလျောစီးပစ်လိုက်ချင်ပါဘိ။

မိန်းမဆန်တာလည်းမဟုတ်၊ယောက်ျားဆန်သော မေးရိုးကားကား၊လေးထောင့်ကျကျလည်းမဟုတ်သလို ထောင့်ချိုးညီညီပြေစင်းသွားတာကြောင့် အရမ်းဆွဲဆောင်မှုရှိတာပဲ။ဆံပင်တွေက အရင်လို‌ ရွှေဝါရောင်လေးပြန်ဆိုးလိုက်ရင် "အို..ကိုကိုက ကမ္ဘာ့နံပါတ်တစ် အလှလေးဖြစ်နေမှာပဲ..."ကိုယ့်ချစ်သူကို တစိမ့်စိမ့်ကြည့်လေ သဘောကျလေမို့ ပါးချိုင့်တွေပေါ်အောင် ပြုံးမိသွားသည်။

"ဟိတ်ကောင်မလေး...သွားမတိုက်၊မျက်နှာမသစ်တော့ပဲ...ကိုယ့်ကိုပဲ ကြည့်နေတော့မှာလား..."

ကိုကိုပြောမှပဲ သတိရတယ် လိပ်ပြာသွားမတိုက်ရသေးဘူးပဲ။မျက်နှာမသစ်ရသေးတော့ မျက်ချီးတွေများ ရှိနေသလားမသိဘူး ရှက်လိုက်တာနော်။

"ဟိတ်...ဟာ...ဘယ်ပြေးတာလည်း ဒါယူသွားအုံးလေ..."

မျက်နှာကိုလက်နှစ်ဖက်နဲ့ အုပ်ပြီးပြေးသွားတဲ့ ကောင်မလေးကို လက်လည်းလှမ်းဆွဲလို့မရ‌တာကြောင့် ခါးလေးကိုအနောက်မှဖက်ပြီး တားလိုက်ရသည်။
သူ့ရင့်အုံနဲ့ ထိခတ်နေတဲ့ကျောပြင်‌လေးက သေးသေးလေးပေမဲ့ ရင်ခုန်မှုတွေကတော့ ကြီးမားလွန်းပါတယ်။

"ဒီမှာ...ပါဆယ်ထုပ် အဲ့အထဲမှာ ဂါ၀န်တစ်ထည်ရှိတယ်...၀တ်လိုက်နော်...ရေချိုးခန်းထဲမှာလည်း လိပ်ပြာအတွက် သွားတိုက်တံပန်းရောင်လေးထုတ်ပေးထားတယ်ပြီးရင်မနက်စာစားဖို့ ထွက်လာခဲ့ ကိုကိုရုံးမသွားခင် အိမ်ပြန်လိုက်ပို့ပေးမယ်...အော်..မနက်ကလိပ်ပြာရဲ့ဖုန်းလာသံကြားလို့ ကိုကိုကိုင်လိုက်မိတယ်..."

"အင်းပါ... ဘာ!!!!!..."

အာပုပ်ဆော်နံနေလည်း နံပါစေတော့ လိပ်ပြာ
ကိုကို့ဘက်သို့လှည့်မိသွားသည်။

"သူတို့က ဘာပြောသေးလဲ..."

"ဘယ်သူလဲလို့ မေးတယ်..."

"အဲ့တော့ ကိုကိုကဘာပြန်ပြောလိုက်လဲ.."

"လိပ်ပြာရဲ့ ရည်းစားပါလို့.."

"ဟာ....သွားပါပြီ...ဒါကြောင့်ကို..."

ဆံပင်စုတ်ဖွားလေးနဲ့ ကိုယ့်နဖူးကိုယ်ပြန်ရိုက်နေတဲ့ကောင်မလေးကို အသဲယားလာပြီး သူမရဲ့ခါးလေးကို ပိုတိုးလို့ဖက်ထားမိသည်။
သူဟာအသန့်ကြိုက်လွန်းတဲ့သူဖြစ်တာကြောင့် ခံစားချက်တွေကဘယ်လိုမှရှေ့ဆက်မရဖြစ်နေသည်။သူမသာ မျက်နှာသစ်၊သွားတိုက်ပြီးသူဆိုရင် သေချာတယ် ဒီထမင်းစားခန်းလေးကို သူ့အချစ်တွေနဲ့ ပိုမိုလှပအောင်မွန်းမံမိမှာပဲ။
သူ့ကောင်မလေးဟာ မျက်နှာလေးရှုံ့တွနေပြီး စိတ်သိပ်မကြည်ပုံပေါ်လေသည်။

"ဘာဖြစ်လို့လည်း လိပ်ပြာရဲ့..."

"ဘာ...ဘာမှမဖြစ်ပါဘူး...လိပ်ပြာမျက်နှာသစ်ချင်လို့ လွှတ်ပေးတော့နော်..."

မလွှတ်ပေးချင်ပေမဲ့ သူလွှတ်ပေးလိုက်ရပြန်သည်။အတင်းပြေးပြီး ရေချိုးခန်းဘက်သို့ပြေးသွားတဲ့ကောင်မလေးရဲ့ နောက်ကျောကိုကြည့်ပြီး သူ့လက်နှစ်ဖက်အား လေထဲမှာ အရွယ်အစားတစ်ခုကို တိုင်းကြည့်နေဟန်လုပ်‌နေမိသည်။

"အဟင်း...ခါးလေးကလည်းသေးသေးလေး..."

တစ်ဖက်မှာတော့ လိပ်ပြာဖြူဟာ ရေချိုးခန်းထဲမှာ သွားတိုက်မျက်နှာသစ်‌ပြီးတဲ့နောက် ပါဆယ်အထုပ်ထဲမှ ဂါ၀န်လေးကိုထုတ်ကြည့်မိသည်။

"အဖြူရောင်လေးပဲ...ဟင်..ဒါမနေ့က ကိုကိုနဲ့အတူသွားခဲ့တဲ့ ဆိုင်ကပဲ.."

‌ပါဆယ်အထုပ်ထဲမှာ ပြေစာ စာရွက်လေးကိုတွေ့လို့ ထုတ်ကြည့်လိုက်မိတော့ ....

"ဆယ်သိန်း...အမ‌ယ်လေး!!!!.."

လိပ်ပြာသွေးတွေတိုးကုန်ပြီး နားထင်ကိုသွေးတက်ဆောင့်ပါတော့တယ်။ကိုကိုဟာ သိပ်အသုံးအဖြုန်းကြီးတာပဲ။

"ကိုကို..ကိုကို...အပြောနဲ့အလုပ်နဲ့တကယ်ညီတဲ့လူပဲ...သူ့အပေါ်မှာအကြွေးတွေ တနင့်တပိုးကြီးတင်အောင်တကယ်လုပ်နေတာ...ဟူး...မဆပ်နိုင်ရင်
ဘယ့်နယ့်လုပ်ပါ့မလဲ...ငါ့ကို တစ်မျိုးပြီး တစ်မျိုးရင်တုန်အောင်လုပ်လည်း လုပ်နိုင်လွန်းပါတယ်..."

သွားတိုက်ဆေးရဲ့ ပူရှိန်းရှိန်းအရသာကလည်း လိပ်ပြာအတွက် ဘာလိုမှမနေတော့သလိုဖြစ်နေသည်။
စိတ်အစဉ်က မနေ့ညနေကသိန်းသုံးဆယ်နဲ့ ဒီနေ့မနက်ရဲ့ ဆယ်သိန်းဆီမှာပဲ ရောက်လို့နေပါတော့တယ်။လိပ်ပြာတို့ မတော်တဆများ ကွဲသွားခဲ့ရင် ဒီပိုက်ဆံတွေကို ပြန်မဆပ်နိုင်တဲ့အကျိုးက နောင်ဘ၀‌ရောက်လို့ရှိရင် ကိုကို့အိမ်မှာ အိမ်စောင့်တဲ့ခွေးမကြီးများဖြစ်နေမလား။ကို့ကိုအိမ်မှာ ‌မကျွတ်မလွတ်တဲ့ သရဲမကြီးများ သွားဖြစ်နေမလားပဲ။
ကိုကိုရယ် လိပ်ပြာအကြွေးဆိုရင် ကြောက်လှပါတယ်။

💰💰💰💰💰💰💰💰

"လိပ်ပြာ ကိုကိုနေ့ခင်းကြရင် ဖုန်းဆက်လိုက်မယ်နော်..."

"အင်းပါ...ကိုကိုရဲ့...တာ့တာနော်...လိပ်ပြာအပေါ်တက်တော့မယ်...ကိုကိုလည်း...အလုပ်သွားတော့လေနော်..."

"အင်း..ကိုကိုသွားပြီ..."

လိပ်ပြာကို နှုတ်ဆက်ကာ ကားထဲပြန်၀င်ပြီး မောင်းထွက်သွားသည့် ကားပြေးလမ်းတစ်လျှောက် လိုက်ကြည့်ရင်း လိပ်ပြာသက်ပြင်းချနေမိသည်။အပေါ်မှာ ရှင်းရမဲ့အဖွဲ့ကရှိနေသည်လေ။

ကြည်ပြာ၊အေးအေး၊သဲနုနှင့် သူဇာမှာတော့ ၀ရံတာမှနေပြီး လှမ်းမြင်နေရတဲ့ အတွဲကြောင့် အကုန်လုံးတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိကုန်ကြသည်။

"ကြည်ပြာ...အဲ့ဒါ..နင်ပြတဲ့ပုံထဲက CEOဆိုတဲ့လူမဟုတ်လား....လိပ်ပြာနဲ့ကဘယ်လို..."

အေးအေးရဲ့လက်မောင်းကို သဲနုကလှမ်းပုတ်ပြီးသတိပေးလိုက်ရာ အေးအေးလည်းဆက်မပြောတော့ပဲ ကြည်ပြာ့မျက်နှာကိုသာကြည့်လိုက်သည်။

ကြည်ပြာဟာ အင်မတန်စိတ်ဆိုး၊ဒေါသထွက်နေဟန်ပေါ်နေပြီး နှုတ်ခမ်းတွေကို ဖိကိုက်ခါ မဲ့ပစ်လိုက်သည်။ကျက်သရေရှိပြီး ယဉ်တင့်ပါတယ်ဆိုသည့် ကြည်ပြာ့ရဲ့အလှဟာ အင်မတန်ကြောက်စရာကောင်းတဲ့ တောရိုင်းတကောင်နယ် ပြောင်းလဲသွားတော့သည်။

"အဟင်း...ဒင်းက..ဒီလိုလား...တွေ့မယ်...တွေ့မယ်"

ခေါင်းတစ်ဆက်ဆက်ငြိမ့်ပြီး စိတ်ဆိုး၊မာန်ဆိုးနဲ့ ခြေဆောင့်ကာ ဧည့်ခန်းထဲသို့ထွက်သွားသော ကြည်ပြာကြောင့် ကျန်ခဲ့တဲ့သုံးယောက်မှာပါ စိတ်မသက်မသာဖြစ်ကုန်ကြသည်အထိ ဖြစ်လာကြသည်။

"ဒုက္ခပဲ...ပြဿနာတွေတော့ တက်ကုန်တော့မှာပဲ.."

"သဲနုရေ...ဘယ်လိုလုပ်ကြမလဲ...."

"မတတ်နိုင်ဘူး...ရင်ဆိုင်ဖြေရှင်းသင့်တာက ရှင်းကိုရှင်းရမှာပဲ...ဒီ့ထက်လွဲမှားမှုတွေပိုများလာရင်သာ ပြဿနာပိုကြီးမှာ...ထိခိုက်နစ်နာမှုမကြီးမားပါစေနဲ့လို့ပဲ ဆုတောင်းရတော့မှာပေါ့....."
*
*
*
"ဂျောက်"

တိုက်ခန်းတံခါးကြီးက ပွင့်နေတာကြောင့် လိပ်ပြာလည်း အထဲသို့ ဘဲလ်မနှိပ်ပဲ တန်း၀င်လာမိသည်။
ဖိနပ်စင်မှာ ဖိနပ်ကိုချွတ်တင်ပြီးနောက် ဧည့်ခန်းအရှေ့ကို အဖြတ်မှာ သူငယ်ချင်းမလေးယောက်ဟာ ဧည့်ခန်းထဲမှာ အသီးသီးထိုင်နေကြလေသည်။
သူတို့မျက်နှာတွေကလည်း မသာမယာနဲ့ ဘာဖြစ်လို့ပါလိမ့်။

"အဟင်း...လူစုံနေပါလား...."

လိပ်ပြာကရယ်ပြလည်း တုံ့ပြန်မှုပြန်မပေးတဲ့ သူငယ်ချင်းတွေကြောင့် စိတ်ထဲမှာခိုးလို့ခုလုကြီးဖြစ်သွားသည်။
ထိုစဉ် ကြည်ပြာဟာ ခြေထောက်ကိုချိပ်၍ထိုင်နေရာမှ လိပ်ပြာဆီသို့ပြေးလာပြီး လက်ကိုလေထဲသို့မြှောက်ချလိုက်သည်။

"ဖြန်း!!!!!!"

"ကြည်ပြာ့!!!!!"

လှမ်းအော်လိုက်တဲ့ လူကသူဇာပါ။လိပ်ပြာရဲ့ပါးတစ်ဖက်ဟာ ပြင်းထန်တဲ့ရိုက်ချက်ကြောင့် ညာဘက်ပါးပြင်တစ်ခုလုံးထူပူကျိန်းစက်သွားပြီး နားမှညှပ်နားကပ်ကလေးတောင် လွှင့်ထွက်သွားလေသည်။

"ကြည်ပြာ...နင်ဘာလို့ကိုယ်ထိလက်ရောက်လုပ်ရတာလည်း...စကားနဲ့ပဲဖြေရှင်းပါဟာ...ငါတို့ကသူငယ်ချင်းတွေမဟုတ်ဘူးလား..."

လက်ချောင်းအရာတွေထင်သွားတဲ့အထိ နီရဲသွားတဲ့ လိပ်ပြာရဲ့ပါး‌ပြင်ကိုကြည့်ပြီး သူဇာမှာမျက်ရည်ဝဲသွားရတဲ့အထိပင်။

သဲနုနဲ့အေးအေးကလည်း ဘယ်လိုမှမထင်မှတ်ထားတဲ့ကိစ္စကို လုပ်လိုက်တဲ့ကြည်ပြာ့အား မယုံနိုင်စွာ ကြည့်လိုက်ကြသည်။

ကြည်ပြာမှာ ‌ဒေါသထွက်လွန်းလို့ အောက်မေးရိုးနဲ့ အပေါ်သွားများပင် ရိုက်ခက်လောက်အောင်အထိ နှုတ်ခမ်းတွေတစ်ဆက်ဆက်တုန်ယင်နေကာ လိပ်ပြာကို လက်ညှိုးငေါက်ငေါက်ထိုးပစ်လိုက်သည်။

"ဘာသူငယ်ချင်းလည်း...သူငယ်ချင်းဆိုရင် ဒီလိုလုပ်ရက်မျိုးကိုမလုပ်ဘူး...ငါသည်းခံနေတာကြာပြီ..လိပ်ပြာ နင့်အကျင့်က နှစ်တွေဘယ်လောက်ကြာကြာ ပြောင်းလဲမသွားတာ ငါအံ့ဩလို့မဆုံးနိုင်ဘူး..."

"ကြည်ပြာ...နင်ငါ့ကိုအဲ့ဒီ့လိုမပြောနဲ့..."

"ပြောမှာပဲ...ဘာဖြစ်လည်း..."

လိပ်ပြာအံ့ဩလွန်းတာရော၊မယုံကြည်နိုင်မှုတွေပါ ပေါင်းစုံသွားပြီး မျက်၀န်းမှမျက်ရည်တွေဟာ ဘယ်လိုပဲအားတင်းကာ ထိန်းထားနေပေမဲ့ ကျဆင်းလာတာပါပဲ။
ယောက်ျားတစ်ယောက်အတွက် လိပ်ပြာအရမ်းခင်မင်တွယ်တာရပါတယ်ဆိုတဲ့ သူငယ်ချင်းတွေက သစ္စာဖောက်တစ်ယောက်လို၊ရွံရှာစရာလူတစ်ယောက်လို အကြည့်ခံ၊အထင်ခံရတာလောက် ၀မ်းနည်းစရာကောင်းတဲ့ ကိစ္စမရှိတော့ပါဘူး။
လိပ်ပြာရည်စားထားမိတာအပြစ်တဲ့လား။
မဟုတ်ဘူး လိပ်ပြာရဲ့ချစ်သူဟာ ကိုကိုဖြစ်နေတာကိုက အပြစ်တစ်ခုဖြစ်နေတာပါ။

"ကြည်ပြာ...ငါရှင်းပြတာကို နားထောင်ပေးပါအုံးဟာ..."

"မရှင်းပြနဲ့...နင့်ရဲ့အလိမ်အညာစကားတွေကို ကျောင်းတုန်းကလည်း တစ်ခါခံခဲ့ရပြီးပြီ...အခုတစ်ခါကတော့ ကြည်ပြာငတုံးမဟုတ်တော့ဘူးသိရဲ့လား...ဘာလဲ..နင်က ငါကြိုက်တဲ့လူတိုင်းကို ၀င်လုရမှနေသာထိုင်သာ ရှိတာလား...အဲ့ဒါနင့်ဝါသနာလား..."

"ကြည်ပြာ!!!!နင်ငါ့ကိုအဲ့လိုလာမစွပ်စွဲနဲ့ ...
ကိုကို...ကိုဘုန်းမြတ်နဲ့က နင်စပြီးရင်ဖွင့်တဲ့နေမှာပဲ ချစ်သူတွေဖြစ်ခဲ့တာ...ငါအဲ့နေ့က နင်တို့အားလုံးကိုဖွင့်ပြောပြမလို့ပဲ ဒါပေမဲ့..."

လိပ်ပြာရဲ့စကားကြောင့် ကြည်ပြာဟာအရင်ကထက်နှစ်ဆ ပိုဒေါသထွက်သွားပြီး လိပ်ပြာကိုမျက်ထှောက်နီကြီးနဲ့ ကြည့်ပစ်ကာ လိပ်ပြာရဲ့ပုခုံးကိုတစ်ချက်ဆောင့်တွန်းပစ်လိုက်သည်။

"နင်ပြောတဲ့စကားတိုင်းကို ငါကယုံပေးရမယ်ပေါ့..ဟား..ဟား..လိပ်ပြာ နင်ကလေ စကားတတ်တိုင်း လျှာဖျားလေးနဲ့ လှည့်လိမ်နေတာပဲနော်...ကျောင်းတုန်းကလည်း ကိုမြင့်သူကိုအကျင့်စာရိတ္တမကောင်းတဲ့ လူပါဆိုပြီး ငါ့ကိုသွေးထိုးတယ်..အခုလည်းလာပြန်ပြီ..အဟင်း နင့်ကိုနင်လည်း ပြန်ကြည့်ပါအုံး...ငါ့ထက်ဘယ်နေရာကများ သာနေလို့လည်း၊ နင့်မှာနေစရာမရှိလို့ ငါ့တိုက်ခန်းမှာလာကုတ်ကပ်နေရတာမဟုတ်ဘူးလား..အဲ့လိုဘာဆို၊ဘာမှမရှိတဲ့နင့်လိုလူကို သူ့လိုCEOတစ်‌ယောက်က ပစ်ကြွေလာအောင် ဘယ်လိုနည်းလမ်းတွေများ သုံးခဲ့တာလဲ..အဟင်း
နည်းလမ်းကောင်းလေးများရှိရင် ပေးပါအုံး..."

"ကြည်ပြာ...နင်လိပ်ပြာကို အဲ့လောက်‌တောင်ချိုးဖဲ့ပြီးမပြောသင့်ပါဘူးဟာ...ငါတို့အတူတူနေလာတာပဲ သုံးနှစ်လောက်ရှိပြီ...အကုန်ဆိုးအတူကောင်းအတူ နေလာကြတာမဟုတ်ဘူးလား..."

"အေးလေ...နင်အခုပြောလိုက်တဲ့စကားက ငါတို့ကိုပါထိခိုက်တယ်...လိပ်ပြာဟာငါတို့အပေါ် ဘယ်တုန်းကမှထိခိုက်အောင် မလုပ်ခဲ့ပါဘူးဟာ.."

သူဇာကစကားစလိုက်တာနဲ့ အေးအေးကပါ၀င်ပြောလာလေသည်။လိပ်ပြာအပေါ်မှာယုံကြည်ပေးတဲ့သူတို့နှစ်ယောက်ကို လိပ်ပြာသိပ်ကျေးဇူးတင်နေမိသည်။
အေးအေးနဲ့ သူဇာတို့နှစ်ယောက်ရဲ့အလည်မှ ဖြတ်လျှောက်ပြီး ကြည်ပြာ့အရှေ့မှာ လိပ်ပြာရပ်လိုက်သည်။

"ကြည်ပြာ...ငါတကယ်စိတ်ထဲမှာမကောင်းဘူး..နင်ငါ့အပေါ်မှာတစ်ချိန်လုံး ဒီလိုအထင်သေးရွံရှာနေတာပေါ့...‌ကိုမြင့်သူနဲ့ကိစ္စမှာလည်း ငါ့အနေနဲ့ လီဆယ်ပြီးပြောခဲ့တဲ့စကားတစ်လုံးမှမရှိဘူး..မယုံရင်သူဇာ့ကိုမေးကြည့်..ကိုမြင့်သူဟာဘယ်လိုလူမျိုးလည်းဆိုတာ... တတိယနှစ်ကကျောင်းသားတွေအားလုံးသိတယ်......နင်တစ်ယောက်ထဲကပဲမျက်စိပိတ်နားပိတ်ဖြစ်နေခဲ့တာ...ငါလိမ်ပြောရင် အသေဆိုးနဲ့သေရပါစေလို့ ကျိန်ရဲတယ်ကြည်ပြာ...အဲ့ဒါ ငါ့သစ္စာစကားပဲ..
လူတိုင်းမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်၊ကိုယ်ပိုင်ခံယူချက်အသီးသီးရှိကြမှာပဲ နင်ဒါကိုလက်ခံသင့်တယ်...အဲ့လိုပဲ ငါ့မှာကိုဘုန်းမြတ်နဲ့ချစ်သူ၊ရည်းစားဖြစ်ဖို့လည်း အခွင့်အရေးအပြည့်ရှိတယ် ကြည်ပြာ..တစ်ရက်ပါပဲ...နင်သာငါ့ကိုတစ်ရက်ကြိုပြီး ကိုဘုန်းမြတ်အပေါ်မှာထားတဲ့ နင့်ရဲ့ခံစားချက်တွေကို ပြော‌ပြပေးခဲ့ရင်...ငါလေ..ဘယ်လောက်ပဲချစ်မိနေပါစေ..ငါ့ရဲ့သူငယ်ချင်းအတွက်..ငါ့အချစ်ကိုစတေးပေးနိုင်ပါတယ်..."

"အပိုတွေ..ပါးစပ်ရှိတိုင်းတော့...နင်ပဲပြောတတ်တာလား..."

လိပ်ပြာဟာ ပါးအရိုက်ခံရလည်း သူငယ်ချင်းဆိုတဲ့စိတ်ကြောင့် လေသံတောင်မမာပါ‌ပဲရှင်းပြနေမိသည်။
ကြည့်ပြာ့စိတ်ထဲမှာတော့ လိပ်ပြာဖြူရဲ့ပါးစပ်မှထွက်သမျှ စကားလုံးတိုင်းဟာ သူ့ရဲ့မာကျောခက်ထန်နေတဲ့ နှလုံးသားကိုတိုးလို့မဖောက်နိုင်ပဲ ပိုလို့သာ ခက်ထန်မာကျောလာရသည်။
လိပ်ပြာသိလိုက်ပါပြီး ကြည်ပြာဟာ လိပ်ပြာအပေါ်ဘယ်လိုမှ နားလည်မပေးနိုင်တော့ဘူးဆိုတာကိုပေါ့။

"ကောင်းပြီ..ကြည်ပြာ...နင့်အနေနဲ့ငါ့အပေါ်မှာ ဒီလိုသဘောထားတွေရှိနေမှာတော့ ငါဘာမှထပ်မပြောလိုတော့ပါဘူး...ငါအခုပဲနင့်တိုက်ခန်းကနေ ဆင်းပေးပါ့မယ်...ငါ့မျက်နှာကိုမမြင်ရင် နင်လည်းအကုသိုလ်မတက်တော့ဘူးပေါ့...."

"လိပ်ပြာ...လိပ်ပြာ...အဲ့လိုမလုပ်ပါနဲ့ဟာ.."

ကျန်သူငယ်ချင်း သုံးယောက်ကလိုက်လံတားဆီးကြပေမဲ့  လိပ်ပြာကတော့ အ၀တ်ဗီဒိုထဲမှ အ၀တ်အစားတွေကိုထုတ်ပြီး လက်ကေ့အကြီးထဲကို ဆန့်သလောက် ထည့်နေလိုက်သည်။
အားလုံးပြီးစီးသွားတဲ့နောက်မှာတော့ ဇစ်ဆွဲလိုက်ပြီး သူဇာ၊သဲနုနှင့် အေးအေးတို့သုံးယောက်အား လိပ်ပြာမျက်ရည်ဝဲရင်း ကြည့်မိသည်။

"ကိုယ့်ကိုကိုယ် ဂရုဆိုက်ကြပါ...ငါနင်တို့ကိုတော့ဆက်သွယ်ပါ့မယ်...ငါ့မှာလည်းမာနနဲ့မို့...သည်းခံပြီးဆက်မနေနိုင်တဲ့အတွက် ခွင့်လွှတ်ပေးကြပါ..ကြည့်ပြာ့ကိုလည်း ဂရုဆိုက်ပေးလိုက်ကြပါအုံးနော်...ငါတို့တွေ..တစ်နေ့နေ့မှာပေါ့...ဖြူစင်တဲ့ချစ်ခြင်းနဲ့ ထာ၀ရသူငယ်ချင်းတွေအဖြစ် အတူထပ်မံစုံစည်းကြတာပေါ့..."

"လိပ်ပြာ...နင်မသွားပါနဲ့ဟာ...လိပ်ပြာ!!!.. "

သူငယ်ချင်းသုံးယောက်ခမျာ ဘယ်လိုပဲ တောင်းပန်တိုးလျှိုးကြပေမဲ့ အိမ်မကြီးတံခါးကတော့ ဖြည်းညှင်းစွာပိတ်သွားခဲ့လေပြီ။
အေးအေးရဲ့စိတ်ထဲတွင်တော့"လိပ်ပြာရယ် နင်ဘယ်လောက်အထိ စိတ်နှလုံးသား ဖြူစင်လည်း ဆိုတာငါသိပါတယ်ဟာ..ထွက်သွားတာတောင် တံခါးကိုအသံမမြည်အောင် ပိတ်ပေးသွားတဲ့ နင့်ဘ၀လေးလည်း သာယာနိုင်ပါစေ...ငါအမြဲဆုတောင်းပေးတယ်" အေးအေးမှာ မျက်ရည်ဝဲနေရသလို သဲနုနဲ့သူဇာမှာလည်း မခံစားနိုင်စွာ ငိုမိပါတော့တယ်။

ကိုဘုန်းမြတ်ကို သူမအစ်ကိုရဲ့သူငယ်ချင်းအနေနဲ့စတွေ့တဲ့နေ့က ရင်မခုန်မိပေမဲ့ လိပ်ပြာပြောတာသာမှန်ရင် တိုက်ဆိုင်လွန်းစွာ ထိုနေ့မှသူမရင်ခုန်မိခဲ့တယ်။သူငယ်ချင်းတွေတွေ့ဆုံကြတဲ့နေ့မှာ ကိုဘုန်းမြတ်ဟာ အလုပ်မအားလို့ဆိုပြီးလိပ်ပြာနဲ့ရှေ့ဆင့်၊နောက်ဆင့်ထွက်သွားခဲ့တာကြောင့် ခင်မင်ခွင့်မရခဲ့သလို ကြာတော့မေ့သွားမိခဲ့တယ်။
ကြည်ပြာသူ့ကိုမှတ်မိနေခဲ့ရမှာ ဘာကြောင့်လည်း??ဘာကြောင့်ဒီလောက်တောင် တိုက်ဆိုင်နေခဲ့ရတာလဲ??

သူမရဲ့လုပ်ရပ်အတွက် နောင်တမရမိရန် တင်းထားရင်းမှ ကြမ်းပြင်ပေါ်မှာ မှောက်ချလိုက်ပြီး ငိုရှိုက်နေပါတော့တယ်။
သူမဟာ အချစ်ဆုံးသူငယ်ချင်းတစ်ယောက်ကို ရက်စက်စွာ ပါးရိုက်မိလိုက်သလို သာမန်လူတစ်ယောက်အတွက် နင့်သီးလွန်းတဲ့စကားလုံးတွေနဲ့လည်း နာကျင်အောင်ထိုးနက်မိခဲ့တယ်။
ဆုံးရှုံးမှုတစ်ရက်ကို သိစိတ်ကတင်းခံနိုင်ပေမဲ့ မသိစိတ်ကတော့ အလိုလိုမျက်ရည်ကျမိနေခြင်းပင်။
ဒါပေမဲ့သူမမမှားဘူးလို့ မာနတရားကတော့ တောင့်ခံထားဆဲပါပဲ။

လူတွေဟာ ကိုယ့်ရဲ့လိုအင်ဆန္ဒတစ်ခုတည်းကိုပဲ ကြည့်မိတဲ့အခါ ကိုယ်ချစ်တဲ့၊မြတ်နိုးတဲ့အရာတွေ ကို ကိုယ့်လက်နဲ့ပဲပြန်ဖြတ်စီးတတ်ကြတယ်။
ကိုယ့်ဘက်ကကြည့်တော့လက်ဖမိုး သူ့ဘက်ကကြည့်တော့ လက်ဖဝါးဆိုပေမဲ့ နှစ်ဖက်လုံးကိုမြင်တတ်မှာသာ ဆုံးရှုံးနစ်နာမှုတွေကို လျော့ချနိုင်မှာ‌ သေချာပါတယ်။

💔💔💔💔💔💔

အမှားပါရင်ဝေဖန်ပေးကြပါအုံး
ဖတ်မိလို့ကြိုက်နှစ်သက်ရင် ⭐voteလေးလဲပေးနိုင်သလိုshareလုပ်ပေးနိုင်ပါတယ်😀

Zawgyi 🌻🌻🌻
        ခ်စ္လိပ္ျပာေလး တဝဲလည္လည္
                             အခန္း၂၁

နံနက္ခင္းရဲ႕ေနမင္းႀကီးဟာ အရွိန္အဝါႀကီးစြာႏွင့္
ထြန္းေတာက္ေနေလသည္။
အခန္းဖြဲ႕စည္းပုံဟာ ေနထြက္ရာဘက္တြင္ မွန္ခ်က္မ်ားကာရံကာ လိုက္ကာမ်ားခ်ထားပါေသာ္လည္း ေန‌အလင္းေရာင္ရဲ႕ထိုးေဖာက္လာမႈကို ဘယ္သူကမ်ားတားဆီးႏိုင္မွာလဲ။

လိပ္ျပာရဲ႕မ်က္ႏွာဟာ ပူေလာင္လာၿပီး က်ိန္းစပ္ေနသည္။
ႏူးညံ့အိေထြးေနသည့္ ေမြးယာရဲ႕အထိအေတြ႕ေၾကာင့္ ထပ္ၿပီးအိပ္စက္ခ်င္ေနေပမဲ့ ပူေလာင္စပ္ဖ်င္းလာတဲ့ ခံစားခ်က္ဟာ လိပ္ျပာကိုလႈပ္ႏိုးလိုက္သလိုျဖစ္ေနသည္။
လိပ္ျပာမခံႏိုင္‌ေတာ့တဲ့အဆုံး မ်က္၀န္းေတြကိုဖြင့္ခ်လိုက္တဲ့အခ်ိန္မွာေတာ့.....

"ဟင္...ဒါ...ဒါကိုကို႔ကြန္ဒိုပဲ......"

လိပ္ျပာဟာ ေခါင္းခ်လိုက္တာနဲ႔ အိပ္ေမာက်လြယ္သလို အိပ္ၿပီဆိုရင္လည္း ႏိုးစက္ေပးမထားရင္ မနက္ေနထြက္မွႏိုးတက္သူပါ။
လိပ္ျပာခႏၶာကိုယ္ကို တစ္ခ်က္စစ္ေဆးၾကည့္လိုက္ေတာ့ ဘာမွမျဖစ္လို႔ေတာ္ေသးတာေပါ့။
ကိုကိုက စည္းေစာင့္တဲ့လူလိမၼာေလးပဲလို႔ မွတ္ခ်က္ခ်လိုက္သည္။

"ဟာ...သြားၿပီ...ငါျပန္မလာတာနဲ႔ ဟိုမိန္းမေတြ ငါ့ကို ခိုးရာလိုက္သြားၿပီလို႔ ထင္ကုန္ၾကေတာ့မွာပဲ...ဘယ္လိုလုပ္ရမလဲ....ေတြးစမ္း...ေတြးစမ္း...."

ဉာဏ္နီ၊ဉာဏ္နက္၊ဉာဏ္ျပာေတြနဲ႔ စုံေနေအာင္ေတြးၿပီးေနာက္မွာေတာ့ လိပ္ျပာအႀကံတစ္ခုရသြားသည္။

"ဟုတ္ၿပီ...ညက ႏွစ္ပတ္လည္ပြဲတတ္တာ နဲနဲညဥ့္နက္ေနလို႔ ကမ္းနားလမ္းကအသိတစ္ေယာက္အိမ္မွာ တည္းလိုက္တယ္လို႔ေျပာရမယ္..."

လိပ္ျပာဖုန္းကိုယူလိုက္ၿပီး contact listမွာသဲႏုရဲ႕ဖုန္းနံပါတ္ကိုေ႐ြးၿပီးႏွိပ္လိုက္သည္။
သဲႏုဆိုရင္ေတာ့ ဒီလိုကိစၥေတြကို ပိုနားလည္ေပးႏိုင္မယ္ေလ။
ဖုန္းေခၚတိုင္းမရတဲ့သဲႏုမက အခုေတာ့ေခၚတာနဲ႔တန္းကိုင္ေတာ့တာပဲ။

"ဟယ္လို သဲႏုလား..."

"ေအး..ဟုတ္တယ္..."

‌သဲႏုဘာျဖစ္ေနတာလဲ။ေလသံကမာလွခ်ည္လား။

"ဟို..ငါေျပာစရာရွိလို႔..."

"ဘာမွ လာေျပာမေနနဲ႔...လိပ္ျပာမနင္အခုခ်က္ခ်င္း ျပန္လာခဲ့ေတာ့ ရည္းစားရေနတာကို လွ်ိဳထားတယ္ေပါ့ ဟုတ္လား...ေအးေတြ႕မယ္...နင္ငါတို႔ကို ေဟာ့ေပါ့အႀကီးစားႀကီးနဲ႔ ထိုင္ကန္ေတာ့မွ ေက်နပ္မွာေနာ္...ဒါပဲ..."

"တူ...တူ..."

ဖုန္းက်သြားတာနဲ႔ လိပ္ျပာမွာ ဘာေျပာလို႔ေျပာရမွန္းမသိေအာင္စြံ႕အသြားသည္။သဲႏုဘာေတြေျပာသြားတာလဲ။လိပ္ျပာမွာ ရည္းစားရွိတာဘယ္လိုသိသြားတာလဲ။ဟိုတစ္ေန႔ညက လိပ္ျပာသူတို႔ကိုေသခ်ာမေျပာလိုက္မိပါဘူး။
စိတ္ရႈပ္လိုက္တာေနာ္။အိပ္ယာထခါစမို႔ အေစာတည္းကပြေနတဲ့ ေကာက္႐ိုးပုံဆံပင္ေတြကို ထပ္ဖြျပစ္လိုက္သည္။
ၿပီးေနာက္ ‌အိပ္ယာေပၚမွဆင္းလိုက္ၿပီး ေစာင္ေခါက္က အိပ္ယာအခင္းကိုေျပျပစ္ေအာင္ျဖန႔္လိုက္သည္။ကိုကို႔အိမ္ဆိုေတာ့ လိပ္ျပာကိုညစ္ပက္ၿပီး ျဖစ္သလိုေနတယ္လို႔ေတာ့ အထင္မခံႏိုင္ပါဘူး။

အိပ္ခန္းရဲ႕အျပင္ကိုထြက္လာေတာ့ ဧည့္ခန္းထဲမွာလည္းကိုကို႔အား မေတြ႕ရေပ။ကိုကိုဘယ္ေတြမ်ားသြားေနတာပါလိမ့္။ခ်စ္သူတစ္ေယာက္လုံးကိုမဂၤလာနံနက္ခင္းပါလို႔‌ေတာင္မေျပာပဲထားခဲ့ရက္တယ္ေပါ့ေလ။

"ဟင္း...သူ႔ကြန္ဒိုႀကီးကလည္း ေတာက္ပၿပီးသန႔္ရွင္းသပ္ရက္လြန္းတာေတာ့ မွန္ပါတယ္...
ဒါေပမဲ့ လူေနတဲ့ပုံမေပၚပဲ...ဘာေလာဘလိုအင္ဆႏၵမွမရွိတဲ့ စက္႐ုပ္ႀကီးေနတဲ့အတိုင္းပဲ..
ဧည့္ခန္းကလည္း တိဗြီမ‌‌ေျပာနဲ႔ပန္းအိုးတစ္လုံးေတာင္မရွိဘူး...ေျပာင္ရွင္းေနတာပဲ...မျဖစ္ဘူး
ကိုကို႔အတြက္ ပုံစံေျပာင္းေပးမဲ့လူတစ္ေယာက္ေတာ့လိုေနပါၿပီ..."

ဧည့္ခန္းမွာ အက်အနခါးေထာက္ၿပီး၊ေခါင္းတစ္ခါခါလုပ္ၿပီးမွ ေရဆာလာ၍ မီးဖိုေခ်ာင္ကိုသြားလိုက္သည္။ေရခဲေသတၱာထဲမွ ေရတစ္ဘူးယူၿပီး ျပန္အလွည့္....

"အမယ္ေလး!!!!ျမတ္စြာဘုရား...."

"ကိုယ္က အဲ့ေလာက္ပဲေၾကာက္စရာေကာင္းေနသလား..."

ကိုကို႔အသံေၾကာင့္ စုံမွိတ္ထားတဲ့မ်က္လုံးေတြကို ဖြင့္ၾကည့္လိုက္မိသည္။
လိပ္ျပာရဲ႕မ်က္ႏွာဟာ ကိုကို႔ရင္အုံအနားမွာ ျဖစ္ေနၿပီး ကိုကို႔ဆီမွေယာက္်ားဆန္တဲ့ေရေမႊးနံ႔တစ္မ်ိဳးကို ရႉရႈိက္မိလိုက္ပါတယ္။
လိပ္ျပာေမာ့ၾကည့္လိုက္ေတာ့ ကိုကို႔မ်က္ႏွာကိုေအာက္ေမး႐ိုးမွတစ္ဆင့္ ရွင္းလင္းျပတ္သားစြာ အနီးကပ္ျမင္ေနရတာေၾကာင့္ ရင္ခုန္သံေလးခမ်ာ  ေရစိုအက်ႌကို မီးပူတိုက္ပစ္လိုက္သလို တစ္ရွဲရွဲျမည္ေနပါေလရဲ႕။ပူေလာင္တာလား၊ေအးျမၾကည္ႏူးတာလား ဘယ္လိုခံစားခ်က္ႀကီးပါလိမ့္။

ကိုကိုကၿပဳံး႐ႊင္ၿပီး လိပ္ျပာကိုၾကည့္ေနလိုက္တာမ်ား မ်က္လုံးေလးေတြက စူးရွၿပီးေ႐ႊေရာင္လက္ေနသလိုပဲ။
ၿပဳံးေယာင္သန္းေနတဲ့ ႏႈတ္ခမ္းေထာင့္ေလးကအေပၚကို ေကြးၫႊတ္သြားၿပီးသိပ္မၾကာပါဘူး ပုလဲလုံးေလးေတြလို သြားတက္ေဖြးေဖြးေလးေတြ ေပၚလာတဲ့အထိ ၿပဳံး‌ျပလာသည္။
ကိုကို႔အၿပဳံးက ၾကက္ေမာက္ကြၽန္းမွာရွိတဲ့ အသဲပုံေရကန္ႀကီးထက္ေတာင္ ပိုလွၿပီး၊ပိုႏွစ္သက္ဖို႔ေကာင္းေနသလိုပဲ။ႏွာတံေလးကလည္း ေျဖာင့္စင္းၿပီး အဖ်ားေလးမွာေကာ့သြားတာမ်ား ေရ လႊာေလ်ာစီးပစ္လိုက္ခ်င္ပါဘိ။

မိန္းမဆန္တာလည္းမဟုတ္၊ေယာက္်ားဆန္ေသာ ေမး႐ိုးကားကား၊ေလးေထာင့္က်က်လည္းမဟုတ္သလို ေထာင့္ခ်ိဳးညီညီေျပစင္းသြားတာေၾကာင့္ အရမ္းဆြဲေဆာင္မႈရွိတာပဲ။ဆံပင္ေတြက အရင္လို‌ ေ႐ႊဝါေရာင္ေလးျပန္ဆိုးလိုက္ရင္ "အို..ကိုကိုက ကမာၻ႔နံပါတ္တစ္ အလွေလးျဖစ္ေနမွာပဲ..."ကိုယ့္ခ်စ္သူကို တစိမ့္စိမ့္ၾကည့္ေလ သေဘာက်ေလမို႔ ပါးခ်ိဳင့္ေတြေပၚေအာင္ ၿပဳံးမိသြားသည္။

"ဟိတ္ေကာင္မေလး...သြားမတိုက္၊မ်က္ႏွာမသစ္ေတာ့ပဲ...ကိုယ့္ကိုပဲ ၾကည့္ေနေတာ့မွာလား..."

ကိုကိုေျပာမွပဲ သတိရတယ္ လိပ္ျပာသြားမတိုက္ရေသးဘူးပဲ။မ်က္ႏွာမသစ္ရေသးေတာ့ မ်က္ခ်ီးေတြမ်ား ရွိေနသလားမသိဘူး ရွက္လိုက္တာေနာ္။

"ဟိတ္...ဟာ...ဘယ္ေျပးတာလည္း ဒါယူသြားအုံးေလ..."

မ်က္ႏွာကိုလက္ႏွစ္ဖက္နဲ႔ အုပ္ၿပီးေျပးသြားတဲ့ ေကာင္မေလးကို လက္လည္းလွမ္းဆြဲလို႔မရ‌တာေၾကာင့္ ခါးေလးကိုအေနာက္မွဖက္ၿပီး တားလိုက္ရသည္။
သူ႔ရင့္အုံနဲ႔ ထိခတ္ေနတဲ့ေက်ာျပင္‌ေလးက ေသးေသးေလးေပမဲ့ ရင္ခုန္မႈေတြကေတာ့ ႀကီးမားလြန္းပါတယ္။

"ဒီမွာ...ပါဆယ္ထုပ္ အဲ့အထဲမွာ ဂါ၀န္တစ္ထည္ရွိတယ္...၀တ္လိုက္ေနာ္...ေရခ်ိဳးခန္းထဲမွာလည္း လိပ္ျပာအတြက္ သြားတိုက္တံပန္းေရာင္ေလးထုတ္ေပးထားတယ္ၿပီးရင္မနက္စာစားဖို႔ ထြက္လာခဲ့ ကိုကို႐ုံးမသြားခင္ အိမ္ျပန္လိုက္ပို႔ေပးမယ္...ေအာ္..မနက္ကလိပ္ျပာရဲ႕ဖုန္းလာသံၾကားလို႔ ကိုကိုကိုင္လိုက္မိတယ္..."

"အင္းပါ... ဘာ!!!!!..."

အာပုပ္ေဆာ္နံေနလည္း နံပါေစေတာ့ လိပ္ျပာ
ကိုကို႔ဘက္သို႔လွည့္မိသြားသည္။

"သူတို႔က ဘာေျပာေသးလဲ..."

"ဘယ္သူလဲလို႔ ေမးတယ္..."

"အဲ့ေတာ့ ကိုကိုကဘာျပန္ေျပာလိုက္လဲ.."

"လိပ္ျပာရဲ႕ ရည္းစားပါလို႔.."

"ဟာ....သြားပါၿပီ...ဒါေၾကာင့္ကို..."

ဆံပင္စုတ္ဖြားေလးနဲ႔ ကိုယ့္နဖူးကိုယ္ျပန္႐ိုက္ေနတဲ့ေကာင္မေလးကို အသဲယားလာၿပီး သူမရဲ႕ခါးေလးကို ပိုတိုးလို႔ဖက္ထားမိသည္။
သူဟာအသန႔္ႀကိဳက္လြန္းတဲ့သူျဖစ္တာေၾကာင့္ ခံစားခ်က္ေတြကဘယ္လိုမွေရွ႕ဆက္မရျဖစ္ေနသည္။သူမသာ မ်က္ႏွာသစ္၊သြားတိုက္ၿပီးသူဆိုရင္ ေသခ်ာတယ္ ဒီထမင္းစားခန္းေလးကို သူ႔အခ်စ္ေတြနဲ႔ ပိုမိုလွပေအာင္မြန္းမံမိမွာပဲ။
သူ႔ေကာင္မေလးဟာ မ်က္ႏွာေလးရႈံ႕တြေနၿပီး စိတ္သိပ္မၾကည္ပုံေပၚေလသည္။

"ဘာျဖစ္လို႔လည္း လိပ္ျပာရဲ႕..."

"ဘာ...ဘာမွမျဖစ္ပါဘူး...လိပ္ျပာမ်က္ႏွာသစ္ခ်င္လို႔ လႊတ္ေပးေတာ့ေနာ္..."

မလႊတ္ေပးခ်င္ေပမဲ့ သူလႊတ္ေပးလိုက္ရျပန္သည္။အတင္းေျပးၿပီး ေရခ်ိဳးခန္းဘက္သို႔ေျပးသြားတဲ့ေကာင္မေလးရဲ႕ ေနာက္ေက်ာကိုၾကည့္ၿပီး သူ႔လက္ႏွစ္ဖက္အား ေလထဲမွာ အ႐ြယ္အစားတစ္ခုကို တိုင္းၾကည့္ေနဟန္လုပ္‌ေနမိသည္။

"အဟင္း...ခါးေလးကလည္းေသးေသးေလး..."

တစ္ဖက္မွာေတာ့ လိပ္ျပာျဖဴဟာ ေရခ်ိဳးခန္းထဲမွာ သြားတိုက္မ်က္ႏွာသစ္‌ၿပီးတဲ့ေနာက္ ပါဆယ္အထုပ္ထဲမွ ဂါ၀န္ေလးကိုထုတ္ၾကည့္မိသည္။

"အျဖဴေရာင္ေလးပဲ...ဟင္..ဒါမေန႔က ကိုကိုနဲ႔အတူသြားခဲ့တဲ့ ဆိုင္ကပဲ.."

‌ပါဆယ္အထုပ္ထဲမွာ ေျပစာ စာ႐ြက္ေလးကိုေတြ႕လို႔ ထုတ္ၾကည့္လိုက္မိေတာ့ ....

"ဆယ္သိန္း...အမ‌ယ္ေလး!!!!.."

လိပ္ျပာေသြးေတြတိုးကုန္ၿပီး နားထင္ကိုေသြးတက္ေဆာင့္ပါေတာ့တယ္။ကိုကိုဟာ သိပ္အသုံးအျဖဳန္းႀကီးတာပဲ။

"ကိုကို..ကိုကို...အေျပာနဲ႔အလုပ္နဲ႔တကယ္ညီတဲ့လူပဲ...သူ႔အေပၚမွာအေႂကြးေတြ တနင့္တပိုးႀကီးတင္ေအာင္တကယ္လုပ္ေနတာ...ဟူး...မဆပ္ႏိုင္ရင္
ဘယ့္နယ့္လုပ္ပါ့မလဲ...ငါ့ကို တစ္မ်ိဳးၿပီး တစ္မ်ိဳးရင္တုန္ေအာင္လုပ္လည္း လုပ္ႏိုင္လြန္းပါတယ္..."

သြားတိုက္ေဆးရဲ႕ ပူရွိန္းရွိန္းအရသာကလည္း လိပ္ျပာအတြက္ ဘာလိုမွမေနေတာ့သလိုျဖစ္ေနသည္။
စိတ္အစဥ္က မေန႔ညေနကသိန္းသုံးဆယ္နဲ႔ ဒီေန႔မနက္ရဲ႕ ဆယ္သိန္းဆီမွာပဲ ေရာက္လို႔ေနပါေတာ့တယ္။လိပ္ျပာတို႔ မေတာ္တဆမ်ား ကြဲသြားခဲ့ရင္ ဒီပိုက္ဆံေတြကို ျပန္မဆပ္ႏိုင္တဲ့အက်ိဳးက ေနာင္ဘ၀‌ေရာက္လို႔ရွိရင္ ကိုကို႔အိမ္မွာ အိမ္ေစာင့္တဲ့ေခြးမႀကီးမ်ားျဖစ္ေနမလား။ကို႔ကိုအိမ္မွာ ‌မကြၽတ္မလြတ္တဲ့ သရဲမႀကီးမ်ား သြားျဖစ္ေနမလားပဲ။
ကိုကိုရယ္ လိပ္ျပာအေႂကြးဆိုရင္ ေၾကာက္လွပါတယ္။

💰💰💰💰💰💰💰💰

"လိပ္ျပာ ကိုကိုေန႔ခင္းၾကရင္ ဖုန္းဆက္လိုက္မယ္ေနာ္..."

"အင္းပါ...ကိုကိုရဲ႕...တာ့တာေနာ္...လိပ္ျပာအေပၚတက္ေတာ့မယ္...ကိုကိုလည္း...အလုပ္သြားေတာ့ေလေနာ္..."

"အင္း..ကိုကိုသြားၿပီ..."

လိပ္ျပာကို ႏႈတ္ဆက္ကာ ကားထဲျပန္၀င္ၿပီး ေမာင္းထြက္သြားသည့္ ကားေျပးလမ္းတစ္ေလွ်ာက္ လိုက္ၾကည့္ရင္း လိပ္ျပာသက္ျပင္းခ်ေနမိသည္။အေပၚမွာ ရွင္းရမဲ့အဖြဲ႕ကရွိေနသည္ေလ။

ၾကည္ျပာ၊ေအးေအး၊သဲႏုႏွင့္ သူဇာမွာေတာ့ ၀ရံတာမွေနၿပီး လွမ္းျမင္ေနရတဲ့ အတြဲေၾကာင့္ အကုန္လုံးတစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္မိကုန္ၾကသည္။

"ၾကည္ျပာ...အဲ့ဒါ..နင္ျပတဲ့ပုံထဲက CEOဆိုတဲ့လူမဟုတ္လား....လိပ္ျပာနဲ႔ကဘယ္လို..."

ေအးေအးရဲ႕လက္ေမာင္းကို သဲႏုကလွမ္းပုတ္ၿပီးသတိေပးလိုက္ရာ ေအးေအးလည္းဆက္မေျပာေတာ့ပဲ ၾကည္ျပာ့မ်က္ႏွာကိုသာၾကည့္လိုက္သည္။

ၾကည္ျပာဟာ အင္မတန္စိတ္ဆိုး၊ေဒါသထြက္ေနဟန္ေပၚေနၿပီး ႏႈတ္ခမ္းေတြကို ဖိကိုက္ခါ မဲ့ပစ္လိုက္သည္။က်က္သေရရွိၿပီး ယဥ္တင့္ပါတယ္ဆိုသည့္ ၾကည္ျပာ့ရဲ႕အလွဟာ အင္မတန္ေၾကာက္စရာေကာင္းတဲ့ ေတာ႐ိုင္းတေကာင္နယ္ ေျပာင္းလဲသြားေတာ့သည္။

"အဟင္း...ဒင္းက..ဒီလိုလား...ေတြ႕မယ္...ေတြ႕မယ္"

ေခါင္းတစ္ဆက္ဆက္ၿငိမ့္ၿပီး စိတ္ဆိုး၊မာန္ဆိုးနဲ႔ ေျခေဆာင့္ကာ ဧည့္ခန္းထဲသို႔ထြက္သြားေသာ ၾကည္ျပာေၾကာင့္ က်န္ခဲ့တဲ့သုံးေယာက္မွာပါ စိတ္မသက္မသာျဖစ္ကုန္ၾကသည္အထိ ျဖစ္လာၾကသည္။

"ဒုကၡပဲ...ျပႆနာေတြေတာ့ တက္ကုန္ေတာ့မွာပဲ.."

"သဲႏုေရ...ဘယ္လိုလုပ္ၾကမလဲ...."

"မတတ္ႏိုင္ဘူး...ရင္ဆိုင္ေျဖရွင္းသင့္တာက ရွင္းကိုရွင္းရမွာပဲ...ဒီ့ထက္လြဲမွားမႈေတြပိုမ်ားလာရင္သာ ျပႆနာပိုႀကီးမွာ...ထိခိုက္နစ္နာမႈမႀကီးမားပါေစနဲ႔လို႔ပဲ ဆုေတာင္းရေတာ့မွာေပါ့....."
*
*
*
"ေဂ်ာက္"

တိုက္ခန္းတံခါးႀကီးက ပြင့္ေနတာေၾကာင့္ လိပ္ျပာလည္း အထဲသို႔ ဘဲလ္မႏွိပ္ပဲ တန္း၀င္လာမိသည္။
ဖိနပ္စင္မွာ ဖိနပ္ကိုခြၽတ္တင္ၿပီးေနာက္ ဧည့္ခန္းအေရွ႕ကို အျဖတ္မွာ သူငယ္ခ်င္းမေလးေယာက္ဟာ ဧည့္ခန္းထဲမွာ အသီးသီးထိုင္ေနၾကေလသည္။
သူတို႔မ်က္ႏွာေတြကလည္း မသာမယာနဲ႔ ဘာျဖစ္လို႔ပါလိမ့္။

"အဟင္း...လူစုံေနပါလား...."

လိပ္ျပာကရယ္ျပလည္း တုံ႔ျပန္မႈျပန္မေပးတဲ့ သူငယ္ခ်င္းေတြေၾကာင့္ စိတ္ထဲမွာခိုးလို႔ခုလုႀကီးျဖစ္သြားသည္။
ထိုစဥ္ ၾကည္ျပာဟာ ေျခေထာက္ကိုခ်ိပ္၍ထိုင္ေနရာမွ လိပ္ျပာဆီသို႔ေျပးလာၿပီး လက္ကိုေလထဲသို႔ေျမႇာက္ခ်လိုက္သည္။

"ျဖန္း!!!!!!"

"ၾကည္ျပာ့!!!!!"

လွမ္းေအာ္လိုက္တဲ့ လူကသူဇာပါ။လိပ္ျပာရဲ႕ပါးတစ္ဖက္ဟာ ျပင္းထန္တဲ့႐ိုက္ခ်က္ေၾကာင့္ ညာဘက္ပါးျပင္တစ္ခုလုံးထူပူက်ိန္းစက္သြားၿပီး နားမွညႇပ္နားကပ္ကေလးေတာင္ လႊင့္ထြက္သြားေလသည္။

"ၾကည္ျပာ...နင္ဘာလို႔ကိုယ္ထိလက္ေရာက္လုပ္ရတာလည္း...စကားနဲ႔ပဲေျဖရွင္းပါဟာ...ငါတို႔ကသူငယ္ခ်င္းေတြမဟုတ္ဘူးလား..."

လက္ေခ်ာင္းအရာေတြထင္သြားတဲ့အထိ နီရဲသြားတဲ့ လိပ္ျပာရဲ႕ပါး‌ျပင္ကိုၾကည့္ၿပီး သူဇာမွာမ်က္ရည္ဝဲသြားရတဲ့အထိပင္။

သဲႏုနဲ႔ေအးေအးကလည္း ဘယ္လိုမွမထင္မွတ္ထားတဲ့ကိစၥကို လုပ္လိုက္တဲ့ၾကည္ျပာ့အား မယုံႏိုင္စြာ ၾကည့္လိုက္ၾကသည္။

ၾကည္ျပာမွာ ‌ေဒါသထြက္လြန္းလို႔ ေအာက္ေမး႐ိုးနဲ႔ အေပၚသြားမ်ားပင္ ႐ိုက္ခက္ေလာက္ေအာင္အထိ ႏႈတ္ခမ္းေတြတစ္ဆက္ဆက္တုန္ယင္ေနကာ လိပ္ျပာကို လက္ညႇိဳးေငါက္ေငါက္ထိုးပစ္လိုက္သည္။

"ဘာသူငယ္ခ်င္းလည္း...သူငယ္ခ်င္းဆိုရင္ ဒီလိုလုပ္ရက္မ်ိဳးကိုမလုပ္ဘူး...ငါသည္းခံေနတာၾကာၿပီ..လိပ္ျပာ နင့္အက်င့္က ႏွစ္ေတြဘယ္ေလာက္ၾကာၾကာ ေျပာင္းလဲမသြားတာ ငါအံ့ဩလို႔မဆုံးႏိုင္ဘူး..."

"ၾကည္ျပာ...နင္ငါ့ကိုအဲ့ဒီ့လိုမေျပာနဲ႔..."

"ေျပာမွာပဲ...ဘာျဖစ္လည္း..."

လိပ္ျပာအံ့ဩလြန္းတာေရာ၊မယုံၾကည္ႏိုင္မႈေတြပါ ေပါင္းစုံသြားၿပီး မ်က္၀န္းမွမ်က္ရည္ေတြဟာ ဘယ္လိုပဲအားတင္းကာ ထိန္းထားေနေပမဲ့ က်ဆင္းလာတာပါပဲ။
ေယာက္်ားတစ္ေယာက္အတြက္ လိပ္ျပာအရမ္းခင္မင္တြယ္တာရပါတယ္ဆိုတဲ့ သူငယ္ခ်င္းေတြက သစၥာေဖာက္တစ္ေယာက္လို၊႐ြံရွာစရာလူတစ္ေယာက္လို အၾကည့္ခံ၊အထင္ခံရတာေလာက္ ၀မ္းနည္းစရာေကာင္းတဲ့ ကိစၥမရွိေတာ့ပါဘူး။
လိပ္ျပာရည္စားထားမိတာအျပစ္တဲ့လား။
မဟုတ္ဘူး လိပ္ျပာရဲ႕ခ်စ္သူဟာ ကိုကိုျဖစ္ေနတာကိုက အျပစ္တစ္ခုျဖစ္ေနတာပါ။

"ၾကည္ျပာ...ငါရွင္းျပတာကို နားေထာင္ေပးပါအုံးဟာ..."

"မရွင္းျပနဲ႔...နင့္ရဲ႕အလိမ္အညာစကားေတြကို ေက်ာင္းတုန္းကလည္း တစ္ခါခံခဲ့ရၿပီးၿပီ...အခုတစ္ခါကေတာ့ ၾကည္ျပာငတုံးမဟုတ္ေတာ့ဘူးသိရဲ႕လား...ဘာလဲ..နင္က ငါႀကိဳက္တဲ့လူတိုင္းကို ၀င္လုရမွေနသာထိုင္သာ ရွိတာလား...အဲ့ဒါနင့္ဝါသနာလား..."

"ၾကည္ျပာ!!!!နင္ငါ့ကိုအဲ့လိုလာမစြပ္စြဲနဲ႔ ...
ကိုကို...ကိုဘုန္းျမတ္နဲ႔က နင္စၿပီးရင္ဖြင့္တဲ့ေနမွာပဲ ခ်စ္သူေတြျဖစ္ခဲ့တာ...ငါအဲ့ေန႔က နင္တို႔အားလုံးကိုဖြင့္ေျပာျပမလို႔ပဲ ဒါေပမဲ့..."

လိပ္ျပာရဲ႕စကားေၾကာင့္ ၾကည္ျပာဟာအရင္ကထက္ႏွစ္ဆ ပိုေဒါသထြက္သြားၿပီး လိပ္ျပာကိုမ်က္ေထွာက္နီႀကီးနဲ႔ ၾကည့္ပစ္ကာ လိပ္ျပာရဲ႕ပုခုံးကိုတစ္ခ်က္ေဆာင့္တြန္းပစ္လိုက္သည္။

"နင္ေျပာတဲ့စကားတိုင္းကို ငါကယုံေပးရမယ္ေပါ့..ဟား..ဟား..လိပ္ျပာ နင္ကေလ စကားတတ္တိုင္း လွ်ာဖ်ားေလးနဲ႔ လွည့္လိမ္ေနတာပဲေနာ္...ေက်ာင္းတုန္းကလည္း ကိုျမင့္သူကိုအက်င့္စာရိတၱမေကာင္းတဲ့ လူပါဆိုၿပီး ငါ့ကိုေသြးထိုးတယ္..အခုလည္းလာျပန္ၿပီ..အဟင္း နင့္ကိုနင္လည္း ျပန္ၾကည့္ပါအုံး...ငါ့ထက္ဘယ္ေနရာကမ်ား သာေနလို႔လည္း၊ နင့္မွာေနစရာမရွိလို႔ ငါ့တိုက္ခန္းမွာလာကုတ္ကပ္ေနရတာမဟုတ္ဘူးလား..အဲ့လိုဘာဆို၊ဘာမွမရွိတဲ့နင့္လိုလူကို သူ႔လိုCEOတစ္‌ေယာက္က ပစ္ေႂကြလာေအာင္ ဘယ္လိုနည္းလမ္းေတြမ်ား သုံးခဲ့တာလဲ..အဟင္း
နည္းလမ္းေကာင္းေလးမ်ားရွိရင္ ေပးပါအုံး..."

"ၾကည္ျပာ...နင္လိပ္ျပာကို အဲ့ေလာက္‌ေတာင္ခ်ိဳးဖဲ့ၿပီးမေျပာသင့္ပါဘူးဟာ...ငါတို႔အတူတူေနလာတာပဲ သုံးႏွစ္ေလာက္ရွိၿပီ...အကုန္ဆိုးအတူေကာင္းအတူ ေနလာၾကတာမဟုတ္ဘူးလား..."

"ေအးေလ...နင္အခုေျပာလိုက္တဲ့စကားက ငါတို႔ကိုပါထိခိုက္တယ္...လိပ္ျပာဟာငါတို႔အေပၚ ဘယ္တုန္းကမွထိခိုက္ေအာင္ မလုပ္ခဲ့ပါဘူးဟာ.."

သူဇာကစကားစလိုက္တာနဲ႔ ေအးေအးကပါ၀င္ေျပာလာေလသည္။လိပ္ျပာအေပၚမွာယုံၾကည္ေပးတဲ့သူတို႔ႏွစ္ေယာက္ကို လိပ္ျပာသိပ္ေက်းဇူးတင္ေနမိသည္။
ေအးေအးနဲ႔ သူဇာတို႔ႏွစ္ေယာက္ရဲ႕အလည္မွ ျဖတ္ေလွ်ာက္ၿပီး ၾကည္ျပာ့အေရွ႕မွာ လိပ္ျပာရပ္လိုက္သည္။

"ၾကည္ျပာ...ငါတကယ္စိတ္ထဲမွာမေကာင္းဘူး..နင္ငါ့အေပၚမွာတစ္ခ်ိန္လုံး ဒီလိုအထင္ေသး႐ြံရွာေနတာေပါ့...‌ကိုျမင့္သူနဲ႔ကိစၥမွာလည္း ငါ့အေနနဲ႔ လီဆယ္ၿပီးေျပာခဲ့တဲ့စကားတစ္လုံးမွမရွိဘူး..မယုံရင္သူဇာ့ကိုေမးၾကည့္..ကိုျမင့္သူဟာဘယ္လိုလူမ်ိဳးလည္းဆိုတာ... တတိယႏွစ္ကေက်ာင္းသားေတြအားလုံးသိတယ္......နင္တစ္ေယာက္ထဲကပဲမ်က္စိပိတ္နားပိတ္ျဖစ္ေနခဲ့တာ...ငါလိမ္ေျပာရင္ အေသဆိုးနဲ႔ေသရပါေစလို႔ က်ိန္ရဲတယ္ၾကည္ျပာ...အဲ့ဒါ ငါ့သစၥာစကားပဲ..
လူတိုင္းမွာ ကိုယ္ပိုင္ဆုံးျဖတ္ခ်က္၊ကိုယ္ပိုင္ခံယူခ်က္အသီးသီးရွိၾကမွာပဲ နင္ဒါကိုလက္ခံသင့္တယ္...အဲ့လိုပဲ ငါ့မွာကိုဘုန္းျမတ္နဲ႔ခ်စ္သူ၊ရည္းစားျဖစ္ဖို႔လည္း အခြင့္အေရးအျပည့္ရွိတယ္ ၾကည္ျပာ..တစ္ရက္ပါပဲ...နင္သာငါ့ကိုတစ္ရက္ႀကိဳၿပီး ကိုဘုန္းျမတ္အေပၚမွာထားတဲ့ နင့္ရဲ႕ခံစားခ်က္ေတြကို ေျပာ‌ျပေပးခဲ့ရင္...ငါေလ..ဘယ္ေလာက္ပဲခ်စ္မိေနပါေစ..ငါ့ရဲ႕သူငယ္ခ်င္းအတြက္..ငါ့အခ်စ္ကိုစေတးေပးႏိုင္ပါတယ္..."

"အပိုေတြ..ပါးစပ္ရွိတိုင္းေတာ့...နင္ပဲေျပာတတ္တာလား..."

လိပ္ျပာဟာ ပါးအ႐ိုက္ခံရလည္း သူငယ္ခ်င္းဆိုတဲ့စိတ္ေၾကာင့္ ေလသံေတာင္မမာပါ‌ပဲရွင္းျပေနမိသည္။
ၾကည့္ျပာ့စိတ္ထဲမွာေတာ့ လိပ္ျပာျဖဴရဲ႕ပါးစပ္မွထြက္သမွ် စကားလုံးတိုင္းဟာ သူ႔ရဲ႕မာေက်ာခက္ထန္ေနတဲ့ ႏွလုံးသားကိုတိုးလို႔မေဖာက္ႏိုင္ပဲ ပိုလို႔သာ ခက္ထန္မာေက်ာလာရသည္။
လိပ္ျပာသိလိုက္ပါၿပီး ၾကည္ျပာဟာ လိပ္ျပာအေပၚဘယ္လိုမွ နားလည္မေပးႏိုင္ေတာ့ဘူးဆိုတာကိုေပါ့။

"ေကာင္းၿပီ..ၾကည္ျပာ...နင့္အေနနဲ႔ငါ့အေပၚမွာ ဒီလိုသေဘာထားေတြရွိေနမွာေတာ့ ငါဘာမွထပ္မေျပာလိုေတာ့ပါဘူး...ငါအခုပဲနင့္တိုက္ခန္းကေန ဆင္းေပးပါ့မယ္...ငါ့မ်က္ႏွာကိုမျမင္ရင္ နင္လည္းအကုသိုလ္မတက္ေတာ့ဘူးေပါ့...."

"လိပ္ျပာ...လိပ္ျပာ...အဲ့လိုမလုပ္ပါနဲ႔ဟာ.."

က်န္သူငယ္ခ်င္း သုံးေယာက္ကလိုက္လံတားဆီးၾကေပမဲ့  လိပ္ျပာကေတာ့ အ၀တ္ဗီဒိုထဲမွ အ၀တ္အစားေတြကိုထုတ္ၿပီး လက္ေက့အႀကီးထဲကို ဆန႔္သေလာက္ ထည့္ေနလိုက္သည္။
အားလုံးၿပီးစီးသြားတဲ့ေနာက္မွာေတာ့ ဇစ္ဆြဲလိုက္ၿပီး သူဇာ၊သဲႏုႏွင့္ ေအးေအးတို႔သုံးေယာက္အား လိပ္ျပာမ်က္ရည္ဝဲရင္း ၾကည့္မိသည္။

"ကိုယ့္ကိုကိုယ္ ဂ႐ုဆိုက္ၾကပါ...ငါနင္တို႔ကိုေတာ့ဆက္သြယ္ပါ့မယ္...ငါ့မွာလည္းမာနနဲ႔မို႔...သည္းခံၿပီးဆက္မေနႏိုင္တဲ့အတြက္ ခြင့္လႊတ္ေပးၾကပါ..ၾကည့္ျပာ့ကိုလည္း ဂ႐ုဆိုက္ေပးလိုက္ၾကပါအုံးေနာ္...ငါတို႔ေတြ..တစ္ေန႔ေန႔မွာေပါ့...ျဖဴစင္တဲ့ခ်စ္ျခင္းနဲ႔ ထာ၀ရသူငယ္ခ်င္းေတြအျဖစ္ အတူထပ္မံစုံစည္းၾကတာေပါ့..."

"လိပ္ျပာ...နင္မသြားပါနဲ႔ဟာ...လိပ္ျပာ!!!.. "

သူငယ္ခ်င္းသုံးေယာက္ခမ်ာ ဘယ္လိုပဲ ေတာင္းပန္တိုးလွ်ိဳးၾကေပမဲ့ အိမ္မႀကီးတံခါးကေတာ့ ျဖည္းညႇင္းစြာပိတ္သြားခဲ့ေလၿပီ။
ေအးေအးရဲ႕စိတ္ထဲတြင္ေတာ့"လိပ္ျပာရယ္ နင္ဘယ္ေလာက္အထိ စိတ္ႏွလုံးသား ျဖဴစင္လည္း ဆိုတာငါသိပါတယ္ဟာ..ထြက္သြားတာေတာင္ တံခါးကိုအသံမျမည္ေအာင္ ပိတ္ေပးသြားတဲ့ နင့္ဘ၀ေလးလည္း သာယာႏိုင္ပါေစ...ငါအၿမဲဆုေတာင္းေပးတယ္" ေအးေအးမွာ မ်က္ရည္ဝဲေနရသလို သဲႏုနဲ႔သူဇာမွာလည္း မခံစားႏိုင္စြာ ငိုမိပါေတာ့တယ္။

ကိုဘုန္းျမတ္ကို သူမအစ္ကိုရဲ႕သူငယ္ခ်င္းအေနနဲ႔စေတြ႕တဲ့ေန႔က ရင္မခုန္မိေပမဲ့ လိပ္ျပာေျပာတာသာမွန္ရင္ တိုက္ဆိုင္လြန္းစြာ ထိုေန႔မွသူမရင္ခုန္မိခဲ့တယ္။သူငယ္ခ်င္းေတြေတြ႕ဆုံၾကတဲ့ေန႔မွာ ကိုဘုန္းျမတ္ဟာ အလုပ္မအားလို႔ဆိုၿပီးလိပ္ျပာနဲ႔ေရွ႕ဆင့္၊ေနာက္ဆင့္ထြက္သြားခဲ့တာေၾကာင့္ ခင္မင္ခြင့္မရခဲ့သလို ၾကာေတာ့ေမ့သြားမိခဲ့တယ္။
ၾကည္ျပာသူ႔ကိုမွတ္မိေနခဲ့ရမွာ ဘာေၾကာင့္လည္း??ဘာေၾကာင့္ဒီေလာက္ေတာင္ တိုက္ဆိုင္ေနခဲ့ရတာလဲ??

သူမရဲ႕လုပ္ရပ္အတြက္ ေနာင္တမရမိရန္ တင္းထားရင္းမွ ၾကမ္းျပင္ေပၚမွာ ေမွာက္ခ်လိုက္ၿပီး ငိုရႈိက္ေနပါေတာ့တယ္။
သူမဟာ အခ်စ္ဆုံးသူငယ္ခ်င္းတစ္ေယာက္ကို ရက္စက္စြာ ပါး႐ိုက္မိလိုက္သလို သာမန္လူတစ္ေယာက္အတြက္ နင့္သီးလြန္းတဲ့စကားလုံးေတြနဲ႔လည္း နာက်င္ေအာင္ထိုးနက္မိခဲ့တယ္။
ဆုံးရႈံးမႈတစ္ရက္ကို သိစိတ္ကတင္းခံႏိုင္ေပမဲ့ မသိစိတ္ကေတာ့ အလိုလိုမ်က္ရည္က်မိေနျခင္းပင္။
ဒါေပမဲ့သူမမမွားဘူးလို႔ မာနတရားကေတာ့ ေတာင့္ခံထားဆဲပါပဲ။

လူေတြဟာ ကိုယ့္ရဲ႕လိုအင္ဆႏၵတစ္ခုတည္းကိုပဲ ၾကည့္မိတဲ့အခါ ကိုယ္ခ်စ္တဲ့၊ျမတ္ႏိုးတဲ့အရာေတြ ကို ကိုယ့္လက္နဲ႔ပဲျပန္ျဖတ္စီးတတ္ၾကတယ္။
ကိုယ့္ဘက္ကၾကည့္ေတာ့လက္ဖမိုး သူ႔ဘက္ကၾကည့္ေတာ့ လက္ဖဝါးဆိုေပမဲ့ ႏွစ္ဖက္လုံးကိုျမင္တတ္မွာသာ ဆုံးရႈံးနစ္နာမႈေတြကို ေလ်ာ့ခ်ႏိုင္မွာ‌ ေသခ်ာပါတယ္။






















































Continue Reading

You'll Also Like

118K 1K 4
Labarin gwagwarmaya tsakani So da kuma matsayi, tsakanin mulki da ƙauna, Laila da Sooraj sun tabbatar mana da cewa inda akwai soyayya dukiya ba komai...
54.1K 1.6K 13
ငါ မုန်းတယ်..မင်း...မပြုံးနဲ့...။ ~ နင်.. အပြုံးကို ငါ ..မုန်းတယ်..။ ~ အငြိုးအတေးနဲ့ အနိုင်ကျင့်တာမျိုး မလုပ်မိစေနဲ့....ရူးသွားလိမ့်မယ် ....ဆိုတဲ့ မ...
48.3K 851 23
ချစ်ခြင်းတွေက သူ့သခင်ကို လိုက်ရှာနေတဲ့အချိန်မှာ မင်းကိုတွေ့ခဲ့ရတယ် ကလေးငယ် မင်းကို ဘယ်အချိန်ကတွယ် တွယ်ငြိသွားလဲမသိပေမဲ့ ကိုယ်ချစ်ခြင်းတွေကတော့ မင်းဆီ...
198K 5.4K 83
စည်းစိမ်ဓန♥ရှင်းပကတိ စည္းစိမ္ဓန♥ရွင္းပကတိ