ရှေးဖြစ်ဟော ဆရာသခင် (MM Trans...

By shunleikhin

13.9K 1.9K 22

English Title - "Fortune Teller Master" Author - 信用卡 (Xinyongka) Chapters Status - Completed (138 Chapters +... More

ရှေးဖြစ်ဟော ဆရာသခင်
အပိုင်း(၁.၁) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၂.၁) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၂.၂) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၃.၁) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း(၃.၂) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၄.၂) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၅.၁) ရဲအရာရှိငယ်လေး
အပိုင်း (၅.၂) ရဲအရာရှိငယ်လေး
အပိုင်း (၆.၁) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၆.၂) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၇.၁) တားဆီးခံရသည့် ကံတရား
အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား
အပိုင်း (၈.၁) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၈.၂) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၉.၁) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၉.၂) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၁၀.၁) ဖြောင့်မတ်သော ဆရာသခင်
အပိုင်း (၁၀.၂) ဖြောင့်မတ်သော ဆရာသခင်
အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အခန်း (၁၁.၂) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ
အပိုင်း (၁၂.၂) တမူထူးခြားသော ဗေဒင်ဆရာ
အခန်း (၁၃.၁) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အခန်း (၁၃.၂) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အပိုင်း (၁၄.၁) Making a wedding dress for others
အပိုင်း (၁၄.၂) Making a wedding dress for others
အပိုင်း (၁၅.၁) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၅.၂) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၆.၁) ဒဏ်ခတ်ခံရခြင်း

အပိုင်း(၁.၂) ပန်းခြံမှာ ဗေဒင်ဟောခြင်း

450 64 0
By shunleikhin

Unicode

ဖြစ်ပွားရာနေရာ အနီးနားမှာရှိတဲ့ အန်တီ လီက နေရာအနီးတစ်ဝိုက်ကို တံတွေးတွေ ထွေးနေတဲ့ ရဲသားကို ကြည့်လိုက်ပြီး အနားကို ဆွဲခေါ်လာခဲ့သည်။

"တကယ်တော့ ဗေဒင်ဟောတာတွေ အားလုံးက ပဒေသရာဇ် အယူသီးခြင်း တစ်ခုပဲတော့ မဟုတ်လောက်ဘူး။ တချို့ ဝါရင့်ဆရာကြီးတွေက လူတွေရဲ့ မျက်နှာပေါ်က တချို့အရာတွေကို မြင်နိုင်ပြီး၊ အက္ခရာ ၈ လုံးနဲ့ တွက်ချက်နိုင်ကြတယ်။ အခု တစ်ယောက်က....."

(T/N: အက္ခရာ ၈ လုံးဆိုတာ တရုတ်နက္ခတ်ဗေဒ အယူအဆ တစ်ခုဖြစ်ပြီး၊ လူတစ်ယောက်ရဲ့ ကံကြမ္မာ (သို့မဟုတ်) ကံကြမ္မာကို သူတို့ရဲ့ မွေးနှစ်၊ လ၊ နေ့၊ နာရီ အလိုက် သတ်မှတ်ထားတဲ့ လိင်အမျိုးအစား စက်ဝန်း ၂ ခုဖြင့် တွက်ခြင်းဖြစ်ပါတယ်တဲ့။)

အန်တီ လီက လင်းချင်းယင်ရဲ့ အသက်နှင့် ပုံပန်းသွင်ပြင်ကို အမှတ်ရလိုက်မိသည်။ ဒါကြောင့် သူ(မ)က လုံးဝ "ဆရာကြီး" တစ်ယောက် မဖြစ်နိုင်ဘူး။ အန်တီ လီက မရေမရာ ပြောလိုက်ပြီး -

"ခုဏ မိန်းကလေးပြောခဲ့တာက နည်းနည်းတော့ ထူးခြားတယ်နော်။ မမှန်နိုင်လောက်ဘူး၊ အဲတော့ အရမ်းကြီး စိုးရိမ်မနေပါနဲ့။"

အန်တီ ကျန်းက အန်တီ လီ စကားဖြတ်ပြောတဲ့အခါ မပျော်မရွှင် ဖြစ်သွားခဲ့ပြီး သူ(မ)နဲ့ စကားများ ငြင်းခုံကြတော့သည်။ ရဲကတော့ တခြားဘာကိုမှ ဂရုမစိုက်နိုင်ဘဲ၊ သူတို့နှစ်ယောက်ကို အလျင်အမြန် ခွဲထုတ်လိုက်ပြီး သူတို့ကို ကြားဝင် ဖြေရှင်းလိုက်တော့သည်။ နှစ်ယောက်လုံးကို ချော့ဖို့ အချိန်တော်တော် ယူခဲ့ရသေး၏။

မာမင်ယွီက ရဲစခန်းကို ပြန်လာပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်လိုက် ပြီးတဲ့နောက် သူ့ထိုင်ခုံသို့ ပြန်သွားခဲ့သည်။ ရေသောက်ပြီးတော့ သူက နက်နက်နဲနဲ တွေးတောလိုက်မိ၏။

လင်းချင်းယင်က သူ့ဘဝမှာ ကပ်ဘေးသုံးခု ကြုံခဲ့ရပြီး တစ်ခုက သူမွေးတုန်းက၊ ဒုတိယတစ်ခုက သူ့ အသက် ၁၈ နှစ်ပြည့် မွေးနေ့က ဖြစ်တယ်လို့ ပြောခဲ့တယ်။

သူမွေးဖွားတုန်းက ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့သည်။ သူ့အမေက သူ့ကို မွေးဖွားတုန်းက ခက်ခက်ခဲခဲမွေးဖွားခဲ့ပြီး၊ သွေးထွက်လွန်ခဲ့ဖူးသည်။ အဲဒီ အချိန် ဆရာဝန်က ဘယ်သူ့ကို အရင်ကယ်မလဲလို့ သူ့ရဲ့ အဖေကို မေးခဲ့တယ်။ ကံကောင်းစွာဖြင့် သူ့ရဲ့အမေကို ကယ်တင်ခဲ့ပြီး၊ သူလည်းပဲ အသက်ရှင်ခဲ့သည်။ ဒီနှစ်တွေထဲမှာ သူ(မ)က သူ့ကို ခက်ခက်ခဲခဲ မွေးဖွားခဲ့ရတာကြောင့် သူ့အမေရဲ့ ကျန်းမားရေး ဆိုးရွားလာခဲ့သည်။

မာမင်ယွီက ခေါင်းညိတ်ပြလိုက်ပြီး "အန်တီ လီ မစိုးရိမ်ပါနဲ့၊ ကျွန်တော် ပိတ်ရက်ရောက်တဲ့အခါကျ ဆေးရုံသွားပြီး ဆေးစစ်လိုက်ပါ့မယ်။"

"ပိတ်ရက်ကို ဘာလို့ စောင့်နေဦးမှာလဲ။" အန်တီ လီက စိတ်စောစွာဖြင့် "ဒီနေ့က တနင်္လာနေ့ဆိုတော့ ပိတ်ရက်ရောက်ဖို့ ရက်ပေါင်းများစွာ လိုသေးတယ်။ ရောဂါက နှောင့်နှေးနေလို့ မရဘူး။ အခု သွားပြီး စမ်းသပ်မှု ခံယူလိုက်တာ ပိုကောင်းတယ်။ ဒါမှ မင်း စိတ်သက်သာရာ ရမှာ.."

အန်တီ လီ၏ အသံက စိုးရိမ်စိတ်ဖြင့် အနည်းငယ် ကျယ်လောင် သွားခဲ့သည်။ ဒါရိုက်တာဝမ် ရောက်လာပြီး အသံကို ကြားတဲ့အခါ၊ အန်တီ လီကို မြင်ပြီး သူက မေးလိုက်သည်။ "အန်တီ လီ ပြဿနာ တစ်ခုခုရှိလို့လား။"

ပန်းခြံနောက်မှာ ရှိတဲ့ ရပ်ကွက်က နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီ။ ဒါရိုက်တာဝမ် ငယ်ငယ်လေးထဲက ဒီရဲစခန်းမှာ အလုပ်လုပ်ခဲ့တယ်။ သူက ဒီဒေသမှာ ရှိတဲ့ နေထိုင်သူများ အားလုံးကို သိပြီး၊ တချို့ လူအနည်းငယ်နှင့် သူတို့ ဘာလုပ်လဲဆိုတာပါ သိပါတယ်။

အန်တီ လီရဲ့ နဖူးမှာ ချွေးထွက်နေတာကို မြင်လိုက်ရပြီး၊ မာမင်ယွီက ဖြူဖျော့ပြီး စိတ်ရှုပ်ထွေးနေပုံ ရသည်။ ဒါရိုက်တာဝမ်က ချက်ချင်း ရှင်းပြလိုက်သည် -

"အန်တီ လီ၊ ဒါက ကျွန်တော်တို့ တက္ကသိုလ်ကနေ ဒီနှစ်မှ ဘွဲ့ရတဲ့ ညံ့ဖျင်းလွန်းတဲ့ လူသစ်လေးပါ။ သူက တစ်ခုခု မှားနေလို့လား။ အန်တီ ပြောလိုက် ကျွန်တော်သူ့ကို ဆူလိုက်မယ်"

အန်တီ လီက စိုးရိမ်သွားမိသည်။ "ဒီကောင်လေးမှာ အစာအိမ်ရောဂါ ရှိတယ်၊ ဆေးရုံသွားပြီး စစ်ဆေးဖို့ ပြောနေတာ"

ဒါရိုက်တာဝမ်က မာမင်ယွီရဲ့ အသားအရောင်ကို ကြည့်လိုက်မိပြီး၊ ချက်ချင်းပဲ တခြား ရဲသားတစ်ယောက်ကို ခေါ်လိုက်သည်။ "ကျန်းချင်၊ မြန်မြန် မာမင်ယွီနှင့်အတူ ဆေးရုံကို အတူ လိုက်သွားပေးလိုက်"

ထို့နောက် သူက မာမင်ယွီကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ "မင်း ဒီကလေးကတော့၊ နေမကောင်းဘူးဆို ပြောသင့်တာပေါ့၊ ဘာရှက်စရာရှိလို့လဲ! မင်းရဲ့ ဖြူဖျော့ဖျော့ မျက်နှာကို ကြည့်လိုက်စမ်း၊ ဘယ်လောက် နာကျင်လိုက်မလဲ။"

မာမင်ယွီ ".........." ဒါရိုက်တာ၊ ကျွန်တော်က ကလေးမလေး တစ်ယောက်ကြောင့် အထိတ်တလန့် ဖြစ်သွားတယ်လို့ ပြောရင် ယုံမှာလား။

လင်းချင်းယင်က ကတ်ထူပြားကို သယ်ခဲ့ပြီး၊ နောက်ဆုံး သူ(မ) အိမ်ကို မပြန်ခင် ၃ မိုင်လောက် လမ်းလျှောက်ခဲ့ရသည်။ သူ(မ)က တံခါးဖွင့်ဖို့ အိမ်သော့ကို ထုတ်လိုက်ပြီး၊ ကတ်ထူးပြားကို ဗီရို အနောက်ဘက် တံခါးနားမှာ ထားလိုက်သည်။ ထို့နောက် သူ(မ)ရဲ့ လက်ကို ဆေးကြောသန့်စင်ပြီး အိုးထဲမှာ ရှိတဲ့ ခေါက်ဆွဲကို ပန်းကန်လုံးထဲ ထည့်လိုက်သည်။

လင်းချင်းယင်က တူကို ယူပြီး ခေါက်ဆွဲကို ကိုက်လိုက်မိသည်။ သူ(မ)မျက်ခုံးများကို မကူမကယ်နိုင်ဘဲ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ(မ)က ထပြီး ရေစင်ဘေးမှာ ရှိတဲ့ ရေဖန်ခွက်ကို ယူလိုက်ပြီး နှစ်ခွက်လောက် သောက်လိုက်တယ်။ ထို့နောက် လေးလံစွာ သက်ပြင်းချလိုက်မိသည်။

ယခု ကမ္ဘာမှာ ဝိဉာဏ်စွမ်းအား နည်းပါးတဲ့ အပြင်၊ သူ(မ)ရဲ့ အကြီးမားဆုံး ခေါင်းကိုက်စရာက အစာစားခြင်းပဲ။

သူ(မ)ရဲ့ အရင်ဘဝမှာ အများကြီး မစားခဲ့ရဘူး။ သူ(မ) ရှေးဖြစ်ဟောကျောင်းကို မဝင်ရောက်ခင်၊ မိသားစုဝင် ၅ ယောက် ရှိခဲ့တယ်။ အစာရေစာ ငတ်ပြတ်ခြင်းကြောင့် သူတို့ထဲက ၄ ယောက်က သေဆုံးသွားခဲ့တယ်။

သူ(မ) ငတ်ပြတ်ပြီး မသေခင်၊ ကံကောင်းစွာဖြင့် သူ(မ)ရဲ့ ဆရာနှင့် တွေ့ခဲ့ပြီး ထာဝရ ရှင်သန်သော(အမတ) ကမ္ဘာကို ခေါ်သွားခံခဲ့ရသည်။ 'ရှန်းစွမ်ဂိုဏ်း'သည် ကျင့်ကြံရေး လောကမှာ အကြီးမားဆုံး ဂိုဏ်းတစ်ခု အဖြစ် သတ်မှတ်ခံခဲ့ရသည်။

ဒါကြောင့် အရင်းအမြစ်တွေ ရှားပါး ပြတ်လပ်တယ်ဆိုတာ မရှိခဲ့ဘူး။ သူတို့ရဲ့ ကျင့်ကြံရေးကို အရှိန်မြှင့်ဖို့ အတွက် သူတို့အားလုံးက 'ဖိကူသန့်'ကို စားကြသည်။ သူတို့ရဲ့ အခြေခံ အုတ်မြစ်ကို တည်ဆောက်ပြီးတဲ့နောက် 'ဖိကူသန့်'ကိုတောင် စုဆောင်းမိကြသည်။

လင်းချင်းယင်က အစာစားခြင်းအပေါ် အနည်းငယ် ထင်မြင်ချက် ရှိသည်။ ဒီကမ္ဘာကို ရောက်ပြီးနောက် သူ(မ)က အထူး ငန်တဲ့ ခေါက်ဆွဲ၊ ဒါမှမဟုတ် အရသာမရှိတဲ့ ခေါက်ဆွဲပဲ စားနေရတယ်။ သူ(မ) နားမလည်နိုင်ဘူး။ ဒီအစားအစာတွေက အရသာ အရမ်းဆိုးတာပဲ။ လူတွေက ဒါကို စားချင်စိတ် ဘယ်လိုများ ဖြစ်လာကြတာလဲ။

....................

Zawgyi

ျဖစ္ပြားရာေနရာ အနီးနားမွာရွိတဲ့ အန္တီ လီက ေနရာအနီးတစ္ဝိုက္ကို တံေတြးေတြ ေထြးေနတဲ့ ရဲသားကို ၾကည့္လိုက္ၿပီး အနားကို ဆြဲေခၚလာခဲ့သည္။


"တကယ္ေတာ့ ေဗဒင္ေဟာတာေတြ အားလုံးက ပေဒသရာဇ္ အယူသီးျခင္း တစ္ခုပဲေတာ့ မဟုတ္ေလာက္ဘူး။ တခ်ိဳ႕ ဝါရင့္ဆရာႀကီးေတြက လူေတြရဲ႕ မ်က္ႏွာေပၚက တခ်ိဳ႕အရာေတြကို ျမင္ႏိုင္ၿပီး၊ အကၡရာ ၈ လုံးနဲ႔ တြက္ခ်က္ႏိုင္ၾကတယ္။ အခု တစ္ေယာက္က....."


(T/N: အကၡရာ ၈ လုံးဆိုတာ တ႐ုတ္နကၡတ္ေဗဒ အယူအဆ တစ္ခုျဖစ္ၿပီး၊ လူတစ္ေယာက္ရဲ႕ ကံၾကမၼာ (သို႔မဟုတ္) ကံၾကမၼာကို သူတို႔ရဲ႕ ေမြးႏွစ္၊ လ၊ ေန႔၊ နာရီ အလိုက္ သတ္မွတ္ထားတဲ့ လိင္အမ်ိဳးအစား စက္ဝန္း ၂ ခုျဖင့္ တြက္ျခင္းျဖစ္ပါတယ္တဲ့။)


အန္တီ လီက လင္းခ်င္းယင္ရဲ႕ အသက္ႏွင့္ ပုံပန္းသြင္ျပင္ကို အမွတ္ရလိုက္မိသည္။ ဒါေၾကာင့္ သူ(မ)က လုံးဝ "ဆရာႀကီး" တစ္ေယာက္ မျဖစ္ႏိုင္ဘူး။ အန္တီ လီက မေရမရာ ေျပာလိုက္ၿပီး -


"ခုဏ မိန္းကေလးေျပာခဲ့တာက နည္းနည္းေတာ့ ထူးျခားတယ္ေနာ္။ မမွန္ႏိုင္ေလာက္ဘူး၊ အဲေတာ့ အရမ္းႀကီး စိုးရိမ္မေနပါနဲ႔။"


အန္တီ က်န္းက အန္တီ လီ စကားျဖတ္ေျပာတဲ့အခါ မေပ်ာ္မ႐ႊင္ ျဖစ္သြားခဲ့ၿပီး သူ(မ)နဲ႔ စကားမ်ား ျငင္းခုံၾကေတာ့သည္။ ရဲကေတာ့ တျခားဘာကိုမွ ဂ႐ုမစိုက္ႏိုင္ဘဲ၊ သူတို႔ႏွစ္ေယာက္ကို အလ်င္အျမန္ ခြဲထုတ္လိုက္ၿပီး သူတို႔ကို ၾကားဝင္ ေျဖရွင္းလိုက္ေတာ့သည္။ ႏွစ္ေယာက္လုံးကို ေခ်ာ့ဖို႔ အခ်ိန္ေတာ္ေတာ္ ယူခဲ့ရေသး၏။


မာမင္ယြီက ရဲစခန္းကို ျပန္လာၿပီး သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြကို ႏႈတ္ဆက္လိုက္ ၿပီးတဲ့ေနာက္ သူ႔ထိုင္ခုံသို႔ ျပန္သြားခဲ့သည္။ ေရေသာက္ၿပီးေတာ့ သူက နက္နက္နဲနဲ ေတြးေတာလိုက္မိ၏။


လင္းခ်င္းယင္က သူ႔ဘဝမွာ ကပ္ေဘးသုံးခု ႀကဳံခဲ့ရၿပီး တစ္ခုက သူေမြးတုန္းက၊ ဒုတိယတစ္ခုက သူ႔ အသက္ ၁၈ ႏွစ္ျပည့္ ေမြးေန႔က ျဖစ္တယ္လို႔ ေျပာခဲ့တယ္။
သူေမြးဖြားတုန္းက ခက္ခဲတဲ့ အခ်ိန္ေတြ ရွိခဲ့သည္။ သူ႔အေမက သူ႔ကို ေမြးဖြားတုန္းက ခက္ခက္ခဲခဲေမြးဖြားခဲ့ၿပီး၊ ေသြးထြက္လြန္ခဲ့ဖူးသည္။ အဲဒီ အခ်ိန္ ဆရာဝန္က ဘယ္သူ႔ကို အရင္ကယ္မလဲလို႔ သူ႔ရဲ႕ အေဖကို ေမးခဲ့တယ္။ ကံေကာင္းစြာျဖင့္ သူ႔ရဲ႕အေမကို ကယ္တင္ခဲ့ၿပီး၊ သူလည္းပဲ အသက္ရွင္ခဲ့သည္။ ဒီႏွစ္ေတြထဲမွာ သူ(မ)က သူ႔ကို ခက္ခက္ခဲခဲ ေမြးဖြားခဲ့ရတာေၾကာင့္ သူ႔အေမရဲ႕ က်န္းမားေရး ဆိုး႐ြားလာခဲ့သည္။


မာမင္ယြီက ေခါင္းညိတ္ျပလိုက္ၿပီး "အန္တီ လီ မစိုးရိမ္ပါနဲ႔၊ ကြၽန္ေတာ္ ပိတ္ရက္ေရာက္တဲ့အခါက် ေဆး႐ုံသြားၿပီး ေဆးစစ္လိုက္ပါ့မယ္။"


"ပိတ္ရက္ကို ဘာလို႔ ေစာင့္ေနဦးမွာလဲ။" အန္တီ လီက စိတ္ေစာစြာျဖင့္ "ဒီေန႔က တနလၤာေန႔ဆိုေတာ့ ပိတ္ရက္ေရာက္ဖို႔ ရက္ေပါင္းမ်ားစြာ လိုေသးတယ္။ ေရာဂါက ေႏွာင့္ေႏွးေနလို႔ မရဘူး။ အခု သြားၿပီး စမ္းသပ္မႈ ခံယူလိုက္တာ ပိုေကာင္းတယ္။ ဒါမွ မင္း စိတ္သက္သာရာ ရမွာ.."


အန္တီ လီ၏ အသံက စိုးရိမ္စိတ္ျဖင့္ အနည္းငယ္ က်ယ္ေလာင္ သြားခဲ့သည္။ ဒါ႐ိုက္တာဝမ္ ေရာက္လာၿပီး အသံကို ၾကားတဲ့အခါ၊ အန္တီ လီကို ျမင္ၿပီး သူက ေမးလိုက္သည္။ "အန္တီ လီ ျပႆနာ တစ္ခုခုရွိလို႔လား။"


ပန္းၿခံေနာက္မွာ ရွိတဲ့ ရပ္ကြက္က ႏွစ္ေပါင္း ၃၀ ေက်ာ္ၾကာခဲ့ၿပီ။ ဒါ႐ိုက္တာဝမ္ ငယ္ငယ္ေလးထဲက ဒီရဲစခန္းမွာ အလုပ္လုပ္ခဲ့တယ္။ သူက ဒီေဒသမွာ ရွိတဲ့ ေနထိုင္သူမ်ား အားလုံးကို သိၿပီး၊ တခ်ိဳ႕ လူအနည္းငယ္ႏွင့္ သူတို႔ ဘာလုပ္လဲဆိုတာပါ သိပါတယ္။


အန္တီ လီရဲ႕ နဖူးမွာ ေခြၽးထြက္ေနတာကို ျမင္လိုက္ရၿပီး၊ မာမင္ယြီက ျဖဴေဖ်ာ့ၿပီး စိတ္ရႈပ္ေထြးေနပုံ ရသည္။ ဒါ႐ိုက္တာဝမ္က ခ်က္ခ်င္း ရွင္းျပလိုက္သည္ -


"အန္တီ လီ၊ ဒါက ကြၽန္ေတာ္တို႔ တကၠသိုလ္ကေန ဒီႏွစ္မွ ဘြဲ႕ရတဲ့ ညံ့ဖ်င္းလြန္းတဲ့ လူသစ္ေလးပါ။ သူက တစ္ခုခု မွားေနလို႔လား။ အန္တီ ေျပာလိုက္ ကြၽန္ေတာ္သူ႔ကို ဆူလိုက္မယ္"


အန္တီ လီက စိုးရိမ္သြားမိသည္။ "ဒီေကာင္ေလးမွာ အစာအိမ္ေရာဂါ ရွိတယ္၊ ေဆး႐ုံသြားၿပီး စစ္ေဆးဖို႔ ေျပာေနတာ"


ဒါ႐ိုက္တာဝမ္က မာမင္ယြီရဲ႕ အသားအေရာင္ကို ၾကည့္လိုက္မိၿပီး၊ ခ်က္ခ်င္းပဲ တျခား ရဲသားတစ္ေယာက္ကို ေခၚလိုက္သည္။ "က်န္းခ်င္၊ ျမန္ျမန္ မာမင္ယြီႏွင့္အတူ ေဆး႐ုံကို အတူ လိုက္သြားေပးလိုက္"


ထို႔ေနာက္ သူက မာမင္ယြီကို ၾကည့္ၿပီး သက္ျပင္းခ်လိုက္မိသည္။ "မင္း ဒီကေလးကေတာ့၊ ေနမေကာင္းဘူးဆို ေျပာသင့္တာေပါ့၊ ဘာရွက္စရာရွိလို႔လဲ! မင္းရဲ႕ ျဖဴေဖ်ာ့ေဖ်ာ့ မ်က္ႏွာကို ၾကည့္လိုက္စမ္း၊ ဘယ္ေလာက္ နာက်င္လိုက္မလဲ။"


မာမင္ယြီ ".........." ဒါ႐ိုက္တာ၊ ကြၽန္ေတာ္က ကေလးမေလး တစ္ေယာက္ေၾကာင့္ အထိတ္တလန႔္ ျဖစ္သြားတယ္လို႔ ေျပာရင္ ယုံမွာလား။


လင္းခ်င္းယင္က ကတ္ထူျပားကို သယ္ခဲ့ၿပီး၊ ေနာက္ဆုံး သူ(မ) အိမ္ကို မျပန္ခင္ ၃ မိုင္ေလာက္ လမ္းေလွ်ာက္ခဲ့ရသည္။ သူ(မ)က တံခါးဖြင့္ဖို႔ အိမ္ေသာ့ကို ထုတ္လိုက္ၿပီး၊ ကတ္ထူးျပားကို ဗီ႐ို အေနာက္ဘက္ တံခါးနားမွာ ထားလိုက္သည္။ ထို႔ေနာက္ သူ(မ)ရဲ႕ လက္ကို ေဆးေၾကာသန႔္စင္ၿပီး အိုးထဲမွာ ရွိတဲ့ ေခါက္ဆြဲကို ပန္းကန္လုံးထဲ ထည့္လိုက္သည္။


လင္းခ်င္းယင္က တူကို ယူၿပီး ေခါက္ဆြဲကို ကိုက္လိုက္မိသည္။ သူ(မ)မ်က္ခုံးမ်ားကို မကူမကယ္ႏိုင္ဘဲ မ်က္ေမွာင္ၾကဳတ္လိုက္မိသည္။ သူ(မ)က ထၿပီး ေရစင္ေဘးမွာ ရွိတဲ့ ေရဖန္ခြက္ကို ယူလိုက္ၿပီး ႏွစ္ခြက္ေလာက္ ေသာက္လိုက္တယ္။ ထို႔ေနာက္ ေလးလံစြာ သက္ျပင္းခ်လိုက္မိသည္။


ယခု ကမာၻမွာ ဝိဉာဏ္စြမ္းအား နည္းပါးတဲ့ အျပင္၊ သူ(မ)ရဲ႕ အႀကီးမားဆုံး ေခါင္းကိုက္စရာက အစာစားျခင္းပဲ။


သူ(မ)ရဲ႕ အရင္ဘဝမွာ အမ်ားႀကီး မစားခဲ့ရဘူး။ သူ(မ) ေရွးျဖစ္ေဟာေက်ာင္းကို မဝင္ေရာက္ခင္၊ မိသားစုဝင္ ၅ ေယာက္ ရွိခဲ့တယ္။ အစာေရစာ ငတ္ျပတ္ျခင္းေၾကာင့္ သူတို႔ထဲက ၄ ေယာက္က ေသဆုံးသြားခဲ့တယ္။


သူ(မ) ငတ္ျပတ္ၿပီး မေသခင္၊ ကံေကာင္းစြာျဖင့္ သူ(မ)ရဲ႕ ဆရာႏွင့္ ေတြ႕ခဲ့ၿပီး ထာဝရ ရွင္သန္ေသာ(အမတ) ကမာၻကို ေခၚသြားခံခဲ့ရသည္။ 'ရွန္းစြမ္ဂိုဏ္း'သည္ က်င့္ႀကံေရး ေလာကမွာ အႀကီးမားဆုံး ဂိုဏ္းတစ္ခု အျဖစ္ သတ္မွတ္ခံခဲ့ရသည္။


ဒါေၾကာင့္ အရင္းအျမစ္ေတြ ရွားပါး ျပတ္လပ္တယ္ဆိုတာ မရွိခဲ့ဘူး။ သူတို႔ရဲ႕ က်င့္ႀကံေရးကို အရွိန္ျမႇင့္ဖို႔ အတြက္ သူတို႔အားလုံးက 'ဖိကူသန႔္'ကို စားၾကသည္။ သူတို႔ရဲ႕ အေျခခံ အုတ္ျမစ္ကို တည္ေဆာက္ၿပီးတဲ့ေနာက္ 'ဖိကူသန႔္'ကိုေတာင္ စုေဆာင္းမိၾကသည္။


လင္းခ်င္းယင္က အစာစားျခင္းအေပၚ အနည္းငယ္ ထင္ျမင္ခ်က္ ရွိသည္။ ဒီကမာၻကို ေရာက္ၿပီးေနာက္ သူ(မ)က အထူး ငန္တဲ့ ေခါက္ဆြဲ၊ ဒါမွမဟုတ္ အရသာမရွိတဲ့ ေခါက္ဆြဲပဲ စားေနရတယ္။ သူ(မ) နားမလည္ႏိုင္ဘူး။ ဒီအစားအစာေတြက အရသာ အရမ္းဆိုးတာပဲ။ လူေတြက ဒါကို စားခ်င္စိတ္ ဘယ္လိုမ်ား ျဖစ္လာၾကတာလဲ။


..................

Continue Reading

You'll Also Like

180K 8.9K 42
After going through a number of disasters I realized that actually I am reborn as the villainess character, more of a brat, Chloe Bourgeois, in a chi...
243K 6.7K 43
Jack Hasegawa, that was my name until I rescued a girl from falling down a mountain and instead I fell down. It was the end of my life. Then I met Go...
4.1K 486 11
ဘာသာပြန်သူ - စွဲညို့အသင်း လုယန်က ကမ္ဘာပျက်ကပ်မှာတုန်းက ဘော့စ်ကြီးတစ်ယောက်။ နောက်တော့ သူ့ မူလကမ္ဘာကို ပြန်ရောက်လာတယ်။ မူလကမ္ဘာက ရှိုးအပေါ် အခြေပြုရေးသ...