ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

Від purple-j9

157K 4.9K 324

ဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆ... Більше

Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Hello
Photo
Part-32
Part-33 (ဇာတ် သိမ်းပိုင်း)
Request
Photo
🥰🥰🥰

Part-9

3.6K 132 7
Від purple-j9

ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်

အပိုင်း-၉

ကိုညီကယုအပေါ်အရမ်းနွေးထွေးသည်ယုကတခုခုကိုကြိုက်တဲ့မျက်လုံးနဲ့ကြည့်တာနဲ့ကိုညီကသိသည်ယုရဲ့ဝမ်းနည်းတာဝမ်းသာတာနှုတ်ကဖွင့်ပြောစရာမလိုပဲသိသလိုယုဖြစ်ချင်တာမှန်သမျှကိုလိုလေသေးမရှိအရိပ်တကြည့်ကြည့်ဖြည့်ပေးသူဖြစ်သည်။ရုန်းကတော့ယုလိုချင်တာမှန်သမျှလုပ်ပေးပေမဲ့နှုတ်ကဖွင့်ပြောမှသာသိသည်။ယုနဲ့ချစ်သူဖြစ်တာသုံးနှစ််နီးပါရှိပေမဲ့လက်ကိုင်ပခုံးဖက်နဖူးနဲ့ပါးကိုတာနမ်းတာများသည်။နှုတ်ခမ်းကိုနမ်းတာကရေတွက်လို့ရသည်။ကိုညီကတော့အရမ်းလက်သွက်သည်ယုနဲ့တွဲတာလပိုင်းပေမဲ့လူတွေ့တာနဲ့နမ်းတာပဲနမ်းရင်လဲနှုတ်ခမ်းသာနမ်းသည်။အတူတူနေဖို့လဲခနခနတောင်းဆိုတတ်သည်။ယုကလက်ထပ်ပီးမှသာခွင့်ပြုမည်ဆိုထားတော့မြန်မြန်လက်ထပ်ဖို့ခွင့်တောင်းနေသည်။ဖုန်းမြည်လာလို့တွေးနေတာရပ်ပီးကြည့်လိုက်တော့ရုန်းဆီကမို့မကိုင်ပဲထားလိုက်သည်။ယုရုန်းကိုစိတ်ဆိုးပီးစကားမပြောတာဒီနေ့ဆို၃ရက်လောက်ရှိပီဖြစ်သည်။ကိုယ့်ချစ်သူဒီလောက်စိတ်ဆိုးတာတောင်လူကိုယ်တိုင်လာမချော့ပဲဖုန်းပဲဆက်နေလို့ကိုတမင်ဖုန်းမကိုင်ပဲထားလိုက်သည်။ကိုညီဆိုယုကိုစိတ်ဆိုးတာမရှိရအောင်ဂရုစိုက်သ ည်။

"မယုအောက်မှာကိုလက်ရုန်းရောက်နေတယ်"

ညီမလေးလာခေါ်မှအတွေးပြတ်သွားကာ

"မတွေ့ချင်ဘူးလို့ပြောလိုက်"

"ကိုလက်ရုန်းကမမဆင်းမတွေ့မချင်းမပြန်ဘူးတဲ့"
ယုအောက်ထပ်ဆင်းလာတော့ရုန်းကလက်ဆွဲပီး

"လာတနေရာသွားပီးစကားပြောရအောင်"
ကားကိုစကားပြောကောင်းသည့်နေရာတွင်ရပ်လိုက်သည်။

"ယုကိုယ်တောင်းပန်တယ်နော်အန်တီရတနာရဲ့အသက်နဲ့ဆိုင်တဲ့ကိတ်စမို့ပါကွာကိုယ့်ကိုနားလည်ပေးနော်"
"ဟင့်အင်းနားမလည်ဘူးယုသေချာပြောထားရက်နဲ့ရုန်းကဖုန်းမဆက်ပဲပျောက်သွားတာယုဒီမှာဘယ်လောက်ဒုက်ခရောက်လဲသိလားပီးတောလဲအရေးကြီးလားဆိုတော့နွယ်ကသစ်ကိုသွားကြိုတာတဲ့အဲ့တာကြောင့်မို့ပိုစိတ်ဆိုးတယ်"
"မဟုတ်ဖူးလေယုကိုယ်မက်ဆေ့ပို့ပီးရှင်းပြထားတယ်လေနွယ်လေးကိုကြိုမယ့်သူမရှိလို့ပါဆိုနော်ယုရယ်စိတ်မဆိုးနဲ့နော် ကိုယ်ဒီမှာယုကြိုက်တဲမုန့်တွေဝယ်လာတယ်နော်စိတ်ဆိုးပြေတော့ကွာ"
"ရှင်ကျမကိုပစ်ထား၃ရက်တောင်လေ"
"အဲ့ဒါကဇန်မင်းတို့ကflight delayဖြစ်ပီးရောက်တာနောက်ကျတော့ကိုယ်ကလာလို့မရလို့ပါခုရရချင်းထွက်လာတာစိတ်မဆိုးနဲ့တော့နော်"

ရုန်းကအဲ့လိုပဲချော့တတ်သည်ယုကသူ့မျက်နှာမြင်ထဲကစိတ်ဆိုးပြေပေမဲ့အချော့ခံချင်လို့နဲနဲမူတာတောင်လူကိုတချက်မှမနမ်းယုကပဲနမ်းလိုက်ရသည်။

ဒီနေ့ကိုညီကယုကိုနာမည်ကြီးဟိုတယ်မှာseafood ဘူဖေးလိုက်ကျွေးသည်။တော်တော်စားကောင်းပီးဒေါ်လာနှင့်ရှင်းရတာမို့ယုစိတိကြိုက်ဓါတ်ပံုရိုက်ကာအမျိုးတွေသိအောင်ကြွားချင်တာနဲ့Facebookပေါ်တင်ပီးမှစားစရာများယူကာထိုင်လိုက်သည်။ကိုယ့်ကိုတယောက်ယောက်ကကြည့်နေသလိုခံစားရလို့မော့်ကြည့်တော့ယုတို့ရှေ့ဝိုင်းကထိုင်နေသည့်အန်တီတယောက်ကယုနဲ့မျက်လုံးချင်းဆုံတာနဲ့အသာလေးမျက်နှာလွဲပီးဘေးကအန်တီတွေနှင့်စကားပြောနေသည်။ယုစိတ်ထဲအန်တီကြီးကိုမြင်ဖူးသလိုရှိပေမဲ့သူတို့ကသူဌေးကတော်တွေဆိုတာသိသာစေသောဝတ်စားဆင်ယင်မှုနဲ့မို့အသိမဖြစ်နိုင်တာမို့စဉ်းစားမနေပဲဆက်စားနေလိုက်သည်။ထိုအန်တီတို့ဝိုင်းကိုအန်တီကြီးတယောက်ရောက်လာပီးပြောလိုက်တဲ့စကားသံတွေထဲလက်ရုန်းလို့ကြားလို့နားစွင့်ကြည့်တော့

"မြ ရေသားလက်ရုန်းကိုကောင်မလေးတယောက်နဲ့တွေ့တာ၂ခါရှိပီနော်နဲနဲပါးပါးမေးအုန်းမတော်တရော်တွေဖြစ်နေမယ်"
"သူအပျော်တွဲတာနေမှာပါသဲရယ်သားကိုပြောထားတယ်ကိုယ်ယူမယ့်မိန်းခလေးဟာမချမ်းသာချင်နေစာရိတ်တကောင်းသူကိုယ့်အဆင့်အတန်းနဲ့တူတဲ့သူကိုပဲမေမေကလက်ခံမှာလို့ပြောထားတယ်"

ယုကိုကြည့်နေတဲ့အန်တီကရုန်းမေမေမှန်းသိလို့လူကထူပူသွားသလိုပြောလိုက်တဲ့စကားကယုကိုပြောနေသလိုမျိုးမို့ကြည့်လိုက်တော့ရုန်းမေမေကတကယ်ပဲယုကိုကြည့်နေပီးထပ်ပြောလိုက်တာက

"ကိုယ်ပြောတဲ့အဆင့်အတန်းဆိုတာကွာပိုက်ဆံချမ်းသာမှဘာဘွဲကြီးတွေရနေမှကိုပြောတာမဟုတ်ဘူးသားရဲ့ဇနီးမြရဲ့ချွေးမဆိုပီးလူကြားထဲတင့်တင့်တယ်တယ်ထုတ်ပြလို့ရတဲ့သားနဲ့တန်းတူဘွဲလေးရပီးစာရိတ်တကောင်းတဲ့သူလေးဆိုရပါပီတော်ကြာသားဇနီးမြချွေးမဆိုထုတ်ပြမှတွဲခဲ့ဘူးတဲ့သူတွေပေါ်လာကျွန်တော်ကဘယ်လိုထောက်ပံ့ပေးခဲ့တာပါဆိုသွားပီလေဟုတ်တယ်မလာသဲ"
"ဟုတ်တာပေါ့ခုတွဲနေတဲ့တယောက်ကိုကောစုံစမ်းကြည့်သေးလား"
"စုံစမ်းဖို့မလိုပါဘူးသဲရယ်သားကသူ့လူက မြတို့နဲ့အဆင့်အတန်းမတူလို့ကိုယ်နဲ့တောင်မိတ်မဆက်ပေးရဲဘူးလေပီးတော့မကောင်းတာလုပ်ထားရင်တမင်ကိုစုံစမ်းစရာမလိုတာအလိုလိုပေါ်လာတာဟင်းဟင်းဟင်း"

ယုရှေ့ကရုန်းမေမေကိုရှက်တာရောကြောက်တာရောပေါင်းပီးခေါင်းငုံ့ထားမိပေမဲ့နောက်ဆုံးစကားကြောင့်ထောင်းခနဲဒေါသကထွက်လာပီးမာနကလက်မခံလို့ရုန်းမေမေကိုစိုက်ကြည့်လိုက်တော့ရုန်းမေမေကယုကိုအဖက်မတန်ပါဘူးဆိုတဲ့မျက်နှာပေးမျိုးလုပ်သွားသည်။ယုထမယ်လုပ်တော့ကိုညီက

"ခလေးဘာယူမလို့လဲကိုယ်ယူပေးမယ်လေ"
"အော် အင်းပုစွန်ထပ်ယူမလို့"
"လာတူတူသွားယူမယ်"

ပြောပီးမင်းညီယုပုခုံးကိုဖက်ကာထလာလိုက်သည်။ယုဘာဖြစ်သွားလဲမင်းညီကောင်းကောင်းသိတာပေါ့။တမင်ယုမပြတ်နိုင်တဲ့ကောင်လေးအမေနဲ့တွေ့အောင်ခေါ်လာတာအစတည်းကယုတို့သားအမိကသူ့ကိုငွေကြောင့်ချဉ်းကပ်မှန်းသိတာပေါ့။ပထမပိုင်းတုန်းကယုကလက်မခံလို့စုံစမ်းကြည့်တော့သူ့ကောင်လေးဆီကငွေရနေလို့ဆိုတာကြောင့်ယုအမေကိုလောင်းကစားဝိုင်းမှာငွေနဲမျှားထားရတာယုကိုရဖို့မင်းညီတော်တော်ရင်းထားရတာရမှဖြစ်မှာလေချစ်လွန်းလို့တော့မဟုတ်ကိုယ့်အသိုင်းဝိုင်းကြားမှာပထမအိမ်ထောင်နဲ့ကွဲလို့ကျခဲ့ရတဲ့သိတ်ခါကိုပြန်ဆယ်ဖို့ကိုယ့်လက်ခုတ်ထဲကမိန်းကလေရှာနေတုန်းအမဖြစ်သူကယုဆိုမဆိုးဘူးလူလေးလဲလှပညာတတ်ချုပ်ကိုင်လို့ရနိုင်တယ်ဆိုလို့ကိုယ်လဲသဘောကျတာနဲ့ကြိုးစားနေရတာဖြစ်သည်။ယုကငါးရံ့၂ကောင်ဖမ်းနေတာသိပေမဲ့ကိုယ်ဘက်ပါဖို့တော်တော်လေးရင်းနှီးထားလို့ရပီထင်ပေမဲ့ကောင်လေးကိုမပြတ်နိုင်ဖြစ်နေတာလေခုတော့ကောင်လေးအမေစကားကသူ့မာနကိုထိတော့သူဆုံးဖြတ်ချက်ပြောင်းမယ်လို့မျော်လင့်ရသည်။

ယုရုန်းမေမေနဲ့တွေ့ပီးထဲကယုမာနကိုလာထိလို့ဒေါသထွက်လွန်းလို့ရုန်းကိုသူ့အမေနဲ့မိတ်ဆက်ခိုင်းတိုင်းအကြောင်းအမျိုးမျိုပြနေလို့ယုလဲအကြောင့်သင့်မယ့်အချိန်ကိုသာစောင့်နေလိုက်သည်။

နွယ်လေးတက်ကသိုလ်ဝင်တန်းလျောက်လွှာမှာတက်မည့်ဦးစားပေးအတန်းကိုရေးခြစ်ရင်းမေမေ့အိပ်နေတာကိုစောင့်နေလိုက်သည်။မေမေကသက်သာပေမဲ့ညာဘက်လက်ကမလှုပ်နိုင်သေးလို့နွယ်မှာမေမေ့နားကမခွါရဲပေ။မေမေကဆေးရုံဆင်းထဲကကိုဇန်နဲ့မခြူးကိုကျောင်းပြန်တက်ခိုင်းပေမဲ့မခြူးကမေမေ့ကိုစိတ်မချလို့မပြန်တော့ပဲဒီကနေပဲစာတမ်းရေးပီးမာစတာဘွဲ့ယူတော့မည်ဟုဆိုသည်။ကိုဇန်ကတော့မနေ့ကမှပြန်သွားသည်။ကိုကြီးပေါ်ထားတဲ့စိတ်ကမပြောင်းပေမဲ့ပြင်ဦးလွင်ကအဆောင်မှာဆုံခဲ့တဲ့သူငယ်ချင်းရဲ့အချစ်ဒသနအတိုင်းကိုယ်ချစ်သူပျော်နေတာကိုအဝေးကပဲကြည့်တော့မယ်လို့ဆုံးဖြတ်ထားလိုက်သည်။

လက်ရုန်းအိပ်ယာနိုးတာနဲ့အဝတ်စားမြန်မြန်လဲလိုက်သည်။ဒီနေ့မေမေ့မွေးနေ့မလို့အိမ်မှာဘုန်းကြီးဆွမ်းကပ်ပီးဧည့်သည်တွေလဲဖိတ်ထားသည်။မခြူးကမလာနိုင်ပေမဲ့နွယ်လေးတော့ခေါ်ထားသည်။နွယ်လေးတောင်ပထမနှစ်ကျောင်းသူကြီးဖြစ်နေပီဖြစ်သည်။ကျောင်းစတက်သည့်နေ့ကတောင်အလှတွေအရမ်းပြင်ထားလို့ရန်ဖြစ်ရတာကိုသတိရမိတော့ပြုံးမိသည်။ကိုယ်ကကိုယ့်ညီမလေးလိုဖြစ်နေတာမို့ခလေးလိုထင်ပေမဲ့နွယ်လေးကတော်တော်လှလာသည်။နွယ်လေးအလှကမြင်သူကိုရင်အေးစေသည်။မျက်နှာလေးကကိုယ့်ညီမမို့လားမသိချစ်စရာကောင်းပီးလှတာဖြစ်သည်။ယုနဲ့ယှဉ်ရင်တော့ယုကခန်ဓါကိုယ်ကောအလှအပကောပိုသာသည်။ဒါပေမဲ့ရုန်းမျက်စိထဲတော့နွယ်လေးအလှကိုပိုသဘောကျမိသည်။အော်ငါဘာတွေတွေးနေတာလဲဆိုပီးကိုယ့်ဘာသာသတိပေးကာဘုရားခန်းသို့ထွက်လာလိုက်သည်။

"Happy birthday မေမေ "
ဆိုပီးမေမေ့ပါးကိုနမ်းလိုက်သည်။သူတောင်မနမ်းရသေးသည့်သူ့မိန်းမကိုနမ်းလို့ဆိုပီးအဖေကထအော်လို့ရီနေရသည်။ဘုန်းဘုန်းဆွမ်းကပ်ပီးတော့မေမေနဲ့ဖေဖေ့ရဲ့ဧည့်သည်တွေရောက်လာပီးစည်ကားနေချိန်ခြံစောင့်ကောင်လေးက
"အကိုလေးဧည့်သည်လို့ပြောတယ်မေမေကြီးမွေးနေ့လာတာတဲ့"
လက်ရုန်းအသံကြောင့်လှည့်ကြည့်လိုက်တော့ယုဖြစ်နေလို့လူကရုတ်တရက်ကြောင်သွားသည်။မေမေကိုကြည့်တော့မကြိုက်တဲ့မျက်နှာနဲ့မို့ယုနားသွားတော့ယုကပြုံးပီး
"ရုန်းမေမေနဲ့မိတ်ဆက်ပေးလေ"
ယုကနဂိုလှတဲ့သူမို့ဝတ်ကောင်းစားလှဝတ်ထားတော့လူကြားထဲထင်းနေအောင်လှတော့လူအားလုံးကစိတ်ဝင်စားနေကြတာမို့မေမေ့နားမြန်မြန်ခေါ်သွားလိုက်သည်။

"မေမေသူက သားရဲ့ ဟို ဟို"

"သူငယ်ချင်းမဟုတ်လားမေမေ့မွေးနေ့ဆိုတော့မေမေ့သားသူငယ်ချင်းလာလို့ရပါတယ်ဒါပေမဲ့မေမေဖိတ်ထားတာမဟုတ်တော့ထိုင်စရာဝိုင်းကပြည့်နေတော့ခနထိုင်စောင့်နော်သားသူငယ်ချင်းကိုမုန့်ကျွေးပီးမှပြန်ခိုင်း"

"အန်တီဒါကျမယူလာတဲ့မွေးနေ့လက်ဆောင်ပါအန်တီအတွက်ဆိုပီးdesignerမိတ်သိန်း၂၀ကျော်ပေးရတဲ့ကြာချည်ချိတ်ပါspecial orderပေးမှာထားတာပါ"

"ဟယ်သမီးရယ်အန်တီကအားနာလိုက်တာအဲ့လောက်စျေးကြီးတာကြီးကိုအန်တီ့ကိုမပေးပါနဲ့"

"မဟုတ်တာယုအတွက်ဘာမှမဖြစ်ပါဘူးအန်တီအတွက်မို့သေချာရွေးလာတာပါယူပါအန်တီ"

"သမီးရဲ့အန်တီ့အပေါ်ထားတဲ့မေတ္တာစိတ်ကိုပဲအန်တီယူပါမယ်နော်ဒီလောက်အဖိုးတန်တာအန်တီကဝတ်လေ့မရှိဘူးသမီးပေးလဲအန်တီကမဝတ်ဖြစ်ရင်နှမြောစရာမို့ပြန်ယူသွားပီးသမီးမေမေကိုသာပေးလိုက်နော်အဲ့ဒါဆိုသမီးမေမေလဲပျော်တာပေါ့ကွယ်"

"မဟုတ်ဖူးလေအန်တီ"

"သားရေပြောပါအုံးမေမေအားနာတယ်ကွယ်"

"ယုပြန်ယူလိုက်ပါမေမေကအဲ့လောက်စျေးကြီးတာတွေမကြိုက်လို့ပါလာဟိုနားမှာကိုယ်နဲ့ခနထိုင်ရအောင်"

ရုန်းကအတင်းဆွဲခေါ်လို့တာပါလာတာလူကလံုးဝမကျေနပ်အဖွားကြီးကသက်သက်မဲ့လူတွေကြားထဲမှာယုကိုချေလိုက်တာယုသိတာပေါ့အဖွားကြီးရဲ့အကြည့်အပြောတွေကယုကိုအထင်သေးတဲ့အမူရာမှန်းသိတာပေါ့ဒီနေ့တော့ရုန်းရဲ့ချစ်သူဆိုတာကိုသေချာပြောပီးမှကိုပြန်မှာဆိုပီးယုတေးထားလိုက်သည်။ရုန်းနဲ့စကားခနပြောနေတုန်းဝိုင်းတခုအားလို့ယုတို့ပြောင်းထိုင်တုန်း

"တီမြရေ happy birthday မွမွ"

ဆိုပီးယုတအားမုန်းသောခလေးမရောက်လာသည်။ရုန်းအမေမျက်နှာဆိုသည်မှာယုနှင့်တုန်းကနဲ့တခြားဆီဖြစ်သည်။ယုနဲ့တုန်းကချေမိုးနေသလောက်ဟိုခလေးမနဲ့ကျတော့ပြုံးရွှင်နေတာများမုန်းလိုက်တာ။

"နွယ်လေးကိုအန်တီကမျော်နေတာ"

"မနက်ကမမဆေးသွားဝယ်တာခုမရောက်လို့လာရတာမမကမေမေ့ကိုစောင့်နေလို့မလာတော့ဘူးတဲ့ဒီမှာမမပေးတဲ့လက်ဆောင်ဒါကမီးရဲ့လက်ဆောင်တီမြအကြိုက်ဆုံးဒူးရင်းသီးမီးဘန်ကောက်ကမှာထားတာနော်ဒါကဟိုနေ့ကတီမြကလိုချင်တယ်ပြေနေတဲ့နံသားဖြူသားအစစ်ယပ်တောင်သုံးရမယ်နော်တီမြမီးမုန့်ဖိုးထဲကဝယ်ထားပေးတာ"

"အေးပါတီတီအကြိုက်တွေပဲကိုယ့်သမီးတွေပေးတာကသေချာသုံးမှာစားမှာဟုတ်ပီလားလာဒါတီတီ့သူငယ်ချင်းတွေဝိုင်းတခါထဲဝင်စား"

"ဟုတ်တီမြ မမကမှာလိုက်တယ်သူဖို့ပါဆယ်ဆွဲခဲ့တဲ့ဟိဟိရှက်ထှာ"

"ပေးမှာနော်တီမြကစားသမီးအရင်ဝအောင်စား"

ယုရှိလို့တမင်လုပ်ပြတာလားတော့မသိပေမဲ့ယုကြည့်ရင်းတော်တော်စိတ်တိုလာသည်။အေးပါပျော်ထားပီးရင်အဖွားရီးရောဟိုခလေးမပါငိုရစေမယ်ဟွန့်။

💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰

—————————————————————-
စနေ တနင်းဂနွေနားမှာမို့ကော ရှည်ရှည်ရေးပေးပါတောင်းဆိုတဲ့ဒါဒါလေးတွေကြောင့်ရောဒီနေ့ ခါတိုင်းထက်ပိုရှည်ရှည်ရေးပေးထားတယ်နော်

တယောက်ယောက်ကြော်ငြာပေးလို့ထင်တယ်followerကောဖတ်တဲ့သူပါတအားများလာတာကျေးဇူးတင်ပါတယ်နော်

ကျမကိုအားပေးတဲ့သူအားလံုးကိုအရမ်းကျေးဇူးတင်ပါတယ်

နောင်တခုzawgyi နဲ့ရေးပေးဖို့ကျမကြိုးစားလေ့လာနေပါတယ်လို့Wattpad ကိုကျမကျွမ်းကျင်စွာမသံုးတတ်သေးလို့ခနတော့စောင့်ပေးနော်တကယ်လို့ဒါဒါလေးတွေကသိရင်လဲပြောပြပေးရင်စိတ်မဆိုးပါဘူးနော်

ဒီနေ့အပိုင်းကလေ ကိုရီးယားကားအိန်ဒိယကားတွေမှာလိုလေချွေးမနဲ့ယောက်ခမလောင်းတွေစကားနဲ့မျက်နှာအမူအရာနဲ့တယောက်နဲ့တယောက်စောင်းချိတ်တာကိုရေးချင်တာပါကျမစိတ်ထဲအဲ့လိုသိပ်မဖြစ်ဘူးလို့ခံစားရလို့။ လိုအပ်တာများကိုခွင့်လွတ်ပီးဖတ်ပေးပါလို့ဒါဒါလေးတွေကိုမေတ္တာရပ်ခံချင်ပါတယ်

ဒီနေ့မျက်မှန်ကအလုပ်မှာကျန်ခဲ့တော့စာကြည့်တာနဲနဲဝါးတော့စာလံုးပေါင်းမှားရင်ခွင့်လွတ်နော်

ကျန်းမာရေးဂရုစိုက်ကြပါ

ချစ်တဲ့
ယူတို့ရဲ့  Purple

Продовжити читання

Вам також сподобається

1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
4.8K 166 7
Drabbles for my soft jikook enthusiasts. Random updates! Also, tooth-rotting fluff ahead. You have been warned! :D ❝ slow-dancing with a wish t...
5.7K 249 20
A story of two princes who love each other beyond limitation and are committed and connected to each in such a strong bond of love and affection that...
3.7M 293K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...