ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
By purple-j9
157K 4.9K 324
ဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆ... More
Intro
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Hello
Photo
Part-32
Part-33 (ဇာတ် သိမ်းပိုင်း)
Request
Photo
🥰🥰🥰
Part-8
3.8K 126 9
By purple-j9
ကိုယ့်ရဲ့ပဲ့ကိုင်ရှင်  နွယ်
အပိုင်း-၈
ဒီနေ့ဇန်နဲ့ချိန်းထားလို့ကော်ဖီဆိုင်သို့ထွက်လာလိုက်သည်။
"လက်ရုန်းမင်းကလဲနော်မွန်နေတာနဲ့ပဲကျောင်းကိတ်စမလုပ်နိုင်ဘူး"
"အေးကွာ ကျောင်းသွားတက်ဖို့ယုကခုမှ မလိုက်တော့ဘူးလုပ်နေလို့ငါသူနဲ့ညှိပီးမှစီစဉ်မလို့မင်းမနက်
ဖန်သွားရင်အန်ကယ်လ်ကောဆိုတော့အန်တီတယောက်တည်းကျန်ခဲ့မှာပေါ့ခေါ်သွားတာမဟုတ်ဖူး"
"ခေါ်တယ်အမေကသူလေယာဉ်မစီးနိုင်လို့တဲ့နောက်ပီးငယ်လေးကလဲမပါတော့မလိုက်တော့ဘူးတဲ့အဖေကတော့ဘယ်သူသွားသွားမသွားသွားသူသွားမှာတဲ့သူ့သမီးကြီးအလိမ်မာတုန်းကဟိုမှာတယောက်တည်းအားငယ်မှာစိုးလို့တဲ့ကွာ ဟားဟား"
"အေးမခြူးကလိမ်မာတာကိုအန်ကယ့်အသဲဖြစ်တာလဲမပြောနဲ့မင်းတို့မှမဟုတ်ဘူးငါ့လဲသူ့မောင်လေးလိုပဲဟိုမှာမခြူးဘဲကြီးလဲရှိတယ်မလား"
"အေးငါ့အဖေကပြောမရဘူးသူဘဲကအဖေလောက်ဘယ်ကောင်းမလဲဘာညာပွါးနေလို့ငါလဲပါးစပ်ပိတ်ထားရတယ်"
"ဟားဟား အန်ကယ်ကမရဘူးနော်"
"အေး ဟုတ်တယ်   အော်ဒါနဲ့ငါနဲ့အဖေခရီးထွက်တဲ့
ရက်မှာမင်းအားရင်ငါ့အမေကိုတချက်တော့ဝင်ကြည့်ပေး"
"ဘရို ပြောရမယ့်လူတွေလားမင်းအမေငါ့အမေပဲလေ
ငါ့အမေအမွေမပေးရင်မင်းတို့နဲ့အမွေလာလုမှာ။ ဟားဟားဟား"
ဇန်နဲ့စကားပြောပီးအပြန်ယုနဲ့တွေ့ဖို့ဖုန်းဆက်တော့ဖုန်းကမကိုင်ဘူးဒါနဲ့သူအိမ်လိုက်သွားလိုက်သည်။ယု
အိမ်ရှေ့ရောက်တော့ယုက တော်တော်စျေးကြီးမှန်းသိသာသည့်ကားနားမှာလူတယောက်နဲ့ပြုံးရွှင်စွာစကားပြော​နေသည်။ရုန်းကားကိုတွေ့တော့မျက်နှာနဲနဲ
ပျက်သွားသည်။ရုန်းကားပေါ်ကပဲစောင့်နေလိုက်သည်။ခနနေတော့ဟိုလူလဲထွက်သွားပီးယုကားနားရောက်လာသည်။
"ရုန်းကလာမယ်ဆိုမပြောဖူးယုတောင်ခုမှအပြင်က
ပြန်လာ"
"ကိုယ်ဖုန်းဆက်တယ်ယုမှ မကိုင်တာ"
"ဟယ်ရုန်းဆော်ရီးယုဖုန်းကိုအသံပိတ်ထားတာမသိ
လိုက်ဘူးစိတ်မဆိုးနဲ့နော်"
"ခုနကလူကဘယ်သူလဲ"
"ဟိုလေ အင်းယုရဲ့ဝမ်းကွဲအကိုပါ"
"ယုပြောတော့အမျိုးတွေနဲ့မတည့်ဘူးဆို"
"ဟာ ရုန်းကလဲမတည့်တာဖေဖေ့အမျိုးဒါကမေမေ့
ဖက်ကတော်တာသူတို့မိသားစုကပဲယုတို့ကိုစောင့်
ရှောက်တာဘာလဲရုန်းကယုကိုမယုံတာလား"
"ဟား ယုရယ်အဲ့လိုမဟုတ်ပါဘူးယုံပါတယ်ဒါနဲ့ပြောရအုံးမယ်ကိုယ်နဲ့တကယ်ပဲနိုင်ငံခြားမှာကျောင်းလိုက်မတက်ဘူးလား"
"ဟုတယ်ရုန်း မလိုက်တော့ဘူးဘယ်လိုပဲရုန်းကနေစားရိတ်စားရိတ်တာဝန်ယူမယ်ဆိုပေမဲ့ယုအတွက်အ
ဆင်ပြေမယ်မထင်ဘူးအိမ်အတွက်လဲယုကငွေရှာရမှာ
ရုန်းပဲသွားပါ"
"ဟာယုကလဲစဉ်းစားပါအုံး"
"အင်းပါ"
ရုန်းကျေနပ်အောင်သာစဉ်းစားပေးမယ်ပြောရတာတကယ်ကယုကျောင်းတက်ဖို့မလိုက်ဖြစ်တော့ပါမေမေကလဲလက်မခံပါဘူးရုန်းပိုက်ဆံနဲ့သာကျောင်းတက်
ရင်ယုတော့တသက်လုံးယောက်ခမနှိမ်တာခံရ
မယ်ပြောတော့ယုတော့တစ်ဘဝလုံးအနှိမ်ခံပီးမနေ
နိုင်ပါခုတောင်အမျိုးတွေနှိမ်တာခံရတာယောက်ကျားယူပီးရင်တော့အမျိုးတွေကောဘယ်သူ့အနှိမ်မှမခံရအောင်နေမယ်လို့ငယ်ကတည်းထဲတွေးထားတာဖြစ်သည်။ကိုညီနဲ့ကမေမေကျေနပ်အောင်တွဲပေးနေတာရုန်းကိုမသိစေချင်တာမို့အကိုဝမ်းကွဲလို့တာညာလိုက်တာယုစိတ်မကောင်းပါမေမေ့အကြိုက်မတွဲပေးလျှင်ရုန်းနဲ့လမ်းခွဲဆိုတော့ယုကရုန်းကိုလက်လွတ်မခံနိုင်တော့ကိုညီ့ကိုပဲsilent တွဲဖို့သဘောတူထားရသည်။
ဒီနေ့ယုကသူ့ဖွားအိမ်ကပွဲရှိတယ်အမျိုးတွေဆုံမှာမို့
ရုန်းကိုကြွားပီးမိတ်ဆက်ပေးချင်လို့လိုက်ပို့ခိုင်းလို့သွားဖို့လုပ်နေတုန်းမေမေကအလောတကြီးဝင်လာပီး
"သားရေ မနက်အစောကြီးရတနာလေဖြတ်သလိုဖြစ်ပီးဆေးရုံတင်ထားရတယ်မေမေနဲ့ဖေဖေကခုဆေးရုံသွားမယ်သားကခုမနက်ဖလိုက်နဲ့မန်းလေးမှာ
နွယ်လေးကိုသွားခေါ်ခဲ့ခုလေယာဉ်ကွင်းဆင်းတော့ဟိုမှာနွယ့်ဖေဖေတပည့်စောင့်နေလိမ့်မယ်မန်းလေးလေဆိပ်မှာနွယ်လေးကိုခေါ်ပီးသားရန်ကုန်ပြန်ဆင်းခဲ့"
"ဟုကဲ့မေမေ"
လက်ရုန်းစိတ်ပူပီးလေဆိပ်ကိုအလျင်စလိုမောင်းသွားခဲ့သည်။လေဆိပ်ရောက်တော့လဲလေယဉ်ထွက်တော့မှာမို့အပြေးသွားရနဲ့ယုကိုဖုန်းဆက်ဖို့ကိုလေယာဉ်ပေါ်ရောက်မှသတိရသည်။မန်းလေးလေဆိပ်
ရောက်မှဖုန်းဆက်တော့ယုကဖုန်းမကိုင်တော့ယုရဲ့miss callအများကြီးကိုတွေ့တော့ယုစိတ်ဆိုးသွားတာသိလိုက်သည်နောက်မှချော့ဖို့တွေးရင်းလေဆိပ်ထဲနွယ်လေးကိုလိုက်ရှာလိုက်သည်။လေဆိပ်ထဲကခုံမှာထိုင်ရင်းငိုနေသောနွယ်လေးနဲ့အဖွားကိုတွေ့လို့အနားသွားတော့အဖွားက
"မြေးရောက်လာပီပဲလာအဖွားတို့နေ့လည်စာသွားစားမယ်အဲ့တာမှလေယာဉ်ပေါ်မှာမြေးတို့ဗိုက်မဆာမှာနွယ်လေးကမနက်ထဲကဘာမှကျွေးမရဘူး"
"နွယ်လေးကိုကြီးပြောမယ် အန်တီ့နားမှာမေမေနဲ့ဖေဖေရှိတယ်ဘာမှစိတ်မပူနဲ့လောလောဆယ်ကအန်တီကဘယ်အချိန်ထဲကလဲနေမှန်းမသိကြလို့စိတ်ချရအောင်ICUထဲထားတာဒီနေ့ညအဆင်ပြေရင်မနက်ကိုရိုးရိုးလူနာခန်းပြောင်းလို့ရပီတဲ့မခြူးကောအန်ကယ်နဲ့ဇန်ပါမနက်ဖြန်မှလက်မှတ်ရမှာခုဒီညနွယ်လေးကအန်တီ့ကိုစောင့်ရှောက်ရမှာကိုနွယ်လေးကခုလိုမစားမသောက်ငိုနေလို့လဲကျသွားရင်ဘယ်သူကစောင့်ရှောက်မလဲနော်လာကိုကြီးနဲ့စားမယ်"
"ဟုတယ်မြေးအဖွားလဲမလိုက်နိုင်ဘူးမြေးကျန်းမာမှမြေးမေမေကိုစောင့်ရှောက်နိုင်မှာမြေးရုန်းကိုလဲဖွားကကျေးဇူးတင်တယ်နွယ့်ဦးလေးတို့ကလဲခရီးလွန်နေတာနက်ဖန်တော့အရောက်ပြန်လာပီးရန်ကုန်ဆင်းလာလိမ့်မယ်နွယ်ကဆိုမနက်ထဲကလိုင်းကားနဲ့ဆင်းမယ်
လုပ်နေလို့မနဲတားထားရတယ်တော်သေးတယ်ရုန်းလာကြိုလို့ကဲကဲသွားကြမယ်ထမင်းစားပီးလေယဉ်မှီအောင်ပြန်လာရမှာ"
နွယ်လေးကိုခေါ်ပီးရန်ကုန်ရောက်တာနဲ့ဆေးရုံကိုပြေးရသည်။လမ်းမှာလဲနွယ်လေးက
"ကိုကြီးနွယ်နားနေပေးနော်မေမေဘာမှမဖြစ်လောက်ပါဘူးနော် အီးဟီးဟီး နွယ်ကြောင့်ဖေနဲ့ဖေခေါ်တုန်းကပြန်လာရင်မေမေခုလိုဖြစ်မှာဟုတ်ဖူးအီးဟီးဟီး"
"ကိုကြီးနွယ့်နားကနေတဖဝါးမှမခွါဘူးနော်စိတ်ချ"
ဆေးရုံရောက်တော့မေမေကvip roomယူထားလဲနွယ်ကမနေicuထဲကအမေနားပဲနေလို့လက်ရုန်းလဲicuခန်းအပြင်ကစောင့်နေရသည်။ယုကိုဖုန်းဆက်တော့လဲဖုန်းကမကိုင်လို့စိတ်ညစ်ရသည်။
ရုန်းဖုန်းဆက်တာသိပေမဲ့ယုတမင်မကိုင်ပဲထားလိုက်သည်။ဒီနေ့အမျိုးတွေလူစုံတက်စုံရှိတုန်းယုကကြွားချင်တာယုကောင်လေးကလက်ရုန်းgroupရဲ့သားဆိုပီးချေမိုးချင်တာရုန်းကရောက်မလာတော့မသွားတော့ဘူးဆိုပီးနေတာကိုမေမေက
"ယုအဝတ်စားမလဲနဲ့မေမေကိုညီ့ကိုလှမ်းခေါ်ထားတယ်အစထဲကပြောသားပဲအဲ့ကောင်လေးကညည်းကိုအလေးမထားဘူးလို့"
"မဟုတ်ပါဘူးမေမေရယ်သူ့အိမ်ကအရေးပေါ်ကိတ်စရှိလို့နေမှာပါ"
"ဒါပေမဲ့ကိတ်စမရှိပါဘူးသူ့ထက်စာရင်မေမေက ကိုညီ့ကိုပိုသဘောကျတယ်ကဲအောက်ဆင်းခဲ့ကိုညီရောက်ရင်သွားမယ်အားလုံးကညည်းဘယ်လိုလူကိုရွေးလဲဆိုတာစိတ်ဝင်စားနေတာလှလှပပလေးနေစိတ်ညစ်ပြမနေနဲ့"
ရုန်းကိုစိတ်ဆိုးတာရောအမျိုးတွေကြားငွေမရှိလို့အမြဲအနှိမ်ခံအထင်သေးခံရတာခုလိုယုကောင်လေးခေါ်လာမယ်ဆိုပီးမပြနိုင်ရင်တသက်လုံးယုတို့သားအမိက်ိုဝိုင်းဖိနှိပ်အပြောခံရမှာထက်စာရင်ကိုညီ့ကိုခေါ်သွားတာကပိုကောင်းပါတယ်လေနောက်ပြသနာနောက်မှရှင်းမယ်ဆိုပီးအောက်ထပ်သို့ဆင်းလာလိုက်သည်။အောက်ရောက်တော့မေမေ့ရဲ့ဝမ်းသာအားရပြောနေသံအရင်ကြားရသည်။မေမေကယုကိုလဲမြင်ရော
"သမီးရေဒီမှာသားကိုညီကိုမေမေတို့သားအမိ၃ယောက်ဝတ်ဖို့စိိန်ဝမ်းဆက်တွေယူလာတယ်"
"ယုတို့အန်တီတို့ကဘာအရောင်ဝတ်မလဲမသိအချိန်ကလဲမရတော့မမကြီးကစိန်ဝမ်းဆက်၃စုံပဲယူသွားဘာနဲ့ဝတ်ဝတ်လှတယ်တဲ့ဆိုလို့ယူလာတာစိတ်တော့မဆိုးနဲ့နော်"
"အမလေးစိတ်ဆိုးစရာလားအန်တီတို့ကိုတွေးပေးတဲ့သားနဲ့သားမမကိုတောင်ကျေးဇူးတင်ရမှာ"
"ဒီနှစ်ဆက်ကအန်တီနဲ့ညီမလေးဝတ်ဒီနဲနဲကြီးတဲ့ဆက်ကယုလေးဝတ်ပီးရင်အပိုင်ယူလိုက်တော့ပြန်မပေးနဲ့တော့"
"ကျေးဇူးပါကိုညီ"
ကိုညီကအဲ့လိုလူစားဖြစ်သည်လက်လဲတအားဖွာသလိုယုကိုလဲသူနဲ့သွားရင်စျေးကြီးအိတ်မိတ်ကပ်ရတနာပစ်စည်းအမြဲဝယ်ပေးတတ်သည်ယုကဘာမှပူဆာစရာမလိုတော့ယုသာယာမိသည်။ကိုညီကိုတော့မချစ်ပါဒါပေမဲ့သူနဲ့ဆိုယုကဘုရင်မပဲမျက်လုံးတချက်ဝေ့တာနဲ့အကုန်ရတဲ့လိုတရဘဝဆိုတော့ယုမှာရုန်းကိုချစ်တော့မပစ်နိုင်ကိုညီ့ကိုလဲငွေကြောင့်မပစ်နိုင်နဲ့ဘယ်သူ့ရွေးရမလဲအကျပ်ရိုက်နေရသည်။
💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰
Continue Reading
You'll Also Like
343K 12.2K 41
" H-Heesung-oppa, w-what are you d-doing ? " " I don't care if everyone knew about us...if I have to leave, then I'll leave for the two of us, Y/n...
3.5K 91 9
"တစ်ခုခုဆို ငါ့ကိုအရင်ဖုန်းဆက်လိုက် ငါခရီးသွားနေတဲ့အတောတွင်း ဘာကိုမှပြဿနာဖြစ်တယ်လို့မကြားချင်ဘူး " "ဒါနဲ့လေဆရာ....." "တော်လိုက်.....ငါနှစ်ခါမပြောဘူး...
12.8K 212 10