Second life ( အချို့သောချစ်ခြ...

By moetharchel

120K 9.5K 1.4K

Hydrangeaတွေနဲ့အတူ အမြဲနောင်တရနေလိုက်ပါအစ်ကို။ နောင်တတရားတွေ အားနာစိတ်တွေနဲ့နာနာကျင်ကျင်ရှင်သန်နေလိုက်ပေါ့။ More

Intro
EP - 1
EP - 2
EP - 3
EP - 4
EP - 5
EP - 6
EP - 7
EP - 8
EP - 9
EP- 10
EP - 11
EP - 12
EP - 13
EP - 14
EP - 15
EP - 17
EP - 18
EP - 19
EP - 20
EP - 21
Attention please!!
EP - 22
EP - 23
EP - 24
EP - 25
EP - 26
EP - 27
EP - 28
EP - 29
EP - 30
EP - 31
EP - 32
EP - 33
Sorry for update
EP - 34
EP - 35
EP - 36
EP - 37
EP - 38
EP - 39
EP - 40
EP - 41
EP - 42
EP - 43
EP - 44
EP - 45
EP - 46
EP - 47
EP - 48
hello
EP - 49

EP - 16

2.2K 201 39
By moetharchel

Unicode


သဝဏ်သတိပြန်ကပ်မိတဲ့အချိန်ပထမဆုံးခံစားမိတာကခေါင်းတစ်ခုလုံးထိုးကိုက်နေတာပင်။ ခေါင်းကိုလက်တစ်ဖက်ဖြင့်အသာဖိနှိပ်ကာမျက်လုံးကိုအားယူဖွင့်ကြည့်မိတော့နို့နှစ်ရောင်မျက်နှာကြတ်ကိုမြင်လိုက်ရတာကြောင့်အိမ်ပြန်ရောက်နေပြီမှန်းသိလိုက်ပါသည်။ အိပ်နေမိတာဘယ်လောက်ကြာသွားမိလဲမသိ ၊ ကျောတွေပါပူလာသလိုဖြစ်လာတာကြောင့်ထထိုင်ဖို့ပြင်မိတော့ရင်ဘတ်ပေါ်မှာမှီအိပ်နေတဲ့ဒေါက်တာကြောက့်လူကကြောင်အစွာနှင့်ငေးကြည့်နေမိတယ်။

အတင်းဆွဲဖယ်လိုက်ရရင်ရပေမယ့်လို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ဒေါက်တာကြောင့်ငြိမ်နေပေးလိုက်တော့ အင်းအဲနဲ့ခါးကိုပါဖက်တွယ်လာတဲ့လက်တစ်ဖက်။

"ဒေါက်တာ……"

နိုးသွားမလားဆိုတဲ့အတွေးနှင့်ခေါ်မိပေမယ့်လို့အိပ်နေတဲ့သူကတုတ်တုတ်တောင်မလှုပ်။ လူကိုဖက်လုံးလို့များထင်နေသလားမှတ်ရတယ် ၊ ဖက်ထားလိုက်တာမှလေတောင်မတိုးတော့ဘူး။

"ချစ်တယ်……"

"ဟမ်……"

ခါးပေါ်ကလက်တစ်ဖက်ကိုဆွဲဖယ်ဖို့ကြိုးစားနေတုန်းကြားလိုက်ရတဲ့စကားသံသဲ့သဲ့။ အနည်းငယ်ဝါးနေပေမယ့်လို့ သဝဏ်ကြားရတဲ့အထိတော့အသံလေးကပီပြင်နေပါ၏။

"ချစ်တယ် ကိုကို့ကလေးလေး……"

"ဒေါက်တာဘာတွေပြောနေတာလဲ……"

"ကောင်လေးကိုအရမ်းချစ်တယ်……"

မသဲကွဲလို့မေးလိုက်မိတဲ့အမေးကိုမှပီပီသသပြန်ဖြေလာတဲ့ဒေါက်တာကြောင့်သဝဏ့်မှာခေါင်းကိုက်နေတာတောင်ဘယ်ပျောက်လို့ပျောက်သွားမှန်းမသိ။ အလိုလိုတံတွေးတစ်ချက်မြိုချမိရင်း ဘာများဆက်ပြောလာမလဲလို့ဆက်နားထောင်မိတော့ဘာအသံမှထပ်မထွက်လာတော့ပေ။

"ဒေါက်တာ……ဒေါက်တာ……"

ပခုံးလေးကိုခပ်ဖွဖွထိကိုင်ကာလှုပ်နှိုးမိတော့ဟောက်သံသေးသေးလေးပါထွက်နေသေးတဲ့သူကြောင့်သဝဏ့်မှာကိုယ့်နှဖူးသာကိုယ်ပြန်ရိုက်ချင်သွားရသည်။
အိပ်ရင်းနဲ့ယောင်ပြီးလျှောက်ပြောနေတာပဲ……သတိထားစမ်း မင်းဘာတွေတွေးနေတာလဲရဏသဝဏ်……။

လည်ပင်းပေါ်ကရေပတ်ဝတ်ကိုဖယ်လိုက်ပြီး လှဲနေရာကနေဖြေးဖြေးချင်းထထိုင်လိုက်တော့ရင်ဘတ်ပေါ်မှီအိပ်နေတဲ့ဒေါက်တာသေးသေးလေးကလှုပ်စိလှုပ်စိဖြစ်လာတယ်။ ဒူးအောက်ကိုလက်လျှိုဝင်လိုက်ပြီးတစ်ချက်ကောက်ပွေ့ကာခေါင်းအုံးပေါ်နေရာတကျထားပေးလိုက်တော့ပြန်ငြိမ်သွားပြီးအိပ်သွားပြန်သည်။
ခင်ဗျားကဘယ်လိုလေးမှန်းကိုမသိဘူး……။

လူကနေရတာသက်သာသွားပေမယ့်သိပ်မလန်းသေးတာမို့မျက်နှာသစ်ခြေလက်ဆေးရန်ရေချိုးခန်းဘက်ဦးတည်လိုက်သည်။
ပြီးရင်ဒေါက်တာဆူတာသေချာပေါက်နားထောင်ရအုံးမှာမဟုတ်လား……။

သို့သော်ရေချိုးခန်းထဲဝင်သွားသည့်ကောင်လေးမသိလိုက်တာကကုတင်ပေါ်မှာရှိနေတဲ့ဒေါက်တာလေးကသူမမြင်အောင်ကျေနပ်ပြုံးတစ်ပွင့်ပြုံးနေခဲ့တယ်ဆိုတာကိုပင်။


_____________________________________________


"မှိုင်း…ဒီညကိုယ့်ကိုမစောင့်နဲ့တော့နော်……ပြောမရဘူ ဒီကောင်တွေနဲ့ကမိုးလင်းပေါက်နေဖြစ်ရင်နေဖြစ်မှာ……"

ဆံပင်ကိုရှေ့အနည်းငယ်ချထားကာpartyသွားဖို့အတွက်ပုံစံပြောင်းရင်းပြောလာတဲ့ယစ်ကြောင့်မှိုင်းညှို့သက်ပြင်းရှည်တစ်ခုသာချမိသည်။ ဒီနှစ်တွေအတွင်းယစ်ဆီမှာမှိုင်းညှို့သဘောမကျတဲ့အချက်တွေတော်တော်များများတွေ့လာရပေမယ့် သဘောမကျဆုံးကတော့ဒီလိုညလုံးပေါက်အပြင်ထွက်တာကိုပင်။ အိမ်မှာမိသားစုရှိနေလျက်နဲ့ဘာကိစ္စအပြင်မှာညအိပ်ချင်နေတာလဲမှိုင်းညှို့တကယ်တွေးမရတာပါ။

("လူဆိုတာအချိန်တန်ရင်အိမ်ပြန်လာရတယ်အစ်ကိုရဲ့……အစ်ကိုနဲ့သားလေးရှိတဲ့နေရာကကျွန်တော်ရဲ့အိမ်ပဲလေ…ကျွန်တော်ကဒီအိမ်လေးမှာရှိနေမှနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာ……")

ရုတ်တရက်သတိရမိသွားတဲ့စကားတစ်ခွန်း။ ညင်သာတဲ့စကားသံမပါဝင်ပေမယ့်လို့ နူးညံ့တဲ့စကားတစ်ခွန်းမှန်းသိသာပါသည်။
မင်းလည်းမြတ်သဝဏ်လိုမျိုးတွေးတတ်ရင်ကောင်းမှာပဲယစ်……။

"ကိုယ်သွားတော့မယ်နော်မှိုင်း……"

"မသွားလို့မရဘူးလား……"

ပါးကိုခပ်ဖွဖွအနမ်းပေးကာထွက်သွားဖို့ပြင်နေတဲ့ယစ်ရဲ့လက်တစ်ဖက်ကိုလှမ်းဆွဲထားပြီးပြောမိတော့ယစ်ကနှဖူးကိုလာစမ်းသည်။

"ကိုယ်လည်းမပူပါဘူး……ဘာဖြစ်လို့လဲ……"

"ကျစ်!…မင်းကငါနေမကောင်းမှအိမ်မှာနေမှာလားယစ်……ငါမင်းကိုပြောပြီးသားလေ ညလုံးပေါက်အပြင်ထွက်တာမကြိုက်ပါဘူးလို့……"

"ဟ…ကိုယ်လည်းသွားချင်လို့သွားနေတာမှမဟုတ်တာ……ဒါကလူမှုရေးလေ ကိုယ့်သူငယ်ချင်းမွေးနေ့မို့လို့လေကွာ……"

"ဒါပေမယ့်ငါမှမကြိုက်တာ……ငါမကြိုက်ရင်မင်းဘက်ကဆင်ခြင်ပေးရမှာပေါ့……"

"ဆင်ခြင်ပေးရအောင်ငါကမင်းရဲ့အလုပ်သမားမှမဟုတ်တာ!……"

အော်ပြောလာတဲ့စကားတစ်ခွန်းကြောင့်မှိုင်းညှို့ဘာပြောလို့ပြောရမှန်းမသိတော့။ တစ်ချိန်ကမြတ်သဝဏ်ကိုလည်းမှိုင်းညှို့ပြောခဲ့ဖူးသည်။
ထိုတုန်းကတော့ မြတ်သဝဏ်ပြောခဲ့တာက

' အစ်ကိုမကြိုက်ရင်ကျွန်တော်နောက်ဘယ်တော့မှမလုပ်တော့ပါဘူး…… '   တဲ့။

ဘာလို့လဲယစ်……မင်းကမှငါချစ်တဲ့သူလေ။ မင်းကမှငါတရားဝင်လက်ထပ်ထားတဲ့သူ။ မင်းကမှငါနဲ့သားလေးရဲ့မိသားစုဝင်လေ။
ဘာဖြစ်လို့မင်းကဒီလိုမျိုးပြောထွက်ရတာလဲ။

ရင်ထဲစို့နင့်လာတဲ့ခံစားချက်နဲ့အတူမျက်ရည်စက်တွေကပါးပြင်ပေါ်စီးဆင်းလို့လာသည်။ မှိုင်းညှို့ရွှေဘုံဆိုတဲ့သူကသန်မာပါတယ်။ မဟုတ်ဘူး…သန်မာတာထက်ပိုတယ်။ မိသားစုအသိုင်းအဝိုင်းကပစ်ပယ်သွားတုန်းကတောင်မျက်ရည်တစ်စက်မှကျခဲ့တဲ့သူမဟုတ်ဘူး။
ဒါပေမယ့်…မင်းကိုချစ်တဲ့အချစ်ကြောင့်ထင်ပါရဲ့……ငါကပျော့ညံ့တဲ့လူသားတစ်ယောက်ဖြစ်ခဲ့ပြီယစ်……။

မျက်ရည်တွေကိုပြန်သုတ်ဖယ်မိချိန် ယစ်ကအခန်းထဲတွင်မရှိတော့။
မှိုင်းညှို့လည်းတစ်ယောက်တည်းမနေချင်တာကြောင့် သားရဲ့အခန်းဘက်ကိုထွက်လာခဲ့လိုက်တော့ ခေါက်စားပွဲလေးနှင့်စာရေးနေတဲ့သား။
ဘေးနားဝင်ထိုင်ရင်းသားရဲ့ဆံပင်လေးတွေကိုဖွပေးမိတော့ သားကလည်းအပြုံးချိုချိုလေးတွေနှင့်ပြန်ပြုံးပြလာသည်။

"သားကစာလုပ်နေတာပဲ……လိမ္မာလိုက်တာ……"

"ဟုတ်…ဟိုလေ ဖေဖေ……သားသားကိုလေ ဖေဖေ့နာမည်လေးရေးပြပါလား…သားသားဒယ်ဒီ့နာမည်ရေးတတ်ပေမယ့်ဖေဖေ့နာမည်မရေးတတ်သေးလို့……"

ပြောပြောဆိုဆိုနှင့်လက်ရေးလှစာအုပ်လေးကိုမှိုင်းညှို့ရှေ့သို့တိုးပေးလာတဲ့သား။ စားပွဲပေါ်ကခဲတံတစ်ချောင်းကိုကောက်ယူလိုက်ပြီးမှိုင်းညှို့နာမည်ကိုချရေးပေးလိုက်တော့သားကထိုစာလုံးလေးတွေကိုပြုံးကာကြည့်နေလေတယ်။

"ဒယ်ဒီကဖေဖေ့ထက်လက်ရေးပိုလှတယ်……"

"ဟုတ်လား……"

"ဟုတ်……ဒီမှာ……"

ချက်ချင်းထုတ်ပြလာတဲ့စာအုပ်အဟောင်းလေးရဲ့စာမျက်နှာပေါ်မှာရေးထားတဲ့လက်ရေးရှင်းရှင်းဝိုင်းဝိုင်းလေး။ ' မြတ်သဝဏ် '  ဆိုတဲ့စကားလုံးလေးတွေကိုခပ်ဖွဖွထိတွေ့ရင်းဝမ်းနည်းစိတ်ကလှိုက်တက်လာပြန်သည်။

ငါကမင်းအပေါ်အရမ်းဆိုးခဲ့တယ်မဟုတ်လား မြတ်သဝဏ်……။


_____________________________________________


ထမင်းစားပွဲပေါ်မှာရှိနေတဲ့ဟင်းအကုန်လုံးကိုသဝဏ့်ပန်းကန်ထဲလိုက်ထည့်ပေးနေတဲ့ဒေါက်တာကိုသဝဏ်ခပ်ငေးငေးသာကြည့်နေမိသည်။
ဒေါက်တာ့ပုံစံကတကယ်ဘာမှမဖြစ်တဲ့ပုံ။ ဒါဆိုတကယ်ပဲယောင်ပြီးပြောနေတာများလား။
ကလေးဆိုတာကရောဘယ်သူ့ကိုခေါ်တာလဲ။
ကိုကို့ကလေးလေးဆိုတော့……အိမ်း ဒေါက်တာ့ညီကိုပြောတာလည်းဖြစ်နိုင်တာပဲ။
အား!!……ငါဘာတွေတွေးနေတာလဲ။

"သဝဏ်……သဝဏ်……"

"ဗျာ…ဗျာ……"

မထူးစဖူး ' ဗျာ '  လို့ထူးလာတဲ့ကောင်လေးကြောင့်ထည်ဝါ့ဘယ်ဘက်ရင်အုံကလည်းဒုန်းခနဲအခုန်မြန်လာသည်။
မျက်လုံးအဝိုင်းသားလေးတွေနဲ့ပြူးကြောင်ကြောင်လေးပြန်ငေးကြည့်နေတာကိုမှ……အား!! ဒီကလေးဖက်နမ်းပစ်လိုက်ရရင်တော့……။

"ဘာတွေတွေးနေတာလဲကောင်လေး……"

"အမ်…ဘာ…ဘာမှမတွေးပါဘူး……"

အရှက်ပြေထမင်းတစ်လုတ်ပါးစပ်ထဲထည့်လိုက်ပြီးဟန်ပြစားပြနေလိုက်တယ်။ ဒါပေမယ့်ဘယ်လိုပဲဖြစ်ဖြစ်အခုထိမြင်ယောင်နေမိတာကခုနကဒေါက်တာရဲ့ပုံစံပင်။

' ချစ်တယ် ကိုကို့ကလေးလေး……' ဆိုတဲ့စကားသံကြီးကသဝဏ့်နားထဲထပ်ကြော့ထားသလိုခဏခဏကြားယောင်နေမိပြန်သည်။
တကယ်ပါပဲကွာ……။

"ငါးအရိုးစူးတော့မှာပဲ……ပေး ကိုယ်နွှင်ပေးမယ်……"

ခါတိုင်းလည်းလုပ်ပေးနေကျမို့ဒီအပြုအမူတွေကမထူးဆန်းပေမယ့် ဘာကြောင့်မှန်းမသိဒေါက်တာ့ကိုသာငေးနေမိသည်။ တည်ငြိမ်နေဟန်ရတဲ့ဒီမျက်ဝန်းလေးတွေက ဘယ်သူ့ကိုများနှလုံးသားတစ်ခုလုံးပုံအပ်ချင်နေရတာပါလိမ့်။
ကိုယ်နဲ့မဆိုင်ဘဲသိချင်မိတာမို့သက်ပြင်းသဲ့သဲ့ချမိတော့ ဒေါက်တာ့ဆီကမျက်စောင်းတစ်ချက်ကသဝဏ့်ဆီဒိုင်းခနဲ။

"ထမင်းစားနေတာကိုဘာတွေလျှောက်တွေးပြီးသက်ပြင်းချနေတာလဲ……အဲ့ဒီ့လိုနဲ့ထမင်းစားပျက်လိမ့်မယ်လေ……"

ချက်ချင်းအဆူခံလိုက်ရတာမို့သဝဏ်မျက်နှာငယ်လေးနှင့်ခေါင်းညိတ်ပြလိုက်မိသည်။
တော်သေးတာပေါ့……10နှစ်ပဲကြီးပေလို့ပဲ။
မဟုတ်လို့ကတော့ဒီဒေါက်တာကဘယ်လောက်တောင်ဆူမယ်မှန်းမှမသိတာ။

"ရော့……များများစား……"

ရှေ့ကိုတိုးပေးလာတဲ့ထမင်းပန်းကန်ကိုကြည့်လိုက်တော့နွှင်ထားတဲ့အသားတွေရော ငါးတွေရောနဲ့အရွက်ဘာညာကိုစုံလို့။ ထမင်းပန်းကန်ကထမင်းစေ့တောင်ပျောက်ချင်နေပြီပင်။

"ကျွန်တော်အဲ့ဒီ့လောက်အများကြီးမကုန်ဘူး……"

"အစားများများစားမှဆေးဒဏ်ခံနိုင်မှာပေါ့……ကောင်လေးကလိမ္မာပါတယ် ကိုယ့်စကားနားထောင်နော်……"

ပါးလေးကိုခပ်ဖွဖွလှမ်းဆွဲကာပြောလိုက်တော့ဘာမှဆက်မပြောတော့ထမင်းဆက်စားလာတဲ့ကောင်လေး။
မီးခိုးရင့်ရောင်ဆံနွယ်တွေကဖြစ်သလိုစည်းနှောင်ထားပြီးသာမန်T shirtနဲ့ဘောင်းဘီအရှည်ခပ်ပွပွကိုသာဝတ်ဆင်ထားပေမယ့်ကောင်လေးကဘယ်လိုပဲဖြစ်ဖြစ်ကိုကြည့်ကောင်းနေပြန်သည်။

အခုတော့ကိုယ်မင်းကိုမပြောရဲသေးဘူးကောင်လေးရေ……ဒါပေမယ့် တစ်ဖက်ကလည်းမင်းကိုသိထားစေချင်ပြန်တာကြောင့်ဒီလိုလေးဉာဏ်ဆင်လိုက်ရတာပါ။


_____________________________________________


စားသောက်ပြီးတော့ကောင်လေးကအရင်ဆုံးထသွားတာမို့ထည်ဝါနွားနို့ပူပူလေးကျိုကာလိုအပ်တဲ့ဆေးတွေကိုပြင်ဆင်ပြီးကောင်လေးအခန်းဆီကိုသယ်လာခဲ့လိုက်သည်။
အခန်းထဲရောက်တော့တွေ့လိုက်ရတဲ့မြင်ကွင်းကထည်ဝါကိုနည်းနည်းတော့ဒေါသထွက်သွားစေ၏။

ဆိုဖာပေါ်တွင်ကျောမှီထိုင်ရင်းခြေထောက်ကိုစားပွဲပေါ်တင်ထားတဲ့ကောင်လေးကလက်ထဲတွင်စီးကရက်တစ်လိပ်ကိုဇိမ်ကျကျအေးအေးဆေးဆေးသောက်နေလေတယ်။
ထည်ဝါ့စိတ်ထဲတွင်တော့ထိုစီးကရက်ကိုအစိတ်စိတ်အမွှာမွှာချေမွလိုက်ပြီးပြီဆိုပေမယ့်လို့ သိပ်မတောက်ပတဲ့ကောင်လေးရဲ့မျက်ဝန်းတွေကြောင့်လူကဆူရမယ့်စိတ်ကိုခဏလောက်ဘေးဖယ်ထားလိုက်ရသည်။

"ကောင်လေး……"

"လူတစ်ယောက်ကိုနင်းချေဖို့…ဘာကအကောင်းဆုံးလဲသိလားဒေါက်တာ……"

ရုတ်တရက်စကားဖြတ်ပြောလာတဲ့ကောင်လေးကြောင့်ထည်ဝါငြိမ်ပြီးနားထောင်နေပေးနေလိုက်သည်။ နှုတ်ခမ်းထောင့်စွန်းတစ်ဖက်ကွေးညွှတ်သွားအောင်ပြုံးလိုက်တဲ့ကောင်လေးရဲ့အပြုံးတွေကအရင်ကလိုဖြူစင်တဲ့အပြုံးတော့မဟုတ်တော့။

"နှလုံးသား…ပြီးတော့ဂုဏ်သိက္ခာ……သိလား ဒေါက်တာ…ကျွန်တော် အဲ့ဒီ့လူတွေကိုနှလုံးသားကနေစပြီးချေမွပစ်ရမယ်ထင်တယ်……"

စီးကရက်အငွေ့တွေကိုမှုတ်ထုတ်ရင်းပြောလာတဲ့ကောင်လေးရဲ့အနားကိုပိုတိုးကပ်သွားလိုက်ပြီးတစ်ချိန်ကနဲ့မတူအပြောင်းလဲကြီးပြောင်းလဲသွားတဲ့မျက်နှာလေးကိုငေးကြည့်ကာစကားတစ်ခွန်းဆိုမိသည်။

"ကိုယ်ဘာကူညီပေးရမလဲကောင်လေး……"

"ဒေါက်တာ!!……"

တစ်ခန်းလုံးကိုဖုံးလွှမ်းသွားစေတဲ့အော်သံကြောင့်ထည်ဝါ့ကိုယ်လေးပင်တုန်ခနဲ။ စူးစိုက်ကြည့်လာတဲ့ကောက်လေးရဲ့မျက်ဝန်းတွေကဒေါသထွက်နေပုံရတာမို့ထည်ဝါ့မှာကိုယ့်ကိုကိုယ်ပြန်းစမ်းစစ်နေရတော့တဲ့အဖြစ်။
သူဘာများလုပ်မိလို့ပါလဲလေ……။






#################################


Zawgyi


သဝဏ္သတိျပန္ကပ္မိတဲ႕အခ်ိန္ပထမဆံုးခံစားမိတာကေခါင္းတစ္ခုလံုးထိုးကိုက္ေနတာပင္။ ေခါင္းကိုလက္တစ္ဖက္ျဖင့္အသာဖိနွိပ္ကာမ်က္လံုးကိုအားယူဖြင့္ၾကည့္မိေတာ့နို႕ႏွစ္ေရာင္မ်က္ႏွာၾကတ္ကိုျမင္လိုက္ရတာေၾကာင့္အိမ္ျပန္ေရာက္ေနျပီမွန္းသိလိုက္ပါသည္။ အိပ္ေနမိတာဘယ္ေလာက္ၾကာသြားမိလဲမသိ ၊ ေက်ာေတြပါပူလာသလိုျဖစ္လာတာေၾကာင့္ထထိုင္ဖို႕ျပင္မိေတာ့ရင္ဘတ္ေပၚမွာမွီအိပ္ေနတဲ႕ေဒါက္တာေၾကာက့္လူကေၾကာင္အစြာႏွင့္ေငးၾကည့္ေနမိတယ္။

အတင္းဆြဲဖယ္လိုက္ရရင္ရေပမယ့္လို႕ ႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္ေနတဲ႔ေဒါက္တာေၾကာင့္ျငိမ္ေနေပးလိုက္ေတာ့ အင္းအဲနဲ႕ခါးကိုပါဖက္တြယ္လာတဲ႕လက္တစ္ဖက္။

"ေဒါက္တာ……"

နိုးသြားမလားဆိုတဲ႕အေတြးႏွင့္ေခၚမိေပမယ့္လို႕အိပ္ေနတဲ႕သူကတုတ္တုတ္ေတာင္မလွဳပ္။ လူကိုဖက္လံုးလို႕မ်ားထင္ေနသလားမွတ္ရတယ္ ၊ ဖက္ထားလိုက္တာမွေလေတာင္မတိုးေတာ့ဘူး။

"ခ်စ္တယ္……"

"ဟမ္……"

ခါးေပၚကလက္တစ္ဖက္ကိုဆြဲဖယ္ဖို႕ၾကိဳးစားေနတုန္းၾကားလိုက္ရတဲ႕စကားသံသဲ႕သဲ႕။ အနည္းငယ္ဝါးေနေပမယ့္လို႕ သဝဏ္ၾကားရတဲ႔အထိေတာ့အသံေလးကပီျပင္ေနပါ၏။

"ခ်စ္တယ္ ကိုကို႕ကေလးေလး……"

"ေဒါက္တာဘာေတြေျပာေနတာလဲ……"

"ေကာင္ေလးကိုအရမ္းခ်စ္တယ္……"

မသဲကြဲလို႕ေမးလိုက္မိတဲ႕အေမးကိုမွပီပီသသျပန္ေျဖလာတဲ႕ေဒါက္တာေၾကာင့္သဝဏ့္မွာေခါင္းကိုက္ေနတာေတာင္ဘယ္ေပ်ာက္လို႕ေပ်ာက္သြားမွန္းမသိ။ အလိုလိုတံေတြးတစ္ခ်က္ျမိဳခ်မိရင္း ဘာမ်ားဆက္ေျပာလာမလဲလို႕ဆက္နားေထာင္မိေတာ့ဘာအသံမွထပ္မထြက္လာေတာ့ေပ။

"ေဒါက္တာ……ေဒါက္တာ……"

ပခံုးေလးကိုခပ္ဖြဖြထိကိုင္ကာလွဳပ္နိွဳးမိေတာ့ေဟာက္သံေသးေသးေလးပါထြက္ေနေသးတဲ႕သူေၾကာင့္သဝဏ့္မွာကိုယ့္ႏွဖူးသာကိုယ္ျပန္ရိုက္ခ်င္သြားရသည္။
အိပ္ရင္းနဲ႕ေယာင္ျပီးေလွ်ာက္ေျပာေနတာပဲ……သတိထားစမ္း မင္းဘာေတြေတြးေနတာလဲရဏသဝဏ္……။

လည္ပင္းေပၚကေရပတ္ဝတ္ကိုဖယ္လိုက္ျပီး လွဲေနရာကေနေျဖးေျဖးခ်င္းထထိုင္လိုက္ေတာ့ရင္ဘတ္ေပၚမွီအိပ္ေနတဲ႕ေဒါက္တာေသးေသးေလးကလွဳပ္စိလွဳပ္စိျဖစ္လာတယ္။ ဒူးေအာက္ကိုလက္လွ်ိဳဝင္လိုက္ျပီးတစ္ခ်က္ေကာက္ေပြ႕ကာေခါင္းအံုးေပၚေနရာတက်ထားေပးလိုက္ေတာ့ျပန္ျငိမ္သြားျပီးအိပ္သြားျပန္သည္။
ခင္ဗ်ားကဘယ္လိုေလးမွန္းကိုမသိဘူး……။

လူကေနရတာသက္သာသြားေပမယ့္သိပ္မလန္းေသးတာမို႕မ်က္ႏွာသစ္ေျခလက္ေဆးရန္ေရခ်ိဳးခန္းဘက္ဦးတည္လိုက္သည္။
ျပီးရင္ေဒါက္တာဆူတာေသခ်ာေပါက္နားေထာင္ရအံုးမွာမဟုတ္လား……။

သို႕ေသာ္ေရခ်ိဳးခန္းထဲဝင္သြားသည့္ေကာင္ေလးမသိလိုက္တာကကုတင္ေပၚမွာရွိေနတဲ႕ေဒါက္တာေလးကသူမျမင္ေအာင္ေက်နပ္ျပံဳးတစ္ပြင့္ျပံဳးေနခဲ႕တယ္ဆိုတာကိုပင္။


_____________________________________________


"မွိဳင္း…ဒီညကိုယ့္ကိုမေစာင့္နဲ႕ေတာ့ေနာ္……ေျပာမရဘူ ဒီေကာင္ေတြနဲ႕ကမိုးလင္းေပါက္ေနျဖစ္ရင္ေနျဖစ္မွာ……"

ဆံပင္ကိုေရွ႕အနည္းငယ္ခ်ထားကာpartyသြားဖို႕အတြက္ပံုစံေျပာင္းရင္းေျပာလာတဲ႕ယစ္ေၾကာင့္မွိဳင္းညိွဳ႕သက္ျပင္းရွည္တစ္ခုသာခ်မိသည္။ ဒီႏွစ္ေတြအတြင္းယစ္ဆီမွာမွိဳင္းညွိဳ႕သေဘာမက်တဲ႕အခ်က္ေတြေတာ္ေတာ္မ်ားမ်ားေတြ႕လာရေပမယ့္ သေဘာမက်ဆံုးကေတာ့ဒီလိုညလံုးေပါက္အျပင္ထြက္တာကိုပင္။ အိမ္မွာမိသားစုရွိေနလ်က္နဲ႕ဘာကိစၥအျပင္မွာညအိပ္ခ်င္ေနတာလဲမွိဳင္းညိွဳ႕တကယ္ေတြးမရတာပါ။

("လူဆိုတာအခ်ိန္တန္ရင္အိမ္ျပန္လာရတယ္အစ္ကိုရဲ႕……အစ္ကိုနဲ႕သားေလးရွိတဲ႕ေနရာကကြ်န္ေတာ္ရဲ႕အိမ္ပဲေလ…ကြ်န္ေတာ္ကဒီအိမ္ေလးမွာရွိေနမွႏွစ္ႏွစ္ျခိဳက္ျခိဳက္အိပ္ေပ်ာ္တာ……")

ရုတ္တရက္သတိရမိသြားတဲ႕စကားတစ္ခြန္း။ ညင္သာတဲ႕စကားသံမပါဝင္ေပမယ့္လို႕ ႏူးညံ႕တဲ႕စကားတစ္ခြန္းမွန္းသိသာပါသည္။
မင္းလည္းျမတ္သဝဏ္လိုမ်ိဳးေတြးတတ္ရင္ေကာင္းမွာပဲယစ္……။

"ကိုယ္သြားေတာ့မယ္ေနာ္မွိဳင္း……"

"မသြားလို႕မရဘူးလား……"

ပါးကိုခပ္ဖြဖြအနမ္းေပးကာထြက္သြားဖို႕ျပင္ေနတဲ႕ယစ္ရဲ႕လက္တစ္ဖက္ကိုလွမ္းဆြဲထားျပီးေျပာမိေတာ့ယစ္ကႏွဖူးကိုလာစမ္းသည္။

"ကိုယ္လည္းမပူပါဘူး……ဘာျဖစ္လို႕လဲ……"

"က်စ္!…မင္းကငါေနမေကာင္းမွအိမ္မွာေနမွာလားယစ္……ငါမင္းကိုေျပာျပီးသားေလ ညလံုးေပါက္အျပင္ထြက္တာမၾကိဳက္ပါဘူးလို႕……"

"ဟ…ကိုယ္လည္းသြားခ်င္လို႕သြားေနတာမွမဟုတ္တာ……ဒါကလူမွဳေရးေလ ကိုယ့္သူငယ္ခ်င္းေမြးေန႕မို႕လို႕ေလကြာ……"

"ဒါေပမယ့္ငါမွမၾကိဳက္တာ……ငါမၾကိဳက္ရင္မင္းဘက္ကဆင္ျခင္ေပးရမွာေပါ့……"

"ဆင္ျခင္ေပးရေအာင္ငါကမင္းရဲ႕အလုပ္သမားမွမဟုတ္တာ!……"

ေအာ္ေျပာလာတဲ႕စကားတစ္ခြန္းေၾကာင့္မွိဳင္းညိွဳ႕ဘာေျပာလို႔ေျပာရမွန္းမသိေတာ့။ တစ္ခ်ိန္ကျမတ္သဝဏ္ကိုလည္းမွိဳင္းညိွဳ႕ေျပာခဲ႕ဖူးသည္။
ထိုတုန္းကေတာ့ ျမတ္သဝဏ္ေျပာခဲ႔တာက

' အစ္ကိုမၾကိဳက္ရင္ကြ်န္ေတာ္ေနာက္ဘယ္ေတာ့မွမလုပ္ေတာ့ပါဘူး…… '   တဲ႕။

ဘာလို႕လဲယစ္……မင္းကမွငါခ်စ္တဲ႕သူေလ။ မင္းကမွငါတရားဝင္လက္ထပ္ထားတဲ႕သူ။ မင္းကမွငါနဲ႕သားေလးရဲ႕မိသားစုဝင္ေလ။
ဘာျဖစ္လို႕မင္းကဒီလိုမ်ိဳးေျပာထြက္ရတာလဲ။

ရင္ထဲစို႕နင့္လာတဲ႕ခံစားခ်က္နဲ႕အတူမ်က္ရည္စက္ေတြကပါးျပင္ေပၚစီးဆင္းလို႕လာသည္။ မွိဳင္းညိွဳ႕ေရႊဘံုဆိုတဲ႕သူကသန္မာပါတယ္။ မဟုတ္ဘူး…သန္မာတာထက္ပိုတယ္။ မိသားစုအသိုင္းအဝိုင္းကပစ္ပယ္သြားတုန္းကေတာင္မ်က္ရည္တစ္စက္မွက်ခဲ႕တဲ႕သူမဟုတ္ဘူး။
ဒါေပမယ့္…မင္းကိုခ်စ္တဲ႕အခ်စ္ေၾကာင့္ထင္ပါရဲ႕……ငါကေပ်ာ့ညံ႕တဲ႕လူသားတစ္ေယာက္ျဖစ္ခဲ႕ျပီယစ္……။

မ်က္ရည္ေတြကိုျပန္သုတ္ဖယ္မိခ်ိန္ ယစ္ကအခန္းထဲတြင္မရွိေတာ့။
မွိဳင္းညိွဳ႕လည္းတစ္ေယာက္တည္းမေနခ်င္တာေၾကာင့္ သားရဲ႕အခန္းဘက္ကိုထြက္လာခဲ႕လိုက္ေတာ့ ေခါက္စားပြဲေလးႏွင့္စာေရးေနတဲ႕သား။
ေဘးနားဝင္ထိုင္ရင္းသားရဲ႕ဆံပင္ေလးေတြကိုဖြေပးမိေတာ့ သားကလည္းအျပံဳးခ်ိဳခ်ိဳေလးေတြႏွင့္ျပန္ျပံဳးျပလာသည္။

"သားကစာလုပ္ေနတာပဲ……လိမၼာလိုက္တာ……"

"ဟုတ္…ဟိုေလ ေဖေဖ……သားသားကိုေလ ေဖေဖ့နာမည္ေလးေရးျပပါလား…သားသားဒယ္ဒီ႕နာမည္ေရးတတ္ေပမယ့္ေဖေဖ့နာမည္မေရးတတ္ေသးလို႕……"

ေျပာေျပာဆိုဆိုႏွင့္လက္ေရးလွစာအုပ္ေလးကိုမွိဳင္းညိွဳ႕ေရွ႕သို႕တိုးေပးလာတဲ႕သား။ စားပြဲေပၚကခဲတံတစ္ေခ်ာင္းကိုေကာက္ယူလိုက္ျပီးမွိဳင္းညိွဳ႕နာမည္ကိုခ်ေရးေပးလိုက္ေတာ့သားကထိုစာလံုးေလးေတြကိုျပံဳးကာၾကည့္ေနေလတယ္။

"ဒယ္ဒီကေဖေဖ့ထက္လက္ေရးပိုလွတယ္……"

"ဟုတ္လား……"

"ဟုတ္……ဒီမွာ……"

ခ်က္ခ်င္းထုတ္ျပလာတဲ႕စာအုပ္အေဟာင္းေလးရဲ႕စာမ်က္ႏွာေပၚမွာေရးထားတဲ႕လက္ေရးရွင္းရွင္းဝိုင္းဝိုင္းေလး။ ' ျမတ္သဝဏ္ '  ဆိုတဲ႕စကားလံုးေလးေတြကိုခပ္ဖြဖြထိေတြ႕ရင္းဝမ္းနည္းစိတ္ကလွိဳက္တက္လာျပန္သည္။

ငါကမင္းအေပၚအရမ္းဆိုးခဲ႕တယ္မဟုတ္လား ျမတ္သဝဏ္……။


_____________________________________________


ထမင္းစားပြဲေပၚမွာရွိေနတဲ႕ဟင္းအကုန္လံုးကိုသဝဏ့္ပန္းကန္ထဲလိုက္ထည့္ေပးေနတဲ႕ေဒါက္တာကိုသဝဏ္ခပ္ေငးေငးသာၾကည့္ေနမိသည္။
ေဒါက္တာ့ပံုစံကတကယ္ဘာမွမျဖစ္တဲ႕ပံု။ ဒါဆိုတကယ္ပဲေယာင္ျပီးေျပာေနတာမ်ားလား။
ကေလးဆိုတာကေရာဘယ္သူ႕ကိုေခၚတာလဲ။
ကိုကို႕ကေလးေလးဆိုေတာ့……အိမ္းး ေဒါက္တာ့ညီကိုေျပာတာလည္းျဖစ္နိုင္တာပဲ။
အား!!……ငါဘာေတြေတြးေနတာလဲ။

"သဝဏ္……သဝဏ္……"

"ဗ်ာ…ဗ်ာ……"

မထူးစဖူး ' ဗ်ာ '  လို႕ထူးလာတဲ႕ေကာင္ေလးေၾကာင့္ထည္ဝါ့ဘယ္ဘက္ရင္အံုကလည္းဒုန္းခနဲအခုန္ျမန္လာသည္။
မ်က္လံုးအဝိုင္းသားေလးေတြနဲ႕ျပဴးေၾကာင္ေၾကာင္ေလးျပန္ေငးၾကည့္ေနတာကိုမွ……အား!! ဒီကေလးဖက္နမ္းပစ္လိုက္ရရင္ေတာ့……။

"ဘာေတြေတြးေနတာလဲေကာင္ေလး……"

"အမ္…ဘာ…ဘာမွမေတြးပါဘူး……"

အရွက္ေျပထမင္းတစ္လုတ္ပါးစပ္ထဲထည့္လိုက္ျပီးဟန္ျပစားျပေနလိုက္တယ္။ ဒါေပမယ့္ဘယ္လိုပဲျဖစ္ျဖစ္အခုထိျမင္ေယာင္ေနမိတာကခုနကေဒါက္တာရဲ႕ပံုစံပင္။

' ခ်စ္တယ္ ကိုကို႕ကေလးေလး……' ဆိုတဲ႕စကားသံၾကီးကသဝဏ့္နားထဲထပ္ေၾကာ့ထားသလိုခဏခဏၾကားေယာင္ေနမိျပန္သည္။
တကယ္ပါပဲကြာ……။

"ငါးအရိုးစူးေတာ့မွာပဲ……ေပး ကိုယ္ႏႊင္ေပးမယ္……"

ခါတိုင္းလည္းလုပ္ေပးေနက်မို႕ဒီအျပဳအမူေတြကမထူးဆန္းေပမယ့္ ဘာေၾကာင့္မွန္းမသိေဒါက္တာ့ကိုသာေငးေနမိသည္။ တည္ျငိမ္ေနဟန္ရတဲ႕ဒီမ်က္ဝန္းေလးေတြက ဘယ္သူ႕ကိုမ်ားႏွလံုးသားတစ္ခုလံုးပံုအပ္ခ်င္ေနရတာပါလိမ့္။
ကိုယ္နဲ႕မဆိုင္ဘဲသိခ်င္မိတာမို႕သက္ျပင္းသဲ႕သဲ႕ခ်မိေတာ့ ေဒါက္တာ့ဆီကမ်က္ေစာင္းတစ္ခ်က္ကသဝဏ့္ဆီဒိုင္းခနဲ။

"ထမင္းစားေနတာကိုဘာေတြေလွ်ာက္ေတြးျပီးသက္ျပင္းခ်ေနတာလဲ……အဲ႕ဒီ႕လိုနဲ႕ထမင္းစားပ်က္လိမ့္မယ္ေလ……"

ခ်က္ခ်င္းအဆူခံလိုက္ရတာမို႕သဝဏ္မ်က္ႏွာငယ္ေလးႏွင့္ေခါင္းညိတ္ျပလိုက္မိသည္။
ေတာ္ေသးတာေပါ့……10ႏွစ္ပဲၾကီးေပလို႕ပဲ။
မဟုတ္လို႕ကေတာ့ဒီေဒါက္တာကဘယ္ေလာက္ေတာင္ဆူမယ္မွန္းမွမသိတာ။

"ေရာ့……မ်ားမ်ားစား……"

ေရွ႕ကိုတိုးေပးလာတဲ႕ထမင္းပန္းကန္ကိုၾကည့္လိုက္ေတာ့ႏႊင္ထားတဲ႕အသားေတြေရာ ငါးေတြေရာနဲ႕အရြက္ဘာညာကိုစံုလို႕။ ထမင္းပန္းကန္ကထမင္းေစ့ေတာင္ေပ်ာက္ခ်င္ေနျပီပင္။

"ကြ်န္ေတာ္အဲ႕ဒီ႕ေလာက္အမ်ားၾကီးမကုန္ဘူး……"

"အစားမ်ားမ်ားစားမွေဆးဒဏ္ခံနိုင္မွာေပါ့……ေကာင္ေလးကလိမၼာပါတယ္ ကိုယ့္စကားနားေထာင္ေနာ္……"

ပါးေလးကိုခပ္ဖြဖြလွမ္းဆြဲကာေျပာလိုက္ေတာ့ဘာမွဆက္မေျပာေတာ့ထမင္းဆက္စားလာတဲ႕ေကာင္ေလး။
မီးခိုးရင့္ေရာင္ဆံႏြယ္ေတြကျဖစ္သလိုစည္းေႏွာင္ထားျပီးသာမန္T shirtနဲ႕ေဘာင္းဘီအရွည္ခပ္ပြပြကိုသာဝတ္ဆင္ထားေပမယ့္ေကာင္ေလးကဘယ္လိုပဲျဖစ္ျဖစ္ကိုၾကည့္ေကာင္းေနျပန္သည္။

အခုေတာ့ကိုယ္မင္းကိုမေျပာရဲေသးဘူးေကာင္ေလးေရ……ဒါေပမယ့္ တစ္ဖက္ကလည္းမင္းကိုသိထားေစခ်င္ျပန္တာေၾကာင့္ဒီလိုေလးဥာဏ္ဆင္လိုက္ရတာပါ။


_____________________________________________


စားေသာက္ျပီးေတာ့ေကာင္ေလးကအရင္ဆံုးထသြားတာမို႕ထည္ဝါႏြားနို႕ပူပူေလးက်ိဳကာလိုအပ္တဲ႕ေဆးေတြကိုျပင္ဆင္ျပီးေကာင္ေလးအခန္းဆီကိုသယ္လာခဲ႕လိုက္သည္။
အခန္းထဲေရာက္ေတာ့ေတြ႕လိုက္ရတဲ႕ျမင္ကြင္းကထည္ဝါကိုနည္းနည္းေတာ့ေဒါသထြက္သြားေစ၏။

ဆိုဖာေပၚတြင္ေက်ာမွီထိုင္ရင္းေျခေထာက္ကိုစားပြဲေပၚတင္ထားတဲ႕ေကာင္ေလးကလက္ထဲတြင္စီးကရက္တစ္လိပ္ကိုဇိမ္က်က်ေအးေအးေဆးေဆးေသာက္ေနေလတယ္။
ထည္ဝါ့စိတ္ထဲတြင္ေတာ့ထိုစီးကရက္ကိုအစိတ္စိတ္အမႊာမႊာေခ်မြလိုက္ျပီးျပီဆိုေပမယ့္လို႕ သိပ္မေတာက္ပတဲ႕ေကာင္ေလးရဲ႕မ်က္ဝန္းေတြေၾကာင့္လူကဆူရမယ့္စိတ္ကိုခဏေလာက္ေဘးဖယ္ထားလိုက္ရသည္။

"ေကာင္ေလး……"

"လူတစ္ေယာက္ကိုနင္းေခ်ဖို႕…ဘာကအေကာင္းဆံုးလဲသိလားေဒါက္တာ……"

ရုတ္တရက္စကားျဖတ္ေျပာလာတဲ႕ေကာင္ေလးေၾကာင့္ထည္ဝါျငိမ္ျပီးနားေထာင္ေနေပးေနလိုက္သည္။ ႏွဳတ္ခမ္းေထာင့္စြန္းတစ္ဖက္ေကြးညႊတ္သြားေအာင္ျပံဳးလိုက္တဲ႕ေကာင္ေလးရဲ႕အျပံဳးေတြကအရင္ကလိုျဖဴစင္တဲ႕အျပံဳးေတာ့မဟုတ္ေတာ့။

"ႏွလံုးသား…ျပီးေတာ့ဂုဏ္သိကၡာ……သိလား ေဒါက္တာ…ကြ်န္ေတာ္ အဲ႕ဒီ႕လူေတြကိုႏွလံုးသားကေနစျပီးေခ်မြပစ္ရမယ္ထင္တယ္……"

စီးကရက္အေငြ႕ေတြကိုမွဳတ္ထုတ္ရင္းေျပာလာတဲ႕ေကာင္ေလးရဲ႕အနားကိုပိုတိုးကပ္သြားလိုက္ျပီးတစ္ခ်ိန္ကနဲ႕မတူအေျပာင္းလဲၾကီးေျပာင္းလဲသြားတဲ႕မ်က္ႏွာေလးကိုေငးၾကည့္ကာစကားတစ္ခြန္းဆိုမိသည္။

"ကိုယ္ဘာကူညီေပးရမလဲေကာင္ေလး……"

"ေဒါက္တာ!!……"

တစ္ခန္းလံုးကိုဖံုးလႊမ္းသြားေစတဲ႕ေအာ္သံေၾကာင့္ထည္ဝါ့ကိုယ္ေလးပင္တုန္ခနဲ။ စူးစိုက္ၾကည့္လာတဲ႕ေကာက္ေလးရဲ႕မ်က္ဝန္းေတြကေဒါသထြက္ေနပံုရတာမို႕ထည္ဝါ့မွာကိုယ့္ကိုကိုယ္ျပန္းစမ္းစစ္ေနရေတာ့တဲ႕အျဖစ္။
သူဘာမ်ားလုပ္မိလို႕ပါလဲေလ……။






#################################

Continue Reading

You'll Also Like

662K 1.1K 22
Smexy One shots😘 Got deleted twice 3rd times a charm🤦🏻‍♀️😭
65.3K 3.1K 30
Cover artist - Yeik Mine Za Min Yaung+Pone Yeik Che Hnaug မိုင်းဇမင်းရောင်+ပုံရိပ်ချည်နှောင်
257K 13.1K 92
Being flat broke is hard. To overcome these hardships sometimes take extreme measures, such as choosing to become a manager for the worst team in Blu...