ရှေးဖြစ်ဟော ဆရာသခင် (MM Trans...

By shunleikhin

13.9K 1.9K 22

English Title - "Fortune Teller Master" Author - 信用卡 (Xinyongka) Chapters Status - Completed (138 Chapters +... More

ရှေးဖြစ်ဟော ဆရာသခင်
အပိုင်း(၁.၂) ပန်းခြံမှာ ဗေဒင်ဟောခြင်း
အပိုင်း(၂.၁) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၂.၂) စီးပွားရေးကို အမိအရ ဖမ်းဆုပ်ခြင်း
အပိုင်း(၃.၁) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း(၃.၂) ဆင်းရဲတဲ့ ဗေဒင်ဟောသူ
အပိုင်း (၄.၁) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၄.၂) စားသောက်ရတာ မကြိုက်ဘူး
အပိုင်း (၅.၁) ရဲအရာရှိငယ်လေး
အပိုင်း (၅.၂) ရဲအရာရှိငယ်လေး
အပိုင်း (၆.၁) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၆.၂) ကံမကောင်းတဲ့ ကျန်းဝေ
အပိုင်း (၇.၁) တားဆီးခံရသည့် ကံတရား
အပိုင်း (၇.၂) တားဆီးခံရသည့် ကံတရား
အပိုင်း (၈.၁) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၈.၂) မန္တန်ကို ချိုးဖြတ်ခြင်း
အပိုင်း (၉.၁) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၉.၂) သင်ယူခြင်းနှင့် လေ့ကျင့်ခြင်း
အပိုင်း (၁၀.၁) ဖြောင့်မတ်သော ဆရာသခင်
အပိုင်း (၁၀.၂) ဖြောင့်မတ်သော ဆရာသခင်
အခန်း (၁၁.၁) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အခန်း (၁၁.၂) လူ ၁၀ ယောက်သာ ဗေဒင်မေးရန်
အပိုင်း (၁၂.၁) တမူထူးခြားသော ဗေဒင်ဆရာ
အပိုင်း (၁၂.၂) တမူထူးခြားသော ဗေဒင်ဆရာ
အခန်း (၁၃.၁) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အခန်း (၁၃.၂) သေစေနိုင်သော ဖုန်းရွှေ ဖွဲ့စည်းခြင်း
အပိုင်း (၁၄.၁) Making a wedding dress for others
အပိုင်း (၁၄.၂) Making a wedding dress for others
အပိုင်း (၁၅.၁) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၅.၂) ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ
အပိုင်း (၁၆.၁) ဒဏ်ခတ်ခံရခြင်း

အပိုင်း(၁.၁) ပန်းခြံမှာ ဗေဒင်ဟောခြင်း

627 67 0
By shunleikhin


Unicode

ညနေ ၅နာရီ အချိန်တွင် အများပြည်သူပန်းခြံသည် စည်ကားလျက်ရှိသည်။ အေရိုးဗစ်ကစားနေတဲ့ အန်တီကြီးများက ကြီးမားသောဧရိယာကို နေရာယူထားကြ၏။ ရေကန်ဘေးရှိ နေရာသည် ချစ်သူများအတွက် အချင်းချင်း သိရှိရန် နေရာကောင်း တစ်ခုဖြစ်သည်။

လင်းချင်းယင်သည် အချိန်အတော်ကြာ ပန်းခြံပတ်ပတ်လည်ကို လှည့်ပတ်ပြီး ကတ်ထူပြားတစ်ချပ်ကို သယ်ဆောင်လျက် နောက်ဆုံး သစ်ပင်အိုကြီး တစ်ပင်အောက်တွင် တင်ပျဉ်ခွေထိုင်ပြီး သူ(မ)ရဲ့အရှေ့မှာ ကတ်ထူပြားကို ထားလိုက်သည်။

ကတ်ထူပြားပေါ်မှာ ကြီးမားကြော့ရှင်းသော စာလုံးနှစ်လုံးကို ရေးထားသည်။ "ဗေဒင်" အောက်ဘက်တွင် သေးငယ်သော စာလုံးများဖြင့် "ဗေဒင်တွက်ရန် ယွမ် ၁၀၀၀" ဆိုပြီးရေးထားသည်။

အနီးနားရှိ လမ်းလျှောက်နေသူများက အကူအညီမဲ့စွာ အကြောင်းအရာကို တစ်ချက်ကြည့်ပြီး ခေါင်းယမ်းကာ သက်ပြင်းချမိကြသည်။

"အခုခေတ် ကလေးတွေ ဘာတွေကို သင်ယူနေကြတာလဲ။ စာလေ့လာရမယ့်အစား ဒီလိုလိမ်လည် လှည့်စားရမယ့် ဟာတွေပဲ တတ်နေတယ်"

"ဒါတင်မကဘူး သူ(မ)ကို ကြည့်လိုက်ပါဦး။ သူ(မ)က အလယ်တန်း ကျောင်းသူတစ်ယောက် ဖြစ်ပုံရတယ်။ သူတို့ရဲ့ဆရာက သူတို့ကို အိမ်စာတွေပေးရမယ်။ အကျင့်စာရိတ္တ ခေါင်းပါးတယ်ဆိုတာ တကယ်ကို မသိနိုင်ဘူးဘဲ"

"ငါတို့တွေ သိပ္ပံပညာကို ယုံကြည်သင့်ပြီး အဲလို အယူသီးမှုတွေကို ငြင်းပယ်သင့်တယ်၊ ငါ့မိသားစုတောင် ရဲသားတွေဆီကနေ လက်ကမ်းစာစောင်တွေ ရခဲ့သေးတယ်။ နောက်နေ့မှ ယူလာခဲ့မယ်၊ ဒီကောင်မလေးကို ဒီအတိုင်း ကြည့်ခွင့်ပေးလိုက်ပါ။ ဒီလို ငယ်ရွယ်တဲ့သူတွေက သိပ္ပံပညာကို ဘယ်လို ယုံကြည်ရမလဲဆိုတာ မသိကြတာလဲ"

"ဗေဒင်တွက်ဖို့ကို ယွမ် ၁၀၀၀? ဒီကလေး ပိုက်ဆံနဲ့ပက်သက်ပြီး အရူးအမူးဖြစ်နေတာနေမယ်။ သူ(မ)က ဒီအကြောင်းပြောတာ ယွမ် ၁၀၀၀ ရတယ်ဆိုရင်၊ ဒါဆို ငါလည်းပဲ ဗေဒင်ဆရာ တစ်ယောက်ဖြစ်ချင်တယ်"

"......"

"......"

သူတို့ရဲ့ မထိန်းချုပ်နိုင်တဲ့ အသံတွေကို နားထောင်ရင်း လင်းချင်းယင်သည် သူ(မ)ရဲ့ ကတ်ထူပြားကို စိုက်ကြည့်လိုက်၏။

သူမရဲ့ အဆင့်တိုးတက်ဖို့အတွက် ပစ္စည်းတွေ ဝယ်ဖို့ ပိုက်ဆံရှိတယ်ဆိုရင်၊ သူ(မ)ရဲ့ အဆင့်ကို ကျဆင်းစေပြီး ပန်းခြံမှာ ဘာလို့ ဗေဒင်ဟောရမှာလဲ။

ကျင့်ကြံခြင်းကမ္ဘာမှာ လင်းချင်းယင်က ရှေးဖြစ်ဟောပညာကျောင်းရဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သည်။ သူ(မ)သည် ရှေးဖြစ်ဟောခြင်းတွင် အကောင်းဆုံးဘွဲ့ကို ရရှိခဲ့၏။

တစ်စုံတစ်ယောက်သည် ရှေးဖြစ်ဟောဖို့အတွက် သူ(မ)ကို မေးချင်တယ်ဆိုရင်၊ သူ(မ)အတွက် ထိပ်တန်းအဆင့် မှော်လက်နက်ကို ပေးရပြီး၊ သူမ)က ရှေးဖြစ်ဟောပေးမလား မဟောဘူးလားဆိုတဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းရ၏။

သို့ပေမဲ့ အခုတော့ ဗေဒင်တစ်ခါဟောဖို့ ယွမ် ၁၀၀၀ ဆို့တဲ့ ကတ်ထူးပြားကို ထားပြီး မြေပြင်ပေါ်မှာ ထိုင်နေရပြီး၊ တခြားသူတွေရဲ့ ထောက်ပြခြင်း ခံနေရတယ်လား?

မဟုတ်ရင်......

ဟမ်..., မိုးကြိုးကပ်ဘေးဒုက္ခ ပြီးတဲ့နောက် သူ(မ) အဆင့်တက်ဖို့ကို ဘယ်သူက ခွင့်မပြုခဲ့တာလဲ? သူ(မ)ရဲ့ နှစ် ၁၀၀၀ ကျင့်ကြံမှုဆိုတာ ဘာမှမဟုတ်ခဲ့ဘူး။ သို့ပေမဲ့ သူ(မ) အသက်ရှင်ခဲ့တာလဲ ကောင်းပါတယ်။ ဒါကြောင့် သူ(မ)မှာ တောင်းဆိုချက်တွေ များများစားစားတော့ မရှိခဲ့ဘူး။

လင်းချင်းယင်သည် သူ(မ)ရဲ့ ညာဘက် လက်ကောက်ဝတ်ပေါ်မှာရှိတဲ့ အနီရောင် ဇီးသီးသဏ္ဍာန် မွေးရာပါ အမှတ်အသားကို ငုံ့ကြည့်ပြီး နက်နက်နဲနဲ တွေးတောလျက်။

သူ(မ) နိုးထလာတဲ့အခါ၊ သူ(မ) ကိုယ်တိုင် ထူးဆန်းတဲ့ကမ္ဘာကို ရောက်နေခဲ့ပြီ။ ဒါပေမဲ့ သူ(မ)ရဲ့ လက်ရှိ ခန္ဓာကိုယ်က အရင်တုန်းက မျက်နှာနှင့် ဆင်တူ၏။ သူ(မ)ရဲ့ လက်မောင်းပေါ်မှာ ရှိတဲ့ အနီရောင် ဇီးသီးသဏ္ဍာန် မွေးရာပါ အမှတ်အသားပါ တူညီနေသည်။ တစ်ခုတည်းသော ခြားနားချက်က သူ(မ)ရဲ့ ယခင် ကျင့်ကြံခြင်းအဆင့်က တစ်စွန်းတစ်စ ကျန်ရှိတဲ့ လက္ခဏာလေး တောင် မရှိခဲ့ဘူး။

ကျင့်ကြံခြင်းလမ်းကြောင်းကို ပြန်ဝင်ဖို့ဆိုတာ မခက်ခဲပါဘူး။ လင်းချင်းယင်သည် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံတွေဟာ ကင်းမဲ့ခြင်း မရှိခဲ့ပါဘူး။ သူငယ်တန်း ပြန်တက်နေတဲ့ တက္ကသိုလ်ကျောင်းသူ တစ်ယောက်လိုပါပဲ။ သူ(မ)က ကစားနေရင်းနဲ့ ဘွဲ့ရနိုင်ပါသည်။

ယခု သူ(မ) ကျင့်ကြံဖို့အတွက် အရင်းအမြစ်များသည် ချို့တဲ့လျက်ရှိသည်။ သူ(မ) ရောက်နေတဲ့ လက်ရှိကမ္ဘာက ဝိဉာဉ်စွမ်းအား နည်းပါးပြီး ကျင့်ကြံဖို့ ခက်ခဲပါသည်။

လင်းချင်းယင်သည် ဒီရက်အတွင်း လျှောက်ပတ်သွားပြီး စွမ်းအင်အများအပြား ပါဝင်တဲ့ ကျောက်စိမ်း အမျိုးအစားတွေကို ရှာတွေ့ခဲ့သည်။ ဒါပေမဲ့ ဈေးအရမ်းကြီးသည်။ ဆင်းရဲတဲ့ အထက်တန်းကျောင်းသူ တစ်ယောက်အနေနဲ့ သူ(မ)သည် လုံးဝ မတတ်နိုင်ပါဘူး။

နောက်ဆုံး စိစစ်လေ့လာချက်အရ၊ သူ(မ)သည် ပိုက်ဆံရှာဖို့ လိုအပ်ပါသည်။

ကောင်းကင်ထက်က နေမင်းက တဖြည်းဖြည်း မြင့်တက်လာ၏။ မနက်ခင်း အေးချမ်းမှုလေးဟာ ဖြည်းညင်းစွာ ပျောက်ကွယ်သွားပြီး နေအလင်းရောင်သည် တဖြည်းဖြည်း တောက်ပလျက် ရှိသည်။

လင်းချင်းယင်သည် ဘေးနားက ကျောက်တုံးပုံလေးထဲမှာ သေးငယ်တဲ့ ကျောက်တုံးလေးများကို ဆွဲထုတ်ဖို့ သူ(မ) လက်ထဲရှိ ခေါက်ယပ်တောင်လေးကို အသုံးပြုလိုက်သည်။

ထို့နောက် မတူညီတဲ့ နေရာတွေမှာ အဲဒီ ကျောက်တုံးတွေကို ကြုံရာ ကျပန်း နေရာချလိုက်၏။ နောက်ဆုံး ကျောက်တုံးလေးကို အနေအထား ပြင်ပြီးတဲ့နောက်၊ သူ(မ) ပတ်ဝန်းကျင်မှာ ရှိတဲ့ အပူချိန်သည် တစ်ဖန် ကျဆင်းသွားလျက်။

လင်းချင်းယင်က နေကို မော့ကြည့်လိုက်ပြီး နံနက် ၇ နာရီ ခွဲလောက် ရှိပြီလို့ ခန့်မှန်းလိုက်သည်။ သူ(သူမ)က အလုပ်တစ်ခုမှ မလုပ်ဘဲ ဒီနေရာမှာ ၂ နာရီကြာ ထိုင်နေပေမဲ့ လုံးဝ အလျင်လိုပုံ မပေါ်ဘူး။

ထိုအရာက သူမ စီးပွားရေးကို လုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ အရေးမကြီးပုံရပါသည်။

"ရဲသားကြီး သူ(မ)ပဲ"

အန်တီ ကျန်းဟာ တစ်နှစ်ပတ်လုံး ပန်းခြံထဲမှာ အတင်းအဖျင်းပြောတဲ့ သူတစ်ယောက်ဖြစ်၏။ အမောတကော ရဲသားကြီးကို ဆွဲခေါ်လာပြီး လင်းချင်းယင်ကို ညွှန်ပြလိုက်သည် -

"အဲဒီ ကလေးကို ကြည့်လိုက်ဦး၊ သူ(မ)ကို ဒီနေရာမှာ ဗေဒင်ဟောဖို့ ခွင့်ပြုထားတာလား။"

ရဲသားက ထိုင်ချလိုက်ပြီး လင်းချင်းယင်ကို ကြည့်လိုက်သည်။ ထို့နောက် ပြုံးပြလိုက်ပြီး - "မိန်းမငယ်လေး၊ မင်း ငါ့ကို မှတ်မိလား။"

လင်းချင်းယင်က ရဲသားကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ မူလ ခန္ဓာကိုယ်ပိုင်ရှင်သည် ပြီးခဲ့တဲ့လက နောက်ဆုံး စာမေးပွဲမှာ ကျရှုံးခဲ့တဲ့အတွက် သူ(မ)ကိုယ်သူ(မ) အပြစ်တင်ခဲ့ပြီး အတန်းဖော်တွေဆီကနေ ဆိုးရွားစွာ လှောင်ပြောင် သရော်ခြင်း ခံခဲ့ရသည်။

သူ(မ)က အဲဒါကို လက်မခံနိုင်တဲ့အတွက် မြစ်ထဲသို့ ခုန်ချပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့သည်။

ဒီရဲသားက မြစ်ထဲကို ခုန်ချပြီး သူ(မ)ကို ကယ်တင်ခဲ့သည်။ ရဲသားက သူ(မ)ကို ကမ်းပေါ်သို့ ဆွဲတင်လိုက်တဲ့အခါ၊ လင်းချင်းယင်က ဤခန္ဓာကိုယ်မှာ နိုးထလာခဲ့သည်။

"အဲဒီ နေ့က ကျေးဇူးအများကြီးတင်ပါတယ်! ကျွန်မတို့တွေ ရေစက်အရ ဆုံခဲ့ကြပြီး ရှင်က ကျွန်မဘဝကို ကယ်တင်ခဲ့တယ်။ ဒါကြောင့် ရှင့်ကို ဗေဒင် အခမဲ့ ဟောပေးမယ်။"

လင်းချင်းယင်က ရဲသားကို ကြည့်လိုက်၏။ သူ(မ)မျက်လုံးတွေက အနည်းငယ် နူးညံ့ပျော့ပျောင်းလာပြီး -

"ရှင့်ဘဝရဲ့ မျိုးရိုးဇစ်မြစ်က ရှုပ်ထွေးနေပြီး အစိမ်းရောင်ကနေ အပြာရောင်ပြောင်း သွားတာ မြင်လိုက်ရတယ်။ အဲဒါက ပြင်းထန်တဲ့ ရောဂါကြောင့် ဖြစ်မှာပဲ စိုးရိမ်မိတယ်။ မြွေတစ်ကောင်လို ရှင့်ရဲ့ လျှာက နီနေတယ်။ ရှင့်ရဲ့ ပြင်းထန်တဲ့ ရောဂါက အစာအိမ်ထဲမှာ ရှိနေတယ်။"

ရဲသား ထိတ်လန့်သွားတာကို မြင်လိုက်ရ၏၊ လင်းချင်းယင်က သူ့ကို ကြင်နာစွာ သတိပေးလိုက်တယ် -

"ရှင့်ရဲ့ ဘဝမှာ ကြီးမားလှတဲ့ ကပ်ဘေးသုံးခု ရှိတယ်။ ပထမတစ်ခုက ရှင်ကို မွေးဖွားတုန်းက၊ ဒုတိယတစ်ခုက ရှင့်ရဲ့ ၁၈ နှစ်ပြည့် မွေးနေ့နဲ့ တတိယတစ်ခုက ရှင့်ရဲ့ နာမကျန်းဖြစ်ခြင်းပဲ။ ဒါပေမဲ့ ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်သ၍ ရှင့်ဘဝ တစ်လျှောက်လုံး ဘေးကင်းပြီး ပျော်ရွှင်ရလိမ့်မယ်။"

လင်းချင်းယင်က ထိုစကားများကို ပြောပြီးနောက်၊ သူ(မ) မတ်တပ်ထရပ်ပြီး ကတ်ထူပြားကို ကောက်ကိုင်ကာ နောက်ပြန်တည့်တည့် လျှောက်ထွက်သွားခဲ့သည်။ အန်တီ ကျန်းက လင်းချင်းယင် ထွက်သွားတဲ့ဘက်ကို ကြည့်ပြီး၊ ရဲသားရဲ့ ခါးကို လက်ဖြင့် ဆိတ်လိုက်တယ် -

"ရဲသားကြီး ဒီဗေဒင်ဆရာရဲ့ သတ္တိက ကြီးမားလွန်းတယ်၊ သူ(မ)ကို နောက်တစ်ခါတွေ့တဲ့အခါ ပညာပေးရမယ်။ မင်းတွေ့တယ်မလား။ မင်း ဘာကြောင့် သူ(မ)ကို အခုချက်ချင်း မခေါ်သွားတာလဲ။"

....................

Zawgyi

ညေန ၅နာရီ အခ်ိန္တြင္ အမ်ားျပည္သူပန္းၿခံသည္ စည္ကားလ်က္ရွိသည္။ ေအ႐ိုးဗစ္ကစားေနတဲ့ အန္တီႀကီးမ်ားက ႀကီးမားေသာဧရိယာကို ေနရာယူထားၾက၏။ ေရကန္ေဘးရွိ ေနရာသည္ ခ်စ္သူမ်ားအတြက္ အခ်င္းခ်င္း သိရွိရန္ ေနရာေကာင္း တစ္ခုျဖစ္သည္။


လင္းခ်င္းယင္သည္ အခ်ိန္အေတာ္ၾကာ ပန္းၿခံပတ္ပတ္လည္ကို လွည့္ပတ္ၿပီး ကတ္ထူျပားတစ္ခ်ပ္ကို သယ္ေဆာင္လ်က္ ေနာက္ဆုံး သစ္ပင္အိုႀကီး တစ္ပင္ေအာက္တြင္ တင္ပ်ဥ္ေခြထိုင္ၿပီး သူ(မ)ရဲ႕အေရွ႕မွာ ကတ္ထူျပားကို ထားလိုက္သည္။


ကတ္ထူျပားေပၚမွာ ႀကီးမားေၾကာ့ရွင္းေသာ စာလုံးႏွစ္လုံးကို ေရးထားသည္။ "ေဗဒင္" ေအာက္ဘက္တြင္ ေသးငယ္ေသာ စာလုံးမ်ားျဖင့္ "ေဗဒင္တြက္ရန္ ယြမ္ ၁၀၀၀" ဆိုၿပီးေရးထားသည္။အနီးနားရွိ လမ္းေလွ်ာက္ေနသူမ်ားက အကူအညီမဲ့စြာ အေၾကာင္းအရာကို တစ္ခ်က္ၾကည့္ၿပီး ေခါင္းယမ္းကာ သက္ျပင္းခ်မိၾကသည္။


"အခုေခတ္ ကေလးေတြ ဘာေတြကို သင္ယူေနၾကတာလဲ။ စာေလ့လာရမယ့္အစား ဒီလိုလိမ္လည္ လွည့္စားရမယ့္ ဟာေတြပဲ တတ္ေနတယ္"


"ဒါတင္မကဘူး သူ(မ)ကို ၾကည့္လိုက္ပါဦး။ သူ(မ)က အလယ္တန္း ေက်ာင္းသူတစ္ေယာက္ ျဖစ္ပုံရတယ္။ သူတို႔ရဲ႕ဆရာက သူတို႔ကို အိမ္စာေတြေပးရမယ္။ အက်င့္စာရိတၱ ေခါင္းပါးတယ္ဆိုတာ တကယ္ကို မသိႏိုင္ဘူးဘဲ"


"ငါတို႔ေတြ သိပၸံပညာကို ယုံၾကည္သင့္ၿပီး အဲလို အယူသီးမႈေတြကို ျငင္းပယ္သင့္တယ္၊ ငါ့မိသားစုေတာင္ ရဲသားေတြဆီကေန လက္ကမ္းစာေစာင္ေတြ ရခဲ့ေသးတယ္။ ေနာက္ေန႔မွ ယူလာခဲ့မယ္၊ ဒီေကာင္မေလးကို ဒီအတိုင္း ၾကည့္ခြင့္ေပးလိုက္ပါ။ ဒီလို ငယ္႐ြယ္တဲ့သူေတြက သိပၸံပညာကို ဘယ္လို ယုံၾကည္ရမလဲဆိုတာ မသိၾကတာလဲ"


"ေဗဒင္တြက္ဖို႔ကို ယြမ္ ၁၀၀၀? ဒီကေလး ပိုက္ဆံနဲ႔ပက္သက္ၿပီး အ႐ူးအမူးျဖစ္ေနတာေနမယ္။ သူ(မ)က ဒီအေၾကာင္းေျပာတာ ယြမ္ ၁၀၀၀ ရတယ္ဆိုရင္၊ ဒါဆို ငါလည္းပဲ ေဗဒင္ဆရာ တစ္ေယာက္ျဖစ္ခ်င္တယ္"


"......"


"......"


သူတို႔ရဲ႕ မထိန္းခ်ဳပ္ႏိုင္တဲ့ အသံေတြကို နားေထာင္ရင္း လင္းခ်င္းယင္သည္ သူ(မ)ရဲ႕ ကတ္ထူျပားကို စိုက္ၾကည့္လိုက္၏။


သူမရဲ႕ အဆင့္တိုးတက္ဖို႔အတြက္ ပစၥည္းေတြ ဝယ္ဖို႔ ပိုက္ဆံရွိတယ္ဆိုရင္၊ သူ(မ)ရဲ႕ အဆင့္ကို က်ဆင္းေစၿပီး ပန္းၿခံမွာ ဘာလို႔ ေဗဒင္ေဟာရမွာလဲ။


က်င့္ႀကံျခင္းကမာၻမွာ လင္းခ်င္းယင္က ေရွးျဖစ္ေဟာပညာေက်ာင္းရဲ႕ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ခဲ့သည္။ သူ(မ)သည္ ေရွးျဖစ္ေဟာျခင္းတြင္ အေကာင္းဆုံးဘြဲ႕ကို ရရွိခဲ့၏။တစ္စုံတစ္ေယာက္သည္ ေရွးျဖစ္ေဟာဖို႔အတြက္ သူ(မ)ကို ေမးခ်င္တယ္ဆိုရင္၊ သူ(မ)အတြက္ ထိပ္တန္းအဆင့္ ေမွာ္လက္နက္ကို ေပးရၿပီး၊ သူမ)က ေရွးျဖစ္ေဟာေပးမလား မေဟာဘူးလားဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ေစာင့္ဆိုင္းရ၏။


သို႔ေပမဲ့ အခုေတာ့ ေဗဒင္တစ္ခါေဟာဖို႔ ယြမ္ ၁၀၀၀ ဆို႔တဲ့ ကတ္ထူးျပားကို ထားၿပီး ေျမျပင္ေပၚမွာ ထိုင္ေနရၿပီး၊ တျခားသူေတြရဲ႕ ေထာက္ျပျခင္း ခံေနရတယ္လား?


မဟုတ္ရင္......


ဟမ္..., မိုးႀကိဳးကပ္ေဘးဒုကၡ ၿပီးတဲ့ေနာက္ သူ(မ) အဆင့္တက္ဖို႔ကို ဘယ္သူက ခြင့္မျပဳခဲ့တာလဲ? သူ(မ)ရဲ႕ ႏွစ္ ၁၀၀၀ က်င့္ႀကံမႈဆိုတာ ဘာမွမဟုတ္ခဲ့ဘူး။ သို႔ေပမဲ့ သူ(မ) အသက္ရွင္ခဲ့တာလဲ ေကာင္းပါတယ္။ ဒါေၾကာင့္ သူ(မ)မွာ ေတာင္းဆိုခ်က္ေတြ မ်ားမ်ားစားစားေတာ့ မရွိခဲ့ဘူး။


လင္းခ်င္းယင္သည္ သူ(မ)ရဲ႕ ညာဘက္ လက္ေကာက္ဝတ္ေပၚမွာရွိတဲ့ အနီေရာင္ ဇီးသီးသ႑ာန္ ေမြးရာပါ အမွတ္အသားကို ငုံ႔ၾကည့္ၿပီး နက္နက္နဲနဲ ေတြးေတာလ်က္။


သူ(မ) ႏိုးထလာတဲ့အခါ၊ သူ(မ) ကိုယ္တိုင္ ထူးဆန္းတဲ့ကမာၻကို ေရာက္ေနခဲ့ၿပီ။ ဒါေပမဲ့ သူ(မ)ရဲ႕ လက္ရွိ ခႏၶာကိုယ္က အရင္တုန္းက မ်က္ႏွာႏွင့္ ဆင္တူ၏။ သူ(မ)ရဲ႕ လက္ေမာင္းေပၚမွာ ရွိတဲ့ အနီေရာင္ ဇီးသီးသ႑ာန္ ေမြးရာပါ အမွတ္အသားပါ တူညီေနသည္။ တစ္ခုတည္းေသာ ျခားနားခ်က္က သူ(မ)ရဲ႕ ယခင္ က်င့္ႀကံျခင္းအဆင့္က တစ္စြန္းတစ္စ က်န္ရွိတဲ့ လကၡဏာေလး ေတာင္ မရွိခဲ့ဘူး။


က်င့္ႀကံျခင္းလမ္းေၾကာင္းကို ျပန္ဝင္ဖို႔ဆိုတာ မခက္ခဲပါဘူး။ လင္းခ်င္းယင္သည္ ကြၽမ္းက်င္မႈႏွင့္ အေတြ႕အႀကဳံေတြဟာ ကင္းမဲ့ျခင္း မရွိခဲ့ပါဘူး။ သူငယ္တန္း ျပန္တက္ေနတဲ့ တကၠသိုလ္ေက်ာင္းသူ တစ္ေယာက္လိုပါပဲ။ သူ(မ)က ကစားေနရင္းနဲ႔ ဘြဲ႕ရႏိုင္ပါသည္။


ယခု သူ(မ) က်င့္ႀကံဖို႔အတြက္ အရင္းအျမစ္မ်ားသည္ ခ်ိဳ႕တဲ့လ်က္ရွိသည္။ သူ(မ) ေရာက္ေနတဲ့ လက္ရွိကမာၻက ဝိဉာဥ္စြမ္းအား နည္းပါးၿပီး က်င့္ႀကံဖို႔ ခက္ခဲပါသည္။


လင္းခ်င္းယင္သည္ ဒီရက္အတြင္း ေလွ်ာက္ပတ္သြားၿပီး စြမ္းအင္အမ်ားအျပား ပါဝင္တဲ့ ေက်ာက္စိမ္း အမ်ိဳးအစားေတြကို ရွာေတြ႕ခဲ့သည္။ ဒါေပမဲ့ ေဈးအရမ္းႀကီးသည္။ ဆင္းရဲတဲ့ အထက္တန္းေက်ာင္းသူ တစ္ေယာက္အေနနဲ႔ သူ(မ)သည္ လုံးဝ မတတ္ႏိုင္ပါဘူး။


ေနာက္ဆုံး စိစစ္ေလ့လာခ်က္အရ၊ သူ(မ)သည္ ပိုက္ဆံရွာဖို႔ လိုအပ္ပါသည္။


ေကာင္းကင္ထက္က ေနမင္းက တျဖည္းျဖည္း ျမင့္တက္လာ၏။ မနက္ခင္း ေအးခ်မ္းမႈေလးဟာ ျဖည္းညင္းစြာ ေပ်ာက္ကြယ္သြားၿပီး ေနအလင္းေရာင္သည္ တျဖည္းျဖည္း ေတာက္ပလ်က္ ရွိသည္။လင္းခ်င္းယင္သည္ ေဘးနားက ေက်ာက္တုံးပုံေလးထဲမွာ ေသးငယ္တဲ့ ေက်ာက္တုံးေလးမ်ားကို ဆြဲထုတ္ဖို႔ သူ(မ) လက္ထဲရွိ ေခါက္ယပ္ေတာင္ေလးကို အသုံးျပဳလိုက္သည္။


ထို႔ေနာက္ မတူညီတဲ့ ေနရာေတြမွာ အဲဒီ ေက်ာက္တုံးေတြကို ႀကဳံရာ က်ပန္း ေနရာခ်လိုက္၏။ ေနာက္ဆုံး ေက်ာက္တုံးေလးကို အေနအထား ျပင္ၿပီးတဲ့ေနာက္၊ သူ(မ) ပတ္ဝန္းက်င္မွာ ရွိတဲ့ အပူခ်ိန္သည္ တစ္ဖန္ က်ဆင္းသြားလ်က္။


လင္းခ်င္းယင္က ေနကို ေမာ့ၾကည့္လိုက္ၿပီး နံနက္ ၇ နာရီ ခြဲေလာက္ ရွိၿပီလို႔ ခန႔္မွန္းလိုက္သည္။ သူ(သူမ)က အလုပ္တစ္ခုမွ မလုပ္ဘဲ ဒီေနရာမွာ ၂ နာရီၾကာ ထိုင္ေနေပမဲ့ လုံးဝ အလ်င္လိုပုံ မေပၚဘူး။ထိုအရာက သူမ စီးပြားေရးကို လုပ္သည္ျဖစ္ေစ မလုပ္သည္ျဖစ္ေစ အေရးမႀကီးပုံရပါသည္။"ရဲသားႀကီး သူ(မ)ပဲ"


အန္တီ က်န္းဟာ တစ္ႏွစ္ပတ္လုံး ပန္းၿခံထဲမွာ အတင္းအဖ်င္းေျပာတဲ့ သူတစ္ေယာက္ျဖစ္၏။ အေမာတေကာ ရဲသားႀကီးကို ဆြဲေခၚလာၿပီး လင္းခ်င္းယင္ကို ၫႊန္ျပလိုက္သည္ -


"အဲဒီ ကေလးကို ၾကည့္လိုက္ဦး၊ သူ(မ)ကို ဒီေနရာမွာ ေဗဒင္ေဟာဖို႔ ခြင့္ျပဳထားတာလား။"


ရဲသားက ထိုင္ခ်လိုက္ၿပီး လင္းခ်င္းယင္ကို ၾကည့္လိုက္သည္။ ထို႔ေနာက္ ၿပဳံးျပလိုက္ၿပီး - "မိန္းမငယ္ေလး၊ မင္း ငါ့ကို မွတ္မိလား။"


လင္းခ်င္းယင္က ရဲသားကို တစ္ခ်က္ၾကည့္ၿပီး ေခါင္းညိတ္ျပလိုက္သည္။ မူလ ခႏၶာကိုယ္ပိုင္ရွင္သည္ ၿပီးခဲ့တဲ့လက ေနာက္ဆုံး စာေမးပြဲမွာ က်ရႈံးခဲ့တဲ့အတြက္ သူ(မ)ကိုယ္သူ(မ) အျပစ္တင္ခဲ့ၿပီး အတန္းေဖာ္ေတြဆီကေန ဆိုး႐ြားစြာ ေလွာင္ေျပာင္ သေရာ္ျခင္း ခံခဲ့ရသည္။


သူ(မ)က အဲဒါကို လက္မခံႏိုင္တဲ့အတြက္ ျမစ္ထဲသို႔ ခုန္ခ်ၿပီး ကိုယ့္ကိုကိုယ္ သတ္ေသခဲ့သည္။ဒီရဲသားက ျမစ္ထဲကို ခုန္ခ်ၿပီး သူ(မ)ကို ကယ္တင္ခဲ့သည္။ ရဲသားက သူ(မ)ကို ကမ္းေပၚသို႔ ဆြဲတင္လိုက္တဲ့အခါ၊ လင္းခ်င္းယင္က ဤခႏၶာကိုယ္မွာ ႏိုးထလာခဲ့သည္။


"အဲဒီ ေန႔က ေက်းဇူးအမ်ားႀကီးတင္ပါတယ္! ကြၽန္မတို႔ေတြ ေရစက္အရ ဆုံခဲ့ၾကၿပီး ရွင္က ကြၽန္မဘဝကို ကယ္တင္ခဲ့တယ္။ ဒါေၾကာင့္ ရွင့္ကို ေဗဒင္ အခမဲ့ ေဟာေပးမယ္။"


လင္းခ်င္းယင္က ရဲသားကို ၾကည့္လိုက္၏။ သူ(မ)မ်က္လုံးေတြက အနည္းငယ္ ႏူးညံ့ေပ်ာ့ေပ်ာင္းလာၿပီး -"ရွင့္ဘဝရဲ႕ မ်ိဳး႐ိုးဇစ္ျမစ္က ရႈပ္ေထြးေနၿပီး အစိမ္းေရာင္ကေန အျပာေရာင္ေျပာင္း သြားတာ ျမင္လိုက္ရတယ္။ အဲဒါက ျပင္းထန္တဲ့ ေရာဂါေၾကာင့္ ျဖစ္မွာပဲ စိုးရိမ္မိတယ္။ ေႁမြတစ္ေကာင္လို ရွင့္ရဲ႕ လွ်ာက နီေနတယ္။ ရွင့္ရဲ႕ ျပင္းထန္တဲ့ ေရာဂါက အစာအိမ္ထဲမွာ ရွိေနတယ္။"


ရဲသား ထိတ္လန႔္သြားတာကို ျမင္လိုက္ရ၏၊ လင္းခ်င္းယင္က သူ႔ကို ၾကင္နာစြာ သတိေပးလိုက္တယ္ -"ရွင့္ရဲ႕ ဘဝမွာ ႀကီးမားလွတဲ့ ကပ္ေဘးသုံးခု ရွိတယ္။ ပထမတစ္ခုက ရွင္ကို ေမြးဖြားတုန္းက၊ ဒုတိယတစ္ခုက ရွင့္ရဲ႕ ၁၈ ႏွစ္ျပည့္ ေမြးေန႔နဲ႔ တတိယတစ္ခုက ရွင့္ရဲ႕ နာမက်န္းျဖစ္ျခင္းပဲ။ ဒါေပမဲ့ ဒီကပ္ေဘးကို ေက်ာ္ျဖတ္ႏိုင္သ၍ ရွင့္ဘဝ တစ္ေလွ်ာက္လုံး ေဘးကင္းၿပီး ေပ်ာ္႐ႊင္ရလိမ့္မယ္။"


လင္းခ်င္းယင္က ထိုစကားမ်ားကို ေျပာၿပီးေနာက္၊ သူ(မ) မတ္တပ္ထရပ္ၿပီး ကတ္ထူျပားကို ေကာက္ကိုင္ကာ ေနာက္ျပန္တည့္တည့္ ေလွ်ာက္ထြက္သြားခဲ့သည္။ အန္တီ က်န္းက လင္းခ်င္းယင္ ထြက္သြားတဲ့ဘက္ကို ၾကည့္ၿပီး၊ ရဲသားရဲ႕ ခါးကို လက္ျဖင့္ ဆိတ္လိုက္တယ္ -


"ရဲသားႀကီး ဒီေဗဒင္ဆရာရဲ႕ သတၱိက ႀကီးမားလြန္းတယ္၊ သူ(မ)ကို ေနာက္တစ္ခါေတြ႕တဲ့အခါ ပညာေပးရမယ္။ မင္းေတြ႕တယ္မလား။ မင္း ဘာေၾကာင့္ သူ(မ)ကို အခုခ်က္ခ်င္း မေခၚသြားတာလဲ။"


....................

Continue Reading

You'll Also Like

1.4M 1.2K 1
𝐁𝐨𝐨𝐤 𝟏 𝐨𝐟 𝐭𝐡𝐞 '𝐃𝐞𝐜𝐞𝐢𝐭𝐟𝐮𝐥 𝐑𝐨𝐲𝐚𝐥𝐬' 𝐒𝐞𝐫𝐢𝐞𝐬 ★✯★ "Secrets are lethal, especially when they come dripped in murder." Trinity...
803 99 5
Written by: 锦翠 Category: Romance, Slice of Life Total Episode : 1127 chapters Description : ကမ္ဘာပျက်ကပ် မှာ သုံးရက်ကြာအောင် မရှင်သန်နိုင်တဲ့ လူသစ်...
163K 6.8K 83
A girl whom I thought as my best friend standing before me with a knife to kill me. She stabbed the knife onto my chest and told me "He will not like...
14.4K 252 22
Your name is Y/N Star you have no friends and no family, you lived a lonely life the only good thing in it was RWBY, it was one of the things that ma...