International Play Boy Mg
By Tulip_V
86.2K 5.4K 530
Play Boyကောင်လေး Jeon Jungkook နဲ့ Kim Taehyungတို့ရဲ့ အချစ်ဇာတ်လမ်းလေး More
International Play Boy Mg into
International Play Boy Mg_1
International Play Boy Mg_2
International Play Boy Mg_3
International Play Boy Mg_4
International Play Boy Mg-5
International Play Boy Mg_6
International Play Boy Mg_7
International Play Boy Mg_8
International Play Boy Mg_9
International Play Boy Mg_10
International Play Boy Mg_11
International Play Boy Mg_12
International Play Boy Mg _13
International Play Boy Mg_14
International Play Boy Mg_15
International Play Boy Mg_17 ( Past _1)
International Play Boy Mg _17( Past _2 )
International Play Boy Mg_18
International Play Boy Mg_19
International Play Boy Mg_20
International Play Boy Mg_21
International Play Boy Mg-22 ( past 1)
International Play Boy Mg_22( past 2)
international Play Boy Mg_ 23
international Play Boy Mg 24
International Play Boy Mg 25( past 1)
international Play Boy Mg 25 past 2
International Play Boy Mg 26
International Play Boy Mg_27 ( Past _1)
International Play Boy Mg-27 ( past 2)
International Play Boy Mg _28
International Play Boy Mg _29 ( past 1)
International Play Boy Mg _29 ( past 2)
International Play Boy Mg_30
International Play Boy Mg _31
International Play Boy Mg_32
international Play Boy Mg _33 ( past 1)
International Play Boy Mg 33 ( Past _2)
International Play Boy Mg Past 34
International Play Boy Mg_16
1.7K 127 7
By Tulip_V
Taehyungကျောင်းမှာ တစ်မနက်ခင်းလုံး မောင်ကိုမတွေ့ပါ။
မောင်တော်တော်အလုပ်ရှုပ်နေတယ်ထင်ပါတယ်
" Taehyungi Taehyungi "
" အော အော "
အတွေးလွန်ပုံက Min Yaungမ အော်ခေါ်ခေါ်တာမကြားသည်ထိ။
ဘေးပတ်လည်ကြည့်မိတော့ Eunwoo, BamBam, Jingoo တို့တောင် ရောက်နေသည်။ မောင်တော့မပါပါ။
" ကျွန်တော်တို့က နေ့လည်စာစားဖို့လာခေါ်တာ "
" အင်း အင်း သွားမယ်လေ "
" ငါတော့မလိုက်တော့ဘူး Taetae "
" ဘာလို့လဲ Mochiရ "
" ကိုကိုက_ "
" ငါ့အကိုက သူကိုနေ့တိုင်း နေ့လည်စာ လာကျွေးတယ် ရင်နာစရာအကောင်းဆုံးကလေ ဒီနှစ်ရက်အတွင်း ငါကိုဘယ်တုန်းကမှ မခေါ်သွားဘူး "
Jiminစကားမဆုံးသေး တတွတ်တွတ်၀င်ပြောတဲ့ Min Yaung
သူမကြည့်ရတာ ခံပြင်းနေပုံ။
" ခံပြင်းနေတာလား Yaungလေး အဲဒါဆိုရည်းစာထားလေ အေးလေ ရည်းစားမရှိတဲ့ မင်းလေး ဒါတွေနားမလည်ဘူး "
Mochiက အခုရက်ပိုင်း ကလေးပေါက်စလေးနဲ့ တူလှပါသည်။
အမြဲရန်လိုက်ထောင်ကာ ရည်းစားမရှိတဲ့ Min Yaungကို ရှက်ပလန်နဲ့ နှိမ်သည်။
" Taehyungi ငါကိုထိန်းထားစမ်းပါ မဟုတ်ရင် ဒီJiminကို အသေသတ်မိတော့မှာ "
" လာလေ ငါမှကိုကိုရှိတယ် နားလည်လား "
" ရားးးးး Park Jimin နင်ကိုဒီနေ့မှ မထိုးနိုင်ရင် ငါ Min Yaungမဟုတ်တော့ဘူး "
Jiminကတော့ ပြေးတော့တာလုံးနေတာပင်။
Min Yaungက အနောက်ကလ်ိုက် လူဆိုးမလေးကို သဘောကျတဲ့ Eunwooကလည်း အနောက်က လိုက်ရရှာသည်။
ကျန်ခဲ့တဲ့ သူတို့သုံးယောက်ကတော့ ရယ်နေကျရောသည်။
" ကန်တင်းမှာ စောင့်မယ်ဟေ့ "
BamBamက လှမ်းအော်ပြောသည်။
....
ထိုနေ့တစ်နေ့လုံးကျောင်းမှာ မောင်ကိုမတွေ့ပါ။
အိမ်ပြန်လာတော့ Taehyungသူ့ကားကို သွားယူပြီး ပြန်လာခဲ့တော့သည်။
အိမ်ရောက်တော့ မောင်လည်း ပြန်မရောက်သေးပါ။
ညစာကို အပြင်မှာစားခဲ့တာကြောင့် ရေမိုးချိုးပြီး အိပ်ယာကိုသာ တန်း၀င်ခဲ့တော့သည်။
....
ခပ်တင်းတင်းပွေ့ဖက်မှုက Taehyungကို နိုးထစေသည်။
မောင်မလား၊
မောင်ဆိုတဲ့အသိက သူရဲ့အာရုံတွေကို နိုးကြားစေသည်။
" Jungkook "
" သိရင်လည်း ငြိမ်ငြိမ်နေ ကျုပ်အိပ်ချင်နေတယ် "
မောင်ရဲ့ထိုစကားကြောင့် သူ၏အမေးစကားတို့ဟာ လည်ချောင်းထဲမှာတင်ပျောက်ရှသွားခဲ့ရသည်။
ခပ်တင်းတင်းဖက်ထားတဲ့ မောင်ရင်ခွင်ထဲမှာ ထိုညက သူအိပ်မရခဲ့။
အရင်ကဖက်အိပ်ဘူးပေမဲ့ ဒီညမှထူးထူးဆန်းဆန်းအိပ်မပျော်။
အဲဒါကြောင့် မောင့်မျက်နှာလေးကို မော့ကြည့်ကာ မောင်ချောမောမှုတွေကို စာတင်နေမိသည်။
မောင်ကလေ သူအတွက်အဲလိုလူမျိုးပါ။
ယောင်္ကျားလေးအချင်းချင်းတောင် ညွှတ်ကျနိုင်လောက်အောင် ချောတဲ့မောင်က အခုသူ့လူဆိုတာ မယုံနိုင်သေး။
သူ့လူဆိုတာတောင် မသေချာပေမဲ့
ငါကတော့ မောင့်လူပါ။
ငါကမောင်ကို ချစ်တဲ့လူ။
မောင့်လူ။
မောင့်ရင်ခွင်ကျယ်ကြီးထဲ တိုးဝှေ့ပြီး မောင့်ကိုယ်သင်းရနံ့လေး ရှုရှိက်ကာ
ငါတော့ မင်းကိုသိပ်ချစ်တာဘဲမောင်ရယ်
မင်းဘာတွေလုပ်နေလဲ ငါမသိဘူးမောင်
ဒါပေမဲ့ မင်းငါရှေ့မှာ ရှိနေဖို့ဘဲလိုတာပါ။
မေးခွန်းလည်း ထုတ်မှာမဟုတ်လို့ မောင်စိတ်ချမ်းသာသလို့နေပါ။
ငါကအဆင်ပြေတာမို့။
....
လင်းခါနီးမှာ အိပ်ပျော်သွားတဲ့ Taehyung
" Kim Taehyung ခင်ဗျားကျောင်းမသွားတော့ဘူးလား "
" အင်း အင်း သွားမှာ "
အိပ်ချင်မူးတူးနဲ့ ထပြီး
" နေပါဦး ရေချိုးခန်းက ဘယ်လိုလုပ်ဒီဘက်ရောက်သွားတာလဲ "
" ကျုပ်ရွေ့သွားထားတာ "
" ဘယ်လို "
မျက်လုံးလေးကို ပြူးပြီးကိုမေးသည်။
နားလည်မှုလွဲသွားပုံ၊
" ဒါကျုပ်အခန်းလေ ပြီးဝောာ့ ခင်ဗျားက ဒီအခန်းမနေဘဲ ဟိုဘက်ခန်းဘာလို့သွားနေတာလဲ "
" ငါမသိလို့ပေါ့ "
အပြစ်ကင်းတဲ့ ပုံစံလေးလုပ်နေတဲ့ ထိုလူ
" ထားပါ ‌ဒီအခန်းမှာဘဲနေ "
" အင်းပါ ငါအခုတော့ ဟိုဘက်အခန်းရေသွားချိုးမယ်နော် အင်္ကျီကမရှိလို့လေ "
" ကျုပ်နဲ့ ရေမချိုးချင်ဘူးလား "
အမေးနဲ့အဖြေက ကွဲပြားစွာ
" ဟို ဟို ငါနာနေတုန်းဘဲ "
Taehyungပြောလိုက်တော့ ရယ်လာပါတဲ့ မောင်
" Kim Taehyung ခင်ဗျားအဲဟာတွေဘဲ တွေးနေလား ကျုပ်ကရိုးရိုးတန်းတန်းကိုပြောတာပါ "
မောင်စကားကြောင့် သူမှာလုံး၀အရှက်ရသွားသည်။
" ငါ ငါ ဟိုဘက်ဘဲသွားတော့မယ် "
‌ထွက်ပြေးသွားတဲ့ Kim Taehyung
အမှန်တိုင်းပြောရရင် Jungkook ထိုလူနဲ့ရေချိုးပြီး ထိုလူကို မနက်စာလုပ်မယ်လို့တွေးထားပေမဲ့ စနောက်ချင်တာကြောင့် ထိုကဲ့သို့ပြောလိုက်ခြင်းပေ။
သူဘက်ကနည်းနည်းနာစရာပေမဲ့ Kim Taehyungဆိုတာ သူ့ခြံထဲကကြက်ပေ။
ဘယ်ချိန်ရိုက်သတ်စားစားရသည်။
(စာဖတ်သူ Belike: မိုက်လိုက်တာ သားရယ်
အချိန်တစ်ခုကြာမှာတော့ Kim Taehyungက အခန်းထဲကထွက်လာသည်။
" ဪ ငါကိုစောင့်နေတာလား "
" ခင်ဗျားကိုမစောင့်လို့ ကျုပ်က ဘယ်သူကိုစောင့်ရမှာလဲ "
" ငါမှာ ကားပါလာတယ် "
" အဲတော့ "
" ငါဟာငါသွားလိုက်မယ်လေ "
" ကျစ် Kim Taehyung ခင်ဗျားကို အခန်းခွဲနေလို့ သိပ်ကျေနပ်တာမဟုတ်ဘူး ကျုပ်ဒေါသကို လာမဆွ "
" အင်းပါ မင်းသဘော "
" လိမ္မာစမ်းပါ ခင်ဗျားရ "
ထိုနေ့က မောင်ကားနဲ့သွားခဲ့သည်။
မောင်ကို မလွန်ဆန်နိုင် သူအားနည်းချက်များလား အသံမာမာပြောလည်း မလွန်ဆန်နိုင် အသံနူးနူးညံညံလေးနဲ့ပြောပြန်လည်း မလွန်ဆန်နိုင်။
မောင်ရေ မင်းနဲ့တော့ခက်ပါတယ်။
ကားတံခါးကနေ အပြင်ကိုငေးကြည့်ရင်း လိုက်ပါလာခဲ့သည်။
မနေ့က နေရာမှာ Bogum Hyung
သူကိုမြင်သွားပုံ တစ်ဆက်ထဲ မောင်ကိုပါ မြင်သွားပုံပင်။
သူလည်း Bogum Hyungကို ပြုံးပြခဲ့‌သည်။
" Kim Taehyung ခင်ဗျား ဘယ်သူကိုပြုံးပြနေတာလဲ "
" အာ မဟုတ်ပါဘူး ငါတွေးမိလို့ပါ "
" ဘယ်သူအကြောင်းတွေးတာလဲ "
မောင်က ယောင်္ကျားလေးနှင့် ဆက်ဆံတာသဘောမကျဘူးမလား။
မောင်ကို Bogum Hyungအကြောင်း ပြောပြပြီး စိတ်မတိုစေချင်ပါ။
အဲဒါကြောင့် မောင်ရဲ့လက်တစ်ဖက်ကိုကိုင်ကာ
" ငါကမင်း‌အကြောင်းတွေးနေတာပေါ့ Jungkookရယ် "
ရယ်ပြုံးသွားတဲ့ မောင်မျက်နှာ
မောင်ရယ် မင်းက နားလည်ရခက်လိုက်လေခြင်း။
ငါကိုချစ်တာလား မချစ်တာလား ဟမ်
မင်းချစ်ချစ်မချစ်ချစ်
ငါကတော့ မင်းကိုသိပ်ချစ်တာပါမောင်ရယ်
Kim Taehyungက သူ‌အကြောင်းတွေးတယ်ပြောတော့ Jungkookရင်ထဲ ကြည့်နူးမှုလေ ဖြတ်သန်းသွားသည်။
ရပ်စမ်း Jungkook
ဒီလူက မင်းကိုလှည့်ဖျားနေတာ။
မင်းမျောပါသွားလို့ မဖြစ်ဘူး။
ဦးနှောက် သတိအတန်တန်ပေးပေမဲ့
နှလုံးသားကတော့ ပျော်ရွှင်မှုတွေနဲ့ Kim Taehyung ရဲ့ လက်ကလေးက ဆုတ်ကိုင်ထားသည်။
....
Jimin, Yaung, Eunwoo, BamBam, Jingoo တို့ တစ်ဖွဲ့ကြီး ကျောင်းအပေါက်၀ကြီးမှာ ငုတ်တုတ်ထိုင်ကာ Taehyung နဲ့ Jungkookကို စောင့်နေကြသည်။
မှိုတက်အောင်ပစ်ထားတက်တဲ့ Jeon Jungkook ရဲ့ Instagram accountက Notiတက်လာသည်။
အကျဉ်းချုပ်ကတော့ Taehyungနဲ့ သူအကြောင်းကို တရား၀င်ကြေညာထားတာပင်။
ထိုနည်းဖြင့် တစ်ကျောင်းလုံးကို Kim Taehyungက Jeon Jungkookရဲ့ တရား၀င်ရည်းစားဆိုတာသိစေသည်။
အဲနေ့ကစပြီး Kim Taehyung နဲ့ Jeon Jungkook အတွဲဟာ လူစိတ်၀င်စားမှု အကောင်းဆုံးအတွဲဖြစ်ခဲ့လေသည်။
" တကယ်ကြီးလား Jungkookက Hyungကို တရား၀င်ထုတ်ပြတာ "
BamBamရဲ့ အံဩသလိုအသံကြီး
" ငါတို့ ယုံသင့်သလား "
" မသိဘူးလေ "
Jungkookတို့ အဖွဲ့ကလူတွေကတော့ တကယ်အံဩမိပါသည်။
ဘာလို့ဆို Taehyung Hyungနဲ့ စတွဲကတည်းက ‌အပျော်ဆိုပြီး ပြောခဲ့ပေမဲ့ တရား၀င်ထုတ်ပြလိမ့်မယ်မထင်တာ။
Jungkookဆိုတဲ့ ကောင်က ဘယ်ရည်းစားမှ တရား၀င်ထုတ်မပြဘူးဘူး
ကောင်းသောဆိုရင် သူတို့အားလုံး၀မ်းသာပေးကြမှာပါ။
ဒါပေမဲ့ စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တွေ ခံစားနေရသည်။
အဆင်ပြေဖို့ မျှော်လင့်ရမှဘဲလေ။
အားလုံးရဲ့ စောင့်မျှော်နေတဲ့ Jungkook နဲ့ Taehyung ကျောင်းထဲ၀င်လာချိန်မှာတော့ ကျောင်းသားတိုင်းဟာ သူတို့ကိုဘဲ ‌အာရုံစိုက်နေသည်။
Taehyungက ဘာမှမသိပေမဲ့ Jungkookကတော့ သူအစီအစဉ်ရဲ့ ဒုတိယမြှောက်ခြေလှမ်းအတွက် ဂုဏ်ယူနေတော့သည်။
ပထမဆုံးခြေလှမ်းက Kim Taehyungကို သူအနားခေါ်ထားချင်ပင်
" Taetae "
" Mochi "
" မင်းသိလား "
" ဟမ် "
Taehyungကို Jungkookရဲ့ postပြလိုက်တော့ Taehyungက သူတို့ထက်ပင် အံဩလျှက်
" Jungkook ဒါက "
" ဟုတ်တယ်လေ ကျုပ်ကခင်ဗျားကို တရား၀င်တွဲမလို့ "
" အဲလောက်ကြီး_ "
" ကျစ် Kim Taehyung ခင်ဗျား ဘာဖြစ်ချင်နေတာလဲ "
" အင်းပါ မင်းသဘော "
Taehyungလက်ကိုဆွဲကာ
" ဒီနေ့ကစပြီး ခင်ဗျား ကျုပ်တက်တဲ့အတန်း ကျုပ်နေတဲ့အခန်းဘဲနေရမယ် "
" Jungkook အဲဒါက "
" လွန်ဆန်နေတာလား Kim Taehyung "
" မင်းသဘော "
ခပ်တည်တည်နဲ့ သူငယ်ချင်းတွေကြားက Kim Taehyungကို ဆွဲခေါ်လာသည်။
" ကျုပ်ပြောမယ် "
" အင်း "
" ခင်ဗျား မိန်းကလေးတွေနဲ့လည်း အပေါင်းအသင်းမလုပ်နဲ့ ယောင်္ကျားလေးတွေနဲ့လည်း အပေါင်းအသင်းမလုပ်နဲ့ "
" ... "
Taehyungပြောစရာ စကားများပျောက်ရှသွားသည်။
တဆိတ် ချုပ်ချယ်လွန်းမဟုတ်ဘူးလား
" ဘာလို့ငြိမ်နေတာလဲ Kim Taehyung
ကျုပ်ကိုလွန်ဆန်တာလား "
ဦးနှောက်က မဖြစ်သင့်ဘူးပြောပေမဲ့ နှလုံးသားကတော့ ပြောတယ်
" မင်းသဘော "
" လိမ္မာစမ်းပါ ခင်ဗျားရာ "
သူပါးလေးကို ရွတ်ကနဲ့ နမ်းတဲ့မောင်
ပါးချိုင့်သေးသေးလေးတွေ ပေါ်တဲ့ထိ ပြုံးနေတဲ့ မောင်ပါလေ။
ငါက‌မောင်အပြုံးတွေ ငါကြောင့်ဖြစ်တည်ဖို့ မောင်သတ်မှတ်ချက်တွေ နာခံပါမယ်။
မောင်အပေါ် ငါအဲလောက် ရူးသွပ်နေမိပါတယ် မောင်ရယ်။
ငါတော့ မင်းကိုသိပ်ချစ်တာဘဲမောင်ရယ်
....
အဲနေ့ကစပြီး မောင်ကသူအပေါ်သိပ်ချုပ်ချယ်လှသည်။
ယောင်္ကျားလေးတွေနဲ့စကားပြောတာမြင်ရင် အဲကောင်လေးကို ရန်ရှာပြီး ရိုက်နှက်သည်။
ကြာလာတော့ သူကိုဘယ်သူမှ စကားတောင်လာမပြောရဲ။
သူငယ်ချင်းတွေနဲ့လည်း တွေ့ခွင့်ပိတ်ထားသည်။
သူကမောင်မျက်နှာ တစ်ရွာမို့ နာခံနေပေမဲ့ မောင်မတရားမှန်းသိပါသည်။
Mochiတို့က သူကိုအပြစ်မပြောပေမဲ့ မောင်ကိုတော့ အကောင်းမမြင်။
တစ်ပတ်နှစ်ပတ်တော့ မောင်သူနဲ့အတူ ကျောင်းဆင်းကျောင်းတက်လုပ်ပြီး ညဘက်အ‌ပြင်မထွက်ပေမဲ့ အခုနောက်ပိုင်း မောင်ဟာ ညဘက်တွေ အပြင်ထွက်လွန်းသည်။
ညအိပ်ရင် မောင်ရှိမှာ အိပ်တက်တော့တဲ့ သူမှာ ညတိုင်းနီးပါး ဧည့်ခန်းထဲမှာထိုင်စောင့်ခဲ့ရသည်။
မိုးလင်းခါနီးပြန်လာတဲ့ မောင်ညတွေက ရက်ဆက်ပင်။
ကောင်မလေးတွေနဲ့ ဟိုဟိုဒီဒီသတင်းထွက်နေပေမဲ့ သူတစ်ချက်မပြောရဲခဲ့။
မောင်ဘက်က ဟုတ်တယ် ကျုပ်အဲမိန်းကလေးနဲ့ တွဲနေတာလို့ ပြောမှာကိုမခံစားနိုင်တာပင်။
သူမှာ ခံစားချက်တွေက ရူးတော့မလိုပင်။
သူ့အကြောင်းတွေကို Mochiတို့ကို ပြောပြရင် မောင်ကိုပိုပြီး မကောင်းမြင်မှာစိုးလှသည်။
အဲဒါကြောင့် သူDiaryရေးဖို့ စဉ်းစားခဲ့သည်။
မောင်ကို စောင့်ခဲ့တဲ့ညတိုင်း Diaryရေးခဲ့သည်။
အခုလည်း ည12ရှိနေပြီပေမဲ့ မောင်ပြန်မလာသေးပါ။
မနက်ဖြန်ဟာ သူတို့နှစ်ယောက်တွဲတာ တစ်လပြည့်ပင်။
မောင်မှတ်မိဖို့ မျှော်လင့်မိသည်။
‌ခပ်ခွေခွေလေးနေရင်းက အိမ်ရှေ့မှ ကားသံကြားတာ‌ကြောင့် သူရဲ့အာရုံတွေဟာ နိုးကြားလျှက်။
Autoတံခါးဖြစ်တာကြောင့် သူထဖွက့်ရန်မလို။
မောင်က အိမ်ထဲ၀င်လာပြီး သူကိုမြင်တော့
" Kim Taehyung ခင်ဗျား မအိပ်သေးဘူးလား "
‌နည်းနည်းထွေနေတဲ့ မောင်ကသောက်လာပုံ။
မောင်အနားကို ကပ်ကာ မောင်တွဲလိုက်သည်။
" အင်း ငါမအိပ်သေးဘူး "
" ဘာလို့ မအိပ်တာလဲ ခင်ဗျားက "
" မင်းမှာ ပြန်မလာသေး‌တာ "
မောင်က ရယ်သည်။
အားရပါးရကို
" Kim Taehyung ခင်ဗျားသိလား ကျုပ်အပေါ်ကိုလေ Kim Taehyungဆိုတဲ့ ခင်ဗျား ပျော်၀င်နေတာ မြင်ရတာ အရသာရှိလိုက်တာ "
ဒီတစ်လအတွင်း Taehyung မောင်ကို ချစ်ကြောင်းပြောခဲ့သည်။
အကြိမ်ပေါင်းမရေမတွက်နိုင်အောင် လိင်ဆက်ဆံခဲ့ပေးမယ့် မောင်ကသူကို ချစ်တယ်လို့ တစ်ခါမှမပြောခဲ့ပါ။
တစ်ခါတစ်ရံမှာ ဖြစ်တည်တက်တဲ့ မောင်ရဲ့ ဂရုစိုက်မှုတွေကြားပျော်၀င်မိသည်။
မောင့်ချုပ်ချယ်မှုတွေကြား နစ်၀င်ခဲ့သည်။
မင်းသဘော ဆိုကာ အရာအားလုံးလိုက်လျောခဲ့ပေးမဲ့ မောင်ဆီက ချစ်တယ်ဆိုတဲ့ စကားကိုမကြားခဲ့ရ။
" ဟုတ်တာပေါ့ Jungkook ရယ် ငါကမင်းအပေါ် ပျော်၀င်တာ နစ်မွန်းနေတာ ငါကမင်းရဲ့ လူပါ "
" ဟုတ်တယ် ခင်ဗျားက ကျုပ်ဆိုတဲ့ Jeon Jungkookရဲ့လူ "
" အင်း အိပ်ရအောင် Jungkook ငါအိပ်ချင်လှပြီ "
" ကျုပ်မအိပ်ချင်ဘူး Kim Taehyung "
" ငါသီချင်းဆိုပြမယ်လေ "
" အင်း "
ဒါကတော့မောင့်အကျင့်လေးတစ်ခုပေါ့ မူးရင် သူကိုတအားရစ်ပြီး တော်တော်နဲ့မအိပ်တက်။
သောက်လာရင် အမြဲသီချင်းဆိုသိပ်ရသည်။
ရောက်တက်ရာရာ သီချင်းတွေကို ဆိုပြတော့ မောင်က အိပ်ပျော်သွားသည်။
မောင်နဖူးလေးကို အမြတ်တနိုးနမ်းကာ
ငါတော့ မင်းကိုသိပ်ချစ်တာဘဲမောင်ရယ်
ဆက်ရန်>>>
2201 words
7:58Pm
31.5.2023
Tulip V
zaw
" Taehyungi Taehyungi "
" အော အော "
" အင်း အင်း သွားမယ်လေ "
" ဘာလို့လဲ Mochiရ "
" ကိုကိုက_ "
Min Yaungက အနောကျကလျိုကျ လူဆိုးမလေးကို သဘောကျတဲ့ Eunwooကလည်း အနောက်က လိုက်ရရှာသည်။
....
....
မောင်မလား၊
" Jungkook "
ငါကတော့ မောင့်လူပါ။
မောင့်လူ။
ငါကအဆင်ပြေတာမို့။
....
" အင်း အင်း သွားမှာ "
" ကျုပ်ရွေ့သွားထားတာ "
" ဘယ်လို "
နားလည်မှုလွဲသွားပုံ၊
" ဒါကျုပ်အခန်းလေ ပွီးဝောာ့ ခင်ဗျားက ဒီအခန်းမနေဘဲ ဟိုဘက်ခန်းဘာလို့သွားနေတာလဲ "
" ငါမသိလို့ပေါ့ "
" ထားပါ ဒီအခန်းမှာဘဲနေ "
" ဟို ဟို ငါနာနေတုန်းဘဲ "
" ဪ ငါကိုစောင့်နေတာလား "
" ငါမှာ ကားပါလာတယ် "
" အဲတော့ "
" အင်းပါ မင်းသဘော "
ရပ်စမ်း Jungkook
....
" ငါတို့ ယုံသင့်သလား "
" မသိဘူးလေ "
" Taetae "
" Mochi "
" မင်းသိလား "
" ဟမ် "
" Jungkook ဒါက "
" အဲလောက်ကြီး_ "
" အင်းပါ မင်းသဘော "
Taehyungလက်ကိုဆွဲကာ
" Jungkook အဲဒါက "
" မင်းသဘော "
" ကျုပ်ပြောမယ် "
" အင်း "
" ... "
" မင်းသဘော "
....
" အင်း ငါမအိပ်သေးဘူး "
" မင်းမှာ ပြန်မလာသေးတာ "
မောင်က ရယ်သည်။
အားရပါးရကို
" ငါသီချင်းဆိုပြမယ်လေ "
" အင်း "
ဆက်ရန်>>>
2201 words
7:58Pm
31.5.2023
Tulip V
Continue Reading
You'll Also Like
71.5K 180 16
These are stories of people giving birth -multiple stories-
20.6K 536 7
Yasmin Monroe signs up for Love Island 2024 looking to find her perfect match.
190K 20.3K 56
"කේතු දන්නවද මම කේතුට කොච්චරක් ආදරෙයි කියල ?" "හැමතිස්සෙම වචනෙන් නොකිව්වත් සර්ගෙ ඇස් මගේ ඇස් එක්ක පැටලෙනකොට ඒ දිලිසෙන ඇස්වලින් මට පේනවා සර් මට කොච්...
813K 16.3K 112
Yaszy Romano has been through so much pain and suffering her entire life but it makes her who she is. Dark Angel...Dangerous, Powerful. An Assassin...