แ€•แ€ผแ€”แ€บแ€œแ€Šแ€บแ€›แ€พแ€„แ€บแ€žแ€”แ€บแ€แ€ฝแ€„แ€บแ€ทแ€›แ€แ€ฒแ€ท แ€–แ€ฏแ€˜แ€œแ€ฑ...

By PannKhattWaiio

364K 57.8K 2.5K

fun translation.... fake novel name๐Ÿ™ƒ pic from pinterest @pngtree ,I also post screenshot๐Ÿ˜‰ More

แ€กแ€™แ€พแ€ฌแ€…แ€ฌ
แ€ฑแ€–แ€ฌแ€นแ€ปแ€•แ€แ€บแ€€แ€น แ€–แ€ฑแ€ฌแ€บแ€•แ€ผแ€แ€ปแ€€แ€บ
แ
แ‚
แƒ
แ„
แ…
แ†
แ‡
แˆ
แ€•แ€ฏแ€‡แ€ผแ€”แ€นแ€Ÿแ€„แ€นแ€ธแ€™แ€บแ€ฌแ€ธ แ€•แ€ฏแ€‡แ€ฝแ€”แ€บแ€Ÿแ€„แ€บแ€ธแ€™แ€ปแ€ฌแ€ธ
แ‰
แแ€
แแ
แแ‚
แแƒ
แแ„
แแ…
แแ†
แแ‡
แแˆ
แ€แ€›แ€™แ€นแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€นแ€ธแ€œแ€บแ€ฌ แ€žแ€ถแ€ฏแ€ธแ€™แ€บแ€ญแ€ณแ€ธ แ€แ€›แ€™แ€บแ€ธแ€žแ€ฎแ€ธ แ€Ÿแ€„แ€บแ€ธแ€œแ€ปแ€ฌ แ€žแ€ฏแ€ถแ€ธแ€™แ€ปแ€ญแ€ฏแ€ธ
แแ‰
แแ‰ แ€กแ€†แ€€แ€บ
แ‚แ€
แ‚แ
แ‚แ แ€กแ€†แ€€แ€น แ‚แ แ€กแ€†แ€€แ€บ
22
แ‚แƒ
แ€กแ€•แ€ญแ€ฏแ€„แ€บแ€ธ แ‚แƒแ€กแ€†แ€€แ€บ
แ‚แ„
แ‚แ…
แ‚แ†
แ‚แ† แ€กแ€†แ€€แ€บ
แ€œแ€ฑแ€ธแ€›แ€ฌแ€žแ€ฎ แ€•แ€ฝแ€ฒ
แ‚แ‡
แ‚แ‡ แ€กแ€†แ€€แ€บ
แ‚แˆ
แ‚แ‰
แƒแ€
Channel
แƒแ
แƒแ‚
Unpublish
แƒแƒ
แƒแ„
แƒแ…
แƒแ†
แƒแ‡
แƒแˆ
แƒแ‰
แ„แ€
แ„แ
แ„แ‚
แ„แƒ
แ„แ„
แ„แ…
แ„แ†
แ„แ‡
แ„แˆ
แ„แ‰
แ…แ€
แ…แ
แ…แ‚
แ…แƒ
แ…แ„
แ…แ…
แ…แ†
แ…แ‡
แ…แˆ
แ…แ‰
แ†แ€
แ†แ
Tele
แ†แ‚
แ†แƒ
แ†แ„
แ†แ…
แ†แ†
แ†แ‡
แ†แˆ
แ†แ‰
แ‡แ€
แ‡แ
แ‡แƒ
แ‡แ„
แ‡แ…
แ‡แ†
แ‡แ‡
แ‡แˆ
แ‡แ‰
แˆแ€
แˆแ
แˆแ‚+แˆแƒ
แˆแ„+แˆแ…
แˆแ†
แˆแ‡+แˆแˆ+แˆแ‰

แ‡แ‚

1.4K 295 1
By PannKhattWaiio

အပိုင်း ၇၂

ဟော်ယွန်ချန်းက ယွမ့်ထန်းကို အဖော်ပြုပြီးဆေးရုံသို့ လိုက်ပို့ပြီးနောက်တွင် သူ့အား ပြောလာသည်။

“ကိုယ် ကျိုးကျင်းနဲ့ကိစ္စကို တိုင်ပင်စရာ နည်းနည်းရှိသေးတယ် မင်းအရင်သွားနှင့်ပါ။ ကိုယ်က ကားထဲမှာပဲ စောင့်နေမယ်။ မင်း အဆင်သင့်ဖြစ်ပြီး သွားတော့မယ်ဆိုမှ ကိုယ့်ကို လာရှာလှည့်ပါ”
“ကောင်းပါပြီ ချန်းကောကို ဒုက္ခပေးရတဲ့အတွက် အားနာပါတယ်”

ယွမ့်ထန်းက ဟော်ယွန်းချန်းလုပ်ပေးသမျှဟာ သူ့အတွက်ဖြစ်ကြောင်း နားလည်နေသည့်အတွက် အလွန်ကျေးဇူးတင်မိသွားသည်။
သူကအပေါ်ထပ်သို့တက်သွားပြီးနောက်တွင် ယွမ့်ယွီက သူနာပြု၏အကူအညီဖြင့် ဆေးဖန်ပေါင်းချောင်ထဲမှထွက်လာပြီး နူးညံ့သောကုတင်ပေါ်တွင် ပြန်လှဲနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

ယွမ့်ယွီကလည်း တံခါးနားတွင်ရပ်နေသည့် အစ်ကိုဖြစ်သူကို မြင်လိုက်ရသည်နှင့် အညိုရောင်မျက်ဝန်းတစ်စုံက တောက်ပသွားတော့သည်။ သူက ပျော်ရွှင်စွာလှမ်းအော်သည်။

“အစ်ကို”

ယွမ့်ထန်းကလည်း ဖျော့တော့စွာပြုံးလိုက်သည်။ သူကယွမ့်ယွီ၏အနားသို့လျှောက်သွားပြီးနောက်တွင် လက်ကိုဆန့်တန်းကာ နူးညံ့သည့်ဆံပင်များကို ပွတ်သတ်လိုက်သည်။

“အစ်ကိုက ဒီမှာပါ ရှောင်ယွီလေး ဗိုက်ဆာနေပြီလား”

“ဆာနေပြီ”

ကလေးက ခေါင်းကို ဆက်တိုက်ငြိမ့်သည်။

ခုံတစ်ခုံကို ဆွဲထုတ်ပြီးနောက် ထိုနေရာတွင် ထိုင်ချလိုက်ပြီး သူယူလာသည့်ဘူးအဖုံးကိုဖွင့်လိုက်သည့်အခါ အလွန်ပြင်းထန်သည့် အသားရနံ့က ချက်ချင်းထိုးထွက်လာတော့သည်။ အနားတွင်ရှိနေပြီး ဆေးဖန်ပေါင်းချောင်ကို ပြန်သိမ်းနေသည့် နက်စ်မကပင် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူကတံတွေးကိုမျိုချပြီးနောက် ခေါင်းကိုလှည့်ကြည့်လာသည့်အခါ ယွမ့်ထန်း၏လက်ထဲတွင်ရှိသည့် ထမင်းဘူးထံသို့ရောက်လာသည်။

“အရင်ဆုံးအရွက်ကိုစား ဒါက ကျန်းမာရေးအတွက် ကောင်းတယ်”

ယွမ့်ထန်းက ညီဖြစ်သူကို အရွက်ကြော်အရင်ကျွေးသည်။ ဘူး၏ မြင့်မားသည့် အရည်အသွေးကြောင့် အရသာအပေါ် သက်ရောက်မှုမရှိပဲ ပူနွေးနေဆဲဖြစ်သည်။ ယွမ့်ယွီက နာခံစွာဖြင့် ဟင်းကို စားပြီးနောက် ဟန်းစတားငယ်လေးလိုမျိုး လျင်မြန်စွာ ဝါးစားနေခြင်းက ချစ်စရာကောင်းလွန်းလှသည်။

ယွမ့်ထန်းကမနေနိုင်ပဲ ကလေး၏ပါးလေးကို ညစ်လိုက်ကာမေးလိုက်သည်။

“အရသာရှိလား”

“အရသာရှိတယ်”

ယွမ့်ယွီက နူးညံ့သည့်အရွက်အရသာနှင့် အငန်ဓာတ်ကဲသည့် အရသာမျိုးကို အလွန်သဘောကျသည်။ ပါးစပ်အပြည့် ဝါးစားပြိးနောက်တွင် ချက်ချင်းလိုလို ပါးစပ်ကို ဟပေးလိုက်သည်။ အရင်ကဆိုလျှင် ယွမ့်ယွီက သူ၏အသက်ဆက်ရှင်ရန်အတွက် အားဖြည့်ဆေးရည်များကိုသာလျှင် မှီခိုနေခဲ့ရသည်။ ယခုအခါ သူ၏အစာအိမ်က အလွန်နူးညံ့လွန်း နေခဲ့သည်။ မနေ့က ပထမဦးဆုံးအကြိမ် သဘာဝစားစရာများကို စစားသည့်တိုင်အောင် ယွမ့်ထန်းက ဒီနေ့အများကြီးမကျွေးရဲသေးချေ။ ထို့ကြောင့် အရွက်ကြော်သုံးဇွန်းအပြည့် ကျွေးပြီးသည့်နောက်တွင် စွပ်ပြုတ်ကို စားလိုက်သည်။ အရသာရှိသော အရိုးစွပ်ပြုတ်က မနေ့က ကြက်သားဆန်ပြုတ်ထက် ပို၍ကောင်းသည်။ ယွမ့်ထန်းက ဇွန်းအသေးကိုသုံးပြီး အရိုးထဲမှ ခြင်ဆီများကို ခပ်ထုတ်လိုက်ကာ ယွမ့်ယွီကိုကျွေးသည်။ အရသာရှိပြီး အသားဓာတ် အပြည့်ပါသည်။ ထိုအရသာက ကလေးကို အားဖြည့်ပေးနိုင်သည့်အပြင် အရသာရှိလှသည့်အရသာကြောင့်လည်း ယွမ့်ယွီက သဘောကျပေလိမ့်မည်။ ဒါက သူ၏စားချင်စိတ်ကို တိုးမြင့်လာစေနိုင်စွမ်းရှိသည်။ ထို့အပြင် နူးညံ့သောမုန်လာဥကလည်း အသားထက်ပင် ပို၍အရသာရှိနေသေးသည့်အတွက် ယွမ့်ယွီက ပျော်ရွှင်စွာ တစ်ကိုက်ပြီးတစ်ကိုက်စားတော့သည်။

သို့ရာတွင် ကလေး၏ စားသောက်နိုင်စွမ်းက နည်းပါးသေးသည်။ သိပ်မကြာခင်မှာတင် သူ၏ဗိုက်လေးက စတင်ဖောင်းလာတော့သည်။ သူ၏ပါးစပ်က ဆက်စားချင်သော်လည်း ဝမ်းဗိုက်က လက်မခံတော့ပဲ ငြင်းဆန်လာသည်။
ဘူးထဲတွင် စွပ်ပြုတ်တစ်ဝက်ပင် ကျန်နေသေးလေသည်။ သူကအဖုံးပိတ်တော့မည့်အချိန်တွင် သူနာပြု၏ စူးရှသည့်အကြည့်ကို ခံစားလိုက်ရသည်။

ယွမ့်ထန်း “…”

သူနာပြုက ယွမ့်ထန်းနှင့် အကြည့်ချင်းဆုံသွားသည့်အခါ တစ်ဖက်သူ၏မျက်နှာတစ်ခုလုံးက နီရဲသွားတော့သည်။ သို့သော်သူက ဘူးထံမှအကြည့်ကို မရွေ့ချေ။ ကလေး၏စားစရာကို စားချင်နေခြင်းက အရှက်ရစရာကောင်းသော်လည်း ရနံ့ကမွှေးလွန်းနေသည်။ သူ သူ့ကိုယ်သူ မထိန်းချုပ်နိင်တော့ချေ။

မျက်လုံးနှစ်စုံ… မျက်လုံးကြီးတစ်စုံနှင့် မျက်လုံးငယ်တစ်စုံတို့က အချိန်အတန်ကြာ ဆုံနေပြီးနောက်တွင် ရုတ်တရက် ယွမ့်ယွီ၏ ညင်သာသည့်အသံလေးကိုကြားလိုက်ရသည်။

“အစ်ကိုဝမ် ကျွန်တော့်ရဲ့အစ်ကိုလုပ်လာပေးတဲ့ စွပ်ပြုတ်ကို သောက်မလား။ ဒါကတကယ်အရသာရှိတယ်”

“အာ ငါ ငါမြည်းလို့ရလား”

သူနာပြုဝမ်က တံတွေးမျိုချပြီးနောက်တွင် သူ၏ပါးများကပင် နီရဲလာတော့သည်။ သို့တိုင်အောင် သူကစားချင်စိတ်ကို မထိန်းချုပ်နိုင်ချေ။

“အစ်ကိုဝမ်သာ စိတ်မရှိရင်…”

“ဒါပေါ့ ငါစိတ်မရှိဘူး”

သူနာပြုဝမ်က တုံ့ဆိုင်းမနေပဲဖြေလိုက်သည်။ သူကဘူးကို စူးရှစွာကြည့်လာပြီး ဇွန်းကိုပင်ဂရုမစိုက်တော့ဘဲ ထိုဘူးကိုပင် စောင်းကာ တိုက်ရိုက်မော့သောက်သည်။

“အရသာရှိလိုက်တာ ဒါက ကောလဟာလထွက်နေတဲ့ သဘာဝစားစရာ ဆိုတာလား။ အကယ်ဒမီသိပ္ပံက ဒါကို ဆက်တိုက်စားကြည့်ဖို့ နှိုးဆော်နေတာ မအံ့သြတော့ဘူး။ အားဖြည့်ဆေးရည်တွေထက် အဆတစ်ထောင်မက အရသာရှိတယ်”

သူက ဘူးကို ကိုင်ပြီးနောက် ဆက်တိုက်ပင် မျိုချတော့သည်။ အထဲတွင်ရှိသော စွပ်ပြုတ်များက ဘယ်သောအခါမှ မကုန်လျှင် အကောင်းဆုံးဖြစ်မည်ဟု တွေးတောနေတော့သည်။ သို့သော် ထိုအချက်ကပင် မဖြစ်နိုင်ချေ။ စွပ်ပြုတ်ကို သောက်ပြီးနောက်တွင် သူက ဘူးအဖုံးကို လျက်ချင်စိတ်ကိုပင် မနည်းထိန်းကာ ယွမ့်ထန်းကို ဘူးအလွတ် ပြန်ပေးလိုက်သည်။

“မင်းရဲ့ဧည့်ခံမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်။ လက်ရာက အရမ်းကောင်းတယ်”

“သဘောကျတဲ့အတွက် ကျွန်တော်က ဝမ်းသာပါတယ်။ ကျွန်တော်က အစ်ကိုဝမ်နဲ့ ဒေါက်တာထန်းတို့ကို ကျွန်တော့်ရဲ့ညီငယ်လေးကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူးတင်ချင်နေတာပါ”

ဆရာထန်းနှင့် အခြားသော ဆေးဝန်ထမ်းတို့ကသာ ယွမ့်ယွီကို ကုသရန် တောင်းဆိုထားသောကြောင့်သာ မဟုတ်လျှင် သူ့ကလေးက သူရောက်လာသည်အထိ တောင့်ခံနိုင်မည်မထင်ချေ။ ထို့ကြောင့် ယွမ့်ထန်းက ထိုလူများကို အလွန်ကျေးဇူးတင်မိသည်။

“မင်းကယဉ်ကျေးလွန်းနေပြန်ပြီ။ ငါတို့က ငါတို့ရဲ့အလုပ်…”

ရုတ်တရက် အပြင်ဘက်မှ ကျယ်လောင်သည့်မိုးခြိမ်းသံက ထွက်လာသည်။

သူနာပြုဝမ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားတော့သည်။ သူက အခန်းအပြင်ဘက်သို့ ချက်ချင်းထွက်သွားပြီးသည်နှင့် ကော်ရစ်တာဘေးတွင်ရှိသည့် ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ကြည့်သည်။ သေချာစွာပင် ကောင်းကင်က စတင်မဲမှောင်နေပြီဖြစ်သည်။ ကြည်လင်သောကောင်းကင်က သိပ်သည်းသော အနက်ရောင်တိမ်များဖြင့် အစားထိုးလာသည်။

“မကောင်းတော့ဘူး မိုးရွာတော့မယ်။ မင်းတို့တွေ ဆေးရုံကထွက်လို့မဖြစ်တော့ဘူး။ ကိစ္စတွေက စပြီးအလုပ်များတော့မယ်”

“နေပါဦး ကျွန်တော်မေးပါရစေ မိုးနဲ့ပတ်သတ်ပြီး တစ်ခုခုထူးခြားတာများ ရှိနေလို့လား”

ယွမ့်ထန်းကလည်း သူနာပြု၏ ကြောက်မက်ဖွယ်ကောင်းသော ရန်သူကို ရင်ဆိုင်ရတော့မည့်အရေးကို မြင်ယောင်နေသည့် မျက်နှာထားမျိုးဖြစ်နေသည့် အတွက်ကြောင့် မေးမြန်းလိုက်တော့သည်။

ဒါကမိုးရွာတာပဲမဟုတ်ဘူးလား။ ဘာလို့ဒီလောက်အထိ ထိတ်လန့်နေရတာလဲ။

သူနာပြုဝမ်က သူတို့က ကြယ်မြို့တော်မှရောက်လာခြင်းဖြစ်ပြီး ဒီနေရာရှိ ဂြိုလ်နံပါတ် ၁၉ ၏အခြေအနေများကို မသိကြောင်း သတိရသောအခါ လျင်မြန်စွာ ရှင်းပြသည်။

“ငါတို့ဂြိုလ်ရဲ့နေရာအများစုကို ရေလွှမ်းသွားလိမ့်မယ်။ မိုးရွာလာတာနဲ့ ရေတက်နှုန်းက အရမ်းမြန်တယ်။ ဒီဂြိုလ်က မကြာခဏ ရေကြီးလေ့ရှိတယ်။ အဲဒီအခါ ရေထဲမှာ ရေမကောင်းဆိုးဝါးတွေ ပါလာလိမ့်မယ်။ အဲဒီမကောင်းဆိုးဝါးတွေက လူတွေကို ဒဏ်ရာအပြင်းအထန် ပေးနိုင်စွမ်းရှိတယ်။ ဒီတော့ ငါတို့ဒီရေစီးတာကို ကာကွယ်ဖို့အတွက် ကြိုတင်ပြင်ဆင်ရလိမ့်မယ်။ စက်ရုံထဲကို ရေတွေ အဝင်ခံလို့ မဖြစ်ဘူး”

“ကျွန်တော်သိပြီ ဒါဆိုရင်ကျေးဇူးပြုပြီး မနှောင့်နှေးပါစေနဲ့”

ရေမကောင်းဆိုးဝါးဟုတ်လား

ယွမ့်ထန်းက ပြတင်းပေါက်နားသို့ လျှောက်သွားပြီးနောက် စတင်ကာ တိမ်မဲများဖြင့် ပြည့်နှက်လာသည့် ထူထပ်သိပ်သည်းနေသော ကောင်းကင်ကို ကြည့်သည်။ ပင်လယ်က စတင်ကာ လှိုင်းလုံးများ မြင့်တက်လာပြီ ဖြစ်ပြီး လေတိုးသံကလည်း အလွန်ပြင်းထန်လာသည်။
ယွမ့်ထန်းကလည်း ထိုထဲတွင် မည်သို့သော မကောင်းဆိုးဝါးများ ရှိနေမည်ဖြစ်ကြောင်း နားမလည်ချေ။ ထိုမကောင်းဆိုးဝါးများက မည်မျှကြောက်မက်ဖွယ်ကောင်းမည် ဖြစ်ကြောင်းကိုလည်း မသိချေ။ ဟော်ယွန်ချန်းက အလွန်အင်အားကြီးကြောင်း သိသော်လည်း သူသာ တိုက်ခိုက်ခံရလျှင်ဆိုပြီး စတင်ကာ စိုးရိမ်လာသည်။ သူ၏ခုခံအားမဲ့နေသော အခြေအနေမျိုးနှင့် ဒဏ်ရာရသွားနိုင်သေးသည်။

သူနာပြုဝမ်က အလျင်စလို ထွက်သွားပြီးနောက် ယွမ့်ထန်းက သူ၏အလင်းဦးနှောက်ကိုဖွင့်ကာ ဟော်ယွန်ချန်းထံ ဆက်သွယ်လိုက်သည်။ မိုးကသာရွာပြီး ရေကသာမြင့်တက်လာမည်ဆိုလျှင် ဟော်ယွန်ချန်း၏ကားက ရေလွှမ်းသွားနိုင်သည်။ ရေမလွှမ်းသည့်တိုင်အောင် ရေထဲတွင်ရှိသည့် ရေမကောင်းဆိုးဝါးက အန္တရာယ်များလေဟန် ရလေရာ သူ့ကို ကားကိုထားခဲ့ပြီး ဆေးရုံထဲလာနေရန် ပြောလိုသည်။

သို့ရာတွင် ဟော်ယွန်ချန်းက ကျိုးကျင်းနှင့် စကားပြောနေသေးပြီး သူ့အားပြန်မဖြေခဲ့ချေ။ ထို့ကြောင့်ဆက်သွယ်၍မရဘဲဖြစ်နေခဲ့သည်။ မိုးခြိမ်းသံကိုနားထောင်ပြီး လျှပ်စီးများကို မြင်နေရသည့်အခါ ယွမ့်ထန်းက အလွန်စိုးရိမ်လာတော့သည်။

“ရှောင်ယွီ မနေ့ကလာခဲ့တဲ့ အစ်ကိုဟော်ကို မှတ်မိတယ်မဟုတ်လား။ သူကအောက်မှာ ရှိနေတယ်။ အစ်ကိုက သူ့ကို သွားရှာလိုက်ဦးမယ်။ ဒီနေရာမှာနေပြီး အစ်ကို့ကိုပြန်စောင့်နေနော်”

သူက နှလုံးသားထဲမှ စိုးရိမ်မှုကို အတင်းဖိနှိပ်လျက် ယွမ့်ယွီကို ညင်သာစွာမေးသည်။

“ဟုတ်ကဲ့အစ်ကို”

ယွမ့်ယွီကလည်း နာခံစွာ ခေါင်းညိတ်သည်။
သူက သူ၏အစ်ကိုဖြစ်သူကို ပထမဦးဆုံးအကြိမ် မြင်ရသကဲ့သို့ ဒီအစ်ကိုက သူ့အား စွန့်ပစ်သွားမည်ကို မစိုးရိမ်တော့ချေ။ သူ၏အစ်ကိုက သေချာပေါက် ပြန်လာရှာမည်မှန်း နားလည်သွားသည်။

ယွမ့်ထန်း သူ၏ညီငယ်၏ နူးညံ့သည့်နဖူးကိုတစ်ချက်နမ်းပြီးနောက် ခပ်မြန်မြန်အောက်သို့ ပြေးဆင်းသွားသည်။

ထိုအချိန်တွင် အပြင်ဘက်တွင် မိုးကစရွာနေပြီဖြစ်သည်။ ကြီးမားသော မိုးစက်ကြီးများက အောက်သို့ကျဆင်းလာပြီး နံရံများနှင့် လှေကားထစ်များစွာကိုပင် ရေစိုရွှဲနေတော့သည်။ ယွမ့်ထန်း၏ ပေါင်တစ်ဝက်ကလည်း စင်လာသောရွံ့များကြောင့် စိုရွဲနေပြီဖြစ်သည်။ သိပ်မကြာခင်မှာတင် မြေပြင်တွင် ရေများက စတင်စီးဝင်လာပြီဖြစ်သည်။ ရေထဲတွင်ရွေ့လျားနေသော အနက်ရောင်အရိပ်များကိုလည်း မြင်ရပြီး အုပ်စုလိုက်ရှိနေကြသည်။ ယွမ့်ထန်းက သတိအနေအထားဖြစ်သွားသည်။

ဟော်ယွန်ချန်း၏ကားက ဆေးရုံအပြင်ဘက်လမ်းပေါ်တွင် ရပ်ထားခြင်းဖြစ်သည်။ လျှပ်စီးလက်လိုက်သည့်အရှိန်ကြောင့် ယွမ့်ထန်းက အထဲမှလူကိုမြင်လိုက်ရသည်။

“ချန်းကော ချန်းကော”

သူက ကျယ်လောင်စွာအော်သည်။ သို့သော် မိုးသံနှင့်မိုးခြိမ်းသံတို့ကြောင့် သူ၏အသံက ပျောက်သွားသည်။

ယွမ့်ထန်းကလည်း တစ်ကိုယ်လုံး စိုရွဲမည့်အရေးကို ဂရုမစိုက်တော့ပဲမိုးရေထဲသို့ ပြေးထွက်သွားပြီး ကားဘေးနားသို့ ရောက်သွားကာ ပြတင်းပေါက်ကို ခပ်ပြင်းပြင်းခေါက်သည်။

“အားထန်း ဘာလို့…”

ဟော်ယွန်ချန်းက ဘေးဘက်မှအသံကိုကြားသောအခါ လျင်မြန်စွာ ကားတံခါးကိုဖွင့်ကာထွက်လာသည်။ ထိုအခါတစ်ကိုယ်လုံးစိုရွဲနေသည့်ယွမ့်ထန်းကို မြင်လိုက်ရတော့သည်။

“ကျွန်တော့်ရဲ့အနောက်ကလိုက်ခဲ့ပါ”

ယွမ့်ထန်းကရှင်းပြရန်အချိန်မပေးတော့ပဲ ဟော်ယွန်ထန်း၏လက်ကိုဆွဲကာ ဆေးရုံထဲသို့ ဆွဲခေါ်လာခဲ့လိုက်သည်။

ဟော်ယွန်ချန်းကလည်း ဖုန်းကိုအလျင်စလိုချပြီး သူနှင့်အတူလိုက်ပြေးသည်။ သူတို့က ဆေးရုံတံခါးသို့ရောက်တော့မည့် လမ်းတစ်ဝက်မှာတင် ယွမ့်ထန်းက ရုတ်တရက် သူ၏ခြေခြင်းဝတ်မှ နာကျင်မှုကို ခံစားလိုက်ရပြီး အော်ကာ မြေပြင်သို့လဲကျမိတော့မတတ်ဖြစ်သွားသည်။

ကြီးမားသောလက်တစ်ဖက်ကသာ သူ့အားထွေးပွေ့ပေးလာပြီး ဟော်ယွန်ချန်း၏ရင်ဘတ်ထဲသိ့ု ဆွဲသွင်းလိုက်ခြင်းမရှိလျှင် သူကအမှန်လဲကျသွားလောက်သည်။

“အားထန်း ဘာဖြစ်တာလဲ ခြေကျင်းဝတ်လည်သွားလို့လား”
ဟော်ယွန်ချန်းက စိုးရိမ်တကြီးမေးလာသည်။

“မဟုတ်ဘူး တစ်ကောင်ကောင်က ကိုက်သွားသလိုပဲ”

သူက ဟော်ယွန်ချန်း၏ရင်ဘတ်ကိုမှိထားပြီးနောက် ခြေကျင်းဝတ်ထံ လက်လှမ်းလိုက်သည်။ လက်ပြန်ရုတ်လိုက်သည့်အခါ လက်တွင် သွေးစများကို မြင်နိုင်သည်။

ထိုသွေးကို မြင်လိုက်ချိန်တွင် ဟော်ယွန်ချန်း၏မျက်လုံးများက နက်ရှိုင်းကာ အေးစက်သွားတော့သည်။ အလွန်အမင်း အာရုံစူးစိုက်မှုနှင့်အတူ သူက ယွမ့်ထန်းကို လက်မောင်းထဲတွင် ပွေ့ခေါ်လျက် ဆေးရုံထဲသို့ အပြေးဝင်လာသည်။
ဆေးရုံမှဝန်ထမ်းကလည်း အလျင်စလိုဖြင့် ရေထိန်းချုပ်မှုစက်များကို စတင်ကာ ခလုတ်ဖွင့်လိုက်ပြီဖြစ်ပြီး မြေပြင်မှစတင်ကာ မီတာဝက်ခန့်ရှိမည့် နံရံအမြင့်တစ်ခုက မြင့်လာသည်။ ဆေးရုံက တံခါးပိတ်တော့မည့် အနေအထားရှိနေလေပြီ။ ကြီးမားသော ရေစုပ်ထုတ်ပိုက်များကလည်း စတင်ကာ လည်ပတ်လာပြီး နေရာတိုင်းတွင် ရှိနေသည့် ရေများကို စုတ်ထုတ်နေသည်။

ဟော်ယွန်ချန်းက ယွမ့်ထန်းကို လက်မောင်းထဲတွင်ပွေ့လျက် ဆေးရုံလော်ဘီတစ်လျှောက် ပြေးလွှားနေသည်။ ခန်းမထဲတွင်ရှိသော ဆေးကုသဝန်ထမ်းတစ်ယောက်က သူ၏ခြေထောက်မှသွေးကာ သတိထားမိသွားကာ တွန်းလှည်းကုတင်နှင့်အတူ အလျင်စလို ရောက်လာပြီး ဟော်ယွန်ချန်းအား ယွမ့်ထန်းကို ထိုပေါ်တွင်လှဲခိုင်းသည်။

သူတို့က ယွမ့်ထန်း၏ ဘောင်းဘီရှည်အောက်ပိုင်းကို ဆွဲဖြဲပြီးနောက်တွင် သွေးလွှမ်းနေသော ဒဏ်ရာကို မြင်လိုက်ရသည်။ ဆေးဝန်ထမ်းက ဒဏ်ရာကို ချက်ချင်းလိုလို ပိုးသတ်တော့သည်။ သွေးများကို ဆေးလိုက်ပြီးနောက်တွင် ထက်ရှသောလက်နက်တစ်ခုဖြင့် လှီးဖြတ်ခံထားရဟန်တူသည့် ဒဏ်ရာကို မြင်လိုက်ရသည်။ ဒဏ်ရာကမသေးပဲ ခြေမျက်စိနားတစ်ဝက်လောက်အထိ အဖြတ်ခံလိုက်ရသည်။

ဝန်ထမ်းက သန့်ရှင်းရေးလုပ်ပြီး ပိုးသတ်ပြီးနောက် အပြာရောင်စပရေးတစ်မျိုးကို မှုတ်ပေးသည်။ အလွန်မြန်ဆန်သော အရှိန်နှုန်းဖြင့်ပင် ဒဏ်ရာက အပြာရောင်ဆေးရေများဖြင့် လွှမ်းသွားတော့သည်။

“ပြဿနာမရှိပါဘူး ဒဏ်ရာက ဆေးကို အပြည့်အဝစုတ်ယူသွားပြီး သုံးရက်လောက်နေရင် ဒဏ်ရာက အပြည့်အဝ ပြန်ကောင်းသွားပါလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် ဆရာ”

ဆရာဝန်က လက်ကိုယမ်းပြပြီးနောက်တွင် သူ့အား ကုသစရိတ်ကို ကောင်တာတွင် သွားပေးခိုင်းလိုက်သည်။ ထို့နောက် သူကထွက်သွားတော့သည်။

ဟော်ယွန်ချန်းကလည်း သူ မည်သို့ဒဏ်ရာရသွားကြောင်း ဆရာဝန်ကို မေးမြန်းချင်နေသေးသည်။ သို့သော်ထိုအချိန်တွင် မိုးရေထဲမှလူတစ်ယောက်က အသည်းအသန်ဝင်လာသည်။ ထိုလူက ယွမ့်ထိန်းထက် ပို၍ အင်အားကြီးမားဟန်ရသော်လည်း သူ၏ဒဏ်ရာများက အလွန်ပြင်းထန်လွန်းသည်။ သူ၏ခြေထောက်တွင် ဒဏ်ရာပေါင်းများစွာ ရှိနေသည့်အပြင် လက်မောင်းနှင့်ကျောပြင်များကလည်း ဒဏ်ရာများကလွှမ်းနေသည်။

“မြန်မြန်လဲချလိုက်”

ဆရာဝန်နှင့် သူနာပြုများက ထိုအခြေအနေကြောင့် အံ့အားသင့်ဟန်မရဘဲ ချက်ချင်းလိုလို လျင်မြန်စွာ ကုသတော့သည်။

“ရေမကောင်းဆိုးဝါး ရေမကောင်းဆိုးဝါးတွေ အများကြီးပဲ”

ထိုလူက ကြောက်လန့်တကြား အော်သည်။

“ခင်ဗျား လုံခြုံသွားပါပြီ အဆင်ပြေတယ်”

ဆရာဝန်ကလည်း သူ့အား နှစ်သိမ့်ပေးသည်။ သူကလျင်မြန်စွာဖြင့်ဒဏ်ရာကို ကိုင်တွယ်ပေးတော့သည်။

“ရေမကောင်းဆိုးဝါးဟုတ်လား”
ဟော်ယွန်ချန်းကလည်း မျက်မှောင်ကြုံ့လိုက်သည်။


အပိုင္း ၇၂

ေဟာ္ယြန္ခ်န္းက ယြမ့္ထန္းကို အေဖာ္ျပဳၿပီးေဆး႐ုံသို႔ လိုက္ပို႔ၿပီးေနာက္တြင္ သူ႕အား ေျပာလာသည္။

“ကိုယ္ က်ိဳးက်င္းနဲ႕ကိစၥကို တိုင္ပင္စရာ နည္းနည္းရွိေသးတယ္ မင္းအရင္သြားႏွင့္ပါ။ ကိုယ္က ကားထဲမွာပဲ ေစာင့္ေနမယ္။ မင္း အဆင္သင့္ျဖစ္ၿပီး သြားေတာ့မယ္ဆိုမွ ကိုယ့္ကို လာရွာလွည့္ပါ”
“ေကာင္းပါၿပီ ခ်န္းေကာကို ဒုကၡေပးရတဲ့အတြက္ အားနာပါတယ္”

ယြမ့္ထန္းက ေဟာ္ယြန္းခ်န္းလုပ္ေပးသမွ်ဟာ သူ႕အတြက္ျဖစ္ေၾကာင္း နားလည္ေနသည့္အတြက္ အလြန္ေက်းဇူးတင္မိသြားသည္။
သူကအေပၚထပ္သို႔တက္သြားၿပီးေနာက္တြင္ ယြမ့္ယြီက သူနာျပဳ၏အကူအညီျဖင့္ ေဆးဖန္ေပါင္းေခ်ာင္ထဲမွထြက္လာၿပီး ႏူးညံ့ေသာကုတင္ေပၚတြင္ ျပန္လွဲေနၿပီျဖစ္ေၾကာင္း ျမင္လိုက္ရသည္။

ယြမ့္ယြီကလည္း တံခါးနားတြင္ရပ္ေနသည့္ အစ္ကိုျဖစ္သူကို ျမင္လိုက္ရသည္ႏွင့္ အညိုေရာင္မ်က္ဝန္းတစ္စုံက ေတာက္ပသြားေတာ့သည္။ သူက ေပ်ာ္႐ႊင္စြာလွမ္းေအာ္သည္။

“အစ္ကို”

ယြမ့္ထန္းကလည္း ေဖ်ာ့ေတာ့စြာၿပဳံးလိုက္သည္။ သူကယြမ့္ယြီ၏အနားသို႔ေလွ်ာက္သြားၿပီးေနာက္တြင္ လက္ကိုဆန႔္တန္းကာ ႏူးညံ့သည့္ဆံပင္မ်ားကို ပြတ္သတ္လိုက္သည္။

“အစ္ကိုက ဒီမွာပါ ေရွာင္ယြီေလး ဗိုက္ဆာေနၿပီလား”

“ဆာေနၿပီ”

ကေလးက ေခါင္းကို ဆက္တိုက္ၿငိမ့္သည္။

ခုံတစ္ခုံကို ဆြဲထုတ္ၿပီးေနာက္ ထိုေနရာတြင္ ထိုင္ခ်လိဳက္ၿပီး သူယူလာသည့္ဘူးအဖုံးကိုဖြင့္လိုက္သည့္အခါ အလြန္ျပင္းထန္သည့္ အသားရနံ႕က ခ်က္ခ်င္းထိုးထြက္လာေတာ့သည္။ အနားတြင္ရွိေနၿပီး ေဆးဖန္ေပါင္းေခ်ာင္ကို ျပန္သိမ္းေနသည့္ နက္စ္မကပင္ ႐ုတ္တရက္ ရပ္တန႔္လိုက္သည္။ သူကတံေတြးကိုမ်ိဳခ်ၿပီးေနာက္ ေခါင္းကိုလွည့္ၾကည့္လာသည့္အခါ ယြမ့္ထန္း၏လက္ထဲတြင္ရွိသည့္ ထမင္းဘူးထံသို႔ေရာက္လာသည္။

“အရင္ဆုံးအ႐ြက္ကိုစား ဒါက က်န္းမာေရးအတြက္ ေကာင္းတယ္”

ယြမ့္ထန္းက ညီျဖစ္သူကို အ႐ြက္ေၾကာ္အရင္ေကြၽးသည္။ ဘူး၏ ျမင့္မားသည့္ အရည္အေသြးေၾကာင့္ အရသာအေပၚ သက္ေရာက္မႈမရွိပဲ ပူေႏြးေနဆဲျဖစ္သည္။ ယြမ့္ယြီက နာခံစြာျဖင့္ ဟင္းကို စားၿပီးေနာက္ ဟန္းစတားငယ္ေလးလိုမ်ိဳး လ်င္ျမန္စြာ ဝါးစားေနျခင္းက ခ်စ္စရာေကာင္းလြန္းလွသည္။

ယြမ့္ထန္းကမေနနိုင္ပဲ ကေလး၏ပါးေလးကို ညစ္လိုက္ကာေမးလိုက္သည္။

“အရသာရွိလား”

“အရသာရွိတယ္”

ယြမ့္ယြီက ႏူးညံ့သည့္အ႐ြက္အရသာႏွင့္ အငန္ဓာတ္ကဲသည့္ အရသာမ်ိဳးကို အလြန္သေဘာက်သည္။ ပါးစပ္အျပည့္ ဝါးစားၿပိးေနာက္တြင္ ခ်က္ခ်င္းလိုလို ပါးစပ္ကို ဟေပးလိုက္သည္။ အရင္ကဆိုလွ်င္ ယြမ့္ယြီက သူ၏အသက္ဆက္ရွင္ရန္အတြက္ အားျဖည့္ေဆးရည္မ်ားကိုသာလွ်င္ မွီခိုေနခဲ့ရသည္။ ယခုအခါ သူ၏အစာအိမ္က အလြန္ႏူးညံ့လြန္း ေနခဲ့သည္။ မေန႕က ပထမဦးဆုံးအႀကိမ္ သဘာဝစားစရာမ်ားကို စစားသည့္တိုင္ေအာင္ ယြမ့္ထန္းက ဒီေန႕အမ်ားႀကီးမေကြၽးရဲေသးေခ်။ ထို႔ေၾကာင့္ အ႐ြက္ေၾကာ္သုံးဇြန္းအျပည့္ ေကြၽးၿပီးသည့္ေနာက္တြင္ စြပ္ျပဳတ္ကို စားလိုက္သည္။ အရသာရွိေသာ အရိုးစြပ္ျပဳတ္က မေန႕က ၾကက္သားဆန္ျပဳတ္ထက္ ပို၍ေကာင္းသည္။ ယြမ့္ထန္းက ဇြန္းအေသးကိုသုံးၿပီး အရိုးထဲမွ ျခင္ဆီမ်ားကို ခပ္ထုတ္လိုက္ကာ ယြမ့္ယြီကိုေကြၽးသည္။ အရသာရွိၿပီး အသားဓာတ္ အျပည့္ပါသည္။ ထိုအရသာက ကေလးကို အားျဖည့္ေပးနိုင္သည့္အျပင္ အရသာရွိလွသည့္အရသာေၾကာင့္လည္း ယြမ့္ယြီက သေဘာက်ေပလိမ့္မည္။ ဒါက သူ၏စားခ်င္စိတ္ကို တိုးျမင့္လာေစနိုင္စြမ္းရွိသည္။ ထို႔အျပင္ ႏူးညံ့ေသာမုန္လာဥကလည္း အသားထက္ပင္ ပို၍အရသာရွိေနေသးသည့္အတြက္ ယြမ့္ယြီက ေပ်ာ္႐ႊင္စြာ တစ္ကိုက္ၿပီးတစ္ကိုက္စားေတာ့သည္။

သို႔ရာတြင္ ကေလး၏ စားေသာက္နိုင္စြမ္းက နည္းပါးေသးသည္။ သိပ္မၾကာခင္မွာတင္ သူ၏ဗိုက္ေလးက စတင္ေဖာင္းလာေတာ့သည္။ သူ၏ပါးစပ္က ဆက္စားခ်င္ေသာ္လည္း ဝမ္းဗိုက္က လက္မခံေတာ့ပဲ ျငင္းဆန္လာသည္။
ဘူးထဲတြင္ စြပ္ျပဳတ္တစ္ဝက္ပင္ က်န္ေနေသးေလသည္။ သူကအဖုံးပိတ္ေတာ့မည့္အခ်ိန္တြင္ သူနာျပဳ၏ စူးရွသည့္အၾကည့္ကို ခံစားလိုက္ရသည္။

ယြမ့္ထန္း “…”

သူနာျပဳက ယြမ့္ထန္းႏွင့္ အၾကည့္ခ်င္းဆုံသြားသည့္အခါ တစ္ဖက္သူ၏မ်က္ႏွာတစ္ခုလုံးက နီရဲသြားေတာ့သည္။ သို႔ေသာ္သူက ဘူးထံမွအၾကည့္ကို မေ႐ြ႕ေခ်။ ကေလး၏စားစရာကို စားခ်င္ေနျခင္းက အရွက္ရစရာေကာင္းေသာ္လည္း ရနံ႕ကေမႊးလြန္းေနသည္။ သူ သူ႕ကိုယ္သူ မထိန္းခ်ဳပ္နိင္ေတာ့ေခ်။

မ်က္လုံးႏွစ္စုံ… မ်က္လုံးႀကီးတစ္စုံႏွင့္ မ်က္လုံးငယ္တစ္စုံတို႔က အခ်ိန္အတန္ၾကာ ဆုံေနၿပီးေနာက္တြင္ ႐ုတ္တရက္ ယြမ့္ယြီ၏ ညင္သာသည့္အသံေလးကိုၾကားလိုက္ရသည္။

“အစ္ကိုဝမ္ ကြၽန္ေတာ့္ရဲ႕အစ္ကိုလုပ္လာေပးတဲ့ စြပ္ျပဳတ္ကို ေသာက္မလား။ ဒါကတကယ္အရသာရွိတယ္”

“အာ ငါ ငါျမည္းလို႔ရလား”

သူနာျပဳဝမ္က တံေတြးမ်ိဳခ်ၿပီးေနာက္တြင္ သူ၏ပါးမ်ားကပင္ နီရဲလာေတာ့သည္။ သို႔တိုင္ေအာင္ သူကစားခ်င္စိတ္ကို မထိန္းခ်ဳပ္နိုင္ေခ်။

“အစ္ကိုဝမ္သာ စိတ္မရွိရင္…”

“ဒါေပါ့ ငါစိတ္မရွိဘူး”

သူနာျပဳဝမ္က တုံ႕ဆိုင္းမေနပဲေျဖလိုက္သည္။ သူကဘူးကို စူးရွစြာၾကည့္လာၿပီး ဇြန္းကိုပင္ဂ႐ုမစိုက္ေတာ့ဘဲ ထိုဘူးကိုပင္ ေစာင္းကာ တိုက္ရိုက္ေမာ့ေသာက္သည္။

“အရသာရွိလိုက္တာ ဒါက ေကာလဟာလထြက္ေနတဲ့ သဘာဝစားစရာ ဆိုတာလား။ အကယ္ဒမီသိပၸံက ဒါကို ဆက္တိုက္စားၾကည့္ဖို႔ ႏွိုးေဆာ္ေနတာ မအံ့ၾသေတာ့ဘူး။ အားျဖည့္ေဆးရည္ေတြထက္ အဆတစ္ေထာင္မက အရသာရွိတယ္”

သူက ဘူးကို ကိုင္ၿပီးေနာက္ ဆက္တိုက္ပင္ မ်ိဳခ်ေတာ့သည္။ အထဲတြင္ရွိေသာ စြပ္ျပဳတ္မ်ားက ဘယ္ေသာအခါမွ မကုန္လွ်င္ အေကာင္းဆုံးျဖစ္မည္ဟု ေတြးေတာေနေတာ့သည္။ သို႔ေသာ္ ထိုအခ်က္ကပင္ မျဖစ္နိုင္ေခ်။ စြပ္ျပဳတ္ကို ေသာက္ၿပီးေနာက္တြင္ သူက ဘူးအဖုံးကို လ်က္ခ်င္စိတ္ကိုပင္ မနည္းထိန္းကာ ယြမ့္ထန္းကို ဘူးအလြတ္ ျပန္ေပးလိုက္သည္။

“မင္းရဲ႕ဧည့္ခံမႈအတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ လက္ရာက အရမ္းေကာင္းတယ္”

“သေဘာက်တဲ့အတြက္ ကြၽန္ေတာ္က ဝမ္းသာပါတယ္။ ကြၽန္ေတာ္က အစ္ကိုဝမ္နဲ႕ ေဒါက္တာထန္းတို႔ကို ကြၽန္ေတာ့္ရဲ႕ညီငယ္ေလးကို ဂ႐ုစိုက္ေပးတဲ့အတြက္ ေက်းဇူးတင္ခ်င္ေနတာပါ”

ဆရာထန္းႏွင့္ အျခားေသာ ေဆးဝန္ထမ္းတို႔ကသာ ယြမ့္ယြီကို ကုသရန္ ေတာင္းဆိုထားေသာေၾကာင့္သာ မဟုတ္လွ်င္ သူ႕ကေလးက သူေရာက္လာသည္အထိ ေတာင့္ခံနိုင္မည္မထင္ေခ်။ ထို႔ေၾကာင့္ ယြမ့္ထန္းက ထိုလူမ်ားကို အလြန္ေက်းဇူးတင္မိသည္။

“မင္းကယဥ္ေက်းလြန္းေနျပန္ၿပီ။ ငါတို႔က ငါတို႔ရဲ႕အလုပ္…”

႐ုတ္တရက္ အျပင္ဘက္မွ က်ယ္ေလာင္သည့္မိုးၿခိမ္းသံက ထြက္လာသည္။

သူနာျပဳဝမ္၏ မ်က္ႏွာအမူအရာက ေျပာင္းလဲသြားေတာ့သည္။ သူက အခန္းအျပင္ဘက္သို႔ ခ်က္ခ်င္းထြက္သြားၿပီးသည္ႏွင့္ ေကာ္ရစ္တာေဘးတြင္ရွိသည့္ ျပတင္းေပါက္မွတစ္ဆင့္ အျပင္သို႔ၾကည့္သည္။ ေသခ်ာစြာပင္ ေကာင္းကင္က စတင္မဲေမွာင္ေနၿပီျဖစ္သည္။ ၾကည္လင္ေသာေကာင္းကင္က သိပ္သည္းေသာ အနက္ေရာင္တိမ္မ်ားျဖင့္ အစားထိုးလာသည္။

“မေကာင္းေတာ့ဘူး မိုး႐ြာေတာ့မယ္။ မင္းတို႔ေတြ ေဆး႐ုံကထြက္လို႔မျဖစ္ေတာ့ဘူး။ ကိစၥေတြက စၿပီးအလုပ္မ်ားေတာ့မယ္”

“ေနပါဦး ကြၽန္ေတာ္ေမးပါရေစ မိုးနဲ႕ပတ္သတ္ၿပီး တစ္ခုခုထူးျခားတာမ်ား ရွိေနလို႔လား”

ယြမ့္ထန္းကလည္း သူနာျပဳ၏ ေၾကာက္မက္ဖြယ္ေကာင္းေသာ ရန္သူကို ရင္ဆိုင္ရေတာ့မည့္အေရးကို ျမင္ေယာင္ေနသည့္ မ်က္ႏွာထားမ်ိဳးျဖစ္ေနသည့္ အတြက္ေၾကာင့္ ေမးျမန္းလိုက္ေတာ့သည္။

ဒါကမိုး႐ြာတာပဲမဟုတ္ဘူးလား။ ဘာလို႔ဒီေလာက္အထိ ထိတ္လန႔္ေနရတာလဲ။

သူနာျပဳဝမ္က သူတို႔က ၾကယ္ၿမိဳ႕ေတာ္မွေရာက္လာျခင္းျဖစ္ၿပီး ဒီေနရာရွိ ၿဂိဳလ္နံပါတ္ ၁၉ ၏အေျခအေနမ်ားကို မသိေၾကာင္း သတိရေသာအခါ လ်င္ျမန္စြာ ရွင္းျပသည္။

“ငါတို႔ၿဂိဳလ္ရဲ႕ေနရာအမ်ားစုကို ေရလႊမ္းသြားလိမ့္မယ္။ မိုး႐ြာလာတာနဲ႕ ေရတက္ႏႈန္းက အရမ္းျမန္တယ္။ ဒီၿဂိဳလ္က မၾကာခဏ ေရႀကီးေလ့ရွိတယ္။ အဲဒီအခါ ေရထဲမွာ ေရမေကာင္းဆိုးဝါးေတြ ပါလာလိမ့္မယ္။ အဲဒီမေကာင္းဆိုးဝါးေတြက လူေတြကို ဒဏ္ရာအျပင္းအထန္ ေပးနိုင္စြမ္းရွိတယ္။ ဒီေတာ့ ငါတို႔ဒီေရစီးတာကို ကာကြယ္ဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ရလိမ့္မယ္။ စက္႐ုံထဲကို ေရေတြ အဝင္ခံလို႔ မျဖစ္ဘူး”

“ကြၽန္ေတာ္သိၿပီ ဒါဆိုရင္ေက်းဇူးျပဳၿပီး မေႏွာင့္ေႏွးပါေစနဲ႕”

ေရမေကာင္းဆိုးဝါးဟုတ္လား

ယြမ့္ထန္းက ျပတင္းေပါက္နားသို႔ ေလွ်ာက္သြားၿပီးေနာက္ စတင္ကာ တိမ္မဲမ်ားျဖင့္ ျပည့္ႏွက္လာသည့္ ထူထပ္သိပ္သည္းေနေသာ ေကာင္းကင္ကို ၾကည့္သည္။ ပင္လယ္က စတင္ကာ လွိုင္းလုံးမ်ား ျမင့္တက္လာၿပီ ျဖစ္ၿပီး ေလတိုးသံကလည္း အလြန္ျပင္းထန္လာသည္။
ယြမ့္ထန္းကလည္း ထိုထဲတြင္ မည္သို႔ေသာ မေကာင္းဆိုးဝါးမ်ား ရွိေနမည္ျဖစ္ေၾကာင္း နားမလည္ေခ်။ ထိုမေကာင္းဆိုးဝါးမ်ားက မည္မွ်ေၾကာက္မက္ဖြယ္ေကာင္းမည္ ျဖစ္ေၾကာင္းကိုလည္း မသိေခ်။ ေဟာ္ယြန္ခ်န္းက အလြန္အင္အားႀကီးေၾကာင္း သိေသာ္လည္း သူသာ တိုက္ခိုက္ခံရလွ်င္ဆိုၿပီး စတင္ကာ စိုးရိမ္လာသည္။ သူ၏ခုခံအားမဲ့ေနေသာ အေျခအေနမ်ိဳးႏွင့္ ဒဏ္ရာရသြားနိုင္ေသးသည္။

သူနာျပဳဝမ္က အလ်င္စလို ထြက္သြားၿပီးေနာက္ ယြမ့္ထန္းက သူ၏အလင္းဦးေႏွာက္ကိုဖြင့္ကာ ေဟာ္ယြန္ခ်န္းထံ ဆက္သြယ္လိုက္သည္။ မိုးကသာ႐ြာၿပီး ေရကသာျမင့္တက္လာမည္ဆိုလွ်င္ ေဟာ္ယြန္ခ်န္း၏ကားက ေရလႊမ္းသြားနိုင္သည္။ ေရမလႊမ္းသည့္တိုင္ေအာင္ ေရထဲတြင္ရွိသည့္ ေရမေကာင္းဆိုးဝါးက အႏၲရာယ္မ်ားေလဟန္ ရေလရာ သူ႕ကို ကားကိုထားခဲ့ၿပီး ေဆး႐ုံထဲလာေနရန္ ေျပာလိုသည္။

သို႔ရာတြင္ ေဟာ္ယြန္ခ်န္းက က်ိဳးက်င္းႏွင့္ စကားေျပာေနေသးၿပီး သူ႕အားျပန္မေျဖခဲ့ေခ်။ ထို႔ေၾကာင့္ဆက္သြယ္၍မရဘဲျဖစ္ေနခဲ့သည္။ မိုးၿခိမ္းသံကိုနားေထာင္ၿပီး လွ်ပ္စီးမ်ားကို ျမင္ေနရသည့္အခါ ယြမ့္ထန္းက အလြန္စိုးရိမ္လာေတာ့သည္။

“ေရွာင္ယြီ မေန႕ကလာခဲ့တဲ့ အစ္ကိုေဟာ္ကို မွတ္မိတယ္မဟုတ္လား။ သူကေအာက္မွာ ရွိေနတယ္။ အစ္ကိုက သူ႕ကို သြားရွာလိုက္ဦးမယ္။ ဒီေနရာမွာေနၿပီး အစ္ကို႔ကိုျပန္ေစာင့္ေနေနာ္”

သူက ႏွလုံးသားထဲမွ စိုးရိမ္မႈကို အတင္းဖိႏွိပ္လ်က္ ယြမ့္ယြီကို ညင္သာစြာေမးသည္။

“ဟုတ္ကဲ့အစ္ကို”

ယြမ့္ယြီကလည္း နာခံစြာ ေခါင္းညိတ္သည္။
သူက သူ၏အစ္ကိုျဖစ္သူကို ပထမဦးဆုံးအႀကိမ္ ျမင္ရသကဲ့သို႔ ဒီအစ္ကိုက သူ႕အား စြန႔္ပစ္သြားမည္ကို မစိုးရိမ္ေတာ့ေခ်။ သူ၏အစ္ကိုက ေသခ်ာေပါက္ ျပန္လာရွာမည္မွန္း နားလည္သြားသည္။

ယြမ့္ထန္း သူ၏ညီငယ္၏ ႏူးညံ့သည့္နဖူးကိုတစ္ခ်က္နမ္းၿပီးေနာက္ ခပ္ျမန္ျမန္ေအာက္သို႔ ေျပးဆင္းသြားသည္။

ထိုအခ်ိန္တြင္ အျပင္ဘက္တြင္ မိုးကစ႐ြာေနၿပီျဖစ္သည္။ ႀကီးမားေသာ မိုးစက္ႀကီးမ်ားက ေအာက္သို႔က်ဆင္းလာၿပီး နံရံမ်ားႏွင့္ ေလွကားထစ္မ်ားစြာကိုပင္ ေရစို႐ႊဲေနေတာ့သည္။ ယြမ့္ထန္း၏ ေပါင္တစ္ဝက္ကလည္း စင္လာေသာ႐ြံ႕မ်ားေၾကာင့္ စို႐ြဲေနၿပီျဖစ္သည္။ သိပ္မၾကာခင္မွာတင္ ေျမျပင္တြင္ ေရမ်ားက စတင္စီးဝင္လာၿပီျဖစ္သည္။ ေရထဲတြင္ေ႐ြ႕လ်ားေနေသာ အနက္ေရာင္အရိပ္မ်ားကိုလည္း ျမင္ရၿပီး အုပ္စုလိုက္ရွိေနၾကသည္။ ယြမ့္ထန္းက သတိအေနအထားျဖစ္သြားသည္။

ေဟာ္ယြန္ခ်န္း၏ကားက ေဆး႐ုံအျပင္ဘက္လမ္းေပၚတြင္ ရပ္ထားျခင္းျဖစ္သည္။ လွ်ပ္စီးလက္လိုက္သည့္အရွိန္ေၾကာင့္ ယြမ့္ထန္းက အထဲမွလူကိုျမင္လိုက္ရသည္။

“ခ်န္းေကာ ခ်န္းေကာ”

သူက က်ယ္ေလာင္စြာေအာ္သည္။ သို႔ေသာ္ မိုးသံႏွင့္မိုးၿခိမ္းသံတို႔ေၾကာင့္ သူ၏အသံက ေပ်ာက္သြားသည္။

ယြမ့္ထန္းကလည္း တစ္ကိုယ္လုံး စို႐ြဲမည့္အေရးကို ဂ႐ုမစိုက္ေတာ့ပဲမိုးေရထဲသို႔ ေျပးထြက္သြားၿပီး ကားေဘးနားသို႔ ေရာက္သြားကာ ျပတင္းေပါက္ကို ခပ္ျပင္းျပင္းေခါက္သည္။

“အားထန္း ဘာလို႔…”

ေဟာ္ယြန္ခ်န္းက ေဘးဘက္မွအသံကိုၾကားေသာအခါ လ်င္ျမန္စြာ ကားတံခါးကိုဖြင့္ကာထြက္လာသည္။ ထိုအခါတစ္ကိုယ္လုံးစို႐ြဲေနသည့္ယြမ့္ထန္းကို ျမင္လိုက္ရေတာ့သည္။

“ကြၽန္ေတာ့္ရဲ႕အေနာက္ကလိုက္ခဲ့ပါ”

ယြမ့္ထန္းကရွင္းျပရန္အခ်ိန္မေပးေတာ့ပဲ ေဟာ္ယြန္ထန္း၏လက္ကိုဆြဲကာ ေဆး႐ုံထဲသို႔ ဆြဲေခၚလာခဲ့လိုက္သည္။

ေဟာ္ယြန္ခ်န္းကလည္း ဖုန္းကိုအလ်င္စလိုခ်ၿပီး သူႏွင့္အတူလိုက္ေျပးသည္။ သူတို႔က ေဆး႐ုံတံခါးသို႔ေရာက္ေတာ့မည့္ လမ္းတစ္ဝက္မွာတင္ ယြမ့္ထန္းက ႐ုတ္တရက္ သူ၏ေျချခင္းဝတ္မွ နာက်င္မႈကို ခံစားလိုက္ရၿပီး ေအာ္ကာ ေျမျပင္သို႔လဲက်မိေတာ့မတတ္ျဖစ္သြားသည္။

ႀကီးမားေသာလက္တစ္ဖက္ကသာ သူ႕အားေထြးေပြ႕ေပးလာၿပီး ေဟာ္ယြန္ခ်န္း၏ရင္ဘတ္ထဲသိ့ု ဆြဲသြင္းလိုက္ျခင္းမရွိလွ်င္ သူကအမွန္လဲက်သြားေလာက္သည္။

“အားထန္း ဘာျဖစ္တာလဲ ေျခက်င္းဝတ္လည္သြားလို႔လား”
ေဟာ္ယြန္ခ်န္းက စိုးရိမ္တႀကီးေမးလာသည္။

“မဟုတ္ဘူး တစ္ေကာင္ေကာင္က ကိုက္သြားသလိုပဲ”

သူက ေဟာ္ယြန္ခ်န္း၏ရင္ဘတ္ကိုမွိထားၿပီးေနာက္ ေျခက်င္းဝတ္ထံ လက္လွမ္းလိုက္သည္။ လက္ျပန္႐ုတ္လိုက္သည့္အခါ လက္တြင္ ေသြးစမ်ားကို ျမင္နိုင္သည္။

ထိုေသြးကို ျမင္လိုက္ခ်ိန္တြင္ ေဟာ္ယြန္ခ်န္း၏မ်က္လုံးမ်ားက နက္ရွိုင္းကာ ေအးစက္သြားေတာ့သည္။ အလြန္အမင္း အာ႐ုံစူးစိုက္မႈႏွင့္အတူ သူက ယြမ့္ထန္းကို လက္ေမာင္းထဲတြင္ ေပြ႕ေခၚလ်က္ ေဆး႐ုံထဲသို႔ အေျပးဝင္လာသည္။
ေဆး႐ုံမွဝန္ထမ္းကလည္း အလ်င္စလိုျဖင့္ ေရထိန္းခ်ဳပ္မႈစက္မ်ားကို စတင္ကာ ခလုတ္ဖြင့္လိုက္ၿပီျဖစ္ၿပီး ေျမျပင္မွစတင္ကာ မီတာဝက္ခန႔္ရွိမည့္ နံရံအျမင့္တစ္ခုက ျမင့္လာသည္။ ေဆး႐ုံက တံခါးပိတ္ေတာ့မည့္ အေနအထားရွိေနေလၿပီ။ ႀကီးမားေသာ ေရစုပ္ထုတ္ပိုက္မ်ားကလည္း စတင္ကာ လည္ပတ္လာၿပီး ေနရာတိုင္းတြင္ ရွိေနသည့္ ေရမ်ားကို စုတ္ထုတ္ေနသည္။

ေဟာ္ယြန္ခ်န္းက ယြမ့္ထန္းကို လက္ေမာင္းထဲတြင္ေပြ႕လ်က္ ေဆး႐ုံေလာ္ဘီတစ္ေလွ်ာက္ ေျပးလႊားေနသည္။ ခန္းမထဲတြင္ရွိေသာ ေဆးကုသဝန္ထမ္းတစ္ေယာက္က သူ၏ေျခေထာက္မွေသြးကာ သတိထားမိသြားကာ တြန္းလွည္းကုတင္ႏွင့္အတူ အလ်င္စလို ေရာက္လာၿပီး ေဟာ္ယြန္ခ်န္းအား ယြမ့္ထန္းကို ထိုေပၚတြင္လွဲခိုင္းသည္။

သူတို႔က ယြမ့္ထန္း၏ ေဘာင္းဘီရွည္ေအာက္ပိုင္းကို ဆြဲၿဖဲၿပီးေနာက္တြင္ ေသြးလႊမ္းေနေသာ ဒဏ္ရာကို ျမင္လိုက္ရသည္။ ေဆးဝန္ထမ္းက ဒဏ္ရာကို ခ်က္ခ်င္းလိုလို ပိုးသတ္ေတာ့သည္။ ေသြးမ်ားကို ေဆးလိုက္ၿပီးေနာက္တြင္ ထက္ရွေသာလက္နက္တစ္ခုျဖင့္ လွီးျဖတ္ခံထားရဟန္တူသည့္ ဒဏ္ရာကို ျမင္လိုက္ရသည္။ ဒဏ္ရာကမေသးပဲ ေျခမ်က္စိနားတစ္ဝက္ေလာက္အထိ အျဖတ္ခံလိုက္ရသည္။

ဝန္ထမ္းက သန႔္ရွင္းေရးလုပ္ၿပီး ပိုးသတ္ၿပီးေနာက္ အျပာေရာင္စပေရးတစ္မ်ိဳးကို မႈတ္ေပးသည္။ အလြန္ျမန္ဆန္ေသာ အရွိန္ႏႈန္းျဖင့္ပင္ ဒဏ္ရာက အျပာေရာင္ေဆးေရမ်ားျဖင့္ လႊမ္းသြားေတာ့သည္။

“ျပႆနာမရွိပါဘူး ဒဏ္ရာက ေဆးကို အျပည့္အဝစုတ္ယူသြားၿပီး သုံးရက္ေလာက္ေနရင္ ဒဏ္ရာက အျပည့္အဝ ျပန္ေကာင္းသြားပါလိမ့္မယ္”

“ေက်းဇူးတင္ပါတယ္ ဆရာ”

ဆရာဝန္က လက္ကိုယမ္းျပၿပီးေနာက္တြင္ သူ႕အား ကုသစရိတ္ကို ေကာင္တာတြင္ သြားေပးခိုင္းလိုက္သည္။ ထို႔ေနာက္ သူကထြက္သြားေတာ့သည္။

ေဟာ္ယြန္ခ်န္းကလည္း သူ မည္သို႔ဒဏ္ရာရသြားေၾကာင္း ဆရာဝန္ကို ေမးျမန္းခ်င္ေနေသးသည္။ သို႔ေသာ္ထိုအခ်ိန္တြင္ မိုးေရထဲမွလူတစ္ေယာက္က အသည္းအသန္ဝင္လာသည္။ ထိုလူက ယြမ့္ထိန္းထက္ ပို၍ အင္အားႀကီးမားဟန္ရေသာ္လည္း သူ၏ဒဏ္ရာမ်ားက အလြန္ျပင္းထန္လြန္းသည္။ သူ၏ေျခေထာက္တြင္ ဒဏ္ရာေပါင္းမ်ားစြာ ရွိေနသည့္အျပင္ လက္ေမာင္းႏွင့္ေက်ာျပင္မ်ားကလည္း ဒဏ္ရာမ်ားကလႊမ္းေနသည္။

“ျမန္ျမန္လဲခ်လိဳက္”

ဆရာဝန္ႏွင့္ သူနာျပဳမ်ားက ထိုအေျခအေနေၾကာင့္ အံ့အားသင့္ဟန္မရဘဲ ခ်က္ခ်င္းလိုလို လ်င္ျမန္စြာ ကုသေတာ့သည္။

“ေရမေကာင္းဆိုးဝါး ေရမေကာင္းဆိုးဝါးေတြ အမ်ားႀကီးပဲ”

ထိုလူက ေၾကာက္လန႔္တၾကား ေအာ္သည္။

“ခင္ဗ်ား လုံၿခဳံသြားပါၿပီ အဆင္ေျပတယ္”

ဆရာဝန္ကလည္း သူ႕အား ႏွစ္သိမ့္ေပးသည္။ သူကလ်င္ျမန္စြာျဖင့္ဒဏ္ရာကို ကိုင္တြယ္ေပးေတာ့သည္။

“ေရမေကာင္းဆိုးဝါးဟုတ္လား”
ေဟာ္ယြန္ခ်န္းကလည္း မ်က္ေမွာင္ႀကဳံ႕လိုက္သည္။




Continue Reading

You'll Also Like

1.3M 137K 70
Love has no race!
3.4M 217K 52
แ€แ€แ€นแ€แ€ฌ แ€†แ€ญแ€ฏแ€แ€ฒแ€ทแ€แ€ฑแ€ฌแ€›แ€ญแ€ฏแ€„แ€บแ€ธแ€•แ€”แ€บแ€ธแ€œแ€ฑแ€ธแ€›แ€ฒแ€ทแ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธ แ€แ€แ€นแ€แ€ฌแ€€ แ€™แ€ญแ€”แ€บแ€ธแ€™แ€™แ€Ÿแ€ฏแ€แ€บแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ทแ€กแ€œแ€พ แ€€แ€ผแ€ญแ€ฏแ€€แ€บแ€แ€šแ€บ แ€แ€แ€นแ€แ€ฌแ€€ แ€…แ€ฌแ€™แ€แ€แ€บแ€•แ€ซแ€˜แ€ฐแ€ธ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€€แ€ญแ€ฏแ€œแ€ฑแ€ธแ€€แ€ญแ€ฏแ€แ€ฑแ€ฌแ€ทแ€กแ€›แ€™แ€บแ€ธแ€แ€ปแ€…แ€บแ€แ€šแ€บ
164K 16.9K 67
แ€œแ€พแ€•แ€€แ€ผแ€ฑแ€ฌแ€ทแ€›แ€พแ€„แ€บแ€ธแ€žแ€ฑแ€ฌ แ€แ€ปแ€…แ€บแ€แ€ผแ€„แ€บแ€ธแ€™แ€ฑแ€แ€นแ€แ€ฌแ€žแ€Šแ€บ แ€กแ€™แ€ฏแ€”แ€บแ€ธแ€แ€›แ€ฌแ€ธแ€™แ€พ แ€…แ€แ€„แ€บแ€•แ€ฑแ€ซแ€€แ€บแ€–แ€ฝแ€ฌแ€ธแ€œแ€ฌแ€แ€ผแ€„แ€บแ€ธแ€–แ€ผแ€…แ€บแแ‹ Own Creation by Moe(JE Rain)
5.3M 349K 54
Title - แ€แ€Šแ€บ {แ€แ€Šแ€น} Author - Neera Chapters - 52 chapters + 1 extra แ€€แ€”แ€บแ€ทแ€œแ€”แ€บแ€ทแ€†แ€”แ€บแ€žแ€ฑแ€ฌแ€กแ€แ€ปแ€…แ€บแ Extra 2 แ€€แ€ญแ€ฏแ€กแ€›แ€„แ€บแ€–แ€แ€บแ€•แ€ฑแ€ธแ€•แ€ซแ‹ แ€€แ€”แ€นแ€ทแ€œแ€”แ€นแ€ทแ€†แ€”แ€นแ€ฑแ€žแ€ฌแ€กแ€แ€บแ€…แ€นแ Extra 2 แ€€แ€ญแ€ฏแ€กแ€›แ€„แ€นแ€–...