"မင်းဘာတွေပြောနေလဲဆိုတာ မင်းကိုယ်မင်းသိသေးရဲ့လား လွင်မျိုးဆက်!"
စိုင်း ဒေါသသံနှင့် အော်ပြောလိုက်ရင်း
စားပွဲခုံအားလက်နှင့်ဆောင့်ချလိုက်သည်။
မျိုးဆက်ကတော့ အမှားလုပ်ထားမိတဲ့ကလေးတစ်ယောက်လို ခြေမကိုင်မိလက်မကိုင်မိဖြစ်နေ၍ စိုင်းအားမဝံ့မရဲသာကြည့်လာလေသည်။
"ငါဘာပြောနေလဲဆိုတာ ငါ့ကိုယ်ငါသိပါတယ်။ နောက်ကျသွားတာမှန်ပေမဲ့
ငါမင်းနဲ့ တကယ်အဆင်ပြေချင်တာပါ"
"ကျစ်!"
စိုင်း မျက်မှောင်အား အလိုမကျမှုများစွာနှင့်ကျုံ့လိုက်ရင်း စုတ်တချက်သပ်လိုက်သည်။
သူ့အရှေ့မှ ဒီလူဟာတကယ့်ကိုမျက်နှာပြောင်တိုက်လွန်းပါသည်တကား။
စိုင်းအား စွန့်ပစ်ခဲ့သည်မှာ
မျိုးဆက်ကိုယ်တိုင်သာလျှင်ဖြစ်၍
အဆက်အသွယ် စဖြတ်ခဲ့သူကလည်း
မျိုးဆက်ပင်။
သူကိုယ်တိုင် စိုင်းကို စွန့်လွှတ်ခဲ့ပြီးမှ
ဆယ်နှစ်ကျော်ကြာမှ ပြန်အဆင်ပြေရအောင်တဲ့လား။
တကယ်ပဲ မျိုးဆက်၏စိတ်ကိုနားမလည်နိုင်တော့သလို နားလည်နိုင်ဖို့လည်းမကြိုးစားမိတော့ချေ။
တကယ့်ကို ဦးနှောက်ခြောက်စရာဖြစ်သည်မို့။
"ငါနဲ့မင်းရဲ့ ဇာတ်လမ်းက
ပြီးသွားတာဆယ်နှစ်တောင်မကတော့ဘူး မျိုးဆက်...
အခုမှ မင်းကဒီဇာတ်လမ်းကိုပြန်ဆက်ချင်နေသေးတာလား...
အခုမင်းပုံစံကလေ ဇာတ်လမ်းအဆက်မလာလို့လူတွေတောင် ဇာတ်အိမ်ကိုမေ့နေလောက်တဲ့အချိန်မှ ဘွားကနဲပေါ်လာပြီး ဇာတ်လမ်းအဆက်ကိုလာမိတ်ဆက်တဲ့ဒါရိုက်တာနဲ့တူနေပြီ....
ဒါပေမဲ့ တစ်ခုကငါကသူတို့လိုတော့ပျော်မနေဘူး"
"တောင်းပန်ပါတယ်"
"ငါမင်းတောင်းပန်စကားကိုမလိုအပ်သလို လိုလည်းမလိုချင်ဘူး မျိုးဆက်...
ပြီးတော့ ငါနဲ့မင်းရဲ့အဆုံးသတ်ကသူများတွေလိုလှလှပပနဲ့လမ်းခွဲခဲ့ကြရတဲ့စုံတွဲတွေလိုမျိုးလို့ မင်းထင်နေတာလား"
".........."
မျိုးဆက် စိုင်း၏စကားများကြောင့်
ပြန်ဖြေကြားရန်စကားလုံးများပင်မရှိတော့။
တကယ်ပဲ သူတို့ရဲ့အဆုံးသတ်က လှမှမလှခဲ့ကြပဲလေ။
မျိုးဆက်၏မိသားစု အသိုင်းအဝိုင်းကရှေးရိုးဆန်သည့်အသိုင်းအဝိုင်းမို့
မျိုးဆက်နှင့်စိုင်းတို့၏ ဆက်ဆံရေးကိုလက်ခံဖို့ဆိုတာမဖြစ်နိုင်ခဲ့။
စိုင်းက ရှေ့ဆက်တိုးရန်ဆန္ဒရှိပေမဲ့
မျိုးဆက်ကတော့မဟုတ်ချေ။
စိုင်းလိုမျိုး ရူးမိုက်စွာရှေ့ဆက်တိုးဖို့သတ္တိမရှိသလို သူ၏မိသားစုနှင့်ပတ်ဝန်းကျင်၊စသည့် စသည့်အရာများအားလုံးကို တွန်းလှန်ဖို့ဆိုတာဟာ
သူ့အတွက်
အရမ်းပင်ခက်ခဲခဲ့သည်။
မျိုးဆက်ဟာ တရားမဝင်သားတစ်ယောက်ဖြစ်၍ အမေဖြစ်သူကလည်းမယားငယ်တစ်ယောက်မို့
စိုင်းကိုသာသူလက်ထပ်လိုက်လျှင် နဂိုကတည်းက
သူများတံတွေးခွက်ထဲပက်လက်မျောနေတဲ့ မျိုးဆက်တို့သားအမိနှစ်ယောက်၏ဘဝကိုတွေးပင်မတွေးဝံ့ခဲ့။
သို့ပေမဲ့ သူစိုင်းကိုတော့အတော့်ပင်ချစ်ခဲ့ပါ၏ ဒီတိုင်း...ရှေ့ဆက်ဖို့သတ္တိကော အစွမ်းကောမရှိခဲ့ရုံသာ။
ထိုအချိန်တုန်းက မျိုးဆက်ဘဝမှာ သိမ်ငယ်မှုပေါင်းများစွာနှင့်ဖြတ်သန်းနေခဲ့ရချိန်၊ မိသားစု၏သစ္စာခံခွေးတစ်ကောင်လုံးလုံးဖြစ်နေချိန်။
အဲ့အချိန်မှာ သူ့မှာအင်အားကော အာဏာကော ပိုက်ဆံကော ဘာဆိုဘာမှမပိုင်ခဲ့တဲ့သူတစ်ယောက်။
ငယ်စဥ်ကတည်းက အနှိမ်ခံဘဝနှင့်ကြီးပြင်းလာရသူမို့ ခေါင်းထဲ၌ ကြီးပွားရန်သာရှိခဲ့၍
သူ၏တစ်ဦးတည်းသောချစ်ရသူစိုင်းကိုစွန့်လွှတ်ခဲ့ရခြင်းပင်။
တစ်ခုလိုချင်ရင် တစ်ခုကိုစွန့်လွှတ်ရမယ်မဟုတ်လားလေ။
စိုင်းနှင့်ပြတ်စဲအပြီးတွင်
သူအလုပ်ကိုပိုမိုကြိုးစားခဲ့၍
ထိပ်ဆုံးကို ရောက်သည်အထိ
ခွေးတစ်ကောင်လိုအလုပ်လုပ်ခဲ့ရသည်။
နောက်ဆုံးတွင်တော့ မျိုးဆက်ထံ၌
အာဏာ၊ငွေ၊အင်အား အကုန်ရှိနေပြီပင်။
သူ၏အိမ်မက်တွေ တကယ်ဖြစ်လာခဲ့ပေမဲ့လည်း မျိုးဆက်မပျော်နိုင်ခဲ့။
သူထံတွင် လစ်ဟာနေသော အရာတစ်ခုဟာအမြဲရှိနေခဲ့၍ နှလုံးသားထဲ၌လိုချင်တမ်းတမှုတို့ဟာ ကိန်းဝှက်နေခဲ့၏။
ယင်းအား ဖြေဖျောက်နိုင်ရန်
ချစ်သူပေါင်းများစွာ ထားခဲ့ပါသော်လည်း ယင်းကွက်လပ်ဟာပြည့်သွားခြင်းအလျင်မရှိ လျော့မြဲလျော့ဆဲ
လပ်မြဲလပ်ဆဲသာ။
၎င်းကွက်ယပ်အားဖြည့်တင်းရန်
နည်းလမ်းမျိုးစုံနှင့်ကြိုးစားခဲ့ပါသော်လည်း
အချည်းနှီးသာလျှင်။
လွန်ခဲ့သောနှစ်လက စိုင်းအားအမှတ်မထင်လမ်း၌ တွေ့လိုက်ရတာဖြစ်ပြီး
ယင်းသင်္ဂတအချိန်ကလေးမှာပင်သူစိုင်းကိုချစ်သေးကြောင်းလက်မလွှတ်နိုင်ကြောင်းသိရှိလိုက်ရသည်။
စိုင်းနှင့်တွေ့ခဲ့သည်မှာအထက်တန်းကျောင်း၌ဖြစ်ပြီး စိုင်းဟာသူ့ဘဝထဲကိုသူငယ်ချင်းကောင်းတစ်ယောက်အနေနဲ့ဝင်လာခဲ့ခြင်း။
သူငယ်ချင်းတစ်ယောက်အနေနှင့်လို့ထင်ထားခဲ့ပေမဲ့ တဖြည်းဖြည်းပိုလျှံလာမိသည့်မေတ္တာတရားတို့နှင့်အတူ
သူစိုင်းအပေါ်၌ မေတ္တာသက်ဝင်ခဲ့သည်။
သူ့ကိုသူ Gayတစ်ယောက်မှန်းစစသိခြင်းတုန်းကလက်မခံနိုင်ဖြစ်ကာ
မိန်းကလေးတစ်ယောက်နှင့်တွဲခဲ့သော်လည်း တစ်လနှင့်ပြတ်စဲသွားကာ
သူ၏ဖြစ်တည်မှုအားလက်ခံလိုက်ရတော့သည်။
သို့သော်လည်း ထိုအချိန်ဟာနောက်ကျသွားခဲ့၍ စိုင်းဟာလည်းမြန်မာသို့ရောက်နေနှင့်လေပြီ။
ထို့ကြောင့် သဘောကျစိတ်များအားမျိုသိပ်ထားခဲ့ရသည်။
ပြီးနောက်တွင်တော့
24နှစ်အရွယ်တွင် စိုင်းနှင့်ပြန်စုံခဲ့ကာ
စိုင်းအားဖွင့်ပြောခဲ့လေသည်။
စိုင်းဟာ သူ့လို ကောင်ကို
လိုလေသေးမရှိအောင်ချစ်ပေးခဲ့၍
အထင်သေးခြင်းမပြုခဲ့သလို
အချစ်များနှင့်ပင်ဖေးမခဲ့သေးသည်။
သို့သော် စိုင်းကို သူကိုယ်တိုင်စွန့်ပစ်ခဲ့တာဖြစ်၍နောင်တရနေလျှင်တောင်
စိုင်းဟာသူ့စီကိုပြန်လာတော့မည်မဟုတ်ကြောင်းမျိုးဆက်သိလေသည်။
"မင်းခန့်"
"အင်း"
"သူငယ်ချင်းတော့ ဖြစ်ခွင့်ရှိမလား....
အများကြီးမတောင်းဆိုပါဘူး
မင်းနဲ့ထပ်ပြီးရင်းနှီးခွင့်ရချင်ရုံပါ"
စိုင်း မျိုးဆက်၏မျက်လုံးကိုစေ့စေ့ကြည့်လိုက်ရင်း သက်ပြင်းတချက်ချလိုက်မိသည်။
"အင်း သူငယ်ချင်းပေါ့"
ထိုအခါ မျိုးဆက်ကရွှင်လန်းသွားဟန်နှင့် စားပွဲပေါ်တင်ထားသည့်သူ့လက်ကိုပျော်ရွှင်စွာဆုပ်ကိုင်လာလေသည်။
စိုင်းလက်ကိုချက်ချင်းရုန်းလိုက်ရင်း
"အပြုအမူကိုဆင်ခြင်"
"တောင်းပန်ပါတယ် ငါအရမ်းပျော်သွားလို့ပါကွာ....
အော်ဒါနဲ့ ဒါကငါ့ရဲ့လိပ်စာကဒ်လေ"
"မင်းက ဒီမှာလည်းလုပ်ငန်းထပ်ရှိသေးတာလား"
စိုင်း ကမ်းပေးလာသောလိပ်စာကဒ်ကိုလှမ်းယူလိုက်ရင်းမေးလိုက်သည်။
"ဟုတ်တယ် စီးပွားရေးချဲ့ထွင်းနိုင်သလောက်ချဲ့ထွင်းရမယ်လေ....
ဒါပြီးရင် ဂျာမနီဘက်ကို ခြေဆန့်မလို့စဥ်းစားထားတယ်"
"ကောင်းပါတယ် အဲ့တာလည်း"
"ဒီတပတ် သောကြာနေ့ကျ
ငါတို့ကုမ္ပဏီရဲ့ပထမဆုံးရိုက်ကူးရေးအတွက် ဇာတ်ညွှန်းရေးဆရာနဲ့တွေ့ရမှာ။ သူကဒီမှာနာမည်ကြီးဆိုလား
သူ့ဝတ္ထုတွေတော်တော်ပေါက်တယ်ဆိုတာနဲ့ဖတ်ကြည့်လိုက်တာ ကောင်းတာနဲ့ကမ်းလှမ်းလိုက်တာ။သူကအစက လက်မခံဘူးလေ ငါတို့တစ်လကျော်ကျော်လောက်ကို လိုက်ယူလိုက်ရတယ်"
"ပွဲဦးထွက်ဆိုတော့ ဒီလိုအကောင်ကြီးကြီးကိုဖမ်းမိမှ တော်ကာကျမှာ"
စိုင်းက လိပ်စာကဒ်အားစိုက်ကြည့်ရင်းတွေးမိသည်က သူ၏တစ်ဦးတည်းသောပေါက်စအကြောင်း။
သက်ပိုင်လည်း နာမည်ကြီးစာရေးဆရာတစ်ယောက်ဖြစ်သည့်အပြင် သူ့ဝတ္ထုတွေကလည်းသိပ်ကိုကောင်းသည်။
သက်ပိုင် ဝတ္ထုရေးဖို့ဇာတ်ညွှန်းရေးသည့်အချိန်ဆိုလျှင် သိပ်ကိုဆွဲဆောင်မှုရှိသေးသည်။
အနက်ရောင် ပလက်စတစ်ကိုင်းမျက်မှန်ကိုဝတ်ဆင်၍ ပယင်းမျက်လုံးများထက်ရှိ မျက်ခုံးနှစ်ခုကလည်းအနည်းငယ်စုကျုံ့နေတတ်သည်။
ထို့အပြင် သက်ပိုင်ဟာ
စာရွက်အလွှတ်များထံ၌ ဇာတ်ညွှန်းအသစ်များရေးဆွဲရင်း
Plotပေါင်းများစွာအား
တစ်ခုနှင့်တစ်ခုတိုက်စစ်ကာ
Plotငါးခုရှိလျှင်
ယင်းPlotငါးခုအားတစ်ခုတည်းဖြစ်အောင် ဖန်တီးတတ်သေးသည်။
ဇာတ်ညွှန်းစာရွက်များကြားထဲ၌
အလုပ်ရှုပ်နေတတ်သော သက်ပိုင်မှာ
စာရွက်စာတမ်းများကြားထဲ၌ အလုပ်များနေသောCEOတစ်ယောက်နှင့်ပင်တူနေသေးသည်။
အထူးသဖြင့် ထိုကဲ့သို့အချိန်များတွင် သိပ်ကိုအလေးအနက်ထားသည့် သက်ပိုင်၏မျက်နှာအနေအထား ပုံစံအစရှိသည်တို့ဟာ တကယ့်ပင်ဆွဲဆောင်မှုရှိသည်ဆိုတာငြင်း၍မရ။
ဝတ္ထုရေးနေသည့်အချိန်များဆိုလျှင် သူ့နံဘေးမှာ အသံသေးသေးလေးထွက်ရင်တောင် စိတ်တိုတတ်သော်လည်း
ယင်းအသံမှာ စိုင်းကြောင့်ထွက်ပေါ်ခြင်းဆိုလျှင်တော့ အခြေအနေဟာပြောင်းပြန်ပင်။
ဒီလိုနှင့်ပဲ စိုင်းအောင်မင်းခန့်တစ်ယောက်၏ အတွေးရပ်ဝန်းငယ်အား
အောင်သက်ပိုင်ဆိုသည့်ကောင်လေးငယ်ဟာစိုးမိုးလိုက်ပြန်ပါတော့၏။
******
"ရောက်လာပြီလား ကိုPai
ဒီဘက်ကိုကြွပါဗျ"
ဝန်ထမ်းကောင်လေးအား ခေါင်းတချက်ငြိမ့်ပြကာ ပြုံးပြလိုက်ရင်း
သူခေါ်ဆောင်ရာသို့အနောက်မှလိုက်သွားလိုက်သည်။
ထို့နောက် အစည်းအဝေးခန်းမတစ်ခုစီသို့ခေါ်ဆောင်သွားခံရ၍ အခန်းထဲ၌ CEO ဟုထင်ရသည့်လူတစ်ယောက်ကိုမတ်တပ်ရပ်လျက်သားမြင်ရလေသည်။
တံခါးဖွင့်သံကိုကြားတော့ ထိုလူကသက်ပိုင်တို့ဘက်ကိုလှည့်လာသည်။
လှိုင်းတွန့်ပုံသဏ္ဍာန်ဆံပင်အား အနောက်သို့လှန်တင်ထား၍
ကိုယ်လုံးပြည့် Brandများအားဝတ်ဆင်ထားသည်။
အပြာရောင်ခပ်ဖျော့ဖျော့ မျက်လုံးကိုကြည့်ခြင်းအားဖြင့် ဥရောပ သားတစ်ယောက်ဆိုတာကိုခန့်မှန်းနိုင်လေသည်။
"ရောက်လာပြီပဲ"
ထိုလူက သက်ပိုင်တို့ထံသို့လှမ်းလာ၍
သက်ပိုင်အား နှုတ်ဆက်ရန်လက်ကမ်းပေးလာသည်။
"ကိုယ့်နာမည်က လွင်မျိုးဆက် Davidပါ...
L.D Entertainment ရဲ့Ceoပါ"
လွင်မျိုးဆက်ဟူသော နာမည်အားကြားလိုက်ရခိုက် သက်ပိုင်၏ကိုယ်ကအနည်းငယ်တောင့်သွားသည်။
လေးလေးငယ်၏ အချစ်ဦးဖြစ်သူ၏နာမည်ပင်။
သက်ပိုင် မျိုးဆက်၏လက်အားပြန်လည်ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်ရင်း ပြုံးလိုက်သော်လည်း ရင်ထဲမှာ
သံတယများစွာနှင့်။
"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်။
Paiပါ"
မဖြစ်နိုင်ပါဘူးဟူသည် အတွေးအားခေါင်းထဲ၌ရိုက်သွင်းရင်း
အလုပ်ကိစ္စဆွေးနွေးရန်ကိုသာ အာရုံစိုက်ထားလိုက်တော့သည်။
"ပူးပေါင်းပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Pai"
"ဟုတ်ကဲ့ နောင်အတွက် အကူအညီတောင်းပါတယ်"
သက်ပိုင် မျိုးဆက်နှင့်အတူ အစည်းအဝေးခန်းထဲမှထွက်လာခိုက်
အခန်းအပြင်သို့ရောက်သည့်အချိန်၌
တွေ့မြင်လိုက်ရသည့် လူကြောင့်
သက်ပိုင်၏မျက်လုံးအိမ်များက အံ့သြခြင်းပေါင်းများစွာနှင့်အတူ အနည်းငယ်ပြူးကျယ်သွားရသည်။
သက်ပိုင် မယုံနိုင်စွာဖြင့် အရှေ့မှလူကို
ခေါ်လိုက်သည့် နာမ်စားလေးကား....
"လေးလေးငယ်...."
*****
Alexander AN(Ah Nyo)
May.28.2023
ဒီတစ်ခေါက်တော့ Updateမကြာဘူးဟုတ် TwT
*******
"မင္းဘာေတြေျပာေနလဲဆိုတာ မင္းကိုယ္မင္းသိေသးရဲ႕လား လြင္မ်ိဳးဆက္!"
စိုင္း ေဒါသသံႏွင့္ ေအာ္ေျပာလိုက္ရင္း
စားပြဲခုံအားလက္ႏွင့္ေဆာင့္ခ်လိုက္သည္။
မ်ိဳးဆက္ကေတာ့ အမွားလုပ္ထားမိတဲ့ကေလးတစ္ေယာက္လို ေျခမကိုင္မိလက္မကိုင္မိျဖစ္ေန၍ စိုင္းအားမဝံ့မရဲသာၾကည့္လာေလသည္။
"ငါဘာေျပာေနလဲဆိုတာ ငါ့ကိုယ္ငါသိပါတယ္။ ေနာက္က်သြားတာမွန္ေပမဲ့
ငါမင္းနဲ႔ တကယ္အဆင္ေျပခ်င္တာပါ"
"က်စ္!"
စိုင္း မ်က္ေမွာင္အား အလိုမက်မႈမ်ားစြာႏွင့္က်ံဳ႕လိုက္ရင္း စုတ္တခ်က္သပ္လိုက္သည္။
သူ႕အေ႐ွ႕မွ ဒီလူဟာတကယ့္ကိုမ်က္ႏွာေျပာင္တိုက္လြန္းပါသည္တကား။
စိုင္းအား စြန္႔ပစ္ခဲ့သည္မွာ
မ်ိဳးဆက္ကိုယ္တိုင္သာလွ်င္ျဖစ္၍
အဆက္အသြယ္ စျဖတ္ခဲ့သူကလည္း
မ်ိဳးဆက္ပင္။
သူကိုယ္တိုင္ စိုင္းကို စြန္႔လႊတ္ခဲ့ၿပီးမွ
ဆယ္ႏွစ္ေက်ာ္ၾကာမွ ျပန္အဆင္ေျပရေအာင္တဲ့လား။
တကယ္ပဲ မ်ိဳးဆက္၏စိတ္ကိုနားမလည္ႏိုင္ေတာ့သလို နားလည္ႏိုင္ဖို႔လည္းမႀကိဳးစားမိေတာ့ေခ်။
တကယ့္ကို ဦးေႏွာက္ေျခာက္စရာျဖစ္သည္မို႔။
"ငါနဲ႔မင္းရဲ႕ ဇာတ္လမ္းက
ၿပီးသြားတာဆယ္ႏွစ္ေတာင္မကေတာ့ဘူး မ်ိဳးဆက္...
အခုမွ မင္းကဒီဇာတ္လမ္းကိုျပန္ဆက္ခ်င္ေနေသးတာလား...
အခုမင္းပုံစံကေလ ဇာတ္လမ္းအဆက္မလာလို႔လူေတြေတာင္ ဇာတ္အိမ္ကိုေမ့ေနေလာက္တဲ့အခ်ိန္မွ ဘြားကနဲေပၚလာၿပီး ဇာတ္လမ္းအဆက္ကိုလာမိတ္ဆက္တဲ့ဒါ႐ိုက္တာနဲ႔တူေနၿပီ....
ဒါေပမဲ့ တစ္ခုကငါကသူတို႔လိုေတာ့ေပ်ာ္မေနဘူး"
"ေတာင္းပန္ပါတယ္"
"ငါမင္းေတာင္းပန္စကားကိုမလိုအပ္သလို လိုလည္းမလိုခ်င္ဘူး မ်ိဳးဆက္...
ၿပီးေတာ့ ငါနဲ႔မင္းရဲ႕အဆုံးသတ္ကသူမ်ားေတြလိုလွလွပပနဲ႔လမ္းခြဲခဲ့ၾကရတဲ့စုံတြဲေတြလိုမ်ိဳးလို႔ မင္းထင္ေနတာလား"
".........."
မ်ိဳးဆက္ စိုင္း၏စကားမ်ားေၾကာင့္
ျပန္ေျဖၾကားရန္စကားလုံးမ်ားပင္မ႐ွိေတာ့။
တကယ္ပဲ သူတို႔ရဲ႕အဆုံးသတ္က လွမွမလွခဲ့ၾကပဲေလ။
မ်ိဳးဆက္၏မိသားစု အသိုင္းအဝိုင္းကေ႐ွး႐ိုးဆန္သည့္အသိုင္းအဝိုင္းမို႔
မ်ိဳးဆက္ႏွင့္စိုင္းတို႔၏ ဆက္ဆံေရးကိုလက္ခံဖို႔ဆိုတာမျဖစ္ႏိုင္ခဲ့။
စိုင္းက ေ႐ွ႕ဆက္တိုးရန္ဆႏၵ႐ွိေပမဲ့
မ်ိဳးဆက္ကေတာ့မဟုတ္ေခ်။
စိုင္းလိုမ်ိဳး ႐ူးမိုက္စြာေ႐ွ႕ဆက္တိုးဖို႔သတၱိမ႐ွိသလို သူ၏မိသားစုႏွင့္ပတ္ဝန္းက်င္၊စသည့္ စသည့္အရာမ်ားအားလုံးကို တြန္းလွန္ဖို႔ဆိုတာဟာ
သူ႕အတြက္
အရမ္းပင္ခက္ခဲခဲ့သည္။
မ်ိဳးဆက္ဟာ တရားမဝင္သားတစ္ေယာက္ျဖစ္၍ အေမျဖစ္သူကလည္းမယားငယ္တစ္ေယာက္မို႔
စိုင္းကိုသာသူလက္ထပ္လိုက္လွ်င္ နဂိုကတည္းက
သူမ်ားတံေတြးခြက္ထဲပက္လက္ေမ်ာေနတဲ့ မ်ိဳးဆက္တို႔သားအမိႏွစ္ေယာက္၏ဘဝကိုေတြးပင္မေတြးဝံ့ခဲ့။
သို႔ေပမဲ့ သူစိုင္းကိုေတာ့အေတာ္႕ပင္ခ်စ္ခဲ့ပါ၏ ဒီတိုင္း...ေ႐ွ႕ဆက္ဖို႔သတၱိေကာ အစြမ္းေကာမ႐ွိခဲ့႐ုံသာ။
ထိုအခ်ိန္တုန္းက မ်ိဳးဆက္ဘဝမွာ သိမ္ငယ္မႈေပါင္းမ်ားစြာႏွင့္ျဖတ္သန္းေနခဲ့ရခ်ိန္၊ မိသားစု၏သစၥာခံေခြးတစ္ေကာင္လုံးလုံးျဖစ္ေနခ်ိန္။
အဲ့အခ်ိန္မွာ သူ႕မွာအင္အားေကာ အာဏာေကာ ပိုက္ဆံေကာ ဘာဆိုဘာမွမပိုင္ခဲ့တဲ့သူတစ္ေယာက္။
ငယ္စဥ္ကတည္းက အႏွိမ္ခံဘဝႏွင့္ႀကီးျပင္းလာရသူမို႔ ေခါင္းထဲ၌ ႀကီးပြားရန္သာ႐ွိခဲ့၍
သူ၏တစ္ဦးတည္းေသာခ်စ္ရသူစိုင္းကိုစြန္႔လႊတ္ခဲ့ရျခင္းပင္။
တစ္ခုလိုခ်င္ရင္ တစ္ခုကိုစြန္႔လႊတ္ရမယ္မဟုတ္လားေလ။
စိုင္းႏွင့္ျပတ္စဲအၿပီးတြင္
သူအလုပ္ကိုပိုမိုႀကိဳးစားခဲ့၍
ထိပ္ဆုံးကို ေရာက္သည္အထိ
ေခြးတစ္ေကာင္လိုအလုပ္လုပ္ခဲ့ရသည္။
ေနာက္ဆုံးတြင္ေတာ့ မ်ိဳးဆက္ထံ၌
အာဏာ၊ေငြ၊အင္အား အကုန္႐ွိေနၿပီပင္။
သူ၏အိမ္မက္ေတြ တကယ္ျဖစ္လာခဲ့ေပမဲ့လည္း မ်ိဳးဆက္မေပ်ာ္ႏိုင္ခဲ့။
သူထံတြင္ လစ္ဟာေနေသာ အရာတစ္ခုဟာအၿမဲ႐ွိေနခဲ့၍ ႏွလုံးသားထဲ၌လိုခ်င္တမ္းတမႈတို႔ဟာ ကိန္းဝွက္ေနခဲ့၏။
ယင္းအား ေျဖေဖ်ာက္ႏိုင္ရန္
ခ်စ္သူေပါင္းမ်ားစြာ ထားခဲ့ပါေသာ္လည္း ယင္းကြက္လပ္ဟာျပည့္သြားျခင္းအလ်င္မ႐ွိ ေလ်ာ့ၿမဲေလ်ာ့ဆဲ
လပ္ၿမဲလပ္ဆဲသာ။
၎ကြက္ယပ္အားျဖည့္တင္းရန္
နည္းလမ္းမ်ိဳးစုံႏွင့္ႀကိဳးစားခဲ့ပါေသာ္လည္း
အခ်ည္းႏွီးသာလွ်င္။
လြန္ခဲ့ေသာႏွစ္လက စိုင္းအားအမွတ္မထင္လမ္း၌ ေတြ႕လိုက္ရတာျဖစ္ၿပီး
ယင္းသဂၤတအခ်ိန္ကေလးမွာပင္သူစိုင္းကိုခ်စ္ေသးေၾကာင္းလက္မလႊတ္ႏိုင္ေၾကာင္းသိ႐ွိလိုက္ရသည္။
စိုင္းႏွင့္ေတြ႕ခဲ့သည္မွာအထက္တန္းေက်ာင္း၌ျဖစ္ၿပီး စိုင္းဟာသူ႕ဘဝထဲကိုသူငယ္ခ်င္းေကာင္းတစ္ေယာက္အေနနဲ႔ဝင္လာခဲ့ျခင္း။
သူငယ္ခ်င္းတစ္ေယာက္အေနႏွင့္လို႔ထင္ထားခဲ့ေပမဲ့ တျဖည္းျဖည္းပိုလွ်ံလာမိသည့္ေမတၱာတရားတို႔ႏွင့္အတူ
သူစိုင္းအေပၚ၌ ေမတၱာသက္ဝင္ခဲ့သည္။
သူ႕ကိုသူ Gayတစ္ေယာက္မွန္းစစသိျခင္းတုန္းကလက္မခံႏိုင္ျဖစ္ကာ
မိန္းကေလးတစ္ေယာက္ႏွင့္တြဲခဲ့ေသာ္လည္း တစ္လႏွင့္ျပတ္စဲသြားကာ
သူ၏ျဖစ္တည္မႈအားလက္ခံလိုက္ရေတာ့သည္။
သို႔ေသာ္လည္း ထိုအခ်ိန္ဟာေနာက္က်သြားခဲ့၍ စိုင္းဟာလည္းျမန္မာသို႔ေရာက္ေနႏွင့္ေလၿပီ။
ထို႔ေၾကာင့္ သေဘာက်စိတ္မ်ားအားမ်ိဳသိပ္ထားခဲ့ရသည္။
ၿပီးေနာက္တြင္ေတာ့
24ႏွစ္အ႐ြယ္တြင္ စိုင္းႏွင့္ျပန္စုံခဲ့ကာ
စိုင္းအားဖြင့္ေျပာခဲ့ေလသည္။
စိုင္းဟာ သူ႕လို ေကာင္ကို
လိုေလေသးမ႐ွိေအာင္ခ်စ္ေပးခဲ့၍
အထင္ေသးျခင္းမျပဳခဲ့သလို
အခ်စ္မ်ားႏွင့္ပင္ေဖးမခဲ့ေသးသည္။
သို႔ေသာ္ စိုင္းကို သူကိုယ္တိုင္စြန္႔ပစ္ခဲ့တာျဖစ္၍ေနာင္တရေနလွ်င္ေတာင္
စိုင္းဟာသူ႕စီကိုျပန္လာေတာ့မည္မဟုတ္ေၾကာင္းမ်ိဳးဆက္သိေလသည္။
"မင္းခန္႔"
"အင္း"
"သူငယ္ခ်င္းေတာ့ ျဖစ္ခြင့္႐ွိမလား....
အမ်ားႀကီးမေတာင္းဆိုပါဘူး
မင္းနဲ႔ထပ္ၿပီးရင္းႏွီးခြင့္ရခ်င္႐ုံပါ"
စိုင္း မ်ိဳးဆက္၏မ်က္လုံးကိုေစ့ေစ့ၾကည့္လိုက္ရင္း သက္ျပင္းတခ်က္ခ်လိုက္မိသည္။
"အင္း သူငယ္ခ်င္းေပါ့"
ထိုအခါ မ်ိဳးဆက္က႐ႊင္လန္းသြားဟန္ႏွင့္ စားပြဲေပၚတင္ထားသည့္သူ႕လက္ကိုေပ်ာ္႐ႊင္စြာဆုပ္ကိုင္လာေလသည္။
စိုင္းလက္ကိုခ်က္ခ်င္း႐ုန္းလိုက္ရင္း
"အျပဳအမူကိုဆင္ျခင္"
"ေတာင္းပန္ပါတယ္ ငါအရမ္းေပ်ာ္သြားလို႔ပါကြာ....
ေအာ္ဒါနဲ႔ ဒါကငါ့ရဲ႕လိပ္စာကဒ္ေလ"
"မင္းက ဒီမွာလည္းလုပ္ငန္းထပ္႐ွိေသးတာလား"
စိုင္း ကမ္းေပးလာေသာလိပ္စာကဒ္ကိုလွမ္းယူလိုက္ရင္းေမးလိုက္သည္။
"ဟုတ္တယ္ စီးပြားေရးခ်ဲ႕ထြင္းႏိုင္သေလာက္ခ်ဲ႕ထြင္းရမယ္ေလ....
ဒါၿပီးရင္ ဂ်ာမနီဘက္ကို ေျခဆန္႔မလို႔စဥ္းစားထားတယ္"
"ေကာင္းပါတယ္ အဲ့တာလည္း"
"ဒီတပတ္ ေသာၾကာေန႔က်
ငါတို႔ကုမၸဏီရဲ႕ပထမဆုံး႐ိုက္ကူးေရးအတြက္ ဇာတ္ၫႊန္းေရးဆရာနဲ႔ေတြ႕ရမွာ။ သူကဒီမွာနာမည္ႀကီးဆိုလား
သူ႕ဝတၳဳေတြေတာ္ေတာ္ေပါက္တယ္ဆိုတာနဲ႔ဖတ္ၾကည့္လိုက္တာ ေကာင္းတာနဲ႔ကမ္းလွမ္းလိုက္တာ။သူကအစက လက္မခံဘူးေလ ငါတို႔တစ္လေက်ာ္ေက်ာ္ေလာက္ကို လိုက္ယူလိုက္ရတယ္"
"ပြဲဦးထြက္ဆိုေတာ့ ဒီလိုအေကာင္ႀကီးႀကီးကိုဖမ္းမိမွ ေတာ္ကာက်မွာ"
စိုင္းက လိပ္စာကဒ္အားစိုက္ၾကည့္ရင္းေတြးမိသည္က သူ၏တစ္ဦးတည္းေသာေပါက္စအေၾကာင္း။
သက္ပိုင္လည္း နာမည္ႀကီးစာေရးဆရာတစ္ေယာက္ျဖစ္သည့္အျပင္ သူ႕ဝတၳဳေတြကလည္းသိပ္ကိုေကာင္းသည္။
သက္ပိုင္ ဝတၳဳေရးဖို႔ဇာတ္ၫႊန္းေရးသည့္အခ်ိန္ဆိုလွ်င္ သိပ္ကိုဆြဲေဆာင္မႈ႐ွိေသးသည္။
အနက္ေရာင္ ပလက္စတစ္ကိုင္းမ်က္မွန္ကိုဝတ္ဆင္၍ ပယင္းမ်က္လုံးမ်ားထက္႐ွိ မ်က္ခုံးႏွစ္ခုကလည္းအနည္းငယ္စုက်ံဳ႕ေနတတ္သည္။
ထို႔အျပင္ သက္ပိုင္ဟာ
စာ႐ြက္အလႊတ္မ်ားထံ၌ ဇာတ္ၫႊန္းအသစ္မ်ားေရးဆြဲရင္း
Plotေပါင္းမ်ားစြာအား
တစ္ခုႏွင့္တစ္ခုတိုက္စစ္ကာ
Plotငါးခု႐ွိလွ်င္
ယင္းPlotငါးခုအားတစ္ခုတည္းျဖစ္ေအာင္ ဖန္တီးတတ္ေသးသည္။
ဇာတ္ၫႊန္းစာ႐ြက္မ်ားၾကားထဲ၌
အလုပ္႐ႈပ္ေနတတ္ေသာ သက္ပိုင္မွာ
စာ႐ြက္စာတမ္းမ်ားၾကားထဲ၌ အလုပ္မ်ားေနေသာCEOတစ္ေယာက္ႏွင့္ပင္တူေနေသးသည္။
အထူးသျဖင့္ ထိုကဲ့သို႔အခ်ိန္မ်ားတြင္ သိပ္ကိုအေလးအနက္ထားသည့္ သက္ပိုင္၏မ်က္ႏွာအေနအထား ပုံစံအစ႐ွိသည္တို႔ဟာ တကယ့္ပင္ဆြဲေဆာင္မႈ႐ွိသည္ဆိုတာျငင္း၍မရ။
ဝတၳဳေရးေနသည့္အခ်ိန္မ်ားဆိုလွ်င္ သူ႕နံေဘးမွာ အသံေသးေသးေလးထြက္ရင္ေတာင္ စိတ္တိုတတ္ေသာ္လည္း
ယင္းအသံမွာ စိုင္းေၾကာင့္ထြက္ေပၚျခင္းဆိုလွ်င္ေတာ့ အေျခအေနဟာေျပာင္းျပန္ပင္။
ဒီလိုႏွင့္ပဲ စိုင္းေအာင္မင္းခန္႔တစ္ေယာက္၏ အေတြးရပ္ဝန္းငယ္အား
ေအာင္သက္ပိုင္ဆိုသည့္ေကာင္ေလးငယ္ဟာစိုးမိုးလိုက္ျပန္ပါေတာ့၏။
******
"ေရာက္လာၿပီလား ကိုPai
ဒီဘက္ကိုႂကြပါဗ်"
ဝန္ထမ္းေကာင္ေလးအား ေခါင္းတခ်က္ၿငိမ့္ျပကာ ျပဳံးျပလိုက္ရင္း
သူေခၚေဆာင္ရာသို႔အေနာက္မွလိုက္သြားလိုက္သည္။
ထို႔ေနာက္ အစည္းအေဝးခန္းမတစ္ခုစီသို႔ေခၚေဆာင္သြားခံရ၍ အခန္းထဲ၌ CEO ဟုထင္ရသည့္လူတစ္ေယာက္ကိုမတ္တပ္ရပ္လ်က္သားျမင္ရေလသည္။
တံခါးဖြင့္သံကိုၾကားေတာ့ ထိုလူကသက္ပိုင္တို႔ဘက္ကိုလွည့္လာသည္။
လိႈင္းတြန္႔ပုံသ႑ာန္ဆံပင္အား အေနာက္သို႔လွန္တင္ထား၍
ကိုယ္လုံးျပည့္ Brandမ်ားအားဝတ္ဆင္ထားသည္။
အျပာေရာင္ခပ္ေဖ်ာ့ေဖ်ာ့ မ်က္လုံးကိုၾကည့္ျခင္းအားျဖင့္ ဥေရာပ သားတစ္ေယာက္ဆိုတာကိုခန္႔မွန္းႏိုင္ေလသည္။
"ေရာက္လာၿပီပဲ"
ထိုလူက သက္ပိုင္တို႔ထံသို႔လွမ္းလာ၍
သက္ပိုင္အား ႏႈတ္ဆက္ရန္လက္ကမ္းေပးလာသည္။
"ကိုယ့္နာမည္က လြင္မ်ိဳးဆက္ Davidပါ...
L.D Entertainment ရဲ႕Ceoပါ"
လြင္မ်ိဳးဆက္ဟူေသာ နာမည္အားၾကားလိုက္ရခိုက္ သက္ပိုင္၏ကိုယ္ကအနည္းငယ္ေတာင့္သြားသည္။
ေလးေလးငယ္၏ အခ်စ္ဦးျဖစ္သူ၏နာမည္ပင္။
သက္ပိုင္ မ်ိဳးဆက္၏လက္အားျပန္လည္ဆုပ္ကိုင္ကာ ႏႈတ္ဆက္လိုက္ရင္း ျပဳံးလိုက္ေသာ္လည္း ရင္ထဲမွာ
သံတယမ်ားစြာႏွင့္။
"ဟုတ္ကဲ့ ေတြ႕ရတာဝမ္းသာပါတယ္။
Paiပါ"
မျဖစ္ႏိုင္ပါဘူးဟူသည္ အေတြးအားေခါင္းထဲ၌႐ိုက္သြင္းရင္း
အလုပ္ကိစၥေဆြးေႏြးရန္ကိုသာ အာ႐ုံစိုက္ထားလိုက္ေတာ့သည္။
"ပူးေပါင္းေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္ Pai"
"ဟုတ္ကဲ့ ေနာင္အတြက္ အကူအညီေတာင္းပါတယ္"
သက္ပိုင္ မ်ိဳးဆက္ႏွင့္အတူ အစည္းအေဝးခန္းထဲမွထြက္လာခိုက္
အခန္းအျပင္သို႔ေရာက္သည့္အခ်ိန္၌
ေတြ႕ျမင္လိုက္ရသည့္ လူေၾကာင့္
သက္ပိုင္၏မ်က္လုံးအိမ္မ်ားက အံ့ၾသျခင္းေပါင္းမ်ားစြာႏွင့္အတူ အနည္းငယ္ျပဴးက်ယ္သြားရသည္။
သက္ပိုင္ မယုံႏိုင္စြာျဖင့္ အေ႐ွ႕မွလူကို
ေခၚလိုက္သည့္ နာမ္စားေလးကား....
"ေလးေလးငယ္...."
*****
Alexander AN(Ah Nyo)
May.28.2023
ဒီတစ္ေခါက္ေတာ့ Updateမၾကာဘူးဟုတ္ TwT
*******