အပိုင်း -၂၂
❗ထက်မြတ်ဦး POV (သို့) ဖုံးကွယ်ထားသောအမှန်တရား
တစ်ဖက်ကဘာပြောပြော ကိုယ့်နားထဲသေချာမကြားရတော့ပါ။စကားသံတို့က လည်ခေါင်းထဲကနေလုံးဝထွက်မလာတော့ဘဲ စကားပြေဖို့ကြိုးစားလိုက်သည့်အခါဝူးဝူးဝါးဝါးအသံတွေသာ ထွက်လာရတော့သည်။စီးကျနေသည့်မျက်ရည်တွေ၊ နာကျင်လွန်းတဲ့ရင်ဘက်တွေ။ဖွင့်ပြောခွင့်မရှိသည့်စကားသံတွေ။ အခြေအနေတွေကိုလက်မခံနိုင်စွာနဲ့ပဲ ကိုယ့်ရင်ဘက်တွေကို ကိုယ့်ဘာသာ
ထုရိုက်နေမိရင်း ကြမ်းပြင်ပေါ်ထိုးစိုက်လဲကျသွားရကာအမှောင်အတိဖြစ်သွားရတော့သည်။
*
*
*
*
*
*
*
*
" အိတ်ကပ်ထဲမှာရှိနေသည့်ဖုန်းက တုန်ခါလာတာကြောင့်ယူပြီးကြည့်လိုက်သည့်အခါ ကိုယ်သိတဲ့သူဆီကဖြစ်နေတာကြောင့် ချက်ချင်းကိုင်လိုက်ပြီ
" မင်း အဆင်ပြေရဲ့လား "
" သိပ်ပြေတာပေါ့ ခင်ဗျားအစီအစဉ်အတိုင်း ဆက်ပြီးရွေ့လို့ရပြီ "
" ကောင်းပြီလေ ဒါဆိုရင်လဲ ငါ မကိုဋ်ထွဋ်ခေါင်ဆီကိုဓာတ်ပုံပို့ပေးလိုက်တော့မယ် "
" ကြိုက်သလိုသာလုပ်၊ အဓိက,က ကျုပ်ကလေးလေးကို လာမထိရင်ရပြီ "
" စိတ်သာချလိုက် ၊ ငါလိုချင်နေတာဟိုခွေးသားကိုပဲ ၊ ဒီတစ်ခါတော့ ဒင်းသေကိုသေရမယ် "
" ကျုပ်ကပိုကြိုက်တာပေါ့ ကျုပ်သွားမယ့်လမ်းမှာ
ဆူးတစ်ချောင်းရှိနေတယ်ဆိုရင် အဲဆူးက
မကိုဋ်ထွဋ်ခေါင်ပဲ ၊ ဆူးလိုကောင်ကို ဘယ်သူက
လာဖယ်ပေးဖယ်ပေး ဖယ်ပေးတဲ့သူကိုကျေးဇူးတင်တယ်၊ ဘယ်သူကမှလာမဖယ်ပေးရင်တောင် ကျုပ်ဘာသာဖယ်ထုတ်ရမယ့်အခြေအနေလေ"
" ဒင်းကိုဖယ်ထုတ်ဖို့တာဝန်က ငါတာဝန်ပဲလေ၊
ဒီကိစ္စတွေကိုမြန်မြန်လက်စသတ်ပြီးရင် ငါလည်း
ဟိုဘက်ကိုပြန်သွားတော့မယ် ၊ မင်းလဲကံကောင်းပါစေ "
တစ်ဖက်က ဖုန်းကိုချသွားတဲ့အခါမှာတော့ ကုတင်ပေါ်မှာ အိပ်ပျော်နေသလိုမျိုး လဲလျောင်းနေသောကောင်လေးကိုငေးကြည့်နေမိတော့သည်။နုငယ်ပြီးကြည်လင်နေသည့်ဒီကောင်လေးကို လွန်ခဲ့တဲ့နှစ်နှစ်လောက်ကစတင်တွေ့ဆုံခဲ့ရခြင်းဖြစ်၏ ။ တစ်ဖက်လူမသိခဲ့လေသောရေစက်သည် လွန်ခဲ့သောအချိန်တစ်ခုမှစတင်ခဲ့ရသည်။
ကိုယ့်တို့မိသားစုနှင့်ရင်းနှီးသည့် ဒေါက်တာမျိုးမြင့်ဆိုသူက သက်ထက်ပန်ကိုဆေးကုပေးနေသည့် ဆရာဝန်တစ်ဦးဖြစ်လေသည်။ တိုင်ဆိုင်သည့်ရေစက်တစ်ခုကြောင့်ဒီကောင်လေးကို ဆုံတွေ့ခွင့်ရခဲ့တာကို ကိုယ့်အနေနဲ့အလွန်ပျော်ရွှင်ခဲ့ရဖူးလေသည်။ စတွေ့ခဲ့ရသည့်အအခုစိတ်ပူစရာမရှိတော့ပါဘူးချိန်တွေကို တွေးလိုက်မိယုံဖြင့် စိတ်အလျင်က လွန်ခဲ့ပြီးသောနှစ်တွေဆီကို ရွေ့လျားခဲ့ရလေတော့၏ ။
( လွန်ခဲ့သော ၂နှစ်ခန့်အချိန်သို့ )
" သွေးပေါင်နည်းနည်းတက်သွားတာပါ ၊ ၊ ပေးထားခဲ့တဲ့ဆေးတွေကိုလည်းသောက်ရင်း သွေးပေါင်ကျဆေးကိုတော့ မနက်တိုင်းတစ်လုံးစီသောက်ပေးပါ ၊ အဲဒါတော့မေ့လို့မရဘူးမောင်ထက်မြတ်ရေ မြန်မာပြည်ခဏပြန်လာတုန်းမင်းအဖေကိုဂရုစိုက်လိုက်ပါဦးကွာ
ဒီလူကတအားပေတယ်နော်"
" ဟုတ်ကဲ့ပါအန်ကယ် ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်"
" ကျေးဇူးပါပဲကိုမျိုးမြင့်ရယ်၊ မအားတဲ့ကြားကနေ
တကူးတကလာပေးလို့ အားလည်းနာရပါတယ် "
" မဟုတ်တာကိုမင်းလွင်ရယ် ကိုယ့်အချင်းချင်းတွေအားနာစရာမလိုပါဘူး ၊ ကျွန်တော်ကတောင်
ဖုန်းဆက်ဆက်ချင်းမှာ ချက်ချင်းမလာနိုင်တာကို
အားနာနေတာ၊ ဖြစ်ချင်တော့ ဒီနေ့ကျမှ ကျွန်တော့်
ကားကဝက်ရှော့ပို့ထားရတယ်၊ အိမ်က ကားတွေကလည်း မအားဘူးဖြစ်နေတော့ တက္ကစီလှမ်းခေါ်နေရလို့လေ ၊အခုအပြန်ကိုလဲ ကျွန်တော်နဲ့ပြနေကျ ကလေးတစ်ယောက်ကို ဝင်ကြည့်ပေးရဦးမယ် "
" ဒီကအပြန်ကိုတော့ ကျွန်တော့်သားကအဲအိမ်ကိုလိုက်ပို့ပေးပြီး ကိုမျိုးမြင့်အလုပ်ပြီးတဲ့အထိစောင့်နေပြီးမှအိမ်ပြန်လိုက်ပို့ပါလိမ့်မယ်ဗျာ "
နောက်ဆုံးတော့ ထက်မြတ်ဦးတစ်ယောက်
ဒေါက်တာမျိုးမြင့်နဲ့ ပြနေကျလူနာရှိနေသည့်အိမ်ကို
လိုက်ပို့ပေးခဲ့ရသည်။ အိမ်ထဲကို ဝင်မလိုက်ချင်တာကြောင့် ကားမှန်တွေဖွင့်ထားပြီး ကားထဲမှာထိုင်နေသည့်အချိန် လူနာရဲ့အမေဖြစ်ဟန်တူသည့်အမျိုးသမီးတစ်ဦးကကိုယ့်ရဲ့ကားရှိနေသည့် အိမ်တံခါးအဝနားသို့ထွက်လာရင်း
တစ်ဆက်ထဲဆိုသလို ခြံထဲယကိုလှမ်းကြည့်လိုက်ရင်း
" အသက်လေးရေ! သားငယ်လေး! ဒီမှာဒေါက်တာ
ရောက်နေပြီလေ၊ ခြံထဲဆင်းပြီး ဘာတွေရှုပ်နေပြန်ပြီလဲသားငယ်လေးရယ် "
" ဟုတ် လာပြီမေမေ့၊ သားလက်ဆေးပြီးလာမယ်နော်"
အသံနဲ့ရှေ့မနှောင်းမှာပင် ပြေးလာသည့်ခြေသံတဖျက်ဖျက်ကိုကြားလိုက်ရကာ တံခါးဝမှာရပ်နေတဲ့ သူ့အမေရင်ခွင်ထဲတိုးဝင်သွားလေသည်။သားဖြစ်သူရဲ့ပခုံးလေးကိုဖက်ရင်းအိမ်ထဲပြန်ဝင်သွားသည့်မြင်ကွင်းကို ဘာဘောင်ဘီတိုလေးနှင့်ရှပ်လက်တိုဆင်တူလေးကိုဝတ်ထားလေသည်။နောက်ကနေကြည့်ရင်ကိုချစ်စရာပုံစံလေးကပျောက်မသွားချေ။ရယ်မဟုတ်ငေးကြည့်လိုက်မိသည့်အခါ ရင်ဘက်ထဲမှာငလျင်လှုပ်သလို
မျိုးခံစားလိုက်ရသည်။
မျက်နှာကို သေသေချာချာမမြင်လိုက်ရသည့် ကောင်လေးတစ်ယောက်၏နောက်ကျောပြင်သည် ကိုယ့်စိတ်နှလုံးကို များစွာတုန်လှုပ်သွားစေ၏။ အုပ်အုပ်ဖောင်းဖောင်းဆံပင်ပုံစံလေးနဲ့
သေးသေးကွေးကွေးကောင်လေးသည်
လိမ္မော်ရောင်ပေါ်မှာအရုပ်လေးတွေပါသည့် ပေါင်လည်လောက်ပဲရှိမယ့် မျက်နှာလေးသေချာမမြင်ရတာကို ဝမ်းနည်းစိတ်ပင်ဝင်သွားမိ၏။
ထိုနေ့ကဒေါက်တာမျိုးမြင့်ကို အိမ်ပြန်လိုက်ပိုတဲ့အချိန်မှာသူနဲ့အမြဲပြနေကျဆိုပြီး ဘာရောဂါမှရှိနေပုံမရအောင်လန်းဆန်းနေသောကောင်လေးအကြောင်းကို မသိမသာမေးခွန်းမေးမိချိန်တွင်
ဒီကောင်လေးရဲ့အကြောင်းတစ်ချို့ကို
အရိပ်အမြွတ်သိခွင့်ရခဲ့လေသည်။ဒါပေမဲ့ အသက်ဆိုသည့်နာမည်ကလွဲရင် သူ့နာမည်အပြည့်အစုံကိုမသိခဲ့ရချေ။ထပ်ပြီးမေးဖို့အဆင်မပြေတာကြောင့်
ဒီတိုင်းနေနေရင်းနဲ့ပြည်ပကို ပြန်သွားရသည့်အချိန်သို့ရောက်လာခဲ့သည်။
အချိန်ကြာရင်ဒီကောင်လေးအကြောင်းတွေကို မေ့သွားမယ်ထင်ပေမယ့် နေ့စဉ်ရက်ဆက်သတိရခြင်းတွေကနေမှတစ်ဆင့်ချစ်ခြင်းဆိုသည့်ခေါင်းစဉ်အောက်ကို ရောက်ခဲ့ရတော့သည်။
အချစ်ဆိုတာကလည်း ဆန်းကြယ်သား ။ မျက်နှာလေးတောင်သေချာမတွေ့ဖူးပေမယ့် အသံလေးကြားမိယုံနောက်ကျောလေးကိုမြင်ဖူးယုံတဲ့ ချစ်လို့ရတယ်တဲ့လား။နောက်ဆုံးတော့ အချိန်တစ်နှစ်ကျော်လောက်မှာပင်ဒီကောင်လေးကိုပြန်ရှာဖို့အတွက် မြန်မာပြည်ကိုပြန်လာချင်းဖြစ်သည်။
ဝင်ဆံ့တဲ့သူဖြစ်နေတာကြောင့်
ပထမဆုံး သူရှိတဲ့နေရာကိုအပြေးအလွှားသွားခဲ့တဲ့အခါတံခါးပိတ်ထားသောအိမ်နဲ့ခြံရယ်၊ ပတ်ဝန်းကျင်ကပြောလာတဲ့သတင်းစကားတွေရယ်ကိုသာ ဝမ်းနည်းစွာကြားခဲ့ရသည်။ အဆိုးထဲကအကောင်း ဆိုရလေမလား ။သူ့အကိုက ဒီအိမ်က,ကလေးကို ပြန်ခေါ်ပြီးစောင့်ရှောက်
ထားတယ်ဆိုတဲ့သတင်းတွေကြောင့် သူ့အကိုနာမည်ကိုစုံစမ်းတဲ့အချိန် ထိုသူကစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေတယ်ဆိုတာကိုပါ ထပ်သိခဲ့ရသည်။
ကိုယ့်အဖေကိုယ်တိုင်က စီးပွားရေးလောကမှာ မကိုဋ်ထွဋ်ခေါင်ဆိုတဲ့နာမည်ကို အလွယ်တကူသိခွင့်ရခဲ့တဲ့အပြင် သူတို့ချင်းကရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်ဆိုလာတာကြောင့် ကိုယ့်ရဲ့ပထမဆုံးခြေလှမ်းအနေနဲ့ မကိုဋ်ထွဋ်ခေါင်အနားကို ချင်းကပ်ခဲ့လိုက်သည်။ ကိုယ့်ရည်ရွယ်ချက်က ရိုးရှင်းပါတယ်။အကိုဖြစ်သူနဲ့ရင်းနှီးမှုယူပြီး ညီဖြစ်သူထံချဉ်းကပ်ဖို့။
ပထမဆုံးအနေနဲ့ မကိုဋ်ထွဋ်ခေါင် ပြည်ပခရီးထွက်နေချိန်ကိုအခွင့်ကောင်းယူကာ သူအိမ်ရှိရာကို
လိုက်သွားလိုက်သည်။ ထိုကလေးနဲ့မျက်နှာချင်းဆိုင်ဆုံတွေ့ရသည့်အချိန်
စိတ်လှုပ်ရှားလွန်းလို့ စကားပင်ချက်ချင်းမပြောနိုင်ခဲ့ပေ။ဝမ်းသာစိတ်တွေအပြည့်နှင့်ပင်။ ပထမဆုံး ကိုယ့်ကို သူမေးလာသည့်စကား။
" ဘာကိစ္စများရှိလို့လဲမသိဘူး ခင်ဗျား ၊ ကိုကိုက
ခရီးသွားနေလို့ပါ "
" ကိုထွဋ်ရဲ့ ညီလား " ဆိုသည့်စကားကို အလျင်စလိုပင်မေးလိုက်မိတာက
သူတို့အိမ်ကနေပြန်ထွက်လာသည့်အချိန်မှာ
" သူ့အမျိုးသားပါ သက်ထက်ပန်လို့ခေါ်ပါတယ် ၊
ဒီကအကိုက ဘယ်သူလဲမသိဘူး " ဆိုတဲ့စကားကို
ကြားလိုက်ရချိန်မှာ ထိန်းမရအောင်ပျက်သွားရသည့် ကိုယ့်မျက်နှာကို ဒီကောင်လေး သတိများထားမိသွားမလားမသိနိုင်ပါ။
မကိုဋ်ထွဋ်ခေါင် က ဒီကောင်လေးရဲ့အကိုဆို။
အခုတော့ သူ့ခင်ပွန်းတဲ့။လွဲချော်နေသည့်အကြောင်းတရားကရှိတော့ရှိရမည်။ ကိုယ်သိခဲ့သည့် အသက်ဆိုသောကောင်လေးနဲ့ သက်ထက်ပန်ဆိုတာ တစ်ယောက်ထဲတောင်ဟုတ်ပါ့မလားသံသယဝင်လာမိကာ ချက်ချင်းပဲစုံစမ်းဖို့အတွက် အလွတ်စုံထောက်တစ်ယောက်ကိုငှါးလိုက်သည်။
အလွတ်စုံထောက်က ကိုယ့်ဆီကိုပို့ပေးလာသည့်
သက်ထက်ပန်နဲ့ပတ်သက်သောအမည် ၊ အသက် ၊ ပညာအရေအချင်း ၊ မိဘအမည် စသည်တို့ထက်
ပိုပြီးစိတ်ဝင်စားစရာကောင်းသည့်အချက်က
ဒွိလိင်တစ်ယောက်ဖြစ်နေသည်ဆိုသည့်
စာကြောင်းနှင့် ထိုသူငယ်စဉ်ကဆေးကုသခဲ့သည့်
ဆေးမှတ်တမ်းတွေ။ သေချာပြီ ဒါကလေးက
ကိုယ်ရဲ့အသက်ပဲ။ ပတ်ဝန်းကျင်က ညီအစ်ကိုလို့
သိထားသည့်လူနှစ်ယောက်က လက်တွေ့မှာ
အိမ်ထောင်ဖက်ဖြစ်နေတာကြောင့် သွေးရင်းလက်ထပ်ခြင်းများဖြစ်နေမလားဆိုပြီး နောက်ကြောင်းတွေကိုလိုက်စုံစမ်းရာကနေ ညောင်မြစ်တူးရင်းပုတ်သင်ဥပေါ်ဆိုသလိုပဲ မကိုဋ်ထွဋ်ခေါင်ရဲ့အကြောင်းတွေကိုပါ သိလာရလေသည်။
ကံကောင်းတာတစ်ခုက ဒီကောင်ရဲ့အလုပ်တွေကို
ကိုယ့်အဖေကကူညီနေရတာကြောင့် တစ်ချို့သောကိစ္စတွေကို အခက်အခဲမရှိစုံစမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
မကိုဋ်ထွဋ်ခေါင် ရဲ့လုပ်ငန်းတွေကအစ လူဇော်နဲ့ရန်ညှိုးတွေအထိ သိရှိပြီးတဲ့နောက် ကိုယ်နဲ့လက်တွဲရမယ့်သူဖြစ်လာနိုင်တဲ့ လူဇော့်နောက်ကို တောက်လျှောက်လိုက်နေခဲ့သည်။ နောက်ဆုံး လူဇော့်ကိုချောက်ကမ်းပါးထဲ ကနေကယ်ပြီးဆေးကုပေးသူကလည်းကိုယ်ပဲ။ နောက်ပိုင်း
လူဇော့်ဆီကနေတစ်ဆင့် မကိုဋ်ထွဋ်ခေါင်က ပြည်ပမှာ အင်အားကြီးမာဖီးယားဂိုဏ်းတစ်ခုကို ဖွဲ့စည်းခဲ့ပြီး တရားမဝင်လုပ်ငန်းတွေပိုင်ဆိုင်လာသည်ဆိုတဲ့အထိသိလာရတော့သည်။
အရာအားလုံးကိုစီစဉ်ပြီးတဲ့အချိန်မှာတော့ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်မည့်အစီအစဉ်ကို
စခဲ့သည်။ ဦးနှောက်မပါသည့်လူဇော်ဆိုသည့်ကောင်က မကိုဋ်ကိုလက်စားချေဖို့အထိသာတွေးထားပေမယ့် ကိုယ်ကတော့ဒင်းတို့နှစ်ယောက်စလုံးကို အစဖျောက်ဖို့တွေးထားပြီးသား ။
ဒါမှ ကိုယ့်အကြောင်းကို ပြန်ဖော်မယ်သူမရှိတော့မှာလေ ။အခုတော့ ကိုယ့်အစီအစဉ်အတိုင်း အပိုင်သိမ်းပြီးသူ့ဗိုက်ထဲက
သက်ထက်ပန်လေးကိုလည်း သူ့အိမ်ကနေခေါ်ထုတ်ထားနိုင်ခဲ့ပြီ။ လူဇော့်နောက်ကိုလည်း ကိုယ့်လူတွေကို နောက်ယောင်ခံလိုက်ခိုင်း
ထားပြီ။ မကိုဋ်နဲ့လူဇော် ထိတ်တိုက်တွေ့တဲ့အချိန်
ဘယ်သူကဘယ်သူ့ကိုသတ်သတ်၊ ကျန်နေခဲ့တဲ့
တစ်ယောက်ကို ကိုယ့်လူတွေက လက်စဖျောက်ပေးလိမ့်မယ်။
နောက်ဆုံးတော့ သက်ထက်ပန်ဆိုတဲ့ကလေးနားမှာကိုယ်ပဲကျန်နေခဲ့မှာပေါ့။ ဒီကောင်လေးကို ကလေးကိုဖျက်ချရမယ်။ ပြီးရင်ကိုယ့်ရင်သွေးလေးတွေမွေးခိုင်းမယ်။ကိုယ်တို့မိသားစုလေး ပြည်ပနိုင်ငံတစ်ခုမှာ အခြေတကျနေထိုင်မယ်။ စိတ်ကူးနဲ့ပင်
ပျော်စရာကောင်းလွန်းတာမို့ ထက်မြတ်ဦးတစ်ယောက်တဟားဟားနှင့်အော်ရီလိုက်မိတော့၏ ။
" ကိုယ်ရူးနေပြီအသက်၊ မင်းကိုချစ်လွန်းလို့ ကိုယ်တကယ်ရူးနေပြီ ဟား ဟား ဟား ဟား "
Eros_90
28.5.23 (၈ နာရီ ၅၀မိနစ် )
31.5.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။
❗A/N - အပိုင်း ၂၁ အထိ ထက်မြတ်ဦးက
သက်ထက်ပန်ကို ချစ်နေတာကိုမယုံတဲ့သူတွေအတွက်မျက်ရည်နှစ်စပ်ပါနော်😂 နောက်ပြီး မြန်မာနန်းတွင်းနောက်ခံနဲ့ Time Travelပုံစံလေးရေးချင်လို့ အသစ်တစ်ပုဒ်ရဲ့ Review လေးWall ထဲမှာတင်ထားပါတယ်ဗျာ။ နန်းတွင်း Fic တို့၊
Time Travel တို့လိုပုံစံလေးတွေကြိုက်ရင်
" မခူးဝံ့သည့် ပန်း "Fic Update ပေးတဲ့အချိန် Ongoing လိုက်ဖတ်ပေးလို့ ရပါတယ်။ ဇာတ်လမ်းပုံစံကတော့ စစ်သွေးကြွဘုရင်မောရိယသူရဇ္ဇနဲ့ မိန်းကလေးတစ်ယောက်လိုနူးညံ့လှပတဲ့ ရှင်းလွန်းငယ်တို့အကြောင်းကိုရေးမှာပါ ။