ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~
အပိုင်း-8
အခန်းလေးထဲ နောက်တစ်ခေါက် ဝင်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ တံခါးလေးအသာတွန်းဖွင့်ကာ ဝင်လိုက်တော့ ...ကားယားလေး အိပ်နေသော ကလေးမ....ကိုယ့်ကိုယ်ကိုမိန်းကလေးဟုပင်
တစ်စက်မှ မတွေးထားပုံပင်။
ခွန်းရှေ့ဆက်မသွားတော့ဘဲ အပြန်ပြန်ထွက်ကာ
တံခါးခေါက်လိုက်လေသည်။
ပထမ သုံးချက်တိတိ ခေါ်ပြီးသော်လည်း နိုးပုံမပါ်သေးပေ။ အားပါပါနှင့် 5ချက်လောက် ဆက်တိုက်ခေါက်လိုက်တော့မှ အထဲမှအသံပြန်ထွက်လာလေသည်။
*ဘယ်သူလည်း ဒီလောက်ခေါက်နေတာ တစ်ခါခေါက်ရင် ကြားပါတယ် *
အထဲကနေ ရန်ပြန်လုပ်နေပုံများ သတ္တိခဲလေးပင်။
8ချက်ခေါက်ပြီးမှ အသံကြားတယ်လို့များ ပြောရင်
ဘယ်လိုဖြစ်မယ်မသိ။
တံခါးကို ဒေါက်ခနဲဖွင့်လိုက်ကာ ကြည့်လိုက်တော့
ဟိုလူကြီးပင်။ ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်တော့လည်း ဆံပင်အတိုတွေက ထောင်နေကာ ဘောင်းဘီတိုက အပေါ်လိတ်တတ်နေသေးသည်။
*အားးး*
တံခါးကို ဒုန်းခနဲ ပြန်ပိတ်လိုက်ကာ ထိုင်ချလိုက်ပြီး
မျက်နာကို အုပ်ထားလိုက်သည်။ ရှက်စရာကောင်းလိုက်တာ ကပိုကယိုနဲ့ မြင်သွားပြီ ....။
သပ်သပ်ရပ်ရပ်ပြန်ဖြစ်အောင်လုပ်ပြီး ဘောင်းဘီအပွလေး ပြန်ဝတ်ပြီး ထွက်လာခဲ့သည်။
*ရော့ မင်းအဝတ်ထုတ် အိမ်ပြန်တုန်း ကြုံလို့
ယူလာတာ *
*ကျေးဇူး*
နှစ်ယောက်သား ကျောပေးကာ လှည့်ထွက်သွားကြလေသည်။ ခွန်း ကပိုကယို ကိုယ်လုံးလေးကိုသာ
ခနခန ပြန်မြင်ယောင်နေမိတော့သည်။သိပ်ဆွဲဆောင်မှု ရှိတဲ့ကိုယ်လုံးသေးသေးလေး.....။ ထွားထွားကျိုင်းကျိုင်းမိန်းမတွေကိုတောင် စိတ်ထဲ မရှိခဲ့
ဒီဝါးခြမ်းပြားလို ကလေးမလေးကိုမှ စိတ်ထဲကကို ထုတ်မရတော့ပေ။
ခေတ် အဝတ်တွေထုတ်နေရင်း အတွင်းအဝတ်တွေလည်း ပါသောကြောင့်
မျက်နာလေးနီရဲလာရသည်။ ဟိုလူကြီး သူ့လက်နှင့် ကိုင်ထည့်လာတာများလား ရှက်စရာကောင်းလိုက်တာ ။
အဝတ်ထုတ်ထဲက ဂျင်းအပွလေးနှင့် Tshirt အပွလေးကို ဝတ်ပြီး
မျက်မှန်အဝိုင်း အကြည်လေး ပါ တတ်ထားလိုပ်သည်။ မသိတဲ့သူဆိုလျှင် ယောကျာ်းလေးဟုပင် ထင်နိုင်သည်။ ခုခေတ် အခေါ်အဝေါ်တေအရ
အဆင်ဟုပင်။
ခြံထဲတွင် ဧည့်သည်တွေ အပြင် မိန်းမသုံးယောက်ပါထပ်ရောက်နေသည်။
ဘယ်သူတွေလည်း မသိပေမယ့် သူတို့အကြည့်တွေက ဧည်တွေနှင့် စကားပြောနေသော ဦးလေးကြီး ဆီရောက်နေကြသည်။
အဲ့ဦးလေးကြီးကလည်း တမင်တကာများ အထာတွေပေးနေသလိုပင်။
စိမ်းပြာရောင် Tshirt ရယ် ဂျင်းအနက်ရောင်လေးရယ်နှင့် ဝတ်ထားသည်မှာ အသက် 20 ကျော်အရွယ်လေးဟုပင် ထင်ရသည်။
ပါးသိုင်းမွေးရေးရေးလေးတို့ကလည်း စိမ်းနေကာ အထပ်ထပ် အခါခါပင် ပြန်ကြည့်ချင်အောင်ချောလှသည်။ မိန်းကလေးတွေဆို ဆံပင်ရှည်လျှင် နန်းဆန်တယ်တဲ့.....ဦးလေးကြီးကျတော့ ဆံပင်ရှည်လေးနှင့် ယောကျာ်းဆန်လှသည်။
ဒူ....ဒူ...
ခေတ် ငေးကောင်းတုန်း ဖုန်းက အသံမြည်လာမှ မျက်နာ လွှဲရတော့သည်။
*ဟယ်လို အတိုး ရောက်ပြီလား *
*အေးရောက်ပြီ ခေတ် *
*အင်းအင်း ခနလေးစောင့်နော် လာကြိုခိုင်းလိုက်မယ်*
ဖုန်းချပြီး လူကြီးရဲ့ အနားသို့ ခေတ်အရင်သွားလိုက်သည်။
ခွန်းစက်ဝိုင်ကလည်း မြင်သည်နှင့် အနားသို့ ချက်ချင်းရောက်လာလေသည်။
အတူ လမ်းလျှောက်ကာ ဦးလေးကြီး အနားရောက်တော့
ခေတ် အသက်ပျင်းပျင်း ရှူကာ ။။
*ဦးလေးကြီး*
အသံသေးသေးနှင့် မော့ ကာခေါ်နေသော ကလေးမလေး။
မျက်နာလေးကို မျက်နှာငယ်လေးလုပ်ကာ ဂရုဏာသက်အောင်ပင်
သိပ်လုပ်တတ်သူလေး။
*ပြောလေ ကလေးမ*
*ဟိုလေ ဦးလေးကြီးရဲ့ ကား ခနငှားလို့ရမလားဟင်
ကျွန်တော့ သူငယ်ချင်းတွေကို သွားခေါ်ချင်လို့*
*ရော့ ယူသွား*
ခွန်းစက်ဝိုင် ပါးစပ်အဟောင်းသားဖြစ်နေရသည်။
ညီဖြစ်သူကိုတောင် အထိမခံတဲ့သူက ဒီကောင်မလေးကျတော့
တစ်ခွန်းနှင့်ပင် သော့က လက်ထဲရောက်လာလေပြီ။ လေးစားပါတယ် မရီးဖြစ်မယ့် အသေးလေး။
ခွန်း ပြုံးပြုံး ကြီး ကျန်ခဲ့တာကိုတော့ သူမလေးမသိပေ။
သူမလေးဆီက ဆာကူရာ ပန်းနံသင်းသင်းလေးက စားပစ်ချင်လောက်အောင်ကို မွှေးလွန်းသည်။ ညီငယ် သူမလေးဘေး ကပ်မှာတောင် စိုးရိမ်မိသည်။
မိချောတို့ အဖွဲ့ကလည်း တွတ်တီ တွတ်တီနှင့် ပင် အတင်းတုန်လို့ကောင်းနေသည်။
*စက် ဒီဘက်က ရာသီဥတုက အမြဲအေးနေတာလားဟင်*
*ဟုတ်တယ်လေ ဆောင်းရဲ့ နွေမိုးဆောင်း သုံးရာသီလုံး အေးနေတာ *
*ရန်ကုန်မှာတော့ အရမ်းပူတာ ....ကျွန်တော်က အအေးကြိုက်တော့
ဒီမာ နေရတာ ပျော်ဖို့ကောင်းတယ် တစ်သက်လုံးတောင်နေချင်မိတယ် *
*နေရမှာဘဲလေကွာ မရီးအသေးလေးရဲ့*
*စက်နော် မစနဲ့*
မျက်နားလေး နီပြီး ဟိုဘက်လှည့်ကာ ပြုံးနေသောကြောင့်
ခွန်းစက်ဝိုင် ရှေ့ဆက်ဖို့ လမ်းမရှိတော့ဘူးဆိုတာကို သိလိုက်ရသည်။
ကိုကြီးနဲ့လည်း လိုက်ဖက်ပါတယ်လေ.....မရီးဖြစ်တော့လည်း မဆိုးပါဘူး ။ကားလေး မိနစ် နှစ်ဆယ် လောက်မောင်းပြီးတော့ ကားဂိတ်သို့ပင် ရောက်ပြီဖြစ်သည်။ ဟိုလေးယောက်ကတော့ အတော်တတ်ကြွနေပုံ
ခေါင်းငိုက်စိုက်ပင် ကျနေသည်။
*ဟဲ့ *
*အမလေး*
*အမလေး*
*အမလေး*
*အမလေး*
လေးယောက်သား အလန့် တကြားပင် ဖြစ်ကုန်ရသည်။
စက်တစ်ယောက် လှမ်းကြည့်လိုက်တော့ ထားခြားသောအပြုံးလေးတစ်ခုကိုမြင်လိုက်ရသည်။ ပါးချိုက်ကလေးနှင့် ချစ်စရာသိပ်ကောင်းသည်။
စက်ကျေနပ်သွားမိသည်။ အခုမှ သူ့ရဲ့ ပဲ့ကိုင်ရှင်လေးကို တွေ့တာလား
ဒါဆို မရီးအသေးလေးကို မချစ်ခဲ့ဘူးပေါ့ ..သဘောပေါက်သွားမိသည်။
*လာလာ သွားကြမယ် ကိုကြီးက ကြာရင် ဆူနေအုန်းမယ်*
အထုတ်လေးတွေ ကိုယ်စီ ဆွဲကာ ကားနောက်ခန်းထဲသို့ပင် ထည့်လိုက်သည်။ရွှေရည် နောက်ခုံက ဘေးစွန်းတွင်သာ ဝင်ထိုင်လိုက်သည်။
သူ့ကို တစ်ယောက်ယောက်ကြည့်နေတာကို တော့ သတိမထားမိပေ။
ကားလေး ခြံထဲရောက်လာသည်အထိ သူငယ်ချင်းတစ်ဖွဲ့ တစ်လမ်းလုံး
တစ်ဟီးဟီး တစ်ဟားဟား နဲ့ပင် ဆူညံနေသည်။ စက် လည်း
ဟိုကောင်မလေးကို ကြည့်ကာ အရီသန်လေးဟုပင် နာမည်ပေးထားလိုက်ပြီ ဖြစ်သည်။
*ဦးလေးကြီး ရော့ *
*မင်းသူငယ်ချင်းတွေ အိပ်ဖို့ နေရာပြင်ခိုင်းထားပြီးပြီ
ဟိုတစ်ခါ တွေ့ခဲ့တဲ့ 4ယောက်ဘဲ မဟုတ်လား*
*ဟုတ် ဟုတ်တယ် ကျေးဇူးပါ*
စကားပြောတာ ပိုယဉ်ကျေးလာသောကြောင့် သံယောဇဉ်တွေကတော့
တစ်ရစ် တစ်ရစ်နှင့်ပင် အတော်ပင် တိုးလာရသည်။
စကားပြောရင် မျက်နာလေး နီနီလာရတာလည်း တစ်မျိုးချစ်စရာကောင်းသည်။
*ခေတ် တို့ကိုလာခေါ်တဲ့ ကားထဲက အကိုကြီးက ချောတယ်နော်ဟဲ့ *
*မိရွှေရည် ညည်းကတော့ အဆင်မြင်တိုင်း ငမ်းနေတော့တာဘဲ *
*ခစ်ခစ် ချောလို့ပါ ခေတ်ရဲ့ ငါတော့ မပြန်ချင်ဆော့ဘူး
ပြီးရင် မိတ်ဆက်ပေးအုန်းနော် *
*အေ့ပါကွာ လာ အခုရေချိုး အဝတ်စားလည်း ပြီးရင် သွားကြမယ်*
ခေတ်တို့ ရေချိုးအဝတ်စားလဲပြီး ဟိုနှစ်ကောင်ကို အရင်ဝင်ခေါ်ရသေးသည်။ ငတိတို့က အရင်နဲ့မတူဘဲ ပိုပြီး သပ်ရပ်နေကြသည်။
လေးယောက်သား ခြံထဲ သို့ပင် ဆင်းလာကြသည်။ ဟိုရောက်တော့ ဧည့်သည်တွေက စားသောက်နေကြပြီဖြစ်သည်။
ခေတ်တို့လည်း စားပွဲခုံအလွတ် တစ်ခုတွင် ဝင်ထိုင်လိုက်ကြသည်။
ဝင်ထိုင်လိုက်သည်နှင့် စက်က ရောက်ချလာသည်။ ဘယ်ကတည်းက ချောင်းနေမှန်းမသိ။
*ဘာစားချင်လည်း ပြောကြပါအုန်း
ထမင်းဘဲ စားမလား ဒါမှမဟုတ် ဒံပေါက် စားမလား
ဒါမှ မဟုတ် ဟော့ပေါ့ စားချင်လား*
ဟော့ပေါ့ဆိုသော အသံကြောင့် ငါးယောက်သား မျက်နှာချင်းဆိုင် ကြည့်လိုက်ကြကာ ခေါင်းတွေ ပြိုင်တူ ငြိမ့်နေကြသည်။
*အကုန်လုံး ရမလား စက် ဟီးး*
*ဟင်*
*ဟုတ်တယ် သုံးမျိုးလုံး ချပေးနော် ကျွန်တော်တို့ အဖွဲ့က နည်းနည်း အစားပုတ်လို့*
*အိုခေ အိုခေ လာချခိုင်းပေးမယ်*
ဆက်ရန်.......