Unicode
အပိုင်း (၁၀၂)
လုလင်ကျစ်က အခန်းအတွင်း တစ်ခဏခန့်ထိုင်ပြီးမှသာ လုရှန်းကျစ်ကို ပြောပြီး အရှေ့ဘက်ခြံဝင်းထဲ ခေါ်သွားရန် စဉ်းစားထားသည်။ သည်နေရာတွင် သူတို့၏မိသားစုမှ သခင်မလေးများနှင့် ချန်းညီအစ်မများ ရှိနေရာ သူတို့က သည်နေရာတွင် အပြင်လူများလို ခံစားရ၏။
ထိုနှစ်ယောက်က အရှေ့ဘက်ခြံဝင်းတွင် စောင့်ဆိုင်းနေပြီး ညအချိန် လူအများ စုစည်းသွားသည်အထိ စောင့်ရန် ဆုံးဖြတ်လိုက်ကြ၏။
“မနက်က သမီးတို့ ယုန်အနည်းငယ်ကို သွားပြီး အမဲလိုက်ခဲ့ကြသေးတယ်၊ ရစ်ငှက်တွေလည်း ပါတယ်၊ ညဘက်ကျရင် သိုင့်မေ့နဲ့သမီးတို့ ရေပူစမ်းမှာ စိမ်ကြတာ၊ အဖွား အဖွား နောက်တစ်ကြိမ်ကျရင် သမီးတို့နဲ့ လိုက်ခဲ့သင့်တယ်၊ ရေပူစမ်းက အရမ်းကို သက်တောင့်သက်သာရှိစေတယ်၊ သမီးရဲ့အသားအရေတွေ ကောင်းလာတာပဲ ကြည့်လေ၊ အဖွားလည်းမြင်တာပဲ၊ သမီးအရင်ကလို မဲမနေတော့ဘူး၊ သမီး မြို့တော်ကိုပြန်လာခဲ့တဲ့ အချိန်တုန်းကဆိုရင် သမီးကိုယ်သမီး မိန်းကလေးတစ်ယောက်လိုမြင်ဖို့ မနည်းကြိုးစားခဲ့ရတယ်”
ယဲ့ကျန်းက သခင်မကြီးလုနှင့် စကားပြောနေသည်။ သူမ၏တက်ကြွသောအသံက စကားဝိုင်းတစ်ခုလုံးကို ဦးဆောင်ထား၏။
သိချင်စိတ်ပြင်းပြနေသော သခင်မကြီးလုက လက်ဆန့်တန်းလျက် ယဲ့ကျန်း၏ပါးလေးကို ညှစ်သည်။ နူးညံ့သော တိုဟူးသားကို ထိရသကဲ့သို့သော ခံစားချက်မျိုးရ၏။ ထို့နောက် သူမက လုဖန်းကို ကြည့်ပြီး ပြောလိုက်သည်။
“မင်းတို့တွေ ယောင်ယောင်နဲ့အတူ ကျွင်းကျစ်ကို လိုက်သွားခဲ့သင့်တာ၊ ဒီလိုဆိုရင် ကဗျာစာဖတ်ပွဲမှာ တွေ့ဆုံတဲ့အခါ မင်းတို့က လူတိုင်းထက် ပိုလှနေကြလိမ့်မယ်”
“သမီးရဲ့အဒေါ် ပြောတဲ့အတိုင်းဆိုရင် ကျွင်းကျစ်က သိပ်မဝေးဘူးဆိုတော့ သမီးတို့ သွားလို့ရပါသေးတယ်”
ချန်းချုံပင်းက စိတ်ထဲတွင် မနာလိုကြီးစွာ ဖြစ်နေသည်။ သူမ အလိုချင်ဆုံးက သူမ၏အသားအရေက ကျောက်စိမ်းကဲ့သို့ ဖြူဖျော့နေခြင်းကိုသာလျှင်ဖြစ်သည်။
ယဲ့ကျန်းက ရယ်သည်။ သူမက မသိဟန်ဆောင်ထားလျက် သခင်မကြီးလုကိုသာ ကြည့်ပြီး စကားပြောပေးနေလိုက်၏။
ယခင်က လုကျင်းသည် ယဲ့ကျန်းကို သဘောမကျဘူးဆိုလျင် ယခုယဲ့ကျန်းကို ပို၍ပင် မနှစ်မြို့မိသေး၏။
ငါ အရင်က ရေပူစမ်းကို မသွားဖူးတာလည်းမဟုတ်ဘူး၊ ငါ ရေပူစမ်းရေတွေအားလုံးကို သောက်လိုက်မယ်ဆိုရင်တောင်မှ လုယောင်ယောင်လို သက်ရောက်မှုမရှိမှာ သေချာနေတာပဲ။
သူမက စိတ်ထဲတွင် ဒေါသထွက်နေခဲ့သည်။ ယဲ့ကျန်းက သခင်မကြီးလုကို ခွံ့ကျွေးနေမည့်အကြောင်းကို ပြန်တွေးတောမိပြီး ချန်းညီအစ်မများက အသုံးမကျဟု ခံစားမိသွား၏။
ငါ မသွားဘူး၊ ဆောင်းတွင်းလယ်ပွဲက ရောက်လာတော့မယ်၊ အကယ်ဒမီမှာ လုပ်စရာတွေ အများကြီးရှိနေတယ်၊ ငါ မြို့တော်ကနေ ထွက်သွားလို့မရသေးဘူး။
အကယ်ဒမီက စတင်တော့မည်ဖြစ်သည်။ ဒီနှစ်တွင် လုကျင်းက သာမန်ကုန်သည်မိသားစုမှ သမီးတစ်ယောက်သက်သက် မဟုတ်တော့ပေ။ သူမက အထက်တန်းလွှာ သခင်မလေးတစ်ယောက် ဖြစ်သွားလေပြီ။ ယခင်က သူမကို အထင်သေးရှုံ့ချခဲ့သူများအားလုံးက သူမထံမှ မျက်နှာသာရရန် ကြိုးစားရတော့မည်ဖြစ်၏။
သည်လိုဘဝမျိုးက မနက်ဖြန်တွင် စတင်ရရှိတော့မည်ဖြစ်လေရာ သူမ အလွန်မျှော်လင့်စောင့်စားနေ၏။ အထူးသဖြင့် မနက်ဖြန်ကလည်း ဆေးဝါးအကယ်ဒမီကျောင်းတော်၏ ဝင်ခွင့်စာမေးပွဲ ဖြေဆိုရတော့မည့်နေ့ဖြစ်သည်။ ညီမတစ်ယောက်အနေနှင့် လုယောင်ယောင် စာမေးပွဲဖြေနေခြင်းကို သွားကြည့်ရပေမည်။
ချန်းချုံပင်းက အနည်းငယ် စိတ်ပျက်သွားသည်။ ထိုနေ့က ယဲ့ကျန်းနှင့်အတူ ကျွင်းကျစ်သို့ မလိုက်သွားခဲ့မိသည်ကို နောင်တရသွား၏။ သူမကသာ လိုက်သွားခဲ့လျှင် သူမ လုလင်ကျစ်ကို ဂရုစိုက်၍ရသည်။
“ဘာပဲဖြစ်ဖြစ် ကျွင်းကျစ်က အမြဲတမ်း အဲဒီမှာရှိနေမှာပါပဲ၊ မင်းတို့တွေ ကြိုက်တဲ့အချိန် သွားလို့ရတယ်”
သခင်မကြီးလုက အပြုံးနှင့်ပြော၏။
ထို့နောက် ယဲ့ကျန်းကို တစ်ဖန်လှည့်ကြည့်လိုက်ပြန်ကာ သူမ၏မျက်ဝန်းများက တွန့်ကွေးသွားတော့သည်။
“ယောင်ယောင်က စာမေးပွဲဖြေတော့မှာဆိုတော့ တို့တွေအားလုံး သူမကို ထောက်ပံ့ပေးရမယ်”
ယဲ့ကျန်း၏မျက်နှာက နီရဲသွားသည်။
“အဖွား သမီးက မိသားစုကို အရှက်ခွဲသလို ဖြစ်မှာကိုပဲ စိုးရိမ်မိပါတယ်”
သူမ ထိုစကားပြောလိုက်ချိန်တွင် မိသားစုမှ ဒုတိယသခင်မလေးလုဖန်းက ရယ်သည်။
“တတိယညီမရဲ့ရုပ်သွင်တစ်ခုတည်းနဲ့တင် လုမိသားစုတစ်ခုလုံးရဲ့ဂုဏ်ကို တိုးတက်စေနေပြီ၊ တတိယညီမသာ ဒီအတိုင်း အပြင်ကို ထွက်သွားခဲ့ရင် တို့တွေ ဘယ်လိုများ မျက်နှာပြရမှာတဲ့လဲ”
ထိုစကားက ယဲ့ကျန်း၏လှပမှုကို ချီးကျူးနေသည်ဟု ထင်ရသော်လည်း ထိုသို့မဟုတ်ပေ။
...
Zawgyi
အပိုင္း (၁၀၂)
လုလင္က်စ္က အခန္းအတြင္း တစ္ခဏခန႔္ထိုင္ၿပီးမွသာ လုရွန္းက်စ္ကို ေျပာၿပီး အေရွ႕ဘက္ၿခံဝင္းထဲ ေခၚသြားရန္ စဥ္းစားထားသည္။ သည္ေနရာတြင္ သူတို႔၏မိသားစုမွ သခင္မေလးမ်ားႏွင့္ ခ်န္းညီအစ္မမ်ား ရွိေနရာ သူတို႔က သည္ေနရာတြင္ အျပင္လူမ်ားလို ခံစားရ၏။
ထိုႏွစ္ေယာက္က အေရွ႕ဘက္ၿခံဝင္းတြင္ ေစာင့္ဆိုင္းေနၿပီး ညအခ်ိန္ လူအမ်ား စုစည္းသြားသည္အထိ ေစာင့္ရန္ ဆုံးျဖတ္လိုက္ၾက၏။
“မနက္က သမီးတို႔ ယုန္အနည္းငယ္ကို သြားၿပီး အမဲလိုက္ခဲ့ၾကေသးတယ္၊ ရစ္ငွက္ေတြလည္း ပါတယ္၊ ညဘက္က်ရင္ သိုင့္ေမ့နဲ႕သမီးတို႔ ေရပူစမ္းမွာ စိမ္ၾကတာ၊ အဖြား အဖြား ေနာက္တစ္ႀကိမ္က်ရင္ သမီးတို႔နဲ႕ လိုက္ခဲ့သင့္တယ္၊ ေရပူစမ္းက အရမ္းကို သက္ေတာင့္သက္သာရွိေစတယ္၊ သမီးရဲ႕အသားအေရေတြ ေကာင္းလာတာပဲ ၾကည့္ေလ၊ အဖြားလည္းျမင္တာပဲ၊ သမီးအရင္ကလို မဲမေနေတာ့ဘူး၊ သမီး ၿမိဳ႕ေတာ္ကိုျပန္လာခဲ့တဲ့ အခ်ိန္တုန္းကဆိုရင္ သမီးကိုယ္သမီး မိန္းကေလးတစ္ေယာက္လိုျမင္ဖို႔ မနည္းႀကိဳးစားခဲ့ရတယ္”
ယဲ့က်န္းက သခင္မႀကီးလုႏွင့္ စကားေျပာေနသည္။ သူမ၏တက္ႂကြေသာအသံက စကားဝိုင္းတစ္ခုလုံးကို ဦးေဆာင္ထား၏။
သိခ်င္စိတ္ျပင္းျပေနေသာ သခင္မႀကီးလုက လက္ဆန႔္တန္းလ်က္ ယဲ့က်န္း၏ပါးေလးကို ညွစ္သည္။ ႏူးညံ့ေသာ တိုဟူးသားကို ထိရသကဲ့သို႔ေသာ ခံစားခ်က္မ်ိဳးရ၏။ ထို႔ေနာက္ သူမက လုဖန္းကို ၾကည့္ၿပီး ေျပာလိုက္သည္။
“မင္းတို႔ေတြ ေယာင္ေယာင္နဲ႕အတူ ကြၽင္းက်စ္ကို လိုက္သြားခဲ့သင့္တာ၊ ဒီလိုဆိုရင္ ကဗ်ာစာဖတ္ပြဲမွာ ေတြ႕ဆုံတဲ့အခါ မင္းတို႔က လူတိုင္းထက္ ပိုလွေနၾကလိမ့္မယ္”
“သမီးရဲ႕အေဒၚ ေျပာတဲ့အတိုင္းဆိုရင္ ကြၽင္းက်စ္က သိပ္မေဝးဘူးဆိုေတာ့ သမီးတို႔ သြားလို႔ရပါေသးတယ္”
ခ်န္းခ်ဳံပင္းက စိတ္ထဲတြင္ မနာလိုႀကီးစြာ ျဖစ္ေနသည္။ သူမ အလိုခ်င္ဆုံးက သူမ၏အသားအေရက ေက်ာက္စိမ္းကဲ့သို႔ ျဖဴေဖ်ာ့ေနျခင္းကိုသာလွ်င္ျဖစ္သည္။
ယဲ့က်န္းက ရယ္သည္။ သူမက မသိဟန္ေဆာင္ထားလ်က္ သခင္မႀကီးလုကိုသာ ၾကည့္ၿပီး စကားေျပာေပးေနလိုက္၏။
ယခင္က လုက်င္းသည္ ယဲ့က်န္းကို သေဘာမက်ဘဴးဆိုလ်င္ ယခုယဲ့က်န္းကို ပို၍ပင္ မႏွစ္ၿမိဳ႕မိေသး၏။
ငါ အရင္က ေရပူစမ္းကို မသြားဖူးတာလည္းမဟုတ္ဘူး၊ ငါ ေရပူစမ္းေရေတြအားလုံးကို ေသာက္လိုက္မယ္ဆိုရင္ေတာင္မွ လုေယာင္ေယာင္လို သက္ေရာက္မႈမရွိမွာ ေသခ်ာေနတာပဲ။
သူမက စိတ္ထဲတြင္ ေဒါသထြက္ေနခဲ့သည္။ ယဲ့က်န္းက သခင္မႀကီးလုကို ခြံ႕ေကြၽးေနမည့္အေၾကာင္းကို ျပန္ေတြးေတာမိၿပီး ခ်န္းညီအစ္မမ်ားက အသုံးမက်ဟဳ ခံစားမိသြား၏။
ငါ မသြားဘူး၊ ေဆာင္းတြင္းလယ္ပြဲက ေရာက္လာေတာ့မယ္၊ အကယ္ဒမီမွာ လုပ္စရာေတြ အမ်ားႀကီးရွိေနတယ္၊ ငါ ၿမိဳ႕ေတာ္ကေန ထြက္သြားလို႔မရေသးဘူး။
အကယ္ဒမီက စတင္ေတာ့မည္ျဖစ္သည္။ ဒီႏွစ္တြင္ လုက်င္းက သာမန္ကုန္သည္မိသားစုမွ သမီးတစ္ေယာက္သက္သက္ မဟုတ္ေတာ့ေပ။ သူမက အထက္တန္းလႊာ သခင္မေလးတစ္ေယာက္ ျဖစ္သြားေလၿပီ။ ယခင္က သူမကို အထင္ေသးရႈံ႕ခ်ခဲ့သူမ်ားအားလုံးက သူမထံမွ မ်က္ႏွာသာရရန္ ႀကိဳးစားရေတာ့မည္ျဖစ္၏။
သည္လိုဘဝမ်ိဳးက မနက္ျဖန္တြင္ စတင္ရရွိေတာ့မည္ျဖစ္ေလရာ သူမ အလြန္ေမွ်ာ္လင့္ေစာင့္စားေန၏။ အထူးသျဖင့္ မနက္ျဖန္ကလည္း ေဆးဝါးအကယ္ဒမီေက်ာင္းေတာ္၏ ဝင္ခြင့္စာေမးပြဲ ေျဖဆိုရေတာ့မည့္ေန႕ျဖစ္သည္။ ညီမတစ္ေယာက္အေနႏွင့္ လုေယာင္ေယာင္ စာေမးပြဲေျဖေနျခင္းကို သြားၾကည့္ရေပမည္။
ခ်န္းခ်ဳံပင္းက အနည္းငယ္ စိတ္ပ်က္သြားသည္။ ထိုေန႕က ယဲ့က်န္းႏွင့္အတူ ကြၽင္းက်စ္သို႔ မလိုက္သြားခဲ့မိသည္ကို ေနာင္တရသြား၏။ သူမကသာ လိုက္သြားခဲ့လွ်င္ သူမ လုလင္က်စ္ကို ဂ႐ုစိုက္၍ရသည္။
“ဘာပဲျဖစ္ျဖစ္ ကြၽင္းက်စ္က အၿမဲတမ္း အဲဒီမွာရွိေနမွာပါပဲ၊ မင္းတို႔ေတြ ႀကိဳက္တဲ့အခ်ိန္ သြားလို႔ရတယ္”
သခင္မႀကီးလုက အၿပဳံးႏွင့္ေျပာ၏။
ထို႔ေနာက္ ယဲ့က်န္းကို တစ္ဖန္လွည့္ၾကည့္လိုက္ျပန္ကာ သူမ၏မ်က္ဝန္းမ်ားက တြန႔္ေကြးသြားေတာ့သည္။
“ေယာင္ေယာင္က စာေမးပြဲေျဖေတာ့မွာဆိုေတာ့ တို႔ေတြအားလုံး သူမကို ေထာက္ပံ့ေပးရမယ္”
ယဲ့က်န္း၏မ်က္ႏွာက နီရဲသြားသည္။
“အဖြား သမီးက မိသားစုကို အရွက္ခြဲသလို ျဖစ္မွာကိုပဲ စိုးရိမ္မိပါတယ္”
သူမ ထိုစကားေျပာလိုက္ခ်ိန္တြင္ မိသားစုမွ ဒုတိယသခင္မေလးလုဖန္းက ရယ္သည္။
“တတိယညီမရဲ႕႐ုပ္သြင္တစ္ခုတည္းနဲ႕တင္ လုမိသားစုတစ္ခုလုံးရဲ႕ဂုဏ္ကို တိုးတက္ေစေနၿပီ၊ တတိယညီမသာ ဒီအတိုင္း အျပင္ကို ထြက္သြားခဲ့ရင္ တို႔ေတြ ဘယ္လိုမ်ား မ်က္ႏွာျပရမွာတဲ့လဲ”
ထိုစကားက ယဲ့က်န္း၏လွပမႈကို ခ်ီးက်ဴးေနသည္ဟု ထင္ရေသာ္လည္း ထိုသို႔မဟုတ္ေပ။
...