ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

By purple-j9

157K 4.9K 324

ဘုန်းလက်ရုန်း အချစ်ဦးရဲ့ထားခဲ့ခံရဖူးတဲ့စိတ်နဲ့နွယ်လေးကိုချစ်တဲ့ခံစားချက်ကိုဖော်မပြခဲ့ဘူးတဲ့အကျိုးဆက်ကဒီလောက်ဆ... More

Intro
Part-1
Part-2
Part-3
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Hello
Photo
Part-32
Part-33 (ဇာတ် သိမ်းပိုင်း)
Request
Photo
🥰🥰🥰

Part-4

4K 125 1
By purple-j9

ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်

အပိုင်း-၄

ရုန်းကိုအကြံအစည်နဲ့ချဉ်းကပ်ခဲ့တာမှန်ပေမဲ့ယုတကယ်ချစ်ခဲ့တာပါ။ရုန်းချစ်ခွင့်ပန်တဲ့နေ့ကဆိုပျော်လွန်းလို့ယုမှာဟန်ဆောင်ပီးစဉ်းစားခွင့်ပေးပါဘာညာလုပ်ရသေးသည်။စိတ်ထဲကရှိသည့်အတိုင်းဆိုတခါတည်းခေါင်း ညိတ်ချင်တာပါ။

ယုဆီကစဉ်းစားပါရစေဆိုပီးတလအကြာမှာအဖြေရခဲ့သည်။ကျွန်တော်ယုကိုချစ်တယ်လို့ထင်ခဲ့သည်သူ့မိသားစုအတွက်ကြိုးစားနေတာတွေသိရပီးသနားချစ်လို့ဇန်မင်းကတော့ပြောသည်သူ့ရဲ့ထက်မြက်မှုနဲ့အလှတရားကလဲကျွန်တော်သူ့ကိုချစ်စေတဲ့အကြောင်းအရာဖြစ်မည်ဟုထင်သည်။ယုနဲ့တရားဝင်ချစ်သူဖြစ်တယ်ဆိုတော့ဇန်မင်းက
"ငါမင်းကိုယောက်ဖမတော်ရတော့ဘူးပေါ့ငယ်လေးတော့သနားပါတယ်အသဲကွဲပီ"
ဆိုပီးစနောက်နေသေးသည်။တကယ်လဲနွယ်လေးဆေးရုံရောက်သည်အထိနေမကောင်းဖြစ်ခဲ့ပီးဇန်မင်းကလဲကိုယ့်ကြောင့်လို့ပြောတော့တော်တော်စိတ်မကောင်းဖြစ်ရသည်။မေမေနဲ့ဆေးရုံလိုက်သွားတော့နွယ်လေးကကိုယ့်ကိုစကားတာပြောနေတာမျက်လုံးထဲမျက်ရည်အပြည့်နဲ့ဆိုတော့စိတ်မကောင်းပိုဖြစ်ရသည်။နွယ်လေးဆေးရုံဆင်းပီးနောက်ပိုင်းသိပ်မတွေ့ဖြစ်တော့ပါ။အရင်ကတော့အားတာနဲ့ဇန်မင်းဆီသွားဆိုတော့နွယ်လေးနဲ့ဆုံပေမဲ့ခုနောင်ပိုင်းကအားတဲ့ရက်ဆိုတာရှားသွားသည်။ပီးတော့ယုရဲ့တီတီတာတာချွဲချွဲနွဲ့နွဲ့တွေကိုလဲမမြင်ရမကြားရမနေနိုင်ဖြစ်တော့အားတာနဲ့ယုနဲ့သာအချိန်ကုန်ရသည်။ဒီနေ့လဲယုနဲ့ချိန်းထားတဲ့ဆီရောက်တော့ယုက

"ရုန်းယုကိုလေ present ပေးဖို့ဝယ်တဲ့ဆိုင်ပို့ပေးပါလားဒီနေ့ကမေလ၂ရက်ဆိုတော့ယုသူငယ်ချင်းမွေးနေ့ကမနေ့ကဆိုတာမေ့နေတာသူစိတ်ကောက်နေလောက်ပီအဲ့ဒါလက်ဆောင်လေးဝယ်ပီးသွားချော့မလို့"

"ဟား ဒီနေ့ကမေ၂ရက်လားနွယ်လေးမွေးနေ့ပဲကိုယ်လဲမေ့နေတာအတော်ပဲတခါတည်းpresentဝယ်ပေးရမယ်"

"ရုန်း"
"အားနားအူသွားတာပဲယုဘာလို့အော်တာလဲ"
"အော်မှာပဲ ယုကြည့်နေတာနော်ဇန်မင်းကလဲတခါတလေယောက်ဖပါးစပ်ကမချဘူးယုရှိနေတာတောင်အားမနာဘူးရုန်းကလဲတခုခုဆိုဒီခလေးမလေးအတွက်ပဲသတိရနေတယ်"
"အာ အဲ့လိုမဟုတ်ပါဘူးယုရယ်ဇန်မင်းကလဲဒီလိုပဲပြောတာဘာသဘောမှမပါပါဘူးနော်စိတ်မဆိုးနဲ့လာသွားကြမယ်"
ယုကိုစကားနဲရန်ဆဲလုပ်ပီးကားပေါ်အတင်းခေါ်ကာလက်ဆောင်ဝယ်သည့်ဆိုင်သို့ထွက်လာလိုက်သည်။

ယုကားပေါ်ရောက်မှစဉ်းစားရသည်ဒီကောင်မလေးအတွက်အချိန်မပေးနိုင်အောင်လုပ်ရမယ်ဟုတွေးမိသည်။ရုန်းပို့ပေးသည့်ဆိုင်ကပစ္စည်းတော်တော်စုံသလိုစျေးလဲအတော်ကြီးသည်မို့သူငယ်ချင်းအတွက်စျေးသက်သာတာလေးဝယ်လိုက်သည်။ပစ္စည်းရွေးပီးတော့ရုန်းကိုသတိရလို့လိုက်ရှာတော့ရုန်းကိုDisney princessပစ္စည်းအချို့နှင့်စျေးကြီးသည်ထင်ရသောbackpackအိတ်လေးကိုင်ကာငွေရှင်းဖို့သွားတာတွေ့ရသည်။ယုအနားရောက်တော့ငွေကောင်တာကကောင်မလေးက
"၈သိန်းခွဲအတိပါအကိုအိတ်လေးက၅သိန်းကျော်ကိုအကိုကဝယ်နေကျမို့တန်းပါဆန့်လျော့ထားပါတယ်ကဒ်နဲ့ရှင်းမလားငွေသားလား"
"ညီမခနနော်"
"ရုန်းယုနဲ့ခနစကားပြောရအောင်"
ရုန်းလက်ကိုဆွဲကာလူရှင်းသည့်နေရာသို့ခေါ်လာလိုက်သည်။

"နွယ်ကရုန်းရဲ့ဘာလဲဒီလောက်ငွေကုန်ခံလက်ဆောင်တွေပေးရအောင်"
"ဟ ယု ဘယ်လိုပြောလိုက်တာလဲနွယ်ကကိုယ့်ညီမလေးပဲလေဇန်မင်းတို့မောင်နှမ၃ယောက်လုံးကကိုယ့်အတွက်သွေးသားရင်းလိုပဲငွေကုန်တယ်ပြောရအောင်လဲသူတို့လဲကိုယ့်မွေးနေ့ဒီထက်မကဝယ်ပေးတာပဲကိုယ်တို့ဆက်ဆံရေးမှာငွေကအဓိကမဟုတ်ဘူးဆိုတာမင်းသိဖို့ကောင်းတယ်ယု"
ယုစကားမှားသွားမှန်းသိလိုက်သည်ယုတို့ဘဝမှာငွေလေး၂သိန်း၃သိန်းဆိုတာသိပ်များနေတဲ့ပမာဏပေမဲ့ရုန်းတို့ကတော့၈သိန်းကျော်ဆိုတာတချက်လက်မတွန့်ပဲချက်ချင်းသုံးနိုင်သူတွေဆိုတာတစ်ချက်မေ့သွားသလိုဟိုခလေးမအတွက်ဝယ်တယ်ဆိုတာနဲ့စိတ်ထဲမနာလိုဖြစ်ကာဟန်ဆောင်ထားတဲ့သဘောထားကြီးတဲ့ပုံကိုမေ့သွားရသည်။
"ဆော်ရီးရုန်းယုကလေကိုယ့်ချစ်သူကတခြားမိန်းခလေးအတွက်ဝယ်တယ်ဆိုတော့နဲနဲသဝန်တိုမိတာပါစိတ်မဆိုးနဲ့နော်"
ထိုသို့ပြောမှရုန်းကယုကိုပုခုံးလေးဖက်ကာ
"သဝန်မတိုပါနဲ့ယုရာကိုယ်ကယုကလွဲရင်ဘယ်သူ့ကိုမှချစ်မှာမဟုတ်ဘူးနော်စိတ်ချ"

"ရုန်းက အဲ့ခလေးမကြိုက်မကြိုက်သိလို့လားအဲ့လောက်အများကြီးဝယ်တာ ဟိုယုကခလေးမလေးမကြိုက်ရင်ငွေကုန်တာအလကားဖြစ်မှာစိုးလို့ပါ"

"ဒါအကုန်သူ့အကြိုက်တွေလေဒီဆိုင်ကနွယ်လေးနဲ့လာနေကြလေသူတို့အရွယ်ခလေးတွေကအဲ့princess တွေဘာညာအရမ်းကြိုက်တော့ပစ္စည်းကရောက်ကုန်လေခုတောင်ကိုယ်ကစောရောက်လို့ရတာနွယ်လေးပျော်နေမှာမြင်ယောင်တယ် ယုခနနော်ကိုယ်ငွေရှင်းလိုက်အုံးမယ်"
ပြုံးပီးသူ့ဘာသာပြောပီးသူ့ဘာသာအတည်ပြုနေသောဒီလူကိုယုမှာချစ်မဝဖြစ်ရသလိုဟိုခလေးမကိုလဲမနာလိုဖြစ်ရကာရုန်းကိုသူ့ဆီမသွားအောင်ဆွဲထားရမယ့်အစီစဉ်ဆွဲနေလိုက်သည်။
နေ့လည်စာအတူစားပီးပြန်ပို့ရမယ်ထင်ပေမဲ့ယုကသူ့သူငယ်ချင်းတွေကအမြန်လမ်းဘက်ကားသွားမောင်းတာပျော်စရာကောင်းတယ်ဆိုတာမို့သွားချင်တယ်ပူဆာတာနဲ့ထွက်လာလိုက်သည်။စိတ်ထဲတော့နွယ်လေးတော့သူ့မွေးနေ့မေ့နေတယ်ဆိုပီးစိတ်ကောက်မှာတွေးမိပေမဲ့လဲယုစိတ်ပျော်တာမြင်ချင်တာမို့အပြန်နောက်ကျလဲမနက်စောစောမှသွားတော့မည်ဟုသာတွေးလိုက်သည်။

"Ring ring"
အမြန်လမ်းပေါ်စားသောက်ဆိုင်မှာခနထိုင်တုန်းရုန်းမုန့်သွားမှာတုန်းမှာရုန်းရဲ့ဖုန်းမြည်လာလို့ကြည့်လိုက်တော့ဇန်မင်းဆီကမို့ယုကိုင်လိုက်သည်။
"ယောက်ဖအိမ်မလာတော့ဘူးလားဒီမှာ"
"ဇန်မင်းငါယုပါရုန်းမအားဘူးပီးတော့နင့်ကိုရုန်းကအားနာလိုမပြောပေမဲ့ငါကတော့ပြောရမယ်ငါနဲ့အတူရှိချိန်ဆိုနင်တို့ဆီလာဖို့မခေါ်နဲ့ငါမကြိုက်ဘူးပီးတော့ယောက်ဖလဲမခေါ်နဲ့နင်ကနင့်ညီမအမတွေပေးပေမဲ့ရုန်းကလဲငါမှငါမို့နင်နောက်ကိုအခေါ်အပြောဆင်ခြင်"
"ဆော်ရီးယုငါ့ဘက်ကလွန်သလိုဖြစ်တာဒါပေမဲ့နင်ငါ့ကိုကြိုက်သလောက်ပြောလို့ရတယ်ဘာမှမဆိုင်တဲ့ငါ့အမနဲ့ညီမကိုနင်ထည့်ပြောစရာစောက်ကြောင်းမရှိဘူးဒီတခါခွင့်လွတ်လိုက်မယ်နင်လဲအပြောဆိုဆင်ခြင်"
"အေးနင်ဆင်ခြင်ရင်ငါလဲပြောစရာအကြောင်းမရှိဘူးဒီအကြောင်းကိုလဲရုန်းကိုပြန်မပြေဘူးလို့ငါယုံလိုက်မယ်ဒါပဲ"

"တောက်"
Speakerဖွင့်ထားသဖြင့်မမကောငယ်လေးပါမျက်နှာပျက်သွားကသဖြင့်ကိုဇန်စိတ်ဆိုးပီးတောက်ခေါက်တော့မခြူးက
"သားငယ်စိတ်လျော့မမပြောမယ်မင်းလဲလက်ရုန်းနဲ့သွားတာလာတာလျော့ကောင်မလေးကမကြိုက်ပုံပဲ
ငယ်လေးလဲစာသင်သွားတာစိတ်ဖြောင့်ဖြောင့်သွား
လက်ရုန်းကခုကောင်မလေးနဲ့မတွဲဖြစ်တော့တဲ့အချိန်
ငယ်လေးကပြန်လာမှာနဲ့အတော်ပဲဖုန်းလဲငယ်လေးကစမဆက်နဲ့နော်ကိုဇန့်ကိုလဲမဆက်ခိုင်းနဲ့ခုတောင်
ငယ်လေးဂျီကျလို့ကိုဇန်ကဖုန်းဆက်တော့သူများအပြောခံရတာနော်ကတိမတည်ရင်မမကခိုးမပေးတော့ဘူးနော်"
မျက်ရည်များအဆက်မပြတ်ကျလာပီးမမကိုခေါင်းညိတ်ပြလိုက်မိသည်။နွယ်ကဒီနေ့ဆယ်တန်းကိုဘွားဘွားတို့ရှိတဲ့ပြင်ဦးလွင်မှာဘော်ဒါတက်ဖို့သွားရမှာမို့ကိုကြီးကိုတွေ့ချင်လို့ဖုန်းဆက်ခိုင်းတာပါ။မေမေကသွားဖို့ခေါ်နေသည်မို့မျက်ရည်များသုတ်ကာကားပေါ်တက်လိုက်ရသည်။

💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰

🥰စနေ တနင်းဂနွေစာတင်တာနားမယ်နော်စောစောတင်ပေးလိုက်တယ်နော်🥰

Continue Reading

You'll Also Like

3.5K 91 9
"တစ်ခုခုဆို ငါ့ကိုအရင်ဖုန်းဆက်လိုက် ငါခရီးသွားနေတဲ့အတောတွင်း ဘာကိုမှပြဿနာဖြစ်တယ်လို့မကြားချင်ဘူး " "ဒါနဲ့လေဆရာ....." "တော်လိုက်.....ငါနှစ်ခါမပြောဘူး...
4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
1.6M 138K 46
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
49.8K 700 20
"မိန်းမ ကိုက မင်းရှိတဲ့ အရပ်မှာဘဲပျော်တာ... မင်းနဲ့ဘဲ နေချင်တာ... ကို အသွင့်ကို ချစ်လာခဲ့တာ တစ်ရက် နှစ်ရက်မှမဟုတ်တာ... ကို နှစ်တွေ အများကြီးချစ်လာခဲ့...