ချစ်လိပ်ပြာလေး တဝဲလည်လည်
အခန်း၁၅
"အေးကွယ်..သွားလမ်းသာလို့..လာလမ်းဖြောင့်ကြပါစေ...ဒီလင်၊ဒီမယား အသက်ထက်ဆုံး ချစ်ချစ်ခင်ခင်နဲ့ နေသွားနိုင်ကြပါစေ...စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး စီးပွားလာဒ်လာဘလည်း ဒီရေအလား..ပွားများနိုင်ပါစေကွယ်..."
"ပေးတဲ့ဆုနဲ့ ပြည့်ပါစေအဘ..."
ဒီကျွန်းလေးကို စရောက်ခါစအ၀တ်အစားတွေကိုပြန်၀တ်ပြီး ဘကြီးလှစိန်ကိုထိုင်ကန်တော့မိကြသည်။
ဘကြီးလှစိန်ဟာ လိပ်ပြာတို့နှစ် ယောက်ကို
တကယ့်လင်မယားတွေလို့ အခုထိထင်နေပုံရတယ်။
စိတ်ထဲမှာတော့ သူနဲ့ကဘာဆို ဘာမှမဆိုင်ပါဘူးဘကြီးရယ်လို့ ပြောပြလိုက်ချင်စမ်းပါဘိ။
"နောက် ကံမကုန်လို့ ဟောဒီ့ကျွန်းကြီးကို ဖြတ်များသွားကြရင်..လှစိန်အသက်ရှင်တုန်းတော့..
လာလည်အုံးပေါ့ကွယ်...ဟုတ်လား..."
"ဟုတ်ကဲ့...အဘ...ဒါဆိုကျွန်တော်တို့ကိုသွားခွင့်ပြုပါအုံးနော်..."
"အေး..အေးပါကွယ်...ကမ်းစပ်အထိတော့ လိုက်မပို့တော့ဘူး...အဘမျက်ရည်ကျမိရင်..
လူလေးတို့စိတ်ဆင်းရဲရမှာဆိုးလို့ကွယ်..."
အဘရဲ့ပြောစကားကြောင့် လိပ်ပြာမျက်ရည်ဝဲချင်လာရသည်။
အဘရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ပြီး ခွဲရတော့မဲ့ အဘရဲ့မျက်နှာကို တစ်၀ကြီးကြည့်နေမိသည်။
"အဘ...သမီးဟင်းတွေကို သုံး၊လေးရက်စာချက်ထားတယ် သိလား...မိန်းမကိုပဲလွှမ်းပြီးအိမ်မှာပဲအမြဲဓားသွေးမနေနဲ့နော်...ဟိုနား၊ဒီနားလည်းလျှောက်...အဲ့ဒါမှ ကျန်းမာရေးကောင်းမှာ..
နောက်ပြီးအရက်ဆီနဲ့ လျှောက်သီးနဲ့လည်းစိမ်ထားခဲ့တယ်...အဘညောင်း၊ညာ၊ကိုက်၊ခဲလာရင်.."
"ကဲ..အဘနားလည်ပါတယ်ကွယ်...အချိန်နှောင့်နှေးနေပါအုံးမယ်...သွားကြတော့နော်..."
"ဟုတ်ကဲ့အဘ...ဒါဆို ကျွန်တော်တို့သွားတော့မယ်နော်..."
"အေးအေး...လမ်းခရီးမှာ ဂရုဆိုက်ကြနော်...."
"ဟုတ်ကဲ့...အဘလည်းကျန်းမာရေးကို ဂရုဆိုက်ပါနော်..."
"အေးပါကွယ်..."
စက်လှေပေါ်ရောက်တဲ့အထိ တရှုံ့ရှုံ့ငိုနေသည့် သူမကို ဘုန်းမြတ်ပခုံးမှသိုင်းဖက်ထားလိုက်သည်။
"ချစ်တယ်..." "ချစ်တယ်...."
သူတို့မော်တော်ပေါ်ရောက်တဲ့အချိန်မှာ လိပ်ပြာဖြူ ဗမာစကားသင်ပေးထားတဲ့ကလေးတွေဟာ လက်ကိုအသဲပုံသဏ္ဍန်လေးလုပ်ပြီး နှုတ်ဆက်လာကြသည်။
မီးပုံပွဲမှာ ခင်မင်ရင်းနှီးမှုရခဲ့တာကြောင့် တစ်ရွာလုံးနီးပါးက သောင်ပြင်ပေါ်မှာရောက်နေကြပြီး သူတို့ရဲ့ စက်လှေကိုလာရောက်ဝိုင်းအုံကြည့်နေကြသည်။
စက်လှေပေါ်မှာလည်း လက်ဆောင်ထုပ်တွေဆိုတာမနည်းမနောပါပဲ။
စက်လှေမထွက်ခင်အထိ မီးပုံပွဲမှာခင်ခဲ့တဲ့ ဆလုံနဲ့ ကရင်အဒေါ်ကြီးတွေဟာ တစ်ယောက်ပြီးတစ်ယောက် လိပ်ပြာကို လာနမ်းရှုံ့ကြသည်။
လိပ်ပြာလည်း တစ်နေ့နဲ့တစ်ညနေခဲ့ရပေမဲ့ စိတ်ထဲမှာ ဆွေမျိုးရင်းချာတွေလို သံယောဇဉ်တွယ်နေမိသည်။
"တာ့တာ..."
"တာ့တာ..."
စက်လှေကလေးဟာ ရေအလျှင်အတိုင်းထွက်သွားစဉ်မှာတော့ ကမ်းပေါ်မှာရှိနေကြတဲ့လူတွေဟာလည်း လက်ပြနှုတ်ဆက်နေကြသလို လိပ်ပြာနဲ့ကိုဘုန်းမြတ်ကလည်း ပြန်၍လက်ပြနှုတ်ဆက်မိကြသည်။
ကမ်းစပ်မှဆလုံမိသားစုများရဲ့ အိမ်ဟုခေါ်တွင်သော သစ်ထွင်းလှေကြီးများဟာလည်း အရိပ်သဖွယ်သာကျန်ရစ်ခဲ့ပါတော့တယ်။
ကံကြမ္မာဟာ တစ်ပတ်လည်ပြီး ဒီကျွန်းလေးကိုအမှတ်မထင်ရောက်ခဲ့ရပေမဲ့ အမှတ်တရတွေများစွာ ကျန်ရစ်ခဲ့ရပါတယ်။
စက်လှေပေါ်မှာ သူနဲ့လိပ်ပြာက မျက်နှာချင်းဆိုင်ထိုင်နေကြခြင်းဖြစ်တာကြောင့် ကိုဘုန်းမြတ်ရဲ့မျက်နှာမှ၀မ်းနည်းမှုအရိပ်တွေကိုလည်း လိပ်ပြာတွေ့နေရသည်။
"ခုဏက..ကမ်းစပ်မှာ လူတွေအများကြီးလာနှုတ်ဆက်နေတဲ့ပုံနဲ့ မီးပုံပွဲညကပုံကို ပန်းချီဆွဲပေးပါလား..."
တိုးညှင်းစွာထွက်ပေါ်လာတဲ့ သူမရဲ့အသံလေးကြောင့် မော့ကြည့်လိုက်မိတော့ သူ့ရဲ့အဖြေကိုစောင့်ဆိုင်းနေဟန်လေးနဲ့ သူမကြည့်လာသည်။
"ကိုယ်ပန်းချီဆွဲတတ်တာ...ဘယ်လိုသိလဲ..."
"ဟိုတစ်ခါ မန္တလေးဟိုတယ်မှာတည်းက..."
"မင်းရော..ပန်းချီဆွဲတတ်လား..."
"ငယ်ငယ်တုန်းကတော့ ဆွဲတတ်ခဲ့တယ် ဒါပေမဲ့ပန်းချီ၀ါသနာကို စွန့်လွှတ်လိုက်တာကြာပြီမို့လို့..အခုသိပ်မဆွဲတတ်တော့ဘူး..."
"ဘာဖြစ်လို့ စွန့်လွှတ်လိုက်တာလည်း..."
"လူတစ်ယောက်ကြောင့်ပေါ့...ရှစ်တန်းတုန်းက မြို့နယ်အဆင့်ပန်းချီပြိုင်ပွဲမှာ၀င်ပြိုင်ဖို့လုပ်ခဲ့ပေမယ့်...ကျောင်းအဆင့်မှာကျွန်မဒုတိယပဲရခဲ့တယ်..
ကလောင်နာမည် "wind "ဆိုတဲ့ ဆယ်တန်းကျောင်းသားတစ်ယောက်ကို...ကျွန်မရှုံးသွားခဲ့တယ်လေ...အဲ့ပြိုင်ပွဲမှာမနိုင်ရင်..ပန်းချီဆွဲတာကို စွန့်လွှတ်ပါ့မယ်လို့...ဖေဖေ့ကို ကတိပေးထားခဲ့မိတယ်..."
ဘုန်းမြတ်လက်သီးတွေကို ကျစ်နေအောင်ဆုပ်မိပြီး စိတ်ထဲမှာလည်း ၀မ်းနည်းမှုတစ်ခုဖြစ်တည်လာသည်။
"ကိုယ်စိတ်မကောင်းပါဘူး...အဲဒီ့"wind'ဆိုတာ ကိုယ်ပါပဲ...ကိုယ်တောင်းပန်ပါတယ်..."
"ရှင်ကဘာလို့ တောင်းပန်နေတာလဲ...အရှုံးဆိုတာ ရှုံးနိမ့်တဲ့လူတိုင်းခံစားရမဲ့ ဝေဒနာပဲ...ကျွန်မမှာ
ကိုဘုန်းမြတ်ကို အပြစ်တင်ပိုင်ခွင့်မရှိပါဘူး..."
သူမက ရေလှိုင်းတွေကိုငေးကြည့်နေပေမဲ့ သူကတော့ အဖြူရောင် လိပ်ပြာလေးကိုသာငေးကြည့်နေမိသည်။
လှေဘောင်ပေါ်မှာ တင်ထားတဲ့သူမရဲ့ လက်ဖမိုးဖြူဖြူလေးပေါ်ကို သူ့လက်ဖ၀ါးနဲ့ ညင်သာစွာအုပ်မိုးလိုက်တော့ သူမကသူ့ကိုအံ့ဩစွာကြည့်လာသည်။
"ကိုယ်ဆွဲပေးပါ့မယ်...လိပ်ပြာပြောသမျှ..ကိုယ်အကုန်လုပ်ပေးမယ်..."
"လုပ်ပေးမယ်ဆိုလည်းပြီးတာပဲ အသားလာမယူနဲ့ ရေထဲတွန်းချပစ်လိုက်မယ် ..."
အတင်းသူမလက်ကလေးကိုပြန်ရုတ်သွားပြီး သူ့ကိုမျက်စောင်းလာထိုးတာကြောင့် သူအသံထွက်ပြီးတော့တောင် ရယ်မိသွားသည်။
အခုမှပဲ ရာသီဥတုကပုံမှန်ပြန်ဖြစ်လာသလို ခံစားရတော့တယ်။
🦋🦋🦋🦋🦋🦋🦋🦋🦋
ထွန်းဝေမောင်နှင့် ဒေလီယာ ကမ်းခြေမှာ လေညှင်းခံရင်းလမ်းလျှောက်နေရာမှ ကမ်းလာကပ်တဲ့စက်လှေတစ်စီးကို အမှတ်တမဲ့ကြည့်မိလိုက်ကြသည်။
"ယာယာ...ဟိုးက..စက်လှေပေါ်မှာပါလာတာ...
ဘုန်းမြတ်လားလို့...."
ဒေလီယာလည်း လေနဲ့အတူလွှင့်ပြီးသူမမျက်နှာကို လာရိုက်ခတ်နေတဲ့ ဆံပင်ကောက်လေးတွေကို လက်နဲ့ဖယ်လိုက်ကာ သေချာကြည့်လိုက်မိသည်။
"ဟုတ်တယ်...မောင်..အဲ့ဒါ..ကိုမြတ်ပဲ..."
ဘုန်းမြတ်ဆိုတာအတည်ပြုပြီးတာနဲ့ ထွန်းဝေဟာ လေလိုအလျှင်မျိုးနှင့် လှေဆီသို့ပြေးသွားလိုက်သည်။
အနောက်မှ ဒေလီယာကတော့ မီနီစကပ်အတိုလေးနဲ့မို့ ပြေး၍မဖြစ်ရာ အေးဆေးပဲ ကနွဲ့ကလျှလျှောက်လာလိုက်သည်။
"ဘုန်းမြတ်ရေ.......သူငယ်ချင်း...."
သံရှည်ဆွဲပြီး သူ့ဆီပြေးလာနေတဲ့ထွန်းဝေကြောင့် လိပ်ပြာဖြူရော၊ဘုန်းမြတ်ပါကြောင်အသွားသည်။
ဒီကောင်၊ဘယ်လိုကနေ ဘယ်လိုကော့သောင်းအထိရောက်ချလာတာလဲ။
သူတို့အနားကိုရောက်တော့ ဘုန်းမြတ်ကိုအတင်းပြေးဖက်ဟန်ပြင်တာကြောင့် တစ်ပတ်လှည့်ပြီးရှောင်ပြစ်လိုက်ရာ ကိုယ်တော်ခမျာသဲပေါ်ကိုမှောက်လျှက်သား လဲကျသွားသည်။
"အာ့...ဘုန်းမြတ်ရာ...သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးက ဖက်တာတောင် မင်းကအိုက်တင်ခံနေတာပဲ...ဒီမှာ သဲတွေတောင်ပါးစပ်ထဲ ၀င်ကုန်ပြီ
ထွီ.....ဖီ...."
ဘုန်းမြတ်ကတော့ ခပ်တည်တည်ပဲ ဟိုကြည့်၊ဒီကြည့်လုပ်ပြီး လိပ်ပြာဖြူနှင့် ပုခုံးချင်းထိအောင်ကပ်ရပ်လိုက်သည်။
"မောင်ရယ်...သူရရဲ့အကျင့်ကိုလည်း သိရဲ့သားနဲ့ ဘာလို့ လေအကုန်ခံနေရတာလဲ..."
အသံလာရာဆီသို့လိပ်ပြာကြည့်လိုက်တော့ အင်္ကျီခါးတို လယ်ဟိုက်ကိုမှ ချက်ပေါ်အောင်၀တ်ထားပြီ၊ပေါင်သားဖွေးဖွေးလေးတွေပေါ်အောင်
စကပ်အတိုလေး၀တ်ထားသည့် မိန်းကလေးဖြစ်နေသည်။
အပေါ်ရော၊အောက်ရော ပေါ်နေတဲ့သူမကြောင့် ကြည့်နေတဲ့ လိပ်ပြာတောင် မျက်စိရှက်လာသည်။
သူမကမဟော်ဂနီရောင်ဆိုးထားတဲ့ ဆံပင်ကောက်ကောက်တွေကို ကျောမှာဖြန့်ချထားပြီး
ကနွဲ့ကလျှနဲ့ လမ်းလျှောက်လာနေတာဟာ ကော်ဇောနီထက်မှာ လျှောက်နေတယ်များ
ထင်နေသလားမသိပေ။
ထိုမိန်းကလေးက ကိုဘုန်းမြတ်ဘေးမှ လိပ်ပြာကိုလည်းမြင်ရော မျက်မှောင်ကြှုံ့သွားသည်။
"ကိုမြတ်...သူက..."
"သူက လိပ်ပြာဖြူတဲ့ ဘုန်းမြတ်ရဲ့PAလေ...ကိုယ်နဲ့လည်း သူငယ်ချင်းပဲ..."
"အော်..."
မဆီမဆိုင် ကိုထွန်းဝေကအတင်း၀င်ရှင်းပြနေသည်။
ထိုမိန်းကလေးက သူမရဲ့အညိုရောင်မျက်လုံးများနှင့် လိပ်ပြာကို ခြေဆုံး၊ခေါင်းဆုံးကြည့်လာသည်။
လိပ်ပြာကိုအထင်သေးတာမျိုးမဟုတ်ပေမဲ့ သူမမျက်၀န်းထဲမှာ အလိုမကျမှုတစ်ခုကိုတော့ တွေ့နေရတာ ကျိန်းသေတယ်။
"ဘုန်းမြတ်ရာ...မင်းကိုရှာမတွေ့လို့ UDCကအဖွဲ့ကလည်း ရဲတိုင်ထားလိုက်တယ်...မင်းကဘယ်တွေရောက်နေတာလဲ...ငါတို့မှာ စိတ်ပူနေရတာ"
"ငါတို့စီးတဲ့...မော်တော်ကပြဿနာဖြစ်ပြီး ကျွန်းတစ်ကျွန်းမှာ ၀င်ခိုနေရလို့ပါ...အဲ့ကိစ္စနောက်မှအေးဆေးပြောမယ်...ဒါနဲ့မင်းတို့ကရော ဘယ်လိုလုပ်ပြီး ကော့သောင်းကိုရောက်လာတာလဲ..."
"ဟဲ..ဟဲ...ယာယာကမင်းကို အရမ်းလွမ်းလို့..
တွေ့ချင်ပါတယ်ဆိုပြီး..ပူဆာနေတာနဲ့ပဲ..."
"မောင်နော်...ယူ..မဟုတ်တာတွေ..လျှောက်မပြောနဲ့...စိတ်ဆိုးလိုက်မယ်သိလား..."
"ဟာ...စိတ်တော့မဆိုးလိုက်ပါနဲ့ဟာ..ငါနားပူမခံနိုင်လို့ပါယာယာရယ်...."
"ဟွန့်..ယာယာ့အကြောင်း သိရင်ပြီးရော..."
သဲပြင်ပေါ်ကို ခြေဖနှောင့်ပေါက်ပြီး နှုတ်ခမ်းကိုဖိကိုက်ကာ ကလေးတစ်ယောက်လို မဲ့ရွဲ့စိတ်ဆိုးပြနေတဲ့ သူမရဲ့အမူအရာက အံ့ဩဖို့ကောင်းနေသည်။
လိပ်ပြာအဖို့တော့ ဒီလိုကနွဲ့ကလျှတွေလုပ်ပြရမှာလောက် ရှက်တာမရှိဘူး။
ဒီနေရာမှာ ဆက်နေရင် အကုသိုလ်တွေပွားရုံသာရှိတာမို့ ဟိုတယ်အခန်းမှာ ပြန်နားဖို့သာဆုံးဖြတ်လိုက်သည်။
"ဟို...လိပ်ပြာကို ခွင့်ပြုကြပါအုံး..."
"ဟာ...ကိုယ်လိုက်ပို့မှာပေါ့လိပ်ပြာရဲ့..."
"ရပါတယ်..လိပ်ပြာဖာသာသွားလိုက်ပါ့မယ်..."
ပြောစရာရှိတာပြောခဲ့ပြီး လိပ်ပြာချက်ချင်းလှည့်ထွက်လာခဲ့လိုက်သည်။
ကိုထွန်းဝေကမှ "လိုက်ပို့ဖို့ "ပြောဖော်ရသေးတယ်။
ဟိုရေခဲတုံးကြီးကတော့ နေနိုင်လိုက်တာများ
အံ့ပါ့။
ခပ်ဝေးဝေးရောက်မှ သူ့တို့သုံးယောက်ကိုပြန်လှည့်ကြည့်လိုက်တော့ မျက်နှာချင်းဆိုင်ပြီး
စကားတွေပြောနေကြသည်။
ဟိုဆံပင်နီကြောင်ကြောင်နဲ့ မိန်းကလေးကတော့
ဘုန်းမြတ်ဆိုတဲ့ လူကြီးရဲ့လက်မောင်းကို လှမ်းဖက်ပြီး လှုပ်လိုက်၊မှီလိုက်နဲ့ အီစီကလီလုပ်နေတာတော့ သေချာတွေ့လိုက်ပါတယ်။
လိပ်ပြာ ထိုမြင်ကွင်းကို မြင်နိုင်စွမ်းမရှိတာကြောင့် ချက်ချင်းမျက်နှာကိုပြန်လှည့်လိုက်သည်။
လိပ်ပြာရဲ့ ရင်ထဲမှာအမည်မသိတဲ့ နာကျင်မှုတစ်ရပ်ကို ခံစားနေရတာ ဘယ်သူသိနိုင်ပါမည်လဲ။
၀မ်းနည်းသလို၊ငိုချင်သလိုမျိုးဖြစ်လာတာဟာ အတော်လေးကို ခံရခက်စေတယ်။
သူပြောတော့ ရည်းစားတစ်ခါမှမထားဖူးဘူးဆိုအခုကျတော့သူ့ရည်းစားက မိုးပေါ်ကနေပြုတ်ကျလာတာလား။?
ရှင့်အပေါ်မှာ ဘယ်ဘ၀အဆက်ဆက်ကများ အကြွေးတင်မိခဲ့တာလဲ မသိပါဘူး။
ရှင့်ကြောင့် ကျွန်မနာကျင်နေရတာချည်းပဲ။
စိတ်ထဲကနေ ဒီခံစားချက်ကြီးကိုထုတ်ပစ်ဖို့ကြိုးစားနေခဲ့တာ ကိုးနှစ်တိတိရှိခဲ့ပြီ။
ရှင့်ကြောင့် နာကျင်နေရတဲ့နှလုံးသားဒဏ်ရာက ဘယ်တော့များမှ ပျောက်နိုင်မှာတဲ့လဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋
🦋ချစ်လိပ်ပြာလေး တဝဲလည်လည်🦋
အခန်း၂၀
🎵ကြင်နာသလို မကျင်နာသူနေနိုင်ရက်တဲ့ ချစ်သူလေး🎵
🎵အနိုင်ယူတတ်တဲ့ သူ့စိတ်တွေကိုကွယ်
ကိုယ်မငြိုငြင်ခဲ့ဘူး တကယ်🎵
လိပ်ပြာ မျက်နှာသစ်ပြီး အင်္ကျီလဲနေစဉ်မှာ ဖုန်းမြည်လာ၍ ကြည့်လိုက်ရာ ကိုထွန်းဝေဖြစ်နေသည်။
နာရီကိုကြည့်လိုက်တော့ ရှစ်နာရီခွဲပဲရှိသေးတယ်။
📞"ဟယ်လို...."
📞"ဟယ်လို...လိပ်ပြာလား..."
📞"ဟုတ်ပါတယ်...ကိုထွန်းဝေ..."
📞"လိပ်ပြာ..ကိုယ်ဟိုတယ်အရှေ့မှာစောင့်နေမယ်...အမြန်ထွက်လာခဲ့..ကိုယ်တို့မနက်စာအတူထွက်စားကြရအောင်...ပြီးရင်ကမ်းခြေမှာ မြင်းစီးကြမယ်လေ..."
📞"မဖြစ်ဘူးထင်တယ်...လိပ်ပြာသူဌေးဆီကိုသွားရအုံးမယ်..."
📞"ဟာ...အဲ့အတွက်တော့စိတ်မပူနဲ့တော့ ဘုန်းမြတ်ကမနက်အစောကြီးထဲက မော်တော်နဲ့ဘိုချိုကျွန်းကိုသွားပြီ...ညနေလောက်မှ ပြန်ရောက်မှာ...လိပ်ပြာရေကြောက်တတ်တာကြောင့် မခေါ်သွားတော့ဘူးတဲ့...."
📞"အော်...အင်း..အဲ့ဒါဆိုရင် လိပ်ပြာအခုပဲထွက်လာခဲ့မယ်နော်....ဒါပဲနော်"
"တူ...တူ..."
ဒီနေ့အလုပ်မရှိဘူးဆိုတော့ ဂါ၀န်လှလှလေးကိုရွေး၀တ်ဖို့ဆုံးဖြတ်လိုက်သည်။
ထုံးစံအတိုင်း အဖြူရောင်ပါပဲ။ခြေမျက်စိအထိရှည်ပြီး ရင်မဟိုက်တာကိုရွေး၀တ်လိုက်သည်။
ဆံပင်တွေကို အကုန်ဖြန့်ချပစ်လိုက်ပြီး ဦးထုတ်လေးဆောင်းလိုက်တော့ အ၀တ်အစားကိစ္စက ပြီးသွားလေပြီ။
မျက်ခုံးမွှေးဆွဲတာတို့၊မျက်တောင်ကော့တာတို့လုပ်မနေပဲ ပေါင်ဒါလေးပါးပါးရိုက်ပြီး နှုတ်ခမ်းနီပန်းနုရောင်လေးကို ခပ်ပါးပါးဆိုးလိုက်တော့
ပြင်ဆင်ချယ်သခြင်းပြီးဆုံးသွားသည်။
ပိုက်ဆံအိတ်ရယ်၊ဖုန်းရယ်၊နားကျပ်ရယ်ကိုကျောပိုးအိတ်အသေးလေးထဲမှာ ထည့်ပြီး လွယ်ကာ ဟိုတယ်ရှေ့သို့ထွက်လာလိုက်သည်။
*
*
*
*
ထွန်းဝေတစ်ယောက်တော့ နေကာမျက်မှန်ကြီးကိုတောင်ကျော်ပြီး နူးညံ့စွာရွေ့လျားလာတဲ့ အဖြူရောင်လိပ်ပြာလေးကို တငေးတည်းငေးနေတော့သည်။
မျက်မှန်ကြီးတပ်ထားပြီး မျက်လုံးကြီးလှန်ကာ လိပ်ပြာဖြူကိုကြည့်နေတဲ့ မောင့်ကိုဒေလီယာတောင်အမြင်ကပ်ချင်လာတယ်။
"မောင်...နင့်ဟာကမျက်လုံးကြီးလည်းလှန်ထွက်သွားပါအုံးမယ်ဟယ်...အိန္ဒြေလေးဘာလေး ထိန်းပါအုံးလား..."
ထွန်းဝေရဲ့ကျောကုန်းကြီးကို ဘုန်းကနဲပိတ်တီးပြီး ယာယာပြောလိုက်သည်။
"နင်အသာနေစမ်းပါယာယာရယ်...ဟိုကောင်နင့်ကို
မခေါ်သွားတိုင်း ငါ့အပေါ်လာပုံချမနေနဲ့...ကိုယ့်အကန့်နဲ့ကိုယ်နေနော်..."
သိပ်လှပြီး သိပ်ချစ်စရာကောင်းတဲ့ လိပ်ပြာဖြူလေးက သူတို့အနားလည်းရောက်လာရော ကားအရှေ့ခန်းတံခါးကို အမြန်ဖွင့်ပေးလိုက်သည်။
"ကိုထွန်းဝေ..စောင့်နေရတာကြာပြီလား..."
"ဟာ..မကြာပါဘူးဗျာ...ကိုယ်တို့အလောတကြီးဖုန်းဆက်လိုက်လို့ လိပ်ပြာပြင်ဆင်ချိန်မရဘူးထင်ပြီးအားတောင်နာနေတာ...ကြည့်ပါလား
ယာယာဆိုရင် နှစ်နာရီပေးလည်း ဒီပုံပဲ..သုံးနာရီ
ကြာအောင်ပြင်ဆင်ထားလည်း...ဒီပုံပဲထွက်တယ်...လိပ်ပြာကတော့...ခဏလေးအတွင်းပြင်ဆင်တာတောင် အရမ်းကိုလှနေတာပဲ..."
"ဟဲ့...မောင်..နင့်ရုပ်ကသာ အီကြာကွေးကို
ပေါင်းတင်ထားတဲ့ရုပ်ဟဲ့...."
"အောင်မာ...ယာယာ..နင့်ရုပ်ကသာ ဖားမကြီးကိုပေါင်ဒါရိုက်ပေးထားတဲ့မျက်နှာသိလား..."
"မောင်!!!!...နင့်ဖာသာအခြားဟာနဲ့နှိုင်းချင်နှိုင်း ဖားနဲ့တော့ ယာယာ့ကိုလာမနှိုင်းနဲ့နော်...မကြိုက်ဘူးသိလား..."
ဒေလီယာခမျာ ဒေါသတွေအလိပ်လိုက်တက်လာပြီး ထွန်းဝေကိုပိတ်အော်ပစ်လိုက်သည်။
ကလေးကလားနဲ့ ကားပေါ်တက်ရမဲ့အရေးရန်ဖြစ်နေလေတော့ လိပ်ပြာက မတ်တက်ကြီးရပ်ပြီး ဟိုဘက်ကြည့်လိုက် ဒီဘက်ကြည့်လိုက်နဲ့ဖြစ်နေသည်။
"ကိုထွန်းဝေ...ဒီနေ့အဖို့သွားအုံးမှာလား...မသွားတော့ဘူးဆိုလဲ...ကျွန်မဟိုတယ်ကနေဖုန်းနဲ့လှမ်းဆက်ပြီးပဲ မှာစားလိုက်တော့မယ်..."
"ဟာ...မလုပ်ပါနဲ့ကွာ...ကဲ..ဖားမကြီးရေ မြည်တာရပ်တော့..."
"ထွန်းဝေ!!!!!!!"
"မောင်"ကနေ "ထွန်းဝေ"ဆိုပြီး ဒေလီယာ အော်ပစ်လိုက်လည်း ထွန်းဝေကမသိချင်ယောင်ဆောင်ကာ လိပ်ပြာဖြူအတွက် ကားတံခါးကို တွန်းပေးထားပြီး သူမလေးခေါင်းနဲ့အမိုးနဲ့တိုက်မိမှာဆိုးလို့ လက်ဖဝါးလေးပါခံပေးထားလိုက်သေးသည်။
ဒေလီယာကတော့ ထိုအပြုအမူတွေကြောင့်နှုတ်ခမ်းကိုလည်း မဲ့ပစ်လိုက်သလို၊နှာခေါင်းပါရှုံ့ပစ်လိုက်သည်။
စိတ်ထဲကလည်း "အလကားအပိုတွေဆိုပြီး...
"အပြစ်တင်ဝေဖန်ပစ်လိုက်သည်။
စင်္ကာပူမှာလည်း မောင်ဟာရည်းစားအရမ်းများတဲ့လူပါ ဒါပေမဲ့သူ့ရဲ့ရုပ်ရည်နဲ့ ငွေကြေးချမ်းသာကြွယ်၀မှုတို့ကြောင့် ကောင်မလေးတွေဘက်ကပဲ သူ့ကိုစပြီး ချည်းကပ်လာကြတာများတယ်။
အခုလို သူ့ဘက်ကနေစပြီး ရည်းစားလည်းမဖြစ်သေးပါပဲ ဒီလိုသဲ၊ကဲပြနေတာကိုတော့ ယာယာပထမဆုံးမြင်ဖူးခြင်းဆိုရင် လွှဲနိုင်ဖွယ်ရာမရှိပါဘူး။
ကောင်မလေးက သူ့ထက်လည်းနှနှစ်ငယ်တယ်။မျက်နှာလေးကလည်း ပါးချိုင့်လေးတွေနဲ့ နုရွပြီး ချစ်စရာလေးဆိုတော့ မောင်ပစ်ကြွေတာတော့
မဆန်းပါဘူးလေ။
ယာယာ့အတွက်ကတော့ ကိုမြတ်စိတ်၀င်စားမှုရလာအောင် ဘယ်လိုနည်းလမ်းတွေသုံးသုံး အရာမ၀င်ဖြစ်နေတာ စိတ်ဓာတ်တွေပါကျတယ်။
ကိုမြတ်ဟာ ဘယ်လိုမိန်းကလေးမျိုးကိုမှ သူ့နှလုံးသားကလက်ခံနိုင်မှာလဲ။
ယာယာ့ကိုလက်ခံလာအောင် ဘယ်အချိန်ထိ၊ဘယ်လောက်အထိ ကြိုးစားပြရမှာလည်း ကိုမြတ်ရယ်။
မိန်းကလေးတန်မဲ့ အတင်းလိုက်ကပ်ပြီး ကိုမြတ်ရဲ့အနီးဆုံးကနေ ထွက်မသွားရလေအောင် ကြိုးစားရတာလည်း နှစ်တွေကြာလှပါပြီ။
ဒါနဲ့တောင် ယာယာ့ကိုဘာလို့ပြန်မချစ်နိုင်ရတာလဲ။
ကိုမြတ် ရှင်သိပ်ကိုမောက်မာလွန်းတယ်။
ရှင့်နှလုံးသားက ဘာသားနဲ့ထုထားလို့ဒီလောက်တောင် မာကျောပြနေရတာလဲ။
🦋🦋🦋🦋🦋🦋🦋🦋
"ဟာ..အမှီးနဲ့ မျက်နှာကိုမပွတ်နဲ့လေ..."
"ဟယ်...ကြည့်နေတာကလဲ သနားစရာလေး..."
ထွန်းဝေမောင်ကတော့ တစ်ရူးရူးမြည်သံပေး၍ နှာမှုတ်ထုတ်နေကြသည့် မြင်းညိုကြီးနှစ်ကောင်ကို ဝိုင်းကြီးပတ်ပတ်တူဝေဝေကစားနေသလို လှည့်ပတ်ကြည့်နေတဲ့ လိပ်ပြာဖြူကြောင့် ကျေနပ်ပီတိ ၀မ်းဆီထိနေတော့သည်။
ဘယ်လောက်တောင် ချစ်စရာကောင်းလိုက်တဲ့ ကောင်မလေးလဲ။
မြင်းကြီးကို အမှီးပွတ်လိုက် ၊ခေါင်းပွတ်လိုက်လုပ်နေပြီး ရယ်လိုက် ၊နှုတ်ခမ်းလေးတွေစုပြီး အံ့ဩဟန်လုပ်လိုက်နဲ့ တကယ်ကိုအသဲယားဖို့ကောင်းတဲ့ ကောင်မလေးပါ။
သူမကတော့ ကိုယ့်ကိုကိုယ်ဘယ်လောက်အထိချစ်စရာကောင်းလဲဆိုတာ သိပုံလည်းမပေါ်ပါဘူး။
"မောင်...တို့မြင်းစီးချင်စိတ်မရှိလို့..ယူတို့ဖာသာပဲ စီးတော့ဟယ်..ငါကမ်းခြေက ဒရင်းဘတ်ပေါ်မှာပဲ စောင့်နေတော့မယ်..."
စကားပြန်ဖော်တောင်မရပဲ ဟိုကောင်မလေးကိုပဲ တစ်ပြုံးပြုံးနဲ့ အရိပ်တစ်ကြည့်ကြည့်လုပ်နေတဲ့ မောင့်ကို ယာယာအမြင်ကပ်ပြီးရင်း ကပ်လာသည်။
ဒီလောက်အထိပဲ မွှန်နေရသလား။
ကိုမြတ်နဲ့များကွာပါ့ ဟိုကဘယ်မိန်းကလေးကိုမှ သိပ်ဂရုမဆိုက်တတ်တဲ့လူပါ။
ဒါကြောင့်လဲ မာနခဲကြီးကို ယာယာသိပ်ကြွေနေရတာပေါ့။
ယာ့ယာ့အတွက် ယောက်ျားတွေဟာ ကြွေလိုခင်းပြီး ကစားလို့ရတဲ့အမျိုးဆိုရင် သေချာတာကတော့အဲ့အထဲမှာ ကိုမြတ်မပါဘူး။
ဒါကြောင့်လည်း ယာယာ့လိုမိန်းမကိုတောင်
ဂရုမဆိုက်တဲ့ ကိုမြတ်ကို ရအောင်ယူပြမယ်လို့စိတ်ဆုံးဖြတ်ပြီးတော့ကို ဒီကိုရောက်လာတာဆိုရင် မမှားပါဘူး။
*
*
*
*
"ကိုထွန်းဝေ...အဆင်ပြေမယ်မထင်ဘူးနော်...
လိပ်ပြာက ဂါ၀န်ကြီးနဲ့..."
"ဟုတ်သားပဲ..."
သူမတစ်ယောက်ထဲကို သီးသန့်သင်ပေးမလို့ဥစ္စာ ဂါ၀န်အရှည်ကြီး၀တ်ထားတာကြောင့် ခြေနင်းကွင်းအမြင့်ကြီးကို ခြေလှမ်းတင်ဖို့ အဆင်မပြေဖြစ်နေသည်။
"ဒီလိုလုပ်...လိပ်ပြာကိုယ်နဲ့အတူ စီးလိုက်..အဲ့ဒါပိုကောင်းမယ်..."
"ဖြစ်ပါ့မလား...ကိုယ်ထွန်းဝေရယ်...တော်ကြာနှစ်ယောက်လုံး ဒုက္ခရောက်နေပါအုံးမယ်..."
"ဖြစ်ပါတယ်..လာ...တက်..."
"ဟင်..."
ရုတ်တရက် လိပ်ပြာရဲ့ခါးကနေ မြှောက်ချီပြီး မြင်းပေါ်ကို ဘေးစောင်းတင်ပေးလာသည်။
သူကိုယ်တိုင်ကလည်း ကျွမ်းကျင်စွာပဲ မြင်းပေါ်ကိုခွတက်လိုက်ပြီးနောက် မြင်းဇက်ကြိုးကိုညှင်သာစွာကိုင်ဆွဲလိုက်သည်။
မြင်းဇက်ကြိုးကို ကိုင်ထားတဲ့သူ့လက်တွေက လိပ်ပြာရဲ့ ခါးနားမှာဖြစ်တာကြောင့် ခန္ဓာကိုယ် တစ်ချက်တုန်သွားသလို ဖြစ်လေရာ သူ့ရဲ့အခြားလက်နဲ့ လိပ်ပြာရဲ့ ခါးကို လှမ်းဖက်ပြီး ထိန်းပေးလာသည်။
"လိပ်ပြာ...မကြောက်နဲ့နော်...ခြေနင်းကွင်းတစ်ဖက်ကို နင်းထားလိုက်...ဒါဆိုစိတ်သက်သာရာ ရလိမ့်မယ်...မြင်းသွားရင် ရှေ့ကိုမကုန်းနဲ့ နောက်ကိုနဲနဲယိုင်ထားနော် ဒါမှမြင်းရဲ့အရှေ့ပိုင်းကပေါ့သလိုဖြစ်နေမှာ..."
"ဟုတ်ကဲ့ပါ..."
မြင်းလေးဟာ သဲပြင်ဖြူဖြူပေါ်မှာ ရေလှိုင်းလုံးလေးတွေကို သူ့ရဲ့ခွာတွေနဲ့တို့ထိကျီစားရင်း ငြိမ့်ညောင်းစွာ သွားနေသည်မှာ အလွန်ကြည့်ကောင်းသည့်မြင်ကွင်းပင်။
လိပ်ပြာကတော့ ဘေးစောင်းကြီးဖြစ်နေတာကြောင့် မြင်းတစ်ချက်ခုန်လိုက်တိုင်း ပြုတ်ကျသွားမလားဆိုပြီး ဘုရားတနေရတယ်။
ပိုဆိုးတာက ကိုထွန်းဝေရဲ့ညာဘက်ခြေထောက်က လိပ်ပြာရဲ့ ဒူးခေါင်းနဲ့ထိကပ်နေပြီး မြင်းခုန်လိုက်တိုင်း လာလာပွတ်တိုက်မိနေသည်။
သူ့ရဲ့လက်တွေကလည်း လိပ်ပြာရဲ့ ခါးဘေးနားမှာဖြစ်တာကြောင်း နဂိုကမှယားတတ်ပါတယ်ဆို
ကြိတ်မှိတ်ပြီး နေရတာ မသာယာလှပါဘူး။
အရေးထဲ ရှေ့ကိုမကုန်းရဘူးဆိုလို့ အနောက်ကိုတောင့်တောင့်ကြီး ယိုင်ထားရတာ သူ့ရင်ဘတ်နဲ့ ကိုယ့်ကျောက ထိကပ်လွန်းနေသည်။
"ကိုထွန်းဝေ..."
"ဗျာ...."
"လိပ်ပြာ...စီးချင်စိတ်မရှိတော့လို့...ဆင်း..ဆင်းပါရစေတော့နော်...ဟို...မဒေလီယာနဲ့ပဲ သွားစကားပြောတော့မယ်...သူလည်းတစ်ယောက်ထဲပြင်းနေမှာပေါ့...ခဏရပ်ပေးပါနော်...ပြီးမှ...
အစ်ကိုဆက်စီးချင်စီးပေါ့...."
"လိပ်ပြာလေး...သဘောပါဗျာ..."
"ရီး!!!!....."
မြင်းဇက်ကြိုးကိုဆွဲပြီး ရပ်လိုက်ကာ သူကအရင်ဆင်းလိုက်သည်။
ပြီးနောက် လိပ်ပြာကို ခါးမှပွေ့ချီပြီး ချပေးသည်။
လိပ်ပြာချက်ချင်းပဲ မဒေလီယာရှိနေတဲ့ နေရာသို့ ပြေးဖို့ လုပ်တော့ ညာဘက်လက်ကို အနောက်မှလှမ်းဆွဲခံလိုက်ရလေသည်။
"ဘာဖြစ်လို့လဲ...ကိုထွန်းဝေ..."
မျက်လုံးလေးပြူးပြီး သူတစ်ခုခုလုပ်မှာကို စိုးရိမ်နေတဲ့ သူမပုံစံလေးကြောင့် ထွန်းဝေတစ်ချက်ပြုံးလိုက်မိသည်။
"လိပ်ပြာမှာ အခုလက်ရှိရည်းစားရှိလား..."
သူ့မေးခွန်းကြောင့် လိပ်ပြာမျက်ခုံးတွေတောင် တွန့်ချိုးသွားရသည်။ဘယ်လို မေးခွန်းကြီးပါလိမ့်။
"လိပ်ပြာ...တစ်ခါမှရည်းစားမထားဖူးဘူး..."
"ဟား...တ.. တကယ်လား..."
"လိပ်ပြာရဲ့ပုံက...လိမ်နေတဲ့ပုံပေါက်နေလို့လား..."
တမင်ရွဲ့ပြောလိုက်တာပါ။ရည်းစားမထားဖူးလို့
မထားဖူးဘူးပြောတာကို မယုံသင်္ကာလာဖြစ်နေသေးတယ်။
"လိပ်ပြာ... လိပ်ပြာကို ၀န်ခံစရာ..
ပြောပြစရာတွေ အများကြီးရှိတယ်...လိပ်ပြာနားထောင်ပေးနိုင်မလား..."
"ဟို...နောက်မှပေါ့နော်...နောက်မှ..."
သူ့လက်ကိုအတင်းရုန်းနေတဲ့ သူမလက်ကလေးနာသွားမှာစိုးလို့ လွတ်ပေးလိုက်မိတယ်ဆိုရင် ဆံနွယ်လေးတွေ ယိမ်းထိုးနေအောင် ပြေးသွားလိုက်တာများ တစ်ချိုးထဲပဲ။
"လိပ်ပြာဖြူ...မင်းကသိပ်ချစ်ဖို့ကောင်းတာပဲ...
ကိုယ်မိန်းကလေးတွေအများကြီးတွေ့ဖူးတယ်...
ဒါပေမဲ့ မင်းလောက်ချစ်ဖို့ကောင်းတဲ့ကောင်မလေးကိုတော့ မတွေ့ဖူးသေးဘူး...ကိုယ်တကယ်ချစ်မိပြီ ထင်တယ်...ဘယ်လိုလုပ်ရမလဲ"
#စာရေးသူ_ဆောင်းငွေ့ဝေ
#ဆောင်းငွေ့ဝေရဲ့၀တ္ထုများPageမှတင်ဆက်သည်
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
ဖတ်တဲ့လူသိပ်မရှိသလိုပဲ
အမှားပါရင် ဝေဖန်ထောက်ပြပေးနိုင်ပါတယ်
မနေ့ကတင်မလို့လုပ်ပေမဲ့ wpမှာ ရှည်ရှည်လေး တင်ချင်တာကြောင့် နောက်ကျသွားပါတယ်
Zawgyi 🌻🌻🌻
ခ်စ္လိပ္ျပာေလး တဝဲလည္လည္
အခန္း၁၅
"ေအးကြယ္..သြားလမ္းသာလို႔..လာလမ္းေျဖာင့္ၾကပါေစ...ဒီလင္၊ဒီမယား အသက္ထက္ဆုံး ခ်စ္ခ်စ္ခင္ခင္နဲ႔ ေနသြားႏိုင္ၾကပါေစ...စိတ္ခ်မ္းသာ၊ကိုယ္က်န္းမာၿပီး စီးပြားလာဒ္လာဘလည္း ဒီေရအလား..ပြားမ်ားႏိုင္ပါေစကြယ္..."
"ေပးတဲ့ဆုနဲ႔ ျပည့္ပါေစအဘ..."
ဒီကြၽန္းေလးကို စေရာက္ခါစအ၀တ္အစားေတြကိုျပန္၀တ္ၿပီး ဘႀကီးလွစိန္ကိုထိုင္ကန္ေတာ့မိၾကသည္။
ဘႀကီးလွစိန္ဟာ လိပ္ျပာတို႔ႏွစ္ ေယာက္ကို
တကယ့္လင္မယားေတြလို႔ အခုထိထင္ေနပုံရတယ္။
စိတ္ထဲမွာေတာ့ သူနဲ႔ကဘာဆို ဘာမွမဆိုင္ပါဘူးဘႀကီးရယ္လို႔ ေျပာျပလိုက္ခ်င္စမ္းပါဘိ။
"ေနာက္ ကံမကုန္လို႔ ေဟာဒီ့ကြၽန္းႀကီးကို ျဖတ္မ်ားသြားၾကရင္..လွစိန္အသက္ရွင္တုန္းေတာ့..
လာလည္အုံးေပါ့ကြယ္...ဟုတ္လား..."
"ဟုတ္ကဲ့...အဘ...ဒါဆိုကြၽန္ေတာ္တို႔ကိုသြားခြင့္ျပဳပါအုံးေနာ္..."
"ေအး..ေအးပါကြယ္...ကမ္းစပ္အထိေတာ့ လိုက္မပို႔ေတာ့ဘူး...အဘမ်က္ရည္က်မိရင္..
လူေလးတို႔စိတ္ဆင္းရဲရမွာဆိုးလို႔ကြယ္..."
အဘရဲ႕ေျပာစကားေၾကာင့္ လိပ္ျပာမ်က္ရည္ဝဲခ်င္လာရသည္။
အဘရဲ႕လက္ကေလးကိုဆုပ္ကိုင္လိုက္ၿပီး ခြဲရေတာ့မဲ့ အဘရဲ႕မ်က္ႏွာကို တစ္၀ႀကီးၾကည့္ေနမိသည္။
"အဘ...သမီးဟင္းေတြကို သုံး၊ေလးရက္စာခ်က္ထားတယ္ သိလား...မိန္းမကိုပဲလႊမ္းၿပီးအိမ္မွာပဲအၿမဲဓားေသြးမေနနဲ႔ေနာ္...ဟိုနား၊ဒီနားလည္းေလွ်ာက္...အဲ့ဒါမွ က်န္းမာေရးေကာင္းမွာ..
ေနာက္ၿပီးအရက္ဆီနဲ႔ ေလွ်ာက္သီးနဲ႔လည္းစိမ္ထားခဲ့တယ္...အဘေညာင္း၊ညာ၊ကိုက္၊ခဲလာရင္.."
"ကဲ..အဘနားလည္ပါတယ္ကြယ္...အခ်ိန္ေႏွာင့္ေႏွးေနပါအုံးမယ္...သြားၾကေတာ့ေနာ္..."
"ဟုတ္ကဲ့အဘ...ဒါဆို ကြၽန္ေတာ္တို႔သြားေတာ့မယ္ေနာ္..."
"ေအးေအး...လမ္းခရီးမွာ ဂ႐ုဆိုက္ၾကေနာ္...."
"ဟုတ္ကဲ့...အဘလည္းက်န္းမာေရးကို ဂ႐ုဆိုက္ပါေနာ္..."
"ေအးပါကြယ္..."
စက္ေလွေပၚေရာက္တဲ့အထိ တရႈံ႕ရႈံ႕ငိုေနသည့္ သူမကို ဘုန္းျမတ္ပခုံးမွသိုင္းဖက္ထားလိုက္သည္။
"ခ်စ္တယ္..." "ခ်စ္တယ္...."
သူတို႔ေမာ္ေတာ္ေပၚေရာက္တဲ့အခ်ိန္မွာ လိပ္ျပာျဖဴ ဗမာစကားသင္ေပးထားတဲ့ကေလးေတြဟာ လက္ကိုအသဲပုံသ႑န္ေလးလုပ္ၿပီး ႏႈတ္ဆက္လာၾကသည္။
မီးပုံပြဲမွာ ခင္မင္ရင္းႏွီးမႈရခဲ့တာေၾကာင့္ တစ္႐ြာလုံးနီးပါးက ေသာင္ျပင္ေပၚမွာေရာက္ေနၾကၿပီး သူတို႔ရဲ႕ စက္ေလွကိုလာေရာက္ဝိုင္းအုံၾကည့္ေနၾကသည္။
စက္ေလွေပၚမွာလည္း လက္ေဆာင္ထုပ္ေတြဆိုတာမနည္းမေနာပါပဲ။
စက္ေလွမထြက္ခင္အထိ မီးပုံပြဲမွာခင္ခဲ့တဲ့ ဆလုံနဲ႔ ကရင္အေဒၚႀကီးေတြဟာ တစ္ေယာက္ၿပီးတစ္ေယာက္ လိပ္ျပာကို လာနမ္းရႈံ႕ၾကသည္။
လိပ္ျပာလည္း တစ္ေန႔နဲ႔တစ္ညေနခဲ့ရေပမဲ့ စိတ္ထဲမွာ ေဆြမ်ိဳးရင္းခ်ာေတြလို သံေယာဇဥ္တြယ္ေနမိသည္။
"တာ့တာ..."
"တာ့တာ..."
စက္ေလွကေလးဟာ ေရအလွ်င္အတိုင္းထြက္သြားစဥ္မွာေတာ့ ကမ္းေပၚမွာရွိေနၾကတဲ့လူေတြဟာလည္း လက္ျပႏႈတ္ဆက္ေနၾကသလို လိပ္ျပာနဲ႔ကိုဘုန္းျမတ္ကလည္း ျပန္၍လက္ျပႏႈတ္ဆက္မိၾကသည္။
ကမ္းစပ္မွဆလုံမိသားစုမ်ားရဲ႕ အိမ္ဟုေခၚတြင္ေသာ သစ္ထြင္းေလွႀကီးမ်ားဟာလည္း အရိပ္သဖြယ္သာက်န္ရစ္ခဲ့ပါေတာ့တယ္။
ကံၾကမၼာဟာ တစ္ပတ္လည္ၿပီး ဒီကြၽန္းေလးကိုအမွတ္မထင္ေရာက္ခဲ့ရေပမဲ့ အမွတ္တရေတြမ်ားစြာ က်န္ရစ္ခဲ့ရပါတယ္။
စက္ေလွေပၚမွာ သူနဲ႔လိပ္ျပာက မ်က္ႏွာခ်င္းဆိုင္ထိုင္ေနၾကျခင္းျဖစ္တာေၾကာင့္ ကိုဘုန္းျမတ္ရဲ႕မ်က္ႏွာမွ၀မ္းနည္းမႈအရိပ္ေတြကိုလည္း လိပ္ျပာေတြ႕ေနရသည္။
"ခုဏက..ကမ္းစပ္မွာ လူေတြအမ်ားႀကီးလာႏႈတ္ဆက္ေနတဲ့ပုံနဲ႔ မီးပုံပြဲညကပုံကို ပန္းခ်ီဆြဲေပးပါလား..."
တိုးညႇင္းစြာထြက္ေပၚလာတဲ့ သူမရဲ႕အသံေလးေၾကာင့္ ေမာ့ၾကည့္လိုက္မိေတာ့ သူ႔ရဲ႕အေျဖကိုေစာင့္ဆိုင္းေနဟန္ေလးနဲ႔ သူမၾကည့္လာသည္။
"ကိုယ္ပန္းခ်ီဆြဲတတ္တာ...ဘယ္လိုသိလဲ..."
"ဟိုတစ္ခါ မႏၲေလးဟိုတယ္မွာတည္းက..."
"မင္းေရာ..ပန္းခ်ီဆြဲတတ္လား..."
"ငယ္ငယ္တုန္းကေတာ့ ဆြဲတတ္ခဲ့တယ္ ဒါေပမဲ့ပန္းခ်ီ၀ါသနာကို စြန႔္လႊတ္လိုက္တာၾကာၿပီမို႔လို႔..အခုသိပ္မဆြဲတတ္ေတာ့ဘူး..."
"ဘာျဖစ္လို႔ စြန႔္လႊတ္လိုက္တာလည္း..."
"လူတစ္ေယာက္ေၾကာင့္ေပါ့...ရွစ္တန္းတုန္းက ၿမိဳ႕နယ္အဆင့္ပန္းခ်ီၿပိဳင္ပြဲမွာ၀င္ၿပိဳင္ဖို႔လုပ္ခဲ့ေပမယ့္...ေက်ာင္းအဆင့္မွာကြၽန္မဒုတိယပဲရခဲ့တယ္..
ကေလာင္နာမည္ "wind "ဆိုတဲ့ ဆယ္တန္းေက်ာင္းသားတစ္ေယာက္ကို...ကြၽန္မရႈံးသြားခဲ့တယ္ေလ...အဲ့ၿပိဳင္ပြဲမွာမႏိုင္ရင္..ပန္းခ်ီဆြဲတာကို စြန႔္လႊတ္ပါ့မယ္လို႔...ေဖေဖ့ကို ကတိေပးထားခဲ့မိတယ္..."
ဘုန္းျမတ္လက္သီးေတြကို က်စ္ေနေအာင္ဆုပ္မိၿပီး စိတ္ထဲမွာလည္း ၀မ္းနည္းမႈတစ္ခုျဖစ္တည္လာသည္။
"ကိုယ္စိတ္မေကာင္းပါဘူး...အဲဒီ့"wind'ဆိုတာ ကိုယ္ပါပဲ...ကိုယ္ေတာင္းပန္ပါတယ္..."
"ရွင္ကဘာလို႔ ေတာင္းပန္ေနတာလဲ...အရႈံးဆိုတာ ရႈံးနိမ့္တဲ့လူတိုင္းခံစားရမဲ့ ေဝဒနာပဲ...ကြၽန္မမွာ
ကိုဘုန္းျမတ္ကို အျပစ္တင္ပိုင္ခြင့္မရွိပါဘူး..."
သူမက ေရလႈိင္းေတြကိုေငးၾကည့္ေနေပမဲ့ သူကေတာ့ အျဖဴေရာင္ လိပ္ျပာေလးကိုသာေငးၾကည့္ေနမိသည္။
ေလွေဘာင္ေပၚမွာ တင္ထားတဲ့သူမရဲ႕ လက္ဖမိုးျဖဴျဖဴေလးေပၚကို သူ႔လက္ဖ၀ါးနဲ႔ ညင္သာစြာအုပ္မိုးလိုက္ေတာ့ သူမကသူ႔ကိုအံ့ဩစြာၾကည့္လာသည္။
"ကိုယ္ဆြဲေပးပါ့မယ္...လိပ္ျပာေျပာသမွ်..ကိုယ္အကုန္လုပ္ေပးမယ္..."
"လုပ္ေပးမယ္ဆိုလည္းၿပီးတာပဲ အသားလာမယူနဲ႔ ေရထဲတြန္းခ်ပစ္လိုက္မယ္ ..."
အတင္းသူမလက္ကေလးကိုျပန္႐ုတ္သြားၿပီး သူ႔ကိုမ်က္ေစာင္းလာထိုးတာေၾကာင့္ သူအသံထြက္ၿပီးေတာ့ေတာင္ ရယ္မိသြားသည္။
အခုမွပဲ ရာသီဥတုကပုံမွန္ျပန္ျဖစ္လာသလို ခံစားရေတာ့တယ္။
🦋🦋🦋🦋🦋🦋🦋🦋🦋
ထြန္းေဝေမာင္ႏွင့္ ေဒလီယာ ကမ္းေျခမွာ ေလညႇင္းခံရင္းလမ္းေလွ်ာက္ေနရာမွ ကမ္းလာကပ္တဲ့စက္ေလွတစ္စီးကို အမွတ္တမဲ့ၾကည့္မိလိုက္ၾကသည္။
"ယာယာ...ဟိုးက..စက္ေလွေပၚမွာပါလာတာ...
ဘုန္းျမတ္လားလို႔...."
ေဒလီယာလည္း ေလနဲ႔အတူလႊင့္ၿပီးသူမမ်က္ႏွာကို လာ႐ိုက္ခတ္ေနတဲ့ ဆံပင္ေကာက္ေလးေတြကို လက္နဲ႔ဖယ္လိုက္ကာ ေသခ်ာၾကည့္လိုက္မိသည္။
"ဟုတ္တယ္...ေမာင္..အဲ့ဒါ..ကိုျမတ္ပဲ..."
ဘုန္းျမတ္ဆိုတာအတည္ျပဳၿပီးတာနဲ႔ ထြန္းေဝဟာ ေလလိုအလွ်င္မ်ိဳးႏွင့္ ေလွဆီသို႔ေျပးသြားလိုက္သည္။
အေနာက္မွ ေဒလီယာကေတာ့ မီနီစကပ္အတိုေလးနဲ႔မို႔ ေျပး၍မျဖစ္ရာ ေအးေဆးပဲ ကႏြဲ႕ကလွ်ေလွ်ာက္လာလိုက္သည္။
"ဘုန္းျမတ္ေရ.......သူငယ္ခ်င္း...."
သံရွည္ဆြဲၿပီး သူ႔ဆီေျပးလာေနတဲ့ထြန္းေဝေၾကာင့္ လိပ္ျပာျဖဴေရာ၊ဘုန္းျမတ္ပါေၾကာင္အသြားသည္။
ဒီေကာင္၊ဘယ္လိုကေန ဘယ္လိုေကာ့ေသာင္းအထိေရာက္ခ်လာတာလဲ။
သူတို႔အနားကိုေရာက္ေတာ့ ဘုန္းျမတ္ကိုအတင္းေျပးဖက္ဟန္ျပင္တာေၾကာင့္ တစ္ပတ္လွည့္ၿပီးေရွာင္ျပစ္လိုက္ရာ ကိုယ္ေတာ္ခမ်ာသဲေပၚကိုေမွာက္လွ်က္သား လဲက်သြားသည္။
"အာ့...ဘုန္းျမတ္ရာ...သူငယ္ခ်င္းအရင္းေခါက္ေခါက္ႀကီးက ဖက္တာေတာင္ မင္းကအိုက္တင္ခံေနတာပဲ...ဒီမွာ သဲေတြေတာင္ပါးစပ္ထဲ ၀င္ကုန္ၿပီ
ထြီ.....ဖီ...."
ဘုန္းျမတ္ကေတာ့ ခပ္တည္တည္ပဲ ဟိုၾကည့္၊ဒီၾကည့္လုပ္ၿပီး လိပ္ျပာျဖဴႏွင့္ ပုခုံးခ်င္းထိေအာင္ကပ္ရပ္လိုက္သည္။
"ေမာင္ရယ္...သူရရဲ႕အက်င့္ကိုလည္း သိရဲ႕သားနဲ႔ ဘာလို႔ ေလအကုန္ခံေနရတာလဲ..."
အသံလာရာဆီသို႔လိပ္ျပာၾကည့္လိုက္ေတာ့ အက်ႌခါးတို လယ္ဟိုက္ကိုမွ ခ်က္ေပၚေအာင္၀တ္ထားၿပီ၊ေပါင္သားေဖြးေဖြးေလးေတြေပၚေအာင္
စကပ္အတိုေလး၀တ္ထားသည့္ မိန္းကေလးျဖစ္ေနသည္။
အေပၚေရာ၊ေအာက္ေရာ ေပၚေနတဲ့သူမေၾကာင့္ ၾကည့္ေနတဲ့ လိပ္ျပာေတာင္ မ်က္စိရွက္လာသည္။
သူမကမေဟာ္ဂနီေရာင္ဆိုးထားတဲ့ ဆံပင္ေကာက္ေကာက္ေတြကို ေက်ာမွာျဖန႔္ခ်ထားၿပီး
ကႏြဲ႕ကလွ်နဲ႔ လမ္းေလွ်ာက္လာေနတာဟာ ေကာ္ေဇာနီထက္မွာ ေလွ်ာက္ေနတယ္မ်ား
ထင္ေနသလားမသိေပ။
ထိုမိန္းကေလးက ကိုဘုန္းျမတ္ေဘးမွ လိပ္ျပာကိုလည္းျမင္ေရာ မ်က္ေမွာင္ၾကႇဳံ႕သြားသည္။
"ကိုျမတ္...သူက..."
"သူက လိပ္ျပာျဖဴတဲ့ ဘုန္းျမတ္ရဲ႕PAေလ...ကိုယ္နဲ႔လည္း သူငယ္ခ်င္းပဲ..."
"ေအာ္..."
မဆီမဆိုင္ ကိုထြန္းေဝကအတင္း၀င္ရွင္းျပေနသည္။
ထိုမိန္းကေလးက သူမရဲ႕အညိဳေရာင္မ်က္လုံးမ်ားႏွင့္ လိပ္ျပာကို ေျခဆုံး၊ေခါင္းဆုံးၾကည့္လာသည္။
လိပ္ျပာကိုအထင္ေသးတာမ်ိဳးမဟုတ္ေပမဲ့ သူမမ်က္၀န္းထဲမွာ အလိုမက်မႈတစ္ခုကိုေတာ့ ေတြ႕ေနရတာ က်ိန္းေသတယ္။
"ဘုန္းျမတ္ရာ...မင္းကိုရွာမေတြ႕လို႔ UDCကအဖြဲ႕ကလည္း ရဲတိုင္ထားလိုက္တယ္...မင္းကဘယ္ေတြေရာက္ေနတာလဲ...ငါတို႔မွာ စိတ္ပူေနရတာ"
"ငါတို႔စီးတဲ့...ေမာ္ေတာ္ကျပႆနာျဖစ္ၿပီး ကြၽန္းတစ္ကြၽန္းမွာ ၀င္ခိုေနရလို႔ပါ...အဲ့ကိစၥေနာက္မွေအးေဆးေျပာမယ္...ဒါနဲ႔မင္းတို႔ကေရာ ဘယ္လိုလုပ္ၿပီး ေကာ့ေသာင္းကိုေရာက္လာတာလဲ..."
"ဟဲ..ဟဲ...ယာယာကမင္းကို အရမ္းလြမ္းလို႔..
ေတြ႕ခ်င္ပါတယ္ဆိုၿပီး..ပူဆာေနတာနဲ႔ပဲ..."
"ေမာင္ေနာ္...ယူ..မဟုတ္တာေတြ..ေလွ်ာက္မေျပာနဲ႔...စိတ္ဆိုးလိုက္မယ္သိလား..."
"ဟာ...စိတ္ေတာ့မဆိုးလိုက္ပါနဲ႔ဟာ..ငါနားပူမခံႏိုင္လို႔ပါယာယာရယ္...."
"ဟြန႔္..ယာယာ့အေၾကာင္း သိရင္ၿပီးေရာ..."
သဲျပင္ေပၚကို ေျခဖေႏွာင့္ေပါက္ၿပီး ႏႈတ္ခမ္းကိုဖိကိုက္ကာ ကေလးတစ္ေယာက္လို မဲ့႐ြဲ႕စိတ္ဆိုးျပေနတဲ့ သူမရဲ႕အမူအရာက အံ့ဩဖို႔ေကာင္းေနသည္။
လိပ္ျပာအဖို႔ေတာ့ ဒီလိုကႏြဲ႕ကလွ်ေတြလုပ္ျပရမွာေလာက္ ရွက္တာမရွိဘူး။
ဒီေနရာမွာ ဆက္ေနရင္ အကုသိုလ္ေတြပြား႐ုံသာရွိတာမို႔ ဟိုတယ္အခန္းမွာ ျပန္နားဖို႔သာဆုံးျဖတ္လိုက္သည္။
"ဟို...လိပ္ျပာကို ခြင့္ျပဳၾကပါအုံး..."
"ဟာ...ကိုယ္လိုက္ပို႔မွာေပါ့လိပ္ျပာရဲ႕..."
"ရပါတယ္..လိပ္ျပာဖာသာသြားလိုက္ပါ့မယ္..."
ေျပာစရာရွိတာေျပာခဲ့ၿပီး လိပ္ျပာခ်က္ခ်င္းလွည့္ထြက္လာခဲ့လိုက္သည္။
ကိုထြန္းေဝကမွ "လိုက္ပို႔ဖို႔ "ေျပာေဖာ္ရေသးတယ္။
ဟိုေရခဲတုံးႀကီးကေတာ့ ေနႏိုင္လိုက္တာမ်ား
အံ့ပါ့။
ခပ္ေဝးေဝးေရာက္မွ သူ႔တို႔သုံးေယာက္ကိုျပန္လွည့္ၾကည့္လိုက္ေတာ့ မ်က္ႏွာခ်င္းဆိုင္ၿပီး
စကားေတြေျပာေနၾကသည္။
ဟိုဆံပင္နီေၾကာင္ေၾကာင္နဲ႔ မိန္းကေလးကေတာ့
ဘုန္းျမတ္ဆိုတဲ့ လူႀကီးရဲ႕လက္ေမာင္းကို လွမ္းဖက္ၿပီး လႈပ္လိုက္၊မွီလိုက္နဲ႔ အီစီကလီလုပ္ေနတာေတာ့ ေသခ်ာေတြ႕လိုက္ပါတယ္။
လိပ္ျပာ ထိုျမင္ကြင္းကို ျမင္ႏိုင္စြမ္းမရွိတာေၾကာင့္ ခ်က္ခ်င္းမ်က္ႏွာကိုျပန္လွည့္လိုက္သည္။
လိပ္ျပာရဲ႕ ရင္ထဲမွာအမည္မသိတဲ့ နာက်င္မႈတစ္ရပ္ကို ခံစားေနရတာ ဘယ္သူသိႏိုင္ပါမည္လဲ။
၀မ္းနည္းသလို၊ငိုခ်င္သလိုမ်ိဳးျဖစ္လာတာဟာ အေတာ္ေလးကို ခံရခက္ေစတယ္။
သူေျပာေတာ့ ရည္းစားတစ္ခါမွမထားဖူးဘူးဆိုအခုက်ေတာ့သူ႔ရည္းစားက မိုးေပၚကေနျပဳတ္က်လာတာလား။?
ရွင့္အေပၚမွာ ဘယ္ဘ၀အဆက္ဆက္ကမ်ား အေႂကြးတင္မိခဲ့တာလဲ မသိပါဘူး။
ရွင့္ေၾကာင့္ ကြၽန္မနာက်င္ေနရတာခ်ည္းပဲ။
စိတ္ထဲကေန ဒီခံစားခ်က္ႀကီးကိုထုတ္ပစ္ဖို႔ႀကိဳးစားေနခဲ့တာ ကိုးႏွစ္တိတိရွိခဲ့ၿပီ။
ရွင့္ေၾကာင့္ နာက်င္ေနရတဲ့ႏွလုံးသားဒဏ္ရာက ဘယ္ေတာ့မ်ားမွ ေပ်ာက္ႏိုင္မွာတဲ့လဲ။
🦋🦋🦋🦋🦋🦋🦋🦋🦋
🦋ခ်စ္လိပ္ျပာေလး တဝဲလည္လည္🦋
အခန္း၂၀
🎵ၾကင္နာသလို မက်င္နာသူေနႏိုင္ရက္တဲ့ ခ်စ္သူေလး🎵
🎵အႏိုင္ယူတတ္တဲ့ သူ႔စိတ္ေတြကိုကြယ္
ကိုယ္မၿငိဳျငင္ခဲ့ဘူး တကယ္🎵
လိပ္ျပာ မ်က္ႏွာသစ္ၿပီး အက်ႌလဲေနစဥ္မွာ ဖုန္းျမည္လာ၍ ၾကည့္လိုက္ရာ ကိုထြန္းေဝျဖစ္ေနသည္။
နာရီကိုၾကည့္လိုက္ေတာ့ ရွစ္နာရီခြဲပဲရွိေသးတယ္။
📞"ဟယ္လို...."
📞"ဟယ္လို...လိပ္ျပာလား..."
📞"ဟုတ္ပါတယ္...ကိုထြန္းေဝ..."
📞"လိပ္ျပာ..ကိုယ္ဟိုတယ္အေရွ႕မွာေစာင့္ေနမယ္...အျမန္ထြက္လာခဲ့..ကိုယ္တို႔မနက္စာအတူထြက္စားၾကရေအာင္...ၿပီးရင္ကမ္းေျခမွာ ျမင္းစီးၾကမယ္ေလ..."
📞"မျဖစ္ဘူးထင္တယ္...လိပ္ျပာသူေဌးဆီကိုသြားရအုံးမယ္..."
📞"ဟာ...အဲ့အတြက္ေတာ့စိတ္မပူနဲ႔ေတာ့ ဘုန္းျမတ္ကမနက္အေစာႀကီးထဲက ေမာ္ေတာ္နဲ႔ဘိုခ်ိဳကြၽန္းကိုသြားၿပီ...ညေနေလာက္မွ ျပန္ေရာက္မွာ...လိပ္ျပာေရေၾကာက္တတ္တာေၾကာင့္ မေခၚသြားေတာ့ဘူးတဲ့...."
📞"ေအာ္...အင္း..အဲ့ဒါဆိုရင္ လိပ္ျပာအခုပဲထြက္လာခဲ့မယ္ေနာ္....ဒါပဲေနာ္"
"တူ...တူ..."
ဒီေန႔အလုပ္မရွိဘူးဆိုေတာ့ ဂါ၀န္လွလွေလးကိုေ႐ြး၀တ္ဖို႔ဆုံးျဖတ္လိုက္သည္။
ထုံးစံအတိုင္း အျဖဴေရာင္ပါပဲ။ေျခမ်က္စိအထိရွည္ၿပီး ရင္မဟိုက္တာကိုေ႐ြး၀တ္လိုက္သည္။
ဆံပင္ေတြကို အကုန္ျဖန႔္ခ်ပစ္လိုက္ၿပီး ဦးထုတ္ေလးေဆာင္းလိုက္ေတာ့ အ၀တ္အစားကိစၥက ၿပီးသြားေလၿပီ။
မ်က္ခုံးေမႊးဆြဲတာတို႔၊မ်က္ေတာင္ေကာ့တာတို႔လုပ္မေနပဲ ေပါင္ဒါေလးပါးပါး႐ိုက္ၿပီး ႏႈတ္ခမ္းနီပန္းႏုေရာင္ေလးကို ခပ္ပါးပါးဆိုးလိုက္ေတာ့
ျပင္ဆင္ခ်ယ္သျခင္းၿပီးဆုံးသြားသည္။
ပိုက္ဆံအိတ္ရယ္၊ဖုန္းရယ္၊နားက်ပ္ရယ္ကိုေက်ာပိုးအိတ္အေသးေလးထဲမွာ ထည့္ၿပီး လြယ္ကာ ဟိုတယ္ေရွ႕သို႔ထြက္လာလိုက္သည္။
*
*
*
*
ထြန္းေဝတစ္ေယာက္ေတာ့ ေနကာမ်က္မွန္ႀကီးကိုေတာင္ေက်ာ္ၿပီး ႏူးညံ့စြာေ႐ြ႕လ်ားလာတဲ့ အျဖဴေရာင္လိပ္ျပာေလးကို တေငးတည္းေငးေနေတာ့သည္။
မ်က္မွန္ႀကီးတပ္ထားၿပီး မ်က္လုံးႀကီးလွန္ကာ လိပ္ျပာျဖဴကိုၾကည့္ေနတဲ့ ေမာင့္ကိုေဒလီယာေတာင္အျမင္ကပ္ခ်င္လာတယ္။
"ေမာင္...နင့္ဟာကမ်က္လုံးႀကီးလည္းလွန္ထြက္သြားပါအုံးမယ္ဟယ္...အိေျႏၵေလးဘာေလး ထိန္းပါအုံးလား..."
ထြန္းေဝရဲ႕ေက်ာကုန္းႀကီးကို ဘုန္းကနဲပိတ္တီးၿပီး ယာယာေျပာလိုက္သည္။
"နင္အသာေနစမ္းပါယာယာရယ္...ဟိုေကာင္နင့္ကို
မေခၚသြားတိုင္း ငါ့အေပၚလာပုံခ်မေနနဲ႔...ကိုယ့္အကန႔္နဲ႔ကိုယ္ေနေနာ္..."
သိပ္လွၿပီး သိပ္ခ်စ္စရာေကာင္းတဲ့ လိပ္ျပာျဖဴေလးက သူတို႔အနားလည္းေရာက္လာေရာ ကားအေရွ႕ခန္းတံခါးကို အျမန္ဖြင့္ေပးလိုက္သည္။
"ကိုထြန္းေဝ..ေစာင့္ေနရတာၾကာၿပီလား..."
"ဟာ..မၾကာပါဘူးဗ်ာ...ကိုယ္တို႔အေလာတႀကီးဖုန္းဆက္လိုက္လို႔ လိပ္ျပာျပင္ဆင္ခ်ိန္မရဘူးထင္ၿပီးအားေတာင္နာေနတာ...ၾကည့္ပါလား
ယာယာဆိုရင္ ႏွစ္နာရီေပးလည္း ဒီပုံပဲ..သုံးနာရီ
ၾကာေအာင္ျပင္ဆင္ထားလည္း...ဒီပုံပဲထြက္တယ္...လိပ္ျပာကေတာ့...ခဏေလးအတြင္းျပင္ဆင္တာေတာင္ အရမ္းကိုလွေနတာပဲ..."
"ဟဲ့...ေမာင္..နင့္႐ုပ္ကသာ အီၾကာေကြးကို
ေပါင္းတင္ထားတဲ့႐ုပ္ဟဲ့...."
"ေအာင္မာ...ယာယာ..နင့္႐ုပ္ကသာ ဖားမႀကီးကိုေပါင္ဒါ႐ိုက္ေပးထားတဲ့မ်က္ႏွာသိလား..."
"ေမာင္!!!!...နင့္ဖာသာအျခားဟာနဲ႔ႏႈိင္းခ်င္ႏႈိင္း ဖားနဲ႔ေတာ့ ယာယာ့ကိုလာမႏႈိင္းနဲ႔ေနာ္...မႀကိဳက္ဘူးသိလား..."
ေဒလီယာခမ်ာ ေဒါသေတြအလိပ္လိုက္တက္လာၿပီး ထြန္းေဝကိုပိတ္ေအာ္ပစ္လိုက္သည္။
ကေလးကလားနဲ႔ ကားေပၚတက္ရမဲ့အေရးရန္ျဖစ္ေနေလေတာ့ လိပ္ျပာက မတ္တက္ႀကီးရပ္ၿပီး ဟိုဘက္ၾကည့္လိုက္ ဒီဘက္ၾကည့္လိုက္နဲ႔ျဖစ္ေနသည္။
"ကိုထြန္းေဝ...ဒီေန႔အဖို႔သြားအုံးမွာလား...မသြားေတာ့ဘူးဆိုလဲ...ကြၽန္မဟိုတယ္ကေနဖုန္းနဲ႔လွမ္းဆက္ၿပီးပဲ မွာစားလိုက္ေတာ့မယ္..."
"ဟာ...မလုပ္ပါနဲ႔ကြာ...ကဲ..ဖားမႀကီးေရ ျမည္တာရပ္ေတာ့..."
"ထြန္းေဝ!!!!!!!"
"ေမာင္"ကေန "ထြန္းေဝ"ဆိုၿပီး ေဒလီယာ ေအာ္ပစ္လိုက္လည္း ထြန္းေဝကမသိခ်င္ေယာင္ေဆာင္ကာ လိပ္ျပာျဖဴအတြက္ ကားတံခါးကို တြန္းေပးထားၿပီး သူမေလးေခါင္းနဲ႔အမိုးနဲ႔တိုက္မိမွာဆိုးလို႔ လက္ဖဝါးေလးပါခံေပးထားလိုက္ေသးသည္။
ေဒလီယာကေတာ့ ထိုအျပဳအမူေတြေၾကာင့္ႏႈတ္ခမ္းကိုလည္း မဲ့ပစ္လိုက္သလို၊ႏွာေခါင္းပါရႈံ႕ပစ္လိုက္သည္။
စိတ္ထဲကလည္း "အလကားအပိုေတြဆိုၿပီး...
"အျပစ္တင္ေဝဖန္ပစ္လိုက္သည္။
စကၤာပူမွာလည္း ေမာင္ဟာရည္းစားအရမ္းမ်ားတဲ့လူပါ ဒါေပမဲ့သူ႔ရဲ႕႐ုပ္ရည္နဲ႔ ေငြေၾကးခ်မ္းသာႂကြယ္၀မႈတို႔ေၾကာင့္ ေကာင္မေလးေတြဘက္ကပဲ သူ႔ကိုစၿပီး ခ်ည္းကပ္လာၾကတာမ်ားတယ္။
အခုလို သူ႔ဘက္ကေနစၿပီး ရည္းစားလည္းမျဖစ္ေသးပါပဲ ဒီလိုသဲ၊ကဲျပေနတာကိုေတာ့ ယာယာပထမဆုံးျမင္ဖူးျခင္းဆိုရင္ လႊဲႏိုင္ဖြယ္ရာမရွိပါဘူး။
ေကာင္မေလးက သူ႔ထက္လည္းႏွႏွစ္ငယ္တယ္။မ်က္ႏွာေလးကလည္း ပါးခ်ိဳင့္ေလးေတြနဲ႔ ႏု႐ြၿပီး ခ်စ္စရာေလးဆိုေတာ့ ေမာင္ပစ္ေႂကြတာေတာ့
မဆန္းပါဘူးေလ။
ယာယာ့အတြက္ကေတာ့ ကိုျမတ္စိတ္၀င္စားမႈရလာေအာင္ ဘယ္လိုနည္းလမ္းေတြသုံးသုံး အရာမ၀င္ျဖစ္ေနတာ စိတ္ဓာတ္ေတြပါက်တယ္။
ကိုျမတ္ဟာ ဘယ္လိုမိန္းကေလးမ်ိဳးကိုမွ သူ႔ႏွလုံးသားကလက္ခံႏိုင္မွာလဲ။
ယာယာ့ကိုလက္ခံလာေအာင္ ဘယ္အခ်ိန္ထိ၊ဘယ္ေလာက္အထိ ႀကိဳးစားျပရမွာလည္း ကိုျမတ္ရယ္။
မိန္းကေလးတန္မဲ့ အတင္းလိုက္ကပ္ၿပီး ကိုျမတ္ရဲ႕အနီးဆုံးကေန ထြက္မသြားရေလေအာင္ ႀကိဳးစားရတာလည္း ႏွစ္ေတြၾကာလွပါၿပီ။
ဒါနဲ႔ေတာင္ ယာယာ့ကိုဘာလို႔ျပန္မခ်စ္ႏိုင္ရတာလဲ။
ကိုျမတ္ ရွင္သိပ္ကိုေမာက္မာလြန္းတယ္။
ရွင့္ႏွလုံးသားက ဘာသားနဲ႔ထုထားလို႔ဒီေလာက္ေတာင္ မာေက်ာျပေနရတာလဲ။
🦋🦋🦋🦋🦋🦋🦋🦋
"ဟာ..အမွီးနဲ႔ မ်က္ႏွာကိုမပြတ္နဲ႔ေလ..."
"ဟယ္...ၾကည့္ေနတာကလဲ သနားစရာေလး..."
ထြန္းေဝေမာင္ကေတာ့ တစ္႐ူး႐ူးျမည္သံေပး၍ ႏွာမႈတ္ထုတ္ေနၾကသည့္ ျမင္းညိဳႀကီးႏွစ္ေကာင္ကို ဝိုင္းႀကီးပတ္ပတ္တူေဝေဝကစားေနသလို လွည့္ပတ္ၾကည့္ေနတဲ့ လိပ္ျပာျဖဴေၾကာင့္ ေက်နပ္ပီတိ ၀မ္းဆီထိေနေတာ့သည္။
ဘယ္ေလာက္ေတာင္ ခ်စ္စရာေကာင္းလိုက္တဲ့ ေကာင္မေလးလဲ။
ျမင္းႀကီးကို အမွီးပြတ္လိုက္ ၊ေခါင္းပြတ္လိုက္လုပ္ေနၿပီး ရယ္လိုက္ ၊ႏႈတ္ခမ္းေလးေတြစုၿပီး အံ့ဩဟန္လုပ္လိုက္နဲ႔ တကယ္ကိုအသဲယားဖို႔ေကာင္းတဲ့ ေကာင္မေလးပါ။
သူမကေတာ့ ကိုယ့္ကိုကိုယ္ဘယ္ေလာက္အထိခ်စ္စရာေကာင္းလဲဆိုတာ သိပုံလည္းမေပၚပါဘူး။
"ေမာင္...တို႔ျမင္းစီးခ်င္စိတ္မရွိလို႔..ယူတို႔ဖာသာပဲ စီးေတာ့ဟယ္..ငါကမ္းေျခက ဒရင္းဘတ္ေပၚမွာပဲ ေစာင့္ေနေတာ့မယ္..."
စကားျပန္ေဖာ္ေတာင္မရပဲ ဟိုေကာင္မေလးကိုပဲ တစ္ၿပဳံးၿပဳံးနဲ႔ အရိပ္တစ္ၾကည့္ၾကည့္လုပ္ေနတဲ့ ေမာင့္ကို ယာယာအျမင္ကပ္ၿပီးရင္း ကပ္လာသည္။
ဒီေလာက္အထိပဲ မႊန္ေနရသလား။
ကိုျမတ္နဲ႔မ်ားကြာပါ့ ဟိုကဘယ္မိန္းကေလးကိုမွ သိပ္ဂ႐ုမဆိုက္တတ္တဲ့လူပါ။
ဒါေၾကာင့္လဲ မာနခဲႀကီးကို ယာယာသိပ္ေႂကြေနရတာေပါ့။
ယာ့ယာ့အတြက္ ေယာက္်ားေတြဟာ ေႂကြလိုခင္းၿပီး ကစားလို႔ရတဲ့အမ်ိဳးဆိုရင္ ေသခ်ာတာကေတာ့အဲ့အထဲမွာ ကိုျမတ္မပါဘူး။
ဒါေၾကာင့္လည္း ယာယာ့လိုမိန္းမကိုေတာင္
ဂ႐ုမဆိုက္တဲ့ ကိုျမတ္ကို ရေအာင္ယူျပမယ္လို႔စိတ္ဆုံးျဖတ္ၿပီးေတာ့ကို ဒီကိုေရာက္လာတာဆိုရင္ မမွားပါဘူး။
*
*
*
*
"ကိုထြန္းေဝ...အဆင္ေျပမယ္မထင္ဘူးေနာ္...
လိပ္ျပာက ဂါ၀န္ႀကီးနဲ႔..."
"ဟုတ္သားပဲ..."
သူမတစ္ေယာက္ထဲကို သီးသန႔္သင္ေပးမလို႔ဥစၥာ ဂါ၀န္အရွည္ႀကီး၀တ္ထားတာေၾကာင့္ ေျခနင္းကြင္းအျမင့္ႀကီးကို ေျခလွမ္းတင္ဖို႔ အဆင္မေျပျဖစ္ေနသည္။
"ဒီလိုလုပ္...လိပ္ျပာကိုယ္နဲ႔အတူ စီးလိုက္..အဲ့ဒါပိုေကာင္းမယ္..."
"ျဖစ္ပါ့မလား...ကိုယ္ထြန္းေဝရယ္...ေတာ္ၾကာႏွစ္ေယာက္လုံး ဒုကၡေရာက္ေနပါအုံးမယ္..."
"ျဖစ္ပါတယ္..လာ...တက္..."
"ဟင္..."
႐ုတ္တရက္ လိပ္ျပာရဲ႕ခါးကေန ေျမႇာက္ခ်ီၿပီး ျမင္းေပၚကို ေဘးေစာင္းတင္ေပးလာသည္။
သူကိုယ္တိုင္ကလည္း ကြၽမ္းက်င္စြာပဲ ျမင္းေပၚကိုခြတက္လိုက္ၿပီးေနာက္ ျမင္းဇက္ႀကိဳးကိုညႇင္သာစြာကိုင္ဆြဲလိုက္သည္။
ျမင္းဇက္ႀကိဳးကို ကိုင္ထားတဲ့သူ႔လက္ေတြက လိပ္ျပာရဲ႕ ခါးနားမွာျဖစ္တာေၾကာင့္ ခႏၶာကိုယ္ တစ္ခ်က္တုန္သြားသလို ျဖစ္ေလရာ သူ႔ရဲ႕အျခားလက္နဲ႔ လိပ္ျပာရဲ႕ ခါးကို လွမ္းဖက္ၿပီး ထိန္းေပးလာသည္။
"လိပ္ျပာ...မေၾကာက္နဲ႔ေနာ္...ေျခနင္းကြင္းတစ္ဖက္ကို နင္းထားလိုက္...ဒါဆိုစိတ္သက္သာရာ ရလိမ့္မယ္...ျမင္းသြားရင္ ေရွ႕ကိုမကုန္းနဲ႔ ေနာက္ကိုနဲနဲယိုင္ထားေနာ္ ဒါမွျမင္းရဲ႕အေရွ႕ပိုင္းကေပါ့သလိုျဖစ္ေနမွာ..."
"ဟုတ္ကဲ့ပါ..."
ျမင္းေလးဟာ သဲျပင္ျဖဴျဖဴေပၚမွာ ေရလႈိင္းလုံးေလးေတြကို သူ႔ရဲ႕ခြာေတြနဲ႔တို႔ထိက်ီစားရင္း ၿငိမ့္ေညာင္းစြာ သြားေနသည္မွာ အလြန္ၾကည့္ေကာင္းသည့္ျမင္ကြင္းပင္။
လိပ္ျပာကေတာ့ ေဘးေစာင္းႀကီးျဖစ္ေနတာေၾကာင့္ ျမင္းတစ္ခ်က္ခုန္လိုက္တိုင္း ျပဳတ္က်သြားမလားဆိုၿပီး ဘုရားတေနရတယ္။
ပိုဆိုးတာက ကိုထြန္းေဝရဲ႕ညာဘက္ေျခေထာက္က လိပ္ျပာရဲ႕ ဒူးေခါင္းနဲ႔ထိကပ္ေနၿပီး ျမင္းခုန္လိုက္တိုင္း လာလာပြတ္တိုက္မိေနသည္။
သူ႔ရဲ႕လက္ေတြကလည္း လိပ္ျပာရဲ႕ ခါးေဘးနားမွာျဖစ္တာေၾကာင္း နဂိုကမွယားတတ္ပါတယ္ဆို
ႀကိတ္မွိတ္ၿပီး ေနရတာ မသာယာလွပါဘူး။
အေရးထဲ ေရွ႕ကိုမကုန္းရဘူးဆိုလို႔ အေနာက္ကိုေတာင့္ေတာင့္ႀကီး ယိုင္ထားရတာ သူ႔ရင္ဘတ္နဲ႔ ကိုယ့္ေက်ာက ထိကပ္လြန္းေနသည္။
"ကိုထြန္းေဝ..."
"ဗ်ာ...."
"လိပ္ျပာ...စီးခ်င္စိတ္မရွိေတာ့လို႔...ဆင္း..ဆင္းပါရေစေတာ့ေနာ္...ဟို...မေဒလီယာနဲ႔ပဲ သြားစကားေျပာေတာ့မယ္...သူလည္းတစ္ေယာက္ထဲျပင္းေနမွာေပါ့...ခဏရပ္ေပးပါေနာ္...ၿပီးမွ...
အစ္ကိုဆက္စီးခ်င္စီးေပါ့...."
"လိပ္ျပာေလး...သေဘာပါဗ်ာ..."
"ရီး!!!!....."
ျမင္းဇက္ႀကိဳးကိုဆြဲၿပီး ရပ္လိုက္ကာ သူကအရင္ဆင္းလိုက္သည္။
ၿပီးေနာက္ လိပ္ျပာကို ခါးမွေပြ႕ခ်ီၿပီး ခ်ေပးသည္။
လိပ္ျပာခ်က္ခ်င္းပဲ မေဒလီယာရွိေနတဲ့ ေနရာသို႔ ေျပးဖို႔ လုပ္ေတာ့ ညာဘက္လက္ကို အေနာက္မွလွမ္းဆြဲခံလိုက္ရေလသည္။
"ဘာျဖစ္လို႔လဲ...ကိုထြန္းေဝ..."
မ်က္လုံးေလးျပဴးၿပီး သူတစ္ခုခုလုပ္မွာကို စိုးရိမ္ေနတဲ့ သူမပုံစံေလးေၾကာင့္ ထြန္းေဝတစ္ခ်က္ၿပဳံးလိုက္မိသည္။
"လိပ္ျပာမွာ အခုလက္ရွိရည္းစားရွိလား..."
သူ႔ေမးခြန္းေၾကာင့္ လိပ္ျပာမ်က္ခုံးေတြေတာင္ တြန႔္ခ်ိဳးသြားရသည္။ဘယ္လို ေမးခြန္းႀကီးပါလိမ့္။
"လိပ္ျပာ...တစ္ခါမွရည္းစားမထားဖူးဘူး..."
"ဟား...တ.. တကယ္လား..."
"လိပ္ျပာရဲ႕ပုံက...လိမ္ေနတဲ့ပုံေပါက္ေနလို႔လား..."
တမင္႐ြဲ႕ေျပာလိုက္တာပါ။ရည္းစားမထားဖူးလို႔
မထားဖူးဘူးေျပာတာကို မယုံသကၤာလာျဖစ္ေနေသးတယ္။
"လိပ္ျပာ... လိပ္ျပာကို ၀န္ခံစရာ..
ေျပာျပစရာေတြ အမ်ားႀကီးရွိတယ္...လိပ္ျပာနားေထာင္ေပးႏိုင္မလား..."
"ဟို...ေနာက္မွေပါ့ေနာ္...ေနာက္မွ..."
သူ႔လက္ကိုအတင္း႐ုန္းေနတဲ့ သူမလက္ကေလးနာသြားမွာစိုးလို႔ လြတ္ေပးလိုက္မိတယ္ဆိုရင္ ဆံႏြယ္ေလးေတြ ယိမ္းထိုးေနေအာင္ ေျပးသြားလိုက္တာမ်ား တစ္ခ်ိဳးထဲပဲ။
"လိပ္ျပာျဖဴ...မင္းကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ...
ကိုယ္မိန္းကေလးေတြအမ်ားႀကီးေတြ႕ဖူးတယ္...
ဒါေပမဲ့ မင္းေလာက္ခ်စ္ဖို႔ေကာင္းတဲ့ေကာင္မေလးကိုေတာ့ မေတြ႕ဖူးေသးဘူး...ကိုယ္တကယ္ခ်စ္မိၿပီ ထင္တယ္...ဘယ္လိုလုပ္ရမလဲ"
#စာေရးသူ_ေဆာင္းေငြ႕ေဝ
#ေဆာင္းေငြ႕ေဝရဲ႕၀တၳဳမ်ားPageမွတင္ဆက္သည္
🦋🦋🦋🦋🦋🦋🦋🦋🦋🦋🦋
ဖတ္တဲ့လူသိပ္မရွိသလိုပဲ
အမွားပါရင္ ေဝဖန္ေထာက္ျပေပးႏိုင္ပါတယ္
မေန႔ကတင္မလို႔လုပ္ေပမဲ့ wpမွာ ရွည္ရွည္ေလး တင္ခ်င္တာေၾကာင့္ ေနာက္က်သြားပါတယ္