ခများ ပိုင်တဲ့ ကောင်မလေး
~~~~~~~~~~~~~~~~~~
အပိုင်း-5
*ခေတ် နင်ဘယ်သူနဲ့လာတာလည်း *
*ဟင် ငါ ငါ ဟိုလူနဲ့လာတာလေ *
*နင့်ရဲ့ မတော်ရသေးတဲ့ ယောကျာ်းလား တွေ့လည်းမတွေ့ပါလား
နင့်ကိုပစ်ပြီး ဘယ်သွားနေတာလည်း*
*မသိဘူး သိလည်း မသိချင်ဘူး စိတ်ရှုပ်လို့*
ခွန်း ခြံကို အလည်လာကြမယ့် ဧည့်သည်တွေနဲ့ တွေ့တာ
အတော်ကြာပြီဖြစ်သည်။ ဟိုကလေးမကိုလည်း စိတ်ပူရသေးသည်။
စကားပြောခြင်းကို လက်စသက်လိုက်လေသည်။ စောင့်ခိုင်းထားတာလည်း ကြာပြီဖြစ်သောကြောင့်။
*ဟုတ်ကဲ့ ဒါဆို ကျွန်တော်ပြန်လိုက်ပါအုန်းမယ်
နောက်တစ်ပါတ်လာရင် နေထိုင်ဖို့အတွက် အဆင်သင့်လုပ်ထားလိုက်ပါမယ် ဗျ*
*ဟုတ်ပါပြီ မောင်ခွန်းရေ လာခဲ့မယ် စိတ်ချ *
*ဟုတ်ကဲ့ဗျ ပြန်လိုက်ပါအုန်းမယ် *
ခွန်း ဆိုင်ကယ်နားဝေ့ဝိုက်ကြည့်လိုက်တော့ ကလေးမကို မတွေ့ပေ။
မျက်နာချင်းဆိုင်က စားသောက်ဆိုင်ထဲလှမ်းကြည့်လိုက်တော့
ရယ်ရယ်မောမောဖြင့် စားသောက်နေသော ကလေးမကို တွေ့ပါပြီလေ။
ခွန်း ဖြည်းဖြည်းချင်းဘဲလျှောက်လာကာ အနားရောက်တော့ ခုံတစ်ခုံကိုဆွဲကာ ထိုင်လိုက်လေသည်။
*အယ် ဦးလေးကြီးက ဘာလို့ သမီးတို့ဝိုင်းကိုလာထိုင်တာလည်းဟင်
သိတဲ့သူရှိလို့လား*
*အင်း*
အတိုး အလုံး ပေါင်းများစွာနှင့်မေးလိုက်တော့လည်း တစ်ခွန်းသာပြန်ဖြေသည်။
လေးယောက်သား ခေတ်ကို ပြူး၍ ပြိုင်တူကြည့်လိုက်ကြလေသည်။
*အဟင်း သူက ငါပြောတဲ့ ဦးလေးကြီးဘဲ
ဘာလို့အဲ့လိုကြီးကြည့်နေကြတာလည်း*
*ဟားဟားဟား တို့ခေတ် ရှက်တတ်တာကို ခုမှ မြင်ဖူးတယ်ဟေးး*
ကလေးမလေး ချစ်စရာကောင်းမှန်း ခွန်းအခုမှ သတိထားမိသည်။
မျက်တောင် ကော့ကော့လေးများကလည်း အချိန်ဆွဲထားသလိုပင်
တစ်ခါခတ်လိုက်တိုင်း ခွန်းရင်ထဲ လှိုင်းတွေထလာရသည်။
နူတ်ခမ်းဖူးဖူးလေးကလည်း ပန်းနုရောင်လေးသမ်းကာ
ထိကြည့်ချင်စရာလေးပင်။
ခွန်းရင်တွေ အစမတန် ခုန်လာသောကြောင့် ရင်ဘက်ကို လက်ဖြင့်ဖိကာ
စိတ်ငြိမ်အောင် ရေသောက်လိုက်ရသည်။
*ဟိုက ကလေးမ လျှောက်လည်အုန်းမှာလား ပြန်မလား*
*ဟင် ဟို ဟိုလေ မလည်နေတော့ပါဘူး
ပြန်လိုက်တော့မယ်*
ဟို 4ယောက်ကတော့ ခေတ်ကို မျက်စောင်းခဲနေကြလေသည်။
ခေတ်လည်း မချိမဆန့်လေး ပြုံးပြကာ ထွက်လာခဲ့သည်။
*သွားပြီနော် သူငယ်ချင်းတို့ *
*သွားသွား ခေါ်တော့ဘူး ဟွန့်*
ဆိုင်ကယ်လေး စက်နိူးပြီးသေည်လည်း ခေတ်မှာမတတ်ရဲပေ။
မျက်နာတည်ကြီးနှင့် လူကိုခြောက်နေသလိုပင်။
*တတ်လေ ဘာလုပ်နေတာလည်း နေခဲ့မလို့လား*
*နေပါဘူး တတ်မှာ*
ဆိုင်ကယ်က အရမ်းမြန်သောကြောင့် ရှေ့ကလူရဲ့ အင်္ကျီစလေးကိုသာ
မရဲတရဲနှင့် ကိုင်ထားရသည်။
*ဖတ်ထားလို့ မကိုက်စားဘူးနော် ရဲရဲ ဖတ်လို့ရတယ်*
ရှေ့ကလူရဲ့ စကားသံကြောင့် ကိုင်ထားတာလေးကိုတောင်လွှတ်လိုက်ကာ
မျက်စောင်းတေချည်းပစ်ပစ်ထိုးနေလိုက်သည်။
အင့်......
ဘုထစ်လေး တစ်ခုကြောင့် ခေတ် ရဲ့လက်တွေ ဟိုလူ့ရဲ့ ခါးသို့ ရောက်နေပြီဖြစ်သည်။ ကိုင်မိထားသော ဗိုက်သားများကလည်း မာခဲနေကာ
ခေတ်ရင်တွေ ခုန်ပေါက်နေလေတော့သည်။
ခွန်းဘယ်မိန်းမနဲ့မှ အသားချင်းထိအောက်မနေဖူးပေမယ့် ဒီကောင်မလေး ရဲ့ အထိ အတွေ့မှာ
ကျရှုံးခဲ့ပါပြီ ။ နူးညံ့ တဲ့ လက်ရဲ့ အသားနုနုလေးတွေက
လာထိလိုက်တိုင်း အဆမတန် ရင်ခုန်လာရသည်။
ဟူးး တကယ်ကို မလွယ်ပါလား....မိန်းကလေးတွေနဲ့ ထိတွေ့တာက ဒီလိုတွေဖြစ်တာလား ......ဟားး
လူကို ရူးမတတ်ဘဲ ဝေးဝေးရှောင်မှဖြစ်မယ်။
*ဟော သားတို့ပြန်လာပြီလား *
*ဟုတ်ကဲ့မေမေ *
တစ်ခွန်းသာပြောပြီး အခန်းဆီသို့သာ သွားခဲ့သည်။
ဘာလို့ ခုထန ရန်တုန်နေရတာလည်း တစ်ခါမှ မထိတွေ့ဘူးလို့လား....ဟူးးး။
*သမီး ဘယ်တွေသွားခဲ့လည်း ပြောပါအုန်း *
*ဘယ်မှ သွားခဲ့ဘူးအန်တီ ဟီး*
*ဟေ သားကြီးက မပို့ပေးဘူးလား*
*ကျွန်တော်က မသွားချင်တာပါအန်တီ *
*အော် အေးအေးသမီးလေး*
လရောက်အောက်က ဝရံတာလေးတွင် လူတစ်ယောက် ဂစ်တာ တီးနေလေသည်။ အသံလေးက အတော်ပင် နားထောင်ကောင်းသည်။ ဟိုလူကြီး မဟုတ်တာတော့ သေချာသည်။
🎼🎼🎼🎼🎼🎼🎼🎼🎼🎼
ဒီကောင်မလေးအတွက် ခံစားရတော့မယ် ပြောပါစေ....
ဒီကောင်မလေးအတွင် ငါအပေါင်းသင်းများစွာ ဘယ်လိုထားလည်း.....
ဒီကောင်မလေးအတွက် ငါအရှူံးပေးချစ်ပြမယ်...
ဒီကောင်မလေးအတွက် ငါပေးဆပ်နိုင်လို့......
ဒီကောင်မလေးအတွက် ငါရူးသွပ်လိမ့်မယ်ပြောပါစေ...
ဒီကောင်မလေးအတွက် ငါအသိုင်းဝိုင်းထဲမှာ ဘယ်လိုကဲ့ရဲ့.....
ဒီကောင်မလေးအတွက် ငါတစ်ဖက်သက် အရူးအမူးပဲ..
ဒီကောင်မလေးအတွက် ငါအတိုင်းထက် အလွန်ပဲ.....
ဒီကောင်မလေးအတွက် ငါငိုချင် ငိုရမယ်....
ဒီကောင်မလေးအတွက် ငါရယ်ချင်ရယ်ရမယ်....
ဒိကောင်မလေးအတွက် ရင်ဘက်တစ်ခုလုံးပေါက်ကွဲသွားပါစေ.....
ဒီကောင်မလေးအတွက် ငါပေးဆပ်မှာဘဲ......
🎼🎼🎼🎼🎼🎼🎼🎼🎼
*အော် မင်းရောက်နေတာလား လာလေ *
ခေတ် သီချင်းထဲ ဈာန်ဝင်သွားသောကြောင့်
ဟိုက လှမ်းပြောလိုက်မှသာ ကလယ်ကလယ် နှင့် ဘေးခုံ သွားထိုင်လိုက်လေသည်။
*အဟင်း သီချင်းဆိုတာ ကောင်းတယ်နော်
ကျွန်တော် အဲ့သီချင်း အရမ်းကြိုက်တာ *
*ဟုတ်လား မင်းကြိုက်ရင် ခနခန ဆိုပြမယ်လေ*
*တကယ်လား ကျေးဇူးပါ*
*ဒါနဲ့ တို့ နှစ်ယောက် သူငယ်ချင်း လုပ်ကြမလား*
ခေတ် မေးလေးကို လက်ခုံဖြင့်ပွတ်ပြီး အသေချာစဉ်းစားနေဟန်။ အတော်ကြာစဉ်းစားပြီးမှ မျက်နာလေး မချိုမချဉ်လုပ်နေသည်။
*အဟင်း ကောင်းပြီလေ ကျွန်တော်က သူငယ်ချင်းဖြစ်ရင် အနိုင်ကျင့်တယ်နော် ခံနိုင်မှ ရမယ် *
*ဟားဟား မင်းဘယ်လောက် အနိုင်ကျင့်နိုင်မှာ မို့လည်းကွာ*
*ဒါနဲ့ ခများနာမည် ဘယ်သူလည်း *
*အော် သိပြီ ထင်နေတာ ကိုယ့်နာမည်က ခွန်းစက်ဝိုင်လေ *
*အဟင်းဟင်း ကျွန်တော့် နာမည်က ဆောင်းတစ်ခေတ်ပါ ခေတ်လို့ဘဲခေါ်*
တတ်ကြွစွာ ပြုံးပြီး ပြောနေသော ကောင်မလေးကို ကြည့်ကာ ခွန်း ရင်ဘက်ကို မခုန်မိအောင် လက်နှင့် အရင်ဖိထားလိုက်လေသည်။
ဟူးး ပြုစားလှချေလား ကောင်မလေးရယ် ....။
*သွားတော့မယ် လေ အိပ်ငိုက်လာပြီ good night*
*အိုခေ အိုခေ good night ဆောင်း*
ဆောင်းဆိုသော အသံကြောင့် မသွားနိုင်သေးဘဒ ခါးထောက်ကာ အံ့တွေကျိတ်နေမိသည်။မကြိုက်ဘူးဟု ဆိုနိုင်သော အကြည့်ဖြင့်ကြည့်ကာ ......
*ဒီမာ ခေတ်လို့ဘဲခေါ်လို့ ပြောထားတာလေ
အာ့လို့ အဲ့လိုခေါ်တာလည်း မိန်းကလေးဆန်လို့ မကြိုက်ဘူး*
*ဟားဟား ကိုယ်က ဘယ်သူနဲ့မှ မတူချင်လို့ ပါကွာ
ခေါ်ခွင့်ပြုနော် လူတွေရှေ့ရောက်ရင်တော့ ခေတ်လို့ခေါ်မယ်လေ ကိုယ်တို့ နှစ်ယောက်ထဲရှိရင် တော့
ဆောင်းလို့ဘဲ ခေါ်ပါရစေ*
*အိုခေလေ ကတိနော် သွားပြီ*
ခေတ် ခုန်ဆွခုန်ဆွဖြင့် ပြေးသွားရာတွင်
ရှေ့က လူတစ်ယောက်ကို ဝင်တိုက်မိပြန်သည်။
*အာ့ *
ရှေ့က လူက စက်ပလိန်ကြီးလား(ဟဲဟဲဆဲတာဟုတ်ဝူးနော်) ထင်ရသည်အထိ နောက်သို့ပြန်ကန်ကာ ပက်လက်လန်လဲတော့မလိုဖြစ်သွားရသည်။
ခေတ်မျက်လုံးစုံမှိတ်ထားလိုက်လေသည်။ ပြုတ်ကျပေမယ့် နာကျင်မှုမရှိသောကြောင့် အသာလေးဖွင့်ကာကြည့်လိုက်တော့ စိုက်ကြည့်နေသော ဟိုလူ။
*အား ဘာကြည့်နေတာလည်း *
ဖြန်း......
ဘာမှ မပြောလိုက်ရခင်ဘဲ ပါးတစ်ဘက်က ထူပူသွားရသည်။တော်တော် လက်သန်ပြောင်တဲ့ဟာလေး..။
ခွန်း ဒေါသတွေ ငယ်ထိတ်ပင် ရောက်ပြီဖြစ်သည်။
ချီထားတဲ့ ကိုယ်လုံးသေးသေးလေးကို စိတ်တိုတိုနှင့် ပစ်ချပစ်လိုက်သည်။ အကြီး အကြီးမှန်းနားမလည်တဲ့ဟာလေး နာစမ်း..။
*အီးး ဘာလို့ပစ်ချတာလည်း အသက်ကြီးပြီး အချိန်မစီးတဲ့ လူကြီး လူ့ဂွစာကြီး *
အားးးး......
ဆက်ရန်..........