ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
အပိုင်း-၂
ထမင်းစားခန်းထဲရောက်တော့မျက်စောင်းလှမ်းထိုးသောအမေသတင်းစာဖတ်နေသောအဖေနဲ့သမီး၂ယောက်ကိုအရင်တွေ့ရသည်။နွယ်လေးကတော့သူ့ထံုးစံအတိုင်းကျွန်တော်နဲ့သမီး၂ယောက်အတွက်သူကိုယ်တိုင်ပြင်ဆင်ပေးရမှစိတ်တိုင်းကျသူမို့အိမ်အကူများနဲ့ပြင်ဆင်ပီးသယ်လာသည်။အဖေကသတင်းစာကိုချပီးစကားစသည်။
"သားညကဘယ်လိုဖြစ်တာလဲဘယ်လောက်အလုပ်များများခလေးတွေကိုတော့အချိန်ပေးရမယ်လေနောင်တခါမဖြစ်စေနဲ့"
"ရှင့်သားကနွားသွားကျနေတာလေ"
"ခွီ ခွီ"
"ဖွားဖွား ဒယ်ဒီကဘယ်လိုနွားဖြစ်သွားတာလဲ"
အမွှာလေးတွေကရီရင်းမေးလိုက်သည်။
"မြ ခလေးတွေနဲ့စကားပြောဆင်ခြင်"
"သဲနဲ့သက်ဖွားဖွားကသမီးတို့ဒယ်ဒီကိုစနေတာနော်စားမုန့်တွေအေးတော့မယ်မစားရင်ဖိုးဖိုးကလုစားမှာနော်"
"အား ဖိုးဖိုးကိုမကျွေးဘူးစားပီ"
"သားပီးရင်စာကြည့်ခန်းမှာဖေဖေတို့နဲ့စကားပြောကြမယ်"
ကော်ဖီကိုတစ်ငုံသောက်ပီးနွယ်လေးကိုမျက်နှာလုပ်ဖို့စကားစရသည်။
"နွယ်လေးဒီနေ့ကိုယ်အလုပ်နားတယ်သမီးတွေနဲ့နွယ်လေးအနားနေဖို့နော်"
နွယ်မျက်နှာကိုမဲ့လိုက်ပီး
"ကိုကြီးကအချိန်ပေးပေမဲ့နွယ်ကထားနဲ့ချိန်းထားတယ်ကိုကြီးနေချင်ရင်သမီးတွေကိုသာကစားပေးလိုက်
မေမေသမီးသွားတော့မယ်နော်မေမေ့မြေးတွေအပ်ခဲ့ပီနော်"
နွယ်ပြောဆိုပီးအပေါ်ထပ်သို့တက်လာလိုက်သည်။ခုချိန်မှာစိတ်ထဲရှိတဲ့အတိုင်းတာလုပ်ရရင်အော်ဟစ်သောင်းကျန်းပီးကိုကြီးကိုကုတ်ဖဲ့ထုရိုက်လိုက်ချင်သည်။ဘာပြသနာဖြစ်ဖြစ်ငါတို့ချွေးမကသာအမြဲမှန်တယ်ဆိုပီးကိုယ့်ကိုသမီးရင်းကဲ့သို့ချစ်ပေးသောကိုကြီးဖေဖေနဲ့မေမေရယ်သမီး၂ယောက်ရယ်ကြောင့်အကုန်မျိုသိပ်လိုက်ရသည်။ဗီယိုဖွင့်ပီးအင်းကျီထုတ်နေတုန်းတံခါးဖွင့်ပီးကိုကြီးဝင်လာတာသိပေမဲ့လှည့်မကြည့်တော့ပဲနေလိုက်သည်။ခါးကိုဖက်ပီးရင်ခွင်ထဲထွေးပိုက်ခံလိုက်ရတာနဲ့အတူကိုကြီးအသံကိုကြားလိုက်ရသည်။
"နွယ်လေးက်ိုယ့်ကိုစိတ်ဆိုးနေတာလားစိတ်မဆိုးပါနဲ့ကွာယုသားလေးကတကယ်အရေးပေါ်ဖြစ်နေလို့သားသမီးချင်းကိုယ်ချင်းစာလို့ပါကွာနော်နွယ်လေး"
ကိုကြီးကပြောပြောဆိုဆိုနဲ့ပါးကိုလှမ်းနမ်းလိုက်သည်။နွယ်တအားရုန်းပီးမျက်နှာချင်းဆိုင်ကာ
"ကိုကြီးသားမို့လို့လားကိုယ်သမီးတွေရဲ့မွေးနေ့ပွဲကိုထားပီးပို့ရအောင်တခြားသူနဲ့ပို့ခိုင်းလဲဆေးရုံကရောက်ပါတယ်ဘာလဲကိုကြီးမဟုတ်ရင်သူကအားငယ်ပါတယ်ဆိုတဲ့ပလီပလာစကားကိုယုံပီးမိန်းမမေ့သမီးမေ့ပါသွားတာမဟုတ်လား"
"သူတကယ်အားကိုးရာမရှိဖြစ်နေလို့ကိုယ်ကကူညီတာပါနွယ်လေးကိုရှင်းပြးတာလဲအက်ကြောင်းထပ်နေပီကိုယ့်ယောက်ကျားကိုတောင်မယုံတော့ဘူးလား"
နွယ်ဖုန်းကိုထုတ်ပီးယုယမိုးပို့ထားသောမက်ဆေ့ကိုပြလိုက်သည်။
"ဒါကကောနွယ်စိတ်မတိုရဘူးလားဘာကိုယုံပေးရမှာလဲ"
"ကျွတ်စ် နွယ်လေးကိုယ်ဘယ်နှစ်ခါပြောရမလဲအဲ့ဒါယုဖုန်းမဟုတ်ဘူးသူ့အရင်ယောက်ကျားကကိုယ်တို့ပြသနာဖြစ်ပီးယုကိုမကူညီနိုင်အောင်လုပ်တာပါဆိုကွာ"
စကားပင်မဆုံးသေးနွယ်လေးရေချိုးခန်းထဲဝင်သွားသည်။ဘုန်းလက်ရုန်းသက်ပြင်းတချက်ချကာအဖေစောင့်နေသောစာကြည့်ခန်းသို့ထွက်လာလိုက်သည်။
စာကြည့်ခန်းအတွင်းအဖေနဲ့အမေကကျွန်တော့်ကိုစောင့်နေသည်။
"သားရယ်ငယ်တော့တဲ့အရွယ်လဲမဟုတ်မင်းကိုဘယ်လိုလုပ်သွားတဲ့မိန်းမလဲမပက်သက်နဲ့ဆိုတာကိုကွယ်မေမေကလူမွေးထားတာနော်နွားမွေးထားတာမဟုတ်ဘူးပြီးတော့နွယ်လေးကိုလဲသနားအုံးမိန်းမတယောက်ကစိတ်ဆိုးရင်ချော့ရတယ်စိတ်နာသွားရင်တော့မရတော့ဘူးနော်"
"မြတော်တော့ကိုယ်ပြောမယ်သားမင်းကိုဖေဖေရှည်ရှည်ဝေးဝေးမပြောချင်ဘူးမင်းကိုလဲပြည့်ပြည့်စုံစုံလိုလေသေးမရှိသူများအပြောအဆိုမခံရအောင်ဖေနဲ့မေကပြုစုစောင့်ရှောက်ခဲ့သလိုပဲခုဖေ့မြေးမလေး၂ယောက်ကိုလဲမင်းရဲ့မဆင်မခြင်လုပ်လို့လင်မယားရန်ဖြစ်ပတ်ဝန်းကျင်ကအပြောတွေကြောင့်စိတ်ဒဏ်ရာရမှာဖေဖေမလိုချင်ဘူးဖေဖေ့မြေးတွေကိုအကောင်းဆံုးအတောက်ပဆုံးအပျော်ရွှင်ဆုံးခလေးတွေအဖြစ်ပဲကြီးပြင်းစေချင်တယ်မင်းတစ်ခုခုလုပ်မယ်ကြံတိုင်းခလေး၂ယောက်မျက်နှာကိုမြင်ပါဒီပြသနာမျိုးနောက်တခါမပြောရစေနဲ့ပီးတော့ဖေဖေအေးအေးဆေးဆေးပဲနေချင်တယ်သားမင်းပြသနာထဲဖေဖေဝင်ပါရရင်ယုယမိုးအတွက်ကောင်းတဲ့အခြေနေမရှိနိုင်ဘူးဒါပဲမင်းလဲနားတော့"
စာကြည့်ခန်းကထွက်လာတော့အလှပြင်ပီးထွက်လာတဲ့နွယ်လေးကမမြင်ချင်ယောင်ဆောင်သွားတာနဲ့လက်ဆွဲကာစကားပြောရသည်။
"နွယ်လေးနေ့လည်ကိုယ်လာကြိုမယ်နော်lunchတူတူစားကြမယ်လေ"
"ဟင့်အင်းနွယ်နဲ့ထားတနေ့ကုန်shopping ထွက်ဖို့ချိန်းထားတာ"
"ဒါဆိုညနေတော့ကိုယ့်ကိုအချိန်ပေးနော်ကိုယ်dinnerအတွက်ဆိုင်ချိတ်ထားမယ်"
"မွ"
နွယ်ပြန်ပြောချိန်တောင်မရလိုက်ကိုကြီးကပါးကိုနမ်းပြီးအခန်းထဲဝင်သွားတော့သည်။ကိုကြီးအနမ်းတချက်မှာတင်လူကစိတ်ဆိုးပြေချင်လာသဖြင့်မနေ့ကအကြောင်းပြန်တွေးကာစိတ်ကိုပြန်တင်းကာသူငယ်ချင်းအိမ်သို့ထွက်လာလိုက်သည်။
ဆေးရုံVIPအခန်းတွင်းတွင် ယုယမိုး တယောက်ဘုန်းလက်ရုန်းကိုဘယ်လိုခေါ်ရမလဲအကြံထုတ်နေစဉ်ခလေးကလဲသက်သာလာပီးညနေဆေးရုံကလဲဆင်းရပီဆိုပီးသူနာပြုကလာပြောသဖြင့်ပြံုးသွားသည်။ရုန်းရဲ့ဖုန်းကိုခေါ်လိုက်သည်။
"ဟလို ရုန်း သားကညနေဆေးရုံဆင်းရပီတဲ့လာခဲ့ပေးအုံးနော်"
"ဆော်ရီး ယု ကိုယ်ညနေမအားလို့ကိုယ့်တပည့်လွတ်ပေးမယ်နော်"
"ရပါတယ် ရုန်းမအားရင်လဲယုဘာသာပဲလုပ်လိုက်မယ်ဘယ်သူ့မှမလွတ်ပါနဲ.လူစိမ်းဆိုသားနဲ့အဆင်ပြေမှာမဟုတ်လို့"
"တကယ်ဆော်ရီးပါယု ခလေးလဲဂရုစိုက်နော် ဒါပဲနော်"
💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰