ကိုယ့်ရဲ့ပဲ့ကိုင်ရှင် နွယ်
အခန်း(၁)
"တင်း"
ဖုန်းမက်ဆေ့မြည်သံကြောင့်နွယ်ဧည့်သည်နှင့်စကားပြောနေရာမှယူကြည့်လို့က်တော့ထင်သည့်အတိုင်းပဲနွယ်ရဲ့ချစ်လှစွာသောအိမ်ဦးနတ်ဆီကနေမျော်လင့်ထားတဲ့အတိုင်းပို့လာသောမက်ဆေ့ဖြစ်နေသည်
"နွယ်လေးကိုယ်သမီးတွေပွဲမမှီလောက်ဘူးယုယသားလေးကနေမကောင်းလို့အရေးပေါ်ပို့နေရလို့"
နွယ်ဧည့်သည်တွေရှေ့မို့ဟန်လုပ်ကာပြုံးနေရပေမဲ့လူကတစ်ကိုယ်လုံးနှုန်းချိကာလဲကျမတတ်ဖြစ်သွားတာမို့လူရှင်းသည့်ဘက်သို့ထွက်လာလိုက်သည်။လူရှင်းသ ည့်ခုံတစ်လုံးမှာထိုင်ပီးမနက်ကရထားတဲ့မက်ဆေ့ကိုပြန်ဖွင့်ဖတ်နေမိသည်။
"နွယ်ကသစ် ရုန်းကညနေ နင့်သမီးတွေဆီမလာနိုင်လောက်ဘူးဘာလို့ဆိုငါနဲ့ငါ့သားလေးကိုဂရုစိုက်နေရလို့လေနင့်ရဲ့သည်းခံနိုင်စွမ်းကိုကြည့်ရမှာပေါ့"
မက်ဆေ့ကိုပြန်ဖတ်ပီးနွယ့်ရင်ထဲကစူးနစ်လာကာအော်ဟစ်ငိုချင်စိတ်ကိုထိန်းထားနေတုန်း
"နွယ် သမီး"
ဆိုတဲ့ယောက်ခမအသံကြားမှမျက်ရည်မကျအောင်ထိန်းကာ
"ဟုတ်အမေ"
"သားကဘာလို့မရောက်သေးတာလဲခလေးတွေပွဲကပီးတော့မယ်ဖုန်းဆက်ပါအုံး"
"သူ သူ ဟိုအရေးကြီးအလုပ်ပေါ်လာလို့တဲ့အမေ"
"သမီးဘာဖြစ်တာလဲအမေ့ကိုမှန်မှန်ပြောစမ်းဒီကောင်ဟိုသားအမိနဲ့လား"
ငိုချင်ရဲ့လက်တို့ဆိုသလိုယောက်ခမဖြစ်သူရဲ့စကားမဆုံးနွယ်မျက်ရည်များကျဆင်းလာသည်။
"တောက် နွားဖြစ်ချင်နေတဲ့ကောင်ကိုယ့်ခလေးမွေးနေ့ကိုမလာနိုင်ရအောင်နွားကျချက်ကငါ့သားလို့ပြောရမှာရှက်တယ်။ ကဲသမီးမငိုနဲ့အမေရှင်းပေးမယ်ခုမြေးလေးတွေသိသွားရင်စိတ်မကောင်းဖြစ်မယ်လာလာကိတ်ခွဲရအောင်"
ယောက်ခမဖြစ်သူကိုတွဲပီးခလေးတွေကိတ်ခွဲမယ်နေရာသို့ပြန်လာလိုက်သည်။သမီးငယ်ကပြေးလာပီး
"မား မီးတို့ကိတ်ခွဲချင်ပီဒယ်ဒီကမလာသေးဘူးလား"
"မြေးတို့ဖေဖေကအလုပ်မှာအရေးကြီးနေလို့တဲ့နော်လာကြသူငယ်ချင်းတွေခေါ်ပီးကိတ်ခွဲကြမယ်"
Birthday songဆိုပီးစားကြသောက်ကြနဲ့အားလုံးပီးလို့hotelမှပြန်တော့ည၁၁နာရီခွဲအိမ်ရောက်တာလူကဘာအဝတ်မှမလဲနိုင်skinလဲမcareနိုင်ပဲအိပ်ယာထဲပစ်လှဲကာရှေ့ဆက်ရမယ်ခရီးကိုတွေးကြည့်နေမိသည်။ရည်းစားဟောင်းနဲ့ပက်သက်ပီးပြောတိုင်း
"ကိုယ်တို့ကရိုးသားတယ်ခနခနပြောရင်ကိုယ်ကောတဘက်မိန်းခလေးရဲ့သိတ်ခါကိုထိခိုက်တယ်အလွန်အကျွံမတွေးပါနဲ့နွယ်လေး"
ဆိုပီးနောက်ဆုံးတခေါက်စကားများရန်ဖြစ်တုန်းကပြောတဲ့စကားကိုပြန်ကြားယောင်မိသည်။ဒီလူနဲ့ကွာရှင်းမယ်စဉ်းစားမိတာနဲ့ဘယ်ဘက်ရင်အံုကစူးခနဲဖြစ်လာကာသမီး၂ယောက်မျက်နှာပါမြင်လာတော့အတွေးတွေကိုထုတ်ပစ်ဖို့ခေါင်းကိုခါယမ်းပီးဘေးကအံဆွဲထဲကအိပ်ဆေးယူသောက်ပီးအိပ်ပစ်လိုက်သည်။
At hospital VIP room
"ယု ကိုယ်ပြန်တော့မယ်သားလေးလဲစိတ်ချရပီဆိုတော့လေ"
"အားနာလိုက်တာ ရုန်း ရယ်မိုးတောင်တော်တော်ချုပ်နေပီပြန်ဖို့အဆင်မပြေလဲဒီမှာပဲ"
"ကိုယ်ပြန်ပီယု ဒီထက်မိုးချုပ်ရင်မကောင်းလို့good night"
ယုပြောနေတဲ့စကားတောင်မဆံုးသေးဘူးသူပြောချင်ရာပြောပီးလေလိုပဲလှစ်ခနဲထွက်သွားသောဘုန်းလက်ရုန်းကိုကြည့်ရင်းယုသက်ပြင်းချမိသည်။တနှစ်ပြည့်တော့မယ်ရုန်းရယ်ယုဘယ်လိုဆွဲထားမှယုဆီကိုအရင်လိုပြန်လာနိုင်မှာလဲရုန်းကိုသာရမယ်ဆိုယုဘာပဲလုပ်ရလုပ်ရပါ။
အိမ်ရောက်တော့တအိမ်လုံးအိပ်ပျော်နေပီမို့သမီး၂ယောက်အခန်းကိုအရင်သွားပီးသမီးတွေအတွက်ဝယ်လာတဲ့presentလေးကိုထားလိုက်သည်။ကိုယ့်အခန်းဘက်ပြန်လာပီးတံခါးဖွင့်လိုက်တော့အခန်းမီးတွေလင်းပီးနွယ်လေးကလဲအဝတ်အစားတောင်မလဲပဲနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မို့နဲနဲအံ့အားသင့်သွားသည်။နွယ်လေးသည်မိမိတို့အိမ်ထောင်သက်တလျောက်ဒီလိုတခါမှမဖြစ်ဖူးပေ။အခြေနေကြည့်တာနဲ့တော်တော်စိတ်ဆိုးနေမှန်းသိလိုက်သည်။မနက်ကျရင်ဖြေရှင်းရမယ့်ပြသနာကိုတွေးပီးသက်ပြင်းချကာအဝတ်လှဲပီးမီးပိတ်ကာအိပ်လိုက်သည်။
မျက်နှာပေါ်တခုလုံးအနမ်းခံနေရလို့မျက်လုးဖွင့်ကြည့်တော့ရင်ဘတ်ပေါ်တယောက်ဘေးမှာတယောက်ပြံုးပြနေသောသမီးအမွှာလေး၂ယောက်ကိုတွေ့ရသည်။
"Daddy ပေးတဲ့presentကအသဲတို့လိုချင်တာလေးအရမ်းကြိုက်တယ်daddy thank you"
"အသက်လဲကြိုက်တယ်daddy thank you daddy"
"Your welcome my အသဲနဲ့အသက်"
ကျွီ
ရေချိုးခန်းတံခါးပွင့်လာပီးခပ်တည်တည်မျက်နှာနဲ့ထွက်လာသောနွယ်လေးက
"အသဲအသက်မားမီနဲ့breakfastသွားစားရအောင်"
ဆိုပီးသမီး၂ယောက်ခေါ်ပီးထွက်မယ်လုပ်တော့လက်ရုန်းစိတ်ကောက်နေသောမိန်းမကိုချော့ရန်စကားစရသည်
"နွယ်လေးကိုယ့်ကိုစောင့်အုံးလေသမီးတို့ဆင်းနှင့်မားမီကိုဒယ်ဒီခေါ်ခဲ့မယ်"
နွယ်လေးကမျက်နှာသေနဲ့တချက်ပဲလှည့်ကြည့်ပီးသမီး၂ယောက်လက်ဆွဲပီးထွက်သွားသည်။လက်ရုန်းသဘောပေါက်လိုက်သည်ဒီတခေါက်ပြသနာကတော်တော်ရှင်းရမယ်ဆိုပီးသက်ပြင်းချကာခပ်မြန်မြန်လေးရေချိုးခန်းဝင်အဝတ်စားလဲကာထမင်းစားခန်းဆီပြေးရသည်။
💜💜💜
ယူတို့ရဲ့
Purple🥰🥰🥰