My Husband Hates Me ( Complet...

By Eros_90

1.8M 81K 3.3K

" သက်ထက်ပန်! ! ငါ မင်းကိုသေလောက်အောင်မုန်းတယ် " " အင်း! ! ကျွန်တော်ကလည်း ခင်ဗျားကိုချစ်မနေပါဘူး " " သက္ထက္ပန... More

Review ( Uni + Zaw )
Part - 1 ( Unicode )
Part - 1 ( Zawgyi )
Part - 2 ( Unicode )
Part - 2 ( Zawgyi )
Part - 3 ( Unicode )
Part - 3 ( Zawgyi )
Part - 4 (Unicode)
Part - 4 (Zawgyi)
Part - 5 (Unicode)
Part - 5 ( Zawgyi )
Part - 6 (Unicode)
Part - 6 ( Zawgyi )
Part - 7 ( Unicode )
Part - 7 ( Zawgyi )
Part - 8 ( Unicode)
Part - 8 ( Zawgyi )
❗Please ❗(Uni+Zaw)
Part - 9 ( Unicode) ❗
Part - 9 ( Zawgyi) ❗
Part - 10 (Unicode)
Part - 10 ( Zawgyi)
Part - 11 ( Unicode)
Part - 11 ( Zawgyi)
Part - 12 ( Unicode )
Part - 12 ( Zawgyi )
Part - 13 ( Unicode )
Part - 13 ( Zawgyi )
Part - 14 (Unicode)
Part - 14 ( Zawgyi )
Part - 15 ( Unicode)
Part - 15 ( Zawgyi)
Part - 16 ( Unicode )
Part - 16 ( Zawgyi)
Please ❗❗❗ (Uni+Zaw)
Part - 17 ( Unicode)
Part - 17 ( Zawgyi)
Part - 18 ( Unicode )
Part - 18 ( Zawgyi )
Part - 19 ( Unicode )
Part - 19 ( Zawgyi )
Part - 20 ( Zawgyi )
Part - 21 ( Unicode )
Part - 21 ( Zawgyi )
Part - 22 ( Unicode )
Part - 22 ( Zawgyi )
Part - 23 ( Unicode)
Part - 23 ( Zawgyi )
Part - 24 ( Unicode)
Part - 24 ( Zawgyi )
Part - 25 ( Unicode)
Part - 25 ( Zawgyi)
❗❗Please
Part - 26 ( Unicode )
Part - 26 ( Zawgyi )
Part - 27 ( Unicode)
Part - 27 (Zawgyi)
Part - 28 ( Unicode)
Part - 28 ( Zawgyi)
Part - 29 ( Unicode)
Part - 29 ( Zawgyi)
Part - 30 ( Unicode)
Part - 30 ( Zawgyi)
Part - 31 ( Unicode)
Part- 31 ( Zawgyi)
Thank you for all ( uni+Zaw)
Book
Fiction Review ( Uni + Zaw )
မကိုဋ်ထွဋ်ခေါင် ( မကိုဋ်ထွဋ်ခေါင် ) (Artist - Alexi_Heyzel)
သကျထကျပနျ ( သက်ထက်ပန် ) ( Artist - A Nai )
နှစ်ဖက်လှ PC Preorder Gift ( Arist- Kaung Mon Hein (Ika))
Head Chibi Diecut Bookmark ( Artist -Jiro Illustration )
Book Cover & Book Details ( Artist -Jumper )
Limited Gift

Part - 20 ( Unicode )

36K 1.8K 56
By Eros_90


အပိုင်း - ၂၀


" အမှန်တရားကဘာဆိုတယ်သိချင်ရင် ငါချိန်းတဲ့ဆီလာခဲ့ပါ နင်းမသိသေးတဲ့ အမှန်တရားတွေကို
လဲပြောပြနိုင်သလို မင်းကိုလည်းကူညီပေးနိုင်ပါ
တယ် ၊ မသိချင်ဘူးဆိုလည်း မင်းသဘောပါပဲ၊
တစ်ခုတော့သိထားလိုက်ပ ါအခွင့်အရေး
ဆိုတာနောက်တစ်ကြိမ်မလာဘူး ၊ လာခဲ့ရင်လည်း
အလကားတော့မရတော့ဘူး "

ပြောပြီးတာနဲ့ တစ်ဖက်ကဖုန်းကိုချသွားသည်။
အချိန်ခဏကြာတာနဲ့ ကိုယ့်ဖုန်းMessage ထဲကို
လိပ်စာတစ်ခုရောက်လာတော့၏။လိပ်စာကို
ကြည့်ရင်းထိုနေရာကိုသွားသင့် မသွားသင့်
တွေဝေနေမိလေတော့သည်။

*
*
*
*
*
*
*
*

စာရင်းတွေကိုလက်စသတ်ပြီး နာရီကိုကြည့်
လိုက်မိတော့ညဆယ့်နှစ်နာရီပင်ထိုးခါနီးနေပြီ ။
ဒီအချိန်ဆိုသက်ထက်လည်း အိပ်ပျော်နေလောက်ပြီမို့ အိပ်ခါနီးလေးတစ်ခါလောက်သွားကြည့်ဖို့အတွက် အခန်းထဲဝင်လိုက်မိတဲ့အခါ ကုတင်ပေါ်မှာထိုင်နေတဲ့ကောင်လေးကိုတွေ့လိုက်ရသည်။

ဒီရက်ပိုင်းထဲ သူနဲ့မျက်နှာချင်းမဆိုင်ဖို့ ပြင်းပြင်း
ထန်ထန်ပြောထားတဲ့စကားကြောင့် ဒီကောင်လေးအိပ်ပျော်နေတဲ့အချိန်တွေမှာသာ အခန်းထဲကို
တိတ်တိတ်လေးလာပြီး သူမသိအောင်ခိုးကြည့်
ဖြစ်သည်။ ဒီညတော့သူအိပ်နေပြီအထင်နဲ့ ခါတိုင်း
လိုပဲအခန်းထဲဝင်လာမိခြင်းဖြစ်၏ ။
အခန်းထဲရောက်တော့ ကုတင်ပေါ်မှာထိုင်နေသူနှင့်
မျက်နှာချင်းဆိုင်တွေ့လိုက်ရသည့်အခါ သူခိုးလူမိသလိုမလုံမလဲဖြစ်သွားရပြီး

" ဟို ကိုယ် အခန်းထဲမှာ ယူစရာလေးရှိလို့ပါ ၊
အခုချက်ချင်းပြန်ထွက် "

" ရတယ် ယူစရာရှိတာကိုယူပါ"

ရန်ရှာခံရမယ်ထင်ပေမဲ့ ပြန်ပြောလာတဲ့လေသံက
ခပ်အေးအေးမို့ နည်းနည်းတော့စိတ်အေးသွားမိကာ
နောက်ထပ်စကားဆိုမိသည်။

" အင်း ဒီရက်ထဲ မင်းနေလို့ကောင်းရဲ့လား ၊
လူကတော့နည်းနည်းလန်းလာသလိုပဲ တစ်ခုခု
လိုရင်ကိုယ့်ကိုအချိန်မရွေးပြောပါ၊ ကိုယ့်ကိုမပြော
ချင်ရင်လဲ ဒေါ်နွယ်တို့ကနေတစ်ဆင့်ပြောခိုင်း "

" ကျွန်တော့်ကို ပြောစရာဘာရှိလဲ ပြောစရာရှိ
ရင်ပြောပါ"

ကိုယ့်စကားမဆုံးခင် မထင်မှတ်ထားသော
တုန့်ပြန်စကားကြောင့် ဝမ်းသာစိတ်လေးဖြစ်မယ်
ကြံမိပြီးကာမှ ဘာအဓိပ္ပါယ်နဲ့ပြောမှန်းမသိတဲ့
စကားကြောင့် ကိုယ်စိတ်ပူနေမိသည့်အကြောင်းကိုသာ သူသိအောင်ပြောဖို့ပြင်လိုက်သည်။

" ကိုယ် .. ကိုယ်ပြောချင်တာက ကလေးကို
ထိခိုက်အောင် တကယ်မလုပ်ခဲ့ "

" မဟုတ်ဘူး ကျွန်တော်ပြောချင်တာက ခင်ဗျားမှာ
ကျွန်တော်မသိအောင်လှို့ဝှက်ထားတာ ဘာတွေရှိနေလဲပေါ့၊ အဲလိုမျိုးတွေရှိနေရင် အခုဖွင့်ပြောဖို့
လမ်းကြောင်းပေးနေတာပါ၊ နောက်ကျမှသူများ
တွေပြောလို့ ပြန်သိရတာမျိုးဆို ကျွန်တော့်အတွက်
ပိုပြီးအဆင်မပြေဘူးလေ၊ နားလည်မလားတော့မသိဘူး "

ကြားလိုက်ရသည့်စကားကြောင့် လူကစိုးရိမ်စိတ်
ဝင်သွားရပေမယ့် မျက်နှာမပျက်အောင်ထိန်းလိုက်
ရင်း

" ကိုယ် ကိုယ်က သက်ထက်ကိုဘာတွေလှို့ဝှက်ထား
စရာရှိလို့လဲ၊ ကိုယ့်မှာ ဘာလှို့ဝှက်ချက်မှမရှိပါဘူး ၊
သက်ထက်က ဘာတွေသိထားလို့လဲ"

" လှို့ဝှက်ချက်မရှိရင် ကျွန်တော်ကဘာတွေများသိစရာရှိနေမှာလဲ၊ ကျွန်တော်ဘာမှသိမထားပါဘူး၊
ဒီတိုင်းစိတ်ထင်လို့မေးမိယုံပါ "

" လှို့ဝှက်ချက်ဆိုတာမျိုး ကိုယ့်မှာတကယ်မရှိပါဘူး ၊
ယုံပါ "

" ယုံချင်သား ၊ ယုံကြည်ချင်ပေမယ့်လည်း ယုံကြည်
ချင်စရာမကောင်းတာတွေက ခဏခဏကြုံလာ
ရတော့ "

" သက်ထက် ကိုကိုကလေ "

" ကျွန်တော့်ကိုလှို့ဝှက်ထားတာမျိုးရှိလားဆိုတဲ့
စကားအပြင် ကျန်တဲ့ဘာစကားကိုမှမပြောချင်သေးလို့ အဆင်ပြေရင်အခန်းအပြင်ပြန်ထွက်ပေးပါလား ၊ ခင်ဗျားကိုမြင်နေရရင် ဒီညအိပ်မပျော်မှာစိုးလို့ပါ "

ဒီကောင်လေး ကိုယ့်ကိုပြောလိုက်သည့်စကားတွေက နှလုံးသားထဲအထိနာကျင်ရလေသည်။
ရက်စက်လိုက်တာလို့ မစွတ်စွဲရက်ပါ။ဒီကလေးရဲ့
စိတ်ဒါဏ်ရာတွေကို ကိုယ်ကနားလည်ထား
တယ်လေ။

" ဒီညလည်းအိပ်ပျော်အောင်အိပ်လိုက်ပါ ၊ ကိုယ် အခုပဲအခန်းပြင်ထွက်ပေးမယ်နော် ၊ ကိုယ့်ကြောင့်
မင်းမှာ ထပ်ပြီးစိတ်ရှုပ်ရတာတွေမကြုံစေချင်ဘူး "

" အဲဒါဆိုလည်း မြန်မြန်ထွက်သွားပါတော့ "

နှင်ထုတ်နေသူရဲ့စိတ်အလိုကျ အခန်းအပြင်ကို
ပြန်ထွက်ဖို့အတွက် တံခါးဆီကိုလျှောက်သွားသည့်အချိန် နောက်ကျောဆီကနေအသံကြားလိုက်
ရသည်။

" မကိုဋ်ထွဋ်ခေါင် ခင်ဗျားတစ်ခုတော့သိထားပေး
ကျွန်တော်က အခုခင်ဗျားကိုအခန်းပြင်ကိုနှင်
ထုတ်တယ်နော် ၊ နောက်ပိုင်းအချိန်တွေမှာ
လိုအပ်လာရင် ကျွန်တော့်ဘဝထဲကနေ ခင်ဗျားကိုအပြီးအပိုင် နှင်ထုတ် ဖို့အထိလည်းတွေးထားပြီးပါပြီ ၊ အဲအချိန်ကျရင်လဲ အခုခင်ဗျားအခန်းအပြင်ကို
ချက်ချင်းလှည့်ထွက်ပေးသလိုပဲ ကျွန်တော့်ဘဝထဲကနေ ခြေရာတောင်မချန်ဘဲလှည့်ထွက် သွားပေးဖို့ မျှော်လင့်ပါတယ်"

အေးစက်စက်စကားရဲ့အဆုံး ခြေဆုံရပ်ကာနောက်
ုပြန်လှည့်လိုက်သည်။ ပြီးတာနဲ့တိကျပြတ်သားတဲ့
လေသံနဲ့ကိုယ့်သဘောထားကို တစ်ခါထဲအသိပေးခဲ့မိတော့၏။

" အခု ဒီအခန်းထဲကနေ လှည့်ထွက်လာပေးတယ်
ဆိုတာက လိုအပ်လာရင် မင်းဘဝထဲကနေအပြီး
ထွက်သွားပေးဖို့ အားယူနေတယ်လို့ ယောင်လို့
တောင်မတွေးလိုက်ပါနဲ့ ၊ ကိုယ် အခုချိန်ငြိမ်နေတာ
ပြဿနာတွေကိုဖြေရှင်းဖို့အားယူနေတာမျိုးပဲ၊
အဆိုးဆုံးအခြေအနေတွေကိုဖြတ်ကျော်ဖို့ငြိမ်ပြီးအားယူနေတာမျိုးပေါ့ ၊ သေချာတာကတော့
ဘာအကြောင်းနဲ့မှ မင်းကိုလက်မလွှတ်ပါဘူး ၊
ကိုယ်ကစပြီးမင်းကိုမစွန့်ပြစ်သလို ကိုယ့်ကိုလဲ
မင်းဘက်ကနေစပြီးစွန့်ပြစ်လို့မရဘူး ၊
အရာအားလုံးက ကိုယ့်ရဲ့ပေါ့လျော့မှုတွေကနေစပြီး
ဖြစ်လာရတဲ့ပြဿနာတွေဆိုတော့ ကိုယ့်ရဲ့အသုံးမကျမှုတွေကို ကြားထဲကနေခံနေရတဲ့မင်းကိုသနားလို့
မင်းစိတ်တိုင်းကျနေပေးနေတာပါ ၊ ဒါကို မင်းကို
လက်လွှတ်ပေးလိမ့်မယ်လို့ အထင်မမှားစေချင်ဘူး
သက်ထက်ပန်ဆိုတာက မကိုဋ်ထွဋ်ခေါင်ရဲ့အပိုင်ပါ"

ကိုယ့်စကားအဆုံးမှာ မခိုးမခန့်နဲ့ရီသံကိုကြားလိုက်
ရသည်။သက်ထက်ပန် ဒီကလေးအခုနောက်ပိုင်း
ကိုယ့်ကိုစိတ်ရှိသလိုတွေခနဲ့နေ ရွဲ့နေတော့တာပါလား ။

" သက်ထက်ပန်ကိုသက်ထက်ပန်ကပဲပိုင်ပါတယ်
အခြားဘယ်သူကမှ မပိုင်ပါဘူး ၊ ခင်ဗျားလည်း
တစ်ခုတော့သိထားပေးပါ ကျွန်တော်အခုချိန်ထိကို
ဒီနေရာမှာရှိနေသေးတာကလည်း ထွက်သွားဖို့
အတွက်စိတ်ကူးမရှိသေးလို့ပါ၊ ထွက်သွားဖို့စိတ်ကူး
ရှိလာတဲ့တစ်နေ့ ခင်ဗျားဘယ်လိုတားတား တားလို့
မရစေရဘူးမှတ် "

ဒီအချိန်မှာစကားအခြေတင်ပြောဖို့အတွက် အာရုံ
မရှိတာကြောင့် စကားရပ်ဆဲလိုက်ချင်ပေမယ့်
ဒီအခြေအနေမှာအရမ်းအလျှော့ပေးလိုက်ဖို့
မဖြစ်တာကြောင့် နောက်ဆုံးအနေနဲ့ကိုယ့်သဘောထားကို သက်ထက်ပန်သိအောင် သေချာပြောခဲ့
လိုက်သည်။

" ကိုယ့်ခွင့်ပြုချက်မရဘဲ ကိုယ့်ဘေးကထွက်သွားဖို့
စိတ်ကူးလေးနဲ့တောင်မတွေးမိစေနဲ့ ၊ မင်းမေ့နေ့မှာ
စိုးလို့သတိပြန်ပေးရရင် ကိုယ်က မကိုဋ်ထွဋ်ခေါင်
နော်၊ ကိုယ်ဖြစ်စေချင်တဲ့အရာအားလုံးကို အနှေးနဲ့အမြန်ဖြစ်အောင်လုပ်နိုင်တယ်၊ မင်းလည်း
ကိုယ့်ခွင့်ပြုချက်မရဘဲထွက်သွားရင် ကိုယ်က
မတွေ့တွေ့အောင်ရှာနိုင်တယ် မယုံရင်စမ်းကြည့်လို့မပြောချင်ဘူး ၊ မင်း ပင်ပန်းမှာစိုးလို့
ဘယ်အခြေအနေမှာမဆို ကိုယ့်ဘေးမှာနေပါ
လို့တောင်းပန်ပါတယ်၊ အခုဖြစ်နေတဲ့အရာအားလုံးအတွက် ကိုယ်ကအဖြစ်မှန်တွေကိုဖော်ပေးမှာပါ၊
အချိန်ခဏလေးပဲစောင့်၊စိတ်ထဲထင်ရာတွေကို
အမှန်လို့တွေးမထားပါနဲ့လောကကြီးက
မင်းလောက်မရိုးသားဘူး "

ပြောပြီးတာနဲ့ အခန်းအပြင်ကိုထွက်လာခဲ့လိုက်တော့သည်။ဘယ်လိုအခြေအနေမှာမဆို ဒီကောင်ဘေးကိုလက်လွှတ်ပေးလိုက်ဖို့စိတ်ကူးမရှိပါဘူး။
ကိုယ်သေရမယ်ဆိုရင်တောင် ကိုယ့်အသက်ကို
စွန့်လွှတ်ပြီး ဒီကောင်လေးကိုဆွဲခေါ်ထားဦးမည်။
မကိုဋ်ထွဋ်ခေါင်ရဲ့ဘေးကနေ သက်ထက်ပန်
ထွက်ခွာခွင့်ရတဲ့အချိန်ဆိုတာက ကိုယ့်စိတ်နဲ့ခန္ဓာ
အတူတွဲမရှိတော့သည့်တစ်နေ့မှပဲ ဖြစ်နိုင်လိမ့်မယ်။

ကိုယ်ချစ်တဲ့သူတွေက ကိုယ့်ကိုအရင်စွန့်ခွာသွားကျပေမယ့် မင်းကိုတော့ ကိုယ်အရင်သေမှပဲခွဲတော့မယ်သက်ထက်ပန်။ဘာအကြောင်းနဲ့မှ ဘယ်လို
အကြောင်းနဲ့မှ မင်းကစပြီးကိုယ့်ကိုထားခဲ့လို့
မရစေရဘူးမှတ်ပါ။

*
*
*
*
*
*
*
*

ဖုန်းထဲကလိပ်စာကိုအခါခါကြည့်ရင်း ထိုနေရာကိုသွားသင့် မသွားသင့်အကြိမ်ကြိမ်စဉ်းစားနေမိသည်။ တစ်ဖက်လူရဲ့ပြောစကားအရဆိုရင် ထိုသူက
ကိုယ်တွေမိသားစုရဲ့အကြောင်းကို တော်တော်များများသိထားပုံပေါ်သည်။ သူက ဘာလို့များ
ကိုယ်တွေမိသားစုအတွင်းရေးအထိ စုံစမ်းထားရ
တာလဲ။အကြောင်းကိစ္စရယ်လို့ အထွေးအထူးမရှိဘဲနဲ့တော့ ဘယ်သူကမှအခြားလူတွေအတွက်
အချိန်ပေးမှာမဟုတ်ချေ။ဒါဆိုရင် ထိုသူရဲ့
ရည်ရွယ်ချက်ကရောဘာလဲ။

နောက်တစ်ချက်က ဖုန်းဆက်လာသည့်အချိန်မှာ
မကိုဋ်ထွဋ်ခေါင်က အဲအချိန်ကုမ္ပဏီမှာအစည်းအဝေးရှိနေလို့ မင်းထွက်လာဖို့လွယ်ပါတယ်လို့
ပြောသွားတာကိုသေသေချာချာမှတ်မိလိုက်သည်။ ဒါဆိုရင် ဒီလူကကုမ္ပဏီတွင်းကသတင်းတွေကို
အချိန်နဲ့တပြေးညီသိနေနိုင်တဲ့သူဖြစ်နိုင်သလို
ကုမ္ပဏီဝန်ထမ်းတစ်ဦးတောင်ဖြစ်နေနိုင်သေးသည်။ ဒီလိုသာ ကုမ္ပဏီအတွင်းအထိမွှေနိုင်တဲ့သူဆိုရင်
နောက်ပိုင်း ထိုသူကဘာတွေဆက်ပြီးကြံစည်
နေနိုင်သလဲဆိုတဲ့အထိ မတွေးထားလို့မရချေ။

အချိန်အတော်ကြာအောင် ထိုသူချိန်းတဲ့နေရာကို
သွားသင့်မသွားသင့်ဒွိဟဖြစ်နေပြီးကာမှ အနည်းဆုံးတော့သူ့ရှိတဲ့နေရာကိုသွားလိုက်ခြင်းအားဖြင့်
ထိုသူကဘယ်သူလဲဆိုတာလောက်ကိုသိခွင့်ရသွား
နိုင်သည်။ဒီထက်ပိုပြီးကံကောင်းမယ်ဆိုရင်
ကိုယ်မသိသေးအမှန်တရားတွေကိုပါ
တစ်ချို့တစ်ဝက်သိလာနိုင်သေးသည်။

နောက်ဆုံးတော့စိတ်ကိုဒုံးဒုံးချက ချိန်းထားသော
နေရာကိုထွက်လာခဲ့တော့သည်။ဒီရက်ပိုင်းထဲကိုယ့်ရဲ့ စိတ်အခြေအနေကို အကဲခတ်နေသူက
ကိုယ်မကြိုက်မှန်းသိနေသော ခြံဝန်းအတွင်း
အစောင့်တွေထားတာကို ရုပ်သိမ်းပေးထား
တာကြောင့် ကြီးကြီးနွယ်တို့အလစ်ကိုသာ
ချောင်းပြီး အိမ်ထဲကနေ လွယ်လွယ်ကူကူထွက် လာနိုင်ခဲ့တော့သည်။

တက္ကစီပေါ်ကဆင်းလိုက်တာနဲ့ ပထမဆုံးတွေ့
လိုက်ရတာက ခြုံနွယ်တို့ဖြင့်ဖုံးလွှမ်းနေသော
ခြံစည်းရိုးတစ်ခု။အထဲကိုမျှော်ကြည့်လိုက်သည့်
အခါ အပြင်ပိုင်းအမြင်ဖြင့် ပြိုကျလုနီးပါးဖြစ်နေ
သော နှစ်ထပ်တိုက်တစ်လုံး။ လူသွားလူလာမရှိ
သဖြင့် တိတ်ဆိတ်လွန်းနေသော အခြေအနေကပင် စိတ်ထဲကိုမသိုးမသန့်ဖြစ်စေသည်။ ရှေ့ရက်ကခေါ်ထားသောဖုန်းနံပါတ်ကို ပြန်ခေါ်လိုက်သောအခါ
တစ်ဖက်ကချက်ချင်းဆိုသလိုဖုန်းကိုကိုင်လာပြီး

" ဘယ်လိုလဲ မင်းဆုံးဖြတ်ချက်ချပြီးပြီလား "

စကားပင်ပလ္လင်မခံဘဲ သူသိချင်တာကိုမေးလာ
သောအခါ

" ကျွန်တော် ခင်ဗျားပေးထားတဲ့လိပ်စာရဲ့အိမ်ရှေ့ကို
ရောက်နေပြီ "

" ဝါး !! သက်ထက်ပန်က အခုလိုမျိုး ကျွန်တော်ပြော
ထားတဲ့စကားကို ယုံကြည်ပေးလိမ့်မယ်ထင်မထားဘူးအခုလိုမျိုးကြားလိုက်ရတော့မှ တကယ်စိတ်ချမ်းသာရတော့တယ်"

သက်ထက်ပန်ကတော့ နှဖူးကနေစိမ့်ပြီးထွက်လာ
သည့် ချွေးစတွေကို အသာသုတ်ဖယ်လိုက်ရင်း

" ဒီမှာ ခင်ဗျားအနေနဲ့ အပိုစကားတွေမပြောရင်
ကောင်းမယ် ၊ လာရင်းကိစ္စကိုခင်ဗျားပြောမှာလား
မပြောဘူးလား မပြောဘူးဆိုရင်တော့ ဒီနေရာကနေပဲ လှည့်ပြန်လိုက်တော့မယ် "

" ပြောမှာပါ ပြောချင်လွန်းလို့်တောင် သက်ထက်
ပန်ကို မရရအောင်ခေါ်ထားရတာလေ ဝင်လာခဲ့
လိုက်ပါ ခြံတံခါးကိုဖွင့်ပြီးဝင်လာခဲ့လိုက်ပါ၊ မင်းကိုတားဆီးမယ့်သူတစ်ယောက်မှမရှိပါဘူး "

တစ်ဖက်ကစကားဆုံးတာနဲ့ ခြံတံခါးကိုဖွင့်ပြီး
ခပ်ဖြေးဖြေးလမ်းလျှောက်ဝင်သွားခဲ့လိုက်သည်။
ကိုယ့်စိတ်ကိုကိုယ့်ဘာသာအားတင်းပြီး ခြံထဲကို
ဝင်သွားသည့်အချိန်ကိုယ့်ဘဝမှာ မကြားချင်ဆုံး
စကားတွေကို ကြားလာရတာမျိုးမရှိပါစေနဲ့လို့သာ ဆုတောင်းနေမိတော့သည်။


*
*
*
*
*
*
*
*


" ကျမထည့်ပေးလိုက်တာ ဒီဆေးမဟုတ်ဘူး
ကိုထွဋ်ခေါင်၊ဆေးပုလင်းအပြင်အခွံကအတူတူပဲ ၊ အထဲကဆေးရည်တူမနေဘူး၊ တစ်ယောက်
ယောက်က ဆေးပုလင်းကိုဖွင့်လိုက်ပြီး အထဲက
ဆေးရည်ကို လဲပြီးထည့်လိုက်တယ်နဲ့တူတယ်၊
ဆေးပုလင်းအဖုံးကဖွင့်ပြီးသားဖြစ်နေတာကို
ကိုထွဋ်ခေါင်ရဲ့အမျိုးသားက သတိထားမိပုံမရ
ဘူးနေမယ် "

" ဆေးရည်မတူဘူးဆိုတာ သေချာလားဒေါက်တာ "

" ရာနှုန်းပြည့်သေချာပါတယ် "

" ကျေးဇူးပါပဲ ကျွန်တော်လဲဆေးရည်အတွက် သံသယရှိနေတာပါ ၊ ဒါပေမဲ့ သေချာမသိသေးဘဲ
စွတ်စွဲလိုက်မိရင် ကိုယ့်ဘက်ကအလွန်ဖြစ်မှာစိုးလို့
ဒေါက်တာ့ကိုမြန်မာပြည် မြန်မြန်ခေါ်လိုက်ရတာ၊ အစထဲက ကျွန်တော်သံသယတွေဝင်မိတဲ့
လူတစ်ယောက်ရှိပေမယ့် အခုတော့ အဲလူလက်
ချက်ဆိုတာသေချာသွားပါပြီ "

" အခု ကိုထွဋ်ခေါင်အမျိုးသားရဲ့အခြေအနေက
ဘယ်လိုရှိနေလဲ၊ ကျမလိုက်ကြည့်ပေးရမလား "

" လိုက်ကြည့်ပေးနိုင်ရင်တော့ အဆင်ပြေတာပေါ့
ဒေါက်တာရယ်၊ သက်ထက်က သူဆေးမှားပြီး
သောက်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော့်
အပေါ်အထင်လွဲနေတာလေ၊.ဒီရက်ထဲစကား
တောင်သိပ်မပြောမခံဘူး၊ ဒေါက်တာ့အနေနဲ့
ရှင်းပြလို့ရရင် ရှင်းပြပေးပါဦးလို့တောင်းဆိုပါရစေ"

" ကျွန်မသေချာပေါက်ရှင်းပြပေးပါ့မယ် အမျိုးသားနဲ့
ကလေးအပေါ် ကိုထွဋ်ခေါင် ဘယ်လောက်တောင်
စိုးရိမ်မှုတွေများတယ်ဆိုတာ ကျမနဲ့ပထမအကြိမ်
ဖုန်းအဆက်အသွယ်ရထဲက သေချာသိထားလို့ပါ "

" ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ "

" တူ! တူ! တူ! တူ! "

ဖုန်းဝင်လာသည့်အသံကြောင့် ကြည့်လိုက်မိတော့
လင်းမြတ်ဆီကနေဖြစ်နေတာကြောင့် ဒေါက်တာ့ကို
ခွင့်တောင်းသလိုတစ်ချက်ကြည့်လိုက်ရင်း
အခန်းပြင်ထွက်လာခဲ့သည်။

" လင်းမြတ် ပြော ဘာထူးလဲ "

" ရှယ်ယာတွေဝယ်နေတဲ့လူကို သိခဲ့ရပြီဆရာ "

" ဘယ်သူလဲ "

" ထက်မြတ်ဦးပဲဆရာ ၊ ဒါပေမဲ့ သူအတွက်ဝယ်နေတာမဟုတ်ဘူး သူက ကြားထဲကနေ အလုပ်လုပ်
ပေးနေတဲ့သဘောပဲ သူ့နောက်ကွယ်မှာလူတစ်
ယောက်ရှိနေတယ် "

" ထက်မြတ်ဦးပဲတဲ့လား ဒီခွေးကောင်ကဂြိုလ်မွှေနေတာပေါ့လေ၊ သူ့နောက်ကွယ်မှာဘယ်သူရှိနေတာလဲ
သူ့အဖေလား"

" မဟုတ်ဘူးဆရာ သူ့အဖေကဆရာ့ကို ဘယ်လာထိရဲပါ့မလဲ ၊ အခုကိစ္စလည်းသူ့အဖေမသိဘူး သူ့ဘာသာလှုပ်ရှားနေတာ သူနောက်ကွယ်ကလူက
ကျွန်တော်တို့ထင်မထားတဲ့လူ အဲလူက လူဇော် "

" လူဇော် ဟုတ်လား "

" လူဇော်မသေဘူးဆရာ ၊ အဲကောင်ကထက်မြတ်ဦး
နဲ့သွားပေါင်းပြီး နောက်ကွယ်ကနေ အကွက်ရွေ့ဖို့
ကြံနေတာနေမယ်၊ သူ့ရည်ရွယ်ချက်ကဆရာ့ကိုဖြိုဖို့၊ ထက်မြတ်ဦးရဲ့ရည်ရွယ်ချက်ကတော့ ဘာဖြစ်နိုင်မလဲမသိသေးဘူး"

" ထက်မြတ်ဦးရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာ
သိအောင်လုပ်ဖို့လွယ်ပါတယ်၊ လူဇော်ဘယ်မှာရှိ
မလဲဆိုတာကိုသာသိအောင်ရှာ၊ ဒီတစ်ခါတော့
အဲကောင်နောက်တစ်ကြိမ်ပြန်လာလို့မရအောင်
ငါကိုယ်တိုင်လက်စသိမ်းပေးမယ်၊ ပြဿနာတွေကို ဒင်းတို့ကလာစတာဆိုပေမယ့်အဆုံးသတ်ပေးရမယ့်သူက ငါကိုယ်တိုင်ပဲ ဖြစ်စေရမယ်"

" တောက်!!!"

ဖုန်းကိုချလိုက်ပြီးတာနဲ့ တောက်တစ်ချက်
ခပ်ပြင်းပြင်းခေါက်လိုက်မိသည်။

" အခုချိန်ကစပြီး လွတ်အောင်ပြေးစမ်း ထက်မြတ် နဲ့လူဇော် ဒီတစ်ခါတော့ မင်းတို့မျက်စိရှေ့မှာ
ငါသေရင်သေ၊ ငါမသေရင် မင်းတို့သေရမယ့်
အချိန်ပဲ၊ လွတ်အောင်သာပြေးကျပေတော့"



*
*
*
*
*
*
*
*

" ခင်ဗျားနဲ့ကျွန်တော် သဘောတူထားတဲ့အလုပ်က
ဒီမှာပြီးပြီနော်၊ နောက်ပိုင်းကိုယ့်လမ်းကိုယ်
ဆက်လျှောက်ကျတာပေါ့ "

" ဟုတ်တယ် နောက်ပိုင်းငါတို့ကဘယ်တုန်းကမှ
မသိခဲ့တဲ့သူတွေလိုနေကျရအောင် မင်းလည်း
ကံကောင်းပါစေ"

တစ်ဖက်လူရဲ့ဆုတောင်းကို အပြုံးနဲ့သာလက်ခံ
ဖြစ်သည်။

* ခင်ဗျားလည်း ကံကောင်းပါစေ၊ ခဲတစ်လုံးနဲ့ငှက်နှစ်
ကောင်ထိအောင်ပစ်ခဲ့တဲ့ကျုပ်အတွက်ကတော့
ရှေ့ဆက်တဲ့လမ်းတစ်လျှောက် ကံကောင်းခြင်းတွေပဲကြုံရမှာသေချာနေပြီးသားပါ၊ နောက်ဆုံးဇာတ်
သိမ်းမှာကျုပ်ချစ်တဲ့သူပဲ ဒီလောကမှာကျန်နေခဲ့
မှာလေ၊ခင်ဗျားတို့နှစ်ယောက်ကတော့ ငရဲကို
ပျော်ပျော်ကြီးသွားကျပေါ့လို့* စိတ်ထဲကနေသာ
ပြောလိုက်မိတော့သည်။


Eros_90

22.5.23 ( ည ၈နာရီ ၃၀မိနစ် )

25.5.23 ရက်နေ့ အပိုင်းသစ်Update ရှိပါမည်။

❗❗ A/N - ဆေးပညာနှင့်ပတ်သက်သမျှသည်
စာရေးသူ၏စိတ်ကူးယဉ်ဖန်တီးရေးသားမှုသာဖြစ်
သည်။မီးအဆင်မပြေလို့ စာပြန်မစစ်ထားပါဘူးဗျာ ။
စာနည်းတယ်လို့မပြောကျပါနဲ့။











Continue Reading

You'll Also Like

34.4K 7.5K 43
tk sinhala
62.1K 16.2K 56
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
60.3K 3.4K 55
ထုံးစံတိုင်းပါဘဲ 18+ပါ ကြိုက်မှလာဖတ်ကြပါရှင်။
557K 34K 68
« បងសន្យា បងមិនឲអ្នកណាមកធ្វើអ្វីមកលើអូនបានឡើយ អូនគឺជារបស់បងជាប្រពន្ធរបស់បងម្នាក់គត់ Kim Taehyung » « មិនថាអ្នកណានោះទេឲតែហ៊ានប៉ះពាល់ប្រពន្ធកូនយើងសូម្ប...