"နောက်ဆုံးချိန်တောင်ရောက်ပြီ ငါ့အပျိုကြီးလဲမတွေ့ပါလားဟ မနက်ထဲကထွက်သွားတာ"
ဘေးရှိပုတီးအားစိတ်ညစ်ညစ်နဲ့ဆိုမိသည်။
ပုတီးလဲမျက်နှာကြီးရှုံ့မဲ့မှိုင်တွေနေသော နေကြီးအားကြည့်ရင်းသက်ပြင်းချမိသည်။
"နေကြီးရယ်ကြည့်ရတာ ဆေးရုံကနေပဲပြန်သွားပြီထင်တယ် စိတ်လျော့လိုက်ပါ"
"အေးလေ မလျော့လို့လဲရမှမရပဲ"
ပြန်လည်ပြီးတော့ငေးငိုင်သွားပြန်သည်။
"ကဲထထ ဟိုမှာဒေါ်ရည်မွန်ခလာပြီ"
နေကြီးလှမ်းကြည့်လိုက်တော့ မြန်မာစာပုံနှိပ်လေးကိုင်ကာလျှောက်လာသည်။လက်နောက်တစ်ဖက်ထဲတွင်လဲအိတ်အညိုလေးကို ဆွဲလို့။
"အတန်းထ နှုတ်ဆက်"
အတန်းခေါင်းဆောင်သုတနိုင်ရဲ့အသံကတော့ဘယ်သောအခါမှ volume လျော့မသွားပါ။တစ်နေ့နေ့တော့အဲ့အာဗြဲကြီး အသံဝင်ပါစေ ဆုတောင်းမိသည်။
"ကဲကလေးတို့ထိုင်ကြပါ ဒီနေ့ စကားပြေခေါ်ပေးမယ်လိုက်ရေးနော်"
နေကြီးလဲစာအုပ်ထုတ်လျက် ဘောပင်ကိုင်ကာခေါ်မည်ကိုစောင့်နေလိုက်သည်။လူကတော့ခုံပေါ်သို့ခေါင်းလှဲထားလျက်။
ဆရာမစာ စခေါ်တာနဲ့လိုက်ရေးနေသည်။ ပထမ ဆုံးစာပိုဒ်တွေခေါ်ပြီး လေ့ကျင့်ရန်မေးခွန်းများကိုသင်ကြားပေးသည်။ ဒေါ်ရည်မွန်ခအချိန်မှာနေကြီးတို့အခန်းအတွက်နေ့တိုင်းလို နောက်ဆုံးချိန်ဖြစ်သည်။
စာသင်ပြီးနောက် ပိုနေသည့်အချိန်တွေဆရာမနှင့်အတူ ခင်ကြီးတို့ပုတီးတို့ကစကားပြောနေကြသည်။
နေကြီးကတော့ခုံပေါ်လက်တင်၍ ခေါင်းအုံးလျက်ပင်နားထောင်နေသည်။
"ဆရာမ ဖူးပွင့်ခိုင်သိလား"
"အေးသိတယ်လေ သူများတကာသားသမီးတွေများ Bodyလှလိုက်တာ"
"ဆရာမကလဲဆရာမလဲလှပါတယ်"
"ဟိုနေ့က live လွှင့်သေးတယ်လေ"
"ဟုတ်တယ်ဆရာမ အကြီးကြီးတွေ ဟိဟိ"
"ဒီညလဲထပ်လွှင့်မယ်ဆိုလား"
"ဟုတ်လားဆရာမကတွေ့မှဝင်ကြည့်လိုက်တာ"
*ဟ ဒီဟာလေးတွေဘာတွေပြောနေတာတုန်းဟ*
နေကြီးလဲ သူတို့ပြောနေသည်များကြည့်ပြီးခေါင်းသာခါရမ်းမိသည်။ ဒီ အပျိုကြီးလဲမလွယ်ကြောပဲ။
"ဟိတ် ကလေး မင်းရောကြည့်လား"
"မကြည့်ပါဘူးဆရာမရာ"
နေကြီးလဲသူ့ဘက်ကိုလှည့်လာသော ဆရာမကိုငြင်းဆိုမိသည်။
"ဟုတ်တယ်ဆရာမရ နေကြီးကတရားသမားလေ"
ခင်ကြီးမှ ဝင်ပြောလေသည်။
"ဟုတ်လား "
(နေကြီးတရားသမားဟုတ်မဟုတ်ကတော့နောက်သိရပါလိမ့်မယ်)
"ဒါနဲ့တီချယ်အိမ်ရှေ့ကကျွန်တော်ညဘက်ဖြတ်ဖြစ်ရင် အစောကြီးပဲတီချယ် ခြံထောင်ထဲဝင်နေပြီနော် အစောကြီးအိပ်တာလား"
"အဲ့တာက တရားထိုင်တဲ့ခြံထောင်ပါ ဆရာမခြင်ကိုက်လို့အဲ့ထဲဝင်ပြီးဖုန်းကြည့်တာ မအိပ်ပါဘူး"
နေကြီးလဲ သူ့ကိုရှက်ရယ် ရယ်ကာပြောလာသောဒေါ်ရည်မွန်ခအားပြုံးသာကြည့်နေလိုက်သည်။
တစ်ယောက်ကမတွေ့ရတော့လဲရှိတဲ့တစ်ယောက်ပေါ့လေ။
နေကြီးလဲကျောင်းဆင်းချိန်အထိထိုင်သာကြည့်နေလိုက်တော့သည်။
_______________________
"နေကြီးရေ ဆရာမက ဒီညနေကျူရှင်မရှိဘူးတဲ့"
နေကြီးမှာကျောင်းမှာမတွေ့ရလို့ ကျူရှင်မှာတွေ့ရမလားမှတ်တယ် စီးကြိုလိုက်သော စကားကြောင့်အမောဆို့သွားရသည်။
ဆိုင်ကယ်ဦးထုတ်အားဘေးရှိ စင်ပေါ်လှမ်းတင်လိုက်ပြီး ခုံပေါ်ထိုင်ချလိုက်သည်။
"ဘာဖြစ်လို့လဲဟင် ပုတီး"
"အဲ့မူးလဲတဲ့တစ်ယောက်ကိုတစ်ချက်သွားကြည့်ရအုံးမှာမလို့တဲ့ ဒါပင်မဲ့သတင်းကောင်းရှိတယ်"
"ဘာလဲဟ"
" ဆရာမလေ ဒီနေ့ဒီဘက်ကမ်းကသူ့ညီမတစ်ဝမ်းကွဲအမျိုးတွေအိမ်မှာအိပ်မှာ"
"အဲ့တော့"
"နေကြီးကလဲပိန်းလိုက်တာ ဆရာမတို့အမျိုးတွေခြံဝန်းလေးရှေ့က ပန်းခြံလေးလေ"
"အေးလေ "
"သွားချောင်းပေါ့နေကြီးရ တွေ့ချင် အဲ့နားက ခုံလေးတစ်ခုံကဆရာမတို့ခြံဝိုင်းလေးထဲကိုလှမ်းမြင်ရတယ်လေ"
"နင်ကလဲ ညကျ ဆရာမနီ သင်္ချာကတင်ရအုံးမဲ့ဟာ"
"နေကြီးကလဲ အမေကဆရာမနှင်းမေ မလာတော့ စောသင်မှာပေါ့ ညတစ်ချိန်လွတ်သွားမယ်လေ"
"ရပြီငါပေါက်ပြီ ဒီလောက်ဆို"
"တော်သေးတာပေါ့ သဘောပေါက်သေးလို့"
နေကြီးလဲ ကိုယ့်အတွေးနဲ့ကိုပျော်နေမိသည်။
*ဒီညကတော့ ငါ့ညပဲ*
.
.
.
စာသင်ချိန်တစ်ချိန်လုံးနေကြီးမှာဖင်တကြွကြွ
ဆရာမကကျူရှင်ပြန်လွှတ်သည်ဆိုတာနဲ့ ဖုန်းထုတ်ကာ တစ်နေရာကိုလှမ်းဆက်လိုက်သည်။
နေကြီးလဲဖုန်းပြောအပြီးဆိုင်ကယ်အားအမြန်မောင်းကာထွက်သွားသည်။
--------------------
အချိန်အားဖြင့် ည၇:၃၀
နေမျိုးကျက်သရေရဲ့လက်ထဲမှာဂီတာ တစ်လက်။
ဒီဂီတာဟာ သူမြတ်နိုးဦးဆီကို ဖုန်းဆက်ခါ အရက်တစ်ဝိုင်းနှုန်းဖြင့်ငှားလာခြင်းပေ။
နေကြီးခြံဝိုင်းထဲကိုအကဲခတ်မိတော့ အထဲကခြံဝိုင်းထောင့်ကသစ်ပင်အောက်ခုံတန်းလျားမှာမိန်းကလေးတစ်စု။
*ဒီအဖွဲ့ထဲမှာမိမိ ဒေါင်းငယ်ပါကောင်းပါလောက်ပါရဲ့ ..မသိဘူးကွာချပြီ*
လက်ချောင်းသွယ်သွယ်တို့စတင်လှုပ်ရှားလိုက်တာနဲ့ထွက်ပေါ်လာသောသံစဉ်ငယ်တချို့နှင့် ချိုသာကြည်လင်သောအသံ
"မညာပါနဲ့စိတ်ထဲမှာ
မင်းလဲငါ့လိုခံစားမှန်းငါသိတယ်
အမူအယာနဲ့လူသိလောက်ပြီ
ရှက်ရမဲ့သူစိမ်းမဟုတ်ဘဲ
မပွင့်တပွင့်မျက်နှာလေးနဲ့အချိန်ဆွဲခဲ့တာ
အပျိုဟိုင်းကြီးဖြစ်တော့မယ်
အပျိုကြီး..တကယ်လုပ်မှာလားပြောစမ်းပါ
ရည်ရွယ်တယ်မင်းအကြောင်းတွေ
တကယ်လို့..မင်းနဲ့မပေါင်းဖြစ်ရင်တော့
အားကျမခံလူပျိုကြီးပဲလုပ်တော့မယ်"
"ဟဲ့ သီချင်းဆိုသံကြားရလား"
"အေးဟ"
"အခုထိုင်နေတဲ့ လေးယောက်ဝိုင်းမှာ အပျိုကြီးဆိုလို့နှစ်ယောက်ပဲရှိတယ်"
"ဘယ်သူ့ကိုလာပိုးတာပါလိမ့်"
ခင်မြနဲ့ နဒီတို့မှ သီချင်းသံလာရာသို့နားစွင့်လျက်ခပ် နောက်နောက်ဆိုသည်။အခုထိုင်နေတဲ့ထဲ အပျိုကြီးဆိုလို့ နှင်းမေနဲ့ စံပယ်ပဲရှိသည်။စံပယ်ကတော့ အရှေ့က လက်ဖက် ပန်းကန်ကိုသာ အငမ်းမရစားနေသည်။
"မမကြီးနှင်းမေကိုများလား လာပိုးတာ"
သူ့အားကြည့်ကာဆိုလာသောနဒီ
"အို...မဟုတ်တာဖြစ်မဲ့ဖြစ်တက္ကသိုလ်ကျောင်းသူ စံပယ်ပဲဖြစ်မှာပေါ့"
နှင်းမေလဲ သူ့ဘက်လှည့်လာသောကြောင့် စံပယ်ဆီသို့ထိုးချလိုက်သည်။
"ဟာမမကြီးနော် ကိုယ့်ဘာသာ လက်ဖက်သုပ်စားနေတာကို မမကြီးကို လာကျူတာဖြစ်မှာပါ "
"အို..ရှင် ကျွန်မအသက်ပဲ ၃၅ရှိပြီဖြစ်မဲ့ဖြစ် ၂၀ကျော်ရှင်ပဲဖြစ်မှာပေါ့ မဟုတ်ဘူးလား"
မျက်စောင်းလေးထိုးကာပြောလာသော မမကြီးအားစံပယ်တစ်ယောက် ဆူပုတ်ကာပြန်ကြည့်လာသည်။
"ကဲပါကျွန်မပဲထားပါတော့ ကျွန်မကတစ်ချိန်လုံးဒီအိမ်မှာရှိနေတာ ကျောင်းပိတ်လို့ပြန်ရောက်နေတာလဲကြာပါ့ ခုကြည့်။ မမကြီးလာအိပ်တဲ့နေ့မှ ဒီသီချင်းသံဆိုတာကြားရတာနော်"
စံပယ်မှ ဂဃနဏအကျယ်တဝန့်ပြောတော့နားထောင်သူအိမ်ထောင်ရှင်အမျိုးသမီးနှစ်ယောက်ဟာ သူ့အားပြန်ကြည့်လာကြသည် ။
"အဲ့တာတော့ဟုတ်တယ်နော်မမကြီး စံပယ်ကျောင်းပိတ်လို့ပြန်လာတာကြာပြီ ခုလိုမမကြီးညလာအိပ်တဲ့နေ့မှလာဆိုတာဆိုတော့မမကြီးကို လာကျူတာပဲဖြစ်မယ်"
ခင်မြကပြောတော့ဟိုနှစ်ယောက်ကလဲခေါင်းတငြိမ့်ငြိမ့်။
ထိုချိန်ကြာလိုက်ရတဲ့စာသားမှာ
*အပျိုသိုးကြီးဖြစ်လိမ့်မယ်*
ထိုစာသားကြားပြီးသည်နှင့် စံပယ်မှထရီသည်။
"သေချာပြီမမကြီးပဲ"
"ဘယ်လိုရှင် ဘာဖြစ်လို့ကျွန်မတုန်း"
ဒေါင်းနှင်းမေမှသူ့ကိုသူလက်ညိုးလေးထိုးရင်းစံပယ်ကိုကြည့်ကာဆိုသည်။
"ဟိုမှမကြားဘူးလားမမကြီးရဲ့ အပျိုသိုးကြီးတဲ့ စံပယ်က အခုမှအပျိုပေါက်စပဲရှိသေးတာ သက်တမ်းရင့်တဲ့မမကြီးဆိုတာ သေချာသွားပြီ"
"အောင်မယ် ကျွန်မသက်တမ်းရင့်တာမယူချင်လို့ပါတော် ခါချနေရတာ ရှင့်လိုအစားပုတ်လို့ကြိုက်မဲ့သူမရှိလို့မဟုတ်ဘူး"
သူမရဲ့ဆံနွယ်တို့အားနားလေးတစ်ဖက်ပေါ်သို့သပ်တင်ရင်းဆိုလာသည်။
"ကဲ့ပါ ခုဟာကမမကြီးဆိုတာသေချာတော့ဘယ်သူလာဆိုလဲဆိုတာသိချင်သား"
"အေးနော် စံပယ် အသံကတော့မဆိုးပါဘူး"
ဒေါင်းနှင်းမေလဲဘေးကသစ်ပင်လေးကိုခေါင်းမှီလိုက်ပြီးသူတို့ပြောမှထိုအသံအားမျက်စိလေးမှိတ်ကာသေချာနားစွင့်မိသည်။
*ငါ ကြားဖူးသလိုပါပဲ*
သူမလဲ ထိုအသံအားမှတ်မိရန်တွေးတောနေမိသည်။
ခဏအကြာသီချင်းပြီးဆုံးသွားသည်။
"ဟဲ့ နဒီ ငါတို့တော့အမျိုးတိုးတော့မယ်ထင်တယ်"
ထိုအချိန်မှာ ခင်မြ မှ နဒီအားရယ်မောကာပြောလိုက်သည်။
*အမျိုးအမျိုး အဲ မျိုးး မဟုတ်မှလွဲရော နေမျိုးကျက်သရေလားဟ*
ဒေါင်းနှင်းမေတစ်ယောက်သစ်ပင်လေးကိုမှီကာ ခုံဝိုင်းပေါ်ထိုင်နေရာမှ အမြန်ဆင်း၍ ခြံဝသို့ပြေးသွားသည်။
"ဟယ် မမကြီးဘယ်သွားမလို့"
အမြန်ပြေးဆင်းသွားသောဒေါင်းနှင်းမေအားစံပယ်မေးမြန်းသော်လည်းပြန်လည်ဖြေဆိုသံရမလာ။
ခြံဝနားရောက်တော့ အသံလာရာပန်းခြံဘက်လေးအားကြည့်လိုက်သည်။လရောင်မှိန်မှိန်အောက်မှာ ဂီတာအညိုကိုလက်ကကိုင်လျက်ထွက်သွားနေပြီဖြစ်သောလူတစ်ဦး။ကျောခိုင်းကာထွက်သွားနေပြီဖြစ်သောကြောင့်ထိုလူအားမျက်နှာကိုသူမ သေချာမမြင်ရ။
ဒါပင်မဲ့ဘယ်ဘက်လက်မှာပတ်ထားသောထိပ်မှာပန်းအဖြူနှင့်ေကျာက်စိမ်းလက်ပတ်ေလးကိုေတာ့သူမမြင်လိုက်သည်။
ထိုလက်ပတ်လေးကိုပဲသေချာစွာစူးစိုက်ကြည့်နေချိန်ထိုလူကတော့ တဖြည်းဖြည်းမှောင်ရိပ်၌ပျောက်ကွယ်သွားပြီဖြစ်သည်။
ဒေါင်းနှင်းမေလဲ ခုံတန်းလေးဆီပြန်လာခဲ့သည်။
"မမကြီးဘာသွားကြည့်တာလဲ ရည်းစားဟောင်းကြီးမလို့လား"
"ဟာဟယ် ပေါက်ပေါက်ရှာရှာ"
"မသိဘူးလေ အသည်းအသန်ထထွက်သွားလို့"
"မဟုတ်ပါဘူး ငါဒီအသံကြားဖူးသလိုရှိလို့"
"ဟယ်ဟုတ်လားဘယ်သူလဲ ဆိုတာမြင်လိုက်လား"
"ဟင်အင်း"
"ဪ မမကြီးကလဲမြင်များမြင်လိုက်လားလို့ကို"
"နင်တို့ကလဲ မှောင်နေတာကိုလို့"
"ကဲပါထားလိုက်တော့ ဖျော်ဖြေရေးလဲပြီးသွားပြီဆိုတော့ ဒို့လဲအိမ်ထဲဝင်ကြရအောင် ဟီး ပြောမဲ့သာပြောတာ မမကြီးလို ပွစိပွစိကို ကြိုက်တဲ့သူကလဲခုထိရှိသေးတာကို"
"ဒါကတော့ကိုယ့်ကုသိုလ်ကံနဲ့ကိုပေါ့လေ ကျွန်မကလှတာကိုရှင့်"
စံပယ်အားပြောင်ပြကာ အိမ်ထဲသို့အရင်ဝင်သွားသည်။
"မမကြီးကတော့လေ တကယ် မပြောင်းလဲ"
နဒီမှ အရှေ့ကဒေါင်းနှင်းမေအားကြည့်ကာပြုံး၍ဆိုသည်။
____________________
"နေမျိူးကျက်သရေ ထတော့လေ"
"ဟုတ်အမေဘယ်ချိန်ရှိပြီလဲ"
"၈:၃၀ပြီ"
"ဟာဗျာ အမေတို့ကလဲနိုးပါဆိုတာကို"
"မသိဘူးလေဟယ် နဂိုဆိုနင်ကနင့်ပါသာပြင်ဆင်ပြီးအပေါ်က တစ်ခါထဲဆင်းလာတာကို"
"သွားပါပြီဗျာ နောက်ကျပြီ"
"နင့်ဟာကလဲဟယ် မှီပါတယ်ဟယ့် တကယ့်ကိုပဲလောနေလိုက်တာ"
အမေ့ရဲ့စကားတွေကိုဆက်နားမထောင်ပဲ အမြန်ရေမိုးချိုးကာထွက်လာသည်။ မနက်စာလဲကျောင်းရောက်မှသာစားရမည်။ညကသူ သီချင်းသွားဆိုပြီး ဖူးပွင့်ခိုင် live ကိုမှီလို့ကြည့်လိုက်တာအိပ်ယာဝင်တာတော်တော်နောက်ကျခဲ့သည်ထင်သည်။
*သွားပါပြီ ဒီအချိန်လောက်ဆို ငါ့အပျိုကြီးကကျောင်းရောက်လောက်ပြီ မနက်စာတော့မမှီတော့ဘူး ဟာကွာဝယ်ကျွေးရမဲ့ဟာ*
အိတ်ထဲပိုက်ဆံထည့်ကာကျောင်းကိုသာအမြန်လာရတော့သည်။
အမေ့ဆိုင်ကကော်ဖီတစ်ဘူးတော့ယူခဲ့လိုက်သည်။
ကျောင်းရောက်တော့ထင်သည့်အတိုင်းပင် အပျိုကြီးကရောက်နှင့်လေပြီ။ သူမရဲ့ဆိုင်ကယ်လေးအား အရင်ဦးစွာနှုတ်ဆက်လိုက်သည်
*Morning 20131 လေး*
ဆိုင်ကယ်လေးဘေးမှဖြတ်လျောက်လာလျက် အခန်းထဲသို့ဝင်လိုက်သည်
ထမင်းချိုင့်ကိုစင်ပေါ်မှာသွားထားလိုက်ပြီး ပုတီးတို့ထိုင်နေရာနားသွားလိုက်သည်။
"နေကြီးရယ်နောက်ကျလိုက်တာ"
"နင်ကပဲငါ့ပြန်ပြောရတယ် ရှိသေး နင်ရောရောက်တာဘယ်လောက်ရှိပြီမလို့လဲ"
"ဟီး ငါးမိနစ်လောက်ပဲရှိအုံးမှာ ဒါနဲ့ခုနကလေ ဆရာမမေးနေသေးတယ် နေမျိုးကျက်သရေမရောက်သေးဘူးတဲ့"
"ဟုတ်လားခုရောသူဘယ်မှာလဲ"
"နေကြီးနောက်မှလေ"
"ဟေ"
နေမျိုးကျက်သရေအနောက်လှည့်ကြည့်လိုက်တော့ မုန့်ထုတ်လေးကိုင်ကားသူ့အားကြည့်နေသောအပျိုကြီး။
"ဆရာ..ဆရာမ"
"ဘယ်လိုဖြစ်တာတုန်းရှင့်ကျွန်မတွေ့တာများ ဘီလူးသရဲတွေ့သလို"
"မဟုတ်ပါဘူး မနက်စာကလေ"
" ရပါတယ်ဒို့မုန့်စားပြီးပြီး ရော့ဒါမင်းအတွက် ကော်ဖီချည်းပဲသောက်ရင် မကောင်းဘူး"
သူ့အားမုန့်လေးပေးကာသူမနေရာသို့ပြန်ထွက်သွားသည်။
နေကြီးလဲမုန့်လေးနဲ့အတူကော်ဖီလေးအားသောက်နေလိုက်သည်။
*အပျိုကြီးဝယ်ကျွေးတာစားရခဲတယ်လေ*
"ဝါးးး အိပ်ချင်လိုက်တာ"
"ဆရာမ သမ်းလိုက်ချည်လား"
သိမ့်တုန်မှ ဆရာမအားလှမ်းမေးသည်။
"ဟုတ်တယ်သမီးရယ် အိပ်ရေးတွေပျက်လို့ညကဘယ်သူလဲမသိပါဘူး တတောင်တောင်နဲ့ အိမ်ရှေ့မှာလူပျိုကြီးလုပ်ချင်တယ်လာအော်နေလို့"
ဒေါင်းနှင်းမေမှ ရွဲ့တဲ့တဲ့ဆိုလေသောအခါ
"အဟွတ် အဟွတ်"
"ဪ နေကြီးရဲ့ဖြေးဖြေး လုပ်ပါ ဘယ်လိုဖြစ်လို့"
ေကာ်ဖီသီးတာကနည်းနည်းကျောကိုအသားကုန်ထုနေသော ပုတီးကြောင့် အဆုတ်တွေကွာတော့မလိုပင်။
"ရတယ်ရတယ် တော်တော် မထုနဲ့တော့"
ဘေးရှိလွယ်အိတ်ထဲမှ တစ်ရှူးလေးအားယူ၍ သုတ်လိုက်သည်။
ဒေါင်းနှင်းမေ သီးသွားသောသူလေးအားကြည့်နေရာမှ
အနွေးထည်အောက်မှာတဖြည်းဖြည်းပေါ်လာသော ထိုကလေးလက်မှာပတ်ထားတဲ့လက်ပတ်အစိမ်းလေး။
*ဟုတ်ပြီ သူပဲ*
_______________________
"နေကြီးရေ ညနေစာကြည့်တိုက်သွားရမယ်တဲ့"
"ဟာ ecoချိန်မလား"
"အင်းလေ"
"အဲ့အချိန်ငါ့အပျိုကြီးက သန့်စင်ခန်းဝင်တတ်တယ်ဟ"
"ဪ နေကြီးရယ် စာကျမကြည့်ဟိုက သန့်စင်ခန်းဝင်တာကအစတော့မှတ်မိတယ်ပေါ့"
"ဪ ငါကအချိန်မှန်မသွားကျန်းမာရေးထိခိုက်မှာစိုးလို့စောင့်ရှောက်ပေးတာပါဟ"
"ပြောတာပါပဲ သူ့အကြောင်း မသိတာကြလို့"
"ကဲပါ ခင်ကြီးရယ်မင်းအဲ့တာလာပြောတာမလားကြွတော့ရပြီ"
နေကြီးနဲ့ခင်ကြီးမှာထမင်းစားကျောင်းလွှတ်ပြီးတာနဲ့နေရာချိန်းထိုင်ကြသည်ကများသည်။ခင်ကြီးကရှေ့မှာသွားထိုင်ပြီးသူကတော့နောက်မှာလာထိုင်ကငမ်းတက်သည်။မဟုတ်လဲအိပ်သည်။
ယခုလဲ စာကြည့်တိုက်သွားရမည်တဲ့လေ ငမ်းချိန်လေးလျော့ပါပြီ။
တွေးလို့မဆုံးသေး အတန်းထဲကို ဟိုသကောင့်သားတွေပြေးဝင်လာသည်။
"ဒေါ်ဒေါင်းနှင်းမေ လာပြီဟေ့"
အသည်းအသန်ပြေးဝင်လာကြပြီးပုန်းသူကပုန်းနှင့်
သူတို့နောက်ကြည့်တော့ တုတ်တစ်ချောင်းနဲ့အပျိုကြီး အခန်းထဲဝင်လာသည်။
"နင်တို့ကိုငါ ဆေးလိပ်ခိုးမသောက်ဖို့ပြောထားတယ်လေ တော်သေးတာပေါ့စာကြည့်တိုက်သွားဖို့ဆိုပြီးလူစုခိုင်းလိုက်လို့"
"ဟိုအကောင် အတန်းခေါင်းဆောင်နင်ကပါပါတယ်ပေါ့ ထွက်ခဲ့ပါအုံးကိုယ်တော်ချော"
သုတနိုင်လဲကုတ်ချောင်းချောင်းနဲ့ထွက်သွားသည်။
"ပုဆိုးလှန်လိုက်စမ်း"
"ဟာဗျာ ဆရာမကလဲ ရှက်စရာကြီး"
"အောင်မယ် အ.ထ.က ၁ ကျောင်းသားက ဆေးလိပ်သောက်တာကျတော့မရှက်ဘူးပေါ့ လျှာမရှည်နဲ့လှန်"
"ဟုတ်"
ရွှန်းး ရွှန်းးရွှန်းး
*အားရလိုက်တာအပျိုကြီးရဲ့ အဲ့အာကျယ်ကိုရိုက်ပေးတာ ရိုက်ရိုက်*
နေကြီးတစ်ယောက်အပျိုကြီးအားပြုံးကာကြည့်နေသည်။ထိုလူကြားထဲ ဆူနေသောလူကိုပြုံးကာကြည့်နေသူမှာသူသာရှိပေလိမ့်မည်။
"ဆရာမဟိုကောင်တွေလဲရိုက်အုံးလေ"
"ရိုက်ပြီးပြီ နင်ပဲထွက်ပြေးတာ အဲ့တာကြောင့်လဲပိုရိုက်တာ သွား "
"ကဲအကုန်စာအုပ်တွေသိမ်းစာကြည့်တိုက်သွားမယ်"
*ဟာ ငါ့အပျိုကြီးနဲ့သွားရမှာလားဟ ပျော်လိုက်တာ*
ခုနကထိစာကြည့်တိုက်မသွားချင်သောနေကြီးမှာ ခုတော့ပစ္စည်းတွေအားလုံးသိမ်းပြီးလို့။
"ကဲနှစ်ယောက်တစ်တွဲထွက်ကြ"
အကုန်လုံးနှစ်ယောက်တတွဲစီဖြင့် စာကြည့်တိုက်သို့ရောက်လာကြသည်။
နေရာအသီးသီးကိုလုကြ ခုံတွေလုနေကြသော်လည်း နေကြီးမှာဆရာမဘယ်နားနေမလဲကိုအရင်စောင့်ကြည့်နေမိသည်။
ထို့နောက်ဒေါင်းနှင်းမေမှာ စာကြည့်တိုက်အဝတံခါးလေးကိုမှီ၍ထိုင်လိုက်သည် နှင့်တပြိုင်နက်
သူမအားလှမ်းမြင်ရသောနေရာတွင်ထိုင်နေသာခင်ကြီးအားနေရာရွေ့ခိုင်းတော့သည်။
"သားကြီး ဟိုဘက်သွားကွာ"
"နေကြီးရယ် တစ်ချိန်လုံးခင်ဗျားကျုပ်ကိုပဲဖယ်ခိုင်းနေတာပဲ တရားတွေလဲရပါရဲ့ဘယ်နေရာမှမလွတ်"
"ကဲပါကွာ သွားစမ်းပါ မနက်ဖြန် ဆိုရင်ပဲစနေရောက်ပြီ ဒီနေ့လေးပဲတွေ့ရမှာကို"
"ဪ ကျုရှင်မှာလဲတွေ့ရမဲ့ကိစ္စ"
"မတူဘူးကွ အဖြူအစိမ်းနဲ့ကအလှတစ်မျိုး မင်းမခံစားတက်ပါဘူးကွာ"
ဘေးမှာရှိသောတွေ့ရာစာအုပ်ကိုကောက်ဆွဲလိုက်သည်။
လက်ထဲမှာတစ်ခုခုတော့ကိုင်ထားမှဖြစ်မှာလေ။
*လှရက်လိုက်တာ*
တံခါးဝလေးကိုမှီလျက် စာဖတ်နေသောဒေါင်းနှင်းမေ မှာအလွန်ကိုအေးချမ်းလှသည်။ လက်ထဲက စာအုပ်ကသူမရဲ့ဖတ်လက်စ စာအုပ်ထင်သည်။ လေတစ်ချက်ဝေ့တိုင်းနားသယ်စပ်ကဆံနွယ်တို့လွင့်မျောကုန်သည်။ဘေးတစ်ခြမ်းမြင်ရတဲ့မျက်နှာလေးမှာပင်တော်တော်ကိုချစ်မြတ်နိုးဖွယ်ရာအတိ။
အချိန်ခဏကြာမှာတော့ထိုင်နေရာမှထကာ ကလေးတွေအားလိုက်ကြည့်သည်။
တဖြည်းဖြည်းသူ့ဘက်သို့လျောက်လာသည်။
ထို့နောက်သူ့ရဲ့နား အနားကတ်ပြီး
"တော်လိုက်တာနော် စာကိုတောင်ပြောင်းပြန်ဖတ်တတ်နေပြီပဲ သေချာလဲကြည့်ပါအုံးကွ စာအုပ်က ဇောက်ထိုးကြီးရယ်"
*ဟိုက်ငါတော့လုပ်ချလိုက်ပြန်ပြီဟ*
#3003words
#28.5.2023
ဒေါင်းတို့ကိုစိတ်ရှည်ရှည်လေးနဲ့စောင့်မျှော်ဖတ်ရှုပေးကြလို့ကျေးဇူးပါဗျာ။အရှည်ကြီးပဲနော်ဗျာ ဒီတစ်ခေါက်။