ရင်ကွဲတစ္ဆေ
အပိုင်း (၂၉)
ယမင်းတောလမ်းလေးအတိုင်း မှိုခူးရန်ထွက်
လာခဲ့သည်။ ထွက်သာလာခဲ့ရသည် ရင်ထဲ၌
စိုးရိမ်ပူပန်မှုတို့သာ ကြီးစိုး၍နေ၏။
သူမ၏ဖခင် အတော်ပင်နာမကျန်းဖြစ်နေသည်မို့
ဖခင်ကိုယ်စားဟင်းစားရရန် သူမအရဲစွန့်ကာထွက်
လာခဲ့ခြင်းဖြစ်သည်။ ခေတ်ကာလအခြေအနေအရ
သူမဤကဲ့သို့ ထွက်မလာသင့်မှန်းသိသော်လည်း
ဝမ်းရေးအတွက်မဖြစ်မနေလိုအပ်နေသည်မို့ အရဲစွန့်
လာခဲ့ခြင်းဖြစ်သည်။
တောနက်ထဲအထိတော့သူမမသွားရဲပါ။
တောစပ်လောက်သာ ဝင်ရန်တွေးထားပြီးပလိုင်း
လေးကိုလွယ်လျှက် ဓားတိုလေးတစ်ချောင်းကို
ပုလိုင်းထဲထည့်လာခဲ့သည်။
သွားလာနေကျလမ်းဖြစ်သည့်အပြင် တောစပ်
သာဖြစ်၍ ဘာမှမဖြစ်နိုင်ဟုသာ ကိုယ့်စိတ်ကိုယ်နှစ်
သိမ့်ထားလိုက်ရင်း သူမ ခပ်သွက်သွက်လျှောက်လာ
ခဲ့သည်။
ဝါးရုံတစ်ခုနှင့်မလှမ်းမကမ်းတွင် အစုလိုက်အအုံ
လိုက်ပေါက်နေသော မှိုကျင်းတစ်ခုကိုတွေ့လိုက်
ရသဖြင့် ယမင်းအလွန်ပျော်သွားမိသည်။
အချိန်ဆွဲမနေတော့ဘဲ မှိုများကို အမြန်ခူးလိုက်
၏။ အချိန်အနည်းငယ်အတွင်း၌ပင် သူမ၏ပလိုင်း
လေး မှိုများပြည့်လုနီးပါးဖြစ်သွားပြီမို့ ယမင်းရွာ
ဘက်သို့ ခြေဦးပြန်လှည့်ကာ ခြေသုတ်တင်ရန်
အားယူလိုက်စဉ်မှာပင်
"********"
"ဟင်...."
ဂျပန်စကားသံများကြားလိုက်ရ၍ ယမင်း
ရင်ထဲဒိန်းကနဲဖြစ်သွားမိသည်။ အသံလာရာသို့
ကမန်းကတန်းကြည့်လိုက်မိသည်။ ဂျပန်စစ်သား
၃ယောက်က သေနတ်များကိုကိုင်ကာ တောလမ်း
အတိုင်းလာနေခြင်းဖြစ်သည်။ ခြုံကွယ်မှ ဘွားကနဲ
ထွက်လာခြင်းဖြစ်သဖြင့် ယမင်းပုန်းကွယ်ချိန်မရ
လိုက်တော့ပါ။
ဂျပန်စစ်သားတစ်ယောက်က သူမကိုတွေ့သွား
ပြီး ဂျပန်လိုလှမ်းအော်လိုက်၏။
"******"
"ဟင်..."
ယမင်းအလန့်တကြားဖြင့် နောက်ဘက်သို့ပင်
ခြေလှမ်းဆုတ်လိုက်မိသည်။ ဂျပန်စစ်သားတစ်
ယောက်က သူမကိုလက်ညိုးထိုးပြလိုက်သဖြင့်
ကျန်၂ယောက်ကပါ သူမကိုမြင်သွားပြီး ရယ်ကျဲကျဲ
မျက်နှာများဖြင့် သူမထံပြေးလာကြတော့သည်။
"******"
"******"
"ဟင်....ဘုရားရေ..."
ယမင်း အထိတ်တလန့်ဖြင့် မှိုပလိုင်းကိုပစ်ချ
လိုက်ကာ အမြန်လှည့်ပြေးတော့သည်။ ဂျပန်စစ်
သားများက မြန်မာမိန်းမချောလေးတစ်ယောက်ကို
ဤကဲ့သို့ လူသူပြတ်သည့်နေရာမျိုးတွင်တွေ့ပါက
အတင်း အဓမ္မ သားမယားပြုကျင့်ရန် ဝန်လေးကြသူ
များ မဟုတ်ကြောင်း ယမင်းသိထားပြီးဖြစ်၏။
ကာမဘီလူးစီးနေကြသော ဂျန်စစ်သားများက
သူမအနောက်သို့ ထပ်ကြပ်မကွာ ပြေးလိုက်လာ
ကြသည်။
သူမအသက်တမျှချစ်ရသော ချစ်သူမင်းညို
ကိုပင် မပေးဆပ်ရသေးသော သူမ၏အပျိုစင်ခန္ဓာ
အား ဤယုတ်မာလှသော ဂျပန်များကိုမပေးရစေ
ရန် သူမအားကုန်သုံး၍ပြေးမိသည်။စိတ်ထဲမှလည်း
ရသမျှဘုရားစာများကို အစီအစဉ်မကျရွတ်နေမိ
သည်။
တောသူမို့ အပြေးမြန်သည်ဆိုသော်လည်း
ယောက်ျားခြေလှမ်းများကို သူမမယှဉ်သာပါ။
ခဏချင်းမှာပင် ဂျပန်၃ယောက်က သူမကိုမှီလာ
ပြီး အနိုင်ကျင့်၍ တိရိစ္ဆာန်ဆန်ဆန်ကာမဆန္ဒအား
အတင်းယူကြရန် ကြိုးစားကြတော့သည်။
"အား....ကယ်ကြပါဦး..."
"*******"
"*******"
"ကယ်ကြပါဦးရှင်...."
ဂျပန်၃ယောက်က ဟားတိုက်ရယ်နေကြရင်း
သူမ၏အဝတ်များကို အင်အားသုံးကာ ချွတ်ပစ်
ရန်ကြိုးစားနေကြ၏။
"နင်တို့ မယုတ်မာနဲ့နော်...ဟီး...ဟင့်...
ကယ်ကြပါဦး...."
သူမအော်ဟစ်ငိုယိုကာ အကူအညီတောင်းနေ
ပါသော်လည်း ကယ်သူဝေးသည့်တောစပ်ဖြစ်
နေသည်မို့ သူမ၏မြတ်နိုးတန်ဖိုးထားသောအပျို
စင်ပန်းအား အခြွေမွခံရရန်သေချာသလောက်
ဖြစ်နေပြီမို့ ထိတ်လန့်တကြားအားကုန်ရုန်းကန်နေ
မိသည်။
မိန်းမသားအင်အားပေမို့ သူမ၏ရုန်းကန်မှုသည်
ဂျပန်၃ယောက်အတွက် စာဖွဲ့လောက်သည်မဟုတ်
ပါ။ ခဏချင်းမှာပင် သူမ၏လုံချည်ပြေလျော့သွားပြီး
အင်္ကျီမှာလည်း ပုခုံးများစုတ်ပြဲကုန်သလို ကြယ်သီး
များ ပြုတ်ထွက်ကုန်တော့သည်။
ဂျပန်တစ်ယောက်၏လက်အား သူမကိုက်ပစ်
လိုက်သည်။
"အား!..."
လက်နာသွားသောဂျပန်က ယမင်း၏ပါးပြင်
ကို လက်ပြန်ရိုက်ပစ်လိုက်သည်။
"******"
" ဖြန်း!...."
"အ!..."
ထိုဂျပန်က ဒေါသတကြီးဖြင့် သူမ၏အင်္ကျီကို
ရင်ဘက်နေရာကို အသုံး၍ကိုင်လိုက်ကာ ဆွဲဖြဲ
ပစ်လိုက်သည်။
ဖြိ....
"အား!!....ကယ်ကြပါဦးရှင်!...."
အင်္ကျီရင်ဘက်နေရာမှာ ဟာသွားပြီး ဖြူဝင်းနေ
သော အတွင်းသားအလှများပေါ်လွင်သွားသော
ကြောင့် ဂျပန်၃ယောက် ပို၍ရာဂစိတ်တောက်လောင်
လာကြပြီး လူစိတ်ပျောက်သွားကြတော့သည်။
ဂျပန်တစ်ယောက်က သူ၏ခါးပတ်ကိုအမြန်ဖြုတ်
နေ၏။ ကျန်ဂျပန်၂ယောက်က ယမင်း၏လက်တစ်
ဖက်စီကို မြေပြင်နှင့် ဖိထားကာချုပ်ထားရင်း ဟား
တိုက်ရယ်နေကြ၏။
"ဟား...ဟား...ဟား..."
"*******"
ရုတ်တရက် ဂျပန်မိန်းကလေးတစ်ယောက်၏
ဂျပန်စကားသံ စူးရှရှလေးပေါ်လာပြီး ဝါးရုံတစ်ခု
၏အနောက်မှထွက်ပေါ်လာသော အသံရှင်ကို
ယမင်း အားကိုးတကြီးကြည့်လိုက်မိသည်။
ဆံပင်ကိုခပ်မြင့်မြင့်စည်းထားပြီး ခါးဆက်
အင်္ကျီခရမ်းရောင်ရောင် နှင့် ကင်ရိုဓားခရမ်း
ရောင်ကို ကိုင်ထားသော မိန်းကလေးတစ်ဦးက
ခက်ထန်နေသော အကြည့်တို့ဖြင့် ဂျပန်၃ယောက်
ကို ကြည့်ရင်း အနားသို့လျှောက်လာနေ၏။
ဘောင်းဘီချွတ်နေသော ဂျပန်က ထိုမိန်းက
လေး ကိုတွေ့သည်နှင့် ပြာပြာသလဲပြန်ဝတ်လိုက်၏။
ဂျပန်များ အမူအယာ သိသိသာသာပျက်သွားကြ
ပြီး ယမင်းကိုလွှတ်လိုက်ကာ ၃ယောက်စလုံး
ဖရိုဖရဲဖစ်နေသော သူတို့၏အဝတ်များကိုပြင်
လိုက်ကာ မက်တပ်ရပ်လိုက်ကြသည်။
"ဆာကူရာ..."
ဂျပန်တစ်ယောက်က ထိုမိန်းကလေးနာမည်
ကိုရေရွတ်လိုက်သဖြင့် ထိုမိန်းကလေးကို ယမင်း
မျက်လုံးဝိုင်းဝိုင်းလေးဖြင့် ငိုနေရင်းလှမ်းကြည့်နေ
မိသည်။ ဆာကူရာဟူသောအမည်ကို နာမည်ဆိုးဖြင့်
ကျော်ကြားသော ဂျပန်မိန်းကလေးအဖြစ် ယမင်း
ကြားဖူးပြီးသားဖြစ်သည်။
သူမ၏ဝတ်ပုံစားပုံနှင့် ခရမ်းရောင်ကင်ရိုဓားကို
ကြည့်ပြီး တော်လှန်ရေးသမားများ၏ အမုန်းတော်ခံ
ဆာကူရာ ဖြစ်ကြောင်း ယမင်းသိလိုက်၏။
ဆာကူရာက အနားရောက်လာသည်နှင့်
သူမနှင့်အနီးဆုံး ဂျပန်စစ်သား၏ပါးပြင်ကို လွှဲရိုက်
ပစ်လိုက်သည်။
ဖြန်း!!...
ထို့နောက် ကင်ရိုဓားကိုဓားအိမ်ထဲမှဆွဲထုတ်
လိုက်သဖြင့် ဂျပန်၃ယောက် နောက်သို့အလန့်
တကြားဆုတ်သွားကြ၏။
ရွှမ်....
ဆာကူရာ ဂျပန်၃ယောက်ကို မျက်မှောင်ကျုံ့၍
ကြည့်နေရင်း ဓားဦးကို လက်ဆန့်ပြီးရွယ်လိုက်ကာ
ဂျပန်စကားဖြင့်
"နင်တို့၃ယောက် ခေါင်းမပြတ်ချင်ဘူးဆိုရင်
အခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားကြစမ်း..."
"*****"
"*****"
ဂျပန်၃ယောက်လည်း အချင်းချင်းဂျပန်လို
တီးတိုးပြောနေကြရင်း သေနတ်များကိုကောက်
ယူလိုက်ကြကာ အပြေးတပိုင်းထွက်သွားကြတော့
သည်။
ဆာကူရာက ကျုံ့ကျုံ့လေးထိုင်ရင်း ရှိုက်ငိုနေ
သော ယမင်းကိုကြည့်ရင်း
"ဒီလိုနေရာမျိုးကို မိန်းကလေးတစ်ယောက်
တည်းမလာသင့်ဘူးဆိုတာ မသိဘူးလား..."
"ဟင်..."
ဆာကူရာက မြန်မာလိုပြောလာသဖြင့်
ယမင်း အံ့ဩသွားမိသည်။
" နောက်...နောက်ဆိုမလာတော့ပါဘူး အမ
ယမင်းကို အခုလိုကူညီတာ ကျေးဇူးအရမ်းတင်
ပါတယ်...အမနဲ့သာမတွေ့ရင် ယမင်း...အနိုင်ကျင့်ခံ
ရတော့မှာ..."
ဆာကူရာက ယမင်းကို ဂရုဏာသက်စွာ
ကြည့်ရင်း...
"နင်အားနွဲ့လို့ အခုလိုအနိုင်ကျင့်ခံရတာ...
ကိုယ်ခံပညာတက်ရင် ပြန်ချလို့ရတယ်..."
"အမကလည်း ကိုယ်ခံပညာတက်လည်း
သူတို့က ၃ ယောက်တောင်လေ ပြီးတော့
ယောက်ျားတွေမဟုတ်လား..."
" တော်စမ်းပါ...ခွန်အားကြီးတိုင်း အနိုင်ရကြေး
ဆိုရင် ဆင်တွေ၊နွားတွေက ဘာလို့လူတွေခိုင်း
တာကို လုပ်နေရတာလဲ...
အဓိကတိုက်ခိုက်ရေးစွမ်းအင်က ခွန်အား
မဟုတ်ဘူး...ဉာဏ်ရည်ပဲ...
နင်ကိုယ်ခံပညာသင်ချင်ရင် ငါ့ဆီလာခဲ့...
ကင်ပေတိုင်နားက အုတ်နီတိုက်မှာ ငါနေတယ်...
ဓားသိုင်းသင်ချင်ရင်လာခဲ့..."
" ဟုတ်...ကျေး...ကျေးဇူးတင်ပါတယ် အမရယ်..."
အငိုမတိတ်သေးသော ယမင်းကို ဆာကူရာ
တွဲထူပေးလိုက်၏။ ယမင်းလုံချည်လေးကိုအမြန်
ပြန်ဝတ်လိုက်သော်လည်း သူမ၏အင်္ကျီမှာ လူမြင်
မကောင်းလောက်အောင် စုတ်ပြဲနေပြီဖြစ်သည်။
ဆာကူရာက သူမ၏အပေါ်အင်္ကျီကိုချွတ်လိုက်ပြီး
ယမင်းကိုခြုံပေးလိုက်ရင်း
" နင့်အင်္ကျီကလူမြင်မကောင်းတော့ဘူး...
ငါ့အင်္ကျီကိုယူလိုက်...ပြီးတော့...ခုဏ၃ယောက်
အတွက် ငါကပဲနင့်ကို အနူးညွတ်တောင်းပန်ပါ
တယ်...သူတို့ကို ငါကင်ပေတိုင်ရောက်ရင်လည်း
ပြသနာထပ်ရှာဦးမှာပါ..."
" နောက်ဆိုအသွားအလာပိုသတိထားပါ..."
ဆာကူရာက ယမင်းစကားပြန်ပြောသည်ကို
မစောင့်တော့ဘဲ ထိုနေရာမှ အပြေးတစ်ပိုင်း
ထွက်ခွာသွားတော့သည်။
ယမင်း သူမ၏ကယ်တင်ရှင် ဆာကူရာ၏
ကျောပြင်ကို ငေးကြည့်နေရင်း
"အမက မြန်မာတွေရဲ့အမုန်းတော်ခံ ဆာကူရာ
တဲ့လား...မိစ္ဆာတစ်ကောင်လို ရက်စက်တဲ့
ဆာကူရာဆို....အမမှာ လူသားဆန်တဲ့စိတ်က
လေးတော့ ရှိတာအမှန်ပါပဲ..."
☯☯☯☯☯
ယမင်း၏စကားအဆုံး၌ မိုးညို မျက်လုံးပြူး
သွားမိသည်။
"ဟင်...တော်သေးတာပေါ့ ယမင်းရယ်...
တောထဲကို တစ်ယောက်တည်းမသွားသင့်တာ
သိရဲ့သားနဲ့ကွာ..."
"ယမင်းလည်း မသွားချင်ပါဘူးမောင်ရယ်...
အဘကလည်းနေမကောင်း ဟင်းစားကလည်း
လိုနေတော့ သွားနေလာနေကျလမ်းဆိုတော့
ဘာမှမဖြစ်လောက်ဘူးလို့တွေးလိုက်မိတာ..."
" တော်သေးတာပေါ့ ဆာကူရာ ရောက်လာ
ပေလို့..."
"ဟုတ်တယ်မောင်...ဆာကူရာ့ကို ယမင်း
အစက မြန်မာတော်လှန်ရေးသမား တွေကို
သတ်ဖြတ်တဲ့ မိစ္ဆာမဆိုပြီး မုန်းတီးခဲ့ဖူးတယ်...
တကယ်တော့...သူ့ရဲ့စိတ်ရင်းက လူသားဆန်
ပြီး ကိုယ်ချင်းစာစိတ်ရှိပါတယ်..."
မိုးညို သက်ပြင်းချလိုက်ရင်း
"ဟုတ်တယ် ယမင်း...ဆာကူရာ့ကို လူဆိုး
မလေးဖြစ်စေတာ သူရဲ့စိတ်ရင်းမဟုတ်ဘူး..
ဖက်ဆစ် စနစ်ဆိုးပါ....
ဘာပဲဖြစ်ဖြစ် ယမင်းအခုလို ရေတိမ်မနစ်ခဲ့တာ
ကိုပဲ မောင်ဝမ်းသာလှပါပြီ...ယမင်းသာတစ်ခုခု
ဖြစ်ရင် မောင်ရင်ကျိုးရချည်ရဲ့..."
ယမင်းက မိုးညိုကို ပြုံး၍စူးစိုက်ကြည့်နေရင်း
မိုးညို၏ရင်ခွင်ကိုမှီလိုက်သလို မိုးညိုကလည်း
ယမင်း၏ ခန္ဓာကိုယ်လေးကို မွတ်သိပ်စွာထွေး
ဖက်လိုက်တော့သည်။
ချစ်သူ၂ယောက် တွေ့ဆုံနေကျနေရာဖြစ်သည်မို့
ဝါးရုံပင်ကြီးများက အလိုက်တသိဖြင့် မြခြူသံ ဂီတ
သံကို တိုးညှင်းစွာတင်ဆက်လာတော့သည်။
☯☯☯☯☯
မကြည်လင်သော စိတ်တို့ဖြင့် ဆာကူရာ
အတွေးများနေမိသည်။ လှပသော ရေတံခွန်နှင့်
ဝါးပင်စိမ်းစိမ်းတို့က သူမစိတ်ကိုကြည်လင်အောင်
မစွမ်းဆောင်နိုင်ဖြစ်နေ၏။ကျောက်ဖျာပေါ်မှ အောက်
ဘက်ရှိရေပြင်ကို အကြောင်းမရှိဘဲငေးကြည့်နေမိ
သည်။
"ဆာကူရာ..."
မိုးညို၏ခေါ်သံကြောင့် ဆာကူရာပြုံး၍
လှည့်လိုက်ရင်း
"မိုးညို...လာလေ..."
မိုးညိုသူမအနီးတွင်ထိုင်လိုက်ရင်းဖက်ဖြင့်ထုတ်
လာသော အထုတ်လေးကိုသူမ၏နံဘေးတွင်ချပေး
လိုက်၏။
" ဂျီ(ချေ )သားကြော်လေ...နင့်အတွက်ယူလာတာ..."
ဆာကူရာ အနည်းငယ်ပြုံးလိုက်ရင်း
" ကျေးဇူးပါပဲ သူငယ်ချင်း..."
" ဆာကူရာ...နင်မျက်နှာမကောင်းပါလား...
ဘာဖြစ်လို့လဲ..."
"မနေ့က တော်လှန်ရေးတပ်စိတ်ကအဖွဲ့ကွဲလာ
တဲ့ တော်လှန်ရေးသမားတချို့ စခန်းချတဲ့နေရာ
ကိုသတင်းရလို့ ဂျပန်ဗိုလ်တစ်ယောက်နဲ့ ဂျပန်
စစ်သားတချို့ သွားဝိုင်းကြတယ်...
တော်လှန်ရေးသမားတွေက သူတို့ဆီဂျပန်တွေ
လာမှာကို ကြိုသိနေသလိုဖြစ်နေတယ်တဲ့...
တော်လှန်ရေးသမားတွေက နေရာကြိုယူထား
ပြီး စပစ်တာ ဂျပန်စစ်သား အယောက် ၃၀လုံး
က်တာပဲ....
ဒါတွေကို အကိုကြီးရာရှီဒါတို့ အဲ့နေရာလိုက်သွား
ကြည့်တော့ အသက်ငွေ့ငွေ့ကျန်နေသေးတဲ့ ဂျပန်
စစ်သားက ပြောပြတာတဲ့..."
"ဪ...."
ဆာကူရာကသက်ပြင်းချလိုက်ရင်း
"ကျသွားတဲ့အထဲမှာ ငါနဲ့အရမ်းခင်တဲ့ စစ်သား
တွေပါသွားတယ်... ငါမကျေနပ်တာက တော်လှန်
ရေးသမားတွေက သူတို့ဆီဂျပန်စစ်သားတွေလာမှာ
ကို ဘယ်လိုလုပ်ကြိုသိပြီးပြင်ဆင်ထားတာလဲ...
သူတို့ကို ဘယ်သူကအတင်းပို့တာလဲ...ဒီသတင်း
ကို ဘယ်သူကရော ရသွားတာလဲ...
ငါတို့ဆီက သတင်းကို သိနိုင်တာ နင်ပဲမိုးညို
နင့်ကိုငါ အဲ့ကိစ္စအမှတ်တမဲ့ ပြောမိထားတယ်..."
မိုးညို မျက်နှာ သိသိသာသာပျက်သွားပြီး
"ဟာ...နင်ကလည်း ငါ့ကိုနင့်ဆီက သတင်းနှိုက်
ပြီး တော်လှန်ရေးသမားတွေကို ပြန်ပြီးသတင်း
ပေးတာလို့ ထင်နေတာလား...
ငါ...အဲ့ကိစ္စတွေကို စိတ်မဝင်စားပါဘူး...
ဘာမှလည်းမသိဘူး..."
ဆာကူရာပြုံး၍ခေါင်းညိမ့်လိုက်ရင်း
" အေးပါဟာ...ငါလည်းနင့်ကို သံသယမဖြစ်ပါ
ဘူး...နင်က မြန်မာတွေထဲမှာ ငါအယုံကြည်ရဆုံး
သူပါ...
ငါနင့်ကို နောက်ဆုံးအချိန်အထိယုံကြည်ပါရစေ
နော်... "
မိုးညိုပြုံးလိုက်ရင်း ရင်ထဲမှစကားဖြင့် ဆာကူရာ
မကြားအောင်ပြောလိုက်မိသည်။
💭💭💭ငါနင့်ကို စိတ်ရင်းနဲ့တွယ်တာမိပါတယ်
ဆာကူရာ...မင်းတကယ် နောက်ဆုံးအချိန်အထိ
ယုံကြည်ရတဲ့ သူငယ်ချင်းတစ်ယောက် ငါဖြစ်ချင်
ပါတယ်....ဒါပေမယ့်...ကံကြမ္မာက မင်းကို
သစ္စာဖောက်ခိုင်းနေတယ် ဆာကူရာ...💭💭💭
မိုးညိုအတွေးများနေသလို ဆာကူရာလည်း
မိုးညိုအားရွှန်းရွှန်းစားစားကြည့်နေမိသည်။
"မိုးညို ငါ...ငါလေ မြန်မာကောင်လေးတွေကို
အထင်ကြီးလေးစားလေ့မရှိဘူး...ပြီးတော့ တွယ်
လာလေ့မရှိဘူး...
ဒါပေမယ့် ငါအခုနင့်ကိုအရမ်းတွယ်တာ တာပဲ...
အမြဲတမ်းလည်း သတိရနေတယ်...
ညသန်းခေါင်ကြီး တစ်ရေးနိုးရင်တောင် နင့်ကို
သတိရနေမိတယ်...
နင့်အကြောင်းကိုတွေးမိတိုင်း ပျော်သလိုလို
ကျေနပ်သလိုလိုခံစားရတယ်...တခါတလေ
နှလုံးခုန်သံတွေတောင်မြန်လာတယ်..."
"အဲ့ဒါဘာဖြစ်လို့လဲဟင်...
နင်ရော...ငါ့လိုမခံစားရဘူးလား..."
မိုးညို ဆာကူရာအားဂရုဏာ သက်စွာကြည့်
နေမိသည်။ ဤဂျပန်မိန်းမချောလေး၏ အချစ်နှင့်
မေတ္တာအား သူရက်စက်စွာပင်အသုံးချရတော့
မည် မဟုတ်ပါလား...
ဘုတ်...
"ဟာ!..."
သစ်ကိုင်းတစ်ခုပေါ်မှ ပြုတ်ကျလာသော
မြွေစိမ်းကြီးတစ်ကောင်က သူတို့၂ယောက်အရှေ့
သို့ တည့်တည့်ပြုတ်ကျလာသဖြင့် ၂ယောက်စလုံး
လန့်၍ ပြိုင်တူနောက်ဆုတ်လိုက်မိကြသည်။
"အား..."
" ဟာ..."
ဘုတ်....
ဖရော....ရော...
ကျောက်ဆောင်ပေါ်မှ ၂ယောက်စလုံးဟန်ချက်
ပျက်ကာ ပြုတ်ကျတော့သည်။ ဆင်ခြေလျှောဆို
သော်လည်း အတန်ငယ်မက်စောက်သဖြင့် ၂
ယောက်စလုံးအကျနာကြတော့သည်။လုံးထွေး
ပြီး တလှည့်စီ အပေါ်အောက်ရောက်လျှက် မြေ
ပြင်ညီသို့ ရောက်ခဲ့ကြသည်။
အရှိန်ကုန်ချိန်၌ ဆာကူရာက အောက်ဘက်
ရောက်နေပြီး မိုးညိုက သူမ၏အပေါ်တွင် မတော်
တဆ ရောက်နေ၏။
ပို၍ဆိုးသည်က ဆာကူရာ၏နှုတ်ခမ်းလေး
ကို မိုးညို၏နှုတ်ခမ်းက ဖိထားမိပြီး ၂ယောက်စလုံး
ရုတ်တရက် မှင်သက်နေမိကြသည်။ မတော်တဆ
ဖြစ်သောအနမ်းကြောင့် မိုးညိုရင်တဒိတ်ဒိတ်ခုန်လာ
မိပြီး နှုတ်ခမ်းလေးကို နမ်းမိနေရာမှအမြန်ဖယ်လိုက်
မိသည်။
အပျိုစင်သာဖြစ်သော ဆာကူရာလည်း ရင်ခုန်
သည်မှာ ဆိုဖွယ်ရာမရှိတော့ သူမ၏ရင်ခုန်သံကို
မိုးညို ကြားသွားမည်ကိုပင် စိုးရိမ်နေမိသည်။
နူးညံ့သိမ်မွေ့လွန်းသောအထိတွေ့၏ညို့ငင်
စွမ်းအားကြောင့် မိုးညိုနှင့်ဆာကူရာ တစ်ယောက်
မျက်လုံးကို တစ်ယောက် မျက်တောင်မခပ်စတမ်း
အနီးကပ်ကြည့်မေမိသည်။
ဆာကူရာ၏လက်ကလေး၂ဖက်က မိုးညို၏
လည်တိုင်နှင့် ခါးကို သိုင်းဖက်လာပြီး မိုးညိုကလည်း သူမ၏ပါးပြင်ဖြူဖြူလေးကို ဖွဖွလေးအုပ်ကိုင်လိုက်
မိသည်။ဆာကူရာ ရုတ်တရက် မျက်လုံးလေးစင်းသွား
သည်အထိ မိန်းမောသွားမိပြီး ညိမ်သက်နေမိ
သည်။
သူမ၏ရင်၌ ပထမဆုံးဖြစ်တည်ခဲ့သော ချစ်ရသူ
မိုးညိုအား သူမတန်ဖိုးအထားဆုံးသော အပျိုစင်
ဘဝကို ပေးဆပ်ရန် အသင့်ပြင်ထားမိသည်။
ဆာကူရာ၏ လက်ကလေး၂ဖက်က မိုးညိုအား
ပို၍ တင်းကြပ်စွာဖယ်တွယ်လာ၏။
အတွေ့၌ တဒင်္ဂတိမ်းညွတ်နေမိသော မိုးညိုလည်း
ဆာကူရာ၏ နှုတ်ခမ်းလေးကို နမ်းစုတ်ရန် ဦးခေါင်း
ကို ညွတ်လိုက်မိပြီးမှ ရုတ်တရက် မက်တပ်ရပ်
လိုက်ကာ ဆာကူရာ့ကို ကျောခိုင်းလိုက်၏။
ဆာကူရာလည်း မိန်းမောနေမိရာမှ ထိုင်လိုက်
ရင်းသူမ၏ဒူး၂ဖက်ကို ဖက်ထားကာ သူမအားကျော
ခိုင်းနေသော မိုးညိုအားပြုံး၍ကြည့်နေမိသည်။
မိုးညိုက သူမကိုလှည့်မကြည့်ဘဲ
" တောင်းပန်ပါတယ် ဆာကူရာ...ငါ...ဒီလိုမဖြစ်
သင့်ပါဘူး..."
ဆာကူရာက အပြုံးမပျက်ဘဲ
"နင်က ယောက်ျားကောင်းတစ်ယောက်ပါ
မိုးညို...ငါနင့်ကို ပိုပြီးလေးစားသွားပြီ....
နင်က ငါးကြော်မကြိုက်တဲ့ ကြောက်မိုက်မဟုတ်
ပါဘူး...သိက္ခာရှိတဲ့ ယောက်ျားတစ်ယောက်ပါ..."
မိုးညိုနှင့် ဆာကူရာစကား မပြောဖြစ်တော့ပါ။
အတန်ကြာအောင်တိတ်ဆိတ်နေကြရင်း မနီးမ
ဝေးရှိရေတန်ခွန်ကြီးကို အဓိပ္ပါယ်မဲ့ ပြိုင်တူငေး
ကြည့်နေမိကြသည်။
သူတို့၂ယောက်စလုံးကို စောင့်ကြည့်အကဲခတ်
နေသော မျက်ဝန်းတစ်စုံကိုတော့ ဆာကူရာရော
မိုးညိုပါ သတိမထားမိလိုက်ကြပါ။
☯☯☯☯☯
ဒိုင်း!...ဒိုင်း!...ဒိုင်း!...
ဝုန်း!!....ဒုန်း!!...
ရုတ်တရက် တောလမ်းမှ သွားနေသော တော်
လှန်ရေးတပ်စုတစ်ခု ဂျပန်တို့၏အလစ်တိုက်ခိုက်
ခြင်းကိုခံလိုက်ရ၏။
ရာရှီဒါ ဦးဆောင်သော ဂျပန်စစ်သားများက နေရာ
စနစ်တကျယူကာ အပိုင်စောင့်ကာ တိုက်ခြင်းဖြစ်
သည်။
ပတ်ဝန်းကျင်တစ်ခုလုံး ဗုံးသံ၊သေနတ်သံများက
ငရဲပွတ်သံများလို ဆူညံစွာထွက်ပေါ်လာ။
ဒိုင်း!..ဒိုင်း!..ဒိုင်း!...
ဒက်!..ဒက်!..ဒက်!..ဒက်!..ဒက်!...
ဝုန်း...
လူအင်းအားချင်းမတိမ်းမယိမ်းဖြစ်သော်လည်း
ဂျပန်တို့ အသာစီးရသွား၏။ အလစ်တိုက်ချိန်၌
တော်လှန်ရေးတပ်သားအများစု အထိနာကုန်ကြ
သည်။
တော်လှန်ရေး တပ်စိတ်၏ခေါင်းဆောင် ဗိုလ်
ယက္ခ ဂျပန်များကို ဒေါသတကြီးဖြင့်ပြန်ပစ်ရင်း
ဒိုင်း!..ဒိုင်း!...
" ဟေ့ကောင်တွေ! ဆုတ်တော့...မြန်မြန်..."
ဒိုင်း..ဒိုင်း...
ဆက်လက် ထိပ်တိုက်ပစ်ကြလျှင် ဆုံးရှုံးမှုသာ
များမည်မှာ သေချာနေသဖြင့် ဗိုလ်ယက္ခနှင့်အသက်
ရှင်နေသေးသူများ အမြန်ဆုတ်ကြရတော့သည်။
ဒက်!..ဒက်!...ဒက်!...
ရွှီး......ဒုန်း!!!.......
အလစ်တိုက်ခံရသည့်အပြင် လက်နက်အင်
အားကလည်း ကွာသဖြင့် တော်လှန်ရေးသမား
များ တောထဲသို့ အမြန်ပြေးဝင်ကြပြီး ဆုတ်ပြေး
ကြရတော့သည်။
တော်လှန်လေးသမား ၂ ယောက်က လူကွဲ
လာပြီး ဘေးလွတ်ရာသို့ အမြန်ပြေးနေကြသည်။
ဝှစ်...
ဘုတ်...
သူတို့၂ယောက် အရှေ့သို့ သစ်ပင်ကိုင်းတစ်ခု
ပေါ်မှ ခုန်ချလာသော ဂျပန်မိန်းကလေးတစ်
ယောက်ကို မြင်လိုက်ရသဖြင့် ၂ယောက်စလုံး
အထိတ်တလန့်နောက်ဆုတ်လိုက်ကြသည်။
"ဆာ...ဆာကူရာ..."
ဆာကူရာက အေးစက်စက်ပြုံးနေရင်း
ကင်ရိုဓားကို ဓားအိမ်မှထုတ်လိုက်သည်နှင့်
တော်လှန်ရေးသမား ၂ယောက်ကို အမြန်
တိုက်ခိုက်လိုက်တော့သည်။
ဝှစ်...
ဇွပ်!...
"အား..."
ဝှစ်...ဝှစ်...
ရွှတ်...
"အွတ်..."
လျှပ်ပြက်သလိုမြန်သော ဆာကူရာ၏ဓားချက်
အောက်တွင် တော်လှန်ရေးသမား၂ယောက်စလုံး
သွေးများစီးကျလာသောလည်တိုင်များကိုဆုတ်ကိုင်
ကာ လဲကျငြိမ်သက်သွားကြတော့သည်။
ဆာကူရာ မဲ့ပြုံးသာ ပြုံးလိုက်ပြီး ထိုနေရာမှ
ပြေးထွက်လာခဲ့ပြန်သည်။ ပေါ့ပါးစွာဖြင့် သစ်ပင်
ကြီးတစ်ပက်ပေါ်သို့ ခုန်၍တွယ်တက်သွားပြီး
ကိုင်းတစ်ခုပေါ်သို့ တောက်လျှောက်ပြေးသွား
၏။
တစ်နေရာမှ ပြေးလာသော တော်လှန်ရေးသမား
၃ယောက်ကို တွေ့လိုက်ရသဖြင့် ထို၃ယောက်အရှေ့
သို့ ခုန်ချလိုက်ပြန်သည်။
ဝှစ်...
ဘုတ်...
"ဟင်..."
"ဟာ..."
"ကိုယက်ခ!...ဒါ...ဒါ...ဂပြနျမိစ်ဆာမ ဆာကူရာပဲ..."
တော်လှန်ရေးသမားတစ်ယောက်က အထိတ်
တလန့်ပြောလိုက်သည်။
ခေါင်းဆောင်ဖြစ်သော ဗိုလ်ယက္ခက သူ့လူ
၂ယောက်ကို အော်လိုက်၏။
"ဘာလုပ်နေတာလဲ...အဲ့ဒီ့ဂျပန်မကို သတ်စမ်း..."
ဗိုလ်ယက္ခစကားဆုံးသည်နှင့် ၃ ယောက်စလုံး
ဆာကူရာ့ကို သေနတ်များဖြင့် ပြိုင်တူပစ်ကြတော့
သည်။
ချောက်..ချောက်..ချောက်..
" ဟင်..."
"ကျည်မထွက်ဘူး..."
" ကိုယက္ခ သူ့မှာအံပွားရှိတယ်...သေနတ်မီး
မကူးဘူး..."
"ဟင်..."
ဆာကူရာက အေးစက်စက်ပြုံးလိုက်ပြန်ရင်း
သူတို့၃ယောက်အနားသို့ လေ၏အလျှင်ကဲ့သို့
ချက်ချင်းပင်ရောက်လာတော့သည်။
ဝှစ်...ဝှစ်...ဝှစ်...
ဇွပ်...
ရွှတ်..."အ!..."
" အား!..."
"ဟင်..."
လျှပ်တပြက်အတွင်း ဆာကူရာ၏ဓားချက်ဖြင့်
လဲကျ သေဆုံးသွားကြသော သူ့လူ၂ယောက်ကို
ကြည့်ရင်း ဗိုလ်ယက္ခ ဒေါသတကြီးဖြင့် ခါးခြားမှ
ဓားတိုကို ဆွဲထုတ်ကာ ဆာကူရာ့ကို တိုက်ခိုက်
တော့သည်။
ဝှစ်...ဝှစ်...
ဆာကူရာက အသာအယာပင်ရှောင်တိမ်းနေ
ရင်း ပြုံး၍ပင်နေသေး၏။ ကြောင်မှ ကြွက်ကိုက
စားနေသလို မျက်နှာထားမျိုးဖြင့် ဗိုလ်ယက္ခအား
ပြန်လည်တိုက်ခိုက်ခြင်းပင် မပြုဘဲ ပြုံး၍သာ
ရှောင်ရှားနေ၏။
ဝှစ်..ဝှစ်...
တစ်ကြိမ်တွင် ဗိုလ်ယက္ခထိုးလိုက်သော
ဓားချက်ကို မရှောင်ဘဲ သူမတမင်ပင်ခံလိုက်၏။
ဝှစ်...
"ဟင်..."
ဆာကူရာ၏ ရင်ဝတည့်တည့်သို့ထိုးမိသော်
လည်း မာကျောလှသော သားရည်တုံးကိုထိုးမိသ
ကဲ့သို့ ချွန်မြနေသော ဓားဦးက သူမ၏အသားထဲသို့
ဖောက်မဝင်သောကြောင့် ဗိုလ်ယက္ခမျက်လုံးပြူးသွား
မိသည်။
"ဟင်..."
ဆာကူရာ အေးစက်စက်အပြုံးကို မရုတ်သိမ်းဘဲ
ဗိုလ်ယက္ခ၏ရင်ဘက်နေရာကို လျှပ်၍ခုတ်လိုက်
၏။
ဝှစ်...ဇွပ်!...
"အား..."
ဗိုလ်ယက္ခ အမြန်နောက်ဆုတ်လိုက်မိသည်။
"ဟာ..."
အောက်ဘက်၌ ရေပြင်ကြီးသာရှိသော ချောက်
နှုတ်ခမ်းသို့ ရောက်နေမှန်းဗိုလ်ယက္ခသိသွားပြီး
ရေပြင်ကြီးကိုတစ်လှည့် ဆာကူရာ့ကိုတလှည့်
ုကည့်လိုက်မိသည်။
သူရေထဲသို့ခုန်ချလျှင် အသက်ရှင်နိုင်သေး
သော်လည်း ဆာကူရာ့အားအမိုက်ခံ၍ထပ်တိုက်
ခိုက်လျှင် သေရုံသာရှိသည်ကို သဘောပေါက်လိုက်
ပြီး ရေထဲသို့ ခုန်ချသွားတော့သည်။
ဗွမ်း!!....
ဆာကူရာ မဲ့ပြုံးသာပြုံးလိုက်ရင်း ထိုနေရာ
ပြေးထွက်ခဲ့ပြန်သည်။
ဂျပန်များ လိုက်နေသဖြင့်အသက်လုပြေး
နေရသော တော်လှန်ရေးသမား ၃ယောက်နှင့်
ဆာကူရာ ဝါးရုံပင်တစ်ခု၏အကွယ်တွင်ဘွားကနည်း
ရုတ်တရက်တွေ့ကြပြန်၏။
"ဟာ..."
"ဆာကူရာ..."
တော်လှန်ရေးသမား၃ယောက်က သူမအား
ပြိုင်တူ ပစ်ကြပြန်၏။
ချောက်...ချောက်...ချောက်...
ကျည်မထွက်သော သေနတ်ပြောင်းများကိုကြည့်
ရင်း ဆာကူ၏ အေးစက်စက်အပြုံးကား သူမ၏
နှုတ်ခမ်းတွင် ထပ်မံပေါ်ပေါက်လာပြန်၏။
သွေးစွန်းနေသော ကင်ရိုဓား ခရမ်းရောင်ကို
လေထဲတွင် ဝင့်လိုက်ရင်း ထို၃ယောက်ရှိရာသို့
လေ၏အလျှင်ဖြင့်ရုတ်တရက် ရောက်ရှိသွားပြန်၏။
ဝှစ်...ဝှစ်...
" အ..."
" အား.."
ဇွပ်....
ဇွပ်...
" အား..."
မြန်ဆန်လွန်းလှသော ခုတ်ချက်များဖြင့် သူမ
တိုက်ခိုက်လိုက်ပြန်ပြီး တော်လှန်ရေးသမား ၃
ယောက် အတုံးအရုံးပင် မရှုမလှသေဆုံးသွား
ကြတော့သည်။
ဂျပန်စစ်သား ၄ ယောက်ခြံရံလျှက် ပြေးလာသော
ဂျပန်ဗိုလ်ရာရှီဒါက သွေးစွန်းနေသောဓားကိုကိုင်ထား
ကာ ပြုံးနေသော ညီမဖြစ်သူ ဆာကူရာအား ဂုဏ်ယူ
ဝင့်ကြွားသောအပြုံးဖြင့် ခေါင်းညိမ့်ပြလိုက်တော့သည်။
☯☯☯☯☯
ရင်ဘက်မှ ဓားဒဏ်ရာကို ဆေးထည့်ကာ
အဝတ်စည်းပြီးသည်နှင့် ဗိုလ်ယက္ခ ကွပ်ပစ်
ပေါ်မှ ဆင်းလိုက်ကာ မိုးညိုရှိရာသို့လျှောက်
လာခဲ့သည်။
အသက်ရှင်ကျန်ရစ်သော တော်လှန်ရေးတပ်
သား အနည်းငယ်ကိုစုစည်းကာ ယာယီစခန်း
ပြုလုပ်ထားသောနေရာသို့ မိုးညိုဗိုလ်ယက္ခတို့အား
ကူညီရန် ရောက်ရှိနေခြင်းဖြစ်သည်။
သစ်ပင်အောက်၌ တောင်တန်းများကိုငေးရင်း
ကျောက်ရုပ်လိုငြိမ်သက်နေသော မိုးညိုအားဒေါသ
မျက်လုံး တို့ဖြင့် ဗိုလ်ယက္ခစိုက်ကြည့်ရင်း
" မိုးညို....မင်း...ဘယ်အချိန်အထိ အချိန်ဆွဲနေ
ဦးမှာလဲ...ငါတို့ တော်လှန်ရေးသမားတွေ အကုန်
မျိုးတုန်းတော့မှ အဲ့ဒီ့အမျိုးယုတ်မကို မင်းသတ်မှာ
လား...
အဲ့ဒီ့ ဆာကူရာဆိုတဲ့ ဂျပန်မိစ္ဆမကြာကြာအသက်
ရှည်လေ...ငါတို့ရဲ့ဖက်ဆစ်တော်လှန်ရေးအတွက်
အနှာက်အယှက်ပိုဖြစ်လေပဲကွ...
မင်းလုပ်စရာရှိတာ မြန်မြန်လုပ်...ဆာကူရာ့ကို
မြန်မြန်သတ်...အဲ့ဒီ့ဂျပန်မ မင်းကိုယုံကြည်ပြီး
ခင်တွယ်တာ တကယ့်အခွင့်ကောင်းပဲ...
မင်းထပ်ပြီးတွေဝေမနေနဲ့တော့...
ငါ့ချစ်သူ...မင်းရဲ့အမအရင်းခေါက်ခေါက် ပျံလွှားနီ
ကို အဲ့ဒီ့ အမျိုးယုတ်မရက်ရက်စက်စက်သတ်ခဲ့တာ
ကို မင်းမမေ့နဲ့...ငါတို့ပျံလွှားနီကို ခေါင်းမပါတဲ့ အင်္ဂါမ
စုံတဲ့ ခန္ဓာကိုယ်ကိုပဲ သင်္ဂြိုလ်ခွင့်ရခဲ့တာနော်... မင်း
မနာကျည်းဘူးလား မိုးညို...
ပျံလွှားနီ သေဆုံးသွားတာ ငါတို့တော်လှန်ရေး
အတွက် အလင်းရောင်ပေးနေတဲ့ လတစ်စင်း
ကြွေကျသွားသလိုပဲကွ....
ဆာကူရာ့ကို မြန်မြန်အပြတ်ရှင်းပါ..."
မိုးညို မှင်သက်စွာ ဗိုလ်ယက္ခကိုကြည့်နေရင်းမှ
"ကျွန်တော့် တာဝန်ကို ကျွန်တော်ဖြစ်အောင်
လုပ်မှာပါ ကိုယက္ခ...ကျွန်တော့်ကို အချိန်နည်း
နည်းလေးထပ်ပေးပါ..."
"ဟား...ဟား...ဟား...ဘာလဲ...နတ်သမီးလို
လှတဲ့ ဂျပန်မလေးကို မင်းငြိနေပြီလား...သူပေး
တဲ့ချောကလက်တွေစားပြီး သူ့အလှကိုယစ်မူး
နေပြီလား...ဟင်...မိုးညို...
မင်းအမ ငါ့ချစ်သူအတွက် ကျဆုံးသွားတဲ့ ငါတို့
သွေးသောက် ညီအကိုမောင်နှမတွေအတွက်...
မင်းတာဝန်ကျေပေးပါမိုးညို...
မင်းကိုလည်း လျှို့ဝှက်တော်လှန်ရေးသမားဆို
တာသိရင် အဲ့ဒီ့ဂျပန်မက သတ်မှာပဲ...မင်းသိထား.."
" မင်းတို့အခြေအနေကို ငါလေ့လာပြီးပြီ
မင်းတို့တွေ့နေကျနေရာကို ငါတစ်ခါလာကြည့်
ပြီးပြီ...ဆာကူရာက သူ့ရဲ့ခန္ဓာကိုယ်ကိုတောင်
မင်းကို ပေးရဲတဲ့အထိ မင်းကိုယုံကြည်နေပြီ
မိုးညို..."
" မင်းဘာဆက်လုပ်မလဲ... ခင်မင်မိတဲ့
သံယောဇဉ်ကို ငဲ့ပြီး ဂျပန်မချောချောလေးကို
မသတ်ရက်တော့ဘူးဆိုရင်တော့ မင်းကိုသစ္စာ
ဖောက်လို့ သတ်မှတ်ပြီး ငါကိုယ်တိုင်သတ်မယ်...
ခံစားချက်နဲ့ တိုင်းပြည်အရေး ဘယ်အရာက
အရေးကြီးလည်းဆိုတာ...မင်း သေချာဆုံးဖြတ်
ပါ မိုးညို...."
☯☯☯☯☯
သာယာလှပနေသော ပတ်ဝန်းကျင်က
မိုးညို၏ရင်ကို ချမ်းမြေ့စေခြင်းအလျှင်းမရှိပါ။
နားဝင်ချိုခဲ့ဖူးသော ရေတံခွန်ကြီးမှရေကျသံသည်
လည်းယခုအခါ ငရဲပွတ်သံကိုကြားနေရသလို
ပင် မိုးညိုခံစားနေရသည်။
ကျောက်ဆောင်နံရံ များ၌ တွယ်ကပ်ပေါက်
ရောက်နေသော ရောင်စုံသစ်ခွများ၊ မိုးကုတ်စက်
ဝိုင်းတစ်ဖက်အထိမြင်နေရသော ကြည်လင်နေ
သော ကောင်းကင်ပြာပြာကြီးနှင့် အစိမ်းရောင်
အလှကိုဖော်ကြူးလျှက် အပြိုင်အဆိုင်အလေ့ကျ
ပေါက်နေကြသော ဝါးပင်စိမ်းစိမ်းများ အားလုံးတို့
သည် မိုးညို၏ရင်ကို ဘဝင်ကျစေခြင်းဖြစ်မလာခဲ့
ပါ။
ဆာကူရာယနေ့ ဤနေရာလေးသို့ ရောက်မလာ
စေနှင့်ဟု မိုးညိုမသိစိတ်မှ ဆုတောင်းနေမိသည်။
မြန်မာတော်လှန်ရေးအတွက် အနှောက်အယှက်
ဖြစ်နေသော ဆာကူရာသည် စင်စစ်စိတ်ထားယုတ်
ညံ့သူတစ်ယောက်မဟုတ်ပါချေ။ မိုးညိုတစ်ယောက်
တည်းတီးတိုးပြောနေမိသည်။
"ဆာကူရာ...မင်းမှာနောင်ဘဝဆိုတာ ရှိသေးရင်
စစ်မက်တွေကင်းဝေးပြီး စနစ်ဆိုးတွေကင်းတဲ့
နေရာမျိုးမှာ လူဖြစ်ပြီး လူဖြစ်ရကျိုးနပ်တဲ့ ဘဝလေး
ကို ရပါစေလို့ ငါဆုတောင်းပေးပါတယ်...
မင်းကို ပုဂ္ဂိုလ်ရေးအရ ငါမမုန်းပါဘူး...ဒါပေမယ့်
ငါ့အမ ပျံလွှားနီနဲ့ တော်လှန်ရေးအတွက်စတေးသွား
ကြတဲ့ ငါ့ရဲ့သွေးသောက်ညီအကိုမောင်နှမတွေ
အတွက် ငါတာဝန်ကျေရတော့မယ်...
ငါ့ကို ခွင့်လွတ်ပါဆာကူရာရယ်...."
🕐🕑🕒
တောလမ်းလေးအတိုင်း ခရမ်းရောင်ခါးဆက်
အင်္ကျီလေးဖြင့် လှသွေးကြွယ်နေသော ဂျပန်မ
လေး ဆာကူရာတရွေ့ရွေ့လမ်းလျှောက်လာနေ
၏။
ကျောက်ဆောင်ပေါ် ရပ်နေသော မိုးညိုအား
မလှမ်းမကမ်းမှ လက်ပြရင်း မိုးညိုရှိရာသို့ သူမ
လျှောက်လာနေ၏။
"ဟင်..."
ဆာကူရာ တကယ်တမ်းလာတော့ မိုးညို
သူမကို စိုးရိမ်သလိုလိုခံစားလာရပြီး ရင်တဒိန်းဒိန်း
ခုန်လာမိသည်။
ဆာကူရာက ပေါ့ပါးစွာပင် ကျောက်ဆောင်ပေါ်
သို့ခုန်တက်လာပြီး မိုးညိုကိုပြုံး၍အနီးကပ်ကြည့်ရင်း
"မိုးညို...ခါတိုင်းငါအရင်ရောက်နေကျပါ...
ဒီနေ့မှ ထူးထူးဆန်းဆန်းနင်ကကြိုရောက်နေပါ
လား..."
" ဪ...ဟို...အင်း...ဟုတ်တယ်...ငါ နင့်ကို
သတိရလို့ စောစောလာစောင့်နေတာ..."
ဆာကူရာ ပြုံးလိုက်၍ မိုးညိုကို ပို၍ရွှင်းရွှင်းစား
စားကြည့်လာရင်း
"နင်ငါ့ကို သတိရတယ်...တကယ်..."
" အင်း...တကယ်ပါ..."
ဆာကူရာ မိုးညိုအားအသင့်ယူလာသော
ချောကလပ်ဗူးလေးကို ပေးလိုက်ရင်း
"မိုးညို....နင်....မျက်နှာမကောင်းပါလား...
ဘာပြသနာရှိလို့လဲ...ဘာအခက်အခဲရှိနေလဲ...
ငါ့ကိုပြော ငါဘာမဆိုကူညီပေးမယ်..."
မိုးညိုခေါင်းကိုဖြည်းညှင်းစွာခါလိုက်ရင်း
"မရှိပါဘူးဟာ...ဆာကူရာ...ငါ...ငါလေ..."
မိုးညိုတစ်စုံတစ်ခုပြောရန်ပြုလိုက်ပြီးမှအသံ
တိမ်ဝင်သွားသဖြင့် ဆာကူရာ မျက်လုံးလေးဝိုင်းသွား
၏။
"ဟင်...နင်ဝမ်းနည်းနေတာလား....ဘာဖြစ်လို့လဲ
ဟင်..."
မိုးညိုက ကျောက်ဆောင်အစွန်းမှ ကျောက်ဂမု
ကိုနင်းလိုက်ကာ ဟန်ချက်ပျက်သွားသလို ဟန်
ဆောင်လို့်ရင်း ရေထဲသို့ ပြုတ်ကျဟန်ဆောင်
လိုက်၏။
ဗွမ်း!...
"ဟာ...မိုးညို..."
မိုးညိုက ရေနစ်ဟန်ဆောင်နေရင်း
"ဆာကူရာ...ငါ...ငါ...ရေမကူးတက်ဘူး...
လုပ်ပါဦး..."
"ဟင်!...နင်ရေမကူးတက်ဘူးလား..."
" မိုးညို...ငါလာပြီ ခဏလေး..."
သူမဓားကို ကျောက်ဖျာပေါ်ပစ်ချလိုက်ရင်း
ရေထဲအမြန်ခုန်ချလိုက်မိသည်။
ဗွမ်း!...
ဆာကူရာရေထဲရောက်သည်နှင့် မိုးညိုက
ရေတိမ်ပိုင်းသို့ ကူးလိုက်ပြီး မက်တပ်ရပ်နေပြီး
သားဖြစ်နေ၏။
" ဟင်..."
ဆာကူရာ အံ့ဩသွားမိပြီးမိုးညိုကို ကြည့်နေမိ
သည်။
မိုးညို...နင်ရေကူးတက်ရဲ့သားနဲ့ ငါ့ကိုဘာလို့
ညာတာလဲ...
ဝှစ်...
ဝှစ်...
"ဟာ!!!...အား!..."
ရုတ်တရက် သစ်ကိုင်းများပေါ်မှအသင့်ဆင်
ထားသော နိုင်လွန်ကြိုးပိုက်ကွန်တစ်ခုက ဆာကူရာ့
ခန္ဓာကိုယ်ပေါ်သို့ အဝိုင်းသဏ္ဍာန်ပြန့်၍ ကျလာ
တော့သည်။ ဆာကူရာ မထင်မှတ်ထားသော အ
ခြေအနေကြောင့်လန့်၍အော်လိုက်မိသည်။
အသင့်ပုန်းခို၍စောင့်နေကြသော ဗိုလ်ယက္ခနှင့်
တော်လှန်ရေးသမား ၂ယောက် ကျော်ဆောင်များ
ကြားမှထွက်လာကြပြီး ပိုက်ကွန်ကို ဖိုခနောင့်
ဆိုင် ၃ ဖက်ဆွဲထားလိုက်ကြ၏။
ဆာကူရာထိတ်လန့်သွားမိသည်။ အံပွားပါသော
သူမသည် အခြားလက်နက်များဖြင့် သတ်၍မသေ
နိုင်သော်လည်း ရေမွန်း၍သေနိုင်သော သူမ၏အား
နည်းချက်ကိုတော်လှန်ရေးသမားများက သိသော
ကြောင့် ရေနှစ်၍သတ်ရန်ပြင်ဆင်ထားကြခြင်း
ဖြစ်၏။
ဆာကူရာအခြေအနေကိုသဘောပေါက်သွား
ပြီးမိုးညိုကို အံ့ဩဝမ်းနည်းစွာကြည့်လိုက်မိသည်။
"မိုး...မိုးညို...နင်က တော်လှန်ရေးအဖွဲ့ကလား..."
မိုးညို အသံထွက်မငိုသော်လည်း မျက်ရည်တို့စီး
ကျလာ၏။
"ငါ့ကို ခွင့်လွတ်ပါဆာကူရာ...ငါ့မှာရွေးချယ်စရာ
မရှိတော့လို့ပါ...ငါ့အမပျံလွှားနီအတွက် ကျဆုံးသွား
တဲ့ တော်လှန်ရေးရဲဖော်တွေအတွက် ငါနင့်ကို
သုတ်သင်မှ သူတို့ရဲ့ဝိညာဉ်တွေ ကျေနပ်ကြ
လိမ့်မယ်..."
ဆာကူရာ ပါးပြင်သို့မျက်ရည်တို့စီးကျလာရင်း
"ဪ...ပျံလွှားနီက နင့်အမကိုး..."
"ဟုတ်တယ် ဆာကူရာ...ဖက်ဆစ်တော်လှန်
ရေး အတွက် နင်ကဆူးညှောင့်ခလုတ်ဖြစ်နေတယ်...
ငါနင့်ကို မမုန်းပါဘူး ဆာကူရာ...ဒါပေမယ့် ငါတို့
လျှောက်မယ့် လမ်းကြောင်းအတွက် နင့်ကိုသုတ်
သင်မှဖြစ်မယ်..."
"မိုးညို...ငါ...ငါ...ကြမ်းတမ်းတဲ့တိုက်ပွဲတွေကြား
မှာ ပျော်ခဲ့တဲ့သူပါ...ငါသေရမှာမကြောက်ပါဘူး...
ဒါပေမယ့်...ငါပထမဆုံးတွယ်တာမိတဲ့ ငါ့ရင်ထဲ
က နင်က ငါ့ရဲ့သံယောဇဉ်နဲ့ မေတ္တာကို ရက်ရက်
စက်စက် စော်ကားတယ်....
နင်....နင်....ရက်စက်လွန်းတယ် မိုးညိုရယ်...
နင် ဘယ်လိုနှလုံးသားမျိုးနဲ့ ငါ့ကိုအခုလို လုပ်ရက်
တာလဲ... သေရတာခြင်းအတူတူ ငါ့ကိုတခြား
နည်းနဲ့သတ်ပါတော့လား...ဟင့်...အဟင့်...
အခုတော့ဟာ... "
ပိုက်ကွန်ကို ဖိုခနှောင့်ဆိုင်ကိုင်ထားသော
တော်လှန်ရေးသမားများက ပိုက်ကိုပြိုင်တူရေထဲ
သို့ဆွဲချလိုက်ကြသည်။
"အွန်း....ဖရူး...."
ဆာကူရာ ရေအောက်သို့မြုပ်သွားပြီး အတင်း
ရုန်းကန်၍ ရေမျက်နှာပြင်သို့ ပြန်တက်လာပြီး
မိုးညိုအား နာကျည်းစွာဖြင့် နောက်ဆုံးအကြိမ်
ကြည့်လိုက်ရင်း
" လုပ်ရက်လိုက်တာဟာ..."
" နင်သိပ်ရက်စက်တယ်မိုးညို...ငါ့ရဲ့အချစ်နဲ့
မေတ္တာကို နင်အသုံးချတယ်...နင်ကအတ္တသမား...
နင့်ကိုငါမုန်းတယ်...အမြဲတမ်းမုန်းနေမယ်...
ငါ့ရဲ့ပထမဆုံးဖြစ်ပေါ်ခဲ့တဲ့ အချစ်ကိုနင်ရက်ရက်
စက်စက် အသုံးချတယ်...နင်လည်း နင်ချစ်တဲ့သူ
နဲ့ သေကွဲကွဲပါစေ...."
"အား...အွန်း...ဖရူး..."
"အူး...အွန်း...ဖူး..."
တော်လှန်ရေးသမားများက ပိုက်ကွန်အစွန်း
များကို ပြိုင်တူရေအောက်သို့ ဆွဲချလိုက်ပြန်၏။
ဆာကူရာ အားကုန်ရုန်းကန်ပါသော်လည်း
အင်အားမမျှတော့သည်မို့ အရှုံးပေးလိုက်ရတော့
သည်။
အံပွား၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်
သော ရေက သူမအား လောကကြီးမှ အပြီးအပိုင်
ထွက်ခွာသွားအောင် ပြုလုပ်နိုင်ခဲ့ပြီဖြစ်သည်။
ခရမ်းရောင်ဝတ်စုံလေးဖြင့် ပိုက်ကွန်များအောက်
ရေပြင်ပေါ်၌ ညိမ်သက်နေပြီဖြစ်သော ဆာကူရာ
အား မိုးညို ရင်နာစွာကြည့်လိုက်မိသည်။
"ဆာကူရာ...ငါတောင်းပန်ပါတယ်...
ဒီအကြွေးကို နင်ပြန်လိုချင်ရင်...သံသရာမှာ
ငါစောင့်နေပါ့မယ်ဟာ...."