အပိုင်း ၃၀

13 1 0
                                    


ရင်ကွဲတစ္ဆေ

                          အပိုင်း(၃၀)

     ညအမှောင်က မပီမပြင်လင်းနေသော လခြမ်း
ငယ်အောက်၌ တိတ်ဆိတ်စွာရှိနေ၏။တောတွင်း
တစ်နေရာ၏ လျှို့ဝှက်တော်လှန်ရေးစခန်းလေးမှ
ကင်းစောင့်တပ်သားအချို့မှလွဲ၍ အခြားရဲဘော်များ
အိပ်စက်နေကြပြီဖြစ်သည်။

      စို့နင့်ကြေကွဲနေသော စိတ်တို့ဖြင့်မိုးညို
အိပ်မရသေးပါ။ ကွပ်ပစ်ပေါ်တွင် မှိုင်နေရင်း မကြာ
သေးမီက ဖြစ်ခဲ့သောအတိတ်မှ ဆာကူရာ၏
ဝမ်းနည်းကြေကွဲနေသော မျက်ဝန်းတစ်စုံ အချိန်
တိုင်းမြင်ယောင်နေမိသည်။ သူမ၏ကြေကွဲနာကျည်း
နေသော ပိုက်ကွန်များကာနေသောအကြည့်အား
မျိုးညို ဤဘဝ၌မည်သို့မျှမေ့နိုင်တော့မည်မဟုတ်
ပါ။

     ဆာကူရာ လက်ဆောင်ပေးခဲ့သော ဂျပန်ဓားတို
လေးကို မိုးညိုခါးခြားထိုးထားရာမှဖြုတ်ကြည့်နေမိ
သည်။ သူမ၏အငွေ့အသက်ပါစေရန် ဆာကူရာက
သူမ၏လက်ချောင်းကိုဓားဖြင့်လှီးခဲ့ပြီး ထိုဓားလက်
ကိုင်ပိတ်ကြိုးကို သွေးစွန်းစေခဲ့၏။
     ဆာကူရာ၏ သွေးစက်လေးစွန်းနေသော လက်
ကိုင်နေရာကို မိုးညိုခပ်ဖွဖွလေးပွတ်သပ်ရင်းပို၍
စိတ်မကောင်းဖြစ်လာမိသည်။

    " နင်ငါ့ကို အတွယ်တာဆုံးအခင်ဆုံးဖြစ်ခဲ့ပေမယ့်
ငါကတော့ နင့်ကိုတာဝန်ကြောင့်သစ္စာဖောက်ခဲ့
ရတယ်...ငါနင့်ရဲ့ နာကျည်းနေတဲ့မျက်လုံးတွေကို
အိပ်တိုင်း အိပ်မက်ဆိုးအဖြစ်မြင်နေရတုန်းပါပဲ..."

     သူ၏နံဘေးသို့ တစ်စုံတစ်ယောက်ရောက်လာပြီး
ထိုင်လိုက်သဖြင့် မိုးညိုလှည့်ကြည့်လိုက်မိသည်။
ယမင်းလည်းမိုးညိုကဲ့သို့ပင်အိပ်မရသဖြင့် အပြင်
ထွက်လာခဲ့ဟန်ရှိသည်။ ယမင်း၏ဖခင်ဆုံးပါးသွား
သည်မှာ ၁၀ ရက်ခန့်ပင်ရှိပြီဖြစ်သည်။ သူမလည်း
စိတ်မချစရာ မရှိတော့သည်မို့ ဤတော်လှန်ရေးစ
ခန်းသို့ ရဲမေအဖြစ်လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်
သည်။
     မိုးညိုလည်း သတင်းပေးလျှို့ဝှက်တော်လှန်ရေး
သမားအဖြစ်မှ လူအင်အားနည်းနေပြီဖြစ်သော ဗိုလ်
ယက္ခတို့နှင့် အပြီးတိုင်လာရောက်ပူးပေါင်းခြင်းဖြစ်
သည်။
     ချစ်သူ၂ဦးစလုံးအတူရှိနေသော်လည်းမပျော်နိုင်
ကြပါ။သောက အပူကိုယ်စီတို့ဖြင့် မှိုင်တွေနေမိ
ကြသည်။

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now