အခန်း ၅

79 6 0
                                    

အပိုင်း(၅)

         မနက်စောစောစီးစီး အဂ္ဂ၏သတင်းဆိုး
ကို ကြားလိုက်ရသဖြင့် နှင်းကဗျာမဲ့ပြုံးပြုံး
လိုက်မိသည်။
         အရက်သမား အဂ္ဂ မနက်၃နာရီခန့်က
ကားတိုက်ခံရကာ သေဆုံးသွားပြီဟူသောသ
တင်းကို ကြားလိုက်ရခြင်းဖြစ်၏။

          "မမ..."

          နောက်ဘက်မှ ခေါ်သံကြောင့် နှင်းကဗျာ
လှည်ကြည့်လိုက်သည်။ မိုးသက်က သူမအား
စိုက်ကြည့်နေရင်း

          "မမ...အရက်သမားအဂ္ဂက နှင်းဆီဖြူကို
သတ်တဲ့ သူမို့လို့ မမရဲ့ ငနက်ကြီးနဲ့ ရှင်းပစ်
လိုက်တာမို့လား..."

           "ဟင်..."

            နှင်းကဗျာ ဘေးဘီကိုကြည့်လိုက်ရင်း
တံခါးပိတ်လိုက်ကာ

           " မောင်လေးက ဘယ်လိုလုပ်သိတာ
တုန်း... "        

           " မနက်၃နာရီလောက်က အရက်သမား
အဂ္ဂ အိပ်ပျော်နေရာကနေ ရုတ်တရက်လန့်နိုး
လာပြီး ကြောက်လန့်တကြားအော်ပြီး ထွက်
ပြေးတယ်တဲ့... အဂ္ဂရဲ့ဦးလေးက ပြောတာ...
           နောက်တော့အဂ္ဂ တစ်ခုခုကိုကြောက်
လန့်ပြီးထွက်ပြေးနေတာကို မြင်တဲ့သူကမြင်
တယ်တဲ့...
           သူအော်နေတာက...ဘာကောင်ကြီးလဲ
မသိဘူး...ကျုပ်ကို လိုက်ကိုက်နေလို့ ကယ်ကြ
ပါဦးတဲ့....
           ခက်တာက သူပြောနေတဲ့ သူ့ကိုလိုက်
ကိုက်နေတဲ့ အကောင်ကြီးကို သူကလွဲပြီးဘယ်
သူမှ မမြင်ရတာကိုပဲ...
            နောက်တော့...အဆက်မပြတ်ပြေးနေ
ရင်း...လမ်းမပေါ်အရောက်မှာ အရှိန်နဲ့မောင်း
လာတဲ့ ကားတစ်စီးနဲ့တိုက်မိပြီးဆုံးသွားတာ
တဲ့....
           အဂ္ဂ အနောက်ကို လိုက်နေတဲ့ ဘယ်သူမှ
မမြင်ရတဲ့အကောင်ကြီးက မမရဲ့ ငနက်ကြီး မ
ဟုတ်လား...
            မမက...နှင်းဆီဖြူကို သတ်တဲ့သူကို
သတ်ချင်နေတာဆိုတော့..."

        "ဟုတ်တော့ရော ဘာဖြစ်လဲမောင်လေး...
မမ အခုလိုလုပ်တာ..တရားမျှတမှုကို ကိုယ့်နည်း
ကိုယ့်ဟန်နဲ့ အရယူတာပဲ...ဒီလိုလူမျိုးက သေ
သင့်တာပဲ မဟုတ်ဘူးလား...."

         " ဒါပေမယ့် မမရယ်....မမကိုကျွန်တော်
အဲ့လို ကြမ်းတမ်းခက်ထန်တဲ့ မိန်းမတစ်ယောက်
မဖြစ်စေချင်ဘူးဗျာ..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now