အပိုင်း ၂

48 5 0
                                    

ကယ်တင်ရှင် သေမင်း
အပိုင်း(၂)

       ကျွန်တော်တို့၃ယောက်စုမွန်အလောင်းရှိရာ
အခန်းသို့ပြန်လာခဲ့၏။ စုမွန်၏သက်မဲ့ခန္ဓာကို
မြင်လိုက်ရတိုင်း ဝမ်းနည်းကြေကွဲစိတ်က ပြင်းစွာ
ဖြစ်မိကြပြန်သည်။

      " လောကကြီးမှာ ဘယ်အရာမှအကြာကြီး
မဟုတ်ဘူးဆိုတာ မစုမွန်ကသက်သေပြသွားခဲ့
ပြန်ပြီ...စိတ်မကောင်းစရာပဲ..."

      ဒေဝီက ပြောလိုက်ရင်း အတွင်းသို့ဝင်လာ၏။
ကျွန်တော်တို့ ၃ ယောက်စလုံး ဒေဝီ့ကိုလှမ်းကြည့်
ရင်း ခေါင်းညိမ့်ပြလိုက်ကြသော်လည်း မပြုံးပြမိကြ
ပါ။အားလုံး စိတ်နှလုံးညိုးနွမ်းနေချိန်မဟုတ်ပါလား...

      ဒေဝီလည်း မေရန်ငြိမ်းဖုန်းဆက်ထားသဖြင့်
စုမွန်အလောင်းကို လာကြည့်ခြင်းဖြစ်သည်။သူမ
ညိမ်သက်နေသောစုမွန်အလောင်းကို စူးစူးစိုက်
စိုက်ကြည့်နေ၏။ ဒေဝီ့မျက်နှာတွင်လည်း စုမွန်အ
တွက် ယူကြုံးမရသော အငွေ့အသက်ကို တစ်စွန်း
တစ်စမြင်နေရ၏။
      ယခုတိုင် ရှိုက်ငိုနေဆဲဖြစ်သောအန်တီမြကို
ဒေဝီ နှစ်သိမ့်အားပေးနေရသေး၏။

     ခဏကြာမှ ဒေဝီစုမွန်အလောင်းအနီးတွင်ရပ်၍
စုမွန်၏ညာလက်ကို ညာဘက်ညိုးနှင့်လက်မကိုသာ
သုံးပြီး ခပ်ဖွဖွလေးကိုင်လိုက်ရင်း မျက်လုံးခဏမှိတ်
ထားလိုက်သည်ကို တွေ့ရ၏။
     ဒေဝီ လောကီပညာရပ်တစ်ခုကို အသုံးပြုနေမှန်း
ကျွန်တော်တို့ ရိပ်မိသဖြင့် အတက်နိုင်ဆုံး အသံ
မထွက်ဘဲ ခဏငြိမ်သက်၍နေပေးကြ၏။

      ၁၅ စက္ကန့်လောက်သာကြာသည် ဒေဝီ့ခန္ဓာ
ကိုယ်လေး ဆက်ကနဲ တစ်ချက်တုန်သွားပြီး သူမ
၏မျက်လွှာချထားသော မျက်လုံးလေးလည်းပြန်ပွင့်
လာ၏။

      စိတ်လောတက်သော ရှိုင်းနေက ဒေဝီ့ကို
မေးလိုက်၏။

     " ဒေဝီ...ဘာထူးခြားလို့လဲ..."

       ဒေဝီ ရှိုင်းနေကိုကြည့်လိုက်ရင်း

      "မစုမွန်ရဲ့ ခန္ဓာကိုယ်မှာ မှော်နက်မိစ္ဆာတွေရဲ့
အငွေ့အသက်တွေရှိနေတယ်... "

      မေရန်ငြိမ်းက

      "ဒါဆို...စုမွန်သေရတာ...ရိုးရိုးကားတိုက်ခံရတာ
မဟုတ်ဘူးပေါ့... အောက်လမ်းပညာနဲ့ လုပ်ကြံ
တာခံခဲ့ရတာလား..."

ဆရာဇာမဏီရေးသားသော ဂမ္ဘီရဆန်းကြယ်ပရလောက၀တ္ထုများပေါင်းချုပ်(ခွင့်ပြုချက်ရပြီး)Where stories live. Discover now