သိုင်းနတ်ဘုရားအသူရာ(ချူဖုန်း)...

By KazunoMora

39.5K 2.7K 26

Uni & Zawgyi အပိုင်း ၁ မှ ၁၇၇၀ More

ရှင်းလင်းချက်
1 - 5
6 - 10
11 - 15
16 - 20
21 - 25
26 - 30
31 - 35
36 - 40
41 - 45
46 - 50
51 - 55
56 - 60
61 - 65
66 - 70
71 - 75
76 - 80
81 - 85
86 - 90
91 - 95
96 - 100
101 - 105
106 - 110
111 - 115
116 - 120
121 - 125
126 - 130
131 - 135
136 - 140
141 - 145
146 - 150
151 - 155
156 - 160
161 - 165
166 - 170
176 - 180
181 - 185
186--190
191--200
201--210
211--220
221-230
231--240
241--250
251--260
261--270
271--280
281--290
291--300
301--310
311--320
321-330
331--340
341--350
351--360
361--370
371--380
381--390
391--400
401--410
411--420
421--430
431--440
441--450
451--460
461--470
471--480
481--490
491--500
501--510
511--520
521--530
531--540
541--550
551--560
561---570
571---580
581---590
591---600
601---610
611---620
621----630
631---640
641-----650
651----660
661----670
671-----680
681----690
691----700
701----710
711----720
721---730
731----740
741----750
751----760
761-----770
771----780
781-----790
791-----800
801-----810
811-----820
821----830
831-----840
841-----850
851----860
861----870
871-----880
881----890
891----900
901----910
911-----920
921----930
931-------940
941------950
951------960
961-----970
971-----980
981------990
991-------1000
1001-----1010
1011-------1020
1021------1030
1031------1034
1035
1036
1037
1038-------1050
1051-------1060
1061-----1070
1071--------1080
1081-------1090
1091-------1100
1101------1110
1111------1120
1121---------1130
1131------1140
1141------1150
1151-------1160
1161-------1170
1171------1180
1181-------1190
1191------1200
1201------1210
1211-------1220
1221-------1230
1231-----1240
1241-------1250
1251--------1260
1261------1270
1271------1280
1281--------1290
1291-------1300
1301------1310
1311-------1320
1321--------1330
1331------1340
1341------1350
1351---------1360
1361-------1370
1371-----1380
1381------1390
1391-------1400
1401-----1410
1411-----1420
1421------1430
1431------1440
1441-------1450
1451-------1460
1461-------1470
1471-------1480
1481------1490
1491-------1500
1501--------1510
1511------1520
1521------1530
1531--------1540
1541---------1550
1551--------1560
1561--------1570
1571------1580
1581--------1590
1591-------1600
1601------1610
1611------1620
1621---------1630
1631-------1640
1641-----1650
1651--------1660
1661-------1670
1671---------1680
1681-----------1690
1691---------1700
1701---------1710
1711-------1720
1721-------1730
1731----------1740
1741--------1750
1751--------1760
1761---------1770

171 - 175

266 25 0
By KazunoMora

''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၇၁) လွှမ်းမိုးခြယ်လှယ်နိုင်လွန်းတဲ့ဆရာ

ထိုအသံ ထွက်ပေါ်လာပြီး ဖိအားက အရာအားလုံးအပေါ် လွှမ်းခြုံလိုက်ချိန်၌ပင် လူရိပ်တစ်ခုက ချူဖုန်းရှေ့တွင် တစ္ဆေတစ်ကောင်အလား ရပ်လျက်ရှိနေပြီး ချူဖုန်းနှင့် စူးရို့တို့အား သူ့နောက်သို့ ပို့လိုက်သည်။

ထိုပုဂ္ဂိုလ်မှာ ပခုံးထက်တွင် အဖြူရောင်ဝတ်ရုံတစ်ထည်နှင့် ရှိနေပြီး ၎င်းက သူ့မျက်နှာကိုလည်း ဖုံးကွယ်ထားလေသည်။ ထိုပုဂ္ဂိုလ်ကား မိုးပြာနဂါးကျောင်းအနေနှင့် အလွန့်အလွန် မြင့်မားသော တန်ဖိုးတစ်ခုဖြင့် ဖိတ်ကြားထားရသည့် ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူဖြစ်ပြီး မိုးပြာနဂါးကျောင်းအတွင်း၌ နံပါတ်နှစ် သိုင်းထိပ်သီးဘွဲ့ကို ပိုင်ဆိုင်ထားသူလည်းဖြစ်သည့် ကျူးကော်လျှို့ယွင်ပင် ဖြစ်ပေတော့သည်။

''ဒါက... ဒါ အကြီးအကဲကျူးကော်ပဲ... ဘာတွေဖြစ်နေတာလဲ... အကြီးအကဲကျူးကော်က ချူဖုန်းကို ဘာကြောင့် ကာကွယ်ပေးနေရတာလဲ... သူတို့နှစ်ယောက်ကြားမှာ ပတ်သက်မှုတချို့ ရှိနေလို့လား...''
အကယ်၍ အကြီးအကဲလီ ထွက်ပေါ်လာမှုမှာ မျှော်လင့်ထားမိသည့် ဖြစ်ရပ်တစ်ခု ဖြစ်နေသေးလျှင်ပင် ကျူးကော်လျှို့ယွင်မှာမူ အသေအချာ မျှော်လင့်မထားမိသည့် အဖြစ်ပင်တည်း။ သူ ထွက်ပေါ်လာမှုက လူတိုင်းအား အံ့သြထိတ်လန့်သွားစေသည်ဟု ဆိုနိုင်ပေသည်။

သိရှိရန်မှာ မိုးပြာနဂါးကျောင်းအတွင်း၌ လူတိုင်းအဖို့ အကြောက်ရွံ့ရဆုံးပုဂ္ဂိုလ်မှာ မိုးပြာနဂါးကျောင်းအုပ်ကြီး မဟုတ်သကဲ့သို့ ကာကွယ်သူခြောက်ဦးလည်း မဟုတ်သလို ကျုံးလီရိဟူလည်း မဟုတ်ပါချေ။ ၎င်းပုဂ္ဂိုလ်ကား ထိုခဏ၌ ချူဖုန်းရှေ့မှောက်တွင် ရပ်နေသည့် အကြီးအကဲ ကျူးကော်လျှို့ယွင်ပင် ဖြစ်လေတော့၏။

သို့သော် ကျန်သူများ၏ စိတ်ရှုပ်ထွေးမှုနှင့် နှိုင်းစာလျှင် စူးရို့က ပျော်ရွှင်သွားမိလေသည်။ ကျူးကော်လျှို့ယွင်က ချူဖုန်းအား သူ့တပည့်အဖြစ် လက်ခံခဲ့သည်ကို သူမကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသောကြောင့် ထိုအဘိုးအိုမှာ ချူဖုန်းအတွက်ဆိုလျှင် သူ့နောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါခဲ့သော လန်ဝူးဆွေကိုပင် သတ်ဖြတ်ခဲ့သည်ကိုလည်း သူမ သိရှိထားသည် မဟုတ်ပါလော။ ထိုအခိုက်အတန့်၌ သူ ထွက်ပေါ်လာပြီဖြစ်၍ ချူဖုန်းအား မည်သူတစ်ဦးကမျှ ထပ်မံထိပါးနိုင်မည် မဟုတ်တော့ပေ။

သူမ၏ စိတ်ခံစားချက်များက လှုံ့ဆော်လာသည့်အလျောက် စူးရို့မှာ သူမအကြည့်ကို ချူဖုန်းထံသို့ တိတ်တဆိတ် ရွှေ့လိုက်မိသည်။ ချူဖုန်းက တည်ငြိမ်နေလျက်ရှိပြီး ထူးခြားဟန်မရှိသည်ကို သူမ တွေ့ရှိလိုက်ရသည်။ သူ့မျက်နှာထက်တွင်လည်း ပျော်ရွှင်မှုချိတ်ဆွဲလျက် ရှိနေသော်ငြားလည်း အရာအားလုံးမှာ သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာနေသကဲ့သို့ အံ့အားသင့်သည့် အမူအရာဟူ၍ များများစားစား မရှိပါချေ။

သူမ ထိုသို့မြင်မိလျှင် စူးရို့မှာ သူမနှုတ်ခမ်းများကို စုလျက် စိတ်တွင်း၌ တိတ်တိတ်ပြောလိုက်မိသည်။
''ဒီလူကတော့... သူက ဒီလောက်ရဲတင်းတဲ့ ကိစ္စတွေကို လုပ်ရဲခဲ့တာ အံ့သြစရာမရှိဘူးပဲ... ကျူးကော်လျှို့ယွင်က သူ့ကို ကူညီလိမ့်မယ်ဆိုတာ သူ ကြိုသိနေပြီးသားကိုး...''

''ကျူးကော်လျှို့ယွင်... ကျုပ်က ပုဂ္ဂိုလ်ရေးရန်ငြိုး နည်းနည်းလောက် ဖြေရှင်းချင်ရုံပါ... ခင်ဗျားက ဘာကြောင့်များ ကျုပ် အခက်တွေ့အောင် လုပ်ချင်ရတာလဲ...''
ကျုံးလီရိဟူက တင်းကျပ်စွာ မျက်မှောင်ကြုတ်လိုက်မိသော်လည်း သူ၏လေသံမှာမူ ပျော့ပျောင်းသွားလေတော့သည်။ သူသည်လည်း ကျူးကော်လျှို့ယွင်အား ကြောက်ရွံ့သည်ကို မြင်နိုင်ပေသည်။

''ပုဂ္ဂိုလ်ရေးရန်ငြိုး ဟုတ်လား... ဘယ်လို ပုဂ္ဂိုလ်ရေးရန်ငြိုးလဲ...''
ကျူးကော်လျှို့ယွင်က ထူးမခြားနားဟန်ဖြင့် မေးလိုက်၏။

''ဒီချာတိတ်က ကျုပ်တပည့်ကို သတ်ခဲ့တယ်... သူ့ရဲ့ဆရာအနေနဲ့ ကျုပ်တပည့်အတွက် လက်စားချေရမယ်လေ... ဒါက ရန်ငြိုးတစ်ခု ဟုတ်ရဲ့လား...''
ကျုံးလီရိဟူက မေးခွန်းတစ်ခုနှင့်အတူ တုံ့ပြန်လိုက်သည်။

''အင်း... ဒါက တကယ်ကို ရန်ငြိုးတစ်ခုပါပဲ... ဒါပေမဲ့ အခြေအနေက ဒီလိုတွေ ဖြစ်လာမှတော့ ကျုပ်အနေနဲ့ ဒီအရေးမှာ ပိုပြီးတော့တောင် စွက်ဖက်ရဦးမယ့် အဓိပ္ပာယ်ပဲလေ...''
ကျူးကော်လျှို့ယွင်က ပြုံးလိုက်၏။

''ခင်ဗျားက ဘာကို ဆိုလိုတာလဲ...''
ထိုစကားများ ထွက်ပေါ်လာချိန်တွင် ကျုံးလီရိဟူက အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားရုံသာမကဘဲ မျက်မှောက်မြင်ကွင်းရှိ လူတိုင်းနီးပါးမှာ ခေါင်းရှုပ်သွားကြလေတော့သည်။ သူတို့က ချူဖုန်းနှင့် ကျူးကော်လျှို့ယွင်တို့၏ ဆက်ဆံရေးကို နက်နက်ရှိုင်းရှိုင်း မှန်းဆနေမိကြသည်။

''ခင်ဗျားက ခင်ဗျားတပည့်အတွက် လက်စားချေဖို့ ချူဖုန်းကို သတ်ချင်တယ်ပေါ့... သူရဲ့ ဆရာအနေနဲ့ ဒါက လုံးဝ ကျိုးကြောင်းဆီလျော်ပါတယ်...''

''ဒါပေမဲ့လည်း ချူဖုန်းက ကျုပ်ရဲ့ တပည့်ရင်းပဲလေ... သူ့ရဲ့ဆရာအနေနဲ့ ကျုပ်က ကျုပ်တပည့်ကို ကာကွယ်တာပဲ... ဒါလည်း ကျိုးကြောင်းဆီလျော်တယ် မဟုတ်လား...''
ကျူးကော်လျှို့ယွင်က သူ့လက်များကို ဖြန့်လျက် ထိုစကားများကို အလွန်ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်လေသည်။

သူ၏ ပေါ့ပါးဟန်ရှိသော စကားများမှာ နွေခေါင်ခေါင်တွင် မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။ ချက်ချင်းဆိုသလို လူအုပ်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားလေတော့၏။

''ဘာရယ်... ချူဖုန်းက ကျူးကော်လျှို့ယွင်ရဲ့ တပည့်ဆိုပဲ... ဘာတွေ ဖြစ်ကုန်တာလဲ...''

''ဒါက တကယ် မဟုတ်ဘူး မဟုတ်လား... ငါ နားကြားမှားတာလား... လန်ဝူးဆွေက ကျူးကော်လျှို့ယွင်နောက်ကို ဒီလောက်ကြာအောင် လိုက်ခဲ့တာတောင် သူက လန်ဝူးဆွေကို သူ့တပည့်အဖြစ် တရားဝင်လက်မခံခဲ့ဘူး... ဒီချူဖုန်းက ဘယ်အချိန်ကများ သူ့တပည့် ဖြစ်လာတာတဲ့လဲ... သူက ချူဖုန်းရဲ့ ဘယ်အချက်ကို သဘောကျသွားတာလဲ...''

''ဒါက ချူဖုန်းရဲ့ သိုင်းကျင့်ကြံမှု ပါရမီကြောင့်များလား... ဒါဆို ချူဖုန်းမှာလည်း စိတ်ဝိညာဉ်စွမ်းအား ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ... ပြီးတော့ ကျူးကော်လျှို့ယွင်က သူ့ကို ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ယောက်ဖြစ်အောင် မြေတောင်မြှောက်ပေးဖို့ ရည်ရွယ်ထားတာပေါ့...''
လူအုပ်ကား လုံးဝ ဆူညံပေါက်ကွဲလျက်ရှိပြီး သူတို့က ထိုအရေးနှင့် ပတ်သက်၍ အမျိုးစုံသော မှန်းဆချက်များကို ပြုလုပ်နေကြလေသည်။ ၎င်းမှာ ရုတ်ခြည်း ဖြစ်ပျက်သွားခြင်းဖြစ်၍ မျက်မှောက်မြင်ကွင်းရှိ လူအများမှာ လုံးဝ ပြင်ဆင်ထားမှုမရှိခဲ့ကြပေ။ ထိုအဖြစ်က သူတို့၏ မရင့်သန်သည့်ဉာဏ်ရည်အား ထိုးနှက်နေပြီး ထိုခဏ၌ မည်သို့ဖြစ်ပျက်နေသည်ကို သူတို့ လိုက်မမီတော့ပါချေ။

''ကျူးကော်လျှို့ယွင်... ဒါက ဘယ်လို ဟာသမျိုးလဲ... ဒီကောင်လေးက ခင်ဗျားရဲ့တပည့်လို့ ပြောနေတာလား...''
ကျုံးလီရိဟူမှာလည်း မျက်နှာတစ်ခုလုံးထက်တွင် အံ့သြတုန်လှုပ်မှုအပြည့် ရေးထိုးထားလျက် ရှိနေပြီး သူပင်လျှင် ထိုအဖြစ်အပေါ် ယုံကြည်နိုင်ခြင်းမရှိပေ။

အကယ်၍ သူ့အား ထူးဆန်းသည်ဟု ဆိုခဲ့လျှင် ကျူးကော်လျှို့ယွင်မှာ သူ့ထက်ပင် ပိုမိုထူးဆန်းပေသည်။ အကယ်၍ သူ့ထံတွင် တပည့်အဖြစ် လက်ခံရန်အတွက် တင်းကျပ်သော တောင်းဆိုချက်များ ရှိနေသည်ဆိုပါက ကျူးကော်လျှို့ယွင်တွင် သူ့ထက်ပင် ပိုမိုတင်းကျပ်သော တောင်းဆိုချက်များ ရှိနေသည်သာဖြစ်၏။ ကျူးကော်လျှို့ယွင်အဖို့ တစ်သက်တာလုံးတွင် တပည့်တစ်ဦးပင် လက်ခံတော့မည်မဟုတ်ဟု သူ တွေးထင်မိခဲ့သေးသည် မဟုတ်ပါလော။ သူက အဘယ်အတွက် တပည့်တစ်ဦးကို ရုတ်တရက် လက်ခံလိုက်ရသနည်း။ ထိုတပည့်မှာ အဘယ်ကြောင့် ချူဖုန်းပင် ဖြစ်နေရသနည်း။

''ဘာလဲ... ဒီကိစ္စကို ကျုပ်ပြောတာ မရှင်းဘူးလား...''
ကျူးကော်လျှို့ယွင်က ပြုံးလိုက်ပြီးနောက် ပြောလိုက်လေသည်။
''ကောင်းပြီလေ... ကျုပ် နောက်တစ်ခေါက် ထပ်ပြောမယ်...''

''ဒီနေရာမှာရှိတဲ့ လူတွေအားလုံး နားထောင်ကြပါ... ချူဖုန်းက ကျုပ်ရဲ့ တစ်ဦးတည်းသောတပည့်ပဲ... တကယ်လို့ တစ်ယောက်ယောက်က သူ့ရဲ့ လက်ချောင်းလေးတွေကို ထိရဲတယ်ဆိုရင်တောင် အဲဒီလူက ကျူးကော်လျှို့ယွင်ဆိုတဲ့ ကျုပ်ကို ရန်သူတစ်ယောက်အဖြစ် သတ်မှတ်လိုက်တာပဲ... အဲဒီလူက ဘယ်သူပဲ ဖြစ်နေပါစေ ကျုပ်က ခြွင်းချက်မရှိ သတ်ရလိမ့်မယ်...''
ကျူးကော်လျှို့ယွင်၏ လေသံမှာ ထူထဲ၍ အလွန်တရာ စွမ်းအားပြည့်ဝသော ဖောက်ထွင်းနိုင်စွမ်းကို ပိုင်ဆိုင်ထားပေသည်။ လူပင်လယ်ကြီးကို ဖြတ်သန်းထိုးဖောက်သွားပြီးနောက်တွင် ၎င်းက အသေအရှင်စင်မြင့်ပတ်လည်၌ ခေါင်းလောင်းသံကဲ့သို့ ပဲ့တင်ထပ်နေလေသည်။ ၎င်းကို ကြားလိုက်ရသူတိုင်းမှာ အသက်ရှူမှားသွားကြသည်။

ထိုအခိုက်အတန့်၌ လူအများအပြားမှာ နှုတ်ဆိတ်သွားကြသည်။ သို့သော်ငြားလည်း သူတို့၏ ရင်ထဲတွင် အဖြေတစ်ခု ရှိနေပြီဖြစ်၏။ ချူဖုန်းအနေနှင့် အဘယ်ကြောင့် ကုံးလုယွင်အား စိန်ခေါ်ဝံ့သည်၊ သူက အဘယ်ကြောင့် အတွင်းဆောင်တပည့်များ၏ ကျင့်ကြံမှုကို ဖျက်ဆီးဝံ့သည်၊ သူက အဘယ်ကြောင့် ဝူကျိုးအား သတ်ဖြတ်ဝံ့သည် စသည်တို့ကို နောက်ဆုံး၌ သူတို့ သိရှိလိုက်ကြပြီဖြစ်သည်။ အကြောင်းကား သူက ကျူးကော်လျှို့ယွင်ကဲ့သို့ အတော် အထင်ကြီးလေးစားဖွယ်ကောင်းသည့် ဆရာတစ်ဦးကို ပိုင်ဆိုင်ထား၍ပင်တည်း။

''ကျုံးလီရိဟူ... ခင်ဗျားက အခုထိ ကျုပ်တပည့်ကို တိုက်ခိုက်ချင်နေသေးသလား...''
ကျူးကော်လျှို့ယွင်က အမှုမထားဟန်ဖြင့် ပြောလိုက်သည်။

''ဟွန်း...''
ကျုံးလီရိဟူ၏ အသားအရေမှာ ညိုပုပ်သွားပြီး သူ့မျက်နှာသွင်ပြင်မှာ ရှုံ့မဲ့နေတော့၏။ သူက အရုပ်ဆိုးလွန်းမက အရုပ်ဆိုးစွာဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အသေအရှင်စင်မြင့်ပေါ်မှ ဆင်းသွားရန် ဟန်ပြင်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူက ဝူကျိုးအတွက်နှင့် ကျူးကော်လျှို့ယွင်အား တိုက်ခိုက်လိမ့်မည် မဟုတ်သောကြောင့်ပင်။

''ရပ်လိုက်...''
သို့သော် ကျုံးလီရိဟူ အဝေးသို့ လျှောက်လှမ်းမသွားရသေးမီတွင် စိတ်ဝိညာဉ်စည်းတစ်ခုက အသေအရှင်စင်မြင့်တစ်ခုလုံးကို ပိတ်ဆို့လိုက်ပြီး ကျုံးလီရိဟူအား အတွင်း၌ အတင်းအကျပ် ပိတ်လှောင်ထားလိုက်လေသည်။

''ကျူးကော်လျှို့ယွင်... ခင်ဗျား ဘာလုပ်ချင်တာလဲ...''
ကျုံးလီရိဟူမှာ အနည်းငယ် ထိတ်လန့်သွားလျက်မှ တုံ့ပြန်လိုက်၏။ သူ အလျှော့ပေးခဲ့ပြီးသည့်နောက်တွင်ပင် ထိုအဘိုးကြီးက သူ့အား အလွတ်မပေးလိုသေးဘဲ ရှိလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။

''ကျုပ်က ခင်ဗျားကို မေးခွန်းတစ်ခု မေးထားသေးတယ်... ခင်ဗျား အဲဒါကို မကြားလို့လား...''
ကျူးကော်လျှို့ယွင်လည်း မကျေမနပ်ဖြစ်သွားပြီး သူ၏လေသံမှာ ရှင်းလင်းစွာ အေးစက်လာလေတော့သည်။

''ခင်ဗျားက ကျုပ်ကို ဘာလုပ်စေချင်တာလဲ...''
ကျုံးလီရိဟူမှာ အမှန်ပင် ချောက်ချားသွားမိသည်။ မိုးပြာနဂါးကျောင်းအတွင်း၌ သူ့အဖို့ ကောင်းကင်နှင့်မြေပြင်ကိုပင် ကြောက်ရွံ့မှုမရှိဟု ဆိုနိုင်သော်လည်း သူက တစ်ဦးတည်းသော ပုဂ္ဂိုလ်ကိုသာ ကြောက်ရွံ့မိပြီး ထိုပုဂ္ဂိုလ်ကား ကျူးကော်လျှို့ယွင်ပင်ဖြစ်၏။ လုပ်ပုံကိုင်ပုံ နည်းလမ်းများအရဖြစ်စေ၊ ကျင့်ကြံမှုအရဖြစ်စေ သူက ကျူးကော်လျှို့ယွင်ထက် များစွာနိမ့်ကျနေသည် မဟုတ်ပါလော။

''တကယ်လို့ ခင်ဗျား သဘောမပေါက်ဘူးဆိုရင် ကျုပ်က သတိပေးရမှာပေါ့... ချူဖုန်းကို ဒုက္ခပေးမယ့် ဘယ်အတွေးမဆို စွန့်လွှတ်လိုက်ပါ... တကယ်လို့ ချူဖုန်းသာ ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ခဲ့ရင် ကျုပ် အရင်ဆုံးလာရှာမယ့်လူက ခင်ဗျားပဲ... အဲဒီအချိန်ကျရင် ခင်ဗျားကို ဘယ်သူမှ ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး...''
ကျူးကော်လျှို့ယွင်က ထိုစကားများကို အလွန့်အလွန် ကျယ်လောင်စွာဖြင့် ပြောလိုက်ခြင်းဖြစ်ပြီး သူက ကျုံးလီရိဟူ မည်သို့ခံစားနေရမည်ကို ဂရုမစိုက်ပါချေ။

ထိုမြင်ကွင်းကို သူတို့ မြင်တွေ့လိုက်ရချိန်တွင် လူတိုင်းမှာ လေနုအေးတစ်ချက်စီ မရှိုက်သွင်းဘဲ မနေနိုင်ကြတော့ပေ။ မိုးပြာနဂါးကျောင်းအတွင်း၌ ကျုံးလီရိဟူအား ထိုသို့ပြောဆိုဝံ့သူဟူ၍ ကျူးကော်လျှို့ယွင် တစ်ဦးတည်းသာ ရှိပေလိမ့်မည်။

''ကောင်းပြီ... နောင်အနာဂါတ်မှာ ကျုပ်အနေနဲ့ ချူဖုန်းကို မထိဘူးဆိုတာ ကျုပ်ကတိပေးတယ်...''
မျှော်လင့်မထားသည့်အဖြစ်ကား ကျူးကော်လျှို့ယွင်နှင့် ရင်ဆိုင်နေရလျှင် ကျုံးလီရိဟူမှာ ငြင်းဆိုခြင်းမပြုနိုင်ဘဲ လူအုပ်ရှေ့မှောက်၌ ခက်ခဲသည့်အခြေအနေတစ်ခုနှင့် ကြုံနေရချိန်တွင်ပင် သူက အလျှော့ပေးလိုက်ခြင်းဖြစ်သည်။

ကျုံးလီရိဟူ၏ စိတ်နှလုံးသားအတွင်းပိုင်း၌ သူက ကျူးကော်လျှို့ယွင်၏ ခြောက်လှန့်မှုအား လုံးလုံးလျားလျား ခံနေရသည့်အဖြစ်ကို လူအများမှ မည်သို့သိရှိနိုင်ပေမည်နည်း။ ကျူးကော်လျှို့ယွင်၏ ရက်စက်သည့် နည်းလမ်းများကို မြင်တွေ့ဖူးသူများသာလျှင် ထိုအဖြစ်ကို နားလည်နိုင်ပေလိမ့်မည်။ ထိုခြောက်လှန့်မှု၏ ရှေ့မှောက်တွင် မျက်နှာပျက်ရခြင်းကား အဘယ်အရေးနည်း။ ၎င်းမှာ ကြေးတစ်ပြားမျှပင် အဖိုးမတန်တော့ပါချေ။

''ဟိုး... ဒီလိုမွေပါ့...''
ကျူးကော်လျှို့ယွင်က သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် ပြုံးလိုက်ပြီး အသေအရှင်စင်မြင့်ကို လွှမ်းခြုံထားသည့် စိတ်ဝိညာဉ်စည်းမှာလည်း သူ၏ ရယ်သံနှင့်အတူ ပျောက်ကွယ်သွားလေတော့သည်။

ကျုံးလီရိဟူကား မျက်နှာပြစရာ မရှိတော့သည့်အလျောက် သူက ထိုနေရာတွင် ဆက်မနေတော့ပါချေ။ သူက ပျံသန်းသကဲ့သို့ အမြန်နှုန်းဖြင့် ရှေ့သို့ခုန်လွှားသွားပြီး အသေအရှင်စင်မြင့်မှ ထွက်ခွာသွားပြီးနောက် လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။

ထို့နောက်တွင် ကျူးကော်လျှို့ယွင်က သူ၏အကြည့်ကို စင်မြင့်ပတ်ဝန်းကျင်ရှိ လူအုပ်ထံသို့ သိမ်းကျုံးကြည့်လိုက်သည်။ နောက်ဆုံး၌ သူ၏အကြည့်က အတွင်းဆောင် စည်းကမ်းထိန်းသိမ်းရေးဌာန၏ အုပ်ချုပ်သူ လျှိုချန်အန်းထံတွင် ရပ်တန့်သွားလေသည်။

ထိုအခိုက်အတန့်၌ လျှိုချန်အန်း၏မျက်နှာမှာ အကြီးအကျယ် ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်က တုန်ယင်လာလေတော့သည်။ သူ၏နှလုံးသားမှာ တဒိတ်ဒိတ်ခုန်နေပြီး ဇောချွေးအမြောက်အမြားလည်း သူ၏နဖူးထက်မှ စတင်စီးကျလာနေလေသည်။ ချူဖုန်း၏ နောက်ကွယ်တွင် ကျူးကော်လျှို့ယွင် ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားမိခဲ့ပေ။ ထိုပုဂ္ဂိုလ်ကား မိုးပြာနဂါးကျောင်းတစ်ခုလုံးမှ ကြောက်ရွံ့ရသည့် ဖြစ်တည်မှုတစ်ခုပင် မဟုတ်ပါလော။

သူက အမှန်ပင် ချောက်ချားလွန်းနေသောကြောင့် သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေလျက်ရှိ၏။ သို့သော်ငြားလည်း ကျူးကော်လျှို့ယွင် ပြောလိုက်သည့်နောက်တွင်မှသာ ကပ်ဘေးတစ်ခုက သူ့ထံ ဦးတည်လာနေပြီဖြစ်သည်ကို သူ သိရှိလိုက်ရလေတော့သည်။
''ဒီတော့ ငါ့တပည့်ကို အပြစ်ပေးချင်နေတာ မင်းပဲပေါ့...''

                  - - - - - - - - - -
                   * * * * * * *

အခန်း(၁၇၂) ဆက်ရန်...''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၇၂) ရှင်းလင်းတဲ့ဆုနဲ့ ပြတ်သားတဲ့ပြစ်ဒဏ်

''ကျွန်တော်... ကျွန်တော်...''
ကျူးကော်လျှို့ယွင်၏ စစ်မေးမှုနှင့် ရင်ဆိုင်လိုက်ရချိန်တွင် လျှိုချန်အန်း၏ မေးရိုးများမှာ တဆတ်ဆတ်တုန်ခါနေပြီး အာစေးမိနေသကဲ့သို့ ဖြစ်နေလေသည်။ သူက ပြည့်စုံသောဝါကျတစ်ခုကိုပင် မပြောနိုင်တော့ပါချေ။

''ဝှစ်...''
ရုတ်တရက် အသေအရှင်စင်မြင့်ထက်တွင် ရှိနေသည့် ကျူးကော်လျှို့ယွင်က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။ ဝုန်းခနဲအသံတစ်ခုနှင့်အတူ မီတာရာချီဝေးသည့်နေရာမှ လျှိုချန်အန်းမှာ နောက်သို့ လွင့်ထွက်သွားလေတော့သည်။

မြေပြင်ပေါ်သို့ သူ ကျရောက်သွားချိန်တွင် သူ၏နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများထွက်လာလေသည်။ သူ၏မျက်နှာက ရောင်ကိုင်းလာပြီး နက်ရှိုင်းစွာ စွဲထင်နေသည့် သွေးနီရောင် လက်ဝါးရာတစ်ခုပင် ရှိနေသည်။

''အကြီးအကဲကျူးကော်... သက်ညှာပေးပါခင်ဗျာ... အကြီးအကဲကျူးကော်... သက်ညှာပေးပါ... ကျွန်တော့်မှာ မျက်လုံးရှိလျက်နဲ့ ထိုင်းတောင်ကြီးကို မမြင်ခဲ့တာပါ... ပြီးတော့ ချူဖုန်းက အကြီးအကဲရဲ့ တပည့်ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး... တကယ်လို့ ကျွန်တော်သိခဲ့ရင် ကျွန်တော် သတ္တိဘယ်လောက်ရှိရှိ ဒီလိုမပြုမူဝံ့ပါဘူး...''
လေထုကို ဖြတ်သန်း၍ အရိုက်ခံလိုက်ရပြီးနောက်တွင် လျှိုချန်အန်းမှာ မြေပြင်ပေါ်သို့ အလျင်အမြန် ဒူးထောက်လိုက်ပြီး လူအုပ်၏အကြည့်များ မည်သို့ရှိသည်ကို ဂရုမစိုက်တော့ပါချေ။ သူက သူ၏လက်များကိုဆုပ်လျက် စင်မြင့်ထက်ရှိ ကျူးကော်လျှို့ယွင်ထံသို့ အဆက်မပြတ် ဦးညွှတ်နေပြီး သူ့အသက်အား ချမ်းသာပေးရန် ကျယ်လောင်စွာ တောင်းပန်နေလေသည်။

ထိုမြင်ကွင်းထံ သူတို့ လှမ်းကြည့်မိသည့်အလျောက် မည်သူတစ်ဦးကမျှ လျှိုချန်အန်း သိက္ခာမဲ့သည်ဟု မခံစားမိပါချေ။ ထိုအစား ၎င်းမှာ လုံးဝကျိုးကြောင်းဆီလျော်သည်ဟု သူတို့ ခံစားမိကြသည်။ ကျူးကော်လျှို့ယွင်နှင့် ရင်ဆိုင်ရာတွင် သူပြောသည့်အတိုင်း လိုက်မလုပ်ဘဲ မည်သူက နေဝံ့မည်နည်း။ ကျုံးလီရိဟူပင်လျှင် မငြင်းပယ်ဝံ့သည့်နောက်တွင် အတွင်းဆောင် အကြီးအကဲတစ်ဦးအဖို့ ဆိုဖွယ်ရာမရှိတော့ပေ။

''ချူဖုန်းအပေါ် တစ်ခုခုမကျေနပ်တာရှိတဲ့သူ တစ်ယောက်ယောက်များ ကျန်နေသေးလား...''
ကျူးကော်လျှို့ယွင်က သူ၏ ရေခဲတမျှ အေးစက်သောအကြည့်ဖြင့် သူ့ပတ်ဝန်းကျင်သို့ သိမ်းကျုံးကြည့်လိုက်သည်။ သူ့ထံမှ အေးစက်တောက်ပမှုက နေရာအနှံ့သို့ ဖြန့်ထွက်သွားပြီး သူ၏ လွှမ်းမိုးခြယ်လှယ်နိုင်လှသည့် အသွင်အပြင်ကို လှစ်ဟလျက်ရှိသည်။

ထိုအခိုက်အတန့်၌ မည်သူက ဝင်ပြောဝံ့မည်နည်း။ သူတို့အနေနှင့် ချူဖုန်းအပေါ် မကျေနပ်မှုများ ရှိနေသည်ဖြစ်စေ သို့တည်းမဟုတ် သူ့အပေါ် သဘောမကျသည်ဖြစ်စေ၊ လူတိုင်းက ရေငုံနှုတ်ပိတ်နေကြပြီး မရည်ရွယ်ဘဲ နောက်သို့တစ်လှမ်းစီ ဆုတ်လိုက်မိကြသည်။ သူတို့က ချူဖုန်းအပေါ် မကျေနပ်မှုများ ထားရှိရန်မဝံ့သလို ကျူးကော်လျှို့ယွင်၏ တပည့်အပေါ် အန္တရာယ်ပေးရန် မတွေးဝံ့ကြသည့်အလားပင် ဖြစ်ပေသည်။

ထိုမြင်ကွင်းထံ လှမ်းကြည့်ရင်းမှ ကျူးကော်လျှို့ယွင်မှာ ကျေနပ်မှုဖြင့် ခေါင်းတစ်ညိမ့်ညိမ့်ရှိနေပြီးနောက် စူးရို့နံဘေးသို့ လျှောက်လာပြီး ပြောလိုက်လေသည်။
''စူးရို့... မင်းအနေနဲ့ အစောပိုင်းတုန်းက ကျုပ်တပည့်အပေါ် ကာကွယ်ပေးပြီး တကယ်ကို ကောင်းကောင်းအကျိုးဆောင်ခဲ့တာပဲ... မင်းကို ဒါလေးနဲ့ ဆုချလိုက်မယ်...''

တောက်ပသောအလင်းက ကျူးကော်လျှို့ယွင်၏ခါးပေါ်တွင် တလက်လက်ဖြာထွက်နေပြီး သူ့လက်ဖဝါးအတွင်း၌ အစိမ်းရင့်ရင့် ဆေးပင်တစ်ပင်ရှိနေသည်။ ထိုဆေးပင်မှာ လှပလွန်းလှ၏။ ၎င်းမှာ တောက်ပကြည်လင်နေပြီး ၎င်း၏ပတ်ပတ်လည်တွင် အလင်းက လှည့်ပတ်နေသည်။ ၎င်းမှာ ရတနာတစ်ခုကဲ့သို့ တောက်ပနေပြီး အရေးအကြီးဆုံးအချက်ကား ၎င်းတွင်ပါဝင်နေသည့် စွမ်းအားက အလွန်တရာ ကြီးမားနေခြင်းဖြစ်ပေသည်။ ပတ်ဝန်းကျင်ရှိ လေထုသည်ပင် ဖြည်းညင်းစွာ ဘေးဘယ်ညာလှုပ်ရှားလျက်ရှိပြီး တုန်ခါနေသည့်အလားဖြစ်နေ၏။ အကြောင်းမူ ဆေးပင်တွင် ပါဝင်နေသည်မှာ နက်နဲစွမ်းအားဖြစ်နေသောကြောင့်ပင်။

''နက်နဲဆေးပင်...''
လူတိုင်းမှာ အကြီးအကျယ် အံ့သြတုန်လှုပ်သွားကြသည်။ အမာခံအကြီးအကဲများပင် အထင်ကြီးလေးစားသည့် အမူအရာများကို ဖော်ပြနေကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာမှာ နက်နဲဆေးပင်တစ်ပင် ဖြစ်နေ၍ပင်တည်း။ ၎င်းက အရည်အသွေးမြင့် နက်နဲဆေးပင်တစ်ပင် ဖြစ်နေသည့်အပြင် ၎င်း၏စျေးနှုန်းမှာလည်း အလွန့်အလွန် မြင့်မားလေသည်။ ထိုဆေးပင်မှာ စျေးကြီးသည့်အပြင် ရှားလည်းရှားပါးသည်ဟု ဆိုနိုင်ပေသည်။ ၎င်းမှာ အလွယ်တကူ ရှာမတွေ့နိုင်သော ရတနာဖြစ်ပြီး တစ်ဦးတစ်ယောက်အနေနှင့် ၎င်းကို ကံတရား၏ ဖေးမမှုဖြင့်သာ တွေ့ရှိနိုင်ပေမည်။ ထိုဆေးပင်တွင် နက်နဲနယ်ပယ်ရှိ လူအများအတွက် အဆုံးမရှိအောင် ကြီးမားသော အကျိုးသက်ရောက်မှုများ ပိုင်ဆိုင်ထားလေသည်။

''အကြီးအကဲကျူးကော်ကို ကျေးဇူးတင်ပါတယ်...''
နက်နဲဆေးပင်ကို မြင်တွေ့လိုက်ရချိန်တွင် စူးရို့၏ မျက်လုံးများသည်ပင် ဝင်းလက်သွား၏။ သူမ၏ အကြွင်းမဲ့ အလှမျက်နှာထက်တွင် တောက်ပသော ပျော်ရွှင်မှုတို့ဖြင့် ပြည့်လျှမ်းနေလေတော့သည်။ သူမက နက်နဲဆေးပင်ကို သူမ၏ လက်များပေါ်တွင် ဂရုတစိုက် ကိုင်ထားလိုက်၏။

နက်နဲဆေးပင်များမှာ စျေးကြီးလွန်းလှပြီး အထူးသဖြင့် အရည်အသွေးမြင့်ဆေးပင်များဖြစ်သည်။ စူးရို့၏ အဆင့်အတန်းနှင့်ပင် သူမအဖို့ ၎င်းတို့ကို သူမ ဆန္ဒရှိသလို အသုံးမပြုနိုင်ပါချေ။ အမှန်တကယ်တမ်းတွင် နက်နဲနယ်ပယ်ရှိ လူအများအပြားမှာ အရည်အသွေးနိမ့် နက်နဲဆေးပင်တစ်ပင်ကို ဝယ်ယူရန်ပင် မတတ်နိုင်ကြပေ။ နက်နဲနယ်ပယ် ဆေးပင်များက မည်မျှအထိ စျေးနှုန်းမြင့်မားသည်ကို ထိုအချက်မှတဆင့် ပြောနိုင်ပေသည်။

''အကြီးအကဲလီ... ခင်ဗျားကိုလည်း ကျေးဇူးတင်ပါတယ်...''
ကျူးကော်လျှို့ယွင်က နောက်ထပ် အရည်အသွေးမြင့် နက်နဲဆေးပင်တစ်ပင်ကို ထုတ်ယူလိုက်ပြီး အကြီးအကဲလီထံသို့ လှမ်းပေးလိုက်သည်။

အကြီးအကဲလီက အသာအယာပြုံးလိုက်ပြီး သူ့မျက်နှာထက်ရှိ အရေးအကြောင်းအားလုံးမှာ အပြုံးတစ်ခုအဖြစ်သို့ ပုံသွင်းခံလိုက်ရလေတော့သည်။ လူအများမှာ သူ့ထံ လှမ်းကြည့်မိလျှင် သူက ပေါက်စီတစ်လုံးနှင့် တူနေသော်လည်း ပျော်ရွှင်နေသော ပေါက်စီတစ်လုံးပင်တည်း။

ကျူးကော်လျှို့ယွင်၏ အပြုအမူများက မြောက်မြားစွာသော တပည့်များနှင့် အကြီးအကဲများအား အတောမသတ်နိုင်အောင် လောဘတက်လာစေတော့၏။ အရည်အသွေးမြင့် နက်နဲဆေးပင်ဆိုသည်မှာ သူတို့အတွက် တန်ဖိုးမဖြတ်နိုင်သော ရတနာပင်ဖြစ်သည်။ သို့သော်ငြားလည်း ကျူးကော်လျှို့ယွင်မှာ ၎င်းတို့ကို ထိုမျှရက်ရက်ရောရော ပေးကမ်းနေသည် မဟုတ်ပါလော။

သို့သော်ငြားလည်း ၎င်းတို့အပေါ် လိုချင်စိတ်အပြင်းပြဆုံးသူကား ချူဖုန်းသာဖြစ်၏။ ၎င်းတို့မှာ နက်နဲဆေးပင်များ ဖြစ်ကြသည်။ နက်နဲဆေးပင်တည်း။ ၎င်းတို့က အရည်အသွေးမြင့် နက်နဲဆေးပင်များ ဖြစ်သည့်အပြင် တစ်ပင်ချင်းစီတွင် ပါဝင်သော နက်နဲစွမ်းအားမှာ မူလပုတီးစေ့များနှင့် နှိုင်းယှဉ်၍ပင် မရနိုင်ပါချေ။ အကယ်၍ သူသာ တစ်ပင်မျှ ဝါးမျိုနိုင်ခဲ့လျှင် သူက မည်သည့်ကျင့်ကြံမှုအဆင့်သို့ ရောက်ရှိသွားမည်ကို မည်သူက သိနိုင်မည်နည်း။

ချူဖုန်း၏ စိတ်ဝိညာဉ်စွမ်းအားဖြင့် စူးစမ်းနေမှုကို ခံစားမိဟန်ဖြင့် ကျူးကော်လျှို့ယွင်က ချူဖုန်းထံသို့ ခက်ထန်စွာ တစ်ချက်စိုက်ကြည့်လိုက်သည်။ တကယ်တမ်းတွင်လည်း သူ ပြုလုပ်ခဲ့သမျှမှာ ချူဖုန်းအား ကူညီရန်အတွက်သာဖြစ်သည်။ချူဖုန်းအပေါ် ရန်ရှာလိုသူများအား သူက ခွင့်လွှတ်ပေးလိမ့်မည် မဟုတ်ကြောင်း လူတိုင်းသိရှိသွားစေလိုပေသည်။ သို့သော်ငြားလည်း ချူဖုန်းအပေါ် ကူညီပေးသူများအား သူက သေချာပေါက် ဆုချလိမ့်မည်ဖြစ်၏။

အခြားတစ်ဖက်တွင် သူက မိုးပြာနဂါးကျောင်း၏ အမာခံတပည့်များနှင့် အမာခံအကြီးအကဲများထံသို့ ချူဖုန်းနှင့် ကုံးလုယွင်တို့အကြားရှိ ပြဿနာတွင် သူတို့အဖို့ ချူဖုန်းအား ရွေးချယ်ခြင်းမပြုဘဲ နေနိုင်သော်လည်း ကုံးလုယွင်ဘက်သို့ များစွာဘက်မလိုက်လျှင် ပိုကောင်းလိမ့်မည်ဟု သတိပေးလိုက်ခြင်းဖြစ်သည်။ အကြောင်းမူ သူက ချူဖုန်း၏ နောက်ကွယ်တွင် အထောက်အကူပေးမည့် ဆရာအဖြစ် ရှိနေသောကြောင့်ပင်။

''ပြဿနာကောင်လေး... ငါနဲ့ ပြန်လိုက်ခဲ့...''
ကျူးကော်လျှို့ယွင်က ချူဖုန်းပခုံးကို ဖမ်းဆုပ်လိုက်ပြီး ပတ်ဝန်းကျင်ရှိလေထု လှိုင်းထသွားသည့်နောက်တွင် သူတို့နှစ်ဦးမှာ နတ်ဆိုးများအလား ပျောက်ကွယ်သွားကြလေတော့သည်။ သာမန်လူများအဖို့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူများကဲ့သို့ အမှန်ပင် မစွမ်းဆောင်နိုင်ကြပါချေ။

ကျူးကော်လျှို့ယွင် ထွက်ခွာသွားပြီးနောက် တိတ်ဆိတ်နေသည့် လူအုပ်မှာ ရေနွေးအိုးပေါက်ကွဲသည့်အလား ဝုန်းခနဲမြည်ဟည်းသွားပြီး ပြောဆိုငြင်းခုံသံမျိုးစုံမှာ စတင် ပွက်လောရိုက်နေလေတော့သည်။

''ဒါက အတော်အရေးကြီးတယ်နော်... ချူဖုန်းက ပါရမီရှင်တစ်ယောက် ဖြစ်နေရုံတင်မကဘဲနဲ့ သူ့မှာ ကျူးကော်လျှို့ယွင်လို ဆရာမျိုးတောင် ရှိနေသေးတယ်... နောင်တစ်ချိန်မှာ ဘယ်သူကများ သူ့ကို ထိရဲမှာတဲ့လဲ...''

ထိုအဖြစ်ကား အကြီးကျယ်ဆုံး သတင်းများမဟုတ်ပါလော။ ချူဖုန်းမှာ သူ၏ မူလနယ်ပယ် အဆင့်တစ် ကျင့်ကြံမှုဖြင့် မူလနယ်ပယ် အဆင့်ငါးရှိသော ဝူကျိုးအား သတ်ဖြတ်နိုင်စွမ်းရှိခဲ့သည့် ပါရမီရှင်တစ်ဦးဖြစ်သည်။ သူက ဝူကျိုးအား သတ်လိုက်ပြီးနောက် မိုးပြာနဂါးဦးဆောင်သူစာရင်းမှ ဝူကျိုး၏အဆင့်တွင် မသိမသာ နေရာဝင်ယူသွားပြီး မိုးပြာနဂါးဦးဆောင်သူစာရင်း၏ နံပါတ်ကိုးဖြစ်လာလေတော့သည်။

သို့သော်ငြားလည်း ချူဖုန်းမှာ အသက်ဆယ့်ငါးနှစ်သာ ရှိသေး၍ မိုးပြာနဂါးဦးဆောင်သူစာရင်းတွင် သူက အသက်အငယ်ဆုံးဖြစ်သည်ကား သံသယဖြစ်ရန်မရှိချေ။ အကယ်၍ မိုးပြာနဂါးဦးဆောင်သူစာရင်းရှိ လူတိုင်းက ပါရမီရှင်များဖြစ်ခဲ့လျှင် ချူဖုန်းမှာ အသက်အရွယ် အငယ်ဆုံးနှင့် အလားအလာအရှိဆုံး ဖြစ်ပေလိမ့်မည်။ တကယ်တမ်းတွင်လည်း ကုံးလုယွင်ပင်လျှင် အားနည်းသူအဖြစ်နှင့် သန်မာသူအပေါ် မနှိမ်နင်းနိုင်သည့်အပြင် သူ့ထက် အဆင့်လေးခုမြင့်မားသည့် ပြိုင်ဘက်အား သတ်ဖြတ်နိုင်စွမ်းမရှိပါချေ။

ထို့အပြင်လည်း ချူဖုန်းမှာ ပါရမီရှင်တစ်ဦး ဖြစ်နေရုံသာမကဘဲ သူ့နောက်ကွယ်တွင် ဧရာမဒိုင်းကြီးတစ်ခု ရှိနေသေးသည်။ ၎င်းမှာ မိုးပြာနဂါးကျောင်းအုပ်ကြီးမှပင် ပြစ်မှားရန်မဝံ့သည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်နေ၏။ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ ကျူးကော်လျှို့ယွင်ပင်တည်း။

ထိုနေ့မှရှေ့ဆက်၍ မိုးပြာနဂါးကျောင်းရှိ လူတိုင်းအဖို့ ချူဖုန်းအပေါ် ပြန်လည်ချင့်တွက်ရပေတော့မည်။ တကယ်တမ်းတွင်လည်း ချူဖုန်းက ထိုမျှသန်မာသော ပင်ကိုစွမ်းရည်ကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ နှစ်လမပြည့်သော အချိန်တိုလေးအတွင်း၌ သူက စိတ်ဝိညာဉ်နယ်ပယ် အဆင့်ခုနစ်မှ မူလနယ်ပယ် အဆင့်တစ်သို့ ရောက်ရှိခဲ့သည်။ ဆယ်လအတွင်း ချိန်းဆိုထားသည့် တိုက်ပွဲ၌ သူက မည်သည့်နယ်ပယ်သို့ ရောက်ရှိနေလိမ့်မည်ကို ဘုရားမှသာလျှင် သိနိုင်ပေတော့မည်။

သူ၏ လွှမ်းမိုးနိုင်လှသော တိုက်ပွဲဝင်ခွန်အားဖြင့်ဆိုလျှင် တစ်နှစ်အတွင်း ချိန်းဆိုထားခဲ့သည့် တိုက်ပွဲတွင် သူက ကုံးလုယွင်၏ တိုက်ကွက်သုံးကွက်အား အမှန်တကယ် ခုခံကောင်းခုခံနိုင်လိမ့်မည်ဖြစ်ပြီး သဘောတူညီမှုအရ ချူဖုန်းက ကုံးလုယွင်၏ တိုက်ကွက်သုံးကွက်အား ခုခံနိုင်စွမ်းရှိသည်နှင့် သူ အနိုင်ရပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် ကုံးလုယွင်ကား ကိုယ့်ကိုယ်ကိုယ် သတ်သေရပေလိမ့်မည်။

ယခင်က ချူဖုန်းမှ ကုံးလုယွင်အား စိန်ခေါ်ခဲ့ချိန်တွင် သူ့အဖို့ သေလမ်းရှာခြင်းဖြစ်ပြီး သူ အနိုင်ရမည့် အခွင့်အလမ်းမှာ သုညသာဖြစ်သည်ဟု လူအများက ခံစားမိခဲ့ကြသည်။ သို့သော်ငြားလည်း ယနေ့ပြီးနောက်တွင် ချိန်းဆိုထားသည့် တိုက်ပွဲအတွက် အကြီးအကျယ် ဝေခွဲမရသေးသည်ကို သူတို့ တွေ့ရှိလိုက်ရလေတော့၏။ မည်သူက အနိုင်ရ၍ မည်သူက ရှုံးနိမ့်မည်ကို မသိနိုင်ပါချေ။

အမာခံနယ်မြေရှိ လူတိုင်းက ချူဖုန်းအကြောင်း ဆွေးနွေးငြင်းခုံနေကြချိန်တွင် သူ့အား ကျူးကော်လျှို့ယွင်မှ နန်းတော်အိုထံသို့ ခေါ်ဆောင်သွားလေသည်။

''ဆရာ... ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ်...''
ချူဖုန်းက ကျူးကော်လျှို့ယွင်ထံသို့ ဂါရဝပြုလိုက်သည်။

''ငါ့ကို ဆရာလို့ မခေါ်နဲ့ဦး... ငါပေးခဲ့တဲ့ စာအုပ်ထဲက အကြောင်းအရာတွေကို မင်း ဘယ်လောက်များများ နားလည်ပြီလဲ...''
ကျူးကော်လျှို့ယွင်၏ လေသံက ရုတ်တရက် အေးစက်သွားပြီး ပြီးခဲ့သည့်အချိန်မှ နူးညံ့သိမ်မွေ့မှုများမှာ မရှိခဲ့သလိုပင်ဖြစ်သည်။ ၎င်းမှာ အကယ်၍ ချူဖုန်းက သူ၏ တောင်းဆိုချက်များနှင့် အံမဝင်လျှင် သူက ချူဖုန်းအား အမှန်တကယ် သတ်ဖြတ်မည့်ပုံစံမျိုး ဖြစ်ပေသည်။

သို့သော်ငြားလည်း ယုံကြည်မှု အပြည့်ရှိနေပြီးသူ ချူဖုန်းအဖို့ ကျူးကော်လျှို့ယွင်၏ တောင်းဆိုမှုကို မည်သည့်အတွက် ကြောက်ရွံ့နေလိမ့်မည်နည်း။ အတွေးတစ်ချက်နှင့်အတူ အငွေ့များ စီးထွက်လာပြီး သူနှင့် ကျူးကော်လျှို့ယွင်တို့အား ဝိုင်းရံထားသည့် စိတ်ဝိညာဉ်စည်းတစ်ခု ထွက်ပေါ်လာလေသည်။

ထိုသို့ပြုလုပ်လိုက်ပြီးနောက် ချူဖုန်းက ပြုံးလိုက်ပြီး ပြောလိုက်လေတော့၏။
''ဆရာ... ကျွန်တော်လုပ်ထားတာကို ကြည့်ပါဦး... ဆရာ့တပည့်ရဲ့ နားလည်နိုင်စွမ်းက ဘယ်လိုနေလဲ...''

                  - - - - - - - - - -
                   * * * * * * *

အခန်း(၁၇၃) ဆက်ရန်...

''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၇၃) ဆရာနဲ့တပည့်ကြားက ရင်ဖွင့်စကား

''မင်းက စိတ်ဝိညာဉ်စည်းကို ဒီလောက်အထိ ကျွမ်းကျွမ်းကျင်ကျင် သုံးနိုင်နေပြီလား...''
ထိုခဏ၌ သူ့အား ဝိုင်းပတ်ထားသော စိတ်ဝိညာဉ်စည်းထံ လှမ်းကြည့်နေရင်းမှ ကျူးကော်လျှို့ယွင်မှာ အတော်ပင် ရင်သပ်ရှုမော ဖြစ်သွားလေသည်။ အဖြူရောင်ဝတ်ရုံက သူ့မျက်နှာကို ဖုံးအုပ်ထားသော်ငြားလည်း ချူဖုန်းက သူ၏ အံ့သြပျော်ရွှင်နေသည့် အသွင်အပြင်ကို ခံစားမိနေဆဲဖြစ်သည်။

''အဟဲ...''
ချူဖုန်းက ဖွဖွရယ်လိုက်ပြီး သူ့နှုတ်မှ ပြန်မဖြေသော်လည်း သူက ကျူးကော်လျှို့ယွင်၏ စကားများကို တိတ်ဆိတ်စွာ ဝန်ခံလိုက်ခြင်းဖြစ်လေသည်။ တကယ်တမ်းတွင်လည်း ထိုခဏ၌ သူ၏ စိတ်ဝိညာဉ်စည်းစွမ်းရည်ကို ကျူးကော်လျှို့ယွင် ရှေ့မှောက်တွင် ပြသခဲ့ပြီးဖြစ်သည် မဟုတ်ပါလော။

''ချူဖုန်း... မင်းအနေနဲ့ ဒီစိတ်ဝိညာဉ်စည်းမှာ အပြောင်းအလဲတစ်ခုခုဖြစ်အောင် ထိန်းချုပ်နိုင်သလား...''
ရုတ်တရက် ကျူးကော်လျှို့ယွင်က ထပ်ပြောလိုက်သည်။

''ဆရာ... ဆရာက ဘယ်လိုအပြောင်းအလဲမျိုး လုပ်စေချင်တာလဲ...''
ချူဖုန်းက မေးလိုက်၏။

''ပုံသဏ္ဌာန် အပြောင်းအလဲလေးပေါ့...''
ကျူးကော်လျှို့ယွင်က ပြောလိုက်သည်။

''ဟမ်...''
ကျူးကော်လျှို့ယွင် ပြောပြီးသည်နှင့် သူတို့အား ဝိုင်းရံထားသော စိတ်ဝိညာဉ်စည်းက ပျောက်ကွယ်သွားပြီး ပိုမိုများပြားသော စိတ်ဝိညာဉ်စည်းများ ပြန်လည်ထွက်ပေါ်လာလေသည်။ ယခုတစ်ကြိမ်တွင်မူ စိတ်ဝိညာဉ်စည်းက သူတို့အား အတွင်း၌ ပိတ်လှောင်မထားတော့ဘဲ ၎င်းက ချူဖုန်း၏ လက်ပေါ်တွင်သာ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပထမတွင် ကြည်လင်သော စိတ်ဝိညာဉ်စည်းက သူ၏ လက်ဖဝါးအရွယ်ခန့်သာရှိပြီး ချူဖုန်းလက်တွင်း၌ ရစ်ပတ်ပြေးနေလေသည်။ သို့သော်ငြားလည်း ချူဖုန်းက ၎င်းကို ဆက်လက်ထိန်းချုပ်နေသည့်အလျောက် ၎င်းက သူ့လက်တွင်းမှ တဖြည်းဖြည်းချင်း ဖယ်ခွာသွားပြီး တစ်စတစ်စနှင့် ကြီးမားလာလေတော့သည်။ ၎င်းက တစ်ခါတစ်ရံ စတုဂံပုံ၊ တစ်ခါတစ်ရံ စက်ဝိုင်းပုံနှင့် တစ်ခါတစ်ရံတွင် ငါးမြှောင့်ကြယ်တစ်ခုပင် ဖြစ်နေသည်။ ၎င်းက အမှန်ပင် သူဆန္ဒရှိသလို ပြောင်းလဲနေခြင်းဖြစ်၏။ သူ စိတ်ကူးမကြည့်နိုင်သော အရာများသာရှိပြီး သူ မလုပ်နိုင်သော အရာဟူ၍ မရှိပါချေ။

''ချူဖုန်း... ကမ္ဘာ့စိတ်ဝိညာဉ်အိမ်မြှောင် အသုံးပြုတာကိုရော ကျွမ်းကျင်ပြီလား...''
ကျူးကော်လျှို့ယွင်က ထပ်မံ မေးလိုက်ပြန်သည်။

ချူဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး ကမ္ဘာ့စိတ်ဝိညာဉ်အိမ်မြှောင်ကို ထုတ်ယူလိုက်သည်။ သူက ၎င်းအပေါ်ရှိ အရာများက မည်သည့်အရာများဖြစ်ကြောင်းနှင့် အမျိုးမျိုးသော သင်္ကေတများက မည်သည်ကို ကိုယ်စားပြုကြောင်း ရွတ်ဆိုပြလိုက်သည်။ အက်ဂီ၏ ညွှန်ပြမှုအောက်တွင် သူက ၎င်းကို သူ၏လက်ဖမိုးအလား ကောင်းစွာ သိနားလည်နေပြီဖြစ်သည်။

ထို့နောက်တွင် ကျူးကော်လျှို့ယွင်က ချူဖုန်းအား အခြားမေးခွန်းအနည်းငယ်ခန့် ထပ်မေးလိုက်ပြီး ၎င်းတို့မှာ သူက ချူဖုန်းအား ပေးအပ်ခဲ့သည့် စာအုပ်တွင် မှတ်တမ်းတင်ထားသော ဗဟုသုတများဖြစ်ကြသည်။ အက်ဂီက ထိုနေရာတွင် မရှိခဲ့သည့်တိုင် သူက ထိုမေးခွန်းများအား အလွယ်တကူ ဖြေဆိုနိုင်ပေသည်။ ထိုစာအုပ်အတွင်းရှိ အဓိပ္ပာယ်များအပေါ် သူက ထုံးလိုချေ ရေလိုနှောက်၍ ပိုင်းခြားသုံးသပ်နိုင်နေပြီ မဟုတ်ပါလော။

''ကောင်းတယ်... ကောင်းတယ်... သိပ်ကောင်းတယ်...''
အရည်အချင်းစစ်မေးပြီးသည့်နောက် ကျူးကော်လျှို့ယွင်က များစွာပြောဆိုခြင်းမရှိဘဲ 'ကောင်းတယ်'ဟုသာ သုံးကြိမ်တိတိ ရေရွတ်လိုက်လေတော့သည်။ သို့သော်ငြားလည်း ထိုစကားသုံးခွန်းမှာ သူ လက်ရှိခံစားနေရသည့် အံ့သြမှုအား ဖော်ပြရန်အတွက် လုံလောက်ပေသည်။

''ငါ ကျူးကော်လျှို့ယွင်က ငါ့ရဲ့ နည်းစနစ်တွေကို လက်ဆင့်ကမ်းပေးဖို့ အလုံအလောက် ထိုက်တန်တဲ့သူကို ရှာနေခဲ့တာ... ငါ့သက်တမ်း တစ်ဝက်လောက် ရှာခဲ့ရပြီး နောက်ဆုံးတော့ အရည်အချင်းပြည့်မီတဲ့ တပည့်တစ်ယောက်ကို ငါတွေ့ခဲ့ပြီ...''
ကျူးကော်လျှို့ယွင်မှာ သူ့ရှေ့မှောက်ရှိ ချူဖုန်းထံ လှမ်းကြည့်ရင်းမှ ဆက်လက်၍ ခေါင်းတစ်ညိမ့်ညိမ့်ရှိနေလေသည်။ ချူဖုန်းမှာ ယခင်အချိန်က မျှော်လင့်ချက်အနည်းငယ် ယူဆောင်လာပေးခဲ့ရာမှ  လက်ရှိတွင်မူ ချူဖုန်း၏ စွမ်းဆောင်မှုကား သူ၏ မျှော်လင့်ချက်များထက် လုံးလုံးလျားလျား ကျော်လွန်နေပြီဖြစ်သည်။

''ဆရာ... ဆရာ့ကို တပည့် ဂါရဝပြုပါရစေ...''
ချူဖုန်းက ကြမ်းပြင်ပေါ်တွင် ဒူးတစ်ဖက်ထောက်လျက် သူ၏လက်များကို အတူတကွ ဆုပ်လိုက်သည်။ သူက ကျူးကော်လျှို့ယွင်အား တပည့်တစ်ဦးမှ ဆရာဖြစ်သူထံ ပြုမြဲအတိုင်း ဂါရဝပြုလိုက်ခြင်းဖြစ်၏။

''မင်းက ပင်ကိုအားဖြင့် ဉာဏ်ကောင်းတော့ နောင်တစ်ချိန်မှာ ငါ့ထက်သာတဲ့ စွမ်းဆောင်မှုတွေနဲ့ အထင်ကြီးလေးစားစရာကောင်းတဲ့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ယောက် ဖြစ်လာမယ်ဆိုတာ သေချာပါတယ်...''

''ဒါပေမဲ့လည်း စိတ်မကောင်းစရာက ငါ့အနေနဲ့ မင်းကို လမ်းညွှန်ရုံလောက်ပဲ တတ်နိုင်ပြီး သင်ပြမပေးနိုင်ဘူး... ဒါပေမဲ့ တကယ်လို့ မင်းခေါ်ချင်တဲ့ဆန္ဒရှိရင်တော့ ငါ့ကို ဆရာလို့ ခေါ်လို့ရပါသေးတယ်...''
ကျူးကော်လျှို့ယွင်က ခါးကုန်း၍ ပြန်ရပ်လိုက်ရင်းမှ ချူဖုန်းအား ထူမလိုက်လေသည်။

''ဆရာက ကျွန်တော့်ရဲ့ဆရာပါ... ကျွန်တော့်ရဲ့ တစ်ဦးတည်းသောဆရာပါ...''
ချူဖုန်းက အလွန်တရာခိုင်မာသော လေသံတစ်ခုနှင့်အတူ ပြောလိုက်ပြီး သူ၏လေသံအတွင်း၌ လေးစားမှုအပြည့် ရှိနေသည်။

''ဟားဟား... ကောင်းတယ်ဟေ့... ငါ တကယ်ကို မမှားခဲ့ဘူးပဲ...''
ကျူးကော်လျှို့ယွင်က အပေါ်ယံတွင် ထိုသို့ပြောလိုက်သော်ငြားလည်း ချူဖုန်းနောက်ဆုံးပြောလိုက်သည့် စကားများကို သူ သဘောကျသွားသည်မှာ သိသာထင်ရှားပေသည်။

တကယ်တမ်းတွင်လည်း မည်သည့်လူစွမ်းကောင်းမဆို သူတို့၏ ပညာရပ်များကို လက်ဆင့်ကမ်းပေးရန်အတွက် ပင်ကိုစွမ်းရည်ရှိသော တပည့်မျိုးအား ရှာဖွေကြစမြဲပင်ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ကျူးကော်လျှို့ယွင်မှာ လူစွမ်းကောင်းတစ်ဦးဖြစ်နေပြီး ချူဖုန်းမှာ ပင်ကိုစွမ်းရည်ရှိသော တပည့်တစ်ဦးဖြစ်နေသည်။

ထို့နောက်တွင် ကျူးကော်လျှို့ယွင်က သူ့လက်ကို သူ၏ခါးပေါ်ရှိ စကြဝဠာအိတ်ပေါ်သို့ တင်လိုက်လျှင် ၎င်းမှာ အလင်းဖြာထွက်မှုနှင့်အတူ သင်္ကေတများက လှုပ်ရှားလာလေသည်။ သူ့လက်ဖဝါးအတွင်း၌ လက်တစ်ဆုပ်စာ မူလပုတီးစေ့များ ထွက်ပေါ်လာ၏။ ချူဖုန်းအဖို့ တစ်ချက်ကြည့်လိုက်ရုံနှင့် မူလပုတီးစေ့တစ်ရာခန့် ရှိနေသည်ကို ပြောနိုင်ပေသည်။

''ဖုန်းအော်... ကုံးလုယွင်နဲ့ မင်းနဲ့ကြားက တိုက်ပွဲရက်က နီးလာပြီ... မင်းရဲ့ဆရာအနေနဲ့ ငါ့မှာ မင်းကို ကူညီနိုင်တာ ဘာမှမရှိဘူး... ဒီမူလပုတီးစေ့တွေကို ယူထားလိုက်ပါ... ဒါတွေက မင်းကို နည်းနည်းလောက် ကူညီပေးနိုင်မယ်လို့တော့ ငါ ယုံကြည်ပါတယ်...''

''ကျေးဇူးတင်ပါတယ် ဆရာ...''
ချူဖုန်းက မူလပုတီးစေ့များကို လက်ခံယူလိုက်သည်။ ကျူးကော်လျှို့ယွင်က အတော်ကြွယ်ဝသည်ကို သူ သိရှိထားပြီးဖြစ်သော်လည်း သူက ထိုမျှရက်ရောပြီး ထိုမျှများပြားသော မူလပုတီးစေ့များကို သူ့အား တစ်ကြိမ်တည်းဖြင့် ထုတ်ပေးလိမ့်မည်ဟု သူ တစ်ခါမှ တွေးမထားမိခဲ့ပေ။

ချူဖုန်းမှာ စိတ်လှုပ်ရှားသွားမိ၏။ သူက အလွန့်အလွန် စိတ်လှုပ်ရှားသွားမိခြင်းဖြစ်၏။ ကျူးေ်လျှို့ယွင်၏ ကြွယ်ဝမှုကြောင့် မူလပုတီးစေ့တစ်ရာမှာ မဖြစ်စလောက်ဟု သူက မမှတ်ယူပါချေ။ တကယ်တမ်းတွင်လည်း ၎င်းတို့မှာ အတော်စျေးကြီးသော အရာများဖြစ်နေသေးသည် မဟုတ်ပါလော။

ကောလဟာလများအရ မိုးပြာနဂါးကျောင်းမှ ကျူးကော်လျှို့ယွင်အား ကမ်းလှမ်းပေးကမ်းသည့်စျေးမှာ လစဉ် နက်နဲပုတီးစေ့တစ်စေ့ဖြစ်သော်လည်း ချူဖုန်းက ပိုမိုနားလည်လာသည့်အလျောက် ၎င်းမှာ ကောလဟာလသာဖြစ်သည်ဟု သူ ခံစားမိသည်။ အမှန်တကယ်တွင် ထိုကဲ့သို့ မဖြစ်နိုင်ပါချေ။

ထိပ်တန်းအရည်အသွေးရှိ နက်နဲဆေးဖြစ်သည့် နက်နဲပုတီးစေ့မှာ အလွန်တရာ ရှားပါးပေသည်။ နက်နဲပုတီးစေ့တွင် ပါဝင်သည့် နက်နဲစွမ်းအားက ကြီးမားလွန်းသည်မှာ ရှင်းလင်းနေသောကြောင့် ၎င်းမှာ အဖိုးမဖြတ်နိုင်သော ရတနာတစ်ပါးဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ၎င်းတွင် ပါဝင်သော အကျိုးသက်ရောက်မှုများမှာ စိတ်ဝိညာဉ်နယ်ပယ်ရှိ လူများအတွက် စိတ်ဝိညာဉ်ပုတီးစေ့များတွင် ပါဝင်သော အကျိုးသက်ရောက်မှုများအတိုင်းပင်ဖြစ်၏။

နက်နဲနယ်ပယ် အဆင့်ကိုးရှိသူများအဖို့ အဆင့်တက်ရန် နည်းလမ်းလုံးဝမရှိသည့်အချိန်တွင် ၎င်းက သူတို့အား ဖြတ်သန်းမရနိုင်သော အတားအဆီးကို ဖြတ်ကျော်နိုင်ရန် ကူညီပေးပေလိမ့်မည်။ ၎င်းက သူတို့အား မိုးကုပ်စက်ဝိုင်းထံ ရှေးရှုခရီးနှင်နိုင်စေမည့် ကောင်းကင်နယ်ပယ်သို့ ရောက်ရှိစေပြီး လုံးဝအသစ်ဖြစ်သော စွမ်းအားကို ဆုပ်ကိုင်မိစေရန် ကူညီပေးပေလိမ့်မည်။

ထိုအချက်မှတဆင့် နက်နဲပုတီးစေ့များက မည်မျှအဖိုးတန်သည်ကို မြင်နိုင်ပေသည်။ ဒုတိယတန်းစားကျောင်းဖြစ်သည့် မိုးပြာနဂါးကျောင်းကို မဆိုထားနှင့်၊ ပထမတန်းစားကျောင်းဖြစ်သည့် လင်းယွင်ကျောင်းပင်လျှင် ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ဦးအား လစဉ် နက်နဲပုတီးစေ့တစ်စေ့ဖြင့် ကမ်းလှမ်းနိုင်သည်အထိ ချမ်းသာလိမ့်မည်မဟုတ်ပါချေ။

ထို့ကြောင့် ကျူးကော်လျှို့ယွင်ရရှိနေသည့် ကမ်းလှမ်းကြေးအပေါ် ခန့်မှန်းချက်များမှာ ကောလဟာလသာဖြစ်သည်ဟု ချူဖုန်း ခံစားမိလေသည်။ လစဉ် နက်နဲပုတီးစေ့တစ်စေ့ကို မဆိုထားနှင့်၊ လစဉ် အရည်အသွေးမြင့် နက်နဲဆေးပင်တစ်ပင်ဆိုလျှင်ပင် ကြီးမားလှသည့် စျေးနှုန်းတစ်ခုဖြစ်နေသည်။ တကယ်တမ်းတွင်လည်း သာမန်လူများအဖို့ အရည်အသွေးမြင့် နက်နဲဆေးပင်မှာ တန်ဖိုးဖြတ်မရသော ရတနာတစ်ပါးဖြစ်နေပြီး မဟုတ်ပါလော။

သို့မဟုတ်ပါက ဟင်္သပြဒါးငှက်မြို့တော်၏ သမီးတော်ကြီးဖြစ်သူ စူးရို့မှာ ကျူးကော်လျှို့ယွင်မှ သူမအား ပေးအပ်ခဲ့သည့် နက်နဲဆေးပင်ကို မြင်တွေ့လိုက်ရချိန်တွင် ထိုမျှအထိ ပျော်ရွှင်သွားလိမ့်မည်မဟုတ်ပါချေ။

မူလပုတီးစေ့တစ်ရာကို သိမ်းဆည်းလိုက်ပြီးနောက် ချူဖုန်းစိတ်ထဲ၌ အလွန်ပျော်ရွှင်နေမိသည်။ သူ၏ကျင့်ကြံမှုအား ကူညီပေးမည့် စျေးကြီးသော မူလပုတီးစေ့များကို အသုံးပြုပြီးနောက်တွင် သူက မည်သည့်နယ်ပယ်သို့ ရောက်ရှိနိုင်မည်ကို ပြင်းပြစွာ သိရှိလိုလှသည်။

ထို့အပြင်လည်း ကျူးကော်လျှို့ယွင်ထံ လှမ်းကြည့်နေသည့် သူ၏အကြည့်အတွင်း၌ သူ့နှလုံးသားမှလာသော ပိုမိုလေးစားမှုနှင့် ကျေးဇူးတင်မှုတို့ကို သူ ဖုံးကွယ်မထားနိုင်ပါချေ။ ကျူးကော်လျှို့ယွင်က အတော်ကြွယ်ဝသော်ငြားလည်း တကယ်တမ်းတွင်မူ သူကိုယ်တိုင် ကျင့်ကြံရန်လည်း လိုအပ်နေသေးသည် မဟုတ်ပါလော။

ထို့အပြင် အကယ်၍ အခြားသူများက ချမ်းသာကြွယ်ဝနေလျှင်ပင် ၎င်းမှာ သူတို့၏ ပိုင်ဆိုင်မှုဖြစ်သည်။ အကယ်၍ သူတို့က တစ်ဦးတစ်ယောက်အား တစ်စုံတစ်ရာ ပေးကမ်းခဲ့လျှင် သူတို့အနေနှင့် ထိုလူအပေါ် အထင်အမြင်ကောင်းများ ရှိနေသောကြောင့်ဖြစ်၏။ အကယ်၍ သူတို့က တစ်စုံတစ်ရာ ပေးကမ်းခြင်းမရှိခဲ့လျှင်လည်း ကျိုးကြောင်းဆီလျော်သည်သာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မည်သူတစ်ဦးကမျှ တစ်ဦးတစ်ယောက်အပေါ် တစ်စုံတစ်ရာ ကျေးဇူးကြွေး မရှိသောကြောင့်ပင်တည်း။

သို့သော်ငြားလည်း ချူဖုန်းနှင့် သိကျွမ်းခဲ့သည်မှာ မကြာသေးသည့်နောက်တွင်ပင် ကျူးကော်လျှို့ယွင်က ချူဖုန်းအား ထိုမျှကြီးမားလှသည့် အကူအညီတစ်ခုကို ပေးခဲ့လေသည်။ သူ့ထံတွင် ချူဖုန်းအပေါ် အလွန့်အလွန်ကောင်းမွန်သည့် အထင်အမြင်များ ရှိနေသည်ကို မြင်နိုင်ပေသည်။

''မင်းက နည်းနည်းခေါင်းမာတော့ အဲဒီအကျင့်ကို ကိုယ့်ဘာသာ ထိန်းသိမ်းဖို့လိုတယ်... ဒီလိုမှမဟုတ်ရင်တော့ မင်းအနေနဲ့ အဲဒီအကျင့်အတွက် တန်ဖိုးကြီးကြီးတစ်ခု ပေးဆပ်ရလိမ့်မယ်...''

''ဒါပေမဲ့လည်း မင်း သိပ်စိတ်ပူစရာ မလိုပါဘူး... မင်းအနေနဲ့ ကုံးလုယွင်ကို သက်သောင့်သက်သာ တိုက်ခိုက်လို့ရပါတယ်... တကယ်လို့ မင်းရှုံးခဲ့ရင်တောင် ငါက မင်းရဲ့အသက်ကို ကာကွယ်ပေးနိုင်ပါသေးတယ်...''
ကျူးကော်လျှို့ယွင်က ထပ်မံ၍ ပြောလိုက်သည်။

''ဟီးဟီး...''
ချူဖုန်းက ကျူးကော်လျှို့ယွင်၏ စကားများကြောင့် ရယ်နေရုံသာ တတ်နိုင်လေတော့၏။ သူက ကုံးလုယွင်အား အသေသတ်ရန် ရည်ရွယ်ထားကြောင်း ပြောပြ၍မရနိုင်သည် မဟုတ်ပါလော။

သို့သော်ငြားလည်း စိတ်ဝိညာဉ်စည်းအရာတွင် ချူဖုန်း၏ ကျွမ်းကျင်မှုကို မြင်တွေ့လိုက်ရပြီးနောက်မူ ကျူးကော်လျှို့ယွင်မှာ ချူဖုန်းအပေါ် နှစ်သက်မှုကို ကွယ်ဝှက်မထားဘဲ ပြသလာလေတော့သည်။ ဆရာနှင့်တပည့်မှာ အချိန်ကြာမြင့်စွာ စကားပြောနေခဲ့ကြပြီး သူတို့ ပို၍ပြောမိလေ ပို၍စကားလက်ဆုံကျလေ ဖြစ်နေလေသည်။

နောက်ဆုံး၌ ကျူးကော်လျှို့ယွင်က ချူဖုန်းအတွက် တစ်ဝိုင်းစာ ဟင်းလျာကောင်းများကို ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ပေးသည်အထိပင်ဖြစ်၏။ ၎င်းတို့က တန်ဖိုးမကြီးသော်ငြားလည်း မွှေးပျံ့နေလျက် အရသာ ထူးခြားမည့်ဟန်မျိုး ရှိနေလေသည်။ အရေးအကြီးဆုံးအချက်ကား ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ဦးဖြစ်သည့် ကျူးကော်လျှို့ယွင်ကိုယ်တိုင် ထိုဟင်းလျာများကို ချက်ပြုတ်ထားခြင်းဖြစ်၏။ လောကတွင် သူ ချက်ပြုတ်သည့် ဟင်းလျာများကို စားခွင့်ရနိုင်မည့် လူများကား အလွန့်အလွန် နည်းပါးလိမ့်မည်မှာ အဖြစ်နိုင်ဆုံးပင်တည်း။
                 
                  - - - - - - - - - -
                   * * * * * * *             

အခန်း(၁၇၄) ဆက်ရန်...''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၇၄) စုံစမ်းမေးမြန်းခြင်း

ဆရာတပည့်နှစ်ဦးသားမှာ စားရင်းသောက်ရင်းနှင့် ပိုမိုပျော်ရွှင်စွာဖြင့် စကားပြောနေကြလေသည်။ လူအများအား ရက်စက်သည့် ခံစားမှုကိုသာ အမြဲတမ်းပေးခဲ့သူ ကျူးကော်လျှို့ယွင်မှာ ချူဖုန်းအပေါ်တွင်မူ စိတ်ရင်းဖြင့် ရင်ဖွင့်ဆက်ဆံနေခြင်းဖြစ်သည်။ သူက ချူဖုန်းအား အပြင်လူတစ်ဦးအဖြစ် ရှုမြင်မထားဘဲ သူ၏ သစ္စာရှိလက်ရင်းတပည့်အဖြစ် ရှုမြင်ထားကြောင်း မြင်နိုင်ပေသည်။

ကျူးကော်လျှို့ယွင် ငယ်ရွယ်စဉ်က သူ့မိသားစု အခြေအနေမှာ မဆိုးလှကြောင်း ချူဖုန်း သိလိုက်ရသည်။ သို့သော်ငြားလည်း သူ့မိဘများမှာ လင်းယွင်ကျောင်းမှ အရေးပါသော ပုဂ္ဂိုလ်တစ်ဦးအား စော်ကားမိခဲ့သဖြင့် သူတို့အနေနှင့် အသက်ရှင်ရေးအတွက် ထွက်ပြေးရုံမှတပါး ရွေးချယ်စရာ မရှိခဲ့ကြချေ။

သို့သော် သူတို့ထွက်ပြေးသွားသည်နှင့် တစ်စုံတစ်ဦးက သူတို့အား သစ္စာဖောက်လိမ့်မည်ဟု သူတို့ မျှော်လင့်မထားမိခဲ့ပေ။ ထိုကျောင်းမှလူများ သူတို့နောက်သို့ လိုက်လာချိန်တွင် ထိုလူများက သူ့မိသားစုမှ တစ်ဦးတစ်ယောက်ကိုမျှ အရှင်မထားခဲ့ကြချေ။ ကျူးကော်လျှို့ယွင် တစ်ဦးတည်းသာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်။ သူ၏ လွတ်မြောက်မှုအတွက် ပေးဆပ်လိုက်ရသည်ကား သူ့မိဘများ ရက်ရက်စက်စက် အသတ်ခံကြရခြင်းပင်။

ထို့နောက်မှစ၍ ကျူးကော်လျှို့ယွင်မှာ တစ်စုံတစ်ဦးအပေါ် အလွန်တရာ ယုံကြည်ခဲသွားလေတော့သည်။ သူ၏ စိတ်နှလုံးသားအတွင်း၌ အေးစက်မှုတစ်မျိုးက အပြင်လူများအား နံရံတစ်ခုအလား ပိုင်းခြားထားသည်ဟု ဆိုနိုင်ပေသည်။

ထိုအပြုအမူမှာ သူ ငယ်ရွယ်စဉ်၌ ပြဿနာမရှိပေ။ သို့သော်ငြားလည်း တစ်ဦးတစ်ယောက်အနေနှင့် အသက်အရွယ်ရလာချိန်တွင် သူတို့၏ အစွမ်းသတ္တိများကို လက်ဆင့်ကမ်းပေးနိုင်ရန် အားထားရမည့် တစ်စုံတစ်ဦးအား ရှာဖွေကြစမြဲဖြစ်သည်။ ကျူးကော်လျှို့ယွင်လည်း ခြွင်းချက်မရှိပါချေ။

မူလတွင် သူက လန်ဝူးဆွေအပေါ် အထင်အမြင်ကောင်းတချို့ ထားရှိခဲ့သည်။ သို့သော်ငြားလည်း နောက်ပိုင်းတွင်မူ လန်ဝူးဆွေမှာ တစ်ကိုယ်ကောင်းဆန်လွန်းပြီး ကိစ္စရပ်များကို ပြုလုပ်ရာတွင် အစွန်းရောက်လွန်းလှသည်။ သူ့တွင် သူငယ်ချင်းဟူ၍ လုံးဝမရှိဘဲ သူ အသုံးချနေသည့် လက်ဝေခံများသာ ရှိနေလေသည်။ သူက ကျူးကော်လျှို့ယွင်၏ ယုံကြည်မှုနှင့် မထိုက်တန်ပါချေ။

သို့သော်ငြားလည်း ပင်ကိုစွမ်းရည်အရဆိုလျှင် မိုးပြာစီရင်စုအတွင်း၌၊ အထူးသဖြင့် မိုးပြာနဂါးကျောင်းအတွင်း၌ လန်ဝူးဆွေကဲ့သို့သော လူငယ်တစ်ဦးအား ရှာဖွေရန်မှာ အမှန်ပင် စိန်ခေါ်မှုတစ်ခုဖြစ်၏။

ထို့ကြောင့် ကျူးကော်လျှို့ယွင်မှာ ခက်ခဲသော အခြေအနေတစ်ခုအတွင်း၌ ရောက်ရှိနေခဲ့ရသည်။ သူက သူ၏အမွေကို လန်ဝူးဆွေထံသို့ လက်ဆင့်ကမ်းပေးရန် သင့်မသင့် တုံ့ဆိုင်းနေမိခဲ့သည်။

သို့သော် ထိုသို့သောအချိန်၌ပင် ချူဖုန်းက ကျူးကော်လျှို့ယွင်၏ မြင်ကွင်းအတွင်းသို့ လှမ်းဝင်လာခဲ့ခြင်းဖြစ်သည်။ အမှန်တကယ်တမ်းတွင် ကျူးကော်လျှို့ယွင်မှာ ချူဖုန်း မည်သူမည်ဝါဖြစ်ကြောင်းကို သိရှိထားပြီးဖြစ်သည်။

ချူဖုန်းမှာ ကိစ္စများကို အနည်းငယ် မဆင်မခြင် လုပ်တတ်စေကာမူ အသားလွတ်ရန်ရှာခြင်း မဟုတ်သည်ကို သူ တွေ့ရှိခဲ့ရသည်။ ထိုအစား အခြေအနေအများအပြားတွင် သူက ဘေးဒုက္ခကြီးများကို အစပြုခဲ့သည်မှာ သူနှင့် အရင်းနှီးဆုံးလူများအတွက်ကြောင့်သာဖြစ်၏။

အပြင်လူများ၏ အမြင်တွင် ချူဖုန်း၏ အပြုအမူများမှာ ဦးနှောက်မရှိဘဲ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြင်ကောင်းမြင်မိကြပေလိမ့်မည်။ သို့သော်ငြားလည်း ကျူးကော်လျှို့ယွင်က ထိုအပြုအမူများအပေါ် ထူးထူးဆန်းဆန်း သဘောကျနေမိသည်။

လန်ဝူးဆွေနှင့် အရေးကိစ္စများမှာမူ ကျူးကော်လျှို့ယွင်မှ သူ့အား အမှန်ပင် စမ်းသပ်မှုတစ်ခု ပေးအပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဝမ်းနည်းစရာပင်ဖြစ်၏။ လန်ဝူးဆွေမှာ နောက်ဆုံး၌ ကျူးကော်လျှို့ယွင်အား စိတ်ပျက်စေခဲ့လေသည်။

''ဆရာ... ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေနဲ့ ကမ္ဘာ့စိတ်ဝိညာဉ်တွေကြားမှာ စိတ်ဝိညာဉ်ဆက်သွယ်မှုစာချုပ် လုပ်ပြီးတဲ့နောက် ဒီလိုမျိုး အခြေအနေတစ်ခု ဖြစ်လာနိုင်လား...''

''ကိစ္စတစ်ခုခုကြောင့် ကမ္ဘာ့စိတ်ဝိညာဉ်က ဒဏ်ရာပြင်းပြင်းထန်ထန်ရသွာြးွားပြီး စိတ်ဝိညာဉ်ကမ္ဘာထဲကနေ ပျောက်ကွယ်သွားမယ်... ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူက ကမ္ဘာ့စိတ်ဝိညာဉ်ရဲ့ အရှိန်အဝါကို လုံးဝ မခံစားမိတော့ပေမဲ့ စိတ်ဝိညာဉ်ဆက်သွယ်မှုစာချုပ်က တည်မြဲနေသေးတဲ့ အခြေအနေမျိုးပေါ့...''
ကျူးကော်လျှို့ယွင် စိတ်လှုပ်ရှားပျော်ရွှင်နေခိုက် ချူဖုန်းက အက်ဂီအတွက် အချက်အလက်များ စုံစမ်းမေးမြန်းနေခြင်း ဖြစ်ပေသည်။

''အင်း... အဲဒီလိုမျိုး အခြေအနေတစ်ခု ရှိနိုင်ပါတယ်... ကမ္ဘာ့စိတ်ဝိညာဉ်နဲ့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူကြားမှာ စာချုပ်လုပ်ပြီးတဲ့နောက် ကမ္ဘာ့စိတ်ဝိညာဉ်တွေအနေနဲ့ စိတ်ဝိညာဉ်ကမ္ဘာကိုပြန်ဖို့ ခက်ခဲသွားလိမ့်မယ်... စိတ်ဝိညာဉ်ဆင်သွယ်မှုစာချုပ်ကို မဖျက်ရသေးသရွေ့ ဒါမှမဟုတ် ကမ္ဘာ့စိတ်ဝိညာဉ်က လွှမ်းမိုးနိုင်တဲ့ နည်းလမ်းတွေ မပိုင်ဆိုင်သေးသရွေ့ သူတို့ရဲ့ တစ်သက်တာလုံး ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲမှာပဲ ရှိနေရလိမ့်မယ်... တနည်းအားဖြင့် ကမ္ဘာ့စိတ်ဝိညာဉ်အခန်းထဲမှာပေါ့...''

''တစ်ခါတစ်လေမှာ မင်း အခုပြောတဲ့ အခြေအနေမျိုး ဖြစ်လာတတ်တယ်... တကယ်တမ်းကျတော့ ကမ္ဘာ့စိတ်ဝိညာဉ်တွေက ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေအတွက် တိုက်ခိုက်ပေးရပြီး တိုက်ပွဲတွေထဲမှာ ဒဏ်ရာရလေ့ရှိကြတယ်... ဒါပေမဲ့လည်း တကယ်လို့ စိတ်ဝိညာဉ်ဆက်သွယ်မှုစာချုပ်က မပျက်စီးသေးဘူးဆိုရင် ကမ္ဘာ့စိတ်ဝိညာဉ်က ရှင်သန်နေသေးတဲ့ အဓိပ္ပာယ်ပဲ... သူတို့က ဒဏ်ရာပြင်းထန်တဲ့အတွက် ပြန်ကောင်းလာဖို့ အချိန်တစ်ခု လိုအပ်ရုံပဲရှိလိမ့်မယ်....''
ကျူးကော်လျှို့ယွင်က ပြောလိုက်သည်။

''ပြန်ကောင်းလာဖို့ အချိန်တစ်ခုလိုတယ် ဟုတ်လား... အဲဒီအချိန်က ဘယ်လောက်ကြာမလဲ ဆရာ...''
ချူဖုန်း၏ စိတ်နှလုံးသားထဲတွင် အရူးအမူး ပျော်ရွှင်စွားမိလေသည်။ အက်ဂီ အဆင်ပြေသည်နှင့် သူ ပူပန်ရလိမ့်မည် မဟုတ်တော့ပေ။

''ဒါက အတော် ပြောရခက်သားပဲ... တကယ်လို့ မြန်မယ်ဆိုရင် ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်လောက်ပေါ့... တကယ်လို့ နှေးမယ်ဆိုရင်တော့ နှစ်တစ်ရာလောက်အထိ ဖြစ်သွားနိုင်တယ်...''
ကျူးကော်လျှို့ယွင်က သာမန်မျှသာ ပြောလိုက်၏။

''ဘယ်လို... အဲဒီလောက်အထိ ကြာတာလား...''
ထိုစကားများကို ကြားလိုက်ရပြီးနောက် ချူဖုန်းမှာ အရှိုက်သို့ ထိုးနှက်ခံလိုက်ရသကဲ့သို့ပင်။ 'အကယ်၍ မြန်ခဲ့လျှင် ရှစ်နှစ် သို့မဟုတ် ဆယ်နှစ်။ အကယ်၍ နှေးခဲ့လျှင်မူ နှစ်တစ်ရာအထိ။' ၎င်းမှာ သူအဖို့ အက်ဂီအား အနည်းဆုံး ဆယ်နှစ်ခန့် မမြင်တွေ့နိုင်တော့သည့် အဓိပ္ပာယ်ပင် မဟုတ်ပါလော။ သို့တည်းမဟုတ် သူ၏ တ်သက်တာလုံး မတွေ့ရတော့သည်အထိလည်း ဖြစ်ကောင်း ဖြစ်သွားနိုင်သည် မဟုတ်ပါလော။

''ဘာကြောင့် ဒီလောက် အလန့်တကြားဖြစ်သွားရတာလဲ... မင်းက ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်နဲ့ စာချုပ်တစ်ခု လုပ်ထားပြီးတာတော့ မဟုတ်ဘူး မဟုတ်လား...''
ကျူးကော်လျှို့ယွင်က ပြုံးဖြဲဖြဲနှင့် မေးလိုက်သည်။

''ဘယ်ဟုတ်ပါ့မလဲ ဆရာရယ်... ကျွန်တော်က စပ်စုရုံပါ...''
ချူဖုန်းက အလျင်အမြန် ခေါင်းခါပြလိုက်၏။ အက်ဂီမှာ သူ၏ လျှို့ဝှက်ချက်ဖြစ်ပြီး သူက ထိုအကြောင်းအရာအား မည်သူတစ်ဦးကိုမျှ ပေးသိ၍ မဖြစ်သေးပါချေ။

''မင်းက ဒီလောက်အထိ မဖြစ်နိုင်သေးဘူးဆိုတာလည်း ငါ တွေးမိပြီးသားပါ... ကမ္ဘာ့စိတ်ဝိညာဉ်တွေက အရမ်းကို ဂုဏ်မောက်တဲ့ သက်ရှိသတ္တဝါတွေဖြစ်ပြီးတော့ ဉာဏ်လည်း အရမ်းကောင်းကြတယ်... သူတို့ရဲ့ ဉာဏ်ရည်က လူသားတွေထက် မနိမ့်ကျဘူး... သာတောင်သာလိမ့်ဦးမယ်...''

''အရိုးသားဆုံးပြောရရင် မင်းရဲ့ဆရာဖြစ်တဲ့ ငါ့မှာ အဲဒီလိုမျိုး ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်က ငါ့ရဲ့ စိတ်ဝိညာဉ်ကမ္ဘာထဲမှာ ရှိနေပြီးပြီ... ဒါပေမဲ့လည်း သူ့ကို အခုချိန်ထိ ကမ်းလှမ်းပစ္စည်းတွေ ပေးနေခဲ့တာတောင် သူက ငါနဲ့ စာချုပ်တစ်ခုချုပ်ဖို့ ဆန္ဒမရှိသေးဘူး...''

''ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်နဲ့ စာချုပ်တစ်ခု ဖန်တီးတာက တစ်ဦးတစ်ယောက်ရဲ့ စိတ်ဝိညာဉ်စည်းစွမ်းအား ထိန်းချုပ်နိုင်စွမ်းနဲ့ သူတို့ရဲ့ ကျင့်ကြံမှုကိုပါ ကြီးကြီးမားမား ကူညီပေးပြီး မရေမတွက်နိုင်တဲ့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေရဲ့ အိပ်မက်လည်း ဖြစ်နေပေမဲ့ အမှန်တကယ်တမ်းကျတော့ ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်ရဲ့ အသိအမှတ်ပြုမှုကို ရဖို့က အရမ်းကို ခက်ခဲလွန်းတယ်...''
ကျူးကော်လျှို့ယွင်၏ လေသံမှာ ဂုဏ်ယူနေဟန်ရှိသော်လည်း စိတ်ပျက်ဟန်လည်း ရှိနေလေသည်။

သူ ဂုဏ်ယူရခြင်းမှာ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ဦးအနေဖြင့် သူက ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်နှင့် အောင်အောင်မြင်မြင် ဆက်သွယ်နိုင်ခဲ့ပြီး ထိုကမ္ဘာ့စိတ်ဝိညာဉ်က သူနှင့် စာချုပ်တစ်ခုဖန်တီးရန် စိတ်ဝင်စားမှု ရှိနေသောကြောင့်ဖြစ်သည်။

သို့သော်ငြားလည်း သူ စိတ်ပျက်ရခြင်းကား သူနှင့် စာချုပ်တစ်ခုဖန်တီးရန် စိတ်ဝင်စားစေကာမူ တကယ်တမ်းတွင် သူက စာချုပ်မပြုလုပ်နိုင်သေးဘဲ ထိုကမ္ဘာ့စိတ်ဝိညာဉ်၏ အသိအမှတ်ပြုမှုကို မရရှိသေးသည့် အဓိပ္ပာယ်လည်း ဖြစ်နေသောကြောင့်ပင်။ ထပ်ဆောင်းပြောရလျှင် သူက အတော်ပင် အိုမင်းလာပြီဖြစ်ပြီး သူ၏ လက်ကျန်သက်တမ်းတွင် သူ့အဖို့ ထိုကမ္ဘာ့စိတ်ဝိညာဉ်နှင့် စာချုပ်တစ်ခုဖန်တီးနိုင်ခြင်း ရှိမရှိကို အမှန်ပင် မသိတော့ပါချေ။

ကျူးကော်လျှို့ယွင်၏ စကားများကို ကြားလိုက်ရပြီးနောက် ချူဖုန်းက တိတ်တဆိတ် ဝမ်းမြောက်သွားမိလေသည်။ သူ့တွင် သူ၏ ကမ္ဘာ့စိတ်ဝိညာဉ်အခန်းအတွင်း၌ ကမ္ဘာ့စိတ်ဝိညာဉ်နှစ်ကောင် ပိတ်လှောင်ပေးထားခဲ့သည့် မိသားစုကောင်းတစ်ခု ရှိနေခဲ့သည့်အတွက် ဝမ်းမြောက်မိခြင်းဖြစ်သည်။ သူက သူတို့အနက်မှ တစ်ကောင်နှင့် စာချုပ်တစ်ခုပင် ပြုလုပ်ထားနိုင်ခဲ့လေသည်။

ထိုသို့မဟုတ်ဘဲ သူကိုယ်တိုင် ရှာဖွေရမည်ဆိုပါက သူ့အဖို့ ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်နှင့် စာချုပ်တစ်ခုပြုလုပ်နိုင်ရန် အချိန်မည်မျှကြာလိမ့်မည်ကို မည်သူက သိနိုင်ပေမည်နည်း။ အကယ်၍ သူက ကိစ္စရပ်များကို မှန်ကန်စွာ ကိုင်တွယ်နိုင်ခြင်းမရှိခဲ့လျှင် ကျူးကော်လျှို့ယွင်ကဲ့သို့ ဖြစ်သွားပြီး သူ၏ တစ်သက်တာလုံးတွင် ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်နှင့် စာချုပ်တစ်ခု ပြုလုပ်နိုင်စွမ်းမရှိသည်အထိပင် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

သို့သော်ငြားလည်း သူ၏ မိသားစုအပေါ် ကျေးဇူးတင်မိသည့်အလျောက် ချူဖုန်းမှာ သူတို့အား သတိရမိသွားသည်။ လက်ရှိ သူမြင်တွေ့ထားသည့် သဲလွန်စများအရ သူ့မိသားစု သို့မဟုတ် အနည်းဆုံး သူ့မိဘများမှာ အလွန့်အလွန်သန်မာပြီး သူတို့ပိုင်ဆိုင်ထားသည့် နည်းလမ်းများမှာ သာမန်ဖြစ်ရိုးဖြစ်စဉ်အား ဆန့်ကျင်နေလေသည်။

စီရင်စုကိုးခုတိုက်တွင် ပြီးခဲ့သည့် ရာစုနှစ်ပေါင်းများစွာအတွင်း၌ ထိုမျှသန်မာသူဟူ၍ တစ်ဦးမျှမရှိခဲ့သောကြောင့် သူ့မိဘများမှာ စီရင်စုကိုးခုမှ မဟုတ်သည်ကို သူ သိပေသည်။

ကမ္ဘာလောကကား ကြီးမားလှပြီး စီရင်စုကိုးခုတိုက်မှာ ဤကမ္ဘာလောက၏ တစ်စွန်းတစ်စမျှသာဖြစ်သည်။ စီရင်စုကိုးခု အပြင်ဘက်ရှိ ကမ္ဘာလောကမှာ မည်သို့ရှိမည်ကို ချူဖုန်း မသိသော်လည်း ၎င်းမှာ အလွန်တရာ အန္တရာယ်ကြီးလိမ့်မည်ကို သူ စိတ်ကူးကြည့်နိုင်ပေသည်။ အန္တရာယ်ကြီးလွန်းသောကြောင့် ထိုမျှသန်မာသော သူ၏မိဘများမှာ သူ့အား အခြားသူများထံသို့ ယုံကြည်အပ်နှံလိုက်ရုံမှတပါး ရွေးချယ်စရာ မရှိခဲ့ကြချေ။

''ဆရာ... တကယ်လို့များ ကမ္ဘာ့စိတ်ဝိညာဉ်က အမှန်တကယ် ဒဏ်ရာအပြင်းအထန်ရခဲ့ရင် သူတို့ဘာသာသူတို့ ပြန်ကောင်းလာအောင် ကုစားတဲ့နည်းအပြင် ကျွန်တော်တို့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေအနေနဲ့ တစ်ခုခုလုပ်ပေးနိုင်တာ မရှိဘူးလား...''
ထပ်မံစကားပြောကြပြီးနောက်တွင် ချူဖုန်းက အကြောင်းအရာကို ထိုခေါင်းစဉ်ဘက်သို့ ပါးနပ်စွာ ပြန်ပြောင်းလိုက်လေတော့သည်။

''ရှိတာပေါ့... တကယ်ကို ရှိတယ်... ကမ္ဘာ့စိတ်ဝိညာဉ်တွေအဖို့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေနဲ့ စာချုပ်တစ်ခုဖန်တီးပြီး သူတို့ ရှင်သန်နေထိုင်ရာ နေရပ်ကို စွန့်ခွာပြီးတော့ ဒီလောက်သေးငယ်တဲ့ စိတ်ဝိညာဉ်ကမ္ဘာတစ်ခုထဲမှာ အကျဉ်းကျသလိုနေဖို့ ဆန္ဒရှိကြတဲ့ အကြောင်းရင်းက ဘာကြောင့်လဲဆိုရင် လူသားတွေရဲ့ကမ္ဘာမှာ သူတို့အတွက် အကျိုးအမြတ် ကြီးကြီးမားမား ရနိုင်လို့ပဲ...''

''ကမ္ဘာ့စိတ်ဝိညာဉ်တစ်ကောင်ရဲ့ သက်တမ်းက အရမ်းရှည်ကြာတယ်... သူတို့က ငါတို့လိုမျိုး မဟုတ်ကြဘူး... ငါတို့ရဲ့ ကျင့်ကြံမှုက ဘယ်လောက်အထိ သန်မာနေပါစေ ငါတို့အနေနဲ့ အသက်တစ်ရာ မကျော်ကြတာမျိုးကို ပြောတာ... ကမ္ဘာ့စိတ်ဝိညာဉ်တွေက အနည်းဆုံး နှစ်သုံးရာလောက် နေနိုင်ကြတယ်... ကောလဟာလတွေအရ ပိုသန်မာတဲ့ ကမ္ဘာ့စိတ်ဝိညာဉ်တချို့ဆိုရင် နှစ်ထောင်ချီတဲ့အထိ နေနိုင်တယ်လို့တောင် ပြောကြတာပဲ...''

''ဒီတော့ ဒါက ကမ္ဘာ့စိတ်ဝိညာဉ်တွေအဖို့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေနဲ့ စာချုပ်တစ်ခုဖန်တီးပြီး စိတ်ဝိညာဉ်ကမ္ဘာ သေးသေးလေးထဲမှာနေဖို့ ဘာကြောင့် ဆန္ဒရှိကြတယ်ဆိုတာပဲ... ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ သေဆုံးသွားတဲ့အချိန်မှာ စာချုပ်ပျက်ပြယ်သွားပြီး ကမ္ဘာ့စိတ်ဝိညာဉ်တွေက သူတို့ရဲ့ကမ္ဘာကို ပြန်လို့ရသွားတယ်... အဲဒီအချိန်မျိုးကျရင် ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေဆီက သူတို့ရခဲ့သမျှ အရာအားလုံးဟာ ကမ္ဘာ့စိတ်ဝိညာဉ်တွေရဲ့ကမ္ဘာမှာ သူတို့ရဲ့ အခြေခံအုတ်မြစ် ဖြစ်လာတော့တာပဲ...''

                  - - - - - - - - - -
                   * * * * * * *

အခန်း(၁၇၅) ဆက်ရန်...''သိုင်းနတ်ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန်း(၁၇၅) စိတ်ဝိညာဉ်စီရင်စု

''ကမ္ဘာ့စိတ်ဝိညာဉ်တွေအနေနဲ့ သက်ရှိတွေရဲ့ကမ္ဘာကနေ မပြီးနိုင်မဆုံးနိုင်တဲ့ အကျိုးအမြတ်တွေ ရနိုင်တယ်... ဥပမာအားဖြင့် သူတို့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်တဲ့ အခြေခံစွမ်းအင်ရင်းမြစ်အပြင် သူတို့ရဲ့ ခန္ဓာကိုယ်ကို ပိုသန်မာလာစေနိုင်တဲ့ တခြားအရာတွေ ဒါမှမဟုတ် ထူးကဲသွေးလို အရာတွေ အများကြီးရှိသေးတယ်...''

''မင်းပြောခဲ့သလို ကမ္ဘာ့စိတ်ဝိညာဉ်တွေ ဒဏ်ရာရသွားတဲ့နောက်မှာ စိတ်ဝိညာဉ်ကမ္ဘာထဲကနေ ပျောက်ကွယ်သွားပြီး ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူနဲ့ အဆက်အသွယ် လုံးဝပြတ်သွားမယ်ဆိုရင် မင်းဘာလုပ်သင့်သလဲ... အမှန်တကယ်တော့ အဲဒီလိုအချိန်မှာ နည်းလမ်းတွေရှိတယ်...''

''ငါသိထားသမျှဆိုရင်တော့ စိတ်ဝိညာဉ်သစ်သီးလို့ခေါ်တဲ့ အထူးသစ်သီးတစ်မျိုးရှိတယ်... စိတ်ဝိညာဉ်သစ်သီးက ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေအတွက် အကျိုးသက်ရောက်မှုတစ်ခုရှိတယ်... သူတို့ရဲ့ စိတ်ဝိညာဉ်စည်း အရည်အသွေးကို မြင့်တက်စေနိုင်ပြီး စိတ်ဝိညာဉ်စွမ်းအားကိုလည်း ပိုသန်မာလာစေနိုင်တယ်... ဒါပေမဲ့လည်း အဲဒီသစ်သီးက ကမ္ဘာ့စိတ်ဝိညာဉ်တွေအတွက် ပိုပြီးတော့တောင် အကျိုးသက်ရောက်မှုကြီးမားပြီး သူတို့ရဲ့ စွမ်းအားကို ပြန်ဖြည့်တင်းပေးနိုင်စွမ်းရှိတယ်လေ...''

''စိတ်ဝိညာဉ်သစ်သီး ဟုတ်လား... အဲဒါက ဘယ်နေရာမှာ ရှိတာလဲ... အဲဒါကို ဘယ်မှာ ဝယ်လို့ရလဲ ဆရာ...''
ချူဖုန်းက ဝမ်းသာသွားပြီး တိမ်ကင်းစင်သွား၍ နေမင်းအား မြင်တွေ့ရသကဲ့သို့ပင်ဖြစ်၏။ သူက နောက်ဆုံးတွင် အက်ဂီအား ကယ်တင်နိုင်မည့် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရပြီ မဟုတ်ပါလော။

''စိတ်ဝိညာဉ်သစ်သီးလို ဒီလောက်အဖိုးတန်တဲ့ အရာတစ်ခုကို ဝယ်လို့ရမယ်လို့များ မင်းထင်နေလား... ဒါပေမဲ့ ငါသိထားသလောက်တော့ စီရင်စုကိုးခုထဲမှာ စိတ်ဝိညာဉ်သစ်သီးတွေရှိတဲ့ နေရာတစ်ခု တကယ်ကိုရှိနေတယ်...''
ကျူးကော်လျှို့ယွင်က ပြောလိုက်သည်။

''ဘယ်နေရာလဲ...''
ချူဖုန်းက သိလိုစွာဖြင့် မေးလိုက်၏။

''စိတ်ဝိညာဉ်စီရင်စုပဲ...''
''စိတ်ဝိညာဉ်စီရင်စု ဟုတ်လား...''

''ဟုတ်တယ်... စိတ်ဝိညာဉ်စီရင်စုဆိုတာ စီရင်စုကိုးခုထဲက တစ်ခုပဲလေ...''

''အဲဒီစီရင်စုမှာ ကမ္ဘာ့စိတ်ဝိညာဉ်အသင်းတစ်ခု ရှိနေပြီးတော့ ဒီကမ္ဘာ့စိတ်ဝိညာဉ်အသင်းက စီရင်စုကိုးခုထဲမှာ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ အရေအတွက်အများဆုံး စုရုံးနေတဲ့နယ်မြေလို့ ပြောလို့ရတယ်... ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေအဖို့ အဲဒီနယ်မြေမှာ ပစ္စည်းကောင်း အတော်များများ ရနိုင်လိမ့်မယ်...''

''ကမ္ဘာ့စိတ်ဝိညာဉ်အသင်းထဲမှာ စိုက်ပျိုးထားတဲ့ အထူးသစ်သီးတစ်မျိုးရှိပြီးတော့ အဲဒါ စိတ်ဝိညာဉ်သစ်သီးပဲ...''
ကျူးကော်လျှို့ယွင်က ပြောလိုက်သည်။

''စိတ်ဝိညာဉ်စီရင်စုမှာတဲ့လား... အဲဒီနေရာနဲ့ မိုးပြာစီရင်စုကြားမှာ ဘယ်လောက်များဝေးလဲ ဆရာ...''
ချူဖုန်းက အမောတကော မေးလိုက်မိ၏။ သူက မိုးပြာစီရင်စုအကြောင်းကို တချို့တစ်ဝက် နားလည်သဘောပေါက်ထားသော်လည်း စီရင်စုကိုးခုအကြောင်းကိုမူ များစွာသိရှိထားခြင်း မရှိပါချေ။

''စိတ်ဝိညာဉ်စီရင်စုနဲ့ မိုးပြာစီရင်စုက အိမ်နီးချင်းတွေပဲ... ခရီးက သိပ်မနီးပေမဲ့လည်း တကယ်လို့ ငါတို့က သွားပြီးပြန်လာမယ်ဆိုရင် လဝက်လောက်အချိန်က လုံလောက်ပါတယ်...''
ကျူးကော်လျှို့ယွင်က ပြုံးလိုက်ပြီးနောက် ချူဖုန်းထံသို့ လှမ်းမေးလိုက်သည်။
''မင်းက ဒီစိတ်ဝိညာဉ်သစ်သီးကို တော်တော်သဘောကျနေတယ်ပေါ့ ဟုတ်လား...''

''ကျွန်တော် သဘောကျတာပေါ့... စိတ်ဝိညာဉ်သစ်သီးက စိတ်ဝိညာဉ်စည်းရဲ့ အရည်အသွေးကိုရော စိတ်ဝိညာဉ်စွမ်းအားကိုပါ မြင့်တက်စေနိုင်တယ်လို့ ဆရာပဲပြောခဲ့တယ် မဟုတ်လား...''
ချူဖုန်းက ပြုံးလျက် ပြောလိုက်၏။

''အင်း... ဟုတ်တာပေါ့... ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ စိတ်ဝိညာဉ်စည်းနည်းစနစ်မှာ မင်းရဲ့ လက်ရှိကျွမ်းကျင်မှုနဲ့ဆိုရင် အဖြူရောင်ဝတ်ရုံတစ်ထည်အတွက် အရည်အချင်းစစ်ပွဲတစ်ခု ဝင်ဖြေရမယ့်အချိန်ပဲ...''
ကျူးကော်လျှို့ယွင်က ပြောလိုက်သည်။

''အဖြူရောင်ဝတ်ရုံ ဟုတ်လား... ဆရာဝတ်ထားတဲ့ အဖြူရောင်ဝတ်ရုံမျိုးလား... သူ့မှာ ဘယ်လို အသုံးဝင်တာတွေ ရှိလို့လဲ...''
ချူဖုန်းက သိရှိထားသည့်တိုင် မေးလိုက်လေသည်။

''ဟားဟား... ဒီအကြောင်းကို မင်း ဘယ်သိနိုင်ပါ့မလဲ... ဒါက ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ ခွန်အားကိုပြတဲ့ သင်္ကေတတစ်ခုပဲ... တကယ်လို့ ဒီလိုအသိအမှတ်ပြုခံရတာကို လိုချင်တယ်ဆိုရင် အဲဒီဝတ်ရုံကို မင်းရဲ့ ကိုယ်ပိုင်ခွန်အားနဲ့ အရယူနိုင်ဖို့အတွက် အရည်အချင်းစစ်ပွဲတစ်ခုဝင်ဖို့တော့ လိုလိမ့်မယ်...''

''ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေရဲ့ ခွန်အားအလိုက် ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူအဆင့် သုံးမျိုးသုံးစားရှိတယ်... အဖြူရောင်ဝတ်ရုံ၊ မီးခိုးရောင်ဝတ်ရုံနဲ့ အပြာရောင်ဝတ်ရုံတွေပဲ...''

''အဖြူရောင်ဝတ်ရုံက ရဖို့အလွယ်ဆုံးပဲ... အခုလောလောဆယ် မင်းလုပ်နိုင်သမျှအရဆိုရင် အဖြူရောင်ဝတ်ရုံတစ်ထည် အရယူပြီး အဖြူရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ယောက် ဖြစ်လာဖို့ဆိုတာ မင်းအတွက် သိပ်မခက်ခဲလှပါဘူး...''

''အဖြူရောင်ဝတ်ရုံနဲ့ နှိုင်းယှဉ်ကြည့်ရင် မီးခိုးရောင်ဝတ်ရုံက အတော်ကို ပိုခက်ခဲတယ်... စိတ်ဝိညာဉ်စည်းစွမ်းအားရဲ့ အနှစ်သာရကို နားလည်ဖို့လိုအပ်တဲ့အပြင် မိုးပြာစီရင်စုထဲမှာ မီးခိုးရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ နှစ်ယောက်ထက်ပိုပြီး မရှိဘူး...''

''ပထမတစ်ယောက်က နံပါတ်တစ်ကျောင်းဖြစ်တဲ့ လင်းယွင်ကျောင်းရဲ့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ၊ ကျန်တဲ့တစ်ယောက်ကတော့ ချီလင်မင်းသားစံအိမ်ရဲ့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူပဲ...''
ကျူးကော်လျှို့ယွင်က အလွန်တရာ လေးနက်စွာဖြင့် ပြောလိုက်သည်။ ထိုသူနှစ်ဦးအကြောင်း ပြောနေချိန်၌ သူ့လေသံတွင် လေးစားမှုအချို့ကို မကွယ်ဝှက်နိုင်ဘဲ ရှိနေလေသည်။

''ဘယ်လို... မိုးပြာစီရင်စုထဲမှာ မီးခိုးရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ နှစ်ယောက်ထက်ပိုမရှိတဲ့အပြင် သူတို့က ဒီလောက်အထင်ကြီးစရာကောင်းတဲ့ အဆင့်အတန်းကို ပိုင်ဆိုင်ထားကြတယ်ပေါ့...''
ချူဖုန်းစိတ်ထဲတွင် အကြီးအကျယ် အံ့သြတုန်လှုပ်သွားမိသည်။ အဘယ်ကြောင့်ဆိုသော် ကျားဖြူတောင်တန်းတွင် သူ ဆုံတွေ့ခဲ့ရသည့် မိန်းကလေးမှာလည်း မီးခိုးရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတစ်ဦး ဖြစ်နေသည်မှာ ရှင်းလင်းနေ၍ဖြစ်သည်။

''အပြာရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေအတွက်ကတော့ သူတို့က ဒဏ္ဍာရီတွေလိုပါပဲ... မိုးပြာစီရင်စုထဲမှာ သူတို့လိုလူမျိုး လုံးဝမရှိတဲ့အပြင် တခြားစီရင်စုတွေမှာတောင် မရှိဘူးလေ... အဲဒီလို ဒဏ္ဍာရီဆန်ဆန် ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူမျိုးက စိတ်ဝိညာဉ်စီရင်စုတစ်ခုတည်းမှာပဲ ရှိတယ်...''
ကျူးကော်လျှို့ယွင်က ဆက်လက်ပြောပြနေ၏။

သို့သော်ငြားလည်း ကျူးကော်လျှို့ယွင် ပြောပြသည်များနှင့် အက်ဂီ ပြောပြခဲ့သည်များအား နှိုင်းယှဉ်ကြည့်လိုက်ပြီးနောက် အမျိုးအစားနှစ်ခု လျော့နည်းနေလေသည်။ ၎င်းတို့မှာ အပြာရောင်ဝတ်ရုံပြီးနောက်တွင် ခရမ်းရောင်ဝတ်ရုံနှင့် ရွှေရောင်ဝတ်ရုံတို့လည်း ရှိနေခြင်းကြောင့်ပင်။ ထိုအချက်မှတဆင့် အက်ဂီမှာ အတွေ့အကြုံအရာတွင် ကျူးကော်လျှို့ယွင်ထက် သာလွန်နေသည်ကို မြင်နိုင်ပေသည်။

''ဒီလောက်များတဲ့ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေက ဘာကြောင့်များ စိတ်ဝိညာဉ်စီရင်စုမှာ သွားစုနေကြတာလဲ... အဲဒီစီရင်စုမှာ ထူးခြားတာတစ်ခုခု ရှိနေလို့လား...''
ချူဖုန်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်မိသည်။

''အမှန်ပဲ... ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေအတွက်တော့ စိတ်ဝိညာဉ်စီရင်စုက အထွတ်အမြတ်နယ်မြေလို့ ပြောလို့ရတယ်... စီရင်စုကိုးခုစလုံးရဲ့ အသန်မာဆုံး ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ အင်အားစုနှစ်ခုက အဲဒီစီရင်စုမှာ ရှိနေတာကိုး... ပထမတစ်ခုက ကမ္ဘာ့စိတ်ဝိညာဉ်အသင်းပဲ... အဲဒီအသင်းမှာ စီရင်စုကိုးခုရဲ့ အသန်မာဆုံး ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူတွေ စုရုံးနေကြတယ်လေ... ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ အဆင့်အတန်းတွေအတွက် အရည်အချင်းစစ်ပွဲအားလုံးကို အဲဒီနေရာမှာပဲ ကျင်းပကြရတယ်...''

''နောက်တစ်ခုကတော့ ကျဲမျိုးနွယ်စုပဲ... ကျဲမျိုးနွယ်စုက ကမ္ဘာ့စိတ်ဝိညာဉ်အသင်းလောက် မကြီးပေမဲ့ မျိုးနွယ်စုဝင်တိုင်းက စိတ်ဝိညာဉ်စွမ်းအားနဲ့အတူ မွေးဖွားလာကြတာမို့ သူတို့က အတော်ကို အထင်ကြီးလေးစားစရာကောင်းတဲ့ တော်ဝင်မျိုးနွယ်စုတစ်ခုပဲ...''

''ကောလဟာလတွေအရ သူတို့ကို စိတ်ဝိညာဉ်စီရင်စုရဲ့ အရှင်သခင်တွေလို့ ပြောနိုင်ပေမဲ့ မျိုးနွယ်စုဝင်တွေ အရမ်းနည်းနေတဲ့အတွက် အုပ်ချုပ်မှုအာဏာကို ကမ္ဘာ့စိတ်ဝိညာဉ်အသင်းဆီ တဖြည်းဖြည်း လွှဲပေးလိုက်ရတာပဲ... ဒါပေမဲ့လည်း သူတို့က အခုထိ လျှော့တွက်လို့မရတဲ့ အင်အားစုတစ်ခု ဖြစ်နေတုန်းပဲမို့ သူတို့နှစ်ဖွဲ့က စိတ်ဝိညာဉ်စီရင်စုရဲ့ အထွတ်အမြတ်နယ်မြေကို ဝေမျှသုံးနေကြတယ်...''
ကျူးကော်လျှို့ယွင်က ပြောလိုက်သည်။

''ကျွန်တော် နားလည်ပါပြီ... ကြည့်ရတာ လောကကြီးက အမှန်တကယ်ကို အတော် ကျယ်ပြောတာပဲ... ဒီလောက်ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုတောင် ရှိနေပြီး မျိုးနွယ်စုဝင်တိုင်းက စိတ်ဝိညာဉ်စွမ်းအားနဲ့ မွေးဖွားလာကြတယ်ဆိုတော့...''
ချူဖုန်းမှာ အထင်ကြီးလေးစားမှုဖြင့် သက်ပြင်းရှိုက်လိုက်မိသည်။ စိတ်ဝိညာဉ်စွမ်းအားကား လူတစ်သောင်းတွင် တစ်ယောက်ပင် မပိုင်ဆိုင်ဘဲ မိုးပြာစီရင်စုအတွင်း၌ စိတ်ဝိညာဉ်စွမ်းအားရှိသူတိုင်းအား ပါရမီရှင်အဖြစ် ရှုမြင်ထားကြသည် မဟုတ်ပါလော။

သို့သော် သူ၏ အိမ်နီးချင်းစီရင်စုတွင် ထိုမျှအထင်ကြီးဖွယ်ကောင်းသည့် မျိုးနွယ်စုတစ်ခု ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မတွေးမိခဲ့ပေ။ မျိုးနွယ်စုဝင် အယောက်စီတိုင်းတွင် စိတ်ဝိညာဉ်စွမ်းအား ပိုင်ဆိုင်ထားကြသည်။ ၎င်းမှာ မည်သို့သော ပင်ကိုစွမ်းရည်မျိုးဖြစ်ပြီး ထိုမျိုးနွယ်စုကား မည်မျှသန်မာပေလိမ့်မည်နည်း။

''ဟိုး... မင်းပြောတာ မှန်တယ်... လောကကြီးက ကျယ်ပြောလွန်းပြီးတော့ မရေမတွက်နိုင်တဲ့ စွမ်းအားပြည့်ဝသူတွေ ရှိနေကြတယ်... ထူးကဲသွေးပိုင်ဆိုင်ထားတဲ့ မျိုးနွယ်စုတွေ အများကြီးရှိနေသလို စိတ်ဝိညာဉ်စီရင်စုရဲ့ ကျဲမျိုးနွယ်စုထက်တောင် ပိုသန်မာတဲ့ မျိုးနွယ်စုတစ်ခုက စီရင်စုကိုးခုထဲမှာ ရှိနေသေးတယ်...''
ကျူးကော်လျှို့ယွင်က ပြောလိုက်သည်။

''ပိုပြီးတော့တောင် သန်မာတဲ့မျိုးနွယ်စု ဟုတ်လား... အဲဒါ ဘယ်မျိုးနွယ်စုလဲ ဆရာ...''
ချူဖုန်းမှာ သိလိုစိတ် အလွန်တရာ ပြင်းပြနေမိသည်။ ကျဲမျိုးနွယ်စုမှာ တစ်ဦးတစ်ယောက်အား အံ့သြထိတ်လန့်စေနိုင်ပြီးဖြစ်၏။ ၎င်းထက်ပင် ပိုမိုသန်မာသော မျိုးနွယ်စုတစ်ခုကား မည်သို့မည်ပုံ ရှိလိမ့်မည်နည်း။

''အဲဒါက စီရင်စုကိုးခုရဲ့ လက်ရှိအရှင်သခင် ကျန့်ပြည်ထောင်ပဲပေါ့... ကျန့်ပြည်ထောင်က ထူးခြားတဲ့ မျိုးနွယ်စုတစ်ခုပဲလေ...''

''သူတို့ကိုယ်သူတို့ ကျန့်ပြည်ထောင်လို့ ခေါ်ကြတဲ့ အကြောင်းရင်းက ကျန့်ပြည်ထောင်မှာရှိတဲ့ လူတိုင်းလူတိုင်းမှာ သူတို့ရဲ့သွေးကနေ မြစ်ဖျားခံလာတဲ့ သန်မာတဲ့စွမ်းအားကို ပိုင်ဆိုင်ထားကြလို့ပဲ... သူတို့က သာမန်လူတွေမှာမရှိတဲ့ ကြောက်စရာကောင်းတဲ့ တိုက်ပွဲဝင်စွမ်းပကားကို ပိုင်ဆိုင်ထားကြတယ်... ဒါက ကျန့်ပြည်ထောင်အနေနဲ့ စီရင်စုကိုးခုရဲ့ အရှင်သခင်အဖြစ်ကနေ အားနည်းဆုတ်ယုတ်မသွားဘဲ ဒီလောက်ကြာအောင် ဘာကြောင့် တည်ရှိနေနိုင်ခဲ့တယ်ဆိုတာရဲ့ အကြောင်းရင်းလည်းဟုတ်တယ်...''
ကျူးကော်လျှို့ယွင်က ဆက်လက်ရှင်းပြလျက်ရှိသည်။

''ကျန့်ပြည်ထောင်က ထူးခြားတဲ့မျိုးနွယ်စုတစ်ခုပေါ့... အံ့သြစရာ မရှိတော့ဘူးပဲ...''
ချူဖုန်းအဖို့ သူ့အား အံ့သြထိတ်လန့်သွားစေသည့် အခြားသတင်းတစ်ခုကို ရရှိလိုက်ခြင်းဖြစ်သည်။

''ရက်စွဲကို လှမ်းကြည့်လိုက်ဦး... ကမ္ဘာ့စိတ်ဝိညာဉ်အသင်းက ကြီးမှူးပြီး လစဉ်ကျင်းပတဲ့ အဖြူရောင်ဝတ်ရုံ ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူ အရည်အချင်းစစ်ပွဲက တော်တော်နီးလာပြီ... အိမ်ပြန်ပြီး ပြင်ဆင်ထားလိုက်တော့... မနက်ဖြန်မနက်ကျရင် ငါ မင်းကို စိတ်ဝိညာဉ်စီရင်စုဆီ ခေါ်သွားပေးမယ်...''
ကျူးကော်လျှို့ယွင်က ပြောလိုက်သည်။

''တကယ်လား ဆရာ...''
ထိုစကားများကို ကြားလိုက်ရပြီးနောက်တွင် ချူဖုန်းက အံ့သြထိတ်လန့်မှုဟူ၍ တစ်စွန်းတစ်စမျှပင် မရှိပါချေ။ ထိုအစား သူက အရူးအမူးနှင့်အလွန့်အလွန် ပျော်ရွှင်သွားလေတော့၏။ အကြောင်းမူ အကယ်၍ ကျူးကော်လျှို့ယွင်မှ ထိုသို့မပြောခဲ့လျှင်လည်း သူ့အဖို့ စိတ်ဝိညာဉ်စီရင်စုသို့ သွားရောက်ရန် ကြံရွယ်ထားသောကြောင့်ဖြစ်သည်။

ချူဖုန်းအဖို့ စိတ်ဝိညာဉ်စီရင်စုသို့ သွားရောက်လိုရသည့် အကြောင်းရင်းကား ကမ္ဘာ့စိတ်ဝိညာဉ်ထိန်းချုပ်သူများအတွက် မည်သည့်အဖြူရောင်ဝတ်ရုံ အရည်အချင်းစစ်ပွဲဝင်ရန်မှ မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် အကယ်၍ သူတို့က အဆင့်အတန်းအရသာ ပြောကြမည်ဆိုလျှင် သူ၏စကြဝဠာအိတ်အတွင်း၌ ကမ္ဘာ့စိတ်ဝိညာဉ် မီးခိုးရောင်ဝတ်ရုံတစ်ထည် ရှိနေနှင့်ပြီးဖြစ်၍ပင်။ ထိုမီးခိုးရောင်ဝတ်ရုံကား အဖြူရောင်ဝတ်ရုံထက် ပိုမို၍စျေးကြီးမည်မှာ သေချာနေပြီး ၎င်းကိုယ်စားပြုနေသည့် အဆင့်အတန်းမှာ ပိုမို၍ပင် ကြောက်ရွံ့ဖွယ်ကောင်းနေလေသည်။

ပုံမှန်အားဖြင့် ချူဖုန်းအား စိတ်ဝိညာဉ်စီရင်စုသို့ ဆွဲဆောင်နေသည်မှာ အက်ဂီအား နိုးထစေနိုင်မည့် ထူးဆန်းသော စိတ်ဝိညာဉ်သစ်သီးသာ ဖြစ်ပေတော့သည်။

                  - - - - - - - - - -
                   * * * * * * *

အခန်း(၁၇၆) ဆက်ရန်...


''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၇၁) လႊမ္းမိုးျခယ္လွယ္ႏိုင္လြန္းတဲ့ဆရာ

ထိုအသံ ထြက္ေပၚလာၿပီး ဖိအားက အရာအားလုံးအေပၚ လႊမ္းျခဳံလိုက္ခ်ိန္၌ပင္ လူရိပ္တစ္ခုက ခ်ဴဖုန္းေ႐ွ႕တြင္ တေစၧတစ္ေကာင္အလား ရပ္လ်က္႐ွိေနၿပီး ခ်ဴဖုန္းႏွင့္ စူး႐ို႕တို႔အား သူ႕ေနာက္သို႔ ပို႔လိုက္သည္။

ထိုပုဂၢိဳလ္မွာ ပခုံးထက္တြင္ အျဖဴေရာင္ဝတ္႐ုံတစ္ထည္ႏွင့္ ႐ွိေနၿပီး ၎က သူ႕မ်က္ႏွာကိုလည္း ဖုံးကြယ္ထားေလသည္။ ထိုပုဂၢိဳလ္ကား မိုးျပာနဂါးေက်ာင္းအေနႏွင့္ အလြန္႔အလြန္ ျမင့္မားေသာ တန္ဖိုးတစ္ခုျဖင့္ ဖိတ္ၾကားထားရသည့္ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူျဖစ္ၿပီး မိုးျပာနဂါးေက်ာင္းအတြင္း၌ နံပါတ္ႏွစ္ သိုင္းထိပ္သီးဘြဲ႕ကို ပိုင္ဆိုင္ထားသူလည္းျဖစ္သည့္ က်ဴးေကာ္လွ်ိဳ႕ယြင္ပင္ ျဖစ္ေပေတာ့သည္။

''ဒါက... ဒါ အႀကီးအကဲက်ဴးေကာ္ပဲ... ဘာေတြျဖစ္ေနတာလဲ... အႀကီးအကဲက်ဴးေကာ္က ခ်ဴဖုန္းကို ဘာေၾကာင့္ ကာကြယ္ေပးေနရတာလဲ... သူတို႔ႏွစ္ေယာက္ၾကားမွာ ပတ္သက္မႈတခ်ိဳ႕ ႐ွိေနလို႔လား...''
အကယ္၍ အႀကီးအကဲလီ ထြက္ေပၚလာမႈမွာ ေမွ်ာ္လင့္ထားမိသည့္ ျဖစ္ရပ္တစ္ခု ျဖစ္ေနေသးလွ်င္ပင္ က်ဴးေကာ္လွ်ိဳ႕ယြင္မွာမူ အေသအခ်ာ ေမွ်ာ္လင့္မထားမိသည့္ အျဖစ္ပင္တည္း။ သူ ထြက္ေပၚလာမႈက လူတိုင္းအား အံ့ၾသထိတ္လန္႔သြားေစသည္ဟု ဆိုႏိုင္ေပသည္။

သိ႐ွိရန္မွာ မိုးျပာနဂါးေက်ာင္းအတြင္း၌ လူတိုင္းအဖို႔ အေၾကာက္႐ြံ႕ရဆုံးပုဂၢိဳလ္မွာ မိုးျပာနဂါးေက်ာင္းအုပ္ႀကီး မဟုတ္သကဲ့သို႔ ကာကြယ္သူေျခာက္ဦးလည္း မဟုတ္သလို က်ံဳးလီရိဟူလည္း မဟုတ္ပါေခ်။ ၎ပုဂၢိဳလ္ကား ထိုခဏ၌ ခ်ဴဖုန္းေ႐ွ႕ေမွာက္တြင္ ရပ္ေနသည့္ အႀကီးအကဲ က်ဴးေကာ္လွ်ိဳ႕ယြင္ပင္ ျဖစ္ေလေတာ့၏။

သို႔ေသာ္ က်န္သူမ်ား၏ စိတ္႐ႈပ္ေထြးမႈႏွင့္ ႏိႈင္းစာလွ်င္ စူး႐ို႕က ေပ်ာ္႐ႊင္သြားမိေလသည္။ က်ဴးေကာ္လွ်ိဳ႕ယြင္က ခ်ဴဖုန္းအား သူ႕တပည့္အျဖစ္ လက္ခံခဲ့သည္ကို သူမကိုယ္တိုင္ မ်က္ျမင္ေတြ႕ခဲ့ရေသာေၾကာင့္ ထိုအဘိုးအိုမွာ ခ်ဴဖုန္းအတြက္ဆိုလွ်င္ သူ႕ေနာက္သို႔ ႏွစ္ေပါင္းမ်ားစြာ လိုက္ပါခဲ့ေသာ လန္ဝူးေဆြကိုပင္ သတ္ျဖတ္ခဲ့သည္ကိုလည္း သူမ သိ႐ွိထားသည္ မဟုတ္ပါေလာ။ ထိုအခိုက္အတန္႔၌ သူ ထြက္ေပၚလာၿပီျဖစ္၍ ခ်ဴဖုန္းအား မည္သူတစ္ဦးကမွ် ထပ္မံထိပါးႏိုင္မည္ မဟုတ္ေတာ့ေပ။

သူမ၏ စိတ္ခံစားခ်က္မ်ားက လႈံ႕ေဆာ္လာသည့္အေလ်ာက္ စူး႐ို႕မွာ သူမအၾကည့္ကို ခ်ဴဖုန္းထံသို႔ တိတ္တဆိတ္ ေ႐ႊ႕လိုက္မိသည္။ ခ်ဴဖုန္းက တည္ၿငိမ္ေနလ်က္႐ွိၿပီး ထူးျခားဟန္မ႐ွိသည္ကို သူမ ေတြ႕႐ွိလိုက္ရသည္။ သူ႕မ်က္ႏွာထက္တြင္လည္း ေပ်ာ္႐ႊင္မႈခ်ိတ္ဆြဲလ်က္ ႐ွိေနေသာ္ျငားလည္း အရာအားလုံးမွာ သူေမွ်ာ္လင့္ထားသည့္အတိုင္း ျဖစ္လာေနသကဲ့သို႔ အံ့အားသင့္သည့္ အမူအရာဟူ၍ မ်ားမ်ားစားစား မ႐ွိပါေခ်။

သူမ ထိုသို႔ျမင္မိလွ်င္ စူး႐ို႕မွာ သူမႏႈတ္ခမ္းမ်ားကို စုလ်က္ စိတ္တြင္း၌ တိတ္တိတ္ေျပာလိုက္မိသည္။
''ဒီလူကေတာ့... သူက ဒီေလာက္ရဲတင္းတဲ့ ကိစၥေတြကို လုပ္ရဲခဲ့တာ အံ့ၾသစရာမ႐ွိဘူးပဲ... က်ဴးေကာ္လွ်ိဳ႕ယြင္က သူ႕ကို ကူညီလိမ့္မယ္ဆိုတာ သူ ႀကိဳသိေနၿပီးသားကိုး...''

''က်ဴးေကာ္လွ်ိဳ႕ယြင္... က်ဳပ္က ပုဂၢိဳလ္ေရးရန္ၿငိဳး နည္းနည္းေလာက္ ေျဖ႐ွင္းခ်င္႐ုံပါ... ခင္ဗ်ားက ဘာေၾကာင့္မ်ား က်ဳပ္ အခက္ေတြ႕ေအာင္ လုပ္ခ်င္ရတာလဲ...''
က်ံဳးလီရိဟူက တင္းက်ပ္စြာ မ်က္ေမွာင္ၾကဳတ္လိုက္မိေသာ္လည္း သူ၏ေလသံမွာမူ ေပ်ာ့ေပ်ာင္းသြားေလေတာ့သည္။ သူသည္လည္း က်ဴးေကာ္လွ်ိဳ႕ယြင္အား ေၾကာက္႐ြံ႕သည္ကို ျမင္ႏိုင္ေပသည္။

''ပုဂၢိဳလ္ေရးရန္ၿငိဳး ဟုတ္လား... ဘယ္လို ပုဂၢိဳလ္ေရးရန္ၿငိဳးလဲ...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ထူးမျခားနားဟန္ျဖင့္ ေမးလိုက္၏။

''ဒီခ်ာတိတ္က က်ဳပ္တပည့္ကို သတ္ခဲ့တယ္... သူ႕ရဲ႕ဆရာအေနနဲ႔ က်ဳပ္တပည့္အတြက္ လက္စားေခ်ရမယ္ေလ... ဒါက ရန္ၿငိဳးတစ္ခု ဟုတ္ရဲ႕လား...''
က်ံဳးလီရိဟူက ေမးခြန္းတစ္ခုႏွင့္အတူ တုံ႔ျပန္လိုက္သည္။

''အင္း... ဒါက တကယ္ကို ရန္ၿငိဳးတစ္ခုပါပဲ... ဒါေပမဲ့ အေျခအေနက ဒီလိုေတြ ျဖစ္လာမွေတာ့ က်ဳပ္အေနနဲ႔ ဒီအေရးမွာ ပိုၿပီးေတာ့ေတာင္ စြက္ဖက္ရဦးမယ့္ အဓိပၸာယ္ပဲေလ...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ျပဳံးလိုက္၏။

''ခင္ဗ်ားက ဘာကို ဆိုလိုတာလဲ...''
ထိုစကားမ်ား ထြက္ေပၚလာခ်ိန္တြင္ က်ံဳးလီရိဟူက အနည္းငယ္ ေၾကာင္အမ္းအမ္းျဖစ္သြား႐ုံသာမကဘဲ မ်က္ေမွာက္ျမင္ကြင္း႐ွိ လူတိုင္းနီးပါးမွာ ေခါင္း႐ႈပ္သြားၾကေလေတာ့သည္။ သူတို႔က ခ်ဴဖုန္းႏွင့္ က်ဴးေကာ္လွ်ိဳ႕ယြင္တို႔၏ ဆက္ဆံေရးကို နက္နက္႐ိႈင္း႐ိႈင္း မွန္းဆေနမိၾကသည္။

''ခင္ဗ်ားက ခင္ဗ်ားတပည့္အတြက္ လက္စားေခ်ဖို႔ ခ်ဴဖုန္းကို သတ္ခ်င္တယ္ေပါ့... သူရဲ႕ ဆရာအေနနဲ႔ ဒါက လုံးဝ က်ိဳးေၾကာင္းဆီေလ်ာ္ပါတယ္...''

''ဒါေပမဲ့လည္း ခ်ဴဖုန္းက က်ဳပ္ရဲ႕ တပည့္ရင္းပဲေလ... သူ႕ရဲ႕ဆရာအေနနဲ႔ က်ဳပ္က က်ဳပ္တပည့္ကို ကာကြယ္တာပဲ... ဒါလည္း က်ိဳးေၾကာင္းဆီေလ်ာ္တယ္ မဟုတ္လား...''
က်ဴးေကာ္လွ်ိဳ႕ယြင္က သူ႕လက္မ်ားကို ျဖန္႔လ်က္ ထိုစကားမ်ားကို အလြန္ေပါ့ေပါ့ပါးပါးျဖင့္ ေျပာလိုက္ေလသည္။

သူ၏ ေပါ့ပါးဟန္႐ွိေသာ စကားမ်ားမွာ ေႏြေခါင္ေခါင္တြင္ မိုးႀကိဳးပစ္လိုက္သကဲ့သို႔ပင္။ ခ်က္ခ်င္းဆိုသလို လူအုပ္မွာ ႐ုတ္႐ုတ္သဲသဲျဖစ္သြားေလေတာ့၏။

''ဘာရယ္... ခ်ဴဖုန္းက က်ဴးေကာ္လွ်ိဳ႕ယြင္ရဲ႕ တပည့္ဆိုပဲ... ဘာေတြ ျဖစ္ကုန္တာလဲ...''

''ဒါက တကယ္ မဟုတ္ဘူး မဟုတ္လား... ငါ နားၾကားမွားတာလား... လန္ဝူးေဆြက က်ဴးေကာ္လွ်ိဳ႕ယြင္ေနာက္ကို ဒီေလာက္ၾကာေအာင္ လိုက္ခဲ့တာေတာင္ သူက လန္ဝူးေဆြကို သူ႕တပည့္အျဖစ္ တရားဝင္လက္မခံခဲ့ဘူး... ဒီခ်ဴဖုန္းက ဘယ္အခ်ိန္ကမ်ား သူ႕တပည့္ ျဖစ္လာတာတဲ့လဲ... သူက ခ်ဴဖုန္းရဲ႕ ဘယ္အခ်က္ကို သေဘာက်သြားတာလဲ...''

''ဒါက ခ်ဴဖုန္းရဲ႕ သိုင္းက်င့္ၾကံမႈ ပါရမီေၾကာင့္မ်ားလား... ဒါဆို ခ်ဴဖုန္းမွာလည္း စိတ္ဝိညာဥ္စြမ္းအား ႐ွိေနတယ္ဆိုတဲ့ အဓိပၸါယ္ပဲ... ၿပီးေတာ့ က်ဴးေကာ္လွ်ိဳ႕ယြင္က သူ႕ကို ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ေယာက္ျဖစ္ေအာင္ ေျမေတာင္ေျမႇာက္ေပးဖို႔ ရည္႐ြယ္ထားတာေပါ့...''
လူအုပ္ကား လုံးဝ ဆူညံေပါက္ကြဲလ်က္႐ွိၿပီး သူတို႔က ထိုအေရးႏွင့္ ပတ္သက္၍ အမ်ိဳးစုံေသာ မွန္းဆခ်က္မ်ားကို ျပဳလုပ္ေနၾကေလသည္။ ၎မွာ ႐ုတ္ျခည္း ျဖစ္ပ်က္သြားျခင္းျဖစ္၍ မ်က္ေမွာက္ျမင္ကြင္း႐ွိ လူအမ်ားမွာ လုံးဝ ျပင္ဆင္ထားမႈမ႐ွိခဲ့ၾကေပ။ ထိုအျဖစ္က သူတို႔၏ မရင့္သန္သည့္ဉာဏ္ရည္အား ထိုးႏွက္ေနၿပီး ထိုခဏ၌ မည္သို႔ျဖစ္ပ်က္ေနသည္ကို သူတို႔ လိုက္မမီေတာ့ပါေခ်။

''က်ဴးေကာ္လွ်ိဳ႕ယြင္... ဒါက ဘယ္လို ဟာသမ်ိဳးလဲ... ဒီေကာင္ေလးက ခင္ဗ်ားရဲ႕တပည့္လို႔ ေျပာေနတာလား...''
က်ံဳးလီရိဟူမွာလည္း မ်က္ႏွာတစ္ခုလုံးထက္တြင္ အံ့ၾသတုန္လႈပ္မႈအျပည့္ ေရးထိုးထားလ်က္ ႐ွိေနၿပီး သူပင္လွ်င္ ထိုအျဖစ္အေပၚ ယုံၾကည္ႏိုင္ျခင္းမ႐ွိေပ။

အကယ္၍ သူ႕အား ထူးဆန္းသည္ဟု ဆိုခဲ့လွ်င္ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ သူ႕ထက္ပင္ ပိုမိုထူးဆန္းေပသည္။ အကယ္၍ သူ႕ထံတြင္ တပည့္အျဖစ္ လက္ခံရန္အတြက္ တင္းက်ပ္ေသာ ေတာင္းဆိုခ်က္မ်ား ႐ွိေနသည္ဆိုပါက က်ဴးေကာ္လွ်ိဳ႕ယြင္တြင္ သူ႕ထက္ပင္ ပိုမိုတင္းက်ပ္ေသာ ေတာင္းဆိုခ်က္မ်ား ႐ွိေနသည္သာျဖစ္၏။ က်ဴးေကာ္လွ်ိဳ႕ယြင္အဖို႔ တစ္သက္တာလုံးတြင္ တပည့္တစ္ဦးပင္ လက္ခံေတာ့မည္မဟုတ္ဟု သူ ေတြးထင္မိခဲ့ေသးသည္ မဟုတ္ပါေလာ။ သူက အဘယ္အတြက္ တပည့္တစ္ဦးကို ႐ုတ္တရက္ လက္ခံလိုက္ရသနည္း။ ထိုတပည့္မွာ အဘယ္ေၾကာင့္ ခ်ဴဖုန္းပင္ ျဖစ္ေနရသနည္း။

''ဘာလဲ... ဒီကိစၥကို က်ဳပ္ေျပာတာ မ႐ွင္းဘူးလား...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ျပဳံးလိုက္ၿပီးေနာက္ ေျပာလိုက္ေလသည္။
''ေကာင္းၿပီေလ... က်ဳပ္ ေနာက္တစ္ေခါက္ ထပ္ေျပာမယ္...''

''ဒီေနရာမွာ႐ွိတဲ့ လူေတြအားလုံး နားေထာင္ၾကပါ... ခ်ဴဖုန္းက က်ဳပ္ရဲ႕ တစ္ဦးတည္းေသာတပည့္ပဲ... တကယ္လို႔ တစ္ေယာက္ေယာက္က သူ႕ရဲ႕ လက္ေခ်ာင္းေလးေတြကို ထိရဲတယ္ဆိုရင္ေတာင္ အဲဒီလူက က်ဴးေကာ္လွ်ိဳ႕ယြင္ဆိုတဲ့ က်ဳပ္ကို ရန္သူတစ္ေယာက္အျဖစ္ သတ္မွတ္လိုက္တာပဲ... အဲဒီလူက ဘယ္သူပဲ ျဖစ္ေနပါေစ က်ဳပ္က ႁခြင္းခ်က္မ႐ွိ သတ္ရလိမ့္မယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္၏ ေလသံမွာ ထူထဲ၍ အလြန္တရာ စြမ္းအားျပည့္ဝေသာ ေဖာက္ထြင္းႏိုင္စြမ္းကို ပိုင္ဆိုင္ထားေပသည္။ လူပင္လယ္ႀကီးကို ျဖတ္သန္းထိုးေဖာက္သြားၿပီးေနာက္တြင္ ၎က အေသအ႐ွင္စင္ျမင့္ပတ္လည္၌ ေခါင္းေလာင္းသံကဲ့သို႔ ပဲ့တင္ထပ္ေနေလသည္။ ၎ကို ၾကားလိုက္ရသူတိုင္းမွာ အသက္႐ွဴမွားသြားၾကသည္။

ထိုအခိုက္အတန္႔၌ လူအမ်ားအျပားမွာ ႏႈတ္ဆိတ္သြားၾကသည္။ သို႔ေသာ္ျငားလည္း သူတို႔၏ ရင္ထဲတြင္ အေျဖတစ္ခု ႐ွိေနၿပီျဖစ္၏။ ခ်ဴဖုန္းအေနႏွင့္ အဘယ္ေၾကာင့္ ကုံးလုယြင္အား စိန္ေခၚဝံ့သည္၊ သူက အဘယ္ေၾကာင့္ အတြင္းေဆာင္တပည့္မ်ား၏ က်င့္ၾကံမႈကို ဖ်က္ဆီးဝံ့သည္၊ သူက အဘယ္ေၾကာင့္ ဝူက်ိဳးအား သတ္ျဖတ္ဝံ့သည္ စသည္တို႔ကို ေနာက္ဆုံး၌ သူတို႔ သိ႐ွိလိုက္ၾကၿပီျဖစ္သည္။ အေၾကာင္းကား သူက က်ဴးေကာ္လွ်ိဳ႕ယြင္ကဲ့သို႔ အေတာ္ အထင္ႀကီးေလးစားဖြယ္ေကာင္းသည့္ ဆရာတစ္ဦးကို ပိုင္ဆိုင္ထား၍ပင္တည္း။

''က်ံဳးလီရိဟူ... ခင္ဗ်ားက အခုထိ က်ဳပ္တပည့္ကို တိုက္ခိုက္ခ်င္ေနေသးသလား...''
က်ဴးေကာ္လွ်ိဳ႕ယြင္က အမႈမထားဟန္ျဖင့္ ေျပာလိုက္သည္။

''ဟြန္း...''
က်ံဳးလီရိဟူ၏ အသားအေရမွာ ညိဳပုပ္သြားၿပီး သူ႕မ်က္ႏွာသြင္ျပင္မွာ ႐ႈံ႕မဲ့ေနေတာ့၏။ သူက အ႐ုပ္ဆိုးလြန္းမက အ႐ုပ္ဆိုးစြာျဖင့္ ေအးစက္စြာ ႏွာေခါင္း႐ႈံ႕လိုက္ၿပီး အေသအ႐ွင္စင္ျမင့္ေပၚမွ ဆင္းသြားရန္ ဟန္ျပင္လိုက္ေလသည္။ အဘယ္ေၾကာင့္ဆိုေသာ္ သူက ဝူက်ိဳးအတြက္ႏွင့္ က်ဴးေကာ္လွ်ိဳ႕ယြင္အား တိုက္ခိုက္လိမ့္မည္ မဟုတ္ေသာေၾကာင့္ပင္။

''ရပ္လိုက္...''
သို႔ေသာ္ က်ံဳးလီရိဟူ အေဝးသို႔ ေလွ်ာက္လွမ္းမသြားရေသးမီတြင္ စိတ္ဝိညာဥ္စည္းတစ္ခုက အေသအ႐ွင္စင္ျမင့္တစ္ခုလုံးကို ပိတ္ဆို႔လိုက္ၿပီး က်ံဳးလီရိဟူအား အတြင္း၌ အတင္းအက်ပ္ ပိတ္ေလွာင္ထားလိုက္ေလသည္။

''က်ဴးေကာ္လွ်ိဳ႕ယြင္... ခင္ဗ်ား ဘာလုပ္ခ်င္တာလဲ...''
က်ံဳးလီရိဟူမွာ အနည္းငယ္ ထိတ္လန္႔သြားလ်က္မွ တုံ႔ျပန္လိုက္၏။ သူ အေလွ်ာ့ေပးခဲ့ၿပီးသည့္ေနာက္တြင္ပင္ ထိုအဘိုးႀကီးက သူ႕အား အလြတ္မေပးလိုေသးဘဲ ႐ွိလိမ့္မည္ဟု သူ တစ္ခါမွ မေတြးမိခဲ့ေပ။

''က်ဳပ္က ခင္ဗ်ားကို ေမးခြန္းတစ္ခု ေမးထားေသးတယ္... ခင္ဗ်ား အဲဒါကို မၾကားလို႔လား...''
က်ဴးေကာ္လွ်ိဳ႕ယြင္လည္း မေက်မနပ္ျဖစ္သြားၿပီး သူ၏ေလသံမွာ ႐ွင္းလင္းစြာ ေအးစက္လာေလေတာ့သည္။

''ခင္ဗ်ားက က်ဳပ္ကို ဘာလုပ္ေစခ်င္တာလဲ...''
က်ံဳးလီရိဟူမွာ အမွန္ပင္ ေခ်ာက္ခ်ားသြားမိသည္။ မိုးျပာနဂါးေက်ာင္းအတြင္း၌ သူ႕အဖို႔ ေကာင္းကင္ႏွင့္ေျမျပင္ကိုပင္ ေၾကာက္႐ြံ႕မႈမ႐ွိဟု ဆိုႏိုင္ေသာ္လည္း သူက တစ္ဦးတည္းေသာ ပုဂၢိဳလ္ကိုသာ ေၾကာက္႐ြံ႕မိၿပီး ထိုပုဂၢိဳလ္ကား က်ဴးေကာ္လွ်ိဳ႕ယြင္ပင္ျဖစ္၏။ လုပ္ပုံကိုင္ပုံ နည္းလမ္းမ်ားအရျဖစ္ေစ၊ က်င့္ၾကံမႈအရျဖစ္ေစ သူက က်ဴးေကာ္လွ်ိဳ႕ယြင္ထက္ မ်ားစြာနိမ့္က်ေနသည္ မဟုတ္ပါေလာ။

''တကယ္လို႔ ခင္ဗ်ား သေဘာမေပါက္ဘူးဆိုရင္ က်ဳပ္က သတိေပးရမွာေပါ့... ခ်ဴဖုန္းကို ဒုကၡေပးမယ့္ ဘယ္အေတြးမဆို စြန္႔လႊတ္လိုက္ပါ... တကယ္လို႔ ခ်ဴဖုန္းသာ ျပႆနာတစ္ခုခုနဲ႔ ၾကဳံေတြ႕ခဲ့ရင္ က်ဳပ္ အရင္ဆုံးလာ႐ွာမယ့္လူက ခင္ဗ်ားပဲ... အဲဒီအခ်ိန္က်ရင္ ခင္ဗ်ားကို ဘယ္သူမွ ကာကြယ္ေပးႏိုင္မွာ မဟုတ္ဘူး...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ထိုစကားမ်ားကို အလြန္႔အလြန္ က်ယ္ေလာင္စြာျဖင့္ ေျပာလိုက္ျခင္းျဖစ္ၿပီး သူက က်ံဳးလီရိဟူ မည္သို႔ခံစားေနရမည္ကို ဂ႐ုမစိုက္ပါေခ်။

ထိုျမင္ကြင္းကို သူတို႔ ျမင္ေတြ႕လိုက္ရခ်ိန္တြင္ လူတိုင္းမွာ ေလႏုေအးတစ္ခ်က္စီ မ႐ိႈက္သြင္းဘဲ မေနႏိုင္ၾကေတာ့ေပ။ မိုးျပာနဂါးေက်ာင္းအတြင္း၌ က်ံဳးလီရိဟူအား ထိုသို႔ေျပာဆိုဝံ့သူဟူ၍ က်ဴးေကာ္လွ်ိဳ႕ယြင္ တစ္ဦးတည္းသာ ႐ွိေပလိမ့္မည္။

''ေကာင္းၿပီ... ေနာင္အနာဂါတ္မွာ က်ဳပ္အေနနဲ႔ ခ်ဴဖုန္းကို မထိဘူးဆိုတာ က်ဳပ္ကတိေပးတယ္...''
ေမွ်ာ္လင့္မထားသည့္အျဖစ္ကား က်ဴးေကာ္လွ်ိဳ႕ယြင္ႏွင့္ ရင္ဆိုင္ေနရလွ်င္ က်ံဳးလီရိဟူမွာ ျငင္းဆိုျခင္းမျပဳႏိုင္ဘဲ လူအုပ္ေ႐ွ႕ေမွာက္၌ ခက္ခဲသည့္အေျခအေနတစ္ခုႏွင့္ ၾကဳံေနရခ်ိန္တြင္ပင္ သူက အေလွ်ာ့ေပးလိုက္ျခင္းျဖစ္သည္။

က်ံဳးလီရိဟူ၏ စိတ္ႏွလုံးသားအတြင္းပိုင္း၌ သူက က်ဴးေကာ္လွ်ိဳ႕ယြင္၏ ေျခာက္လွန္႔မႈအား လုံးလုံးလ်ားလ်ား ခံေနရသည့္အျဖစ္ကို လူအမ်ားမွ မည္သို႔သိ႐ွိႏိုင္ေပမည္နည္း။ က်ဴးေကာ္လွ်ိဳ႕ယြင္၏ ရက္စက္သည့္ နည္းလမ္းမ်ားကို ျမင္ေတြ႕ဖူးသူမ်ားသာလွ်င္ ထိုအျဖစ္ကို နားလည္ႏိုင္ေပလိမ့္မည္။ ထိုေျခာက္လွန္႔မႈ၏ ေ႐ွ႕ေမွာက္တြင္ မ်က္ႏွာပ်က္ရျခင္းကား အဘယ္အေရးနည္း။ ၎မွာ ေၾကးတစ္ျပားမွ်ပင္ အဖိုးမတန္ေတာ့ပါေခ်။

''ဟိုး... ဒီလိုေမြပါ့...''
က်ဴးေကာ္လွ်ိဳ႕ယြင္က သူ႕ကိုယ္သူ ဂုဏ္ယူစြာျဖင့္ ျပဳံးလိုက္ၿပီး အေသအ႐ွင္စင္ျမင့္ကို လႊမ္းျခဳံထားသည့္ စိတ္ဝိညာဥ္စည္းမွာလည္း သူ၏ ရယ္သံႏွင့္အတူ ေပ်ာက္ကြယ္သြားေလေတာ့သည္။

က်ံဳးလီရိဟူကား မ်က္ႏွာျပစရာ မ႐ွိေတာ့သည့္အေလ်ာက္ သူက ထိုေနရာတြင္ ဆက္မေနေတာ့ပါေခ်။ သူက ပ်ံသန္းသကဲ့သို႔ အျမန္ႏႈန္းျဖင့္ ေ႐ွ႕သို႔ခုန္လႊားသြားၿပီး အေသအ႐ွင္စင္ျမင့္မွ ထြက္ခြာသြားၿပီးေနာက္ လူတိုင္း၏ ျမင္ကြင္းမွ ေပ်ာက္ကြယ္သြားေလေတာ့သည္။

ထို႔ေနာက္တြင္ က်ဴးေကာ္လွ်ိဳ႕ယြင္က သူ၏အၾကည့္ကို စင္ျမင့္ပတ္ဝန္းက်င္႐ွိ လူအုပ္ထံသို႔ သိမ္းက်ံဳးၾကည့္လိုက္သည္။ ေနာက္ဆုံး၌ သူ၏အၾကည့္က အတြင္းေဆာင္ စည္းကမ္းထိန္းသိမ္းေရးဌာန၏ အုပ္ခ်ဳပ္သူ လွ်ိဳခ်န္အန္းထံတြင္ ရပ္တန္႔သြားေလသည္။

ထိုအခိုက္အတန္႔၌ လွ်ိဳခ်န္အန္း၏မ်က္ႏွာမွာ အႀကီးအက်ယ္ ေျပာင္းလဲသြားၿပီး သူ၏ခႏၶာကိုယ္က တုန္ယင္လာေလေတာ့သည္။ သူ၏ႏွလုံးသားမွာ တဒိတ္ဒိတ္ခုန္ေနၿပီး ေဇာေခြၽးအေျမာက္အျမားလည္း သူ၏နဖူးထက္မွ စတင္စီးက်လာေနေလသည္။ ခ်ဴဖုန္း၏ ေနာက္ကြယ္တြင္ က်ဴးေကာ္လွ်ိဳ႕ယြင္ ႐ွိေနလိမ့္မည္ဟု သူ တစ္ခါမွ ေတြးမထားမိခဲ့ေပ။ ထိုပုဂၢိဳလ္ကား မိုးျပာနဂါးေက်ာင္းတစ္ခုလုံးမွ ေၾကာက္႐ြံ႕ရသည့္ ျဖစ္တည္မႈတစ္ခုပင္ မဟုတ္ပါေလာ။

သူက အမွန္ပင္ ေခ်ာက္ခ်ားလြန္းေနေသာေၾကာင့္ သူ၏ခႏၶာကိုယ္မွာ တုန္ယင္ေနလ်က္႐ွိ၏။ သို႔ေသာ္ျငားလည္း က်ဴးေကာ္လွ်ိဳ႕ယြင္ ေျပာလိုက္သည့္ေနာက္တြင္မွသာ ကပ္ေဘးတစ္ခုက သူ႕ထံ ဦးတည္လာေနၿပီျဖစ္သည္ကို သူ သိ႐ွိလိုက္ရေလေတာ့သည္။
''ဒီေတာ့ ငါ့တပည့္ကို အျပစ္ေပးခ်င္ေနတာ မင္းပဲေပါ့...''

                  - - - - - - - - - -
                   * * * * * * *

အခန္း(၁၇၂) ဆက္ရန္...''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၇၂) ႐ွင္းလင္းတဲ့ဆုနဲ႔ ျပတ္သားတဲ့ျပစ္ဒဏ္

''ကြၽန္ေတာ္... ကြၽန္ေတာ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္၏ စစ္ေမးမႈႏွင့္ ရင္ဆိုင္လိုက္ရခ်ိန္တြင္ လွ်ိဳခ်န္အန္း၏ ေမး႐ိုးမ်ားမွာ တဆတ္ဆတ္တုန္ခါေနၿပီး အာေစးမိေနသကဲ့သို႔ ျဖစ္ေနေလသည္။ သူက ျပည့္စုံေသာဝါက်တစ္ခုကိုပင္ မေျပာႏိုင္ေတာ့ပါေခ်။

''ဝွစ္...''
႐ုတ္တရက္ အေသအ႐ွင္စင္ျမင့္ထက္တြင္ ႐ွိေနသည့္ က်ဴးေကာ္လွ်ိဳ႕ယြင္က သူ႕လက္ကို ေဝွ႔ယမ္းလိုက္၏။ ဝုန္းခနဲအသံတစ္ခုႏွင့္အတူ မီတာရာခ်ီေဝးသည့္ေနရာမွ လွ်ိဳခ်န္အန္းမွာ ေနာက္သို႔ လြင့္ထြက္သြားေလေတာ့သည္။

ေျမျပင္ေပၚသို႔ သူ က်ေရာက္သြားခ်ိန္တြင္ သူ၏ႏွာေခါင္းႏွင့္ ပါးစပ္တို႔မွ ေသြးမ်ားထြက္လာေလသည္။ သူ၏မ်က္ႏွာက ေရာင္ကိုင္းလာၿပီး နက္႐ိႈင္းစြာ စြဲထင္ေနသည့္ ေသြးနီေရာင္ လက္ဝါးရာတစ္ခုပင္ ႐ွိေနသည္။

''အႀကီးအကဲက်ဴးေကာ္... သက္ညႇာေပးပါခင္ဗ်ာ... အႀကီးအကဲက်ဴးေကာ္... သက္ညႇာေပးပါ... ကြၽန္ေတာ္႕မွာ မ်က္လုံး႐ွိလ်က္နဲ႔ ထိုင္းေတာင္ႀကီးကို မျမင္ခဲ့တာပါ... ၿပီးေတာ့ ခ်ဴဖုန္းက အႀကီးအကဲရဲ႕ တပည့္ဆိုတာ ကြၽန္ေတာ္ မသိခဲ့ပါဘူး... တကယ္လို႔ ကြၽန္ေတာ္သိခဲ့ရင္ ကြၽန္ေတာ္ သတၱိဘယ္ေလာက္႐ွိ႐ွိ ဒီလိုမျပဳမူဝံ့ပါဘူး...''
ေလထုကို ျဖတ္သန္း၍ အ႐ိုက္ခံလိုက္ရၿပီးေနာက္တြင္ လွ်ိဳခ်န္အန္းမွာ ေျမျပင္ေပၚသို႔ အလ်င္အျမန္ ဒူးေထာက္လိုက္ၿပီး လူအုပ္၏အၾကည့္မ်ား မည္သို႔႐ွိသည္ကို ဂ႐ုမစိုက္ေတာ့ပါေခ်။ သူက သူ၏လက္မ်ားကိုဆုပ္လ်က္ စင္ျမင့္ထက္႐ွိ က်ဴးေကာ္လွ်ိဳ႕ယြင္ထံသို႔ အဆက္မျပတ္ ဦးၫႊတ္ေနၿပီး သူ႕အသက္အား ခ်မ္းသာေပးရန္ က်ယ္ေလာင္စြာ ေတာင္းပန္ေနေလသည္။

ထိုျမင္ကြင္းထံ သူတို႔ လွမ္းၾကည့္မိသည့္အေလ်ာက္ မည္သူတစ္ဦးကမွ် လွ်ိဳခ်န္အန္း သိကၡာမဲ့သည္ဟု မခံစားမိပါေခ်။ ထိုအစား ၎မွာ လုံးဝက်ိဳးေၾကာင္းဆီေလ်ာ္သည္ဟု သူတို႔ ခံစားမိၾကသည္။ က်ဴးေကာ္လွ်ိဳ႕ယြင္ႏွင့္ ရင္ဆိုင္ရာတြင္ သူေျပာသည့္အတိုင္း လိုက္မလုပ္ဘဲ မည္သူက ေနဝံ့မည္နည္း။ က်ံဳးလီရိဟူပင္လွ်င္ မျငင္းပယ္ဝံ့သည့္ေနာက္တြင္ အတြင္းေဆာင္ အႀကီးအကဲတစ္ဦးအဖို႔ ဆိုဖြယ္ရာမ႐ွိေတာ့ေပ။

''ခ်ဴဖုန္းအေပၚ တစ္ခုခုမေက်နပ္တာ႐ွိတဲ့သူ တစ္ေယာက္ေယာက္မ်ား က်န္ေနေသးလား...''
က်ဴးေကာ္လွ်ိဳ႕ယြင္က သူ၏ ေရခဲတမွ် ေအးစက္ေသာအၾကည့္ျဖင့္ သူ႕ပတ္ဝန္းက်င္သို႔ သိမ္းက်ံဳးၾကည့္လိုက္သည္။ သူ႕ထံမွ ေအးစက္ေတာက္ပမႈက ေနရာအႏွံ႔သို႔ ျဖန္႔ထြက္သြားၿပီး သူ၏ လႊမ္းမိုးျခယ္လွယ္ႏိုင္လွသည့္ အသြင္အျပင္ကို လွစ္ဟလ်က္႐ွိသည္။

ထိုအခိုက္အတန္႔၌ မည္သူက ဝင္ေျပာဝံ့မည္နည္း။ သူတို႔အေနႏွင့္ ခ်ဴဖုန္းအေပၚ မေက်နပ္မႈမ်ား ႐ွိေနသည္ျဖစ္ေစ သို႔တည္းမဟုတ္ သူ႕အေပၚ သေဘာမက်သည္ျဖစ္ေစ၊ လူတိုင္းက ေရငုံႏႈတ္ပိတ္ေနၾကၿပီး မရည္႐ြယ္ဘဲ ေနာက္သို႔တစ္လွမ္းစီ ဆုတ္လိုက္မိၾကသည္။ သူတို႔က ခ်ဴဖုန္းအေပၚ မေက်နပ္မႈမ်ား ထား႐ွိရန္မဝံ့သလို က်ဴးေကာ္လွ်ိဳ႕ယြင္၏ တပည့္အေပၚ အႏၲရာယ္ေပးရန္ မေတြးဝံ့ၾကသည့္အလားပင္ ျဖစ္ေပသည္။

ထိုျမင္ကြင္းထံ လွမ္းၾကည့္ရင္းမွ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ ေက်နပ္မႈျဖင့္ ေခါင္းတစ္ညိမ့္ညိမ့္႐ွိေနၿပီးေနာက္ စူး႐ို႕နံေဘးသို႔ ေလွ်ာက္လာၿပီး ေျပာလိုက္ေလသည္။
''စူး႐ို႕... မင္းအေနနဲ႔ အေစာပိုင္းတုန္းက က်ဳပ္တပည့္အေပၚ ကာကြယ္ေပးၿပီး တကယ္ကို ေကာင္းေကာင္းအက်ိဳးေဆာင္ခဲ့တာပဲ... မင္းကို ဒါေလးနဲ႔ ဆုခ်လိုက္မယ္...''

ေတာက္ပေသာအလင္းက က်ဴးေကာ္လွ်ိဳ႕ယြင္၏ခါးေပၚတြင္ တလက္လက္ျဖာထြက္ေနၿပီး သူ႕လက္ဖဝါးအတြင္း၌ အစိမ္းရင့္ရင့္ ေဆးပင္တစ္ပင္႐ွိေနသည္။ ထိုေဆးပင္မွာ လွပလြန္းလွ၏။ ၎မွာ ေတာက္ပၾကည္လင္ေနၿပီး ၎၏ပတ္ပတ္လည္တြင္ အလင္းက လွည့္ပတ္ေနသည္။ ၎မွာ ရတနာတစ္ခုကဲ့သို႔ ေတာက္ပေနၿပီး အေရးအႀကီးဆုံးအခ်က္ကား ၎တြင္ပါဝင္ေနသည့္ စြမ္းအားက အလြန္တရာ ႀကီးမားေနျခင္းျဖစ္ေပသည္။ ပတ္ဝန္းက်င္႐ွိ ေလထုသည္ပင္ ျဖည္းညင္းစြာ ေဘးဘယ္ညာလႈပ္႐ွားလ်က္႐ွိၿပီး တုန္ခါေနသည့္အလားျဖစ္ေန၏။ အေၾကာင္းမူ ေဆးပင္တြင္ ပါဝင္ေနသည္မွာ နက္နဲစြမ္းအားျဖစ္ေနေသာေၾကာင့္ပင္။

''နက္နဲေဆးပင္...''
လူတိုင္းမွာ အႀကီးအက်ယ္ အံ့ၾသတုန္လႈပ္သြားၾကသည္။ အမာခံအႀကီးအကဲမ်ားပင္ အထင္ႀကီးေလးစားသည့္ အမူအရာမ်ားကို ေဖာ္ျပေနၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုအရာမွာ နက္နဲေဆးပင္တစ္ပင္ ျဖစ္ေန၍ပင္တည္း။ ၎က အရည္အေသြးျမင့္ နက္နဲေဆးပင္တစ္ပင္ ျဖစ္ေနသည့္အျပင္ ၎၏ေစ်းႏႈန္းမွာလည္း အလြန္႔အလြန္ ျမင့္မားေလသည္။ ထိုေဆးပင္မွာ ေစ်းႀကီးသည့္အျပင္ ႐ွားလည္း႐ွားပါးသည္ဟု ဆိုႏိုင္ေပသည္။ ၎မွာ အလြယ္တကူ ႐ွာမေတြ႕ႏိုင္ေသာ ရတနာျဖစ္ၿပီး တစ္ဦးတစ္ေယာက္အေနႏွင့္ ၎ကို ကံတရား၏ ေဖးမမႈျဖင့္သာ ေတြ႕႐ွိႏိုင္ေပမည္။ ထိုေဆးပင္တြင္ နက္နဲနယ္ပယ္႐ွိ လူအမ်ားအတြက္ အဆုံးမ႐ွိေအာင္ ႀကီးမားေသာ အက်ိဳးသက္ေရာက္မႈမ်ား ပိုင္ဆိုင္ထားေလသည္။

''အႀကီးအကဲက်ဴးေကာ္ကို ေက်းဇူးတင္ပါတယ္...''
နက္နဲေဆးပင္ကို ျမင္ေတြ႕လိုက္ရခ်ိန္တြင္ စူး႐ို႕၏ မ်က္လုံးမ်ားသည္ပင္ ဝင္းလက္သြား၏။ သူမ၏ အႂကြင္းမဲ့ အလွမ်က္ႏွာထက္တြင္ ေတာက္ပေသာ ေပ်ာ္႐ႊင္မႈတို႔ျဖင့္ ျပည့္လွ်မ္းေနေလေတာ့သည္။ သူမက နက္နဲေဆးပင္ကို သူမ၏ လက္မ်ားေပၚတြင္ ဂ႐ုတစိုက္ ကိုင္ထားလိုက္၏။

နက္နဲေဆးပင္မ်ားမွာ ေစ်းႀကီးလြန္းလွၿပီး အထူးသျဖင့္ အရည္အေသြးျမင့္ေဆးပင္မ်ားျဖစ္သည္။ စူး႐ို႕၏ အဆင့္အတန္းႏွင့္ပင္ သူမအဖို႔ ၎တို႔ကို သူမ ဆႏၵ႐ွိသလို အသုံးမျပဳႏိုင္ပါေခ်။ အမွန္တကယ္တမ္းတြင္ နက္နဲနယ္ပယ္႐ွိ လူအမ်ားအျပားမွာ အရည္အေသြးနိမ့္ နက္နဲေဆးပင္တစ္ပင္ကို ဝယ္ယူရန္ပင္ မတတ္ႏိုင္ၾကေပ။ နက္နဲနယ္ပယ္ ေဆးပင္မ်ားက မည္မွ်အထိ ေစ်းႏႈန္းျမင့္မားသည္ကို ထိုအခ်က္မွတဆင့္ ေျပာႏိုင္ေပသည္။

''အႀကီးအကဲလီ... ခင္ဗ်ားကိုလည္း ေက်းဇူးတင္ပါတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေနာက္ထပ္ အရည္အေသြးျမင့္ နက္နဲေဆးပင္တစ္ပင္ကို ထုတ္ယူလိုက္ၿပီး အႀကီးအကဲလီထံသို႔ လွမ္းေပးလိုက္သည္။

အႀကီးအကဲလီက အသာအယာျပဳံးလိုက္ၿပီး သူ႕မ်က္ႏွာထက္႐ွိ အေရးအေၾကာင္းအားလုံးမွာ အျပဳံးတစ္ခုအျဖစ္သို႔ ပုံသြင္းခံလိုက္ရေလေတာ့သည္။ လူအမ်ားမွာ သူ႕ထံ လွမ္းၾကည့္မိလွ်င္ သူက ေပါက္စီတစ္လုံးႏွင့္ တူေနေသာ္လည္း ေပ်ာ္႐ႊင္ေနေသာ ေပါက္စီတစ္လုံးပင္တည္း။

က်ဴးေကာ္လွ်ိဳ႕ယြင္၏ အျပဳအမူမ်ားက ေျမာက္ျမားစြာေသာ တပည့္မ်ားႏွင့္ အႀကီးအကဲမ်ားအား အေတာမသတ္ႏိုင္ေအာင္ ေလာဘတက္လာေစေတာ့၏။ အရည္အေသြးျမင့္ နက္နဲေဆးပင္ဆိုသည္မွာ သူတို႔အတြက္ တန္ဖိုးမျဖတ္ႏိုင္ေသာ ရတနာပင္ျဖစ္သည္။ သို႔ေသာ္ျငားလည္း က်ဴးေကာ္လွ်ိဳ႕ယြင္မွာ ၎တို႔ကို ထိုမွ်ရက္ရက္ေရာေရာ ေပးကမ္းေနသည္ မဟုတ္ပါေလာ။

သို႔ေသာ္ျငားလည္း ၎တို႔အေပၚ လိုခ်င္စိတ္အျပင္းျပဆုံးသူကား ခ်ဴဖုန္းသာျဖစ္၏။ ၎တို႔မွာ နက္နဲေဆးပင္မ်ား ျဖစ္ၾကသည္။ နက္နဲေဆးပင္တည္း။ ၎တို႔က အရည္အေသြးျမင့္ နက္နဲေဆးပင္မ်ား ျဖစ္သည့္အျပင္ တစ္ပင္ခ်င္းစီတြင္ ပါဝင္ေသာ နက္နဲစြမ္းအားမွာ မူလပုတီးေစ့မ်ားႏွင့္ ႏိႈင္းယွဥ္၍ပင္ မရႏိုင္ပါေခ်။ အကယ္၍ သူသာ တစ္ပင္မွ် ဝါးမ်ိဳႏိုင္ခဲ့လွ်င္ သူက မည္သည့္က်င့္ၾကံမႈအဆင့္သို႔ ေရာက္႐ွိသြားမည္ကို မည္သူက သိႏိုင္မည္နည္း။

ခ်ဴဖုန္း၏ စိတ္ဝိညာဥ္စြမ္းအားျဖင့္ စူးစမ္းေနမႈကို ခံစားမိဟန္ျဖင့္ က်ဴးေကာ္လွ်ိဳ႕ယြင္က ခ်ဴဖုန္းထံသို႔ ခက္ထန္စြာ တစ္ခ်က္စိုက္ၾကည့္လိုက္သည္။ တကယ္တမ္းတြင္လည္း သူ ျပဳလုပ္ခဲ့သမွ်မွာ ခ်ဴဖုန္းအား ကူညီရန္အတြက္သာျဖစ္သည္။ခ်ဴဖုန္းအေပၚ ရန္႐ွာလိုသူမ်ားအား သူက ခြင့္လႊတ္ေပးလိမ့္မည္ မဟုတ္ေၾကာင္း လူတိုင္းသိ႐ွိသြားေစလိုေပသည္။ သို႔ေသာ္ျငားလည္း ခ်ဴဖုန္းအေပၚ ကူညီေပးသူမ်ားအား သူက ေသခ်ာေပါက္ ဆုခ်လိမ့္မည္ျဖစ္၏။

အျခားတစ္ဖက္တြင္ သူက မိုးျပာနဂါးေက်ာင္း၏ အမာခံတပည့္မ်ားႏွင့္ အမာခံအႀကီးအကဲမ်ားထံသို႔ ခ်ဴဖုန္းႏွင့္ ကုံးလုယြင္တို႔အၾကား႐ွိ ျပႆနာတြင္ သူတို႔အဖို႔ ခ်ဴဖုန္းအား ေ႐ြးခ်ယ္ျခင္းမျပဳဘဲ ေနႏိုင္ေသာ္လည္း ကုံးလုယြင္ဘက္သို႔ မ်ားစြာဘက္မလိုက္လွ်င္ ပိုေကာင္းလိမ့္မည္ဟု သတိေပးလိုက္ျခင္းျဖစ္သည္။ အေၾကာင္းမူ သူက ခ်ဴဖုန္း၏ ေနာက္ကြယ္တြင္ အေထာက္အကူေပးမည့္ ဆရာအျဖစ္ ႐ွိေနေသာေၾကာင့္ပင္။

''ျပႆနာေကာင္ေလး... ငါနဲ႔ ျပန္လိုက္ခဲ့...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ခ်ဴဖုန္းပခုံးကို ဖမ္းဆုပ္လိုက္ၿပီး ပတ္ဝန္းက်င္႐ွိေလထု လိႈင္းထသြားသည့္ေနာက္တြင္ သူတို႔ႏွစ္ဦးမွာ နတ္ဆိုးမ်ားအလား ေပ်ာက္ကြယ္သြားၾကေလေတာ့သည္။ သာမန္လူမ်ားအဖို႔ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူမ်ားကဲ့သို႔ အမွန္ပင္ မစြမ္းေဆာင္ႏိုင္ၾကပါေခ်။

က်ဴးေကာ္လွ်ိဳ႕ယြင္ ထြက္ခြာသြားၿပီးေနာက္ တိတ္ဆိတ္ေနသည့္ လူအုပ္မွာ ေရေႏြးအိုးေပါက္ကြဲသည့္အလား ဝုန္းခနဲျမည္ဟည္းသြားၿပီး ေျပာဆိုျငင္းခုံသံမ်ိဳးစုံမွာ စတင္ ပြက္ေလာ႐ိုက္ေနေလေတာ့သည္။

''ဒါက အေတာ္အေရးႀကီးတယ္ေနာ္... ခ်ဴဖုန္းက ပါရမီ႐ွင္တစ္ေယာက္ ျဖစ္ေန႐ုံတင္မကဘဲနဲ႔ သူ႕မွာ က်ဴးေကာ္လွ်ိဳ႕ယြင္လို ဆရာမ်ိဳးေတာင္ ႐ွိေနေသးတယ္... ေနာင္တစ္ခ်ိန္မွာ ဘယ္သူကမ်ား သူ႕ကို ထိရဲမွာတဲ့လဲ...''

ထိုအျဖစ္ကား အႀကီးက်ယ္ဆုံး သတင္းမ်ားမဟုတ္ပါေလာ။ ခ်ဴဖုန္းမွာ သူ၏ မူလနယ္ပယ္ အဆင့္တစ္ က်င့္ၾကံမႈျဖင့္ မူလနယ္ပယ္ အဆင့္ငါး႐ွိေသာ ဝူက်ိဳးအား သတ္ျဖတ္ႏိုင္စြမ္း႐ွိခဲ့သည့္ ပါရမီ႐ွင္တစ္ဦးျဖစ္သည္။ သူက ဝူက်ိဳးအား သတ္လိုက္ၿပီးေနာက္ မိုးျပာနဂါးဦးေဆာင္သူစာရင္းမွ ဝူက်ိဳး၏အဆင့္တြင္ မသိမသာ ေနရာဝင္ယူသြားၿပီး မိုးျပာနဂါးဦးေဆာင္သူစာရင္း၏ နံပါတ္ကိုးျဖစ္လာေလေတာ့သည္။

သို႔ေသာ္ျငားလည္း ခ်ဴဖုန္းမွာ အသက္ဆယ့္ငါးႏွစ္သာ ႐ွိေသး၍ မိုးျပာနဂါးဦးေဆာင္သူစာရင္းတြင္ သူက အသက္အငယ္ဆုံးျဖစ္သည္ကား သံသယျဖစ္ရန္မ႐ွိေခ်။ အကယ္၍ မိုးျပာနဂါးဦးေဆာင္သူစာရင္း႐ွိ လူတိုင္းက ပါရမီ႐ွင္မ်ားျဖစ္ခဲ့လွ်င္ ခ်ဴဖုန္းမွာ အသက္အ႐ြယ္ အငယ္ဆုံးႏွင့္ အလားအလာအ႐ွိဆုံး ျဖစ္ေပလိမ့္မည္။ တကယ္တမ္းတြင္လည္း ကုံးလုယြင္ပင္လွ်င္ အားနည္းသူအျဖစ္ႏွင့္ သန္မာသူအေပၚ မႏွိမ္နင္းႏိုင္သည့္အျပင္ သူ႕ထက္ အဆင့္ေလးခုျမင့္မားသည့္ ၿပိဳင္ဘက္အား သတ္ျဖတ္ႏိုင္စြမ္းမ႐ွိပါေခ်။

ထို႔အျပင္လည္း ခ်ဴဖုန္းမွာ ပါရမီ႐ွင္တစ္ဦး ျဖစ္ေန႐ုံသာမကဘဲ သူ႕ေနာက္ကြယ္တြင္ ဧရာမဒိုင္းႀကီးတစ္ခု ႐ွိေနေသးသည္။ ၎မွာ မိုးျပာနဂါးေက်ာင္းအုပ္ႀကီးမွပင္ ျပစ္မွားရန္မဝံ့သည့္ ပုဂၢိဳလ္တစ္ဦးျဖစ္ေန၏။ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ က်ဴးေကာ္လွ်ိဳ႕ယြင္ပင္တည္း။

ထိုေန႔မွေ႐ွ႕ဆက္၍ မိုးျပာနဂါးေက်ာင္း႐ွိ လူတိုင္းအဖို႔ ခ်ဴဖုန္းအေပၚ ျပန္လည္ခ်င့္တြက္ရေပေတာ့မည္။ တကယ္တမ္းတြင္လည္း ခ်ဴဖုန္းက ထိုမွ်သန္မာေသာ ပင္ကိုစြမ္းရည္ကို ပိုင္ဆိုင္ထားသည္ မဟုတ္ပါေလာ။ ႏွစ္လမျပည့္ေသာ အခ်ိန္တိုေလးအတြင္း၌ သူက စိတ္ဝိညာဥ္နယ္ပယ္ အဆင့္ခုနစ္မွ မူလနယ္ပယ္ အဆင့္တစ္သို႔ ေရာက္႐ွိခဲ့သည္။ ဆယ္လအတြင္း ခ်ိန္းဆိုထားသည့္ တိုက္ပြဲ၌ သူက မည္သည့္နယ္ပယ္သို႔ ေရာက္႐ွိေနလိမ့္မည္ကို ဘုရားမွသာလွ်င္ သိႏိုင္ေပေတာ့မည္။

သူ၏ လႊမ္းမိုးႏိုင္လွေသာ တိုက္ပြဲဝင္ခြန္အားျဖင့္ဆိုလွ်င္ တစ္ႏွစ္အတြင္း ခ်ိန္းဆိုထားခဲ့သည့္ တိုက္ပြဲတြင္ သူက ကုံးလုယြင္၏ တိုက္ကြက္သုံးကြက္အား အမွန္တကယ္ ခုခံေကာင္းခုခံႏိုင္လိမ့္မည္ျဖစ္ၿပီး သေဘာတူညီမႈအရ ခ်ဴဖုန္းက ကုံးလုယြင္၏ တိုက္ကြက္သုံးကြက္အား ခုခံႏိုင္စြမ္း႐ွိသည္ႏွင့္ သူ အႏိုင္ရေပလိမ့္မည္။ ထိုအခ်ိန္ေရာက္လွ်င္ ကုံးလုယြင္ကား ကိုယ့္ကိုယ္ကိုယ္ သတ္ေသရေပလိမ့္မည္။

ယခင္က ခ်ဴဖုန္းမွ ကုံးလုယြင္အား စိန္ေခၚခဲ့ခ်ိန္တြင္ သူ႕အဖို႔ ေသလမ္း႐ွာျခင္းျဖစ္ၿပီး သူ အႏိုင္ရမည့္ အခြင့္အလမ္းမွာ သုညသာျဖစ္သည္ဟု လူအမ်ားက ခံစားမိခဲ့ၾကသည္။ သို႔ေသာ္ျငားလည္း ယေန႔ၿပီးေနာက္တြင္ ခ်ိန္းဆိုထားသည့္ တိုက္ပြဲအတြက္ အႀကီးအက်ယ္ ေဝခြဲမရေသးသည္ကို သူတို႔ ေတြ႕႐ွိလိုက္ရေလေတာ့၏။ မည္သူက အႏိုင္ရ၍ မည္သူက ႐ႈံးနိမ့္မည္ကို မသိႏိုင္ပါေခ်။

အမာခံနယ္ေျမ႐ွိ လူတိုင္းက ခ်ဴဖုန္းအေၾကာင္း ေဆြးေႏြးျငင္းခုံေနၾကခ်ိန္တြင္ သူ႕အား က်ဴးေကာ္လွ်ိဳ႕ယြင္မွ နန္းေတာ္အိုထံသို႔ ေခၚေဆာင္သြားေလသည္။

''ဆရာ... ကြၽန္ေတာ္႕ကို ကယ္တင္ေပးခဲ့တဲ့အတြက္ ဆရာ့ကို ေက်းဇူးတင္ပါတယ္...''
ခ်ဴဖုန္းက က်ဴးေကာ္လွ်ိဳ႕ယြင္ထံသို႔ ဂါရဝျပဳလိုက္သည္။

''ငါ့ကို ဆရာလို႔ မေခၚနဲ႔ဦး... ငါေပးခဲ့တဲ့ စာအုပ္ထဲက အေၾကာင္းအရာေတြကို မင္း ဘယ္ေလာက္မ်ားမ်ား နားလည္ၿပီလဲ...''
က်ဴးေကာ္လွ်ိဳ႕ယြင္၏ ေလသံက ႐ုတ္တရက္ ေအးစက္သြားၿပီး ၿပီးခဲ့သည့္အခ်ိန္မွ ႏူးညံ့သိမ္ေမြ႕မႈမ်ားမွာ မ႐ွိခဲ့သလိုပင္ျဖစ္သည္။ ၎မွာ အကယ္၍ ခ်ဴဖုန္းက သူ၏ ေတာင္းဆိုခ်က္မ်ားႏွင့္ အံမဝင္လွ်င္ သူက ခ်ဴဖုန္းအား အမွန္တကယ္ သတ္ျဖတ္မည့္ပုံစံမ်ိဳး ျဖစ္ေပသည္။

သို႔ေသာ္ျငားလည္း ယုံၾကည္မႈ အျပည့္႐ွိေနၿပီးသူ ခ်ဴဖုန္းအဖို႔ က်ဴးေကာ္လွ်ိဳ႕ယြင္၏ ေတာင္းဆိုမႈကို မည္သည့္အတြက္ ေၾကာက္႐ြံ႕ေနလိမ့္မည္နည္း။ အေတြးတစ္ခ်က္ႏွင့္အတူ အေငြ႕မ်ား စီးထြက္လာၿပီး သူႏွင့္ က်ဴးေကာ္လွ်ိဳ႕ယြင္တို႔အား ဝိုင္းရံထားသည့္ စိတ္ဝိညာဥ္စည္းတစ္ခု ထြက္ေပၚလာေလသည္။

ထိုသို႔ျပဳလုပ္လိုက္ၿပီးေနာက္ ခ်ဴဖုန္းက ျပဳံးလိုက္ၿပီး ေျပာလိုက္ေလေတာ့၏။
''ဆရာ... ကြၽန္ေတာ္လုပ္ထားတာကို ၾကည့္ပါဦး... ဆရာ့တပည့္ရဲ႕ နားလည္ႏိုင္စြမ္းက ဘယ္လိုေနလဲ...''

                  - - - - - - - - - -
                   * * * * * * *

အခန္း(၁၇၃) ဆက္ရန္...

''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၇၃) ဆရာနဲ႔တပည့္ၾကားက ရင္ဖြင့္စကား

''မင္းက စိတ္ဝိညာဥ္စည္းကို ဒီေလာက္အထိ ကြၽမ္းကြၽမ္းက်င္က်င္ သုံးႏိုင္ေနၿပီလား...''
ထိုခဏ၌ သူ႕အား ဝိုင္းပတ္ထားေသာ စိတ္ဝိညာဥ္စည္းထံ လွမ္းၾကည့္ေနရင္းမွ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ အေတာ္ပင္ ရင္သပ္႐ႈေမာ ျဖစ္သြားေလသည္။ အျဖဴေရာင္ဝတ္႐ုံက သူ႕မ်က္ႏွာကို ဖုံးအုပ္ထားေသာ္ျငားလည္း ခ်ဴဖုန္းက သူ၏ အံ့ၾသေပ်ာ္႐ႊင္ေနသည့္ အသြင္အျပင္ကို ခံစားမိေနဆဲျဖစ္သည္။

''အဟဲ...''
ခ်ဴဖုန္းက ဖြဖြရယ္လိုက္ၿပီး သူ႕ႏႈတ္မွ ျပန္မေျဖေသာ္လည္း သူက က်ဴးေကာ္လွ်ိဳ႕ယြင္၏ စကားမ်ားကို တိတ္ဆိတ္စြာ ဝန္ခံလိုက္ျခင္းျဖစ္ေလသည္။ တကယ္တမ္းတြင္လည္း ထိုခဏ၌ သူ၏ စိတ္ဝိညာဥ္စည္းစြမ္းရည္ကို က်ဴးေကာ္လွ်ိဳ႕ယြင္ ေ႐ွ႕ေမွာက္တြင္ ျပသခဲ့ၿပီးျဖစ္သည္ မဟုတ္ပါေလာ။

''ခ်ဴဖုန္း... မင္းအေနနဲ႔ ဒီစိတ္ဝိညာဥ္စည္းမွာ အေျပာင္းအလဲတစ္ခုခုျဖစ္ေအာင္ ထိန္းခ်ဳပ္ႏိုင္သလား...''
႐ုတ္တရက္ က်ဴးေကာ္လွ်ိဳ႕ယြင္က ထပ္ေျပာလိုက္သည္။

''ဆရာ... ဆရာက ဘယ္လိုအေျပာင္းအလဲမ်ိဳး လုပ္ေစခ်င္တာလဲ...''
ခ်ဴဖုန္းက ေမးလိုက္၏။

''ပုံသဏၭာန္ အေျပာင္းအလဲေလးေပါ့...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေျပာလိုက္သည္။

''ဟမ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္ ေျပာၿပီးသည္ႏွင့္ သူတို႔အား ဝိုင္းရံထားေသာ စိတ္ဝိညာဥ္စည္းက ေပ်ာက္ကြယ္သြားၿပီး ပိုမိုမ်ားျပားေသာ စိတ္ဝိညာဥ္စည္းမ်ား ျပန္လည္ထြက္ေပၚလာေလသည္။ ယခုတစ္ႀကိမ္တြင္မူ စိတ္ဝိညာဥ္စည္းက သူတို႔အား အတြင္း၌ ပိတ္ေလွာင္မထားေတာ့ဘဲ ၎က ခ်ဴဖုန္း၏ လက္ေပၚတြင္သာ ထြက္ေပၚလာျခင္းျဖစ္သည္။

ပထမတြင္ ၾကည္လင္ေသာ စိတ္ဝိညာဥ္စည္းက သူ၏ လက္ဖဝါးအ႐ြယ္ခန္႔သာ႐ွိၿပီး ခ်ဴဖုန္းလက္တြင္း၌ ရစ္ပတ္ေျပးေနေလသည္။ သို႔ေသာ္ျငားလည္း ခ်ဴဖုန္းက ၎ကို ဆက္လက္ထိန္းခ်ဳပ္ေနသည့္အေလ်ာက္ ၎က သူ႕လက္တြင္းမွ တျဖည္းျဖည္းခ်င္း ဖယ္ခြာသြားၿပီး တစ္စတစ္စႏွင့္ ႀကီးမားလာေလေတာ့သည္။ ၎က တစ္ခါတစ္ရံ စတုဂံပုံ၊ တစ္ခါတစ္ရံ စက္ဝိုင္းပုံႏွင့္ တစ္ခါတစ္ရံတြင္ ငါးေျမႇာင့္ၾကယ္တစ္ခုပင္ ျဖစ္ေနသည္။ ၎က အမွန္ပင္ သူဆႏၵ႐ွိသလို ေျပာင္းလဲေနျခင္းျဖစ္၏။ သူ စိတ္ကူးမၾကည့္ႏိုင္ေသာ အရာမ်ားသာ႐ွိၿပီး သူ မလုပ္ႏိုင္ေသာ အရာဟူ၍ မ႐ွိပါေခ်။

''ခ်ဴဖုန္း... ကမ႓ာ့စိတ္ဝိညာဥ္အိမ္ေျမႇာင္ အသုံးျပဳတာကိုေရာ ကြၽမ္းက်င္ၿပီလား...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ထပ္မံ ေမးလိုက္ျပန္သည္။

ခ်ဴဖုန္းက ေခါင္းညိတ္ျပလိုက္ၿပီး ကမ႓ာ့စိတ္ဝိညာဥ္အိမ္ေျမႇာင္ကို ထုတ္ယူလိုက္သည္။ သူက ၎အေပၚ႐ွိ အရာမ်ားက မည္သည့္အရာမ်ားျဖစ္ေၾကာင္းႏွင့္ အမ်ိဳးမ်ိဳးေသာ သေကၤတမ်ားက မည္သည္ကို ကိုယ္စားျပဳေၾကာင္း ႐ြတ္ဆိုျပလိုက္သည္။ အက္ဂီ၏ ၫႊန္ျပမႈေအာက္တြင္ သူက ၎ကို သူ၏လက္ဖမိုးအလား ေကာင္းစြာ သိနားလည္ေနၿပီျဖစ္သည္။

ထို႔ေနာက္တြင္ က်ဴးေကာ္လွ်ိဳ႕ယြင္က ခ်ဴဖုန္းအား အျခားေမးခြန္းအနည္းငယ္ခန္႔ ထပ္ေမးလိုက္ၿပီး ၎တို႔မွာ သူက ခ်ဴဖုန္းအား ေပးအပ္ခဲ့သည့္ စာအုပ္တြင္ မွတ္တမ္းတင္ထားေသာ ဗဟုသုတမ်ားျဖစ္ၾကသည္။ အက္ဂီက ထိုေနရာတြင္ မ႐ွိခဲ့သည့္တိုင္ သူက ထိုေမးခြန္းမ်ားအား အလြယ္တကူ ေျဖဆိုႏိုင္ေပသည္။ ထိုစာအုပ္အတြင္း႐ွိ အဓိပၸာယ္မ်ားအေပၚ သူက ထုံးလိုေခ် ေရလိုေႏွာက္၍ ပိုင္းျခားသုံးသပ္ႏိုင္ေနၿပီ မဟုတ္ပါေလာ။

''ေကာင္းတယ္... ေကာင္းတယ္... သိပ္ေကာင္းတယ္...''
အရည္အခ်င္းစစ္ေမးၿပီးသည့္ေနာက္ က်ဴးေကာ္လွ်ိဳ႕ယြင္က မ်ားစြာေျပာဆိုျခင္းမ႐ွိဘဲ 'ေကာင္းတယ္'ဟုသာ သုံးႀကိမ္တိတိ ေရ႐ြတ္လိုက္ေလေတာ့သည္။ သို႔ေသာ္ျငားလည္း ထိုစကားသုံးခြန္းမွာ သူ လက္႐ွိခံစားေနရသည့္ အံ့ၾသမႈအား ေဖာ္ျပရန္အတြက္ လုံေလာက္ေပသည္။

''ငါ က်ဴးေကာ္လွ်ိဳ႕ယြင္က ငါ့ရဲ႕ နည္းစနစ္ေတြကို လက္ဆင့္ကမ္းေပးဖို႔ အလုံအေလာက္ ထိုက္တန္တဲ့သူကို ႐ွာေနခဲ့တာ... ငါ့သက္တမ္း တစ္ဝက္ေလာက္ ႐ွာခဲ့ရၿပီး ေနာက္ဆုံးေတာ့ အရည္အခ်င္းျပည့္မီတဲ့ တပည့္တစ္ေယာက္ကို ငါေတြ႕ခဲ့ၿပီ...''
က်ဴးေကာ္လွ်ိဳ႕ယြင္မွာ သူ႕ေ႐ွ႕ေမွာက္႐ွိ ခ်ဴဖုန္းထံ လွမ္းၾကည့္ရင္းမွ ဆက္လက္၍ ေခါင္းတစ္ညိမ့္ညိမ့္႐ွိေနေလသည္။ ခ်ဴဖုန္းမွာ ယခင္အခ်ိန္က ေမွ်ာ္လင့္ခ်က္အနည္းငယ္ ယူေဆာင္လာေပးခဲ့ရာမွ  လက္႐ွိတြင္မူ ခ်ဴဖုန္း၏ စြမ္းေဆာင္မႈကား သူ၏ ေမွ်ာ္လင့္ခ်က္မ်ားထက္ လုံးလုံးလ်ားလ်ား ေက်ာ္လြန္ေနၿပီျဖစ္သည္။

''ဆရာ... ဆရာ့ကို တပည့္ ဂါရဝျပဳပါရေစ...''
ခ်ဴဖုန္းက ၾကမ္းျပင္ေပၚတြင္ ဒူးတစ္ဖက္ေထာက္လ်က္ သူ၏လက္မ်ားကို အတူတကြ ဆုပ္လိုက္သည္။ သူက က်ဴးေကာ္လွ်ိဳ႕ယြင္အား တပည့္တစ္ဦးမွ ဆရာျဖစ္သူထံ ျပဳၿမဲအတိုင္း ဂါရဝျပဳလိုက္ျခင္းျဖစ္၏။

''မင္းက ပင္ကိုအားျဖင့္ ဉာဏ္ေကာင္းေတာ့ ေနာင္တစ္ခ်ိန္မွာ ငါ့ထက္သာတဲ့ စြမ္းေဆာင္မႈေတြနဲ႔ အထင္ႀကီးေလးစားစရာေကာင္းတဲ့ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ေယာက္ ျဖစ္လာမယ္ဆိုတာ ေသခ်ာပါတယ္...''

''ဒါေပမဲ့လည္း စိတ္မေကာင္းစရာက ငါ့အေနနဲ႔ မင္းကို လမ္းၫႊန္႐ုံေလာက္ပဲ တတ္ႏိုင္ၿပီး သင္ျပမေပးႏိုင္ဘူး... ဒါေပမဲ့ တကယ္လို႔ မင္းေခၚခ်င္တဲ့ဆႏၵ႐ွိရင္ေတာ့ ငါ့ကို ဆရာလို႔ ေခၚလို႔ရပါေသးတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ခါးကုန္း၍ ျပန္ရပ္လိုက္ရင္းမွ ခ်ဴဖုန္းအား ထူမလိုက္ေလသည္။

''ဆရာက ကြၽန္ေတာ္႕ရဲ႕ဆရာပါ... ကြၽန္ေတာ္႕ရဲ႕ တစ္ဦးတည္းေသာဆရာပါ...''
ခ်ဴဖုန္းက အလြန္တရာခိုင္မာေသာ ေလသံတစ္ခုႏွင့္အတူ ေျပာလိုက္ၿပီး သူ၏ေလသံအတြင္း၌ ေလးစားမႈအျပည့္ ႐ွိေနသည္။

''ဟားဟား... ေကာင္းတယ္ေဟ့... ငါ တကယ္ကို မမွားခဲ့ဘူးပဲ...''
က်ဴးေကာ္လွ်ိဳ႕ယြင္က အေပၚယံတြင္ ထိုသို႔ေျပာလိုက္ေသာ္ျငားလည္း ခ်ဴဖုန္းေနာက္ဆုံးေျပာလိုက္သည့္ စကားမ်ားကို သူ သေဘာက်သြားသည္မွာ သိသာထင္႐ွားေပသည္။

တကယ္တမ္းတြင္လည္း မည္သည့္လူစြမ္းေကာင္းမဆို သူတို႔၏ ပညာရပ္မ်ားကို လက္ဆင့္ကမ္းေပးရန္အတြက္ ပင္ကိုစြမ္းရည္႐ွိေသာ တပည့္မ်ိဳးအား ႐ွာေဖြၾကစၿမဲပင္ျဖစ္သည္။ တိုက္တိုက္ဆိုင္ဆိုင္ပင္ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ လူစြမ္းေကာင္းတစ္ဦးျဖစ္ေနၿပီး ခ်ဴဖုန္းမွာ ပင္ကိုစြမ္းရည္႐ွိေသာ တပည့္တစ္ဦးျဖစ္ေနသည္။

ထို႔ေနာက္တြင္ က်ဴးေကာ္လွ်ိဳ႕ယြင္က သူ႕လက္ကို သူ၏ခါးေပၚ႐ွိ စၾကဝဠာအိတ္ေပၚသို႔ တင္လိုက္လွ်င္ ၎မွာ အလင္းျဖာထြက္မႈႏွင့္အတူ သေကၤတမ်ားက လႈပ္႐ွားလာေလသည္။ သူ႕လက္ဖဝါးအတြင္း၌ လက္တစ္ဆုပ္စာ မူလပုတီးေစ့မ်ား ထြက္ေပၚလာ၏။ ခ်ဴဖုန္းအဖို႔ တစ္ခ်က္ၾကည့္လိုက္႐ုံႏွင့္ မူလပုတီးေစ့တစ္ရာခန္႔ ႐ွိေနသည္ကို ေျပာႏိုင္ေပသည္။

''ဖုန္းေအာ္... ကုံးလုယြင္နဲ႔ မင္းနဲ႔ၾကားက တိုက္ပြဲရက္က နီးလာၿပီ... မင္းရဲ႕ဆရာအေနနဲ႔ ငါ့မွာ မင္းကို ကူညီႏိုင္တာ ဘာမွမ႐ွိဘူး... ဒီမူလပုတီးေစ့ေတြကို ယူထားလိုက္ပါ... ဒါေတြက မင္းကို နည္းနည္းေလာက္ ကူညီေပးႏိုင္မယ္လို႔ေတာ့ ငါ ယုံၾကည္ပါတယ္...''

''ေက်းဇူးတင္ပါတယ္ ဆရာ...''
ခ်ဴဖုန္းက မူလပုတီးေစ့မ်ားကို လက္ခံယူလိုက္သည္။ က်ဴးေကာ္လွ်ိဳ႕ယြင္က အေတာ္ႂကြယ္ဝသည္ကို သူ သိ႐ွိထားၿပီးျဖစ္ေသာ္လည္း သူက ထိုမွ်ရက္ေရာၿပီး ထိုမွ်မ်ားျပားေသာ မူလပုတီးေစ့မ်ားကို သူ႕အား တစ္ႀကိမ္တည္းျဖင့္ ထုတ္ေပးလိမ့္မည္ဟု သူ တစ္ခါမွ ေတြးမထားမိခဲ့ေပ။

ခ်ဴဖုန္းမွာ စိတ္လႈပ္႐ွားသြားမိ၏။ သူက အလြန္႔အလြန္ စိတ္လႈပ္႐ွားသြားမိျခင္းျဖစ္၏။ က်ဴးေ္လွ်ိဳ႕ယြင္၏ ႂကြယ္ဝမႈေၾကာင့္ မူလပုတီးေစ့တစ္ရာမွာ မျဖစ္စေလာက္ဟု သူက မမွတ္ယူပါေခ်။ တကယ္တမ္းတြင္လည္း ၎တို႔မွာ အေတာ္ေစ်းႀကီးေသာ အရာမ်ားျဖစ္ေနေသးသည္ မဟုတ္ပါေလာ။

ေကာလဟာလမ်ားအရ မိုးျပာနဂါးေက်ာင္းမွ က်ဴးေကာ္လွ်ိဳ႕ယြင္အား ကမ္းလွမ္းေပးကမ္းသည့္ေစ်းမွာ လစဥ္ နက္နဲပုတီးေစ့တစ္ေစ့ျဖစ္ေသာ္လည္း ခ်ဴဖုန္းက ပိုမိုနားလည္လာသည့္အေလ်ာက္ ၎မွာ ေကာလဟာလသာျဖစ္သည္ဟု သူ ခံစားမိသည္။ အမွန္တကယ္တြင္ ထိုကဲ့သို႔ မျဖစ္ႏိုင္ပါေခ်။

ထိပ္တန္းအရည္အေသြး႐ွိ နက္နဲေဆးျဖစ္သည့္ နက္နဲပုတီးေစ့မွာ အလြန္တရာ ႐ွားပါးေပသည္။ နက္နဲပုတီးေစ့တြင္ ပါဝင္သည့္ နက္နဲစြမ္းအားက ႀကီးမားလြန္းသည္မွာ ႐ွင္းလင္းေနေသာေၾကာင့္ ၎မွာ အဖိုးမျဖတ္ႏိုင္ေသာ ရတနာတစ္ပါးျဖစ္သည္ဟု ဆိုႏိုင္ေပသည္။ ၎တြင္ ပါဝင္ေသာ အက်ိဳးသက္ေရာက္မႈမ်ားမွာ စိတ္ဝိညာဥ္နယ္ပယ္႐ွိ လူမ်ားအတြက္ စိတ္ဝိညာဥ္ပုတီးေစ့မ်ားတြင္ ပါဝင္ေသာ အက်ိဳးသက္ေရာက္မႈမ်ားအတိုင္းပင္ျဖစ္၏။

နက္နဲနယ္ပယ္ အဆင့္ကိုး႐ွိသူမ်ားအဖို႔ အဆင့္တက္ရန္ နည္းလမ္းလုံးဝမ႐ွိသည့္အခ်ိန္တြင္ ၎က သူတို႔အား ျဖတ္သန္းမရႏိုင္ေသာ အတားအဆီးကို ျဖတ္ေက်ာ္ႏိုင္ရန္ ကူညီေပးေပလိမ့္မည္။ ၎က သူတို႔အား မိုးကုပ္စက္ဝိုင္းထံ ေ႐ွး႐ႈခရီးႏွင္ႏိုင္ေစမည့္ ေကာင္းကင္နယ္ပယ္သို႔ ေရာက္႐ွိေစၿပီး လုံးဝအသစ္ျဖစ္ေသာ စြမ္းအားကို ဆုပ္ကိုင္မိေစရန္ ကူညီေပးေပလိမ့္မည္။

ထိုအခ်က္မွတဆင့္ နက္နဲပုတီးေစ့မ်ားက မည္မွ်အဖိုးတန္သည္ကို ျမင္ႏိုင္ေပသည္။ ဒုတိယတန္းစားေက်ာင္းျဖစ္သည့္ မိုးျပာနဂါးေက်ာင္းကို မဆိုထားႏွင့္၊ ပထမတန္းစားေက်ာင္းျဖစ္သည့္ လင္းယြင္ေက်ာင္းပင္လွ်င္ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ဦးအား လစဥ္ နက္နဲပုတီးေစ့တစ္ေစ့ျဖင့္ ကမ္းလွမ္းႏိုင္သည္အထိ ခ်မ္းသာလိမ့္မည္မဟုတ္ပါေခ်။

ထို႔ေၾကာင့္ က်ဴးေကာ္လွ်ိဳ႕ယြင္ရ႐ွိေနသည့္ ကမ္းလွမ္းေၾကးအေပၚ ခန္႔မွန္းခ်က္မ်ားမွာ ေကာလဟာလသာျဖစ္သည္ဟု ခ်ဴဖုန္း ခံစားမိေလသည္။ လစဥ္ နက္နဲပုတီးေစ့တစ္ေစ့ကို မဆိုထားႏွင့္၊ လစဥ္ အရည္အေသြးျမင့္ နက္နဲေဆးပင္တစ္ပင္ဆိုလွ်င္ပင္ ႀကီးမားလွသည့္ ေစ်းႏႈန္းတစ္ခုျဖစ္ေနသည္။ တကယ္တမ္းတြင္လည္း သာမန္လူမ်ားအဖို႔ အရည္အေသြးျမင့္ နက္နဲေဆးပင္မွာ တန္ဖိုးျဖတ္မရေသာ ရတနာတစ္ပါးျဖစ္ေနၿပီး မဟုတ္ပါေလာ။

သို႔မဟုတ္ပါက ဟသၤျပဒါးငွက္ၿမိဳ႕ေတာ္၏ သမီးေတာ္ႀကီးျဖစ္သူ စူး႐ို႕မွာ က်ဴးေကာ္လွ်ိဳ႕ယြင္မွ သူမအား ေပးအပ္ခဲ့သည့္ နက္နဲေဆးပင္ကို ျမင္ေတြ႕လိုက္ရခ်ိန္တြင္ ထိုမွ်အထိ ေပ်ာ္႐ႊင္သြားလိမ့္မည္မဟုတ္ပါေခ်။

မူလပုတီးေစ့တစ္ရာကို သိမ္းဆည္းလိုက္ၿပီးေနာက္ ခ်ဴဖုန္းစိတ္ထဲ၌ အလြန္ေပ်ာ္႐ႊင္ေနမိသည္။ သူ၏က်င့္ၾကံမႈအား ကူညီေပးမည့္ ေစ်းႀကီးေသာ မူလပုတီးေစ့မ်ားကို အသုံးျပဳၿပီးေနာက္တြင္ သူက မည္သည့္နယ္ပယ္သို႔ ေရာက္႐ွိႏိုင္မည္ကို ျပင္းျပစြာ သိ႐ွိလိုလွသည္။

ထို႔အျပင္လည္း က်ဴးေကာ္လွ်ိဳ႕ယြင္ထံ လွမ္းၾကည့္ေနသည့္ သူ၏အၾကည့္အတြင္း၌ သူ႕ႏွလုံးသားမွလာေသာ ပိုမိုေလးစားမႈႏွင့္ ေက်းဇူးတင္မႈတို႔ကို သူ ဖုံးကြယ္မထားႏိုင္ပါေခ်။ က်ဴးေကာ္လွ်ိဳ႕ယြင္က အေတာ္ႂကြယ္ဝေသာ္ျငားလည္း တကယ္တမ္းတြင္မူ သူကိုယ္တိုင္ က်င့္ၾကံရန္လည္း လိုအပ္ေနေသးသည္ မဟုတ္ပါေလာ။

ထို႔အျပင္ အကယ္၍ အျခားသူမ်ားက ခ်မ္းသာႂကြယ္ဝေနလွ်င္ပင္ ၎မွာ သူတို႔၏ ပိုင္ဆိုင္မႈျဖစ္သည္။ အကယ္၍ သူတို႔က တစ္ဦးတစ္ေယာက္အား တစ္စုံတစ္ရာ ေပးကမ္းခဲ့လွ်င္ သူတို႔အေနႏွင့္ ထိုလူအေပၚ အထင္အျမင္ေကာင္းမ်ား ႐ွိေနေသာေၾကာင့္ျဖစ္၏။ အကယ္၍ သူတို႔က တစ္စုံတစ္ရာ ေပးကမ္းျခင္းမ႐ွိခဲ့လွ်င္လည္း က်ိဳးေၾကာင္းဆီေလ်ာ္သည္သာျဖစ္၏။ အဘယ္ေၾကာင့္ဆိုေသာ္ မည္သူတစ္ဦးကမွ် တစ္ဦးတစ္ေယာက္အေပၚ တစ္စုံတစ္ရာ ေက်းဇူးေႂကြး မ႐ွိေသာေၾကာင့္ပင္တည္း။

သို႔ေသာ္ျငားလည္း ခ်ဴဖုန္းႏွင့္ သိကြၽမ္းခဲ့သည္မွာ မၾကာေသးသည့္ေနာက္တြင္ပင္ က်ဴးေကာ္လွ်ိဳ႕ယြင္က ခ်ဴဖုန္းအား ထိုမွ်ႀကီးမားလွသည့္ အကူအညီတစ္ခုကို ေပးခဲ့ေလသည္။ သူ႕ထံတြင္ ခ်ဴဖုန္းအေပၚ အလြန္႔အလြန္ေကာင္းမြန္သည့္ အထင္အျမင္မ်ား ႐ွိေနသည္ကို ျမင္ႏိုင္ေပသည္။

''မင္းက နည္းနည္းေခါင္းမာေတာ့ အဲဒီအက်င့္ကို ကိုယ့္ဘာသာ ထိန္းသိမ္းဖို႔လိုတယ္... ဒီလိုမွမဟုတ္ရင္ေတာ့ မင္းအေနနဲ႔ အဲဒီအက်င့္အတြက္ တန္ဖိုးႀကီးႀကီးတစ္ခု ေပးဆပ္ရလိမ့္မယ္...''

''ဒါေပမဲ့လည္း မင္း သိပ္စိတ္ပူစရာ မလိုပါဘူး... မင္းအေနနဲ႔ ကုံးလုယြင္ကို သက္ေသာင့္သက္သာ တိုက္ခိုက္လို႔ရပါတယ္... တကယ္လို႔ မင္း႐ႈံးခဲ့ရင္ေတာင္ ငါက မင္းရဲ႕အသက္ကို ကာကြယ္ေပးႏိုင္ပါေသးတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ထပ္မံ၍ ေျပာလိုက္သည္။

''ဟီးဟီး...''
ခ်ဴဖုန္းက က်ဴးေကာ္လွ်ိဳ႕ယြင္၏ စကားမ်ားေၾကာင့္ ရယ္ေန႐ုံသာ တတ္ႏိုင္ေလေတာ့၏။ သူက ကုံးလုယြင္အား အေသသတ္ရန္ ရည္႐ြယ္ထားေၾကာင္း ေျပာျပ၍မရႏိုင္သည္ မဟုတ္ပါေလာ။

သို႔ေသာ္ျငားလည္း စိတ္ဝိညာဥ္စည္းအရာတြင္ ခ်ဴဖုန္း၏ ကြၽမ္းက်င္မႈကို ျမင္ေတြ႕လိုက္ရၿပီးေနာက္မူ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ ခ်ဴဖုန္းအေပၚ ႏွစ္သက္မႈကို ကြယ္ဝွက္မထားဘဲ ျပသလာေလေတာ့သည္။ ဆရာႏွင့္တပည့္မွာ အခ်ိန္ၾကာျမင့္စြာ စကားေျပာေနခဲ့ၾကၿပီး သူတို႔ ပို၍ေျပာမိေလ ပို၍စကားလက္ဆုံက်ေလ ျဖစ္ေနေလသည္။

ေနာက္ဆုံး၌ က်ဴးေကာ္လွ်ိဳ႕ယြင္က ခ်ဴဖုန္းအတြက္ တစ္ဝိုင္းစာ ဟင္းလ်ာေကာင္းမ်ားကို ကိုယ္တိုင္ကိုယ္က် ခ်က္ျပဳတ္ေပးသည္အထိပင္ျဖစ္၏။ ၎တို႔က တန္ဖိုးမႀကီးေသာ္ျငားလည္း ေမႊးပ်ံ႕ေနလ်က္ အရသာ ထူးျခားမည့္ဟန္မ်ိဳး ႐ွိေနေလသည္။ အေရးအႀကီးဆုံးအခ်က္ကား ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ဦးျဖစ္သည့္ က်ဴးေကာ္လွ်ိဳ႕ယြင္ကိုယ္တိုင္ ထိုဟင္းလ်ာမ်ားကို ခ်က္ျပဳတ္ထားျခင္းျဖစ္၏။ ေလာကတြင္ သူ ခ်က္ျပဳတ္သည့္ ဟင္းလ်ာမ်ားကို စားခြင့္ရႏိုင္မည့္ လူမ်ားကား အလြန္႔အလြန္ နည္းပါးလိမ့္မည္မွာ အျဖစ္ႏိုင္ဆုံးပင္တည္း။
                 
                  - - - - - - - - - -
                   * * * * * * *             

အခန္း(၁၇၄) ဆက္ရန္...''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၇၄) စုံစမ္းေမးျမန္းျခင္း

ဆရာတပည့္ႏွစ္ဦးသားမွာ စားရင္းေသာက္ရင္းႏွင့္ ပိုမိုေပ်ာ္႐ႊင္စြာျဖင့္ စကားေျပာေနၾကေလသည္။ လူအမ်ားအား ရက္စက္သည့္ ခံစားမႈကိုသာ အၿမဲတမ္းေပးခဲ့သူ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ ခ်ဴဖုန္းအေပၚတြင္မူ စိတ္ရင္းျဖင့္ ရင္ဖြင့္ဆက္ဆံေနျခင္းျဖစ္သည္။ သူက ခ်ဴဖုန္းအား အျပင္လူတစ္ဦးအျဖစ္ ႐ႈျမင္မထားဘဲ သူ၏ သစၥာ႐ွိလက္ရင္းတပည့္အျဖစ္ ႐ႈျမင္ထားေၾကာင္း ျမင္ႏိုင္ေပသည္။

က်ဴးေကာ္လွ်ိဳ႕ယြင္ ငယ္႐ြယ္စဥ္က သူ႕မိသားစု အေျခအေနမွာ မဆိုးလွေၾကာင္း ခ်ဴဖုန္း သိလိုက္ရသည္။ သို႔ေသာ္ျငားလည္း သူ႕မိဘမ်ားမွာ လင္းယြင္ေက်ာင္းမွ အေရးပါေသာ ပုဂၢိဳလ္တစ္ဦးအား ေစာ္ကားမိခဲ့သျဖင့္ သူတို႔အေနႏွင့္ အသက္႐ွင္ေရးအတြက္ ထြက္ေျပး႐ုံမွတပါး ေ႐ြးခ်ယ္စရာ မ႐ွိခဲ့ၾကေခ်။

သို႔ေသာ္ သူတို႔ထြက္ေျပးသြားသည္ႏွင့္ တစ္စုံတစ္ဦးက သူတို႔အား သစၥာေဖာက္လိမ့္မည္ဟု သူတို႔ ေမွ်ာ္လင့္မထားမိခဲ့ေပ။ ထိုေက်ာင္းမွလူမ်ား သူတို႔ေနာက္သို႔ လိုက္လာခ်ိန္တြင္ ထိုလူမ်ားက သူ႕မိသားစုမွ တစ္ဦးတစ္ေယာက္ကိုမွ် အ႐ွင္မထားခဲ့ၾကေခ်။ က်ဴးေကာ္လွ်ိဳ႕ယြင္ တစ္ဦးတည္းသာ ထြက္ေျပးလြတ္ေျမာက္ႏိုင္ခဲ့သည္။ သူ၏ လြတ္ေျမာက္မႈအတြက္ ေပးဆပ္လိုက္ရသည္ကား သူ႕မိဘမ်ား ရက္ရက္စက္စက္ အသတ္ခံၾကရျခင္းပင္။

ထို႔ေနာက္မွစ၍ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ တစ္စုံတစ္ဦးအေပၚ အလြန္တရာ ယုံၾကည္ခဲသြားေလေတာ့သည္။ သူ၏ စိတ္ႏွလုံးသားအတြင္း၌ ေအးစက္မႈတစ္မ်ိဳးက အျပင္လူမ်ားအား နံရံတစ္ခုအလား ပိုင္းျခားထားသည္ဟု ဆိုႏိုင္ေပသည္။

ထိုအျပဳအမူမွာ သူ ငယ္႐ြယ္စဥ္၌ ျပႆနာမ႐ွိေပ။ သို႔ေသာ္ျငားလည္း တစ္ဦးတစ္ေယာက္အေနႏွင့္ အသက္အ႐ြယ္ရလာခ်ိန္တြင္ သူတို႔၏ အစြမ္းသတၱိမ်ားကို လက္ဆင့္ကမ္းေပးႏိုင္ရန္ အားထားရမည့္ တစ္စုံတစ္ဦးအား ႐ွာေဖြၾကစၿမဲျဖစ္သည္။ က်ဴးေကာ္လွ်ိဳ႕ယြင္လည္း ႁခြင္းခ်က္မ႐ွိပါေခ်။

မူလတြင္ သူက လန္ဝူးေဆြအေပၚ အထင္အျမင္ေကာင္းတခ်ိဳ႕ ထား႐ွိခဲ့သည္။ သို႔ေသာ္ျငားလည္း ေနာက္ပိုင္းတြင္မူ လန္ဝူးေဆြမွာ တစ္ကိုယ္ေကာင္းဆန္လြန္းၿပီး ကိစၥရပ္မ်ားကို ျပဳလုပ္ရာတြင္ အစြန္းေရာက္လြန္းလွသည္။ သူ႕တြင္ သူငယ္ခ်င္းဟူ၍ လုံးဝမ႐ွိဘဲ သူ အသုံးခ်ေနသည့္ လက္ေဝခံမ်ားသာ ႐ွိေနေလသည္။ သူက က်ဴးေကာ္လွ်ိဳ႕ယြင္၏ ယုံၾကည္မႈႏွင့္ မထိုက္တန္ပါေခ်။

သို႔ေသာ္ျငားလည္း ပင္ကိုစြမ္းရည္အရဆိုလွ်င္ မိုးျပာစီရင္စုအတြင္း၌၊ အထူးသျဖင့္ မိုးျပာနဂါးေက်ာင္းအတြင္း၌ လန္ဝူးေဆြကဲ့သို႔ေသာ လူငယ္တစ္ဦးအား ႐ွာေဖြရန္မွာ အမွန္ပင္ စိန္ေခၚမႈတစ္ခုျဖစ္၏။

ထို႔ေၾကာင့္ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ ခက္ခဲေသာ အေျခအေနတစ္ခုအတြင္း၌ ေရာက္႐ွိေနခဲ့ရသည္။ သူက သူ၏အေမြကို လန္ဝူးေဆြထံသို႔ လက္ဆင့္ကမ္းေပးရန္ သင့္မသင့္ တုံ႔ဆိုင္းေနမိခဲ့သည္။

သို႔ေသာ္ ထိုသို႔ေသာအခ်ိန္၌ပင္ ခ်ဴဖုန္းက က်ဴးေကာ္လွ်ိဳ႕ယြင္၏ ျမင္ကြင္းအတြင္းသို႔ လွမ္းဝင္လာခဲ့ျခင္းျဖစ္သည္။ အမွန္တကယ္တမ္းတြင္ က်ဴးေကာ္လွ်ိဳ႕ယြင္မွာ ခ်ဴဖုန္း မည္သူမည္ဝါျဖစ္ေၾကာင္းကို သိ႐ွိထားၿပီးျဖစ္သည္။

ခ်ဴဖုန္းမွာ ကိစၥမ်ားကို အနည္းငယ္ မဆင္မျခင္ လုပ္တတ္ေစကာမူ အသားလြတ္ရန္႐ွာျခင္း မဟုတ္သည္ကို သူ ေတြ႕႐ွိခဲ့ရသည္။ ထိုအစား အေျခအေနအမ်ားအျပားတြင္ သူက ေဘးဒုကၡႀကီးမ်ားကို အစျပဳခဲ့သည္မွာ သူႏွင့္ အရင္းႏွီးဆုံးလူမ်ားအတြက္ေၾကာင့္သာျဖစ္၏။

အျပင္လူမ်ား၏ အျမင္တြင္ ခ်ဴဖုန္း၏ အျပဳအမူမ်ားမွာ ဦးေႏွာက္မ႐ွိဘဲ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္ဟု ျမင္ေကာင္းျမင္မိၾကေပလိမ့္မည္။ သို႔ေသာ္ျငားလည္း က်ဴးေကာ္လွ်ိဳ႕ယြင္က ထိုအျပဳအမူမ်ားအေပၚ ထူးထူးဆန္းဆန္း သေဘာက်ေနမိသည္။

လန္ဝူးေဆြႏွင့္ အေရးကိစၥမ်ားမွာမူ က်ဴးေကာ္လွ်ိဳ႕ယြင္မွ သူ႕အား အမွန္ပင္ စမ္းသပ္မႈတစ္ခု ေပးအပ္ခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ဝမ္းနည္းစရာပင္ျဖစ္၏။ လန္ဝူးေဆြမွာ ေနာက္ဆုံး၌ က်ဴးေကာ္လွ်ိဳ႕ယြင္အား စိတ္ပ်က္ေစခဲ့ေလသည္။

''ဆရာ... ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြနဲ႔ ကမ႓ာ့စိတ္ဝိညာဥ္ေတြၾကားမွာ စိတ္ဝိညာဥ္ဆက္သြယ္မႈစာခ်ဳပ္ လုပ္ၿပီးတဲ့ေနာက္ ဒီလိုမ်ိဳး အေျခအေနတစ္ခု ျဖစ္လာႏိုင္လား...''

''ကိစၥတစ္ခုခုေၾကာင့္ ကမ႓ာ့စိတ္ဝိညာဥ္က ဒဏ္ရာျပင္းျပင္းထန္ထန္ရသြာျးြားၿပီး စိတ္ဝိညာဥ္ကမ႓ာထဲကေန ေပ်ာက္ကြယ္သြားမယ္... ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူက ကမ႓ာ့စိတ္ဝိညာဥ္ရဲ႕ အ႐ွိန္အဝါကို လုံးဝ မခံစားမိေတာ့ေပမဲ့ စိတ္ဝိညာဥ္ဆက္သြယ္မႈစာခ်ဳပ္က တည္ၿမဲေနေသးတဲ့ အေျခအေနမ်ိဳးေပါ့...''
က်ဴးေကာ္လွ်ိဳ႕ယြင္ စိတ္လႈပ္႐ွားေပ်ာ္႐ႊင္ေနခိုက္ ခ်ဴဖုန္းက အက္ဂီအတြက္ အခ်က္အလက္မ်ား စုံစမ္းေမးျမန္းေနျခင္း ျဖစ္ေပသည္။

''အင္း... အဲဒီလိုမ်ိဳး အေျခအေနတစ္ခု ႐ွိႏိုင္ပါတယ္... ကမ႓ာ့စိတ္ဝိညာဥ္နဲ႔ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူၾကားမွာ စာခ်ဳပ္လုပ္ၿပီးတဲ့ေနာက္ ကမ႓ာ့စိတ္ဝိညာဥ္ေတြအေနနဲ႔ စိတ္ဝိညာဥ္ကမ႓ာကိုျပန္ဖို႔ ခက္ခဲသြားလိမ့္မယ္... စိတ္ဝိညာဥ္ဆင္သြယ္မႈစာခ်ဳပ္ကို မဖ်က္ရေသးသေ႐ြ႕ ဒါမွမဟုတ္ ကမ႓ာ့စိတ္ဝိညာဥ္က လႊမ္းမိုးႏိုင္တဲ့ နည္းလမ္းေတြ မပိုင္ဆိုင္ေသးသေ႐ြ႕ သူတို႔ရဲ႕ တစ္သက္တာလုံး ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူရဲ႕ စိတ္ဝိညာဥ္ကမ႓ာထဲမွာပဲ ႐ွိေနရလိမ့္မယ္... တနည္းအားျဖင့္ ကမ႓ာ့စိတ္ဝိညာဥ္အခန္းထဲမွာေပါ့...''

''တစ္ခါတစ္ေလမွာ မင္း အခုေျပာတဲ့ အေျခအေနမ်ိဳး ျဖစ္လာတတ္တယ္... တကယ္တမ္းက်ေတာ့ ကမ႓ာ့စိတ္ဝိညာဥ္ေတြက ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြအတြက္ တိုက္ခိုက္ေပးရၿပီး တိုက္ပြဲေတြထဲမွာ ဒဏ္ရာရေလ့႐ွိၾကတယ္... ဒါေပမဲ့လည္း တကယ္လို႔ စိတ္ဝိညာဥ္ဆက္သြယ္မႈစာခ်ဳပ္က မပ်က္စီးေသးဘူးဆိုရင္ ကမ႓ာ့စိတ္ဝိညာဥ္က ႐ွင္သန္ေနေသးတဲ့ အဓိပၸာယ္ပဲ... သူတို႔က ဒဏ္ရာျပင္းထန္တဲ့အတြက္ ျပန္ေကာင္းလာဖို႔ အခ်ိန္တစ္ခု လိုအပ္႐ုံပဲ႐ွိလိမ့္မယ္....''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေျပာလိုက္သည္။

''ျပန္ေကာင္းလာဖို႔ အခ်ိန္တစ္ခုလိုတယ္ ဟုတ္လား... အဲဒီအခ်ိန္က ဘယ္ေလာက္ၾကာမလဲ ဆရာ...''
ခ်ဴဖုန္း၏ စိတ္ႏွလုံးသားထဲတြင္ အ႐ူးအမူး ေပ်ာ္႐ႊင္စြားမိေလသည္။ အက္ဂီ အဆင္ေျပသည္ႏွင့္ သူ ပူပန္ရလိမ့္မည္ မဟုတ္ေတာ့ေပ။

''ဒါက အေတာ္ ေျပာရခက္သားပဲ... တကယ္လို႔ ျမန္မယ္ဆိုရင္ ႐ွစ္ႏွစ္ ဒါမွမဟုတ္ ဆယ္ႏွစ္ေလာက္ေပါ့... တကယ္လို႔ ေႏွးမယ္ဆိုရင္ေတာ့ ႏွစ္တစ္ရာေလာက္အထိ ျဖစ္သြားႏိုင္တယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က သာမန္မွ်သာ ေျပာလိုက္၏။

''ဘယ္လို... အဲဒီေလာက္အထိ ၾကာတာလား...''
ထိုစကားမ်ားကို ၾကားလိုက္ရၿပီးေနာက္ ခ်ဴဖုန္းမွာ အ႐ိႈက္သို႔ ထိုးႏွက္ခံလိုက္ရသကဲ့သို႔ပင္။ 'အကယ္၍ ျမန္ခဲ့လွ်င္ ႐ွစ္ႏွစ္ သို႔မဟုတ္ ဆယ္ႏွစ္။ အကယ္၍ ေႏွးခဲ့လွ်င္မူ ႏွစ္တစ္ရာအထိ။' ၎မွာ သူအဖို႔ အက္ဂီအား အနည္းဆုံး ဆယ္ႏွစ္ခန္႔ မျမင္ေတြ႕ႏိုင္ေတာ့သည့္ အဓိပၸာယ္ပင္ မဟုတ္ပါေလာ။ သို႔တည္းမဟုတ္ သူ၏ တ္သက္တာလုံး မေတြ႕ရေတာ့သည္အထိလည္း ျဖစ္ေကာင္း ျဖစ္သြားႏိုင္သည္ မဟုတ္ပါေလာ။

''ဘာေၾကာင့္ ဒီေလာက္ အလန္႔တၾကားျဖစ္သြားရတာလဲ... မင္းက ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္နဲ႔ စာခ်ဳပ္တစ္ခု လုပ္ထားၿပီးတာေတာ့ မဟုတ္ဘူး မဟုတ္လား...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ျပဳံးၿဖဲၿဖဲႏွင့္ ေမးလိုက္သည္။

''ဘယ္ဟုတ္ပါ့မလဲ ဆရာရယ္... ကြၽန္ေတာ္က စပ္စု႐ုံပါ...''
ခ်ဴဖုန္းက အလ်င္အျမန္ ေခါင္းခါျပလိုက္၏။ အက္ဂီမွာ သူ၏ လွ်ိဳ႕ဝွက္ခ်က္ျဖစ္ၿပီး သူက ထိုအေၾကာင္းအရာအား မည္သူတစ္ဦးကိုမွ် ေပးသိ၍ မျဖစ္ေသးပါေခ်။

''မင္းက ဒီေလာက္အထိ မျဖစ္ႏိုင္ေသးဘူးဆိုတာလည္း ငါ ေတြးမိၿပီးသားပါ... ကမ႓ာ့စိတ္ဝိညာဥ္ေတြက အရမ္းကို ဂုဏ္ေမာက္တဲ့ သက္႐ွိသတၱဝါေတြျဖစ္ၿပီးေတာ့ ဉာဏ္လည္း အရမ္းေကာင္းၾကတယ္... သူတို႔ရဲ႕ ဉာဏ္ရည္က လူသားေတြထက္ မနိမ့္က်ဘူး... သာေတာင္သာလိမ့္ဦးမယ္...''

''အ႐ိုးသားဆုံးေျပာရရင္ မင္းရဲ႕ဆရာျဖစ္တဲ့ ငါ့မွာ အဲဒီလိုမ်ိဳး ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္က ငါ့ရဲ႕ စိတ္ဝိညာဥ္ကမ႓ာထဲမွာ ႐ွိေနၿပီးၿပီ... ဒါေပမဲ့လည္း သူ႕ကို အခုခ်ိန္ထိ ကမ္းလွမ္းပစၥည္းေတြ ေပးေနခဲ့တာေတာင္ သူက ငါနဲ႔ စာခ်ဳပ္တစ္ခုခ်ဳပ္ဖို႔ ဆႏၵမ႐ွိေသးဘူး...''

''ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္နဲ႔ စာခ်ဳပ္တစ္ခု ဖန္တီးတာက တစ္ဦးတစ္ေယာက္ရဲ႕ စိတ္ဝိညာဥ္စည္းစြမ္းအား ထိန္းခ်ဳပ္ႏိုင္စြမ္းနဲ႔ သူတို႔ရဲ႕ က်င့္ၾကံမႈကိုပါ ႀကီးႀကီးမားမား ကူညီေပးၿပီး မေရမတြက္ႏိုင္တဲ့ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြရဲ႕ အိပ္မက္လည္း ျဖစ္ေနေပမဲ့ အမွန္တကယ္တမ္းက်ေတာ့ ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္ရဲ႕ အသိအမွတ္ျပဳမႈကို ရဖို႔က အရမ္းကို ခက္ခဲလြန္းတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္၏ ေလသံမွာ ဂုဏ္ယူေနဟန္႐ွိေသာ္လည္း စိတ္ပ်က္ဟန္လည္း ႐ွိေနေလသည္။

သူ ဂုဏ္ယူရျခင္းမွာ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ဦးအေနျဖင့္ သူက ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္ႏွင့္ ေအာင္ေအာင္ျမင္ျမင္ ဆက္သြယ္ႏိုင္ခဲ့ၿပီး ထိုကမ႓ာ့စိတ္ဝိညာဥ္က သူႏွင့္ စာခ်ဳပ္တစ္ခုဖန္တီးရန္ စိတ္ဝင္စားမႈ ႐ွိေနေသာေၾကာင့္ျဖစ္သည္။

သို႔ေသာ္ျငားလည္း သူ စိတ္ပ်က္ရျခင္းကား သူႏွင့္ စာခ်ဳပ္တစ္ခုဖန္တီးရန္ စိတ္ဝင္စားေစကာမူ တကယ္တမ္းတြင္ သူက စာခ်ဳပ္မျပဳလုပ္ႏိုင္ေသးဘဲ ထိုကမ႓ာ့စိတ္ဝိညာဥ္၏ အသိအမွတ္ျပဳမႈကို မရ႐ွိေသးသည့္ အဓိပၸာယ္လည္း ျဖစ္ေနေသာေၾကာင့္ပင္။ ထပ္ေဆာင္းေျပာရလွ်င္ သူက အေတာ္ပင္ အိုမင္းလာၿပီျဖစ္ၿပီး သူ၏ လက္က်န္သက္တမ္းတြင္ သူ႕အဖို႔ ထိုကမ႓ာ့စိတ္ဝိညာဥ္ႏွင့္ စာခ်ဳပ္တစ္ခုဖန္တီးႏိုင္ျခင္း ႐ွိမ႐ွိကို အမွန္ပင္ မသိေတာ့ပါေခ်။

က်ဴးေကာ္လွ်ိဳ႕ယြင္၏ စကားမ်ားကို ၾကားလိုက္ရၿပီးေနာက္ ခ်ဴဖုန္းက တိတ္တဆိတ္ ဝမ္းေျမာက္သြားမိေလသည္။ သူ႕တြင္ သူ၏ ကမ႓ာ့စိတ္ဝိညာဥ္အခန္းအတြင္း၌ ကမ႓ာ့စိတ္ဝိညာဥ္ႏွစ္ေကာင္ ပိတ္ေလွာင္ေပးထားခဲ့သည့္ မိသားစုေကာင္းတစ္ခု ႐ွိေနခဲ့သည့္အတြက္ ဝမ္းေျမာက္မိျခင္းျဖစ္သည္။ သူက သူတို႔အနက္မွ တစ္ေကာင္ႏွင့္ စာခ်ဳပ္တစ္ခုပင္ ျပဳလုပ္ထားႏိုင္ခဲ့ေလသည္။

ထိုသို႔မဟုတ္ဘဲ သူကိုယ္တိုင္ ႐ွာေဖြရမည္ဆိုပါက သူ႕အဖို႔ ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္ႏွင့္ စာခ်ဳပ္တစ္ခုျပဳလုပ္ႏိုင္ရန္ အခ်ိန္မည္မွ်ၾကာလိမ့္မည္ကို မည္သူက သိႏိုင္ေပမည္နည္း။ အကယ္၍ သူက ကိစၥရပ္မ်ားကို မွန္ကန္စြာ ကိုင္တြယ္ႏိုင္ျခင္းမ႐ွိခဲ့လွ်င္ က်ဴးေကာ္လွ်ိဳ႕ယြင္ကဲ့သို႔ ျဖစ္သြားၿပီး သူ၏ တစ္သက္တာလုံးတြင္ ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္ႏွင့္ စာခ်ဳပ္တစ္ခု ျပဳလုပ္ႏိုင္စြမ္းမ႐ွိသည္အထိပင္ ျဖစ္ေကာင္းျဖစ္ႏိုင္ေပသည္။

သို႔ေသာ္ျငားလည္း သူ၏ မိသားစုအေပၚ ေက်းဇူးတင္မိသည့္အေလ်ာက္ ခ်ဴဖုန္းမွာ သူတို႔အား သတိရမိသြားသည္။ လက္႐ွိ သူျမင္ေတြ႕ထားသည့္ သဲလြန္စမ်ားအရ သူ႕မိသားစု သို႔မဟုတ္ အနည္းဆုံး သူ႕မိဘမ်ားမွာ အလြန္႔အလြန္သန္မာၿပီး သူတို႔ပိုင္ဆိုင္ထားသည့္ နည္းလမ္းမ်ားမွာ သာမန္ျဖစ္႐ိုးျဖစ္စဥ္အား ဆန္႔က်င္ေနေလသည္။

စီရင္စုကိုးခုတိုက္တြင္ ၿပီးခဲ့သည့္ ရာစုႏွစ္ေပါင္းမ်ားစြာအတြင္း၌ ထိုမွ်သန္မာသူဟူ၍ တစ္ဦးမွ်မ႐ွိခဲ့ေသာေၾကာင့္ သူ႕မိဘမ်ားမွာ စီရင္စုကိုးခုမွ မဟုတ္သည္ကို သူ သိေပသည္။

ကမ႓ာေလာကကား ႀကီးမားလွၿပီး စီရင္စုကိုးခုတိုက္မွာ ဤကမ႓ာေလာက၏ တစ္စြန္းတစ္စမွ်သာျဖစ္သည္။ စီရင္စုကိုးခု အျပင္ဘက္႐ွိ ကမ႓ာေလာကမွာ မည္သို႔႐ွိမည္ကို ခ်ဴဖုန္း မသိေသာ္လည္း ၎မွာ အလြန္တရာ အႏၲရာယ္ႀကီးလိမ့္မည္ကို သူ စိတ္ကူးၾကည့္ႏိုင္ေပသည္။ အႏၲရာယ္ႀကီးလြန္းေသာေၾကာင့္ ထိုမွ်သန္မာေသာ သူ၏မိဘမ်ားမွာ သူ႕အား အျခားသူမ်ားထံသို႔ ယုံၾကည္အပ္ႏွံလိုက္႐ုံမွတပါး ေ႐ြးခ်ယ္စရာ မ႐ွိခဲ့ၾကေခ်။

''ဆရာ... တကယ္လို႔မ်ား ကမ႓ာ့စိတ္ဝိညာဥ္က အမွန္တကယ္ ဒဏ္ရာအျပင္းအထန္ရခဲ့ရင္ သူတို႔ဘာသာသူတို႔ ျပန္ေကာင္းလာေအာင္ ကုစားတဲ့နည္းအျပင္ ကြၽန္ေတာ္တို႔ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြအေနနဲ႔ တစ္ခုခုလုပ္ေပးႏိုင္တာ မ႐ွိဘူးလား...''
ထပ္မံစကားေျပာၾကၿပီးေနာက္တြင္ ခ်ဴဖုန္းက အေၾကာင္းအရာကို ထိုေခါင္းစဥ္ဘက္သို႔ ပါးနပ္စြာ ျပန္ေျပာင္းလိုက္ေလေတာ့သည္။

''႐ွိတာေပါ့... တကယ္ကို ႐ွိတယ္... ကမ႓ာ့စိတ္ဝိညာဥ္ေတြအဖို႔ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြနဲ႔ စာခ်ဳပ္တစ္ခုဖန္တီးၿပီး သူတို႔ ႐ွင္သန္ေနထိုင္ရာ ေနရပ္ကို စြန္႔ခြာၿပီးေတာ့ ဒီေလာက္ေသးငယ္တဲ့ စိတ္ဝိညာဥ္ကမ႓ာတစ္ခုထဲမွာ အက်ဥ္းက်သလိုေနဖို႔ ဆႏၵ႐ွိၾကတဲ့ အေၾကာင္းရင္းက ဘာေၾကာင့္လဲဆိုရင္ လူသားေတြရဲ႕ကမ႓ာမွာ သူတို႔အတြက္ အက်ိဳးအျမတ္ ႀကီးႀကီးမားမား ရႏိုင္လို႔ပဲ...''

''ကမ႓ာ့စိတ္ဝိညာဥ္တစ္ေကာင္ရဲ႕ သက္တမ္းက အရမ္း႐ွည္ၾကာတယ္... သူတို႔က ငါတို႔လိုမ်ိဳး မဟုတ္ၾကဘူး... ငါတို႔ရဲ႕ က်င့္ၾကံမႈက ဘယ္ေလာက္အထိ သန္မာေနပါေစ ငါတို႔အေနနဲ႔ အသက္တစ္ရာ မေက်ာ္ၾကတာမ်ိဳးကို ေျပာတာ... ကမ႓ာ့စိတ္ဝိညာဥ္ေတြက အနည္းဆုံး ႏွစ္သုံးရာေလာက္ ေနႏိုင္ၾကတယ္... ေကာလဟာလေတြအရ ပိုသန္မာတဲ့ ကမ႓ာ့စိတ္ဝိညာဥ္တခ်ိဳ႕ဆိုရင္ ႏွစ္ေထာင္ခ်ီတဲ့အထိ ေနႏိုင္တယ္လို႔ေတာင္ ေျပာၾကတာပဲ...''

''ဒီေတာ့ ဒါက ကမ႓ာ့စိတ္ဝိညာဥ္ေတြအဖို႔ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြနဲ႔ စာခ်ဳပ္တစ္ခုဖန္တီးၿပီး စိတ္ဝိညာဥ္ကမ႓ာ ေသးေသးေလးထဲမွာေနဖို႔ ဘာေၾကာင့္ ဆႏၵ႐ွိၾကတယ္ဆိုတာပဲ... ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ ေသဆုံးသြားတဲ့အခ်ိန္မွာ စာခ်ဳပ္ပ်က္ျပယ္သြားၿပီး ကမ႓ာ့စိတ္ဝိညာဥ္ေတြက သူတို႔ရဲ႕ကမ႓ာကို ျပန္လို႔ရသြားတယ္... အဲဒီအခ်ိန္မ်ိဳးက်ရင္ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြဆီက သူတို႔ရခဲ့သမွ် အရာအားလုံးဟာ ကမ႓ာ့စိတ္ဝိညာဥ္ေတြရဲ႕ကမ႓ာမွာ သူတို႔ရဲ႕ အေျခခံအုတ္ျမစ္ ျဖစ္လာေတာ့တာပဲ...''

                  - - - - - - - - - -
                   * * * * * * *

အခန္း(၁၇၅) ဆက္ရန္...''သိုင္းနတ္ဘုရား အသူရာ''
- - - - - - - - - - - - - - - -
အခန္း(၁၇၅) စိတ္ဝိညာဥ္စီရင္စု

''ကမ႓ာ့စိတ္ဝိညာဥ္ေတြအေနနဲ႔ သက္႐ွိေတြရဲ႕ကမ႓ာကေန မၿပီးႏိုင္မဆုံးႏိုင္တဲ့ အက်ိဳးအျမတ္ေတြ ရႏိုင္တယ္... ဥပမာအားျဖင့္ သူတို႔ရဲ႕ က်င့္ၾကံမႈကို ျမႇင့္တင္ေပးႏိုင္တဲ့ အေျခခံစြမ္းအင္ရင္းျမစ္အျပင္ သူတို႔ရဲ႕ ခႏၶာကိုယ္ကို ပိုသန္မာလာေစႏိုင္တဲ့ တျခားအရာေတြ ဒါမွမဟုတ္ ထူးကဲေသြးလို အရာေတြ အမ်ားႀကီး႐ွိေသးတယ္...''

''မင္းေျပာခဲ့သလို ကမ႓ာ့စိတ္ဝိညာဥ္ေတြ ဒဏ္ရာရသြားတဲ့ေနာက္မွာ စိတ္ဝိညာဥ္ကမ႓ာထဲကေန ေပ်ာက္ကြယ္သြားၿပီး ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူနဲ႔ အဆက္အသြယ္ လုံးဝျပတ္သြားမယ္ဆိုရင္ မင္းဘာလုပ္သင့္သလဲ... အမွန္တကယ္ေတာ့ အဲဒီလိုအခ်ိန္မွာ နည္းလမ္းေတြ႐ွိတယ္...''

''ငါသိထားသမွ်ဆိုရင္ေတာ့ စိတ္ဝိညာဥ္သစ္သီးလို႔ေခၚတဲ့ အထူးသစ္သီးတစ္မ်ိဳး႐ွိတယ္... စိတ္ဝိညာဥ္သစ္သီးက ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြအတြက္ အက်ိဳးသက္ေရာက္မႈတစ္ခု႐ွိတယ္... သူတို႔ရဲ႕ စိတ္ဝိညာဥ္စည္း အရည္အေသြးကို ျမင့္တက္ေစႏိုင္ၿပီး စိတ္ဝိညာဥ္စြမ္းအားကိုလည္း ပိုသန္မာလာေစႏိုင္တယ္... ဒါေပမဲ့လည္း အဲဒီသစ္သီးက ကမ႓ာ့စိတ္ဝိညာဥ္ေတြအတြက္ ပိုၿပီးေတာ့ေတာင္ အက်ိဳးသက္ေရာက္မႈႀကီးမားၿပီး သူတို႔ရဲ႕ စြမ္းအားကို ျပန္ျဖည့္တင္းေပးႏိုင္စြမ္း႐ွိတယ္ေလ...''

''စိတ္ဝိညာဥ္သစ္သီး ဟုတ္လား... အဲဒါက ဘယ္ေနရာမွာ ႐ွိတာလဲ... အဲဒါကို ဘယ္မွာ ဝယ္လို႔ရလဲ ဆရာ...''
ခ်ဴဖုန္းက ဝမ္းသာသြားၿပီး တိမ္ကင္းစင္သြား၍ ေနမင္းအား ျမင္ေတြ႕ရသကဲ့သို႔ပင္ျဖစ္၏။ သူက ေနာက္ဆုံးတြင္ အက္ဂီအား ကယ္တင္ႏိုင္မည့္ ေမွ်ာ္လင့္ခ်က္ကို ျမင္ေတြ႕လိုက္ရၿပီ မဟုတ္ပါေလာ။

''စိတ္ဝိညာဥ္သစ္သီးလို ဒီေလာက္အဖိုးတန္တဲ့ အရာတစ္ခုကို ဝယ္လို႔ရမယ္လို႔မ်ား မင္းထင္ေနလား... ဒါေပမဲ့ ငါသိထားသေလာက္ေတာ့ စီရင္စုကိုးခုထဲမွာ စိတ္ဝိညာဥ္သစ္သီးေတြ႐ွိတဲ့ ေနရာတစ္ခု တကယ္ကို႐ွိေနတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေျပာလိုက္သည္။

''ဘယ္ေနရာလဲ...''
ခ်ဴဖုန္းက သိလိုစြာျဖင့္ ေမးလိုက္၏။

''စိတ္ဝိညာဥ္စီရင္စုပဲ...''
''စိတ္ဝိညာဥ္စီရင္စု ဟုတ္လား...''

''ဟုတ္တယ္... စိတ္ဝိညာဥ္စီရင္စုဆိုတာ စီရင္စုကိုးခုထဲက တစ္ခုပဲေလ...''

''အဲဒီစီရင္စုမွာ ကမ႓ာ့စိတ္ဝိညာဥ္အသင္းတစ္ခု ႐ွိေနၿပီးေတာ့ ဒီကမ႓ာ့စိတ္ဝိညာဥ္အသင္းက စီရင္စုကိုးခုထဲမွာ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ အေရအတြက္အမ်ားဆုံး စု႐ုံးေနတဲ့နယ္ေျမလို႔ ေျပာလို႔ရတယ္... ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြအဖို႔ အဲဒီနယ္ေျမမွာ ပစၥည္းေကာင္း အေတာ္မ်ားမ်ား ရႏိုင္လိမ့္မယ္...''

''ကမ႓ာ့စိတ္ဝိညာဥ္အသင္းထဲမွာ စိုက္ပ်ိဳးထားတဲ့ အထူးသစ္သီးတစ္မ်ိဳး႐ွိၿပီးေတာ့ အဲဒါ စိတ္ဝိညာဥ္သစ္သီးပဲ...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေျပာလိုက္သည္။

''စိတ္ဝိညာဥ္စီရင္စုမွာတဲ့လား... အဲဒီေနရာနဲ႔ မိုးျပာစီရင္စုၾကားမွာ ဘယ္ေလာက္မ်ားေဝးလဲ ဆရာ...''
ခ်ဴဖုန္းက အေမာတေကာ ေမးလိုက္မိ၏။ သူက မိုးျပာစီရင္စုအေၾကာင္းကို တခ်ိဳ႕တစ္ဝက္ နားလည္သေဘာေပါက္ထားေသာ္လည္း စီရင္စုကိုးခုအေၾကာင္းကိုမူ မ်ားစြာသိ႐ွိထားျခင္း မ႐ွိပါေခ်။

''စိတ္ဝိညာဥ္စီရင္စုနဲ႔ မိုးျပာစီရင္စုက အိမ္နီးခ်င္းေတြပဲ... ခရီးက သိပ္မနီးေပမဲ့လည္း တကယ္လို႔ ငါတို႔က သြားၿပီးျပန္လာမယ္ဆိုရင္ လဝက္ေလာက္အခ်ိန္က လုံေလာက္ပါတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ျပဳံးလိုက္ၿပီးေနာက္ ခ်ဴဖုန္းထံသို႔ လွမ္းေမးလိုက္သည္။
''မင္းက ဒီစိတ္ဝိညာဥ္သစ္သီးကို ေတာ္ေတာ္သေဘာက်ေနတယ္ေပါ့ ဟုတ္လား...''

''ကြၽန္ေတာ္ သေဘာက်တာေပါ့... စိတ္ဝိညာဥ္သစ္သီးက စိတ္ဝိညာဥ္စည္းရဲ႕ အရည္အေသြးကိုေရာ စိတ္ဝိညာဥ္စြမ္းအားကိုပါ ျမင့္တက္ေစႏိုင္တယ္လို႔ ဆရာပဲေျပာခဲ့တယ္ မဟုတ္လား...''
ခ်ဴဖုန္းက ျပဳံးလ်က္ ေျပာလိုက္၏။

''အင္း... ဟုတ္တာေပါ့... ဒါေပမဲ့ ဒီကိစၥနဲ႔ပတ္သက္လို႔ စိတ္ဝိညာဥ္စည္းနည္းစနစ္မွာ မင္းရဲ႕ လက္႐ွိကြၽမ္းက်င္မႈနဲ႔ဆိုရင္ အျဖဴေရာင္ဝတ္႐ုံတစ္ထည္အတြက္ အရည္အခ်င္းစစ္ပြဲတစ္ခု ဝင္ေျဖရမယ့္အခ်ိန္ပဲ...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေျပာလိုက္သည္။

''အျဖဴေရာင္ဝတ္႐ုံ ဟုတ္လား... ဆရာဝတ္ထားတဲ့ အျဖဴေရာင္ဝတ္႐ုံမ်ိဳးလား... သူ႕မွာ ဘယ္လို အသုံးဝင္တာေတြ ႐ွိလို႔လဲ...''
ခ်ဴဖုန္းက သိ႐ွိထားသည့္တိုင္ ေမးလိုက္ေလသည္။

''ဟားဟား... ဒီအေၾကာင္းကို မင္း ဘယ္သိႏိုင္ပါ့မလဲ... ဒါက ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ေယာက္ရဲ႕ အဆင့္အတန္းနဲ႔ ခြန္အားကိုျပတဲ့ သေကၤတတစ္ခုပဲ... တကယ္လို႔ ဒီလိုအသိအမွတ္ျပဳခံရတာကို လိုခ်င္တယ္ဆိုရင္ အဲဒီဝတ္႐ုံကို မင္းရဲ႕ ကိုယ္ပိုင္ခြန္အားနဲ႔ အရယူႏိုင္ဖို႔အတြက္ အရည္အခ်င္းစစ္ပြဲတစ္ခုဝင္ဖို႔ေတာ့ လိုလိမ့္မယ္...''

''ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြရဲ႕ ခြန္အားအလိုက္ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူအဆင့္ သုံးမ်ိဳးသုံးစား႐ွိတယ္... အျဖဴေရာင္ဝတ္႐ုံ၊ မီးခိုးေရာင္ဝတ္႐ုံနဲ႔ အျပာေရာင္ဝတ္႐ုံေတြပဲ...''

''အျဖဴေရာင္ဝတ္႐ုံက ရဖို႔အလြယ္ဆုံးပဲ... အခုေလာေလာဆယ္ မင္းလုပ္ႏိုင္သမွ်အရဆိုရင္ အျဖဴေရာင္ဝတ္႐ုံတစ္ထည္ အရယူၿပီး အျဖဴေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ေယာက္ ျဖစ္လာဖို႔ဆိုတာ မင္းအတြက္ သိပ္မခက္ခဲလွပါဘူး...''

''အျဖဴေရာင္ဝတ္႐ုံနဲ႔ ႏိႈင္းယွဥ္ၾကည့္ရင္ မီးခိုးေရာင္ဝတ္႐ုံက အေတာ္ကို ပိုခက္ခဲတယ္... စိတ္ဝိညာဥ္စည္းစြမ္းအားရဲ႕ အႏွစ္သာရကို နားလည္ဖို႔လိုအပ္တဲ့အျပင္ မိုးျပာစီရင္စုထဲမွာ မီးခိုးေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ ႏွစ္ေယာက္ထက္ပိုၿပီး မ႐ွိဘူး...''

''ပထမတစ္ေယာက္က နံပါတ္တစ္ေက်ာင္းျဖစ္တဲ့ လင္းယြင္ေက်ာင္းရဲ႕ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ၊ က်န္တဲ့တစ္ေယာက္ကေတာ့ ခ်ီလင္မင္းသားစံအိမ္ရဲ႕ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူပဲ...''
က်ဴးေကာ္လွ်ိဳ႕ယြင္က အလြန္တရာ ေလးနက္စြာျဖင့္ ေျပာလိုက္သည္။ ထိုသူႏွစ္ဦးအေၾကာင္း ေျပာေနခ်ိန္၌ သူ႕ေလသံတြင္ ေလးစားမႈအခ်ိဳ႕ကို မကြယ္ဝွက္ႏိုင္ဘဲ ႐ွိေနေလသည္။

''ဘယ္လို... မိုးျပာစီရင္စုထဲမွာ မီးခိုးေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ ႏွစ္ေယာက္ထက္ပိုမ႐ွိတဲ့အျပင္ သူတို႔က ဒီေလာက္အထင္ႀကီးစရာေကာင္းတဲ့ အဆင့္အတန္းကို ပိုင္ဆိုင္ထားၾကတယ္ေပါ့...''
ခ်ဴဖုန္းစိတ္ထဲတြင္ အႀကီးအက်ယ္ အံ့ၾသတုန္လႈပ္သြားမိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ က်ားျဖဴေတာင္တန္းတြင္ သူ ဆုံေတြ႕ခဲ့ရသည့္ မိန္းကေလးမွာလည္း မီးခိုးေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူတစ္ဦး ျဖစ္ေနသည္မွာ ႐ွင္းလင္းေန၍ျဖစ္သည္။

''အျပာေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြအတြက္ကေတာ့ သူတို႔က ဒ႑ာရီေတြလိုပါပဲ... မိုးျပာစီရင္စုထဲမွာ သူတို႔လိုလူမ်ိဳး လုံးဝမ႐ွိတဲ့အျပင္ တျခားစီရင္စုေတြမွာေတာင္ မ႐ွိဘူးေလ... အဲဒီလို ဒ႑ာရီဆန္ဆန္ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူမ်ိဳးက စိတ္ဝိညာဥ္စီရင္စုတစ္ခုတည္းမွာပဲ ႐ွိတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ဆက္လက္ေျပာျပေန၏။

သို႔ေသာ္ျငားလည္း က်ဴးေကာ္လွ်ိဳ႕ယြင္ ေျပာျပသည္မ်ားႏွင့္ အက္ဂီ ေျပာျပခဲ့သည္မ်ားအား ႏိႈင္းယွဥ္ၾကည့္လိုက္ၿပီးေနာက္ အမ်ိဳးအစားႏွစ္ခု ေလ်ာ့နည္းေနေလသည္။ ၎တို႔မွာ အျပာေရာင္ဝတ္႐ုံၿပီးေနာက္တြင္ ခရမ္းေရာင္ဝတ္႐ုံႏွင့္ ေ႐ႊေရာင္ဝတ္႐ုံတို႔လည္း ႐ွိေနျခင္းေၾကာင့္ပင္။ ထိုအခ်က္မွတဆင့္ အက္ဂီမွာ အေတြ႕အၾကဳံအရာတြင္ က်ဴးေကာ္လွ်ိဳ႕ယြင္ထက္ သာလြန္ေနသည္ကို ျမင္ႏိုင္ေပသည္။

''ဒီေလာက္မ်ားတဲ့ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြက ဘာေၾကာင့္မ်ား စိတ္ဝိညာဥ္စီရင္စုမွာ သြားစုေနၾကတာလဲ... အဲဒီစီရင္စုမွာ ထူးျခားတာတစ္ခုခု ႐ွိေနလို႔လား...''
ခ်ဴဖုန္းက သူ႕ဘာသာ တီးတိုးေရ႐ြတ္လိုက္မိသည္။

''အမွန္ပဲ... ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြအတြက္ေတာ့ စိတ္ဝိညာဥ္စီရင္စုက အထြတ္အျမတ္နယ္ေျမလို႔ ေျပာလို႔ရတယ္... စီရင္စုကိုးခုစလုံးရဲ႕ အသန္မာဆုံး ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ အင္အားစုႏွစ္ခုက အဲဒီစီရင္စုမွာ ႐ွိေနတာကိုး... ပထမတစ္ခုက ကမ႓ာ့စိတ္ဝိညာဥ္အသင္းပဲ... အဲဒီအသင္းမွာ စီရင္စုကိုးခုရဲ႕ အသန္မာဆုံး ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူေတြ စု႐ုံးေနၾကတယ္ေလ... ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ အဆင့္အတန္းေတြအတြက္ အရည္အခ်င္းစစ္ပြဲအားလုံးကို အဲဒီေနရာမွာပဲ က်င္းပၾကရတယ္...''

''ေနာက္တစ္ခုကေတာ့ က်ဲမ်ိဳးႏြယ္စုပဲ... က်ဲမ်ိဳးႏြယ္စုက ကမ႓ာ့စိတ္ဝိညာဥ္အသင္းေလာက္ မႀကီးေပမဲ့ မ်ိဳးႏြယ္စုဝင္တိုင္းက စိတ္ဝိညာဥ္စြမ္းအားနဲ႔အတူ ေမြးဖြားလာၾကတာမို႔ သူတို႔က အေတာ္ကို အထင္ႀကီးေလးစားစရာေကာင္းတဲ့ ေတာ္ဝင္မ်ိဳးႏြယ္စုတစ္ခုပဲ...''

''ေကာလဟာလေတြအရ သူတို႔ကို စိတ္ဝိညာဥ္စီရင္စုရဲ႕ အ႐ွင္သခင္ေတြလို႔ ေျပာႏိုင္ေပမဲ့ မ်ိဳးႏြယ္စုဝင္ေတြ အရမ္းနည္းေနတဲ့အတြက္ အုပ္ခ်ဳပ္မႈအာဏာကို ကမ႓ာ့စိတ္ဝိညာဥ္အသင္းဆီ တျဖည္းျဖည္း လႊဲေပးလိုက္ရတာပဲ... ဒါေပမဲ့လည္း သူတို႔က အခုထိ ေလွ်ာ့တြက္လို႔မရတဲ့ အင္အားစုတစ္ခု ျဖစ္ေနတုန္းပဲမို႔ သူတို႔ႏွစ္ဖြဲ႕က စိတ္ဝိညာဥ္စီရင္စုရဲ႕ အထြတ္အျမတ္နယ္ေျမကို ေဝမွ်သုံးေနၾကတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေျပာလိုက္သည္။

''ကြၽန္ေတာ္ နားလည္ပါၿပီ... ၾကည့္ရတာ ေလာကႀကီးက အမွန္တကယ္ကို အေတာ္ က်ယ္ေျပာတာပဲ... ဒီေလာက္ထူးျခားတဲ့ မ်ိဳးႏြယ္စုတစ္ခုေတာင္ ႐ွိေနၿပီး မ်ိဳးႏြယ္စုဝင္တိုင္းက စိတ္ဝိညာဥ္စြမ္းအားနဲ႔ ေမြးဖြားလာၾကတယ္ဆိုေတာ့...''
ခ်ဴဖုန္းမွာ အထင္ႀကီးေလးစားမႈျဖင့္ သက္ျပင္း႐ိႈက္လိုက္မိသည္။ စိတ္ဝိညာဥ္စြမ္းအားကား လူတစ္ေသာင္းတြင္ တစ္ေယာက္ပင္ မပိုင္ဆိုင္ဘဲ မိုးျပာစီရင္စုအတြင္း၌ စိတ္ဝိညာဥ္စြမ္းအား႐ွိသူတိုင္းအား ပါရမီ႐ွင္အျဖစ္ ႐ႈျမင္ထားၾကသည္ မဟုတ္ပါေလာ။

သို႔ေသာ္ သူ၏ အိမ္နီးခ်င္းစီရင္စုတြင္ ထိုမွ်အထင္ႀကီးဖြယ္ေကာင္းသည့္ မ်ိဳးႏြယ္စုတစ္ခု ႐ွိေနလိမ့္မည္ဟု သူ တစ္ခါမွ မေတြးမိခဲ့ေပ။ မ်ိဳးႏြယ္စုဝင္ အေယာက္စီတိုင္းတြင္ စိတ္ဝိညာဥ္စြမ္းအား ပိုင္ဆိုင္ထားၾကသည္။ ၎မွာ မည္သို႔ေသာ ပင္ကိုစြမ္းရည္မ်ိဳးျဖစ္ၿပီး ထိုမ်ိဳးႏြယ္စုကား မည္မွ်သန္မာေပလိမ့္မည္နည္း။

''ဟိုး... မင္းေျပာတာ မွန္တယ္... ေလာကႀကီးက က်ယ္ေျပာလြန္းၿပီးေတာ့ မေရမတြက္ႏိုင္တဲ့ စြမ္းအားျပည့္ဝသူေတြ ႐ွိေနၾကတယ္... ထူးကဲေသြးပိုင္ဆိုင္ထားတဲ့ မ်ိဳးႏြယ္စုေတြ အမ်ားႀကီး႐ွိေနသလို စိတ္ဝိညာဥ္စီရင္စုရဲ႕ က်ဲမ်ိဳးႏြယ္စုထက္ေတာင္ ပိုသန္မာတဲ့ မ်ိဳးႏြယ္စုတစ္ခုက စီရင္စုကိုးခုထဲမွာ ႐ွိေနေသးတယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေျပာလိုက္သည္။

''ပိုၿပီးေတာ့ေတာင္ သန္မာတဲ့မ်ိဳးႏြယ္စု ဟုတ္လား... အဲဒါ ဘယ္မ်ိဳးႏြယ္စုလဲ ဆရာ...''
ခ်ဴဖုန္းမွာ သိလိုစိတ္ အလြန္တရာ ျပင္းျပေနမိသည္။ က်ဲမ်ိဳးႏြယ္စုမွာ တစ္ဦးတစ္ေယာက္အား အံ့ၾသထိတ္လန္႔ေစႏိုင္ၿပီးျဖစ္၏။ ၎ထက္ပင္ ပိုမိုသန္မာေသာ မ်ိဳးႏြယ္စုတစ္ခုကား မည္သို႔မည္ပုံ ႐ွိလိမ့္မည္နည္း။

''အဲဒါက စီရင္စုကိုးခုရဲ႕ လက္႐ွိအ႐ွင္သခင္ က်န္႔ျပည္ေထာင္ပဲေပါ့... က်န္႔ျပည္ေထာင္က ထူးျခားတဲ့ မ်ိဳးႏြယ္စုတစ္ခုပဲေလ...''

''သူတို႔ကိုယ္သူတို႔ က်န္႔ျပည္ေထာင္လို႔ ေခၚၾကတဲ့ အေၾကာင္းရင္းက က်န္႔ျပည္ေထာင္မွာ႐ွိတဲ့ လူတိုင္းလူတိုင္းမွာ သူတို႔ရဲ႕ေသြးကေန ျမစ္ဖ်ားခံလာတဲ့ သန္မာတဲ့စြမ္းအားကို ပိုင္ဆိုင္ထားၾကလို႔ပဲ... သူတို႔က သာမန္လူေတြမွာမ႐ွိတဲ့ ေၾကာက္စရာေကာင္းတဲ့ တိုက္ပြဲဝင္စြမ္းပကားကို ပိုင္ဆိုင္ထားၾကတယ္... ဒါက က်န္႔ျပည္ေထာင္အေနနဲ႔ စီရင္စုကိုးခုရဲ႕ အ႐ွင္သခင္အျဖစ္ကေန အားနည္းဆုတ္ယုတ္မသြားဘဲ ဒီေလာက္ၾကာေအာင္ ဘာေၾကာင့္ တည္႐ွိေနႏိုင္ခဲ့တယ္ဆိုတာရဲ႕ အေၾကာင္းရင္းလည္းဟုတ္တယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ဆက္လက္႐ွင္းျပလ်က္႐ွိသည္။

''က်န္႔ျပည္ေထာင္က ထူးျခားတဲ့မ်ိဳးႏြယ္စုတစ္ခုေပါ့... အံ့ၾသစရာ မ႐ွိေတာ့ဘူးပဲ...''
ခ်ဴဖုန္းအဖို႔ သူ႕အား အံ့ၾသထိတ္လန္႔သြားေစသည့္ အျခားသတင္းတစ္ခုကို ရ႐ွိလိုက္ျခင္းျဖစ္သည္။

''ရက္စြဲကို လွမ္းၾကည့္လိုက္ဦး... ကမ႓ာ့စိတ္ဝိညာဥ္အသင္းက ႀကီးမႉးၿပီး လစဥ္က်င္းပတဲ့ အျဖဴေရာင္ဝတ္႐ုံ ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူ အရည္အခ်င္းစစ္ပြဲက ေတာ္ေတာ္နီးလာၿပီ... အိမ္ျပန္ၿပီး ျပင္ဆင္ထားလိုက္ေတာ့... မနက္ျဖန္မနက္က်ရင္ ငါ မင္းကို စိတ္ဝိညာဥ္စီရင္စုဆီ ေခၚသြားေပးမယ္...''
က်ဴးေကာ္လွ်ိဳ႕ယြင္က ေျပာလိုက္သည္။

''တကယ္လား ဆရာ...''
ထိုစကားမ်ားကို ၾကားလိုက္ရၿပီးေနာက္တြင္ ခ်ဴဖုန္းက အံ့ၾသထိတ္လန္႔မႈဟူ၍ တစ္စြန္းတစ္စမွ်ပင္ မ႐ွိပါေခ်။ ထိုအစား သူက အ႐ူးအမူးႏွင့္အလြန္႔အလြန္ ေပ်ာ္႐ႊင္သြားေလေတာ့၏။ အေၾကာင္းမူ အကယ္၍ က်ဴးေကာ္လွ်ိဳ႕ယြင္မွ ထိုသို႔မေျပာခဲ့လွ်င္လည္း သူ႕အဖို႔ စိတ္ဝိညာဥ္စီရင္စုသို႔ သြားေရာက္ရန္ ၾကံ႐ြယ္ထားေသာေၾကာင့္ျဖစ္သည္။

ခ်ဴဖုန္းအဖို႔ စိတ္ဝိညာဥ္စီရင္စုသို႔ သြားေရာက္လိုရသည့္ အေၾကာင္းရင္းကား ကမ႓ာ့စိတ္ဝိညာဥ္ထိန္းခ်ဳပ္သူမ်ားအတြက္ မည္သည့္အျဖဴေရာင္ဝတ္႐ုံ အရည္အခ်င္းစစ္ပြဲဝင္ရန္မွ မဟုတ္ပါေခ်။ အဘယ္ေၾကာင့္ဆိုေသာ္ အကယ္၍ သူတို႔က အဆင့္အတန္းအရသာ ေျပာၾကမည္ဆိုလွ်င္ သူ၏စၾကဝဠာအိတ္အတြင္း၌ ကမ႓ာ့စိတ္ဝိညာဥ္ မီးခိုးေရာင္ဝတ္႐ုံတစ္ထည္ ႐ွိေနႏွင့္ၿပီးျဖစ္၍ပင္။ ထိုမီးခိုးေရာင္ဝတ္႐ုံကား အျဖဴေရာင္ဝတ္႐ုံထက္ ပိုမို၍ေစ်းႀကီးမည္မွာ ေသခ်ာေနၿပီး ၎ကိုယ္စားျပဳေနသည့္ အဆင့္အတန္းမွာ ပိုမို၍ပင္ ေၾကာက္႐ြံ႕ဖြယ္ေကာင္းေနေလသည္။

ပုံမွန္အားျဖင့္ ခ်ဴဖုန္းအား စိတ္ဝိညာဥ္စီရင္စုသို႔ ဆြဲေဆာင္ေနသည္မွာ အက္ဂီအား ႏိုးထေစႏိုင္မည့္ ထူးဆန္းေသာ စိတ္ဝိညာဥ္သစ္သီးသာ ျဖစ္ေပေတာ့သည္။

                  - - - - - - - - - -
                   * * * * * * *

အခန္း(၁၇၆) ဆက္ရန္...

Continue Reading

You'll Also Like

179K 5.3K 103
After the death of Gwen Stacy, Peter hadn't had the courage to become a hero again. Meanwhile, the Justice League were looking for a more experience...
57K 1.5K 49
Freya Lavine Yeovil finds herself trapped in the role of the villainess in her best friend's novel, unwilling to accept her fate. Despite being label...
39.8K 1.5K 21
you are tanjiro little sister what happens if you died during the events of swordsmith village arc and got a second chance to live it again in the gr...
558K 13.9K 43
Psycho brothers and a little angel sister sounds not so good together right? so what happens when an sweet angel comes live with her lovesick pyscho...